Friday, September 28, 2012

အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်

 စက်တင်ဘာ၊ ၂၇ ၊ ၂၀၁၂

Photo http://www.washingtonpost.com
မွတ်ဆလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပျံ့နှံ နေတာကို လက်မခံနိုင်ဘူးလို့ အီဂျစ် သမ္မတသစ် မုဟမ္မဒ်မော်စီက ပြောကြား လိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ သမ္မတ အဖြစ် ပွဲဦးထွက် မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက စံချိန် ၂ မျိုးနဲ့ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။
ဘာသာတိုင်း ယဉ်ကျေးမှု တိုင်းကို လေးစားရမယ်လို့လဲ သူက ဆိုပါတယ်။သမ္မတ မော်စီက အီဂျစ်နိုင်ငံက လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံ ပေမယ့် ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုးကိုတော့ လက်မခံ ကြောင်း၊ အစွန်းရောက် ဝါဒနဲ့ ဆူပူမှု တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သာ ဖြစ်သင့်ပြီး မသိ နားမလည်မှု၊ သူတပါးကို မလေးမစား လုပ်တာတွေ အားပေးတဲ့ ပြောဆိုခွင့်မျိုး မဟုတ်သင့် ကြောင်း၊ ဒီလို စော်ကား ပုတ်ခတ် တာတွေကို ဆူပူ မှုနဲ့ ဖြေရှင်း တာကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း မွတ်ဆလင် တွေကို ဒေါသ ထွက်စေတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ကို ရည်ညွှန်း ပြောကြား ခဲ့ပါတယ်။
အစ္စလာမ် ဘာသာ ကြောက်ရွံ့မုန်းတီးမှုတွေကို ကုလ သမဂ္ဂ က ထုတ်ပြောရမယ် လို့ သူက ဆိုပါတယ်။
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

 
ထိုင်းမူဆလင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Shopping Mall တခုရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်
 
 
 
 
ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။
http://burmese.voanews.com/ 
မှကူးယူဖော်ပြပါသည်။

စက်တင်ဘာ ၂၅၊ ဖို့ဝိန်းမြို့ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ

 

စက်တင်ဘာ ၂၅၊ ဖို့ဝိန်းမြို့ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ
ဓာတ်ပုံသတင်း၊ ဖေ့စ်ဘွတ်၊
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ စက်တင်ဘာ ၂၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကပြည်ထောင်စုရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် အမေရိကရောက် မြန်မာမွတ်စလင်မ်ပြည်သူများလဲ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ (ဓါတ်ပုံ Nay Sai, From Facebook Page)
 
မှကူးယူဖော်ပြပါသည်။

Wednesday, September 26, 2012

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂညီလာခံ တက်ဖို့ အမေရိကန်ရောက်

 ကိုဝင်းမင်း
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နယူးယောက်မြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကြာသပတေးနေ့ကျရင်တော့ ဒီညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး မြန်မာနိုင်ငံက အပြောင်းအလဲတွေအကြောင်းကို အဓိက ပြောဆိုဖို့ ရှိတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မြန်မာသမ္မတရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း က ပြောပြပေးပါမယ်။

ကြာသပတေးနေ့မှာပဲ မိန့်ခွန်းပြောမယ့် မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ အခုအချိန်အထိတော့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံဖို့ သီးသန့် အစီအစဉ်မရှိသေးဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးကလည်း ဆိုပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာ ရောက်လာမယ့် သမ္မတဦးသိန်းစိန်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကမ္ဘာမှာ ထင်ရှားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နီရီကစ်ဆင်ဂျာတို့နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း ဒီကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပထမဆုံး မြန်မာသမ္မတ အဆင့်နဲ့ မိန့်ခွန်းပြောဖို့ရှိတဲ့ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းအပြင် အီးယူဥရောပ သမဂ္ဂက ခေါင်းဆောင်တွေ၊ ထိုင်း အပါအဝင် ဒေသတွင်းက ခေါင်းဆောင်တွေ၊ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိပြီး Asia Society မှာလည်း မိန့်ခွန်းပြောဖို့ရှိနေပါတယ်။

ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောရမှာတော့ သမ္မတဦးသိန်းစိန်အနေနဲ့ နိုင်ငံတွင်းက အပြောင်းအလဲတွေအကြောင်းကို အဓိကထားပြောဖို့ရှိတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ အဓိကက သူလုပ်ခဲ့တဲ့ ဟာတွေပေါ့ဗျာ။ Reform တွေ သူ ဘာကြောင့်လုပ်တယ်။ ဘာတွေလုပ်နေတယ်။ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမူတွေ၊ နောက် ငြိမ်းချမ်းရေးပေါ့နော်။ အထူးသဖြင့် နောက် ဆက်လက်ဆောင်ရွက်မယ့် သူ့ရဲ့မျှော်မှန်းချက်တွေ၊ နောက် သူ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အဲ့ဒီ့အခက်အခဲတွေထဲမှာ အဓိကကတော့ ဆင်းရဲနွမ်းပါးမူ ပပျောက်ရေးပေါ့၊ လျော့ချရေးပေါ့။ အဲ့တာနဲ့ပတ်သက်ပြီး ယူအန်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေပေါ့။”

ဒါ့အပြင် ရိုဟင်ဂျာပြသနာလည်း ထည့်ပြောဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ ရိုဟင်ဂျာ၊ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက တချို့သတင်းအမှားတွေနဲ့ မှားယွင်းနေတဲ့ နားလည်မူတွေ အမှန်ဖြစ်အောင် သူပြောတာတွေ ပါမယ်။ နောက် နိုင်ငံတကာကနေပြီးတော့ ပံ့ပိုးကူညီမူတွေက ဒီရခိုင်ပြည်နယ်မှာပေါ့။”

နောက်ထူးခြားမူတခုက မြန်မာအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်မှာရောက်နေချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူမ ဆုရတာကို ထောက်ခံပေးတာကိုလည်း သမ္မတဦးသိန်းစိန်အနေနဲ့ ထည့်ပြောနိုင်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ကျနော်တို့ကို သတင်းဌာနတွေက မေးတယ်။ မနှစ်မြို့တဲ့ဟာတွေရှိလားလို့။ သူဆုရတာ ကောင်းတာပေါ့။ ကိုယ့်နိုင်ငံသူ ကိုယ့်နိုင်ငံသားပေါ့နော်။ ဒီလို ဆုချီးမြှင့်တာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။”

အခုလို ထူးခြားတဲ့ မြန်မာသမ္မတရဲ့ ခရီးစဉ် မတိုင်ခင်မှာ ရှေ့ပြေး အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာသမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဆုပေးပွဲကို တက်ကာ သူမကို ချီးကျူးခဲ့ပြီး သူမနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလည်း ရှိခဲ့ပါတယ်။

အသံတွေ ကြားနေရတယ်

 NLD က ကြားဖြတ်ရွေးကောက် ၀င်မယ့်နေရာတွေမှာ မွတ်စလင်မျိုးဆက်သစ်လူငယ်အများစုကို နိုင်ငံသားစိစစ်ရေးကဒ် ထုတ်မပေးလို့ဆိုတဲ့အသံတွေ ညံနေတယ်။ ၂၀၁၅ ဒုတိယလွှတ်တော်သက်တမ်းမှာ အလုံးအရင်းတပ်ချီပြီး အသည်းကြားက မဲတစ်ပြားတွေနဲ့ မွတ်စလင်တိုင်းက NLD ကို မဲပေးမှာ သေချာတာမို့ ပြည်ထောင်စုဝန်ကြီး ခင်ရီက ရေတိုရေရှည် စီမံကိန်း မူဝါဒလမ်းစဉ်ဟောင်းအတိုင်း လ၀ကကို ဘေးတီးပြီး ဘိုနေမြဲ ကျားနေမြဲ နှိပ်ကွပ်ဖို့ ဆော်သြနေဆဲပဲလို့ ဆိုကြတယ်။
နိုင်ငံခြားသားတရုတ်တွေ ငွေပေးပြီး နိုင်ငံသားကဒ် လုပ်နိုင်ပေမယ့်၊ မွတ်စလင်တွေကိုတော့ ငွေပေးရင်တောင် နိုင်ငံသားကဒ် ရရှိဖို့ ခက်ခဲနေသတဲ့။ ပြည်တွင်းဖြစ် နိုင်ငံခြားသားလုပ်ဖို့ မဟာစီမံကိန်းနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြတယ်။
အမျိုးပျောက်မှာ စိုးကြောက်ပါ ၀ါဒစွဲကိုင်ထားဆဲ မျက်ကန်းမျိုးချစ်တွေက လုံခြုံရေးအကြောင်းပြပြီး ကျားကျားမီးယပ် ပုံပျက်ပန်းပျက်လုပ်နေတာကို အာဇာနည်နေ့ မကျင်းပရဲတာက သက်သေပြနေတယ်။
တကယ်တော့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဦးရာဇာတ်၊ ဒီဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးအောင်သန်း၊ မိုင်းပွန်စော်ဘွားကြီး၊ ရဲဘော်ထွေး၊ ရာဇ၀တ်အုပ်ဦးအုန်းမောင်ဆိုတဲ့ အာဇာနည်တွေထဲမှာ ဆရာကြီးဦးရာဇာတ်၊ ရဲဘော်ထွေးနဲ့ ဦးအုန်းမောင်တို့ သုံးဦးဟာ နိုင်ငံနဲ့လူမျိုးအတွက် အသက်စတေးပေးသွားတဲ့ မွတ်စလင်တွေ ဖြစ်နေတာကို လူသိမှာ သိပ်ကြောက်တယ်။ သမိုင်းကို ပျောက်အောင် ဖျောက်ချင်ကြလို့ မျိုးဆက်သစ်လူငယ်တွေနဲ့ မွတ်စလင်သူရဲကောင်းတွေကို မရင်းနှီးစေချင်တာကြောင့်ပါ။
ဒါတင်မကဘူး ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားဥက္ကဋ္ဌဟာ ဦးရရှစ်ဆိုကလည်း မွတ်စလင်ပဲ။ လွတ်လပ်ရေးရပြီးတော့ တက္ကသိုလ်ကျောင်းသား ဥက္ကဋ္ဌ ဦးရရှစ်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ပညာရေးဝန်ကြီးဖြစ်ခဲ့သလို မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ ဗိုလ်မှူးဘရှင်ဟာလဲ မွတ်စလင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် ချုပ်ဖို့ကိစ္စ ပေါ်ပေါက်တုန်းကလည်း ဗိုလ်ချုပ်က “ပြန်မယ် ကိုဖေခင် လေယာဉ်ပျံစီစဉ်”လို့ ပြောတုန်းက ပင်လုံစာချုပ် ချုပ်ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ သံအမတ်ကြီး ဦးဖေခင်ဟာလဲ မွတ်စလင်ပါပဲ။ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်လတ်၊ သံအမတ်ကြီး ဦးလှမောင်၊ ၀မ်အိုဝမ် ကျော်ဝင်းမောင်လို နိုင်ငံ့ဂုဏ်ရည်ဆရာခြယ်၊ ဒါ့အပြင် ပြောမယ်ဆိုရင် တောင်သူလယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ညာလက်ရုံးဖြစ်လို့ ကြိုးပေးခံရသူ ထိုးကွင်းမှင်ကြောင်တွေနဲ့ ဦးဒူးဒူးဟာလဲ မျိုးချစ်မြန်မာမွတ်စလင်ကြီး တစ်ဦးပါပဲ။ ဒီလို နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိရှိ မျိုးချစ်စံပြ မြန်မာမွတ်စလင်တွေရဲ့(လွတ်လပ်ရေးတိုက်ပွဲဝင်)သမိုင်းကို မြေမြှုပ်သင်္ဂျိုလ်ပစ်ချင်လို့၊ မွတ်စလင်မျိုးဆက်သစ်တွေကို နိုင်ငံသားစိစစ်ရေးကဒ်နဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင် စနစ်တကျ နှိပ်ကွပ်နေတာ ထင်ရှားပါတယ်။
၁၉၄၇ ဒုတိယပင်လုံညီလာခံ
ဦးဖေခင်၊ ဘားနတ်လက်ဒ၀စ် (မြန်မာနိုင်ငံဆိုင်ရာ ၀န်ကြီးရုံး အရာရှိ)၊ မစ္စတာ ဘော်တွမ်လေ၊ ဗိုလ်ချုပ်အောင်ဆန်း
တကယ်တော့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ပြီး ပြင်ပကမ္ဘာက အနှိပ်ကွပ်ခံ မွတ်စလင်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး ခေတ်အဆက်ဆက် ပြည်မထဲမှာ မွတ်စလင်သူပုန်ဆိုတာ မရှိခဲ့ပေမဲ့ လုံခြုံရေးနဲ့ ဘာသာရေးကို အကြောင်းပြပြီး အစိုးရတိုင်းက မြန်မာမွတ်စလင်တွေကို Division Policy နဲ့ ဖိနှိပ်ခွဲခြား အုပ်ချုပ်တာ ခံနေကြရတာပါ။
ဒါပေမဲ့ မြန်မာမွတ်စလင်တွေဟာ ဘိုးဘွားများရဲ့ မျိုးချစ်စိတ်ဓာတ်အမွေကို ဆက်ခံပြီး သိသိကြီးနဲ့ ကျရာတာဝန်တွေကို ခေတ်အဆက်ဆက် ထမ်းဆောင်နေခဲ့ကြပေမဲ့ ထိုက်တန်တဲ့ ရာထူး၊ ဂုဏ်သိက္ခာ အဆင့်အတန်းကိုတော့ ဘယ်တုန်းကမှ မရခဲ့ကြပါဘူး။ မြန်မာနိုင်ငံမှာ ဥပဒေရေးဆွဲပြီး နှိပ်ကွပ်ခံနေရတဲ့လူမျိုးက မြန်မာမွတ်စလင်တွေပဲ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ သံသယကြွေးကြော်သံတွေကို ရေလဲသုံးပြီး လူ့အခွင့်အရေးကို မဟားဒယား အချိုးဖောက်ခံနေရတဲ့သူတွေက မြန်မာနိုင်ငံမှာ ဒုတိယ ကိုယ်းကွယ်မှုဆိုင်ရာ လူဦးရေအများဆုံးဖြစ်တဲ့ မြန်မာမွတ်စလင်တွေပါ။
မြန်မာမွတ်စလင်တွေက ဒီမိုကရေစီခေတ်ကို တကယ်အမြန်ရောက်မှ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေးကို ရကြမှာမို့ ဒါကိုမဖြစ်မနေ ဆောင်ကျဉ်းပေးနိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အလုံးအရင်းနဲ့ မဲပေးနိုင်ဖို့ တာဆူပြီး ကုန်းရုံးကြိုးစားနေချိန်မှာ လတ်တစ်လုံးခြားဥပဒေတွေနဲ့ နိုင်ငံသားကဒ်မရအောင် စနစ်တကျ ပိရိစွာနဲ့ လုပ်ကြံ လုပ်ဆောင်နေတာကြောင့် NLD ရေ ကယ်ပါအုံးဆိုတဲ့ အသံတွေ ကြားနေရတယ်။
စနေမောင်မောင် (ဘားမား)
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

ပြည်ပြေး ရခိုင်အမျိုးသမီး စောမြရာဇာလင်းထံ အိတ်ဖွင့်ပေးစာ

အာဘော်/ဆောင်းပါး ♦♦♦ ၂၂ စက်တင်ဘာလ ၂၀၁၂

ရည်ညွှန်းချက်။ ။စောင့်ကြည့်သတင်းဂျာနယ်(၁၈.၉.၁၂) စာမျက်နှာ(၇) ဖော်ပြပါအမေးအဖြေ အကြောင်းအရာများ။
ခင်ဗျားကို ကျုပ်တို့မသိပါဘူး… ကြားလဲမကြားဘူးဘူး…. ခင်ဗျားက ”အမေစု” မှမဟုတ်တာ….. ခင်ဗျားကို စသတိထားမိတာ အင်တာနက်မှာ ခင်ဗျား အမေစုကို ဆဲတဲ့ပိုစတာကိုင်းပြီး ပြန်လာတာကိုဖော်ပြထားတဲ့ ဓာတ်ပုံသတင်းမှာ စတွေ့ခဲ့တာ…… အဲ့ဒီကတည်းကစပြီး ခင်ဗျားကိုသတိထားမိတယ်… ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ရခိုင်ပီသမှု့ကို သတိပြုမိလို့ပါပဲ… ခင်ဗျားတို့ရခိုင်တွေက စရိုက်ကြမ်းတယ်၊ ကိုယ်ကြမ်းနှုတ်ကြမ်းတွေ၊ အတ္တကြီးတယ်၊ လောဘကြီးတယ်၊ စေးနှဲတွန့်တိုတယ်၊ မနာလိုဝန်တိုမှုများတယ် ဆိုတာ ခင်ဗျားကိုင်လာတဲ့ ပိုစတာက သက်သေခံနေတယ်… ရခိုင်နဲ့မြွေပွေးဆိုတဲ့စကားဟာ ရှေးလူကြီးတွေပြောခဲ့တဲ့စကားပဲ…..
 စောမြရာဇာလင်း
စောမြရာဇာလင်း
“အမေစု” ကိုခင်ဗျားခြေရာခြင်း တိုင်းရအောင် အမေစုနဲ့ယှဉ်လိုက်ရင် ခင်ဗျားက ဘာတန်ဖိုးမှ ရှိတာမဟုတ်ဘူး… အမေစုကကမ္ဘာ့ပြည်သူတွေ မြန်မာ့ပြည်သူတွေတစ်ရပ်လုံးက လေးစားအားထားရတဲ့ ခေါင်းဆောင်၊ ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ခင်ဗျားမှာ စော်ကားပိုင်ခွင့်မရှိဘူး….. အမေစုကို စော်ကားတာ ပြည်သူတစ်ရပ်လုံးကို စော်ကားတာဘဲ…..  ဒါဟာ ယုတ်မာရိုင်းစိုင်းတဲ့ ခင်ဗျားတို့ရခိုင်တွေရဲ့အကျင့်ပဲ…….
ခင်ဗျားကကော ကုလားပြည်မှာမွေးတဲ့ နိုင်ငံခြားသားနဲ့ ယုထားတာဘဲ… ရခိုင်မှာနေတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ဖိနိုပ်၊ နိုပ်စက်ခြင်းတိုင်း နိုပ်ပ်စက်၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို အားပေးအား မြှောက်ပြုနေပြီး ခင်ဗျားကိုယ်တိုင်က အစ္စလာမ်နိုင်ငံတစ်ခုမှာ လူ့အခွင့်အရေး အပြည့်အ၀ခံစားပြီး ခင်ဗျားယောက်ျားရဲ့ ညီမဆိုရင် အမတ်တောင် လုပ်နေသေးတယ်၊ အဲ့ဒီမှာခင်ဗျားက အခွင့်အရေး အပြည့်အ၀ခံစားပြီး နိုင်ငံတော်ကိုဆန့်ကျင်တဲ့ ပြည်ပြေးလုပ်စားနေတယ်…..
ခင်ဗျားတို့ရခိုင်တွေ ဆန်တတ်နိုင်ရင်ဆန်၊ ဆန်ကွဲတတ်နိုင်ရင် ဆန်ကွဲ လှူတယ်ပြောတယ်… ဟုတ်မှလဲ လုပ်ပါဆရာမကြီးရယ်…… ခင်ဗျားတို့ ရခိုင်တွေအကြောင်း ကျုပ်တို့ကောင်း ကောင်းသိပါတယ်… အိမ်ရှေ့ကို တောင်းရမ်းတဲ့သူတစ်ယောက် ရောက်လာရင်တောင် “လားလီ,လားလီ” ဆိုပြီး ခွေးမောင်းသလို မောင်းထုတ်တာ ကျုပ်တို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ဘူးပါတယ်….
တောင်ကုတ် လူသတ်မှုကလည်း ခင်ဗျားတို့ရဲ့ စရိုက်ကို သက်သေပြနေတယ်… ယုံချင်ပါတယ်.. ဒါပေမယ့် ခက်တယ်… ပတမဆုံး နယ်ချဲ့ကိုခေါ်လာတာ ခင်ဗျားတို့ရခိုင်တွေဘဲ…. တောင်ငူဘုရင် နတ်သျှင်နောင်ကို လာတိုက်ပြီး သံလျင်မှာ ငဇင်ကာကိုထားခဲ့တာလေ….အဲ့ဒီ့အချိန်တည်းက မွတ်စလင်စစ်သား ၃၀၀၀ ပါလာတယ်… သာလွန်မင်းက စစ်သုံ့ပန်အဖြစ်ဖမ်းပြီး အထက်ဗမာပြည်မှာ နေရာချထား ပေးခဲ့တယ်.. ခိုးဝင်တာမဟုတ်ဘူး… အဲ့ဒီ့ကတည်းက တရားဝင်ရောက်နေတာ… သမိုင်းကိုလိမ်ဖို့ မကြိုးစားပါနဲ့……..
ခင်ဗျားတို့ရခိုင်ကို ဘင်္ဂါလီခိုးဝင်တယ်ဆိုရင် ခင်ဗျား ဘင်္ဂလားဒေ့ရှ်မှာ နေခဲ့တာပဲ… ခင်ဗျား အမေ့လင်တွေကို ပြတ်ပြတ်သားသား ပြောပြီး ပြန်ခေါ်ခိုင်းပေါ့… ခင်ဗျားဘာဖြစ်လို့ ပါးစပ်ပိတ်နေခဲ့တာလဲ?
ခင်ဗျားတို့ရခိုင်တွေကကော ဘင်္ဂလားဒေ့ရှ်ကို ဘယ်လိုရောက်နေတာလဲ? အေးမောင်ပြောတော့ ရခိုင်တစ်သန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိတယ်ပြောတယ်… ခင်ဗျားတို့လည်း ဘင်္ဂလားဒေ့ရှ်ကို ခိုးဝင်သွားတာလား?
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရခိုင်တစ်သန်းနဲ့ ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာတစ်သန်း လဲလိုက်ပါလား… ခင်ဗျားမှာ အရည်အချင်းရှိရင် လုပ်နိုင်ရမှာပေါ့….
ခင်ဗျားတို့ တိုင်းပြည်ကိုချစ်ရင် ခင်ဗျားရွာကို ခင်ဗျားတကယ်ချစ်ရင် ခင်ဗျားရွာမှာ ကျောင်းဆရာမ ပြန်လုပ်ပါလား… ခင်ဗျားရွာက ကလေးတွေကို စာသင်ပေးပါလား…..ခင်ဗျားတောင် ခင်ဗျားရွာမှာ အကျိုးမပြုဘဲ ကိုယ်လွတ်ရုန်းပြေးတာ ဘယ်သူက ခင်ဗျားရွာကိုလာပြီး လုပ်ပေးရမှာလဲ?
ကျုပ်တို့အံတိုနေပြီ… ခင်ဗျားတို့လို လူစားမျိုးတွေအကြောင်း ကျုပ်တို့ကောင်းကောင်းသိတယ်…..
ကုလားပြည်မှာနေ ကုလားရေသောက် ကုလားဟာစားနေပြီး နိုင်ငံတော်ကို ပြည်ပြေးလုပ်ပြီး တော်လှန်ပုန်ကန် လုပ်စားနေတာ ကျုပ်တို့ ကောင်းကောင်းသိတယ်….
ဘင်္ဂလားဒေ့ရှ်အစိုးရက လူဦးရေများပေမယ့် လူထုကို အရမ်းဂရုစိုက်တယ်၊ ပုလိပ်တွေဆိုရင်လည်း အရမ်းဂရုစိုက်တယ်လို့ ခင်ဗျားပြောတယ်၊ခင်ဗျားတို့ကတော့ ဘာသာခြားလူနည်းစုတွေကို နှိပ်စက်တယ်၊လူ့အခွင့်အရေးကို ချိုးဖောက်တယ်၊ကင်တားနားအစီအရင်ခံစာဟာ ဘက်လိုက်တယ်လို့ မပြောဘဲ လုံးဝမှားတယ်လို့ ခင်ဗျားတို့ ပြောရဲလား? ခင်ဗျားတို့မရှက်ဘူးလား?
ခင်ဗျားအများကြီးလိုပါသေးတယ်….  ကြိုးစားပါအုံး
မှကူးယူဖော်ပြပါသည်။

ဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဈာပန

  စက်တင်ဘာ၊ ၂၄ ၊ ၂၀၁၂
M-Media
ဆရာကြီး ရဲ့ ဈာပနကို လိုက်လံပို့ဆောင်သူများ
ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
ရန်ကုန်။ ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ၂၃ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ၂၄ ရက် နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။
အဆိုပါ ဈာပနအခမ်းနားသို့ မြန်မာမွတ်စလင်မ်ကွန်ယက်မှ မြန်မာမွတ်စလင်မ် ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၊ ရွှေဝါရောင် သံဃာအရေးလှုပ်ရှားမှု ဦးဆောင်ခဲ့သော သံဃာတော်များ၊ အမိမြေ ငြိမ်းချမ်းရေး မစ်ရှင်မှ ကိုမိုးသီးဇွန်နှင့် အဖွဲ့ဝင်များ၊ NLD ပါတီဝင်များ၊ နှင့် ဆရာကြီး၏ သားတပည့်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဆရာကြီး၏ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသားများ က ဆရာကြီး၏ နောက်ဆုံးခရီးကို လိုက်လံ နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါသညည်။
ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားသို့ လိုက်လံပို့ဆောင်ခဲ့ကျသည့် သံဃာတော်များ၊ ဧည့်ပရိတ်သတ်များ
ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
ဆရာကြိးဝမ်းအိုဝမ်း ကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်းကို အတူတူ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချူပ် နာယက သူရ ဦးတင်ဦး ( ကာကွယ်ရေး ဦးစီးချူပ်ဟောင်း) မှ ယနေ့နံနက်တွင် ကျန်ရစ်သူ မိသားစုကို သွားရောက်အားပေးစကားပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆရာကြိးဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်သည် ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်)၊ သက်ကြီးကန်တော့ခံ စာပေပညာရှင် တစ်ယောက်ဖြစ်သည်။

http://news.mmsy.info/

မှကူးယူဖော်ပြပါသည်။
 

လွတ်လပ်ရေးတိုက်ပွဲဝင် စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ယနေ့နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်
ဦးကျော်ဝင်းမောင်၏ သားဖြစ်သူ ကိုစန်းက “လွန်ခဲ့တဲ့ လလောက်ကတည်းက အမောဖောက်တယ်။ ဆေးရုံတင်ပြီးစစ်တော့ ဘာမှတော့ ထွေထွေထူးထူး မရှိဘူး။ တနင်္ဂနွေညက တော်တော်ဆိုးလာပြီး ဆုံးတာပါ” ဟု ဆိုသည်။
ဦးကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်း အတူတူတက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကလည်း ယနေ့နံနက်က ကျန်ရစ်သူမိသားစုကို လာရောက်အားပေး စကားပြောကြောင်း ၎င်းကဆိုသည်။
မြန်မာမွတ်ဆလင်တဦးဖြစ်သည့် ဦးကျော်ဝင်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်ဇာတိ ဖြစ်ပြီး ဗမာကာကွယ်ရေးတပ်မတော် (BDA) ၌ လေယာဉ်ပစ် အမြောက်တပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ဗမာပြည်ကွန်မြူနစ် ပါတီဝင်တဦးလည်း ဖြစ်သည်။
ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ကျောင်းဆင်းတဦးဖြစ်ပြီး စစ်အတွင်းက တရုတ်နိုင်ငံအခြေစိုက် အမေရိကန် ၀မ်းအိုဝမ်း (၁၀၁) လေထီး တပ်ဖွဲ့တွင် ပါဝင်ခဲ့သည့်အတွက် ၀မ်းအိုဝမ်း ကျော်ဝင်းမောင်အဖြစ် လူသိများသည်။
တော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းတွင် ဂျပန်ကင်ပေတိုင်၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပုံကို ၎င်းကိုယ်တိုင်ရေးသားသည့် “၀မ်းအိုဝမ်းနဲ့ မြန်မာမြေအောက်တော်လှန်ရေး” ဆိုသည့် စာအုပ်တွင် ဖော်ပြထားသည်။
၁၉၄၆ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီအကွဲတွင် သခင်စိုး ဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပြီး တောခိုခဲ့သည်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။
လွတ်လပ်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်၊ နိုင်ငံဂုဏ်ရည် ဒုတိယအဆင့် ဆုများချီးမြှင့်ခံခဲ့ရသည်။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်ဖြင့် ၀မ်းအိုဝမ်းနဲ့ မြန်မာအောက်တော်လှန်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ၊ ဂျပန်သုံ့ပန်း မဂိုကပြားမလေး၊ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၊ နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ၊ ဘီဒီအေ လေယာဉ်ပစ် အမြောက်ကြီးတပ်၊ အလံနီတော်လှန်ရေး၏ သမိုင်းတကွေ့၊ မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့ စသည့် စာအုပ်များရေးသားခဲ့သည်။
http://burma.irrawaddy.org/
မှကူးယူဖော်ပြပါသည်။

Thursday, September 20, 2012

ဘာသာတရားများကို အသေရေဖျက်မှုအပေါ် ဥပဒေထုတ်ပြန်ရန် ကုလသမဂ္ဂအား အင်ဒို သမ္မတ တိုက်တွန်း

19

 စက်တင်ဘာ၊ ၁၉၊ ၂၀၁၂

M-Media
အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို
ဂျကာတာ(ဆင်ဟွာ)။ ။ အင်ဒိုသမ္မတယူဒိုယိုနို (Susilo Bambang Yudhoyono)က ကုလသမဂ္ဂနှင့် OIC တို့အား တမန်တော်မုဟမ္မဒ်ကို အသေရေဖျက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့တဲ့ အတွက်ဘာသာရေး အသေရေဖျက်မှုကို စည်းမျဉ်းထုတ်ပြန်ဖို့ အလေးအနက် တိုက်တွန်းလိုက်တယ် လို့အင်္ဂါနေ့ကသတင်းမှာ ဖေါ်ပြပါရှိပါတယ်။
အနောက်ဂျာဗားရှိ စီရီဘွန်းမြို့(Cirebon) မှာ နာ့လာ့ဟ်တူအိုလမာ(Nahdlatul Ulama) အမျိုးသားတွေ့ဆုံပွဲ မတိုင်ခင်မိန့်ခွန်းတစ်ခုမှာ ယူဒိုယိုနိုက `ကျွန်တော် OIC နဲ့ UN ကို အခုလိုကိစ္စမျိုးတွေ နောက်ထပ်ဖြစ်ပွားမှုမှ ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း ဥပဒေထုတ်ပြန်ဖို့ အလေးအနက်ထား စဉ်းစားဖို့ မေတ္တာရပ်ခံထားပါတယ်´ လို့ The Innocence of Muslims လို့ အမည်ရတဲ့အစ္စလာမ့် ဆန့်ကျင်ရေး ဗီဒီယိုကို ရည်ညွှန်းပြီးပြောဆိုသွားပါတယ်။
ဘာသာတရားအသရေဖျက်မှုဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေရဲ့ နှလုံးသားကိုထိခိုက်စေတယ်၊ ငြိမ်းချမ်းရေးကိုပျက်ပြားစေပြီး ဆိုးဝါးတဲ့ ပဋိပက္ခတွေကို စတင်စေနိုင်တယ်လို့ ဂျကာတာဂလိုဘယ် သတင်းက ယူဒိုယိုနိုရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြသွားပါတယ်။
အဲဒီဗီဒီယိုဖိုင်ကို အင်ဒိုအစိုးရရဲ့အမိန့်နဲ့ အင်ဒိုနီးရှားမှာ ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ ကောပ့်တစ်အမေရိကန်ခရစ်ယာန်တစ်ယောက်ဖြစ်သူတစ်ယောက်က ထုတ်လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်ကြောင့် အမေရိကန်ဆန့်ကျင်ရေးဟာ အရှေ့အလယ်ပိုင်းနဲ့အင်ဒိုနီရှားတစ်လျှောက်မှာ ဖြစ်ပွားခဲ့ပြီး လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခရစ်စတိုဖာ စတီဖင် (Christopher Stevens)နဲ့ အခြားအမေရိကန်သုံးဦး အသတ်ခံရတဲ့ အထိဖြစ်ပွားခဲ့ပါတယ်။
အီလက်ထရစ်
http://news.xinhuanet.com/english/world/2012-09/18/c_131857657.htm မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်
။http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

INTERNATIONAL CONFERENCE: ON THE PLIGHT OF THE ROHINGYA:Resolution on Rohingya (ဘာသာပြန်)

ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာများ၏အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံ မှ ဆုံးဖြတ်ချက်
၁၇ စက်တင်ဘာ ၂၀၁၂
 

ပါဒါနာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်း (PGPF) က အခြေအနေမဲ့ကာ ဒုက္ခရောက်နေကြသော ရိုဟင်ဂျာများ၏ အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံတစ်ခုကို မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ပါသည်။
ထိုညီလာခံသို့ နိုင်ငံတကာမှ နိုင်ငံရေးအဖွဲ့အစည်းများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ ပါလီမန်များ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ ၊ ပညာရေးအဖွဲ့အစည်းများ ၊ သီးခြားအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့် မီဒီယာများ မှ ကိုယ်စားလှယ်အသီးသီးတို့ တက်ရောက်ခဲ့ကြပါတယ်။
PGPF ၏ ဥက္ကဌ ဖြစ်ပြီး မလေးရှားနိုင်ငံ၏ စတုတ္ထ မြောက် ၀န်ကြီးချုပ်ဖြစ်သူ YABhg Tun Dr Mahathir Mohamad က အဓိကထုတ်ပြန်ချက် တစ်ရပ်ကို ထိုညီလာခံတွင် တင်သွင်းအဆိုပြုခဲ့ပါတယ်။
အခြားသော အထင်ကရ ခေါင်းဆောင်များ၏ အဆိုကိုလည်း အပိုကဏ္ဍမှာ ထည့်သွင်းထားပါတယ်။
ကျွန်ုပ်တို့အပါအ၀င် ညီလာခံသို့ လက်မှတ်ရေးထိုးတက်ရောက်လာကြသော အဖွဲ့အစည်းများ နှင့် တက်ရောက်ပါဝင်ကြသူများ ခင်ဗျား__
လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များဆိုသည်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ တစ်သန်းကျော်ရှိတဲ့ လူမျိုးစု ဖြစ်ပါတယ်။
၎င်းတို့သည် မြန်မာနိုင်ငံတွင် ဟိုးရှေးယခင် ရာစုနှစ်ပေါင်းများစွာကတည်းက နေထိုင်လာကြသူများဖြစ်ပြီး ၊ ဗြိတိသျှ ကိုလိုနီခေတ် အတွင်းမှ အာဏာပိုင်များ ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ ယခင် ဗမာပြည် အစိုးရ တို့မှ ထိုရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် အပြည့်အ၀ ထောက်ခံအသိအမှတ်ပြုပြီးဖြစ်ပါတယ်။
၁၉၈၂ နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံအစိုးရသည် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ကြောင်း အသေအချာ ဖော်ပြထားရှိပါတယ်။
ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ဆိုးရွားရက်စက်သော အနေအထား ၊ အထူးသဖြင့် ၂၀၁၂ ဇွန်လ တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ၄င်းတို့၏အစွန်းရောက် တိုက်ခိုက်မှု့များကြောင့် ရိုဟင်ဂျာမွတ်စလင်တို့သည် လွန်စွာထိခိုက် ခံစားခဲ့ကြရသည်ကို တွေ့မြင်ရပါတယ်။
ရိုဟင်ဂျာများသည် ပြည်နယ်လုံခြုံရေး အဖွဲ့၏ မတရားဖိနှိပ် ဆက်ဆံခံရခြင်း ၊ လူအခွင့်အရေးချိုးနှိမ်မှုများ ၊ လက်ရှိနေထိုင်လျက်ရှိသော ဗမာပြည် လူ့အဖွဲ့အစည်းများ၏ အကြီးအကျယ် လူမျိုးရေးခွဲခြားမှုများ နှင့် ရခိုင်ပြည်နယ်တွင်း နေထိုင်သူများက ပါ ၄င်းရိုဟင်ဂျာတို့၏ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး အိမ်ခြေမဲ့နေသော ၄င်းတို့အား အဆက်မပြတ် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရသည်ကိုလည်း တွေ့မြင်ရပါသည်။
မှီတင်းနေထိုင်ရန် နေရာအတည်တကျမရှိသော ရိုဟင်ဂျာထောင်ပေါင်းများစွာတို့သည် ဘင်္ဂလားဒေ့ရှ် ၊ ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ သြစတေးလျ ၊ အိန္ဒိယ ၊ ဂျပန် ၊ပါကစ္စတန် နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ရိုဟင်ဂျာများအား အကွက်ကျကျသတ်ဖြတ်ခြင်း ၊ လူအင်အားအလုံးအရင်းဖြင့် အနိုင်ကျင့်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူသားအချင်းချင်း ကူညီထောက်ပံ့မှု့များအား ပိတ်ဆို့တားဆီး ခြင်း ဆိုင်ရာကိစ္စရပ်များကို မြန်မာအစိုးရမှ သိမြင်လျက်နှင့် အစိုးရ၏ ရိုဟင်ဂျာတို့အပေါ်တွင် ထားရှိရမည်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေများ လစ်ဟင်းမှုကိုလည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့အစည်း (OIC) ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းထောက်ထားညှာတာခြင်းဆိုင်ရာ နိုင်ငံသားများ၏ စုံစမ်းတွေ့ရှိချက်အရ ရိုဟင်ဂျာ တို့အား ယခုကဲ့သို့လွဲမှားရက်စက်စွာ ဆက်ဆံမှု့များကို တာဝန်ယူဖြေရှင်းပေးမှု စိုးစဉ်းမျှ မရှိကြောင်းကိုလည်း တွေ့မြင်ရပါတယ်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ရိုဟင်ဂျာများအား မောင်းထုတ်ပြီး ရိုဟင်ဂျာလူမျိုးမပါဘဲ သီးခြားရပ်တည်လိုခြင်း ၊ လူအချင်းချင်းကူညီထောက်ပံ့မှု့များ ပျက်ကွက်နေပြီး လုံလောက်သော အကူအညီမရရှိခြင်း ၊ အိမ်နီးချင်း အာရှတိုက် တောင်ပိုင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု့များ စသော ရိုဟင်ဂျာတို့အား ကာလရှည်ကြာစွာ အလေးမပေးမှု့ များ ကို လည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
ပြည်သူများ၏ အကူအညီဖြင့် မြန်မာနိုင်ငံခေါင်းဆောင်များ မှ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး ဆိုင်ရာ အချက်များ နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။
အပြည့်အ၀သဘောတူထောက်ခံချက်များ
ယခုကဲ့သို့ အဓိကရုဏ်းဖြစ်အောင်လုပ်ဆောင်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူများအားရိုက်နှက်ခြင်း ၊ နေအိမ်များအားမီးရှို့ခြင်း ၊ အာဏာမဲ့ဖမ်းဆီးခြင်း ၊ ခဏထိန်းသိမ်းခြင်း နှင့် ရိုဟင်ဂျာတို့အား လုံးဝပျောက်ကွယ်သွားစေရန် ဖိအားပေး လုပ်ဆောင်မှု့များကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။
ဘာသာရေးနှင့် လူမျိုးရေး အပေါ် အကြောင်းပြု၍ ပြင်းထန်သော ရိုဟင်ဂျာဆန့်ကျင်ရေးများ ၊ လူသားအချင်းချင်း ဖိနှိပ်ခြင်း ၊ လူမျိုးရေးခွဲခြားခြင်း ၊ အစွန်းရောက် အကြမ်းဖက်ဝါဒ ကျင့်သုံးခြင်း ပုံစံအမျိုးမျိုး တို့အပေါ်တွင် အလွန်တရာ ၀မ်းနည်းမိပါသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရိုဟင်ဂျာ တို့အား ငြိမ်းချမ်းစွာ တရားဝင်နေထိုင်ခွင့်ပေးရန်၊ ၄င်းတို့အား နိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်ပေးရန် ၊ နိုင်ငံတကာ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေနှင့် လုပ်ဆောင်ချက်များအရ ၄င်းတို့၏ နေထိုင်ရေး ၊ စားသောက်ရေး ၊ ရေ ရရှိမှု့၊ ပညာရေးနှင့် ကျန်းမာရေး စသော အခြေခံလူ့လိုအပ်ချက်များ အပါအ၀င် လူမျိုးရေးခွဲခြား နှိပ်ကွပ်ခြင်းမရှိဘဲ ၄င်းတို့၏ နေအိမ်များကို လုံခြုံစွာ ပြန်လည်ရရှိစေရေးအခြေအနေများ လုပ်ဆောင်ပေးရန် အဆိုပြုပါသည်။
ရိုဟင်ဂျာလူမျိုးတို့အား အခြားလူမျိုးများကဲ့သို့ မွေးစားရင်း ၊ သန်းခေါင်စာရင်း စသော အစစ်အမှန် နိုင်ငံသားဖြစ်ကြောင်း သက်သေများနှင့် အသိအမှတ်ပြုရမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဗမာပြည် ဥပဒေအရ ၄င်းတို့အား နိုင်ငံသားတိုင်းနည်းတူ ဆက်ဆံစေရန် ၁၉၈၂ မြန်မာနိုင်ငံသားအက်ဥပဒေ၌ ထည့်သွင်းပြင်ဆင်ရန် အဆိုပြုပါသည်။
ထို့အပြင် ကလေးသူငယ်ဆိုင်ရာ ပုဒ်မ ခုနစ် အက်ဥပဒေ အရ ရိုဟင်ဂျာကလေးများအား နေစရာ အိမ်ခြေမဲ့မဖြစ်စေရန် နိုင်ငံသားများနည်းတူ အခွင့်အရေးတန်းတူ ရှိစေရမည်။
အစိုးရ၏ ရိုဟင်ဂျာ ပြသနာအားဖြေရှင်းရန် လစ်ဟင်းမှုသည် နိုင်ငံသားတိုင်းစည်းလုံးညီညွတ်ရေး ၊ လူ့အခွင့်အရေးနှင့် အနာဂတ်အလားအလာ တို့အတွက် နှောင့်နှေးစေသဖြင့် လူမျိုးပေါင်းစုံပါဝင်သော စစ်မှန်သော နိုင်ငံတည်ထောင်ရန် မြန်မာနိုင်ငံအစိုးရအားတိုက်တွန်းလိုက်ပါသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် လူသားတိုင်းသာတူညီမျှ အခွင့်အရေးရရှိစေရန် ၊ ရိုဟင်ဂျာများ၏ ဆိုးရွားသော အခြေအနေများအပေါ်တွင် ထိထိရောက်ရောက်နှင့် ကြိုတင်ကာကွယ်မှု့များ ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသော နိုင်ငံရေးပါတီများကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် အလားတူ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရိုဟင်ဂျာများအား ယာယီခိုလှုံခွင့်ပေးရန် ၊ ရိုဟင်ဂျာများ၏ နိုင်ငံရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေစဉ်အတွင်း နိုင်ငံတကာ မှ အစားအစာနှင့် အခြားသော လူ့သားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ခွင့်ပြုရန် တောင်းဆိုပါသည်။
အာဆီယံနိုင်ငံများအနေဖြင့်လည်း ရခိုင်ပြည်နယ်ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု တို့ အပေါ် အာရုံစိုက်ပြီး ရိုဟင်ဂျာ တို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ပိုမိုထိရောက် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ရန် တိုက်တွန်းလိုက်ပါသည်။
မွတ်စလင်အဖွဲ့အစည်များ အနေဖြင့်လည်း ရိုဟင်ဂျာများ၏ အခွင့်အရေးကို အားတတ်သရော အထောက်အကူဖြစ်စေရန် အလို့ငှာ မိမိတို့၏ အစိုးရများ နှင့် ကုလသမဂ္ဂ လူမှု့ရေးအဖွဲ့အစည်းများ ကို ဖိအားပေးဆောင်ရွက်ခိုင်းရန် လည်း တိုက်တွန်းပါသည်။
အာဆီယံနိုင်ငံများနှင့် OIC အဖွဲ့အစည်း ၏ အားထုတ်ကြိုးပမ်းမှု့များကို နယူးယောက်တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၌ တင်သွင်းအဆိုပြုရန် ပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်ပါသည်။
ရိုဟင်ဂျာများ နိုင်ငံရေး လူမျိုးရေး ပြဿနာများတွင် ကောင်းမွန်သောအခြေအနေသို့မရောက်မချင်း လူအချင်းချင်းနှောင့်ယှက်ဖျက်ဆီးမှု နှင့် ရာဇ၀တ်မှု့များမှ ကာကွယ်ရန် ရိုဟင်ဂျာတို့အတွက် လုံခြုံခိုင်မာသော စည်းရိုးများတည်ဆောက်ပေးရန် ကုလသမဂ္ဂအားလည်းးတိုက်တွန်းပါတယ်။
ဤ ရိုဟင်ဂျာများအားသုံးသပ်ခြင်း အဆိုပြုလွှာ မိတ္တူ ကို မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ထံသို့၎င်း ၊ မြန်မာနိုင်ငံသမ္မတ ထံသို့၎င်း ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ထံသို့၎င်း ၊ OIC အထွေထွေအတွင်းရေးမှူး နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတို့ ထံသို့လည်း ပေးပို့ တင်သွင်းလိုက်ပါသည်။ ။

