Thursday, September 6, 2012

ကျောက်နီမော် အထက်တန်းကျောင်းတွင် မွတ်စလင်မ်ကျောင်းသား ၅ ဦး အခန်းပိတ်ရိုက်နှက်ခံရ

 M-Media
5 September 2012, MST 7:00PM
(ရန်ကုန်)။ ရခိုင်ပြည်နယ် ကျောက်နီမော် အထက်တန်းကျောင်းမှ မွတ်စလင်မ် ကျောင်းသား ၅ ဦးအား ရခိုင်ဗုဒ္ဓဘာသာကျောင်းသားများက စာသင်ခန်းတွင်းပိတ်လှောင်ကာ ရိုက်နှက်ခဲ့ကြောင်း M-Media မှ စုံစမ်းသိရှိရသည်။
သြဂုတ်လ ၂၉ ရက်နေ့ တွင် ၁၀ တန်းကျောင်းသား ၅ ယောက်သည် စာသင်ခန်းတွင်းတွင် အခန်းတံခါးပိတ်ကာ ၀ိုင်းရိုက်ခံခဲ့ရကြောင်း ကျောက်နီမော်ရွာသားတစ်ဦးက M-Media သို့ ပြောပြသည်။ ရိုက်နှက်ခံရသည့် ကျောင်းသားများမှာ
(၁) နိုင်လင်းထွန်း – (ဘ) ဦးမြင့်ဦး
(၂) မောင်တင်ဝင်း – (ဘ) ဦးလှဝင်း
(၃) စိုးမင်းနိုင် – (ဘ) ဦးဝင်းနိုင်
(၄) ဇော်လင်းထွန်း – (ဘ) ဦးထွန်းမောင်
(၅) နိုင်လင်းထွန်း – (ဘ) ဦးသက်နိုင်
ဝိုင်းရိုက်သူများထဲတွင် အတန်းပိုင်ဆရာဦးခင်ကြည်၏သား ခိုင်ဇော်လင်းပါဝင်ပြီး၊ ၀င်းမျိုးနိုင်ဆိုသူ အပါအ၀င် စုစုပေါင်း ၁၂ ယောက်က ၀ိုင်းရိုက်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မွတ်စလင်မ်ကျောင်းသားများအား ဖိနှိပ်သည့်ဖြစ်ရပ်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။
ကျောင်းဆရာများကိုယ်တိုင်လည်း မွတ်စလင်မ်ကျောင်းသားများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကျဆင်းအောင် စော်ကားပြောဆိုကြသည်။ အမြဲတစေ ထိခိုက်ပြော ဆိုသည့် ဆရာများမှာ ဦးကျော်သာ၊ ဦးသိန်းကျော်အောင်နှင့် ဦးထွန်းညွန့် တို့ ဖြစ်ကြောင်း သိရှိရသည်။
ထိခိုက်ပြောဆိုမှုများနှင့် ပတ်သက်၍ ထိုရွာသားအား M-Media မှ မေးမြန်းရာ ဆရာများက ကျောင်းသားများအား “မင်းတို့ ကုလားတွေ ကျောင်းဘာလာ တက်တာလဲ၊ မင်းတို့  ပညာသင်ပြီးဘာလုပ်မလဲ၊ ငါတို့ က မင်းတို့ ကို နွားလိုပဲ ကျောင်းစားမှာ၊ မင်းတို့ ဘင်္ဂလီတွေ ငါတို့ မြေမှာမရှိသင့်ဘူး” စသဖြင့်ပြော ဆိုကြောင်း ပြောပြသည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်းတွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများ၊ ပိတ်ပင်ထားဆီးမှုများစွာကြားမှ ၁၀ တန်းနှစ်ချင်းပေါက်များ၊ ဂုဏ်ထူးဖြင့်အောင်မြင် သူများရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆရာများ၏ ဖိနှိပ်ခြင်းကြောင့် မွတ်စလင်မ်ကျောင်းသားများအကြား ကျောင်းပြေးမှုများ၊ စာမေးပွဲကျရှုံးခြင်းများနှင့် ကျောင်းထွက်နှုန်းများ များပြားလာပြီး ပညာရေးချွတ်ခြုံကျလျက်ရှိသည်။ အထက်တန်းသို့ ရောက်ရှိလာသည့် ကျောင်းသားအရေအတွက်မှာလည်း ကျဆင်းလျက် ရှိပြီး လာမည့်နှစ်များတွင် ၁၀ တန်းဖြေမည့် မွတ်စလင်မ်ကျောင်းသား မရှိသလောက်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား ၅ ယောက်အား ၀ိုင်းရိုက်မှုကို ကျောင်းအုပ်ဆရာကြီးထံ သွားရောက်တိုင်ကြားခဲ့သော်လည်း “ဒီအချိန်မျိုးမှာ ဘာမှအရေးယူလို့ မရဘူး” လို့ သာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် ပြည်သူများအကြား သဟဇာတဖြစ်ရန်၊ ငြိမ်းချမ်းတည်ငြိမ်ရန် မွတ်စလင်မ်နှင့် ရိုဟင်ဂျာတို့  အတွက်လည်း ခေတ်ပညာရေးအားပေးမြင့်တင်ရန် ကတိပေးထားပြီးဖြစ်သည်။ သို့ ရှိရာ ယခုကဲ့သို့ ကျောင်းတွင်းဘာသာရေးနှိပ်ကွက်မှုများ၊ ဆရာများအား အရေးယူခြင်း၊ အလုပ်မှဖယ်ရှားခြင်းသည် ပညာရေးအားပေးမှုအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။
မှကူးယူဖော်ပြပါသည်။

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို

2012-09-05

မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Photo: NLD Office
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း
ဧရာဝတီတိုင်း မြောင်းမြမြို့၊ ရန်ကုန်တိုင်း တွံတေးမြို့တွေမှာ များမကြာခင်က ဒေသခံ NLD ပါတီဝင်တွေ စုရုံးပြီး ပါတီရုံးချုပ်ရဲ့ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ရွေးချယ်မှု မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး နောက်ထပ်လည်း မကွေးတိုင်းအတွင်း ဆန္ဒပြဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။
“ဒါကတော့ NLD ကို မလိုလားတဲ့သူတွေက လုပ်တာပဲ။ ဆန္ဒပြတာ ဘယ်လိုပုံစံမျိုးနဲ့ ပြပြ ကိုယ့်အထဲမှာ ညှိနှိုင်းရမှာကို မညှိနှိုင်းပဲ လုပ်တဲ့အတွက် ဒါဟာ NLD ကို အားနည်းအောင်လုပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော်တို့က ကြိုပြီးတော့လည်း မသိဘူး။ ကြိုသိရင်လည်း အကျိုးအကြောင်း ပြည့်စုံမသိဘူး။ မသိပဲနဲ့ ကျွန်တော်တို့ တားတာ ပြုတာ မလုပ်ဘူး”
NLD ပါတီဟာ မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ခဲ့သူ နှစ်ဦးကို ပါတီဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းထားလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။
မနေ့က တွံတေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့တော့ ဘယ်လို ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
http://www.rfa.org/burmese/news/
မှကူးယူဖော်ပြပါသည်။

အစ္စလာမ်နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည်

2012-09-04

အစ္စလာမ် နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ ၆ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားရောက်တွေ့ဆုံကြမယ်လို့ သိရပါတယ်။
မကြာသေးခင်က သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲမှာ အဲဒီ အစ္စလာမ် ပါတီတွေက ခေါင်းဆောင်တွေ ပါဝင်မှု မရှိတဲ့အပေါ် သမ္မတထံ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကန့်ကွက်စာ တင်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတွေ့ဆုံမှာ ဖြစ်တယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝေက ပြောပါတယ်။
"ရွေးကောက်ပွဲ ကော်မရှင်က ကျွန်တော်တို့ ထင်တာတော့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ က စာတင်ထားတဲ့ အပေါ်မှာ သူတို့က မေးမြန်းချင်တာလေးတွေ ရှိမယ်လို့ထင်တယ်။ နောက်တစ်ခုက ဘာကြောင့် ကန့်ကွက်သလဲ။ တကယ်လို့ ဒီကော်မရှင်ထဲမှာ ဒီဘက်က ပါဝင်ဖို့ ဆိုလို့ရှိရင်ကော ဖြစ်နိုင်သလား။ ဘာညာ ဒီမေးခွန်းတွေ မေးမြန်းမယ်လို့လည်း ထင်ပါတယ် "
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို မဖြစ်စေဘဲ သမ္မတက ချမှတ်ပေးထားတဲ့ အချက် (၈) ချက်အပေါ်မှာ အခြေခံပြီး အဖြစ်မှန်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့ကိုသာ မျှော်လင့်နေကြောင်းလည်း ဦးထွန်းထွန်းဝေက ပြောပါတယ်။
"ကော်မရှင်နဲ့ တွေ့တဲ့ အခါကျတော့လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပတ်သက်လို့ သမ္မတပေးထားတဲ့ တာဝန်များတွေကိုပဲ စုံစမ်းရေး ကော်မရှင်က စီစဉ်ဆောင်ရွက်ဖို့ သင့်တဲ့အကြောင်းရယ်၊ ပျက်ဆီးဆုံးရှုံးမှုတွေကို နိုင်ငံတော်က တာဝန်ယူပြီး တော့ ကိုယ့်တိုင်းသူ ပြည်သားတွေအပေါ်မှာ ပြန်လည်ထူထောင်ပေးဖို့ အပိုင်းတွေရယ်၊ နောက်တစ်ခုက ဒီအငြင်းပွားစရာ ဖြစ်လာမဲ့ ပြဿနာမျိုးတွေကိုတော့ ရှောင်ရှားပြီးတော့ သမိုင်းပညာရှင်တွေ လုပ်ရမဲ့ အလုပ်မျိုးတွေကိုကျတော့ စုံစမ်းရေး ကော်မရှင်နဲ့ မဆိုင်တဲ့ ကိစ္စမျိုးတွေမှာ ဆွေးနွေးဆောင်ရွက်ခြင်း မပြုပဲနဲ့ ငြိမ်းချမ်းစွာ အတူနေနိုင်ဖို့ ဆိုတဲ့ကိစ္စမျိုးတွေမှာပဲ ဦးစားပေး ဆောင်ရွက်ပေးကြပါလို့ အကြံပြုချင်တာပါ"
ရခိုင်ပြည်နယ်မှာ လူများစု ရခိုင်တိုင်းရင်းသားတွေအပြင် ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စတဲ့ လူနည်းစု တိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။
http://www.rfa.org/burmese/news/

မှကူးယူဖော်ပြပါသည်။

အစ္စလာမ်နိုင်ငံအချို့၌ မြန်မာလုပ်သားများ ခြိမ်းခြောက်ခံရခြင်းမှာ ကောလာဟလဟု ဆို

ရန်ကုန်၊ စက်တင်ဘာ ၃)

ပေါ်ပြူလာ ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
အကြောင်း အမျိုးမျိုးကြောင့် ပြည်ပမှ ပြန်လာသူ အလုပ်သမားများ အချို့၏ ကောလာဟလ စကားကြောင့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းအား ထိခိုက်စေနိုင်သည်ဟု ယင်းအသိုင်းအဝိုင်း မှ သိရသည်။
အစ္စလာမ်နိုင်ငံ များ၌ အလုပ် လုပ်ကိုင်နေကြသော မြန်မာ လုပ်သားများ အနေဖြင့် အစ္စလာမ်များ ၏ခြိမ်းခြောက်မှု ခံနေရကြောင်း မမှန်စကား များလည်း ထွက်ပေါ်နေ သည်ဟု ယင်း အသိုင်းအဝိုင်းက ပြောသည်။
”ကျွန်မတို့ ကလေးတွေ ကာ တာမှာ အလုပ်လုပ်နေကြတာ အများကြီးပါ။ ပြန်လာတာလည်း မရှိပါဘူး။ ခြိမ်းခြောက် ခံနေရတယ် လို့လည်း မကြားပါဘူး”ဟု သုခ စုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန် ဆောင်မှု လုပ်ငန်းမှ ဒါရိုက်တာက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း မကြာမီ ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အစ္စလာမ်နိုင်ငံ များတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာလုပ်သား များ အစ္စလာမ် တို့၏ ခြိမ်းခြောက်မှု များခံနေရသည် ဆိုသော သတင်း မှာ မဟုတ်မှန်ကြောင်း ပြည်ပ အလုပ် အကိုင် အေဂျင်စီများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာ အလုပ်သမားများ အများဆုံး သွားရောက် အလုပ်လုပ် ကိုင်နေသည့် အစ္စလာမ်နိုင်ငံ များမှာ မလေးရှား၊ ယူအေအီး၊ ကာတာ စသည့်နိုင်ငံ များဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကောလာဟလ သတင်းများ ထွက်ပေါ်နေသော် လည်း မလေးရှား နိုင်ငံသို့ လစဉ် သွားရောက်မှုနှုန်းမှာ လျော့ကျသွား ခြင်း မရှိကြောင်း အာဘာဖီးပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းအပြင် မလေးရှားနိုင်ငံ တွင် ၂ဝ၁၃ မတိုင်မီ အခြေခံ လစာ များ တိုးမြှင့်မည် ဆိုသည့် သတင်း ကြောင့် လုပ်သားများ သာမက အမျိုးသမီး အလုပ်သမား များပါ သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည်ဟု သုခစုစံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာ လုပ်သားများအား အစ္စလာမ်များ၏ ခြိမ်းခြောက်ခြင်း ခံနေရ သည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ ဒူဘိုင်းတွင် သွားရောက် အလုပ် လုပ်ကိုင်ခဲ့သူ ကိုသုတ က ”ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်အထိ ကျွန်တော် ဒူဘိုင်းမှာ အလုပ်လုပ်နေတာ။ ၈ လပိုင်းမှ ပြန်လာတာပါ။ ကျွန်တော် သိသလောက် ဒူဘိုင်း မှာတော့ အရင်က တည်းက မြန်မာနဲ့ အစ္စလာမ်က မတည့်ကြဘူး။ လုပ်ငန်းခွင် ထဲမှာလည်း မြန် မာက သပ်သပ် အစ္စလာမ်က သပ်သပ် ကိုယ့်အုပ်စုနဲ့ ကိုယ်နေကြတာ။ အခုလိုဖြစ် သွားတော့ ပိုပြီး မတည့် ကြတော့ဘူးပေါ့”ဟု ၄င်းက ရှင်း ပြသည်။
လက်ရှိ ဒူဘိုင်းနှင့် မလေးရှား နိုင်ငံ များတွင် အလုပ် လုပ်ကိုင်နေကြ သော မြန်မာ အလုပ်သမား အချို့ အား အွန်လိုင်းမှ ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းတို့၏ ပတ်ဝန်း ကျင်နှင့် အလုပ် ဌာနများတွင် ယင်းသို့ပြောဆို ခြိမ်းခြောက်မှုမျိုး တစ်စုံတစ်ရာ မတွေ့ရဟု ဆိုသည်။
အစ္စလာမ်နိုင်ငံ များတွင် အလုပ် လုပ်ကိုင်ခဲ့ကြသည့် မြန်မာလုပ်သား အချို့မှာ ပြည်တွင်းသို့ ပြန်ရောက် လာခြင်းသည် ၄င်းတို့၏ အကြောင်း အမျိုးမျိုးသော လုပ်ငန်း ခွင်ပြဿနာ များကြောင့်သာ ဖြစ် သည်ဟု အာဘာဖီး ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
ဧပရယ်ဦ http://news.mmsy.info/
 
