Saturday, May 30, 2009

(၂)နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားဖိတ်ကြားလွှာ

بسم الله الرحمن الرحيم

الحمد لله و الصلاة و السلام علي أشرف الأنبياء و المرسلين
و علي آله و أصحابه الكرام و من إهتدي بهديه إلي يوم الدين

السلام عليكم ورحمة الله تعالي و بركاته


(၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားဖိတ်ကြားလွှာ

ချစ်ခင်လေးစားရပါသော မြန်မာမွတ်စလင်မ်ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ။

ကျွန်ုပ်တို့၏ တည်ထောင်ဖွင့်လှစ်ခဲ့သည့် မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၊ ပီနန်သည် အလ္လာဟ်အရှင်မြတ်၏ အထူးအသနားတော်၊ ဂရုဏာတော်ဖြင့် (၁၆ - ၆ - ၂၀၀၉)ရက်နေ့တွင် (၂)နှစ်တိတိ ရှိခဲ့ချေပြီ။ သို့ပါသောကြောင့် ကျွန်ုပ်တို့၏ မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၏ (၂)နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို အင်ရှာအလ္လာဟ် စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပမည်ဖြစ်ပါသည်။ ထို့ပြင် မလေးရှားတွင် ရောက်ရှိနေကြသည့် အနယ်နယ်အရပ်ရပ် မှ စွယ်စုံပညာရှင်များ၊ အာလင်မ်ပညာရှင်များ၊ ပါမောက္ခများ၊ ကထိကများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ကျောင်းသားများ၊ အထွေထွေအလုပ်သမားများ၊ သက်မွေးဝမ်းကြောင်းမှု အတတ်ပညာရှင်၊ အသိပညာရှင်များ စသည်ဖြင့် အလွှာအသီးသီးမှ အစ္စလာမ်ဘာသာဝင် မြန်မာများအားလုံးကို ဖိတ်ကြားထားပါသည်။ ထိုပုဂ္ဂိုလ်များ သည်လည်း အင်ရှာအလ္လာဟ် တက်ရောက်ကြမည်ဖြစ်ရာ လေးစာအပ်ပါသော ချစ်မိတ်ဆွေ ဂုဏ်သရေရှိ လူကြီးမင်း အနေနှင့်လည်း ယင်းကဲ့သို့သော မင်္ဂလာအပေါင်းနှင့် ခငြောင်းသည့် အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ချီးမြင့်ပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။


အခမ်းအနားအစီအစဉ်များ

၁။ အခမ်းအနားမှုးမှ အခမ်းအနားအစီအစဉ်များအား ကြေငြာခြင်း
၂။ တက်ရောက်လာသည့် ပုဂ္ဂိုလ်များအားလုံး စုပေါင်း၍ စူရာဟ်ဖာတိဟဟ်ရွတ်ဖတ်၍ အခမ်းအနားဖွင့်လှစ်ခြင်း
၃။ ကာရီ/အာလင်မ်ပညာရှင်တစ်ဦးမှ ကိရာအဟ် ကျမ်းမြတ်ကုရ်အာန်၏ ကျမ်းပိုဒ်အချို့ကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း
၎။ သဘာပတိမှ အမှာစကားပြောကြားခြင်း
၅။ အခမ်းအနားသို့တက်ရောက်လာသည့် ဂုဏ်သရေရှိပုဂ္ဂိုလ်/ပညာရှင်သုံးဦးမှ အမှာစကားပြောကြားခြင်း
၆။ အတွင်းရေးမှုးမှ မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၏ ရှေ့ဆက်သွားမည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပေးခြင်း
၇။ စာရင်းစစ်မှ နှစ်ပတ်လည် စာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြခြင်း
၈။ ကြွရောက်ချီးမြှင့်သည့်ပရိသတ်များမှ မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်းနှင့် ပတ်သက်၍ အကြံဉာဏ်ပြုခြင်း
၉။ ဒု - ဥက္ကဌမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခြင်း။
၁၀။ အခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းခြင်း
၁၁။ ကြွရောက်လာသည့်ဂုဏ်သရေရှိဧည့်သည်တော်များအား စားကောင်းဖွယ်ရာများ တည်ခင်းဧည့်ခံခြင်း။