အဆိုပါ နိုင်ငံတကာညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများမှာ
YABhg Tun Dr Mahathir Mohamad
Fourth Prime Minister of Malaysia & President of Perdana Global Peace Foundation
Tan Sri Razali Ismail
Former Special UN Representative to Myanmar (Moderator)
Mr Benjamin Zawacki
Consultant, Former Researcher
Amnesty International
Mr Matthew Smith
Human Rights Watch
Dr. Maung Zarni
Civil Society and Human Security Unit
London School of Economics
Mr Jacob Zenn
International Affairs Analyst, Washington DC
Formerly at UNCHR Malaysia
HE Dr. Surin Pitsuwan
Secretary General of ASEAN
Tan Sri Dr. Mohd Rais Abdul Karim
Former Vice Chancellor UPSI & Acting Secretary General PERKIM (Moderator)
Ms Chris Lewa
Director of the Arakan Project
Dr. Sriprapha Petcharamesree
Office of Human Rights Studies & Social Development, Mahidol University, Thailand
Mr Saiful Huq Omi
Equal Rights Trust Research Consultant
Dr. Abdulllah Ahsan
JUST International
Tan Sri Ahmad Fuzi Abdul Razak
Former Secretary General of Ministry of Foreign Affairs Malaysia & Trustee of PGPF (Moderator)
NGOs ASEAN
NGOs Asia
NGOs Other Countries
http://bigdogdotcom.wordpress.com/2012/09/17/resolution-on-rohingya/ ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
http://news.mmsy.info
မှကူးယူဖော်ပြပါသည်။

ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့်လေ့လာမှုများ ထားမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံးအကျိုးအတွက် လူသားချင်း စာနာထောက်ထား သည့် အစီအစဉ်တခု အကောင်အထည်ဖော်ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

OIC အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ၁၆ ရက်ကြာ မြန်မာပြည်
လေ့လာရေး ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် အဆိုပါ စာချွန်လွှာအရ ရန်ကုန်နှင့် စစ်တွေမြို့များတွင် “လူသားချင်းစာနာသည့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ စောင့်ကြည့်လေ့လာဖို့ တာဝန်ချထားခြင်း” ပြုလုပ်မည်ဟု OIC ထုတ်ပြန်ကြေညာချက်တွင်
ဖော်ပြပါရှိသည်။

ထိုလုပ်ငန်းများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အာဏာပိုင်များ၏ ကူညီမှုအောက်တွင် လုပ်ဆောင်သွားမည်ဟုဆိုသည်။

မြန်မာအစိုးရနှင့် OIC အကြား ရေရှည် ထိစပ်ဆောင်ရွက်မှုတခု တည်ဆောက်ရန်အပြင် ပြည်တွင်း လူမှုအုပ်စုများ အချင်းချင်း ပြန်လည်သင့်မြတ်မှုနှင့် ပြန်လည်နေရာ ချထားရေးများ အပြုသဘောဆောင်သည့် ခြေလှမ်းများအတွက် တိုက်တွန်း အားပေးရန် OIC သံတမန်ကြီး အူဖက် ဂေါ့ကန် Ufuk Gokcen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်
ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အာဏာပိုင်များနှင့် ကျယ်ပြန့်သော ဆက်သွယ်မှုများ ရရှိခဲ့သည်ဟု ထုတ်ပြန်
ကြေညာသည်။
http://www.mizzimaburmese.com/news/ 
မှကူးယူဖော်ပြပါသည်။

Wednesday, September 19, 2012

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်


 2012-09-18

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြားဆုတွေကို လက်ခံယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နှင့်တွေ့ဆုံစဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ပူးတွဲမိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ USIP ခေါ် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထပြုတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အနာဂတ် အလားအလာနဲ့ စိမ်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ် လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton လည်းတက်ရောက်ပြီး အဖွင့်မိတ်ဆက်စကား ပြောကြားမှာပါ။
“အသွင်ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲ ကျင်းပပုံကို ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ အင်တာနက်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
အဲဒီနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ RFA လွတ်လပ်တဲ့ အာရှအသံကို ဒီကနေ့ နေ့လည် ၂ နာရီ (မြန်မာစံတော်ချိန် ဒီည ၁၂ နာရီခွဲတိတိ) မှာ လာရောက်ပြီး (၁)နာရီကြာမျှ အချိန်ယူလည်ပတ် ကြည့်ရှုမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မနက်ဖြန်မနက် RFA ရုပ်သံနဲ့ ရေဒီယို အစီအစဉ်တွေကနေ တင်ဆက်မှာ ဖြစ်ပါတယ်။
ဒီအတောအတွင်း အမေရိကန် သမ္မတကတော် Mitchelle Obama ကလည်း သမ္မတ အိမ်ဖြူတော်မှာ တစ်ညတာ လာရောက်လည်ပတ် တည်းခိုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတယ်လို့ ဝါရှင်တန်မှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကို ကိုးကားပြီး Foreign Policy စာစောင်က ရေးသားပါတယ်။
အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတည်ခင်းမယ့် ညစာစားပွဲကို သမ္မတဟောင်း George W Bush ၊ သမ္မတဟောင်း Bill Clinton နဲ့ ကမ္ဘာကျော် Microsoft ကွန်ပြူတာ လုပ်ငန်းရှင် သူဋ္ဌေးကြီး Bill Gates တို့လည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/
မှကူးယူဖော်ပြပါသည်။

သံရုံးများအား တိုက်ခိုက် ဖျက်ဆီးမှုများသည် အစ္စလာမ့် လမ်းစဉ်မဟုတ်ဟု ဆော်ဒီဆို

 စက်တင်ဘာ၊ ၁၆၊ ၂၀၁၂
M-Media
Soure: OnIslam
ရီယာဒ်။ ။ ဆော်ဒီအာရေဗျနိုင်ငံ၏ သာသနာရေးဆိုင်ရာ အကြီးအကဲက တမန်တော် မုဟမ္မဒ်သခင်အား အသရေဖျက်ထားသည့် ဗီဒီယိုကို ကန့်ကွက်ရှုတ်ချသော ဆန္ဒပြပွဲများအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံခြားသံရုံးများအား တိုက်ခိုက်ခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး ထိုကဲ့သို့သော လုပ်ရပ်များသည် အစ္စလာမ်သာသနာတော်၏ သင်ကြားမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ပြောဆိုလိုက်သည်။

“သာသနာတော်ကို ထိခိုက်စေတဲ့ ဒီလိုလုပ်ရပ်မျိုးတွေကို အလ္လာဟ်အရှင်မြတ်က ခွင့်မပြုပါဘူး။ ကိုယ်တော်မြတ်ရဲ့ သြ၀ါဒတော်တွေနဲ့လည်း သဟဇာတ မဖြစ်ပါဘူး။ စက်ဆုပ်ဖို့ကောင်းတဲ့ ပြစ်မှုအတွက် အပြစ်မဲ့တဲ့သူကို အပြစ်ပေးတာ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့်သူတွေကို တိုက်ခိုက်တာ၊ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမီးရှို့တာမျိုးတွေကို (အစ္စလာမ်သာသနာက) ပိတ်ပင်တားမြစ်ထားပါတယ်။” ဟု Sheikh Abdulaziz bin Abdullah Al-Sheikh က ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် SPA မှ ထုတ်လွှင့်သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံမှထုတ်လုပ်သော တမန်တော့်မုဟမ္မဒ်အား အသရေဖျက်ထားသည့် ဗီဒီယိုကြောင့် မွတ်စလင်ကမ္ဘာတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့လေသည်။
အီဂျစ်နိုင်ငံတွင် အမေရိကန်သံရုံးအား စီးနင်းတိုက်ခိုက်ရန် ကြိုးစားသောဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ခဲ့ကြပြီး အနည်းဆုံး ၂ ဦးသေဆုံးခဲ့သည်။ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဆန္ဒပြသူများက ၀င်ရောက်စီးနင်းခဲ့ကြပြီး အမေရိကန်သံအမတ်အပါအ၀င် ရုံးဝန်ထမ်းသုံးဦး သေဆုံးခဲ့ရသည်။ ယီမင်နိုင်ငံ ဆန်နာမြို့ ဆန္ဒပြမှုတွင်လည်း ယီမင်လူငယ်တစ်ဦး သေဆုံးခဲ့သည်။
ဆော်ဒီရှိ မွဖ်သီ (ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော်မြတ်၏ သြ၀ါဒတော်များနှင့် မဆန့်ကျင်ဘဲ အစ္စလာမ့်ဓမ္မသတ်ဥပဒေပြဌာန်းနိုင်ခွင့်ရှိသူ) တစ်ဦး က “တကယ်လို့ မွတ်စလင်တွေဟာ ဒေါသပေါက်ကွဲလိုက်မယ်ဆိုရင် ဒီဗီဒီယိုနောက်ကွယ်က ထုတ်လုပ်တဲ့သူတွေရဲ့ ရည်ရွယ်ချက်တွေအောင်မြင်သွားပါလိမ့်မယ်။ အပြစ်မဲ့တဲ့သူတွေကိုသတ်ဖြတ်တာမျိုးတွေ၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာမျိုးထိအောင် ဒေါသတွေကို မပေါက်ကွဲသင့်ပါဘူး။” ဟု ပြောကြားခဲ့ပြီး၊ အဆိုပါ ဗီဒီယိုအားကန့်ကွက် ရှုတ်ချရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ သတ်မှတ်ထားသော ဘောင်အတွင်းတွင်သာရှိသင့်သည်ဟု ဆိုသည်။
ဆော်ဒီနိုင်ငံရှိ သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက အဆိုပါဗီဒီယိုကို ရာဇ၀တ်မှုတစ်ခုအဖြစ် ဖော်ပြခဲ့ကာ တမန်တော်များနှင့် ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားရာများကို စော်ကားမှုများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းရန် ဆော်သြလိုက်သည်။
တိုင်းကျိုးပြည်ပြုလုပ်ငန်းများဆောင်ရွက်နေကြသော၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်နေကြသော၊ ဖွံဖြိုးတိုးတက်မှုများကို ရှာဖွေနေကြသော မွတ်စလင်များ၏ ရည်မှန်းချက်ပန်းတိုင်များကို လွင့်ပျောက်သွားစေရန် အဆိုပါ ဗီဒီယိုအား ထုတ်လွှင့်ခြင်းဖြစ်သည်ဟုဆိုသည်။
“မွတ်စလင်တွေရဲ့အကောင်းဆုံးတုံ့ပြန်မှုကတော့ တိုင်ကျိုးပြည်ပြုလုပ်ငန်းတွေ၊ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။”
ဆော်ဒီအာရေဗျနိုင်ငံက အဆိုပါဗီဒီယိုကို ပြစ်တင်ပြောဆိုခဲ့ပြီး ၎င်းဗီဒီယိုကို ဆန့်ကျင်သူများ၏ တိုက်ခိုက်မှုများကိုလည်း ရှုတ်ချကြောင်း၊ ဘန်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများအတွက် ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း ကြာသာပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဝေဇင်
Source:http://www.onislam.net/ မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်။
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

ရိုဟင်ဂျာဟူသောအသုံး မကြားဖူးဟု ဆိုသူများ အသိပညာနုံခြာဟု ဝေဖန်ခံရ

 

စက်တင်ဘာ၊ ၁၈၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - SK

မြန်မာနိုင်ငံတွင်းနေထိုင်သည့် သတင်းစာဆရာများဖြစ်ပါလျက် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို မကြာမီက စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ဗုဒ္ဓဘာသာ- ရိုဟင်ဂျာ ပဋိပက္ခအပြီးမှ ကြားဖူးကြောင်း ပြောကြားခဲ့သည့် ရခိုင်သတင်းစာ ဆရာများအသင်းသည် အလွန်ညံ့ဖျင်း၍ အသိဥာဏ်နုံခြာ သူများဖြစ်သဖြင့် ၎င်းတို့၏စကားကို လက်ခံစဉ်းစားရန်ပင် မလိုကြောင်း သမိုင်းပညာရှင် တစ်ဦးက ပြောကြားလိုက်သည်။

ရိုဟင်ဂျာဟူသော စကားရပ်ကို ကြားဖူးသည်မှာ လပိုင်းခန့်သာ ရှိသေးကြောင်း၊ ရခိုင် သတင်းစာဆရာများ အသင်းက မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ဥက္ကဋ္ဌ ဦးမောင်ဝံသနှင့် တွေ့ဆုံစဉ် ပြောကြားကြောင်း မြန်မာ့မီဒီယာ အချို့၏
သတင်းဖော်ပြချက် များအရ သိရသည်။

“တိုင်းရင်းသား ဖြစ်တာ၊ မဖြစ်တာက ဒုတိယအဆင့် ကိုယ့်နာမည်ကိုယ်ပေးပိုင်ခွင့်ရှိရမယ်။ ဒါလူ့အခွင့်အရေးပဲ။ ဥပမာ ကရင်နီကို .....

ကယားလို့ပြောင်းတယ်၊ ဒါကို ဘယ်သူမှ ပြောလို့မရဘူး။ ပြီးတော့ ဘင်္ဂါလီက သပ်သပ်ပါ။ သူတို့ကိုယ်သူတို့ ဘင်္ဂါလီလို့ပဲသုံးတာ။ ရိုဟင်ဂျာတွေအားလုံးကလည်း သူတို့ကိုယ် သူတို့ အကွဲအလွဲမရှိ၊ ရိုဟင်ဂျာလို့ပဲသုံးတယ်။” ဟု သမိုင်းပညာရှင်တစ်ဦးက myanmarmuslim.netသို့ ပြောကြားသည်။

“ဒီလို ဖော်ပြနေတာတွေဟာ မြန်မာ့သတင်းသမားတွေကိုယ်တိုင် မသိလို့လား။ ဒါမှမဟုတ် အခုထက်ထိ သိသိသာသာ ဘက်လိုက်နေတာလား။ ရိုဟင်ဂျာဘာသာစကားနဲ့ မြန်မာ့အသံ တိုင်းရင်းသား ဘာသာစကား အစီအစဉ်ကနေ ၂နှစ်လောက် အသံလွှင့်ခဲ့တာကို ကျွန်တော်တို့လို သတင်းသမားမဟုတ်တဲ့ သာမန်လူတောင် သိတယ်။”ဟု မြန်မာမွတ်စလင် ကျောင်းသားလူငယ် တစ်ဦးကလည်း ထင်ရှားသည့် လိမ်လည်မှုကို သတင်းလုပ်ဖော်ပြနေ သည့် ပြည်တွင်းမီဒီယာ အချို့အပေါ် အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့သည်။

ပြည်တွင်းမီဒီယာများသည် ရခိုင်ပဋိပက္ခ၌ “အမျိုးသားရေးအမြင်ဖြင့် ရေးသားဖော်ပြ”ဟူသော စကားလုံးဖြင့် သမ္မတ ဦးသိန်းစိန်က ဗွီအိုအေနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းက ပြည်တွင်းမီဒီယာများ၏ ဘက်လိုက်ရေးသားမှုကို ပိုမိုပေါ်လွင်စေခဲ့သည်။

ရိုဟင်ဂျာမရှိဟု ဆိုကြသည့် ရခိုင်သတင်းစာဆရာများ အသင်းက ရိုဟင်ဂျာဟု ခေါ်ဆိုခြင်းက ဒေသခံ ရခိုင်(ဗုဒ္ဓဘာသာ)များ က မကြိုက်ဟုလည်းပြောကြားထားသည်။

“ဒါဆို ဒီဘက်ကလည်း သူတို့ကို ဒေသအခေါ် မောက်(Maug)လို့ခေါ်ရင် သူတို့လက်ခံမှာလား။ ဒါ့ကြောင့် ရခိုင် (ဗုဒ္ဓဘာသာ)တွေဟာ ဥပဒေက ပေးရမယ့် အခွင့်အရေးကိုတောင် ရိုဟင်ဂျာတွေအပေါ် မပေးချင်ဘူး လို့ သမ္မတရုံးရဲ့ သုံးသပ်ချက်မှာ ပြောထားတာ ဖြစ်ပါလိမ့်မယ်”ဟု သမိုင်းပညာရှင် တစ်ဦးက ဆက်လက် သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ၂၅-၉-၁၉၅၄ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ မိန့်ခွန်းတွင် ဘူးသီးတောင်၊ မောင်တောရှိ ရိုဟင်ဂျာ လူမျိုးများမှာ မွတ်စလင်များဖြစ်ကြောင်း မိန့်ကြားဖူးသကဲ့သို့၊ ဒု-၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း ၃-၁၁-၁၉၅၉ နှင့် ၄-၁၁-၁၉၅၉ ဘူးသီးတောင် မောင်တော လူထုအစည်းအဝေးပွဲတွင် ရိုဟင်ဂျာ လူမျိုးများသည် အခြားတိုင်းရင်းသားများနှင့် တန်းတူ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြောင်း ရာဇ၀င်အထောက်အထား များနှင့်တကွ အသံလွှင့်ကြေညာခဲ့ဖူးသည်။ ထို့အပြင် ၁၉၆၁ မေ ၁၅ မှစ၍ မြန်မာ့အသံ တိုင်းရင်းသားဘာသာ အစီအစဉ်မှ ရိုဟင်ဂျာဘာသာစကား အစီအစဉ်ကို ရိုဟင်ဂျာဘာသာစကားဖြင့် ထုတ်လွှင့်ပေးခဲ့သည်။ ၁၉၆၄ စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) တွင် မေယုနယ်ခြားခရိုင်(ဘူးသီးတောင်၊ မောင်တော)တွင် လူဦးရေ ၄သိန်း၊ ၅ သိန်းခန့်ရှိရာ ၇၅ရာခိုင်နှုန်းမှာ ရိုဟင်ဂျာများဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀-၁၁-၁၉၆၁ မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေးမှူး ရုံးမှ ဗဟိုအစိုး၏ ဆုံးဖြတ်ချက်နှင့်အညီ ရိုဟင်ဂျာလူမျိုးများမှာ တိုင်းရင်းသား များဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရခိုင်မွတ်စလင်ဟူသော စကားလုံးအစား ရိုဟင်ဂျာဟု သုံးစွဲခွင့်ပြုကြောင်း ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီပါတီ (UNDP)မှ ၁၉၉၂၊ ဖေဖော်ဝါရီလထုတ် သတင်းလွှာတွင် ဖော်ပြထားသည်။

ရခိုင်မွတ်စလင်(၀ါ) ရိုဟင်ဂျာဟူသော တိုင်းရင်းသားများကို ၁၉၈၂ နိုင်ငံသားဥပဒေအရ တိုင်းရင်းသား လူမျိုးစာရင်းမှ ငြင်းပယ်ခံခဲ့ရသည်။ Ammesty International က ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်ခု၌ရှိသော လူ့အခွင့်အရေး ကာကွယ်ရန်တာဝန်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ကြီးမားသော ခွဲခြားဆက်ဆံမှုဖြစ်သည်ဟု သုံးသပ်ထားသည်။၂-၄-၂၀၀၇ တွင် ကုလသမဂ္ဂမှ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေအတွက် အထူးအရာရှိ ၆ ဦး၏ ပူးတွဲကြေညာချက် တွင် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်စလင်များ နိုင်ငံသား အခွင့်အရေး ငြင်းပယ်ခံနေရကြောင်း မိမိတို့၏ အခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးခွင့်မရကြောင်း ချုပ်ချယ်တားဆီးမှုများစွာ ခံနေရကြောင်း၊ ထို့ကြောင့် အိမ်နီးချင်း နိုင်ငံများသို့ ထောင်ပေါင်း များစွာ ထွက်ပြေးနေကြရာ ဒေသတွင်း လူမှုရေး ဆိုင်ရာ ရှုပ်ထွေးမှုများ ပေါ်ပေါက်နေရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၁၉၈၂ နိုင်ငံသားဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် အညီ ပြင်ဆင်သင့်ကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်၍ တိုက်တွန်းထားသည်။
http://www.myanmarmuslim.net/ 
မှကူးယူဖော်ပြပါသည်။

Tuesday, September 18, 2012

အကျဉ်းသား ၅၁၄ဦး ကို မြန်မာ အစိုးရ လွတ်ငြိမ်း ချမ်းသာခွင့် ပေး

မခင်ဖြူထွေး
နိုင်ငံခြားသား အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသားစုစုပေါင်း ၅၁၄ ယောက်ကို သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန် လွှတ်ပေးလိုက်တဲ့အကြောင်း ကြားဖြတ်အထူးသတင်းတရပ် မကြာသေးခင်က အချိန်ပိုင်းကပဲ မြန်မာ့ရုပ်မြင်သံကြား ကနေ ကြေညာသွားပါတယ်။ ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့အတွက် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို မကြာခင် ရက်ပိုင်းမှာပဲ ရောက်လာရှိဖို့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အကြောင်းစုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