မှကူးယူဖော်ပြပါသည်။

ချင်း ခရစ်ယာန်များအပေါ် ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်ပြီး ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းသည် ဟု CHRO ဆို

Sep6စက်တင်ဘာ၊ ၅ ၊၂၀၁၂
Source: http://khonumthungburmese.org/?p=528
ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ်က Threats to Our Existence : Persecution of Ethnic Chin Christians in Burma ဆိုသည့် ကျွန်ုပ်တို့၏ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း၊ မြန်မာနိုင်ငံ ချင်းခရစ်ယာန် တိုင်းရင်းသား များအး နှိပ်ကွပ်ခြင်း အစီ ရင်ခံစာကို ယနေ့ ၅ စက်တင်ဘာ တွင် ဖြန့်ဖြူးလိုက်သည်ဟု သတင်းရရှိသည်။
စာမျက်နှာ ၁၆၀ ပါ အစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စတင်ဖြန့်ဖြူးခြင်းဖြစ်ပြီး အစီ ရင်စာခံတွင် လွန်ခဲ့သည့် နှစ်နှစ်တာ လူတရာကျော် မေးမြန်းချက်ကို အခြေခံပြီး ပြုစု မှတ်တမ်း တင်ခြင်းဖြစ်သည်ဟု ၄င်းတို့၏ သတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။
အစီရင်ခံစာအသေးစိပ်မှာ ချင်းလူမျိုးထောင်ပေါင်းများစွာသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းနှင့် ယနေ့အထိ ဘာသာ ရေးဆိုင်ရာ လွတ်လပ်မှု ချိုးဖောက်ခံနေရခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေ ခိုင်းခံနေရခြင်း၊ နှိပ်စက်ညှင်း ပန်းခံနေရခြင်း၊ လူသားမဆန်သည့် လူ့ဂုဏ်သိက္ခ ညှိုးနွမ်းစေသည့် ပြုကျင့်မှုတွေကဲ့သို့သော လူအခွင့်အရေး ချိုးဖောက်ခံ နေရခြင်းတွေကို မှတ်တမ်းတင်ထားသည်။
ထို့အပြင် အစီရင်ခံစာတွင် လက်ရှိသာသနာရေး ၀န်ကြီးဌာနက ချင်းခရစ်ယန်များ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့် ကိုအဟန့်အတားဖြစ်စေမည့် ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း ကို ဖိနှိပ်နေကြောင်း သမ္မတ ဦးသိန်းစိန်အစိုး ရတက်လာသည့် နောက်ပိုင်း ချင်းပြည်နယ်တွင် ခရစ်ယာန် လက်ဝါးကားတိုင် ၄ ခု ဖြိုလှဲ ဖျက်ဆီးခြင်းခံရပြီဖြစ်ကြောင်း ဖော်ပြထားသည်။
CHRO Program Director Salai Za Uk Ling က “ သမ္မတ ဦးသိန်းစိန်အစိုးရဟာ ဘာသာရေး လွတ်လပ်မှုကို ဥပဒေက အကာအကွယ်ပေးနေတယ် ဆိုခဲ့ပေမဲ့ အမှန်မှာ ဗုဒ္ဓဘာသာဟာ နိုင်ငံတော် တရားဝင်ဘာသာ အဖြစ်ရပ်တည်နေပါတယ်၊ ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်မှု အပြောင်းအလဲ အင်မတန်နည်းနေ သေးတယ်” ဟု ပြောသည်။
အစီရင်ခံစာက ယခင်စစ်အစိုးရလက်ထက်ကတည်းက ချင်းပြည်နယ်အပါအ၀င် တနိုင်ငံလုံးရှိ နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးရေးကျောင်း ၂၉ ထဲက ကျောင်းသား သုံးပုံ တပုံမှာ ချင်းတိုင်းရင်းသားလူငယ် တွေဖြစ်ပြီး ချင်းခရစ် ယာန် လူငယ်များအား ဗုဒ္ဓကျင့်စဉ်များဖြင့် လေ့ကျင့် သင်ကြားပေးနေကြောင်း သာဓကများနှင့် အတူ ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂ အရ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ဘာသာဟူ၍ ရှိသည့် အနက် ဗုဒ္ဓဘာသာ ကိုမူ ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ အဖြစ် အသိအမှတ်ပြုထားသည်။ ကျန် (၄) ဘာသာကိုမူ နိုင်ငံတော်တွင်ရှိနေကြသည့် ဘာသာများ ဟူ၍ သာ အသိအမှတ်ပြု ထားသည်။
သတင်းများအရ ခရစ်ယာန် ဘာသာဝင် ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် ချင်းပြည်နယ်တွင် ဗုဒ္ဓစေတီပေါင်း ၁၀၈ ဆူ ရှိပြီဟု သိရပြီး မင်းတပ်မြို့နယ်တွင် ၄၉၊ ကန်ပက်လက်မြို့နယ်တွင် ၂၃၊ ဖလမ်းမြိ့နယ်တွင် ၁၀၊ ပလက်ဝ မြို့နယ်တွင် ၆၊ ဟားခါးမြို့ နယ်တွင် ၅၊ တီးတိန်မြို့နယ်တွင် ၄၊ တွန်းဇံမြို့နယ်တွင် ၄၊ ထန်တလန်မြို့နယ် တွင် ၃၊ မတူပီမြို့နယ်တွင် ၂၊ ကျီခါး မြို့ခွဲ တွင် ၁ ၊ စုစုပေါင်း ၁၀၈ ဆူ ရှိသည်။
လက်ရှိ ချင်းပြည်နယ်သာသနာရေးဝန်ကြီးဌာနသည် ချင်းပြည်နယ်တွင် ခရစ်ယာန်သာသနာရေး ဆိုင်ရာ နယ်မြေများ လျှောက်ထားခွင့်ကို ပြီးခဲ့တဲ့ သုံးလ ကတည်းက လုပ်ဆောင်နေသည်ဟု လည်း ပြောကြသည်။
http://news.mmsy.info/news/
မှကူးယူဖော်ပြပါသည်။

ဒါဟာ လူမျိုးရေးခွဲခြားမှု၊ ဗုဒ္ဓဝါဒ မဟုတ်။ (ဘာသာပြန်)

 Source: http://www.bangkokpost.com/opinion/opinion/310878/brazen-racism-prevails-not-buddhism
Caption: This is racism, not Buddhism
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ ဆောင်းပါး။
ခက်ထန်တင်းမာနေတဲ့ မျက်နှာတွေနဲ့ ဗုဒ္ဓဘာသာရဟန်းတွေစီတန်းပြီး လမ်းပေါ်ထွက်ဆန္ဒပြကြပြီး၊ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ကို ထပ်ပြီးတော့ ပြင်းထန်တဲ့ဆက်ဆံရေးမျိုး ပေးဖို့ ဖိအားပေးတောင်းဆိုကြမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဘယ်လိုခံစားရမတုန်း။
The protest is the latest indication of deep rooted sentiment against the Rohingya population in Myanmar [AFP]

