Friday, August 31, 2012

မြန်မာအစိုးရ ခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ကန့်သတ်မှု အမေရိကန်လျှော့ပေး

၂၀၀၈ ခုနှစ်ကစပြီး အမေရိကန် အစိုးရက မြန်မာစစ် အစိုးရအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခဲ့ရာမှာ ဗုဒ္ဓဟူးနေ့ကတော့ သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်အပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှု ကင်းလွတ်ခွင့် ပြုလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ နောက်လအတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထောက်ခံ အားပေးတဲ့အနေနဲ့ အခုလို သမ္မတ ဦးသိန်းစိန်နဲ့တကွ ပြုပြင် ပြောင်းလဲရေးဝါဒီ ၀န်ကြီးတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုတွေ ကင်းလွတ်ခွင့် ပြုလိုက်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ဦးသိန်းစိန်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဟာ အမေရိကန် အရာရှိတွေနဲ့ တွေ့ဆုံပြီး အမေရိကန်ရဲ့ ဒီမိုကရေစီနဲ့ မူဝါဒတွေ အကြောင်း ပိုပြီး သဘောပေါက် နားလည်လာနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့ အနေနဲ့လည်း မြန်မာ အစိုးရတွင်းက အရေးပါတဲ့ ပြုပြင် ပြောင်းလဲရေးသမားတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ပြီး မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုမို တိုးတက် ကျယ်ပြန့်လာအောင် ကူညီနိုင်မှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောခွင့်ရသူ Tommy Vietor က ပြောပါတယ်။
အခုလို ဗီဇာကန့်သတ်ချက် ကင်းလွတ်ခွင့်ပြုလိုက်တာကြောင့် သမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ်အတွင်း အမေရိကန်ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ ဖြစ်ပါတယ်။
ကန့်သတ်ချက် ရှိနေရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တ၀ိုက်ကိုသာ သွားလာခွင့် ရှိပါတယ်။ သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို မြန်မာ့ဒီမိုရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မရှေးမနှောင်း ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန်လွှတ်တော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ လွှတ်တော် ရွှေတံဆိပ်ဆုကို တက်ရောက်လက်ခံမှာ ဖြစ်ပါတယ်
 http://www.rfa.org/burmese/news
မှကူးယူဖော်ပြပါသည်။

အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် ရောက်လာ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရန်အတွက် အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အရီဖင် မူဟာဒီ Mr. Arifin Muh Hadi သည် အဖွဲ့ဝင် ခုနှစ်ဦး လိုက်ပါလျက် စစ်တွေမြို့သို့ ကြာသပတေးနေ့ နံနက်ပိုင်းက ရောက်ရှိလာသည်။

မစ္စတာ အရီဖင်သည် ၎င်း၏ ခြောက်ရက်ကြာ ရခိုင်ခရီးစဉ်အတွင်း ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ဒုက္ခသည် စခန်းများသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ ကျန် အဖွဲ့ဝင်များကမူ ရခိုင်ပြည်နယ်တွင်း ၁၁ ရက်ကြာ
နေထိုင်ကြမည် ဖြစ်သည်။

အင်္ဂါနေ့ကမှ သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဝန်ထမ်း ဒေါ်ချိုလေးမာသည် သူ၏ သားများဖြစ်သည့် စည်သူ
မောင်မောင်ချို၊ ဥတ္တရ ညီညီချို တို့နှင့်အတူ ကြာသပတေးနေ့ မနက်က စစ်တွေမှ ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

သြဂုတ် ၂၉ ရက်နေ့ကလည်း အိန္ဒိယသံအမတ်ကြီး ဒေါက်တာ သျှီရှာသရီ H.E. Dr. V.S. Seshatri သည် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ် ဦးလှမောင်တင် နှင့် တွေ့ဆုံကာ ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ နှစ်သိန်း လှူဒါန်းပြီး စစ်တွေမြို့ မင်းဂံ ဒုက္ခသည်စခန်းနှင့် သက္ကေပြင် ဒုက္ခသည်စခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။

သံအမတ်ကြီးသည် ကုလားတန် ဘက်စုံစီမံကိန်း ဆောင်ရွက်နေသော Essar ကုမ္ပဏီ၏ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့လည်း သွားရောက် ကြည့်ရှုကာ ကြာသပတေးနေ့ ညနေပိုင်းတွင် စစ်တွေမှ
လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွားသွားခဲ့ကြောင်း သိရသည်။
http://mizzimaburmese.com/news/
မှကူးယူဖော်ပြပါသည်။

Wednesday, August 29, 2012

ထေရ၀ါဒဓမ္မကွန်ယက်ဖွင့်ပွဲတွင် အခြေခံဥပဒေအား ဆန့်ကျင်ဟောပြော

 ထေရ၀ါဒ ဓမ္မကွန်ယက် စတင်ဖွဲ့စည်းသောမိန့်ခွန်းတွင် အခြေခံဥပဒေပါ နိုင်ငံတော် ဘာသာသတ်မှတ်ခြင်း ဆိုင်ရာ အခန်းအား ဆန့်ကျင် ဟောပြောမှု တစ်ရပ်အား ထည့်သွင်း ဟောကြားသွားခဲ့ကြောင်း Eleven Media ၏ သြဂုတ်လ ၆ ရက် သတင်းတစ်ပုဒ် တွင် ယခုကဲ့သို ပါရှိခဲ့ပါသည်။

''ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် နိုင်ငံတော်က တရားဝင် သတ်မှတ်ခဲ့တာ ၁၉၆၂ ခုနှစ်ကဆိုတော့ ဒီနှစ်မှာ ၅၂ နှစ်ရှိပါပြီ။ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ပြန့်ပွားရေးအတွက် ထေရ၀ါဒဓမ္မကွန်ရက် စတင်ဖွဲ့စည်းခဲ့တာပါ''ဟု နာယက ဆရာ တော်တစ်ဦးက ပြောကြားခဲ့ပါသည်

ပြည်ထောင်စုမြန်မာနိုင်ငံသည် မည်သည့် ဘာသာကိုမှ နိုင်ငံတော် ဘာသာ အဖြစ်သီးသန့် သတ်မှတ်ထားခြင်းမရှိ ပါ။ နိုင်ငံသားအများစု ကိုးကွယ်သော ဘာသာသည် ဗုဒ္ဓဘာသာအဖြစ် အသိအမှတ်ပြုထားခြင်းသာရှိပါသည်။

ယခင်ဦးနု အစိုးရခေတ်တွင် ဗုဒ္ဓဘာသာအား နိုင်ငံတော် ဘာသာအဖြစ်သတ်မှတ်ရန်ကြိုးပမ်းမှု၏ အကျိုးဆက်အဖြစ် တိုင်းရင်းသားများ လက်နက်ကိုင် တောခိုခဲ့သော သမိုင်းများရှိခဲ့ပါသည်။

'' အခုဒီမိုကရေစီ အသွင်ပြောင်းကာလ မှာလဲ ဘာသာရေး အစွန်းရောက် သမားတွေက အမျိုးသားရေး ....
အကြောင်းပြပြီး အဲဒီလို အဖွဲ့ တွေဖွဲ့ပြီး အစိုးရ ကို ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးစေဖို့ ကြိုးပမ်းနေတယ် ... မန္တလေးမှာလဲ ဒီလိုပဲ ဘုန်းကြီး ၀ီရသူက ခေါင်းဆောင်ပြီး တခြားဘာသာဝင် တွေကို အထင်အမြင် မှားအောင် လှုံဆော်နေတာတွေ အများကြီးရှိတယ် .... အခုလဲ နိုင်ငံတော် သမ္မတကြီးကို ထောက်ခံတယ်လို့ ဗန်းပြပြီး လူမျိုးရေး ဘာသာရေး သွေးခွဲ လှုံဆော်တာ တွေလုပ်ဖို့ ဆန္ဒပြမယ်လို့ ကြားရတယ် ... အရင်ဘာသာရေး ပဋိပက္ခ တွေဖြစ်တုံးကလဲ ဒီလိုပဲ အစိုးရ က သူ့ကိုထောက်ခံတယ်ဆိုပြီးရော ဆိုပြီး လွှတ်ပေးတော့ နောက်ပိုင်းထိမ်းမရဖြစ်တာ ..အခုလဲ မန္တလေး မှာ ဆန္ဒပြမဲ့ကိစ္စ လုံခြုံရေး က ဘယ်သူတာဝန်ယူမှာလဲ တိတိပပ မရှိသေးဘူး ... ဖေ့စ်ဘွတ်မှာက ဘုန်းကြီး ၀ိရသူက ခရစ်ယာန်ဘာသာကို ထိပါးရေးလိုက် .. အစ္စလာမ်ကို ထိပါးရေးလိုက်နဲ့ ... နောက်ပြီး တရုတ်မုန်းတီးရေး ၀ါဒဖြန့်တာတွေကလဲ ရှိနေတော့ ဒီကလူတွေ စိုးရိမ်နေရတယ်'' ဟု မန္တလေး မြို့ခံတစ်ဦးက myanmarmuslim.net ကိုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

ရခိုင်ဒေသ ကိုယ်တိုင် ရောက်ခဲ့သူ အချို့ထံမှ သိရတဲ့ မွတ်စလင်မ်တို့ အခြေအနေ(၁)

 ရခိုင်ပြည်နယ်မှာ လူမျိုးတုန်း သတ်ဖြတ်မှု မရှိနေ (သေး) ပါ။ ဒါပေမယ့် လူမျိုးတုန်းသေစေမှုကို တွန်းပို့နေတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ဥပမာ… သူတို့တွေ ဘာမှ ဝယ်လို့မရ ဘယ်မှ သွားလို့မရ တစ်သက်တာ ၂၄နာရီ မာရှယ်လော ရှိနေတာပါ။ နောက်တစ်ချက်က ဒီအတိုင်းသွားရင် သူတို့တွေဟာ ဒုက္ခသည် စခန်းမှာ ပိတ်မိနေပြီး များမကြာမီ သူတို့ဟာသူတို့ သေကုန်ကြနိုင်ပါတယ်။ ဝမ်းရောဂါကပ်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါတွေ အတော်ကို ပြန့်နေပါတယ်။ မျက်စိရှေ့တင် အပြင်းအထန် ကယ်ဖို့ ကြိုးစားရင်း ကွယ်လွန်ကုန်သူတွေ ရှိပါတယ်။
အိမ်သာ မရှိပါ။ သောက်ရေ၊ သုံးရေသန့် မရှိပါ။ ရေကန်အနီးမှာ မစင်ပုံတွေ ခြေချစရာ မရှိအောင်တွေ့နေရပါတယ်။ ဆေးဝါး မရှိပါ။ တီဘီရောဂါသည် နဂိုက ဆေးသောက်အသက်ရှင်နေရသူတွေ ကြားထဲမှာ ဆေးမရလို့ ပိုးက ဆေးယဉ်သွားပါပြီ။
ခြင်ထောင်မရှိပါ။ မိုးက မရပ်မနား ရွာနေတာတောင် ခြင်က အံ့သြလောက်စရာ အဆုပ်လိုက်အဆုပ်လိုက် ပက်ပါတယ်။
အာဟာရပြတ်တဲ့ ကလေးလူကြီးတွေ မရေတွက်နိုင်အောင် ရှိနေပါတယ်။ (ဓာတ်ပုံများပြပါတယ်။) ဗိုက်ပူနံကား ကလေးတွေပါ။ အသားခြောက်နဲ့ငါး စားရပေမယ့် မြက်ကလွဲလို့ ဘာ ဟင်းသီးဟင်းရွက်မှ မရှိပါ။ မြက်ပဲ ဝါးစားနေရသူတွေ၊ ဘာမှကို စားစရာ မရှိလို့ အမေက ဆံပင်ဖြတ်ကျွေးတာကို စားခဲ့ကြရတဲ့ သားသမီးတွေ တွေ့ခဲ့ရပါတယ်။
ဆေးကုဖို့ ဆေးခန်းကို လာကြစဉ် အတင်း တိုးဝှေ့ နေကြတော့ နယ်ခံ ခေါင်းဆောင်က ကူထိမ်းပေးပါတယ်။ အနားတိုးလာသူ မှန်သမျှကို ဂျပန် ပါးရိုက်သလို ရိုက်၊ ကြိမ်နဲ့ ရိုက်ပြီး နောက်ပြန်ဆုတ်ခိုင်းရပါတယ်။ အရိုက်ခံရတာကို (ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ) နာကြပုံ မပြပါ။ နွားများကဲ့သို့ သနားဖွယ် ပြုသမျှ ခံနေရပါတယ်။ အကြောက်လွန်ပြီး စိတ်ပုံမှန်မဟုတ်တဲ့ စိတ်ကျရောဂါမျိုး အများစုမှာ စွဲကပ်ကုန်ပါပြီ။
အများစုက ဘာစာကိုမျှ ရေးတတ် ဖတ်တတ် မရှိကြပါ။
အလှူပေးပို့လိုက်တဲ့ သိန်းထောင်ဂဏန်းဟာ တစ်ဦးစီအတွက် ဆန် နို့ဆီဘူး ခြောက်လုံးစာ၊ တစ်ဦးကို ပိုက်ဆံ ထောင်ဂဏန်း နည်းနည်းလေးပဲ ရခဲ့တာပါ။ နိုင်ငံတကာ အကူအညီတွေ လက်ဝယ် မရကြသေးခင်အထိ သူတို့ ဘယ်လို နှစ်ပါးသွားကြရမယ် မသိပါ။
ဒီလူတွေဟာ လက်ရှိမှာ ရခိုင်ပြည်နယ်တွင်းမှာ နဂိုကနဲ့ မတူတဲ့ အခြေအနေဆိုးတစ်ခုနဲ့ ပိတ်မိပြီး အသတ်မခံရဘဲ သေကြရမယ့် အခြေအနေမှာ ရှိနေတာပါ။ ဒီတော့ သူတို့တွေကို ကျွန်တော်တို့က သေနိုင်မှန်း သိသိကြီးနဲ့ လစ်လျူရှုကြရင် သူတို့ကို သွယ်ဝိုက် သတ်တဲ့ လူသတ်တရားခံထဲ ပါနိုင်ပါတယ်။
အဓိက ကတော့ သူတို့အတွက် လတ်တလော အရေးပေါ် လိုအပ်ချက် ဖြစ်မယ့် စားရေးနဲ့ ကျန်းမာရေးအတွက် အမြန် ထပ်စီစဉ်ပေးကြရပါမယ်။
http://news.mmsy.info/news
မှကူးယူဖော်ပြပါသည်။

မမေးလည်းဖြေ(၁၀) -ကုရ်အာန်ကျမ်းမြတ်ဆိုတာ ဘာလဲ?

 

