Monday, July 30, 2012

လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ


မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို ကိုင် တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်နိုင်ပြီလားဆိုတော့လည်း အဲသလို မဟုတ်ပြန်သေးဖူး။ မြို့ကြီးပြကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ဒေသတွေက နိုင်ငံသားတွေအဖို့ မှတ်ပုံ တင်ကဒ်ပြားရရှိဖို့ လွယ်ကူပေမယ့် နယ်စွန်နယ်ဖျား လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက ပြည်သူတွေနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေအဖို့တော့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း တထောင့်တရာကျော်သွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ ပါလီမန် ဒီမို ကရေစီ ဘိုးအေနိုင်ငံဖြစ်တဲ့ အင်္ဂလန်မှာလည်း အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ လိုအပ်ရင် ပတ်စ်ပို့တို့၊ ကား လိုင်စင်တို့၊ ကျောင်းသားကဒ်တို့၊ တခြားဘာကဒ် ညာကဒ်တွေကို ထုတ်ပြကြရတယ်။ ထားပါတော့။ ဒါက သူတို့အ ကြောင်းနဲ့ သူတို့ မှတ်ပုံတင် မရှိကြသေးတာ။
အခုလက်ရှိ အခြေအနေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ်တွေထဲက မြို့နယ်တချို့မှာ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားတွေ ထုတ်ပေးနေတာတွေ့ရပါတယ်။ တခါမှ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို မကိုင်ဖူးခဲ့တဲ့ ဒေသခံတွေအဖို့ ဝမ်းသာ စရာပေါ့။ ဒါပေမယ့် ဒီလို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးတဲ့ နေရာမှာ ပြဿနာတွေ ရှိနေတာကို တွေ့ရ ပြန်တယ်။ အဲဒီ ပြဿနာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများရဲ့ လူမျိုးနာမည်နောက်မှာ မြန်မာဆိုတဲ့ လူမျိုး နာမည်ကို တွဲပြီးမှ မှတ်ပုံတင်ကို ထုတ်ပေးနေတာပဲ ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တိုင်းမှာ သူတို့ရဲ့ လက္ခဏာ သတ်မှတ်ချက်တွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ရှမ်းက ရှမ်းလူမျိုး၊ မွန်က မွန်လူမျိုး၊ ရခိုင်က ရခိုင်လူမျိုး၊ ကချင်က ကချင်လူမျိုး စသဖြင့် သက်ဆိုင်ရာမျိုးနွယ်ကို ကိုယ် စားပြုတဲ့ အမည်နာမတွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ဒီလို လူမျိုးတခုရဲ့ အမည်လက္ခဏာ သတ်မှတ်ချက်ကို ဘယ်သူကမှ ပြောင်းလဲခွင့် မရှိသလို၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အတင်းအကျပ် ပြောင်းလဲခိုင်းတာဟာလည်း မတရားတဲ့ လုပ်ရပ်ပါ။
ဥပမာပြောရမယ်ဆိုရင် မွန်ပြည်နယ်ထဲက တချို့ မြို့နယ်တွေမှာ မှတ်ပုံတင် ထုတ်ပေးတဲ့ အခါမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပေမယ့် သူတို့ရဲ့သားသမီးတွေကို မွန်လူမျိုးလို့ မှတ်ပုံတင်ထဲ မှာ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ မွန်မြန်မာဆိုပြီး သူတို့ဟာသူတို့ လုပ်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဒေသ ခံ မွန်အမျိုးသားတွေက မွန်လူမျိုးအဖြစ်သာ ဖော်ပြပေးဖို့ တောင်းဆိုတဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိများက ပြန်ပြင်မပေးနိုင်ဘူးလို့ ငြင်းတယ်လို့လည်း သိရတယ်။ ဒါ့အပြင် အဲသည့် မှတ်ပုံတင်ကို မယူချင်နေပြန်တော့ ပြင်မပေး နိုင်ဘူးလို့ အနိုင်ကျင့်တာမျိုး ခံရတယ်။ လူမျိုးတမျိုးရဲ့ လက္ခဏာသတ်မှတ်ချက်ကို အစိုးရအာဏာပိုင်တွေက ဇွတ်အ တင်း ပြောင်းလဲတယ်ဆိုတာ လုံးလုံးမဖြစ်သင့်ဖူး။ တချို့ဒေသတွေမှာတော့ အာဏာပိုင်တွေက မွန်မြန်မာလို့ မဖော်ပြပေ မယ့် မွန်ဗုဒ္ဓဘာသာလို့ ဖော်ပြပြန်တယ်။ မွန်လူမျိုး အများစုဟာ ဗုဒ္ဓဘာသာဖြစ်တာမှန်ပေမယ့် ကျန်တဲ့ ဘာသာတွေကို ကိုးကွယ်ယုံကြည်တဲ့ မွန်လူမျိုးများလည်း ရှိနိုင်သေးတဲ့အတွက် ဒီလိုဇွတ်အတင်း သတ်မှတ်ပေးတာဟာ မတရားတဲ့လုပ် ရပ်လို့ ဝေဖန်ရမှာပဲ။
တခါ ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဒေသတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နော်ဝေဒုက္ခသည်ကောင်စီ (Norwegian Refugee Council) အဖွဲ့နဲ့ ပူးပေါင်းပြီး ကရင် အမျိုးသားများကို မှတ်ပုံတင်တွေ ထုတ်ပေးနေပါတယ်။ တခါမှ မှတ်ပုံတင် မကိုင်ဆောင်ဖူးတဲ့ နယ်စွန်နယ်ဖျားက ကရင် အမျိုးသားတွေအဖို့ ဒါဟာဝမ်းသာစရာပေါ့။ ဒါပေမယ့် မှတ်ပုံတင်ထုတ်ပေးတဲ့ အာဏာပိုင်တွေက မှတ်ပုံတင်ထဲမှာ ကရင် အမျိုးသားလို့ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ ကရင်မြန်မာဆိုပြီး လုပ်ပြန်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေသခံ ကရင် လူမျိုးတချို့က ကရင်မြန်မာအစား ကရင်လူမျိုးသာ ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုပေမယ့် အာဏာပိုင် တွေက လစ်လျူရှု ထားပါတယ်။
အဲဒါအပြင် မှတ်ပုံတင်ထုတ်ပေးရာမှာ ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ စသဖြင့် အတိအလင်း ဖော်ပြနေခြင်းဟာ သွယ်ဝှိုက်သောနည်းအားဖြင့် ဘာသာရေးအရ ခွဲခြားတဲ့လုပ်ရပ်လို့ ထောက်ပြလိုတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်ကပဲ မှတ်ပုံတင်ထုတ်ပေးရေးအတွက် အဓိကလို့ မြင်ပါတယ်။ ဒီမိုကရေစီ တိုင်း ပြည်တွေက နိုင်ငံသားတွေရဲ့ မှတ်ပုံတင်တွေမှာ အမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ စသဖြင့်သာ ယေဘုယျအားဖြင့် ပါဝင်ပါ တယ်။ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာမျိုးကို ထည့်သွင်းဖော်ပြလေ့ မရှိတာကို တွေ့ရပါတယ်။ မှတ်ပုံတင်ဆိုတာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခုသာ ဖြစ်တယ်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ပျံ့နှံ့ နေထိုင် တဲ့ ကူကီးခေါ် အရှိုချင်းအမျိုးသားတွေကို စစ်တပ်အင်အားသုံးပြီး အိန္ဒိယနိုင်ငံဖက်ကို နှင်ထုတ်ခဲ့ဖူးတာ ဖြစ်ခဲ့တယ်။ အချို့သော အရှိုချင်းအမျိုးသားများက သူတို့ကိုသူတို့ ကူကီးချင်းလို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ သူတို့ကို ကူကီးလို့ ခေါ် စေချင်တယ်။ ကူကီးချင်းဆိုတာ အိန္ဒိယဖက်ကသတ်မှတ်တဲ့ လူမျိုးနာမည်သာဖြစ်တယ်လို့ မြန်မာအာဏာပိုင် တွေဖက် က မြင်ထားတယ်။ မြန်မာပြည်ထဲမှာ နေထိုင်မယ်ဆိုရင် အရှိုချင်း ဆိုတဲ့ နာမည်ကိုသာ ခံယူရမယ်လို့ အစိုးရဖက်က ဖိ အားပေးပါတယ်။ နောက်ဆုံးမှာတော့ ကူကီးချင်းလို့ ခံယူတဲ့ အုပ်စုတချို့ဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှု တွေကြောင့် အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ တချို့ကတော့ မပြေးနိုင်တဲ့အတွက် အရှိုချင်းလို့ အခေါ်ခံရပေမယ့် သူတို့စိတ် ထဲမှာတော့ သူတို့ဟာသူတို့ ကူကီးလို့ သတ်မှတ်တာကိုတော့ ဘယ်သူက တားနိုင်မှာလဲ။ ဆိုလိုချင်တာကတော့ ကူကီး ဆိုတဲ့ ဖြစ်တည်မှုဟာ ဆက်ရှိနေတယ်။ အမြစ်ဖြတ်သတ်ပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို ထောက်ပြချင်တာပါ။
လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူတို့ရဲ့ လူမျိုးနာမည်များ ရှိပါတယ်။ ဒါဟာ သူတိုရဲ့ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်လာ တဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဖြစ်စဉ်များအရ တည်ရှိလာတဲ့ အမျိုးသားနာမည်များ ဖြစ်ပါတယ်။ လူမျိုးတိုင်းဟာ သူတို့ ရဲ လူမျိုးအမည်နာမကို တန်ဖိုးထား ချစ်မြတ်နိုးတာဖြစ်တဲအတွက် လူမျိုးနာမည်ကို အာဏာသုံးပြီး အတင်းအကျပ် ပြောင်းလဲခြင်းဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ လုပ်ရပ်မျိုးလို့ ဆိုပါရစေ။ မြန်မာနိုင်ငံဟာ နောင်လာမယ့် အနာဂတ်အတွက် ရေရှည်တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတယ်ဆိုရင် လူမျိုးများအကြား တန်းတူညီမျှတဲ့ လုပ်ရပ်မျိုးနဲ့ သက်သေပြဖို့ လိုပါတယ်။ လက်ရှိမှာ လူဦးရေအရ အများစုဖြစ်တဲ့ မြန်မာတွေက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားပါ တယ်။ ဒီလို အခြေအနေမျိုးမှာ တခြားသော အမျိုးသားတိုင်းရင်းသားများကို မြန်မာလူမျိုးသာ ဖြစ်ရမယ် (သို့မဟုတ်) မြန်မာတပိုင်း တိုင်းရင်းသားတပိုင်း ဖြစ်ရမယ်လို့ သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ဖိအားပေးဆောင်ရွက်တာမျိုးကို ရှောင်ရှားဖို့လိုတယ်။ မရှောင်ရှားနိုင်ရင် တိုင်းရင်းသား အမျိုးသားများဖက်က သူတို့ကို မြန်မာဇာတ်အတင်း သွတ်သွင်း တယ်လို့ မြင်မှာပဲ။ ဒီလိုမျိုးသာ ဆက်တိုက်ဖြစ်နေရင် ရေရှည်အတွက် မကောင်းနိုင်ပါဘူး။
နယ်စွန်နယ်ဖျား ဒေသများမှာ နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးနေတာကတော့ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုနိုင် ပေမယ့် မှတ်ပုံတင်ထဲမှာ ကာယကံရှင် တိုင်းရင်းသားတွေရဲ့ လူမျိုးနာမည်အစစ်အမှန်ကို ဖော်ပြပေးခြင်းမပြုဘဲ တိုင်းရင်း သားလူမျိုး နာမည်တွေကို မြန်မာလူမျိုးနာမည်နဲ့ ပေါင်းစပ်ပေးတာမျိုးကတော့ သွယ်ဝှိုက်ပြီး လူမျိုးကြီးဝါဒကို ဆောင်ရွက် နေသလိုမျိုး ဖြစ်နေပါတယ်။ မြန်မာတွေဟာ တိဘက်ဒေသကနေ ပြောင်းရွှေ့အခြေချလာတာကြောင့် မနုဿဗေဒ ပညာ ရှင်များက တိဘက်မြန်မာလို့ သတ်မှတ်ပါတယ်။ သို့သော်လည်း သမိုင်းကြောင်းအရ မြန်မာလူမျိုးဟာ တလျှောက်လုံး ကိုယ့်ဟာကို မြန်မာလို့သာ သုံးနှုန်းခဲ့ပါတယ်။ တိဘက်နဲ့ မြန်မာဆိုတဲ့ လူမျိုးနာမည်ကို တွဲပြီးသုံးခဲ့ဖူးတယ်လို့ တခါမှ မကြားဘူးပါဘူး။ တစုံတယောက်က မြန်မာတွေကို တိဘက်မြန်မာလို့ ခေါ်သင့်တယ်လို့ပြောလာရင် မြန်မာတွေလက်ခံ မှာလား။ စစ်ဗိုလ်ချုပ်တွေကော လက်ခံမှာလား။ ကိုယ့်ကိုသူများက အဲသလိုလုပ်လာတာကို လက်မခံဘူးဆိုရင် သူများ ကိုလည်း ကိုယ်ကသွားမလုပ်ဖို့ နားလည်သင့်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ နာမည်တွေကိုလည်း သူတို့ရဲ့ လက္ခဏာသတ်မှတ်ချက်အတိုင်း အသိအမှတ်ပြု သုံးစွဲဖို့လိုအပ်ကြောင်း ပြောပါရစေ။
ဇော်မင်း
၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၂ ခုနှစ်
ရွက်မွန်မှ ကူးယူဖေါ်ပြသည်။

