Monday, April 29, 2013

ငါက ဗမာဘုန်းကြီး မပာုတ်ဘူးကွ ရခိုင်ဘုန်းကြီးပာု သင်္ကာန်းဝတ် တစ်ဦး အစ္စလာမ် ဘာသာရေးကျောင်း တစ်ခုသို့ ရန်စ

အထူးသတင်း — 28 April 2013


သတင်း – ပိာန်းအောင် (ရန်ကုန်၊ ဧပြီ ၂၈)

ရန်ကုန်မြို့ ရွေဗပိာု ပာိုတယ်ဘေး ရှိ မဂျီဒီယာ စာသင်ကျောင်း (ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ကျောင်း) သို့ ယခုလ ၂၇ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်တွင် သင်္ကာန်းဝတ် ၅ ဦး ရောက်ရှိလာပြီး လုံခြုံရေးအတွက် ကင်းစောင့်နေသည့် ကျောင်းသားငယ်များအား ခိုက်ရန်ဖြစ်ပွားစေရန် စိန်ခေါ်ခြင်း၊ ငါက ဗမာဘုန်းကြီး မပာုတ်ဘူးကွ ရခိုင်ဘုန်းကြီးပာု ရန်စခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
309971_499897943393340_1015315192_n
မင်းတို့ ဒီအချိန် အထိ မအိပ်သေးဘူးလားလို့မေးတယ် ပြီးတော့ ကျောင်းသားတွေက ပူလို့မအိပ်သေးတာပါ ဦးဇင်းလို့ ဖြေတော့။ ငါ့ကို ဦးဇင်းလို့ခေါ်စရာ မလိုဘူး မင်းတို့ သတ္တိရှိလား မိုက်လား ငါက ဗမာဘုန်းကြီး မပာုတ်ဘူး ရခိုင်ကွလို့ ကြိမ်းတယ်။ ဒါနဲ့ ကျောင်းက ဆရာတွေနိုးလာလို့ နီးစပ်ရာတွေကို အကြောင်းကြားတော့ လူနည်းနည်းစုလာတော့ ချက်ခြင်း ထွက်ပြေးသွားတယ်။ တစ်ယောက်က တစ်ဘက် လမ်းကစောင့်နေတယ်၊ ကျောင်းရှေ့ ရောက်လာတဲ့ ၄ ယောက်က ကျန်တဲ့တစ်ယောက်နဲ့ပေါင်းပြီး ထွက်ပြေးသွားတယ်
ပာု မဂျီဒီယာ စာသင်ကျောင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။
အထက်ပါအတိုင်း အကြမ်းဖက်လိုသည့် အသွင်ဆောင်သည့် ရန်စမှုပြုလုပ်ပြီး နာရီဝက်ကြာသည့် အချိန်ရောက်မှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည် ပာုလည်းသိရသည်။ မိမိကိုယ်ကိုယ် “ငါက ဗမာဘုန်းကြီး မပာုတ်ဘူး ရခိုင်ဘုန်းကြီးကွ” ပာုကြွေးကြော်ခဲ့သည့် သင်္ကာန်းဝတ်ထားသူ၏ ပုံကို အာဏာပိုင်များ အရေးယူပေးနိင်ရန်အတွက် ဖေါ်ပြပေးလိုက်ပါသည်။
 
ယခုလ လဆန်းပိုင်းတွင် ၄၈ လမ်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးရှို့ခံရပြီးနောက်ပိုင်း ရန်ကုန်မြို့နှင့် မြန်မာနိင်ငံတလွားရှိ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းများတွင် ညအချိန်တွင် အသက်အန္တရာယ် လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ညကင်းများ ချထားနေရသည်။
 

ဖရက်ဒရစ် အူမာရ် ကနူးတေး (နာမည်ကျော် မွတ်စလင် အားကစားသမားများ ကဏ္ဍ)

 
ဧပြီ-၂၉-၂၀၁၃

စုစည်းတင်ဆက်သူ-ဝေဇင်
1
အမည်အပြည့်အစုံ - ဖရက်ဒရစ် အူမာရ် ကနူးတေး (Frédéric Oumar Kanouté)
မွေးသက္ကရာဇ် - ၂၊ ၉၊ ၁၉၇၇
ကစားသည့်နေရာ - တိုက်စစ်မှူး
လက်ရှိကလပ် - Beijing Guoan
နိုင်ငံ - မာလီ
ဖရက်ဒရစ် အူမာရ် ကနူးတေးကို ပြစ်သစ်နိုင်ငံ အရှေ့ပိုင်း Sainte-Foy-lès-Lyon မြို့တွင် ၁၉၇၇ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့၌ ပြင်သစ်မိခင်နှင့် မာလီဖခင်တို့မှ မွေးဖွားခဲ့သည်။ မာလီလက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ကာ ၂၀၀၇ ခုနှစ် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဦးဆုံး ရရှိခဲ့သည့် အာဖရိကတိုက် ပြင်ပတွင်မွေးဖွားသော ကစားသမားဖြစ်သည်။
2လိုင်ယွန်
သူ၏ ဘောလုံးစွမ်းရည်ကို ပြင်သစ်ကလပ် လိုင်ယွန် အသင်းမှ တွေ့ရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကနူးတေးအား စာချုပ်ချုပ်ဆိုခဲ့သည်။ လိုင်ယွန်အသင်းတွင် ၅၈ ပွဲကစားပြီး ၉ ဂိုးသွင်းယူပေးခဲ့သည်။
ဝက်စ်ဟမ်းနှင့် တော့တင်ဟမ်
၂၀၀၀ ပြည့်နှစ်တွင် အင်္ဂလန်ကလပ် ၀က်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၀က်စ်ဟမ်းအသင်းအတွက် ၈၄ ပွဲကစားပြီး ၂၉ ဂိုး သွင်းယူပေးခဲ့သည်။ ၀က်စ်ဟမ်းအသင်းတွင် ပြသသည့် သူ၏ ခြေစွမ်းကြောင့် ချီးကျူးခြင်းခံခဲ့ရသည်။ ၂၀၀၂-၂၀၀၃ ဘောလုံးရာသီတွင် အကုန်တွင် ကနူးတေးမှာ တော့တင်ဟမ်ဟော့ စပါးအသင်းသို့ ထပ်မံ ပြောင်းရွှေ့ခဲ့သည်။ အသင်းသို့ရောက်စတွင် ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင် မျှော်မှန်းသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပေ။ တော့တင်ဟမ်အသင်းနှင့် ဘောလုံးရာသီ နှစ်ရာသီတွင် ပွဲ ပေါင်း ၆၀ ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူပေးခဲ့သည်။
3
ဆီဗီလား
5 ၂၀၀၅ ခုနှင့် သြဂုတ်လ ၁၇ ရက်တွင် စပိန်ကလပ် ဆီဗီလာ အသင်းသို့ပြောင်းရွှေ့ခဲ့သည်။ အင်္ဂလန်ကလပ် မစ်ဒယ်ဘရော့အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ၂၀၀၆ ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ဒုတိယပိုင်း လူစားဝင်ကစားခဲ့ပြီး ၈၉ မိနစ်တွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်လည်း ဆီဗီလားနှင့်အတူ ယူအီးအက်ဖ်အေ ဖလားကို ထပ်မံ ရရှိခဲ့သည်။
 
 ကနူးတေးမှာ ဆီဗီလားအသင်းတွင် ပုံမှန် ပွဲထွက်ကစားသမားဖြစ်ခဲ့ပြီး အသင်းအား ၂၀၀၈ ခုနှစ် ယူအီးအက်ဖ်အေ ပြိုင်ပွဲ ၀င်ခွင့်၊ ၂၀၀၉ ခုနှစ်တွင် ချိန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်ရရှိအောင် ကူညီပေးခဲ့သည်။ ဆီဗီလားအသင်းတွင် ၂၀၉ ပွဲကစားကာ ၈၈ ဂိုးသွင်းယူပေးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တရုပ်ကလပ် Beijing Guoan အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
နိုင်ငံလက်ရွေးစင် ကစားသမားဘဝ
4လိုင်ယွန်အသင်းနှင့် ကစားနေစဉ်အတွင်း ကနူးတေးမှာ ၂၁ နှစ်အောက် ပြင်သစ် လူငယ်အသင်း အတွက် ရွေးချယ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် ပြင်သစ်လက်ရွေးစင် အသင်းကြီးတွင်မူ ရွေးချယ်ခြင်းမခံရပေ။ ၂၀၀၄ ခုနှစ်တွင် မာလီလက်ရွေးစင် အသင်းမှ ရွေးချယ်ခဲ့ပြီး ၂၀၀၄ ခုနှစ် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲတွင် မာလီ လက်ရွေးစင်အသင်းအတွက် ၄ ပွဲကစား ၄ ဂိုးသွင်းယူပေးခဲ့ကာ အသင်းကို ဆီးမီးဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
 
၂၀၀၇ ခုနှစ် အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲတွင် တိုဂိုးအသင်းအား အနိုင်ရရှိပြီးနောက် ကနူးတေးမှာ အသင်းဖော် Mamady Sidibe နှင့်အတူ တိုဂို ပရိတ်သတ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် အာဖရိက အကောင်းဆုံးဘောလုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၁၀ အာဖရိကနိုင်ငံများ ဖလား ဘောလုံးပြိုင်တွင် မာလီအသင်း ပြိုင်ပွဲမှထွက်ခဲ့ရပြီးနောက် ကနူးတေးသည် လက်ရွေးစင်ကစားသမား ဘ၀မှ အနားယူကြောင်း ကြေညာခဲ့သည်။ မာလီအသင်းအတွက် ၃၉ ပွဲကစားပြီး ၂၃ ဂိုး သွင်းယူပေးခဲ့သည်။
အောင်မြင်မှုများ
7
ဆီဗီလား
ယူအီးအက်ဖ်အေဖလား (၂) ကြိမ် (၂၀၀၆၊ ၂၀၀၇)
စပိန်ဘုရင့်ဖလား (၂)ကြိမ် (၂၀၀၇၊ ၂၀၁၀)
ယူအီးအက်ဖ်အေ စူပါဖလား (၂၀၀၆)
စပိန်စူပါဖလား (၂၀၀၇)
တစ်ဦးချင်း
အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု (၂၀၀၇)
 
M-Media

အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ခု တည်ထောင်ခြင်း (သို့) ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခြင်း နည်းလမ်းများ

 
ဆောင်းပါးရှင်-ဇော်မင်းထွေး
 
coexist
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ယဉ်ပါးလာခဲ့သော မြန်မာပြည်သည် နိုင်ငံရေး ကစားလိုသူများနှင့် ကိုယ်ကျိုးရှာ အတ္တ၀ါဒီ တို့အတွက် လိုအပ်သလို အမြတ်ထုတ်ရန် လွယ်ကူလှသော်ငြား ပဋိပက္ခ ဖြစ်ပွားသည်နှင့်အမျှ တိုင်းပြည်မှာ လွန်စွာထိခိုက်နစ်နာ ရကြောင်းကို သမိုင်းက အကြိမ်ကြိမ် သင်ခန်းစာများ ပေးခဲ့ပြီ ဖြစ်သည်။ သို့သော် စံနစ်ဆိုးအတွင်း နစ်ပေါင်းများစွာ နွံနစ်ခဲ့ရသော ပညာရေး၊ လူမှုရေး၊ စီးပွါးရေး တို့ကြောင့် ပြည်သူ အများစုသည် နုံနဲ့သော အတွေးအခေါ်များဖြင့် ရှင်သန်နေထိုင်ခဲ့ရကား နိုင်ငံရေး ထွက်ပေါက် ရှာသူများအဖို့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် လိုအပ်တိုင်း အောင်မြင်စွာ အသုံးချနိုင်သော ၀ှက်ဖဲတစ်ချပ် ကဲ့သို့ ဖန်တီးလိုက်တိုင်း အောင်မြင်လေ့ ရှိနေသည်မှာ လက်ရှိအဖြစ်အပျက်များက သက်သေခံလျက်ရှိသည်။
 
ကိုလိုနီ သူ့ကျွန်ဘ၀ ကျရောက်ခဲ့စဉ်က တိုင်းတပါး အရင်းရှင်အစိုးရ၏ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုအောက် ပြည်သူများ လွန်စွာ နစ်နာပြီး အတိဒုက္ခရောက်ခဲ့ကြသည်။ ထိုစဉ်ကာလများကလည်း ပြည်သူတို့၏ တော်လှန်လိုသော စိတ်ဓာတ်နှင့် လွတ်လပ်ရေး ကြိုးပမ်းမှုများကို သေးသိမ် ပပျောက်စေရေး အတွက် လူမျိုးရေးအဓိကရုဏ်းများ ဖန်တီးပေးခြင်းအားဖြင့် လမ်းလွှဲ၍ ကိုလိုနီ အုပ်ချုပ်ရေးအား သက်ဆိုးရှည်စေခဲ့သည်။
 
 အသက် သွေးချွေးပေါင်း မြောက်များစွာ စတေးခဲ့ရသော ကာလရှည်လွတ်လပ်ရေး ကြိုးပမ်းမှုကြီးကြောင့် သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ပေငြား ၀ိဝါဒ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးနွယ်စု အချင်းချင်း မယုံကြည် မှုများအောက်တွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီး တိုင်းပြည်ကြီးမှာ မိအေး အကြိမ်ကြိမ်နာ အဖြစ်မျိုးဖြင့် အတိဒုက္ခရောက်ခဲ့ ရပြန်သည်။ ပြည်သူ ပြည်သား အချင်းချင်း မညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမှုသည် စစ်ဝါဒီများ အကြိုက်ဖြစ်၍ အာဏာရှင် စနစ်ကို စည်ပင် ဖွံ့ဖြိုးစေရန် အဓိကကျသော မောင်းနှင်အားဖြစ်သည်နှင့် အညီ ကျွန်တော်တို့ တိုင်းပြည်ကြီးသည် သူ့ကျွန်ဘ၀ထက် သာပို ဆိုးရွားသော ကိုယ့် ကျွန်ဘ၀၌ ဆယ်ဆုနှစ်ငါးစုတိုတိုင် နွံနစ်ခြင်းဖြင့် ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံးတော ကျောမွဲဖွတ်ပြာ တိုင်းပြည် များစာရင်းတွင် ပါဝင်ခဲ့ရသည်။
 
ထိုမှတဖန် အတန်ငယ် လွတ်လပ်လာသော ယခုဒီမိုကရေစီ အကူးအပြောင်း ကာလတွင်နောက်ပြန် လှည့်လိုသူများ အမျိုးသားရေး အစွန်းရောက်များ နှင့် ဒီမိုကရေစီ စံနှုန်းကို မလိုလား မရှုစိမ့်သူများ၏ သွေးထိုးလှုံဆော်မှုများကြောင့် ယနေ့ မြန်မာပြည်ကြီးသည် ပဋိပက္ခမီးလျှံများအောက် လောင်မြိုက်ပြာကျ သွားနိုင်ပေရာ ပြည်သူအများစု လိုလားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့ဂုဏ်သိက္ခာများ တင်းပြည့်ကျပ်ပြည့် ရရှိနိုင်ရေး မျှော်မှန်းချက်များ နှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများမှာ သဲထဲရေသွန် ဖြစ်လာနိုင်စရာ အကြောင်းများရှိလာသည်။
 
ငြိမ်းချမ်းရေး (Peace) နှင့် တည်ငြိမ်အေးချမ်းမှု (Stability) ကင်းမဲ့နေသော တိုင်းပြည်တွင် ဖွံ့ဖြိုးတိုးတက်မှု (Development) ဟူသည် ဖြစ်လာနိုင်စရာ အကြောင်းမရှိသည်ကို လတ်တလော လူမျိုးရေးတိုက်ပွဲများနှင့် ပြည်တွင်းစစ်များ ဆင်နွဲနေကြသော အာဖရိကန် တိုင်းပြည် အများစု၏ ဥပမာကို လေ့လာခြင်းအားဖြင့် သိရှိနားလည် သဘောပေါက်နိုင်သည်။
 
 သို့ဖြစ်ပေရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းပြည်အေးချမ်းသာယာရေးကို အမှန်တကယ် လိုလားသည်ဆိုပါလျှင် အမုန်းတရားကင်းစင်သော လူ့ဘောင် အသိုင်းအ၀ိုင်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်သည်။ အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်းကြီး ပေါ်ထွန်းလာစေရန်တွက်မှု အမုန်းတရားကို ဖြစ်ထွန်းပေါ်ပေါက်စေသော အပြန်အလှန် ယုံကြည်မှု နည်းပါးခြင်းနှင့် မျိုးနွယ်မတူ ဘာသာကွဲများအကြား သံသယဖြင့် နေထိုင်တတ်မှု တို့ကို ပြုပြင်ပြောင်းလဲနိုင်ရန် လွန်စွာအရေးကြီးလှသည်။
 
 ကျွန်တော်တို့ မြန်မာပြည်ကြီးသည် ငြိမ်းချမ်းရေးကို အလွန်အမင်း လိုအပ်လျက်ရှိရာ အထက်ဖေါ်ပြပါ ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် အပြန်အလှန် ချစ်ခင်လေးစားမှုများ ဖြစ်ထွန်းပေါ်ပေါက်ရေး ကြိုးပမ်းရာတွင် အစိုးရတစ်ရပ်တည်း၊ လူပုဂ္ဂိုလ် တစ်ဦးတည်း၊ ပါတီတစ်ခုတည်းက အကောင်အထည် ဆောင်ရွက်၍ မရနိုင်သည်မှာ မုချပင်ဖြစ်သည်။ ယင်းကဲ့သို့ တိုင်းပြည်၏ အနာဂတ်အား ထုဆစ်ပုံဖေါ်ရာတွင် ကျွန်တော်တို့ ပြည်သူလူထု၏ အခန်းကဏ္ဍမှာ အလွန်အမင်း အရေးပါလှသည်။
 