နိုင်ငံခြားသား အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား စုစုပေါင်း ၅၁၄ ယောက်ကို နိုင်ငံတော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းကို ဒီကနေ့ ညနေ ၄ နာရီက ကြားဖြတ် သတင်းတရပ်နဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို ဆက်သွယ် မေးမြန်းကြည့်တော့ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဌေးက အခုလို ပြောပြပါတယ်။

“ကျနော်တို့ လွှတ်တာတော့ လွှတ်တယ်ခင်ဗျ။ ဒါပေမဲ့ ခဏလေး စောင့်ပေးပါလား။ ၆ နာရီခွဲလောက်ကျမှ။ ကျနော်တို့ အခု စိစစ်နေတုန်း။ လွှတ်တော်တော့ လွှတ်ပါတယ်။ ကျနော်တို့ စာရင်းဇယားတွေ ပြုစုနေလို့ပါ။ စာရင်းတော့ ရပြီခင်ဗျ။ ကျနော်တို့အခုက စိစစ်တုန်းပဲ ရှိသေးတယ်။ ကျနော်တို့ အခုဟာက လွှတ်ဖို့လုပ်နေတဲ့အတွက် ကျနော်တို့ ပြန်စိစစ်ပြီး ထောင်တွေ ခွဲနေလို့ပါ။”

အခု သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်တယ်လို့ သိရပေမဲ့ ဘယ်သူတွေ ပါဝင်ပြီး အရေအတွက်အားဖြင့် ဘယ်လောက် ရှိတယ် ဆိုတာတော့ မသိရသေးပါဘူး။ အခုလွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်ပဲ ပါနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောပါတယ်။

" အခု ပြန်လွတ်လာတဲ့သူတွေထဲမှာတော့ နိုင်ငံရေးအကျဉ်းသားက ဆယ်ဂဏန်းလောက်ပဲ ပါတယ်လို့ သိရပါတယ်။ အများစုကတော့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ကျနော်တို့ ကြားတာက လေးရာနီးနီးတောင်မှ နိုင်ငံခြားသား အကျဉ်းသားတွေဖြစ်နေတယ်ဆိုတာမျိုး ရှိပါတယ်။

ဒီသာမာန် ရာဇဝတ်အကျဉ်းသားနဲ့ ပေါင်းလိုက်ရင်တော့ နိုင်ငံရေးအကျဉ်းသားကတော့ ဆယ်ဂဏန်းလောက်ပဲ လွတ်လာနိုင်ခြေရှိပါတယ်။ အခုကျနော်တို့ ကြားနေရတာက သာယာဝတီထောင်က သုံးယောက်လွတ်တယ်။ ဆိုတော့ နောက်တခါ တောင်ကြီးထောင်က တယောက်လွတ်မယ်။ အဲ့လောက်ပဲ သိရသေးပါတယ်။

သူတို့ ကြေညာတဲ့အချိန်နဲ့ ထောင်ပိတ်တဲ့အချိန်နဲ့က ကပ်နေတဲ့အတွက် ဒီနေ့တောင်မှ လွှတ်ဖို့မှာ နောက်ကျမှ လွှတ်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။"

ဒီရက်ပိုင်း အတွင်းမှာပဲ နိုင်ငံတော်အကြီးအကဲ သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ ရှိနေချိန်မှာပဲ အခုလို အကျဉ်းသားတွေကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အရင်ကလည်း အခုလို ထူးခြားတဲ့ အချိန်မျိုးမှာ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသားတွေ လွှတ်ပေးလေ့ ရှိတာကြောင့် ဒီတကြိမ် လွှတ်ပေးမှုကလည်း တကယ်ပဲ ပြုပြင် ပြောင်းလဲရေးကို ဦးတည်ဆောင်ရွက်တဲ့ လုပ်ရပ်လားဆိုပြီး သံသယ ဖြစ်နေသူတွေလည်း ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ အခုလို သုံးသပ်ပါတယ်။

“တော်တော်လေးကို ခက်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလိုမျိုး သွားတိုင်း၊ တခုခု ထူးခြားတိုင်း၊ ပြည်တွင်း ပြည်ပဖိအားတွေ ကြီးလာတိုင်းမှာ အဲ့လို နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င်ပေါ့လေ။ အကျဉ်းသားတွေ လွှတ်ပေးတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ နည်းနည်း နည်းနည်း ပါတယ်။ ဆိုတော့ ဒီကိစ္စမျိုးတွေကတော့ တော်တော်ကို ယုံကြည်ရခက်တဲ့ကိစ္စမျိုးလို့ ထင်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်ပိုင်းမှာ တကယ့် အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ အများအပြားကို လွှတ်ပေးလိုက်တယ်။ သို့ပေမဲ့လည်း ဘာကြောင့် အထင်ကရ မဟုတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးဘူးလဲ ဆိုတာ တော်တော်ကို စဉ်းစားစရာ ဖြစ်ပါတယ်။ သံသယ ဖြစ်စရာ ဖြစ်ပါတယ်။

ဆိုတော့ ဒီလူတွေကို တခါ လွှတ်ပေးလိုက်၊ ချီးကျူးလိုက်၊ နိုင်ငံတကာကနေ ထောက်ခံလိုက် ဆိုတဲ့ဟာမျိုးတွေ လုပ်နေတဲ့ လုပ်နေတဲ့အခါ ကျတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ဓားစားခံအဖြစ် ထားပြီးတော့ အဲဒီလိုမျိုး တဖြည်းဖြည်းနဲ့ အပေးအယူ လုပ်နေတဲ့သဘောလားလို့ မေးခွန်း ထုတ်စရာ ရှိပါတယ်။ အဲဒါမျိုး ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတာ ဘာလဲ ဆိုတာကို သံသယ ဖြစ်စရာပါ။”

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး မြန်မာအစိုးရ အနေနဲ့ တကယ်တမ်း စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးဆီကို ဦးတည် ဆောင်ရွက်နေတယ်ဆိုရင် ဒီလူတွေ အားလုံးကို ပြန်လွှတ်ပေးရမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေကြတာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ မတ်လ ကတည်းကစလို့ ခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဒါနဲ့ဆိုရင် (၆) ကြိမ် ရှိသွားပြီ ဖြစ်သလို စုစုပေါင်း အကျဉ်းသား ၂ သောင်း ၉ ထောင် ၁၈ ယောက် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားကတော့ ၈၀၀ ကျော် ပါဝင်ခဲ့သလို ကိုမင်းကိုနိုင် ကိုကိုကြီး စတဲ့ အထင်ကရ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ခုမတိုင်ခင် နောက်ဆုံးတကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပြီး နိုင်ငံခြားသား အကျဉ်းသား ၃၄ ယောက် အပါအ၀င် အကျဉ်းသား ၈၀ ကျော် ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
မှကူးယူဖော်ပြပါသည်။

၂၁ ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

 2012-09-16
Myanmar Peace Center က ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားရေးဆိုင်ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ချက်ထရီယံဟိုတယ်မှာ မနေ့က စတင်ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေ နမ်ဘီယားအပြင် နိုင်ငံတကာ သံရုံးအသီးသီးက တာဝန်ရှိသူတွေ၊ ကုလအဖွဲ့အစည်းတချို့က ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး အရှေ့တောင် အာရှနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို အခြေတည် ဆွေးနွေးခဲ့ကာ ဒီဆွေးနွေးချက်တွေထဲက နမူနာယူစရာတချို့ကို မြန်မာနိုင်ငံမှာ ပြန်လည်အသုံးချဖို့ ရည်ရွယ်ကြောင်း ဒီပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်ရင်လှိုင်က RFA ကိုပြောပါတယ်။
"အားလုံးက ဒါကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မြေ၊ ကိုယ့်ရေဆိုတဲ့ အမျိုးသားနဲ့ ပတ်သက်တဲ့ သွင်ပြင်လက္ခဏာတွေကို တက်ညီလက်ညီ ခံစားတဲ့ စိတ်ဓာတ်တွေ ရှိလာဖို့အတွက် ကျွန်တော်တို့ ဒီလူမှုရေး အဖွဲ့အစည်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေက လုပ်ဆောင်ရမဲ့ အကြောင်းအချက်တွေရှိတယ်။ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မလဲ။ ဘယ်လို အကျိုးရှိအောင် လုပ်မလဲဆိုတာကို ကျွန်တော်တို့က ဆွေးနွေးသွားတာ။ အဲလိုလုပ်ဆောင်တဲ့နေရာမှာ သူများနိုင်ငံတွေမှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာတွေလုပ်ခဲ့လဲ။ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာကော ဘယ်လိုဆက်ပြီး လုပ်ကြမလဲ။ ဒီအကြောင်းတွေကို ဆွေးနွေးခဲ့တယ်။ Conflict တွေကိုပဲ အဓိကထားပြီး ဆွေးနွေးမှာ မဟုတ်ပါဘူး။ Issue တွေအားလုံးကို ဆွေးနွေးမှာ။ ဒီအခု ကျွန်တော်တို့ Conference လုပ်တာကိုက Myanmar Peace Center ရဲ့ Activity တစ်ခုအနေနဲ့ ကျွန်တော်တို့က လုပ်တာပါ"
အခုလို ဆွေးနွေးပွဲမျိုးတွေ ဆက်လက် ပြုလုပ်ဖို့ လိုအပ်ပြီး ဒီဆွေးနွေးပွဲတွေဟာ မကြာမီကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကို အဖြေရှာရာမှာ အထောက်အကူပြုမှာ ဖြစ်တယ်လို့ သမိုင်းပညာရှင် ဦးထွန်းအောင်ချိန်က ဆိုပါတယ်။
"ကျွန်တော်တို့အားလုံးဆုံပြီး ဒီလိုမျိုးပွဲတွေ ဆက်လုပ်ဖို့လိုတယ်။ တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ။ ဒါမှပဲ ဆက်ပြီးတော့ ကျွန်တော်တို့က အလုပ်လုပ်လို့ရမယ်။ ပညာရပ်ဆိုင်ရာနဲ့ ဆွေးနွေးတဲ့သဘောပေါ့နော်။ သမိုင်းကြောင်းကနေ ပြန်ပြီးတော့ ဘာများရမလဲဆိုတာ နှိုက်ကြည့်တာ။ အထူးသဖြင့် အရှေ့တောင်အာရှ အတွေ့အကြုံ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်တို့ သိရတဲ့အတွက်ကြောင့် ကျွန်တော်တို့ တော်တော်လေး အားရစရာကောင်းပါတယ်။ ကျွန်တော်တို့ အဖြေရှာရမယ်လေ။ ရခိုင်အရေးက အဖြေရှာရေးအတွက် ဒီဟာ အထောက်အကူဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်"
နှစ်ရက်ကြာကျင်းပမယ့် ဆွေးနွေးပွဲမှာ ပြည်တွင်း ပြည်ပက သမိုင်းပညာရှင်တွေ၊ ဘာသာရေးအဖွဲ့အစည်း အသီးသီးက ထိပ်သီးခေါင်းဆောင်တွေ မကြာမီက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်က အဖွဲ့ဝင်တွေနဲ့ Myanmar Peace Center ကတာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/
မှကူးယူဖော်ပြပါသည်။

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပ

 2012-09-17
နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်က ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က ရှင်းလင်းပြောကြားနေစဉ်။
သတင်းစာရှင်းလင်းပွဲကို ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်၊ အဖွဲ့ဝင်တွေထဲက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ သတင်းစာဆရာ မောင်ဝံသ ခေါ် ဦးစိုးသိမ်း၊ အနုပညာရှင် ဦးသူရနဲ့ ပါမောက္ခ ဒေါက်တာ ရင်ရင်နွယ်တို့ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ဖြစ်ရပ်တွေဟာ ချက်ချင်းဖြေရှင်းလို့ မရတဲ့ ပြဿနာဖြစ်တဲ့အပြင် နိုင်ငံတကာက လက်ခံနိုင်တဲ့ အဖြေတစ်ရပ်ကို ရှာဖွေနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
"နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ဒီကိစ္စကို ဒီလောက် ၁ လ၊ ၂ လလေးနဲ့ လုပ်ရမယ်ဆိုရင်တော့ ရှင်းရှင်းပြောရရင် သိပ်လွယ်တဲ့ကိစ္စမဟုတ်ဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ နိုင်ငံ အကျိုးစီးပွားနဲ့ ဦးထိပ်ထားပြီးလုပ်ရသလို တစ်ဖက်က နိုင်ငံတစ်ကာရဲ့ မျက်နှာစာမှာ ကျွန်တော်တို့ အမြင်လေး လက်ခံနိုင်ဖို့  Solution ရှာရမှာ။ အဲဒီတော့ အကုန်လုံးကို ကျွန်တော်တို့ ကျေနပ်နိုင်အောင်၊ အများလက်ခံနိုင်တဲ့ အဖြေတစ်ခုကို ထုတ်နိုင်အောင် ကျွန်တော်တို့  ကြိုးစားသွားပါမယ်"
စုံစမ်းရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်က မြို့ရွာတချို့ကို သွားရောက်လေ့လာခဲ့ရာမှာ ကိုယ်မေးမြန်းလိုတဲ့သူတွေကို လွတ်လပ်စွာ မေးမြန်းခွင့် ရခဲ့တယ်လို့ ဒီကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ refugee camps တွေနဲ့ နောက်ကျေးရွာတွေကို သွားခဲ့ပါတယ်။ သွားတဲ့အခါမှာ ကျွန်တော်တို့က မူဆလင်ရွာတွေကော၊ မူဆလင် camps တွေကော၊ နောက် ရခိုင်ရွာ၊ ရခိုင် camps တွေ အားလုံးကိုသွားပါတယ်။ သွားတဲ့အခါမှာ များသောအားဖြင့် ကျွန်တော်တို့က ရွာတွေကို ရောက်ပြီဆိုလို့ရှိရင် တချို့ရွာတွေမှာကတော့ ဗလီတွေ ဘာတွေ ရှိတယ်ဆိုရင် တစ်ခါတစ်လေကျလို့ရှိရင် တစ်ရွာလုံး သူတို့ ရပ်မိ ရပ်ဖတွေကို ကျွန်တော်တို့ နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့ စကားပြောချင်တဲ့လူနဲ့ပဲ အခန်းထဲမှာ ကျန်ပြီးတော့ အစိုးအရအဖွဲ့  တာဝန်ရှိတဲ့လူ၊ ကျေးရွာက လူတွေအားလုံးကို ကျွန်တော်တို့  အပြင်ထွက်ခိုင်းပြီးတဲ့အခါမှာ လွတ်လွတ်လပ်လပ် မေးပါတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် ကျွန်တော်တို့ ပြောချင်တာတွေကိုတော့ လွတ်လွတ်လပ်လပ် ပြောလို့ ရပါတယ်။ အစိုးရက ရွေးပေးတဲ့လူ၊ ရပ်ရွာက ရွေးပေးတဲ့လူဆိုပြီး ကျွန်တော်တို့က အဲဒီလိုမျိုး မလုပ်ပါဘူး။ ကျွန်တော်တို့ တစ်ကယ်တမ်း မေးချင်တဲ့လူကိုပဲ ကျွန်တော်တို့က ရွေးပြီးတော့ မေးပါတယ်"
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အခုလထဲမှာ နောက်ထပ်တစ်ကြိမ် ရခိုင်ပြည်နယ်ကို တစ်ဖွဲ့လုံး သွားရောက် လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာ ၇၀ ကျော် တက်ရောက်ခဲ့ပါတယ်။
http://www.rfa.org/burmese/news/
မှကူးယူဖော်ပြပါသည်။

အာရကာနစ္စတန် (Arakanistan) အပိုင်း-၁

 ရဲရင့်သစ္စာ
အာရကာနစ္စတန် (Arakanistan) ဆိုတဲ့ အမည်ကို ကြားလိုက်တာနဲ့ရိုဟင်ဂျာကုလားတွေ က ရခိုင်ပြည်နယ်မှာ မွတ်စလင်နိုင်ငံ တည်ထောင်ဖို့ရည်ရွယ်ထားတဲ့နာမည်ဘဲလို့ ဒီခေတ် ဗုဒ္ဓဘာသာဝင် အများစု က သိလိုက်ကြမှာဖြစ်ပါတယ်။ နိုင်ငံခြားတွေမှာစာတမ်းတွေကျမ်းတွေပြုစုနေပါတယ် ဆိုတဲ့ ပညာတတ်များ က ရေးသားဝါဒဖြန့် လူထုဆီနည်း အမျိုးမျိုးနဲ့အရောက်ပို့နေတာကြောင့် မြန်မာ လူထု (အထူးသဖြင့် အွန်လိုင်းလူထု) လည်း ဟုတ်နိုးနိုးနဲ့ ရောယောင်ပြီး မခံမရပ်နိုင်တွေဖြစ် ရိုဟင်ဂျာ ကို ဆဲဆို စတာတွေ ကို တစိုက် မတ်မတ် ပြုလုပ်လာနေကြတာလို့မြင်မိပါတယ်။ ဖြစ်သင့်ပါတယ်၊ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကို ခွဲထုတ်ပြီးသီးသန့်နိုင်ငံ တခု တည်ထောင်ဖို့ လူတစု က ကြိုးစားနေတာသိရရင် စိတ်ဆိုးဒေါသ ထွက်ကြတာ ဟာ တိုင်းချစ်ပြည်ချစ် လူတိုင်းဖြစ်သင့်တဲ့သဘာဝခံစားချက်ပါ။
ရိုဟင်ဂျာ မဟုတ်တဲ့ ကျွန်တော်၊ မြန်မာမွတ်စလင်တဦးဖြစ်တဲ့ ကျွန်တော် ဟာလည်း ရိုဟင်ဂျာဆိုသူတွေ ဟာ အာရကာနစ္စတန် (Arakanistan) လို့ခေါ်တဲ့ နိုင်ငံတည်ထောင်ဖို့ကြိုး စားနေသူတွေ ဖြစ်ကြောင်း စကြားရ၊ စဖတ်ရတော့ မခံမရပ်နိုင်ဖြစ်မိပါတယ်။ ဘာသာတူဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရိုဟင်ဂျာ တွေကို ဆန့်ကျင်စိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ဟာ အာရကာနစ္စတန် နိုင်ငံ ထူထောင်ဖို့ လုပ်ဆောင်နေတယ် ဆိုတာကို ကျွန်တော် စဖတ် ရတာ Islamization of Burma Through Chittagonian Bengalis as “Rohingya Refugees“ စာတမ်းမှာပါ။ စာတမ်းရေးသားသူ က ခေတ်ပညာတတ် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်စော ဆိုတဲ့ ပုဂ္ဂိုလ် ပါ။ အဲဒီစာတမ်း ခေါင်းစဉ် 4.1 မှာ- ဘင်းဂလား က ဝင်ရောက်လာတဲ့ စစ်တကောင်းဘင်္ဂလီ လူမျိုး တွေဟာ မြန်မာပြည်လွတ်လပ်ရေးရပြီးချိန် မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်စလင်နိုင်ငံ “Arakanistan” ကို တည်ထောင်ဖို့ ကြိုးစားခဲ့ကြတယ် လို့ ရေးထားပါတယ်။ ဦးခင်မောင်စော ရေးထားတာကို အထောက်အကူပြုပြီး ဦးခင်မောင်စောလို စာတတ်ပေတတ်တွေ အပါအဝင် အချို့လူတွေကလည်း ရိုဟင်ဂျာတွေ က သီးခြားနိုင်ငံ အာရကာနစ္စတန် တည်ထောင်ဖို့ လုပ်နေသူတွေဖြစ်ကြောင်းဝါဒဖြန့် ပြောဆိုလာကြတာကိုတွေ့ရပါတယ်။ တစ်ရက်မှာ မိတ်ဆွေရိုဟင်ဂျာ၁ ယောက်နဲ့ စကားစပ်မိရင်း အာရကာနစ္စတန် အကြောင်းပြောပြမိတော့ ရိုဟင်ဂျာတွေဟာ အာရကာနစ္စတန် (သို့) သီးခြားခွဲထွက်ခွင့်တောင်းခံခဲ့သူတွေ လုံးဝ မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး၊ ကိုရဲရင့်အနေနဲ့ အဲဒီ သမိုင်းကြောင်းကို သေချာသုတေသန ပြုလေ့လာပြီး တွေ့ရှိတဲ့ အမှန်တရားကို လူထု သိအောင်ရေးပြစေလိုကြောင်းဆိုခဲ့ပါတယ်။ ကျွန်တော်လည်း ကောင်းပါပြီ သုတေသန ပြုလေ့လာပြီး တွေ့တဲ့ အမှန်ကို အမှန်အတိုင်းရေးသားပါ့မယ်လို့ သူ့ကို ကတိပေးခဲ့ပါတယ်။
ဦးခင်မောင်စော က သူ့စာတမ်းမှာ အထက်ပါအတိုင်း ရေးရုံ ရေးထားတာပါ၊ စာအုပ်စာတမ်း အထောက်အထားမည်မည်ရရ ပေးမထားပါဘူး။ သူပြထားတဲ့ အထောက်အထား က တော့ ၁၉၄၇ က ဖဆပလအသင်းဝင် ဦးရရှစ်နဲ့ ဦးနုတို့ ရဲ့ မိန့်ခွန်းဖြစ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော် လည်း လွန်ခဲ့တဲ့ ၇ ရက်လောက် က စပြီး ဦးခင်မောင်စောရေးထားတဲ့ “Arakanistan” နဲ့ပတ်သက်တဲ့ အထောက်အထားကို လိုက်ရှာခဲ့ပါတယ်။ မနေ့ည ကမှ “Arakanistan” နဲ့ပတ်သက်တဲ့ အထောက်အထားတွေ့ခဲ့ပါတယ်။ ကျွန်တော် ကြိုးစားရှာဖွေထားတဲ့ အထောက်အထားကို လူတိုင်းသိနိုင်ဖို့အတွက် ကျွန်တော်ရေးပြပါ့မယ်။ စာဖတ်သူမိတ်ဆွေတွေ အနေနဲ့လည်း သမိုင်းကြောင်းကို သမိုင်းကြောင်းလိုဘဲ မြင်စေချင်ပါတယ်။ ကျွန်တော့်ရဲ့ တင်ပြမှု အပေါ် အခြားအရောင်တွေ မစွန်းပါစေနဲ့လို့ကြိုတင် မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ။
၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် ကို ဖတ်မိပါတယ်။ အဲဒီစာအုပ် ကို ၁၉၉၁ ခုနှစ် က တက္ကသိုလ်များပုံနှိပ်တိုက် ၊ ရန်ကုန် မှာ ရိုက်နှိပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ စာပေ ခွင့်ပြုချက်အမှတ် (၃၆၉၉) နဲ့ တက္ကသိုလ်များ ပုံနှိပ်တိုက် မန်နေဂျာ ဦးစိုးမြင့် က ထုတ်ဝေခဲ့တာပါ။ ပြုစုသူတွေက တော့ဦးကျော်ဝင်း၊ ဦးမြဟန် နဲ့ ဦးသိန်းလှိုင် တို့ ဖြစ်ကြပြီး၊ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့ က စိစစ်ထားတာဖြစ်ပါတယ်။ အဲဒီစာအုပ် “အခန်း ၁၂ ၊ ရခိုင် မွန် နှင့် ချင်းပြည်နယ် တောင်းဆိုခြင်း” အခန်းမှာ၊ ရခိုင်ကိုယ်စားလှယ်တွေဟာ ၁၉၃၀ လန်ဒန်မျက်နှာစုံညီ အစည်းအဝေး ကို သွားတက်ကတည်းက ရခိုင်ပြည်နယ် ကို သီးခြား လွတ်လပ်ရေးပေးဖို့ တောင်းဆိုရန် အစီအစဉ်ရှိခဲ့ပေမဲ့၊ မြန်မာခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးချစ်လှိုင်နဲ့ ဦးဘဘေ တို့ ကတောင်းပန်တဲ့ အတွက် မတောင်းဆိုဖြစ်ခဲ့ လို့ရေးထားပါတယ်။ ၁၉၃၀ လန်ဒန် အစည်းအဝေးကို တက်ခဲ့တဲ့ ရခိုင်ကိုယ်စားလှယ်တွေဟာ ဦးထွန်းအောင်ကျော် နဲ့ မစ္စမေအောင် (ဒေါ်မြစိန်) တို့ ဖြစ်ကြပါတယ်။
၁၉၃၇ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေး ပေါ်ပေါက်လာချိန်မှာ ဥပဒေပြုလွှတ်တော်ရခိုင်အမတ်ဖြစ်တဲ့ အမျိုးသားကျောင်းဆရာကြီး ဦးထွန်းအောင် က ရခိုင်ကိုပြည်နယ် တစ်နယ်အဖြစ် အော်တိုနော်မီ (Autonomy) ပေးသင့်ကြောင်း ရခိုင်တိုင်းမှာ လှုံ့ဆော်ခဲ့တယ်လို့ အထောက်အထားပေးပြီးရေးထားပါတယ်။
ဦးလှထွန်းဖြူ နဲ့ ထင်ရှားတဲ့ ရခိုင်ခေါင်းဆောင်အချို့ ဟာ ရန်ကုန်မြို့မှာ “အာရကံနီစတန်” ရခိုင်ပြည်နယ်တောင်းဆိုရေးအတွက် အစည်းအဝေးကျင်းပဖို့ စိုင်းပြင်းနေကြကြောင်းရေး သားထားပါတယ်။ အာရကာနစ္စတန် (Arakanistan) ဆိုတဲ့ အမည် ကို ဘယ်သူစသုံးခဲ့ တာလည်း ပေါ်လာပါပြီ။ စဖတ်ရခြင်းတော့အလွန်ကို အံ့ဩမိပါတယ်။ စာဖတ်သူတွေလည်းအံ့ဩမိမှာပါ။ မယုံမရှိကြပါနဲ့။
၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် စာမျက်နှာ (၁၆၈)

၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် စာမျက်နှာ (၁၆၈)
ဒါတွေ က လွတ်လပ်ရေးမရခင် အာရကာနစ္စတန် (Arakanistan) လှုပ်ရှားမှုတွေပါ။ လွတ်လပ်ရေးရပြီးတော့လည်း အာရကာနစ္စတန် (Arakanistan) ဝါဒီတွေ က အပြင်းအထန် လှုပ်ရှားခဲ့ပါသေးတယ်။ ပြည်သူ့လွှတ်တော်မှာ တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။ အကျယ်တဝင့်တော့ ကျွန်တော်ရေးမပြတော့ပါဘူး။ ထူးခြား တာ က ရခိုင် က ရိုဟင်ဂျာ တွေ ဟာ ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွက်ရရေးအဆို ကို လုံးဝ မထောက်ခံခဲ့တဲ့အပြင် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
၁၉၅၆ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရမ်းဗြဲ အမတ် ဦးဘမြိုင် က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်း ကို ဆွေးနွေးစဉ်းစားဖို့ အဆိုသွင်းခဲ့ပါတယ်။ အဲဒီ အဆိုရဲ့ အနှစ်ချုပ် က တော့ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ဖန်တီးဖို့နဲ့ ဗဟိုအစိုးရရဲ့ချုပ်ကိုင်မှုကနေ ကင်းလွတ်စေဖို့ ဖြစ်ပါတယ်။ ဦးဘမြိုင်ရဲ့ အဲဒီအဆိုကို ဘူးသီးတောင်အမတ် ဖြစ်တဲ့ အဘူ(ရ်) ဘောရှော (ရ်) က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဆွေးနွေးခဲ့တဲ့ အနှစ်ချုပ် က တော့ ရခိုင်ပြည်နယ် အလိုမရှိကြောင်း၊ အကယ်၍သာ အစိုးရ က ရခိုင်တိုင်းကို ပြည်နယ်ပေးမယ်ဆိုရင် ဘူးသီးတောင် မောင်တော နယ်တွေကို ရခိုင်ပြည်နယ်အတွင်း မထည့်သွင်း ဘဲ သီးခြား ခရိုင်တစ်ခု အဖြစ် ပြည်မ လက်အောက်မှာသာ ထားပေးဖို့မေတ္တာရပ်ခံကြောင်း။
ရခိုင် အမတ် ဦးဘမြိုင်ရဲ့ တောင်းဆိုချက်ကိုအစိုးရအဖွဲ့ က မလိုက်လျောခဲ့ပါဘူး။
ဦးဘမြိုင်ရဲ့ ရခိုင်ပြည်နယ် ဖွဲ့စည်းရေးအတွက် အခြေခံ ဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်းအဆို အရေးနိမ့်သွားပြီး နောက်ပိုင်းမှာလည်း ရခိုင်လွှတ်တော် အမတ် တစ်ချို့ဟာအခါအခွင့် သင့်တိုင်း ရခိုင်ပြည်နယ် ရရှိရေးကို လွှတ်တော်အတွင်းမှာတောင်းဆိုခဲ့ကြပါတယ်။
၁၉၅၇ ခု မတ်လ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြို့ဟောင်းအမတ် ဦးလှထွန်းဖြူ က ရခိုင်ပြည်နယ် တောင်းဆိုခြင်း ဟာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ တောင်းဆိုခြင်း သာဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဦးလှထွန်းဖြူ ရဲ့ ဆွေးနွေးချက် ကို ဝန်ကြီးချုပ် ဦးနု က အဘယ်ကြောင့်ရခိုင်ပြည်နယ် မပေးလိုကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ရခိုင်အမျိုးသားတွေ ဟာ လွှတ်တော်ပြင်ပမှာလည်း ပြည်နယ်တောင်းဆိုမှုကိုလုပ်ဆောင်ခဲ့ ကြကြောင်း ဖတ်ရပါတယ်။ ၁၉၅၇ စက်တင်ဘာ ၂၈ ၊ ၂၉ ရက်တွေမှာ ရန်ကုန်မြို့တော်ခန်းမ မှာ လူမျိုးပေါင်းစုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲ မှာ ရခိုင်အမျိုးသား ဦးကျော်မင်းက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး သဘာပတိအဖွင့်မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။ ရခိုင်အမျိုးသားတွေ က သူတို့ရဲ့ မကျေနပ်ချက်တွေကို တင်ပြခဲ့ကြပြီး ဖဆပလအစိုးရ ဟာ မတရားကြောင်းဖွင့်ဟခဲ့ကြပါတယ်။
၁၉၅၇ စက်တင်ဘာလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတိုက်အခံပါတီဖြစ်တဲ့ ပမညတ အမတ် ဦးသိန်းဖေမြင့် (ဘုတလင်) က လည်း ရခိုင်ပြည်နယ် ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ၁၉၅၇ အောက်တိုဘာ ၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရတည အမတ် ဦးလှထွန်းဖြူ က ရခိုင်ပြည်နယ် ပေးဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ ဦးဖော်သင် (ပုဏ္ဏားကျွန်းအမတ်) နဲ့ ဦးကျော်မင်း (စစ်တွေအမတ်) တို့ က ထောက် ခံဆွေးနွေးခဲ့ပြီး၊ ရိုဟင်ဂျာလူမျိုး ဖြစ်တဲ့ဦးအဘူခိုင် (မောင်တော တောင်ပိုင်းအမတ်) က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ မာန်အောင် အမတ် ဖြစ်တဲ့ ဦးလုံးဖြူ ကလည်း ကန့်ကွက် ဆွေးနွေးခဲ့ပါတယ်။ ပမညတ ဒေါက်တာ ဦးဧမောင် (ပြည်အမတ်) က တော့ ဦးလှထွန်းဖြူ အဆိုကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဦးကျော်တင် (သံတွဲ မြောက်ပိုင်း အမတ်) က တော့ ဦးလှထွန်းဖြူဆွေးနွေးချက်ကိုအပြင်းအထန် ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဘစော နဲ့ ဝန်ကြီး ဦးခင်မောင်လတ်တို့ကလည်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်ရရှိရေးလွှတ်တော်တွင်းကြိုးပမ်းမှု (၁၉၅၈) ဟာ လည်း အရေးနိမ့်ခဲ့ရပြန်ပါတယ်။

ဆောင်းပါးရှင် ရဲရင့်သစ္စာထံမှ ခွင့်ပြုချက်တောင်းပြီး ဖော်ပြပါသည်။
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

၆၂ မျိုးဆက် (သို့) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မမေ့အပ်သော သူရဲကောင်း ဦးအောင်မေသု”

 စုစည်းတင်ပြသူ-ပျံလွှား
ဦးအောင်မေသု (ခ) ဦးသု (၁၉၄၁ – ၂၀၀၂)
ဥက္ကဌ (သာယာဝတီခရိုင် ကျောင်းသားသမဂ္ဂ)
ဥက္ကဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်းလှမြို့၊ ပဲခူးတိုင်း)

“အဲဒါပေါ့ဗျ၊ တိုက်လိုက်၊ ရှုံးလိုက်၊ တိုက်လိုက်၊ ရှုံးလိုက်နဲ့ နောက်ဆုံးတော့ ကျွန်တော်တို့ အောင်ပွဲဆင်ရမယ်” ဆိုသည့် မြန်မာ့ ဒီမိုကရေစီအရေး ဘဝပေး လှုပ်ရှားသူ ကိုအောင်မေသု
“ဘာသာရေး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာရေး အငြင်းမပွားကြတာ ကောင်းပါတယ်” ဆိုသည့် မြန်မာမွတ်စလင် ကိုအောင်မေသု

ကိုယ်ရေးအကျဉ်း
-မူလတန်းကျောင်းသားဘဝမှစ၍ ဗ.က.သ သို့ဝင်ရောက်ခဲ့သည်။
-၁၉၆၀-၆၂ ခုနှစ်တွင် သာယာဝတီခရိုင် စည်းရုံးရေးမှူး (ရကသ)ညီလာခံကိုယ်စားလှယ်-အုတ်ဖိုမြို့နယ် ဥက္ကဌ တာဝန်များထမ်းဆောင်ခဲ့သည်။
-သာယာဝတီခရိုင် (၈) မြို့နယ် ဥက္ကဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။
-၁၉၆၃ခုနှစ်ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြလူထုချီတက်ပွဲတွင် (၄)ခရိုင် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ခေါင်းဆောင်ပြီး ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံသို့ ချီတက်ခဲ့ကြသည်။
-၁၉၆၉၊ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကိုကိုးကျွန်းသို့ အပို့ခံရသည်။
- ၁၉၇၁၌ ကိုကိုးကျွန်းတိုက်ပွဲ အောင်မြင်စွာ ပြီးဆုံး၍ အင်းစိန်ထောင်သို့ ပြန်ရောက်ရှိခဲ့သည်။
- ၁၉၇၂၊ဧပြီ ၁၂ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွတ်မြောက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်ရင်လှနှင့် ထိမ်းမြားခဲ့သည်။
-၁၉၇၆၊ သြဂုတ်တွင် ဒုတိယအကြိမ် ထိန်းသိမ်းခံခဲ့ရသည်။
-၁၉၈၄၊ ဧပြီတွင် တတိယအကြိမ်ထိန်းသိမ်းခံခဲ့ရသည်။
-၁၉၈၈၊ အောက်တိုဘာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း၊ မင်းလှမြို့တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။
-၁၉၈၉၊ သြဂုတ် ၂၄တွင် စတုတ္ထအကြိမ် ထိန်းသိမ်းခံခဲ့ရပြီး၊ နိုဝင်ဘာ ၆ရက်တွင် ပုဒ်မ(၅) (ည)ဖြင့် အင်းစိန်စစ်ခုံရုံးမှ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့သည်။
-၁၉၉၉၊နိုဝင်ဘာ ၆ရက်နေ့တွင် (၁၀)နှစ်ပြည့်ခဲ့သော်လည်း ပုဒ်မ(၁၀) (က)ဖြင့် ဆက်လက်ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၂၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် အထိန်းသိမ်းခံဘဝဖြင့်ပင် ကွယ်လွန်သွားခဲ့ပါသည်။
-ကွယ်လွန်ချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။
ဦးအောင်မေသု (ခ) ဦးသုရဲ့ နောက်ဆုံးခရီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။

ဦးအောင်မေသု ဂုဏ်ပြု ကဗျာများမှ ကောက်နုတ်ချက်များ

“ရဲဘော်နီ အောင်မေသု…သို့
မြန်မာ့အကျဉ်းထောင်သမိုင်းမှာ
ကိုကိုးကျွန်းတိုက်ပွဲဟာ
လွတ်လပ်မှုအတွက်
ဂုဏ်ရောင်အပြောင်ဆုံး
မော်ကွန်းထိုးရမယ့်
အစာငတ်ခံတိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

မြန်မာ့သမိုင်းမှာ
၈၈ အရေးတော်ပုံဟာ
လွပ်လပ်မှုအတွက်
မော်ကွန်းတင်တဲ့တိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

မင်းဖြတ်သန်းသော ခရီးလမ်း
သမိုင်းက ပေးသောတာဝန်
မင်း ထမ်းဆောင်နိုင်ခဲ့ပြီပဲ
မင်း…မင်းတာဝန်ကျေပါတယ်ကွာ။
နီရဲသော အောင်မေသု
ကောင်းရာသုဂတိ လားပါစေ။”

(စံဦး (NLD ကျောက်တံခါး)၏ ကိုအောင်မေသု ဈာပနတွင် ရေးဖွဲ့ခဲ့သော ကဗျာမှ ကောက်နုတ်ချက်)

“သာယာဝတီ နရသိန်ကို အရောက်
(၈)တိုက်ရဲ့ ဝင်းတံခါးပေါက်ကနေ
ရဲရဲတောက် ကြိုဆိုနှုတ်ဆက်မှု
ကျွန်တော် အောင်မေသု
ခု မင်းလှ NLD ဥက္ကဌ
အရင်က ကျွန်းထိရောက်
ပြန်လာတဲ့နောက်လည်း
ထောင်ထဲ တဝဲလည်လည် ခဏ ခဏပေါ့
ခုလည်း (၁၀ က)တဲ့
ဘာဆန်းလှမလဲ
ဒီလိုပဲ သေတဲ့အထိ ချရမှာပေါ့ တဲ့
ပြုံးစစနဲ့ မထီတရီ ပြောလိုက်သမျှ
အားရနှစ်ခြိုက်ခြင်းများနဲ့
လေးစားကျေနပ်မိဖြစ်ခဲ့”

“မိန်းမဥာဏ် လူတစ်စုလက်ထဲက
ယောက်ျားအသည်းနဲ့ လူတစ်ယောက်ရဲ့ သမိုင်း
ဘယ်တော့မှ မရိုင်း ဘယ်တော့မှ မရှုံး…”

(ရီနေ၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)


“အပွင့်ကြွေတာ
ဓမ္မတာဆိုပေမယ့်
လေရိုင်းကြောင့်ဆိုရင်တော့
ပန်းအတွက်
ရာဇဝင်ရိုင်းလွန်းတယ်”

(ဆိုးဆိုး၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)


“၂၅နှစ်တဲ့
သက်တမ်းတစ်ခုလုံး
လူထုထံထိုးအပ်
ထမင်းနဲ့မေတ္တာ
ထမင်းပဲ အငတ်ခံတော့တာ…

ရာဇဝင်မှာ
သူရဲကောင်းပမာ
အခါခါ ကယ်သတဲ့
သူ-
ဗမာ့သမိုင်းမှာ
အခါခါ ကယ်ခဲ့ပြီ။”

(ကေလွန်း၏ ဂုဏ်ပြုကဗျာမှ ကောက်နုတ်ချက်)

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘဝစတေးခဲ့သော ဦးအောင်မေသု၏ ရဲရဲနီသော ဘဝစာမျက်နှာအချို့
“သူသည်ကား ၁၉၆၃ ခုနှစ် ခြောက်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲ၊ မင်းလှစစ်ကြောင်းမှ မြို့တော်ခန်းမအထိ ခြေလျင်ခရီးရှည် ချီတက်ဆန္ဒပြပွဲအပြီးတွင် ပုဒ်မ ၅ အထိန်းသိမ်းခံဘဝဖြင့် ကိုကိုးကျွန်းကိုအရောက်၊ ကိုကိုးကျွန်းမှ ကမ္ဘာကျော် ကျွန်းတိုက်ပွဲများပြီးဆုံး၍ အင်းစိန်ပြန်ရောက် ဒူးမထောက်အညံ့မခံသော သူ၏ နရသိန်နေ့ရက်များသည် ရှည်လျားစွ။
မဆလအာဏာရှင်ခေတ်တစ်လျှောက် ပါတီယူနစ်များကို အာခံခဲ့သည့်အတွက် အသက်အန္တရာယ်ကိုပင် ရန်ရှာခံခဲ့ရသည့်ဖြစ်ရပ်များ၊ နဝတလက်ထက် လယ်မြေအိမ်ခြံများကို သိမ်းပိုက်ဖယ်ရှား၍ ကားလမ်းဖောက်ခြင်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် နဝတ၏ လမ်းစီမံကိန်းတစ်ခုလုံး ဖျက်သိမ်းပေးလိုက်ရသည့်အဖြစ်များ၊ သူထောင်ကျစဉ်အတွင်း သူ့အိမ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ဖြုတ်ပေးရန် ခြိမ်းခြောက်ခဲ့သည်တွင် ထောင်ဝင်စာလာတွေ့သည့် ဇနီးသည်အား “သူတို့အတင်းလာပြီး ဖြုတ်ချရင်တော့ လက်ပိုက်ကြည့်နေ၊ မင်းတို့ သဘောတူညီချက်နဲ့ ဖြုတ်တယ်ဆိုရင် ငါ အိမ်ပြန်လာမှာ မဟုတ်ဘူး”ဟု ဆိုလိုက်သည့်အတွက် သူ့အမျိုးသမီးကလည်း ကျွန်မအမျိုးသား သဘောမတူလို့ မလုပ်နိုင်ဘူးဆိုကာ တင်းခံလိုက်ရာ သူ့အိမ်ရှေ့ရှိ ထိုဆိုင်းဘုတ်လေးသည် ၁၀နှစ်ကျော်ကာလအတွင်း ဆေးသားမှေးမှိန်၍ ဘောင်ရွဲ့စောင်းလျက် မြန်မာပြည်၌ နိုင်ငံရေးလွတ်လပ်မှု မရှိကြောင်း ပြသနေသည့် ဖြစ်ရပ်များ၊ သူထောင်ကျစဉ် ဆယ်နှစ်ပြည့်နေ့က သီးသန့် (က)တိုက်ဆောင်မှ ၁၀နှစ်ပြည့်သူများအားလုံး လွတ်သွားကြပြီး သူ့ကျမှ ပုဒ်မ ၁၀(က)နှင့် ထပ်မံချုပ်ခံရသည့်ဖြစ်ရပ်များ၊ သည်တုန်းက သူ့ဇနီးသည် ဒေါ်ယဉ်ယဉ်လှ တစ်ယောက် ထောင်ဗူးဝမှာ ရှင်တို့ ကျွန်မယောက်ျားအပေါ်မှာ အငြိုးကြီးလှပါပေရဲ့ ဟုပြောဆိုကာ ကြူကြူပါအောင် ချုံးပွဲချငိုခဲ့ရသည့်ဖြစ်ရပ်များ၊ “ပွင့်ခက်နွယ်”၂၅ စက္ကန့် သို့မဟုတ် ၂၅နှစ်လူသားဆိုသလိုပင် ကိုအောင်မေသု၏ သက်တမ်းထက်ဝက်သည် ထောင်နန်းစံ နရသိန်နှစ်ကာလဖြစ်ခဲ့ရသည့်ဖြစ်ရပ်များစသည်၊ အို- များစွ၊ များစွ။”

(ကျဆုံးခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် စာအုပ်မှ ကောက်နုတ်ချက်)
http://news.mmsy.info/ 

မှကူးယူဖော်ပြပါသည်။

စစ်တွေတွင် အကြမ်းဖက် တိုက်ခိုက်ခံရသော ကိုရှိုင်းမင်း နှင့်တွေ့ဆုံခြင်း (၃)