ပြည်မြို့ မွတ်စလင်မ် သင်္ချိုင်း အဓမ္မ အပိတ်ခံရ



ပြည်မြို့ မွတ်စလင်မ် ကဘရ်စတန်(သင်္ချိုင်း)အား ပြည်မြို့ရှိ အာဏာပိုင်အချို့က ထပ်တူညီမျှသည့် ပြောင်းရွှေ့ ရန်မြေနေရာ၊ အဆောက်အအုံများ ပေးခြင်း မရှိဘဲ ဇူလိုင်လ ၂၅ ရက်ည ၉ နာရီဝန်းကျင်တွင် အဓမ္မ သော့ခတ် ပိတ်သိမ်း ထားကြောင်း ပြည်မြို့ခံများ၏ သတင်းပေးချက်အရ သိရသည်။

ပြည်မြို့ ကဘရ်စတန်အား အဓမ္မပိတ်သိမ်းရာတွင် ရဲဝန်ထမ်း ၂၀ ဦး ၀န်းကျင်နှင့် အရပ်ဝတ် ၁၀ ဦးဝန်းကျင်ပါဝင်သည့် လူအုပ်ကြီးဖြင့် ညအချိန်တွင်အဓမ္မ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

“ကဘရ်စတန်မှာ ညစောင့်လုပ်တဲ့သူ စားဖို့အတွက် စဲဟ်ရီ (ဥပုသ်မ၀င်မှီ အလျင်စားသော ထမင်း) သွားပို့တာ ကဘရ် စတန် နားလည်းရောက်ရော အရပ်ဝတ်ထဲက မူးနေတဲ့ ...

၅ ယောက် လောက်က ပြေးလာပြီး လာပို့တဲ့သူကို ရိုက်ဖို့လုပ်တာ၊ ရဲတစ်ယောက်က အတားမြန်လို့ အရိုက်မခံရတာ”ဟု အဆို ပါဖြစ်ရပ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောကြားသည်။

“ခြိမ်းခြောက်တယ်၊ ပိတ်တဲ့နေရာ မှာမြှုပ်ရင် ထောင်ချမယ်။ ထောင်ကျမယ်ဆိုတာပဲ ပြောမယ်။ အထက်အမိန့် လို့ပဲ တွင်တွင်ပြောတယ်”ဟု ပြည်မြို့ မွတ်စလင်မ် ကဘရ်စတန်အား ပိတ်သိမ်းမှုနှင့်ပတ်သက်၍ ပြည်မြို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ၏ ပြောကြားချက်ကို တိုက်ရိုက်ကြားခဲ့သူ ပြည်မြို့ခံတစ်ဦးက myanmarmuslim.net သို့ ပြောကြားသည်။

ပြည်မြို့ ကဘရ်စတန်အား အသစ်ပြောင်းရွှေ့ခိုင်းသည့်နေရာသည် မြေဂရန်အတွက် အာမခံချက် အပြည့်အ၀ရှိသောနေရာတစ်ခုမဟုတ်ဘဲ မြေကိစ္စအတွက် ခြံပိုင်ရှင်အချို့နှင့် တရား တဘောင်ဖြစ်နိုင်သည့် မြေနေရာများဖြစ်ကြောင်း၊လက်ရှိ ကဘရ်စတန်တွင် ဗလီ ၀တ်ကျောင်း တော်တစ်လုံး၊ ရေချိုးရန်အဆောင်စသည်ဖြင့် မွတ်စလင်မ် သင်္ချိုင်းတစ်ခုတွင် ရှိအပ်သည့် အရာများ အပြည့်အ၀ရှိနေသော်လည်း အသစ်ပြောင်းရွှေ့ခွင့် ပေးသည့် နေရာတွင် သေဆုံးသူ အတွက် နောက်ဆုံး ၀တ်ပြုဆုတောင်း မှုပြုလုပ်ရန် ဗလီဝတ်ကျောင်းတော်၊ ရေချိုးဆောင်တို့ဆောက်လုပ်ခွင့်ကို ပူးတွဲပေးထားခြင်း မရှိကြောင်း အဆိုပါ ကိစ္စအား လိုက်ပါဆောင်ရွက်နေသူများ၏ ပြောကြားချက်အရ သိရသည်။

ပြည်မြို့ ကဘရ်စတန် ပြောင်းရွှေ့မှုအမိန့် သည် ၂၀၀၅ ခုနှစ်ကတည်းက ထုတ်ပြန် ထားကြောင်း ပြည်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ၏ ပြောကြားချက်အရ သိရကြောင်း ပြည်မြို့ခံများက ပြောကြားသည်။ ထိုကဲ့သို့ လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ပိတ်သိမ်းထားသည့် ကဘရ်စတန်အား ယခုအချိန် ရောက်မှ အတင်း အဓမ္မ ပြောင်းရွှေ့ စေခြင်းကို ပြည်မြို့ခံများက နားမလည်နိုင်အောင် ဖြစ်နေကြောင်းလည်း သိရသည်။

“ ၂၀၀၅ ခုနှစ်တုန်းကနဲ့ အခုက အများကြီးပြောင်းလဲနေပြီ။ အဲဒီတုန်းက ထောင်ထဲမှာ ရှိနေတဲ့လူတွေ အခု လွှတ်တော်ထဲ ရောက်တဲ့ခေတ်ဖြစ်နေပြီ။ ပြီးတော့ အဲဒီကတည်းက အမိန့်ဆိုရင်ရော ဘာဖြစ်လို့ ဒီလောက် နှစ်တွေ ကြာမှ ပြောင်းခိုင်း တာလဲ”ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။



“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိကြောင်း ဖော်ပြထားပေမဲ့ လက်တွေ့မှာ လွတ်လပ်စွာ ကျင့်သုံးခွင့်မရှိဘူးဆိုတာကို ဒီလိုဖြစ်ရပ်တွေက ပြနေတာပါပဲ။ ညပိုင်းမှာ ကဘရ်စတန်ကို ဒီလိုမျိုး မူးယစ်နေသူတွေနဲ့ ရဲတပ်ဖွဲ့တွဲဖက်လို့ အဓမ္မ ပိတ်သိမ်းတယ်ဆိုတာ နိုင်ငံရေး ဦးတည်ချက် ၄ရပ်ထဲက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ယွင်းအောင် လုပ်တဲ့လုပ်ရပ်ပါပဲ”ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ဝေဖန်ခဲ့သည်။

လက်ရှိပိတ်သိမ်းထားသည့် ကဘရ်စတန်သည် ဆင်စုနယ်မြေပိုင် န၀ဒေးလမ်းမကြီးတွင် တည်ရှိပြီး အုတ်တံတိုင်း အပြည့် ကာရံထားသည်။

ပြည်မြို့ ကဘရ်စတန်အား ပိတ်သိမ်းခြင်း ဆိုင်းဘုတ်တွင် မည်သည့်အဖွဲ့အစည်း ဟူ၍ ဖော်ပြမထား သော ဆိုင်းဘုတ်ကို ထောင်၍ ပိတ်သိမ်းခြင်းဖြစ်သည်။

SK (MMM)

http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

Friday, July 27, 2012

ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ ပိုမျာ

 