မည်သို့အဖြေရှာကြမလဲ ?
ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ရောယှက်နေသော ကျွန်တော်တို့ တိုင်းပြည်ကြီးက ဘာလို့ မငြိမ်းချမ်းနိုင်လဲ။ ယထာဘူတကျတဲ့ အဖြေကတော့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွင် ပြဿနာများ ရှိနေ၍ဖြစ်သည်။ အဆိုပါ ပြဿနာတို့၏ လက်သည်တရားခံများမှာ တရားမျှတခြင်းမရှိမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမုန်းတီးမှု အာဏာ တစ်လွဲအသုံးချမှုများ ကိုယ်ကျိုးရှာ အုပ်ချုပ်မှုများ အပါအ၀င် လူမျိုးရေး ဘာသာရေး အမြင်ကျဉ်းမြောင်းမှု အစရှိသည်တို့ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား လိုလားသည် ဆိုပါလျှင် အဆိုပါပြသနာများကို ဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။ ဆိုပါစို့။ ကျွန်တော်တို့တွင် ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိလာသည်။
 
 Peaceful Coexistence ဆိုသည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးကို ရွေးချယ် မလား။ သို့တည်းမဟုတ် No Existence ဆိုသည့် တိုင်းပြည်ပြိုကွဲခြင်းဟူသည့် လမ်းကြောင်းသို့ သွားမည်လား။ Peaceful Coexistence ကိုသွားမည်ဆိုပါလျှင် ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ အလုပ်လုပ်ရပါမည်။ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတရားများ ဒီမိုကရေစီ စံနှုန်းများကို ပြည်သူများအတွင်းစိမ့်ဝင် ပြန့်နှံသွားအောင် ကြိုးပမ်းရပါမည်။ ယင်းအတွက် သဘောတရားရေးရာ သင်တန်းများပေးခြင်း၊ Campaign လုပ်ခြင်းများတို့နှင့်သာ မလုံလောက်ပဲ ငြိမ်းချမ်းရေး သဘောတရားများကို ကိုယ်တိုင်ကိုယ်ကျ ကျင့်သုံး၍ မိမိမိသားစု အပါအ၀င် မိမိ၏ အသိုင်းအ၀ိုင်းအတွင်း ဖြန့်ဝေပေးရန်မှာ ကျွန်တော်တို့ တာဝန်ဖြစ်သည်။
 
ဘာကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးတည်ဆောက်ဖို့ လိုအပ်တာလဲ?
သမိုင်းတလျှောက်တွင် လူသားအတော်များများသည် ၎င်းတို့၏ ကိုးကွယ်ရာ ဘာသာတရားများကို အကြောင်းပြုကာ နှိပ်စက် ညဉ်းဆဲပြုမှု၊ နိုင်လို မင်းထက်ပြုခြင်းတို့ကို ခံစားခဲ့ကြရသည်။ ဥပမာ – ဂျူးလူမျိုးခြောက်သန်းကို သတ်ဖြတ်ခဲ့သော နာဇီပါတီ၏ ဟိုလိုကက်စ်ဖြစ်ရပ်၊ အိုင်ယာလန်၏ ဘာသာရေး မျိုးဖြုတ်သတ်ဖြတ်ပွဲ၊ အရှေ့အလယ်ပိုင်း ဒေသရှိ ဘာသာရေးကြောင့် ဖြစ်သော လူမျိုးရေးရာ ပဋိပက္ခများနှင့်စစ်ပွဲများ၊ နယ်မြေလုယက်မှုများ စသည်တို့က သက်သေ အထင်အရှားပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးသမားများ၏ နိုင်ငံရေး ကစားကွက် အတွက် ဘာသာတရားတို့အား လှည့်ဖြား အသုံးချကာ အကျိုးအမြတ်အတွက် ရည်ရွယ်သော စစ်ပွဲမျိုး တွေကိုလည်း မျက်မှောက် ကမ္ဘာတွင်တွေ့ရှိ နေရပြန်သည်။
 
ကျွန်တော်တို့ မြန်မာပြည်တွင်လည်း ရခိုင်အရေးအခင်း၊ မိထ္ထီလာမှ အစပြုသော ပဋိပက္ခတို့သည် ဘာသာရေးအဓိကရုဏ်း အသွင်ဆောင်လာပြီး အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ၀မ်းနည်းစဖွယ် ပျက်သုဉ်း ဆုံးရှုံးခဲ့ရသည်။ ဒီနေရာတွင် သတိပြုရန်လိုအပ်သည့်အချက်မှာ၊ ပဋိပက္ခ ဖန်တီးသူများ၊ လှုံ့ဆော်သူများ၊ နိုင်ငံရေး အမြတ်ထုတ်သူများသည် အကယ်စင်စစ် ဘာသာတရားအား ကိုယ်စားပြုသော ပုဂ္ဂိုလ်များ မဟုတ်ဟူသော အချက်နှင့် ဘာသာ တရားများက ပြသနာများ ဖြစ်ပွါးရခြင်းတို့၏ အကြောင်းရင်းခံ မဟုတ်ကြောင်းဖြစ်သည်။ ပြဿနာတို့ ၏ လက်သည်သည် အဆိုပါ ပုဂ္ဂိုလ်များက ဘာသာတရားကို အသုံးချ၍ ၀ါဒမှိုင်းတိုက်ခြင်း ကြောင့်သာဖြစ်သည်။
 
အကယ်စင်စစ် ဘာသာတရားတို့သည် လူသားတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ခြင်းတို့အတွက် အဓိကကျသော မောင်းနှင်အား တစ်ရပ်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ အဆုံးအမများနှင့် မူရင်းလာ တရားတော်များ၌ ငြိမ်းချမ်းမှုဆိုင်ရာ သဘောတရားများနှင့် အေးချမ်း တည်ငြိမ်မှုတို့၏ ရေသောက်မြစ်များကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတရားတော်တို့ကို အစစ်အမှန် လေးစား လိုက်နာခြင်းတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် လုံလောက်သော အဖြေရှိသည်။ တစ်ခါတစ်ရံ၌ ဘာသာ တရားတို့သည် ပဋိပက္ခများအတွက် လောင်စာဖြစ်သွားတတ်ကြ သော်လည်း ထိုသို့ ဖြစ်ရခြင်းမှာ လူသားဖြစ်သော ဘာသာဝင်တို့၏ လွဲမှားစွာကျင့်သုံးခြင်း တို့ကြောင့်သာလျှင်ဖြစ်သည်။
 
သို့ဖြစ်ပေရာ ဘာသာဝင်တို့ အနေဖြင့် ဘာသာတရားတို့အပေါ် အပြန်အလှန်နားလည်မှုရှိလျှင်၊ လေးစားသမှု ရှိနေလျင်၊ ပြည်သူများအကြား ပိုမိုတိုးတက် ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ပါလျှင် အဆိုပါ နာလိုခံခက်ကိစ္စရပ်များမှ ရှောင်ရှားနိုင်ပြီးလျှင်၊ ငြိမ်းချမ်းစွာ အတူရှင်တွဲ နေထိုင်မှုတည်းဟူသော တစ်ခုတည်းသော ဖြေရှင်းချက်ကို ဦးတည်နိုင်ရေးအတွက် အခြားဘာသာတရားများအား လေ့လာရေးနှင့် အရှိတရားတို့အပေါ် နားလည်လက်ခံပေးရေးတို့မှာ အလွန် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ထို့ထက်ပိုအရေးကြီးသည့်အရာမှာ မိမိယုံကြည်လက်ခံထားသည့် သာသနာအား အကယ်ပင် သိရှိသဘော ပေါက်နားလည်ခြင်းနှင့် အမှန်တကယ် လိုက်နာကျင့်သုံးရေးပင်ဖြစ်သည်။
 
ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး (Interfaith) နည်းလမ်းများ
Interfaith လမ်းကြောင်းကို ဖေါ်ဆောင်သမှုပြုရာတွင် Dialogue တည်းဟူသော အပြန်အလှန် ဆွေးနွေးဖလှယ်မှုက ပဓာနကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ Dialogue များ ဖေါ်ဆောင်ရာတွင် Ideology ဟူသောသဘောတရား၊ အတွေးအခေါ်နှင့် လောကအမြင်တို့အပေါ် အခြေပြုသည့် အခြေခံကျကျ ချဉ်းကပ်ဆွေးနွေးခြင်း (ဥပမာ – ဘာသာတရားတို့၏ အခြေခံ သဘောတရားများ၊ ကျင့်ဝတ်နှင့်နည်းနာများ၊ ယုံကြည်မှုများနှင့် ကျင့်သုံးနေထိုင်မှုပုံစံ၊ အစရှိသဖြင့်) နှင့် Issue များအပေါ် အခြေပြုသည့် ဖြစ်ရပ်များအပေါ်အဖြေရှာခြင်း (ဥပမာ- ကျားမတန်းတူညီမျှရေး၊ ပညာရေးမြှင့်တင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဆင်းရဲမွဲတေမှုလျော့ချရေး) အစရှိသည့် နည်းလမ်းနှစ်မျိုးအား အသုံးပြုနိုင်သည်။
 
မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ Interfaith ဖော်ဆောင်မည့်သူသည် အောက်ပါအကြောင်းအချက်များ အတွက် ကြိုတင်ပြင်ဆင် ထားမှုရှိရန်လိုအပ်သည်။
 
Knowledge (ဘာသာတရားများနှင့်ပတ်သက်သော မှန်ကန်သည့် ဗဟုသုတရှိခြင်း)
Interfaith ကို ဖေါ်ဆောင်မည့် တစ်ဦးတစ်ယောက် အနေဖြင့် ဘာသာတရားတို့နှင့် ပတ်သက်သော အခြေခံဗဟုသုတ ရှိထားရန် လိုအပ်ပြီးလျှင်၊ သိမှုအဆင့်၌ သမမျှတသော အတွေးအမြင်ရှိမှုကို ဦးစားပေးရမည်။ ထိုကဲ့သို့ ဘာသာတရားများနှင့် ပတ်သက်၍ လေ့လာမှု ပြုရာတွင်လည်း စစ်မှန်သော သတင်းအချက်အလက်များကို လေ့လာသင်ယူမှုက လွန်စွာအရေးကြီးပြီးလျှင် အမှန်တကယ် ကျင့်သုံးမှုပြုနေသော ပုဂ္ဂိုလ်များ ဘာသာရေးခေါင်းဆောင်များထံမှ လေ့လာစည်းပူး ရမည်ဖြစ်သည်။ ထိုသို့ လေ့လာသင်ယူရာတွင်လည်း Open Minded (ပွင့်လင်းလွတ်လပ်သော အတွေးအခေါ်) အပေါ်အခြေခံသော သင်ယူလေ့လာမှု ဖြစ်ရန်လည်း လွန်စွာမှပင် အရေးကြီးလှသည်။
 
Reason (ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မြှော်မြင်မှုရှိခြင်း)
Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်သည် မိမိက ဘာအတွက် ဖော်ဆောင်မည်လဲ၊ မည်သည့် ရလဒ်ကို ရရှိလိုသလဲ၊ မည်သည်က အဓိကကျသည့် အကြောင်းအရင်းများ ဖြစ်သလဲ အစရှိသည့် ခိုင်လုံ၍ ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မျှော်မြင်မှုရှိရန် လိုအပ်သည်။ ထိုသို့အားဖြင့် ယုတ္တိကျကျ ချဉ်းကပ်မှုပြုမှာသာ မိမိဦးတည်လိုသော ရလာဒ်များကို ရရှိစေနိုင်လိမ့်မည်ဖြစ်သည်။ ထို့ပြင်မက Interfaith ဖေါ်ဆောင်မှုပြုလိုသူများအနေဖြင့် ရိုးသားမှုအပေါ် အခြေခံပြီးလျှင် မိမိဘာသာကသာ သာ၍မြင့်မြတ်သည် ဟူသော အတွေးအခေါ်ကို လက်ကိုင်မထားပဲ Misionary သမား၏ စိတ်ဓာတ်မျိုးဖြင့် တစ်ဖက်သားအား စွဲဆောင် စည်းရုံးခြင်းမျိုးမဖြစ်ရန်လည်း အလွန်စွာမှပင် အရေးကြီးလှသည်။
 
Wisdom (ဥာဏ်ပညာကို အခြေပြု၍ ရလာဒ်ကောင်းများဖေါ်ဆောင်ခြင်း)
Knowledge ဟူသည် “To Know Something” ဖြစ်၍ Wisdom ဟူသည် “To do Something according to Knowing” ဖြစ်သည်။
သိမှုကို ပြန်လည်အသုံးချခြင်းမှာသာလျှင် ပညာဥာဏ် အမျှော်အမြင် တည်ရှိသည်။ ထို့အတွက်ကြောင့် Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်များ အနေဖြင့် စားပွဲဝိုင်းထိုင် ဆွေးနွေးနေရုံ မျှ မဟုတ်ပဲ၊ လူ့အသိုင်းအ၀ိုင်းအတွက် အမှန်တစ်ကယ် အကျိုးပြုနိုင်မည့် ရလဒ် ကောင်းများ ရရှိရန် ဖေါ်ဆောင်ပေးနိုင်ရမည်။
ဆိုခဲ့ပါ အချက်များအား လိုက်နာဖြည့်စည်း နိုင်ပြီ ဆိုပါလျှင် အောက်ပါအချက်များ အား ဦးတည်၍ Dialogue ဆွေးနွေးပွဲများ စတင် နိုင်ပါသည်။
 
Common Ground အားရှာဖွေခြင်း
Dialogue အမှန်တကယ်ဖြစ်ထွန်းလာစေရေး အတွက် ဘုံတူညီချက်များ ရှာဖွေ၍ ဆွေးနွေးမှုလွယ်ကူစေသော အနေအထား တစ်ရပ်ကို ဖန်တီး လမ်းဖွင့်ပေးနိုင်ရမည်။ ထို့အတွက် Similarity ဟူသော ဘာသာတရားအသီးသီးရှိ ဘုံတူညီသော အချက်များကို သိရှိထားရန်နှင့် ရှာဖွေရန်မှာ အရေးကြီးသည်။ Similarity ကိုစုစည်း ထားမှသာလျှင် ဆွေးနွေးရန် လွယ်ကူသော အနေအထား ကိုရောက်ရှိစေနိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာပင် ဘာသာအသီးသီးရှိ Differences (ကွဲပြားခြားနားနေသော အချက်များ) ကိုလည်း သိရှိထားရန် အရေးပါလှသည်။ Differences များကိုလေ့လာသိရှိထားခြင်းအားဖြင့် Communication ဟူသော ဆက်သွယ် ပြောဆိုမှု ပိုမိုကောင်းမွန်လာစေပြီးလျှင် တစ်ဖက်သားအား မထိခိုက် မနစ်နာစေသော လမ်းကြောင်းမှန်ဖြင့် ဆွေးနွေးသွားနိုင်မည်ဖြစ်သည်။ ထိုနှစ်ချက်အား ပိုင်နိုင်စွာ သိလာပြီဆိုပါက အဓိက ရည်ရွယ်ရင်းဖြစ်သော Cooperation ဟုခေါ်သည့် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရေးနှင့်၊ Positive Interaction ဟုခေါ်သည့် အပြုသဘောဆောင်သော အပြန်အလှန် အကျိုးသယ်ပိုးပေးမှုဟူသည့် ပန်းတိုင်များကို ရရှိစေမည်မှာ မသွေမုချပင်ဖြစ်သည်။
 
နိဂုံးချုပ်ဆိုရလျှင် ကျွန်တော်တို့သည် မတူညီသော အယူဝါဒများကို လက်ခံကျင့်သုံးနေကြသူများ (သို့) မည်သည့်အယူဝါဒ ကိုမှ သက်ဝင်ယုံကြည်ခြင်း မရှိသူများအဖြစ် ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူတကွ စုစည်းနေထိုင်ကြရသည် ဖြစ်သည်။ လူသားများ ဖြစ်ကြသည့်အလျှောက် ကျွန်တော်တို့အတွင်း ဘုံတူညီမှုများ မြောက်များစွာ ရှိကြပြီးလျှင် ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်ရာ ခြားနားခြင်းကြောင့် မတူကွဲပြားမှုများ ရှိနေတတ်သည်မှာ ငြင်းပယ်ရှောင်လွှဲ၍ မရသည့် အမှန်တရားပင် ဖြစ်သည်။
 
မည်သည့်အယူဝါဒကို ယုံကြည်သက်ဝင်သည်ဖြစ်စေ (သို့) မည်သည့်အယူဝါဒကိုမှ သက်ဝင်ခြင်းမရှိပဲ ကောင်းမြတ်သော လူ့စံနှုန်းများကိုသာ ကျင့်သုံး ဆောင်ရွက်သူ ဖြစ်သည်ဖြစ်စေ၊ ကျွန်တော်တို့သည် ဘာသာတရားများ၏ ကောုးမြတ်သော သင်ကြားချက်များနှင့် လူ့စံနှုန်းကျင့်ဝတ်များအား လေးစားလိုက်နာ ကျင့်သုံးခြင်းကြောင့် လူပီသမှုကို ဖြစ်ထွန်းစေသော အခြေခံ ဥပဒေသများကို လိုက်နာကျင့်သုံးရ၌ (ဥပမာ- ငါးပါးသီလစောင့်ထိန်းခြင်း၊ တစ်ပါးသူအား ကူညီသမှုပြုခြင်း၊ လူအချင်းချင်း မေတ္တာထားခြင်း၊ မကောင်းမှုများ ရှောင်ကျဉ်ခြင်းနှင့် ကောင်းမှုများ ကျင့်ဆောင်ခြင်း)တို့၌ ကွဲပြား ခြားနားမှု အလျဉ်းမရှိခြေ။ တစ်ဖက်တွင်လည်း ယဉ်ကျေးမှုနောက်ခံ မတူညီသော၊ အခြေခံအယူအဆများကွဲပြားသော အယူဝါဒများကို လက်ခံ ယုံကြည်သြသူများ ဖြစ်ပေရာ လူ့ကျင့်ဝတ်များကို မဖောက်ဖျက်သော၊ လူသားပီသမှုကို မထိခိုက်သော၊ ကိစ္စရပ်အချို့တွင် ကွဲလွဲမှုများ ရှိနိုင်ပေသည်။
 
