Saturday, June 30, 2012
လူသားဖြစ်တည်ခွင့်ကို ဆန့်ကျင်သူများသို့
                     ကျွန်တော်တို့ ယခု မြင်နေကြားနေရတဲ့ သတင်းတွေထဲမှာ မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ် အတွင်း ဖြစ်နေတဲ့ ပြဿနာ၊ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်ဆလင်တို့အကြားဖြစ်နေကိစ္စတွေပဲ တွေ့နေရတာများပါတယ်။ ဒါ့အပြင် အင်တာနက်ဖွင့်ကြည့် ဖေ့ဘွတ်သုံးဖြစ်ရင်လည်း ဒီသတင်းတွေပဲ ထပ်တလဲလဲ တွေ့နေရတော့၊ ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား ဇွန်လအတွင်း ဖြစ်သွားတဲ့ ပြဿနာ၇ဲ့ အစ တရားခံဟာ သတင်းဂျာနယ်များနှင့် အင်တာနက် ၀က်ဘ်ဆိုဒ်များ၊ ဘလောခ့်များက အဓိကတရားခံများလို့ ရဲရဲကြီးပြောရဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ နေထိုင်တဲ့ မလေးရှားနိုင်ငံမှာလည်း သတင်းတွေထဲမှာ ရခိုင်ပြည်နယ် ကျောက်နီမော် ကိစ္စလို အဓ္ဓမ ပြုကျင့်ခံရတဲ့ သတင်းတွေက အမြဲပါနေကျပါပဲ။ ဒါပေမယ့် ယခုလို လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘ၀တွေပျက် အသက်တွေဆုံးရှုံးလိုက်ရတဲ့ အထိ ဆိုးဆိုးဝါးဝါးအဖြစ်အပျက်မျိုး ကျွန်တော်နေနေတဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း လုံးဝမရှိခဲ့ပါဘူး။ တရုတ်၊ မလေးရှား၊ ဟင်ဒီ ပေါင်းနေပြီး ဒီမိုကရေစီ အပြည့်အ၀မရှိပါဘူးပြောနေတဲ့ မလေးရှားလိုနိုင်ငံမှာတောင်လူမျိုးရေး ပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ ဖြစ်မယ့်အခြေအနေရှိလည်း နိုင်ငံတော်အစိုးရ အနေနဲ့ အချိန်မှီတားဆီးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကျတော့ အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတယ်။ အစိုးရက တားဆီးဖို့နေနေသာသာ နိုင်ငံပိုင်သတင်းစာကိုယ်တိုင်က လူနည်းစုဖြစ်တဲ့ မြန်မာမွတ်စလင်များကို ကုလားဟု သုံးနှုံးသွားသည်ကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ဟာ အစိုးရရဲ့ သတင်းမီဒီယာများလည်း ပြဿနာကို ကြီးထွားအောင် လုပ်ခဲ့သည်ကို အထင်အရှားမီးမောင်းထိုးပြနေပါတယ် ။ နောက်ပြီး ပုဂ္ဂလိကပိုင်မီဒီယာများကလည်း သတင်း လွတ်လပ်ပိုင်ခွင့်ကို တစ်လွဲသုံးပြီး လူနည်းစု မွတ်ဆလင်တွေအတွက် အဆိပ်အတောက်ဖြစ်စေမယ့်အရေးအသားများကို မွတ်ဆလင်မုန်းတီးရေးစိတ်နှင့် ဖော်ပြနေခဲ့ပါတယ်။
                            တကယ်တော့ မြန်မာပြည်တွင်းက သတင်းသမားတစ်ချို့ စာနယ်ဇင်းသမားတစ်ချို့ဟာ ကမ္ဘာမီဒီယာ ကွန်ဖရင့်တွေမှာ အတိအလင်းကြေငြာထားတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ကိုးကွယ်သည့် ဘာသာ လူမျိုးကို မလိုအပ်ဘဲ ဖော်ပြခြင်းမပြုရန် အတိအလင်းတားမြစ်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်ကို လျစ်လျူရှုမေ့လျောထားကြပါတယ်။ ဒါကို မြန်မာပြည် ဂျာနယ်လစ်များက မဟာလူမျိုးကြီးဝါဒကို ရှေ့တန်းတင်ပြီး ဗမာမှဗမာ ၊ ရခိုင်မှ ရခိုင် တိုင်းရင်းသားတွေဆိုပြီး လူမျိုးခြားတွေ ကျူးကျော်ဝင်ရောက်ခြင်းဖြစ်တယ်ဆိုတဲ့ ရန်တိုက်လှုံ့ဆော်မှုတွေကို ထင်ထင်ရှားရှားတွေ့လိုက်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ သတင်းမီဒီယာ တွေက အဓိက တရားခံဖြစ်တယ်လို့ပြောလိုပါတယ်။
                             ဒါ့အ့ပြင် ရခိုင်ပြည်နယ် ကျောက်နီမော်ကိစ္စမဖြစ်ခင်ကတည်းက လူနည်းစုတွေကို အမျိုးမျိုးရန်ရှာ နိုင့်ထက်စီးနင်းလုပ်နေတာတွေရှိခဲ့ပါတယ်။ ရိုဟင်ဂျာတွေရဲ့ လူသားဖြစ်တည်မှုကို လက်မခံဘဲ တစ်ဖက်နိုင်ငံမှ ခိုးဝင်သူများဟု အမြဲစွတ်စွဲနေခြင်းဟာ တရားမျှတမှု မရှိပါဘူး။ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ မရှိဘူး ဆိုပြီး အကုန်မောင်းထုတ်ခံရခြင်း၊ တစ်နေရာနှင့်တစ်နေရာ ခရီးသွားလာခွင့်မရှိခြင်း၊ ရိုဟင်ဂျာ အချင်းချင်း လက်ထပ်ထိမ်းမြားခွင့်ကိုတောင် အကန့်အသတ်နှင့် ထိန်းချုပ်ကန့်သတ်ခံထားရပါတယ်။ ယခုလို ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အကြောင်းတွေကို ယခင်ကသတင်းများမှာဖတ်ရရုံသာမက ရခိုင်ပြည်နယ်ဘက်မှာ နေထိုင်ခဲ့တဲ့လူတွေရဲ့ ကိုယ်တွေ့ကြုံခဲ့ရတာတွေကို ပြန်လည်ပြောပြချက်တွေကိုပါ ကြားခဲ့ရပါတယ်။ နဂိုကတည်းက လူမျိုးရေးအမုန်းတရားတွေ ဘာသာရေးအမုန်း တရားတွေ ပေါက်ကွဲလုမတတ်ဖြစ်နေတဲ့ အခြေအနေကို ကျောက်နီမော်ပြဿနာကို ရှေ့တန်းတင်ပြီး အကွက်ကျကျ လူမျိုးရေးအစွန်းရောက်တွေက ဖန်တီးခဲ့တယ် ဆိုတာဟာ လယ်ပြင်မှာ ဆင်သွားသလို အရှင်းသား သိမြင်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့
(၁) အဓ္ဓမပြုကျင့်ခဲ့သော တရားခံသုံးယောက်မှာ တရားခံတစ်ယောက်က ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေတယ်ဟု မီဒီယာတွေက ဖော်ပြခဲ့ပြီး ကျန်နှစ်ယောက်ကို သေဒဏ်ကြိုးမိန့်အပြစ်ပေးခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါဟာကြေကွဲစရာ လူပေါင်းများစွာသေဆုံးခဲ့ရတဲ့ ဇာတ်လမ်းတစ်ခုကို အစပြု ဖန်တီးသွားတာပါ။
(၂) ဒီကိစ္စကြောင့် တောင်ကုတ်မှာ မြန်မာမွတ်ဆလင် ၁၀ ယောက် တရားစခန်းကပြန်အလာမှာ အကြောင်းမဲ့ သတ်ဖြစ်ခံခဲ့ရတယ်။ ဒီလို အသတ်ခံရတဲ့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ စုံစမ်းစစ်ဆေးပြီး အပြစ်ရှိသူများကို တရားဥပဒေအရ အရေးယူ အပြစ်ပေးမယ် ဟု ကြေငြာခဲ့ပြန်ပါတယ်။ သို့ပေမယ့်လည်း လူသတ်မှုကျူးလွန်ခဲ့တဲ့ လူသုံးရာလောက် လူအုပ်ကြီးဟာ တောင်ကုတ်မြို့မှ မြို့ခံများမဟုတ်ဟု ဆိုပြန်ပါတယ်။ ဒီလူတွေဟာမြို့ခံတွေ မဟုတ်တဲ့အတွက် တရားခံကို စုံစမ်းလို့ မရသေးဘုး၊ မပေါ်သေးဘူး၊ ရှာလို့မတွေ့ဘူးဆိုပြီး အရူးကွက်စနင်းပြီး ဘာမှထပ်ဖော်ပြတော့ပဲ သတင်းဖျောက်ထားခဲ့ပါတော့တယ်။ ဒါဟာ အကွက်စေ့စေ့နဲ့ လူမျိုးတုန်းသတ်ဖြစ်ခြင်းကို ဆက်လက်ဖြစ်ပွါးအောင် လောင်စာလောင်းပေးလိုက်ခြင်းပါပဲ။
(၃) ယခုနောက်ဆုံးသတင်းမှာတော့ ရိုဟင်ဂျာနဲ့ပါတ်သတ်တဲ့ကြေငြာချက်တွေထုတ်ပြီး ရခိုင်အဖွဲ့ အသီးသီးမှ တတိယနိုင်ငံကို ပို့ဖို့ပြောကြတယ်။ ဘန်ဂါလီတွေနဲ့ အတူတူနေလို့မဖြစ်နိုင်တော့ဘူးလို့ ဖော်ပြပြီးတော့ ယဉ်ယဉ်ကျေးကျေးမောင်းထုတ်တာကို လူနည်းစုဖြစ်တဲ့ရိုဟင်ဂျာတွေက ခံနေရတယ်။ တကယ်တော့ ဒါတွေဟာရီစရာကောင်းပါတယ် ။ အခြားကမ္ဘာ့မည်သည့်နိုင်ငံမှ မရှိခဲ့တဲ့ ဆိုးရွားလှတဲ့ ခွဲခြားမှုပါပဲ။ ဘာသာမတူရင်အရောင်အသွေးမတူရင်ခွဲနေရမယ်လို့ ဘယ်နိုင်ငံ၊ ဘယ်ဥပဒေမှာမှ မရှိခဲ့ပါဘူး။ မောင်းထုတ်တာနဲ့ တင်မလုံလောက်သေးဘူး။ မွတ်ဆလင်တွေရဲ့ပိုင်ဆိုင်မှုတွေကို အဓ္ဓမသိမ်းပြီး မွတ်ဆလင်များရဲ့ ဘိုးဘွားပိုင်လုပ်ငန်းကိုင်များကိုပါ အတင်းဖယ်ရှားခံနေသတင်းတွေကို ကြားနေရတာ စိတ်မကောင်းမိပါဘူး။
                        အချုပ်အားဖြင့်ဆိုရရင်တော့ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေချိန်မှာ ခေတ်နောက်ပြန်ဆွဲတဲ့ လူမျိုးရေး စိတ်ကြီးဝင်နေတဲ့ အတွေးအခေါ်များကို ဖျောက်ဖျက်ဖြစ်ဖို့ သင့်ပါပြီ။ လူကျင့်ဝတ်ကို ဖောက်ပြန်တဲ့ လူနည်းစုအပေါ်ညှည်းပမ်းအနိုင်ကျင့်မှုမျိုးကို မည်သည့်နိုင်ငံကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ လူတစ်ဦးချင်းတစ်ယောက်ချင်းဆီက အသိစိတ်ဓါတ်ရှိစွာနဲ့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နေထိုင်ပြီး ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းကြဖို့ ကျွန်တော်မျှော်လင့်တောင့်တမိပါတော့တယ်။
                                                                                         ထွန်းသစ်
မွတ်စလင်မ်များ သတ်ဖြတ်ခံရမူအပေါ် ပါကစ္စတန်နိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ
မြန်မာပြည်တွင်း မွတ်စလင်မ်များ သတ်ဖြတ်ခံရမူအပေါ် ပါကစ္စတန်နိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ
                     ပါကစ္စတန် အဓိကမြို့ကြီးများ အားလုံးလိုလိုတွင် ယနေ့ ဇွန်လ ၃၀ ရက် သောကြာနေ့ ၀တ်ပြုမှုအပြီးတွင် မြန်မာနိုင်ငံရှိ အပြစ်မဲ့ မွတ်စလင်မ်များ အစုလိုက်အသတ်ခံရမှု အပေါ် စုပေါင်းဆွေးနွေးပွဲများ ကန့်ကွက်ဆန္ဒပြပွဲများ ကို ဂျမာအသ် အစ္စလာမီ အဖွဲ့ခေါင်းဆောင် ဆယသ် မူနာဝါ ဟစန်၏ မေတ္တာရပ်ခံချက်အရ ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
                   နိုင်ငံအတွင်း မွတ်စလင်မ်များအား မျိုးဖြုတ် သတ်ဖြတ်မူအား ကြူးလွန်ခွင့်ပြုနေသော အကြမ်းဖက်သမားများ၏ရန်မှ အကူအညီမဲ့နေသော မြန်မာနိုင်ငံ အတွင်းရှိ မွတ်စလင်မ်များ အား အကာအကွယ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ၊ OIC နှင့် ကမ္ဘာတ၀ှမ်းမှ.....
                   အာရုံစိုက်ခံရရေးအတွက် အဆိုပါ ဆန္ဒပြပွဲအားပြုလုပ်ရန် နိုးဆော်ခဲ့ ခြင်းဖြစ်ပါသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများက လွန်ခဲ့သော ညများအတွင်း မြန်မာနိုင်ငံ၏ မြို့တစ်ခုတွင် ရာပေါင်းများစွာသောမွတ်စလင်မ်များ အစုလိုက်အသတ်ခံခဲ့ရသည့် အာရကန်ရှိမွတ်စလင်မ်များနှင့် တစ်သားတည်းရှိကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို ထုတ်ဖေါ်ပြသခဲ့ကြပါသည်။
                    ဖိနှိပ်ခံရသော အာရကန်မှ မွတ်စလင်မ်များ အကူအညီပေးရန် မွတ်စလင်အုပ်ချုပ်သူများအား နိုးထကြရန် သာသနာ့ပညာရှင်များနှင့် တရားဟောဆရာများက တိုက်တွန်းပြောကြားခဲ့ကြပါသည်။
                   မန်ဆူးပလီတွင် သောကြာနေ့ ဟောကြားမူ အတွင်း ဆယသ် မူနာဝါ ဟစန်က ဒီလို  အာရကန်ကမွတ်စလင်မ်တွေ အခုလိုသွေးထွက် သံယိုမူတွေ ဖြစ်တာကို အကယ်၍သာ OIC အနေနဲ့ ရှင်သန်မူရှိနေပြီး မွတ်စလင်မ်အုပ်ချုပ်သူတွေ အနေနဲ့ လေးစားခံထိုက်တဲ့ ဂုဏ်ပုဒ်နဲနဲလေး ကျန်နေအုံးမယ်ဆိုယင် သူတို့ ရပ်တန့်သွားအောင် လုပ်နိုင်မှာဖြစ်တယ်လို့ လဲ OIC နဲ့ မွတ်စလင်မ်နိုင်ငံတွေက အုပ်ချုပ်သူတွေကို ဝေဖန်ပြောကြားသွားခဲ့ပါတယ်။
                  ဆက်လက်ပြီး သူက ဒါကာ အစိုးရအနေနဲ့ လှေနဲ့ ဘင်္ဂလားဒေရှ့်ဖက်ကို ဖြတ်ပြီး အသက်စွန့်ပြေးလာရတဲ့ သူတွေကို ကူညီရမဲ့ အစား နယ်စပ်ကို ပိတ်ထားတဲ့ အပြင် အဲဒီထွက်ပြေးလာတဲ့ မြန်မာပြည်က မွတ်စလင်မ်တွေအပေါ် လုပ်ကြံစွပ်စွဲမှုတွေ မှားယွင်းစွာလုပ်ခဲ့တဲ့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း လာဟိုက ထုတ်ဝေသည့် သတင်းများအရ သိရှိရပါသည်။
                        ဂျမာအသ် အစ္စလာမီ အဖွဲ့သည် ဆယဒ် အဘူအလာမောင်ဒူဒီ တည်ထောင်ခဲ့သော အဖွဲ့ဖြစ်ပြီး ပါကစ္စတန် နိုင်ငံတွင်း အင်အားအကောင်းဆုံး နှင့် သြဇာအရှိဆုံး လွတ်တော်ပြင်ပ နိုင်ငံရေး အဖွဲ့ကြီးတစ်ဖွဲ့ဖြစ်ပါသည်။
http://myanmarmuslim.net/news.php မှကူးယူဖော်ပြပါသည်။
အီဂျစ်နိုင်ငံ မြန်မာသံရုံးရှေ့ အီဂျစ်နိုင်ငံသားများက ဆန္ဒပြ
အီဂျစ်နိုင်ငံ မြန်မာသံရုံးရှေ့ တွင် မြန်မာပြည်ရှိ မွတ်စလင်မ်များ အစုလိုက်အပြုံလိုက် အသတ်ခံရမူအပေါ်
အီဂျစ်နိုင်ငံသားများက ဆန္ဒပြ
                       ဇွန်လ ၂၆ ရက်နေ့ တွင် အ်ီဂျစ် နိုင်ငံြ့မန်မာသံရုံး ရှေ့တွင် အီဂျစ်နိုင်ငံသား ၂၀၀ ကျော်က မြန်မာနိုင်ငံ အတွင်း အုပ်စုကွဲ အကြမ်းဖက် တိုက်ခိုက်ခဲ့မူများကြောင့် မွတ်စလင်မ် အမြောက်အမြား အသတ်ခံရမူအပေါ် ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက မွတ်စလင်မ်များကို သတ်ဖြတ်သူများသည် အကြမ်းဖက်သမားများ ဖြစ်ကြောင်း “မွတ်စလင်မ်များကို သတ်ဖြတ်နေမူများရပ်’’ “ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမူများရပ်” “မြန်မာစစ်အုပ်စု ကျဆုံးပါစေ”အစရှိသည့် ကြွေးကြော်မူများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
                        အဆိုပါဆန္ဒပြပွဲ သို့ အီဂျစ် Asala ပါတီဝင် လွှတ်တော်အမတ်ဟောင်း ...