ကုရ်အာန်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံက ကမ္ဘာဂြိုဟ်မှာရှိတဲ့ လူခပ်သိမ်းအတွက် နောက်ဆုံးနဲ့ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးလူသား နဗီတမန်တော်ချုပ်မုဟမ္မဒ်( صلى اله عليه وسلم)ထံမလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင် ဂျိဗရာအီလ် ကတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့တာ ဖြစ်ပါတယ်။ ဒီခေတ်ဟာ ICTလို့ခေါ်တဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ အလွန်ထွန်းကားတဲ့ခေတ်ဖြစ်ပေမယ့် အဲဒီဂျီဗရာအီလ်ဆိုတဲ့ အလ္လာဟ့်ရဲ့ဝဟီလမ်းညွှန် ဆက်သွယ်မှုနည်းစနစ်ကိုတော့ သက်ဆိုင်ရာနဗီတမန်တော်တွေ ကလွဲလို့ အခြားဘယ်လူသားမှဥာဏ်မမီနိုင်ကြပါဘူး။ အနှိုင်းမဲ့ကိုးကွယ်ရာနဲ့ နှိုင်းရတရားထဲမှာရှိတဲ့ လူသားအကြား အလွန်အဆင့်မြင့်ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးနည်းတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားနှောင့်ယှက် ခိုးယူလို့မရနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ဒီနေ့ဆက်သွယ်ရေး
နည်းပညာဟာ တစက္ကန့်ကို(၁၈၆၀၀၀) မိုင်နှုန်း ပြေးတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအသုံးပြုပို့ရတဲ့အတွက် ဂလက်ဆီလို့ခေါ်တဲ့ ကြယ်မြို့တော် တစ်ခုကိုဖြတ်ဖို့တောင် နှစ်ပေါင်း သန်းနဲ့ချီပြီးကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ အလ္လာဟ့်ရဲ့ ဂျီဗရာအီလ်နည်းကတော့ အလ္လာဟ်ပို့လို့ ရတဲ့သတင်းလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာလက်ခံရရှိမယ့် လူသားနဗီတမန်တော် အလင်းပြပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးသားထဲကို သူနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ဘာသာပြန်ပြီးသား အဖြစ်ချက်ချင်းရောက်ရှိ သွားခြင်းပဲဖြစ်ပါတယ်။
ဥပမာ-တမန်တော်မူစာ (Moses) ထံကို ဟီဗရူးဘာသာစကားနဲ့ရောက်လာတယ်။ တမန်တော်အီစာ(ယေရှုခရစ်တော်) ထံကို အရမစ် (Aramic)ဘာသာစကားနဲ့ရောက်ရှိလာတယ်။ အခုလည်း နောက်ဆုံး လူသားနဗီတမန်တော်ချုပ် မုဟမ္မဒ်(صلى اله عليه وسلم) သခင်ဟာအာရဗ်လူမျိုးဖြစ်တဲ့အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ အရဗီဘာသာစကားနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ကျမ်းဟာ အစအဆုံး တစ်ပြိုင်တည်း ကျရောက်လာတာမဟုတ်ဘဲတမန်တော်မြတ် ကြုံတွေ့ရတဲ့ အခြေအနေတွေအလိုက် မက္ကဟ်မြို့မှာ(၁၃)နှစ်၊ မဒီနဟ်မြို့မှာ (၁၀)နှစ် စုစုပေါင်း(၂၃)နှစ်အတွင်းမှာ အလီလီကျရောက်ပြီးမှ ပြီးပြည့်စုံ ခဲ့ခြင်းဖြစ်ပါတယ်။ (ကုရ်အာန် ၂၆း၁၉၂ ၊ ၄၇း၂ ၊ ၂း၁၈၅ ၊ ၉၇း၁ ၊ ၄၄း၅၈၊ ၄၃း၃)
အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုကုရ်အာန်ကို ရှင်ပြန်ထမြောက်ရမယ့်နေ့တိုင် လူခပ်သိမ်း အတွက် နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်လိုက်ပေမယ့် မျက်စီမှိတ်ပြီး ယုံကြည်ရမယ်လို့ အဓ္ဓမ မကျင့်သုံးထားပါဘူး။ ကုရ်အာန်ထဲ ပါတာတွေကို စာတွေ့၊ သက်သေလက္ခဏာနဲ့ အလ္လာဟ်ရဲ့ ဖန်ဆင်းမှုသဘာဝတရားကြီးကို လက်တွေ့သက်သေလက္ခဏာတွေအဖြစ် သိပ္ပံ၊ ၀ိဇ္ဖာ၊ နည်းပညာပေါင်းစုံနဲ့ ဆန်းစစ်လေ့လာပြီးမှကျမ်းရှင်နဲ့ဖန်ဆင်းရှင်ဟာ အနှိုင်းမဲ့`တစ်´ဖြစ်ကြောင်း ၀န်ခံ ထောက်ခံစေပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ကို စာတွေ့ လက်တွေ့ စေစား ပွားများစေတာဖြစ်ပါတယ်။အဲဒီလိုဆန်းစစ်လေ့လာပြီး ယုံကြည်လက်ခံတယ်ဆိုရင် ကုရ်အာန်ကျမ်းစာဟာ အဲဒီယုံကြည်လက်ခံလာသူ (မွတ်စလင်မ်) အတွက်အမှားနဲ့ အမှန်ခွဲခြားတဲ့ မှတ်ကျောက် (ဖုရ်ကာန်အဖြစ် ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဲဒီကုရ်အာန်နဲ့ ဆန့်ကျင်တာမှန်သမျှ ယုံကြည်ခြင်း၊ ခံယူကျင့်သုံးခြင်း လုံးဝ ပြုပိုင်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် ကုရ်အာန်ဆိုတာ အစ္စလာမ့်ဘ၀ တည်ဆောက်မှုလည်းစဉ်အတွက် အစ္စလာမ့် တရားဥပဒေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၅ ၊ ၅း၄၄ ၊ ၁၃း၃၇)
ကုရ်အာန်ဆိုတဲ့ကျမ်းစကုရ်အာန်ဆိုတဲ့ကျမ်းစာအမည်
ကမ္ဘာ့ဘာသာရေး ကျမ်းစာအချို့ရဲ့ အမည်တွေဟာ သက်ဆိုင်ရာကျမ်းစာထမှဲာ မပါဘဲ လူတွေကအမည်ပေးမှည့်ခေါ်တာကို တွေ့ရပါလိမ့်မယ်။ ဥပမာ-သမ္မာကျမ်း (Bible) ဆိုတဲ့အမည်ဟာ သမ္မာကျမ်းထဲမှာ မပါပါဘူး။လူတွေက အမည်ပေး ခေါ်ဝေါ်နေခြင်းသာဖြစ်ပါတယ်။
`ကုရ်အာန်´ ဆိုတဲ့ကျမ်းရဲ့အမည်ဟာ ကုရ်အာန် ကျမ်းစာထဲမှာအတိအလင်း ဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ-(ကုရ်အာန် ၂း၁၈၅ ၊ ၁၂း၂ ၊ ၅၄း၁၇) တွေမှာ ဖေါ်ပြထားပါတယ်။`ကုရ်အာန်’ ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ `ရေွး ချယ်စုစည်းခြင်း၊ အဖန်တလဲလရွဲတ်ဖတ် ခြင်း´ဆိုပြီးရပါတယ်။ ဆိုလိုတာကတော့ ကုရ်အာန်ကျမ်းစာထဲမှာ ကမ္ဘာ့ရှေးကျမ်းအသီးသီးရဲ့ အနှစ်သာရတွေ ကိုရွေးချယ်စုစည်း ဖော်ပြထားတဲ့အပြင် ရှင်ပြန်ထမြောက်ရမယ့် နေ့တိုင် ကြုံတွေ့ရမယ့် ရေးရာကိစ္စတွေ အတွက်ပြီးပြည့်စုံတဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့အတွက် လူသားတွေအနေနဲ့ ဘ၀လမ်းညွှန်အဖြစ် အဖန်တလဲလဲ ဖတ်ရွတ်လေ့လာနေရမယ့် ကျမ်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
ကုရ်အာန်ကျမ်းစာတစ်အုပ်တည်းသာ မူရင်းအတိုင်းသန့်စင်စွာရှိနေခြင်း၏အံ့ဖွယ်
ကုရ်အာန်ကျမ်းစာ မတိုင်မီကရရှိခဲ့တဲ့ ကမ္ဘာ့ဘာသာရေးကျမ်းစာအသီးသီးဟာ ဒီနေ့ဆိုရင်ကမ္ဘာပေါ်မှာ မူရင်းအတိုင်း မရှိကြတော့ပါဘူး။ တစ်ချို့ဆိုရင် မူရင်းဘာသာစကားနဲ့တောင် မရှိကြတော့ဘဲ တစ်ချို့ဆိုရင် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတွက် အဲဒီမူရင်းအတိုင်း မဟုတ်တော့တဲ့ကျမ်းကိုကိုင်ပြီး အကြွင်းမဲ့ပြီးပြည့်စုံတဲ့ သစ္စာတရားကို လေ့လာရှာဖွေဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ပါတယ်။ ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲချက်တွေ အမြောက်အများ ပေါ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ကုရ်အာန်ရဲ့ ထူးခြားချက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နှစ်ပေါင်း(၁၄၀၀) ကျော်ပြီဖြစ်ပေမဲ့မူရင်းအရဗီဘာသာစာပေနဲ့ မူရင်းအတိုင်း ၏သည် မရွေး ရှိနေခြင်းပဲဖြစ်ပါတယ်။
ဘယ်နိုင်ငံက ဘယ်လူမျိုးပဲ ဖတ်ဖတ်၊အသံထွက်ဟာ အတူတူပဲဖြစ်ပါတယ်။ တစ်နိုင်ငံမှာအသံထွက်တစ်မျိုး ကွဲလွဲချက်မရှိတာကို နိုင်ငံ ပေါင်းစုံက ပါဝင်တဲ့ကမ္ဘာ့ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်ပြိုင်ပွဲတွေမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မူရင်းအတိုင်း သန့်စင်စွာရှိနေရတဲ့အကြောင်းကတော့–
၁။ တမန်တော်ချုပ်မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးနဗီတမန်တော်ချုပ်ဖြစ်ပြီး သူ့နောက်မှာနောက်ထပ်နဗီတမန်တော်အသစ်ပေါ်ထွန်းစရာမရှိတော့ခြင်း၊ ကုရ်အာန်ကျမ်းစာဟာ အလ္လာဟ့်ထံက နောက်ဆုံးလမ်းညွှန်ဖြစ်ပြီးနောက်ထပ်လမ်းညွှန်လာစရာမရှိတော့ခြင်းတို့ကြောင့် ကျမ်းရှင် အလ္လာဟ်ကိုယ်တိုင်က ကုရ်အာန်ကျမ်းစာကိုယိုယွင်းပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ထားတယ်လို့ အာမခံထားတဲ့အတွက် ဖြစ်ပါတယ်။ (ကုရ်အာန် ၁၅း၉)
၂။ ဒီအပြင်မွတ်စလင်မ်တွေအနေနဲ့ ကုရ်အာန်ကျမ်းစာကိုလက်တွေ့ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက် ခြင်းနည်းစနစ်သမိုင်းကို ကြည့်ရင် တမန်တော်ချုပ်မုဟမ္မဒ်(صلى اله عليه وسلم) ဆီကို ကုရ်အာန်ကျမ်းစာရဲ့ လမ်းညွှန်ချက်တွေကျရောက်လာတိုင်း တမန်တော်မြတ်(صلى اله عليه وسلم)ရဲ့ ကြီးကြပ်မှုနဲ့ စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းအပြင် လူအများကအလွတ်ကျက်မှတ်ပြီး စိတ်နှလုံးမှာ မှတ်တမ်းတင်ခြင်းကို တစ်ပြိုင်တည်း ပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီ့အပြင်မွတ်စလင်မ်တွေဟာ ကုရ်အာန်ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို မိမိတို့ရဲ့ နေ့စဉ်(၅)ကြိမ်ဆွလားသ် ၀တ်ပြုမှုမှာ နေ့စဉ်ဖတ်ရွတ် ဆင်ခြင်ခြင်း၊ ဟာဖိဇ်ွခေါ် ကုရ်အာန်ကျမ်းစာကို အစအဆုံး အလွတ်ကျက်မှတ် အာဂုံဆောင် သူများကမ္ဘာနဲ့အ၀ှမ်း နှစ်စဉ်မွေးထုတ်ပေးနေခြင်းနဲ့ မွတ်စလင်မ် ကျားမမရွေး အမြဲလိုလို ကုရ်အာန်ကို ရွတ်ဖတ်နေခြင်းတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ရှေးကျမ်းစာအသီးသီးကို ဒီလို ပီပီပြင်ပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကမ္ဘာပေါ်မှာ ကုရ်အာန်ကျမ်းစာကို ကမ္ဘာ့ဘာသာစကား အသီးသီးနဲ့ ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူတွေရဲ့ အရည်အသွေးအလိုက် အယူအဆ ကွဲလွဲချက်အချို့ ရှိနေပေမယ့် ဒီကွဲလွဲချက်တွေကို မှတ်ကျောက်တင် ဆန်းစစ်နိုင်ဖို့ အရဗီစာပေနဲ့ မူရင်းကုရ်အာန် ရှိနေခြင်းဟာ အစ္စလာမ်ရဲ့ ထူးခြားချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။
ကုရ်အာန်၏အရဗီဘာသာစာပေ၏အံ့ဖွယ်
ကမ္ဘာပေါ်မှာ အရဗီစကား ပြောတဲ့နိုင်ငံများစွာရှိနေပြိး ဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနေပေမယ့်ကုရ်အာန်ကျမ်းစာမှာ သုံးထားတဲ့ အရဗီစာပေကတော့ အားလုံးအတွက် စံနမူနာပြဲဖစ်ပါတယ်။ ဒီ့အပြင် အရဗီဘသာစကားဟာ မပြောပလောက်တဲ့ လူအနည်းငယ်သာ သုံးစွဲနေတဲ့ ဘာသာစကားအသေ (Dead Language)မျိုးလဲမဟုတ်ဘဲနဲ့ ကမ္ဘာ့လူအများစုသုံးစွဲနေတဲ့ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များသာမကဘဲ မွတ်စလင်မ်မဟုတ်သူများပါ သုံးစွဲနေပြီး အခုဆိုရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးမှာအာရဗီစာပေဌာန သီးခြားထားရှိနေပြီ ဖြစ်ပါတယ်။
ဒါတင်မ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရုံးသုံးဘာသာစကား (၆) မျိုးအနက် အရဗီဟာ တစ်မျိုးအပါအ၀င်ဖြစ်နေပါပြီ။ဒီ့အပြင် ဒီနေ့ကမ္ဘာရဲ့ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ စာပေဝေါဟာရတွေကျယ်ပြန့်လာ ချိန်မှာအရဗီစာပေဟာ ခေတ်၊ စနစ်၊ အသိပညာရဲ့ လိုအပ်ချက်တွေကို အဆင့်မြင့်စာပေတစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ- ကမ္ဘာ့မွတ်စလင်မ်အဖွဲ့ချုပ် (ရာဗိသွဟ်) ကနေပြီး ဒီနေ့ ကမ္ဘာ့သိပ္ပံပညာရပ်အသီးသီးရဲ့ ကမ္ဘာကျော်ပါရဂူ (၁၄) ဦးကို နိုင်ငံအသီးသီးက ခေတ်ခေါ်ပြီး အရဗီကုရ်အာန်ကျမ်း မူရင်းနဲ့တမန်တော်မုဟမ္မဒ်သခင်(صلى الله عليه وسلم) သြ၀ါဒမှတ်တမ်းထဲက သက်ဆိုင်ရာ သိပ္ပံ၊ ၀ိဇ္ဇာ နည်းပညာဘာသာ ရပ်အလိုက်အချက်အလက်တွေကို ထုတ်ပေးပြီး လက်တွေ့ နောက်ဆုံးပေါ် ပညာတွေနဲ့ စမ်းသပ် စစ်ဆေးစေခဲ့တဲ့အခါသုတေသနအဆုံးမှာ ကမ္ဘာ့ပါရဂူအားလုံးက အရဗီကုရ်အာန်ကျမ်းနဲ့ တမန်တော်ရဲ့ သြ၀ါဒ မှတ်တမ်းတွေကိုခေတ်ရှေ့ပြေးနေတဲ့ အံ့ဖွယ်အဖြစ် ချီးကျူး ဂုဏ်ပြု ကြေငြာခဲ့ကြရပါတယ်။ သူတို့တွေရဲ့ ကုရ်အာန်အပေါ် သုတေသနနဲ့တွေ့ရှိချက်များကို This Is The Truth (သည်မှာသစ္စာတရားတည်း) ဆိုတဲ့စာအုပ်နဲ့ ဗွီဒိယို၊ ဗီစီဒီခွေများအဖြစ် ကမ္ဘာကိုဖြန့်ချိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပါရဂူ(၁၄) ဦးထဲမှာ(၁) ဦးကလွဲလို့ ကျန်သူတွေဟာ မွတ်စလင်မ်တွေမဟုတ်ကြပါဘူး။ အဲဒီအထဲက ယိုးဒယားက ပါမောက္ခ တာဂါစုမ်ကတော့ အစ္စလာမ်ကို လက်ခံလိုက်ကြောင်းကြေငြာသွားခဲပါတယ်။
ကုရ်အာန်ကျမ်းစာဖွဲ့စည်းပုံ (မက္ကဟ်နှင့်မဒီနဟ်စူရဟ်)
ကုရ်အာန်ကျမ်းစာဟာ မုဟမ္မဒ်သခင်(صلى الله عليه وسلم) သက်တော်(၄၀) ပြည့်တဲ့အခါ အာရေဗျဒေသ၊ မက္ကာဟ်မြို့ပြင်မှာရှိတဲ့ ဟီရာ လို့ခေါ်တဲ့ သုတေသန လှိုဏ်ဂူမှာ တရားဆင်ခြင်နေစဉ် အနိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ကကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် စတင် ထုတ်ပြန်ပို့ချခဲ့တာပါ။ အရဗီပြက္ခဒိန်အရတော့ ရမဒွန်လထဲမှာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ (၂၇) နေ့ညလို့ မှတ်တမ်းတင်ထား ကြပါတယ်။ အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ပို့ချတဲ့ ညကို ကဒရ်ညဥ့်(၀ါ) တိုင်းတာသတ်မှတ်တဲ့ညဥ့်လို့ အလ္လာဟ်က ဂုဏ်ပြုဖော်ပြ ထားပါတယ်။ (ကုရ်အာန်၉၆း၁-၆)။ ဆိုလိုတာက လူတစ်ဦးချင်းဖြစ်စေ၊ လူအဖွဲ့ အစည်းဖြစ်စေ သူတို့ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကံကြမ္မာကိုကုရ်အာန်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းတာသတ်မှတ် လိုက်လို့ဖြစ်ပါတယ်။ ဘယ်သူမဆို အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း ကျင့်သုံးနေထိုင်ရင် လောကီဘ၀ရော၊မတလွန်ဘ၀မှာပါ အောင်မြင်ငြိမ်းချမ်းမှု ရရှိမှာဖြစ်ပြီး ဘယ်သူမဆို အလ္လာဟ်ကိုငြင်းပယ်မယ်၊ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို ဆန့်ကျင်နေထိုင်မယ်ဆိုရင် လောကီနဲ့ တမလွန် နှစ်ဘ၀စလုံး ဆုံးရှုံး နစ်နာမှာဖြစ်ပါတယ်။
အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ခြင်းနဲ့အတူ မုဟမ္မဒ်သခင်(صلى الله عليه وسلم)ကိုလည်း နဗီတမန်တော် တာဝန်ကို စတင်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မက္ကာဟ်မြို့(၁၃)နှစ်တာ တမန်တော်သက်တမ်း ကိုကြည့်ရင်ဖန်ဆင်းတာလည်းအလ္လာဟ်၊ ထိန်းသိမ်း စောင့်ရှောက် နေတာလည်း အလ္လာဟ်၊ တရားစီရင် စစ်ဆေးမှာလည်းအလ္လာဟ်ဆိုတဲ့ အလ္လာဟ်တစ်ပါးတည်းသာ အနှိုင်းမဲ့ကိုးကွယ်ရာဆိုတဲ့ (သောင်ဟီးဒ်)တရားကို ဟောကြားရတဲ့ အခါအလ္လာဟ်ကိုငြင်းသူတွေ၊ အလ္လာဟ်ကိုလက်ခံပေမယ့် အခြားတစ်စုံတစ်ရာ(နတ်)တွေနဲ့ နှိုင်းယှဉ်ကိုးကွယ် သူတွေကအပြင်းအထန် ဆန့်ကျင်မှုတွေ ခံခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက္ကာဟ်ကာလ ကုရ်အာန်အာယသ်လမ်းညွှန်တွေကိုကြည့်ရင် ယုံကြည်ချက် သန့်စင်ဖွံ့ဖြိုးရေး (Purity of Faith) ကိုဦးစားပေးထားတာကို တွေ့ရပါတယ်။ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတဲ့အတွက် ကျင့်စဉ်ခန်းတွေ များစွာမတွေ့ရပါဘူး။ ဒါပေမယ့် မဒီနဟ်ကာလ(၁၀)နှစ်ကိုကြည့်ရင်တော့ အစ္စလာမ့်နိုင်ငံတော် လွတ်လပ်စွာထူထောင်နိုင်ပြီး ဖြစ်တဲ့အတွက် ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး၊ စစ်နဲ့ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပြန်ကြားရေး၊ ဘာသာခြားနဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးစတဲ့ လမ်းညွှန်ဥပဒေတွေ၊ရုပ်နဲ့ စိတ်ဝိညာဉ် သန့်စင်ဖွံ့ဖြိုးရေးအတွက် ၀တ်ပြုတည်ဆောက်မှုဆိုင်ရာ ကျင့်စဉ်တွေစတဲ့ အစ္စလာမ့် တရားဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ ကုရ်အာန်အာယသ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ကုရ်အာန်ထဲမှာ ရုပ်နဲ့နာမ်၊ တစ်ဦးနဲ့အများ၊လောကီနဲ့ တမလွန် အားလုံးအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန် အားလုံးပါဝင်နေပါတယ်။
တမန်တော်မြတ်(صلى الله عليه وسلم)ဟာ မဒီနဟ်ရောက်ပြီး(၈) နှစ်မြောက် (ဟစ်ဂျရီ-၈ခုနှစ်) မှာ မက္ကဟ်မြို့ကို ငြိမ်းချမ်းစွာအောင်နိုင်ပြီး မဒီနဟ်မြို့မှာပဲ စံမြန်း နေခဲ့ပါတယ်။ ဟစ်ဂျရီ(၁၀) ခုနှစ်မှာ နောက်ဆုံးဟဂ်ျ ကျင့်စဉ်ပြုပြီး (တမန်တော်မြတ်နောက်ဆုံး ဟဂ်ျပြုနေစဉ်မှာပဲ ကုရ်အာန်ရဲ့ နောက်ဆုံးအာယသ် (၅း၃) ကျရောက်ခဲ့ပါတယ်) နောက်အလ္လာဟ့်ကရုဏာတော် ခံယူကာ အလ္လာဟ်ထံ ပြန်ကြွသွားတော်မူခဲ့ပါတယ်။တမန်တော်မြတ်(صلى الله عليه وسلم)ရှိစဉ်ကတည်းက ကုရ်အာန်ကို ချက်ခြင်း စာဖြင့်မှတ်တမ်းတင်ခြင်း၊ အာဂုံဆောင်ကျက်မှတ်ခြင်းတို့နဲ့ မှတ်တမ်းတင်ခဲ့ ကြတဲ့အတွက် တမန်တော်မြတ်(صلى الله عليه وسلم)) မကွယ်လွန်ခင် ကတည်းက ကုရ်အာန်ကျမ်းမြတ် အစအဆုံးကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်က ကုရ်အာန်ကို တမန်တော်မြတ် ခေတ်လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်နဲ့အားလျော်စွာ ကုရ်အာန်အာယသ်တွေကို ချပေးခဲ့ပေမယ့် ပြီးပြည့်စုံသွားတဲ့အခါကျတော့ အဲဒီအစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ခေတ်တိုင်းအတွက် လမ်းညွှန်ဥပဒေအဖြစ် အသုံး ချနိုင်ဖို့လက်ရှိ အစီအစဉ်အတိုင်း တမန်တော်မြတ်(صلى الله عليه وسلم)) ကိုစီစဉ် စေခဲ့ပါတယ် ဒီ့အပြင် ကျပြီးသလောက် အာယသ်တွေကိုနှစ်စဉ်တမန်တော်မြတ်(صلى الله عليه وسلم)က ရမဒွါန်လရောက်ရင်` လက်ရှိအစီအစဉ်အတိုင်း ရွတ်ဖတ်ပြရပါတယ်။
ဒါကြောင့်ကုရ်အာန်ကျမ်းစာမှာ စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄) ပုဒ်ပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီကို အာယသ်လို့ခေါ်တဲ့လမ်းညွှန်/သက်သေလက္ခဏာ စာကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ စူရဟ်ခေါ် ကဏ္ဍတစ်ခုချင်းဟာ အတိုအရှည်မတူကြပါဘူး။ ဥပမာ- အရှည်ဆုံးစူရဟ် အမှတ်-(၂)ဟာ အာယသ်လမ်းညွှန်ပေါင်း(၂၈၆) ပါဝင်ပြီး အတို ဆုံးစူရဟ်ကဏ္ဍအမှတ်(၁၀၈)မှာ အာယသ်လမ်းညွှန်ပေါင်း(၃) ကြောင်းသာပါဝင်ပါတယ်။
ကုရ်အာန်အပေါ်သံသယရှိသူများကိုဖိတ်ခေါ်ချက်
ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင် ကုရ်အာန်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို အခုလို လမ်းညွှန် ဖိတ် ခေါ်ထားပါတယ်။“ထို့အပြင် အကယ်၍ အသင်တို့သည် ငါ(အလ္လာဟ်) အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သောအရာ (ကုရ်အာန်)နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိခဲ့ကြပါလျှင် အသင်တို့သည် ယင်း(ကုရ်အာန်)နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ပုဒ်ကိုယူဆောင်လာကြကုန်လော့။
ထို့အပြင် အသင်တို့သည် မှန်သောစကားကိုဆိုသူများဖြစ်ခြဲ့ကပါလျှင် (ယင်းသို့ယှဉ်ပြိုင်ကြရာတွင်) အလ္လာဟ်အရှင်မြတ်မှအပ အခြားယိုင်းပင်းကူညီမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။သို့သော်အသင်တို့သည် (ကုရ်အာန်ကျမ်းမြတ်နှင့်ယှဉ်ပြိုင်ခြင်းကို အတိတ်ကာလတွင်လည်း) မလုပ်နိုင်ခဲ့ကြ၊(မျက်မှောက်ကာလတွင်လည်း) လုပ်နိုင်ကြသည်လည်းမဟုတ်၊ (နောင်အနာဂတ်တွင်လည်း) အလျှင်း လုပ်နိုင်ကြဦးမည်မဟုတ်ချေ၊ သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးကို အသိထားကြလော့။ ယင်း၏ လောင်စာမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြပေမည်။ အမှန်တရားကို ငြင်းပယ်ကြသူတို့အတွက် အသင့်ပြင် ထားပြီးဖြစ်ချေသည်” (ကုရ်အာန် ၂း၂၃-၂၄)အခုကမ္ဘာပေါ်မှာ အရဗ်နိုင်ငံတွေထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ အရဗ်များစွာရှိနေကြပါတယ်။
ဒီ့အပြင် ကမ္ဘာလူမျိုးအသီးသီးမှာ မွတ်စလင်မ်မဟုတ်ပေမယ့် အရဗီကျွမ်းကျင်သူ များစွာလည်း ရှိနေပါတယ်။ ဂျူးတွေဆို ရင်လည်းအရဗီအလွန် ကျွမ်းကျင်သူတွေရှိကြပါတယ်။ အနောက်တိုင်းတက္ကသိုလ်ကြီးတွေ၊ ရုရှားနိုင်ငံရဲ့မော်စကိုတက္ကသိုလ်တွေမှာ အရဗီလေ့လာရေးဌာနကြီးတွေလည်း သီးခြားဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကျမ်းစာရဲ့အခုဖော်ပြခဲ့တဲ့စိန်ခေါ်ချက်ကို တုန့်ပြန်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတဲ့အပြင် ကုရ်အာန်ကိုလေ့လာလိုက်ကြတဲ့သူတွေဟာ အမှန်တရားကိုသိမြင်ပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခြဲ့ကလို့ အခုဆိုရင် အစ္စလာမ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးပြန့်ပွားနေတဲ့ သာသနာလို့တောင် Jehovah Witness က ဖေါ်ညွှန်းနေပါ တယ်။
အစ္စလာမ်ကို ရန်လိုနေကြတဲ့သူတွေအနေနဲ့ အစ္စလာမ်နဲ့ တမန်တော်မြတ်(صلى الله عليه وسلم)ကို မဟုတ်မမှန် လုပ်ကြံပြောဆိုရေးသားနေကြမယ့်အစား စာကြောင်း(၃)ကြောင်းလောက် ကုရ်အာန်န့ယှဲဉ်ပြီး ရေးပြနိုင်ရင် ပိုပြီးထိရောက်မှာပါ။ဒါပေမယ့် အလ္လာဟ်က ကတိပေးထားပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၂း၂၄၊ ၁၅း၉) ဒီအပြင်ကုရ်အာန် ရဲ့ အလင်းရောင်ဟာကမ္ဘာကို လွှမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။ အမှန်တရားမှာ အင်အားရှိပြီးသားဖြစ်ပါတယ်။ညီနောင်၊ ညီအစ်မများအနေနဲ့ ကျွန်တော်မကြာသေးခင်ကတင်ပြခဲ့တဲ့ “ကုရ်အာန်အပေါ်ထားရှိရမယ့်မွတ်စလင်မ်တို့၏တာဝန်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဤခေါင်းစဉ်ကို ယှဉ်တွဲလေ့လာပြီး ကုရ်အာန်ကို အပြည့်အ၀ ယုံကြည်ပါ။
သဂ်ျဝီးဒ်ပညာနဲ့ စနစ်တကျ ရွတ်ဖတ်ပါ။ အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ လက်တွေ့လိုက်နာ ကျင့်သုံးပါ။အခြားသူများ သိအောင်လည်း ကုရ်အာန်ရဲ့ အသိပညာတွေကို ကာယ၊ ဥာဏ၊ ဓနနဲ့ ၀ိုင်းဝန်းကူညီ ဖြန့်ကြပါလို့တိုက်တွန်းရင်း အလ္လာဟ်က(၄) ကြိမ်မေးထားတဲ့ ဒီမေးခွန်းကို ဘ၀မှာ မသေခင်ဖြေဖို့ တိုက်တွန်း လိုက်ပါတယ်။“မုချဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူတစ်ဦးတစ်ယောက်ရှိပါ၏လော”။ (ကုရ်အာန် ၅၄း၁၇၊ ၅၄း၂၂၊ ၅၄း၃၂၊ ၅၄း၄၀)
အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)
http://news.mmsy.info/news/
မှကူးယူဖော်ပြပါသည်။