 (ဥပမာ- ၀တ်စားဆင်ယင်ခြင်း၊ အစားအသောက်၊ နေထိုင်မှုပုံစံ နှင့် ၀တ်ပြုကိုးကွယ်မှု) သို့ဖြစ်ပေရာ တူညီမှုများအပေါ် တန်ဘိုးထားခြင်းဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ပြီးလျှင် မတူညီမှုများအား လေးစားပေးခြင်းဖြင့် အပြန်အလှန်နားလည်ပေးမှု (Mutual Understanding) နှင့် သဘောထားကြီးမှု (Tolerance) များအား ပြသခြင်းဖြင့် အမုန်းတရားကင်းစင်သော လူ့အသိုင်းအဝ
ိုင်း တစ်ရပ် တည်ဆောက်နိုင်မည်မှာ မသွေမုချပင် ဖြစ်ပါတော့သည်။
 
ဇော်မင်းထွေး
 
M-Media ဆောင်းပါး

အော့စ်ဖို့ဒ်တွင် မြန်မာမွတ်စလင်များအတွက် ငြိမ်းချမ်းစွာ ဆုတောင်း ဆန္ဒဖော်ထုတ်

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၈) ရက် | RB News

လွန်ခဲ့သည့် ကြာသပတေးနေ့ (ဧပြီလ ၂၅ ရက်) နေ့လည်ပိုင်းမှာ အင်္ဂလန်နိုင်ငံ အော့စ်ဖို့ဒ်မြို့
ကာဖက်စ်တာဝါရှေ့မှာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို ဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက်
သတ်ဖြတ်နေခြင်းအတွက် ငြိမ်းချမ်းစွာ ဆုတောင်း ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆုတောင်းဆန္ဒ ဖော်ထုတ်ပွဲကို အော့စ်ဖို့ဒ်မြို့မှာရှိတဲ့ အစ္စလာမ့် ပြန်ကြားရေးစင်တာက
ဦးဆောင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမစ် စင်တာရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာဟိုဂျက်ရမ်ဇီက “ကျနော်တို့ အနေနဲ့ ဒီလိုအကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်ရလဲ ဆိုတာကို သိချင်ပါတယ်”လို့ ပြောပါတယ်။

“ကျွန်တော်တို့ ယုံကြည်တာက ဗုဒ္ဓဘာသာဝင်တွေဟာ ငြိမ်းချမ်းတဲ့ သူတွေဖြစ်တယ်။ အဲဒါကြောင့် အခုလို သတ်ဖြတ်နေတာတွေ ဖြစ်နေတဲ့အတွက် အလွန့် အလွန် ၀မ်းနည်းစရာ
ကောင်းတယ်”

“သူတို့တွေဟာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း နေလာတယ်။ ဗုဒ္ဓဘာသာဝင်အစွန်းရောက် အချို့က အပြစ်မဲ့တဲ့ သူတွေကို သတ်တာလို့ မြင်တယ်။ အဲဒါကလည်း ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်” လို့ ဒေါက်တာရမ်ဇီက ဆက်ပြောပါတယ်။ အဆိုပါ ဆုတောင်း ဆန္ဒဖော်ထုတ်ပွဲကို လူပေါင်း ၇၀ ကနေ ၁၀၀ ကြား တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့လက မိတ္တီလာမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရမီဒီယာများမှာ ဖော်ပြခဲ့ပါတယ်။
ကိုးကား » Oxford Mail
 

Sunday, April 28, 2013

တောကြောင် လက်ခမောင်း မခတ်စေလို

 သူ့အတွေး သူ့အမြင်

 
ဘယ်ဘာသာ ဘယ်လူမျိုးပဲ ဖြစ်နေပါစေ နိုင်ငံသားဆိုရင် နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ရရမယ် (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)
 
 
 
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မဈေးကြီးထဲက ငရုပ်သီးမှုန့်ရောင်းတဲ့ ဆိုင်တဆိုင်ရှေ့မှာ ပိတ်ပြီး ကျပန်းဈေးသည် ယပ်တောင်ရောင်းသူတဦး ရောက်နေတယ်။ အချိန်က မနက်ပိုင်း၊ သင်္ကြန်ပြီးခါစ ဈေးကြီးပြန်ဖွင့်တာမှ နှစ်ရက်ပဲ ရှိသေးတယ်။
 
ငရုပ်သီးမှုန့်သည်က ယပ်တောင်သည်ကို သူ့ဆိုင်ရှေ့ပိတ်မရောင်းဖို့ ကောင်းကောင်းမွန်မွန် ပြောနေတယ်။ ဒါပေမယ့် ယပ်တောင်သည်က ရုတ်တရက် ကက်ကက်လန်အောင် ပြန်ရန်တွေ့တယ်။ ရန်တွေ့ရုံတင်မကဘဲ မဆိုင်တဲ့ ဘာသာရေး ပုတ်ခတ်မှုတွေပါ ပြောလာတာ ကြားလိုက်ရတော့ အနားက ဈေးသည်ဈေးဝယ်တွေပါ သူတို့ဆီ အာရုံရောက်ကုန်ကြတယ်။
 
ငရုပ်သီးမှုန့်သည်က မဆိုင်တာတွေ မပြောဖို့နဲ့ သူကောင်းကောင်းမွန်မွန် ပြောတာကို ပြေပြေလည်လည် ပြန်ပြောဖို့ ရှင်းပြလေလေ ယပ်တောင်သည်က ရန်တွေ့တာ ကြမ်းလာလေလေ ဖြစ်လာပါရော။ ငရုပ်သီးမှုန့်သည်က မြန်မာမွတ်စလင် သန်လျင်မြို့ခံပါ။ ဒီဈေးကြီးမှာ ဆိုင်ခန်းယူပြီး ဖွင့်လှစ်လာတာ ကြာပြီ။ ယပ်တောင် သည်က ဘယ်က ဘယ်လို ရောက်လာမှန်းမသိဘဲ သူများဆိုင်ရှေ့မှာ တမင် ပိတ်ကာရောင်း၊ ဟိုက ပြောလာတော့ ဘာသာရေး တွေနဲ့ ပြန်လည် တိုက်ခိုက် တရားလက်လွတ် ပြောဆိုနေတာ ကြည့်မကောင်း ကြားမကောင်း တာတော့ အမှန်ပဲ။
 
ယပ်တောင်သည် အပြောကြမ်းလာပေမယ့် ငရုပ်သီးမှုန့်သည်က သည်းညည်းခံနေတယ်။ ဒါပေမယ့် ဘေးမှာရှိနေတဲ့ မြန်မာမွတ်စလင် တချို့က မခံချင် ဖြစ်နေပုံဘဲ။ တကယ်တော့လည်း တဘက်သက်ကြီး သူ့ဘက်ကလည်း စစော်ကား သေးတယ် တဘက်သားကိုလည်း မညှာမတာ ပြောဆိုနေတယ်ဆိုတာကို ကြည့်ရင် ယပ်တောင်သည်ပုံစံက တမင်ကို ရန်မဖြစ်ဖြစ်အောင် ရန်စနေသလိုပါ။ ဘေးက ဈေးသည်ဈေးဝယ်တွေကတော့ အခြေအနေကို ဘယ်သူမှလည်း ဝင်မပါဘဲ ဒီအတိုင်း ကြည့်နေ ကြတယ်။ အဲဒီအနားမှာ ခဏ ရုံးစုရုံးစု ဖြစ်လိုက်ပေမယ့် ဈေးစည်ပင်က အခြေအနေကို ဝင်ထိန်းပေးပြီး ယပ်တောင်သည်ကို ခေါ်သွားလို့ ဘာမှဆက်မဖြစ်ဘဲ အခြေအနေ ငြိမ်သက်သွားပါတယ်။
မို့မဈေးထဲမှာ ဆေးရောင်းသူ တဦးကတော့ အဲဒီယပ်တောင်သည် ဒီလိုပုံစံမျိုး လုပ်တာ ၃၊ ၄ ခါလောက် ရှိပြီလို့ ဆိုပါတယ်။ သူဆိုလိုတာက ယပ်တောင်သည်ဟာ အခုလိုပဲ မြန်မာမွတ်စလင်တွေရဲ့ ဈေးဆိုင်တွေရှေ့မှာ ရန်စတဲ့ ပုံစံမျိုးနဲ့ ပိတ်ရောင်း၊ ဟိုက ဖယ်ခိုင်းတဲ့အခါမှာ နင်ပဲငဆပြော၊ မဆိုင်နဲ့ ဘာသာရေး ပုတ်ခတ်စော်ကားမှုတွေ ပြုဆိုတာမျိုး လုပ်ပြီး အဓိကရုဏ်း အခြေအနေ ဖြစ်လာအောင် ဖန်တီးနေသလားလို့ စဉ်းစားစရာပဲ။
 
ဒီယပ်တောင်သည် ဘယ်ကရောက်လာလဲ၊ သူ့ကို ဒီလိုလုပ်ဖို့ ဘာက တွန်းအားပေးထားလဲ၊ သူ့ရဲ့ နောက်ခံက ဘာလဲ၊ သူ ဒီလို တခြားသူကို စော်ကားဖို့ ဘယ်သူက ခိုင်းစေလိုက်တာလဲ၊ သူ့လို လူမျိုးတွေ ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသတွေမှာ ဘယ်နှယောက်တောင် ရှိနေမလဲ စတဲ့ မေးခွန်းတွေ ကျမ စိတ်ထဲမှာ အလိုလို ပေါ်လာပါတယ်။ သူ့ကို ဘယ်သူကမှ စေခိုင်းတာမဟုတ်ဘူး ဆိုရင်တောင် ဒါဟာ လူနည်းစုလူမျိုးကွဲ ဘာသာကွဲတွေကို အသားလွတ် စော်ကားထိပါးတာပဲ။ ဒီမိုကရေစီ နိုင်ငံတခုမှာ မရှိသင့်မရှိအပ်တဲ့ လူအချင်းချင်း ခွဲခြားဖိနှိပ်မှု ဆိုတာတွေ ကျမတို့ မြန်မာနိုင်ငံမှာ ရှိနေပြီလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။
 
မနှစ်က အခုလိုအချိန်မှာ ကျမ စင်ကာပူနိုင်ငံရောက်နေပါတယ်။ အာရှနိုင်ငံ ၁၃ နိုင်ငံက ဂျာနယ်လစ် ၁၈ ယောက် တက်ခွင့်ရတဲ့ Asia Journalism Fellowship (AJF) ၃ လ အစီအစဉ် တက်နေချိန်ဖြစ်ပါတယ်။ အဲဒီမှာ ကျမရဲ့ အခန်းဖော် ပါကစ္စတန်သူ ဂိုနီလာ ဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံ ကျမိတော့ သူတို့နိုင်ငံရဲ့ လူနည်းစုဘာသာဝင်တွေ အပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်ကွပ်မှုတွေ အကြောင်း သူပြောပြတာ ကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူနည်းစုက ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပါတယ်။ လူများစုကတော့ အစ္စလမ် ဘာသာဝင်တွေပါ။ ကျမရဲ့ အခန်းဖော် ဂိုနီလာက ခရစ်ယာန် ဘာသာဝင် တဦးပါ။ အလုပ်ခွင်မှာ၊ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ အင်အားကြီး အစ္စလမ်ဘာသာဝင်တွေရဲ့ ထိပါးရိုင်းပြမှုတွေကို သူတို့လို လူနည်းစုတွေ ဘယ်လို ခံစားရတယ်ဆိုတာ သူက ပြောပြပါတယ်။
 
အဲဒါတင်မကဘဲ သူတို့နိုင်ငံမှာ အင်အား နည်းသူတွေ ဘက်က ရပ်တည် ရေးသားတဲ့ သတင်းသမားတွေ ဆိုရင်လည်း ခြိမ်းခြောက်ခံရ၊ တချို့ အသက်အန္တရာယ် ထိပါးလာတဲ့အထိ ပြုမူကြတယ်လို့ သိရပါတယ်။
အဆိုးဆုံးကတော့ ၂၀၁၂ မေလထဲမှာ ပါကစ္စတန်နိုင်ငံက ဂျာနယ်လစ်တယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ အစွန်းရောက် အစ္စလမ် ဘာသာဝင်တချို့က သတ်ဖြတ်တယ်လို့ သိရပါတယ်။ အဲဒီ အသတ်ခံရသူ ဂျာနယ်လစ်က ကျမတို့ရဲ့ စီနီယာ အစ်ကို တယောက်လို့ ပြောလို့ရပါတယ်။ သူက AJF တတိယ အသုတ်မှာ တက်ရောက်ခဲ့သူ၊ ကျမတို့က စတုတ္ထအသုတ်မှာ တက်သူတွေ ဖြစ်လို့ပါပဲ။ အဲဒီ ဂျာနယ်လစ်ဟာ အစ္စလမ်ဘာသာဝင် တဦးဖြစ်ပါတယ်။ သူဟာ အမြဲတမ်း လူနည်းစု၊ အားနည်းသူတွေဘက်က ရပ်တည် ရေးသားခဲ့သူလို့ ဂိုနီလာက ပြောပြပါတယ်။
 
 အဲဒီတုန်းက အကြောင်းအရာ တွေဟာ ကျမအတွက် အစိမ်းသက်သက်လို့ မဆိုနိုင်ပေမယ့် ကျမနဲ့ အနီးဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထ ရှိခဲ့တာတွေ မဟုတ်တာကြောင့် တော်တော်လေးတော့ အံ့သြမိပါတယ်။ အစိမ်းသက်သက်လို့ မဆိုနိုင်တာက ကျမရဲ့ မီဒီယာအတွေ့အကြုံ အရ ကျမတို့ မြန်မာနိုင်ငံအတွက် အဲဒီကာလက အထိ လူနည်းစုဆိုတာ တိုင်းရင်းသားလူမျိုးတွေပါ။ တိုင်းရင်းသားလူမျိုးတွေကို ဖိနှိပ်ချုပ်ချယ်တယ်၊ ခွဲခြားဆက်ဆံတယ် ဆိုတာမျိုးဟာ နယ်စပ်ဒေသတွေမှာ ရှိနိုင်ပေမယ့် ကျမတို့ နေထိုင်တဲ့ ပတ်ဝန်းကျင် ဒေသတွေမှာတော့ အကြီးအကျယ် မရှိပါဘူး။
 
ကျမ ကိုယ်တိုင်လည်း မြန်မာနိုင်ငံရဲ့ လူနည်းစု ဘာသာဝင်လို့ ပြောနိုင်တဲ့ ခရစ်ယာန် ဘာသာဝင် တယောက်ပါပဲ။ ငယ်စဉ် ကတည်းက ကိုယ့်ဘာသာကိုကိုယ် လွတ်လွတ်လပ်လပ် ကိုယ်းကွယ်ဝတ်ပြုခွင့် ရခဲ့တယ်လို့ ကျမ သိထားပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေ ထဲမှာလည်း ဘာသာပေါင်းစုံ ပါရှိသလို၊ တိုင်းရင်းသားတချို့လည်း ပါရှိတယ်၊ အားလုံးရဲ့ နေ့ကြီးရက်ကြီးတွေ ခရစ္စမတ်ပဲ ဖြစ်ဖြစ်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်ကာလတွေမှာဖြစ်ဖြစ်၊ အိဒ်ပွဲတော်၊ ဒီပါဝလီ ပွဲတော်တွေမှာပဲ ဖြစ်ဖြစ် အားလုံးပါဝင် ပျော်ရွှင်ကြတာပါပဲ။ အဲဒီအတွက် ဘယ်သူကဖြင့် ခွဲခြားဆက်ဆံ ခံရတယ် ဆိုတာမျိုး တခါမှ မတွေးဖူး ပါဘူး။
 
ဒီတော့ ကျမက ဂိုနီလာကို ကျမ ခံစားရတဲ့ အတိုင်းပဲ ပြောပြခဲ့ပါတယ်။ ကျမတို့ မြန်မာနိုင်ငံသားတွေဟာ လူမျိုးဘာသာ တန်းတူရည်တူ စိတ်ထားကြတယ်၊ ကျမတို့ မြန်မာနိုင်ငံသားတွေကို ဖိနှိပ်ချုပ်ချယ်တာဟာ စနစ်ပဲ။ အဲဒါကတော့ စစ်အာဏာရှင် ဆိုတဲ့ စနစ် ဖြစ်တယ်။ ဒီစနစ်ကို မြန်မာနိုင်ငံသားတိုင်း၊ ဘယ်ဘာသာ ဘယ်လူမျိုးမဆို တွန်းလှန်ချင်ကြတယ်။ အားလုံးဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဆိုတာကို ရရင် အားလုံး တပြေးညီ အကျိုးကျေးဇူး ခံစားကြရမယ် ဆိုတဲ့အကြောင်း ကျမ ဂိုနိလာကို ပြောပြခဲ့တယ်။ မနှစ်ကအထိ ကျမ အဲဒီလိုပဲ ယုံကြည်နေမိပါတယ်။
 