လှေစီးပြီး ခိုးဝင်လာသော ရိုဟင်ဂျာများကို ထိုင်းရေတပ်က ဖမ်းဆီးထားစဉ် (ဓာတ်ပုံ – Phuket Gazette)
လွန်ခဲ့တဲ့ နှစ်တွေအတွင်း အထူးသဖြင့် ပင်လယ်မှာ မိုးလေငြိမ်တဲ့ ဆောင်းနဲ့ နွေကာလတွေဆို ဘင်္ဂလားဒေ့ရှ် က လူသယ်သူတွေရဲ့ လှေတွေနဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်ရှာဖွေဖို့နဲ့  ရတဲ့ငွေကို အိမ်ကမိသားစုတွေဆီ ပြန်ပို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းတို့၊ မလေးရှားတို့ကို ခိုးဝင်တတ်ကြတယ်။
အခုတော့ မိန်းမနဲ့ ကလေးတွေပါ လှေပေါ်တင်ခေါ်လာဖို့ ကြံရွယ်နေကြပါပြီ။ “ကျနော့် ညီတွေရော၊ ကျနော့် မိန်းမရော၊ ကလေး ၅ ယောက်စလုံးပါ ထိုင်းကို လှေနဲ့ထွက်ဖို့ ပြင်နေတယ်။ နောက်ဆုံး မလေးရှားမှာတော့ နေစရာတခု ရှာတွေ့မယ်လို့  မျှော်လင့်တာပဲ” လို့ ရခိုင်ပြည် မောင်တောက အထည်ကုန်သည်  ကိုဖိုင်ဇူလာက ဂျာမန်သတင်းဌာန Deutsche Welle ကို တယ်လီဖုန်းက တဆင့် ပြောပါတယ်။
သူက ဆက်ပြီး “တခြား မိသားစုတွေလည်း ဒီလိုပဲ ထွက်ပြေးဖို့ လုပ်နေကြတယ်။ ဒီမှာ နေ့တိုင်း ဒုက္ခက ပိုပိုဆိုးလာတယ်။ ကျနော်တို့ အားလုံး ဒီမှာ နေရတာ မလုံခြုံတော့ဘူး” တဲ့။
မေလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်က မသီတာထွေး အသတ်ခံခဲ့ရမှုက စတင်ခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာများ အပြန်အလှန် အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့  စစ်ဘက်က တာဝန်ယူခဲ့ရပါတယ်။
နှစ်ဘက်စလုံး သေကြေပျက်ဆီးမှုတွေကို အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် ဘယ်ဘက်က ဘယ်လောက်ထိခိုက်တယ် ဆိုတာ အသေးစိတ် အတည်ပြုချက် ရဖို့ ခက်ခဲနေဆဲပါ။
ရခိုင်မြောက်ပိုင်းက မူစလင်တွေကို ဖိနှိပ်နေတယ်လို့ မူစလင်ကမ္ဘာက ဒေါသတကြီး ဝေဖန်သံတွေ ညံလာနေတဲ့အပြင် လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကလည်း မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့  ရခိုင်တိုင်းရင်းသားတွေဟာ ရိုဟင်ဂျာတွေကို အနိုင်ကျင့်နေတယ်လို့ ထုတ်ပြန်ကန့်ကွက်ခဲ့ပါတယ်။
မောင်တောဒေသက မူစလင်သတင်း ရပ်ကွက်တွေ အဆိုအရ လူငယ်တွေကို တွေ့တာနဲ့ ဖမ်းဆီးနေတာကြောင့် အတော်များများ ရှောင်ပုန်းနေရကြောင်း သိရပါတယ်။ မူစလင်လူငယ် ရာချီပြီး အဖမ်းခံထားရတယ် လို့လည်း သူတို့က ဆိုပါတယ်။
“လုံခြုံရေးတွေနဲ့ ရခိုင်တွေက ကျနော်တို့ ရွာသားတွေကို ဝင်ငွေရတဲ့ အလုပ်အကိုင် အကုန်လုံးလိုလို ပေးမလုပ်တော့ဘူး။ ရွာတော်တော်များများမှာ ကျနော်တို့ကို ဆန်မရောင်းပေးဘူး။ ကျနော်တို့ကို မြန်မာပြည်က ထွက်သွားဖို့ပဲ ပြောတယ်။ ကျနော်တို့ ဒီမှာ ငတ်သေရင်သေ၊ မဟုတ်ရင် အသတ်ခံပေါ့” လို့ ဖိုင်ဇူလာက ပြောပါတယ်။
စစ်တကောင်း သတင်းရပ်ကွက်တွေရဲ့ အဆိုအရ မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းကို ထွက်မယ့် လှေတွေကို လူတယောက် ကျပ် တသောင်း (အမေရိကန် ၁၂ ဒေါ်လာ) ယူပြီး လွှတ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဖိုင်ဇူလာကလည်း သူ့မိသားစု ထိုင်းကိုထွက်ဖို့ ကျပ် သိန်း ၃၀ (အမေရိကန် ဒေါ်လာ ၃၆၀၀) ကုန်မယ်လို့ လှေသမားတွေရဲ့ အဆိုကို ပြန်ပြောပြပါတယ်။
ဘင်္ဂလားဒေ့ရှ် တက်ခ်နဖ် အခြေစိုက် လူကုန်သည် ကရှမ်က ရခိုင်ပြည်က မိသားစု ၉ စု ဒီနှစ်ကုန်မှာ မလေးရှားကို ပို့ပေးဖို့ရှိကြောင်း ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကို ဝင်လာလို့ မရတော့တဲ့ မိသားစု ၅ စုကို ကျနော်တို့လှေက ဝင်ခေါ်ရဦးမယ်။ သူတို့ကို ထိုင်းမှာချပေးမယ်။ အဲဒီကမှ မလေးကို ကုန်းလမ်းကနေ ဝင်မယ်” လို့ လူသယ်တဲ့ အလုပ်ကို ၈ နှစ်လောက် လုပ်ခဲ့ပြီးဖြစ်တဲ့ ကရှမ်က ရှင်းပြပါတယ်။
လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ကို ပိတ်ထားပါတယ်။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ကလည်း လှေစီးဒုက္ခသည်တွေ ပိုထွက်လာမှာကို စိုးရိမ်နေပါတယ်။
မကြာသေးမီကပဲ ထိုင်းနိုင်ငံရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် မနက်ကုံပန်က မိုးရပ်ပြီဆိုတာနဲ့ ရိုဟင်ဂျာတွေ လှေစီးပြီး ဝင်လာကြဖို့ရှိကြောင်း သတင်းတွေရထားတယ်လို့ ပြောပါတယ်။ သူက မလေးရှားဝင်ဖို့ ထိုင်းကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တချိန်တည်းမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြည့်စုံ တိကျတဲ့ ဖြေရှင်းချက်ကို မြန်မာအစိုးရက လာမယ့် စက်တင်ဘာမှာ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တဆင့် ထုတ်ပြန်ဖို့  မျှော်လင့်ကြောင်း ပြောပါတယ်။ ” ဒီကိစ္စက အာဆီယံ လူ့အဖွဲ့အစည်းအတွက် အရေးကြီးပါတယ်” လို့ ဆူရင်ပစ် စူဝမ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်http://burma.irrawaddy.org/archives/16106
မှကူးယူဖော်ပြပါသည်။

မြန်မာမူဆလင်များအတွက် တူရကီ အလုပ်သမားအဖွဲ့ချုပ် ငွေလှူ

 

နယူးဒေလီ (မဇ္ဈိမ)။   ။ တူရကီနိုင်ငံ ပြည်သူ့ဝန်ထမ်း ကုန်သွယ်ရေးသမဂ္ဂများ အဖွဲ့ချုပ်က မြန်မာနိုင်ငံရှိ မူဆလင်များ
အား တူရကီ လီရာငွေ နှစ်သိန်း (အမေရိကန် ဒေါ်လာ တသိန်း တသောင်းကျော်) ပေးပို့ကူညီသွားမည်
ဟု သိရှိရသည်။

အန်ကာရာမြို့တွင် နံနက် ဥပုသ်ထွက်စာ သုံးဆောင်နေစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ Ahmet Gundogdu က သတင်းထောက်
များအား “သမဂ္ဂ ၁၁ ခုနဲ့ အဖွဲ့ချုပ်အနေနှင့် မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်တွေကို လီရာငွေ နှစ်သိန်း ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ရိုဟင်ဂျာ မူဆလင်များမှာ ဗုဒ္ဓဘာသာ မြန်မာအစိုးရရဲ့ ဖိအားပေးမှုအောက်မှာ ရောက်နေရသည်ဟူ၍လည်း Gundogdu က ထည့်သွင်းပြောဆိုသွားကြောင်း Andolu Agency သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့



နယူးဒေလီ (မဇ္ဈိမ) ။        ။ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံ
အတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံးသတ်ရန်အတွက်
ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူ
အညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံ
ရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂအနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီ အာရေးဗျနိုင်ငံ Jaddah မြို့မှလာသည့် Anadolu Agency သတင်းတရပ် တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှုအတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင်ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။ မဇ္ဈိမသတင်းဌာန
မှကူးယူဖော်ပြပါသည်။

တရုတ်အမျိုးသား D T F Wong ရဲ့ အစ္စလာမ့်အေးရိပ်ဆာရာသို့ ခရီး

 
ကျနော် “အဗဒူ ဟက်”ပါ။ ကျနော် တရုတ်လူမျိုးဖြစ်ပြီး “ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားခဲ့သူပါ။ အမည်ရင်းက “ဝေါင်”ဖြစ်ပြီး နဂိုက မိဘတွေအတိုင်း ခရစ်ယာန်ဘာသာ ကိုးကွယ်ခဲ့ပါတယ်။ အခုအသက် ၃၆-နှစ်ရှိပါပြီ။ ၁၉၇၇-ခုနှစ်မှာ “ဘရူနိုင်း”နိုင်ငံကနေ “အင်္ဂလန်”နိုင်ငံကို ပညာသင်ထွက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံမှာပဲ အခြေချခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ခရစ်ယာန်သာသနာပြုကျောင်းမှာ တက်ရောက်ခဲ့ပြီး “အင်္ဂလန်”နိုင်ငံရောက်တော့လည်း ကောလိပ်မတက်ခင် ခရစ်ယာန်အလွတ်တန်းကျောင်းတစ်ခုမှာ ၂-နှစ်တက်ရောက်ခဲ့ပါတယ်။ အသက် ၂၇-နှစ်အထိ ခရစ်ယာန်ဘာသာဝင်အဖြစ်ရှိခဲ့ပြီး အခုတော့ အစ္စလာမ်ဘာသာဝင်ဖြစ်လာတာ ၉-နှစ်တိုင်ခဲ့ပါပြီ။
အသက် ၂၃-နှစ်လောက်ကစပြီး ဘာသာရေးကိုစိတ်ဝင်စားစပြုလာပြီး ဘုရားသခင်ဆိုတာကို ပိုမိုသိရှိလိုစိတ်တွေ ပေါပေါက်လာပါတယ်။ အိမ်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး ကောင်းကင်၊ သစ်ပင်၊ လူ စတာတွေကို ကြည့်ရင်း ဖန်ဆင်းခြင်းကိုစိတ်ဝင်စားလာပြီး ဖန်ဆင်းရှင် တည်ရှိကြောင်းအသိ ဖြစ်ပေါ်တိုးပွါးလာပါတယ်။ ကောလိပ်မှာ ဗိသုကာပညာရပ်သင်ကြားတဲ့အခါ အဆောက်အဦးဆိုတာ တစ်စုံတစ်ယောက်က ဒီဇိုင်းဆွဲ၊ ဆောက်လုပ်ရတာဆိုသလို နေ့နဲ့ည ပြောင်းလဲခြင်း၊ ခန္တာကိုယ်ဖြစ်တည်နေမှု စတာတွေဟာ ဖန်ဆင်းရှင်ရှိလို့ဆိုတာကို လေးလေးနက်နက် ယုံကြည်လာခဲ့ပါတယ်။
“ဘရူနိုင်း”နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့မယ့် အစ္စလာမ်သာသနာအကြောင်း မလေ့လာဖြစ်၊ မသိရှိဖြစ်ခဲ့ပါဘူး။ “ဘရူနိုင်း”နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူများအတွက် အစ္စလာမ်သာသနာ ပညာရေး သင်ခန်းစာ ကင်းလွတ်ခွင့်ရှိပါတယ်။ တစ်နေ့မှာ အစ္စလာမ်ဘာသာရေးရာ စာအုပ်ဆိုင်တစ်ဆိုင်အနား ဖြတ်လျှောက်အသွား ဘာရယ်မဟုတ် ဝင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ “ကုရ်အာန်ကျမ်းမြတ်”ကို တွေ့ရှိပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ “ကုရ်အာန်ကျမ်းမြတ်”ရဲ့ ညွှန်ကြားပြသမှုတွေ၊ သင်ကြားရှင်းလင်းမှုတွေက အချိန်အတော်ကြာ ကျနော် ခံစားယုံကြည်နေတဲ့ ဖန်ဆင်းရှင်အသိ မှန်ကန်ကြောင်းအပြင် ခရစ်ယာန်ဘာသာရဲ့ယုံကြည်မှုနဲ့ သမ္မာကျမ်းစာတို့ကို ထပ်လောင်းလင်းဝင်းပြမှုတွေကို ပထမဆုံးအကြိမ် သိရှိလိုက်ရပါတော့တယ်။
ဒီလိုနဲ့ ရှာဖွေလေ့လာဖတ်ရှုရင်း တဖြည်းဖြည်း အစ္စလာမ်သာသနာဘောင်တွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစ္စလာမ်သာသနာဟာ အလွန်ရိုးရှင်းပြီး သန့်စင်တဲ့ သာသနာပါ။ မိဘတွေကိုဖွင့်ပြောလိုက်တဲ့အခါ အမေက သူ့ရဲ့ အကိုတော်တဲ့ ခရစ်ယာန်ဘုန်းကြီးနှစ်ယောက်ကို ဆက်သွယ်ပြီး ခရစ်ယာန်ဘာသာ မှန်ကန်ကြောင်း ဟောပြောပြန်ဆွယ်ပါတယ်။ သို့သော်လည်း ကျနော့်ကို သူတို့ပြန်ဆွယ်လို့မရခဲ့ပါဘူး အစ္စလာမ်သာသနာရဲ့ အဆုံးအမတွေ ဆက်လက်လေ့လာဖတ်ရှုရင်း ကျနော့်ယုံကြည်ချက်က ပိုမိုခိုင်မာလာပါတယ်။
ဒီနေ့လို လူတွေတီထွင်တဲ့ ဥပဒေသတွေ၊ မတရားမှုတွေနဲ့ လွှမ်းမိုးနေတဲ့ ခေတ်ကြီးမှာ ဖန်ဆင်းရှင်ရဲ့ သင်ကြားမှုဆီ ပြန်လှည့်ဖို့ရာ အချိန်တန်ပါပြီ။ ကျနော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ ကျနော် အသိဆုံးပါ။
လင်းယုန်နက် (ခြင်္သေ့မြို့တော်)http://news.mmsy.info/news/4602
မှကူးယူဖော်ပြပါသည်။

အင်ဒိုနီးရှားနိုင်ငံသားများ၏ အမုန်းဆုံးနိုင်ငံမှ အနှစ်သက်ဆုံးနိုင်ငံအဖြစ် သြစတေးလျ သတ်မှတ်ခံရ