အခမ်းအနားပြုလုပ်မည့်နေ့ရက် ။ ။ ခရစ်သက္ကရာဇ် ၂၀၀၉ခုနှစ်၊ ဇွန်လ (၁၄)ရက်၊ တနင်္ဂနွေနေ့။
အခမ်းအနားပြုလုပ်မည့်အချိန် ။ ။ နေ့လည် ဇိုဟိုရ်အပြီးမှ အဆွရ်အချိန်အထိ
အခမ်းအနားပြုလုပ်မည့်နေရာ ။ ။ အမှတ် (၃၆၄)၊ တတိယထပ်၊ ဆွန်ဂိုင် ဂလူးဂို့၊ ပီနန်မြို့၊ မလေးရှား။



အခမ်းအနားဖိတ်ကြားသူများ

ဥက္ကဌ
အရှ်-ရှိုင်ခ်မုဟမ္မဒ်အာရိဖ်

ဒု - ဥက္ကဌ
ဟာဖိဇ်မုဟမ္မဒ်အလီ

အတွင်းရေးမှုး
အလ်ဟာဂ်ျအိက်ဗားလ်နှင့် ဒေါက်တာရဟီမဟ်

Friday, May 29, 2009

အဖွင့် ဆုတောင်းပတ္တနာ

အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးမှ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်မာရ်နတ်၏ နှောက်ယှက်ဖျက်စီးခြင်းများမှ ကင်းဝေးရန် အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ ခိုလှုံပါ၏။

အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် ၏ နာမတော်ဖြင့် အစပြုပါအံ့။

ချီးမွမ်းခြင်း ထောပနာဟူသမျှသည် စကြ၀ဠာအနန္တအား ဖန်းဆင်း၊ ပြုပြင်၊ ထိန်းသိမ်းစောင့်ရှောက် တည်တံ့စေ တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်တော်မူသည်။ (ထိုအရှင်မြတ်သည်) အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော၊ အထူးသနားတော်မူသောအရှင်ဖြစ်တော်မူသည်။ ထို့ပြင် ကောင်းကျိုးဆိုးပြစ် ပေးတော် မူမည့် ကမ္ဘာပျက်သုဉ်းနောက်ဆုံးနေ့ကို စိုးပိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် အိဗာဒါဟ် ခ၀ပ်ကိုးကွယ် နာခံဘ၀တည်ဆောက်ကြပါသည်။ ထို့ပြင် အရှင်မြတ် ထံတော်ပါးမှသာလျှင် ကျွန်တော်မျိုးတို့သည် အကူအညီ စောင်မမှုကို တောင်းခံအပ်ပါသည်။ (အို - အလ္လာဟ်အရှင်မြတ်) ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သည့်လမ်းကို ပြသတော်မူပါ။ ထိုလမ်းသည် အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာအပေါင်းကို ချီးမြှင့်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ် ချစ်မိတ်ဆွေများ၊ သူမွန်သူမြတ်များ လျှောက်လှမ်းခဲ့သောလမ်းအား ကျွန်တော်မျိုးတို့အား ပြသတော်မူပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှ၍ အရှင့် ဂရုဏာတော်မှကင်းဝေးခဲ့သောသူများ၏လမ်းအား လည်းကောင်း၊ အရှင်မြတ်၏လမ်းတော်မှ တိမ်းချော်ခဲ့ကြသော ပုဂ္ဂိုလ်များ၏ လမ်းအား လည်းကောင်း ကျွန်တော်မျိုးတို့ကို ပြတော်မမှုပါနှင့်။ အာမီးန်