တနင်္ဂနွေနေ့မှာ ဘုန်းကြီးကျောင်းတွေများပြားလှတဲ့ မန္တလေးမှာတော့ ထောင်ချီတဲ့မြန်မာရဟန်းတွေက လမ်းပေါ်ထွက်ပြီး နိုင်ငံမဲ့နေတဲ့ မွတ်စလင်မ် ရိုဟင်ဂျာတွေကို ရက်စက်စွာ ခွဲခြားဆက်ဆံတဲ့ အစိုးရကို ထောက်ခံဖို့အဲဒီလိုလုပ်နေခဲ့ကြပါတယ်။
သူတို့ဘာတွေ တွေးနေစဉ်စားနေကြလဲဆိုတော့ မသိပါ။
ကမ္ဘာကြီးမှာ မတရားမှုတွေ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အာဃာတတွေထားပြီး လူသားချင်းညှင်းပမ်းတဲ့အနေနဲ့ အဲဒါမျိုးတွေကို ထောက်ခံပြီး တစ်စုံတစ်ခုပြုလုပ်ဖို့ နေနေသာသာ ရဟန်းသံဃာများက အဲဒါမျိုးတွေကို ဆန့်ကျင်တဲ့ ဆန္ဒမျိုးသာ ဖော်ထုတ်ပြသရမယ်မဟုတ်လား?
ကိုယ်ချင်းစာနာမှုနဲ့ တကိုယ်ကောင်းမဆန်မှုတွေဟာ ဗုဒ္ဓဘာသာရဲ့ အရင်းအမြစ်တွေပဲ မဟုတ်လား? သံဃာတွေရဲ့အလုပ်က သူသူကိုယ်ကိုယ်မှာရှိနေတဲ့ မနာလိုဝန်တိုမှု မစ္ဆရိယစိတ်တွေကို အာဃာတတရားတွေကို အလွှာအထပ်ထပ်ရှုမြင်ပြီး ၀ိညာဉ်ရေးရာတိုးတက်မြင့်မားလာဖို့၊ သို့အားဖြင့် မိမိတို့ရဲ့ ကိုယ်နုတ်နှလုံးအပြုအမူတွေမှာပါ အကျိုးသက်ရောက်ဖို့ ကြိုးစားနေကြရမှာ မဟုတ်လား?
မြန်မာပြည်အပြင်ဘက် လူအများစုကြီးကတော့ ဒါမျိုးမေးခွန်းတွေ မေးမြန်းနေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၇ တုန်းက အစိုးရကို ဆန့်ကျင်တဲ့ အဲဒီရဟန်းတွေပဲ အခုအခါမှာတော့ အန္တီရိုဟင်ဂျာရဟန်းတွေ ဖြစ်နေကြလို့ပါ။ သူတို့က တချိန်ကတော့ လူထုအတွက်ဖြစ်ခဲ့ကြတယ်၊ စစ်အစိုးရရဲ့ ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ကြရတယ်။
အကယ်၍ ရှင်တော်ဗုဒ္ဓက သူတို့ကို လမ်းပေါ်ထွက်ဖို့ သွန်သင်ခဲ့တာမျိုးမရှိဘူးဆိုရင် ၊ အခုလုပ်ရပ်က ဘာနဲ့အလားသဏ္ဌာန်တူနေပါသလဲ?
အဖြေကတော့ လွန်စွာရိုးရှင်းလှပါတယ် ____ ဒါဟာ လူမျိုးရေးခွဲခြားတဲ့ (တစောက်ကန်း)အမျိုးသားရေးစိတ်ဓာတ်ပါ။ ဘာလဲရဟန်းတွေက သူတို့နဲ့အမျိုးတူသူများအတွက်ပဲ တရားမျှတမှုရဖို့ အလိုရှိတာလား။
လူဦးရေများတဲ့ ဗမာဗုဒ္ဓရဟန်းတွေက အသားမည်းတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမ၀င် ၀င်ရောက်လာသူတွေ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြေကို လုယူမယ့် ရန်လိုနေတဲ့စည်းအပြင်က လူတွေလို့ ယုံကြည်နေကြတယ်။ ဒါကြောင့် ရဟန်းတွေက သူတို့ရဲ့ အမိမြေ၊ လူမျိုးနဲ့ ဘာသာတရားတွေကို ခြိမ်းခြောက်ခံနေရတယ်လို့ ထင်နေပြီး အဲဒါတွေ ပပျောက်ဖို့ အစိုးရကိုထောက်ခံရမယ်လို့လည်း ခံစားနားလည်ထားကြပါတယ်။
အဲဒါကို မျိုးချစ်စိတ်၊ အစွန်းရောက် အမျိုးသားရေး၊ လူမျိုးရေးအရ အာဃာတထားရှိမှုနဲ့ လူမျိုးရေးခွဲခြားမှုများအဖြစ် ကင်ပွန်းတပ်နိုင်ပါတယ်။ ဒါကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ်၊ ဒါတွေက ရန်လိုမှုကိုဖြစ်စေတယ်၊ အမုန်းတရားကို ပျံ့နှံ့စေတယ်၊ လူလူချင်းခွဲခြားမှုတွေကို ဖြစ်စေတယ်။ ဒါမျိုးတွေကို ဗုဒ္ဓဘာသာက ဆန့်ကျင်ပါတယ်။
ဘာလဲ – ဖန်လုံအိမ်ထဲက လူတွေက အတွင်းကနေပြီး ခဲနဲ့ပစ်ပေါက်တဲ့အပြုအမူမျိုး လုပ်သင့်ပါသလား?
မလေးမွတ်စလင်မ် ခွဲထွက်ရေးသမားတွေကို တားဆီးဖို့အတွက် ခဏတဖြုတ်လမ်းထွက် ဆန္ဒပြတာမျိုးရှိပေမယ့် ကျွန်တော်တို့ရဟန်းတွေက ဒါမျိုးတွေ တားမြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့က တခြားဘာသာတွေအပေါ်မှာ လွှမ်းမိုးဖို့ ဥပဒေတစ်ရပ်အတွက်တော့ အကြိမ်များစွာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဘယ်အချိန်မှာပဲဖြစ်ဖြစ် အဲဒီရဟန်းတွေ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်လုပ်ပေးဖို့တောင်းဆိုတဲ့အခါတိုင်း၊ သူတို့က အစ္စလာမ်သာသနာအပေါ်မှာ သံသယ၀င်နေတယ်ဆိုတာမျိုး ကိုလည်း အမြဲတစေ ကြားသိနေရပါတယ်။ မကြာသေးမီကပဲ လူ ၈ ဦးကို ဇီဝိန်ခြွေပြစ်ခဲ့တဲ့ ဗုံးပါက်ကွဲမှုတစ်ခု၊ ထိန်းမနိုင်သိမ်း မရဖြစ်နေတဲ့ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်၊ အဲဒီအဖြစ်အပျက်အတွက်တော့ ကျွန်တော်တို့ရဟန်းတွေက ဒေသခံတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုတာမျိုး၊ သူတို့နဲ့သက်ဆိုင်တဲ့ အပြုအမူမျိုး ကျွန်တော်မကြားရသေးပါဘူး။ ဒါ့ပြင် သူတို့က မလေးမွတ်စလင်မ်တွေ သူတို့ရဲ့လိုအပ်ချက်တွေ ထုတ်ဖော်ပြောဆိုဖို့အခွင့်အရေး၊ မလုံလောက်မှုတွေ၊ လူမျိုးရေးအရခွဲခြားခံရမှု၊ အကြမ်းဖက်မှုတွေကို ခွဲခြမ်းစိတ်ဖြာဖို့ အတွက် ပြောဆိုတင်ပြဖို့အခွင့်အရေးတွေ လိုအပ်နေတယ်ဆိုတာမျိုးလည်း အဲဒီရဟန်းတွေ မထောက်ပြကြသေးပါဘူး။
ဒါပေမယ့်လည်း အဲဒီရဟန်းတွေက ခုခံသလိုလိုဘာလိုလိုနဲ့ သူတို့ရဲ့ ကျောင်းသင်္ခန်းတွေမှာ ခံကတုပ်တွေထားပြီး စစ်သားများကို စောင့်ကြပ်စေတဲ့ အန္တရာယ်ရှိနည်းလမ်းကိုတော့ အသုံးပြုလုပ်ဆောင်နေကြပါတယ်။
မြန်မာရဟန်းတွေနဲ့လားတူ ကျွန်တော်တို့ရဟန်းတွေကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းပြီး ဗုဒ္ဓဘာသာဝင်တွေက တခြားသူတွေထက် သာလွန်ထူးကဲစွာ အခွင့်အရေးခံစားရဖို့အတွက် စစ်တပ်ကို အပြည့်အ၀ထောက်ခံနေကြပါတယ်။ ဒါတွေကို အင်အားသုံး ရပ်တန့်ရာမှာ ဆူပူသောင်းကျန်းမှုတွေဖြစ်မယ်ဆိုရင်တောင် ဖြစ်ပါစေတော့။
ထိုင်းနိုင်ငံကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ တရားထိုင်ခြင်းလုပ်ငန်းတွေ အာရုံစူးစိုက်လုပ်ဆောင်မှုတွေဘက်မှာ တဟုန်ထိုးတိုက်လာနေတာ သက်သေသာဓကပဲဖြစ်ပါတယ်။
ဒီလိုမျိုးပြုမူဆောင်ရွက်မှုတွေက နိုင်ငံရေးအမြင်မတူမှုတွေအပေါ်မှာ အငြင်းပွားပြီး အသံထွက်စောဒတက်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေတာမျိုး ဖြစ်နိုင်ပါသလား။ အကယ်၍ ခင်ဗျားက အဲဒီအတိုင်းမြှော်လင့်ထားတယ်ဆိုရင်တော့ စိတ်ပျက်ဖို့သာပြင်ပေရော့။
အဲဒီထဲက လူတွေကလည်း ခြိမ်းခြောက်မှုတွေကိုဖယ်ရှားဖို့က ခန္ဓာထဲက ရောဂါပိုးမွှားတွေကို ဖျက်ဆီးပြစ်သလိုမျိုး ဖျက်ဆီးဖယ်ရှားဖို့ရာ မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ အမြင်ကို တင်ပြပြောဆိုနေကြပါတယ်။ ဘာသာဖြစ်ဖြစ် ခင်ဗျားစိတ်ထဲမှာ အဲလိုမျိုးရှိလာတာနဲ့ပဲ အမုန်းပွားများရေးတရားတွေ၊ တ၀က်သာမှန်နေတဲ့စကားတွေ၊ လူစုလူဝေးနဲ့ စခန်းသွင်းပြီး ဆူပူသောင်းကျန်းမှုမျိုးတွေ လုပ်မယ်ဆိုရင် ခင်ဗျားစိတ်က လက်ယာရောက်လိုက် လက်ဝဲရောက်လိုက်၊ အနီဖြစ်လိုက် အ၀ါဖြစ်လိုက်၊ ခိုင်ခိုင်မတ်မတ်ရပ်တည်မှုဖြစ်လိုက် အဲလိုခိုင်မတ်စွာရပ်တည်တာကို ဆန့်ကျင်သူဖြစ်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေပြီ။
ကျွန်တော်တို့က ဗုဒ္ဓကို အာရုံပြုပြီးတရားထိုင်မယ်၊ အဲ. နောက်တော့ ကျွန်တော်တို့ရဲ့အတွေးတွေ၊ စကားလုံးတွေကို လိုသလိုဖန်တီးပြီး ပြုမူဆောင်ရွက်ပုံတွေကလည်း သဏ္ဌာန်အမျိုးမျိုးနဲ့ အစွန်းရောက်နေမယ်ဆိုရင် ဒါဟာဗုဒ္ဓဝါဒ မဟုတ်ပါ။
ဗုဒ္ဓလမ်းကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ပါတယ်။ အိုင်ဒီယာပိုင်းဆိုင်ရာ အစွန်းရောက်မှုကတော့ ထိန်းချုပ်မယ်၊ ဖိနှိပ်မယ်၊ နိုင်သူစားကြေးပါပဲ။
အိုင်ဒီယာပိုင်းဆိုင်ရာ အစွန်းရောက်မှုနဲ့ လူမျိုးရေးအခြေခံ အမျိုးသားစိတ်ဓာတ်ကတော့ ဆူပူသောင်းကျန်းခိုက်ရန်ပွားမှုကို များပြားစေ ပါတယ်။ နိုင်ငံတော်ရဲ့ ဒေသ အစိတ်အပိုင်းတွေကို ပေါင်းစည်းဖို့ဆိုတဲ့ ရည်မှန်းချက်ကတော့ နှစ်မြို့စရာမဟုတ်လို့ ပြောရုံကလွဲလို့ တခြားရွေးစရာမရှိပါ။
ဒီလိုဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကတော့ သူတို့ရဲ့နာရီပေါင်းများစွာ တရားထိုင်မှုတွေကို ရိုးရှင်းစွာနဲ့ပဲ အလေအလွင့်ဖြစ်စေခဲ့ပါပြီ။
http://news.mmsy.info/news/
မှကူးယူဖော်ပြပါသည်။

Tuesday, September 4, 2012

ငါးထောင်တန်ငွေတု ကော့သောင်းမှာ မိပြန်ပြီ

   မြန်မာငွေ ကျပ်ငါးထောင်တန် အတု သိန်း လေးဆယ်ကျော်ကို မြန်မာနိုင်ငံ တောင်ဘက် အစွန် ကော့သောင်းမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း ကော့သောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောသည်။

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ ရွှေဆိုင်တဆိုင်တွင် ရွှေဝယ်စဉ် အသက် ၂၅ နှစ်ခန့်ရှိ အေးရိပ်ငြိမ် ရပ်ကွက်နေ မဝေယံဖြိုး ကို ငါးထောင်တန် အတုများဖြင့် နယ်ထိန်းရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ရွှေဆိုင်မှာ ပထမ ရွှေ လေးကျပ်သား ဝယ်တယ်။ ဒုတိယ မြန်မာငွေနဲ့ ထိုင်းငွေ လဲတဲ့နေရာမှာ သွားလဲတယ်။ အဲဒီငွေလဲတဲ့ နေရာက မသင်္ကာလို့ လဲမပေးဘူး။ ရွှေဆိုင်မှာ ရွှေထပ်ဝယ်တယ်။ အဲဒီမှာ အဖမ်းခံရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ငါးထောင်တန် ငွေစက္ကူအတုများကို လက်ဝယ်ကိုင်ဆောင်မှုဖြင့် မဝေယံဖြိုးကို ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်း
ကော့သောင်း မြို့မရဲစခန်း က ပြောသည်။ သို့သော်လည်း အသေးစိတ်ကို ပြောဆိုရန် ငြင်းဆိုခဲ့သည်။

“စနေနေ့မှာ ကျနော်တို့ ဖမ်းတယ်။ ဒီနေ့မှ စ စစ်တယ်။ အသေးစိတ် မသိသေးဘူး” ဟု ဖမ်းဆီးရာတွင် ပါဝင်သူတဦး
ဖြစ်သည့် အဏ္ဏဝါရပ်ကွက်မှ နယ်ထိန်းရဲ တဦးက ပြောသည်။

ရဲစခန်းနှင့် နီးစပ်သူ၏ အဆိုအရ ငွေတု ကိုင်ဆောင်မှုတွင် မဝေယံဖြိုးနှင့်အတူ အခြားအမျိုးသမီးတဦး ပါဝင်ပြီး ထိုအမျိုးသမီးမှာ တိမ်းရှောင် လွတ်မြောက်နေဆဲ ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့မှာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထုတ်ပေးသည့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားပြီး ထိုင်းနှင့် မြန်မာသို့ ကူးသန်းသွားလာနေသူများ ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင်လည်း ငါးထောင်တန် ငွေစက္ကူ အတု သိန်း တရာကျော်ကို ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲတွင် ဌာနေပြည်သူ့စစ်များက ဖမ်းဆီးရမိခဲ့သည်။

၁၉၉၆ ခုနှစ်က ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံသား နှစ်ဦးကို ထိုင်းဘတ်ငွေ သိန်း ၂ဝ ခန့်နှင့်အတူ မြန်မာရဲများက ဖမ်းဆီးရမိခဲ့သည်။

မဝေယံဖြိုးအား ကော့သောင်း မြို့မရဲစခန်းတွင် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအတုများ ဖမ်းဆီးရမိလေ့ရှိသော်လည်း အစိုးရက လူထုအကြား အထိတ်တလန့်ဖြစ်မှာစိုးရိမ်၍ သိုသိုသိပ်သိပ် လုပ်ဖုံးဖိထားလေ့ရှိသည်။

http://www.mizzimaburmese.com/
မှကူးယူဖော်ပြပါသည်။

စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး (၃)

 



