Tuesday, August 18, 2009



ပီနန်မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်းတာဝန်ခံတစ်ဦးမှခြေထောက်ကျိုးသွား
သောမြန်မာမွတ်စလင်(မ်)တစ်ဦးအား ဂရုတစိုက်သွားရောက်ကူညီအားပေးနေစဉ်
(thet pai-mannltp007@yahoo.com)

Salm to myanmar muslim and all dear muslim in the world

Thursday, August 13, 2009

ကွန်မြူနစ်ဝါဒသည် ခြုံခိုတိုက်ခိုက်ရန် စောင့်နေ၏။

ဤ “ကွန်မြူနစ်ဝါဒသည် ခြုံခိုတိုက်ခိုက်ရန်စောင့်နေ၏။” ဆိုသောဘာသာပြန်စာအုပ်သည် ဆရာကြီး ဒေါက်တာဟာရွန်ယဟ်ယာမှ ပြုစုထားသောစာအုပ်များအနက်မှ တစ်အုပ်ဖြစ်ပါသည်။ ယင်းစာအုပ်ကို မြန်မာစာတတ်ပုဂ္ဂိုလ်များ လေ့လာဖတ်ရှု အကျိုးစံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်တို့၏ ချစ်ခင်လေးစား အားထားရသော မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သည့် ဆရာကြီး မုဟမ္မဒ်အလီတန်ဂွန်းမှ ဘာသာပြန်ဆို တင်ပြထားပါသည်။ စာရှုသူအပေါင်း အကျိုးစံစားနိုင်ကြပါစေ။ အာမီးန်။

ကွန်မြူနစ်ဝါဒသည် ခြုံခိုတိုက်ခိုက်ရန် စောင့်နေ၏။

လူ့လောကသို့ ဘေးဒက္ခပေါင်းစုံ ယူဆောင်ခဲ့သော ဒါဝင်ဝါဒ

ဤ“လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံယူဆောင်ခဲ့သော ဒါဝင်ဝါဒ”ဆိုသည့် သုတေသနကျမ်းသည်လည်း ဆရာကြီး ဒေါက်တာဟာရွန်ယဟ်ယား၏ပြုစုရေးသားထားသည့်မြောက်မြားလှစွာသော သုတေသနကျမ်းများအတွင်းမှ စာအုပ်တစ်အုပ်ဖြစ်ပေသည်။ ထိုသုတေသနကျမ်းကို မြန်မာစာတတ် ပုဂ္ဂိုလ်များအားလုံး အကျိုးခံစားနိုင်ရန်ရည်ရွယ်၍ မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သူ ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းမှ ဘာသာပြန်ဆိုတင်ပြထားပါသည်။ ဖတ်ရှုသူအပေါင်း အကျိုးခံစားနိုင်စွမ်း အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူပါစေ။ အာမီးန်။

လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံ ယူဆောင်ခဲ့သော ဒါဝင်ဝါဒ

အစ္စလာမ်သည် လွယ်ကူသောသာသနာဖြစ်၏။

“အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်၏။”ဆိုသောစာအုပ်သည် ဆရာကြီးဒေါက်တာဟာရွန်ယဟ်ယာမှ ပြုစုထားပြီး ကျွန်တော်တို့၏ ခင်မင်လေးစားရသော မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သည့် ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းမှ မြန်မာမွတ်စလင်မ်တစ်မျိုးသားလုံးအတွက် ဘာသာပြန်ဆိုထားသောစာအုပ်ဖြစ်ပါသည်။ ကျွန်တော်တို့အနေနှင့် ယင်းစာအုပ်ကို ဘာသာပြန်ဆိုခဲ့သူ ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းအား ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့၏ ပီနန်မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၏ ဘလောက်တွင် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ အလ်ဟမ်းဒုလိလ္လာဟ်၊ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်။ အလ္လာဟ်အရှင်မြတ်၏ အထူးအသနားတော် မဟာကရုဏာဖြင့် ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းသည် ဆရာကြီးဒေါက်တာဟာရွန်ယဟ်ယာ၏ပြုစုထားသော မြောက်မြားလှစွာသောကျမ်းစာအုပ်များအတွင်းမှ ကျမ်း (၅)ကျမ်းကို ဘာသာပြန်ဆိုနိုင်ခဲ့ပါသည်။ ထိုစာအုပ်များအားလုံးကို အင်ရှာအလ္လာဟ် ကျွန်တော်တို့၏ ဘလောက်တွင်တင်ပြပေးသွားမည် ဖြစ်ပါသည်။ ဤစာအုပ်ကို ဒေါင်းလုပ်ကာ သိမ်းထားချင်သူများနှင့် မိမိတို့၏ ချစ်မိတ်ဆွေများ၊ အသိုင်းအ၀ိုင်းများသို့ ပို့ဆောင် ဖြန့်ချိလိုသူများအနေနှင့် အောက်တွင်ဖော်ပြထားသော“အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်၏။”ဆိုသော စာသားအပေါ်တွင် ကလစ်နိပ်ကာ ဒေါင်းလုပ်လုပ်နိုင်ပါကြောင်း မင်္ဂလာရှိသောသတင်းပေးအပ်ပါသည်။ အို- အလ္လာဟ်အရှင်မြတ် ဤစာအုပ်နှင့် သက်ဆိုင်သူအားလုံးကို နှစ်ဘ၀၊ နှစ်ဌာနတွင် ကောင်းချီးမင်္ဂလာပေးသနားတော်မူပါ။ အားမီးန်

အစ္စလာမ်သည် လွယ်ကူသောသာသနာ ဖြစ်၏။

ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။

ဤ“ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။”ဆိုသော သုတေသနကျမ်းသည်လည်း ဆရာကြီးဒေါက်တာဟာရွန်ယဟ်ယာ၏ ပြုစုထားသောကျမ်းတစ်ခုပင်ဖြစ်ပါသည်။ ယင်းကျမ်းကို မြန်မာစာတတ် ပုဂ္ဂိုလ်များအားလုံး လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဖြူစင်သန့်ရှင်းသောသဒ္ဓါတရားဖြင့် ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပေသည်။ မိတ်ဆွေများအားလုံး ဖတ်ရူလေ့လာ သုံးသပ်ဆင်ခြင်၍ မိမိတို့၏ အတွေးအခေါ် အယူအဆအမှားများကို ပြင်ဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။

Wednesday, August 12, 2009

အလ္လာဟ်အရှင်မြတ်အား ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် သိနိုင်၏။

ဤ“အလ္လာဟ်အရှင်မြတ်အား ကျိုးကြောင်းဆင်ခြင်းဖြင့် သိနိုင်၏”ဆိုသောကျမ်းသည် ဆရာကြီးဒေါက်တာဟာရွန် ယဟ်ယာမှ ပြုစုရေးသာထားသည့် စာအုပ်များအတွင်းမှ တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ်ကို မြန်မာစာတတ် ပရိသတ်များ ဖတ်ရှုလေ့လာ အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍ ဆရာကြီး မုဟမ္မဒ်အလီတန်ဂွန်းမှ မြန်မာစာပေဖြင့် ပြန်ဆိုရေးသားထုတ်ဝေလိုက်ပါသည်။ စာရှုသူအပေါင်း အကျိုးခံစားနိုင်ကြပါစေ။ အာမီးန်။

အလ္လာဟ်အရှင်မြတ်အား ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် သိနိုင်၏။