ဒါပေမယ့် ဝမ်းနည်းစရာ ရှက်စရာ ကောင်းတာကတော့ အခု ဖြစ်နေတဲ့ အခြေအနေလို့ ပြောရမလိုပါ။ ကျမတို့ အထိုက် အလျောက် ဒီမိုကရေစီ ရပြီလို့ ပြောနိုင်နေတဲ့အချိန်၊ အရင်ကထက်စာရင် လွတ်လပ်စွာ ကိုယ့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ခွင့် ရနေကြတဲ့အချိန်၊ အရပ်သားအစိုးရလို့ဆိုပြီး ပြည့်ပြည့်ဝဝ မရသည့်တိုင်အောင် စစ်အာဏာရှင်စနစ်က ခွဲထွက်နိုင်ပြီလို့ ယူဆနိုင်တဲ့အချိန်၊ ကျမတို့နိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်း၊ ပညာရေး အခွင့်အလမ်းတွေ အထိုက်အလျောက် မြင်နေရချိန်မှာမှ ဘာကြောင့် တသက်လုံး ကောင်းအတူဆိုးအတူ ယှဉ်တွဲ နေထိုင်လာသူတွေ အချင်းချင်း မယုံသင်္ကာစိတ်၊ သွေးကွဲစိတ်တွေ ဖြစ်အောင် လုပ်လာရတာလဲဆိုတဲ့ မေးခွန်း မေးချင်နေမိတယ်။ ဒီစိတ်တွေကြောင့် အလင်းရောင်ပြပြ မြင်ရစပြုတဲ့ မြန်မာနိုင်ငံ အမှောင်ဘက်ဆီ လုံးလုံး ပြန်ရောက်သွားနိုင်တယ် ဆိုတာကို မတွေးမိလောက်အောင် ဒီလို အဖြစ်တွေဖြစ်ဖို့ ပါဝင်အားပေးသူတွေ အနေနဲ့ ပညာမဲ့ကြသလား ဆိုတဲ့ ဂရုဏာ ဒေါသလည်း ဖြစ်မိတယ်။
 
စနစ်တိုင်းမှာ အဆိုးနဲ့အကောင်း ဒွန်တွဲပြီး လာတတ်တဲ့ သဘောရှိတာကို လက်ခံနိုင်ပေမယ့် အားလုံးက အဆိုးနည်းနည်း၊ အကောင်းများများကို မျှော်လင့်ကြတယ်၊ ဖြစ်စေချင်ကြတယ်။ မျှော်လင့်နေတဲ့ ရောင်နီဦးကို ပြပြလေး မြင်ရချိန်မှာ ဘာကြောင့် မိုးမှောင်ကြီး ကျလာတာကို လက်ခုပ်လက်ဝါး တီးချင်ကြတာလဲ။ အဲဒီလို အလင်းရောင်ကို မကြိုက်သူတွေကတော့ အမှောင်ကို အကာအကွယ်ယူပြီး ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းနေသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်သူမှ မြို့ပြကို လောင်မီးကျ စစ်တလင်းလို မဖြစ်စေချင်ကြပါဘူး။ ဘယ်သူမှ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရတဲ့ အထိတ်တလန့် ဘဝမျိုး မလိုချင်ပါဘူး။ တောမီးလောင်တာကို သဘောကျသူတွေကတော့ လက်ခမောင်းထခတ်ချင်တဲ့ တောကြောင်တွေပဲ ဖြစ်လိမ့်မယ် ဆိုတာ ပြောပြနေစရာတောင် မလိုအောင် ရှင်းလင်းပါတယ်။
 
သန်လျင်မြို့မဈေးထဲက ယပ်တောင်သည်ဟာ သူ့သဘောနဲ့သူ မွတ်စလင်ဆိုင်တွေ ရှေ့မှာ သွားပိတ်ရောင်းပြီး တမင်ရန်စစော်ကား တာလား၊ ဒါမှမဟုတ် သူ့ကို တယောက်ယောက်က ခိုင်းစေတာလား ဆိုတာ မပြောတတ်ပေမယ့် တဘက်သားက မခံချင်ဖြစ်လာလို့ တန်ပြန် တိုက်ခိုက်လာရင်၊ ဘေးက သွေးထိုးသူတွေပါ ပါလာရင် အမှုသေးသေး ကနေ အဓိကရုဏ်း အကြီးကြီးအထိ ဖြစ်သွားနိုင်တဲ့ အနေအထားပါ။
 
အဲဒီ ယပ်တောင်သည်လိုမျိုး ဘယ်မြို့ ဘယ်ဒေသတွေမှာ ဘယ်နှယောက်လောက်တောင် ရှိနေပြီလဲ ဆိုတာ တွေးမိပြီးလည်း စိုးရိမ်စိတ် ဖြစ်မိပါတယ်။ စော်ကားသူနဲ့ အစော်ကား ခံရသူနှစ်ဦးမှာ အစော်ကားခံရသူ ဘက်က ဘယ်လောက်အထိ ကြာကြာ သည်းညည်းခံ နေနိုင်မှာလဲ ဆိုတဲ့ မေးခွန်းလည်း မေးစရာရှိပါတယ်။ လူသားတွေသာ ဖြစ်တဲ့အတွက် အသားလွတ်စော်ကားမှု ဒဏ်ကို ဘယ်သူမှ ကြာကြာမခံနိုင်ပါဘူး။ ဒီကြားထဲ ဘေးက သွေးကြွအောင် ဆွပေးသူတွေ ရှိမယ်ဆိုရင် နောက်ထပ် အမှိုက်ကစ ပြာသာဒ်မီးလောင်တဲ့ အဖြစ်မျိုးတွေ ဖြစ်မလာဘူးလို့လည်း မပြောနိုင်ပါဘူး။
 
ဒီလို အဖြစ်မျိုးတွေ (အမှုသေးသေးလေးတွေက အစ) ဒေသခံ ပြည်သူလူထု အနေနဲ့ ပညာသတိနဲ့ယှဉ်ပြီး ကြည့်မြင် ဆင်ခြင်ရလိမ့်မယ်လို့ ယူဆပါတယ်၊ အဲဒီလို အဖြစ်မျိုးလေးတွေ ဖြစ်လာခဲ့ရင် ဘယ်သူမဆို လူမျိုးဘာသာ မခွဲဘဲ အမှန်တရားဘက်က ရပ်တည် ကာကွယ်ပေးရပါမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲ ဖြစ်နေပါစေ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ရရမယ်ဆိုတဲ့အသိ လူတိုင်းမှာ ရှိနေမယ်၊ ကိုယ့် အခွင့်အရေးကို တပါးသူက လေးစားဖို့အတွက် တပါးသူရဲ့ အခွင့်အရေးကိုလည်း ကိုယ်က လေးစားတတ်ရမယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်သူ တာဝန်ရှိသူများ ဘက်ကလည်း ငြိမ်းချမ်းမှုကို ပျက်ပြားအောင် ပြုသူတွေကို ဘယ်လူမျိုး၊ ဘယ်ဘာသာမှ မခွဲခြားဘဲ တိတိကျကျ ဖော်ထုတ် အရေးယူရမှာပါ။ အဲဒီတော့မှပဲ တရားဥပဒေစိုးမိုးမှု ရှိတဲ့ နိုင်ငံအစိုးရအဖြစ် နိုင်ငံသားများသာမက နိုင်ငံတကာကပါ လေးစားမှု ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
 
လူနည်းစုကို လူများစုက ဖိနှိပ်စော်ကားနိုင်တဲ့ အခွင့်အရေး ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ မရှိပါဘူး။ အင်အားကြီးသူက အင်အားနည်းသူကို ရိုင်းပြစော်ကားဖို့ ဘယ်ဘာသာတရားကမှလည်း မသွန်သင်ထားပါဘူး။ ဟိုနိုင်ငံမှာတော့ ငါတို့ဘာသာဝင် တွေကိုနှိပ်ကွပ်တယ်၊ အဲဒီတော့ ဒီနိုင်ငံမှာ ငါတို့က လူများစု အပေါ်စီးမို့ သူတို့ဘာသာဝင်တွေကို နှိပ်ကွပ်လိုက်မယ် ဆိုတဲ့ စိတ်မျိုး ထားမယ်ဆိုရင်တော့ အမုန်းသံသရာ ရှည်ပြီး ပျော်ရွှင်ငြိမ်းချမ်းမှုနဲ့ ဝေးသည်ထက် ဝေးကြရပါလိမ့်မယ်။ ပြည်သူလူထု ပျော်ရွှင်ငြိမ်းချမ်းမှုနဲ့ ဝေးကွာချိန်မှာ တောကြောင်များသာ လက်ခမောင်း ထခတ်ကြပါလိမ့်မယ်။
 
စနစ်ဆိုးတခု အောက်က လွတ်မြောက်စပြုလာတဲ့ ကျမတို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဝါဒစွဲ၊ လူမျိုးစွဲ၊ ကိုယ့်ဝါဒမှ အမှန်၊ ကိုယ့်လူမျိုးမှ အကောင်းဆိုတဲ့ “အစွဲဆိုး” တွေရဲ့ ဖိနှိပ်မှုဒဏ်ကို တဖန်ပြန်မခံရစေဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံသားတိုင်း တန်းတူရည်တူ အခွင့်အရေးရရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ပျော်ရွှင်နိုင်ဖို့ အတွက် ဒီမိုကရေစီရေစီးမှာ ပါလာတဲ့ အမှိုက်သရိုက်တွေကို အတူတကွ ပညာ၊ သတိနဲ့ စစ်ထုတ် ဖယ်ရှားကြမှသာ ရလာတဲ့ ရေကောင်းရေသန့်ကို အတူမျှဝေ သောက်သုံး နိုင်မှာဖြစ်ပါတယ်။ အဖျက်အမှောင့် ကင်းကင်းနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ် လင်းလင်းချင်းချင်း လှပသာယာဖို့ မြန်မာနိုင်ငံသားတိုင်း အပေါ်မှာ မူတည်နေတယ် ဆိုတဲ့အကြောင်း ဖော်ပြလိုခြင်းသာ ဖြစ်ပါတယ်။ ။ 
 

Friday, April 26, 2013

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံ ဆွေးနွေးဖို့ရှိ

asean-brunei-305.jpg
ဧပြီလ ၂၄ ရက်နေ့က ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ ၂၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်
   

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
 
အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
 
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။
 
ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။
 
 rfa  သတင်း

ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေးအခမ်းအနား စင်ထရယ်ဟိုတယ်တွင် ကျင်းပ

 
ဧပြီ – ၂၅-၂၀၁၃

ဆူးထက်
P7230049
ဧပြီလ ၂၅ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် ရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေး အခမ်းအနားကို စင်ထရယ်ဟိုတယ်၊ ပတ္တမြားခန်းမ ၌ နံနက် (၉)နာရီမှ (၁၁)နာရီထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ပဋိပက္ခ ကြိုတင်ကာကွယ်ရေး အဖွဲ့မှ ကြီးမှူး ကျင်းပသောအဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လှုမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း အပါအ၀င် ပန်းဘဲတန်းမြို့နယ် ရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ မှခေါင်းဆောင်ကြီးများ ၊မြို့နယ်ရှိ ရဲတပ်ဖွဲ့မှူး၊ မီးသတ် ဦးစီးဌါန အုပ်ချုပ်ရေးမှူး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ သာသနာရေး ဦးစီးမှူး၊ NGO အဖွဲ့ စသည့် အဖွဲ့ပေါင်း ၁၆ဖွဲ့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမူရေးဝန်ကြီး Dr မြင့်သိန်းမှ “ ဘာသာတရားတိုင်း၏ ဘုရားရှင်တိုင်းသည် လောကကြီးနှင့် လူသားအားလုံးအတွက် ကောင်းမွန်မြင့်မြတ်သည့် အသက်ရှင် နေထိုင်မူများကိုသာ ဟောကြား ညွှန်ပြ သွန်သင် ဆုံးမခဲ့ကြသည်။ သို့သော် တစ်ချို့သော လူအနည်းစုသည် လိုချင်တပ်မက်မူ လောဘ၊ အမျက်ကြီးမူ ဒေါသ၊ မသိမိုက်မဲမူ မောဟ တရားများ လွှမ်းမိုးပြီး လောက လူသားများ အတွက် ကောင်းကျိုးတရားနဲ့ သွေဖီကာ မိမိတို့ တစ်ဦးတစ်ယောက်၊ တစ်သင်း တစ်ဖွဲ့ ကောင်းကျိုးကိုသာကြည့်ကာ အတ္တစိတ် လွန်ကဲစွာဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် မလိုလားအပ်သော ဆိုးကျိုးများစွာကို ခံစားခဲ့ကြရပါသည်။
 
ဘာသာရေးသည် ယုံကြည်ကိုးကွယ်မူ အရ လေးနက်သည်နှင့် အမျှ သိမ်မွေ့နှုးညံ့မူလည်း ရှိပါသည်။ နိုင်ငံတော်အနေဖြင့် ဘာသာရေးနှင့် ပတ်သပ်၍ မိမိတို့ ဘာသာအလိုက် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပေးထားသဖြင့် ဘာသာအသီးသီးကို ဆက်လက်ပံပိုးမူ ပေးသလို ဘာသာအသီးသီးရှိ ဘာသာဝင်များကလည်း မြန်မာနိုင်ငံသားများ ဖြစ်ကြသည့် အလျှောက် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ ဓလေ့ထုံးစံများနှင့် အညီ စည်းကမ်းတကျ ဖြစ်စေရေး လိုက်နာကျင့်သုံးသွားရန် လိုအပ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။

ပန်းဘဲတန်း မြို့နယ် ဗုဒ္ဓဘာသာ ကိုယ်စားပြု ဦးဟန်မှ “ တက်ရောက်လာကြတဲ့ လူမျိုးမတူ၊ ဘာသာမတူပေမယ့် မြန်မာ့မြေပေါ်မှာ အတူနေပြီး မြန်မာ့ရေကို အတူသောက်လာကြတဲ့ ဘာသာရေး ခေါင်းဆောင်များအားလုံး Religious Leaders လူမူရေး ခေါင်းဆောင်များ အားလုံး Social Leaders စိတ်ဓာတ်ရေးရာ ခေါင်းဆောင် Spiritual leader အားလုံးတို့ဟာ မြန်မာဆိုတဲ့ စိတ်ဓာတ်ကို တညီတညွတ်ထဲမွေးကြပြီး သမိုင်းအစဉ်အလာအတိုင်း မေတ္တာဖြင့် ချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲ နေထိုင်သွားမည် ဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
 
ပန်းဘဲတန်း မြို့နယ် အစ္စလာမ် ဘာသာဝင်များ ကိုယ်စား ဟာဂျီဦးခင်မောင်သန်း မှ “အမိမြန်မာနိုင်ငံမှာ ရှေးနှစ်ပေါင်း များစွာကတည်းက အေးအတူ ပူအမျှ ၊ မရှိအတူ ရှိအတူ ဘာသာကြီးလေးရပ် အပြန်အလှန် ချစ်ခင်လေးစားလျှက် နေထိုင်ခဲ့ကြပါတယ်။ နိုင်ငံတော် အစိုးရမှလည်း ဘာသာပေါင်းစုံတို့အား လွတ်လပ်စွာ ယုံကြည် ကိုးကွယ်မူများကို သဘောထားကြီးစွာ အခြေခံ ဥပဒေမှာပင် ဥပဒေတစ်ရပ် ပြဌါန်းခွင့်ပြုပေးရုံတင်မက ဘာသာပေါင်းစုံတို့၏ လိုအပ်ချက်များကို ကူညီပံပိုးလျှက် ရှိသည်မှာ ဘာသာပေါင်းစုံ ရရှိ ခံစား စံစားလျှက် ရှိကြပါသည် ” ဟုထည့်သွင်းပြောကြားခဲ့သည်။
 
ပန်းဘဲတန်း မြို့နယ် ခရစ်ယာန်ဘာသာဝင်များ ကိုယ်စား ဦးမိုက်ကယ် (ခ) ဦးမြင့်ဦးမှ “ ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်ရှိ ဘာသာကြီးလေးခုလုံးသည် တစ်ဦးကို တစ်ဦး လေးစားသကဲ့သို့၊ အချို့မြို့နယ်များရှိ ဘာသာကြီး လေးခုလုံ ၏ပုဂ္ဂိုလ်များက ချစ်ချစ်ခင်ခင် လေးစား၍ နေထိုင်လျှင် မည်သည့် ပြဿနာမှ ဖြစ်ပေါ်နိုင်ခြင်း မရှိပါ။ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်ရှိ ဘာသာကြီးလေးခုလုံးသည် ညီညီညွှတ်ညွှတ်နေထိုင်လျှက် ရှိပါသည်။ နောင်ကိုလည်း ဤကဲ့သို့ပင် မြို့နယ်ရှိ ပုဂ္ဂိုလ်များက နေထိုင်လိမ့်မည်လို့ ယုံကြည်ပါကြောင်း ပြောကြားရင်း၊ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
ပန်းဘဲတန်း မြို့နယ် ဟိန္ဒူဘာသာဝင်များ ကိုယ်စား ဦးခင်မောင်မှ “ ဘာသာကြီးလေးခုလုံးရဲ့ ဟောကြား သွန်သင် အဆုံးအမ တွေရဲ့ အခြေခံဟာ မေတ္တာတရားဘဲ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး အသိပဲဖြစ်ပါတယ်။ ဘာသာတရားကြီးတွေ စတင်ထွက်ပေါ်လာရာ အရပ်ဒေသပေါ် မူတည်ပြီး အယူအဆ နည်းစနစ်တွေ အလွဲလွဲ ရှိနေတာဟာ သဘာဝပါ၊ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ် ဆည်းကပ်နိုင်ပေမယ့် အစွန်းမရောက်ဖို့တော့ လိုပါတယ်။ အစွန်းရောက်မယ် ဆိုရင်တော့ အေးချမ်းတဲ့ လူ့အဖွဲ့အစည်းကို မလိုလားအပ်တဲ့ အနှောက်အယှက်တွေ ဖြစ်စေပြီး စိတ်မချမ်းမြေ့စရာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာ လူကြီးမင်းများ အသိဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလက်တဆုပ်စာ အစွန်းရောက် သူတို့ကြောင့် နှစ်ပေါင်းထောင်ချီပြီး ငြိမ်းချမ်းစွာ ဖွဲ့စည်းတည်ရှိထားတဲ့ ကျွန်တော်တို့ရဲ့ ချစ်ကြည်ရေးကို ဘယ်နည်းနဲ့မှ မကျော်လွှားနိုင်ပါဘူး ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ” ဟုထည့်သွင်းပြောကြားခဲ့သည်။
 
မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကနှင့်နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ဒုတိယ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ (အဂ္ဂမဟာပဏ္ဍိတ) အရှင်သူမြတ်က “ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို ဖော်ဆောင်ရန် ဗြဟ္မာဝိဟာရ တရားပွားများကြပါစို့” ခေါင်းစဉ်ဖြင့် မြွက်ကြားသောမူအပ်သော ချစ်ကြည်ရေး သ၀ဏ်လွှာ တွင် “ ‘ဒီနေ့ ပန်းဘဲတန်းမြို့နယ် ပဋိပက္ခ ဖန်တီးသူများ ကြိုတင်ကာကွယ် တာဆီးရေး ကော်မတီ အနေနဲ့ “ဘာသာကြီးလေးခု ချစ်ကြည်ရေး” အခမ်းအနားကို ဆောင်ရွက်ခြင်းသည် လူ့လောက ငြိမ်းချမ်းရေး ရောင်ခြည်ဖြစ်တဲ့အတွက် ဘုန်းကြီးများ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါတယ်။
 
လူသားများသည် အသိ, အလိမ္မာရှိကြတဲ့အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယဉ်ကျေးမူဓလေ့ ထုံးစံများကို အပြန်အလှန် နားလည်မူ၊ ပွင့်လင်းမြင်သာမူ၊ လေးစားမူရှိကြရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မေတ္တာ၊ ဂရုဏာ၊ မုဒီတာ၊ ဥပေက္ခာတရား လေးပါးကို အချင်းချင်းပွားများကြဖို့ တိုက်တွန်းပါတယ်။ အဲဒီတရားလေးပါးဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းရဲ့ ကိုယ်ပိုင်တရားများ မဟုတ်ကြပါဘူး။ လူသားမှန်သမျှ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်တဲ့ တရားများ ဖြစ်ပါတယ် ” ဟုထည့်သွင်းပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။အဆိုပါ အခမ်းအနားသို့ စုစုပေါင်း လူဦးရေ (၁၂၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် ရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေးနှင့် မလိုလားအပ်သော ပြဿနာများ ဖန်တီးမူ မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခ ကြိုတင်ကာကွယ်တာဆီးရေး ကော်မတီကို ပန်းဘဲတန်းမြို့နယ်ရှိ ဌါနဆိုင်ရာများ၊ ဘာသာပေါင်းစုံ ဘာသာဝင်များဖြင့် ဧပြီလ (၂၃) ရက်၊ ၂၀၁၃ခုနှစ်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ကော်မတီ၏ ရည်ရွယ်ချက်မှာ ဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဘာသာရေး၊ သာသနာရေး၊ လူမျိုးရေးကို အကြောင်းခံ၍ ဆူပူပဋိပက္ခများဖန်တီး၍ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်မူ မရှိစေရေးအတွက် ဘာသာအချင်းချင်း ပူးပေါင်းပါဝင်ကာ ကြိုတင် ကာကွယ် တာဆီးဆောင်ရွက်သွားရန် ဖြစ်ကြောင်း သိရသည်။
P7230017
 
M-Media

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး စတေကာကမ်ပိန်း အလုံမြို့နယ်တွင် လုပ်ဆောင်

 ဧပြီ ၂၅-၂၀၁၃

 
 
IMG_7954

IMG_8102

M-Media

အကြမ်းဖက်ခံရသည့် မြို့များသို့ ၅၉ လမ်း ဗလီ မိသားစုဝင်များ စုပေါင်းလှူဒါန်း

ဧပြီလ ၂၅၊ ၂၀၁၃ 
 
 
 သတင်း – ဆူးထက်
 
၅၉ လမ်း ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော် ဂျမာအသ် မိသားစုဝင်များ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေများအား ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အကြမ်းဖက် ခံရသော မြို့များ ဖြစ်သည့် မင်းလှ။ ကြို့ပင်ကောက်။ ဇီးကုန်း။ နတ်တလင်း နှင့် စစ်ကွင်းမြို့များသို့ ကျပ် ခြောက်ဆယ့် ရှစ်သိန်းတိတိ ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
DSCF1264 DSCF1271
 M-Media  သတင်း

Thursday, April 25, 2013

မြန်မာဘုန်းတော်ကြီးများ အကြမ်းဖက်မှု အဆုံးသတ်ပေးရန် ဒလိုင်းလာမား လျှောက်ထား

 
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမား (ဓာတ်ပုံ – himalayasnepal.com)
 
 
မြန်မာနိုင်ငံ မြို့နယ်အချို့နှင့် ကျေးရွာအချို့တို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များ အကြား ဖြစ်ပွားခဲ့ သည့် အကြမ်းဖက် ပဋိပက္ခများသည် မွတ်စလင်များအား ရှင်းလင်းသုတ်သင်ပစ်ရေးဟု သတင်းများ ထွက်ပေါ်လာမှု အပေါ် တိဗက်ဘုန်းတော်ကြီး ဒလိုင်လာမားက မြန်မာဘုန်းတော်ကြီးများအား အကြမ်းဖက်မှုများ အားလုံး အဆုံးသတ်ပေးပါရန် လျှောက်ထားလိုက်သည်။
 
မကြာသေးခင်က အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာမြို့တွင် ဩစတြေးလျအသံလွှင့်ဌာနနှင့် သီးခြားပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် တိဘက်ဘုန်းတော်ကြီးက ပဋိပက္ခများတွင် လူပေါင်း ရာချီသေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ရခဲ့ရခြင်းကို ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။
 
“တကယ့်ကို ၀မ်းနည်းစရာပါ။ ဘာသာတရားတွေ အားလုံးက ချစ်ခြင်းမေတ္တာကို အခြေခံပြီး ခွင့်လွှတ်ခြင်းကို သွန်သင် လမ်းပြပေးပါတယ်။ ဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျင့်ကြံနေသူတွေ၊ ဦးဆောင်လမ်းပြနေသူတွေက မတူတဲ့ အခြားဘာသာဝင်တွေ အပေါ် အနိုင်ကျင့်တာတွေ မလုပ်သင့်ဘူး” ဟု အသက် ၇၇ နှစ်အရွယ်ရှိ ဒလိုင်လာမားက ပြောဆို သည်။
 
မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်တွေအပေါ် တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးတွေ ကို တိုက်ရိုက်လျှောက်ထား ပြောဆိုခွင့်ရမယ်ဆိုရင် ဘာတွေ လျှောက်ထားလိုပါသလဲဟု မေးမြန်းရာ တိဗက်ဗုဒ္ဓဘာသာ ခေါင်းဆောင်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ လျှောက်ထားလိုကြောင်း ဖြေကြားသည်။
 
“ကျနုပ်တို့ဟာ ဘာသာရေး ရိုသေကိုင်းရှိုင်းတဲ့ သူတွေပါ” ဟု ရွှေဝါရောင် သင်္ကန်းကို ပြရင်း “ဗုဒ္ဓ အမြဲသွန်သင်တာက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ ကိုယ်ချင်စာဖို့ တွေပါ။ တကယ်လို့ စိတ်မှာ ထိပုတ် ရိုက်နှက်ချင်၊ သတ်ဖြတ်ချင် ဖြစ်လာတယ် ဆိုရင် ဗုဒ္ဓရှင် ဟောပြောလမ်းညွှန်ချက်ကို သတိရပါ။ ဗုဒ္ဓရဲ့ သာဝကတွေဖြစ်တဲ့ ကျန်ုပ်တို့ဟာ ဗုဒ္ဓလမ်းစဉ်ကို လေးစားလိုက်နာရမယ်လေ” ဟု ပြောသည်။
 
ဒလိုင်လာမား၏ လျှောက်ထား တောင်းဆိုချက် မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးသော်လည်း မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင် အများစုက မွတ်စလင် လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း စွပ်စွဲချက်များ ရှိလာသည်။
 
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်တွင် ကြိုတင်စီစဉ်ထားသည့် ရွာလုံးကျွတ် ဖျက်ဆီးပစ်ခြင်း၊ အစုလိုက်အပြုံလိုက် မြေမြှုပ်ပစ်ခြင်းများ ရှိနေကြောင်း၊ အခြား ရွာတခုတွင်လည်း ကလေး ၂၈ ဦး အပါအ၀င် လူ ၇၀ ကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။
 
ယခုနှစ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှ စ၍ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများသည်လည်း အခြားမြို့နယ်များ၊ ကျေးရွာများသို့ ကျယ်ပြန့်သွားကာ လူ ၄၃ ဦးသေဆုံးပြီး သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
 

ရခိုင် အကြမ်းဖက် များကြောင့် ရိုပာင်ဂျာ (၄၆)ဦး စက်လှေနစ် သေဆုံး

 ရခိုင်ပြည်နယ်ပဋိပက္ခ အထူးသတင်း — 24 April 2013

ရခိုင် အကြမ်းဖက် များကြောင့် ရိုပာင်ဂျာ (၄၆)ဦး စက်လှေနစ် သေဆုံး
ရန်ကုန် ၊ဧပြီ ၂၄
သတင်း – မိုးကြယ်စင်
 
ရန်ကုန်၊ ဧပြီလ၂၃ စစ်တွေပွိုင့်အနီးမှာ ရခိုင်အကြမ်းဖက် စက်လှေတိုက်ခိုက်မှုကြောင့် တောမြို့နယ်ကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာ စက်လှေတစ်စီး နစ်မြုပ်ပြီး လူ(၄၆)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဖြစ်စဉ်မှာ ဧပြီလ၂၁ရက်နေ့မနက် (၉)နာရီဝန်းကျင်ခန့်က စစ်တွေသဲချောင်း ဆိပ်ကနေ ပေါက်တောဆော်လမွန် ဆိပ်ကို ထွက်ခွာလာတဲ့ ရိုဟင်ဂျာ စက်လှေကို ရခိုင်အကြမ်းဖက် စက်လှေက တိုက်ခိုက်နစ်မြုပ် ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာ စက်လှေပေါ်တွင် ရိုဟင်ဂျာ(၅၀)ဦး ပါလာတယ်လို့ သိရပါတယ်။
စစ်တွေပွိုင့်အနီး နှစ်မိုင်ခွဲလောက်မှာ ရခိုင်အကြမ်းဖက်စက်လှေက ထားဝယ်၉၆၉ အဖွဲ့ကလိုထင်ရတယ်။ ၉၆၉တံဆိပ်တွေ အင်္ကျိတွေဝတ်ထားတယ်။ သူတို့ကရိုဟင်ဂျာ စက်လှေပေါ်မှာ ပါလာတဲ့ ရိုဟင်ဂျာအမျိုးသမီး (၅)ယောက်ကိုတောင်းတယ်မပေးတော့ သူတို့ စက်လှေနဲ့ တိုက်ပြီးနစ်လိုက်တာ သူတို့စက်လှေက ပိုကြီးတယ်လို့စစ်တွေဒေသခံတစ်ဦးက အကြမ်းဖက်ဖြစ်စဉ်ကို ရှင်းပြပါတယ်။
ရခိုင်အကြမ်းဖက် စက်လှေပေါ်တွင် ရခိုင်အကြမ်းဖက်သမား (၁၅၀)ခန့်ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဆိုပါ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရိုဟင်ဂျာ(၄၆)ဦးသေဆုံးခဲ့ပြီး (၄)ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သေဆုံးသွားတဲ့ လူဦးရေးစာရင်းကတော့
(၁) စစ်တွေမြို့နယ်မှ (၁၄) ဦး
(၂) ပေါက်တောတောင်ရွာမှ(၇) ဦး
(၃) ပေါက်တောချောင်းဝကုန်တန်း(၅) ဦး
(၄) ပေါက်တော စကိတ်ပြင်ကျေးရွာမှ (၆) ဦး
(၅) ပေါက်တောကွမ်းသီးပင်ကျေးရွာမှ (၄) ဦး
(၆) ပေါက်တော ကန်နီပလောင်ကျေးရွာမှ(၂) ဦး
(၇) ပေါက်တော နက်ချောင်းကျေးရွာမှ (၅) ဦး
 
သေဆုံးသူ(၄၆) ဦးထဲမှ ရုပ်အလောင်(၂၆)လောင်းကိုတော့ ဧပြီ၂၂ရက်နေ့က ပြန်လည်ကောက်ယူနိုင်ခဲ့ပြီး ကျန်အလောင်းတွေကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဆယ်ယူထားတဲ့ ရုပ်အလောင်းတွေမှာ မည်သူမည်ဝါဖြစ်တယ်လို့ မှန်းလို့ မရနိုင်တော့ဘူးလို့လည်း ဒေသခံ တွေက ဆိုပါတယ်။
 

Wednesday, April 24, 2013

မြန်မာပြည်တိုးတက်မှု တည်မြဲပါစေ (TheStraitsTimes- ဘာသာပြန်)

 
 
 
ဧပြီ-၁၉ ၂၀၁၃
 
ST_20130419_NYTMYANMAR1_3619906e
 
လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်လျင် အကောင်းမြင် မဆုံးနိုင်အောင်ပါပင်။
ယုံကြည်ချက်ကြောင့် အချုပ်အနှောင်ခံနေခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးခဲ့သည်။ ခရီးသွားလာရေး ကန့်သတ် ပိတ်ပင်မှုများ ဖြေလျှော့ခဲ့သည်။ တိုင်းပြည်စီးပွားရေး တိုးတက်စရာ လမ်းစများစတင်ခဲ့သည်။ သတင်းလွတ်လပ်ခွင့်ရကာ စာပေစိစစ်ရေး ဆင်ဆာ လျှော့ချခဲ့သည်။ (ပုဂ္ဂလိက) သတင်းစာများ ထွက်ပေါ်ခွင့်ရလာသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်များနှင့် ကျွန်တော် အပါအဝင် တိုင်းပြည်မှ စွန့်ခွာခဲ့ကြရသူများအထိပင် အရောက်လှမ်း ဆက်သွယ်နိုင်ခဲ့ပေသည်။ သယံဇာတ ပေါကြွယ်ဝရာ ကျွန်တော်တို့နိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အဆက်မပြတ် ဝင်ရောက်လာတော့မည့်အရေးပြင်ဆင်ကြလျက် ဗမာပြည်သူပြည်သားတို့ လှုပ်လှုပ်ရှားရှား နိုးကြား တက်ကြွခဲ့ကြရသည်။
 
ထိုသို့သောပြုပြင်ပြောင်းလဲမှုများ ကြုံတွေ့ရပ်လျက် အစိုးရနှင့်ပတ်သက်လျင် မယုံရဲသေးကြသူများလည်းရှိသည်။ ကျွန်တော် အပါအဝင်ပါပင်။ စီးပွားနှင့်သြဇာအာဏာ အများစုသည် စစ်တပ်၏ ထိန်းချုပ်ချယ်လှယ်မှုအောက်တွင်သာ ရှိနေသေးသည်။ ယခင်က သူတို့ မည်ရွေ့ မည်မျှ အလွဲသုံးစား လုပ်ခဲ့ကြသည်ကိုလည်း မသိရသေး။ လွန်ခဲ့သော၂၄နှစ်အတွင်း ကျွန်တော် မြန်မာပြည်ကို ပထမဆုံးပြန်လည် သွားရောက်ခဲ့စဉ်က ဆုံတွေ့ခဲ့သည့် ဗမလူမျိုးအများအပြားကတော့ အပြောင်းအလဲများ ပြုလုပ်ပေးနေခြင်းသည် အနောက်နိုင်ငံအစိုးရများက စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးစေရေး အတွက်သာ ရည်ရွယ်ကြောင်းနှင့် စစ်တပ်အနေဖြင့် အချန်မရွေး အာဏာပြန်သိမ်းနိုင်ကြောင်း ယူဆကြသည်။
 
သို့ရာတွင် မြန်မာပြည်အလယ်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့နှင့် မွတ်စလင်မ်များအကြား မကြာသေးမီက ဖြစ်ပွားခဲ့သော မလိုလားအပ်ဖွယ် အဓိကရုဏ်းများသည် ကျွန်တော်တို့၏ ပွန်းပဲ့ပျက်စီးထိခိုက်လွယ်သော နိုင်ငံတော်အနာဂတ်အတွက် အကောင်းမြင်တတ်သူတို့အတွက်သည်ပင်လျင် ဆက်မမြင်နိုင်ကြရလောက်စရာ ရတက်မအေးဖွယ်ပါပင်။ ဆူပူအကြမ်းဖက်မှု လူမျိုးရေးပဋိပက္ခများအား အစိုးရက ထိရောက်စွာနှိမ်နင်းဖြေရှင်းခြင်းမရှိပါက တိုးတက်စ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် နောက်ထပ်ယူဂိုဆလားဗီးယားနိုင်ငံတစ်နိုင်ငံအဖြစ်ရောက်ရှိကာ လူမျိုးရေးစစ်ပွဲများ ကြုံရပေတော့မည်။
 
ပြီးခဲ့သည့်မတ်လက မွတ်စလင်မ်ရွှေဆိုင်ရှင် တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတစ်ဦးကြား မြို့လယ်ခေါင်တွင်ဈေးအရောင်းအဝယ်တစ်ခုမှ အစပြုကာ မွတ်စလင်မ်တို့အပေါ်သို့ ဗုဒ္ဓဘာသာဝင်တို့မှ အဓမ္မ အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် လူအုပ်များမှ မွတ်စလင်မ်တို့အား လိုက်လံတိုက်ခတ် သတ်ဖြတ်ခဲ့ကြသည်။ မွတ်စလင်မ် အမြောက်အမြား ရိုက်နှက်ညှင်းပမ်းခံခဲ့ရပြီး ၃၀ကျော် သေကြေခဲ့ရသည်။ အချို့သည်ကား လမ်းမထက်သို့ တရွတ်တိုက်ဆွဲကာ ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ကြရသည်။ အလွန်ဆိုးရွားလှသည့်အချက်ကတော့ ရဲသားတို့က ဘေးကရပ်ကာ ကြည့်နေခဲ့ကြသည်လေ။
 