မေး။ ။ ဟို ဘယ်မှာနေလဲ မသိဘူး?
ဖြေ။ ။ ကျွန်မတို့ ဈေးဟောင်း မောလိပ်ပါ။
မေး။ ။ သြော် ဟုတ်။
ဖြေ။ ။ ရူပတောင်ရပ်ကွက် ဈေးဟောင်းမောလိပ်။
မေး။ ။ သြော် အိမ်တွေကဘာလဲ? မီးရှို့ခံရတာလား?
ဖြေ။ ။ မီးရှို့ခံရတာ မဟုတ်ဘူး။ ဖြိုပလိုက်တာပါ။ အိမ်ကလုံးဝ ဖျက်စီးပလိုက်တာပါ။
မေး။ ။ လာဖြိုတဲ့လူတွေက ရပ်ကွက်ထဲကလူတွေပဲလား?
ဖြေ။ ။ ရပ်ကွက်ထဲကလူတွေလည်း ပါ,ပါတယ်။ ရပ်ကွက်ထဲကလည်း ပါတယ်။ တစ်ခြားရပ်ကွက်တွေကလည်းပါ,ပါတယ်။
မေး။ ။ နောက်ပြီးတော့ အဲဒီမှာ လာတဲ့အခါရဲပါလား?
ဖြေ။ ။ ရဲမပါပါ။
မေး။ ။ ရဲမပါဘူး?
ဖြေ။ ။ မပါပါ။
မေး။ ။ ပြီးတော့ အဲဒါဆိုရင် အဲကနေပြီးတော့ အဲတော့ အိမ်တွေဖြိုတော့ သူတို့ကဘာလဲ အတင်းပဲဖယ်ခိုင်းတာလား?
ဖြေ။ ။ အတင်းဖယ်ခိုင်းပါတယ။် ကျွန်မတို့ကို အိမ်ထဲမှာရှိတဲ့လူတွေ အကုန်လုံးထွက် သူတို့ ဓားတွေနဲ့ လှံနဲ့လာကြပါတယ်။ လာပြီးတော့ သူတို့က ထွက်ပါ။ ထွက် အခုထွက် ချက်ချင်းထွက်လာ ထွက်လာဆိုပြီးတော့ ကျွန်မတို့ကို ခဏဆိုထိုင်လိုက် ခဏဆိုရပ်လိုက် အဲဒီလိုလုပ်ပြီးတော့ ကျွန်မတို့ခြေထောက်မှာ ဖိနပ်ကလေးယူမယ်ဆိုတာတောင် ကျွန်မတို့ကိုယူခွင့်မပေးဘူး။ ခင်ဗျားတို့နဲ့ ဒီဖိနပ်စီးဖို့ လူစားမျိုးတွေမဟုတ်ပါလို့ ပြောတယ်။
မေး။ ။ သြော် အဲဒါဘယ်မှာပြောတာလဲ? အိမ်ရှေ့မှာပြောတာလား?
ဖြေ။ ။ အိမ်ရှေ့မှာပြောတာပါ။ ကျွန်မတို့ကို အိမ်ရှေ့က ထုတ်ပြီးတော့ လမ်းပေါ်မှာ ရပ်ထားပါတယ်။ လမ်းကြားမှာ
မေး။ ။ သြော်. . . . .
ဖြေ။ ။ ရပ်ထားပြီးတော့ ကျွန်မတို့ကို အဲဒီလိုပြောတယ်။ ပြောပြီးတော့ ဆွဲပြီးတော့ ကျွန်မတို့ကို လမ်းကြားကြားတွေကယူပြီးတော့ ရဲစခန်းတွေ ပို့ပါတယ်။ ရဲစခန်းကနေပြီးတော့ ရဲစခန်းမှာ ရောက်တာနဲ့ ကျွန်မတို့ကို ခဏဆိုထိုင်လိုက် ခဏဆိုရပ်လိုက် ကျွန်မတို့ကို စာရင်းယူမယ်ဆိုပြီးတော့ နောက်ပြီးတော့ အာ..ဒီလူတွေကို စာရင်းယူစရာမလိုဘူးဆိုပြီးတော့ ထောင်ကားခေါ်လာတယ်။ ခေါ်လာပြီးတော့ ကျွန်မတို့ကို ထောင်ကားပေါ်ကို တက်. . အခုတက် အကုန်လုံးတက် အဲဒီလိုဆိုပါတယ်။ ဆိုပြီးတော့ အဲဒါနဲ့ ကျွန်မတို့အကုန်လုံး ကို ထောင်ကားပေါ်မှာ တက်ရပါတယ်။ တက်ပြီးတော့ ကျွန်မတို့ ထောင်ကားနဲ့ ခေါ်သွားပြီး ကျွန်မတို့ကလည်း ဟာ. . . ကလေးတွေက ငိုလိုက်. . အော်လိုက် သမီးတွေက အော်လိုက်. . တစ်ခြားလူတွေလည်း အဲဒီလို ရပ်ကွက်ထဲကလူတွေလည်း အများကြီးပါ,ပါတယ်။
ကျွန်မတို့ တစ်ရပ်ကွက်လုံးက လူတွေပါပြီးတော့ ကျွန်မတို့အကုန်လုံးကို ခေါ်ပြီးတော့ အဲဒီရဲစခန်းကနေပြီးတော့ ထောင်ကားပေါ်မှာတင် ပြီးတော့ ကျွန်မတို့ကို. . . ဟိုး. . . အောင်မင်္ဂလာရပ်ကွက် လေးခွဲဆုံမှာ အဲဒီမှာ ဆင်း. . ဆင်းခိုင်းတယ်။ ဆင်းခိုင်းပြီးတော့ နင်တို့အကုန်လုံး ဒီလမ်းကြားထဲဝင်သွားလိုက် အောင်မင်္ဂလာရပ်ကွက်ထဲကို ဝင်သွားလိုက် အောင်မင်္ဂလာရပ်ကွက်ထဲကို ဝင်သွားလိုက် အဲဒီမှာပဲနေတော့ နေရမယ်ဆိုပြီးတော့ အဲဒီမှာ အဲဒီလောက်ပဲ ကျွန်မတို့ကို. . .
မေး။ ။ အဲတော့ အောင်မင်္ဂလာရပ်ကွက်ကနေပြီးတော့ ဘယ်လိုလုပ်ဒီရောက်လာတာလဲ?
ဖြေ။ ။ အောင်မင်္ဂလာရပ်ကွက်ထဲမှာ ကျွန်မတို့က အဲဒီမှာ အောင်မင်္ဂလာရပ်ကွက်ထဲမှာ ကျွန်မတို့ ဟိုဟာ. . . ရောက်ရောက်ချင်း ကျွန်မတို့ကို ဦးရွှေလှဆိုတဲ့လူက ကျွန်မတို့ကို သူတို့အိမ်ပေါ်တင်ထားပါတယ်။ တင်ထားပြီးတော့ အဲဒီမှာ တစ်ညအိပ်တယ်။ သူတို့လည်း ကျွေးမွေးပါတယ်။ ကျွေးမွေးပြုစုပြီးတော့ ကျွန်မတို့ နောက်နေ့ကျရင် ကျွန်မတို့ကို နောက်တစ်အိမ်ကလာပြီးတော့ ခေါ်သွားတယ်။ လာ ခေါ်တော့ ကျွန်မတို့အဲဒီအိမ်မှာ နေပြီးတော့မှ ဒီလိုမီးရှို့တယ် ဟိုဟာ နာဇီကို မီးရှို့နေ့မှာပဲ နာဇီကိုမီးရှို့ပြီးတော့ မီးရှို့ပြီးတော့ အဲ. . မီးရှို့တယ် မီးရှို့တယ်ဆိုတာနဲ့ အကုန်လုံးလူတွေထွက်ကြပါ။ အကုန်လုံးအော်ပြီးတော့ အဲဒီမှာတစ်ခါ နောက်ပြီးတော့ ဟို နောက်လမ်း ကနေပြီးတော့ ဟိုဟာ ရခိုင်တွေအော်ပြီးတော့ လာပြီးတော့ အဲဒီမှာ ဟို. . . . ကုန်သည်ရပ်ကွက် ကုန်သည်လမ်းကြား အဲဒီလမ်းကြားကို မီးရှို့ပါတယ်။ အဲဒီမှာ ဒီမိုကရေစီဈေးဆိုတာ တစ်ခုရှိပါတယ်။ အောင်မင်္ဂလာ ရပ်ကွက်ထဲမှာ. . .
မေး။ ။ သြော်. . . . ဟုတ်ပြီလေ
ဖြေ။ ။ ဟုတ်ကဲ့ အဲဒီမှာ အကုန်လုံးမီးရှို့ပလိုက်တယ်။ မီးရှို့နေလို့မှ ဒီဘက်ကို မီးက ဒီဘက်ကိုနည်းနည်းလေး ကျောင်းနားထိရောက်နေပါပြီ။ မီးအရှိန်က အရမ်းကြီးလာတယ်။ ကြီးလာတော့ အဲဒီမှာ သူတို့. . လူတွေကအကုန်လုံးထွက်ပြေးကြတယ်။ ဟိုပြေး ဒီပြေးဟိုပြေး ဒီပြေးနဲ့ နောက်အိမ်ကြီးတစ်လုံးရှိတယ် အဲဒီမှာ. . အဲဒီအိမ်ကြီးက သူတို့က ဟာ. . . လူတွေအကုန်လုံး ဒီကို ကျွန်တော်တို့အိမ်ကို ဝင်ကြပါ ဝင်ကြပါ ကျွန်တော်တို့အိမ်မှာ လာကြပါ။ မီးအရှိန်ကပြင်းလာပါပြီ ဆိုပြီးတော့ သူတို့လည်း ကြောက်ပြီး လန့်ပြီးတော့ ပြေးနေတာ။ ပြေးနေတုန်းမှာ နောက်မှ ရေတွေ အကုန်လုံးဟိုဟာလုပ်ပြီးမှ နောက်မှရေတွေလာတယ်။ စစ်တပ်တွေလာတယ်။ လာပြီးတော့ မီးကိုငြိမ်းပလိုက်ပါတယ်။ ငြိမ်းပလိုက်တော့ မီးငြိမ်းသွားတော့ အဲဒီအခါမှ ကျွန်မတို့ကို နောက်တစ်အိမ်ကိုခေါ်သွားတော့ ကျွန်မတို့ နောက်တစ်အိမ်မှာ သွားနေလိုက်ပါတယ်။ အဲဒီမှာ ၁၀ ရက်လောက်နေပြီးတော့မှ နောက်မှတစ်ခါ ပြန်ပြီးတော့ ကျွန်မတို့ကို. . . ကျွန်မတို့မှာ ဒီကျွန်မယောက်ျားဟိုဟာက. . . ဦးမောင်က အာ. . . ဒီလိုဆိုရင် ဒီမှာနေလို့မဖြစ်ဘူး။ ဒီမှာလည်း အရမ်းစိုးရိမ်ရတယ်။ တစ်ထိတ်ထိတ် တစ်လန့်လန့်နဲ့ ခဏဆိုရင် ဟိုကလာတယ် ဒီကအော်တယ် ဒီက ဟာဘယ်နေရာကဆူနေလည်း ညအိပ်နေရင်း အိပ်နေရင်းနဲ့ ဟိုမှာ မီးရှို့ထားတယ် နောက်တစ်အိမ်ကို. . . အဲဒါနဲ့ ကျွန်မတို့က မနေရဲလို့ ဒီဘက်ကိုလာမယ်ဆိုပြီးတော့ အဲဒီလုံထိန်းတွေကို အကူညီတောင်းပြီးတော့ ကျွန်မတို့ကို လုံထိန်းတွေနဲ့ ကျွန်မတို့ကိုကားတစ်စီးငှားပြီး ကျွန်မတို့ဒီကိုရောက်လာပါတယ်။
မေး။ ။ သြော်. . . အဲဒီမှာ သူများတွေဆီကနေ ကျွန်တော်တို့ကြားတာပေါ့နော်
ဖြေ။ ။ ဟုတ်ကဲ့ပါ။
မေး။ ။ မွတ်စ်လင်မ်တွေက ကိုယ့်အိမ်ကိုယ် မီးရှို့တယ်လို့ကြားတယ်။
ဖြေ။ ။ မဟုတ်ပါဘူး။ ကိုယ့်အိမ်ကိုယ် ဘယ်လိုမီးရှို့ပါ့မလဲ? ကိုယ့်အိမ်ကိုယ် မီးမရှို့ပါ။ သူတို့က မွတ်စ်လင်မ်ဟန်ဆောင်ပြီးတော့ ဟိန္ဒူရယ် နောက်ပြီးတော့ မရာမကြီး လို လူမျိုးရှိပါတယ်။ အဲဒါတွေကို သူတို့က မီးရှို့ခိုင်းပြီးတော့ သူတို့က မွတ်စ်လင်မ်လိုလုပ်ပါတယ်။ သူတို့က မွတ်စ်လင်မ်နဲ့ ရုပ်ဆင်တာကိုး. . . ရုပ်ချင်းဆင်တော့ သူတို့ကမွတ်စ်လင်မ်ရှို့တယ်လို့ လုပ်ကြပါတယ်။ သူတို့က လုပ်ဇာတ်တွေ အများကြီးပါ,ပါတယ်။
http://news.mmsy.info/news/5455 


မှကူးယူဖော်ပြပါသည်။

စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး (၂)

 
သြဂုတ်၊ ၂၉၊ ၂၀၁၂



မေး။ အစ်ကို့နာမည်ဘယ်လိုခေါ်လဲမသိဘူး ?
ယောင်္ကျား ကျွန်တော့်နာမည် ဦးတင်ရွှေပါ။
မေး။ ဘယ်မှာနေလဲမသိဘူးခင်ဗျ ?
ယောင်္ကျား မြို့သူကြီးကပါ။
မေး။ အော် အဲဒီတော့ အဲဒီမှာ မြို့သူကြီးမှာ ဘယ်နေ့ကစပြီးတော့ ပြဿနာတက်လဲပေါ့နော်။
ယောင်္ကျား ဒီလ ၆ လပိုင်း ၁၂ နာရီမှာ လောက်မှာစတာပါ။
မေး အော် ဘယ်လိုဖြစ်လဲ ကျွန်တော့်ကို နည်းနည်းပြောပြပါလား ?
ယောင်္ကျား ကျွန်တော်တို့ သူတို့လူအုပ်ကြီးက ဘုန်းကြီးတွေပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌကြီးပါတယ်။ ရပ်ကွက်သားချင်း ရပ်ကွက်လူကြီးတွေပါတယ်။ အကုန်လုံးသူတို့ဝိုင်းပြီးတော့ ကျွန်တော်တို့ကို အုပ်… …့ တယ်။ ခဲတွေနဲ့ပေါက်တယ်။…. … ကို ခဲတွေနဲ့ပေါက်တော့ ခဲက လူပေါင်းသုံးထောင်လောက်ရှိတယ် သူတို့။ လူပေါင်းသုံးထောင်လောက်က ကျွန်တော်တို့ ခြံပတ်ပတ်လည်ဝိုင်းပြီးတော့ ကျွန်တော်တို့ကို ဂျင်နဲ့ ခဲတွေနဲ့ပေါက်တယ်။ ပေါက်ပြီးတော့ သူတို့ အိမ် ကျွန်တော်တို့အိမ်ထဲဝင်လာတယ်။ အိမ်ထဲဝင်လာပြီးတော့ ကျွန်တော်တို့အိမ်ကပစ္စည်းတွေကို အကုန်လုံးပြောင်းတယ်သူတို့။ ကျွန်တော်က အိမ်ထဲမှာ။ ပေအိမ်က ပေပတ်ပတ်လည် ပေ ၁၂၀ ရှိတယ် ပေက အိမ်က။ အိမ်ကရှေ့တစ်လုံး နောက်တစ်လုံး ကျွန်တော့်မှာ။ အိမ်ကတိုက်အိမ်ပေါ့။ သူတို့ အဲဒီလို အိမ်ကပစ္စည်းတွေကိုသူတို့ အကုန်လုံးထုတ်တယ် ကားနဲ့ ထော်လာဂျီနဲ့ ကားနဲ့ပေါင်းပြီး ပြောင်းပြီးယူပြီးတော့်။ ဘုန်းကြီးတွေနဲ့ သူတို့ရခိုင်တွေအကုန်လုံး။ ပြောင်းပြီးတော့ ကျွန်တော်တို့ အိမ်အပေါ်တက်လာတယ်။ အပေါ်တက်လာတော့ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော့်အမေရှိတယ်။ ကျွန်တော့်အမျိုးသမီးကိုကျတော့ ဟိုဥစ္စာလုပ်လိုက်တယ်။ လှံနဲ့ထိုးလိုက်ပြီးတော့ မီးနဲ့တိုက်တယ် သူ့ကို။ မီးနဲ့တိုက်လိုက်တယ်။ ရွှေတွေတောင်းတယ် သူတို့တွေက။ ရွှေတွေတောင်းတယ်။ ရွှေတွေဘာတွေအကုန်လုံးပေးလိုက်တယ်။ ပေးပြီးတော့လည်း သူတို့လက်မခံဘူး။ နောက်ခေါင်းတွေကို ဓားနဲ့ခုတ်တယ်။
မိန်းမ ရွှေတွေငွေတွေ အကုန်လုံးပေးထားလိုက်ပါတယ်။ ခေါင်းတွေကိုလည်း ရိုက်တယ်။ ကျွန်မတို့မိသားတစ်စုလုံးမှာ။