မမ်ဒို အစ်မာအီလ် ပါဝင်ခဲ့ကြောင်း၊ သူက ကျွန်တော့် အနေနဲ့ဘယ်နိုင်ငံရေးအုပ်စု တစ်ခုကိုမှ ကိုယ်စားပြု ဆန္ဒပြတာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို အစုလိုက် အပြုံလိုက်သတ်နေလို့ ၊ ၀တ်ပြုမှုတွေကို ပိတ်ပင်တားဆီးနေလို့ ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
                       မြန်မာသံရုံးရှေ့မှာ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဝေးလ်အာလမ် က “ကျွန်တော်တို့ တာဟိရ်း ရင်ပြင်ကနေ ဒီကိုရောက်လာရတာက ကျွန်တော်တို့ မွတ်စလင်မ်တွေကို အစုလိုက်အပြုံလိုက်သတ်နေတာနဲ့ ပတ်သက်ပြီး ဒီအတိုင်းနုတ်ပိတ်ထိုင်ကြည့်နေမှာ မဟုတ်ဖူးဆိုတဲ့ အကြောင်း မြန်မာအစိုးရသိအောင် ပြောချင်လို့ လာခဲ့တာပဲ” လို့ပြောခဲ့ပါတယ်။ ဆက်ပြီး အာလမ်က ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေက မြန်မာအစိုးရကို အရေးယူ ဆောင်ရွက်ပေးမူတွေ မလုပ်မချင်း ဆန္ဒဆက်ပြသွားမယ်လို့လဲ ကတိပြုပြောကြားသွားပါတယ်။
                     တောင်အာရှ အဆက်အနွယ် ရိုဟင်ဂျာ တွေဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ဒီကနေ့မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး လူမျိုးရေးခွဲခြားမူတွေကို ခံစားနေရတာဖြစ်ပြီး သူတို့တစ်တွေဟာ အိမ်နီးချင်းနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ဘယ်သူကမှလက်ခံခြင်းမရှိဖြစ်နေကြောင်း Egypt Independent သတင်းစာ တွင်ဖေါ်ပြထားရှိပါသည်။
 http://myanmarmuslim.net/news.php?extend.720 မှ ကူးယူဖော်ပြပါသည်။
မြန်မာပြည် သွားပြီလား
               ကျနော့အမြင်မှာတော့ မြန်မာပြည်ဟာ မြောင်းထဲကို အရှိန်နှင့် ဒလဟော ထိုးကျနေပြီလို့  ထင်တယ်။ ပိုဆိုးတာက မိုက်မိုက်မဲမဲ မြောင်းထဲတွန်းချသူတွေကို မတားဆီး၊ မကန့်ကွက်တဲ့အပြင်  မသိကျိုးကျင်ပြုနေတဲ့သူတွေက ထုနှင့် ထည်နှင့် ရှိနေရုံတင်မက မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်၊  တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်၍ဖြစ်ဖြစ် အားပေးအားမြှောက်နေသူတွေနှင့် မြန်မာ့နိုင်ငံရေးလောက  တစ်ခုလုံးမှာ ပြန့်နှံ့နေတယ်လို့တောင် ထင်မှတ်စရာဖြစ်နေပါပြီ။ နိုင်ငံရေးအရ မှန် မမှန်(Political  Correctness)ကို အမြဲထောက်ပြနေတတ်တဲ့ နိုင်ငံရေး ပဏ္ဍိတ်တွေကလည်း  အံ့သြစရာကောင်းလောက်အောင် ဆွံ့အနှုတ်ပိတ်နေကြတယ်။ ဒါက ကောင်းတဲ့ အလားအလာ၊ ကောင်းတဲ့နိမိတ်(omen)တွေ မဟုတ်ဘူးဆိုတာ သေချာလွန်းပါတယ်။
            တောင်အာဖရိကမှာ နာမည်ဆိုးနှင့် ကျော်ကြားခဲ့တဲ့ Apartheid ဆိုတာကို ကျနော်တို့အားလုံး သိကြပါတယ်။ လူတွေကို မျိုးနွယ်အရ သီးခြားစီ ခွဲခြားထားခြင်း(Segregation)ဖြစ်ပါတယ်။ ဘယ်လူမျိုးတွေ ဘယ်နေရာကို မလာရ၊ ဘယ်နေရာမှာ မနေရ၊ ဘယ်ကားကို မစီးရ၊    ဘယ်စားသောက်ဆိုင်မှာ မစားရ၊ ဘယ်ကျောင်းကို မတက်ရ၊ ဘယ်နေရာမှာ ဘယ်အလုပ်ကို  မလုပ်ရဆိုတဲ့ လူမျိုးချင်း ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း၊ မြို့ရွာ၊ ပြည်နယ်၊  နိုင်ငံအကျိုးအတွက် အဖွဲ့အစည်းတွေမှာ မတူညီသော လူအုပ်စုနှစ်စုက အကျိုးတူ ပူးပေါင်းလုပ်ဆောင်ဖို့ ဆိုတာကတော့ စဉ်းစားစရာပင် မလိုတော့ပါ။ အင်မတန် ရွံရှာစရာကောင်း၊ ကြောက်စရာကောင်းတဲ့  အယူအဆဆိုးဖြစ်တာမို့ ယဉ်ကျေးတဲ့ ယနေ့လူ့ကမ္ဘာမှာ ဘယ်လိုလူသားဆန်တဲ့ လူသားမျိုးကမှ ကျင့်သုံးဖို့  တောင်းဆိုတာ၊ လှုံ့ဆော်တာ မပြောနှင့် ဒီအယူအမြင်ကို လက်ခံပါတယ်လို့တောင် မပြောရဲတဲ့ အင်မတန် ဆိုးယုတ်သိမ်ဖျဉ်းတဲ့ အယူဝါဒဖြစ်ပါတယ်။
               သို့သော် ကျနော်တို့ အမိမြန်မာပြည်မှာ ဒီဝါဒဆိုး segregationကို အတိအလင်း ကြေငြာချက်ထုတ်ပြန် တောင်းဆိုရဲတဲ့ နိုင်ငံရေးပါတီ ရှိနေပါပြီ။ ဘယ်နိုင်ငံရေးခေါင်းဆောင်၊ ဘယ်တိုင်းရင်းသား ခေါင်းဆောင်၊ ဘယ်ဘာသာရေးခေါင်းဆောင်၊ ဘယ်လူ့အခွင့်အရေးခေါင်းဆောင်၊ ဘယ်အစိုးရဝန်ကြီး၊ ဘယ်နိုင်ငံရေး၊ လူမှုရေးစတဲ့ အဖွဲ့အစည်းကများ ကန့်ကွက်သံ ကြားရလေမလားလို့ နှစ်ရက်ကြာအောင် စောင့်ဆိုင်းခဲ့ပါတယ်။ ရှက်စရာ ကြောက်စရာကို မရှက်မကြောက် လုပ်သူက လုပ်တယ်။ ဘယ်သူကမှ မလုပ်သင့်ဘူးလို့ တစ်ခွန်းဆိုသံ မကြားရသဖြင့် မြန်မာပြည် သွားပြီလားလို့ မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ်။ (RNDP၏ ဤကြေငြာချက်ကို မသိရှိသေးသူများအား မဆိုလိုပါ။)
             RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)က ၂၀၁၂ခု ဇွန်လ (၂၆)ရက်နေ့စွဲနှင့် ထုတ်ပြန်သော ကြေငြာချက်အမှတ် ၀၄/၂၀၁၂မှာပါတဲ့ တရားမဝင် ခိုးဝင်လာသူများကို အရေးယူတာ၊ မူရင်းနိုင်ငံကို ပြန်စေတာတွေကိုတော့ လုံးဝ သဘောတူပါတယ်။ အငြင်းပွါးစရာ မရှိပါ။ သို့သော် ကြေငြာချက်ရဲ့ အမှတ်စဉ် ၆(ခ)မှာ၊ တရားဥပဒေချိုးဖေါက်သူတွေ၊ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူစေပြီး နိုင်ငံသားအချင်းချင်း သင့်မြတ်ရေး၊ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို မဖြစ်ဖြစ်အောင် ဦးဆောင်ပေးရမည့်အစား
             ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီ သီးခြားနေရာချထားရန်
             လို့တောင်းဆိုထားပါတယ်။ ဒါကို Apartheid (Segregation) မခေါ်ရင် ဘာလို့ခေါ်မလဲဆိုတကို မြန်မာ့နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေး ခေါင်းဆောင်ကြီးများ ဖြေကြပါ။ ဒီလောက် ဆိုးသွမ်းဖေါက်ပြန်တဲ့ ကြေငြာချက်ကို ကြားသိလျှက်နှင့် နှုတ်ဆိတ်နေခြင်း၊ လူသိရှင်ကြား မကန့်ကွက် မရှုံ့ချခြင်းသည် သဘောတူ(Consent)သည်ဟု ဆိုနိုင်သဖြင့် ယနေ့ မြန်မာ့ခေါင်းဆောင်ကြီးများပေါ်တွင် သမိုင်းကြွေးတင်သွားပါပြီ။ နောင် မြန်မာပြည်ရဲ့ အခြားနေရာတွေမှာ အလားတူဖြစ်ရပ်တွေ ဖြစ်လာရင်၊ ဖြစ်လာအောင် လှုံ့ဆော်ပြီး ဘာသာမတူ၊ လူမျိုးမတူသူတွေရဲ့ အိုးအိမ်တွေကို မတရားသိမ်းပိုက်လိုလျှင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။
               ဒီလိုတောင်းဆိုသူတွေဟာ မိမိကိုယ်တိုင်က လိုလားပါတယ်ဆိုတဲ့ ဒီမိုကရေစီနှင့် လူ့  အခွင့်အရေးဆိုတာကို နားမလည် တန်ဖိုးမထားရုံတင်မက ကျင့်သုံးလိုဟန်ပင် မရှိကြောင်းကို  အတိအလင်း ပြဆိုခြင်းဖြစ်တယ်။ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံ ဖြစ်တည်လာပုံ၊ နိုင်ငံ စတင်တည်ထောင်စ  ကတည်းက နှစ်နိုင်ငံ နယ်စပ်တွေမှာ လူမျိုးပေါင်းစုံတွေ ပြန့်နှံ့နေထိုင်ပုံ၊ တိုင်းပြည်နယ်နိမိတ်  ခွဲခြားသတ်မှတ်မှုနှင့်အတူ ပါဝင်လာတဲ့ လူမျိုးတွေကို တရုပ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာစသဖြင့်  နိုင်ငံသစ်တွေက လက်ခံပေးရပုံ (ခိုးဝင်သူတွေကို လက္ခံပေးဖို့ မပြောပါ။) စသည့် သမိုင်းဖြစ်ရပ်တွေကို  အခြေခံလောက်မှ နားမလည်ခြင်းကို ပြပါတယ်။ ပိုဆိုးတာက (၂၁)ရာစုမှာ လူသားအခြေခံပြီး  လူသားချစ်စိတ်နှင့် တိုင်းပြည်ကို လက်တွေ့ကျကျ တည်ဆောက်ရမည့်အစား စိတ်ဝမ်းကွဲပြားမှုတွေနှင့်  မညီမညွတ်ဖြစ်စေကာ တိုင်းပြည်ကို ချောက်ထဲထိုးချမည့် အမြင်ကျဉ်းမြောင်းသော ငါ့ဘာသာ၊ ငါ့သာသနာ၊ ငါ့လူမျိုးဆိုတဲ့ မျက်ကန်းမျိုးချစ်စိတ်ကို တာဝန်မဲ့ လှုံ့ဆော်ခြင်းဖြစ်တယ်။
             ကိုယ့်ပြည်သူတွေကို အကျိုးဖြစ်အောင် အသိဥာဏ်ဖွင့်ပေးရမည့်အစား အကျိုးယုတ် အသိကန်းအောင် အဆိပ်ခပ်ခြင်းဖြစ်တယ်။ (ရှေးခေတ်က ဟစ်အော်လာကြခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ မြန်မာပြည်မှာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးမှုစသည်ကို စွဲပြီး လူမျိုးရေးတရားလုပ်လို့မရဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ပြီး တိုင်းရေးပြည်ရေးမှာ ညီညီညွတ်ညွတ် စုပေါင်းလုပ်ကြဖို့ ဖေဖေါ်ဝါရီလ(၁၁)ရက် ပင်လုံညီလာခံမှာ လက်မှတ်မရေးထိုးမီ ဗိုလ်ချုပ်အောင်ဆန်းက ကတိပြု ပြောကြားခဲ့ပါတယ်။ သံဃာတော်များက အမျိုး၊ ဘာသာ၊ သာသနာဟု ဆိုခြင်းကို နားလည်ပေးနိုင်သော်လည်း လူမျိုးပေါင်းစုံ၊ သာသနာ ပေါင်းစုံကို ကိုယ်စားပြုရမည့် နိုင်ငံရေး ခေါင်းဆောင်များက အမျိုး၊ ဘာသာ၊ သာသနာဟု ပြောလာမည်ဆိုလျှင် မိမိစီးသောမြင်းကို အထီးမှန်း အမမှန်း မသိသူများ ဖြစ်ရာ၏။ လွန်ခဲ့သော (၆၆)နှစ်ကပင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးအတွက် လက်တွေ့မကျဟုဆိုကာ ပယ်ချခဲ့သော အယူမှား၊ အမြင်မှားဖြစ်သည်ကို သတိချပ်သင့်လှ၏။)
              ခေါင်းဆောင်ကြီးများအနေနှင့် ဘော့စနီးယား၊ ရဝမ်ဒါစတဲ့ နိုင်ငံတွေက လူမျိုးရေး အထိကရုဏ်းတွေကို ပြန်စဉ်းစားပြီး သင်္ခန်းစာယူကြပါ။ အခြေအနေတွေ ပိုမဆိုးလာအောင် အချိန်မီ တားဆီးကြပါ။ တိုင်းပြည်ကို လမ်းကြောင်းမှန်ကို ပြန်တင်ပေးကြပါ။ ပြန်လည်ခေါင်းထောင်ဖို့ အထင်အရှား ကြိုးစားနေတဲ့ ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု၏ နည်းမှန်လမ်းမှန်ဖြစ်သော စည်းလုံးညီညွတ်မှုဖြင့် အနိုင်တိုက်ယူပါ။
             အနှစ်ငါးဆယ်မှာ ရတောင့်ရခဲဖြစ်တဲ့ အခုလိုအခွင့်အခါမျိုးကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့လိုတယ်လို့ ဒေါ်စုက ယနေ့တင်ဘဲ ပြင်သစ်မှာ ပြောလိုက်ပါပြီ။ မှန်မှန်ကန်ကန် အသုံးမချနိုင်ရင်တော့ မြန်မာပြည် နောက်တစ်ချီ သွားပြီ ဖြစ်ပါတယ်။
နောက်ထပ် အနှစ် ငါးဆယ်လေးလောက်ပါ။
(ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်ပါသည်။)
http://news.mmsy.info/news/3826 မှကူးယူဖော်ပြပါသည်။
Thursday, June 28, 2012
မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့အိတ်ဖွင့်ပေးစာ
မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့
အမေရိကမှ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး၏ အိတ်ဖွင့်ပေးစာ
ဒေါက်တာ ဟာဘိ စီဒီကီ
၁၇ ဇွန် ၂၀၁၂ (တနင်္ဂနွေနေ့)
မူရင်းဆောင်းပါး – http://www.asiantribune.com/news/2012/06/17/letter-america-open-letter-daw-suu-kyi-burma
ချစ်ခင်လေးစားရပါသော ဒေါ်စုကြည်ခင်ဗျား
               ဆယ်စုနှစ်တစ်ခုမက လူ့အခွင့်အရေးအရာ လှုံ့ဆော်ကြိုးပမ်းသူတစ်ဦးအနေဖြင့် ကျွန်တော်ဟာ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်နှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။
              အစိုးရသစ်ဟာ တိုင်းပြည်ကောင်းစားဖို့နဲ့ မှန်ကန်တဲ့ သီလအတွက် ခိုင်မာစွာ ရပ်တည်ခဲ့ကြတဲ့ ဒေါ်စုကြည်နှင့်အတူ အခြားများစွာသော အပြစ်မဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများကို အနာဂတ် ရေရှည်အကျိုးအမြင်ဖြင့် လွတ်လပ်မှုပေး၊ လွတ်မြောက် ခွင့်ပေးခဲ့တာဖြင့် အလွန်ကိုကောင်းမွန်စေခဲ့ပါတယ်။
             ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုကြည်နှင့် NLD ပါတီ ဝင်ရောက်ပြိုင်ဆိုင်ခွင့်ရခဲ့ပြီး အမတ် ၄၂-နေရာ အောင်နိုင်ခဲ့တာ အလွန်ဝမ်းသာစရာပါ။ ပြည်သူတွေအတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှုပါ။
             မြန်မာပြည်တွင်းမှာ ထိုကဲ့သို့သော ပြောင်းလဲတိုးတက် မှုများနဲ့အညီ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဟာလည်း မြင့်တက်လာပါတယ်။ အောက်လွှတ်တော်မှာ ဒေါ်စုကြည်ရဲ့ အသံ၊ ဩဇာတက္ကိမနဲ့ ဆယ်စုနှစ်များစွာ သူတို့ ခံစားတွေ့ကြုံနေရတဲ့ အတိဒုက္ခတွေက လွတ်မြောက်ဖို့ မြန်မာနိုင်ငံတော်သစ်မှာ မည်သူမဆို အရောင်အသွေး၊ ဘာသာလူမျိုး၊ ကိုးကွယ်ယုံကြည်မှု ကွဲပြားနေပါစေ ဒေါ်စုကြည်ဟာ တရားမျှတမှု၊ ကျောသားရင်သားမခွဲခြားမှု၊ တရားဥပဒေ စိုးမိုးမှု တွေကို ဆောင်ကြဉ်းပေးလာနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ...