သံတွဲ NLD သို့ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရေးသားထားသော စာတစ်စောင် ရောက်ရှိ

 လွန်ခဲ့သောနှစ် ၃၀ ခန့်က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ထုတ်ဝေခဲ့သော စာအား ကိုးကားရေးသားထားသော စာတစ်စောင်ကို ယမန်နေ့က စာတိုက်မှတစ်ဆင့်ရရှိခဲ့ကြောင်း သံတွဲမြို့နယ် NLD အတွင်းရေးမှူးကပြောသည်။
သံတွဲမြို့ကိုကယ်တင်ပါ ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါစာတွင် ဘင်္ဂါလီမွတ်စလင်များက ဗုဒ္ဓဘာသာ မိန်းကလေးများကို သိမ်းသွင်းလက်ထပ်နေမှုအားစိုးရိမ်ကြောင်းဖော်ပြထားပြီး အစ္စလာမ်ဘာသာနှင့် ပတ်သက်ပြီးမှားယွင်းသည့်အယူအဆများပါရှိကြောင်း NLD ပါတီဝင်တစ်ဦးက ပြောသည်။
“ရန်ကုန်က ပို့တာပါ။ စာအိတ်မှာ ပေးသူအမည်က မထင်ရှားဘူး။ အတွင်းကစာမှာလည်း မြန်မာ နိုင်ငံသားတစ်ဦးလို့ပဲ ရေးထားတယ်” ဟု ၎င်းက ပြောသည်။သံတွဲသို့ရောက်ရှိလာသော ပေးပို့သူအမည် သဲကွဲစွာမပါရှိသည့်စာအိတ် သြဂုတ် ၂၂ ရက်စွဲဖြင့် ပေးပို့သော စာတိုက်တံဆိပ်တွင် စာရွေးစာပို့စခန်း၊ စာရွေး ၃ ဟု ရိုက်နှိပ်ထားသည်။
ပူးတွဲပေးပို့သော လှုံ့ဆော်စာမှာ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခဖြစ်စေရန် လုပ်ကြံထားသောစာဖြစ်ကြောင်း အသက် ၆၅ နှစ်အရွယ် သံတွဲဒေသခံတစ်ဦးက ပြောသည်။
“ဒါက ၁၉၈၀ ကျော်လောက်က ဖြန့်ခဲ့တဲ့စာတွေပါ။ (၁၉၈၀ က) သံတွဲမှာ ဒီစာတွေဖြန့်လို့ ဖမ်းဆီးမိခဲ့တဲ့သူတွေဟာ မွတ်စလင်တွေမဟုတ်ပါဘူး”ဟု ပြောသည်။
သံတွဲမြို့နယ် NLD ပါတီဝင်တစ်ဦးကလည်း “ ဒီစာကို ဘာကြောင့်ပို့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မပြောထားတဲ့အတွက် လှုံ့ဆော်စာ သက်သက်ဖြစ်နေပါတယ်။ နောက်ထပ်ဘယ်နေရာတွေကို ပို့ထားသလဲဆိုတာက စိုးရိမ်စရာပါ ” ဟု ပြောသည်။
ပြီးခဲ့သည့်ဇွန်လအတွင်းက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုအစိုးရစာရင်းများကဆိုသည်။
http://news.mmsy.info/

မှကူးယူဖော်ပြပါသည်။

ဒေါက်တာ ထက်မြက်ထံသို့ အိတ်ဖွင့်ပေးစာ

ဂျူလိုင်ရဲရင့်


ဆိုရှယ်မီဒီယာတွင် ပြန့်နှံလျက်ရှိတဲ့ ဒေါက်တာထက်မြက်ဆိုသူရဲ့ စာ

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်
ဒေါက်တာ ( ဦး ) ထက်မြက် ခင်ဗျား !
ကျွန်ုပ်သည် မြန်မာပြည်ကိုချစ်သော မြန်မာနိုင်ငံဖွား တိုင်းရင်းသားမုစ်လင်မ်တစ်ဦးဖြစ်သည်နှင့် အညီ လူကြီးမင်း၏ အတည်ပေါက် ရုပ်လုံးဖော်နေချက်အပေါ် မလိုလားအပ်သည့်အကျိုးဆက် မဖြစ်ပေါ်စေရေး အလို့ငှါ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားလိုက်ပါသည်။
ပထမဦးစွာ မေတ္တာရပ်ခံလိုသည်မှာ ကျွန်ုပ်မှ လူကြီးမင်းအား စလာမ်ဆိုနှုတ်ခွန်းဆက်သမှု မပြုဘဲ ရေးသားခြင်းကို နားလည်ပေးပါရန်ဖြစ်သည်။ လူကြီးမင်းသည် အမှန်တကယ် အစ္စလာမ်သာသနာဝင် မုစ်လင်မ် တစ်ဦး ဟုတ်မဟုတ်ဟူသည် မသေချာ၍ဖြစ်ပါသည်။
ဒုတိယအချက်မှာ လူကြီးမင်းသည် အစ္စလာမ်သာသနာနှင့် အများမုစ်လင်မ်ထု၏ကောင်းကျိုးအား ကိုယ်စားပြုဆောင်ရွက်ကြောင်းမှန်ကန်ပါလျှင် အမည်ရင်း၊ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်ပြား) နံပါတ် နှင့် ကိုယ်စားပြုအုပ်စုတစ်ရပ်ရပ်ကို တိကျစွာဖော်ပြအပ်ပါသည်။ လူကြီးမင်းအနေဖြင့် တစ်သီးပုဂ္ဂလ လှုပ်ရှားနေပါ သည်ဟုဆိုလျှင်ပင် ရိုးသားပွင့်လင်းရန်အရေးကြီးပါသည်။ တောင်ကြီးမြို့မုစ်လင်မ်အသိုင်းအ၀ိုင်း၌ ဒေါက်တာ ထက်မြက်ဟူသောအမည်ဖြင့် ဆရာဝန်သော်လည်းကောင်း၊ ပါရဂူဘွဲ့ရပညာရှင်သော် လည်းကောင်း မရှိပါ။ လူကြီးမင်း၏ရေးသားချက်များမှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏သက်ဆိုင်ရာတာဝန်ရှိသူများထံအပြင် အခြား ဌာနများသို့တင်ပြထားသည့် စာအမျိုးအစားဖြစ်သည့်အတွက် ကလောင်အမည်/အမည်ဝှက် ကို အသုံးပြုရန် အကြောင်းမရှိသောကြောင့် လူကြီးမင်းသည် မည်သူမည်ဝါဖြစ်ခြင်း ကို မည်သူမျှ သိလိမ့်မည် မဟုတ်ပါ။
တတိယအချက်သည် လူကြီးမင်း၏နေရပ်လိပ်စာကိစ္စဖြစ်ပါသည်။ ကျွန်ုပ်သည် တောင်ကြီးသား စစ်စစ်ဖြစ်ပါသည်။ တောင်ကြီးမြို့ရှိ အိမ်နံပါတ်များကို ရပ်ကွက်ချင်းအလိုက် အိမ်ရာအရေအတွက်ပေါ်မူတည်၍ သတ်မှတ်ထားပါသည်။ အိမ်ခြေငါးရာအထိရှိသောရပ်ကွက်ဟူ၍ တောင်ကြီးမြို့၌ ယနေ့တိုင် မပေါ်ပေါက်သေး ပါ။ ထို့ကြောင့် လူကြီးမင်းဖော်ပြထားသည့် အိမ်အမှတ် ၇၈၆ ဟူသည်မှာ ရယ်စရာကြီးဖြစ်လို့နေပါသည်။ ကျွန်ုပ်တို့မြို့၌ စ၀်စံထွန်းလမ်းဟူသည် အမှန်ရှိနေသော်ငြား လူကြီးမင်းဖော်ပြထားသော ဗိုလ်ဗထူးရပ်ကွက် ဆိုသည်မှာ တောင်ကြီးမြို့ပေါ်ရှိ လေးဖက်သွားကလေးသူငယ်မှသည် ဆံဖြူသွားကျိုးတောင်ဝှေးကိုင်အရွယ်ထိ အဘယ်လူသားမှ မကြားစဖူးပါ။ ကျွန်ုပ်ထံတွင် တောင်ကြီးမြို့၏မြေပုံကားချပ်လည်း ရှိနေပါသည်။ လူကြီးမင်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုနိုင်ပါသည်။ သို့ဖြစ်ရာ လူကြီးမင်း၏အတည်ပေါက်ဖြီးလုံးက အလွန်ပင် မသေမသပ် ဖြစ်လွန်းလှပါကြောင်း အလွယ်တကူကောက်ချက်ချ သုံးသပ်ရပေသည်။
စတုတ္ထအချက်မှာ လူကြီးမင်းမှ ဖော်ကျူးသည့်အရေးကိစ္စကို လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရန်( ဆန္ဒပြရန် ) အဆင့်ထိ မလိုအပ်ကြောင်း အသိဥာဏ်ပြည့်ဝသူတိုင်းမှ နားလည်ထားပြီးဖြစ်ပါသည်။ နိုင်ငံတော်မှ ကျွန်ုပ်တို့အား လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ပေးထားသည်မှန်သော်ငြား ဆန္ဒထုတ်ဖော်တင်ပြနိုင်သည့်နည်းလမ်းများစွာရှိနေပါလျက်နှင့် ဤသို့ လျှပ်တစ်ပြက် အဆင့်ကျော်သွားခြင်း ၌ သွေးရိုးသားရိုးမှဟုတ်ပါလေစဟု သံသယ၀င်မိပါသည်ခင်ဗျား !
နောက်ဆုံးအချက်မှာ အကယ်၍ လူကြီးမင်းသည် မုစ်လင်မ် (အစ္စလာမ်သာသနာဝင်) တစ်ဦးမဟုတ်ပါက တကယ့် မုစ်လင်မ်ကဲ့သို့ ရေးပေါက်ရေးဟန်မျိုး ရေးသားနိုင်ခြင်း အပေါ် ချီးကျူးပါကြောင်း ပြောလိုပါသည်။ မုစ်လင်မ်ဟု အရေခြုံထားသူတစ်ဦး (၀ါ) တစ်စုတစ်ဖွဲ့၏လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့မုစ်လင်မ်ပြည်သူ တစ်ဦး တစ်ယောက်မှာမှ တာဝန်မရှိပါကြောင်း လူကြီးမင်းအား သိစေအပ်ပါသည်။ အကယ်၍ လူကြီးမင်းသည် တကယ်စင်စစ် မုစ်လင်မ်တစ်ဦးဖြစ်နေပါကလည်း အစ္စလာမ့်တရားစစ်တရားမှန်အနက်မှ ဟုဒိုင်းဗီယဟ်စံနစ် ကို လုံးဝ နားမလည်သေးသူ သို့တည်းမဟုတ် တစ်စုံတစ်ရာသော ကိုယ်ကျိုးစီးပွားအတွက် သိသိကြီးနှင့်မိုက်လုံးကြီးလိုသူ အစွန်းရောက်ဝါဒီတစ်ဦးသာ ဖြစ်ကြောင်း ပေါ်လွင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လူကြီးမင်း၏လှုပ်ရှားမှုမှာ အစွန်းရောက် စည်းဝိုင်းတွင်းသို့ ခြေလှမ်း ကျွံဝင်နေသောကြောင့်ဖြစ်သည်။ အစွန်းရောက် အတွေးအခေါ်များ၊ လုပ်ရပ်များဖြင့် မည်သည့် ငြိမ်းချမ်းရေး နှင့် တိုးတက်ဖွံ့ဖြိုးရေးကိုမျှ မဖော်ဆောင်နိုင်ကြောင်း ကမ္ဘာ့သမိုင်းက သက်သေပြုနေပါသည်။ ဗုဒ္ဓဘာသာ၏အနှစ်သာရမှာ မေတ္တာတရား၊ အစ္စလာမ်သာသနာ၏အနှစ်သားမှာ ငြိမ်းချမ်းရေး၊ ခရစ်ယာန်ဝါဒ၏အချုပ်မှာ ခွင့်လွှတ်မှုဖြစ်ကြောင်း အသိ နှင့် သတိ လက်ကိုင်ပြုစေလိုပါသည် ( မှားယွင်းသည်ဟု ထင်မြင်လျှင် ပြင်ပေးနိုင်ပါသည်၊ ကျွန်ုပ် စိတ်မဆိုးပါ )။ တဖန် လူကြီးမင်း၏ရည်ရွယ်ချက် အထမြောက်ခဲ့ပါကလည်း ကျွန်ုပ်တို့ မုစ်လင်မ်အပေါင်းမှာ အသိဥာဏ်နိမ့်ကျသူများအဖြစ် လည်းကောင်း၊ အခွင့်အရေးသမားများအဖြစ် လည်းကောင်း၊ သွေးဆူ သွေးကြွလွယ်သူများအဖြစ်လည်းကောင်း မလွဲမသွေ တစ်ထစ်ချ မှတ်ချက်ပြုခံရနိုင်ပါသည်။ ဤသို့ဤနှယ် ဆိုင်းဘုတ်တပ်ခံရမည်ကို လူကြီးမင်းမှ လိုလားနေခြင်းလော ?
ဒေါက်တာထက်မြက် ခင်ဗျား !
ဆိုရေးရှိက ဆိုရပါတော့မည်။ ကျွန်ုပ်သည် ၁၉၈၇ ခုနှစ်၊ ငွေသိမ်းကိစ္စဆန္ဒပြမှုမှသည် ဆယ်နှစ်ဝန်းကျင် တစ်လျှောက် အရေးအခင်းများ၊ ဆန္ဒပြခြင်းများ စသည့် လှုပ်ရှားမျိုးစုံ၌ အတိုင်းအတာတစ်ရပ်အထိ ပါဝင်ဖူးသူဖြစ်ပါသည်။ (နိုင်ငံရေးကို အလျဉ်း ၀ါသနာမပါ၍ ဘေးထွက်ထိုင်နေသူတစ်ဦး ဖြစ်ပါသည်)။ သို့အတွက် မြွေမြွေချင်း ခြေမြင်ပါသည်။ သသနာ့အရေးနှင့် တိုက်ရိုက်ဆက်နွှယ်လာသဖြင့် ကျွန်ုပ်၏ကလောင် ရှေ့တစ်လှမ်းတိုးရခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲဟု ဆိုသော်ငြား နောက်ဆက်တွဲဆိုးကျိုးများစွာ တန်းစီနေပါသည်။ ၄င်းပြင် တန်ပြန်ဆန္ဒထုတ်ဖော်ခြင်းများ လည်း အရံသင့်စောင့်ဆိုင်းနေကြမည်လားဟု အနိမ့်ဆုံးအားဖြင့် တွက်ဆမိပေသည်။ သို့သာမက လူကြီးမင်း၏ရည်ရွယ်မှု အထမြောက်စေရေးအတွက် ဤမျှလွယ်ကူလျင်မြန်စွာ ခွင့်ပြုခံရခြင်းမှာ ထူးခြားနေပါသည်။ ရုပ်သေးရုပ်ကို ကြိုးရှုပ်အောင် ကစားနေခြင်းလော ဟု ဆက်လက် အတွေးပွားစရာ ဖြစ်ရပါသည်။ တစ်ခါ ကျွန်ုပ်၏အတွေ့အကြုံအရ အပြင်းအထန် ဘေးတီးထိုးဆွတတ်သူအများစုမှာ တကယ်ဖြစ်လာချိန်ဝယ် ကုတင်အောက်ဝင်၍ Remote Control ကို နှိပ်နေတတ်သူများသာ ဖြစ်လေ့ရှိကြောင်း သိရှိထားပါသည်။ လူကြီးမင်းအနေနှင့် ကုတင်အောက်မှသတ္တိခဲလော၊ လူသိရှင်ကြားရှေ့ထွက်လာသူလော ဟူသည်ကို များမကြာမီ အဖြေပေါ်လာပါဦးမည်။ မည်သို့ပင်ဆိုစေကာမူ လူကြီးမင်းအဖို့ ချိန်ကိုက်ဗုံးတစ်ခုအဖြစ် ရမ်းရော်မှန်းဆထားခြင်းဖြစ်နိုင်ကောင်းသော်လည်း ကန့်လန့်ကာကြားမှ မလုံမလဲပြူထွက်လာသည့် ထူးခြားချက်အချို့ ကြောင့် ကျွန်ုပ်အပါအ၀င် မုစ်လင်မ်လောကအတွက် သတိပေးခေါင်းလောင်းသံမျှသာဖြစ်ပါကြောင်း သိစေအပ်ပါသည် ခင်ဗျား ! ဤအိတ်ဖွင့်ပေးစာအပေါ် ပြေလည်ကျေနပ်မှုမရှိပါက ကျွန်ုပ်နှင့် တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
 
မှကူးယူဖော်ပြပါသည်။

ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည်

မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ရှေ့မှောက်မှာ ကလေးစစ်သားတွေကို အပ်နှံမှာဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အပါအ၀င် ရှေ့ရေးကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး စီမံကိန်းအရာရှိ ဦးချစ်တင်က RFA ကို အတည်ပြု ပြောကြားပါတယ်။
"အခုလာမဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ကလေး ၄၂ ယောက်ကို ကုလသမဂ္ဂအထူးအဖွဲ့၊ သူတို့ဆီအပ်မှာ။ UNICEF ကအပ်မှာ၊ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးတော့။ ကျန်တဲ့ ILO ၊ UN အဖွဲ့ဝင် အသီးသီးကအပ်မှာ။ အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ ကျွန်တော်တို့ အားလုံးရှေ့မှာ လွှတ်ပေးမယ်။ လွှတ်ပေးပြီးလို့ရှိရင် လူမှုဖူလုံရေး အဖွဲ့ကနေပြီးတော့ ကလေးတွေကို ကြည့်ရှုစောင့်ရှောက် ထားပေးမယ်။ မိဘတွေနဲ့ နောက်တရက် တွေ့ပေးမယ်။ ပြီးလို့ရှိရင် သူတို့မူလဘဝ ပြန်လည်ပေါင်းစည်းရေးကို UNICEF တို့ ခုနက အလုပ်အခွင့်အလမ်း၊ ILO တို့က ဝိုင်းဝန်းကူညီ ပေးကြမယ်"
ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ဟာ အသက် ၁၈ နှစ်မပြည့်ခင် တပ်မတော်သားအဖြစ် စုဆောင်းခံရသူတွေကို ကလေးစစ်သားအဖြစ် သတ်မှတ်ထားပြီး ကလေးစစ်သားတွေရှိတဲ့ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေက အကြီးဆုံး တာဝန်ရှိသူတွေ ကို စစ်စည်းကမ်း ဥပဒေအရ တရားစွဲ အရေးယူဖို့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ မေလအတွင်း အမိန့်စာ ထုတ်ပြန်ခဲ့တယ်လို့ ဦးချစ်တင်က ပြောပါတယ်။
တပ်မတော်နဲ့ အိုင်အယ်အို တာဝန်ရှိသူတွေဟာ လာမည့် ၂၀၁၅ ခုနှစ်မတိုင်မီ ကလေးစစ်သားနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေးကိစ္စကို သဘောတူ လက်မှတ်ရေးထိုး ထားတဲ့အတွက် နောင်မှာလည်း စစ်တပ်ထဲမှာ ကျန်နေသေးတဲ့ ကလေးစစ်သားတွေကို မိသားစုထံ ထပ်မံ အပ်နှံသွားဖို့ ရှိကြောင်း သိရပါတယ်။
၂၀၀၇ ခုနှစ်ကနေ အခုအချိန်ထိ ကလေးစစ်သား ၅၀၀ ကျော်ကို တပ်မတော်ကနေ ပြန်လည် နှုတ်ထွက်ခွင့် ပေးထားပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတချို့ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
http://www.rfa.org/burmese/
မှကူးယူဖော်ပြပါသည်။