Monday, August 3, 2009

အလ္လာပေးသော ဆင်ခြင်စရာအသိလေးတစ်ခု

ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဆင်ခြင်စရာအကြောင်းအရာလေးတစ်ခုပါ။ သိပ်မကြာသေးခင်အချိန်က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို စာဖတ်သူများကို မျှဝေပေးချင်လို့ပါ။ ကျွန်တော်မလေးရှားမှာ နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒီတော့မလေးရှားနိုင်ငံရဲ့ လူနေမှုဓလေ့စရိုက်၊ယဉ်ကျေးမှု၊ သူတို့တွေရဲ့စိတ်နေ သဘောထား၊ သူတို့နိုင်ငံရဲ့ ဥပဒေတော်တော်များများကို သိထားပြီးသားပါ။ ကျွန်တော်ကိုတိုင်လည်း ဒီစည်မျဉ်း ဥပဒေ၊ယဉ်ကျေးမှုဓလေ့စရိုက်တွေနဲ့လိုက်လျောညီထွေစွာ နေတတ်ခဲ့ပါပြီ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ သူတို့နိုင်ငံရဲ့ဥပဒေကို ကြားတော့ကြားဖူးတယ်၊ ဘယ်ပုံဘယ်နည်းနဲ့ အရေးယူဆောင်ရွက်တယ်ဆိုတာကိုတော့ မမြင်ဖူးဘူး။ တကယ်တမ်းကိုယ်တွေ့ကြုံလာရတဲ့အချိန်မှာတော့ တော်တော်တုန်လှုပ်သွားမိတယ်။ ဖြစ်ပုံကဒီလိုပါ။ ကျွန်တော်က ညဘက်ဆိုတော်တော်နဲ့မအိပ်ဘူး။ အိပ်လို့မရတာရယ်၊ဘောလုံးပွဲတွေကြောင့်ရယ်ပေါ့။ မန်ချက်စတာပွဲဆိုပိုဆိုးပါတယ်။ ဘောလုံးပွဲကြည့်ပြီးလျှင်လည်း ချက်ချင်းမအိပ်သေးဘဲ အပြင်ထွက်တစ်ခုခုစားပြီးမှပြန်အိပ်တတ်တယ်။ ဒါက ဘောလုံးပွဲကြည့်တိုင်းလုပ်နေကြကျွန်တော့ရဲ့ အကျင့်ပါ။ ကျွန်တော်ဘောလုံးပွဲကြည့်တယ်ဆိုတာလည်း အခုမှ မဟုတ်ပါဘူး။ ဟိုးခပ်ငယ်ငယ်အချိန်ကတည်းကပါ။ ဒီအကျင့်ဟာ အရင်လူပျိုဘ၀က ကိစ္စမရှိပါဘူး။အခုတော့ အိမ်ထောင်ကျပြီလေ။ အိမ်ထောင်ကျပြီးတော့ ကျွန်တော်ကအိပ်မပျော်ရင် ဘေးကဇနီးကလည်းမအိပ်၊ ဘောလုံးပွဲကြည့်ရင်လည်းသူကတစ်ယောက်တည်းမအိပ်တတ်၊ ကျွန်တော်က အပြင်ထွက်ပြန်ရင်လည်း သူကစိတ်မချ၊ သူတစ်ယောက်တည်းလည်းအိမ်မှာမနေခဲ့ချင်ဘူး။ ဒီလိုနဲ့ သံသရာလည်နေလိုက်တာ တော်တော်ကြာသွားပြီ။ တစ်ခါတစ်ခါလည်းစိတ်ပျက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲကြည့်တယ်ဆိုတာ ကိုယ်ပိုင်အချိန်တော်တော်များများကိုရင်းနှီးလိုက်ရတာလေ။ ညဘက်မအိပ်တော့ မနက်အလုပ်နောက်ကျ၊ အအိပ်ပျက်လျှင်စိတ်ကမရွှင်၊ ဘောလုံးပွဲမကြည့်ဘူးလို့ဆုံးဖြတ်ပြန်တော့လည်း ၀ါသနာက တော်တော်နဲ့ဖျောက်မရ။ ဒီလိုနဲ့ တစ်နေ့ ကျွန်တော်တို့စုံတွဲ အိမ်မှာဘောလုံးပွဲကြည့်ပြီး ထုံးစံအတိုင်း အပြင်ထွက်ပြီးတစ်ခုခုစားတဲ့အချိန်မှာ ဒီအဖြစ်အပျက်နဲ့ကြုံခဲ့ရတော့တာပဲ။ အဲဒီနေ့က စနေနေ့၊ မလေးလူမျိုးတွေအခေါ် မာလန်းမင်းဂူး