             နှစ်ပေါင်းများစွာ စစ်အာဏာရှင် အစိုးရဟာ လူနည်းစုအပေါ် ပြင်းထန်စွာ ခွဲခြားဖိနှိပ် အုပ်ချုပ်ခဲ့ပါတယ်။ ဒေါ်စုကြည်သိမယ် ထင်တဲ့အတိုင်း လူမျိုး၊ ဘာသာရေး ခွဲခြား နှိမ့်ချဆက်ဆံမှု၊ မုန်းတီး အစွန်းရောက်မှု အများပြား အပြင်းထန်ဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါဟာ လုံးဝ မရှိသင့်တော့တဲ့ အပြင် လုံးဝ ပြောင်းလဲဖို့လိုပါတယ်။
             မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ အစ္စလာမ်ဘာသာဝင် လူနည်းစု အပေါ် မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ ပြသနာ တစ်ကြော့ပြန်ပါ။ ရခိုင် အမျိုးသမီးငယ်တစ်ဦးကို မတရားကျင့်၊ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ရာဇဝတ်ကောင် ၃-ယောက်ကို အကြောင်းပြပြီး မြန်မာပြည် အခြားဒေသမှ တရားစခန်းဝင် ပြန်လာတဲ့ မွတ်စလင် ၁၀-ဦးကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၃၀၀-ခန့်သော အကြမ်းဖက်လူအုပ်ကြီးက ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာ ကြားရတဲ့အခါ လွန်စွာတုန်လှုပ်ခြောက်ခြားမိခဲ့ရပါတယ်။
             ရာဇဝတ်သားတစ်ချို့ရဲ့ အပြစ်ကျူးလွန်မှုကို ဤကဲ့သို့လူနည်းစု အပေါ် မယောင်ရာ ဆီလူး ဥပဒေဘောင်မဲ့ လက်စားချေတုံ့ပြန်ခြင်းသာ သမရိုးကျဖြစ်နေခဲ့ပါက ဒီလောကဝယ် လူသားဆိုတာ အဘယ်မှာ ကျန်ရှိပါတော့မလဲ။ သို့ပါသော်လည်း ရခိုင်အကြီးအကဲခေါင်းဆောင်တို့ဟာ ဤပုံဤနည်း မှန်ကန်စွာ စဉ်းစားကြပုံမပေါ်ပဲ အစ္စလာမ်ဘာသာဝင် လူနည်:စုအပေါ် အပြစ်ပုံအမုန်းပွါး အဓိကရုန်းဖြစ်စေခဲ့ကြပါတယ်။
             ဒေါ်စုကြည်ဟာ ပါလီမန်အတွင်း အတိုက်အခံခေါင်းဆောင်တစ်ဦးအနေနဲ့ အပြောင်းအလဲများစွာအတွက် ကတိကဝတ်ပြုထားတဲ့ ဦးသိန်းစိန် အစိုးရသစ်နဲ့လက်တွဲပြီး အတိတ်ရဲ့အမိုက်မှောင်တွေထဲက ရုန်းထွက်ခွဲခွါကာ အရှိန်အဟုန်ဖြင့် တိုင်းပြည်သစ်တည်ဆောက်မယ်လို့ ထင်ထားခဲ့မိတာ သိပ်များစောသွား လေသလား။ မှားများ သွားခဲ့ပြီလား။
             ရခိုင်အကြီးအကဲခေါင်းဆောင်များ၊ လုံထိန်း၊ နစက အစရှိသူတို့ဟာ ရိုဟင်ဂျာလူနည်းစုကို အမြစ်ပြတ်ရှင်းလင်းပြစ်ဖို့ အကွက်ကျကျ စီမံခဲ့ကျပါတယ်။ ဇွန်လ ၃-ရက်ကဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ် လူသတ်ပွဲကြီးကို တားဆီးနိုင်ပါလျက် မသိကျိုးကျွံပြုခဲ့ကျတဲ့အပြင် ဇွန်လ ၈-ရက် သောကြာနေ့ ဝတ်ပြုပြီးပြန်လာကြတဲ့ လက်နက်မဲ့ ရိုဟင်ဂျာများအား တိုက်ခိုက် ပစ်ခတ်ခဲ့ကြတာဟာဖြင့် အလွန်ကောက်ကျစ်တဲ့ စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဆိုတာ အသေအချာပါပဲ။
             ဘုန်းကြီးကျောင်းများအတွင်းမှ ရခိုင်အစွန်းရောက် အကြမ်းဖက်သမားများ လျှို့ဝှက်သိမ်းဆီးထားတဲ့ ဒုတ်၊ဓား၊လှံ၊လက်နက်များ ဖမ်းမိခဲ့တယ်ဆိုတာလည်း အထောက်အထားများအရ သိရှိရပါတယ်။ ဤစာရေးသားနေစဉ် ကာလအတွင်းမှာဘဲ မွတ်စလင်အိုးအိမ်ပေါင်းများစွာ မီးရှို့ခံနေရပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် လူရာပေါင်းများစွာရဲ့ အသက်ပေါင်းများစွာ သေကျေပျက်စီးနေပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုများကို ကြားသိရတာ အလွန်ပဲတုန်လှုပ်ခြောက်ခြားရပါတယ်။
              ရခိုင်ပြည်နယ်ရှိ မွတ်စလင်တွေအားလုံးကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးမယ်လို့ ဗိုလ်ချုပ်အောင်းဆန်း ကိုယ်တိုင်ပြောခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ကလည်း ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအားလုံးဟာ မြန်မာတိုင်းရင်းသားတွေပဲဖြစ်တယ်။ သူတို့တိုင်ရင်းသား မဟုတ်ရင် ငါတို့ရှမ်းလဲ တိုင်းရင်းသားမဟုတ်ဘူးလို့တောင် ပြောခဲ့ပါတယ်။
             အာဏာရှင်ဦးနေဝင်းအစိုးရ မတက်ခင်က တိုင်းရင်းသားလူမျိုးစု ၁၄၄-ခု သတ်မှတ်ခဲ့၊ ရှိခဲ့တာပါ။ ၁၉၇၄-ခုနှစ် ဦးနေဝင်းရဲ့ ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တက်လာပြီးမှ ၁၃၅-ခုဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။ ပရှူးမွတ်စလင်၊ ရခိုင်မွတ်စလင်(နောင် ရိုဟင်ဂျာ) အပါအဝင် တိုင်းရင်းသား ၉-မျိုး ပယ်ဖျက်ပစ်ခဲ့ပါတယ်။ ပသီ၊ မြေဒူး၊ ပန်းသေး၊ မြန်မာ-အိန္ဒိယ အစသဖြင့်ပါ။
              ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေဟာ နိုင်ငံတကာဥပဒေ စည်းမျဉ်းစည်းကမ်းများရဲ့ အခြေခံများကိုပင် ချိုးဖောက်ထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပဋိဥာဉ်နဲ့လည်း ဆန့်ကျင်နေပါတယ်။
               ဒီဥပဒေကြောင့် မြောက်များစွာသောသူတို့ဟာ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးခဲ့ရပြီး အခြားအမြောက်အများဟာလည်း အခြေခံ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးခဲ့ပါတယ်။ ဤသို့ နှိမ့်ချ ခွဲခြားမှုများ၊ ဥပဒေဘောင်မဲ့ ကျူးလွန်မှုများဟာ ကုလသမဂ္ဂရဲ့ ထုံးနဲ့ လုံးဝမညီညွတ်ပါ။ မြန်မာအစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပဠိညာဉ်ရဲ့ သဘောတူညီချက်ပေါင်း ၃၀ ကို ချိုးဖောက်နေပါတယ်။ အဖွဲ့ဝင်တိုင်း လိုက်နာရမဲ့ စည်းမျဉ်းဥပဒေသများပါ။
               ဒေါ်စုကြည် ခင်ဗျား၊ ခေါင်းဆောင်မှု့ဆိုတာ လူအများမကြိုက်သည့်တိုင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်များ ချရလေ့ရှိပါတယ်။ တိုင်းပြည်အနာဂတ်ကောင်း ဖော်ဆောင်ရေးမှာ မိမိပါတီအတွင်းသာမက တစ်တိုင်းပြည်လုံးအတွင်းမှာပါ ဤအစွန်းရောက်မှု၊ အကြမ်းဖက်မှု၊ ခွဲခြားနှိပ့်ချမှုများကို ရှုံ့ချရပါမယ်၊ တားဆီးရပါမယ်။
               မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ယခင်အစမှ တည်ရှိခဲ့သော လူမျိုးရေး၊ ဘာသာရေး ခွဲခြားနှိပ့်ချမှုလောက် ဝမ်းနည်းဖွယ်ရာမှာ အခြားမရှိတော့ပါ။ လူများစုဗမာ၏ မဟာဗမာလူမျိုးကြီး ဝါဒသာလျှင်မက ကရင်က ဗမာကိုမုန်း၊ ဗမာက ရှမ်းကိုမချစ်၊ ရှမ်းက ဝကိုမလိုလား၊ မွန်က ဗမာကိုအလိုမရှိ၊ ရခိုင်က ရိုဟင်ဂျာကို ပြင်းပြင်းထန်ထန်မုန်းတီး၊ ဗမာက တရုတ်ဆို ကြည့်မရ၊ ခရစ်ယာန်က ဗုဒ္ဓဘာသာကိုမကြိုက်၊ ပြီးတော့ အားလုံးပေါင်းပြီး မွတ်စလင်ကို ဝိုင်းမုန်း စသည်ဖြင့် ဒီသံသရာက ဘယ်လိုမှမလွတ်မြောက်တော့ပါ။ မြန်မာပြည်သစ်မှာ ဒီလူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု၊ မုန်းတီးမှုရောပွမ်းနေတဲ့ ညစ်ညမ်းနိုင်ငံရေး လုံးဝအဆုံး နိဂုံးချုပ်သင့်ပါပြီ။
               ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်အစိုးရဟာ ‘မျိုးပျောက်မှာ စိုးကြောက်စရာ’၊ ‘မြေမြို၍ လူမျိုးမပျောက်၊ လူမျိုးမြိုမှ လူမျိုးပျောက်မည်’ အစရှိသည်များအပါအဝင် ‘မျက်ကန်းမျိုးချစ်’ အယူအဆများ ပြင်းထန်စွာဝါဒဖြန့်ခဲ့ပါတယ်။ ‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’၊ ‘တပ်မတော်သည်သာအမိ၊ တပ်မတော်သည်သာအဖ’ စသည်ဖြင့်လည်း ပြည်ထောင်စုကြီးအဓွန့်ရှည်ရန် စစ်တပ်ရှိမှဖြစ်မည့်ဟန် ဖန်တီး၍ တိုင်းရင်းသားများ၊ လူနည်းစုများကို ညှင်းပန်းဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။
              အစိုးရသစ်လက်ထက်ဝယ် အချို့သောအရာများ လွပ်လပ်ပွင့်လင်းလာသော်လည်း လူနည်းစုအပေါ် ခွဲခြားမှုများ၊ အကြမ်းဖက်မှုများ အများအပြားရှိနေဆဲပါ။ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင် စသော ပြည်နယ်များ၌ အပြောင်းအလဲရဲ့ သက်ရောက်မှုဟာ မရှိသလောက်ပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့ ဗမာ့တပ်မတော်တို့ဟာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ ဒီတစ်နှစ်အတွင်း ဗမာ့တပ်မတော်က တိုင်းရင်းသားလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း ၇၅၀ ခန့်ရှိတယ်လို့လဲ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား မြောက်များစွာ လွှတ်ပေးဖို့ရာ ကျန်ရှိနေပါသေးတယ်။
              ဒီမိုကရေစီလမ်းစဉ် ဖော်ဆောင်နေခြင်းနှင့်အညီ အသိရှိထားဖို့ရာ ဖယ်ဒရယ်မူမဟုတ်တဲ့ ဗဟိုထိန်းချုပ်မှုအခြေပြု ဒီမိုကရေစီစနစ်ဟာ ဒီပြသနာတွေကို ကာကွယ်ဖြေရှင်းနိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။ လူမျိုးဘာသာရေးခွဲခြားမှု ရှိနေခြင်းကို ပထမဆုံးအနေနဲ့ ဝန်ခံပြီး ဘယ်လောက်အတိုင်းအတာထိ နက်ရှိုင်းတည်ရှိနေတယ်ဆိုတာကိုလည်း အသိအမှတ်ပြုရပါမယ်။ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ‘ရိုဟင်ဂျာမျိုးဖြုတ်ရှင်းလင်းရေး’ အဓိကရုန်းဟာ ရခိုင်လူမျိုးများရဲ့ သေးသိမ်ကျဉ်းမြောင်းတဲ့ လူမျိုးရေးအတ္တစွဲကို လှစ်ဟပြနေပါတယ်။
                ခေါင်းဆောင်ကြီးခင်ဗျား၊ ‘အကြမ်းဖက်မှုများ၊ နိုင့်ထက်စီးနင်းမှုများ၊ အစွန်းရောက်မှုများ’ကို ဒေါ်စုကြည်အနေနဲ့ အကြွင်းမဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချသင့်ပါတယ်။ အကယ်၍သာ ဒေါ်စုကြည်နှင့်တကွ အခြားသော နိုင်ငံရေးခေါင်းဆောင် များအနေဖြင့် ဤသို့ရပ်တည်ခြင်းမရှိပါက နောင် ၂၀၁၅-ခု မည်သည့်အစိုးရသစ် တက်ရောက်လာသည်ဖြစ်စေ မြန်မာပြည်ဟာ ဒီနွံထဲက ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါ။
              ၁၉၈၂-နိုင်ငံသားဥပဒေဟာ (လုံးဝ) တရားမဝင်ပါ။ အားလုံးရဲ့ ရပ်တည်မှု ခဲလေသမျှ သဲရေကျအဖြစ်မျိုးပါ။ ကျေးဇူးပြုပြီး ဒီအမုန်းမီးပွါး၊ လူမျိုးဘာသာခွဲခြားမှု တံတိုင်းကြီးကို ဖြိုချပေးပါ။ တိုင်းရင်းသား အစ္စလာမ်ဘာသာဝင် မွတ်စလင်လူနည်းစုတို့ရဲ့ သာတူညီမျှ နိုင်ငံသား အခွင့်အရေးတောင်းဆိုမှုဟာ တရားမျှတမှုအပြည့်ရှိ၊ လျော်ကန်သင့်မြတ်ပါတယ်။ ဒါမှသာလျှင် ဖယ်ဒရယ်မူနှင့်အညီ တိုင်းရင်းသား၊ လူမျိုးပေါင်းစုံ၊ ဘာသာမရွေး လက်တွဲညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ငြိမ်းချမ်းသာယာတဲ့ မြန်မာပြည်သစ်ကြီး အမြန်ဆုံး ပေါ်ထွန်းလာနိုင်မှာပါ။
ရိုသေလေးစားစွာဖြင့်၊
အမေရိကနိုင်ငံမှ ဆုမွန်ကောင်းတောင်းလျက်
ဒေါက်တာ ဟာဘိ စီဒီကီ
http://myanmarmuslim.net/news.php မှကူးယူဖော်ပြပါသည်။
Monday, June 25, 2012
အင်တာနက်လူရိုင်းနှင့် တဖက်သက် ပြစ်မှုများ
               မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မြန်မာနိုင်ငံသား ဗမာမွတ်စလင်မ် တယောက်အနေနဲ့  မြန်မာပြည်က ကုလားကို မုန်းပါတယ်ဆိုတဲ့ လူတွေနဲ့  ပတ်သက်ပြီး ရင်ဖွင့်ချင်တယ်။         ဖတ်ကောင်းအောင်တော့ ဆီကွန့် ပြီးစာမရေးတတ်ဘူး။ ရင်ထဲက မခံချင်စိတ်ကို နေ့ တိုင်းဆွပေးနေတဲ့ မွတ်စလင်မ်မုန်း တီးရေးသမားကိုတော့ ရင်ဖွင့်တတ်တယ်။               အရင်ကတော့ ရိုဟင်ဂျာကို မကြိုက်ဘူး။ ဟုတ်တယ် မကြိုက်ဘူး။ ဘာကြောင့်လဲ? သူတို့ နဲ့  အလုပ်လုပ်တိုင်း ရှင်းရှင်းလင်းလင်း လုပ်လို့ မရဘူး။ လွယ် လွယ်ကိစ္စ မရှုပ်ရှုပ်အောင်လုပ်တယ်။   စီးပွားတွဲလုပ်ရင် လက်ပေါက်ကပ်တယ်။ အမြှီးကျက်အမြှီးစား ခေါင်းကျက်ခေါင်းစား အပြင် တယောက်     တပေါက်နဲ့ ဟိုလူက ဟိုလူကို ခုတုံးလုပ်သွားလိုက်၊ ပြောတော့တမျိုး လုပ်တော့ တမျိုးကြုံရလိုက်။          ခုနောက်ပိုင်း မွတ်စလင်မ်အရေးဆိုရင် တခါလည်း ရိုဟင်ဂျာ နှစ်ခါလည်း ရိုဟင်ဂျာ။ ဒီကြားထဲ ရိုဟင်ဂျာတွေ တိုင်းရင်းသားတောင်းတိုင်း တခြား မွတ်စလင်တွေ ကိုပါ ၀ိုင်းဆဲခံကြရတယ်။ ၀ိုင်းဆဲခံရလို့  ရိုဟင်ဂျာတွေကို ပိုချဉ်တယ်။