 စစ်တွေမြို့တွင် ရခိုင်လူမျိုးများ၏ အကြမ်းဖက် တိုက်ခိုက်ခြင်းခံရသော မလေးရှား NGO အဖွဲ့နှင့် လိုက်ပါသွားသည့် လူသားချင်းစာနာမှု အကူအညီပေးနေသူ ကိုရှိုင်းမင်း နှင့် တွေ့ဆုံခြင်း
စက်တင်ဘာ၊ ၁၄၊ ၂၀၁၂
ခေဋီဈက်အို အင်တာဗျူးသည် 
☻အော်။ ဟုတ်ကဲ့။ အစ်ကို အခု ဒီရဲစခန်းကိုရောက်တဲ့အခါ သူတို့က အမှုတွေဘာတွေ ဖွင့်ပေးလား။
☺ရဲစခန်းရောက်တဲ့အခါကျတော့ အဲ့ဒီမှာ စခန်းမှူးရောက်လာတယ်။ စခန်းမှူးရောက်လာပြီး သူက ကျနော့်ကို လိုအပ်တဲ့ စစ်ချက်တွေယူတယ်။
☻စစ်ချက်ယူတာ အသေးစိတ်ယူလား။ ဒါမှမဟုတ် အပေါ်ယံ သဘောလောက်ပဲ ယူတာလား။
☺အန်။ စစ်ချက်ကိုက Detail အသေးစိတ်ယူတာတော့မဟုတ်ဘူး။ သဘောလောက် တစ်မျက်နှာစာလောက်ပေါ့။ အတိုချုံးလေးပဲ။ အဲ့လိုမျိုးလေးပဲ သူက ယူလိုက်တာ။ တချို့ဟာတွေကျတော့လဲ ဟာ မင်းလုပ်မနေပါနဲ့တော့ကွာ။ ကျနော်က သူ့ကိုပြောတယ်။ ဘယ်နေရာတွေ ဘာဖြစ်သွားလဲဆိုတော့ ကျနော် သူ့ကို ခေါင်းကိုပြတယ်။ အင်္ကျီလှန်ပြတယ်။ ဒီကျောကုန်းကို။ ပေါ့ပေါ့ပဲ။ သွေးထွက်ဒဏ်ရာလေးပါ။ ရေးလိုက်ပါ။ ခေါင်းမှာ ဖူးယောင်ဒဏ်ရာ တစ်ခုနဲ့ ကျောကုန်းမှာ လက်ပြင်မှာ သွေးထွက်ဒဏ်ရာတစ်ခုဆိုပြီးတော့။ အဲ့ဒါလောက်ပဲ ရေးတာပါ။ အသေးစိတ်တော့ မရေးယူပါဘူး။ ကျနော်လဲ အခန်းထဲပြန်ရောက်ပြီးတော့မှ ဟော်တယ်ပြန်ရောက်ပြီးတော့မှ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့မှ ဒဏ်ရာတွေအကုန်လုံး ကျနော် တွေ့တော့တာပဲ။ မျက်စေ့အောက်မှာ ကွဲနေတာတို့ဘာတို့လဲ အဲ့ဒီမှာ တွေ့တော့တာပါ။ ပြီးတော့ နဖူးမှာလဲ တစ်ချက် အသေးလေး ကွဲသွားသေးတယ်။ အဲ့ဒါကတော့ အဲ့လောက်ကြီးမဟုတ်ဘူး။ သွေးလေး အတန်းလိုက်လေးပေါ့။
☻အစ်ကိုရဲ့ ဒီ ခန္ဓာကိုယ်မှာပေါ့နော် စုစုပေါင်း ဒဏ်ရာ ဘယ်နှစ်ခုလောက် ရသွားလဲ။ အကြီးရော အသေးရောပေါ့။
☺အင်။ အကြီးတွေရော အသေးတွေရောဆိုရင် ကျနော် ဒီ မျက်လုံးအောက်က တစ်ခုရယ်၊ ခေါင်းမှာကကျတော့ အဲ့ဒီမှာ သွေးထွက်သွားတဲ့နေရာ အခုန တူနဲ့ထုလိုက်တဲ့နေရာက တစ်ခုရယ်၊ နောက် ဒီ ဘယ်ဘက် ဂျိုစောင်းနားမှာက ဖုနေတဲ့ဟာတစ်ခု၊ နောက် ဒီ ရင်ဘတ်မှာက ညာဘက် နို့အုံမှာ အဲ့ဒီမှာ ထီးနဲ့ထိုးထားတာက တစ်ချက်၊ နောက် လည်ပင်းအရိုးနားမှာတစ်ချက်၊ ဒီ လည်ပင်းမှာတစ်ချက်၊ နောက် ကျောကုန်းမှာကကျတော့ နှစ်ချက်ပေါ့နော်။ ဒုတ်နဲ့အရိုက်ခံထားရတာ တစ်ချက်ရယ်၊ နောက် အုတ်နီခဲနဲ့ အထုခံထားရတာက တစ်ချက်ရယ်။ အဲဒါတွေက မြင်ရတဲ့ ဒဏ်ရာတွေပေါ့။
☻အော်။ အစ်ကို ဖြစ်တဲ့ဟာတွေအပေါ်မှာ အစ်ကို့ကို ဆေးရုံတွေဘာတွေ ပို့ပေးလား။ ရဲစခန်းကနေ တစ်ဆင့်
☺ပို့ပေးပါတယ်။ ရဲဆေးစာနဲ့ (၇)နာရီ မတ်တင်းလောက်မှာ ဆေးရုံကို သူတို့ခေါ်သွားပါတယ်။ ရဲက ရဲကိုယ်တိုင်ပဲ ဆိုင်ကယ်နဲ့။
☻ဟုတ်ကဲ့။ အော် အဲ့ဒီမှာ ရဲစခန်းမှာ လာပြီး ၀ိုင်းတာ ဘာညာရော ရှိလား။ အစ်ကို့ကို အဲ့လို ခေါ်ထားတဲ့အချိန်မှာ
☺ရဲစခန်းမှာတော့ အဲ့ဒီလိုမျိုး ၀ိုင်းတာ မရှိဘူးနဲ့တူတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကလဲ အဲ့ဒီအချိန်မှာ အထဲရောက်နေပြီ၊ ပြီးတော့ ကျနော်က တောက်လျှောက်မူးနေတာကြောင့် ဘာမှမသိဘူး။ ကျနော် သူမေးတာကိုတောင် မနဲဖြေနေရတယ်အစ်ကို။ နောက်ကျတော့ ကျနော် ရေးတောင်းသောက်တယ်။ ရေးသောက်လိုက်တာနဲ့ တောက်လျှောက်ကို အန်တော့တာပါပဲ။ ကျနော်က နောက်ဆုံး အိမ်သာထဲသွားပြီးတော့ အန်တယ်။ ကျနော် အဲ့ဒီမှာ အရမ်းစိုးရိမ်သွားတာက ခေါင်းကို တော်တော်လေးထိတယ်၊ အန်တယ်ဆိုတော့ ကျနော် အဲ့ဒီမှာ အရမ်းစိုးရိမ်သွားတယ်။ ဆေးရုံရောက်တဲ့အချိန် ကျတော့ ဆရာမကို ပြောပြတယ်။
☻အော်။ ဟုတ်ကဲ့။ ဆေးရုံမှာပေါ့နော်။
☺ဟုတ်။ ဆေးရုံမှာ။ ဆရာမက ဒီအတိုင်းပဲ ကြည့်ရုံပဲကြည့်တာ။ သူက ဘာမှ နောက်ဆုံးဗျာ ဒီဒဏ်ရာတွေကို တစ်ချက်လေးတောင်မှ ဟို။ ဒီမှာ ခေါင်းမှာ ဒဏ်ရာတွေကို တည်းခိုခန်းရောက်တော့မှ ပြန်ကြည့်တာကို ခေါင်းက ဒဏ်ရာတွေမှာ သွေးတွေချည်းပဲဗျ။ ဒါကို တစ်ချက်ကလေးတောင်မှ Cleaning မလုပ်ပေးလိုက်ဘူးဗျာ။
☻ဆရာမဆိုလို့ ဆရာဝန်မလား၊ နတ်စ်မလား။
☺ဆရာဝန်မ၊ ဆရာဝန်မကိုယ်တိုင်ပဲ ကြည့်တာ။
☻သူက ရခိုင်လူမျိုးပဲလား။ ဒီဘက်က ဗမာလူမျိုးပဲလား။
☺ကျနော် အဲ့ဒါတော့ မသိဘူးဗျ။
☻သူ့စကားပြောတဲ့အနေအထားက ၀ဲလားအစ်ကို။
☺သူစကားပြောတဲ့ အနေအထားကတော့ သူ ရခိုင်တွေနဲ့ပြောတာတော့ ၀ဲတယ်။ ဒါပေမဲ့ ကျနော်နဲ့ကတော့ သူ ဗမာလို ကောင်းကောင်းပြောတယ်။
☻အော် ဟုတ်ကဲ့။ အော် အစ်ကို့ကို ဒီလောက် ပြင်းပြင်းထန်ထန် ၀ိုင်းလုပ်ထာတာကို ဓာတ်မှန် ဘာညာလဲ မရိုက်ပေးဘူးပေါ့နော်။ ဆေးရုံက။
☺အဲ့ဒီမှာ ဆေးရုံက သူက ပြောတယ်။ အဲ့ဒီမှာ ဓာတ်မှန်ရိုက်ဖို့ ပြောတယ်။ အဲ့ဒီ ဓာတ်မှန်ရိုက်ဖို့ကိုတဲ့ အခုရိုက်လို့ မရဘူးတဲ့။ အဲ့ဒါတဲ့ မနက်ဖန်ကျမှတဲ့ သွားရိုက်တဲ့။ သူကပြောတယ်။ အဲ့ဒါနဲ့ ကျနော်က မဟုတ်ဘူး။ မနက်ဖန် ကျနော် ပြန်မှာလို့။ အဲ့ဒီတော့ သူက ဆေးစာလေး ရေးပေးလိုက်တယ်။ ဓာတ်မှန်ရိုက်ချင်ရင် အဲ့ဒီဆေးစာကို ပြပြီးတော့ ရိုက်လိုက်တဲ့။ ဘယ်လိုပြောရမလဲ။ အဲ့ဒီမှာ ထိုင်နေတဲ့ ဆရာမကိုယ်တိုင်ကဗျာ လုံးဝ Careless ပဲ။ အဲ့လောက်ကြီး ကျနော့်ကို Care မလုပ်ဘူးပေါ့နော်။
☻ဟုတ်ကဲ့။ ဟုတ်ကဲ့။ အော် နောက်တစ်ခုက ရဲစခန်းမှာ ရဲစစ်ချက်ယူတာတွေ၊ ဆေးရုံမှာ ဆေးကုသမှုခံယူတဲ့အခါမှာတွေမှာ သူတို့တွေ ၀န်ထမ်းလို့ပြောလို့ရတဲ့ပုဂ္ဂိုလ်တွေဟာ အစ်ကို့ကို ဆက်ဆံတဲ့အခါမှာ သာမန်လူတွေလို ဘာသာရေးခွဲခြားဆက်ဆံတာမျိုးတွေ၊ မထီလေးစားစကားမျိုးတွေနဲ့ ခွဲခြားဆက်ဆံတာမျိုးပေါ့ သဘောက ကျနော်တို့ ကလားမို့လို့ဆိုတဲ့ စကားမျိုးတွေ သုံးနှုံးတာမျိုးတွေ အဲ့ဒါမျိုးတွေရော ရှိလားအစ်ကို။
☺အဲ့ဒီ ရဲစခန်းမှာတော့ မရှိပါဘူး။ လုံးဝ မရှိပါဘူး။ နောက် အဲ့ဒီမှာ စရဖတွေရော၊ နောက်ပြီးကျတော့ SB ကရော အကုန်လုံး အဲ့ဒီမှာ လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများနဲ့က ကျနော်နဲ့က ရင်းနှီးနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရောက်တဲ့အချိန်ကတည်းကနေလေ ကျနော်က အစိုးရအဖွဲ့ရုံးကို ခဏခဏ သွားသွားနေတယ်။ ဟိုနေ့က တူရကီ ၀န်ကြီးလမ်းကြောင်းမှာလဲ ကျနော်တို့ကို ဒီ ၀န်ကြီးချုပ်ရုံးကနေ ဖိတ်လို့ ကျနော်တို့ အဲ့ဒီမှာ သွားရသေးတယ်။ နောက် အဲ့ဒီမှာ တောက်လျှောက်ကို ရောက်ကတည်းက ကျနော်က လူတော်တော်များများနဲ့တော့ တရင်းတနှီးတော့ ရှိနေပြီ။ အထူးသဖြင့် ဒီဘက်က ရဲတို့၊ ဘာတို့ ညာတို့ အာဏာပိုင်ဘက်ကနေဆိုရင် တော်တော်များများက ကျနော့်ကို သိသလောက်ကိုရှိနေတာ။
☻အော်။ အစ်ကိုက ဒါဆို ပထမဆုံး စစ်တွေကို ရောက်တာမဟုတ်ဘူးပေါ့။
☺မဟုတ်ဘူး။ ဒါ ပထမဆုံးအကြိမ်ရောက်ဖူးတာ ကျနော်။

လူမှုကယ်ဆယ်ရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ ကိုရှိုင်း
☻အော်။ ရင်းနှီးနေတယ်ဆိုတာကရော။
☺ရင်းနှီးတယ်ဆိုတာက ရောက်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ရီပြ ပြုံးပြ နောက် ဘယ်ကလဲ ဘာညာ စကာပြောကြနဲ့၊ နောက် ကျနော်က ကျနော့်ရဲ့ MRA ကတ်တွေကိုလဲ အကုန်လုံးကိုပေးထားတယ်လေ။ နောက် အထူးသဖြင့် အဲ့ဒီမှာ အာဏာပိုင်အဖွဲ့အစည်းတွေအကုန်လုံးကိုလဲ ကျနော်တို့က တွေ့ထားတကိုး။ ၀န်ကြီးချုပ်တစ်ယောက်တည်းနဲ့သာ ကျနော်တို့ တွေ့လို့မရသေးတာ။ ကျန်တဲ့ ၀န်ကြီးတွေ၊ နောက် ဒီ အကုန်လုံး အားလုံးကို ကျနော်တို့က တွေ့ထားတာကိုး။ တွေ့ထားတဲ့အခါကျတော့ ကျနော်တို့ အဲ့ဒီမှာ ပေးထား ပြုထားတဲ့အခါကျတော့ ကျနော့်ကို သိနေတယ်။ နောက် ကျနော့်ကိုယ်တိုင်ကိုလဲ အဲ့ဒီအားလုံးကလဲ ကျန်တဲ့ လူခွဲတွေအားလုံးကလဲ ကျနော့်ကို သတိထားမိကြတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်ာက အဲ့ဒီကို စရောက်တဲ့နေ့ကတည်းက ကျနော့်ရုပ်နဲ့ဆိုတော့ ကျနော့်ကို မှတ်မိနေကြတယ်။ ကျနော်တို့ အဲ့ဒီမှာ RNDP ကလူတွေနဲ့လည်း သွားတယ်။ နောက် ပထမတစ်နေ့ကလည်း အဲ့ဒီ ပစ္စည်းတွေကို ဝေတယ်၊ ပြုတယ်။ အထူးသဖြင့် အစိုးရပိုင်းက ကျနော့်ကို သေသေချာချာ သိသွားတာကတော့ ၀န်ကြီးချုပ်ရုံးမှာ တူရကီဝန်ကြီးလာတဲ့နေ့က ၀န်ကြီးကခေါ်လို့ ကျနော်တို့ အစည်းအဝေးသွားတတ်တယ်လေ။ အဲ့ဒီနေ့က သတင်းသမားတွေရော၊ SB တွေရော ရှိတယ်။ ကျနော်တို့က ကတ်လေးတွေ ပေးလိုက်တယ်လေ။ သူတို့ကနေ လာမေးလို့ အကုန်လုံးကို အဲ့ဒီမှာ ကတ်လေးတွေ ပေးလိုက်ပါတယ်။ ဒါကြောင့် သိသွားကြတာပါ။
☻ဟုတ်ကဲ့။ အစ်ကိုအဲ့ဒီတော့ ဆေးရုံကိုတော့ ရဲကပဲ လိုက်ပို့တယ်ပေါ့နော်။
☺ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ရဲတွေက လိုက်ပို့ပေးတာပါ။
☻ဆေးရုံကနေ တည်းခိုခန်းကို လိုက်ပို့တာရော ရဲတွေကပဲ လိုက်ပို့တာလား။
☺ဟုတ်ကဲ့။ ရဲတွေပဲ လိုက်ပို့ပေးပါတယ်။
☻အဲ့ဒီလို လိုက်ပို့တာမှာ ဆိုင်ကယ်နဲ့ပဲလား။ ကားနဲ့လား။
☺ဆိုင်ကယ်နဲ့ပါ။ ဆေးရုံနဲ့ ကျနော့် တည်းခိုခန်းနဲ့က သိပ်မဝေးဘူး။ ကပ်ကပ်လေးပဲ။ ဟိုဘက်နားလေးပဲ။ နီးနီးလေးပဲ။ ကျနော် အဲ့ဒီအချိန်မှာ ကာဖျူး (ညမထွက်ရအမိန့်) အချိန် ၀င်နေပြီ။ ဆေးရုံကနေ လိုက်ပို့တဲ့အချိန်မှာ။
☻အော်။ ဟုတ်ကဲ့။ နောက်တစ်ခုက အစ်ကိုနဲ့အတူပါလာတဲ့ နိုင်ငံခြားသားတွေကရော ဘယ်အချိန်မှာ ဒီသတင်းကို ရသွားလဲ။ ဘယ်အချိန်လောက် အစ်ကို့ဆီ ရောက်လာလဲ။
☺ကျနော် ဆေးရုံကို ရောက်လာတဲ့အချိန်မှာ သူတို့ အဲ့ဒီကို လိုက်လာပေးတယ်။ သူတို့ ဟိုမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ဘယ်လောက်မှမကြာဘူး။ သူတို့ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ရှိုင်းတဲ့ မင်း အဲ့ဒီနားမှာ မြို့ထဲမှာ မင်း ပြဿနာဖြစ်တယ်လို့ကြားတယ်ပေါ့ အဲ့လိုမျိုးပြောတယ်။ ကျနော်က ဟုတ်တယ်။ ငါအခု စခန်းမှာ ရောက်နေတယ်။ ဟုတ်တယ် ကျနော် သူ့ကို အဲ့လောက်ပဲ ပြောလိုက်နိုင်တယ်။ ခေါင်းအရမ်း မူးနေတဲ့အချိန်လေ။ အဲ့ဒါ နောက်ကျတော့ သူတို့ ရောက်လာတယ်။
☻အော်။ သူတို့က ဆေးရုံကြမှ ရောက်လာတာလား။
☺မဟုတ်ဘူး။ မဟုတ်ဘူး။ ရဲစခန်းမှာကတည်းက ရောက်လာတာ။
☻အော်။ သူတို့ ဆေးရုံကိုလဲ လိုက်ပေးတယ်ပေါ့။
☺ဟုတ်တယ်။ ဆေးရုံကိုလဲ သူတို့ ကိုယ်တိုင်လိုက်ကြတယ်။
☻အဲ့တော့ အစ်ကိုတို့ ဒီရန်ကုန်ကိုကျတော့ ဘယ်နေ့က ပြန်ထွက်လာလဲ။
☺ရန်ကုန်ကို ဒီနေ့ (14-9-2012 သောကြာနေ့) မနက်၊ နေ့ခင်းပေါ့နော်။ ဟိုကနေ (၁၁)နာရီခွဲပေါ့ ဟိုကနေ ပြန်ထွက်လာတယ်။
☻အော်။ လေယာဉ်နဲ့ပဲပေါ့။
☺ဟုတ်တယ်။ လေယာဉ်နဲ့ပါပဲ။
☻ပြန်လာတော့ အစ်ကိုတစ်ယောက်တည်းပဲလား။ အစ်ကိုတို့ MRA NGO က ကျန်ခဲ့သေးလား။ တစ်ဖွဲ့လုံးလား။ အစ်ကို့ကို တစ်ယောက်တည်း ပြန်လွှတ်လိုက်တာလား။
☺ကျနော်တို့ တစ်ဖွဲ့လုံး အားလုံး ပြန်လာလိုက်တာ။
☻ဟုတ်ကဲ့။ အစ်ကို့ရဲ့ အခုလက်ရှိရော ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။ သက်သာရဲ့လား။ လတ်လတ်ဆတ်ဆတ် ဒဏ်ရာတွေဆိုတော့
☺ကျနော် လောလောဆယ်မှာတော့ ခေါင်းက မူးနေသေးတယ်။ နောက် တစ်ကိုယ်လုံး ထုထောင်းထားတော့ အရမ်းကိုက်ခဲနေတယ်။ ဒဏ်ရာတွေကတော့ နာနေတာပေါ့။ မနေ့တုန်းကတော့ သွေးပူနေတာကြောင့် သတိမိဘူး။ သိတယ်မလား။ သွေးပူနေတာ နာရကောင်းမှန်းလဲ သိမနေဘူးပေါ့။ ဒီနေ့မနက်ကျတော့လဲ ပြန်ဖို့အတွက် သိမ်းတာ ဆည်းတာတွေလုပ်၊ နောက် ပစ္စည်းတွေကိုလဲ ဘယ်လိုလုပ်ရမလဲ အဲ့ဒီလို သောကဖြစ်နေတာလေ။
☻အော်။ ဟုတ်။ အစ်ကို ဒီလိုဖြစ်လိုက်တော့ ၀ယ်ပြီးသားပစ္စည်းတွေက မဝေဖြစ်လိုက်ဘူးပေါ့။ ဟုတ်လားအစ်ကို။
☺အဲ့ဒီဝယ်ပြီးသားပစ္စည်းတွေက မနေ့က ဖြစ်လိုက်ကတည်းက ဘယ်သူမှကို ဖြန့်ပေးမယ့်သူမရှိဘူး ဖြစ်သွားတယ်။ အဲ့ဒါနဲ့ နောက်ဆုံးကျတော့ ရဲက စခန်းမှူးကိုပဲ အကူအညီတောင်းပြီးတော့ အဲ့ဒီပစ္စည်းတွေကို တစ်နေနေရာကို ပို့ပေးပါ။ စခန်းမှူးကပဲ အိုကေရတယ်။ ကြည့်စီစဉ်ပေးမယ်။ သူတို့က အဲ့ဒီမှာ နာရေးကူညီမှုအသင်းရှိတယ်လေ။ ကျနော်တို့ကလဲ မနေ့က အဲ့မှာ နာရေးကူညီမှုအသင်းနဲ့ ပူးပေါင်းပြီးတော့ ဖြန့်မယ်လို့ လုပ်ထားတာကိုး။ အဲ့ဒါနဲ့ ကျနော့်စိတ်ထင် ရဲစခန်းနဲ့နာရေးကူညီမှုအသင်း ပေါင်းပြီးတော့ ဓည၀တီ အားကစားကွင်းကို ပို့ထားလိုက်မယ်ထင်တယ်။
(အကြမ်းဖက် တိုက်ခိုက်ခံရသူ ကိုရှိုင်းဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိပြီးနောက် ကျနော် အခု ဆက်သွယ်မေးမြန်းနေတဲ့အချိန်မှာပဲ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးကုသမှုခံယူနိုင်ရန် မလေးရှားနိုင်ငံ MRA အဖွဲ့မှ နိုင်ငံခြားသား အဖွဲ့ဝင်များမှ ဆရာဝန်ထံ သွားရောက်ရန် လာရောက် ခေါ်ဆောင်၍ သွားဖို့ ပြင်ဆင်နေချိန်ဖြစ်နေတာနဲ့အတူ ဖြေကြားပေးသူရဲ့ ကျန်းမာရေးအတွက် အားနာတာကြောင့် အလွန် အရေးကြီးသော မေးခွန်းလေးတစ်ချို့ကို အမြန်မေးပြီး အဆုံးသတ်လိုက်ရပါတယ်။)
(နိဂုံးပိုင်းသို့) ဆက်ပါအုံးမယ်။
လေးစားစွာဖြင့် -
ခေဋီဈက်အို
 