ပေါ့။ သူတို့မလေးရှားလူမျိုးတွေအတွက် စနေနေ့ညကစပြီး တနင်္ဂနွေနေ့ မနက်အထိအချိန်ဟာ အတော်ပျော်စရာကောင်းတဲ့ အချိန်ပါ။ဒီအချိန်ဟာ သူတို့အတွက်တော့ အပါတ်စဉ် အပန်းဖြေတဲ့အားလပ်ချိန်ပေါ့။ ကျွန်တော့အထင်တော့ အိစ်ဒ်နေ့ထက်တောင် ဒီအချိန်ကိုသူတို့ပိုပျော်လိမ့်မယ် ထင်တယ်။ ဒီလိုပြောလို့ မလေးလူမျိုးတွေဟာမကောင်းတဲ့နည်းနဲ့အပျော်ရှာကြတယ်လို့တော့မထင်လိုက်ပါနဲ့။ ဒီမှာရှိတဲ့မလေးလူမျိုးတွေဟာ အခြားတရုတ်၊ တမလ် လူမျိုးတွေလို အရက်သောက်တာ၊နိုက်ကလပ်သွားတာ၊ ဒစ္စကိုသွားတာ အင်မတန်နည်းပါတယ်။(မလေးလူမျိုးအနည်းငယ် နိုက်ကလပ်သွားတာကတော့ ချွင်းချက်ပေါ့လေ။) ကျွန်တော်ပြောခဲ့တဲ့ အစ်ဒ်နေ့ထက်ပျော်တဲ့ကိစ္စက ဆိုင်ကယ်ပြိုင်မောင်း၊ကားပြိုင်မောင်းတဲ့ ကိစ္စ။ ဒီလိုပြိုင်မောင်းတာဟာ မလေးလူငယ်တွေကြားမှာ အင်မတန် population ဖြစ်နေတယ်။ ဘာလို့ဖြစ်ရ တာလဲဆိုတော့ သူတို့နိုင်ငံအစိုးရကလည်း သူတို့အားကျရလောက်အောင် ကားမောင်းပြိုင်ကွင်း၊ဆိုင်ကယ် မောင်းပြိုင်ကွင်းတွေတည်ဆောက်ပြီးဝင်ငွေရှာနေကြတယ်။ ဒီပြိုင်ပွဲတွေကြောင့်တိုင်းပြည်ထဲက ဆယ်ကျော်သက်လူငယ်တွေအတုခိုးမှားပြီးလမ်းလွဲနေတာ အစိုးရက တဖြည်းဖြည်းသဘောပေါက်လာပြီး ထိန်းချုပ်ဖို့ဥပဒေတွေထုတ်ပြန်လာတော့တယ်။ဒါပေမယ့်လည်း ဆယ်ကျော်သက်တွေကိုထိန်းချုပ်ဖို့ အင်မတန်ခက်ပါတယ်။ကားတွေ၊ဆိုင်ကယ်တွေပြိုင်တဲ့လူငယ်တွေဟာ အများပြည်သူအသုံးပြုနေတဲ့ Highway လမ်းတွေအထိတက်ပြိုင်ကြတယ်။ ဒီလူငယ်တွေဟာ မာလန်းမင်းဂူးမှာ ခရီးသည်တွေနားနေတဲ့
(ကာဝါဆန်ရီဟာဒ်)ခေါ် ယာဉ်ရပ်နားစခန်းမှာ ထောင်နဲ့ချီပြီးလူစုပြီးကားပြိုင်မောင်းကြတော့ လူအများစိတ်အနှောက်အယှက်ဖြစ်ရုံသာမက အန္တရာယ်လည်းအရမ်းများပါတယ်။ အရင်ကတော့ ရဲတွေက ဖမ်းဆီးပြီးအပြစ်ပေးတယ်။ အခုတော့ ရဲတွေတင်မကတော့ပါဘူး၊ အဖွဲ့ပေါင်းစုံက စီမံကိန်းဆွဲပြီးဖမ်းတော့တယ်။ ပြည်သူ့ရဲ၊ယာဉ်ထိန်းရဲ၊မူးယစ်ဖမ်းဆီးရေးအဖွဲ့၊Rela ခေါ် အရပ်သားဖမ်းဆီးရေးအဖွဲ့(မြန်မာပြည်မှာဆိုရင်တော့ ကြံ့ခိုင်ရေးအဖွဲ့မျိုးပေါ့) ။ ဒါတွေတင်မကသေးပါဘူး။ အစ္စလာမ့်ဥပဒေအတိုင်းလုပ်ကိုင်ဆောင်ရွက်တဲ့ Kumpulan Haji ခေါ် ဟာဂျီအဖွဲ့ လည်းပါတယ်။ ညနက်သန်းခေါင်ဆိုင်ကယ်၊ကားတွေ ပြိုင်မောင်းသူတွေရဲ့ အနောက်မှာ ဆယ်ကျော်သက်အရွယ်အဆောင်နေ ကျောင်းသူတွေလည်းပါတယ်။ အခြားရပ်ကွက်နေ စုံတွဲတွေလည်းပါတယ်။ ဒီတော့ဖမ်းဆီးရေးအဖွဲ့ပေါင်းစုံမှာ မူးယစ်ရဲက Urine Test စစ်၊ ယဉ်ထိန်းရဲက ပြိုင်မောင်းသူတွေ၊အိပ်ဇောဖွင့်မောင်းတဲ့သူတွေကိုဖမ်း၊ ဟာဂျီအဖွဲ့ကတော့ အချိန်မတော်တွေ့တဲ့စုံတွဲတွေကို တရားဝင်လက်ထပ်ထားကြောင်း(စူရပ်နေကာ)လက်ထပ်စာချုပ်ပြနိုင်လျှင်ပြ၊ မပြနိုင်လျှင်တော့ရဲစခန်းကို ခေါ်သွားတယ်။ရဲစခန်းကိုပါသွားရင်ပြသ၁နာကအရှည်ကြီး၊ အခန့်မသင့်လျှင်တီဗွီသတင်းထဲအထိပါသွား နိုင်တယ်လေ။ပြိုင်ကြတဲ့သူတွေတော့မသိဘူး၊ ကျွန်တော်တို့စုံတွဲတော့ အတော်လေးကြောက်သွားတယ်။ ကျွန်တော်ကအပြင်သွားရင် လိုင်စင်နဲ့ ပတ်စပို့ ယူသွားဖို့မကြာခဏမေ့တတ်တယ်။ အဲဒီနေ့ကကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် ကားမယူဘဲ၊ ဆိုင်ကယ်စီးပြီး ညလယ်စာသွားစားရင်း ဒုက္ခဖြစ်တော့မလို့၊ အလ္လာအရှင်ကယ်ပေလို့ပေါ့။ ကျွန်တော်တို့က ပတ်စပို့ပါလာတယ်၊ ဒါပေမယ့် လိုင်စင်နဲ့ နေကာစာချုပ်တစ်ခုမှ ပါမလာဘူး။ ကျွန်တော်တို့စားသောက်နေတဲ့ နားနေစခန်းကို အဖွဲ့တွေအားလုံးပိတ်ဆို့ပြီးစစ်ကြတယ်။ ထွက်ပေါက်လည်းမရှိဘူး၊ ထွက်လည်းမထွက်ရဲဘူး။ ထွက်တဲ့ကားတွေ၊ဆိုင်ကယ်တွေကို အကုန်လုံးစစ်တယ်။ သူတို့မလေးနိုင်ငံသားတွေကိုတောင်မှ IC (မှတ်ပုံတင်)မပါရင် ရဲစခန်းခေါ်သွားတယ်။ အဲဒါတွေမြင်ပြီး အနားမှာရှိတဲ့ကျွန်တော့်အမျိုးသမီးကလည်းအတော်ကြောက်နေတယ်။ သူကလည်းညဘက်လိုက်ချင်တာ မဟုတ်ဘူး။ ကျွန်တော်ခေါ်လာတာ။ မြန်မာပြည်မှာကလည်းဒီလိုမျိုးရှိမှမရှိတာ။ ကျွန်တော်လည်းမထွက်သေးဘဲ ဘာလုပ်သင့်သလဲသေချာစဉ်းစားလိုက်တယ်။ နောက်ဆုံးတော့အကြံတစ်ခုထွက်လာတယ်။ အိမ်မှာအိပ်နေတဲ့သူတွေကိုဖုန်းဆက်ပြီး မေ့ကျန်နေခဲ့တဲ့ လက်ထပ်စာချုပ်ကိုယူလာခိုင်းဖို့ပါပဲ။ အိပ်ပျော်နေတဲ့ လူတွေကိုနိုးပြီးခိုင်းတော့ သူတို့ခမျာလည်းအိပ်ရေးပျက်ရပြီး ကျွန်တော်လည်းအားနာမိတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ သူတို့ကိုမခိုင်းခင် ဖမ်းဆီးရေးအဖွဲ့တွေပြန်သွားတော့ အစစ်မခံရတော့ဘူး။ အဲဒီအချိန်မှာမနက်ငါးနာရီထိုးနေပြီ။ ကျွန်တော်တို့နားနေစခန်းထဲမှာ နှစ်နာရီလောက်ကတည်းက ပိတ်မိနေခဲ့တာလေ။ ကျွန်တော်တို့ပြန်လည်းလာရော အလ္လာထံမှာချက်ချင်းဒုအာလုပ်လိုက်တယ်။ နောက်နောင် ညအချိန်မတော်အပြင်မထွက်တော့ဘူး၊ အလ္လာကယ်ပေလို့ပေါ့။ အိမ်ပြန်ရောက်တော့ ကျွန်တော်ပြန်စဉ်းစားပြီးတွေးမိတယ်။ ဪ...ဆင်ခြင်စရာ အတွေ့အကြုံလေးတစ်ခု အလ္လာပေးလိုက်ပါလားလို့။
အယ်ဟာဂ်ျ ထွန်းသစ်အောင်
မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း(ပီနန်)မှ
တာဝန်ယူကူညီခဲ့သော ရခိုင်ပြည်နယ်၊မောင်တောမြို့မှ အီလီယာစ်ဘိုင်