အင်ဒိုနီးရှားရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသားများ
ဂျကာတာရှိ အစ္စလာမ့်တက္ကသိုလ် (State Islamic University) ၏ နှစ်ပတ်လည် စစ်တမ်းကောက်ယူမှုအရ သြစတေးလျနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံသားများကြားတွင် ဒုတိယ အမုန်းဆုံး နိုင်ငံစာရင်းမှ၊ ဒုတိယ အနှစ်သက်ဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံများသို့ စစ်တပ်များစေလွှတ်ခြင်းနှင့် အစ္စရေးနိုင်ငံအား ထောက်ခံခဲ့ခြင်းတို့ကြောင့် ၂၀၀၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံသားများ၏ ဒုတိယအမုန်းဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံ၏ နောက်တွင် ရှိခဲ့သည်ဟု အဆိုပါတက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာ မက်ရုဖ် ဂျမ်ဟရီ (Dr Makruf Jamhari) က ဆိုသည်။

သို့ရာတွင် ၂၀၁၁ခုနှစ် စစ်တမ်းအရ သြစတေးလျနိုင်ငံသည် ဆော်ဒီအာရေးဘီယားပြီးနောက် နိုင်ငံသားများ၏ ဒုတိယ အနှစ်သက်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။ သြစတေးလျနိုင်ငံသားများ၏ မွတ်စလင်များအပေါ် ထားရှိသည့် သဘောထားများ သိသိသာသာ ပြောင်းလဲလာမှုမှာ အကူအညီဖြစ်ခဲ့ပြီး အဓိကအရေးပါဆုံး အချက်မှာ AusAid အစီအစဉ်ဖြစ်သည်ဟုဆိုသည်။ ထို အစီအစဉ်မှ အင်ဒိုနီးရှားနိုင်ငံ ဆင်းရဲသောဒေသများရှိ ကျောင်းသားပေါင်း သုံးသိန်းသုံးသောင်းကျော်အတွက် ကျောင်းပေါင်း၂၀၇၅ ကျောင်းကို ဆောက်လုပ်ပေးခဲ့ပြီး နောက်ထပ် နှစ်ထောင်ကိုလည်း ထပ်မံ ဆောက်လုပ်ပေးမည်ဟု ကတိပြုထားလေသည်။ အဆိုပါ အစီအစဉ်မှာ ဘာသာရေးသီးသန့် လိုရာဆွဲသင်ကြားသော ကျောင်းများထက် တရားဝင်သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော အစ္စလာမ့်ဓမ္မသင်တန်းကျောင်းများနှင့် အတန်းပညာကျောင်းများ တည်ရှိခြင်းကို အထောက်အကူပြုခဲ့လေသည်။

အစ္စလာမ့်တက္ကသိုလ်(State Islamic University)နှင့် ဂျကာတာအနီး ဘိုဂေါ မြို့ရှိ လာထရိုဘီ တက္ကသိုလ် (La Trobe University) တို့ ပူးပေါင်း၍ လွန်ခဲ့သော သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးအပြီးတွင် ဒေါက်တာ ဂျမ်ဟရီ (Dr Jamhari) က AusAid အစီအစဉ်သည် အခြားသော ပရောဂျက်များထက် အင်ဒိုနီးရှားတွင် ပို၍ ဆွဲဆောင်မှုရှိပြီး၊ ပညာတော်သင်ဆုများ တိုးလာခြင်း၊ အခြား ပညာရေးထောက်ပံ့မှုများကိုလည်း ပိုမို နှစ်သက်ကြသည်ဟု ဆိုသည်။

မိုနာရှ် (Monash University)တက္ကသိုလ်ရှိ အင်ဒိုနီးရှားကျွမ်းကျင်သူ ဘာတန်(Greg Barton) က အဆိုပါ AusAid အစီအစဉ်ကို ၂၀၀၂ခုနှစ် ဘာလီဗုံးဖောက်ခွဲမှုအပြီးတွင် အင်ဒိုနီးရှား၏ အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ Detachment 88 အား ကူညီခြင်းနှင့်အတူ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး အစပျိုးမှုအဖြစ် စတင်ခဲ့သည်ဟုဆိုသည်။
“အင်ဒိုနီးရှားနိုင်ငံဟာ နှစ်ပေါင်းအတော်ကြာ ကျွန်တော်တို့ရဲ့အကူအညီကို အများဆုံး လက်ခံရရှိတဲ့နိုင်ငံပါ။ ဘာလီကိစ္စပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးမှာ ပိုပြီးအားထည့်ဖို့လိုအပ်လာပါတယ်။ လုံးလုံးလျားလား ပါဝင်သင့်တယ်ဆိုတာကို ကျွန်နော်တို့ နားလည်သဘောပေါက်ခဲ့ပါတယ်။”
ဟု သူက ဆိုသည်။
ဆက်လက်၍ သူက အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးကျောင်းပေါင်း နှစ်သောင်းငါးထောင်ခန့်ရှိပြီး မူလတန်းအရွယ်ကလေးများ၏ ၄ ပုံ ၁ ပုံကို ပညာသင်ကြားပေးလျက်ရှိကာ အဆိုပါကျောင်းအများစုမှာ အလယ်အလတ်ကျောင်းများဖြစ်ပြီး အချို့မှာ Jemaah Islamiah ကဲ့သို့ အစွန်းရောက်ဝါဒကိုလိုလားသော ကျောင်းများဖြစ်သည်ဟု ဆိုသည်။
သြစတေးလျနိုင်ငံသည် ဘာလီဗုံးဖောက်ခွဲမှု ပြီးကတည်းက အင်ဒိုနီးရှားနိုင်ငံအား ခရီးသွားလာမှု စိုးရိမ်ဖွယ်ရာ အဆင့် ၃ အဖြစ်သတ်မှတ်ထားခဲ့သည်။ အဆိုပါ သတိပေးချက်သည် အင်ဒိုနီးရှား၏ ခရီးသွားလုပ်ငန်းကို များစွာထိခိုက်ခဲ့ပြီး ကျောင်းသားများနှင့် အလားအလာရှိသည့် ခရီးသွားများအတွက် အဟန့်အတားဖြစ်စေခဲ့သည်ဟု အစ္စလာမ့်တက္ကသိုလ် အစ္စလာမ်နှင့်လူ့အဖွဲ့အစည်းလေ့လာရေး စင်တာ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အလီ မုဟာနစ်(Dr Ali Munhanif) ကဆိုသည်။ သို့ရာတွင် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သောလတွင် စိုးရိမ်ဖွယ်ရာ အဆင့် ၂ အဖြစ်သို့ လျှော့ချခဲ့လေသည်။
ဝေဇင်
soruce – http://en.islamtoday.net/artshow-232-4476.htmhttp://news.mmsy.info/news/4627
မှကူးယူဖော်ပြပါသည်။

ရခိုင်ဒေသရှိ မွတ်စလင်များအား မမှန်သတင်း ဖော်ပြမူတိုးပွားလာ

 
ရခိုင်ဗုဒ္ဓဘာသာ - ရိုဟင်ဂျာ ပဋိပက္ခအပြီး ရခိုင်ဒေသရှိ မွတ်စလင်များနှင့် ပတ်သက်သည့်မမှန်သတင်း ဖော်ပြမှု၊ ပျံ့နှံ့မှုများ မြန်မာမီဒီယာများတွင် တိုးပွားလာလျက် ရှိကြောင်း ဖြစ်ရပ်မှန်နှင့် ကွဲလွဲနေသည့် သတင်းများအရ သိရသည်။

အဆိုပါ သတင်းမှားများ ပျံ့နှံ့ရခြင်း၏ နောက်ကွယ်တွင် ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ လုပ်ဆောင်ချက်များ ပါဝင်နေကြောင်း မမှန်သတင်း ဖော်ပြသည့် သတင်းဌာနများ ကိုးကားသည့် သတင်းရင်းမြစ် ဖော်ပြချက်များအရ
သိရသည်။

များမကြာမီ ရက်များအတွင်းက ဘင်္ဂလီ(ရိုဟင်ဂျာ)များ ဗလီဝတ်ပြုမှုအပြီးတွင် ရခိုင်ရွာများဘက်သို့ ချီတက်လာနေသဖြင့် လုံထိန်းများက သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း ....

ရခိုင်လွှတ်တော်အမတ်နှင့် ရခိုင်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးတို့၏ ပြောကြားချက်ကို ကိုးကား၍ The Voice Weekly ၏ အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“တကယ်တန်းဆိုရင် ဗလီတွေ အဖျက်ခံထားရလို့ ကျန်နေတဲ့ ဗလီမှာ စုပေါင်းပြီး ၀တ်ပြုရတာပါ။ အပြန်မှာ လည်း ပုံမှန်ပဲ။ ဒါကို သတင်းချဲ့ကားပြီး ကောလဟလ ပြန့်ပြီး ဒီလိုမျိုး ဖော်ပြတာပါ”ဟု အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက myanmarmuslim.netသို့ပြောကြားသည်။

အထက်ပါဖြစ်ရပ်ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့သည် သောကြာနေ့ဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ စုပေါင်း ၀တ်ပြုမှု အများဆုံးနေ့ဖြစ်သည်။ ယခုအခါ ရခိုင်ဗုဒ္ဓဘာသာ ရိုဟင်ဂျာပဋိပက္ခအတွင်း ရခိုင်ဗုဒ္ဓဘာသာ များ၏ ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော် အမြောက်အမြား ပျက်ဆီးခဲ့ရသဖြင့် ကျန်ရှိနေသည့် ဗလီ ၀တ်ကျောင်းတော် အချို့တွင် စုပေါင်းဝတ်ပြုကြရာမှ အထက်ပါအတိုင်း မမှန်သတင်း ဖော်ပြခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာမွတ်စလင်တို့သည် အကြမ်းဖက်မှုကို နှစ်ပေါင်းများစွာ ခံစားနေရကြောင်းနှင့် ကမ္ဘာ့သတင်းမီဒီယာတို့၏ ကျေးဇူးကြောင့် မြန်မာမွတ်စလင်တို့၏ ဖြစ်ရပ်မှန်များကို ကမ္ဘာက သိရှိလာပြီဖြစ်ကြောင်း တူရကီအခြေစိုက် လူသားချင်းစာနာ ထောက်ပံ့ရေးဖောင်ဒေးရှင်း (ÝHH)၏ပြောကြားချက်ကို pakobserver.net တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာရှင်နေ၀င်း လက်ထက်မှသည် ယနေ့အချိန်အထိ ဗလီအသစ် တည်ဆောက်ခွင့် လုံးဝမပေးခဲ့ဘဲ ဘာသာရေး ဖိနှိပ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိ သည်။ နိုင်ငံတကာမှ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဖိအားပေး တောင်းဆိုလာလျှင် မွတ်စလင်အဖွဲ့ချုပ် များမှ အစိုးရသြဇာခံ အချို့ကို
ဘာသာရေး လွတ်လပ်ခွင့်ရှိကြောင်း အမည်ခံဆောင်းပါးများ ရေးသားစေလျက် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြလေ့ရှိသည်။ ထို့အပြင် ပြန်လည်ပြင်ဆင်ခွင့်ရသည့် ဗလီအချို့အား ပြန်လည် ပြင်ဆင်သည့် ခုနှစ်ကို နဖူးစီးတွင် တပ်စေလျက် ဓာတ်ပုံရိုက်ကာ အသစ်တည်ဆောက်ခွင့် ရသကဲ့သို့ ပုံမှားရိုက်လျက် နိုင်ငံတကာသို့ ဖော်ပြလေ့ရှိသည်။

http://www.myanmarmuslim.net/news.php?extend.755
မှကူးယူဖော်ပြပါသည်။

Thursday, July 26, 2012

ဘင်္ဂလီအရေး အမေရိကန် စိုးရိမ်

 အမေရိကန် သမ္မတ အိုဘားမား နှင့် လွှတ်တော် အမတ်များက မြန်မာပြည်ရှိ ရိုဟင်ဂျာ လူနည်းစုများနှင့် ပတ်သက်ပြီး စိုးရိမ် ပူပန် ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ဒုက္ခသည်များအဖြစ် အသိအမှတ် ပြု လက်ခံရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိုက်တွန်းကြောင်း၊ ၎င်းတို့ကို အကာအကွယ် ပေးရန် လိုအပ်ကြောင်း၊ ဘ၀လုံခြုံရေးကို ခြိမ်း ခြောက်ခံနေရသော ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံ ဘက်သို့ ယင်းရိုဟင်ဂျာများကို ပြန်လည်နှင်လွှတ် နေခြင်းသည် စိတ်ပျက်ဖွယ် ရာပင် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ Tom Lantos လူ့အခွင့်အရေး ကော်မရှင် ကြားနာပွဲ၌ အမေရိကန် လွှတ်တော် အမတ် များက Barma987   အမေရိကန် သမ္မတ အိုဘားမား နှင့် လွှတ်တော် အမတ်များက မြန်မာပြည်ရှိ ရိုဟင်ဂျာ လူနည်းစုများနှင့် ပတ်သက်ပြီး စိုးရိမ် ပူပန် ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။  

ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး

 

“ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။
ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။””
အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇) တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ် တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်အသင်း အမှုဆောင် မဂ္ဂဇင်းအယ်ဒီတာနေရာ အတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။
ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင် နေထိုင်ကာ တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေမိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်တာဝန်ပေးခန့်အပ်ခဲ့သည်။
ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာ တာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။
ဦးဖေခင် အဆိုတင်သွင်းရာတွင် ဆာဒေါ်မာန်စမစ်၏ ဆင်းမလားစက္ကူဖြူ စာတမ်းသည် တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဆက်လက်ခြယ်လှယ်ဖို့ ၄င်းတို့၏ အလိုတော်ရိ ပဒေသရာဇ်တို့ ရာသက်ပန်တည်မြဲစေဖို့အတွက် နယ်ချဲ့၏ မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တွေက နှစ်ပေါင်း(၇၀)နီးပါး အုပ်စိုးခဲ့ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးဟုဆိုလျှင် နောင်နှစ်ပေါင်း (၁၀၀)ကြာသည်အထိ စောင့်ရဦးမည်လားဟု မေးလိုကြောင်း၊ မိမိတို့သည် ကျွန်ဘ၀ကို အတူတူရောက်ခဲ့သည့်အတွက် လွတ်လပ်သည့်အခါတွင်လည်း အတူတူပင် တစ်ပြိုင်တည်း လွတ်လပ်ချင်ကြောင်း၊ ပြည်မနှင့် တောင်တန်းဒေသပူးပေါင်းရေးသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ဆုံးဖြတ်ရန်ကိစ္စ မဟုတ်ဘဲ၊ မိမိတို့အချင်းချင်း လွတ်လွတ်လပ်လပ် ကူးလူးဆက်ဆံ ညှိနှိုင်းဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ရှမ်းပြည်လူထုကြီးကလည်း ပဒေသရာဇ်စော်ဘွားတွေ၏ ဖိနှိပ်ချုပ်ချယ်မှုများအား ဆက်လက် သည်းမခံနိုင်တော့ကြောင်း ပြောကြား သွားခဲ့သည်။
ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန်မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေးရယူရာတွင် တောင်တန်းနှင့်ပြည်မပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးနေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦးအမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ်ကြောင်း ” ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ်အခြေအနေပင်။
ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။
အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇)တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံတက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံးလက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည်ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့်တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန်မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာစေခဲ့သည့် “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေးအတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက) ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။
နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။
( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )
————————————————————————————-
ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်သည့် လူထုခေါင်းဆောင်နောက်တစ်ဦးအဖြစ် တင်ပြလိုသူမှာ ဦးရာရှစ် ဖြစ်ပါသည်။ ဦးရာရှစ်သည်လည်း ဗိုလ်ချုပ် (ထိုစဉ်ကသခင်အောင်ဆန်း)၊ သခင်နုတို့နှင့်ကျောင်းနေဖက်တစ်ဦးဖြစ်သည်။ ဗမာ့အမျိုးသားရေးလှုပ်ရှားမှုတွင် ကနဦးအစကတည်းက ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ။ သခင်အောင်ဆန်း အယ်ဒီတာအဖြစ် ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် “ ငရဲခွေးကြီး လွတ်နေပြီ ” အမည်ရှိ ဆောင်းပါးဖော်ပြခဲ့မှုအတွက် သခင်အောင်ဆန်း ဖမ်းဆီးခံထားရချိန်တွင် သခင်နု နှင့်အတူ တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သားသပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ တကသ ကိုယ်စားလှယ် ကောင်စီလူကြီး အဖြစ် ပထမဆုံး တာဝန်ယူလုပ်ဆောင်ခဲ့သည်။

ဗိုလ်အောင်ကျော်ကျဆုံးသည့်အမှုတွင် ကျောင်းသားများဘက်မှ ရှေ့နေ လိုက်ခဲ့သူလည်း ဖြစ်သည်။ ဝတ်လုံတော်ရရှေ့နေ တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန်ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ၌ ရှိနေစဉ် သခင်သိန်းဖေ ( စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့် ) နှင့် အခြားမြေအောက်နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည်တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့သည်။ ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က ဦးရာရှစ်ကို ဆက်သွယ်၍ “ဗမာပြည်ပြန်လာပါ။ ခင်ဗျားအကူအညီ ကျုပ်တို့လိုတယ် ” ဟုဆိုကာ တိုင်းပြည် တည်ထောင်ရေးအတွက် ပြန်လည်ခေါ်ယူခဲ့သည်။ လေဆိပ်သို့ပင် ဗိုလ်ချုပ်ကိုယ်တိုင် ကြိုဆိုခဲ့သည်။
ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင်လည်းကောင်း အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။
နိုင်ငံတော်အစိုးရအဖွဲ့များတွင် ပြည်သူ့အိုးအိမ်၊ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး(၁၉၅၂)၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာနဝန်ကြီး (၁၉၅၆ – ၅၈)၊ အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စက်မှု၊သတ္တုနှင့်အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသားလူငယ်ကောင်စီ များတွင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့ အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။
၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ တွင်လည်းကောင်း တာဝန် ထမ်းရွက်ခဲ့သည်။ ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေးသမဂ္ဂကောင်စီ ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်းအ၀ိုင်းကအပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။
ဦးနုက (အတိုက်အခံများနှင့်ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ်တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ်စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန် ထမ်းဆောင်သွားခဲ့သည်။