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဗီးယားက မြန်မာပြည်သို့ သွားရောက်လေ့လာခဲ့ပြီး ပြောခဲ့သည်က မွတ်စလင်မ်များသည် ပစ်မှတ်ထားခံရကာ ဦးတည်ချက်ရှိရှိ တိုက်ခိုက် ခံနေကြရသည်ဟူ၍ပင်။
”အကြင်နာကင်းမဲ့၍ ရက်စက်ကြမ်းကြုတ်သော အကွက်ကျကျ၊ စနစ်တကျ စွမ်းအားမြင့် အစွမ်းကုန်တိုက်ခိုက်မှု” ”brutal efficiency” ဟူသော စကားလုံးကိုရွေးချယ် အသုံးပြု၍ဖော်ပြသွားခဲ့သည်။ အလွန်ပင် ထိရောက်လှသော စကားလုံးရွေးချယ်မှု ဖြစ်ပါသည်။
 
ဤသို့သော လူ့အဖွဲ့အစည်းနှစ်ရပ်ကြားရှိပဋိပက္ခများသည် မြန်မာပြည်အတွင်းအမြစ်တွယ်လျက်ရှိလေသည်။ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅မျိုး ရှိသော မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ခုနှစ် ကတည်းကစတင်ကာ ပြည်တွင်းစစ်ဒဏ် ခံနေရသည်။ အများစုက ဗမာ လူမျိုးများဖြစ်ကြသည့် စစ်အာဏာရှင် အဆက်ဆက်သည် နှစ်ပေါင်းများစွာပင် လူနည်းစုတိုင်းရင်းသားတို့အား လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းမှ နှိမ်ချကာ တစ်ဆင့်နိမ့်နိုင်ငံသား အဖြစ်သတ်မှတ်လျက် “တိုင်းရင်းသား သန့်စင်ရေး” လုပ်ရန် ကြိုးပမ်းခဲ့ကြသည်။
 
တိုင်းပြည်လူဦးရေ သန်းပေါင်း၆၀နက် ၄ရာခိုင်နှုန်းခန့်ရှိသော မွတ်စလင်မ်တို့သည် အာဏာပိုင်တို့၏ ပစ်မှတ်ကောင်းတစ်ခု ဖြစ်လေသည်။ အနိမ့်ဆုံးအဆင့်အားဖြင့် ဗမာလူမျိုးများအနေနှင့် မွတ်စလင်မ်တို့အား သံသယဖြင့် ရှုမြင်ကာ ဒုတိယတန်းစား နိုင်ငံသားအဖြစ်သာ သဘောထားကြပေတော့သည်။ အဆိုးရွားဆုံးအနေအထားအားဖြင့်မူ မွတ်စလင်မ်တို့သည် ယခု မိတ္ထီလာဖြစ်စဉ်ကဲ့သို့ အကြမ်းဖက်မှုစီမံကိန်းများ၏ သားကောင် ဓားစာခံပင် ဖြစ်ကြရသည်အထိပင်။
 
မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်မ်လူစုကတော့ မွတ်စလင်မ်ဆန့်ကျင်ရေး အမုန်းမီးကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရဖူးပါပြီ။ ပြီးခဲ့သည့်နှစ်အတွင်း ဗုဒ္ဓဘာသာအစွန်းရောက်များ လက်ချက်ကြောင့် ရိုဟင်ဂျာလူမျိုး ၁၅၀ကျော် အသတ်ခံခဲ့ရပြီး ၁၀၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကယ်ဆယ်ရေးစခန်းသို့ ရောက်ခဲ့ကြရသည်။
 
မြန်မာပြည်အနောက်ပိုင်းတွင် ထိုပဋိပက္ခ ဖြစ်ခဲ့စဉ်မှစကာ မွတ်စလင်မ်ဆန့်ကျင်သူ အစွန်းရောက်များက နိုင်ငံတစ်ဝန်း သွားကာ မွတ်စလင်မ်မကောင်းကြောင်း လှည့်လည်ဟောပြောခြင်း၊ “တိုင်းပြည်နှင့်လူမျိုး ကာကွယ်ရမည့်အကြောင်း” တရားဟော အသံသွင်း ရိုက်ကူးဖြန့်ဝေခြင်း၊ မွတ်စလင်မ်ပိုင် စီးပွားရေး လုပ်ငန်းများအား သပိတ်မှောက် ဆန့်ကျင်သည့်အနေဖြင့် အားမပေးရန် စတစ်ကာများ ဝေငှခြင်း စသည်တို့ကို လုပ်ဆောင်လာကြသည်။ လွတ်လပ်စွာပြောဆိုခွင့် လောလောလတ်လတ်ပြုထားသည်ကို အခွင့်ကောင်းယူကာ “မွတ်စင်မ်များက စီးပွားရေး လက်ဝါးကြီးအုပ်ကြသည်၊ မွတ်စလင်မ်များက အမျိုးသမီးတို့အား အစ္စလာမ်ဘာသာသို့ သွတ်သွင်းနေကြသည်” စသည်ဖြင့် ဝါဒဖြန့်ကြသည်။
 
အုပ်ချုပ်သူတို့ကလည်း အခြေအနေ ပိုဆိုးစေရန်ဖန်တီးနေကြယုံမျှသာ။ ယခင်က စစ်အစိုးရအရာရှိဖြစ်ခဲ့ကာ လက်ရှိအစိုးရအဖွဲ့တွင်ပါဝင်သူ (အနည်းဆုံး) တစ်ဦးကလည်း ဆိုရှယ်မီဒီယာတွင် မွတ်စလင်မ်မုန်းတီးရေးများ တက်တက်ကြွကြွ ဖြန့်ချိနေသည်။ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် လူသတ်မှု ကျူးလွန်ခဲ့ကြသူများအား ဖမ်းဆီး အရေးယူခြင်း မရှိသေးချေ။
 
မိတ္ထီလာတွင်တော့ ဗုဒ္ဓဘာသာဝင်လူအုပ်စုက မွတ်စလင်မ်တို့အား တိုက်ခိုက်သတ်ဖြတ်နေသည်ကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း သတင်းများ ကြားသိတွေ့မြင်ခဲ့ရသည်။ ရဲအချို့က ဂျာနယ်များတွင် ပြောကြားဖော်ပြခဲ့သည်က “သူတို့အားရှောင်နေကြရန်၊ ဝင်မပါကြရန် အမိန့်ပေးထားသည်” တဲ့။
 
နောက်ဆုံးတွင်တော့ မိတ္ထီလာသို့ စစ်တပ် စေလွှတ်ခဲ့သည်။ သို့သော် ဤသည်ကြောင့်ပင် တရားဥပဒေ ပြန်လည်စိုးမိုးစေရေးအတွက် အကြောင်းပြချက်ဖြင့် စစ်အာဏာပြန်သိမ်းမည်ကို စိုးရိမ်ကြစရာ ပိုဖြစ်ခဲ့ရသည်။
 
ဤအနေအထားအရ မြန်မာတို့အတွက်ရွေးချယ်စရာက ဒွိဟ အတွေးပွားဖွယ် အခြေအနေပင် …. လုံခြုံမှုနည်းလွန်းသည့် လက်ရှိအခြေအနေလား၊ သို့တည်းမဟုတ် ယခင်ကကဲ့သို့ အလွန်တည်းကြပ်သည့် လုံခြုံရေးကပင် ပိုကောင်းလေသည်လား။
 
မိတ္ထီလာ ပဋိပက္ခ အပြီးတွင် သမ္မတကြီး ဦးသိန်းစိန်က တီဗီရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံရေး အမြတ်ထုတ်လိုသူများနှင့် ဘာသာရေးအစွန်းရောက်များအား၏ အမုန်းမီးတိုက်မှုကို လက်သင့်ခံမည်မဟုတ်ကြောင်း ထိုသူတို့ကို သတိပေးလိုက်သည်။ ထို့ပြင်သူ့အနေဖြင့် လိုအပ်ပါက အင်အားသုံးကာပင် ဖြေရှင်းရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။
 
ဤသည်က အစကောင်းပါပင်။ သို့သော် မလုံလောက်သေးပါ။ အစိုးရသည် ယခုထက်ပို၍ လုပ်ရန် ရှိနေပါသေးသည်။ ပြစ်မှု ကျူးလွန်ခဲ့သူတို့အားဖမ်းဆီးကာ တရားဥပဒေအရ ပြစ်ဒဏ်ချ စီရင်ခြင်းအားဖြင့် နိုင်ငံတော်သည် တရားဥပဒေစိုးမိုးမှုရှိကြောင်း ပြသရာရောက်ပါမည်။
ရေရှည် တည်ငြိမ်အေးချမ်းရေး အတွက်လည်း အစိုးရအနေဖြင့် သမာသမတ်တရားနည်းလမ်းကျသော၊ ကျိုးကြောင်းဆီလျော်သော ဆွေးနွေးပြောဆိုမှုများနှင့် လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်နိုင်ကြစေရေးတို့အတွက် အားပေးကူညီပံ့ပိုးပေးရပါမည်။
 
မတော်မတရား အကြမ်းဖက်လှုံ့ဆော်မှုလုပ်သူများ အောင်မြင်မည်မဟုတ်ဘဲ လွတ်လပ်စွာကွဲလွဲကြပိုင်ခွင့်ကို အသိအမှတ်ပြုကြသူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လိုသူများသာလျင် အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိကြစေရန် ရှင်းလင်းပြတ်သားစွာဖြင့် ကြေညာရန် လိုအပ်ပါသည်။
 
ဒီမိုကရေစီအတိုက်အခံများအင်အားစုများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာအသီးသီးမှ ခေါင်းဆောင်များအနေဖြင့်အားလုံး မကြာမီက ပဋိပက္ခများကို ပေါ်ပေါ်တင်တင် ဆန့်ကျင် ရှုတ်ချကြသင့်ပေသည်။ လေးစားရပါသော အတိုက်အခံခေါင်းဆောင် ဒေါ်ါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း နိုင်ငံသား လူနည်းစုများအပေါ် မတရား ဆက်ဆံနေကြခြင်းများနှင့်စပ်လျဉ်း၍ နှုတ်ဆိတ်နေခြင်း အဆုံးသတ်ကာ မွတ်စလင်မုန်းတီးရေး အကြမ်းဖက်မှုများနှင့် အခြား မည်သို့သော လူမျိုးရေး အကြမ်းဖက်မှုများကိုမဆို လက်မခံဆန့်ကျင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားသင့်ပါပြီ။
 
အမေရိကန်သမ္မတကြီး ဘာရက်အိုဘားမား ပြီးခဲ့သည့်နိုဝင်ဘာလက လာရောက်ခဲ့ခြင်းအပါအဝင် နိုင်ငံခြားခေါင်းဆောင်များ နှင့် နိုင်ငံခြား ခရီးသွားများ ခြေခြင်းလိမ် မတတ် မြန်မာပြည်သို့ လာရောက်လေ့လာနေစဉ် ကာလတွင် နိုင်ငံ့ကောင်းကျိုးကိုမျှော်ကိုးလျက် “အုပ်စုမတူသူကို မနှစ်သက်၍ ဖယ်ကြဉ်” တတ်သည့် အကျင့်ဆိုးကို ဖယ်ရှားသင့်ပါပြီ။ ၂၀၁၅တွင် ရွေးကောက်ပွဲ ကျင်းပဦးမည်ဖြစ်ရာ နောက်ကြောင်းပြန်လိုသူ အပြောင်းအလဲ မလိုလားသူ ခေါင်းမာသူများနှင့် ယခင်စစ်အာဏာရှင်များက ရွေးကောက်ပွဲ မတိုင်မီ ဤကာလအတွင်း ပဋိပက္ခများ စိုးရိမ်ပူပန်ကြောင့် ကျရမှုများ ဖန်တီးကာ စစ်အာဏာ နောက်တစ်ကြိမ်ပြန် သိမ်းရန် အသုံးချနိုင်ပါသည်။ မြန်မာပြည်ကြီး အမိုက်မှောင်ခေတ် နောက်တစ်ခါ ပြန်အရောက် မခံနိုင်တော့ပါ။
 
INTERNATIONAL HERALD TRIBUNE
(စာရေးသူသည် ဧရာဝတီ သတင်းမဂ္ဂဇင်း တည်ထောင်သူနှင့် (ယခင်က) ထိုမဂ္ဂဇင်း အယ်ဒီတာဟောင်း ဖြစ်ပါသည်။ ၈၈ ကျောင်းသားတစ်ဦးဖြစ်ပြီး ၁၉၈၈တွင် တိုင်းပြည်မှ ထွက်ခွာခဲ့ရကာ ထိုစဉ်မှစ၍ ပြီးခဲ့သည့်နှစ်က မြန်မာပြည်သို့ ပထမဆုံးအကြိမ် ပြန်လည် အလည်သွားရောက်ခဲ့ပါသည်။)
 
The Straits Times တွင် Keep Myanmar on track ဖြင့် Aung Zaw ရေးသားသည့် ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။
 
M-Media

ဧပြီ ၂၃ ရက် ၂၀၁၃
 Mizzima

indo

 
 

ဓါတ်ပုံ (ပေါ်ပြူလာ) ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဇနီး
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မူဆလင် ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ရိုက်တာ သတင်းတရပ်က ရေးသားထားသည်။
 
ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ က မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ လူအုပ်များ၏ မူဆလင်များအပေါ် တိုက်ခိုက်သတ်ဖြတ်မှုများမှာ ဒေသတွင်းရှိ မူဆလင်များအပေါ်လည်း သက်ရောက်မှုရှိသည်ဟု ဆိုသည်။
 
“ဖြစ်နိုင်တဲ့ အကောင်းဆုံးနည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ဒါရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအတွက် ကောင်းမှာ မဟုတ်သလို မူဆလင် အများစု အင်ဒိုနီးရှန်းတွေအတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး” ဟု သမ္မတ ယူဒိုယိုနို က မြန်မာနိုင်ငံသို့ ခရီးမဆက်မီ စင်္ကာပူနိုင်ငံတွင် ပြောဆိုသွားကြောင်း ရိုက်တာသတင်းက ဆိုသည်။
 
“မြန်မာ (အစိုးရ) အနေနဲ့ ဒီကိစ္စကို ဉာဏ်ပညာရှိရှိ၊ သင့်တင့်လျောက်ပတ်စွာနဲ့ တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ ကျနော်တို့ တိုက်တွန်းအားပေးမှာပါ။ သူတို့ ဒီရည်မှန်းချက်တွေ ရောက်ရှိလာအောင် အင်ဒိုနီးရှားမှာရှိတဲ့ ကျနော်တို့က ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ” ဟုလည်း အင်ဒိုနီးရှား သမ္မတ က ပြောဆိုသည်။
 
မစ္စတာ ယူဒိုယိုနို မြန်မာနိုင်ငံသို့ မရောက်လာမီ တလခန့်က မိထ္ထီလာမြို့တွင် လူ ၄၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
 
အင်ဒိုသမ္မတ မြန်မာနိုင်ငံသို့ မရောက်မီ တရက်အလိုဖြစ်သည့် တနင်္လာနေ့ကလည်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အာဏာပိုင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ရိုဟင်ဂျာ မူဆလင်များအပေါ် “လူမျိုးတုန်း သုတ်သင်မှု” အဖြစ် စွပ်စွဲပြစ်တင်ထားသည်။
 
 
M-Media   သတင်း

ဘားအံမြို့တွင် ပြုလုပ်ခဲ့သည့် တရားပွဲ၌ ဘာသာရေး မုန်းတီးမှု တရားများဟောကြားခဲ့

 
ဧပြီ ၂၃၊ ၂၀၁၃

ဇွဲကပင်သား
5
ဓါတ်ပုံ- FB ( ၉၆၉ အဖွဲ့ဝင်များ ဦးဝီရသူနဲ့ တွေ့ဆုံစဉ်)
ဘားအံ ။ ။ ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ဦးဝီရသူ၏ တရားဟောပွဲပြုလုပ်ခဲ့သော်လည်း တရားပွဲတွင် ဘာသာရေးမုန်းတီးမှု တရားများသာ ဟောကြားခဲ့ပြီး ယင်းတရားပွဲအား ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ည(၇)နာရီ (၉)နာရီထိ ၃-ရက်တိုင် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
 
 တရားပွဲ လော်စပီကာဖြင့် ထုတ်လွှင့်ခဲသောကြောင့် တရားပွဲကျင်းပရာ အနီးနား ရပ်ကွက်ရှိ နေထိုင်သူများအားလုံး ကြားခဲ့ရကြောင်း သိရပါသည်။
 
အဆိုပါပွဲတွင် တရားတော်များကို ဟောကြားခြင်းထက် သူတစ်ပါးရဲ့ ဘာသာ သာသနာကို စော်ကားပြီး ပြောကြားသွားခဲ့သည်။ တရားပွဲတွင် ဦးဝီရသူမှ ပြောကြားခဲ့သည်များထဲမှ ကြားသိခဲ့ရသည့် ဘားအံမြို့ခံများက ဦးဝီရသူပြောကြားခဲ့သည့်အတိုင်း ပြန်လည်ပြောပြလာပါတယ်။
 
ဦးဝီရသူပြောကြားခဲ့သည့် မုန်းတီးရေးတရားများမှာ -
(၁) ဗလီဆိုတာ ရန်သူ့အဆောက်အအုံဖြစ်တယ်။ ဒါကြောင့် ဗလီကိုဖြိုတာဟာ ရန်သူ့အဆောက်အအုံကို ဖြိုချခြင်းဖြစ်လို့ ငရဲမကြီးပါဘူး။
 