ဝန်ကြီး နှစ်ဦး ရာထူးမှ ဖယ်ရှား

 သမ္မတဦးသိန်းစိန်က သူ၏ဝန်ကြီးအဖွဲ့အတွင်း ၂၄ ဦးကို အရွှေ့အပြောင်းနှင့် အသစ်
ပြောင်းလဲခြင်းများ တနင်္လာနေ့က လုပ်ခဲ့ပြီးနောက် မပြီးပြတ်သေးဘဲ အင်္ဂါနေ့တွင် ဝန်ကြီးနှစ်ဦးကို ရာထူးမှ ဖယ်ရှားလိုက်သည်ဟု သမ္မတရုံးက ထုတ်ပြန်ကြေညာသည်။

လျှပ်စစ်ထုတ်လုပ်မှုအတွက် တာဝန်ယူရသော အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်တို့ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနတွင်လည်း အပြောင်းအလဲ ဆက်လုပ်ရာ ယခင် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးစိုးဝင်းကို သာသနာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်။

တနင်္လာနေ့က ဝန်ကြီး ကိုးဦးနှင့် ဒု-ဝန်ကြီး ၁၅ ဦးကို နေရာအပြောင်းအလဲနှင့် အသစ်ခန့်ထားမှုများ ပြုလုပ်ခဲ့သည်။

http://www.mizzimaburmese.com/
မှကူးယူဖော်ပြပါသည်။

ကုလ ၀န်ထမ်း ၃ ဦးကို ထောင်ဒဏ်စီရင်ချက်ချ

2012-08-27
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိမ်းသိန်း ခံထားရတဲ့ ကုလသမဂ္ဂ ၀န်ထမ်း ၃ ဦးကို မောင်တော တရားရုံးက ပြီးခဲ့တဲ့ သောကြာနေ့မှာ ထောင်ဒဏ် ၂ နှစ်ကနေ ၆ နှစ်အထိ စီရင်ချက် ချမှတ်လိုက်ပါတယ်။

 ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က နာဇီရွာမှ ရိုဟင်ဂျာများ စစ်တပ်နှင့် ရဲအစောင့်အရှောက်များဖြင့် ဒုက္ခသည် စခန်းသို့ ပြောင်းရွေ့နေစဉ်။

အခုလို ထောင်ဒဏ် စီရင်ချက်ချမှတ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ မိမိတို့ အသေးစိတ် မသိရှိရသေးဘူးလို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ အဲတာကိုတော့ အတိအကျ မသိပါဘူးခင်ဗျ။ အဲဒီတရားရုံး ကြားနာတဲ့ အချိန်မှာလည်း UN က ဘယ်သူမှ မရှိတဲ့ အတွက် ကျွန်တော်တို့လည်း ဒီဟာကို အတိအကျမသိပါဘူး။ ဒီဟာအတွက်ကိုပဲ သက်ဆိုင်ရာကို ကျွန်တော်တို့ ပိုပြီး သတင်းသိရအောင် ကျွန်တော်တို့ မေးထားပါတယ်ခင်ဗျ။ ပြီးခဲ့တဲ့ အပတ်လောက်ကပေါ့၊ ကုလသမဂ္ဂ ဝန်ထမ်းတွေရော INGO ဝန်ထမ်းတွေရော တချို့လွှတ်ပေးလိုက်တဲ့ အတွက်ပေါ့လေ။ ကျွန်တော်တို့ဆီက Mr Ashok Nigam ကကြိုဆိုတဲ့ အကြောင်း ပြောသွားပါတယ်။ ကြေညာချက် ထုတ်ပါတယ်။ အလားတူပဲပေါ့နော်၊ ထိန်းသိမ်းဆဲ ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း ဒီလိုပဲ စဉ်းစားပေးဖို့ မေတ္တာရပ်ခံထားပါတယ်"
အခုပြစ်ဒဏ် ချမှတ်ခံရတဲ့ သူတွေကတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ၀န်ထမ်း ၂ ဦးနဲ့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ WFP က ၀န်ထမ်း ၁ ဦးတို့ ဖြစ်ပြီး ၃ ဦးစလုံးဟာ ရခိုင်ပြည်နယ်က  ဖြစ်ပါတယ်။
UNHCR ၀န်ထမ်း မောင်ခင်မောင်နဲ့ WFP ၀န်ထမ်း မောင်ခင်ဆွေတို့ဟာ ညီအစ်ကိုတွေဖြစ်ပြီး သူတို့ကို တရားရုံး ထုတ်စစ်ဆေးရာမှာ မိမိတို့ဘက်က အကျိုးဆောင်ရှေ့နေ လိုက်ပါဆောင်ရွက်ခွင့် မရခဲ့ဘူးလို့ ညီဖြစ်သူ မောင်ခင်ဝင်းက ပြောပါတယ်။
"မိသားစုဝင်လည်း တက်ရောက်ခွင့်မရှိခဲ့ဘူး။ ကျွန်တော်တရားရုံးရဲ့ ဟိုပြူတင်းပေါက်နားကို သွားခဲ့ပါတယ်။ အဲဒီပြူတင်းပေါက်နားက အဲဒီတရားရုံးက လူတွေက ဖယ်ပေးပါဦး၊ နောက်ဆုတ်ပေးပါဦး ဆိုပြီးတော့ ကျွန်တော့်ကို နောက်ဆုတ်ခိုင်းပါတယ်။ အဲတာကြောင့် ကျွန်တော် ကြားလို့ မရခဲ့ပါ။ နောက်ပြီးတော့ ကျွန်တော့်မှာ ရှေ့နေလည်းမရှိခဲ့ပါ"
စီရင်ချက်ချခဲ့တဲ့ ပုဒ်မတွေကို အတိအကျ မသိရသေးပေမယ့် စွပ်စွဲခဲ့တဲ့ ပုဒ်မတွေကတော့ ဆူပူသွေးထိုး လှုံ့ဆော်မှု ၅၀၅ (ဂ)၊ ဓားလက်နက် ကိုင်ဆိုင်မှု ၁၅၃ (က) နဲ့ တရားမ၀င် ငွေကိုင်ဆောင်မှု ၂၄/၁ ဖြစ်တယ်လို့ မောင်ခင်ဝင်းကပြောပါတယ်။ ဒီစွပ်စွဲချက် ပုဒ်မတွေနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိပဲ မတရား အစွပ်စွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂ ၀န်ထမ်း စုစုပေါင်း ၁၂ ဦးအနက် ၆ ဦးကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။
http://www.rfa.org/burmese/
မှကူးယူဖော်ပြပါသည်။

ကုလဝန်ထမ်းတွေ ပြစ် ဒဏ်စီရင်မှုအပေါ် ကင်တားနားဝေဖန်

ကိုကျော်ကျော်သိန်း
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်Tomas Ojea Quintana(လယ်)
 
ရခိုင်ပြည်နယ် တရားရုံးတခုကနေ ထောင်ဒဏ်အသီးသီးချမှတ်လိုက်တဲ့ ကုလသမဂ္ဂ၀န်ထမ်းနှစ်ဦးနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတခုက ၀န်ထမ်းတဦးတို့ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အဲဒီလူသုံးဦးကို ထောင်ဒဏ် ချမှတ်လိုက်အပြီး နောက်တရက်မှာပဲ မစ္စတာကင်တားနားက တောင်းဆိုလိုက်တာပါ။ ဒီလိုထောင်ဒဏ် ချလိုက်တာကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ကလည်း ဝေဖန်ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို သွေးထိုးလှုံ့ဆော်တာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အဲဒီ ၀န်ထမ်း သုံးဦးအပေါ် ထောင်ဒဏ်နှစ်နှစ်ကနေ ခြောက်နှစ်အထိ သောကြာနေ့က အသီးသီးချမှတ်ခဲ့တာပါ။ အခုလို ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် ပြစ်တင်ဝေဖန်ပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မစ္စတာကင်တားနားက တောင်းဆိုပါတယ်။

“ကျနော့်ရဲ့ ထင်မြင်ချက်အရဆိုရင် အဲဒီ ကုလသမဂ္ဂ၀န်ထမ်းတွေအပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိပါဘူး။ ဒါက ပထမပြဿနာပါ။ ဒုတိယပြဿနာကတော့ မြန်မာနိုင်ငံမှာ စနစ်ကျတဲ့ တရားစီရင်ရေးမရှိပါဘူး။ အခု အဖမ်းခံရသူ အများအပြားဟာ ရှေ့နေငှားခွင့်မရ၊ အထောက် အထားတွေနဲ့ သက်သေတွေ တင်ပြခွင့်မရဘူးဆိုတာ ကျနော်သိထားပါတယ်။ ဒါ့အပြင် တရား စီရင်ရေးဟာ ဘက်မလိုက်တဲ့ပုံ၊ သီးခြားလွတ်လပ်တဲ့ပုံ မရှိပါဘူး။ ဒီသုံးသပ်ချက်တွေ အကုန်လုံး အရ ပြောမယ် ဆိုရင် သူတို့ကို ထောင်ဒဏ်ချမှတ်လိုက်သည်ပဲဖြစ်ပါစေ၊ အစိုးရအနေနဲ့ သူတို့ အားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးသင့်တယ် ဆိုတာ ကျနော့်အတွက်တော့ ရှင်းပါတယ်။”

မစ္စတာကင်တားနားရဲ့အမြင်နဲ့ အလားတူပဲ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အာရှဒေသ စည်းရုံး လှုံ့ဆော်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန် ဆစ်စ်တန် (John Siston) ကလည်း မြင်ပါတယ်။

“ဒီအမှုကို စစ်ဆေး စီရင်တဲ့နှုန်းနဲ့ စွပ်စွဲချက်တွေအရဆိုရင် မျှတမှုမရှိဘူးဆိုတာ သေချာပါတယ်။ ဒါဟာဖြင့် မြန်မာအာဏာပိုင်တွေဟာ လူမျိုးစု အချင်းချင်းအကြား ဟန်ချက်ညီမှုရှိအောင် လုပ်ရမယ့် အစား ရိုဟင်ဂျာတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ နောက်ထပ် ဥပမာ တခုဖြစ်ပါတယ်။”

မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံလာပြီး ရခိုင်ပြည်နယ်ဘက် သွားရောက်ခဲ့သလို ဖမ်းဆီးခံ ထားရတဲ့ ကုလသမဂ္ဂနဲ့ INGO တွေက ၀န်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ ပါသေးတယ်။ အဲဒီခရီးစဉ်အဆုံးသတ်မှာ ဖမ်းဆီးထား သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ သီးခြား လွတ်လပ် တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းဖို့ တိုက်တွန်းခဲ့ပါတယ်။

အခု သုံးယောက်ကို စီရင်ချက်မချခင်မှာ ဖမ်းထားသူတွေထဲက အများစုကို မြန်မာ အာဏာပိုင်တွေ က ပြန်လွှတ်ပေးခဲ့ပါတယ်။ မစ္စတာကင်တားနား တိုက်တွန်းခဲ့သလို နိုင်ငံတကာကော်မရှင်တရပ် ဖွဲ့စည်းရေးဆိုတာကိုတော့ ပယ်ချပြီး ပြည်တွင်းက ထင်ရှားသူတွေပါဝင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းထားပါတယ်။

HRW အဖွဲ့ရဲ့ ဂျွန် ဆစ်စ်တန်က အဲဒီကော်မရှင်အတွက် အကြံပြုချက်တချို့ကို ပြောခဲ့ပါတယ်။

“သူတို့ ပထမဆုံး လုပ်သင့်တာကတော့ အဖြစ်အပျက်ရဲ့ တကယ့်အခြေခံအကြောင်းကို သိနိုင်မယ့် ဘက်မလိုက်တဲ့ အချက်အလက် စူးစမ်း ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဖို့ပါပဲ။ ဖြစ်သွားတဲ့အပေါ် ငြင်း ခုံပြောဆိုနေတာက အချိန်တွေ အလဟဿ ဖြစ်စေပါတယ်။ ရုန်းရင်းဆန်ခတ်တွေ အကြီး အကျယ်ဖြစ်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပြီး ဘယ်လိုဖြစ်ရတယ်၊ ဘယ်သူတွေမှာ တာဝန်ရှိ တယ်ဆိုတာကို စုံစမ်း စစ်ဆေးဖို့လိုပါတယ်။ အဲဒီနောက်မှာ ဘယ်လိုရှေ့ဆက်သွားကြမယ်၊ အနာဂတ်မှာ ပဋိပက္ခတွေ လျော့နည်းစေပြီး လူမျိုးစုတွေကြား ဘယ်လို ဟန်ချက်ညီနေထိုင်ကြမယ် ဆိုတာကို ရှာဖွေဖို့ ဖြစ်ပါတယ်။”

HRW အဖွဲ့က ဂျွန် ဆစ်စ်တန်ပါ။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးစုအချင်းချင်းကြား ရုန်းရင်းဆန်ခတ်မှုတွေအပေါ် မြန်မာတာဝန်ရှိ သူတွေသာမက လူထု ကိုယ်တိုင်ရဲ့အမြင်နဲ့ နိုင်ငံတကာက မြင်ကြတာတွေဟာ အတော်လေး ကွဲပြားနေပါတယ်။ ကုလသမဂ္ဂနဲ့ HRW အဖွဲ့တို့ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို တောက်လျှောက် စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့ တိုက်တွန်း တောင်းဆို ခဲ့တဲ့ အဖွဲ့တွေ လည်း ဖြစ်ပါတယ်။

အခု ရခိုင်ပြည်ပဋိပက္ခမှာတော့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို သာမက သတင်းမီဒီယာတွေကို လည်း ဝေဖန် ပြစ်တင်တာတွေ ရှိလာခဲ့ပါတယ်ခင်ဗျား။
မှကူးယူဖော်ပြပါသည်။

Sunday, August 26, 2012

ရိုဟင်ဂျာကိစ္စ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြားချက်

 သြဂုတ်၊ ၂၄၊ ၂၀၁၂

မူဆလင် ရိုဟင်ဂျာတွေအပေါ် မြန်မာ နိုင်ငံသားတွေရဲ့ သည်းခံနိုင်မှု အားနည်းခြင်းဟာ အမေရိကန် တချို့ရဲ့ မြန်မာနိုင်ငံအပေါ် အမြင်ကို တစုံတရာ ထိခိုက်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချပေးဖို့ ကိစ္စကိုတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ Derek Mitchell က ပြောလိုက်ပါတယ်။

အမေရိကန် အခြေစိုက် Wall Street Journal နဲ့ တွေ့ဆုံ မေးမြန်းစဉ်မှာ Mr. Derek Mitchell က အခုလို ပြောလိုက်တာပါ။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လျင်လျင်မြန်မြန် ဖြစ်လာတာ၊ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတာကို အလွန်ပဲ အံ့သြမိကြောင်း၊ ဒါပေမယ့် ဒီကိစ္စဟာ မိမိတို့ရဲ့ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးဖို့ ဆုံးဖြတ်ချက်ကိုတော့ သက်ရောက်မှု မရှိကြောင်း Mr. Derek Mitchell က ပြောပါတယ်။နိုင်ငံတကာ အနေနဲ့ အတိတ်ကာလက မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ များသောအားဖြင့် အာရုံစိုက်ခဲ့ကြပေမယ့် အခု ရိုဟင်ဂျာ ကိစ္စမှာ ခွဲခြားဆက်ဆံမှု အတော်များများဟာ သာမန် ပြည်သူတွေရဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။
တချို့ မြန်မာနိုင်ငံသားတွေဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ နေထိုင်ပိုင်ခွင့် အခွင့်အရေးကို မေးခွန်း ထုတ်နေတာတွေတောင် ရှိနေတယ် လို့လည်း ဆိုပါတယ်။ အတွေးအခေါ်အရ တိုးတက်သူတွေလို့ သတ်မှတ် ခံထားရသူတွေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေး တောင်းဆို တိုက်ပွဲ ဝင်ခဲ့သူတွေ အပါအဝင် မြန်မာ နိုင်ငံသားတွေ ကြားမှာ သည်းခံနိုင်မှု အားနည်းတာတွေ၊ ခွဲခြား ဆက်ဆံတာတွေကို တွေ့လိုက်ရတဲ့အခါ မိမိအနေနဲ့ စိတ်မသက်မသာ ဖြစ်ရပါတယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။
ဒီလို အချက်တွေဟာ မိမိတို့နဲ့ သူတို့အကြားမှာ တစုံတရာ အတိုင်းအတာအထိ မတူတဲ့ အမြင်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ရခိုင် တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဒုက္ခ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ ရိုဟင်ဂျာတွေကိုပဲ အသားပေး ကူညီနေတာတွေ အပေါ် ဒေသခံ ရခိုင်တွေရဲ့ ခံစားချက်တွေကိုလည်း မိမိတို့ ထပ်တူထပ်မျှ နားလည် ခံစားရပါတယ်လို့လည်း Mr. Derek Mitchell က ပြောပါတယ်။
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။



 

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ သို့ မြန်မာ မူဆလင် ကွန်ယက်မှ သမိုင်းဝင် အထောက်အထားများ လှူဒါန်း



ရန်ကုန်မြို့ အခြေစိုက် မြန်မာမွတ်စလင်မ် ကွန်ရက်မှ ဒေါက်တာမြင့်သိန်း (စာရေးဆရာ ငြိမ်းချမ်းလုလင်) ဦးစိန်မြင့်၊ ဦးထွန်းကြည်တို့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီသို့ သွားရောကကာ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင် ဦးရာရှစ်၊ ပင်လုံစာချုပ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ဦးဖေခင်၊ အာဇာနည် ဦးရာဇတ်တို့နှင့် ဆက်စပ်သည့် စာရွက်စာတမ်း၊ အထောက်အထားများ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ အကြံပြုချက်များကို လည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြံပြုချက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကုလသမဂ ၏ ပဋိညာဉ်နှင့် အညီ နိုင်ငံတကာစံနှုန်းများနှင့် ချိန်ထိုး၍ ပြင်ဆင်ပေးရန်လည်းကောင်း ၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာမူဆလင် အစုအဝေးအား မြန်မာသမိုင်းတွင် ပြန်တမ်းဝင်ခဲ့သော အမည်များဖြင့် ဖြစ်စေ၊ ၁၉၇၃ ခုနှစ် ကမ္ဘာသို့ တရားဝင်ကြေငြာထားပြီးဖြစ်သော လူမျိုးအမည်များဖြင့် ဖြစ်စေ ထည့်သွင်းကောက်ယူပေးပါရန် ဖော်ပြပါရီကြောင်း သိရှိရသည်။ ကော်မတီနှင့် တွေ့ဆုံရာတွင် မြန်မာမူဆလင် ကွန်ရက်မှ အလှူငွေ တစ်သိန်းကျပ်ကို ဗိုလ်ချူပ်အောင်ဆန်း အတ္တုပတ္တိ ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီသို့ ပေးအပ်ရာ ကော်မတီဝင် ဒါရိုက်တာ မောင်မိုးသူက လက်ခံရယူခဲပါသည်။
http://news.mmsy.info/

မှကူးယူဖော်ပြပါသည်။

ကမ္ဘာကို ဗြောင် မလိမ်ပါနဲ

ဌေးလွင်ဦး

ဇွန်လ အတွင်း ရခိုင်ပြည်နယ်ထဲမှာ မွတ်စလင်များကို သတ်ချင်တိုင်း သတ်၊ မောင်းထုတ်ချင်တိုင်း မောင်းထုတ်၊ မွတ်စလင်အိမ်များကို အကြီးအကျယ် မီးရှို့ခဲ့ပြီး--၊

ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီတွေက - သူတို့ရဲ့ ရာဇ၀တ်ကျူးလွန်မှုများကို မွတ်ဆလင်များကို တစ်ဘက်သတ် ထိုးချခဲ့ပါတယ်။ မြန်မာတစ်ပြည်လုံးကလည်း အုံးအုံးကျွက်ကျွက် ညံသွားပြီး- တိုင်းရင်းသားတွေကို ကျူးကျော် သူတွေက အတင်းအကြမ်းဖက်သလို ၀ါဒဖြန့်လိုက်ပါတယ်။

အဆိုးဆုံး အခြေအနေထိ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက ဖန်တီးလိုက်ယုံမျှ မက-၊ ဖြစ်နေဆဲ၊ ငတ်ပြတ် ပြေးလွှားနေဆဲကာလမှာ မြန်မာပြည်ထဲက သွားလေသမျှသော အလူများ အားလုံးကို ဗုဒ္ဓဘာသာများကသာ မောင်ပိုင်စီးလိုက်ပါတယ်။ မေတ္တာရှင် ဘုန်းကြီးများ ကလည်း ရခိုင်မှအပ ကျန်တာအားလုံးကို သေစေချင်စိတ် မျိုးပြုတ်လိုစိတ် အတုံးလိုက် အတစ်လိုက် ဖေါ်ပြခဲ့ကြပါတယ်။

နိုင်ငံကျော် နာရေး ကူညီမှု အသင်းကြီး အဓိကရုန်း ဖြစ်ရာ ဒေသကို ရောက်သွားတယ်၊ မွတ်ဆလင်တွေကို ကူညီခဲ့တာ လုံးဝ မတွေ့ပါ။ ၈၈ မျိုးဆက် ရောက်သွားတယ်၊ မွတ်ဆလင်များကို မကူညီတဲ့ အပြင် မလိမ်မိုးမာ တွေကလေးတွေကို ဆုံးမသလို ဆုံးမ နေလိုက်သေးတယ်။