               ရိုဟင်ဂျာကိစ္စနဲ့  ပတ်သက်လာရင် မြန်မာတွေဖက်မှာရှိခဲ့တယ်။
ဒါပေမဲ့ ခုခါမှာ ရိုဟင်ဂျာတွေကိုချဉ်တာထက် မွတ်စလင်မ်တွေကို တဖက်သတ် စိတ်ဒုက္ခပေးနေတဲ့ ထောင်ပေါင်းများစွာသော မွတ်စလင်မ်မုန်းတီးရေး သမားတွေကို စိတ်နာတယ်။ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ၊ ပညာရှင်တွေ အားလုံးနီးပါး မွတ်စလင်မ်မုန်းတီးရေးမှာ ပါဝင်ပတ်သက်နေတာ တွေ့ ရ တော့ ဗမာဖြစ်တဲ့ ကိုယ့်ကိုယ်ကို ခါးသီးတယ်။
               အခု ရိုဟင်ဂျာ ဆန့် ကျင်ရေးက တကယ်တော့ ရိုဟင်ဂျာ ဆန့်ကျင်ရေးမဟုတ်ဘူး။    မွတ်စလင်မ်ဆန့် ကျင်ရေးဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ လူ ၁၀ ယောက်ကို   ကားပေါ်က ဆွဲချပြီး သတ်တယ်။ လူသတ်တာ အားပေးသမားတွေက လက်ခုပ်တီးခဲ့ကြတယ်။ ဖားကန့် နဲ့              ကမ္မံမှာ ရိုဟင်ဂျာမဟုတ်ပါဘဲ ဗလီတွေဖျက်တယ်။ အိမ်တွေဖျက်တယ်။ ပစ္စည်းလုတယ်။     မီဒီယာတွေ ဒီမိုတွေ နှုတ်ပိတ်နေပေးခဲ့တယ်။ သတင်းတွေ တင်ပြန်တော့ မွတ်စလင်မ်တွေကို      တဖက်သတ်နစ်နာအောင်ရေးကြတယ်။ သစ်ထူးလွင်ဆိုဒ်ဆိုရင် မွတ်စလင်မ်မကောင်းကြောင်း အားရပါးရလှော်တယ်။ မွတ်စလင်မ်ဖက်က သတင်းမှန်သမျှ ဘာမှမတင်ဘူး။ သိသာလွန်းလှတယ်။
နိုင်ငံတကာမှာရောက်နေတဲ့  မြန်မာတွေ၊ ပြည်တွင်းမှာနေကြတဲ့ မြန်မာတွေ ရိုဟင်ဂျာ ဆန့် ကျင်ရေးမက    မွတ်စလင်မ်တွေအပြင် ဘာသာရေးကျမ်းစာ၊ ဘုရားသခင်နဲ့ ၊ တမန်တော်တွေကို ရိတယ်၊ ဆဲတယ်။   ရိုဟင်ဂျာတိုင်းရင်းသား မဟုတ်စေချင်တာနဲ့  ဘာသာတခုလုံး မွတ်စလင်မ်အားလုံးကို ၀င်ဆဲတော့တယ်။
သေချာပါတယ်။ ခင်ဗျားတို့ တွေက တကယ်တန်းတော့ မွတ်စလင်မ်ဆန့် ကျင်ရေးလုပ်နေတာ။
              ခင်ဗျားတို့  ပြောကြတယ်။ ဒို့ မြေမှာနေ ဒို့ ရေကိုသောက်ပြီး ဒို့ လူမျိုးကိုစော်ကားတယ်တဲ့။ မေးချင်တယ်ဒါဆိုရင်
                  (၁) ဘယ်မွတ်စလင်မ် ဘယ်နှစ်ယောက်က ဘယ်သူ့ ကိုစော်ကားနေတာလဲ။ မသီတာထွေးကိစ္စမှာ မွတ်စလင်မ်တွေလုပ်တယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ဘယ်လိုသက်သေပြမလဲ။   ရိုဟင်ဂျာ မုန်းတဲ့ ရခိုင် ဒါမှမဟုတ် အကျပ်အတည်းရောက်နေတဲ့ အစိုးရက လုပ်ပြီး မွတ်စလင်မ် ၃   ယောက်ကို ဆွဲထည့်လိုက် တာမဟုတ်ဘူးလို့  ဘယ်သူ အာမခံမလဲ။ ဒီ ၃ ယောက်လုပ်တယ်ပဲထား ဒီရာဇ  ၀တ်ကောင် ၃ ကောင်ရဲ့ အပြစ်ဟာ မွတ်စလင်မ်အားလုံးနဲ့  ဆိုင်တယ်ဆိုရင် ရှမ်းပြည်မှာ၊ ကရင်ပြည်မှာ၊   ကချင်ပြည်မှာ၊ ချင်းပြည်မှာ နေ့ တိုင်းနေ့ တိုင်းဖြစ်နေတဲ့ စစ်တပ် မုဒိန်းကျင့်မှုအတွက် ဗမာတွေ ဗုဒ္ဓဘာသာတွေ အားလုံး အပြစ်မရှိဘူးလား။
               (၂) မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မွတ်စလင်မ်တွေအတွက် မြန်မာပြည်က ဒို့ မြေ ဒို့ ရေမဟုတ်ဘူးလား။
                 (၃) ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရအောင် အစ္စလာမ်ဘာသာကိုးကွယ်တာနဲ့  လူမျိုးခြားဖြစ်သွားရောလား။ ကျနော် ဗမာပါ။ ဗမာလူမျိုးပါ။
               တိုင်းပြည်ကြီးကို ဒုက္ခမျိုးစုံပေးခဲ့တဲ့ စစ်တပ်နဲ့  အစိုးရ၊ ၀န်ကြီးတွေနဲ့  ကပ်ပြီး ပြည်သူတွေဆီက   သွေးချွေးတွေ ညစ်ထုတ်နေတဲ့ စီးပွားရေးသမားကြီး တွေထဲမှာ မွတ်စလင်မ်တွေ မပါဘူး။   သေနတ်ကိုင်ပြီး  အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ထဲမှာ မွတ်စလင်မ်တွေမပါဘူး။ အင်တာနက်မှာ ထက်ထက်     အောက်အောက်ဆဲနေတဲ့ လူရိုင်းတွေ၊ လူသတ်အားပေးတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။ ရခိုင်ပြသနာအတွက် ဓာတ်ဆီလောင်းပေးတဲ့ မီဒီယာတွေထဲမှာ မွတ်စလင်မ်တွေမပါဘူး။
                 ဒို့ မြေပေါ်နေ ဒို့ ရေကိုသောက် ဒို့ လူမျိုးကိုစော်ကားတယ်ဆိုရင် – ဗမာ့ယဉ်ကျေးမှုဆိုတဲ့ ဦးရွေရိုးအကကို ထွင်ခဲ့တဲ့ မွတ်စလင်မ်က ဗမာတွေကို စော် ကားသွားတာလား။ ဦးရာဇတ်ကြီးက    ဗမာပြည်ကို ဖျက်ဆီးသွားတာလား။ ဦးရာရှစ်က တိုင်းပြည်ကိုရောင်းစားသွားတာလား။ ကာတွန်းဆရာ    ကံချွန်က မြန်မာပြည်ကြီးကို မီးရှို့ သွားတာလား။ ကျားဘညိမ်းဆိုတဲ့ လက်ဝှေ့ သမားက မြန်မာပြည်ကို      သိက္ခာချသွားတာလား။ ထောင်ထဲမှာ အသေခံသွားရတဲ့ ကဗျာဆရာ မောင်သော်က က တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင် လမ်းထွင်သွားတာလား။
             မွတ်စလင်မ်တွေပါတဲ့ နေရာတခုတော့ရှိတယ်။ ကောင်းတာတွေအားလုံးအမေ့ခံလိုက်ရပြီး အင်တာနက်လူရိုင်း၊ အင်တာနက် လူသတ်ကောင်တွေရဲ့  တဖက်သက်ဆဲခံ၊ ဆက်ဆံခံရတဲ့ အုပ်စုထဲမှာ။
{ ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ကြောင်းပါ။}
http://news.mmsy.info/news/3705 မှကူးယူဖော်ပြသည်။
ရခိုင်မှာ ကပ်ပိုဆိုက်မည်ဟု ကုလသမဂ္ဂ သတိပေး
              ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး မငြိမ်သက်မှုများကြောင့် ပိုမိုဒုက္ခရောက်နေကြပြီ ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ပြောကြားသည်။
            “ကလေးတွေ၊ မိန်းမတွေ၊ လူအိုတွေနဲ့ လူအတော်များများ လမ်းမတွေပေါ် အိပ်နေကြရတယ်။ တာပေါ်လင်စတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အကြီးအကျယ် လိုနေတာ စစ်တွေမှာ ရှိတဲ့ နှစ်ဘက်စလုံးရဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့တဲ့ ကျနော်တို့ရုံး ဝန်ထမ်း တွေ က တွေ့ခဲ့ပါတယ်”ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယန် အက်ဝဒ်က ပြီးခဲ့သည့်အပတ် ဂျနီဗာမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
              အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့သွားရသူများ၊ ကြောက်လန့်ပြီး အိုးအိမ်စွန့်ပြေးရသူများ အပါအဝင် ဒုက္ခရောက်ရသူပေါင်း ၉ သောင်းရှိသည်ဟု UNHCR က ခန့်မှန်းတွက်ချက်ထားပြီး ယာယီစခန်းများနှင့် ဘုန်းကြီးကျောင်းများ အပါအ၀င် နေရာပေါင်း ၇၀ တွင် ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။
             အကြမ်းဖက်မှုနှင့် တင်းမာမှုများကို လျှော့ချထိန်းချုပ်ရေးအတွက် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အမြန်ဆုံး ကြိုးစားဆောင်ရွက်ပေး ရန်လည်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ဇွန်လ ၁၃ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။
            “လုံခြုံရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဘက်မလိုက်ဖို့၊ လူ့ အခွင့်အရေးဆိုင်ရာ အဆင့်အတန်းမီဖို့၊ တရားဥပဒေဘောင် ထဲက ကိုင်တွယ်ဖို့၊ နှစ်ဘက် အညီအမျှ ဖြစ်စေဖို့ ၊ မျက်နှာမရွေးဖို့ လိုပါတယ်”ဟု ကင်တာနာ က ဆိုသည်။
             နှစ်ဘက် အပြန်အလှန် အကြမ်းဖက်မှုများ ပျံ့ပွားလာပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၎င်းနောက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN) က ရခိုင်ပြည်နယ်အတွင်းရှိ ၎င်း၏ ၀န်ထမ်းများကို လုံခြုံရေး စိတ်ချရာသို့ ထွက်ခွာခိုင်းခဲ့သည်။
              ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကလ္လကတ္တား မြို့ရှိ မြန်မာ ကောင်စစ်ဝန် ရုံးရှေ့တွင် အိန္ဒိယ အစ္စလမ် ကျောင်းသားများ အဖွဲ့နှင့် မွတ် စလင် အခြေပြု နိုင်ငံရေးအဖွဲ့များက ရိုဟင်ဂျာများ အရေး ဆန္ဒပြ ကန့်ကွက်ခဲ့ရာ မွတ်စလင် ရိုဟင်ဂျာများသည် မြန်မာ နိုင်ငံ သားများဖြစ်ပြီး ယခု ဒုက္ခအကြီးအကျယ် ရောက်နေကြောင်း ပြောဆိုကြသည်။
              အကြမ်းဖက်မှုများမှ ဝေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံရန် ကြိုးစားသူများကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဝင်ခွင့် မပေးဘဲ နယ်စပ်ကို ပိတ်ထားသဖြင့် ဒုက္ခရောက်ရကြောင်း ၎င်းတို့က ဆိုသည်။
              ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ခိုလှုံလာသူများသည် မြန်မာနိုင်ငံသားများသာဖြစ်၍ နေရင်းရပ်ရွာများတွင် ငြိမ်းချမ်းစွာ ပြန်လည် နေ ထိုင်ရန်ကို အလိုရှိကြောင်း ပြောဆိုသည်။“သူတို့ဟာ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်မပြုတာမျိုး နိုင်ငံတကာ မိသားစု အနေနဲ့ မပြောဆိုသင့်ဘူး”ဟု ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာ ဝန်ကြီး ရှာဖစ် အာမဒ် က ပြောကြောင်း Gulf Time သတင်းစာက ဆိုသည်။
             ဒုက္ခသည်များ ဝင်ရောက်လာနိုင်ရေးအတွက် နယ်စပ် ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ် အား တောင်းဆိုနေခြင်းထက် မြန်မာ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းသွားရေးကို နိုင်ငံတကာက ပိုအာရုံပြုသင့်ကြောင်း ယခင်အပတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ က ပြောဆိုခဲ့သည်။
            UNHCR နှင့် အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်များ ဝင်ရောက်ခွင့်ပြုရေး နယ်စပ်ကိုဖွင့်ပေးရန် ဘဂ်လားဒေ့ရှ်အစိုးရအား မကြာ သေးခင်က တောင်းဆိုခဲ့သည်။
           ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၄ သိန်း လက်ခံ ထားရသည့် အတွက် ထပ်မံ လက်မခံ လိုတော့ကြောင်း ပြောဆိုသည်။
           မလေးရှားအခြေစိုက် အင်တာနက် သတင်းဌာန ဖြစ်သည့် မလေးရှားကီနီ သတင်းတပုဒ်၏ ဖော်ပြချက်အရလည်း မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။
           “ပါလက်စတိုင်းတွေ ဒုက္ခခံနေရသလို ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မြန်မာပြည်က ထွက်ပြေးနေရတယ်”ဟု အန်န၀ါ အီဗရာဟင်က ပြောဆိုသည်။
http://burma.irrawaddy.org/archives/13037 မှ ကူးယူဖော်ပြပါသည်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့အရေးနဲ့ ပတ်သက်လို့ လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် ပြသနာတွေကို ပထမ ဖြေရှင်းရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ရိုက်တာ)
ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂလန်နိုင်ငံရောက် ထောင်ချီတဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲအတွင်း ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ မေးဖြေခန်းမှာ ဖြေဆိုသွားတာ ဖြစ်ပါတယ်။
နှစ်ကာလကြာရှည် ဖြစ်တည်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်ရာမှာ တရားဥပဒေစိုးမိုးရေး အခြေခံနဲ့ ကြီးတဲ့အမှုသေးအောင် သေးတဲ့အမှု ပပျောက်အောင် အားလုံးပူးပေါင်း ဖြေရှင်းရမယ်လို့ ဖြေပါတယ်။