(၂) မွတ်စလင်မ်ကုလားတစ်ယောက်ဟာ ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် မြင့်မြတ်ခြင်းကို ရတယ်။
 
(၃) ရိုဟင်ဂျာတွေကိစ္စမှာ သမ္မတကြီးဟာ ပြတ်သားစွာရပ်တည်ပေးခဲ့အတွက် အလွန်လေးစားဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါပဲ။ အများက ခေါ်ခေါ်နေတဲ့ အမေစုဟာ ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ။ ဒါကြောင့် သမ္မတကြီးအတွက် ဆုတောင်းပွဲတွေကို မန္တလေးတစ်ခွင်မှာ ကျင်းပခဲ့ကြတယ်။
 
(၄) မဆီမဆိုင် ပဲခူးမှာ ဗလီတွေလိုက်ဖျက်ကြတဲ့ ဗမာတွေကို ဦးဇင်းရှက်မိတယ်။ မဆီမဆိုင် လိုက်လုပ်ကြတဲ့အတွက် မတရားမှုပါပဲ။ ဦးဇင်း အလွန်ပဲရှက်မိတယ်။
 
(၅) မြန်မာနိုင်ငံမှာလည်းနေသေးတယ်။ ဝက်သားလည်း မစားကြဘူး။ မြန်မာနိုင်ငံမှာ ဝက်သားပဲရတာလေ။ ကုလားတွေ ဝက်သားစားကြပေါ့။ ဝက်သားတော့ဖြင့် မစားကြဘူး။ ဝက်သားစားတဲ့ ပါးစပ်တွေရှိတဲ့ ဗမာမိန်းကလေးတွေကိုတော့ ငမ်းငမ်းတက်ဖြစ်နေကြတယ်။ ဦးဇင်းတို့က သူတို့ကို ဘယ်လိုနားလည်ပေးရမတုန်း။
 
(၆) မွတ်စလင်မ်ကုလားမတွေကဆိုရင် တကိုယ်လုံးကိုခြုံပြီးနေကြတာ။ တချို့ဆို မျက်နှာတွေမျက်လုံးတွေကိုပါ ပိတ်နေရတာ။ ရာသီဥတုပူတဲ့အချိန်ဆို ငရဲကျသလိုပါပဲ။ ဦးဇင်းတို့ မြန်မာအမျိုးသမီးတွေကိုများ သူတို့က မယဉ်ကျေးဘူးပြောသေးတယ်။ လွတ်လပ်ခွင့်ရှိတဲ့ တို့သာသနာကို တို့ပိုင်ဆိုင်ထားတာ ကံမကောင်းပေဘူးလားဟေ့။
 
(၇) NLD မှာ ကြည့်လိုက်ရင်လည်း မုတ်ဆိတ်တကားကားနဲ့ တိုက်ပုံဝတ်တဲ့ကုလားတွေကလည်း ရှိသေး။ ကြည့်လိုက်ရင် ဆိတ်သိုးတွေလိုပဲ သိပ်ရွံစရာကောင်းတယ်။ မဝတ်တတ်တော့ အကျီင်္ကို ဟိုဆွဲချ ဒီဆွဲချနဲ့ လုံးဝပုံမကျလှဘူး။
 
(၈) မြန်မာအမျိုးသမီးတစ်ယောက်ဆိုရင် ကုလားတစ်ယောက်ကို ကြိုက်လွန်းလို့ သဘောမတူတဲ့ ကိုယ့်မိဘကိုတောင် အဆိပ်ခပ်သတ်ပြီး ဘုရားပုံတော်ကို ခြေနဲ့နင်းလို့ ကုလားတွေက သူတို့ဘာသာထဲ ပြောင်းခိုင်းခဲ့တာကို ခံခဲ့ရတယ်။
 
(၉) မိတ္ထီလာလို လူညီဖို့လိုတယ်နော။ ကရင်ပြည်နယ်ကို ကုလားပြည်နယ် ဖြစ်ချင်သလားဟေ့။
(၁၀) ဦးဇင်းကို Facebook မှာ တိုက်ခိုက်သူတွေအများကြီးပဲ။ ဦးဇင်းက သောက်ဂရုမစိုက်ပါဘူး။ ဦးဇင်းက သာသနာ့အာဇာနည်တစ်ယောက်ပါ။
 
(၁၁) ငမဲတွေကိုကြောက်စရာမလိုဘူး။ ကုလားတွေအကုန်လုံးက မြန်မာတွေကိုမြင်ရင် ခေါင်းငုံ့သွားစေရမယ်။
 
(၁၂) ကုလားတွေက နောက်ဆုံးမရတော့မှ ဦးဇင်းဆီ လာဆွေးနွေးကြတယ်။ ကုလားတွေနဲ့ သွားမပတ်သက်မိစေနဲ့။ ကိုယ်ပါ အလိုလိုရိုင်းသွားလိမ့်မယ်။
 
ယင်းတရားပွဲ၌ ယခုကဲ့သို့သော စကားလုံးများသုံးနှုန်း၍ ဦးဝီရသူပြောကြားသွားသည်မှာ သာမန် ဘုန်းတော်ကြီးများ တရားဟောကြားသည့်ပုံစံ မဟုတ်ကြောင်း၊ စကားပြောသည့် ပုံစံလည်း မူမမှန်ကြောင်း၊ ၃-ညတိုင်တိုင်ပြောသည့် စကားများဟာလည်း တစ်ခုနှင့်တစ်ခု အဆက်အစပ်မဲ့ပြီး တရားပွဲဟု အမည်ခံထားသော်လည်း ဘာသာရေးမုန်းတီးမှုလှုံ့ဆော်ပွဲသက်သက်သာဖြစ်ကြောင်း၊
 
စကားပြောရာတွင်လည်း လျှာလိပ်နေတဲ့အ သံတွေဟာလည်း တားမြစ်ဆေးဝါး တစ်ခုခုသုံးစွဲထားပြီး စကားပြောသည့် လူတစ်ဦးကဲ့သို့သာဖြစ်နေကြောင်းကိုလည်း ဘားအံမြို့ခံတစ်ဦးမှလည်း ပြောပြလာပါတယ်။
 
M-Media  သတင်း

နာဇီလက်သစ် ခေါင်းဆောင်များ လွတ်လပ်ခွင့်ရနေ (Analysis By မောင်ဇာနည် )

 
ဧပြီ-၉-၂၀၁၃
ဘာသာပြန်ဆောင်းပါး
ဆောင်းပါးရှင်-မောင်ဇာနည်
Wirathu-7
မကြာသေးခင်က ဖြစ်ပွားခဲ့သည့် လူနည်းစုမွတ်စလင်များအား လူမဆန်စွာ ပစ်မှတ်ထားတိုက်ခိုက်မှုတွင် မြန်မာနိုင်ငံမှ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
 
ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ရပြီး ၁၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ သမ္မတဦးသိန်းစိန်အစိုးရနှင့် နိုင်ငံတစ်ဝှန်းရှိ ကြီးမားသည့်လူမျိုးရေးခွဲခြားသူများအကြားက ဘုန်းတော်ကြီးများဦးဆောင်သည့် အဆိုပါအဖွဲ့ကို အပြင်ပန်းမှ အပေါ်ယံအားဖြင့်နားလည်နိုင်ရန် ခက်ခဲလှသည်။ ၄င်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်အလက်များကို စူးစမ်းလေ့လာမှု မပြုဘဲနှင့် နားလည်အောင်ရှင်းပြ၍ မရနိုင်ပေ။
 
(၁) ဗုဒ္ဓဘာသာနာဇီလက်သစ် အုပ်စုကို အရေးမယူဘဲ နိုင်ငံတော်မှ မျက်နှာသာ ပေးထားခြင်း။
(၂) လူနည်းစုမွတ်စလင်များအား မျိုးဖြုတ်သုတ်သင်ရန် လက္ခဏာများ မြင်တွေ့နေရသော်လည်း သမ္မတ ဦးသိန်းစိန်မှာ အရေးယူဆောင်ရွက်မှု မရှိခြင်း။
(၃) ပြဿနာများဖြစ်ပေါ်နေစဉ်တစ်လျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံများ(အများစု)က လစ်လျူရှုထားခြင်း တိြု့ဖစ်သည်။
 
ထိုကဲ့သို့ အကြမ်းဖက်မှုများက နိုင်ငံပြုပြင်ပြောင်းလဲရေး၏ အနာဂတ်အလားအလာ၊ မျှော်လင့်ချက်များနှင့်ပက်သက်ပြီး အရေးပါသော မေးခွန်းမြောက်များစွာကို ပေါ်ထွက်လာစေသည်။
 
** ၉၆၉ လှုပ်ရှားမှုသည် မည်မျှအတိုင်းအတာအထိ လူကြိုက်များ၍ ပျံ့နှံ့နေပြီနည်း ? နိုင်ငံတစ်ဝှန်းလုံး ပြန့်နှံ့သွားဖို့ အလားအလာ မည်မျှ ရှိနေပါသနည်း ?
အမျိုး၊ ဘာသာ သန့်ရှင်းရေး ဟူသည့် ကြွေးကြော်သံနှင့် သစ်လွင်သော အမျိုးသားရေးလှုပ်ရှားမှု၊ အတွေးမှားအမြင်မှားများ စိမ့်ဝင်နေသည့ှ်ဗုဒ္ဓဘာသာဝင်လူစု၊ ယဉ်ကျေးမှုနှင့်စီးပွားရေးကို အခြေပြုထားသည့် အမျိုးသားရေးဝါဒ စသည်တို့မှာ ၁၉၃၀ ခုနှစ်က ဂျာမဏီ၌ ခေါင်းထောင်လာခဲ့သည့် နာဇီဝါဒနှင့် ကွဲပြားမှုမရှိ ထပ်တူထပ်မျှဖြစ်နေသည်ကို တွေ့ရသည်။ ၉၆၉ လှုပ်ရှားမှုမှာ အောက်ပါအချက်သုံးချက်ကြောင့် လူကြိုက်များလာခြင်းဖြစ်ကြောင်း သုံးသပ်ရပေသည်။
 
ပထမအချက် – နိုင်ငံတစ်ဝှန်း အချိတ်အဆက်ကောင်းသည့် ဗုဒ္ဓဘာသာကောလိပ်များမှ (၉၆၉ ခေါင်းဆောင် ဦးဝီရသူကဲ့သို့ ) အစွန်းရောက်ဘုန်းကြီးများက နိုင်ငံအတွင်းရှိ စီးပွားရေးအကြပ်အတည်း၊ ယဉ်ကျေးမှုယိုယွင်းပျက်စီးခြင်းနှင့်ပက်သက်၍ “ မြန်မာလူမျိုးများမှာ မွတ်စလင်တို့၏ စီးပွားရေးအရ ဂုတ်သွေးစုတ် အမြတ်ထုတ်ခြင်းကိုခံနေရသော သားကောင်များ ” အဖြစ်ပုံဖော်ကာ နိုင်ငံတွင်းရှိ မွတ်စလင်များအား တရားခံအဖြစ် စွပ်စွဲပြောဆိုနေခြင်း။
 
ဒုတိယအချက် – ဗုဒ္ဓဘာသာဝင်လူများစုအတွင်း ခေတ်ကာလကြာရှည်စွာရှိနေသော (လူပြိန်းကြိုက် မွတ်စလင်ဆန့်ကျင်ရေး) လူမျိုးရေးခွဲခြားမှုဝါဒကို ဆွဲယူအသုံးချခြင်း။
 
တတိယအချက် - ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး၊ စစ်တပ်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ အပါအ၀င် နိုင်ငံအတွင်း နယ်ပယ်စုံမှ ဦးသိန်းစိန်အစိုးရအဖွဲ့လက်အောက်ရှိ အသင်းအဖွဲ့အားလုံးနီးပါးက အဆိုပါ နာဇီလက်သစ်ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်လှုပ်ရှားမှုကို အရေးမယူသည်သာမက သွယ်ဝိုက်စွာ ပူးပေါင်းဆောင်ရွက်နေခြင်း တို့ဖြစ်သည်။
 
** အစွန်းရောက်လှုပ်ရှားမှုကို ပြည့်ပြည့်၀၀ ထိန်းချုပ်ရန် နေပြည်တော်အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်နေသနည်း ?
ပြီးခဲ့သည့်နှစ်က မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် ပတ်မှတ်ထားသော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဦးသိန်းစိန်မှ လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် လူမျိုးရေးမုန်းတီးမှုများ ပြန့်ပွားနေမှုအတွက် ဘုန်းကြီးများနှင့်နိုင်ငံရေးပါတီများကို ပြစ်တင်ပြောဆိုထားသည်။ သို့သော် သူ၏အုပ်ချုပ်ရေးအဖွဲ့မှ ရိုဟင်ဂျာတို့အားဦးတည်သည့် လူမျိုးရေးမုန်းတီးမှုများ သို့မဟုတ် မွတ်စလင်ဆန့်ကျင်ရေးများကို ပေါ်ပေါ်ထင်ထင် လူသိရှင်ကြား လှုံ့ဆော်ခဲ့သော မည်သူတစ်ဦးတစ်ယောက်ကိုမှ အရေးယူခဲ့ခြင်းဟူ၍ မရှိချေ။ ထိုမျှမက နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေးလုပ်ရပ်များကို လုပ်ဆောင်လျက်၊ မွတ်စလင်များနှင့် နိုင်ငံရေးရာအတွင်း ၎င်းတို့၏ပါဝင်ပက်သက်နေမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ထုတ်ရှင်းလင်းရန် ဆော်သြောလှုံ့ဆော်နေကြသည့် ဘုန်းကြီး တစ်ဦးတစ်လေသော်မှ ထိန်းသိမ်း ဟန့်တားနိုင်ခြင်း မရှိခဲ့ချေ။
 
“ နိုင်ငံရေးပါတီများ၊ ဘုန်းတော်ကြီးအချို့နှင့် အခြား တသီးပုဂ္ဂလ ပုဂ္ဂိုလ်များက လူမျိုးရေးမုန်းတီးမှုများကို မြင့်မားအောင် လုပ်ဆောင်နေသည်။ နိုင်ငံ အတွင်း နှင့် နိုင်ငံပြင်ပရှိ (ရခိုင်) လူ့အဖွဲ့အစည်းများအား ချဉ်းကပ် ၍လည်း လှုံ့ဆော်နေကြသည် ” ဟု ယမန်နှစ် သြဂုတ်လက လွှတ်တော်သို့ တင်သွင်းသည့် သမ္မတ ဦးသိန်းစိန်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ လူအုပ်စုကြီး၏အကြမ်းဖက်တိုက်ခိုက်နေမှုကို ရဲဝန်ထမ်းများက မည်သို့မျှ အရေးမယူဘဲ ရပ်ကြည့်နေမှုအား သိမြင်ရပြီးနောက် အနောက်နိုင်ငံရှိ မီဒီယာများက ကျယ်ကျယ်ပြန့်ပြန်ဖော်ပြခဲ့ကြသော ဦးသိန်းစိန်၏ သည်းခံခြင်းတရားထားရှိ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် အားပေးသောစကား (နှင့်) အနောက်မီဒီယာများကပင် တင်ပြရန်ပျက်ကွက်ခဲ့သော အစိုးရ၏ မထိန်းသိမ်းခဲ့မှု တို့ကြားတွင် ဆက်စပ်၍မရသည့် ကွာဟမှုတစ်ခုရှိနေသည်။
 
မွတ်စလင်ဆန့်ကျင်ရေး ဒီဗီဒီများ၊ စီဒီခွေများနှင့် အခြား ၀ါဒဖြန့်ချိသည့်အရာများအားလုံးကို မြန်မာတစ်နိုင်ငံလုံးတွင် အလွယ်တကူ တွေ့မြင်နိုင်သည်။ ပို၍ပွင့်လင်းလာသည့်တိုင်းပြည်ရှိ လူမှုအသိုင်းအ၀ိုင်းတွင် မွတ်စလင်ဆန့်ကျင်ရေး အချက်အလက်များ၊ အမုန်းတရားများကို ဖြစ်ပွားစေနိုင်သည့် ရှုထောင့်များမှပြောဆိုမှုတို့မှာ တရားဝင် ပုံစံမျိုး ဖြစ်နေသည်။ သတ္ထုတွင်းဝန်ကြီးဌာန၏ အကျင့်ပျက်ခြစားမှုနှင့်ပက်သက်၍ သတင်းဆောင်းပါး တစ်ပုဒ်ကို ဖော်ပြခဲ့သော the Voice Weekly ဂျာနယ်ကို အစိုးရမှ တရားစွဲခဲ့သော်လည်း တိုင်းပြည်အတွင်းရှိ မွတ်စလင်များအား အသရေဖျက်မှုများ၊ မွတ်စလင်များနှင့် ပက်သက်သည့် ကောလဟလများ၊ တလွဲတချော်အချက်အလက်များအား ပုံစံအမျိုးမျိုးဖြင့် ရိုက်နှိပ်ဖြန့်ဝေနေမှုများကိုမူ မည်သို့မျှ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသေးပေ။ သို့ဖြစ်၍ တိုင်းပြည်ကို “ မွတ်စလင်များ၏သင်္ချိုင်း ” အသွင်သို့ ပြောင်းလဲရန် မီဒီယာအမျိုးမျိုးမှလှုံ့ဆော်မှုများကို ရပ်တန့်စေခြင်းအစား – ၀န်ကြီးဌာနများ၏ စာရိတ္တပျက်ပြားမှုအား မှန်မှန်ကန်ကန်ဖော်ထုတ်မှုနှင့် ပက်သက်သောကိစ္စ၌ ဦးသိန်းစိန်အစိုးရမှ ပိုမို စိုးရိမ်နေသည်ကိုသာ ထင်ထင်ရှားရှားတွေ့နိုင်သည်။
 