ဤနေရာတွင် ဦးရာရှစ်နှင့် ပတ်သက်သော တိမ်မြုပ်နေသည့် ဖြစ်ရပ်တစ်ခုကို ပြန်လည်မျှဝေ လိုပါသည်။ သမိုင်းကို မှတ်တမ်းတင်ရာတွင် အထောက်အထား၊ အတိအကျကိုးကားဖော်ပြနိုင်ခြင်း မရှိသည့်အချက်သည် မော်ကွန်းတင်ထိုက်စရာ၊ မှတ်ကျောက်တင်ခံနိုင်စရာ အထောက်အထားမဟုတ် နိုင်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် မိမိဖတ်မှတ်ကြားသိထားသည့်အချက်ကို မဖော်ထုတ်ဘဲ ထိန်ချန်ခြင်းသည်လည်း သမိုင်းကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု ခံယူမိသည့်အတွက် ဤအချက်ကို ရေးသားဖော်ထုတ်ပါမည်။ ၁၉၈၀ ပြည့်လွန်နှစ်များက သခင် အောင်ကြီး(ပေါင်းတည်) ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားခဲ့သော “ ကျွန်တော်အညာသားပါခင်ဗျား” ဆောင်းပါး ရှည်တစ်နေရာတွင် ဤဖြစ်ရပ်ကို ဖော်ပြခဲ့ဖူးပါသည်။
သိမီသူများ ဖြည့်စွက်ဆွေးနွေးအတည်ပြုစေလိုပါသည်။
ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရတိုင်းပြည်အုပ်ချုပ်စဉ်ကာလက ဖြစ်ပါသည်။ တစ်တိုင်း ပြည်လုံး ရောင်စုံသူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက်နယ်ပယ်ကျဉ်းမြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော် တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိပါသည်။ ။ ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးပါသည်။ ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့်ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှစစ်လက်နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ဝှက်စစ်ဆင်ရေး၏ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။
————————————————————————————-
ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်ခဲ့သော အမျိုးသားခေါင်းဆောင်နောက်တစ်ဦးမှာ ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးသွားသော မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်ဖြစ်ပါသည်။
(ဆရာကြီး၏ အတ္ထုပ္ပတိ္တအကျဉ်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
http://news.mmsy.info/news/1388
ဆရာကြီးသည် ဗိုလ်ချုပ်တို့ထက် နှစ်နှစ်ဆယ်နီးပါး အသက်ကြီးသည်။ ထို့ကြောင့် မြန်မာ့အရေးလှုပ်ရှားခဲ့ရာတွင်လည်း ဗိုလ်ချုပ်တို့ထက်စောသည်။ အမျိုးသားကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာလည်း မန်္တလေးမြို့တွင်ဖြစ်သဖြင့် ဗိုလ်ချုပ်နှင့် အနီးကပ်လက်တွဲ မလုပ်ကိုင်ခဲ့ရပါ။
ဂျပန်ခေတ် ဂျပန်ကိုတော်လှန်ရန် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး (ဖတပလ)ဖွဲ့စည်းစဉ်က မန္တလေးမြို့တွင် (ရက်စက်ကြမ်းကြုတ်လှသော ဖက်ဆစ်ဂျပန်၏ အန္တရာယ်ကို ကြောက်၍) မည်သူမျှ ဥက္ကဋ္ဌအဖြစ် တာဝန်မယူဝံဖြစ်နေစဉ်တွင် ဆရာကြီးက ရဲရဲဝံ့ဝံ့ခေါင်းခံကာ မန္တလေးခရိုင်ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ နောင်ဂျပန်ကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ပြီးနောက် ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး(ဖဆပလ) ပြန်လည်ဖွဲ့စည်းချိန်တွင် အများစုက ဆရာကြီးအား ဥက္ကဋ္ဌအဖြစ် ပြန်လည်အဆိုပြုကြချိန်တွင်မူ ပုဂ်္ဂိုလ်အချို့က မြန်မာမင်းနောက်ဆုံးစံခဲ့ရာမင်းနေပြည်တော် မန္တလေးမြို့မှာ ကပြားသွေးနှောတစ်ဦးက ဥက္ကဋ္ဌဖြစ်ထိုက်ပါ့မလားဟု ကန့်ကွက်ကြရာ ရဟန်းတော်များ ကပင် “တခြားဘယ်သူမှ တာဝန်မယူရဲတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့တာဝန်ခံခဲ့တဲ့ ဒကာကြီး ရာဇတ်ပင် ဥက္ကဋ္ဌဖြစ်ထိုက်ကြောင်း” ပြတ်သားစွာထောက်ခံခြင်းကြောင့် မန္တလေးခရိုင်ဖဆပလဥက္ကဋ္ဌတာဝန်ယူခဲ့သည်။
၁၉၄၇ ခုနှစ် မတ်လတွင်မန္တလေးမြို့မှ ကျော်ကြားထင်ရှားပြီး မျိုးချစ်စိတ်ဓာတ်ရင့်သန်သည့် ကျောင်းထိုင်ဆရာတော်ကြီးများ ဦးဆောင်ကာ လက်မှတ်ရေးထိုးကြပြီး ဖဆပလအစိုးရအဖွဲ့တွင် ဆရာကြီးဦးရာဇတ်အား ၀န်ကြီးတစ်နေရာခန့်အပ်ပေးရန် ဗိုလ်ချုပ်အောင်ဆန်းထံသို့ တောင်းဆိုခဲ့ရာ ယင်းစာကို လက်ခံရရှိပြီးသည့်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပသည့် ဖဆပလ အစည်းအဝေးမှာပင် ဆရာကြီးအား ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ဖဆပလ၀န်ကြီးအဖြစ် ဗိုလ်ချုပ်တို့နှင့်အတူ အနီးကပ်လက်တွဲလုပ်ဆောင်စဉ်အတွင်း ဗိုလ်ချုပ်သည် ဆရာကြီး၏ ခံယူချက်သဘောထား၊ မျိုးချစ်စိတ်နှင့် စွမ်းရည်တို့ကို လက်တွေ့ပိုမိုသိမြင်လာခဲ့ရာ မကြာမီပင် “အမျိုးသားစီမံကိန်း ” ၀န်ကြီးအဖြစ်ပါ ပူးတွဲခန့်ထား ယုံကြည်စွာတာဝန်ပေးခဲ့ပါသည်။
“အမျိုးသားစီမံကိန်းဆိုတာ အင်မတန်ကျယ်ဝန်းတယ်။ အရေးလည်းကြီးတယ်။ တိုင်းပြည်တစ်ခုလုံးရဲ့ တိုးတက်ရေးကို ရှေးရှုပြီး ကြီးပွားရေး၊ စီမံရေး၊ လူမှုရေး အကုန်လုံး ခြုံပြီး အုတ်မြစ်ချတဲ့ ဌာနကြီးတစ်ခု ဖြစ်တယ်။ ဒီဌာနမှ ကိုင်ရတာ ဆရာကြီးအဖို့ တာဝန်လည်းကြီး အပင်ပန်းလည်းအခံရဆုံးပဲ။ သူမပြောနဲ့ဗျာ ဒီဌာနကြောင့် ကျွန်တော်တောင် ထမင်းလွတ်၊ ဟင်းလွတ် ရုံးတက်ရတဲ့အခါလည်းရှိ၊ ည(၉)နာရီ (၁၀)နာရီမှ ရုံးဆင်းရတဲ့ အခါတွေလည်းရှိပုံတွေ စာရေးရင် မျက်လုံးထဲပေါ်နေတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဆရာကြီးအပေါ် ဘယ်လောက်အထင်ကြီးခဲ့တယ်၊ ဘယ်လောက်ယုံကြည်ကိုးစားခဲ့တယ်ဆိုတာ ဒီအမျိုးသားစီမံကိန်းဌာနကို လွှဲအပ် အကိုင်ခိုင်းတာသာ ကြည့်ပေတော့။ ဒါကြောင့် ဆရာကြီး ဦးရာဇတ် သည် ပညာရေးဝန်ကြီးဖြစ်တဲ့အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဖြစ်ကြောင်းကို ကြေညာမောင်းခတ်ပေးပါဗျာ ”
(ဆရာကြီး ဦးရာဇတ် ၏ အတွင်းရေးအတွင်းဝန် အမျိုးသားကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးချစ်ဆွေ ၏ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် ဆောင်းပါး၊ ဗဟိုစည်သတင်းစာ ၊ ၁၉ ဇူလိုင်၊ ၁၉၆၄ မှ)
————————————————————————————-
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တိုင်းပြည်အရေးအတွက် ယုံကြည်စွာ ရွေးချယ်ခဲ့သော အထက်ပါ လူထုခေါင်းဆောင်များသည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။ ဗိုလ်ချုပ်အနေနှင့် ထိုခေါင်းဆောင်ကြီးများနှင့် အတူတကွလက်တွဲကာ တိုင်းပြည်ထူထောင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေစဉ်ကာလတစ်လျှောက် သူတို့၏ တိုင်းပြည်အပေါ်ထားသည့် မျိုးချစ်စိတ်ကို ပိုမိုနားလည်လာမိသည်။ ရံဖန်ရံခါ ဘာသာရေးနှင့်ပတ်သက်၍ပင် မိမိသိလိုသည်ကို မေးမြန်းဆွေးနွေးလေ့ရှိခဲ့သည်။
ထို့ကြောင့် ရွေးချယ်ပိုင်ခွင့်မရှိသော မွေးရာပါအနေအထားအရ “သွေးနှော” ဖြစ်ကောင်းဖြစ်နေကြသော်လည်း မိမိတို့ရွေးချယ်ပိုင်ခွင့်ရှိသော ကိုယ်ကျိုးစီးပွားနှင့် အများအကျိုးတိုင်းပြည်အကျိုးတွင်မူ အများအကျိုးကိုရွေးချယ်ကြသည့် မြန်မာမွတ်စလင်မ်များ၏ အခန်းကဏ္ဍကို သတိပြုမိလာသည်။ မြန်မာမွတ်စလင်မ်တို့ကလည်း မိမိတို့သာသနာ၏ အဆုံးအမဖြစ်သော ““ဇာတိ မြေကို ချစ်မြတ်နိုးခြင်းသည် သာသနာ့ယုံကြည်မှု၏ အစိတ်အပိုင်းဖြစ်သည် ” “ သင်တို့ထဲမှ အကောင်းဆုံးသူသည် ဝေနေယျတို့အကျိုး သယ်ပိုးသူများဖြစ်သည် ” အစရှိသည့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဆုံးမသြ၀ါဒများကို ဖ၀ါးခြေထပ်လိုက်နာလျက် တိုင်းပြည်ရေးအတွက် ကဏ္ဍအသီးသီးမှ တက်ကြွစွာ တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။ ယင်းအချက်ကို ကောင်းစွာ သိနားလည်ခဲ့သော ဗိုလ်ချုပ်၏ လူမျိုးရေးရာသဘောထားအမြင်ကို ရွှေတိဂုံစေတီ အလယ်ပစ္စယံ ဖစပလ ညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သော အောက်ပါ မိန်.ခွန်းက ထင်ဟပ်ပေါ်လွင်နေပါလိမ့်မည်။
“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနု ရက္ခိတ တရားသည် တည်နေပေသည်။”
ဒီးဒုတ်သတင်းစာ ဧက ဒသမတွဲ နံပါတ် ၄၁ ဇူလိုင်လ ၂၇ ရက်၊ ၁၉၃၅၊ စာမျက်နှာ ၅၊ ၆ တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားစိတ်ဓာတ်နှင့် ပတ်သက်၍ “သွေးတူခြင်းထက် စိတ်ကူးတူခြင်း ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက် ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားစိတ်ကို ပိုမိုဖန်တီးလေသည်။” ဟု ရေးသားခဲ့ပါသည်။
ထို့အတွက်ကြောင့်ပင်လျှင် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေးပွဲကြီး၌ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ် ဦးဘချိုမှ အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆိုတင်သွင်းရာတွင်
“ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
(အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
http://news.mmsy.info/news/1577
အိနိ္ဒယနိုင်ငံသို့ ဆရာကြီးဦးရာဇတ် မြန်မာ့ကိုယ်စားလှယ်ပညာရေး ၀န်ကြီးအဖြစ် သွားရောက်စဉ် အိနိ္ဒယနိုင်ငံမှ “ မြန်မာနိုင်ငံတွင် အစ်္စလာမ်ဘာသာဝင်လူနည်းစု အခန်း ကဏ္ဍဘယ်လိုရှိပါသလဲ ” ဟု မေးမြန်းသည်ကို ဆရာကြီးက “We don’t regard ourselves as minority; we merge with the majority… ကျွန်တော်တို့ကိုယ့်ကိုယ်ကို လူနည်းစုလို့ သဘောမထား လူများစုနဲ့ ပေါင်းလိုက်တယ် …” ဟု ပြန်ဖြေခဲ့ခြင်းသည် ဗမာမွတ်စလင်မ်တို့၏ ရပ်တည်မှုပင်ဖြစ်ပါသည်။
တိုင်းပြည်အပေါ် သစ္စာစောင့်သိသောအခြားဘာသာဝင် လူနည်းစုများအပေါ်တွင် ထားရှိသည့် ဗိုလ်ချုပ်၏ သာတူညီမျှ အခွင့်အရေးပေးလိုမှုကို ဖော်ညွှန်းသည့် အခြားမိန့်ခွန်းတစ်ခု ကိုလည်း ဖော်ပြလိုပါသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ဖဆပလပဏာမပြင်ဆင်မှုညီလာခံကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ်္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန်သင့်ကြောင်း အဆိုတင်သွင်းသည်။ ဤအဆိုနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါအတိုင်း ချေပပြောဆိုခဲ့ပါသည်။
“… သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ်မဟတ်ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေရှိတယ်။ အစတုန်းက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တစ်တွေဟာအားလုံးနိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။ ယခု ကျွန်တွင်းကလွတ်မည်မကြံသေးဘူး သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမည်လို့လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်၊ … ယခုအချိန်မှာလိုချင်တာက ပြည်ထောင်စုထဲမှာရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့်လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေးစိတ်ဓာတ် တစ်ခုတည်းရှိအောင်သွင်းပြီး စည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာဘာသာ ဆရာကြေညာ၊ ကျွန်တော် မပါဘူး။”
( ပြည်ထောင်စုမြန်မာနိုင်ငံတော် (ပါလီမန်)တတိယပြည်သူလွှတ်တော်ညီလာခံမှတ်တမ်း၊ စာတွဲ ၅၊ အစည်းအဝေးအမှတ်-၃၊ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်၊၁၉၆၂၊ စာ ၃၇၀- ၃၇၁ ။)
(မှတ်ချက်။ ။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်၏ သာတူညီမျှစိတ်ဓာတ်ကို ဖော်ညွှန်းလို ခြင်းသာဖြစ်ပြီး နိုင်ငံတော်ဘာသာပြဋ္ဌာန်းခြင်း ကောင်း၏ဆိုး၏သုံးသပ်ချက် မဟုတ်သည့်အတွက် ထိုအကြောင်းအရာကို မဆွေးနွေးလိုပါ။ )
ကြာခဲ့ပါပြီ …ဗုဒ္ဓဘာသာဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုတို့၏သွေးများ၊ အစ္စလာမ်ဘာသာဝင်ဆရာကြီး ဦးရာဇတ်၊ ခရစ်ယာန်ဘာသာဝင် မန်းဘခိုင်တို့၏ သွေးများ စုစည်း၍ သွေးချောင်းစီးခဲ့ရသည်ပင်လျှင် နှစ်ပေါင်း (၆၀)ကျော်ခဲ့ပါပြီ။ ခေတ်စနစ်အလီလီလည်း ပြောင်းခဲ့ရပြီးပါပြီ …။
ထင်သာမြင်သာရှိလှသော နိုင်ငံရေးအပြောင်းအလဲများစွာဖြင့် အမျိုးသားရင်ကြားစေ့ရေး သာတူညီမျှလူ့အခွင့်အရေးအများအတွက် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီခေတ်သစ်ကာလတွင် …
ဗိုလ်ချုပ်တို့ ပေးချင်ခဲ့သည့် သာတူညီမျှအခွင့်အရေး၏ အငွေ့အသက်မျှဖြစ်ဖြစ်တော့ ခံစားလိုပါသည်။ အနည်းဆုံးအဆင့် ဒီမြေမှာမွေး၊ ဒီမြေမှာပင်ကြီးကာ ဒီမြေတွင်ပင်သေကြရမည့် ကျွန်တော်တို့အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေ၇န်အထူးလိုအပ်ချက်တစ်ခုဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်များ ယခုထက်လွယ်ကူစွာ ချပေးခံကြရလိုပါသည်။ နိုင်ငံသားမဖြစ်ထိုက်သူများ နိုင်ငံသားကတ်ထုတ်မပေးမိစေရန် စစ်ဆေးရမည်မှာ အမှန်ပါ။ သို့သော် ဘိုးဘေးဘီဘင် ဒီမြေမှာ နေလာကြသူတို့အဖို့မူ “ယခင်က ရှိခဲ့သော၊ ယခုရှိမရှိ မသေချာလှသေးသော” မလိုအပ်သည့် ကြန့်ကြာမှု၊အခက်အခဲများ၊ လျော့နည်းသွားစေလိုလှပါသည်။ ဘိုးဘေးအဆက်ဆက် နှစ်ပေါင်းရာကျော်အတွင်း နိုင်ငံခြားသွေးနှောမှု တိုက်ရိုက်မည်သို့မျှ ရှာမတွေ့နိုင်သည့် သူများအားလည်း မိဘဘိုးဘွားအားလုံး၏ မှတ်ပုံတင်တွင် လူမျိုးဗမာ ကိုးကွယ်ရာဘာသာအစ္စလာမ်အဖြစ် ဖော်ပြခံခဲ့ကြရာမှ မိမိတို့လက်ထက်ရောက်ကာမှ အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်မိသည့်အတွက် နိုင်ငံသား စိစစ်ရေးကတ်တွင် အိနိ္ဒယ သို့မဟုတ် ပါကစ္စတန်လူမျိုး၊ သွေးနှောအဖြစ် ဇွတ်အဓမ္မအထည့်ခံရသည့်ဝဋ်ဒုက္ခမှလည်း ကင်းဝေးလိုပါသည်။ (ဤအကြောင်းကိုယ်တွေ့ကြုံခဲ့ရသည်ကိုလည်း သီးခြားထပ်မံ၍ မျှဝေပါဦးမည်။)
ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား၊ မြန်မာမွတ်စလင်များအနေနှင့် လည်း ရှေးအထက်ထက်က မိမိတို့ဘိုးဘေးများ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သည့်နည်းတူ တာဝန်ကျေရန် ကြိုးပမ်းကြရပါဦးမည်။ သူတို့ကိုပေးခဲ့သော အခွင့်အရေးမျိုး ကျွန်တော်တို့ လက်ထက်တွင် ခံစားလိုပါက သူတို့ကဲ့သို့ စိတ်မျိုးထားကာ ကိုယ်ကျရာကဏ္ဍမှာ အကောင်းဆုံး တာဝန်ကျေပွန်ကြရပါမည်။ ကျွန်တော်တို့အမြဲနှလုံးသွင်း၊ ဆင်ခြင်အပ်သည့် တမန်တော်မြတ်၏ သြ၀ါဒတစ်ခုဖြစ်သည့် “အထက်လက်သည် အောက်လက်ထက်မြတ်သည် ” ဆိုသည့် သြ၀ါဒကို မျှဝေလိုပါသည်။ စာလုံးနည်းနည်းနှင့် အဓိပ္ပါယ်အလွန်လေးနက်လှသည့် သွန်သင်ချက်ဖြစ်ပါသည်။ ကိုယ့်ဘက်က ရယူသူသက်သက်မဟုတ်ဘဲ၊ ပေးဆပ်သူ၊ မွတ်စလင်မ်ဟူသော ဂုဏ်ပုဒ်နှင့်အညီ ငြိမ်းချမ်းရေးကို လက်တွေ့ဖော်ကြူးသူ၊ မုဟ်စင်န် ခေါ် လောကကို အလှဆင်သူများ အမှန်တကယ် ဖြစ်လာစေရန် ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။
ပတ်ဝန်းကျင်တွင်လူပိုများမဖြစ်စေရန် ကြိုးစားကြရပါမည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးအတွက် အများနှင့်သဟဇာတဖြစ်ကာ စံပြလက်တွဲ၍ ဦးဆောင်ကြရပါမည်။ အစ္စလာမ့်အဆုံးအမနှင့် လားလားမျှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော တိုင်းတပါး အိမ်နီးချင်းနိုင်ငံမှ လူမျိုးရေး ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများအား ပုံတူကူးချ ကျင့်သုံးခြင်းသည်လည်း မိမိတို့ကို နားလည်မှု ပိုမိုလွဲမှားစေရာဘက်သို့ ဦးတည်နိုင်ကြောင်းကိုလည်း သတိပြုသင့်ပါသည်။ အစ္စလာမ့်အဆုံးအမအရ မိမိကြမ္မာကို မိမိသာလျှင် ဖန်တီးရမည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုပါသည်။
“မုချဧကန် လူ့အစုအဝေးတစ်ရပ်သည် မိမိကိုယ်မိမိ မပြုပြင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာအရှင်မြတ်ကလည်း ပြုပြင်ပြောင်းလဲပေးမည်မဟုတ်” (ကျမ်းမြတ်ကုရ်အာန်၊ ၁၃း၁၁)
အချို့ကလည်း ဆိုကြပါသည်။ တို့ဘိုးဘေးများလက်ထက်ကလည်း ဤအရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ကြိုးပမ်းခဲ့သမျှလည်း သဲထဲရေသွန်ဖြစ်ခဲ့ရပြီး ဒုံရင်းဒုံရင်းပင်ဖြစ်သည့်အတွက် ကြိုးပမ်းလိုစိတ်မရှိတော့ပါ။ ရှိသလိုပင် လက်ခံလိုက်ကာ ခပ်ဝေးဝေးနေကြရုံပေါ့ဟု ပြောကြပါသည်။ ဖတ်မှတ်ခဲ့ဖူးသော အသုံးအနှုန်းလေးကိုပင် ပြန်လည်ဝေမျှလိုပါသည်။ ကျွန်တော်တို့သည်လည်း “ချောတိုင်တက်” နေကြခြင်းပင်ဖြစ်ပါသည်။ ပန်းတိုင်ရောက်လုနီးပါးဖြစ်ပြီးမှ ပြုတ်ကျခဲ့ရဖူးသော်လည်း အကြိမ်ကြိမ် မဆုတ်မနစ်ကြိုးပမ်းက တစ်ချိန်ချိန်တွင်တော့ အရောက်လှမ်းနိုင်ပါလိမ့်မည်။ သေချာသည်ကတော့ ကျွန်တော်တို့အားလုံးယခုထက်ပိုကြိုးစားကြရပါဦးမည်။
စီစဉ်တင်ပြသူ …ကိုကျော်မိုးအောင်http://news.mmsy.info/news/1583
မှကူးယူဖော်ပြပါသည်။