မေး လက်လေးတစ်ချက်။ လက်တွေပြန်ပြကြည့်ပါဦး။ လက်လက်လက်
မိန်မ ချုပ်ထားတာပဲ။
မေး အော် တုတ် ပေါက်သွားတာလား ထုတ်ခြင်းပေါက်သွားတာလား ?
ယောင်္ကျား ဟုတ်တယ်။ … … … လှံနဲ့ထိုးလိုက်တာ။
မေး အော် ဟုတ်ပြီ။
မိန်းမ ဒီဘက်မှာလည်း ထိုးသေးပါတယ်။ ဒီမှာ မီးဒဏ်ရာ ခေါင်းတွေမှာရော ခေါင်းတွေမှာပါ … နဲ့ ရိုက်ထားတာပါ။ အကုန်လုံးချုပ်ထားရပါတယ် ခေါင်းမှာ။
မေး အောာ်။ အော် ဟုတ်ပြီ။ အစ်ကိုကလက်ထိသွားတာလား ?
ယောင်္ကျား ကျွန်တော့်လက်ကိုပေါ့ သူတို့ … … … ဓားနဲ့ ဟိုဥစ္စာ လမ်းမှာထိသွားတာ။
မိန်းမ မထိဘူး ပိုက်နဲ့လမ်းမှာ ထိသွားတာပါ။
မေး အော်
မိန်းမ အရပ်နဲ့မမှီလို့ ကလေးလေးပါ။ အဲဒီကလေးလေးက လှံကိုင် … … လိုက်ခဲ့တာပါ။
ယောင်္ကျား ကျွန်တော့်အမေကို ဆက်ရှင်းပြီးတော့ သူတို့နှစ်ပိုင်း ပိုင်းလိုက်တယ်။ ကျွန်တော်အမေနဲ့ ကျွန်တော့်အဒေါ်ကို။
မေး ဟာ
ယောင်္ကျား ကျွန်တော့်အဒေါ်ကို ကျွန်တော်တို့အိမ်ထဲကနေချပြီးတော့ ခုတ်တာသူတို့။ အိမ်အပေါ်ကနေပြီးတော့ အောက်ထပ်မချတဲ့လူကို လူအိုကြီးကို။ အဲဒီလိုချပြီးတော့ သူတို့ခုတ်တယ်။ ကျွန်တော့်အမေနဲ့ ကျွန်တော့်အဒေါ်ကသေတယ်။ ကျွန်တော့်မှာ နောက်ကလေးလေးတစ်ယောက်ရှိသေးတယ်။
မိန်းမ ကလေးလေးရှိပါတယ်။
ယောင်္ကျား ကျွန်တော့်သားလေး အမြွှာပူးနှစ်ယောက်က ကျွန်တော်တို့မှာ ဒီမှာ မျက်စိမှာတစ်ယောက်ချတယ်။ နောက်ခေါင်းမှာ ခုတ်လိုက်တယ်တစ်ယောက်။ တစ်ခါတည်းနဲ့ အဲဒါနောက်တစ်ယောက် ကျွန်တော်တို့အိမ်ဘေးနားကတစ်ယောက်က သူ့ကိုတစ်ခါတည်း တစ်ခြမ်းခုတ်လိုက်တာမှာ ဒီလိုနှစ်ပိုင်း ပိုင်းသွားတာ။ အဲဒီတော့ သူလည်းဆေးရုံကို ကျွန်တော်နဲ့ အတူတူပါသွားတယ်။ ပါသွားတဲ့အခါမှာ သူကသေတာတော့မဟုတ်ဘူး။ သူ့ကိုရဲကခေါ်ပြီးတော့ အသေသတ်လိုက်တာ သူ့ကို။ လှံနဲ့ထိုးပြီးတော့။
ယောင်္ကျား … .. ဆေခန်းကိုခေါ်တဲ့လူ သူ့ကို။ သူ့ကိုနာမည်တွေမေး။ မင်းဘယ်သူ့သားလဲဆိုပြီးတော့ မူစာ့သားပြောလို့ သူ့ကို မီး မီးတိုက်တယ်ဆိုပြီးတော့ ပြောပြီးတော့ သူ့ကိုလူတွေရိုက်ပစ်လိုက်တယ် သေအောင် အသေသတ်ပစ်လိုက်တယ်။
မေး အော် ဒါဆိုလို့ရှိရင် အစ်ကိုကမီးတိုက်တယ်ဆိုပြီးတော့ နာမည်ထွက်တာလား ?
ယောင်္ကျား အေး အဲဒီလိုမျိုး။ ကျွန်တော်တိုက်တာမဟုတ်ဘူး။ အဲဒီကောင်လေးကို တိုက်တယ်ဆိုပြီးတော့ ခေါ်တာ။
မိန်းမ သူ့တူလေးပါ။ သူ့တူလေးပါ။ သူ့တူလေးပါ။ ကျွန်မတို့အိမ်မှာ အကုန်လုံးခေါ်ထားပါတယ်။ ဒီရပ်ကွက်ကလူတွေ အကုန်လုံး ကျွန်မတို့အိမ်က လူကို လုံခြုံရေး
မေး အဲဒီတော့ အခုဟာက အဓိက ကတော့ သူတို့တွေက ဘာလဲ ဟို ဒီ မွတ်စလင်မ်တွေက မီးလိုက်ရှို့လို့ ဒီ မွတ်စလင်မ်တွေကို
မိန်းမ မဟုတ်ဘူး။ မဟုတ်ပါဘူး။ ကျွန်မတို့အိမ်မှာအကုန်လုံး ခေါ်ထားပါတယ်။ တစ်ယောက်မှ ပေးမရှို့ပါဘူး။ ရခိုင်ဘေးပတ်လည်ပါ။ ကျွန်မတို့အိမ်မှာဘေးပတ်လည်။ ဒီဘေးပတ်လည်က ရခိုင်ပါ။ ရခိုင်ဘေးပတ်လည်ထဲမှာ ကျွန်မတို့တစ်အိမ်တည်းဆိုတော့ ကျွန်မတို့ ဒီအိမ်နီးသားချင်းတွေကို ခေါ်ပြီးတော့ ကျွန်မတို့အိမ်မှာ လုံခြုံမှုရှိစေဖို့ရာ ထားပါတယ်။ လူအယောက်နှစ်ဆယ် သုံးဆယ်လောက်ရှိပါတယ် ကျွန်မတို့အိမ်အပေါ်မှာ။ ကျွန်မအမေတို့ မိသားစုတွေ အခုမှဝင်နေတာပါ။ အဲဒါကို အောက်ကနေ ထုပြီးတော့ ရှာပါတယ် အကုန်လုံးကို။ နေအိမ်တွေကို ထုပြီးတော့ စွန့်ဟေ့ စွန့်ဟေ့ဆိုပြီးတော့ ရှာတဲ့အခါ အကုန်လုံးဆင်းရပါတယ်။ ကျွန်မတို့ အိမ်နီးသားချင်းတွေလည်း ရှိပါတယ်။ အကုန်လုံး ဆင်းပြီးတော့ ဆင်းပြီးတော့ ရိုက်သတ်တယ်။ … ကိုပါ ထုတ်ပြီးတော့ အကုန်လုံး ဓားတွေနဲ့ တုတ်တွေနဲ့ အဲဒီလမ်းနားတင်ရိုက်သတ်တယ်။ ရိုက်တဲ့အခါ လုံခြုံရေးတွေလာတယ်။ လုံခြုံရေးတွေဆီကလည်း ရိုက်နေတုန်းပါ။ ရိုက်နေတုန်းပါ။ … … .. စစ်တပ်ကရောက်တဲ့အခါမှာ ကျွန်မတို့ အကူအညီပေးပါတယ်။ အဲဒီအခါမှာ ဆေးရုံပို့ပါတယ်။
ယောင်္ကျား မွတ်စလင်မ်တွေ မီးမရှို့ဘူး။ မွတ်စလင်မ်တွေက ရခိုင်ရွာမှာ မွတ်စလင်မ်ကျွန်တော်တို့အိမ် သုံးအိမ်ပဲရှိတာ။
မေး အဲဒီတော့ ဒီမှာမေးခွန်းတစ်ခုပေါ့ ပေါ်လာတာ။ ဟိုဟာ လုံခြုံရေးရှိနေတဲ့ ရဲရှိနေတဲ့အချိန်မှာရိုက်တယ်။
မိန်းမ လုံခြုံရေရှိမှ … … … ကျွန်မတို့ကလုံခြုံရေးရှိနေပြီဆိုပြီး စိတ်အေးပြီးတော့ တစ်ခုမှမလုပ်ပါဘူး။ ရွှေတွေ ငွေတွေ အကုန်လုံးအဲဒီနေရာမှာပေးထားပါတယ် ကျွန်မတို့က အဲဒီမှာ စလင်းဘတ်အိတ်တွေပါ ထားပြီးတော့ ကျွန်မတို့က တိုက် … ထိပ်မှာ ထပြီးတော့ အေးအေးဆေးဆေးနေပါတယ်။ လုံခြုံရေးရှိတယ်ဆိုပြီးတော့
ယောင်္ကျား လုံခြုံရေး ရှေ့ကရိုက်တာပါ။ ကျွန်တော်တို့လည်း စိတ်အေးအေး
မေး အော် ဒါဆို ရဲလုံခြုံရေးရှိတဲ့အချိန်မှာ
မိန်းမ ရဲလုံခြုံရေးရှေ့ကပဲ ရိုက်တာပါ ကျွန်မတို့ကို
မေး အော်
မိန်းမ ရဲလုံခြုံရေးရှေ့က ဓားရှည်တွေနဲ့ အကုန်လုံးပါလာပြီးတော့ ရပ်ကွက်ကလူတွေလည်း ပါ ပါတယ်။ ရပ်ကွက်ကလူတွေက လိုက်ပြပါတယ်။ အကုန်လုံးလိုက်ပြပြီးတော့ တစ်ခြားရပ်ကွက်တွေက လူတွေက ရိုက်ကြပါတယ်။ ဓားပြတိုက်ပါတယ်။
ယောင်္ကျား လုံထိန်း လုံထိန်းပါ။ လုံထိန်းကားနှစ်စင်းရှိပါတယ်။ ရပ်ကွက် ဥက္ကဋ္ဌ ဦးငွေကြောင်ကိုယ်တိုင် ပါတယ်။ လူတွေလည်း အကုန်လုံးကျွန်တော်တို့ ပြလို့ရသေးတယ်။ ကျွန်တော်တို့ရပ်ကွက်ကလူတွေ ဓားပြစတိုက်တာ ကျွန်တော့်တို့ဥစ္စာယူ။

မိန်းမ ကျွန်မတို့ အကုန်လုံးမှတ်မိပါတယ်။ ဓားပြတိုက်တဲ့ ရွှေတွေ ရွှေတွေ ယူသွားတဲ့ အကုန်လုံးရှိသမျှပစ္စည်းဥစ္စာတွေယူသွားတဲ့ လူတွေကိုမှတ်မိပါတယ်။ ကျွန်မတို့ရှေ့ကပဲ ယူသွားတာပါ အကုန်လုံး ကျွန်မတို့အိမ်ကတီဗွီ တွေ ကလေးတီဗွီ ပြီးတော့ အကုန်လုံးတီဗွီတွေ ချသွားပါတယ်။ သူတို့ပစ္စည်းတွေကို ကျွန်မတို့ရှိနေတုန်းမှာပဲ အကုန်လုံးထော်လာဂျီနဲ့လာပြီးတော့ အကုန်လုံးယူသွားတာပါ။ ကျွန်မတို့ရှေ့ကယူသွား တာပါ။ ကျွန်မတို့ပစ္စည်းတွေကို။ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ တောင် အကုန်လုံးချသွားပါတယ်။ ကျွန်မတို့အိမ်မှာအပြည့်ပါ။ မေးကြည့်လို့ရပါတယ် အကုန်လုံးကို။
ယောင်္ကျား ကျွန်တော်ကအရင်က … … … ။
မေး အော် ဟုတ်ပြီ။
မိန်းမ နေဦးဟိုမှာ ဘောက်ချာလေးတွေရှိပါတယ်။ ကျွန်မတို့မှာ။ ရွှေဝယ်ထားတာတွေလည်း အကုန်လုံး ဘောက်ချာရှိပါတယ်။ ရွှေဆိုင်တွေ။
မေး အဲဒီတော့အခုလက်ရှိကတော့ အခုပေါ့နော်။ တစ်ကယ်လို့အခြေအနေအေးချမ်းတည်ငြိမ်ရင် အခုလက်ရှိ ဆိုင်ရှိတယ်ပြောတယ် ဟုတ်လား ?
ယောင်္ကျား ဆိုင်လည်း ဆိုင်ခန်းလည်းဖြုတ်သွားပြီ။ အကုန်ယူသွားပြီ သူတို့။ ကျွန်တော်ဆိုင်က ပစ္စည်းလည်းဘာမှ မရလိုက်ဘူး။ ဆိုင်ကိုလည်း ဖြိုပစ်လိုက်ပြီ။ ကျွန်တော့်ဆိုင်ကိုလေ။ ကျွန်တော်တို့ကိုဆေးရုံမှာတက်တုန်းကလည်း သူတို့ကလာပြီးတော့ မြို့သူကြီးရပ်ကွက် ဥက္ကဋ္ဌကိုယ်တိုင်က လှမ်းပြောပြီးတော့ ကျွန်တော်တို့ပါ သစ်ကျွန်းပို့ခိုင်းလိုက်တယ်။ ဆေးရုံမှာခေါ်တယ် ဓားရှည်နဲ့လာတယ် ကျွန်တော်တို့ကို။ ခိုး ခိုးလာတယ်။ ဆေးရုံမှာ ဆေးရုံအမှောင်ခန်းထဲမှာ ထားထားတာကျွန်တော်တို့ကို။ လှေနဲ့ခိုးခိုးလာတာ ကျွန်တော်တို့ မိသားစုကို။ မသေမရှင်အောင်လဲလို့ အသေ မသေလို့ သေအောင်သေခြင်းမျိုးလာတာ။
မေး ဆေးရုံအမှောင်ခန်းထဲမှာ။
မိန်းမ ဆိုင်ရှိပါတယ်။ ဆိုင်လိပ်စာလည်း ရှိပါတယ်။ ဆိုင်ကပစ္စည်းတွေလည်း အကုန်ထုတ်ပြီးတော့ ယူသွားပါတယ် သူတို့။ ဆေးရုံမှာခေါ်တယ်။ ကျွန်မတို့အမှောင်ခန်းထဲမှာနေရပါတယ်။ အမှောင်ခန်းထဲမှာ နေခဲ့ရတာပါ။ ဟုတ်တယ် ဆေးရုံမှာ အမှောင်ခန်း အမှောင်ချပြီးတော့နေခဲ့ရပါတယ်။ အပြင်ကနေပြီးတော့ ရခိုင်တွေ
မေး အော်။
ယောင်္ကျား ကျွန်တော်တို့ ကျွန်တော်တို့ကို … … က ဦးပဉ္ဖင်းတစ်ယောက်က ဘာပြောလဲဆိုရင် မင်းတို့ကို ဒီကုလားတွေကို ဘာဖြစ်လို့ ဒီမှာဆေးကုဖို့ယူလာတာလဲတဲ့ ဒီကောင်တွေကို အပြတ်အသတ်မရှင်းပစ်လိုက်ဘူးလားတဲ့။ အဲဒါ ဦးပဉ္ဖင်းတစ်ယောက်ကိုယ်တိုင်ပြောတာ ဆရာဝန်ကြီး ဦးပဉ္ဖင်း အင်္ဂလိပ်စကားနဲ့။ ကျွန်တော်တို့ဆီက။ ကျွန်တော်တို့က … …
မိန်းမ အင်္ဂလိပ်စကားနဲ့ပြောတာပါ။ ကျွန်မတို့က ဗမာစကားလည်းနားလည်တယ်။ ရခိုင်စကားလည်း နားလည်တယ်သူဆိုတော့ အင်္ဂလိပ်စကားနဲ့ပြောတာပါ သူတို့က … … အဲဒီလိုမျိုးပါ။
မေး ဆိုတော့ တစ်ကယ်လို့ပေါ့ အခြေအနေအေးချမ်းတည်ငြိမ်လို့ရှိရင် မိမိနေရာမှာ မိမိဆိုင်ပြန်ဖွင့်ချင်တဲ့ဆန္ဒရှိလား? မိမိအိမ်မှာ မိမိပြန်နေဖို့ရည်ရွယ်ချက်ရှိလား ?
ယောင်္ကျား သူတို့လူအုပ်ထဲမှာ ကျွန်တော်တို့နေလို့တော့ရမှာမဟုတ်ဘူး မာမူ။ အခြေအနေက သိပ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်တို့တော့ ကျွန်တော်တို့ပစ္စည်းက ဘာမှမကျန်တဲ့အခါ မာမူ၊ နေရင်လည်း ကျွန်တော်တို့က အဲဒါ မွတ်စလင်မ်ဆိုရင် ရွာကမို့။ ကာဖိရ် ရခိုင်အုပ်စုထဲမှာ ကျွန်တော်တို့က သုံးအိမ်ပဲရှိတယ်။ သုံးအိမ်ပဲရှိတယ်။
မိန်းမ လုံးဝ … … … ။ အကုန်လုံး ဖျက်ဆီးပစ်လိုက်ပါပြီ။ ရခိုင် ရခိုင်အုပ်စုထဲမှာပါ။ သုံးအိမ် ကျွန်မတို့အိမ်ရယ် တစ်ခြားယောင်းမရှိ
မေး အော် ဟုတ်ပြီ။http://news.mmsy.info/news/5400