“ကျမတို့ဟာ လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် ပြဿနာကို ဖြေရှင်းရမယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေး၊ ဘာသာရေး ပြဿနာများကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒီဟာတွေက ရေရှည်မှာ နှစ်ပေါင်း တော်တော်များများ ဖြစ်လာတဲ့ပြဿနာတွေဖြစ်တယ်။ ဒီတော့ ချက်ချင်းလက်ငင်း ဒီလိုနည်းနဲ့ ဘာကိုဖြေရှင်းနိုင်မယ်ဆိုတာတော့ ကျမရှင်းပြခဲ့ပြီးပါပြီ။ အဲဒါကြောင့် ကျမပြောတာက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တယ်။ ဥပဒေစိုးမိုးရေး ဆိုတာ နှစ်ဘက်ရှိပါတယ်။ တခုက ဥပဒေဆိုတာ ဘာလဲ၊ ဘာပါလဲ၊ နောက်ပြီးတော့ ဒီဥပဒေတွေ တကယ်ပဲ ထိထိရောက်ရောက် လိုက်နာအောင်လို့ အထူးသဖြင့် ဒီဥပဒေတွေက ထိရောက်အောင်လို့ လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိရဲ့လားဆိုတာ အဲဒါကို အလေးထားပြီး ပြောတာပါ၊ ဒါက ချက်ချင်းလက်ငင်းလုပ်လို့ မပြီးသွားပါဘူး။
                  “ဥပမာဆိုရင် နိုင်ငံသားဥပဒေ၊ ကျမတို့ နိုင်ငံသားက နိုင်ငံသားဥပဒေဆိုတာ လိုတယ်။ နိုင်ငံသား ဥပဒေမှာ ဘာအချက်အလက်တွေ ပါသလဲ၊ ဒီအချက်အလက်တွေဟာ ကမ္ဘာ့စံမီရဲ့လား၊ နိုင်ငံတကာစံမီရဲ့လား၊ ဒါကို ကြည့်ရမယ်။ ကြည့်ပြီးတော့ ဒီလိုစံမီပြီဆိုရင် ဒီဥပဒေကို ထိရောက်အောင် လုပ်ကိုင်တဲ့ အနေအထား ကျမတို့မှာရှိပြီလား၊ ပြောရမယ်ဆိုရင် ဥပဒေစိုးမိုးရေး၊ ဒါဟာ ဖြစ်နိုင်တဲ့လုပ်ငန်းတွေ၊ နောက်တခုကလည်းပဲ ကျမတို့တွေရဲ့ အနောက်ပိုင်းမှာ နယ်စပ်မှာဆိုရင် ဖြတ်ကျော်တာက စည်းမဲ့ကမ်းမဲ့ဖြစ်နေတယ်။ အဲဒါကြောင့်လည်း ပြဿနာတွေဖြစ်လာတယ်။ တဖက်နိုင်ငံကလည်း ဒါက ဒို့နိုင်ငံသားတွေ မဟုတ်ဘူး၊ ဗမာပြည်ကလူတွေ၊ မြန်မာနိုင်ငံကလည်း ဒို့နိုင်ငံကလူတွေ မဟုတ်ဘူး၊ ဟိုဘက်က ကူးလာတာဆိုပြီးတော့ အဲဒီလို စွဲချက်တွေ ဖြစ်လာတာက စည်းမဲ့ကမ်းမဲ့ နယ်စပ်ကို ဖြတ်ကျော်မှုကြောင့် တနည်းအားဖြင့် ဒါလည်း ဥပဒေစိုးမိုးရေး မရှိတာပေါ့၊
                   “နောက်ပြီး နယ်စပ်မှာစောင့်တဲ့ အစိုးရဌာနတွေအနေနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ မကင်းတဲ့ဟာတွေနဲ့ ဆိုင်တယ်။ လက်တွေ့ကျကျ ပြင်နိုင်တာတွေကို လက်တွေ့ကျကျ အမြန်ဆုံးပြင်ရမယ်။ ဘာသာမတူတဲ့ လူမျိုးများအကြားမှာ အမြင်မတူလို့ ပဋိပက္ခ ဖြစ်ကြပြီဆိုရင် ဒီဟာတွေပြေလည်သွားအောင် အားလုံး ၀ိုင်းပြီးတော့ ဖြေရှင်းမှရမယ်။ အကြမ်းဖက်နည်းနဲ့ မဖြစ်နိုင်ဘူး၊ ကျမတို့လက်တွေ့ကျကျ ပြင်နိုင်ရမယ်။ ဘာသာခြား လူမျိုးခြားအကြား တချို့ကပြောမယ်။ ပြေလည်မှုဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကမဟုတ်ဘူး။ ကမ္ဘာကြီးမှာ ပြေလည်မှုရတဲ့နေရာတွေ ရှိပါတယ်။ ကျမတို့ကနေ တကမ္ဘာလုံးကနေပြီးတော့ သင်ခန်းစာယူရမယ်။ ပြေလည်မှုရအောင် ဘယ်လိုနည်းတွေနဲ့ လုပ်မလဲ၊ ကြိုးစားမလဲ၊ တခြားနိုင်ငံတွေမှာ အဆင်ပြေတဲ့ နည်းတွေက ကျမတို့နိုင်ငံမှာ အဆင်ပြေချင်မှ ပြေလိမ့်မယ်။ နေ့ချင်းညချင်း ဖြေရှင်းလို့ မရဘူး၊ လက်တွေ့ကျကျ ဖြေရှင်းပြီးတော့ အမြန်ဆုံး ကြီးတဲ့ကိစ္စ သေးသွားအောင်၊ သေးတဲ့ကိစ္စ ပပျောက်သွားအောင် စလုပ်ရမှာပဲ။”
              လူမျိုးမတူ၊ ဘာသာမတူကြပေမယ့်လည်း ကမ္ဘာ့လူသားတွေဟာ ကိုယ်နဲ့မတူတဲ့ တခြားလူမျိုး၊ တခြားဘာသာဝင်တွေကိုလည်း တန်ဖိုးထား လေးစားကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးနဲ့ စပ်ဆိုင်တဲ့ မေးမြန်းချက်တခုကို ဖြေဆိုသွားပါတယ်။
             “ကိုယ့်ရဲ့ဘာသာကို ကိုယ်လေးစားသလို ကိုယ့်ရဲ့လူမျိုးကို တန်ဖိုးထားသလို တခြားဘာသာဝင်တွေကိုလည်း လေးစားရမယ်။ နားလည်မှုရှိရမယ်။ ကိုယ်နဲ့မတူလို့ မကောင်းဘူးဆိုတဲ့ အမြင်က မမှန်ပါဘူး၊ ကျမတို့ သဘောထားကြီးရမယ်။ ဒီကမ္ဘာကြီးမှာ ဒီလောကကြီးမှာ နေတဲ့ ပုထုဇဉ် လူသားအားလုံးဟာ ဒုက္ခဆင်းရဲခြင်း ရင်ဆိုင်နေရပြီးတော့ ရုန်းကန်နေကြတယ်။ အဲဒီတော့ လူသားချင်း စာနာတဲ့စိတ်နဲ့ တဦးကိုတဦး အမြင်ကြည်လင်စေချင်တယ်။ ခွဲခြားဆက်ဆံမှုရဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ကြားမှာ ဘယ်လိုပြေလည်အောင် လုပ်နိုင်မလဲဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဆက်ဆံကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”
http://burmese.dvb.no/archives/27036 မှကူးယူဖော်ပြပါသည်။
မြန်မာနိုင်ငံသို့ မိတ်ဆွေတဦး၏ မေတ္တာရပ်ခံချက်
                   ပြီးခဲ့သည့် နှစ်ပါတ် ကာလအတွင်း ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများသည် လူအချို့အတွက် စိတ်ပျက် ရှုတ်ထွေးဖွယ် ဖြစ်စေပြီး လူအများစုအတွက် ကွဲပြားငြင်းခုံဖွယ် ဖြစ်စေသလို လူတဦးချင်းစီ အတွက်မူ သွေးပျက်ထိတ်လန့်မှုနှင့် ဒေါသဖြစ်စေခဲ့ရသည်။ အပေါ်ယံတွင် တည်ငြိမ်သကဲ့သို့ ထင်ရသော မျက်နှာပြင်အောက်တွင် နှစ်ပေါင်းများစွာ တိမ်မြုပ်ဆူပွက်နေခဲ့သည့် လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများက ပေါက်ကွဲပေါ်ထွက်လာပြီး အရုပ်ဆိုး အကျည်း တန်လှသည့် အပြန်အလှန် ဖျက်ဆီးမှု သံသရာတွင်းသို့ ကျခဲ့ရသည်။ လက်စားချေမှုများ ဖြစ်ပေါ်လာခဲ့ရသည်။ ဤအခြေအနေများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးခရီးစဉ်ကိုပင် လမ်းလွဲသွားစေရန် ခြိမ်းခြောက်နေ ပေတော့သည်။
                         အကြမ်းဖက်မှုများ၊ လူမျိုးရေးအရ စော်ကားမှုများ၊ တမင်တကာ လွဲမှားအဓိပ္ပါယ် ဖွင့်ဆိုမှုများ၊ လုပ်ကြံဖန်တီးထား သည့် ပုံများ၊ သတင်းအမှား ပေးမှုများ၊ ဘက်လိုက်သည့် သတင်းဖော်ပြမှုများက ရက်စက်ကြမ်းကြုတ်သည့် အလှည့်အပြောင်းကို ထပ်လောင်းဆင့်ပိုးလာခဲ့ပြီး သွေးစွန်းရသည့် ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်များ ပေါ်ပေါက်လာစေခဲ့သည်။
                       အချို့သောသူများက မိမိကို ဘက်လိုက်သည်ဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ဤသို့ စွပ်စွဲချက်အတွက်လည်း မိမိက ပြန်၍ လျှောက်လှဲလိုပါသည်။ သို့သော်လည်း မိမိ ဘက်လိုက်သည်ဆိုသည်မှာ လူအုပ်စုတခုကို သာစေ၊ တစုကို နာစေဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ လူမျိုးတစုကို သာစေ၊ တခုကို နာစေ၊ ဘာသာကိုးကွယ် ယုံကြည်မှုတခုကို သာစေ၊ တခုကို နာစေ ဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ နိုင်ငံရေးပါတီတခုကို သာစေ၊ တခုကို နာစေဟူ၍ ရည်ရွယ်ချက်လည်း မရှိခဲ့ပါ။ ၎င်းတို့အစား မိမိ ဘက်လိုက်သည် ဆိုသည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများ၏ တကမ္ဘာလုံးက လက်ခံကြသည့် တန်ဖိုးများဘက်က လိုက်ခြင်း ဖြစ်ပါသည်။
မိမိက အပြန်အလှန် လေးစားမှု၊ တန်းတူအခွင့်အရေး၊ ဘာသာ-လူမျိုးအုပ်စုများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတ ဖြစ်စေရေးဘက်က ဘက်လိုက်ခြင်းသာ ဖြစ်ပါသည်။ မိမိက မည်သည့်လူမျိုး၊ မည်သည့် ဘာသာကိုးကွယ်ယုံကြည် သည် ဖြစ်စေ၊ လူသားတဦးချင်းစီ၏ ဂုဏ်သိက္ခာအတွက် ဘက်လိုက်ခြင်း ဖြစ်ပါသည်။ မိမိက သည်းညည်းခံစိတ် မထားတတ်မှု၊ မုန်းတီးမှု၊ လူမျိုးစွဲဝါဒနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်၍ ဘက်လိုက်ခြင်း ဖြစ်ပါသည်။
                     ရခိုင်ပြည်နယ်ရှိ ဝမ်းနည်းဖွယ် အဖြစ်အပျက်များကြောင့် ရခိုင်နှင့် ရိုဟင်ဂျာ လူမှုအဖွဲ့အစည်းများမှ သာမန်ပြည်သူများ ထိခိုက်နစ်နာခဲ့ကြရပါသည်။ အိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး၊ ဗလီများလည်း ဖျက်ဆီးခံခဲ့ကြရသည်။ အမျိုးသမီးများ မုဒိန်းပြုကျင့်ခံခဲ့ကြရပြီး၊ လူသတ်မှုများလည်း ရှိခဲ့ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ဆောင်ရွက်ပြုမူခဲ့ကြပါ သနည်း။ ၎င်း အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ဝ,ဝဝဝ အထိ အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြရသည်ဟု ဆိုကြ
သော်လည်း အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်ခဲ့ပါ။ အကြောင်းမှာ ကုလသမဂ္ဂက ၎င်း၏ဝန်ထမ်းများကိုပြန်လည် ရုတ်သိမ်းခဲ့ပြီး သီးခြားလွတ်လပ်သည့် စောင့်ကြည့်သူများကိုလည်း ဤဒေသတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့သောကြောင့် ဖြစ်ပါသည်။မြန်မာအစိုးရအနေဖြင့် ပထမဦးဆုံး ဆောင်ရွက်သင့်သည့်ကိစ္စမှာ ယခုအခြေအနေကို အကဲဖြတ်နိုင်ရန် နိုင်ငံတကာလေ့လာ စောင့်ကြည့်သူများ ဝင်ခွင့်ပြုရေးပင် ဖြစ်သည်။
                      မိမိက ယခုစာကို ရေးခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ များ၏ မိတ်ဆွေတဦးအနေဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ မိမိက မြန်မာနိုင်ငံ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများအတွက် ပြီးခဲ့သည့် ၁၅ နှစ်တာကာလ တွင် လှုပ်ရှားလုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်းနှင့် နယ်စပ်ဒေသများသို့ အကြိမ် ၄ဝ ကျော် ခရီးလှည့်လည်ခဲ့ဖူးပါ သည်။ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ပူးတွဲဆောင်ရွက်ခဲ့
ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ကချင်၊ ချင်း၊ ရခိုင်၊ ရိုဟင်ဂျာ ပြည်သူများနှင့်လည်း ပူးတွဲလုပ်ကိုင်ခဲ့ဖူးပါသည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မောလ်ဒိုက်..စသည့် အစွန်းရောက် အစ္စလာမ်ဝါဒီများ ခေါင်းထောင်ထလာသည့် အခြားသောနိုင်ငံများတွင် ဘာသာရေးအရ သည်းညည်းမခံလိုစိတ် တိုးတက်ဖြစ်ပေါ်လာနေသည့် အခြေအနေကို အတွေ့အကြုံ များစွာ ရှိခဲ့သူတဦးအနေဖြင့် ယခုစာကို ရေးသားခြင်းလည်းဖြစ်ပါသည်။
                       ဤ နောက်ခံအကြောင်းအချက်များကြောင့် မြန်မာအစိုးရနှင့်ပြည်သူများကို အကြမ်းဖက်မှုများ ရပ်တန့်ရုံမျှသာမက ပြီးခဲ့သည့် ရက်သတ္တပါတ်များက ဘာသာရေးအရ သည်းညည်း
မခံနိုင်မှု၊ လူမျိုးရေး မုန်းတီးမှုများ ရှေ့တန်းရောက်လာသည့် ရပ်တည်ချက်များကို ပြောင်းလဲကြပါရန် မေတ္တာရပ်ခံ ပါသည်။ မြန်မာပြည်သူများ အနေဖြင့်လည်း မြန်မာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများရှိ ကောင်းမြတ်မှန်ကန်သည့် တန်ဖိုးများနှင့် နေထိုင်ကြပါရန်၊ မိမိတို့ တောင်းဆို တိုက်ပွဲ ဝင်လာခဲ့ကြသည့် လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး တန်ဖိုးများအတိုင်း ဆက်လက်ရပ်တည်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။ ဤသို့ မေတ္တာရပ်ခံရသည်မှာ အကြောင်းအချက်များစွာ ရှိပါသည်။
                       ပထမအချက်မှာ လူသားဆန်မှုနှင့် လူ့အခွင့်အရေး အခြေခံပေါ်မှ လူသားတို့၏ အသိဉာဏ်ရှိမှုကို မေတ္တာရပ်ခံတောင်းဆိုခြင်း ဖြစ်ပါသည်။ တကမ္ဘာလုံးလက်ခံသည့် လူ့အခွင့်အရေးကြေညာစာတမ်း ဆိုသည်မှာ အတိအကျ အားဖြင့် လူသားအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် စနေနေ့က နိုဘယ်ဆုချီးမြှင့်ပွဲ မိန့်ခွန်းတွင်ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သကဲ့သို့ လူ့အခွင့်အရေးများသည် “အားလုံးအနက် အထွန်းတောက်ဆုံးအရာ”
ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရက ပြည်သူများကို ကာလကြာရှည် ဖိနှိပ်ပြုမူခဲ့သလို မည်သူတဦးကိုမျှ နှိမ်ချ သိက္ခာ မကျစေသင့်၊ ကန့်သတ်ထားခြင်း၊ ဖိနှိပ် ချိုးနှိမ်ခြင်း မပြုသင့်ပါ။ ၎င်းကိစ္စတွင် ရိုဟင်ဂျာ ပြည်သူများလည်း အပါအဝင်ဖြစ်ပါသည်။