အနုပညာရှင်များက ရခိုင်အတွက် ရံပုံငွေရှာပွဲတွေ ကျင်းပတယ်၊ မွတ်ဆလင် ဒုက္ခသည်များ အတွက် လုံးဝ လုံးဝ မပါခဲ့။ ဒီလို နာမည်ကျော် နာမည်ကြီး အဖွဲ့ကြီးများ လူမှုရေး အသင်းကြီးများသည်ပင်- ရခိုင်ဒုက္ခသည် ထက် အဆပေါင်းများစွာ ဒုက္ခရောက်နေတဲ့ မွတ်ဆလင်များဆီသို့ နှမ်းလေး တစ်စေ့မျှ မဖိတ်ခဲ့ပါ။

ရပ်ကွက်လိုက် မီးရှို့မောင်းထုတ် သုတ်သင်ခံရလို့ မိုးထဲလေထဲမှာ ဒုက္ခအကြီးအကျယ် ရောက်နေတဲ့ မွတ်ဆလင် များကို သွားရောက်ကူညီဘို့ ကြိုးစားတဲ့ ပြည်မက မွတ်ဆလင်များကိုလည်း နည်းမျိုးစုံနဲ့ ခြိမ်း ခြောက်ပိတ်ပင် ဟန့်တား- အချိန်ဆွဲထားပြန်သေးတယ်၊ အကူအညီ တစ်ရက်နောက်ကျရင် မွတ်ဆလင် တစ် ရာ ပို သေသွားလည်း မနည်းဘူး- ဆိုတဲ့ အနောက်သား နိုင်ငံရေး ရခိုင်ဘုန်းကြီးများရဲ့ မေတ္တာကို ထုတ်ပြလိုက် ပြန်ပါတယ်။

ဒါတွေကို အကုန်သိနေတဲ့ ကမ္ဘာ့မိသားစုက အကူအညီ မဖြစ်မနေ လိုအပ်နေတဲ့ မွတ်ဆလင်ဒုက္ခသည် တွေဆီကို ရောက်အောင် ထိုးဖေါက်ပြီး အတင်းဝင်ကူညီတော့-- (သူတို့ကို နာရေးအသင်း၊ ဘာအသင်း ညာ အသင်းများက ကူညီတဲ့ မြန်မာငွေ မဖြစ်စလောက် အဆပေါင်းများစွာ ပိုများနေတာကို မြင်လိုက်ရတဲ့ အချိန်မှာ) ငါတို့ကိုတော့ မကူညီဘူးလို့-- အရှက်မရှိ ထအော်ပြန်တယ်။ UN ကိုတောင် အလိုမရှိတော့ဘူး ဆိုပြီး ဆန္ဒပြလို ပြ-- အတော်လည်း အရှက်သိက္ခာ မထိန်းနိုင်တော့ပါလား-။

UN ဆိုတာ- ဘယ်သူတွေက တစ်ကယ်လိုအပ်တယ်၊ ဘယ်သူတွေကတော့ တစ်ကယ်မလိုအပ်ဘူး- ရတာမြင် ရင်တောင်းစားချင်တဲ့ သူတောင်စားစိတ် ရှိသူများဖြစ်တယ်။ ဆိုတာ အသေးစိတ်သိနေသူများပါ။ သူတို့ရဲ့ ကွန်ယက်နဲ့ ထောက်လှမ်းရေးများက ကမ္ဘာ့အနှံ့မှာ နေရာချပြီးသား ဖြစ်နေတယ် ဆိုတာလောက်တော့ သိဘို့ ကောင်းပါတယ်။

တစ်ကယ်လို့ မျိုးချစ်ဗုဒ္ဓဘာသာလို့ ခံယူထားသူများကသာ ဗုဒ္ဓဘာသာက ပြောနေတဲ့ မေတ္တာ၊ စေတနာ၊ ကရုဏာ တွေကို ပါးစပ်က ပြောနေသလို တစ်ကယ် လက်တွေ့ ကျင့်ကြံနေမယ် ဆိုရင် ဒီလို ပြသနာမျိုး အစက တည်းက ဖြစ်လာစရာ မရှိသလို၊- ဖြစ်လာခဲ့ရင်လည်း လူလူချင်း ဒုက္ခသည်အားလုံးကို ညီတူမျှတူ ပံ့ပိုးခဲ့မှာပဲ ဖြစ်တယ်။ ဒီလို အခြေအနေ ကိုယ့်ဘက်က ရှိနေလျှက်- တစ်ခြားတစ်ဘက်က ခွဲခြား မျက်နှာသာ လိုက်တာမျိုး ရှိရင် မျက်နှာလိုက်တတ်တဲ့ အဖွဲ့၊ လူပုဂ္ဂိုလ်များကို တော်လှန်ပါ၊ ဆန္ဒပြပါ၊ ဆန့်ကျင်ပါ--။ အမှန်တရားကို ချစ်သူ တိုင်းက ထောက်ခံအားပေးမှာ သေချာပါတယ်။

မြန်မာနိုင်ငံ ဘေးဒုက္ခများ ဖြစ်တဲ့ နာဂစ်မုန်တိုင်း သင့်စဉ်က မွတ်ဆလင်တွေဟာ ဘာကိုမှ မခွဲခြားဘဲ အမြောက် အများကူညီစောင်မခဲ့တယ်။ ရခိုင် ဂီရိ မုန်တိုင်းသင့်စဉ်ကလည်း ဆော်ဒီမင်းသားကိုယ်တိုင် ဒေါ်လာ သန်း ၂၀ ထောက်ပံ့ကူညီခဲ့တယ်။ အခု အထိကရုန်းမှာလည်း တူရကီ (မွတ်ဆလင် နိုင်ငံက) မခွဲမခြား ကူညီခဲ့တယ်- ဆိုတာကိုများ - မြန်မာလူမှုရေး အသင်းများ-၊ ရခိုင်အမျိုးသားရေးဝါဒီများ ခံစားတတ်ရင် ရှက်ပြီး သေလိုက်ဘို့ ကောင်းနေပြီ။

လူဆိုး တစ်သိုက်ကြောင့် လူကောင်း အပေါင်း တစ်ကယ် ဒုက္ခရောက်ရခြင်းကို နှစ်ထောင်းအားမရ မရှိပါ။ အားလုံးကို ဒုက္ခဘ၀များက လွတ်မြောက်စေလိုပါတယ်။ အားလုံးကိုတည်း တတ်အားသမျှ ကူညီပြီး ဘ၀များ ပြန်လည်တည်ဆောက်နိုင်ဘို့ ဖြည့်ဆည်းပေးစေလိုတဲ့ ဆန္ဒလည်း ရှိပါတယ်။ ဒါပေမယ့်-- ကိုယ့်ဒုက္ခကိုယ်ရှာ နေသူများအတွက် ပြေးကပ်လာနေတဲ့ ဒုက္ခငရဲဝဲဂယက်ကြီးထဲမှာ- အပြစ်မဲ့ပြည်သူများ မြုပ်ဝင်မသွားစေဘို့ ပြည်သူများကိုယ်တိုင်က ရှောင်ရပါမယ်။ လူကောင်း ဖြစ်လိုသူဟာ- ကုလားဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် ဗမာဖြစ်ဖြစ် လူကောင်း လူကောင်းချင်း ပူးပေါင်းရဲတဲ့ သတ္တိများ လိုအပ်ပါမယ်။ လူဆိုးလူမိုက်များကို ဇွတ်ကြိုက်နေတဲ့ အကျင့်များကို ပြင်ဆင်ရပါမယ်။

လူဆိုးလူမိုက်များကို ကမ္ဘာက ပါးပါးလေး တစ်ကွက်လောက်ပဲ ထုတ်ပြပါသေးတယ်-၊ အခုပဲ အားလုံး အုံးအုံး ကျွက်ကျွက် အော်တဲ့ အလုပ်ကို လုပ်နေပါပြီ။ ဆက်ပြီးလိမ်၊ ဆက်ပြီးမိုက်- ဆက်ပြီး ဇွတ်တိုးမယ် ဆိုရင်--၊ နောက် ဆက်တွဲများစွာကို- ထောက်ခံနေသူ အားလုံး ခံစားရတော့မှာပါ။--

ကမ္ဘာကို ဗြောင်လိမ်ဘို့ ဆက်မကြိုးစားပါနဲ့-၊ မဆင်မခြင်ဘဲ ကမ္ဘာကို အာခံဘို့ မကြိုးစားပါနဲ့-၊ လူလိမ်တွေထဲက အဓိပတိခေါင်းဆောင်ကြီးကို ရွေးချယ်ပြီး- ကမ္ဘာကို ထွက် မေတ္တာရပ်ခံခိုင်းရင်လည်း-၊ အရှက်ကွဲရခြင်းနဲ့ပဲ ကြုံ သွားရပါတော့မယ်။-

http://www.myanmarmuslim.net/
 
မှကူးယူဖော်ပြပါသည်။

မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင်

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၂၃) ရက် ၂၀၁၂ ခုနှစ်
ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ အမှန်တရားဖေါ်ထုတ်ပေးရန် ပြည်တွင်းလူထုနှင့် နိုင်ငံ တကာ၏ ဖိအားများ ကျရောက်လာပြီး နောက် သမတ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အမှန်တရားကို ဖုံးဖိ ထားရန်အတွက် အဖွဲ့အစည်း တခုပြီး တခုကို အသုံးချ ခဲ့သည်။

ပထမ တခုအား ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင် စေခဲ့သည်။ ဖွဲ့စည်း စေလွှတ် စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်အစီရင်ခံစာ တစွန်းတစမျှ ပြည်သူလူထုအတွက် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။ ဒုတိယ တခုမှာ လူ့အခွင့်အရေး ကော်မရှင်ဖြစ်သည်။

ယင်းမှာလည်း ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် ခြားနားမှုများစွာ မရှိလှပါ။ အမှန်တရားနှင့် စပ်လျှဉ်း၍ အားကိုးလောက်သော အချက်များ ပေါ်ထွက်မလာသည့်အပြင် လူ့အခွင့်အရေးရှုဒေါင့်မှပင် တိကျသည့် သုံးသပ်ချက်များ မထုတ်နိုင်ခဲ့ပါ။ ဟော ယခု တတိယ အဖွဲ့တခု လာပြန် ချေပြီ။

ရွာတရွာတွင် ရွာသူကြီး ကိုယ်တိုင်က ပြစ်မှုကျူးလွန်သည် ဟု စွပ်စွဲခံရသော အမှု၌ ယင်းကိုစုံစမ်းစစ်ဆေးရန် အတွက် ရွာသူကြီးက ပထမ ၄င်း၏ ညီကို တာဝန်ပေးလိုက်သည်။ သမတက ခန့်ထားသော ပြည်ထဲရေး ဒုတိယ ၀န်ကြီးသည် ရွာသူကြီး၏ညီအဆင့်ထက် မည်သို့မျှ မပိုပါ။ ဘာတခုမျှ စုံစမ်းစစ်ဆေး ဖေါ်ထုတ်မှု မတွေ့သဖြင့် ရွာသားတွေက မကြေနပ်ကြောင်း ဆန္ဒထုတ်ဖေါ်ကြသည်။ ဤတွင် ရွာသူကြီး က ဒုတိယ ၄င်း၏ တူကို လွှတ်လိုက်ပြန် သည်။ သမတ က ခန့်ထားခြင်းခံရ၊ သမတရုံး၏ အစိပ်အပိုင်းတရပ်အနေဖြင့် ရပ်တည်၊ သမတက ချပေးသော ငွေ ကြေးဖြင့် လုပ်ငန်း လည်ပတ်နေရသော လူ့အခွင့်အရေးကော်မရှင်သည် ရွာသူကြီး၏ တူ အဆင့်ထက် မည်သို့မျှ မပိုပါ။ ရွာသူကြီး၏ တူ သည်လည်း အမှန်တရားပေါ်အောင် ဘာတခုမျှ ထုတ်ဖေါ်ချက် ထွက်မလာသော အခါ ရွာသားတွေက မကြေနပ် ကြောင်း ဆက်လက်ဆန္ဒထုတ်ဖေါ်ကြပြန်သည်။ ဤတွင် ရွာသူကြီး က တတိယ အဆင့်အနေဖြင့် မွေးစားဦးလေး တဦး ကို ထပ်မံပြီး စေလွှတ်လိုက်ပြန်သည်။

မွေးစားဦးလေး ဟူ၍ သုံးလိုက်သဖြင့် စာရှုသူအနေဖြင့် မအံ့သြပါနှင့်။ ဦးလေးကို မွေးစားတာမှ မရှိတာ ဟူ၍ စောဒက မတက်ပါနှင့်။ စစ်အာဏာရှင်စနစ်အောက်တွင် မရှိသည့်အရာများ ရှိခဲ့သည်မှာ ကြာလှပါပြီ။ သမတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က သြဂုတ်လ ၁၇ ရက်နေ့ ဘီဘီစီနှင့် အင်တာဗျူး တွင်ပြောကြား သွားသည်ကို လေ့လာကြည့်ပါ။

"အစိုးရချည်းဘဲ အများထောက်ခံမှုမရနိုင်ဘူး။ ပြည်သူလူထု ပါဝင်မှုလည်း အလေးထားရမယ်။"

အများထောက်ခံမှုရစေရန်သာ ရွာသူကြီးက ရွာသားများအနက်မှ ပုဂ္ဂိုလ်အချို့ကို စုံစမ်းစစ်ဆေးစေရန် ဖွဲ့စည်းပေး လိုက်ပြန်ခြင်း ဖြစ်သည်။ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကို ဖေါ်ထုတ်ရန် အတွက် ဖွဲ့စည်း ပေးလိုက်ခြင်း မဟုတ်ပါ။ သမ္မတရုံး၏ အမိန့် ကြော်ငြာစာကို အစအဆုံး အသေအချာ ဖတ်ကြည့်ပါ။ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေးစေရန် ဟုသာ ပါရှိပြီး တာဝန်ရှိမှုကို ဖေါ်ထုတ်ရန် ဟူသည် ကို မည်သည့်နေရာတွင်မျှ တွေ့ရမည် မဟုတ်ပါ။ သို့ဖြစ်၍ ဤကော်မရှင်အားလည်း အရေးပေါ်မွေးစားဦးလေးထက် ပို၍ သမတက ကြောက်ရွံ့လေးစားမည် မဟုတ်ပါ။ အဘယ်ကြောင့်ပါနည်း။

ရခိုင်ပြည်နယ်အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းတာဝန်ပေးမှုဖြစ်စဉ် တစုံလုံးလွဲမှားနေ၍ ဖြစ်သည်။ ရွာသူကြီးကိုယ်တိုင် ပြစ်မှုကျူးလွန်ပါသည် ဟု စွပ်စွဲခံရသော မှုခင်းတွင် စုံစမ်းစစ်ဆေးစေဘို့ အခွင့်အာဏာကို ရွာသူ ကြီး ကဘဲ ကျင့်သုံးပြီး တဖွဲ့ပြီးတဖွဲ့ အသုံးချနေသည်ကိုက လွဲမှားနေပါသည်။ ရွာသူကြီးအား ဖြုတ်ပိုင်ခန့်ပိုင်ခွင့် ရှိသူ က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပေးမှသာ သဘာဝကျ ပါမည်။ နိုင်ငံများတွင် သမတ၊ ၀န်ကြီးချုပ်စသူများကို ဖြုတ်ပိုင်ခွင့် ရှိသူများ၊ အယုံအကြည်မရှိ အဆိုတင်ပိုင်ခွင့် ရှိသူများမှာ လွှတ်တော် နှင့် လွှတ်တော်အမတ်များ ဖြစ်ကြသည်။

ရွာသူကြီးနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးစေ၇န် ပေါ်ပေါက်လာသောဖြစ်ရပ်မှာ ရိုးရိုးမှုခင်း မဟုတ်ပါ။ လူ့အခွင့်အရေး နှင့် စပ်ဆိုင်နေသည်။

ဤတွင် လူ့အခွင့်အရေး နှင့် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုကို တစုံတရာ ရှင်းရန်လိုပါမည်။ သာဓက ပြပါမည်။ လူ့အခွင့်အရေးတွင် အသက်ရှင်သန်ပိုင်ခွင့် ဟူ၍ရှိပါသည်။ လူတဦးက အခြားတဦးကို သတ်ခြင်းမှာ အသတ်ခံရသူ၏ အသက်ရှင်သန်ပိုင်ခွင့် ကို ရုပ်သိမ်းလိုက် ခြင်းပင် ဖြစ်သည် ဟု နားလည်၍ရနိုင်သည်။ လူတဦးက အခြားလူတဦး၏ အသက်ရှင်သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် လူ့အခွင့် အရေးချိုးဖေါက်မှုကျူးလွန်ခြင်းဟု ဆိုနိုင်သည်။ သို့ရာတွင် နိုင်ငံတနိုင်ငံအတွင်း၌ လူတဦးက သို့မဟုတ် အများက အခြားလူတဦး သို့ မဟုတ် အများ၏ အသက်ရှင် သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်သော်လည်း နိုင်ငံတကာအနေဖြင့် လူ့အခွင့်အရေးရှုဒေါင့်မှ ချက်ခြင်း ထောက် ပြခြင်း ပါဝင်ခြင်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ရိုးရိုးသာမန်ပြစ်မှုအတွင်းတွင် အကြုံးဝင်သောကြောင့်ဖြစ်သည်။

နိုင်ငံတနိုင်ငံ၌ ပြည်သူအချင်းချင်းအတွင်း ဖြစ်ပွားသော လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ စသည် တို့အားလုံးမှာ ရိုးရိုးပြစ်မှုများ ဖြစ်နေသည်။ သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးလည်း ဖြစ်နေ သည်။ ၄င်းနိုင်ငံအတွင်းရှိ တည်ဆဲ ဥပဒေများအရ ပြစ်မှုကျူးလွန်သူများအား အရေးယူ ဆောင်ရွက် သွားရန်သာ ဖြစ်သည်။ နိုင်ငံတကာက ၀င် ရောက်ပြောဆိုကြလေ့မရှိ။ ပါဝင်ဆောင်ရွက်ကြလေ့မရှိပါ။

"အိန္ဒိယ နိုင်ငံ အာသံပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးအဓိကရုဏ်းကိုတော့ နိုင်ငံတကာက ဘာမှမပြောဘူး။မြန်မာ နိုင်ငံကိုတော့ ပြောလာတယ်။ ဒါ မတရားဘူး။" ဟူ၍ ထောက်ပြသူများ ရှိသည်။ သို့ဖြစ်လျှင် အိန္ဒိယ နှင့် မြန်မာနိုင်ငံ မည်သို့ကွာခြားနေပါသနည်း။ အိန္ဒိယ တွင် ဖြစ်ပွားသော လူမျိုးရေး အဓိကရုဏ်းမှာ သာမန်မှုခင်းဖြစ်သည်။ အစိုးရက လှုံ့ဆော်၊ ဖန်တည်း၊ ပါဝင်ကျူးလွန်မှုကြောင့် ဖြစ်ပွားရသည်ဟူသော စွပ်စွဲသံများ မကြားရ။ မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်မှာ ပြည်နယ်အစိုးရက အဓိကရုဏ်းကို ကိုင်တွယ်ရာတွင် အားနည်း နေ သည်။ ပြည်ထောင်စု အစိုးရက တိုက်ရိုက်ဝင်ကိုင်သင့်သည် ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ အိန္ဒိယ အရေးတွင် နိုင်ငံတကာ က ၀င်ရောက်ပြောဆို၇န် အကြောင်းမရှိ။ မည်သည့်နိုင်ငံမှာ မဆို ယင်းအဓိကရုဏ်းမျိုးဖြစ်ပွားလျှင် အစိုးရ ကသာ အလယ်မှာ တည့်တည့် ရပ်၍ သူ့နိုင်ငံအတွင်း ဖြစ်ပွားသော အဓိကရုဏ်းများအား သူကိုယ်တိုင် ဖြေရှင်းဆောင် ရွက် ပါက နိုင်ငံတကာက ၀င်ေ၇ာက်စွက်ဘက် ပြောဆိုစရာ အကြောင်းမရှိပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အဓိကရုဏ်းတွင်မူ အစိုးရကိုယ်တိုင်ပါဝင်ကျူးလွန်မှုများပြုနေကြောင်း နိုင်ငံတကာလူ့အခွင့် အရေး အဖွဲ့အစည်း ကြီး များ က စတင်ထောက်ပြလာသဖြင့် ဤပြသနာကို လူ့အခွင့်အရေးရှုဒေါင့်မှ ဝေဘန်ဆွေးနွေး မှုများ ပို၍ကျယ်လောင် လာခြင်းဖြစ် သည်။ အစိုးရ၏ ပါဝင်ပတ်သက်မှု မှာပင် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရတွင် ပို၍တာဝန်ရှိကြောင်းတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် အဓိကရုဏ်းအတွင်း ပြည်ထောင်စု ၀န်ကြီးများ ကသာ နေရာ တကာ ၀င်ရောက်အမိန့်ပေးနေကြသည်ဟူသော တိုင်းတန်းချက်များ ထွက်ပေါ်လာခဲ့သောကြောင့် ပင်။ မြန်မာနိုင်ငံ အတွင်း၌ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖေါက်မှုများပြုခဲ့သဖြင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့ အခွင့် အရေး အဖွဲ့အစည်းကြီးများက ၀င်ရောက်ပြောဆိုလာခဲ့ကြသည်မှာ ယခုမှ မဟုတ်ပါ။ အနည်းဆုံးအားဖြင့် ဆယ်စုနှစ် နှစ်စု ကျော်ခဲ့ပါပြီ။