အထက်ဖော်ပြပါ အီလီယာစ်ဘိုင်သည် (Malignant Lymphoma) ဝေဒနာကို ခံစားနေရသည်မှာ(၈)လကျော်(၉)လ အတွင်းသို့ရောက်ရှိနေခဲ့ပါသည်။ အီလီယာစ်ဘိုင်သည် မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်းသို့ အကူအညီတောင်းလာသဖြင့် ၎င်းအား ပီနန်ဆေးရုံကြီးသို့တင်ကာ ကူညီကုသပေးခဲ့သည်။ ထိုဆေးရုံကြီးတွင် (၄၁)ရက်ကြာတင်ကာ ခွဲစိပ်ကုသမှုကိုပါပြုလုပ်ခဲ့ပါသည်။ ဆေးရုံမှကုန်ကျစရိတ်စုစုပေါင်း(RM -2137.50) ကို မြန်မာမွတ်စလင်(မ်) လူငယ်များကူညီမှုအသင်းမှပင် ပေးချေကူညီခဲ့ပါသည်။ ယခု အီလီယာစ်ဘိုင်အား မြန်မာနိုင်ငံသို့ပြန်နိုင်ရန်အတွက်လည်း အသင်းမှပင်တာဝန်ယူဖြေရှင်းပေးခဲ့ပါသည်။
အဆိုပါလူနာအား ဆေးရုံတင်သည်မှစ၍ ဆေးရုံဆင်းသည်အထိ ကူညီပေးခဲ့သော မိတ်ဆွေများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
JAZARKALLAH
အီလီယာစ်ဘိုင်အား မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်းမှ အဖွဲ့ဝင်များသွားရောက်ကြည့်ရှုစဉ်

Sunday, August 2, 2009

Lymphoma ဝေဒနာရှင် အီလီယာစ်ဘိုင်အား (၆.၇.၂၀၀၉)နေ့ ၊ ခွဲစိပ်ကုသမှုအပြီးတွေ့ရစဉ်
ကိုသက်ပိုင်(သတင်းနှင့်ပြန်ကြားရေးမှူး)
မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း(ပီနန်)
လူနာအား တာဝန်ကျသူနာပြုမှ လိုအပ်သောစစ်ဆေးမှုများပြုလုပ်နေစဉ်
ကိုသက်ပိုင်(သတင်းနှင့်ပြန်ကြားရေးမှူး)
မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း(ပီနန်)