ဘုန်းတော်ကြီးကျောင်းတစ်ခု၌ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ဘာသာခြား လုပ်ဖော်ကိုင်ဖက်များနှင့် အခုကဲ့သို့ ရင်းနှီးပျော်ရွှင်စွာ နေထိုင်လေ့ရှိသူ ကိုရှိုင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း၌ ဒေသခံ ရခိုင်လူမျိုးတို့၏ ဆိုင်များတွင် MRA အဖွဲ့မှ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား စကားပြန် ကိုရှိုင်းမှ လိုက်လံ ၀ယ်ယူပေးနေစဉ် (လည်ဆွဲကြိုးပြာလွယ်ထားသူမှာ ဈေးရောင်းနေသူ ဒေသခံ ရခိုင်လူမျိုးတစ်ဦးဖြစ်ပါသည်။)http://news.mmsy.info/news/5836
မှကူးယူဖော်ပြပါသည်။

စစ်တွေတွင် အကြမ်းဖက် တိုက်ခိုက်ခံရသော ကိုရှိုင်းမင်း နှင့်တွေ့ဆုံခြင်း (၁+၂)

စစ်တွေမြို့တွင် ရခိုင်လူမျိုးများ၏ အကြမ်းဖက် တိုက်ခိုက်ခြင်းခံရသော မလေးရှား NGO အဖွဲ့နှင့် လိုက်ပါသွားသည့်
လူသားချင်းစာနာမှု အကူအညီပေးနေသူ ကိုရှိုင်းမင်း နှင့် တွေ့ဆုံခြင်း

စက်တင်ဘာ၊ ၁၄၊ ၂၀၁၂
ခေဋီဈက်အို
ဟုတ်ကဲ့ ကျနော် ခေဋီဈက်အိုပါ
☺အော်ဟုတ်ကဲ့ နေကောင်းလားဗျ
ဟုတ်ကဲ့အစ်ကို ဟုတ်ကဲ့ ကောင်းပါတယ်အစ်ကိုအစ်ကို့သတင်း ကြားရလို့ပါအစ်ကို။
☺ ဟုတ်တယ်အစ်ကို။
☻ဟုတ်၊ အဲ့ဒါ ဘယ်နေ့က ဖြစ်တာလဲအစ်ကို။
☺မနေ့က (၁၃-၉-၂၀၁၂ ကြာသပတေး) ညနေ (၄)နာရီခွဲလောက်မှာ ဖြစ်တာအစ်ကို။
☻အစ်ကိုက စစ်တွေကို ဘယ်နေ့က ရောက်တာပါလဲ။
☺ပြီးခဲ့တဲ့သောကြာနေ့ (၇-၉-၂၀၁၂) ကတည်းက ရောက်နေတာပါ။ ကော်မရှင် (သမ္မတဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေး) နဲ့အတူတူ တစ်လေယာဉ်ထဲနဲ့ ရောက်ခဲ့ကြတာပါ။
☻မြန်မာပြည်သားအနေနဲ့ အစ်ကိုတစ်ယောက်တည်း ပါတာပါလား။ အစ်ကိုတို့ အဖွဲ့အစည်းမှာပေါ့။
☺အော် ဟုတ်တယ်။ ကျနော်က Malaysian Relief Agency ရဲ့ Country Coordinator အနေနဲ့ ရောက်ခဲ့တာပါ။
☻ရောက်ရောက်ချင်းတုန်းကရော ဘာတွေထူးခြားခဲ့လဲအစ်ကို။
☺ပုံမှန်ပါ၊ အေးအေးဆေးဆေးပါပဲ။
☻အစ်ကိုတို့ အဖွဲ့အစည်းက တည်းခိုတာရော ဘယ်မှာ တည်းခိုတာပါလဲ၊ တည်းခိုခန်းမှာပါလားအစ်ကို။
☺ကျနော်တို့ ဟုတ်တယ် “ရွှေသဇင်-တည်းခိုခန်း”မှာ တည်းတာပါ။
☻အော် ဟုတ်ကဲ့။ ရောက်ရောက်ချင်းတုန်းက ဘာမှမဖြစ်ဘူး။ အစ်ကိုတို့ ပစ္စည်းတွေ လိုက်ဝေတဲ့ ဒုက္ခသည်စခန်းတွေမှာရော ရန်မူတာတွေ ရှိခဲ့သေးလား၊ ဒီ ရခိုင်ဒုက္ခသည်စခန်းတွေမှာပေါ့။
☺အင်း အဲ့ဒီကို သွားတဲ့နေရမှာ ရန်မူတာ ဘာမှ မရှိပါဘူး။ ကျနော်တို့ ဒုက္ခသည်စခန်းတွေကို တောက်လျှောက်ကလဲ ရခိုင် RNDP အဖွဲ့က လူတွေနဲ့ သွားနေတာဆိုတော့ ဘာမှပြဿနာ မရှိပါဘူး။ နောက် မနေ့ကတုန်းက ဖြစ်ချင်တော့ ကျနော်တို့က ပထမတစ်ခေါက်က အဲ့ဒီမှာဈေးဝယ်တော့ သိန်း(၇၀)ဖိုး အဲ့ဒီမှာဝယ်ပြီးတော့ တစ်ဖက်ကို အိမ်ထောင်စု (၁၀၀)စီ တစ်အိမ်ထောင်ကို သုံးသောင်းခွဲဖိုးစီ ရခိုင်ဘက်ကို (၁၀၀) မွတ်စလင်မ်ဘက်ကို (၁၀၀)စီ ကျနော်တို့ပေးတယ်။ ပေးပြီးတော့ မနေ့ကထပ်ပြီးတော့ သိန်း(၁၇၀)ဖိုး ထပ်ပြီးတော့ ကျနော်တို့ ၀ယ်တယ်။
☻အဲ့ဒါ အရင်ဝယ်ခဲ့တဲ့ ဈေးမှာပဲပေါ့။
☺g ဟုတ်တယ်
☻အဲ့ဒီဈေးနာမည်က ဘယ်လိုခေါ်လဲအစ်ကို။
☺စစ်တွေမြို့မဈေးကြီး၊ ကျနော်တို့ အဲ့ဒီမှာ တောက်လျှောက်သွားတဲ့နေရာမှာ နိုင်ငံခြားသားလဲ တောက်လျှောက်ပါတယ်။ မနေ့က ပထမအစောပိုင်းမှာလဲ နိုင်ငံခြားသား ပါတယ်။ ဒါပေမဲ့ နိုင်ငံသား ထမင်းသွားစားတဲ့အချိန်မှာ ကျနော်နဲ့ RNDP က မြို့နယ် ဒု-ဥက္ကဋ္ဌရယ်၊ နောက် အဲ့ဒီက EC မမ်ဘာတစ်ယောက်ရယ်က ပစ္စည်းတွေဝယ်ပြီးတော့ စုရပ်တစ်နေရာလုပ်လိုက်တဲ့နေရာကို လာပို့ကြတယ်။ ကျနော်တို့က ပစ္စည်း(၆)မျိုးဝယ်တော့ အားလုံးကို အဲ့ဒီနေရာမှာပဲ လာပို့ခိုင်းထားတယ်။ တချို့က ဒုက္ခသည်စခန်းတွေကိုပို့ဖို့ ကားပေါ်လဲတင်နေတယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားကလဲ မရှိတိုက်အခိုက်မှာ ဒီလို ၀င်ပြီးတော့ Attack (တိုက်ခိုက်) လုပ်တာပါ။
☻ဟုတ်ကဲ့။ Attack လုပ်တယ်ဆိုတာက သေချာကို ကြိုတင်ကြံစည်ထားတာမျိုးလား၊ ရုတ်တရက်တွေ့ပြီး ဖြစ်သွားတာမျိုးလား။
☺မဟုတ်ဘူးအစ်ကို၊ မဟုတ်ဘူး၊ သူတို့က ရုတ်တရက် မြင်ပြီး Attack လုပ်တာ မဟုတ်ဘူး။ ဒီလူတွေက သီးသန့်ကို ဒဲ့ကို ကျနော့်ဆီ လာတာ။ ဆိုက်ကယ်နဲ့ကို သီးသန့်ဝင်လာပြီးတော့ကို ကျနော့်ဆီ ဒါရိုက် လာတာ။ နောက် အဲ့ဒီမတိုင်ခင်လေးတင် ကျနော်တို့က ကားငှားလို့ မရဘူးဖြစ်နေတာ။ ကျနော်တို့ပစ္စည်းတွေကလဲ နဲနဲနောနောမဟုတ်ဘူး အများကြီးပဲ။ သိန်း (၁၇၀)ဖိုးဆိုတော့ဗျာ သိတဲ့အတိုင်းပဲ။ ငရုပ်သီးမှုန့်တို့ဘာတို့ဆိုတာက အရမ်းကို ထုနဲ့ထည်နဲ့ ဖြစ်တယ်လေ။ ပစ္စည်းတွေက အများကြီးပဲ။ ဒါပေမဲ့ဗျာ RNDP က ဒုဥက္ကဋ္ဌကိုယ်တိုင်လဲ ပါနေတယ်ဆိုတဲ့အခါကျတော့ အဲ့လောက်ကြီးပြဿနာဖြစ်လိမ့်မယ်လို့လဲ မထင်မိဘူးပေါ့။
နှစ်ဘက် ဒုက္ခသည်တွေ ကို ပေးဖို့ စစ်တွေမြို့မဈေးက ရခိုင်လူမျိုးတွေပိုင်တဲ့ ဆိုင်မှဆီဝယ်နေစဉ် (Photo from Ko Shine FB)
☻အော်။ ဟုတ်ကဲ့။ အစ်ကို့ကို အခုလို Attack လာလုပ်တာ ဆိုက်ကယ်နဲ့ဆိုတော့ ဘယ်နှစ်ယောက်လောက်များ ပါလာလဲ။
☺ဆိုက်ကယ်နဲ့လာတာက နှစ်ယောက်ဗျ။ အဲ့ဒီလူက ဒါရိုက် ကျနော်တို့ဆီတန်းမောင်းလာတယ်။ ဆိုက်ကယ်အနောက်ကလူက ရခိုင်လိုပြောတယ်ဗျာ။ ကျနော်ပြောတယ် ရခိုင်စကား နားမလည်ဘူးလို့။အဲ့ဒါနဲ့ RNDP ဒု-ဥက္ကဋ္ဌက ၀င်ပြောတယ်။ ဟဲ့ မဟုတ်ဘူး မဟုတ်ဘူး။ သူက ဒီကမဟုတ်ဘူးတဲ့။ သူ ကုလားမဟုတ်ဘူးတဲ့။ သူက ဗမာပြည်ကနေလာတာတဲ့။ သူက ရန်ကုန်ကတဲ့။ သူက ဒီမှာ မလေးရှားကနေ အကူအညီပေးဖို့လာတဲ့အဖွဲ့က စကားပြန်တဲ့။ သူက ဗမာပြည်ရဲ့ကိုယ်စားလှယ်တဲ့ ဆိုပြီး သူက ရှင်းပြတယ်။အဲ့ဒီလို ရှင်းပြနေတာကို သူက နားမထောင်တော့ဘဲ ကျနော့် ဟယောင် မင်း ဘယ်ကနေလာတာလဲ၊ မင်း မလိမ်နဲ့၊ မင်း ကလားမလားတဲ့။
☻အဲ့ဒါကို ဗမာလိုမေးတာပေါ့။
☺ဟုတ်တယ်။ ဗမာလိုမေးတာ။ ကျနော်က ရခိုင်စကားနားမလည်ဘူးလို့ ပြောထားတာကို။
☻ရခိုင်သံနဲ့ပေါ့။
☺ဟုတ်တယ်။ အဲ့တော့ ကုလားမဟုတ်ဘူးလားမေးတော့ ကျနော်က သေချာရှင်းပြတယ်။ မဟုတ်ဘူး။ ကျနော်က ဒီကမဟုတ်ဘူး။ ရန်ကုန်ကနေလာတာ။ ကျနော် သူ့ကို အေးအေးဆေးဆေး ပြောပြတယ်။ RNDP ဒု-ဥက္ကဋ္ဌကလဲ ၀င်ပြောတယ်။ မဟုတ်ဘူး ဒီအဖွဲ့က မလေးရှားနိုင်ငံဝန်ကြီးချုပ်ရုံးက အဖွဲ့။ ငါတို့ RNDP နဲ့ သူတို့က တွဲပြီးလုပ်နေတာ။ သူတို့က နှစ်ဖက်စလုံးကို ပေးတယ်။ ဟိုနေ့ကလဲ ရွှေစေတီတို့ ဘာတို့မှာ ပေးပြီးပြီ။ အခုဟာက မင်းကန်တို့ ဓည၀တီတို့မှာပေးဖို့ တင်နေတာ။ အခုဟာက ငါတို့ ရခိုင်လူမျိုးတွေအတွက်ကို ပေးမှာ။ အဲ့လိုပြောနေတာကို အဲ့ဒီလူက နားမထောင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီ ကုလားကို လုံးဝ ခေါ်လာစရာမလိုဘူး။ မလေးရှားဆိုရင်လဲ ကုလားပဲတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မြေပေါ်ကို ဒီကုလားဆိုရင် လုံးဝ နင်းစရာမလိုဘူးလို့ ပြောပြီး ကျနော့်ကို ထိုးပါလေရော။ အဲ့ဒီမှာတင် ဆိုက်ကယ်ပေါ်က မောင်းတဲ့လူဟာလဲ ဆင်းလာပြီးတော့ ဒီဘက်ကနေ ထပ်ထိုးတယ်။ ဒီမှာတင် ကျနော်ကပြောတယ်။ ဟေ့လူတွေ ခင်ဗျားတို့ မှားမယ်နော်။ ကျနော်က ခင်ဗျားတို့ ထင်သလိုမဟုတ်ဘူး။ မလုပ်ပါနဲ့။ ခင်ဗျားတို့ လက်လွန်လိမ့်မယ်။ အဲ့လောက်ထိကို ပြောတာကို ဒီလောက် ရှင်းပြတာကို သူတို့ ဘယ်လိုမှ လက်မခံဘူး။ အဲ့ဒီအချိန်မှာ ဘေးနားက အသက်ကြီးပိုင်း အဘိုးကြီးတစ်ယောက်က ၀င်လာပြီး ဘာလုပ်လဲဆိုတော့ သူ့မှာပါလာတဲ့ ထီးနဲ့ ထီးက အချွန်နဲ့ ကျနော့်ရင်ဘတ်ကို စောင့်ထိုးပလိုက်တယ်။
☻အစ်ကိုက သူတို့စပြီးထိုးကြိတ်တော့ လဲသွားလား။
☺မဟုတ်ဘူး။ အဲ့ဒီအချိန်မှာ မလဲဘူး။ မလဲဘူး။ အဲ့ဒီအချိန်မှာ တောက်လျှောက် ဟိုလူ (RNDP ဒုဥက္ကဋ္ဌ)နဲ့ ကာဗာလုပ်ပြီးတော့ ရှောင်နေတာ။ နောက်ဆုံး ဆိုက်ကယ်နောက်မှာ ထိုင်စီးပြီးပါလာတဲ့သူက အဲ့ဒီလူကို ဘေးကို တွန်းထုတ်လိုက်ပြီးတော့ ကျနော့်ကို ထိုးတော့တာပါ။ အဲ့ဒီလို ဖြစ်နေတဲ့အချိန်မှာ လူအုပ်ကြီးက အုံလာပြီ။ ကျနော့်ရဲ့ ပတ်ပတ်လည်မှာ လူအုပ်ကြီးက အရမ်းကိုများလာပြီး လမ်းလေးခွဲဆုံမှာ ကျနော့်ကို အတင်းဆွဲချသွားပြီးတော့ ၀ိုင်းထိုး ၀ိုင်းရိုက် လုပ်ကြတော့ ကျနော် အဲ့ဒီမှာ လဲကျသွားတယ်။ ကျနော် အဲ့ဒီလို လဲကျသွားတဲ့အချိန်မှာ….
MRA အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mr. Said Shahrulazilan မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အောင်မင်္ဂလာဗလီအတွင်း မွတ်စလင်မ်များအား မိမိတို့လူသားချင်း စာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအစီအစဉ်များအား တိုက်ခိုက်ခံရသူ စကားပြန် ကိုရှိုင်းမှတဆင့် ရှင်းလင်းပြောကြားနေစဉ် (၀ဲဘက်အစွန်မှ ကိုယ်တစ်ခြမ်းသာ မြင်ရသူမှာ ရခိုင်များ၏ တိုက်ခိုက်ခံရသူ ကိုရှိုင်းဖြစ်ပါသည်။)

ရခိုင်ကလေးသူငယ်များ MRA အဖွဲ့သားများနှင့်အတူ ပျော်ရွှင်စွာ ဓာတ်ပုံတွဲရိုက်ထားစဉ် (ယာအနောက်ဘက်ရှိ အ၀ါရောင်အင်္ကျီနှင့်ပုဂ္ဂိုလ်မှာ အကြမ်းဖက် အစွန်းရောက်သမားများ၏ တိုက်ခိုက်ခြင်းခံရသူ စကားပြန် ကိုရှိုင်းဖြစ်ပါသည်။)

MRA Task Force met with the Chief Buddhist Monk in Sitwee to get the true picture of the ethnic conflict in Arakan and assistance needed by the victims of this conflict.