နိုင်ငံတကာအနေနဲ့ လူ့အခွင့်အရေး ရှုဒေါင့်ကဆိုပြီးတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ခံရတာတော့ ထောက်ပြပြော ဆိုမှု ပြု ကြတယ်။ ရခိုင်တိုင်းရင်းသားတွေ ခံရတာတော့ ဘာကြောင့် မပြောသလဲ။ ရခိုင်တွေကရော လူမဟုတ်ဘူး လားဟူ၍ ဂရုဏာ ဒေါသောဖြင့် ဝေဘန်ကြသည်ကိုလည်း ကြားရသည်။ ဤသည်ကိုလည်း လိုက်စဉ်းစားဘို့်လိုပါမည်။ လူ့အခွင့်အရေးရှုဒေါင့်မှ နှစ်ဖက်မျှတစွာ ကြည့်ရန်တာဝန်ရှိပါလျှက် နိုင်ငံတကာသည် အမှန်တကယ် ဘက်လိုက်နေ သလား ဟူ၍ဖြစ်သည်။ အထက်တွင် တင်ပြခဲ့သကဲ့သို့ပင် နိုင်ငံတကာအမြင်မှ ကြည့်လျှင် လူ့အခွင့်အရေး ချိုးဖေါက် မှုကို အစိုးရကိုယ်တိုင်က ပြုလုပ်ခြင်းဟုတ် မဟုတ် ဆိုသည်ကို အဓိကကြည့်သည်။ လက်ရှိအာဏာရနေသော သမတ ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရသည် ရခိုင်တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကျူးလွန်နေပါ သလား။ သံသယဖြစ်ဘွယ်အချက်အလက်များ တွေ့ရှိလျှင် နိုင်ငံတကာသိအောင် တင်ပေးစေလိုပါသည်။ တစုံတရာ ခိုင်မာ လုံလောက်သည်ဟု ယူဆပါက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးများသည် ချက်ခြင်းပင် စိတ်ဝင်တစား တုန့်ပြန်ရန် သေချာသလောက်ဖြစ်သည်။

အမှန်တရားပေါ်ပေါက်ရေးအတွက် အစိုးရ၏ လုပ်ဆောင်မှုများအပေါ် စစ်ဆေးသင့်ကြောင့် သာဓက ဆက်လက်တင်ပြ ပါမည်။

စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြတ်ကျော် က ပုဒ်မ ၁၄၄ အောက်တွင် ထုတ်ထားသော ညမထွက် ရ အမိန့်ကို ချိုးဖေါက်သည်ဟူ၍ ရခိုင်တိုင်းရင်းသား ၆၅ ဦးကို ဖမ်းပြီး ထောင်ချခဲ့ကြောင်း။ ၄င်းတို့မှာအလုပ် အပြန် နောက်ကျ၊ နာရေးသွားကြ သူများဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားတွေသာ ယင်းသို့ထောင်ချခံထားရပြီး ဘင်္ဂါလီ ကုလား တွေကို တယောက်မှ မတွေ့ကြောင်း ၄င်းက သြဂုတ်လ ၂၃ ရက် ဘီဘီစီ အင်တာဗျူးတွင် ပြောကြားသွား ခဲ့သည်။

တချိန်တည်းတွင် ဘူးသီးတောင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးရွှေမောင်က ဘူးသီးတောင်တွင်မူ ထောင်ဒဏ် (၁၀) နှစ် အထိ အပြစ်ပေး ခံ ရသူ မွတ်ဆလင် ၁၀ ယောက်ခန့်ရှိကြောင်း၊ ၈ ရက်နေ့ဆူပူ မှု တွင် ပါဝင် ပတ်သက် ကြောင်းဖြင့် စွပ်စွဲကာ ၈ ရက် နှင့် ၉ ရက်နောက်ပိုင်းတွင် ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် ရှေ့နေငှား ခွင့်မရ၊ သက်သေခေါ်ခွင့်မရှိ၊ သက်ဆိုင်ရာ မိသားစုများအားလည်း တွေ့ခွင့်မရကြောင်း၊ တရားလိုဘက်က သက်သေ များကို သာ စစ်ဆေး၍ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောသွားခဲ့ပြန်သည်။

ဦးအောင်မြတ်ကျော်၏ ပြောကြားချက်ကို အခြေခံလျှင် လူအုပ်စု နှစ်ဘက်လုံးမှ ညဘက်ကို ထွက်ပါလျှက် အုပ်စု တခု မှ လူများကို တနည်းအားဖြင့် ရခိုင်တိုင်းရင်းသားများကိုသာ ရွေးချယ်ဖမ်းဆီးပြီး အခြားအုပ်စုမှလူများအား ဖမ်းဆီး ခြင်း မပြုသည့် သဘော ဆောင်သည်။ ယင်းသို့ဖြစ်လျှင် ခွဲခြားဆက်ဆန်ကိုင်တွယ်ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်မှန်လျှင် ရခိုင် တိုင်းရင်းသားများ၏ လူ့အခွင့်အရေး အရ တန်းတူရေးခံစားခွင့်ကို အစိုးရအာဏာပိုင်များက ငြင်းဆန်ရာရောက် သည်။ ဥပဒေစိုးမိုးရေးကို လည်း ရုပ်သိမ်းခြင်းဖြစ်သည်။ ဤသည်ကို လက်ခံ၍မရပါ။ ယင်းအတွက် တာဝန်ရှိသူမှာ စစ်တပ်၊ ရဲ အပါအ၀င် လုံခြုံရေးတပ်ဖွဲများ၏ အမြင့်ဆုံးအရာရှိကြီးများ၊ ၄င်းတို့ အပေါ် တိုက်ရိုက်အမိန့်ပေးခွင့်ရှိသော အုပ်ချုပ်ရေး အာဏာပိုင်အဆင့် ဆင့်များဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် ၄င်းတို့ကိုစစ်ဆေးပြီး အမှန် တရားကို ဖေါ်ထုတ်ရပါမည်။

ဦးရွှေမောင်၏ ပြောကြားချက်ကို အခြေခံလျှင် အဖမ်းခံရသူများအနေဖြင့် မှုခင်းတွင် တရားမျှတစွာ စစ်ဆေးခံယူပိုင်ခွင့် ဆုံးရှုံးနေသည့် သဘောဆောင်သည်။ တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ တည်ဆဲဥပဒေများပါ လူတိုင်းရသင့်သည့် အခွင့် အရေးများ ရုပ်သိမ်းခံရသလို ဖြစ်နေသည်။ အမှုများတွင် ခုခံချေပခွင့် ဟူသည်မှာ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပင် ပြဌာန်းပါရှိသည်။ ပုဒ်မ ၁၄၄ ထုတ်ထား သော်လည်း ယင်းအခွင့်အရေးကိုရုပ်သိမ်း၍မရပါ။ ယင်းသို့ဖြစ်ပါကတာဝန် ရှိသူများမှာ အဆိုပါမှုခင်းများအား ကိုင်တွယ်စစ်ဆေးခဲ့ သည့် တရားရုံးများနှင့် တရားသူကြီးများဖြစ်သည်။ စုံစမ်း စစ် ဆေး ရေးကော်မရှင်အနေဖြင့် ၄င်းတို့အား စစ်ဆေး ဖေါ်ထုတ်ရန် လိုအပ်ပါသည်။

အဓိကရုဏ်းကြီးအတွင်းဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာ မှုခင်းများ အားလုံးမှာ လျှို့ဝှက်ချက်များနှင့် ပြည့်လျှက်ရှိသည်။ ပထမဆုံး စတင်ဖြစ် ပွားခဲ့သည့် ရခိုင်မိန်းခလေးတဦးအား မုဒိမ်းကျင့်ပြီး သတ်ခဲ့သည် ဟူသော အမှုတွင် တရားခံသုံးဦး အနက် တဦးမှာ အချုပ်ခန်းအတွင်း၌ ကြိုးဆွဲချသေဆုံးသွားကြောင်းသိရသည်။ အမှန်တကယ် ကြိုးဆွဲချသေတာ ဟုတ် ရဲ့လား။ မည်သည့်စစ်ဆေးဖေါ်ထုတ်မှုမျှ မကြားရ။ သေမှုသေခင်း စစ်ဆေးခဲ့သည့် မှုခင်းမှတ်တမ်းမရှိ။ ဤမျှနှင့် ဇာတ် လမ်းပြီးဆုံးသွားသည်။ အဓိကရုဏ်းဖန်တည်းဘို့ မှုခင်းကျူးလွန်ခိုင်း ခံရသူက နောင်ကို အမှန်တရား ထုတ်မပြော နိုင် စေရန် နုတ်ပိတ်လိုက်သလား။ သံသယများ ရှင်းသွားစေရန် အမှန်တရားကို ဖေါ်ထုတ် ရပါမည်။

ထို့အပြင် ကုလသမဂ္ဂ၀န်ထမ်းများအား အရေးယူခဲ့သည့် မှုခင်းများ အပါအ၀င် အဓိကရုဏ်းအတွင်း ပြစ်မှုဆိုင်ရာ အရ အရေးယူခဲ့သည့် မှုခင်းများအားလုံး၌ သတင်းဌာနများ၏ မေးမြန်းခွင့်၊ အများပြည်သူ၏ သိရှိခွင့်များ ရုပ်သိမ်းခံနေရဆဲ ဖြစ်ကြောင်းတွေ့ရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပါရှိသည့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး ဆိုသည်မှာ အသံသာရှိပြီး အဆန်မရှိဖြစ်နေ သည်။ တရားရုံးများ၏ အမှုတွဲများသည် တိုင်းပြည်၏ လျှို့ ၀ှက်ချက်မဟုတ်ပါ။ အများနှင့် ဆိုင်သော စာတမ်းအမှတ်အသားများဖြစ်သည်။ သက်ဆိုင်သူများက သတ်မှတ်သော အခကြေးငွေပေးလျှင် မိတ္တူကူးခွင့်ပြုရပါမည်။ ယင်းအမှုတွဲမှတ်တမ်းများအား လေ့လာခွင့်ရလျှင်ပင် အမှန်တရားကို အတော်အသင့်ထုတ်ဖေါ်နိုင်ပါမည်။

ချုပ်၍ ဆိုရလျှင် စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ရပ်က အမှန်တရားဖေါ်ထုတ်ရာတွင် ပထမဆုံးအနေနှင့် ပြစ်မှု ကြောင်းအခြေခံများနှင့် စပ်လျှဉ်း၍ သမတ ဦးသိန်းစိန်မှစပြီး အခြားတာဝန်ရှိအစိုးရအဖွဲ့ဝင်အဆင့်ဆင့်၊ အုပ်ချုပ် ရေးအာဏာပိုင်အဆင့်ဆင့်၊ တရားစီ၇င်ရေး အပါအ၀င် တိုင်းပြည်ယန္တယားများနှင့် လုံခြုံရေးအရတာဝန်ယူ ဆောင် ရွက်ခဲ့ကြသည့် စစ်တပ် ရဲ စသည့် လုံခြုံရေး ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်တို့အား အဓိကအားဖြင့် ဇောင်းပေး၍ စစ်ဆေးရန်ဖြစ်သည်။ သမတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က"ပြစ်မှုဆိုင်ရာတွေ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်ဖွဲ့ခဲ့တာရှိတယ်။ ပြစ်မှုတွေဟာ ပြည်နယ် အဆင့် ကြီး မားကျယ်ပြန့်တဲ့ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ကိုယ်တိုင် စစ်ဆေးတယ်။ Criminal Investigation (ပြစ်မှုဆိုင်ရာ စုံးစမ်းစစ်ဆေးရေး) ဖြစ်တယ်။ အခုဟာက community (လူ့အသိုင်းအ၀ိုင်း) နှစ်ခုရဲ့အကြားက ပဋိပက္ခတွေ --" ဟု ပြောသွားခြင်းကို ထောက်လျှင် ပြစ်မှုဆိုင်ရာတွေ အတွက် စစ်ဆေးပြီးပြီ ဟု ပြောလိုပုံရသည်။ အဓိကရုဏ်းကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာမှုခင်းကြီးများနှင့်စပ်လျှဉ်းပြီး ယခုဖွဲ့ပေး လိုက်သည့် ကော်မရှင်က စုံစမ်းရန်မလိုဟုလမ်းညွှန် သည့်သဘော ဆောင်သည်။ ဤသည်ကို လက်မခံသင့်ပါ။ လူ့အသိုင်းအ၀ိုင်းနှစ်ခု အကြားက ပဋိပက္ခ ကိုတော့ အဖြေ တွေ့အောင်ရှာ၊ ပြစ်မှုဆိုင်ရာ မှုခင်းကြီးတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့တာဝန်ရှိမှုကို ဖေါ်ထုတ်ဘို့ ကတော့ ခင်ဗျားတို့ အလုပ်မဟုတ်ဘူး ဟု ဆိုလိုရာရောက်သည်။

အစိုးရ ကိုယ်တိုင်က ပါဝင်ကျူးလွန်သော မှုခင်းဖြစ်လျှင် ကော်မရှင်အနေဖြင့် ၄င်းအားပေးအပ်ထားသော တာဝန်ဖြစ် သည့် "ကွဲပြားသော အယူဝါဒ ရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်း လမ်းများ ရှာဖွေရန်" ဟူသည်မှာ မည်သည့်အခါတွင်မျှ အောင်မြင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နောင်ကို လည်း အစိုးရကိုယ်တိုင်က ပဋိပက္ခထပ်မံဖန်တည်းမှာ ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။

ဦးသိန်းစိန်ကိုယ်စား ဦးဇော်ဌေးလမ်းကြောင်းချပေးနေသည်ကို လက်ခံလျှင် တရားခံအစစ်ကို မည်သည့်အခါတွင်မျှ ဖေါ်ထုတ်နိုင်မည် မဟုတ်ပါ။ တရားခံအစစ်မပေါ်ပါက အနာရင်းကို မသိသဖြင့် ဆေးစစ်ဆေးမှန် မတွေ့နိုင်ပါ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် အောက်ခြေ တွင်သာ ဟိုမေးသည်လိုက်ဖြင့် ဖတ်ဖတ်မောကာ မြစ်ကို အလျားလိုက်ကူးခိုင်းခံထားရသလို ဖြစ်နေပါမည်။ ယင်းသို့ မဖြစ်လိုပါက စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမဆုံး အလုပ်မှာ ရခိုင်ပြည်နယ်တွင် မရှိပါ။ နေပြည်တော်တွင် ရှိပါ မည်။ သမတ ဦးသိန်းစိန်ကို စတင် စုံစမ်းမေးမြန်းရန် ဖြစ်သည်။ အဓိကရုဏ်းကာလအတွင်း သမတရုံးနှင့် သက်ဆိုင် ရာ ၀န်ကြီးများက ထုတ်လိုက်သည့် အမိန့်များ၊ ညွန်ကြားလွှာများ၊ ကြေးနန်းများ၊ တယ်လီဖုံးမှတ်တမ်းများ၊ ၀န်ကြီး အဖွဲ့ အစည်းအဝေးမှတ်တမ်းများကို ဖတ်ရှု လေ့လာ၇န်လိုပါမည်။ ဤလုပ်ပိုင်ခွင့်များ မရနိုင်ပါက ယခုအသစ်ဖွဲ့လိုက်သော ကော်မရှင်သည် အစိုးရ၏ တာဝန်ရှိမှု ကို တိတိကျကျ ဖေါ်ထုတ်နိုင်မည့် အလားအလာ လွန်စွာနည်းနေပါမည်။

သူရ ဦးရွှေမန်းသည် ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူဖြစ်သည် ဟူသည့် ဥပဒေစိုးမိုးရေး စကားလုံးကို လွန်ခဲ့ သည့် ရှစ်နှစ်ခန့် ဗိုလ်ချုပ်ဘ၀ ကထဲက စသုံးလာခဲ့သည်။ လူထု အတော်များများက ဟုတ်များ ဟုတ်လေမလားဟူ၍ မျက်လုံးပြူးကာ ထကြည့်မိခဲ့ကြသည်။ သို့ရာတွင် လက်တွေ့အရ စစ်မှန်သော ဥပဒေစိုးမိုးရေး ကို အုတ်မြစ်ချစေမည့် မည်သည့် လုပ်ဆောင်မှုမျှ မတွေ့ရ။

ဥပဒေစိုးမိုးရေးအခြေခံကို တည်ဆောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးများအား ပြင်ရေး အတွက် ကမကထပြုသံ ၄င်းထံမှ တခါမျှ မကြားရ။ ဥပဒေစိုးမိုးရေး ကို ဖျက်သိမ်းထားသည့် မတရား ဥပဒေ တခုတလေကိုမျှ ရုပ်သိမ်းပေးခဲ့ခြင်းမရှိ။ ဥပဒေစိုးမိုးရေးကို အားဖြစ်စေရန် State Institution ဟု ခေါ်သည့် တိုင်းပြည် အုပ်ချုပ်ရေး အဆောက်အအုံများကို ပြင်ရန် လှုံ့ဆော်မှု တခုတလေမျှ မပြု။ တိုင်းပြည်အာဏာခွဲဝေကျင့်သုံးမှု ဟူသည် ကို ပါးစပ်ကပြောသော်လည်း လက်တွေ့တွင် ၄င်းဦးဆောင်သည့် ဥပဒေပြုလွှတ်တော်သည် သမတ ဦးဆောင်သည့် အုပ်ချုပ်ရေးအာဏာကို စစ်ဆေးရမည့် အလုပ်အား မလုပ်။

ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ အဆင့်ဆင့်တွင် တာဝန်ပေး အပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် ဟူသော အဆိုကို သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်က ပယ်ချခဲ့ခြင်း ဖြင့် ဆိုးဝါးသည့် အုပ်ချုပ်ရေးနှင့် လာဘ်စားနေသည့် အစိုးရအဖွဲ့ဝင်များကို ကာကွယ် စေါင့်ရှောက်သည့် လုပ်ငန်းများ သာ လုပ်ဆောင်နေကြောင်းတွေ့ရသည်။

ယခုလည်း စစ်မှန်သော ပြည်သူ့လွှတ်တော်တရပ်က ထမ်းဆောင်ရမည့် တာဝန်ကိုမျက်ကွယ်ပြုနေပါပြီ။ ယင်းမှာ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ သမတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၏ တာဝန် ယူမှု၊ တာဝန်ခံဆောင်ရွက်မှု ကိစ္စများ အား စုံစမ်းစစ်ဆေးရမည့်တာဝန်ကို လွှတ်တော်က မသိခြင်ယောင်ဆောင် လျှက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်စေလျှက် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေး ကော်မတီ ကို ဖွဲ့စည်း ထားရှိပြီးဖြစ်ပါလျှက် သမတက စုံစမ်းစစ်ဆေးရေးကော်မရှင် အသစ် တခုထပ်မံဖွဲ့စည်းခြင်းအပေါ် လွှတ်တော်က ကန့် ကွက်မှု မပြု။

ယင်းကော်မရှင်အသစ် ဖွဲ့စည်းရခြင်းနှင့် စပ်လျှဉ်း၍ အောက်တွင် ဖေါ်ပြ ထားသည့် သမတရုံး အမိန့်ကြော်ငြာစာကို လေ့လာကြည့်ပါ။

"ရခိုင်ပြည်နယ်တွင် မေလနှင့် ဇွန်လ အတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်ပွားမှုများနှင့် စပ်လျှဉ်း ၍ ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အမျိုးသား အကျိုးစီးပွားတိုးတက်ရေးအကြံပြုရန် ဖွဲ့စည်း တာဝန်ပေးအပ်သည်။"

သမတ ကိုယ်တိုင်ကပင် ယခုပြသနာမှာ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ဟူသည်ကို လက်ခံထားပြီး ဖြစ် သည်။ စကားလုံးအားဖြင့် ရှေ့နောက်သာ ကွာသည်။ လွှတ်တော်က ဖွဲ့ပေးထားသည်မှာ ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် ရေး ကော်မတီ ဖြစ်သည်။ ယင်းကော်မတီ၏ လုပ်ငန်းတာဝန် ကွက်တိ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဟူသော အဖွဲ့ အစည်းသည် အစိုးရ၏ အာဏာကို ကြပ်မတ်ထိမ်းကျောင်းရန် တာဝန်ရှိသည် ဟူသော အပိုင်းကို လက်တွေ့ ဖေါ် ဆောင်လိုပါက ဤ ဖွဲ့စည်းပြီးထားသော ကော်မတီအား တာဝန်ပေးအပ်လိုက်ရုံသာ ရှိသည်။ ဤ ကော်မတီသည် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်လျှက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသဖြင့် လုပ်ပိုင်ခွင့် ပိုရှိပြီး သဘာဝ လည်း ကျလှပါသည်။ ဦးရွှေမန်းသည် အဘယ်ကြောင့် ငြိမ်သက်နေပါသနည်း။ ဦးရွှေမန်း နှင့် ဦးသိန်းစိန် လက်ဝါးခြင်း ရိုက်လျှက် လွှတ်တော်ကဖွဲ့ထားသည့် ကော်မတီကြီးကို ငုတ်တုတ်ထိုင်ထားစေကာ သမတ ဖွဲ့ပေးသည့် ကော်မရှင် သစ်အား ပွဲ ထုတ်လာပြန်ခြင်း ဖြစ်သလား။ အစိုးရ၏ တာဝန်ရှိမှု အမှန်တရား ပေါ်ထွက်မလာစေ ရန် ပိပိရိရိ နှင့် ဖုံးဖိ နေကြသလား။ စဉ်းစားရန်ရှိသည်။

ပြည်သူ့လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လျှက် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် ရေး ကော်မတီ ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း သမတ ဦးသိန်းစိန် မုချသိရှိပြီးဖြစ်သည်။ ဦးသိန်းစိန်အနေဖြင့် ရိုးသားစွာ အမှန်တရားကို ဖေါ်ထုတ် လိုသည်ဆိုလျှင် ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးပေးပါရန် ယင်းကော်မတီအား ပန်ကြားလိုက် ရုံသာဖြစ်သည်။ ယင်းကော်မတီကသာ ကိုင်တွယ် စုံစမ်းလျှင် တိုင်းပြည်ယန္တယားဖွဲ့စည်းလည်ပတ်မှုအရ သဘာဝကျလှ သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ထားသဖြင့် နိုင်ငံတကာ နှင့် ပြည်တွင်းလူထု၏ ယုံကြည်မှု ကို ပိုမိုရ ရှိနိုင်သည်။ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိမည်။