ရခိုင်အဓိကရုန်း လွတ်မြောက်လာသူအချို့ ပြောတဲ့ ရင်နင့်ဖွယ် အတွေ့အကြုံ

 
မောင်စီမံ (မဟာသိပ္ပံ)
"အဖေ့ကို ကျမ အရှေ့မှာတင် မြန်မာစစ်တပ်က ပစ်သတ်လိုက်တယ်။ ကျမတို့ ရွာတစ်ခုလုံး ဖျက်ဆီးခံ လိုက်ရတယ်။
ကျမတို့ အသက်လု ထွက်ပြေးခဲ့ကြရတယ်။ အမေ့ အခြေအနေ ဘယ်လိုဘယ်ဝါ အခုထိ လုံးဝ မသိရသေးဘူး။"
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် တက္ကနဖ်မြို့အနီးက တံငါရွာကလေးဆီ ထွက်ပြေးလွတ်မြောက်လာတဲ့
အသက်-၃၀ အရွယ် "မဇိုဟာရာခါတွန်"က မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်က သူ့ရဲ့ ကြေကွယ်စရာ
ကောင်းလှတဲ့ ကြောက်မက်ဖွယ် အတွေ့အကြုံဆိုးကို ဆို့နင့်စွာနဲ့ ငိုကြွေးရင်းက ပြန်လည်ပြောပြနေခြင်းပါ။ .....

"ကျမတို့ မြစ်ထဲမှာ ၆-ရက်ကြာ မျောပါနေခဲ့တယ်။ ကလေးတွေကိုလည်း ဘာမှ မကျွေးမွေးနိုင်ခဲ့ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လုံးပမ်းရောက်လာပြန်တော့လည်း သူ့တို့က ကျမတို့ကို အဝင်မခံဘူး။ ကျမတို့ ဘယ်သွားရမလဲ မသိပါဘူး။"လို့ သူမက ဆက်လက် ပြောပြပါတယ်။
တရားဝင်စာရင်းများအရ လူပေါင်း ၈၀-ကျော် သေဆုံးပြီး အိုးအိမ် ထောင်ပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ သိထားရပေမဲ့ ဂျာနယ်လစ်များ သွားရောက်လေ့လာခွင့် မရတဲ့အတွက် ဥပဒေဘောင်မဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနဲ့ အဓ္ဓမပြုကျင့်ခြင်းများကို အတိအကျ မသိရှိနိုင်ပါ။ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ပြောကြားရာမှာ အာဏာပိုင်များက မွတ်စလင်အမြောက်အများကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်ဦးရေ ၈-သိန်းခန့်ရှိမယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းပါတယ်။ ဇွန်လ အဓိကရုန်း စတင်ဖြစ်ပွါးကတည်းက ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာဟာ နှစ်နိုင်ငံခြားက နဖ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်တလျောက် ခက်ခဲကြမ်းတမ်းစွာ ခရီးနှင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အမိန့်အရ နယ်ခြားစောင့်အာဏာပိုင်များက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁၅၀၀ လောက်ကို ပြန်မောင်းထုတ်ခဲ့ပါတယ်။
"မဇိုဟာရာခါတွန်"ကဲ့သို့ အချို့ကတော့ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သော်လည်း အာဏာပိုင်များ တွေ့ရှိသွားရင် ပြန်မောင်းထုတ်မှာကို စိုးရိမ်ပြီး ဘင်္ဂလားဒေ့ရှ်ရွာသားတွေကြားမှာ ပုန်းအောင်းနေရပါတယ်။
"ကျမ ယောကျားအသတ်ခံလိုက်ရတယ်။ မြန်မာရဲတွေက မွတ်စလင်တွေကိုပဲ ပစ်သတ်တာ။ ရခိုင်ဗုဒ္ဓဘာသာတွေကို မပစ်ဘူး။ စစ်တပ်ကလည်း ဘာမှဝင်မထိန်းဘဲ ဒီအတိုင်း ထိုင်ကြည့်နေတာ။"လို့ "ဆာရေဒါ ဘေဂမ်"လို့ခေါ်တဲ့ နောက်တစ်ဦး မွတ်စလင်အမျိုးသမီးက ပြန်ပြောပြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း-၃၀ အတွင်း ရိုဟင်ဂျာမွတ်စလင်များစွာဟာ မြန်မာအာဏာပိုင်တွေနဲ့ ဒေသခံ ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ ဖိနှိပ်ခြင်းက လွတ်မြောက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ပါတယ်။ ဒီတစ်ကြိမ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံဖို့မတတ်စွမ်းနိုင်ဘူးဆိုပြီး ပြန်မောင်းထုတ်တာကို နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ အခြေစိုက် ကုလသမဂ္ဂအဖွဲ့ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အထက်တန်းအရာရှိ "ဒါက် ဟီဘက်ကာ" က "ဒါ မလွယ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါ့ကြောင့် ဒုက္ခသည်တွေကို ခေတ္တခဏ ကာကွယ်ပေးဖို့ရာ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျနော်တို့ တောင်းဆိုတာပါ။" လို့ တင်ပြပါတယ်။
မကြာခင်က သမ္မတဦးသိန်းစိန်က "ရိုဟင်ဂျာမွတ်စလင်တွေကို တတိယနိုင်ငံများသို့ ပို့ဆောင်ဖို့" သို့မဟုတ် "ကုလသမဂ္ဂအဖွဲ့က ဒုက္ခသည်စခန်းတွေဖွင့်ပြီး တာဝန်ယူဖို့" တောင်းဆို ပြောကြားလိုက်တာကို ကုလသမဂ္ဂအဖွဲ့က ပယ်ချခဲ့ပါတယ်။
ကော့ဇ်ဘဇားမြို့အနီး ဒုက္ခသည်စခန်းတစ်ခုက ရိုဟင်ဂျာမွတ်စလင်တွေ အကြီးအကဲတစ်ဦးဖြစ်သူ "အာမက် ဟူစိန်"က "သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို စိတ်ပူမိတယ်။ ကျနော်တို့က မြန်မာပြည်ကပါ။ ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ ပြန်ချင်ပါတယ်။ ဒီလို ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာ အလွန်ခက်ခဲပါတယ်။ ကျနော်တို့ လုံခြုံမှုရှိမယ်၊ အခွင့်အရေးရှိမယ်ဆိုရင် မြန်မာပြည်ကိုပဲ ပြန်ချင်ပါတယ်"လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း မြန်မာအစိုးရကို ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူလက်ခံဖို့ တိုက်တွန်းကြိုးပမ်းနေသော်လည်း အရာမရောက်ခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အဆိုအရ သူတို့နိုင်ငံတွင်းမှာ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည် ၄-သိန်းခန့် ရှိတယ်လို့ သိရပါတယ်။
ကိုးကား
Rohingyas recount terror of Burma clashes
By Anbarasan Ethirajan
BBC News, Teknaf, near Bangladesh-Burma border
22 July 2012
http://www.bbc.co.uk/news/world-asia-18933908http://www.myanmarmuslim.net/news.php?extend.753
မှကူးယူဖော်ပြပါသည်။

မွတ်စလင်မ်ကျောင်းသားများ စစ်တွေတက္ကသိုလ်သို့ ပြန်တက်ခွင့် အဓမ္မ ပိတ်ပင်ခံနေရ

၂၅.၇.၂၀၁၂

စစ်တွေတက္ကသိုလ်ပြန်လည်ဖွင့်လှစ်သည်မှာ တစ်ပတ်ကျော်ခန့် ကြာပြီဖြစ်သော်လည်း မွတ်စလင်မ် ကျောင်းသား
များ ကျောင်းပြန်တက်ခွင့် အဓမ္မ ပိတ်ပင်ခံထားရသဖြင့် ၀မ်းနည်းပူဆွေးနေရကြောင်း ဒါးပိုင် ဒုက္ခသည်စခန်းမှ
ကျောင်းသားများက ပြောကြားသည်။

“သူများတွေ ကျောင်းတက်နေရချိန် ကျွန်တော်တို့က တက်ခွင့်မရဘူး။ အရမ်းဝမ်းနည်းမိတယ်။ အဖက်ဖက်က
ဖိနှိပ်ခံနေရတာပါ။ အစာရေစာလည်း အလုံအလောက်မရဘူး” ဟု ဒါးပိုင်ဒုက္ခသည်စခန်းမှ တက္ကသိုလ်
ကျောင်းသားတစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။

ဒါးပိုင်းဒုက္ခသည်စခန်းတွင် မွတ်စလင်မ် ....