                      ဒုတိယအချက်မှာ ဘာသာရေးအခြေခံဖြင့် မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ မိမိ၏ အခြေခံ နားလည် သဘောပေါက်မှုအရ ‘မေတ္တာ’ကို ရှေ့ထားကြပါသည်။ ၎င်းသည် မိမိ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန် ဘာသာ၏ အခြေခံမူလည်း ဖြစ်ပါသည်။ “သင်၏ အိမ်နီးချင်းကို သင့်ကိုယ်တိုင်ကဲ့သို့ ချစ်လော့” ဟု သွန်သင်ထားပါ သည်။ ခရစ်ယာန် အယူတွင်၊ “မိမိ၏ ရန်သူကိုပင် ချစ်ရန်” သင်ကြားထားပါသည်။ အိမ်နီးချင်းဖြစ်စေ၊ ‘ရန်သူ’ဖြစ်စေ၊ ရခိုင်ဖြစ်စေ၊ ရိုဟင်ဂျာ ဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်၊ မူစလင်၊ နတ်ကိုးကွယ်သူ ဖြစ်စေ၊ မေတ္တာကို ရှေ့တန်း မထားသင့်ပါသလော။ အားလုံးကို မချစ်သင့်ပါသလော.. ဟု စောကြော မေးမြန်းလိုပါသည်။
                     အရိုးရှင်းဆုံးသော လူသားဝါဒ၊ အခြေခံလူ့အခွင့်အရေး၊ ဘာသာရေး အနှစ်သာရများကြောင့် မေတ္တာထားရန်၊ သည်းခံ စိတ်ထားရန်၊ လေးစားကြပါရန်၊ ငြိမ်းချမ်းရန်နှင့် တန်းတူအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပေးရန် တိုက်တွန်းမှု မပြုနိုင်စေသည့်တိုင်၊ နောက်ဆုံး မိမိတို့၏ အကျိုးစီးပွား အခြေခံအပေါ် စဉ်းစားဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။
                      မိမိဖော်ပြ ပြောဆိုခဲ့သမျှအပေါ် လူအချို့က စိတ်မကွက်စေသည့်တိုင်အောင် မိမိ ဆက်လက် ဖော်ပြလိုသည့် အချက် များအပေါ် လူအချို့က စိတ်ကွက်ဒေါသ ဖြစ်နိုင်ပါသေးသည်။ မည်သို့ဖြစ်စေ ဆိုရေးရှိက ဆိုရပါလိမ့်မည်။ မိမိ ကြုံတွေ့ ခဲ့ရသမျှတွင် ရိုဟင်ဂျာများသည် အစွန့်ပယ်၊ အခွဲခြား အခံရဆုံး၊ အဖိနှိပ်အခံရဆုံးသူများ ဖြစ်ကြပါသည်။ မိမိအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည်များထံ သွားရောက်ခဲ့ဖူးပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက် အားငယ်မှုများကို မြင်တွေ့ခဲ့ရပါသည်။ ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းဒေသပြင်ပတွင် တွေ့မြင်ခဲ့ရဖူးပါသည်။ ထိုသူတို့ ၏ နှလုံးအိမ်ထဲတွင် စိတ်ဓာတ်ကျဆင်းနေမှုကို မြင်ခဲ့ကြရပါသည်။ မိမိသိရှိသမျှ ရိုဟင်ဂျာများမှာ ဧည့်ဝတ်အကျေ ပြွန်ဆုံး၊ ကြင်နာသည့်၊ ယဉ်ကျေးသိမ်မွေ့သည့်၊ ရည်မွန်သည့်၊ သည်းညည်းခံတတ်သည့်၊ ငြိမ်းချမ်းရေးမြတ်နိုးသည့် လူသားများ ဖြစ်ကြပါသည်။ အခြားသူများက သူတို့၏ လူသားဂုဏ်သိက္ခာကို ငြင်းပယ်ကြသည့်တိုင် လူသားဆန်သည့် ရည်မွန်မှုကို ဆုပ်ကိုင်နိုင်ကြသူများ ဖြစ်ပါသည်။
                    သို့သော်လည်း သူတို့ကို စစ်အစိုးရက သာမက လူမှုအသိုက်အဝန်းကပါ ဆက်လက်ခွဲခြား ငြင်းပယ် ဖိနှိပ်နေပါက ဆက်လက်ဖြစ်ပေါ်လာမည့် အန္တရာယ်ကိုလည်း မိမိသိမြင်နေပါသည်။ ၎င်းမှာ သဘောထား အစွန်းရောက်လာမည့် အန္တရာယ် (radicalization) ပင် ဖြစ်ပါသည်။
                       ရိုဟင်ဂျာများကို ‘အကြမ်းဖက်သမားများ’ ဟု မည့်သည့်အခြေခံအကြောင်းမျှ ခိုင်ခိုင်လုံလုံ မရှိပါဘဲ လူမျိုးရေး မုန်းတီးမှုဖြင့် စတင်စွပ်စွဲမှုများ ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း ဤ စွပ်စွဲပြောဆိုချက်များမှာ မိမိဘာသာ စိတ်ကျေနပ်အောင် လုပ်ကြံ ပြောဆိုကြခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ရိုဟင်ဂျာများကို အစိုးရက ဖိနှိပ် နှိပ်ကွပ်နေခဲ့လျှင်၊ ဒီမိုကရေစီလှုပ်ရှားမှုက ဖယ်ကြဉ်ထားခဲ့လျှင်၊ လူမှုအသိုက်အဝန်းက ခွဲခြားဖိနှိပ်ဆက်ဆံပြီး တိုက်ခိုက်နေ လျှင်၊ နိုင်ငံတကာမိသားစုက သူတို့အရေးကို လျစ်လျူရှုထားခဲ့လျှင်၊ အစွန်းရောက် အစ္စလာမ်ဝါဒီများက ရိုဟင်ဂျာ လူထုများအကြား ရှိနေသည့် စိတ်ပျက်အားငယ်မှုကို အသုံးချ စည်းရုံးလာခဲ့လျှင်၊ ရိုဟင်ဂျာများအနေဖြင့် သူတို့ အတွက် နောက်ဆုံးထွက်ပေါက်လမ်း မရှိတော့ဟု မြင်လာလျှင်၊ ရိုဟင်ဂျာအများစုက သဘောထားပြင်းထန် အစွန်းရောက်သူများ ဖြစ်လာကြဖွယ် ရှိပါသည်။ ပါကစ္စတန်၊ အင်ဒိုနီးရှားတို့တွင် အစွန်းရောက် အစ္စလာမ်ဝါဒီများ လှုပ်ရှားလာခဲ့သည်ကို မြင်တွေ့ခဲ့ကြရသည့်နည်းတူ မော်လ်ဒိုက် နှင့် လန်ဒန်မြို့၏ လမ်းမများ၊ ဆက်ဖော်ပြ၍ မဆုံးနိုင်သည့် အချို့သော နေရာများတွင်လည်း အစွန်းရောက်အစ္စလာမ်ဝါဒီများ စည်းရုံးလှုပ်ရှားလာသည်ကို တွေ့ခဲ့ကြရသည်။ မြန်မာနိုင်ငံတွင် ရှိနေသည့် ပြဿနာများအပေါ် နောက်ထပ်ရန်စွယ်တခု တိုးလာမည်ကို မိမိ စိုးရိမ်မိပါ သည်။ မိမိဆိုလိုသည်မှာ ဗုံးခွဲခြင်း၊ လေယာဉ်ပြန်ပေးဆွဲခြင်း ကိစ္စများ မဟုတ်ပါ။ မိမိဆိုလိုသည်မှာ နိုင်ငံရေးသွေးထိုးမှုပါသည့် အစ္စလာမ်အယူဝါဒ ရှေ့တန်း ရောက်လာမည့်အရေး ဖြစ်ပြီး လူအများစု ကိုးကွယ်ယုံကြည်ကြသည့် အစ္စလာမ် ဘာသာရေး အယူအဆနှင့် ခြားနားပါသည်။ ကျန် ကိုးကွယ်ယုံကြည်သူ အများစုက ငြိမ်းချမ်းသည့် ဘာသာတရားကိုသာ လက်ကိုင်ထား ယုံကြည်ကြပါသည်။
ခွဲခြားဖယ်ကြဉ်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ နိုင်ငံမရှိသူများ ဖြစ်နေခြင်း စသည့် အချက်များမှနေ၍ သဘောထား အစွန်းရောက်စေရန် ရေခံမြေခံ ဖြစ်ပေါ်လာစေနိုင်ပါသည်။ အော်စလိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သကဲ့သို့ “စစ်ပွဲများသည် ငြိမ်းချမ်းရေးကို သေကြေစေနိုင်သည့် နယ်ပယ်တခုမျှသာ မဟုတ်ပါ။ အကယ်၍ နစ်နာခံစားနေရမှု များကို ငြင်းပယ် ပါက၊ ပဋိပက္ခများ ပေါက်ဖွားလာစေမည့် မျိုးစေ့များ ဖြစ်လာစေနိုင်ပါသည်။ နစ်နာခံစားရမှုများကြောင့် သိမ်ငယ်ပြီး၊ နာကျည်းမှုများ၊ ဒေါသများ ဖြစ်ပေါ်လာစေနိုင်ပါသည်။”
                   မိမိကို အထင်အမြင် မလွဲစေလိုပါ။ မိမိပြောဆိုသည့်အချက်အပေါ် အခြေခံ၍                 ရိုဟင်ဂျာများကို တိုက်ခိုက်ရန် အကြောင်းပြချက် မဖြစ်စေလိုပါ။ အမှန်တွက် ၎င်း၏ ဆန့်ကျင်ဖက်ကို ရည်ရွယ်ပြောဆိုရင်း ဖြစ်ပါသည်။ အစ္စလာမ်ဝါဒီ များကို စိန်ခေါ်သွေးဆွမှုကို ရှောင်လွှဲနိုင်ရန်အတွက်၊ ရခိုင်များ၊ ဗမာများ၊ မြန်မာပြည်သူများအားလုံးက သဘောထားပျော့ပြောင်းသည့်၊ အခြားသူများနှင့် တန်းတူအခွင့်အရေး ရရှိရေးသာ အလိုရှိကြသည့်၊ လူ့ဂုဏ်သိက္ခာနှင့် ထိုက်တန် သည့် လေးစားမှု ရလိုကြသည့်၊ ငြိမ်းချမ်းစွာ နေလိုကြသည့် ရိုဟင်ဂျာများနှင့် ပူးပေါင်းအလုပ်လုပ်သင့်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရိုဟင်ဂျာတဦးက သူ၏မြော်မြင်ချက်ကို မိမိထံ လှပစွာ ပုံဖော်ပြောပြခဲ့ဖူးပါသည်။ သူက မြန်မာနိုင်ငံကို ပန်းပေါင်းစုံ ပွင့်သည့် ဥယျာဉ်ကြီးဖြင့် တင်စားပြီး၊ ရိုဟင်ဂျာများမှာ ၎င်းတို့အနက်မှ ပန်းတမျိုး ဟု ဖော်ပြခဲ့ဖူးပါသည်။
                       ရိုဟင်ဂျာများနှင့် ပတ်သက်၍ ယုံမှတ်မှားချက် နှစ်ခု ရှိနေပြီး ၎င်းတို့ကိုလည်း ချေဖျက်ရန် လိုအပ်ပါသည်။ ပထမ အချက်မှာ ၎င်းတို့၏ လူမျိုးဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုကို မြေကြီး သို့မဟုတ် ပြည်နယ်နှင့် ပူးတွဲထားသည်ဟူသည့် အမြင်ဖြစ်ပါသည်။ ရိုဟင်ဂျာများက အနည်းဆုံး မိမိသိရှိရသမျှ သူတို့ကိုယ်ပိုင်နယ်မြေ တောင်းဆိုနေခြင်း မဟုတ်ပါ။ သူတို့က မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုမှု လိုချင်နေခြင်းမျှသာ ဖြစ်ပါသည်။ အကယ်၍ သူတို့ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုနေသည့်တိုင် သူတို့ကို ဂုဏ်သိက္ခာ၊ တန်းတူအခွင့်အရေးနှင့် ဆက်ဆံနေသမျှ ကာလ ပတ်လုံး ဤသို့ ပေးအပ်ရန်လည်း အကြောင်းအချက် မရှိပါ။
                     ဒုတိယအချက်မှာ ၎င်းတို့ကို ခိုးဝင်ကျူးကျော်လာသည့် ဘင်္ဂါလီရွှေ့ပြောင်း အခြေချလာသူများဟု မြင်နေခြင်းဖြစ်ပါသည်။ ယခုစွပ်စွဲချက်အတွက် မိမိတွင် တုံ့ပြန်ရန်အချက်များစွာ ရှိပါသည်။
                    ပထမအချက်မှာ သမိုင်းမှတ်တမ်းများအရ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မျိုးဆက်ပေါင်းများ စွာကတည်းက အခြေချ နေထိုင်လာခဲ့ကြသည်မှာ ထင်ရှားပါသည်။ ပညာရှင်များက တိကျသည့်အထောက်အထား များဖြင့် ငြင်းခုံနိုင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုသူများ ဤနေရာတွင် မျိုးဆက်ပေါင်းများစွာ ရှိနေကြသည်မှာ ငြင်းဆိုမရသည့် အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ ရှမ်းလူမျိုး တဦးဖြစ်သူ စဝ်ရွှေသိုက်က “ရခိုင် မူဆလင်များသည်မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်မှာသေချာသည်။ အကယ်၍ သူတို့ကိုသာ ဌာနေတိုင်းရင်းသားထဲသို့ မထည့်ပါက မိမိတို့ကိုယ်တိုင်လည်း ဌာနေတိုင်းရင်းသားအဖြစ် မခံယူသင့်” ဟု ပြောဆိုခဲ့ ဖူးပါသည်။ မြန်မာနိုင်ငံ၏ပထမ ဝန်ကြီးချုပ် ဦးနုကလည်း ယခု အငြင်းပွားနေကြသည့် ရိုဟင်ဂျာအမည်ကို သုံးစွဲခဲ့ဖူး ပါသည်။ ရိုဟင်ဂျာဘာသာဖြင့် အသံလွှင့်ရန် မြန်မာ့အသံကိုပင် အသုံးပြုခွင့်ပေးခဲ့ပါသည်။ ရိုဟင်ဂျာအမတ်များလည်း လွှတ်တော်တွင်း နေရာယူခဲ့ကြဖူးပါသည်။ ဦးနေဝင်း အာဏာရရှိသည့်အချိန်မှသာ သူ၏လူမျိုးရေး အစွဲ၊ မူဆလင် ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် ယခုကိစ္စများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်း၍ ဆယ်စုနှစ်များစွာ ဖိနှိပ်ညှဉ်းပမ်းမှုများ ဒုက္ခတွင်းသို့ ပစ်ချထားခဲ့ပါသည်။
                    အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက သူတို့အများစုက အဘယ်ကြောင့်မြန်မာစကား လည်ပတ်စွာ ပြောဆိုနိုင်ကြပါသနည်း။ မြန်မာအမည်များ မှည့်ခေါ်ကြပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက ၎င်းဒုက္ခသည်များကို လက်ခံရန် ဘင်္ဂလားဒေ့ရှ်က အဘယ်ကြောင့် လက်ခံရန် ငြင်းပယ်ရပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက အဘယ်ကြောင့် ယခုလို ဖိနှိပ်မှုများ ခံစားနေကြရသည့် ကြားထဲတွင် မြန်မာနိုင်ငံ၌ အခြေချနေထိုင်လိုပြီး သူတို့အိုးအိမ် သဖွယ် သဘောထားကြပါသနည်း။ ယေဘုယျအားဖြင့် တရားမဝင် ခိုးဝင်လာကြသူများသည် ဆင်းရဲမှုနှင့် ဖိနှိပ်သည့်နေရာများမှ ထွက်ပြေးလာကြသူများသာ ဖြစ်ပါသည်။ ပို၍ကြွယ်ဝသည့် လွတ်လပ်သည့် နေရာကိုသာ ရှာဖွေကြသူများ သာ ဖြစ်ပါသည်။ အဘယ်ကြောင့် သူတို့က ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာ၍ မြန်မာနိုင်ငံသို့ ထွက်ပြေးကြပါသနည်း။
                     အချို့မြန်မာများက နယ်စပ်မျဉ်းက ဟင်းလင်းပွင့်နေသောကြောင့်ဟု မိမိကို ပြောကြပါသည်။ ရိုဟင်ဂျာဟု ဆိုနေကြသူ များမှာ တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီများဟု ဆိုကြပါသည်။ သို့ဆိုလျှင်လည်း မြန်မာနိုင်ငံတွင် စနစ်တကျ လူသတ်မှတ် ခွဲခြားသည့် စနစ်လို အပ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံတွင် မွေးဖွားသူများမှန်ပါက သူတို့ကို နိုင်ငံသား အဖြစ် လက်ခံသင့်ပါသည်။ အကယ်၍ ခိုးဝင်လာသူများဟု ခိုင်လုံစွာ တွေ့ရှိပါက၊ လျော်ကန်စွာ ဆက်လက်