ဤသည်ကိုမလုပ်ဆောင်ခြင်းအားဖြင့်တိုင်းပြည်အုပ်ချုပ်ရေးယန္တယား များအား တလွဲအသုံးချ၊ လူထုများကို မျက်လှည့် ပြကာ အမှန်တရား ကို အစီအစဉ်ရှိရှိ ဖုံးကွယ်ရာ ရောက်သည်။ သမတ ကိုယ်တိုင်နှင့် ၄င်း၏ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို မခံယူလို၍ဖြစ်ကြောင်း လည်း သုံးသပ်နိုင်သည်။ လွှတ်တော်က ဖွဲ့စည်းလိုက် သည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စု အဆင့်မရှိ ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှ နေ၍ အဆင့်လျှော့ချထားမှု ကိုလည်း ဆက်စပ်သုံးသပ်သင့်သည်။

ဦးသိန်းစိန်သည် ဤ အနေအထားကို အမြန်ဆုံးပြင်သင့်သည်။ ဒီမိုကရေစီ နိုင်ငံများ၌ သမတ၊ ၀န်ကြီးချုပ်များ ပြသနာ ဖြစ်လာပါက သက်ဆိုင်ရာနိုင်ငံ၏ လွှတ်တော်ကော်မတီ များက စုံစမ်းစစ်ဆေးကြရသည်ကို ဒီမိုကရေစီ ကို ဦးတည်ပါ သည်ဟု ဆိုသူသမတ ကိုယ်တိုင်က မျက်ကွယ်ပြုခြင်းမှာ မသင့်လျှော်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ၏ ရှေ့မှောက်တွင် အစစ်ဆေးခံရ မည်ကို မနှောင့်နှေးသင့်ပါ။ ရှင်းရှင်းလင်းလင်း ရှိသောအစိုးရ၊ တာဝန်ခံမှု ရှိ သော အစိုးရဖြစ်ရန်လိုအပ်ကြောင်း သမတ ဖြစ်စက မိမိ ကိုယ်တိုင် အသုံးပြုသွားခဲ့သော စကားလုံးများအား လက်တွေ့ အကောင်အထည်ဖေါ်ရန် အချိန်ရောက်ပါပြီ။
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

 

ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်
23.08.2012

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောလိုက်ပါတယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီ ရေးသားပေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ အဲဒီလို ဖော်ပြထားတဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ကလာတဲ့ သတင်း တပုဒ်ထဲမှာ ရေးထားတာပါ။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး အထူး စိုးရိမ်နေဆဲ ရှိတဲ့အကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက စာထဲမှာရေးထားတယ်လို့ သတင်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနဲ့တွေ့ဆုံဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ် တမ်မ်ပါ

 ဆာရင်း (Tempa Tsering) ကို ဘုန်းတော်ကြီး ဒလိုင်းလားမားက ညွှန်ကြားထားပြီး
 တွေ့ဆုံဖို့အတွက် သံရုံးဘက်က မစီစဉ်ရသေးဘူးလို့ သတင်းမှာ ရေးထားပါတယ်။


http://burmese.voanews.com/


မှကူးယူဖော်ပြပါသည်။


Thursday, August 23, 2012

ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

 
 2012-08-22
    မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင်တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။
အခုရက်ပိုင်းတွေအတွင်း ရွာခံအမျိုးသမီးတွေကိုပါ အာဏာပိုင်တွေက စစ်ဆေးနေတာ ဖြစ်တယ်လို့ ခေါ်ယူမေးမြန်းခံရပြီး နေအိမ်ကိုပြန်လည် ရောက်ရှိလာတဲ့ ရွှေလှိုင်ရွာသူ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း အခုအချိန်အထိ ပဋိပက္ခတွေကြောင့် လူဦးရေပေါင်း ခြောက်သောင်းကျော်လောက် ဒုက္ခသည်စခန်းတွေကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရက သီးခြားစခန်းတွေ ဆောက်လုပ်ကာ ပြောင်းရွှေ့ပေးနေတာ ရှိပေမယ့် မီးလောင်ခံခဲ့ရတဲ့ အိမ်ရာမြေတွေကိုတော့ ပြန်လည်ပေးအပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက RFA ကို ပြောပါတယ်။
http://www.rfa.org/burmese/news

မှကူးယူဖော်ပြပါသည်။

နိုင်ငံအနှံ့ရှိ ဘင်္ဂလီ မူဆလင်များကို အကြမ်းဖက်ရန် ရခိုင်အချို့ ကြံစည်ခဲ့

 နိုင်ငံအနှံ့ရှိ ဘင်္ဂလီ မူဆလင်များကို အကြမ်းဖက်ရန် ရခိုင်အချို့ ကြံစည်မှုကို သမ္မတရုံးမှ လွှတ်တော်သို့ပေးပို့သော ရခိုင် ပဋိပက္ခ သုံးသပ်ချက် စာတမ်းတွင်ဖော်ပြ

 

သြဂုတ်လ၂၁ရက်နေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ပြည်သူ့လွှတ်တော် ဥက္ကဌထံ သ၀ဏ်လွှာ ရေးသားပြီး လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ သ၀ဏ်လွှာနဲ့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

သဝဏ်လွှာထဲမှာ အဓိကအားဖြင့် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက စုံစမ်းသိရှိထားတဲ့ အချက်တွေကို လွှတ်တော်အမတ်တွေထံ အသိပေးအကြောင်းတဲ့ သဝဏ်လွှာဖြစ်ပေမယ့် ရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သတ်ပြီး အစိုးရရဲ့ သုံးသပ်ချက်ကိုလည်း ကဏ္ဍအလိုက်ခွဲပြီး ထည့်သွင်း ဖော်ပြထားပါတယ်။
သမ္မတရုံးက လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်တစ်ဦးက ဗွီအိုအေကို ဖတ်ပြခဲ့တာမှာတော့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ - နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊ လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည် စသည်ဖြင့် က ကနေ ဈ အထိ အချက်လိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဘင်္ဂါလီ မူဆလင်များ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သာမာန်ပြည်သူများနှင့် ဘာသာရေး အစွန်းရောက်ဟူ၍ ၂ ပိုင်း တွေ့ရကြောင်းနဲသာမာန်ပြည်သူများကတော့ ဘ၀ရပ်တည်ရေးနဲ့ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေကြရသည်၊ အမျိုးသမီးနှင့် ကလေးငယ်တွေဟာ လူဦးရေ၏ ၄ ပုံ ၃ ပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရ သည်၊ အစွန်းရောက် အစ္စလာမ် မော်လ၀ီအချို့သည် ဘာသာရေး မှိုင်းပြု၍ လူဦးရေ များပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည် စသည်ဖြင့် ဖော်ပြထားပြီး အစီရင်ခံစာနှင့် သ၀ဏ်လွှာ စုစုပေါင်းမှာ စာမျက်နှာ ၁၀ မျက်နှာ နီးပါးရှိတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
http://news.mmsy.info/news/5162
မှကူးယူဖော်ပြပါသည်။

အပိုင်း (၄)

လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေး ဘယ်လို ဆက်စပ်သလဲ။ စစ်မှန်တဲ့ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်ဖို့ အမှန်တရားကို ဘာကြောင့် ရှာဖွေဖော်ထုတ်သင့်သလဲ။
စစ်အာဏာရှင်စနစ်ကို ယနေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးလျက်ရှိသော စစ်အစိုးရ၏ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံပြောကြားပြီးနောက်တွင် လူ့အခွင့်အရေးသည် လူ့အဖွဲ့အစည်းက အမြင့်ဆုံး ထားရမည့် စံတန်ဖိုး ဟူသည်မှာ မြန်မာနိုင်ငံအတွက် ပို၍ ထင်ရှားသိသာလာသည်။

သို့ရာတွင် လူ့အခွင့်အရေးဟူသည်အား အများ နားထောင်ကောင်းရုံ၊ နားထောင်လိုက်ရသူများက လူ့အခွင့်အရေးစကား ပြောသူအား လေးစားအထင်ကြီးသွားစေရုံမျှလောက်ဖြင့်သာ သုံးစွဲနေပါလျှင် လက်တွေ့အရ မည်သည့်အခါတွင်မျှ ခံစားရရှိနိုင်ဖွယ်မရှိပါ။ လူ့အခွင့်အရေးအတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မှသာ လူ့အခွင့်အရေးကို ခံစားနိုင်ပါမည်။ အဘယ်ကြောင့်ပါနည်း။

ဥပဒေစိုးမိုးရေးဆိုသည်မှာ တည်ဆဲဥပဒေများကိုသာ လေးစားလိုက်နာခြင်းဟူသည့် သဘောထက် မည်သို့မျှ မပိုနိုင်၍ ဖြစ်သည်။

လူ့အခွင့်အရေးအတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မည်ဆိုလျှင် တည်ဆဲဥပဒေများသည် လူ့အခွင့်အရေးအခြေခံကို ပယ်ရှားထားပါက (သို့မဟုတ်) လူ့အခွင့်အရေး အခြေခံများကို ဖော်ဆောင်မပေးနိုင်ပါက အဆိုပါ ဥပဒေတရပ်ရပ်ကိုသော်လည်းကောင်း၊ ဥပဒေစနစ်တစုံလုံးကိုသော်လည်းကောင်း ပြင်ရပါမည်။ ဥပဒေတရပ် သို့မဟုတ် ဥပဒေစနစ်တစုံလုံးသည် လူ့အခွင့်အရေးကို ပံ့ပိုး တည်ဆောက်စေရပါမည်။ ယုတ်လျော့၊ ဖျက်သိမ်းခြင်း မဖြစ်စေရပါ။ သို့မှသာ စစ်မှန်သော ဥပဒေစိုးမိုးရေး ဖြစ်ပါသည်။ စစ်မှန်သော ဥပဒေစိုးမိုးရေးသည် လူ့အခွင့်အရေးကို လိုလားသော လူ့အဖွဲ့အစည်းတိုင်း ဦးတည်လျှောက်လှမ်းရမည့် လမ်းကြောင်းပင်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြီးနှင့် စပ်လျဉ်း၍ ဤလမ်းကြောင်းကိုပင် လျှောက်လှမ်းရပါမည်။

ယင်းသို့မဟုတ်လျှင် လူ့အခွင့်အရေးစကားလုံးကို နှုတ်မှ အမြှုပ်ထွက်သည်အထိ အကြိမ်ပေါင်းများစွာ ရေရွတ်ပါစေဦး၊ လူ့အခွင့်အရေးသည် ရေပေါ်တွင် အရုပ်ရေးသည့်အဆင့်ထက် ပိုမည်မဟုတ်ပါ။

ဥပဒေစိုးမိုးမှု၏ ရှေ့တွင် “စစ်မှန်သော” ဟူသည်ကို အဘယ်ကြောင့် ထည့်ရသနည်း။ ဥပဒေစိုးမိုးမှု စကားလုံးကို စစ်အာဏာရှင်များ၊ အုပ်ချုပ်သူအာဏာပိုင်များက ဆယ်စုနှစ်ပေါင်းများစွာ တတွတ်တွတ် ရွတ်ဆိုခဲ့သည်။ လက်တွေ့တွင် ဥပဒေများနှင့် ဥပဒေစနစ်တစုံလုံးအား ၄င်းတို့ အာဏာတည်မြဲရေးအတွက်သာ အသုံးချခဲ့သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေးအခြေခံကို လူထုအနေဖြင့် စနစ်တကျ လေ့လာစဉ်းစားခွင့်မရအောင် ပိတ်ပင်ထားခံခဲ့ရသည်။ ၄င်းတို့အလိုအရ ဥပဒေစိုးမိုးရေးဟူသည်မှာ လူထု၏ လွတ်လပ်ခွင့်အား ဖိနှိပ်ပြဌာန်းထားသော ဥပဒေများကိုသာ အဓိကအားဖြင့် လေးစားလိုက်နာရေးကို ဦးတည် ကျင့်သုံးခဲ့ ကျင့်သုံးဆဲဖြစ်သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေး၏ စဉ်းစားမှုအခြေခံတရပ်ကို လူတိုင်း နားလည်လွယ်အောင် သာဓကတခုနှင့် မိတ်ဆက်ပေးပါမည်။

စာရှုသူများအားလုံး ဥပဒေစိုးမိုးရေး၏ သင်္ကေတရုပ်တုကို ပုံများတွင် မြင်ဖူးကြပါမည်။ မျက်လုံးကို အ၀တ်မဲ စည်းထားသော အမျိုးသမီးတဦး၏ ရုပ်တုဖြစ်သည်။ သူမ၏ ဘယ်လက်တွင် ချိန်ခွင်ကို ကိုင်ထားပြီး ညာလက်တွင် ဓားရှည်ကြီးတလက်ကို စွဲထားသည်။ မျက်လုံးကို အ၀တ်မဲ စည်းထားသည့် သဘောမှာ မှုခင်းတရပ်ရပ်ကို ဆုံးဖြတ်စီရင်ရာတွင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူမှုရေးအဆင့်အတန်း စသည်တို့ကို လုံးဝမစဉ်းစားတော့ဘဲ ကျူးလွန်သူမှန်သမျှကို စီရင်သွားမည်ဟူ၍ ဖြစ်သည်။ ချိန်ခွင်ကို ကိုင်ထားခြင်းမှာ တရားမျှတမှုကို ရှေးရှုသည်။ ခွဲခြားမှု ဘက်လိုက်မှုမရှိဘဲ မျှတစွာ ဖော်ထုတ်စစ်ဆေးသွားမည်ဟူ၍ ဖြစ်သည်။ ဓားရှည်ကြီး၏သဘောမှာ အပြစ်ကျူးလွန်သူကို အပြစ်ပေးရန် ဖြစ်သည်။ ပြစ်မှုကျူးလွန်သူကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်းမှာ ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးသော မူဖြစ်သည်။

စစ်အာဏာရှင်စနစ်က နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ခဲ့သည့် သက်တမ်းအတွင်း စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ ပြန့်ပွားကျင့်သုံးခွင့်မရ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖန်တီးခဲ့သည်။ ပေါ်ပေါက်နိုင်သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကိုလည်း မပေါက်ကွဲစေရန် ကြိုတင်တားဆီးမှုများ မလုပ်ခဲ့။ ပေါက်ကွဲလာသည့်အခါတွင်လည်း နိုင်ငံရေးအမြတ်ထုတ်ခဲ့ပြန်သည်။ အကျိုးဆက်အနေဖြင့် တရုတ်နှင့် မြန်မာ၊ ရှမ်းနှင့် ၀၊ ပအိုဝ့်နှင့် ရှမ်း၊ မွန်နှင့် ကရင် လူမျိုးရေးပဋိပက္ခမျိုးစုံ ပေါ်ခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်လည်း ရှိသည်။ ကရင်နှင့် ကရင်ချင်း သတ်ကြသည့်အဆင့်ပင် ရောက်ခဲ့သည်။ ယခု ရခိုင်ပြည်နယ်မှာလည်း နဖူးတွေ့ ဒူးတွေ့ ကြုံနေရပြန်ပါသည်။ လူထုများ၏ နစ်နာဆုံးရှုံးမှု ခံစားရမှုများကို ကြည့်လိုက်လျှင် ကြေကွဲဖွယ်ဆိုသည်ထက် ဟိုမှာဘက်ကမ်းသို့ ကျော်လွန်နေပါသည်။

စစ်မှန်သည့် ဥပဒေစိုးမိုးရေးမရှိဘဲ လုံခြုံရေးယူပေးဖို့ သေနတ်အောက်မှာ ဒူးထောက်ပြီး တောင်းခံနေရသမျှ ကာလပတ်လုံး အဆိုပါအဖြစ်ဆိုးမျိုး ထပ်မံကြုံတွေ့နေရပါဦးမည်။ ဤဖြစ်ရပ်ဆိုးကြီးများကို ပြန်ပြောင်းသုံးသပပြီး နောင်ကို ထပ်မဖြစ်အောင် ရှောင်ရှားနိုင်စေရန် တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ငြိမ်းချမ်း၊ တိုးတက်၊ သာယာသောဘ၀ကို ရရှိစေရန်မှာ လူ့အခွင့်အရေးအခြေခံပေါ်တွင် စစ်မှန်သော ဥပဒေစိုးမိုးရေးကို တည်ဆောက်ခြင်းမှတပါး အခြားမရှိပါ။ ယင်းသို့ဖြစ်စေရန်မှာ လူထုများကိုယ်တိုင် စစ်မှန်သော ဥပဒေစိုးမိုးရေး အခြေခံကို နေ့စဉ် လိုက်နာကျင့်သုံးဖို့ လိုပါသည်။ ဤသည်ကို သဘောတူပါက စာရှုသူ ခေတ္တမျှ စာဖတ်ရပ်ပြီး အ၀တ်မဲ တခုရှာ၊ မျက်လုံးကို စည်းပိတ်၊ တနေရာတွင် ငြိမ်သက်စွာထိုင်၊ အသက်မှန်မှန်ရှူကာ၊ စိတ်အာရုံတွင် ရှိနေသည့် အစွဲမှန်သမျှ ဖယ်ထားလိုက်ပါ။

မည်ကဲ့သို့သော အစွဲမျိုးကို ဆိုလိုပါသနည်း။

ငါ့လူမျိုးက လုပ်သမျှ အားလုံးမှန်သည်။ ငါမနှစ်မြို့သည့် လူတွေ လုပ်သမျှ အားလုံးမှားသည်။ (မည်မျှပင် ဆိုးဝါးရက်စက်သည့် လုပ်ရပ်ဖြစ်ပါစေ) ငါ့ဘာသာတရား လုပ်တာ အားလုံးမှန်သည်။ မည်သည့်အကြောင်းနှင့်ပဲဖြစ်ဖြစ် ငါ့ဘာသာဝင်တွေကို လာမထိနှင့်၊ ထိလျှင် မီးပွင့်သွားအောင် တုံ့ပြန်သွားမည်။ (မည်မျှအထိ လူ့အခွင့်အရေးချိုးဖောက်နေပါစေ) ငါ့ပါတီ ဦးဆောင်တာ မှန်သမျှ အားလုံး တရားသည်။ ငါ့ခေါင်းဆောင် လုပ်တာမှန်သမျှ အားလုံး မှန်သည် … အစရှိသည့် အစွန်းရောက် အစွဲများကို ဆိုလိုသည်။

မိမိ၏ စိတ်အစဉ်တွင် ယင်းအစွဲများ တည်ရှိနေသမျှ အရာကိစ္စများအပေါ် ယင်းအစွဲများဖြင့် တိုင်းတာနေသမျှ၊ ယင်းအစွဲများအပေါ် အခြေခံလျက် ပြောဆို၊ ရေးသား၊ လုပ်ဆောင်နေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မတည်ဆောက်နိုင်ပါ။ အကျိုးဆက်အနေဖြင့် ယင်းသို့သော အစွဲမျိုးရှိသူ ပုဂ္ဂိုလ်များတွင် အားမလိုအားမရမှုများ၊ မစ္ဆရိယစိတ်များ၊ အမုန်းများ၊ အာဃာတများ၊ ဒေါသများ … အစရှိသဖြင့် Negative Sense အပျက်သဘောဆောင်သည့် အာရုံများသာ ဖုံးလွှမ်းနေပါမည်။ ယင်းသို့ဖြစ်ပါက လူ့အဖွဲ့အစည်းသည် အပြုသဘောဆောင်နိုင်မည်မဟုတ်။ စစ်မှန်သည့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို ရနိုင်မည် မဟုတ်ပါ။

ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းကြီးများ နောက်ထပ် မပေါ်ပေါက်နိုင်ရေးအတွက် စစ်မှန်သည့် ဥပဒေစိုးမိုးရေး တည်ဆောက်မည်ဆိုလျှင် အမှန်တရားကို ဖော်ထုတ်ရပါမည်။ ဤသည်ကို ဇူလိုင်လ ၂၄ ရက် နေ့စွဲဖြင့် စာရေးသူ၏ ဆောင်းပါးတွင် တင်ပြခဲ့ပြီးဖြစ်သည်။ အမှန်တရားဟူသည်မှာ ကျယ်ပြန့်နက်ရှိုင်းလှပါသည်။ မည်သည်များနှင့် စပ်လျဉ်းသည့် အမှန်တရားပါနည်း။ အဓိကရုဏ်းကြီးအတွင်း ဖြစ်ပွားခဲ့သည်မှာ ရိုးရိုးအမြင်မတူရုံမျှနှင့် အပြန်အလှန် ကလော်ကြ၊ ဆဲကြ၊ ခဲနှင့် ပစ်ပေါက်ကြ၊ ထိုးကြ ကြိတ်ကြ၊ ရုန်းရင်းဆန်ခတ် ဖြစ်ရုံမျှ မဟုတ်ပါ။ လူမျိုးရေး ဘာသာရေးနှင့် ဆက်နွယ်သည့် လူအုပ်စုကြီးနှစ်စုက ပြစ်မှုကြီးများ အပြန်အလှန် ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ရှာဖွေရမည့် အမှန်တရားမှာ လတ်တလောအကြောင်းများနှင့် စပ်လျဉ်း၍ ဤအဓိကရုဏ်းကြီးအတွင်း ပြစ်မှုများကို မည်သူတွေက မည်သည့်အကြောင်းနှင့် အစမှအဆုံး မည်သို့မည်ပုံ ကျူးလွန်ခဲ့ကြသဖြင့် မည်မျှလောက်အထိ ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်းတရပ်လုံး ရုပ်ပိုင်းစိတ်ပိုင်းအရ ထိခိုက်ပျက်စီး နစ်နာဆုံးရှုံးသွားရသည် နှင့် စပ်လျဉ်း၍ ဖြစ်သည်။