မှကူးယူဖော်ပြပါသည်။

 

အင်တာနက်စာမျက်နှာမှာ တွေ့မိသမျှ

 စက်တင်ဘာ၊ ၃၊ ၂၀၁၂

Lily Flower
အခုနောက်ပိုင်း အထူးသဖြင့် အွန်လိုင်းလောက(အင်တာနက်စာမျက်နှာတွေ)မှာ ကျမမြင်တွေ့နေရတာပြောပြချင်ပါတယ်။
ဒီလို ပြောလိုက်တာက ကျမ အခုရေးတဲ့စာဟာ အင်တာနက်စာမျက်နှာပေါ်မှာဖြစ်လို့ အွန်လိုင်းလောကလို့ပြောလိုက်ခြင်းပါ။ တကယ်တမ်းတော့ အပြင်လောကမှာလည်း ရိုက်ခတ်သက်ရောက်နေတာရှိပါတယ်။
ဘာကိုမြင်တွေ့နေရသလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် မကြားဝံ့မနာသာပြောဆိုရေးသားမှုတွေ၊ ဘာသာတရားကိုထိုးနှက်တိုက်ခိုက်မှုတွေ စတဲ့ မကောင်းမြင်မှုတွေကို အဓိကတွေ့နေရပါတယ်။ ဘာကြောင့် အဲလိုတွေဖြစ်နေရတာလဲ။ အဖြေကရှင်းပါတယ်။ နားလည်မှုမရှိကြလို့ပါ။ နားလည်မှုမရှိဘူးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုတဲ့စကားလုံးအသုံးအနှုန်း (အသားလွတ် ကြမ်းတမ်းရိုင်းစိုင်းတဲ့ အရေးအသားများကို မဆိုလိုပါ)၊ နောက် ခိုင်မာတဲ့ သမိုင်းကြောင်း၊ နောက်ပြီးတော့ ဘာသာတရား (မိမိဘာသာအပြင် အခြားသူရဲ့ဘာသာတရား) အစရှိတဲ့ အကြောင်းအရာတွေကို ဆိုလိုပါတယ်။
တစ်ယောက်က ရေးသားလိုက်တဲ့စကားလုံးက ဘာကိုရည်ရွယ်တယ်ဆိုတာ နောက်တစ်ယောက်က သေချာနားမလည်ပဲ ကိုယ်တိုင်ရဲ့စိတ်အလိုကျ မကောင်းမြင်ပြီး အဲဒီ မကောင်းမြင်စိတ်နဲ့ပဲ နားလည်မှုလွဲစွာ ပြန်လည်ရေးသားလိုက်တတ်ကြတယ်။
နောက်တစ်ခု သမိုင်းကြောင်းကို နားမလည်တာပါ။ သမိုင်းဆိုတာ ဒဏ္ဍာရီမဟုတ်ပါဘူး။ ပါးစပ်ပြောပုံပြင်မဟုတ်ပါဘူး။ တကယ်ဖြစ်ပျက်တည်ရှိခဲ့တာကို သမိုင်းလို့ခေါ်တာပါ။ ဒီတော့ ခိုင်မာတဲ့သမိုင်းကြောင်းတွေကို ကိုယ်တိုင်နားလည်သဘောပေါက်ခြင်းမရှိထားတော့ ကိုယ်ကြားဖူးခဲ့တဲ့ ပုံပြင် ဒဏ္ဍာရီကိုသာ သမိုင်းလို့ထင်ပြီး တကယ့်သမိုင်းကို လက်မခံတော့ဘဲ ဇွတ်ငြင်းတော့တာဟာလည်း သမိုင်းကြောင်းကို နားမလည်တာပါပဲ။ ဒါကြောင့် ကိုယ်တိုင် မသိတာနဲ့ဘဲ သမိုင်းမရှိဘူးလို့ တပ်အပ်မပြောဘဲ သေချာလေ့လာသင့်ပါတယ်။ အခြားတစ်ယောက်/လူတစ်စုရဲ့ သမိုင်းကို လိမ်ညာခြင်း၊ ဖျောက်ဖျက်ခြင်းတွေကို ကိုယ်တိုင်က မသိပဲ၊ သေချာမလေ့လာပဲ အဲဒီသူတွေပြောတဲ့ သမိုင်းလိမ်ကို ယုံကြည်လက်ခံလိုက်ခြင်းဟာလည်း သမိုင်းကိုနားမလည်စေတော့တဲ့ အချက်တစ်ခုပါပဲ။ အဲဒီအခါမှာ ကိုယ်လက်ခံထားတဲ့သမိုင်းကသာ အမှန်ဖြစ်တယ်ဆိုပြီး အမှားကိုအမှန်အဖြစ် ဇွတ်အတင်းတွန်းပို့တော့တာဟာ သမိုင်းကိုနားမလည်ဘူးဆိုတာ ထင်ထင်ရှားရှားကြီး ပေါ်လွင်နေပါတယ်။ ဒါကြောင့် သမိုင်းမှန်ကို သိရှိလက်ခံနိုင်တတ်ဖို့ အလွန်အရေးကြီးပါတယ်။
နောက်တစ်ခုက ဘာသာရေးကို နားမလည်တာပါ။ ဘာသာတရားတိုင်းမှာ တကယ့်စစ်မှန်တဲ့အနှစ်သာရတွေနဲ့ ပြည့်နေပါတယ်။ ဘာသာတရားတိုင်းရဲ့ လမ်းပြပုဂ္ဂိုလ်တွေဟာ လူတွေကို မကောင်းမှုလုပ်ဖို့မသွန်သင်ပါဘူး။ ကောင်းမှုတွေကိုပဲ သွန်သင်ခဲ့တာပါ။ ဒီတော့ ကိုယ့်ဘာသာတရားရဲ့ တကယ့်အနှစ်သာရက ဘာကိုလဲဆိုတာ နားလည်ဖို့ပါတယ်။ ကိုယ့်ဘာသာတရားကိုမှ အားလုံးနားမလည် မသိပဲနဲ့ သူများဘာသာတရားကို စော်ကားတာမျိုးဟာမဖြစ်သင့်ပါဘူး။ ဘာသာတရားဆိုတာ လူတစ်ယောက်ရဲ့ ပါးစပ်ဖျားက အော်နေတာထက် နှလုံးသားထဲကသာ ယုံကြည်သင့်တာပါ။ ကိုယ့်ဘာသာတရားသာ ကိုယ့်နှလုံးသားမှာပြည့်နေရင်၊ လူတိုင်းရဲ့နှလုံးသားမှာပြည့်နေရင် အဲဒီဘာသာတရားပျောက်ကွယ်သွားမှာလည်း ပူစရာမလိုပါဘူး။
ကိုယ့်ဘာသာတရားပျောက်ပျက်မှာစိုးလို့ တစ်ခြားဘာသာတရားကို နှိမ့်ချပြောစရာလည်းမလိုပါဘူး။ လူတစ်ယောက်ဟာ ကိုယ်တိုင်က သီလသမာဓိနဲ့လုံခြုံပြည့်စုံနေရင် ဘယ်သူကပဲ မကောင်းမှုလုပ်ဖို့တိုက်တွန်းတိုက်တွန်း အဲဒီသမာဓိအပြည့်နဲ့လူရဲ့ သမာဓိကပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ တကယ်လို့ သူသာ သမာဓိနဲ့မပြည့်စုံရင်တော့ သူများကနည်းနည်းလာတိုက်တွန်းတာနဲ့ သမာဓိလျော့မှာပါပဲ။ ဘာသာတရားဆိုတာလည်းအဲလိုပါပဲ လူတစ်ယောက်ရဲ့နှလုံးသားထဲက နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင် တစ်ခြားဘာသာကို ကူးပြောင်းဖို့ဆိုတာ အလွန်ကိုခဲယဉ်းပါတယ်။ ဒါကြောင့် ကိုယ်လက်ခံရာဘာသာတရားကို စိတ်နှလုံးသားနဲ့ ယုံကြည်တယ်ဆိုရင် ကိုယ့်ဘာသာ ပျောက်ပျက်သွားမှာ ပူပင်နေစရာမလိုပါဘူး။ ကိုယ်ယုံကြည်ရာ ဘာသာတရား မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ပဲလိုပါတယ်။ ကိုယ့်ဘာသာတရား ပျောက်ပျက်မှာစိုးလို့ ထိန်းသိမ်းတယ်ဆိုပြီး တစ်ခြားဘာသာတရားအကြောင်း မဟုတ်မမှန်ပြောဆိုခြင်းဟာ တစ်ခြားဘာသာကို အပုတ်ချပြောဆို ရေးသားခြင်းသာဖြစ်ပါတယ်။ တကယ်လို့ အဲလိုမဟုတ်မမှန်ပြောတာဟာ ကိုယ်သိထားတဲ့ အနည်းငယ်လေးနဲ့ပဲပြောတာဆိုရင်တော့ လေးနက်တဲ့ တရားစစ်မှန်တွေကို ပိုမိုသိရှိအောင် လေ့လာဖို့လိုပါတယ်။
ကိုယ့်ဘာသာတရားကို တကယ်တန်ဖိုးထား လေးစားနားလည်သူဟာ သူတစ်ပါးရဲ့ ဘာသာ သာသနာကို မဟုတ်မမှန် ယုတ်ညံ့တဲ့ စော်ကားပြောဆိုမှုမျိုးကို ဘယ်သောအခါမှ ပြုလုပ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘာသာတရားမှာရော ဘာသာတရားရဲ့လမ်းပြပုဂ္ဂိုလ်တွေကရော တစ်ခြားသူကို စော်ကားပြောဆိုဖို့ မသွန်သင်ခဲ့လို့ပါ။ ဒီတော့ သူများဘာသာ သာသနာကို စော်ကားနေသူတွေ အနေနဲ့ ပထမဦးဆုံးက ကိုယ့်ဘာသာ တရားရဲ့အနှစ်သာရကို သေချာနားလည်အောင်လေ့လာဖို့ နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ ဒုတိယကတော့ တစ်ခြားဘာသာသာသနာရဲ့ အနှစ်သာရကို နားလည်အောင်လေ့လာသင့်ပါတယ်။
(ဒီလိုပြောရတာက တချို့တချို့သော ဘုန်းဘုန်းတွေရဲ့ တရားတော်တွေကို ကျမ အမြဲတမ်း နားထောင်လေ့ရှိလို့ပါ။ ထေရ်ကြီးဝါကြီးဆရာတော်တချို့ တရားပွဲတွေလုပ်ရင် နိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာဟောကြားခြင်းလို့ ခေါင်းစဉ်တပ်ထားပေမယ့် တခြားသာသနာကို မကောင်းပြောနေတာပိုများပါတယ်။ မကောင်းပြောတယ်လို့ ကျမသုံးနှုန်းလိုက်ရတာက ဘုန်းဘုန်းတို့ဟောနေ ပြောနေတာတွေက တခြားဘာသာတရားရဲ့ အနှစ်သာရနဲ့ တလွဲဖြစ်နေလို့ပါ။ တချို့ဆို ဘာသာခြားမုန်းတီးရေးကို တမင်တကာဟောကြားနေတာပါပဲ။ ဘုန်းဘုန်းတို့ဟောကြားလိုက်တဲ့ တရားတွေကို နာယူနေတဲ့ ဒကာဒကာမတွေဟာ တခြားဘာသာအကြောင်းကိုမသိတဲ့အခါ ဘုန်းဘုန်းတို့ဟောကြားတာတွေကို အမှန်လို့ထင်မှတ်ပြီး တခြားဘာသာဝင်တွေအပေါ် အမြင် မကြည်လင်မှုတွေ ဖြစ်လာပါတယ်၊ ကိုယ့်ဘာသာကို လွှမ်းမိုးခြယ်လှယ်တော့မယ်လို့ ထင်မှတ်ပြီး မုန်းတီးမှုတွေဖြစ်လာပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတွေလည်း တရားဒေသနာ ဟောကြားတဲ့အခါမှာ သူများသာသနာကို သေချာ နားမလည်လို့ပဲဖြစ်ဖြစ် နားလည်ရက်နဲ့ဖြစ်ဖြစ် လွဲမှားစွာဟောကြားခြင်းထက် မိမိတို့ဘာသာရဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော် အစစ်အမှန်များကို ဟောကြားခြင်းဖြင့်သာ မိမိယုံကြည်ရာ ဘာသာကို ထိန်းသိမ်းနိုင်ပါတယ်။)
ဘာသာပေါင်းစုံချစ်ကြည်ရေးဖော်ဆောင်မှုဖြင့် ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ သတ္တလောကကြီးကိုလည်းအလှဆင်သင့်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနေထိုင်ရင်း အေးချမ်းသာယာတဲ့ အမိမြန်မာပြည်ကို အလှဆင်နိုင်ကြပါစေ။
http://news.mmsy.info/news/5485