ဆောင်ရွက်သင့်ပါသည်။ ထိုသူများကို နိုင်ငံသားအဖြစ်ပေးသည် ဖြစ်စေ၊ သို့မဟုတ် အခြား နိုင်ငံများတွင် ခိုးဝင်လာ သူများကို ကိုင်တွယ်ကြသည့်နည်းတူ သူတို့မူရင်းလာရာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်သင့်ပါသည်။ မည်သည့် အခြေအနေမျိုးတွင်မဆို သူတို့ကို လူမဆန်သည့် ခွဲခြားဖိနှိပ်မှုမျိုး မပြုသင့်ပါ။ တရားမဝင် ခိုးဝင်လာကြသူများ သည်ပင်လျှင် လူ့အခွင့်အရေး ရှိပါသည်။
                       ဤအကြောင်းကို မာတင်လူသာကင်း က ကောင်းစွာဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သူက “မည်သည့်နေရာတွင် ရှိနေသည့် မတရားမမျှတမှု မဆို၊ နေရာတိုင်းတွင် ရှိနေသည့် တရားမျှတမှုကို ခြိမ်းခြောက်နေသည်” ဟု ဆိုခဲ့သည်။ ရိုဟင်ဂျာ များမှာ နိုင်ငံမဲ့များ၊ ပညာရေးရရှိခွင့်ကို ငြင်းပယ်ခံနေရသူများ၊ ခရီးသွားလာရန်၊ လက်ထပ်ထိမ်းမြားရန်၊ ဝတ်ပြုကိုးကွယ်ရန် ကန့်သတ် ပိတ်ပင်ခံနေရသူများ၊ ပြင်းထန်ဆိုးရွားသည့် မတရားမမျှတမှုများ နှစ်ပေါင်းများစွာ ခံစားလာကြရသူများ ဖြစ်ပါသည်။ ရခိုင်ပြည်သူများမှာလည်း မြန်မာနိုင်ငံသား အခြားသူများကဲ့သို့ပင်၊ မတရား မမျှတမှုကို ခံစားလာကြရသူများ ဖြစ်ပါသည်။ ၎င်းလူ့အဖွဲ့အစည်းနှစ်ရပ်က အကြမ်းဖက်မှုနှင့် ဖျက်ဆီးမှု သံသရာကို ဆက်လက်ကျူးလွန်နေကြလျှင်မူ အချင်းချင်း အပြန်အလှန် ဖျက်ဆီးနေကြသကဲ့သို့ ရှိလိမ့်မည် ဖြစ်ပြီး ယခု ပဋိပက္ခ အကျပ်အတည်းသာ ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလည်း လမ်းလွဲသွားစေနိုင်ပါသည်။
                       သို့အတွက်ကြောင့် မြန်မာနှင့် နိုင်ငံတကာ ပြည်သူများအတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာ၊ ငြိမ်းချမ်းရေးတို့အပေါ် အလေးထား လေးစားကြရတော့မည့် အချိန်ဖြစ်ပြီး အကြမ်းဖက်မှုများ ရပ်စဲစေရန် ရပ်တည်ပေးကြရတော့မည် ဖြစ်ပါသည်။
ရှည်ကြာခက်ခဲမည့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ရင်ကြားစေ့ရေးခရီးကို လျှောက်လှမ်း ကြရတော့မည့် အချိန်လည်း ဖြစ်ပါသည်။
                           ယနေ့ကာလတွင် အကြမ်းဖက်မှုတွင် သားကောင် ဖြစ်ကြရသူများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပါသည်။ အိုးအိမ်ဆုံးရှုံးခဲ့ကြရသူ ထိုသူများမှာ စားရေရိက္ခာ မရှိဘဲ ဖြစ်နေကြရပါသည်။
                     မနက်ဖြန်တွင်မူ လူမျိုးကွဲ၊ ဘာသာကွဲများအကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများနှင့် ပြန်လည်ရင်ကြားစေ့ရေး ပံ့ပိုးပေးမှု များ လုပ်ဆောင်ရန် လိုအပ်ပါသည်။ မိမိတို့စတင်ရမည့် လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု လက်ခံရယူ စဉ် ပြောကြားသွားသည့် မိန့်ခွန်းကို အခြေပြုရမည် ဖြစ်ပါသည်။
                     “မိမိတို့၏ အန္တိမ ရည်မှန်းချက်မှာ အိုးအိမ်ပြောင်းရွှေ့ထွက်ပြေးရသူများ၊ အိုးအိမ်မဲ့နှင့် မျှော်လင့်ချက်မဲ့သူများ မရှိသည့် ကမ္ဘာကြီးတခု၊ မည်သည့်အရပ်တွင်ပင် ဖြစ်စေ မှီခိုနေထိုင်သူများကြသူများကို ကာကွယ်လုံခြုံစေမည့်၊ လွတ်လပ်စွာနေထိုင်နိုင်မည့်၊ အရည်အသွေးကို ပြနိုင်မည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတခု ဖန်တီးကြရန်ပင် ဖြစ်ပါသည်။ တွေးခေါ်မှု တခုချင်းစီ၊ စကားလုံး တခုချင်းစီ၊ လှုပ်ရှားမှု တခုချင်းစီတိုင်းသည် အပြုသဘောဆောင် ပေါင်းစည်းစေရမည် ဖြစ်ပြီး အလုံးစုံ ပေါင်းစည်းပါက ငြိမ်းချမ်းရေးကို ဦးတည် အထောက်အကူ ပြုစေကြရမည် ဖြစ်ပါသည်။ မိမိတို့ တဦးချင်းက ယခုကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရန် တတ်စွမ်းကြပါသည်။ မိမိတို့လက်များ တွဲဆက်၍ မိမိတို့ အိပ်နေစဉ် လုံခြုံ၍နိုးထသည့်အချိန်တွင် ပျော်ရွှင်ချမ်းမြေ့စွာ နိုးထရသော ငြိမ်းချမ်းသည့် ကမ္ဘာကြီးကို ဖန်တီးကြပါစို့” ဟု ပြောဆိုခဲ့ပါ သည်။
                     မြန်မာများ၊ ရခိုင်များ၊ ရိုဟင်ဂျာများ၊ အစိုးရအရာရှိများနှင့် နိုင်ငံရေး အကျဉ်းသားများ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်မြန်မာပြည်၏ မိတ်ဆွေ နိုင်ငံခြားသားများလည်း ဤနည်းအတိုင်းသာ ရှေ့ဆက်ကြစေလိုပါတော့သည်။
Benedict-Rogers ရေးသားသည့် A friend’s appeal to Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဘန်နဲဒစ် ရော်ဂျာစ် (Benedict Rogers) ၏ စာအုပ်အသစ် [လမ်းဆုံ လမ်းခွမှ မြန်မာပြည်] “Burma: A Nation at the Crossroads” ယခုလတွင်ပင် Rider ကုမ္ပဏီမှ ထုတ်ဝေ ဖြန့်ချိခဲ့သည်။
မဇ္ဈိမသတင်းဌာန မှ ကူးယူဖော်ပြပါသည်။
Sunday, June 24, 2012
ရိုဟင်ဂျာပြဿနာအားတတိယမျက်လုံးဖြင့် ကြည့်ခြင်း
Source:Myanmar Muslim Net ( Face Book)
ကျွန်တော်သည် အစ္စလာမ်ဘာသာဝင် တစ်ယောက်မဟုတ်သလို ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း
မဟုတ်ပါ။ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများအား လူသား တစ်ယောက်အမြင်ဖြင့် တင်ပြလိုပါသည်။
ကျွန်တော်သည် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ဘူးပါသည်။ သို့ဖြင့်ပါ၍ အဆိုပါ ဒေသ၏အခြေအနေများကို လက်လှမ်းမှီသမျှတော့ သိရှိထားပါသည်။ ရိုဟင်ဂျာလူမျိုးရှိခြင်း၊မရှိခြင်း တိုင်းရင်းသားဟုတ်ခြင်း၊ မဟုတ်ခြင်းကိုမဆွေးနွေးလိုပါ။ မိမိကိုယ်ကို မိမိရိုဟင်ဂျာဟုခေါ်နေသော လူမျိုး များရှိနေသည်မှာတော့အမှန်ဖြစ်သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီစကား နှင့်ဆင်တူသော်လည်း အလုံးစုံမတူပါ။ ရခိုင်စကားနှင့် ဗမာစကား ကြွဲပား သလောက်တော့ကွာပါသည်။ ရခိုင်နှင့်ဗမာကို လူမျိုးနှစ်မျိုး သတ်မှတ်လျှင် ဘင်္ဂါလီနင့် ရိုဟင်ဂျာကိုလည်း လူမျိုးနှစ်မျိုးသတ်မှတ်နိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ထိုကဲ့သို့ပင် သတ်မှတ်ထားပါသည်။
ရိုဟင်ဂျာများသည် ၁၈၂၄ခုနစ် အင်္ဂလိပ်ြမန်မာပထမစစ်ပွဲ အပြီးတွင် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက် လာပါသည် ဟြုမန်မာအစိုးရက ဆိုပါသည်။ ရိုဟင်ဂျာများကတော့ ရခိုင်ဘုရင်များ လက်ထက်ကပင်မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေကြပါသည်ဟုဆိုကြသည်။ သေချာသည့် တစ်ချက် ကတော့ ရိုဟင်ဂျာများ မြန်မာနိုင်ငံအတွင်းသို့ ရောက်လာသည်မှာ နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ် ကျော်ခြဲ့ပီး ဖြစ်ပါသည်။
ရောက်ရှိနေပြီးသား ရိုဟင်ဂျာများကို အမှီအခြိုပုပြီး ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများ မကြာခဏခိုးဝင် လာနေကြသည့် အတွက် မြန်မာနိုင်ငံအစိုးရ အဆက်ဆက် စစ်ဆင်ရေးအမျိုးမျိုးဖြင့် သန့်စင် ရှင်းလင်းရေး လုပ်ခဲ့ပါသည်ဟု မြန်မာအစိုးရက ဆိုပါသည်။ ဤသည်ကိုထောက်ရြှုခင်း အားဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အခြေချနေ ထိုင်ခဲ့သူများ ကိုတော့မြန်မာအစိုးရက နိုင်ငံသား အဖြစ်တော့ တစ်နည်းတစ်ဖုံ အသိအမှတ်ြပုထားရပါသည်။
၁၉၈၈ မတိုင်မီ ရခိုင်ြပည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အခြေအနေကိုတော့ ကျွန်တော် မသိပါ။ စစ်အစိုးရတက်လာပြီး နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကျွန်တော် ရောက်ရှိသွား ချိန်မှာတော့ ရိုဟင်ဂျာများ၏ လူမှုဘဝအခြေအနေမှာ ဆိုးရွားခက်ခဲလှပါသည်။ တစ်ရွာမှ တစ်ရွာသို့ပင် လွတ်လပ်စွာသွားလာခွင့်မရှိခြင်း၊လက်ထပ်ခွင့်ရရန်အတွက် လျှောက်လွှာ တင်ရခြင်း၊ပညာအရည်အချင်း မှီသော်လည်း အသက်မွေးဝမ်းကျောင်းတက္ကသိုလ် များတက်ခွင့် မရခြင်း၊နိုင်ငံသားအဖြစ် အသိအမှတ် မပြုခြင်း စသည်ဖြင့် ကန့်သတ်အုပ်ချုပ် ထားပါသည်။ပညာရေးမျှော်လင့်ချက် မရှိခြင်း၊ ဘာသာရေး အစွဲကြီးခြင်းတို့ကြောင့် ရိုဟင်ဂျာ အများစုမှာ ငှင်းတို့၏သားသမီးများကို မူလတန်း ပညာမျှသာသင်ကြား ပေးကြပါသည်။
လ.ဝ.က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြောသကဲ့သို့ပင်ဤနေရာဒေသရှိလူဦးရေနှင့်မြေယာ
အချိုးအစား မညီမျှမှုများဖြစ်ပွားလာနိုင်သဖြင့် အိမ်ထာင်ပြုခြင်းများကို ကန့်သတ်နေရသည်မှာ
တစ်နည်းတစ်ဖုံအားဖြင်တော့ မှန်ပါသည်။ ရိုဟင်ဂျာအများစုမှာ သန္ဓေတားလျှင် ဘာသာရေးအရ အပြစ်ရသည်ဟု ခံယူထားကြသူများ ဖြစ်သဖြင့်ရိုဟင်ဂျာများ၏လူဦးရေတိုးနူန်းမှာလည်း ရခိုင် တိုင်းရင်းသားများထက် များပြားနေခြင်းဖြစ်ပါသည်။
ယခုတလောအများစုပြောနေကြသည့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီများခိုးဝင်နေဆဲရြှိပီး လ.ဝ.က မှလည်း ငွေကြေးယူပြီးပေးဝင်နေသည်ဟူသော ပြောဆိုမူများမှာ သက်သေမဲ့စွပ်စွဲမူများ သာဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မှုလနေထိုင်သူ ရိုဟင်ဂျာများပင်ကမ္ဘာအနှံ့အပြားသို့ ဒုက္ခသည်များ အဖြစ် ထွက်ပြေးနေကြပြီး မြေယာအသစ်ဖော်ထုတ်ခွင့်များလည်း မရှိတော့သည့်ဒေသတွင် မည်သူကလာပြီး နိုင်ငံမဲ့မြေယာမဲ့များ အဖြစ်လာရောက်ကြမည်နည်း။ အလုပ်လက်မဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ဘင်္ဂလားဒေ့ရှ် ပတ်စပို့ ကိုင်ပြီး နိုင်ငံတကာသို့ အလုပ်သွားလုပ် မည့်အစားမြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်ပြီး အဖိနှိပ်ခံဘဝဖြင့် မည်သမျှလာမည်မဟုတ်ပါ။
ဘင်္ဂလားဒေ့ရှ့်အစိုးရမှလည်း နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်မည်သူများကိုစရိတ်များ ကြိုတင် စိုက်ထုတ် ပေးနေပါသည်။ သယံဇာတနှင့် မှုးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မြေဧရိယာ
ကျယ်ဝန်းသော တရုတ်ြပည်နယ်စပ်ဖက်တွင်ခိုးဝင်ပြီး နိုင်ငံသားကတ်များ ငွေပေး၍လုပ်နေကြ
သည်ဟုပြောလျှင် လက်ခံနိုင်သော်လည်း ရခိုင်ြပည်နယ်မြောက်ပိုင်းတွင် ထိုသို့ လုပ်ဆောင်နေ သည်ဟု ပြောကြသည်မှာယုတ္တိမတန်လှပါ။ မှုးယစ်ရာဇာအများစုမှာ တရုတ်နွယ်ဖွားများ ဖြစ်ကြသည်ကို အားလုံး အသိပင်ဖြစ်ပါသည်။
လက်ရှိတွင်ပင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် လေးသိန်းကျော် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆိုပါသည်။ ထိုသူများသည် ဘင်္ဂါလီများဖြစ်ကြလျှင် ဒုက္ခသည်များအဖြစ် ရပ်တည်နေကြရ မည်မဟုတ်ပေ။ လက်တလောဖြစ်ရပ်တွင် ထွက်ပြေးလာသူများအား ဘင်္ဂလားဒေ့ရှ် မှလည်း လက်မခံတော့ပါ။
ရိုဟင်ဂျာများ နောက်ထပ်ခိုးဝင်မှုများ မရှိအောင် တားဆီးလိုက်နိုင်ြပီဟုဆြိုကပါစို့ ။ ယခုရှိ နေသူများ ကို ဘာလုပ်ြကမည်နည်း။ ဘင်္ဂလားဒေ့ရှ်မှလည်း နိုင်ငံသားအဖြစ် အသိအမှတ်မပြု၊ မြန်မာမှလည်း နိုင်ငံသား အဖြစ် အသိအမှတ်မပြုလျှင် နိုင်ငံမဲ့များဖြစ်သွားကြပါမည်။ သို့ သော် လက်ရှိဤရိုဟင်ဂျာများသည် မြန်မာ့မြေပေါ်တွင်နေထိုင်ြကပါသည်။ ထိုသူများအား မြန်မာ့မြေ ပေါ်တွင်မနေထိုင်နိုင်အောင်ဒုက္ခ အမျိုးမျိုးပေးပြီး နှိပ်စက်နေမည်ဆိုလျှင်လည်း အားလုံးထွက် သွားအောင်တော့မလုပ်နိုင်ပါ။ ကျုပင်ခုတ် ကျုမြစ်မကျန်အောင်ရှင်းပစ်ဖို့ လည်း ဤခေတ်ကြီး တွင်မဖြစ်နိုင်ပါ။ ပညာမတတ် စီးပွားရေးမရှိ အရိုင်းအစိုင်းဖြစ်အောင် လုပ်မည်ဆိုလျှင်လည်း အန္တရာယ် နိုင်ငံသားများလွယ်ထားသလိုသာ ဖြစ်သားပါမည်။ ခွေးကိုပင်ချောင်ပိတ်ရိုက်လျှင် အသေအလဲပြန်ကိုက်တက်ပါသည်။ ရန်ကိုရန်နှင့်ရှင်းလျှင် မအောင်မြင်နိုင်ဟု ဗုဒ္ဓကတိတကျကျ ဟောထားပါသည်။ ဤသို့ ဆိုလျှင်မည်သို့ လုပ်မည်နည်း။ တစ်နည်းရှိသည်မှာတော့ လှေစီးထွက် ပြေးသူများ ကိပင်လယ်ပြင်တွင်မရှင်းပစ်ဘဲ အားပေး ကူညီသင့်ပါသည်။