လတ်တလောအကြောင်းတွေ ပေါ်ပေါက်စေသည့် လူ့အဖွဲ့အစည်း၏ နောက်ခံအခြေအနေမှာ မည်သို့ဖြစ်ခဲ့သည် စသည်တို့ကို ဖော်ထုတ်သွားရန်ဖြစ်သည်။ လတ်တလောအကြောင်းနှင့် စပ်လျဉ်း၍ သာဓကတခုကို ပြပါမည်။ ၁၉၉၄ ခုနှစ်၌ ရ၀မ်ဒါနိုင်ငံတွင် ဟူတူများက တူစီ လူနည်းစုများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြသည့် အချိန်တွင် ဟူတူအစိုးရသည် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို စသည်များမှ နေ၍ ဟူတူလူထုက တူစီများအပေါ် လူမျိုးရေးအရ မုန်းတီးမှုများ တက်ကြွလာစေရန် စနစ်တကျ လှုံ့ဆော်ခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဦးသိန်းစိန်ကိုယ်တိုင် အောက်ပါအတိုင်း ပြောဆိုသွားခဲ့သည်ကို လေ့လာပါ။

“ပြည်တွင်းမီဒီယာတွေဟာ ပြဿနာအစတုန်းက လူမျိုးရေးစိတ်ဓာတ်နဲ့ အတော်ကလေး ရေးကြတယ်။ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ သိလာတယ်။ အမြင်ပြောင်းလာတယ်။ လူသားချင်းအမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ ရှိလာတယ်။”

ဦးသိန်းစိန်၏ စကားလုံးအရ ပြည်တွင်းမီဒီယာ ဆိုရာ၌ ပုဂ္ဂလိက မီဒီယာများနှင့် နိုင်ငံပိုင် မီဒီယာများကို ခွဲခြားလေ့လာရန် လိုပါသည်။ မြန်မာ့အလင်းနှင့် ကြေးမုံတို့သည် နိုင်ငံပိုင်မီဒီယာများ ဖြစ်သည်။ ကြေးမုံသတင်းစာပါ ရေးသားချက်ကို စာရေးသူ ထောက်ပြခဲ့ပြီးပါပြီ။ အဓိကရုဏ်းကြီး မဖြစ်မီ၊ ဖြစ်စနှင့် ဖြစ်နေစဉ်တ၀ိုက်၌ နိုင်ငံပိုင်သတင်းစာနှင့် ရေဒီယိုများက လှုံ့ဆော်သည့်သဘောဆောင်သော ရေးသားတင်ပြ ထုတ်လွှင့်ချက်မှန်သမျှ အားလုံးအတွက် စစ်အစိုးရတွင် တာဝန်ရှိပါသည်။ ဦးသိန်းစိန်က မီဒီယာဟူသော စကားလုံးကို လုံးထွေးသုံးပြီး အစိုးရပိုင်မီဒီယာနှင့် စပ်လျဉ်း၍ပါ ၄င်းနှင့် မဆိုင်သလိုလို တင်ပြသွားသည်ကို လက်မခံနိုင်ပါ။ အဓိကရုဏ်းကြီးအတွင်း ဘက်တဘက်ဘက်မှ လူထု ပိုမို သွေးကြွလာစေရန် ပြောဆိုကြသော အာဏာပိုင်များ၊ ၄င်းတို့နှင့် နီးစပ်သူများတွင်လည်း တာဝန်ရှိပါသည်။

အမှန်တရား ဖော်ထုတ်ရေးလုပ်ငန်းမှာ လူမျိုး၊ ဘာသာ၊ လူမှုရေးဇာစ်မြစ် စသည်တို့မခွဲခြားဘဲ လူထုတရပ်လုံးပါဝင်မှသာ အောင်မြင်နိုင်ခြေရှိပါသည်။ သို့ရာတွင် လူထုကိုယ်တိုင်သည် တဘက်စွန်းရောက် အစွဲအခံများနှင့် အရာကိစ္စများအပေါ် ချည်းကပ်၊ လေ့လာ၊ သုံးသပ်မည်ဆိုလျှင်မူ အမှန်တရားသည် မည်သည့်အခါတွင်မျှ ပေါ်ထွက်လာမည်မဟုတ်ပါ။ အစွဲကင်းကင်း အရှိကိုအရှိအတိုင်း သိမြင်နိုင်၊ သုံးသပ်နိုင်မှသာ အမှန်တရား ပေါ်ထွက်လာပါမည်။ ပေါ်ထွက်လာသည့် အမှန်တရားများအပေါ် အခြေခံလျက် ထိုက်သည့်အားလျော်စွာ အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်သည်။ သို့မှသာ စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံကို တစုံတရာ တည်ဆောက်ရာ ရောက်ပါမည်။ အကျိုးဆက်အနေဖြင့် ရေရှည်တွင် သာယာလှပပြီး တည်ငြိမ်၊ ငြိမ်းချမ်း၊ တိုးတက်သည့် ရခိုင်ပြည်နယ်ကြီး ပေါ်ပေါက်လာစေရန် ရည်သန်မျှော်မှန်းပါသည်။

အောင်ထူး (ရှေ့နေ)
http://drlunswe.blogspot.com/
မှကူးယူဖော်ပြပါသည်။

အပိုင်း (၃)

ယခုအချိန်၌ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကို ထပ်ခါထပ်ခါ ကိုးကားသုံးစွဲလာပြီဖြစ်သော သမ္မတ ဦးသိန်းစိန်နှင့် ဆက်စပ်လျက် နောက်ထပ် မြန်မာဆိုရိုးစကားတခုကို သတိရမိပါသည်။ “ပါးစပ်က ဘုရား ဘုရား လက်က ကိုးရိုးကားယား” ဟူ၍ဖြစ်သည်။ ဤဆိုရိုးစကားက အပြောနှင့် အလုပ်ညီဖို့လိုကြောင်း ထောက်ပြထားခြင်းပင်။ ရခိုင်အဓိကရုဏ်းကို ဤဆိုရိုးစကားနှင့် ချိန်ထိုးပါမည်။

ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် ဘုရား ဘုရား ဟူ၍ပင် ရှေ့ကနေ၍ ပြောသွားခဲ့ခြင်းမရှိပါ။ လက်က ကိုးရိုးကားယား အရင်လုပ်ခဲ့ပြီး နောက်ပိုင်းမှ ပါးစပ်က ဘုရား ဘုရား တခြင်းသာ ဖြစ်သည်။ သာဓကတခုကို ပြောပါမည်။ ယခုသြဂုတ်လ ၁၅ ရက်နေ့ အင်တာဗျူးတွင် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် တွေ့ပြီး ပြောဆိုကြောင်း၊ ရခိုင်လူထုကို ၄င်းက စကားဆယ်ခွန်း ဆယ့်ငါးခွန်း ပြောတာထက် ခင်ဗျားတို့ တခွန်းပြောတာ ထိရောက်ကြောင်း ဆိုခဲ့သည်။ အတိအကျအားဖြင့် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်များအား “ခင်ဗျားတို့က ၀င်ပြီး အမြင်မှန်ရလာအောင်၊ ပြောင်းလဲလာအောင် ပြောပေးပါ” တောင်းခံနေပြီဖြစ်သည်။

ဤသို့ဆိုလျှင် အဓိကရုဏ်းကြီးအတွင်း၌ အမြင်မှားခဲ့သူမှာ မည်သူနည်း။ ရခိုင်လူထုဖြစ်သည်ဟု ဦးသိန်းစိန်က ဆိုနေခြင်းဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ ရခိုင်လူထုအပေါ် အပြစ်ပုံချရန် လမ်းခင်းနေခြင်းဖြစ်သည်။ ရခိုင်လူထု အမြင်မှားနေသည်ဟု ဆိုပါလျှင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အစောပိုင်းကာလများကတည်းက ယခုကဲ့သို့ ဘာကြောင့် ရှင်းပြဖို့ မကြိုးစားခဲ့သနည်း။ မိမိအစိုးရကိုယ်တိုင်၏ တာဝန်ရှိမှုကို ၀န်မခံဘဲ နိုင်ငံတကာဖိအားများ သက်ရောက်လာနိုင်သည့် အခြေအနေရောက်လာမှ ရခိုင်လူထုက အမြင်မှားပြီး ပြစ်မှုကြီးများကို ကျူးလွန်နေသယောင် အဘယ် ကြောင့် ပြောဆိုလာပါသနည်း။

ယခုမှသာ ရခိုင်လူထုအပေါ် အပြစ်ပုံချဖို့ ကြိုးစားနေသော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အဓိကရုဏ်း စဖြစ်ခါစတွင် ပြဿနာ၏တရားခံအဖြစ် လက်ညှိုးထိုးခံခဲ့ရသူမှာ (ရိုဟင်ဂျာ) မွတ်ဆလင်များ ဖြစ်သည်။ သာဓကတခု ပြပါမည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ ၂၀ ကို ကြည့်ပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောမြို့များ၌ ဆူပူသူအင်အား ၁,၀၀၀ ကျော်က အကြမ်းဖက်မှုများကို မည်သို့ ကျူးလွန်နေကြောင်း သတင်းအဖြစ် ဖော်ပြထားပြီး အဆိုပါ စာမျက်နှာ တခုတည်းမှာပင် ယင်းသတင်းနှင့် ကပ်လျက် အောက်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးအဖွဲ့ကြီး မေတ္တာရပ်ခံပန်ကြားလွှာ နှစ်စောင်ကို တွဲထည့်ပေးထားသည်။ ယင်းပန်ကြားလွှာများတွင် နိုင်ငံတ၀ှမ်း နေထိုင်ကြသော အစ္စလာမ်သာသနာဝင်များသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးအဖွဲ့ကြီးက ထုတ်ပြန်သော အထူးမေတ္တာရပ်ခံချက်နှင့်အညီ နေထိုင်ကြရန်လိုကြောင်း ပါရှိသည်။ သို့ရာတွင် သတင်းစာ၏ အဆိုပါ စာမျက်နှာ၌ ဗုဒ္ဓဘာသာဝင်များအတွက် သံဃာ့နာယကအဖွဲ့ကြီးက ထုတ်ပြန်သော မေတ္တာရပ်ခံချက် မပါရှိပါ။ ဤသည်မှာ စစ်အစိုးရက ဦးဆောင်၍ သတင်းပညာအရ လုပ်ကြံထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဆူပူအကြမ်းဖက်သူများသည် မွတ်ဆလင်ဘာသာဝင်များသာ ဖြစ်သည်ဟု သတင်းစာဖတ်သူအားလုံး ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံထားခြင်းဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ၏ တာဝန်ရှိမှုအောက်တွင် အဓိကရုဏ်းကြီးအတွင်း အသက်စွန့်လွှတ်သွားခဲ့ရသူ လူထုအရေအတွက်ကို မည်သူမျှ အတိအကျ မပြောနိုင်။ ဘ၀နစ်နာ ပျက်စီးဆုံးရှုံးခဲ့ရသူ အနည်းဆုံး ခြောက်သောင်းကျော်အနက် ဒုက္ခသည်စခန်းမှနေ၍ ပြန်စရာ နေအိမ်ပင် မရှိတော့သူ ဦးရေမှာလည်း များလှစွာသည်။ အဓိကရုဏ်းကြီး၏ ရိုက်ခတ်မှုကြောင့် ရှေ့ခရီး ဘယ်လိုဆက်၍ ဘာတွေ လုပ်ကိုင်စားသောက်ရမည် မသိတော့သူ ဦးရေမှာ သိန်းတချို့ချီ ရှိမည်ဟု မှန်းရသည်။

အဆိုးဆုံးမှာ ဦးသိန်းစိန်က ယခုအချိန်အထိ စစ်အစိုးရ၏ တိကျသော မူဝါဒကို မကြေညာသေးခြင်းပင်။ ရခိုင်ပြည်နယ်အတွင်း၌ ရှိနေပြီဖြစ်သော မွတ်ဆလင်ဘာသာဝင်ဦးရေ အနည်းဆုံး ရှစ်သိန်းကျော်ကို တကယ်ပဲ ဆက်လက် မောင်းထုတ်သွားမှာလား။ မောင်းထုတ်သွားမည်ဆိုပါက လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှုကို ရရှိစေပြီး နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မည်သို့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်မှု အောင်မြင်စေရန် ဒေသခံလူထုက မည်သို့ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်းအစီအစဉ် အောင်မြင်စေရေးအတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကူအညီနှင့် နိုင်ငံတကာ၏ အကူအညီတို့ကို မည်သို့ ရှာဖွေသွာမည်ဖြစ်ကြောင်း တပြည်လုံးလူထုအား ဦးသိန်းစိန်၏ စစ်အစိုးရက အတိအကျ ရှင်းပြရန် လိုသည်။

သို့မဟုတ် ယင်းပထမမူဝါဒကို တရားဝင် ရုပ်သိမ်းပြီး နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ အတူတကွ ဆက်လက် နေထိုင်ရေးကို ဖော်ဆောင်မည်လား။ ဒုတိယမူဝါဒသို့ ပြောင်းလဲကျင့်သုံးမည်ဆိုပါက ယခု ဦးသိန်းစိန် အင်တာဗျူးတွင် ပြောခဲ့သကဲ့သို့ လွယ်လွယ်ပြော၍ မရနိုင်ပါ။ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့သူ လူထုကြီးတရပ်လုံး ထမင်းစားဖို့၊ နေစရာရဖို့အတွက် ဟိုက သည်က တောင်းခံပေးရုံ၊ လုံခြုံရေးအရ စစ်တပ်၏ သေနတ်ပြောင်းအောက်တွင် ဒူးထောက် ခိုလှုံနေခွင့်ရရုံနှင့် လုံးဝ မလုံလောက်ပါ။

(၁) အဓိကရုဏ်းကြီးနှင့် စပ်လျဉ်း၍ အမှန်အတိုင်း ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကို လူထုကြီးရော နိုင်ငံတကာပါ အတိအကျ သိခွင့်ရအောင် ဆောင်ရွက်ပေးဖို့ လိုသည်။ ကုလသမဂ္ဂမှ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်အား လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ လိုသည်။

(၂) ပြစ်မှုကျူးလွန်သူများသည် လမ်းများပေါ်တွင် ငြိမ်းချမ်းစွာ လျှောက်သွားလျက်ရှိကြသည်။ ထိုသူများအား ပြစ်မှုကျူးလွန်ခံရသူများကလည်း နေ့စဉ်တွေ့မြင်နေရဆဲဖြစ်သည်။ သို့ဖြစ်၍ ပြစ်မှုကျူးလွန်ခံရသူ လူထု၏ စိတ်အစဉ်တွင် မည်သည့်အခါတွင်မျှ ငြိမ်းချမ်းမှုရမည်မဟုတ်။ တချိန်ချိန်မှာ ထပ်မံကျူးလွန်ခံရလိမ့်မည်ဟူသော စိုးရိမ်ထိတ်လန့်မှုများ ရှိနေမည်ဧကန်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို တကယ်တမ်း တည်ဆောက်မည်ဟု သက်သေပြလိုလျှင် ကျောသားရင်သား မခွဲခြားဘဲ ပြစ်မှုကျူးလွန်ခဲ့သူ မှန်သမျှကို ဖော်ထုတ်အရေးယူရန် လိုသည်။

(၃) အမှန်တရားများ ပေါ်ထွက်လာပြီးနောက် ပြစ်မှုကျူးလွန်သူများအား အရေးယူ စစ်ဆေးစီရင်နေသည့် တချိန်တည်းတွင် နှစ်ဘက်ပြန်လည်သင့်မြတ်ကြရေးအတွက် အခြေခံလူထုများအတွင်း တွေ့ဆုံမှုများ၊ ညှိနှိုင်းမှုများ၊ တဘက်၏ နစ်နာချက်ကို အခြားတဘက်မှ ကြားသိစေခြင်းများ စီစဉ်ပေးဖို့ လိုသည်။ ယင်းသို့ဖြင့် ကိုယ်ချင်းစာနာစိတ်များ၊ အပြန်အလှန် ကူညီလိုမှုများ၊ မေတ္တာတရားများ ပွားများခွင့်ရလာအောင် စီစဉ်ပေးရန် လိုပါမည်။

(၄) ရခိုင်ပြည်နယ်အတွင်းရှိ တရားစီရင်ရေး အပါအ၀င် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများအား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်အားကောင်းလာအောင် ပြောင်းလဲဖွဲ့စည်း၊ လေ့ကျင့်တည်ဆောက်ဖို့ လိုသည်။ ဤသည်ကို အင်္ဂလိပ်ဘာသာဖြင့် Institutional Reform ဟု ခေါ်သည်။

အဓိကရုဏ်းကြီးနှင့် စပ်လျဉ်း၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသတိပေးသည်မှာ မှန်သလား။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆွေးနွေးပွဲမှတ်တမ်းတခု ပေါ်ထွက်လာခဲ့သည်။ ဤမှတ်တမ်းသည် ယခုအချိန်တွင် အတော်ပင် ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိသည်။ ဤမှတ်တမ်းသည်လည်းကောင်း၊ မှတ်တမ်းတွင် ဖော်ပြရေးသားထားသည့် အကြောင်းအရာများသည် လည်းကောင်း၊ အစစ်အမှန်မဟုတ် မှားယွင်းနေသည်ဟုဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ နှစ်ခုလုံးအနေဖြင့် သတင်းစာရှင်းလင်းပွဲတရပ် ခေါ်ယူကာ အသေးစိတ် ရှင်းပြရန် တာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းမှတ်တမ်းတွင် ရေးသားထားချက်များသည် မတရားမှုများကို ဖုံးကွယ်ထားသလားဟူ၍ အများပြည်သူက မှတ်ယူနိုင်စရာအကြောင်းရှိသောကြောင့် ဖြစ်သည်။

အဆိုပါမှတ်တမ်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့စွဲဖြင့် ဒေါက်တာအေးမောင် ဥက္ကဌအဖြစ် တာဝန်ယူသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအား အစည်းအဝေး ဖိတ်ကြားခဲ့သည်။ ဥက္ကဌ ဒေါက်တာအေးမောင် မဖြစ်မနေ တက်ရောက်ရန် ဟူသော စကားလုံးကို သုံး၍ ဖိတ်ကြားခဲ့ကြောင်းတွေ့ရသည်။

၁။ ဒေါက်တာအေးမောင် (ဥက္ကဌ)
၂။ ဦးအုံးတင် (ဒု-ဥက္ကဌ)
၃။ ဦးဘရှိန် (ဗဟိုအလုပ်အမှုဆောင်)
၎။ ဦးဖေသန်း (ဗဟိုအလုပ်အမှုဆောင်)
၅။ ဦးထွန်းအောင်ကျော် (ဗဟိုအလုပ်အမှုဆောင်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက နိဂုံးချုပ်မိန့်ခွန်း ပြောကြားရာတွင် … … … … ဒုတိယဗိုလ်ချုပ်ကြီး လှမင်း တင်ပြသော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ရခိုင်အရေးအခင်းအပေါ် ပါဝင်ပတ်သက်မှုကို အကျယ်ဆွေးနွေးခြင်းမရှိဘဲ “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ပြောကြားခဲ့ကြောင်း မှတ်တမ်းတွင် ရေးသားထားခဲ့သည်။

ရခိုင်အရေးအခင်းအတွင်း နှစ်ဘက်အပြန်အလှန် သတ်ဖြတ်မှုကြီးများ ပေါ်ပေါက်ခဲ့ကြောင်း မည်သူမျှ အငြင်းမပွားပါ။ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံခဲ့ပြီး သေဆုံးသူဦးရေမှာ တရာထက်တော့ မပိုကြောင်းနှင့် မီးရှို့ကြသည့်အတွက် အိုးမဲ့အိမ်မဲ့ ဖြစ်ကြသူဦးရေမှာ အဆမတန် များပြားကြောင်း ဆိုသွားခဲ့သည်။

ဤသတင်းများ လှိုင်လှိုင်ကြီး ထွက်ပေါ်နေသည့်အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအား အစည်းအဝေး ခေါ်ယူပြီး “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု သတိပေးခံလိုက်ရခြင်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ နိုင်ငံရေးဂုဏ်သိက္ခာကို များစွာထိခိုက်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ပြစ်မှုကြီးများ ကျူးလွန်ရာ၌ အဓိက ဦးဆောင်သော အဖွဲ့အစည်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က အတိအကျ စွပ်စွဲလိုက်သည့် သဘောဆောင်သည်။ အဆိုပါမှတ်တမ်းသည် စစ်မှန်သည်ဆိုပါက ပေါ့ပေါ့မထားသင့်ပါ။ ရခိုင်သမိုင်းတခု၏ အစိတ်အပိုင်း ဖြစ်သွားပါပြီ။

မစစ်မှန်သော မှတ်တမ်းဖြစ်သည်ဆိုလျှင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့် အမြန်ဆုံး ရှင်းလင်းဖို့ လိုပါမည်။ စစ်မှန်သော မှတ်တမ်းဖြစ်သော်လည်း “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ရွေးကောက်ပွဲကော်မရှင်က သတိပေးခြင်းမှာ ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်၊ မီးရှို့မှုကြီးများနှင့် လုံးဝ ပတ်သက်ခြင်းမရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ အခြားမည်သည့်ကိစ္စရပ်အတွက် ကော်မရှင်က ခေါ်ယူသတိပေးခြင်းသာ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့် လူထုတရပ်လုံးအား ခြေခြေမြစ်မြစ် ရှင်းပြဖို့ လိုပါမည်။

ထို့အပြင် ပို၍ အရေးကြီးသည်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများအား ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီပဲ အဓိက ဦးဆောင် ကျူးလွန်နေသယောင်ယောင် သဘောသက်ရောက်စေသည့် မှတ်တမ်းကို ရေးသားသူ၊ အများသိအောင် ထုတ်ပြန်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပါတီက ဥပဒေကြောင်းအရ အတိအကျ ပြန်လည် တရားစွဲဆိုသွားသင့်ပါသည်။

http://drlunswe.blogspot.com/
မှကူးယူဖော်ပြပါသည်။