တက္ကသိုလ်ကျောင်းသား ၄၀၊ သဲချောင်းတွင် ၁၅ ဦး၊ သက်ကယ်ပြင် တွင် ၅၀ စသည်ဖြင့် ဒုက္ခသည်စခန်းရောက် မွတ်စလင်မ် ကျောင်းသားရာကျော်သည် စစ်တွေတက္ကသိုလ်သို့ ပြန်လည်တက်ရောက်ခွင့် မရကြောင်း သိရသည်။

ထိုကဲ့သို့ မွတ်စလင်မ်ကျောင်းသားများအား ကျောင်းတက်ခွင့်ပိတ်သည့်သတင်းကို စစ်တွေတက္ကသိုလ် ပြန်လည် ဖွင့်လှစ်ကာနီးအချိန်ကတည်းက အာဏာပိုင်အချို့က လာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ပြည်နယ်ရဲ့ စီးပွားရေးဝန်ကြီး ဦးမြင့်အောင်က ဒီလိုပြဿနာတွေထပ်ဖြစ်ရင် ဘယ်သူက တာဝန်ယူမှာလဲ။ ဒါကြောင့် ခင်ဗျားတို့ လူတွေ ကျောင်းမတက်ပါနဲ့လို့ ပြောတယ်”ဟု ဒါးပိုင်းဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက myanmarmuslim.net သို့ ပြောကြားသည်။

ဒါးပိုင်ဒုက္ခသည်စခန်း ရိက္ခာကိစ္စတွေဆွေးနွေးပွဲတွင် စီးပွားရေးဝန်ကြီးဦးမြင့်အောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်မ်ကျောင်းသားများ ကျောင်းတက်ခွင့်အဓမ္မ ပိတ်ပင်ခံထားရခြင်းကို
မြန်မာနိုင်ငံတွင်းရှိ မည်သည့်မီဒီယာတွင်မျှ ဖော်ပြထားခြင်းမရှိကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

SK(MMM)http://www.myanmarmuslim.net/news.php?extend.754
မှကူးယူဖော်ပြပါသည်။

Wednesday, July 25, 2012

ကမ္ဘာ့ မွတ်စလင် လူဦးရေ ပျံ့နှံ့မှု စစ်တမ်း

အင်တာနက်မှာ ကမ္ဘာ့ မွတ်စလင်လူဦးရေပျံ့နှံ့မှုများ ရှာဖွေလေ့လာရင်းက ၂၀၁၀-ခုနှစ် အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းပြည်နယ် ဟိုနိုလူလူမြို့တော်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် နိုင်ငံတကာ အနုပညာနှင့် လူသားများဆိုင်ရာ ညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့တဲ့ စာတမ်းတစ်ခုကို တွေ့ရှိဖတ်မှတ်ခွင့်ရရှိခဲ့ပါတယ်။
World Muslim Population Map (photo-wiki)
အဖွင့်မှာ အကျဉ်းတင်ပြထားချက်အရ အာရှတိုက်တစ်ခုအတွင်းမှာပင် ကမ္ဘာ့ မွတ်စလင်ဦးရေရဲ့ ၆၉-ရာခိုင်နှုန်း တည်ရှိနေထိုင်နေပြီး အာဖရိကတိုက်မှာတော့ ၂၇-ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၀-ခုနှစ်မှာ ကမ္ဘာ့မွတ်စလင်ဦးရေ က ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ ၂၄-ရာခိုင်နှုန်းဖြင့် သန်းပေါင်း-၁၆၅၀ (တစ်ထောင့်ခြောက်ရာ့ငါးဆယ်) ကျော်ရှိပါတယ်။ ဆယ်စုနှစ် တစ်ခုတိုင်း တစ်ရာခိုင်နှုန်းတိုးပွါးမှာဖြစ်ပြီး ၂၀၂၀-ခုနှစ်မှာ ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ လေးပုံတစ်ပုံ (၁/၄)ရှိလာမှာပါ။ ၂၀၇၅-ခုနှစ်မှာတော့ ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ သုံးပုံတစ်ပုံ (၁/၃)အထိ တိုးပွါးလာမှာဖြစ်ပါတယ်လို့ လေ့လာတင်ပြထားပါတယ်။
ထူးခြားတာက ဒီနှစ်အစောပိုင်းမှာ အနောက်တိုင်းကပြုလုပ်တဲ့ စစ်တမ်းနောက်တစ်ခုအရ ကမ္ဘာ့ပေါ်မှာ လူ ၄-ဦးအနက် တစ်ဦးက မွတ်စလင်ဖြစ်ကြောင်း၊ ကမ္ဘာ့ မွတ်စလင်ဦးရေက ကမ္ဘာ့ စုစုပေါင်းလူဦးရေရဲ့ ၂၅-ရာခိုင်နှုန်းဖြစ်ကြောင်း သိလိုက်ရပါတယ်။ (သတင်းအရင်းအမြစ် အတိအကျ မမှတ်မိတော့တာကို ခွင့်လွှတ်ပေးပါ။) မှန်းဆတွက်ချက်မှုတွေထက် ပိုမိုလျင်မြန်စွာ တိုးတက်တိုးပွါးလာမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အနောက်တိုင်းမှာ အစ္စလာမ်ဘာသာကိုစိတ်ဝင်စားလာမှုတွေ၊ သက်ဝင် ယုံကြည်လာသူ အသစ်တွေ များပြားလာမှုကြောင့်လို့ ယူဆရင် မှားမယ်မထင်ပါ။
အာရှ နှင့် အာဖရိက
စာတမ်းရှင်ရဲ့ ၂၀၁၀-ခုနှစ် ကိန်းဂဏန်းများအရ အာရှတိုက်မှာ မွတ်စလင်ဦးရေ သန်းပေါင်း-၁၂၀၀ ခန့်ရှိပြီး ကမ္ဘာ့ မွတ်စလင်ဦးရေးရဲ့ ၇၀-ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။ အာဖရိကတိုက်မှာ မွတ်စလင်ဦးရေ သန်းပေါင်း-၄၅၀ ခန့်ရှိပြီး ကမ္ဘာ့မွတ်စလင်ဦးရေရဲ့ ၂၇-ရာခိုင်နှုန်းနီးပါး၊ အာဖရိကတိုက် စုစုပေါင်းလူဦးရေရဲ့ ၄၄-ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။

ဥရောပ
ဥရောပတိုက်မှာ မွတ်စလင်ဦးရေ သန်း-၅၀ ခန့်ရှိပြီး ကမ္ဘာ့ မွတ်စလင်ဦးရေရဲ့ ၃-ရာခိုင်နှုန်းနီးပါး၊ ဥရောပတိုက် စုစုပေါင်းလူဦးရေရဲ့ ၆.၅-ရာခိုင်နှုန်းကျော်ရှိနေပါပြီ။ အခုကိန်းဂဏန်းများဟာ ၂၀၁၀-ခုနှစ်က ကိန်းဂဏန်းများသာဖြစ်ပါတယ်။

တောင်အာရှ
တောင်အာရှဒေသ (အိန္ဓိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်နှင့် မော်လဒိုက်) ကတော့ အထူးပြောနေဖို့တောင် လိုမယ်မထင်တော့ပါဘူး။ နိုင်ငံပေါင်း ၇-နိုင်ငံရှိပြီး စုစုပေါင်းလူဦးရေ သန်းပေါင်း-၁၇၀၀ နီးပါးရှိကာ မွတ်စလင်ဦးရေ သန်း-၅၀၀ ကျော်ရှိနေပါတယ်။ အကြမ်းဖျင်းအားဖြင့် -ဘင်္ဂလားဒေ့ရှ် – ၁၄၅-သန်းကျော်, ပါကစ္စတန် – ၁၇၅-သန်းကျော်,အိန္ဒိယ – ၁၆၅-သန်းကျော်, သီရိလင်္ကာ – ၂-သန်းခန့်, နီပေါ – ၁-သန်းကျော်, မော်လဒိုက် – ၄-သိန်းခန့်, ဘူတန် – ၅-သောင်းခန့် တို့အသီးသီးဖြစ်ကြပါတယ်။

အာဆီယံ
အရှေ့တောင်အာရှ (အာဆီယံဒေသ)မှာ နိုင်ငံပေါင်း ၁၁-နိုင်ငံရှိပြီး စုစုပေါင်းလူဦးရေ သန်း-၆၀၀ နီးပါးမှာ ၄၀-ရာခိုင်နှုန်းကျော်ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပါတယ်။ ဒီစာရင်းဟာ အစိုးရများထုတ်ပြန်တဲ့ တရားဝင်စာရင်းဇယားကို အခြေခံထားတာဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ အချို့နိုင်ငံတွေမှာ အစိုးရတွေအနေနဲ့ မွတ်စလင်ဦးရေကို ထိန်ချန်ထားတာ အများအသိပါပဲ။ အကြမ်းဖျင်းအားဖြင့် -
အင်ဒိုနီးရှား – သန်း-၂၀၀ ကျော်, မလေးရှား – ၁၈-သန်းခန့်, ဘရူနိုင်း – ၃-သိန်းကျော်, ဖီလစ်ပိုင် – ၅-သန်းခန့်, ထိုင်း – ၃-သန်းကျော်, ကမ္ဘောဒီးယား – ၃-သိန်းကျော်, လာအို – ၂၀၀၀-ခန့်, စင်္ကာပူ – ၁-သန်းခန့်, ဗီယက်နမ် – ၁-သိန်းခန့်, အရှေ့တိမော – ၅၀၀၀-ခန့် တို့အသီးသီးဖြစ်ကြပါတယ်။
ကျွန်တော်တို့ ရွှေမြန်မာမှာတော့ တရားဝင်စာရင်းအရ “မွတ်စလင် ၄-ရာခိုင်နှုန်း”သာရှိပါတယ်။
ယခုလက်ရှိ အချို့နိုင်ငံတကာခန့်မှန်းစစ်တမ်းများအရ မွတ်စလင်ဦးရေ အနည်းဆုံး ၆-ရာခိုင်နှုန်းမှ အများဆုံး ၁၀-ရာခိုင်နှုန်းအထိ ရှိတယ်လို့ဆိုကြပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂမှ ကြီးမှူးပြီး ဒေသခံအဖွဲ့အစည်းများ အကူအညီဖြင့် စစ်တမ်းအမှန် ကောက်ယူနေပြီး ၂၀၁၄-ခုနှစ်မှာ တရားဝင်ကြေညာ သိရှိရမယ်လို့တော့ သိထားပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်)http://news.mmsy.info/news/4551
မှကူးယူဖော်ပြပါသည်။