မှကူးယူဖော်ပြပါသည်။

အမှန်အတိုင်း မြင်တတ်ပါစေ

စက်တင်ဘာ၊ ၂ ၊ ၂၀၁၂

M-Media
စိန်စံထိုက်
၂၀၁၂ သြဂုတ်လ မှာထုတ်တဲ့ ပြည်တွင်းဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်ကြောင့် ကျွန်တော့်အသိထဲကို အတွေးပုံရိပ်တစ်ခု ၀င်လာပါတယ်။ ကျွန်တော့်အတွေးပုံရိပ်ကို မပြောခင် ဂျာနယ်မှာ ဖော်ပြတဲ့ ဆောင်းပါးအကြောင်းအရာကို အကျဉ်းချုံးလေးနဲနဲ ပြောချင်ပါတယ်။
ဒီဆောင်းပါးက လူမျိုးတစ်မျိုးချင်းရဲ့ စိတ်နေသဘောထား ဓလေ့စရိုက်ကို ဖော်ပြတဲ့ simple post လေးပဲ ဖြစ်ပါတယ်။
ဆောင်းပါးဖော်ပြချက်အရ ကားတစ်စီးသာ မောင်းလို့ရတဲ့ မြို့စွန်က ချောင်းတံတားလေးတစ်ခုကို အခြေခံပါတယ်။
အဲဒီချောင်းတံတားရဲ့ မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်ဆီမှာ ကားနှစ်စီးမျက်နှာချင်းဆိုင် ဆုံကြတဲ့အခါ လူမျိုးတစ်မျိုးချင်းရဲ့ ဗီဇစရိုက်အရ ပြုမူမယ့် အသွင်သဏ္ဍာန်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ဆိုကြပါစို့…တံတားထိပ် နှစ်ဖက်ကား ၂စီးမှာ တစ်ဖက်က ဂျပန်လူမျိုး မောင်းနှင်လာတဲ့ မော်တော်ယာဉ်ဆိုရင်… အဲဒီဂျပန်ကြီးဟာ သူ့ကားကို နောက်ပြန်ဆုတ်ပြီး တစ်ဖက်ကကားကို ဦးစားပေးသွားခွင့်ရအောင် ဆောင်ရွက်ပါလိမ့်မယ်တဲ့။ ဒါကတော့ ဂျပန်လူမျိုးရဲ့ စိတ်ရှည်သည်းခံမှုနဲ့ တစ်ပါးသူကို ဦးစားပေးတဲ့ စိတ်ဓာတ်ကို ဖော်ပြတာ ဖြစ်ပါတယ်။
ဒီလိုပဲ ဒီနေရာမှာ ကိုရီးယားလူမျိုး ယာဉ်မောင်းတစ်ဦးဆိုရင်တော့ သူဟာ ကားကို တံတားပေါ်က အလျင်အမြန် ဖြတ်သန်းနိုင်ဖို့ အတွက် တပါးသူရဲ့ ခံစားမှုကို အလေးမထားဘဲ ကဆုန်ပေါက်ပြီး မောင်းဝင်သွားပါလိ့မ်မယ်တဲ့။ ဒါကတော့ ကိုရီးယားလူမျိုးတွေဟာ သွက်သွက်လက်လက်နဲ့ ကသုတ်ကရက် လုပ်တတ်တဲ့ စိတ်ဓါတ်ကြောင့်ပဲ ဖြစ်ပါတယ်တဲ့။
နောက်ယာဉ်မောင်းတစ်ဦးကတော့ တရုတ်လူမျိုးပဲ ဖြစ်ပါတယ်။ သူကတော့ ကားကို တံတားထိပ်ရောက်တာနဲ့ သူ့ကားကို စက်သတ်ပြီး ရပ်လိုက်ပါတယ်။ ပြီးတဲ့အခါ ကားဒက်ရှ်ဘုတ်ထဲက သတင်းစာ တစ်စောင်ကို ယူပြီး အေးအေးဆေးဆေး အမူအယာနဲ့ သတင်းစာဖတ်တဲ့အသွင် လုပ်ပါလိမ့်မယ်လို့ ဖော်ပြပါတယ်။ အဲဒီလိုလုပ်တာကြောင့် တစ်ဖက်က ကားသမားဟာ သူ့ကားကို နောက်ဆုတ်ပြီး တစ်ဖက်က တရုတ်လူမျိုးကား မြန်မြန်မောင်းလာအောင် ပြုလုပ်ပါလိမ့်မယ်တဲ့…ဒါကတော့ တရုတ်လူမျိုးရဲ့
စိတ်နေသဘောထား ဗီဇစရိုက်ကို ဖော်ပြတာပဲ ဖြစ်ပါတယ်။
ဆောင်းပါးရဲ့ အဓိက ဖော်ပြချက်ကတော့ ဒါပါပဲ။ ဒီမှာ လူမျိုးတစ်မျိုးချင်းရဲ့ ဗီဇစရိုက် အမူအကျင့်ကို ပေါ်လွင်အောင် ရေးပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။
အဲဒီဆောင်းပါးကိုဖတ်ပြီး ကျွန်တော် တွေးမိတယ် ဆိုတာကတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေ အထူးသဖြင့် ဦးကျော်ဆန်းပြောတဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗီဇစရိုက် အမူအကျင့်ကို ဖြတ်ခနဲ တွေးလိုက်မိရက်သား ဖြစ်သွားတာပါ။
အဲဒီတော့ ကျွန်တော်တို့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်ဆိုသူတွေဟာ လူမျိုးအလိုက် စိတ်နေသဘောထား။ အမူအကျင့် နဲ့ စရိုက် လက္ခဏာတွေကို ပြန်လည် ဆန်းစစ် လေ့လာသုံးသပ်မယ်ဆိုရင် … မွတ်စလင်မ်တွေဟာ ဟိုးအရင် ပုဂံခေတ်ကစပြီး ရှေးမြန်မာမင်းများ အဆက်ဆက်မှာ တိုင်းပြည်အကျိုးကို ကောင်းတဲ့ဘက်ကနေ ကူညီဆောင်ရွက်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပြနေတာကြောင့် အပိုတွေ ပြောဖို့ လိုမယ် မထင်ပါ။ မွတ်စလင်မ်တွေဟာ မြန်မာမင်းများလက်ထက်မှာ တာဝန်ကျေခဲ့တဲ့အပြင် နယ်ချဲ့တော်လှန်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲတွေမှာလည်း အင်တိုက်အားတိုက် ပါဝင်ခဲ့ပြီး အသက်ကိုပင် ပေးဆပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့တယ်ဆိုတာ အားလုံးသိတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မေးစရာတစ်ခုတော့ ရှိလာမှာပါ။ ဒါကတော့ အရင်ကလူတွေ လုပ်ခဲ့တာ မင်းတို့နဲ့ ဘာဆိုင်သလဲ ဆိုတဲ့ မေးခွန်းပါ။ ဒါကိုလည်း အခြေအနေ အမှန်ကို သဘောပေါက်အောင် ရှင်းပြပါမယ်။
ပါလီမန်ခေတ် ကုန်ဆုံးပြီး ဒီဘက်ခေတ်ရောက်လာတဲ့အခါမှာ ဦးနေ၀င်းဦးဆောင်တဲ့ အိမ်စောင့်အစိုးရ ၊ တော်လှန်ရေးကောင်စီ (မဆလ) ခေတ် စတဲ့ ကာလတွေမှာတော့ ဦးနေ၀င်းဟာ မွတ်စလင်မ်တွေကို တိုင်းပြည်ထူထောင်ရေးနဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်လာခြင်း မရှိအောင် စနစ်တကျ အကွက်ချပြီး ဖယ်ရှားခဲ့ပါတယ်။ ယုတ်စွအဆုံး အားကစား လောကမှာတောင် ယခင်က မြန်မာ့အားကစား လောကကို မွတ်စလင်မ်တွေက ဂုဏ်ဆောင်ခဲ့တဲ့ သမိုင်းကို အလေးမထားဘဲ ဖယ်ကြဉ်ခဲ့တဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။
ဒီ့ထက်ပိုဆိုးတာက မြန်မာ့သမိုင်း တစ်လျှောက်လုံးမှာ မွတ်စလင်မ်တွေဟာ ပသီလူမျိုး၊ ဇေရဘာဒီလူမျိုး ၊ မြန်မာမွတ်စလင်မ် စတဲ့ အမည်မျာနဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပေမယ့် ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ မွတ်စလင်မ်တွေကို တိုင်းရင်းသားအဖြစ်က ဖယ်ရှားပြီး ဦးနေ၀င်းဟာ တပါတီအာဏာရှင်စနစ်နဲ့ မိမိစိတ်ကြိုက်ပုံဖော်ခြင်း ပြုခဲ့ပါတယ်။
ဒီလို အခြေအနေတွေကြောင့် မွတ်စလင်မ်တွေဟာ ၀မ်းနည်းကြေကွဲစွာနဲ့ တိုင်းပြည်အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ခွင့် မရခဲ့ခြင်း ဖြစ်ပါတယ်။
မွတ်စလင်မ်တွေဟာ မြန်မာနိုင်ငံ အကျိုးကို သယ်ပိုးခဲ့တဲ့ သမိုင်းသာ ရှိခဲ့ပါတယ်။ နိုင်ငံတော် ပျက်စီးအောင် ပြည်သူလူထု အကျိုးယုတ်အောင် မည်ကဲ့သို့မျှ လုပ်ဆောင်ခြင်း မပြုခဲ့ဘူးဆိုတာ စစ်မှန်တဲ့ မြန်မာပြည်သူတွေ အားလုံးသိကြပါတယ်။
ဒါကြောင့်လဲ တစ်ချိန်က ဗုဒ္ဓဘာသာစစ်စစ် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေဟာ မွတ်စလင်မ်တွေကို လေးစားသောအားဖြင့် မြန်မာထဲက မြန်မာလူမျိုး တစ်မျိုးပဲ ဖြစ်ပါတယ်လို့တောင် သတ်မှတ်ခြင်း ပြုခဲ့ကြပါတယ်။
ဒီကနေ့ အင်တာနက်ထဲမှာ မွတ်စလင်မ်တွေကို တစ်တစ်ခွခွ၊ ပယ်ပယ်နယ်နယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ဝေဖန်ပုတ်ခတ်သူတွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ် မဟုတ်လောက်ပါဘူး။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်ဟာ သူတစ်ပါး ထိခိုက်နစ်နာအောင် စိတ်နဲ့တောင် မပြစ်မှားကြတဲ့ ရိုးသားတဲ့ ဗီဇစရိုက်ရှိတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ဒီလို ဝေဖန်တိုက်ခိုက်သူတွေဟာ လူတစ်စုထံက အခကြေးငွေယူပြီး တာဝန်ကျေအောင် လုပ်နေကြရတဲ့ အဆဲပါရဂူဘွဲ့ရတဲ့ အခစားဝန်ထမ်းတွေသာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ဒီလူတွေရဲ့လုပ်ရပ်ကို အလေးထားပြီး ပြန်လည်တုန့်ပြန်ခြင်း မပြုသင့်ပါဘူး။
ကျွန်တော်တို့မွတ်စလင်မ်တွေဟာ သင်ကောင်းကောင်း၊ မကောင်းကောင်း၊ ကျွန်ုပ်ကောင်းမည်ဆိုတဲ့ မူအပေါ်မှာပဲ မိမိတို့ ရပ်တည်သင့်ပါတယ်။ အ၀ီစိငရဲကို သွားဖို့ အကုသိုလ်လမ်းကို လျှောက်နေတဲ့သူတွေကိုတော့ ပြန်လည်တုန့်ပြန်ခြင်းမပြုဘဲ သိက္ခာရှိရှိ လမ်းဖွင့်ပေးလိုက်ပါ။ သူတို့ရဲ့ အဆဲသမိုင်းကို သူတို့ရေးကြပါစေ။
ကျွန်တော် အဓိက ပြောချင်တာကတော့ မွတ်စလင်တွေဟာ မျိုးရိုးဗီဇအရ ရိုးသားသူတွေ ဖြစ်ပါတယ်။ တိုင်းပြည်နစ်နာအောင် ပြည်သူထိခိုက်အောင်လုပ်တတ်တဲ့ အကျင့်စရိုက် လုံးဝမရှိကြပါ။ မွတ်စလင်မ်တွေရဲ့ ဗီဇစရိုက်ကို ယေဘုယျသဘောအရ ထင်သာမြင်သာ ရှိတာလေးတွေကို အနဲငယ် ရှင်းပြလိုပါတယ်။
မွတ်စလင်မ် ဆိုသူတွေဟာ…
၁။ ဘိန်းနဲ့ မူးယစ်ဆေးဝါး ကုန်မကူးပါ။ ရောင်းချခြင်း မပြုပါ။
၂။ လူကုန်မကူးပါ (ဘ၈င်္လားဒေ့ရှ်ကလည်း လူကုန်မ၀ယ်ပါ)
၃။ စားတော်ဆက် အမည်တပ်၍ အရက်သေစာ ရောင်းချခြင်း မပြုပါ။
၎။ တည်းခိုခန်း (INN) အမည်တပ်၍ ဇိမ်ခန်း မဖွင့်ပါ။
၅။ လောင်းကစားဒိုင်များလုပ်၍ လူငယ်တို့၏ စာရိတ္တကို မဖျက်ဆီးပါ။
၆။ မာဆတ်ဟုခေါ်သော နှိပ်စားဂွင်မလုပ်ပါ။
၇။ ကာရာအိုကေ အမည်တပ်၍ မိန်းမပျိုများကို ပျက်စီးစေသော အလုပ်ကို မလုပ်ပါ။
၈။ မြောင်းဆီများကို ပဲဆီအမည်တပ်၍ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။
၉။ လူကို အန္တရာယ်ဖြစ်စေသော ဆေးဝါးအတုများ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။
၁၀။ လူကို အန္တရာယ်ဖြစ်စေသော ခြင်ဆေးများ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။
၁၁။ ကလေးသူငယ်များ အန္တရာယ် ဖြစ်စေသော သကြားလုံး၊ နို့မှုန့်များနှင့် မုန့်ပဲသွားရေစာများ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။
၁၂။ Asbestos သတ္တုပါဝင်သော လူကို အဆုတ်ကင်ဆာ နှင့် အခြားရောဂါဝေဒနာများ ဖြစ်စေနိုင်သော မော်တော်ယာဉ်များ
ထုတ်လုပ်ရောင်းချခြင်းမပြုပါ။
ထို့အပြင် အစ္စလာမ် ဘာသာက ကြီးလေးသော အပြစ်ရှိသည့် (ဟရာမ်) အဖြစ် တားမြစ်ထားသော အောက်ပါ အကြောင်းအရာများနှင့် လုပ်ငန်းများကိုလည်း ရှောင်ကြဉ်ကြပါသည်။
၁။ အမြတ်ကြီးစားခြင်း
၂။ စားသောက်ကုန် ပစ္စည်းများ သိုလှောင်ခြင်း
၃။ ဆင်းရဲသားများကို ခေါင်းပုံဖြတ်၍ အတိုးစားခြင်း၊ အပေါင်ခံခြင်း
၎။ လူကို အန္တရာယ်ဖြစ်စေသော (ပုပ်သိုးနေသော အစားအစာ) များရောင်းချခြင်း မပြုကြပါ။
၅။ အလေးခိုးခြင်း၊ ရေထိုးခြင်း မပြုကြပါ။
၆။ ဘာသာမတူသူများအား ဝေဖန် ပုတ်ခတ် စော်ကားခြင်း မပြုရပါ။
၇။ အခြားဘာသာဝင်များ၏ သာသနိက အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ စော်ကားခြင်း မပြုရပါ။
၈။ မိမိနေထိုင်သော တိုင်းပြည်အပေါ် သစ္စာစောင့်သိ ရိုသေရပါသည်။
၉။ လူသားမျိုးနွယ်အားလုံးကို တအူတုံဆင်း အိမ်ထောင်စု စာရင်းဝင်များဟု မှတ်ယူကြပါသည်။
ဤသည်မှာ အစ္စလာမ်သာသနာ၏ အဆုံးအမ နှင့် လမ်းညွှန်မှု များ ဖြစ်ပါသည်။
(ချွင်းချက်အနေနှင့် ပြောစရာ တစ်ခု ရှိပါသည်။ အစ္စလာမ် သာသနာသည် ကျူးကျော်စစ်ကို လုံးဝ တားမြစ်ပြီး ခုခံစစ်ကိုမူ ခွင့်ပြုထားပါသည်။)
လူမျိုး ဘာသာအသီးသီးတွင် စုန်းပြူးများ ရှိတတ်ကြပါသည်။ အစ္စလာမ်ဘာသာဝင်အမည်ခံ တစ်ဦးစ နှစ်ဦးစ မှ ဘာသာတရား၏ အဆုံးအမများကို ဖောက်ဖျက် ကျူးလွန်သူများ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် မည်သည့်ကိစ္စရပ်ကိုမဆို ရာခိုင်နှုန်း နှင့် တွက်ဆရသည်ကို စာပေဗဟုသုတ ရှိရုံမျှနှင့် သိနိုင်ပါသည်။
ထို့ကြောင့် အချုပ်အားဖြင့် ပြောရလျှင် မွတ်စလင်မ်ဆိုသူများသည် ရိုးသားခြင်း၊ ဂတိတည်ခြင်း၊ သစ္စာစောင့်သိခြင်း။ တပါးသူ မနစ်နာအောင် စောင့်ထိန်းသော ဓလေ့စရိုက် ရှိသူများအဖြစ် သုံးသပ်ရမည် ဖြစ်ပါသည်။ မွတ်စလင်မ်တို့၏ တရားတော်အရ မိမိနေထိုင်သော တိုင်းပြည်ကို စူးစူးနစ်နစ် ချစ်မြတ်နိုး ရပါသည်။ အတူယှဉ်တွဲ နေထိုင်သော လူမျိုးများကို မြတ်မြတ်နိုးနိုး လေးစားချစ်ခင်ရပါသည်။ ဤသို့ ပြောဆိုခြင်းကြောင့် သင်က ပြန်လှန် ပြောဆိုပါဦးမည်။
ဒီလိုဆို တိုင်းတိုင်းရင်းသား ပေးရတော့မှာလား ဟု မေးလာလျှင် ကျွန်ုပ်က တစ်ခုပဲ ပြန်ဖြေပါမည်။ လက်တွေ့ အခြေအနေအရ တိုင်းရင်းသား ဖြစ်တော့ရော ဘာတွေများ ထူးလာမှာလဲ ဟုသာ ဖြစ်ပါသည်။
ဒီကနေ့ တိုင်းရင်းသားများ ဖြစ်ကြသော ကချင် စစ်ပြေးဒုက္ခသည်များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ကရင်ပြည်နယ်မှ ရေဘေးဒုက္ခသည်များ၊ လယ်မြေများကို မတရား သိမ်းဆည်းခံရ၍ ဆန္ဒထုတ်ဖော်နေသော တိုင်းရင်းသားများ အနှစ် ၂၀ ကျော် နေထိုင်ပြီးကာမှ ကျူးကျော်ဟု ဆိုကာ ဖယ်ရှားခံရ၍ ခြေသလုံးအိမ်တိုင် ဖြစ်နေသော မိသားစုများ၊ လုပ်ခ လစာနည်း၍ စားဝတ်နေရေး ကြပ်တည်းနေကြသော မြန်မာ အလုပ်သမများ၊ ရခိုင်ပြည်နယ်မှ အိုးအိမ်ဖျက်၍ ဒုက္ခခံစားနေကြရသော သက်ကြီးရွယ်အိုများ၊ လူမမယ်ကလေးသူငယ်များ၊ ကျန်းမာရေး ချို့တဲ့နေကြသော ဝေဒနာသည်များ စသည်ကဲ့သို့သော တိုင်းရင်းသား ညီနောင်များကို သင် ဘယ်လောက် ကူညီနိုင်ပြီလဲဟု ၀မ်းနည်းစွာနှင့် မေးရန်သာ ရှိပါသည်။
ဧရာဝတီတိုင်းတွင် နာဂစ်ဝင်မွှေစဉ်က လေဘေးဒုက္ခသည်များကို မွတ်စလင်မ်များ မည်မျှအတိုင်းအတာအထိ ကူညီခဲ့ကြသည်ကို ဧရာဝတီတိုင်းသားများ သိကြပါသည်။
ယခုအခါတွင် ဘာသာ၊ လူမျိုး၊ အရောင်အဆင်း မခွဲခြားဘဲ ဘာသာတရားတိုင်းမှ လမ်းညွှန်သော မေတ္တာတရားကို အခြေခံလျှက် လူသားဝါဒဆန်ဆန် ကိုယ်ချင်းစာစိတ်ဖြင့် လူသားအရင်းအမြစ်ကို တန်ဖိုးထား၍ စုပေါင်းလက်တွဲပြီး ကူညီကြမည်ဆိုပါလျှင်
မွတ်စလင်မ်တို့သည်လည်း စိုသောလက် မခြောက်မီ၊ ဆန့်သောလက် မကွေးမီ သစ္စာတရား၏ အတိမ်အနက်၊ မေတ္တာတရားကို ချိန်စက်ပြချင်ပါသည်ဟုသာ ပြောလိုပါသည်။
(မှတ်ချက်) လူမျိုး တစ်မျိုး၏ ဂုဏ်သိက္ခာ သတင်းသည် ထိုလူမျိုး၏ ပြုမူပြောဆို ဆက်ဆံခြင်းပေါ်တွင်သာ တည်ပါသည်။ နယူတန်၏ သီအိုရီ အရ ဖြစ်စဉ်တိုင်းတွင် တန်ပြန် သက်ရောက်မှု ရှိသည်ကို သတိပြုပါ
http://news.mmsy.info/news/5461
မှကူးယူဖော်ပြပါသည်။