အောင်မင်္ဂလာဒုက္ခသည်စခန်းမှ ဒုက္ခသည်မွတ်စလင်မ်များ MRA အဖွဲ့၏ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် နှုတ်ဆက်ကြစဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည် ရခိုင်ကလေးသူငယ်များနှင့် မလေးရှားနိုင်ငံမှ MRA အဖွဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ် (ယာဘက် နောက်ဆုံးတွင် ရခိုင်ကလေးငယ်အား ချီပွေ့ထားသူမှာ အကြမ်းဖက်တိုက်ခိုက်ခံရသော ကိုရှိုင်းဖြစ်ပါသည်။)
☻ဟုတ်ကဲ့အစ်ကို။ အဲ့ဒီအချိန်မှာ သတိတော့ ရှိနေသေးတယ်ပေါ့။
☺အဲ့ဒီအချိန်မှာ ကျနော်သတိရှိသေးတယ်။ ကျနော် ၀န်ကြီးရဲ့ဖုန်းကို ခေါ်ဖို့လုပ်တဲ့အခါကျတော့ ဟယောင်မင်း ဖုန်းခေါ်စရာမလိုဘူးဆိုပြီးတော့ ကျနော့်လက်က ဖုန်းကိုလုတယ်။ ကျနော်က ဖုန်းကို မပေးဘူး။ လက်ထဲမှာ လပ်တော့ထည့်တဲ့အိတ်လဲပါသေးတယ်။ ကံကောင်းတာက မနေ့က အိပ်ထဲမှာ လပ်တော့က မပါဘူး။ အခန်းထဲမှာထားခဲ့လို့ အိတ်ထဲမှာ စာရွက်စာတမ်းတွေနဲ့ ပိုက်ဆံတွေပဲ ပါတယ်။ သူတို့က အဲ့ဒီအိတ်ကိုလုတယ်။ ပြီးတော့ ဖုန်းကိုလုတယ်။ ကျနော်ကလဲ မြဲအောင် ဒီနှစ်ခုစလုံးကို လုံးဝ သေချာဆုပ်ပြီးတော့ကို ကိုင်ထားတယ်။ မပေးဘူး။ ကျနော် ကြမ်းပြင်ပေါ်ကို လဲကျသွားတဲ့အချိန်မှာ ကျနော့်ကို လက်သီးနဲ့ထိုးတဲ့သူကထိုး၊ ခြေထောက်နဲ့ပိတ်ကန်တဲ့သူကကန်၊ မိန်းမတွေကအစ ထီးတွေနဲ့ရိုက် အဲ့လိုတွေလုပ်ကြတယ်။ တစ်ယောက်ကဆိုရင် ကျနော့်ဖုန်းကိုင်ထားတဲ့လက်ကို အတင်း တက်ပြီးတော့ ကြိတ်၊ နင်းချေတယ်။ ဒါပေမဲ့ ဖုန်းကို ကျနော်က သေသေချာချာ ဆုပ်ထားတယ်။ အဲ့ဒီမှာ RNDP ကလူက အနားရောက်လာတာနဲ့ သူ့ကို အတင်းဆွဲမှီပြီး ချက်ချင်းထလိုက်တယ်။ သူကလဲ ကျနော့်ကို အဲ့ဒီမှာ ဆွဲထူတယ်။ ပြီးတော့ ဟိုဘက်ဘေးကို ပြန်ခေါ်သွားတယ်။ ဒါပေမဲ့ ဟိုဘက်ဘေးကို ရာက်တဲ့အခါကျတော့ အဲ့ဒါကိုလဲ မရဘူး။ ဒီလူတွေအကုန်လုံးက သူ့ကိုပါ ၀ိုင်းအော်ကြတယ်။ မင်းဖယ်ပေးလိုက်၊ မင်းဖယ်ပေးလိုက်တဲ့။ မင်း ကလားကို ဟိုဟာလုပ်ပေးမနေနဲ့တဲ့။ ကလားနဲ့ ပေါင်းတာလား။ ဘာလား ညာလားဆိုပြီး ပြောတယ်။ ရခိုင်လို သူပြန်ပြောတယ်။ မဟုတ်ပါဘူးပေါ့နော်။ သူရှင်းပြတာကိုလဲ လုံးဝမရဘူး။ လူအုပ်က အဲ့လိုရှင်းပြနေတဲ့အချိန်မှာတင် နောက်ကတစ်ယောက်က ကျနော့်ကို တုတ်နဲ့ ၀င်ရိုက်တယ်။ ဒါကို ကျနော် သိသိချင်း ရှောင်လိုက်တော့ ကျောကုန်းကိုပဲ ထိသွားတယ်။ အဲ့ဒီကနေ ဟိုလူက ကျနော့်ကို ပြန်ဆွဲခေါ်သွားပြီး လမ်းထိပ်နားက “ငွေအိုး”စတိုးဆိုင်ကို ခေါ်သွားတယ်။
☻ဟုတ်ကဲ့။ ဒီ RNDP ပါတီက လူကပဲ ခေါ်သွားတာပေါ့၊ အစ်ကို့ကို။
☺ဟုတ်တယ်။ အဲ့ဒီငွေအိုးစတိုးဆိုင်ထဲကို ခေါ်သွားပြီးတော့မှ အဲ့ဒီစတိုးဆိုင်ထဲကိုရောက်တော့ ဖုန်းတွေကို ခေါ်တာ ခေါ်မရဘူး။ အဲ့ဒီမှာ ငွေအိုးစတိုးဆိုင်ထဲကို ထည့်လိုက်တယ်။ ထည့်လိုက်တော့ ဖြစ်ချင်တော့ အဲ့ဒီစတိုးဆိုင်ထဲက လူကိုယ်တိုင်က ကျနော့်ကို ၀င်ပြီးထိုးပါလေရော။
☻အော် စတိုးဆိုင်က လူကပါ။
☺စတိုးဆိုင်က လူကပါ ထိုးတာ။ ထိုးနေတဲ့အချိန်မှာ အဘိုးကြီးအဘွားကြီးပါ ထွက်လာတော့ အဘိုးကြီးအဘွားကြီးကို RNDP ကလူက ပြောတယ်။ မဟုတ်ဘူး။ ဒါ ကျနော်တို့အဖွဲ့က RNDP က ဧည့်သည်ပါ။ ကျနော်တို့နဲ့အတူ လုပ်နေတာ။ ကလားမဟုတ်ဘူး။ သူကလားမဟုတ်ဘူးဆိုပြီး ပြောတယ်။ သူတို့အနေနဲ့က ကလားကလားဆိုပြီး ရခိုင်ဘင်္ဂါလီတွေကို ပြောတာလေ။ ကျနော်က သူပြောတဲ့အချိန်မှာ မှန်ပုံးရဲ့နောက်မှာ ချောင်ကပ်နေပြီ။ ချောင်ထဲကို ရောက်နေပြီ။
☻စတိုးဆိုင်ပိုင်ရှင်က အစ်ကို့ကို ထိုးရင်းထိုးရင်းနဲ့ ချောင်ထဲကို ရောက်သွားတာပေါ့။
☺ဟုတ်တယ်။ ဟုတ်တယ်။ ကျနော် အဲ့ဒီမှာ ထောင့်ကို လုံးဝကပ်သွားတာ။ ချောင်းထဲကို ရောက်နေတဲ့အချိန်မှာ မှန်ပုံးရှေ့ကနေ လူငယ်တစ်ယောက်က တူအသေးနဲ့ လာပြီးတော့ ကျနော့်ကို လှမ်းလှမ်းထုတယ်။ လှမ်းလှမ်းထုတော့ ကျနော်က အဲ့ဒါကို ရှောင်တယ်။ ရှောင်တယ်။ နောက်ဆုံးကျတော့ ကျနော့်ကို အဲ့ဒီချောင်ထဲကနေပြီးတော့ စတိုးဆိုင်ပိုင်ရှင်က ဆွဲထုတ်တယ်။ နောက်ကျတော့ RNDP က လူပြောတယ်။ မဟုတ်ဘူး ဒါ မလေးရှားက။ ဆိုတော့ အဲ့ဒါနဲ့ လူတွေက ၀ိုင်းပြောတယ်။ မလေးရှားဆိုတာလဲ မွတ်စလင်မ်နိုင်ငံပဲ။ သူတို့မွတ်စလင်မ်ကလားနိုင်ငံကလူတွေဆို မလိုချင်ဘူးတဲ့။ ငါတို့ကိုလဲတဲ့ ငါတို့လူမျိုးကိုလဲတဲ့ သူတို့မလေးရှားမှာ ဒုက္ခပေးထားတယ်။ သတ်ထားတယ်တဲ့။ မလိုချင်ဘူးတဲ့။ အဲ့လိုပြောတယ်။ အဲ့လိုပြောပြီးတော့ ၀၀နဲ့လူတစ်ယောက်က အသက်(၃၅)လောက်ရှိမယ်ဗျ။ ဆံပင်က ကျနော်တို့ ဂုတ်ထောက်နဲ့ဗျ။ အဲ့ဒီလူကလာပြီးတော့ ကျနော့်ကို လမ်းမပေါ် ဆွဲထုတ်သွားတယ်။ အင်္ကျီကို ရှေ့ကနေ ဆွဲပြီးထုတ်သွားတယ်။ အဲ့ဒီလူက တောက်လျှောက် ကျနော်ကို ထိုးပြီးခေါ်သွားတယ်။ ကျနော် အဲ့ဒီမှာ မူးနေပြီ။ ဘာမှမသိတော့ဘူးကျနော်။
☻ဟုတ်ကဲ့။ ဒဏ်ရာတွေကရော အစ်ကို အဲ့ဒီအချိန်မှာ သွေးထွက်တာ ဘာတာ ရှိနေပြီလား။
☺ရှိတယ်။ အဲ့ဒီမှာ ကျနော် နှာခေါင်းသွေးတွေလျှံလာတယ်။ နောက် ကျနော် မျက်စေ့အောက်နားမှာလဲ ကွဲသွားတယ်။ နောက်ပြီးတော့ ဒီ အပြင်ကိုရောက်တဲ့အချိန် အဲ့ဒီမှာ ကျနော့်ကို အုတ်နီခဲနဲ့ ခေါင်းကိုထုလိုက်တယ်။ ကျနော် ရုတ်တရက် ရှောင်လိုက်တော့ ကျနော့်ရဲ့ ဒီ ညာဘက်လက်ပျဉ်ပေါ့ အဲ့ဒီကို ထိသွားတယ်။ တစ်ချက်။ အဲ့ဒီမှာ ကျနော် အောင့်သွားတယ်။ အဲ့ဒီမှာ ကျနော် ထလဲ မထနိုင်ဘူးဖြစ်နေတဲ့အချိန် တစ်ယောက်က ကျနော့်ကို ဓားနဲ့ဝင်ထိုးတယ်။
☻အော်။ ဟုတ်ကဲ့။ ဓားက ဟိုဟာပေါ့နော်။ ကျနော်တို့ ဓားအကြီးပေါ့နော်။
☺မဟုတ်ဘူး။ ဓားရှည်မဟုတ်ဘူး။ ကျနော်တို့ ဓားအသေးပေါ့လေ။ အဲ့ဒီဓားနဲ့ ကျနော့်ကို ထိုးတယ်။ ဓားနဲ့ထိုးတဲ့အခါကျတော့ တစ်ချက်ထိုးတဲ့အခါ ကျနော် ရှောင်လိုက်တယ်။ နောက်တစ်ချက်ထိုးတယ် ရှောင်တယ်။ သုံးလေးချက်လောက် သူက ဆင့်ဆင့်ပြီး ထိုးတယ်ဗျ။ ကျနော့်ကို။ အဲ့ဒါနဲ့ ကျနော်က အဲ့ဒီမှာ ရှောင်လိုက်ရတယ်။ ကျနော့်နားမှာ အဲ့ဒီမှာ RNDP ကတစ်ယောက်က မရှိတော့ဘူး။ အဲ့ဒီမှာ လူအုပ်ကြီးကလဲ တောက်လျှောက်ကို ဟိုကထိုး ဒီဘက်ကထိုးနဲ့ ကျနော် မူးပြီး လည်နေပြီ။ တစ်ဖက်က တူနဲ့လဲ ထုနေတယ်။ ဟိုဘက်က ဒုတ်နဲ့လဲ ရိုက်နေတယ်ဗျ။ မိန်းမတစ်ယောက်ကဆိုရင် အဲ့ဒီမှာ ကောင်းကောင်းမှတ်မိတယ်ဗျ။ အဲ့ဒီမှာ ဒီမိန်းမက မိန်းမကိုင်ထီးကို အရိုးကြီးထုတ်ထားပြီးတော့မှ တောက်လျှောက် ရိုက်နေတော့တာပဲ။
☻အစောနဖြစ်တဲ့နေရာကနေ ဒီစတိုးဆိုင်ကို ဘယ်လောက်လောက် ဝေးလဲအစ်ကို။ အစ်ကို မှတ်မိသလောက်ပေါ့။ ခန့်မှန်းခြေ အကွာအဝေးပါ။
☺ခန့်မှန်းခြေအကွာအဝေးဆိုရင်တော့ ကျနော်တို့ မီတာ (၁၅၀)လောက်ရှိမယ်။
☻အော်။ ဟုတ်ကဲ့။ အစ်ကို့ကို စဖြစ်တဲ့နေရာကနေ စတိုးဆိုင်ကို RNDP ကလူက ခေါ်လာတဲ့အခါမှာ နောက်ကရော ဒီလူအုပ်ကြီးက လိုက်လာတာလား။
☺တောက်လျှောက် လူတွေက လိုက်ရိုက်နေကြတာပဲ။ ဟုတ်တယ်။ လူတွေက လိုက်ရိုက်နေပြီးတော့မှ
☻ဒီစတိုးဆိုင်ထဲရောက်တော့ရော သူတို့ လူအုပ်ကြီးက အပြင်မှာ ရပ်ကြည့်နေတာပေါ့။ အဲ့လိုလား။
☺အကုန် ပတ်ပတ်လည်။ အဲ့ဒီမှာ လူအုပ်က ပိုများသွားတယ်။ အဲ့ဒီမှာ လမ်းမကြီးပေါ်ကို ရောက်လာပြီ။ မိန်းလမ်းမကြီးပေါ်ကို ရောက်လာပြီ။ အဲ့ဒီမှာ လူအုပ်က တော်တော့ကို များလာပြီ။ မိန်းလမ်းမကြီးလဲ ပိတ်သွားပြီ။ ဟိုဘက်က လမ်းတွေလဲ အကုန်ပိတ်ကုန်ပြီ။
☻အော်။ ဟုတ်ကဲ့။ သူတို့ ပါးစပ်ကရော အော်နေတာ ဘာညာ ရှိနေလား။
☺အော်နေတယ်။ အော်နေတယ်။ အဓိကကတော့ ကုလားဆိုရင်၊ မွတ်စလင်မ်ကုလားဆိုရင် ဘယ်ကပဲဖြစ်ဖြစ် ဒီ့မြေပေါ်မှာ မွတ်စလင်မ်ကုလားကို မလိုချင်ဘူးဆိုးပြီးတော့မှ အဲ့ဒလို သူတို့ အော်နေတာပေါ့လေ။
☻အော်။ ဟုတ်ကဲ့။ အဲ့ဒါက ညာသံပေးတဲ့သဘောနဲ့လား၊ တစ်ယောက်တစ်ပေါက်နဲ့ အော်နေတာမျိုးလား။
☺မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒီမှာ အကုန်လုံးက အဲ့ဒီလို အော်နေကြတာ။ မွတ်စလင်မ်ကုလား အလိုမရှိဘူးလို့ သူတို့ အဲ့ဒီမှာ အော်နေကြတယ်။ မလေးရှားလို့ ပြောတာကိုလဲ မလေးရှားဆိုလဲ ကုလားပဲ၊ ကုလားနိုင်ငံဆို မလိုချင်ဘူး။ တချို့က အဲ့ဒီမှာ RNDP ကိုပါ ဆဲကြတယ်။ ကုလားနိုင်ငံက လာလှူတဲ့ဟာကို RNDP က ကူညီပေးတယ်ပေါ့။
မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့ MRA ၏ စကားပြန် ကိုရှိုင်းအား အကြမ်းဖက်မှု စတင်ခဲ့ရာ စစ်တွေမြို့မဈေး
☻ဟုတ်ကဲ့အစ်ကို။ လူအင်အားက ဘယ်လောက်ရှိလဲ။ အစ်ကို ခန့်မှန်းမိသမျှ၊ မှတ်မိသလောက်ပေါ့။
☺ကျိန်းသေတာကတော့ ကျနော်အဲ့ဒီမှာ မရောက်ခင် ရဲမလာသေးခင် ဒီဘက်မှာကတည်းက လူက အယောက် (၃၀၀)/(၄၀၀)လောက် ရှိနေပြီ။ ပတ်ပတ်လည် လေးဘက်လေးတန်ကနေပြီးတော့၊ နောက် ဈေးကလဲ ပိတ်ချိန်ဆိုတော့ ဈေးကနေ အုပ်လိုက်ကြီး တက်လာကြတယ်လေ။ နောက်ကျတော့
☻ဟုတ်ကဲ့။ အော် အစ်ကိုတို့ ဒီ ဈေးဝယ်တာကကျတော့ရော ရခိုင်ဆိုင်တွေမှာပဲ ၀ယ်တာပေါ့။ အဲ့လိုလား။
☺ရခိုင်ဆိုင်တစ်ခုပဲရှိတာလေ။ ကျန်တဲ့ဆိုင်မှ မရှိတာ။
☻အော်။ ဟို မွတ်စလင်မ်ဆိုင်တွေ ဘာတွေက ဖွင့်ခွင့် မရှိဘူးပေါ့။
☺တစ်ခုမှ မရှိဘူး။
(ရုတ်တရက် ကျနော်လဲ စိတ်မကောင်းစွာဖြင့် ဘာဆက်မေးရမှန်း မသိဖြစ်သွားသလို ဖြေကြားသူ ကိုရှိုင်းဘက်မှလဲ အသံတိမ်ဝင်သွားတာကြောင့် နှစ်ဖက်စလုံး ဆယ်စက္ကန့်လောက် အနည်းငယ် ငြိမ်သွားကြပါတယ်။)
☻အဲ့ဒီမှာ ဆဲတာ ဆိုတာတွေရော ရှိလား။
☺ရှိတယ်။
☻မျိုးစုံ မကြားဝံ့မနာသာတွေ ဆဲမှာပေါ့။
☺ဟုတ်တယ်။ ဟာဆဲတာတွေကတော့ အမျိုးစုံပဲ၊ မအေတွေ၊ နှစ်မတွေရော အကုန်အစုံပဲ ဆဲကြတာ။
☻အော်။ မိုးမွှန်နေတယ်ဆိုတဲ့သဘောပေါ့။
☺ဟုတ်တယ်။ ဟုတ်တယ်။ လူတွေက သိတယ်မလား။ အစုံကိုပဲ။ ကျနော်က အဲ့ဒီမှာ မူးပြီးတော့ လည်ထွက်နေပြီ။ အဲ့ဒီလို ဖြစ်နေတဲ့အချိန်မှာ နောက်ဆုံး ရဲရောက်လာတယ်။ ရဲရောက်လာပြီးတော့မှ ရဲက သူတို့ကို လှမ်းအော်၊ အော်ပြီးတော့မှ ကျနော့်ကို ကိုရှိုင်းတဲ့ လာတက်ဆိုပြီးတော့ ကျနော့်ကို ခေါ်တယ်။
☻ဟုတ်ကဲ့။ ရဲက ဘယ်နှစ်ယောက်လာတာလဲအစ်ကို။
☺ရဲတစ်ယောက်တည်း ရောက်လာတယ်။
☻ဟုတ်ကဲ့။ အော် သူက ယူနီဖောင်းနဲ့ပဲပေါ့နော်။
☺ဟုတ်တယ်။ ဟုတ်တယ်။
☻ဟုတ်ကဲ့။
☺အဲ့ဒီရဲက ကျနော့်ကို သူ့ဆိုက်ကယ်ပေါ်တက်ပြီးတော့ ခေါ်လာချိန်မှာ အခုန တူနဲ့ကောင်က ကျနော့်ခေါင်းကို တူနဲ့ လွှဲပြီးထုထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော် မူးပြာပြီးတော့ ဘာမှကို မသိတော့ဘူး။ ရဲရဲ့ အင်္ကျီက ဂုတ်ကို အိတ်ကိုင်ထားတဲ့လက်က ဆွဲခိုပြီးတော့ ဖုန်းကိုင်ထားတဲ့လက်တစ်ဖက်ကနေ အားပြုကိုင်ပြီးတော့ ပါသွားတာ။ စခန်းထဲကိုရောက်ပြီးတော့ ဘယ်လိုတောင် လှေကားပေါ်ကို တက်သွားမှန်း မသိလိုက်ဘူး။
☻အော်။ အစောန အစ်ကို့ကို တူနဲ့လှမ်းပြီးတော့ ထုလိုက်တယ်ဆိုတာက အစ်ကိုက ရဲရဲ့အနောက်မှာ ရဲလက်ထေက်မှာ ရောက်နေပြီးမှကို အခုလို လိုက်လုပ်တဲ့ သဘောပေါ့နော်။
☺ဟုတ်တယ်။ ဟုတ်တယ်။ ရဲဆိုင်ကယ်ပေါ်မှာ တက်ပြီးသွားတော့မှကို ကျနော့်ကို အနောက်ကနေ တူနဲ့ ထုထည့်လိုက်တာ။ အဲ့ဒီဟာက ဒီ ညာဘက် နားရွက်နောက်ဘက် နောက်စိ နားမှာပေါ့ အဲ့ဒီနေရာမှာ တစ်ခါတည်း ကွဲသွားတယ်။ သွေးတွေထွက်နေတယ်။ နောက်ပြီး မျက်စေ့အောက်ဘက်မှာ ကွဲသွားတဲ့နေရာကနေလဲ သွေးတွေ ထွက်တယ်။ နောက် ကျောကုန်းမှာကတော့ တုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာရယ်၊ နောက်ပြီးတော့ လက်ပြင်မှာ အုတ်ခဲနဲ့ထုထားတဲ့ ဒဏ်ရာရယ်၊ ရင်ဘတ်မှာ ထီးနဲ့ထိုးထားတဲ့အချက်က သုံးချက်၊ အဲ့ဒီမှာ ထီးနဲ့စောင့်ထိုးတုန်းက ကံကောင်းလို့ ဒီလယ်စေ့ကို မထိုးမိဘဲနဲ့ ကျနော့်ဒီဘက်နားက အရိုးရှိတယ်ဗျ။ ဒီဘက်ဘေးက အရိုးကို သွားထိတယ်။
☻အော်။ အဲ့ဒါ ဟို အဘိုးကြီးစောင့်ထိုးတယ်ဆိုတဲ့ဟာပေါ့နော်။ အဲ့ဒီထီးနဲ့စောင့်ထိုးတယ်ဆိုတဲ့ဟာ။
☺ဟုတ်တယ်။ အဲ့ဒီမှာ အဘိုးကြီးက ထီးနဲ့ တောက်လျှောက်ကို စောင့်ထိုးတော့တာပဲ။
☻ဟုတ်ကဲ့အစ်ကို။ စပြီးဖြစ်တဲ့အချိန်က ဘယ်အချိန်လဲ။
☺စဖြစ်တာက အတိအကျဆိုရင် (၄)နာရီ (၃၈)မိနစ်မှာပါ။
☻အဲ့ဒီ ရဲက အစ်ကို့ကို ခေါ်သွားတဲ့အချိန်က ဘယ်အချိန်လောက် ဖြစ်သွားပြီလဲ။
☺အဲ့ဒီအချိန်မှာက ကျနော် (၅)နာရီ ကျော်နေပြီ။
☻ဟုတ်ကဲ့။ ရဲစခန်းရောက်တော့ရော ဘယ်နှစ်နာရီလောက် ရှိသွားပြီလဲ။
☺ရဲစခန်းရောက်တော့ အ၀နားမှာတင်ပဲ ရဲတစ်ယောက်ကို ကျနော်မှီပြီးတော့ ကြည့်လိုက်တဲ့အချိန်မှာ (၅)နာရီခွဲနေပြီ။ ဖြစ်ခဲ့တဲ့အချိန်က နာရီဝက် မိနစ် (၄၀)မိနစ်လောက်တော့ ရှိမယ်ထင်တယ်။
☻ဟုတ်ကဲ့။ ဒါဆို ရဲရောက်လာတာက နာရီဝက်လောက်ကြာပြီးမှပေါ့။
☺ဟုတ်တယ်။
☻အော်။ ပထမပိုင်းက ဥပဒေဘက်တော်သားလဲမရှိ
☺ဟုတ်တယ်။ ဘယ်သူမှ ဘာမှကို မရှိတာ။
☻ဟုတ်။ အကာအကွယ်ကို မရှိတာပေါ့နော်။
☺ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အကာအကွယ် ဘာမှကို မရှိတာ။ လုံးဝကို မရှိတာပါ။
☻အော်။ ဟုတ်ကဲ့။ အစ်ကို အခု ဒီရဲစခန်းကိုရောက်တဲ့အခါ သူတို့က အမှုတွေဘာတွေ ဖွင့်ပေးလား။

ဆက်ပါအုံးမယ်။

လေးစားစွာဖြင့်-
ခေဋီဈက်အို
http://news.mmsy.info/

မှကူးယူဖော်ပြပါသည်။