ပိုဆိုးလာသည်မာ ရိုဟင်ဂျာများကို အသာထား ပြည်တွင်းရှိသွေးနှော၊ သွေးမနှောသူများ ကိုပင် အစ္စလာမ်ဘာသာဝင်ဖြစ်လျှင် နိုင်ငံသားအဖြစ် မမြင်နိုင်ြကသူများ များပြားလာခြင်းဖြစ် ပါသည်။ ဤသည်မှာကောင်းသောလက္ခဏာမဟုတပါ။ ထိုင်းနိုင်ငြံခားရေးဝန်ကြီးဟောင်း လက်ရှိ အာဆီယံ အတွင်းရေးမှုးချုပ်ဆူရင်းပစ်ဆူဝမ် ၊ယခင်ထိုင်းစစ်ဦးစီးချုပ်ဆွန်သီတို့ သည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ပါသည်။ လက်ရှိထိုင်းဝန်ကြီးချုပ်သည် တရုတ်ကပြားတစ်ဦးဖြစ်ပါ သည်။ မည်သူကမျှ ထိုင်းနိုင်ငံကို အကျိုးယုတ်အောင် မလုပ်သွားကြပါ။ တိုးတက်နေသော စင်္ကာပူနိုင်ငံပင်လျှင် မိမိနိုင်ငံတွင် လူဦးရေတိုးနူန်းနည်းနေ၍ ပြင်ပနိုင်ငံသားများကို နိုင်ငံသား အဖြစ်ခေါ်ယူနေပါသည်။ တရားဥပဒေ စိုးမိုးမှုရှိ၍ မည်သူလာလာပြဿနာမရှိပါ။ အရေးကြီး သည်မှာနိုင်ငံ ချစ်စိတ်ပင်ဖြစ်ပါသည်။ မျိုးချစ်စိတ်မဟုတပါ။ နိုင်ငံက ကိုယ့်ကို ချစ်လျှင် ကိုယ်က လည်း နိုင်ငံကို ပြန်ချစ်မည်ဖြစ်ပါသည်။ ဘာသာတရားကိုခဏထား၊ သိပ္ပံသဘောအရပင်လျှင် Action ရှိလျှင် Reaction ရှိပါသည်။
လူ့အခွင့်အရးကြော်ငြာစာတမ်းအရ ကလေးတစ်ယောက်မွေးဖွားလာလျှင် သူ့တွင်နိုင်ငံရှိရမည်ဟု ဆိုထားသော်လည်း မြန်မာနိုင်ငံသားအများစုကတော့ ဤအချက်ကလက်မခံလြိုကပေ။
ကျွန်တော်လေ့လာမိသမျှ ဗုဒ္ဓ၏တရားများတွင်တော့ လူလူချင်းကိုယ်ချင်းစာတရား၊ မေတ္တာ
တရား ထားကြဖို့ သာဟောကြားထားပါသည်။ လူမျိုးဘာသာခြွဲပီးမဟောထားပါ။ အရိုင်းအစိုင်း
တိရစ္ဆာန် များကိုပင် ယဉ်ကျေးအောင်လုပ်နိုင်လျင် ဤရိုဟင်ဂျာများကို ယဉ်ကျေးအောင်မလုပ်နိုင်
ကြတော့ဘူးလားဟုမေးချင်ပါသည်။ စေတနာမှန်လျင်မဖြစ်နိုင်စရာမရှိပါ။
လူလူချင်း လူလိုမြင်နိုင်ကြပါစေ၊
လူသားတစ်ဦး
http://kyawkyawoo.wordpress.com/2012/06/21/%e1%82%90%e1%80%af%e1%80%ad%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac%e1%80%bb%e1%80%95%e1%82%86%e1%80%94%e1%80%ac%e1%80%a1%e1%80%ac%e1%80%b8%e1%80%90%e1%80%90%e1%80%ad%e1%80%9a%e1%80%99/ မှ ကူးယူဖော်ပြပါသည်။
Saturday, June 16, 2012
အသတ်ခံလိုက်ရသော ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအတွက် ပီနန်း ဘန်ဒါပရ်ဒါမြို့သစ် ဗလီကြီးတွင် မြန်မာပြည်သား ရိုဟင်ဂျာ မွတ်ဆလင်များနှင့် မလေးရှားမွတ်ဆလင်များ စုပေါင်းကာ ဟာဂျာသ်ဆွလာသ် (၂)ရကသ်အား ၀တ်ပြုနေပုံ
ရခိုင်ပဋိပက္ခ ချုပ်ငြိမ်းရန် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Photo- FaceBook
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေကို ပြေလည်အောင် နည်းလမ်းရှာဖို့ အတွက် ဇွန် ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့က ခေါင်းဆောင်တွေ ဟာ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများထံ သွားရောက်ပြီး ငြိမ်းချမ်းရေး အတွက် လျှောက်ထားကြပါတယ်။
ဒီနောက် အစ္စလာမ်ခေါင်းဆောင်တွေဟာ ဘာသာပေါင်းစုံ စည်းလုံးချစ်ကြည်ရေးအသင်း (ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့  ပူးပေါင်းပါဝင်ဖွဲ့စည်း) နဲ့ ရခိုင်တိုင်းရင်းသားတွေ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲကြောင့် အောင်မြင်မှုတချို့ ရရှိခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်တဲ့ မြန်မာ-မွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင် က ပြောပါတယ်။
တွေ့ဆုံပွဲ အခြေအနေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ဦးကျော်ခင်က “ကျနော်တို့က တဘက်က သုံးပွင့်ဆိုင်ပေါ့၊ ရန်ကုန်မှာ လုပ်သလိုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ရန်ကုန်မှာ မနေ့က နိုင်ငံတော် သံဃမဟာနာယကကို လျှောက်တယ်။ တဘက်က ရခိုင်အမျိုးသားများကို ခေါ်တယ်။ တဘက်က အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ထိုင်ပြီးဆွေးနွေးတော့ သံသယတွေက နည်းနည်းလေး ပြေသွားတယ်။ အဓိကဖြစ်တာက လှုံ့ဆော်မှုကြောင့် သံသယဖြစ်တယ်” လို့ ပြောပါတယ်။
အခုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲလိုမျိုး စစ်တွေမှာလည်း ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
“လောလောဆယ် မောင်းတောကို သွားပါတယ်။ ကျနော်တို့ အစ္စလာမ် ဘာသာဝင် အများစုရှိတဲ့အတွက် ဒေသခံများကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ဒီအစီအစဉ်အတိုင်း ဖြစ်ဖို့ အတွက်ကို ဆောင်ရွက်ပါတယ်။ စစ်တွေမှာ ဒါကိုလုပ်ဖို့ စီစဉ်နေပါတယ်။”
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက်လည်း အဖွဲ့တွေ စုပေါင်းပြီး သိန်း ၂၃၀၀ အလှူငွေ ထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“အတိဒုက္ခရောက်တဲ့အတွက်ကို ကျနော်တို့ သာသနာ့နုဂ္ဂဟအသင်းကနေ သိန်း ၁၀၀၀ အလှူငွေထည့်ပါတယ်။ အစ္စလာမ် ဘာသာရေး အသင်းကနေ သိန်း ၁၀၀၀ ထည့်တယ်။ ရခိုင်အမျိုးသားများ အသင်းကနေ သိန်း ၃၀၀ ထည့်ပါတယ်။ အာလုံး သိန်း ၂၃၀၀ ရပါတယ်။ အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်များအတွက် ဒါကို ထည့်ဝင်လှူဒါန်းခြင်းဖြစ်ပါတယ်။”
 http://news.mmsy.info/news/3536 မှကူးယူ ဖော်ပြပါသည်။
”သွေးစွန်းနေတဲ့ ရခိုင်ပြည်”
ဇော်လွင်မိုး
ငြိမ်းချမ်းမှုသော့နဲ့ စစ်ကိုပိတ်လိုက်ပါ
ထမင်းရည်ချောင်းခြား အလှုနဲ့ 
ထမင်းရည်ပူလောင်နေတဲ့  မြို့ လေးရေ…
မင်းသတင်းဟာ တခါတခါ
ရပ်ဝေးမြေခြား သတင်းစာတွေထဲမှာ
ကိုယ်ပျောက်နေတတ်တယ်နော်….။
ကိုယ်မီးကိုယ်ခတ်
ကိုယ်အကြောင်းကိုယ်တင်ဆက်
သတင်းတွေဖတ်ရတာ
စမ်းသပ်ခန်းထဲက
တိရစ္ဆာန်တစ်ကောင်လို
မျက်လုံးတွေ ငေးကြောင်လို့ ….။
အပြစ်မဲ့ပေးဆပ်နေကြတာများ သွေးချောင်းတွေစီးလို့ …
လူသားမဆန်လိုက်ပုံများ ….
သွေးကိုသွေးနဲ့ လဲကြတယ်…
သတင်းတွေလဲမှားတယ်
အတင်းတွေလဲများတဲ့ ရခိုင်အရေး ကျွန်တော်ရင်လေးမိတယ်ဗျာ…
တော်ပြီ
ရပ်တော့
လူထုသွေးတွေလဲခြေဆေးပြီးပြီဗျာ.…။
Saturday, June 9, 2012
မလေးရှားနိုင်ငံ၊ ပီနန်မြို့မှ မြန်မာမွတ်ဆလင်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် ကေအယ်လ် မြန်မာသံရုံးရှေ့သို့သွားရောက်စဉ်
အဝေးရောက် မြန်မာမွတ်ဆလင်များ ကေအယ်လ် မြန်မာသံရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ်
မြန်မာမွတ်ဆလင်ညီနောင်များခင်ဗျား
                   ယနေ့ (၈.၆.၁၂) သောကြာနေ့တွင် မလေးရှားရှိ အဝေးရောက် မြန်မာမွတ်ဆလင်များမှ မြန်မာနိုင်ငံရှိ ဗလီ ၀တ်ကျောင်းတော်များကို အကြမ်းဖက်ဖျက်ဆီးခြင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မြန်မာမွတ်ဆလင် (၁၀)ဦးအား အကြမ်းဖက် ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်း တို့အားဆန့်ကျင်ကန့်ကွက်သော အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ သံရုံးတည်ရှိရာသို့ သွားရောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ပါသည်။  
                    မလေးရှားရောက်မြန်မာမွတ်ဆလင်များအနေနှင့် မြန်မာနိုင်ငံအစိုးရမှ အသိအမှတ်ပြုထားသည့် အစ္စလာမ်အဖွဲ့အစည်း (၅) ခု၏ ဆန္ဒမပြရန်မေတ္တာရပ်ခံချက်ကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ အဆိုပါကြေငြာချက် မထွက်ပေါ်မီကပင် မလေး၇ှားအစိုးရထံတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် ကြိုတင်ခွင့်ပြုချက် ရယူခဲ့ခြင်းဖြစ်ပါသည်။
                    အဓိက သွားရောက်ဆန္ဒထုတ်ဖော်ရခြင်းမှာ
(၁) တရားဥပဒေစိုးမိုးရေး
(၂) မတရားပြုကျင့်ခံရသော မသီတာထွေး၏ အမှုအား တရားမျှတစွာစီရင်ကာ တရားခံများ အရေးယူပေးစေရန်
(၃) တောင်ကုတ်မြို့တွင်  အကြမ်းဖက်ခံခဲ့ရ၍ ရက်ရက်စက်စက် အသတ်ခံခဲ့ရသော မြန်မာမွတ်ဆလင်(၁၀) ဦးအတွက် တရာမျှတစွာ အရေးယူဆောင်ရွက်ပေးစေရန်
(၄) နိုင်ငံပိုင်သတင်းမီဒီယာတို့၏ "ကုလား" ဆိုသည့် လူမျိုးရေးနှိမ်ချ စော်ကားသော အသုံးအနှုံးသုံးစွဲခြင်းကို တားမြစ်ပေးစေရန်
တို့အတွက် သွားရောက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Monday, June 4, 2012
တောင်ကုတ်မှာ မူစလင် (၁၀) ဦး အသတ်ခံရ
ရခိုင်ပြည်နယ် သံတွဲမြို့ကနေ ရန်ကုန်မြို့ကို မနေ့ ညနေ (၅) နာရီလောက်က ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ကို တောင်ကုတ်-သံတွဲလမ်းဆုံမှာ ဒေသခံရခိုင်လူမျိုးတွေက တားဆီးပြီး ကားပေါ်မှာပါလာတဲ့ အစ္စလာမ်ဘာသာဝင် (၁၀) ဦးနဲ့ ကြားဝင်ဖြန်ဖြေတဲ့ ဗုဒ္ဓဘာသာဝင် (၁) ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။
အသတ်ခံရသူတွေထဲမှာ ခရီးသည်တင် ကားပိုင်ရှင်လည်းဖြစ် သံတွဲမြို့မဈေးအနီး ဝေလွင်လွင် စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလည်း ပါဝင်တယ်လို့ သံတွဲမြို့ခံ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ဒေသခံစစ်တပ်နဲ့ အာဏာပိုင်တွေက အခြေအနေတွေကို ထိန်းချုပ်ထားပြီး လူသေအလောင်းတွေအားလုံးကို သက်ဆိုင်ရာက သံတွဲမြို့ကို ပြန်သယ်ဆောင်လာခဲ့ကြတယ်လို့ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။
အခုလို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တာဟာ မေလ (၂၈) ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာက မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင်တွေက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန်ကြတာလို့ တောင်ကုတ် ဒေသခံအချို့ကလည်း ပြောပါတယ်။
အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက တနင်္ဂနွေနေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန်ထံ အဓိကလိပ်မူ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
အဲဒီကိစ္စကနေ လူမျိုးရေး အဓိကရုဏ်းမျိုး ဖြစ်လာနိုင်တာမို့ ဒီလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့အတွင်းရေးမှူး မစောမီမီသင်းက ပြောပါတယ်။
ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ မုဒိန်းမှုနဲ့ လူသတ်မှုကျူးလွန်သူ ၃ ဦးဟာ မွတ်ဆလင် ဘာသာဝင်များဖြစ်တယ်လို့ ဖော်ပြထားပေမယ့် RFA က နောက်ထပ်ရရှိတဲ့သတင်းများနဲ့ လူမှုအင်တာနက်စာမျက်နှာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ သတင်းများအရ တရားခံ ၃ ယောက်ထဲက ၂ ယောက်ဟာ မူစလင်ဘာသာဝင်ဖြစ်ပြီး တယောက်ကတော့ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တဦး ဖြစ်တယ်လို့ဆိုပါတယ်။
(http://www.rfa.org/burmese/news/taunggout-muslims-06032012231015.html မှ ကူးယူဖော်ပြပါသည်။)