ဘာလင်မှ အစ္စလာမ် ဆန့်ကျင်ရေး ပိုစတာကြောင့် ဂျာမန် မွတ်စလင်များ ဒေါသဖြစ်

 စက်တင်ဘာ၊ ၂၊ ၂၀၁၂


ဘာလင်။ ။ဘာလင်မြို့တွင် မကြာသေးမီက အစ္စလာမ့်ဆန့်ကျင်ရေးကို ဖော်ဆောင်သော ပိုစတာ ဖြန့်ဝေမှု့များကြောင့် ဂျာမနီမွတ်စလင်များ စိတ်အနှောင့်အယှက် ဒေါသဖြစ်ခဲ့ကြသည်။ ယင်းပိုစ်တာများတွင် မွတ်စလင်မ် လူငယ်များ အကြမ်းဖက်မှု့များတွင် ၄င်းတို့ ကိုယ်တိုင်ပါဝင်သည်ဟု စွပ်စွဲပြောဆိုထားသည်။
German Interior Ministry မှ ထုတ်ပြန်သော အစ္စလာမ့်ဆန့်ကျင်ရေး ပိုစတာ ကြောင့် ဂျာမနီနိုင်ငံရှိ မွတ်စလင် အဖွဲ့အစည်း လေးခု မှ ယခုကဲ့သို့ပြုမူခြင်းသည် လူဦးရေ လေးသန်းရှိသော ဂျာမနီမွတ်စလင်အားလုံးကို စွပ်စွဲ ပြောဆိုခြင်း ဖြစ်သည် ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။
ဂျာမနီရှိ ထင်ရှားသော မွတ်စလင် အဖွဲ့အစည်းများဖြစ်ကြသော ဂျာမနီမွတ်စလင်ဗဟိုကောင်စီ၊ တူရကီ အစ္စလာမ်ဘာသာရေး အဖွဲ့၊ အစ္စလာမ့် ယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့ နှင့် ဘော့စနီးယား အစ္စလာမ်မစ် အဖွဲ့ တို့သည် အစိုးရ၏ ဗလီများအပေါ်အခြေခံ၍ အကြမ်းဖက်ကိစ္စများ စုံးစမ်းမှုများတွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းပါဝင်ရန် ကူညီမှု့ အားလည်း ရပ်တန့်ပစ်လိုက်သည်။
ပိုစတာ မှာ ပြထားတာကတော့ ” ပျောက်ဆုံးခြင်း” ဆို တဲ့ခေါင်းစဉ်ဖြင့် အကယ်၍ ဂျာမနီရှိ မိသားစုများသည် မိမိတို့ သားများအား အကြမ်းဖက်ကိစ္စများနှင့် ပါဝင်ပက်သက်မှု့ရှိမရှိ စိတ်ပူမှု့ တစ်စုံတစ်ရာ ရှိခဲ့လျှင် အစိုးရ အဖွဲ့အစည်းများသို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထား ခြင်းဖြင့် ရိုးသားသော မွတ်စလင်လူငယ်များအား ထောင်ချောက်ဆင်ထားသော ဓါတ်ပုံတွေ ထည့်သွင်း ဖော်ပြထားပါသည်။
“‘ဒါကတော့ ကျွန်မတို့သားပါ၊ သူ့ကိုပျောက်ဆုံးနေသလိုပါပဲ ၊ ဘာလို့လည်းဆိုတော့ သူဟာ အရင်လို မဟုတ်တော့လို့ပါပဲ၊ သူ့ကို ဒီ ဘာသာရေးအစွန်းရောက် အဖွဲ့နှင့် အကြမ်းဖက် အဖွဲ့အစည်းများဆီသို့ ပေးလိုက်ရခြင်းဖြင့် ကျွန်မတို့ သူ့ကို အမှန်တကယ် ဆုံးရှုံးရတော့မလားဆိုတာ တကယ်ပဲ ကြောက်ရွံ့မိပါတယ် ” လို့ ပိုစတာမှာ ဖော်ပြထားပါသည်။
စက်တင်ဘာလဆန်း ကစတင်ပြီး ဘာလင်မြို့ရဲ့ လမ်းတွေနဲ့ ရှောပင်း စင်တာများတွင် ထို ပိုစတာများ ဖြန့်ဝေခဲ့ပါသည်။ ။http://news.mmsy.info/news/5480


မှကူးယူဖော်ပြပါသည်။