ဦးသိန်းစိန်အစိုးရသည် အစ္စလာမ်ဘာသာဝင်များကိုဦးတည်သော အကြမ်းဖက်မှုများဖြစ်ပွားအောင် စီစဉ်နေသူများ၊ အမုန်းတရား ဖြန့်ဝေနေသူများအား စံနစ်တကျ ဟန့်တားမှု မရှိလျှင်၊ မွတ်စလင်များနှင့်အတူ အခြား တိုင်းရင်းသားလူနည်းစုများအပေါ် ကာလကြာရှည်စွာ ရာဇ၀တ်မှု ကျူးလွန်နေသူများအား လစ်လျူရှုထားမှုကို အဆုံးမသတ်နိုင်ပါလျှင် - ၉၆၉ ပြန့်ပွားမှု အန္တရာယ်မှသည် လူမျိုးတုံးသတ်ဖြတ်မှုများထံသို့ ရောက်ရှိသွားပေလိမ့်မည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆီသို့ ဟန်ရေးပြ လျှောက်လှမ်းနေသော်လည်း အာဏာရှင်ဟောင်း အများစုပါဝင်သည့် စစ်တပ်က ကျားကန်ပေးထားသော ဦးသိန်းစိန်အစိုးရမှာ အတိုက်အခံအဖွဲ့များကို နှိမ်နှင်းရာတွင် စနစ်တကျ ဖွဲ့စည်းထားသည့် နှစ်ပေါင်းငါးဆယ်ကျော် အတွေ့ကြုံကောင်းရှိခဲ့ကြသည်။ လူထုကြားထဲတွင် ၎င်းတို့မှ မပျံ့နှံ့စေချင်သော သတင်းများ၊ လှုံ့ဆော်မှုများကို စစ်တပ်မှ ဆယ်စုနှစ်ပေါင်းများစွာ ထိထိရောက်ရောက် ထောက်လှမ်း ဟန့်တားနိုင်ခဲ့ကြပေသည်။
 
ဟောင်ကောင်တက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်ပြီး၊ ယခုတွင်မူ ဦးသိန်းစိန်၏ ထိပ်တန်းအကြံပေးတစ်ယောက်ဖြစ်ကာ အစိုးရက ဖွဲ့စည်းပေးထားသော မြန်မာငြိမ်းချမ်းရေး စင်တာ Myanmar Peace Center (MPC) တွင် ပါဝင်ညွှန်ကြားနေသူ တစ်ဦးလည်း ဖြစ်သော ကျော်ရင်လှိုင်သည် ၂၀၀၈ ခုနှစ် Fletcher Forum of World Affairs ထုတ် “ Challenging the Authoritarian State: Buddhist Monks and Peaceful Protests in Burma Issues and Policy ” ဆောင်းပါးတွင် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းများ၌ စစ်တပ်၏ အဓိကအခန်း ကဏ္ဍကို အောက်ပါကဲ့သို့ ရေးသားဖော်ပြထားခဲ့သည်။
 
“ ၁၉၉၇ ခုနှစ်က မန္တလေးရှိ ထင်ရှားသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား ဒေသတွင်းရှိ ဗိုလ်ချုပ်များ၏ သံသယဖြစ်ဖွယ်ပြင်ဆင်မှုကို သံဃာတော်များမှ ဆန့်ကျင်ဆန္ဒပြမည့် အစီအစဉ်အား စစ်အစိုးရမှ သတိပြုမိခဲ့သည်။ သံဃာတော်များ ဆန္ဒမပြနိုင်မီ မွတ်စလင်စီးပွားရေးသမားတစ်ဦးက ဗုဒ္ဓဘာသာအမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်သည် ဟု ကောလဟလတစ်ခု ထွက်ပေါ်လာသည်။ သံဃာတော်များမှ ဗိုလ်ချုပ်များအပေါ်ရည်ရွယ်ထားမှုအား အစိုးရက မွတ်စလင်ဘက်သို့ ပြောင်းပေးလိုက်ခြင်းဖြစ်ပြီး နောက်ဆုံးတွင် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတစ်ခု ဖြစ်လာစေခဲ့သည်။ သံဃာတော်များ၏ အစိုးဆန့်ကျင်ရေး လှုပ်ရှားမှုများအား တားဆီးရန်အလို့ငှာ မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်များကို ထောက်လှမ်းရေးများက ရံဖန်ရံခါ သွေးထိုးလှုံ့ဆော်ပေးလေ့ရှိသည် ဟု လေ့လာသူအချို့က ယူဆကြသည်။” (စာမျက်နှာ ၁၃၇-၁၃၈)
 
ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့တွင် “ The Disorder in Order: the Army-State in Burma since 1962 ”, စာအုပ်ကို ရေးသားသူ ပရော်ဖက်ဆာ Donald Seekin က မတ်လ ၂၉ ရက်နေ့ထုတ် နယူးယောက်တိုင်မ်းသတင်းစာတွင် ပါလာသည့် ‘ Kristallnacht in Myanmar ’ ဆောင်းပါးကို ထောက်ခံ၍ ဤကဲ့သို့ မှတ်ချက်ပေးခဲ့သည်။
 
“ မွတ်စလင်မုန်းတီးမှုဟာ မြန်မာလူထုထဲမှာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေပါပြီ။ ပြီးတော့ ဒီမုန်းတီးမှုကို ၁၉၆၂ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ဦးနေ၀င်းနဲ့ စစ်အစိုးရလက်ထက် တစ်လျှောက်လုံး အားပေးအားမြှောက်လုပ်ခဲ့ပါတယ်။ သူတို့အကြိုက်ဆုံး လှုံ့ဆော်မှုနည်းလမ်းကတော့ မွတ်စလင်က ဗုဒ္ဓဘာသာ ဗမာအမျိုးသမီးကို မုဒိမ်းကျင့်တယ် ဆိုပြီး ကောလဟလသတင်း ဖြန့်မယ်၊ ပြီးတော့ ဗုဒ္ဓဘာသာဝင်အားလုံးကို မွတ်စလင်တွေ ဘက် မြှားဦးလှည့်သွားအောင် အကွက်ဆင်တာပါပဲ။ အရင်အစိုးရက သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်ရေးစနစ်ဟာ တစ်ခါတုန်းက ဗြိတိသျှအစိုးရရဲ့ပေါ်လစီဖြစ်ပြီး လူအဖွဲ့အစည်းအများအပြားထဲမှာ စည်းလုံးမှုအနည်းဆုံး ဖြစ်သွားစေတဲ့ပုံစံပါ ”။
 
မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ် နှင့် မဟာဗျူဟာအတွက် လူမျိုးပေါင်းစုံရှိသော မြန်မာ့လူ့အဖွဲ့အစည်းတွင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချ၍ အမြတ်ထုတ်ခဲ့သည့် သမိုင်းကြောင်းများ ထင်ထင်ရှားရှားရှိခဲ့သည်။ နိုင်ငံရေးတွင် စစ်တပ် နှင့် ထိပ်တန်းဗိုလ်ချုပ်ကြီးများ၏ အာဏာရှင်စံနစ် အုပ်ချုပ်မှုမျိုး မရှိတော့ပါက ပြည်သူလူထုထံ၌ လုံခြုံမှု မရှိနိုင် ဟူသည့် အယူအဆအပါအ၀င်၊ ထိုကဲ့သို့ မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားများ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပျံနှံ့စေမှုကို ဦးသိန်းစိန်အစိုးရအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ်အတွက် လိုချင်ကောင်းလိုချင်လိမ့်မည်ဟု ရှင်းပြရန်ပင် မလိုအပ်ပေ။
 
တိုင်းပြည်အတွင်း ဘာသာရေးအရ သဟဇာတဖြစ်ရေး နှင့် အတူယှဉ်တွဲနေထိုင်ရေး စကားတစ်ချို့ကို ပျော့ပြောင်းစွာထုတ်ဖော်ပြောကြားသော်လည်း သမ္မတဦးသိန်းစိန်မှာ နာဇီလက်သစ် ၉၆၉ လှုပ်ရှားမှုကို ထိန်းသိမ်းရန် ယခုအချိန်အထိ မည်သည်ကိုမျှ ပြုလုပ်ဆောင်ရွက်ခြင်း မရှိသေးပေ။ တိတိကျကျ ဆိုရလျှင် နေပြည်တော်အစိုးရ၏ မဟာဗျူဟာမြောက် တွက်ချက်လုပ်ဆောင်မှုအတွင်း၌ တိုင်းပြည်အုပ်ချုပ်ရေးနှင့် စီးပွားရေးတွင် ပြိုင်ဘက်မရှိ ထိန်းချုပ်မှုနှင့်လွှမ်းမိုးမှုများ ရရှိလာရန်အတွက် အစဉ်အမြဲအသုံးပြုလေ့ရှိခဲ့သော သွေးခွဲအုပ်ချုပ်ရေးနည်းလမ်းအပါအ၀င် -ကြောက်ရွံမှု၊ မသေချာမှုများ ကိန်းအောင်းနေသောအခြေအနေကို ဖန်တီးရန် ထိုအကြမ်းဖက်လှုပ်ရှားမှုတို့အား အရေးမယူဘဲ ပိုမိုလစ်လျူရှုထားမည့် ပုံသဏ္ဍာန် ရှိနေလေသည်။
 
** ငြိမ်းချမ်းရေး၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုထောက်ခံသူ ဗုဒ္ဓဘာသာဝင်များအကြားရှိ အကြမ်းဖက်လူမျိုးရေးခွဲခြားမှုအရှိန်ကို ရပ်တန့်စေရန် မည်ကဲ့သို့ဆောင်ရွက်နေသနည်း ?
မွတ်စလင်များကို အဆက်မပြတ် အကြမ်းဖက်မှုများ၊ မွတ်စလင်နှင့်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား သေကြေပျက်စီးမှုများအတွက် သူမ၏ နှုတ်ဆိတ်နေမှုက အစ္စလာမ်ကြောက်ရောဂါနှင့် အမုန်းတရားများ ပျံ့နှံ့နေမှုတွင် သူမကိုပါ ကြံရာပါဖြစ်စေသလားဟု နားမလည်နိုင်အောင်ဖြစ်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ
၁။ အကြမ်းဖက်မှုများနှင့် အမုန်းတရားဖြန့်ဝေမှုများက မွတ်စလင်များကိုသာလျှင် တိုက်ရိုက် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး၊ ထိုလုပ်ရပ်များကို အခင်းဖြစ်ပွားရာမြို့တွင်းရှိ လူများ နှင့် မြို့ပြင်ရှိလူများက အစီအစဉ်ရှိရှိပူပေါင်းဆောင်ရွက်ကြခြင်း။
၂။ မွတ်စလင်များ(အပါအ၀င် ကချင် ကဲ့သို့ အခြားလူနည်းစုများ) က အကြမ်းဖက်မှုများ၊ သေကြေမှုများ၊ ပျက်စီးဆုံးရှုံးမှုများကို ခါးစည်းခံနေရခြင်း။
၃။ စစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့တို့အနေနှင့် လူအုပ်စုများကို ထိန်းသိမ်းရာ၌ နှစ်ပေါင်း ၅၀ အတွေ့အကြုံရှိခြင်း
စသည်တို့ အပါအ၀င် ရှင်းလင်း ထင်ရှားသည့် အချက်အလက်များကို သူမက လျစ်လျူရှုခဲ့သည်။
 
စင်စစ်၌မူ ဒေါ်အောင်ဆန်းစုကြည်မှာ မွတ်စလင်များအား အကြမ်းဖက်မှုအပေါ် လုံးဝ နှုတ်ဆိတ်နေခဲ့သည်တော့ မဟုတ်။ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော သုံးရက်တာ ကြာမြင့်သည့် မွတ်စလင်များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီးနောက်၊ အကြမ်းဖက်လူအုပ်စုကြီးမှ ထင်တိုင်းကြဲ သတ်ဖြတ်မှုများ၊ မီးရှို့မှုများ ပြုလုပ်နေစဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ထိန်းသိမ်း အရေးမယူဘဲ ရပ်ကြည့်နေသည့် ခိုင်လုံသော အထောက်အထား အများအပြား ရှိသော်လည်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှု အခြေအနေကိုင်တွယ် ထိန်းသိမ်းပုံများအပေါ် သူမက ကာကွယ်ပြောဆိုသွားခဲ့သည်။ သုံးရက်အတွင်း လက်နက်များ ကိုင်ဆောင်ထားသည့် ဗုဒ္ဓဘာသာဝင် အုပ်စုက ဗလီများ၊ မွတ်စလင်များ၏အိမ်များ၊ စီးပွားရေးလုပ်ငန်းများ အပါအ၀င် အဆောက်အဦးပေါင်း ၁၀၀၀ နီးပါး ဖျက်ဆီးခဲ့ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှတ်ပေးထားခဲ့သည်။ အင်တာဗျူးတစ်ခုတွင် ဒေါ်စုကြည်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တမင်သက်သက် အရေးမယူခြင်းကို “ လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ တိုင်းပြည်၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အဓိကရုဏ်များကို ထိန်းသိမ်းသော အတွေ့အကြုံ မရှိသေး ” ဟု ဆင်ခြေပေး၍ ကာကွယ်ပြောဆိုသွားခဲ့ပါသည်။
 
တရုတ်နိုင်ငံနှင့် မြန်မာစစ်တပ်တို့ ပူပေါင်း၍ ရင်းနှီးမြှုပ်နှံထားသော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ သတ္ထုတွင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများ၊ ဆန္ဒပြသူတို့ကို အကြမ်းဖက်ဖြိုခွင်းမှုများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံးစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သော သူမ၏ အဆိုပါ မှတ်ချက်က လယ်ယာမြေ ဆုံးရှုံးသူများ နှင့် ၄င်းတို့ကို အားပေးထောက်ခံကြသော သံဃာတော်များအား လူစုခွဲရန် ဖော့စ်ဖော့ရပ်စ် ထည့်ထားသော မီးလောင်ဗုံးများကို အသုံးပြုခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လုပ်ရပ်အား လျစ်လျူရှုထားသကဲ့သို့ ဖြစ်နေလေသည်။ ၄င်းအပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှု၌ ဒုက္ခရောက်ခဲ့ကြသော မွတ်စလင်များ(နှင့်အခြားဒုက္ခသည်များ)ထံ သွားရောက်အားပေးရမည့် အစား ဒေါ်စုကြည်မှာ မတ်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် တရင်းတနှီး တွေ့ဆုံခဲ့သည်။
 
** မကြာသေးမီက ဖြစ်ပေါ်သွားခဲ့သည့် အကြမ်းဖက်မှုများ နှင့် ကောလဟလများက မွတ်စလင်ဆန့်ကျင်ရေး၌ ပါဝင်စေဖို့ လူအများကို ဆွဲဆောင်တော့မည်လော ? ၄င်းပြင် မြန်မာနိုင်ငံတွင် တွေ့ရသည့် အစ္စလာမ်သာသနာနှင့် ပက်သက်၍ ချဲ့ကားပြောဆိုထားသော ကောလဟလများက မည်သည့်နေရာမှ အစပြုခဲ့ပါသနည်း ?
 
လွတ်လပ်သော၊ ပရိုဆန်သော သတင်းထုတ်ပြန်မှုများ နှင့် ရွေးကောက်ပွဲများ မရှိဘဲနှင့် ဗိုလ်ချုပ်ကြီးများမှ အုပ်ချုပ်မှုအာဏာကို ရယူခဲ့စဉ်ကတည်းက မြန်မာ့ယဉ်ကျေးမှုနှင့် နိုင်ငံရေးလောကတို့တွင် ကောလဟလများက ရာစုနှစ်ဝက်ကြာအောင် အသက်သွေးကြော ဖြစ်ခဲ့သည်။ စစ်တပ်မှ ၀ါဒဖြန့်သော လူမျိုးရေးခွဲခြားမှုဇာတ်လမ်းများ၊ အသရေဖျက်မှုများနှင့် ကောလဟလများကြားတွင် မြန်မာလူထုမှာ နစ်မြုပ်နေခဲ့သည်။ ပြုပြင်ပြောင်းလဲရေးခေတ်တွင်ပင် လွတ်လပ်သော မီဒီယာများက အစွန်းရောက်မျိုးချစ်စိတ်များဖြင့် အမျိုးသားရေးဆိုင်ရာကြောက်ရွံ့မှုများ၊ မွတ်စလင်ဆန့်ကျင်ရေးများအတွက် လှုံ့ဆော်ရာတွင် အဓိကအခန်းကဏ္ဍမှ ရံဖန်ရံခါ ပါဝင်နေပေသည်။
 
မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ၏ လေးရာခိုင်နှုန်းမျှသာရှိသော မွတ်စလင်များမှာ ကြောက်ရွံ့ ထိတ်လန့်လျက်ရှိနေကြပေသည်။ သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့် ရှိသူထဲမှ တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဟောင်း ဇော်ဌေး(မှူးဇော်)ကိုယ်တိုင်ကပင် ပြီးခဲ့သည့်နှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများအား အကြမ်းဖက်တိုက်ခိုက်မှု ပထမလှိုင်း စတင်ကတည်းက မွတ်စလင်ဆန့်ကျင်ရေး ကောလဟလများ၊ မဟုတ်မမှန် လုပ်ကြံမှုများ၏ အရင်းအမြစ်ဖြစ်နေခဲ့သည်။ သူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ မွတ်စလင် ဆန့်ကျင်ရေးနှင့် အမုန်တရားများကို မီးထိုးပေးသည့် တဖက်သတ်အမြင်များစွာကို လွှင့်တင်ခဲ့သည်။ ဥပမာအားဖြင့် “ လက်နက်ကိုင်မွတ်စလင် အကြမ်းဖက်အုပ်စုတစ်စု မြန်မာ – ဘင်္ဂလားနယ်စပ်ကို ဖြတ်ကျော်လာနေတယ်လို့ ကျွန်တော်တို့သတင်းရပါတယ်။ ဆက်လက် စောင့်မျှော်နေပါရန် ” ဟူသည့် သတင်းကို လွှင့်တင်ခဲ့လေသည်။
 
ထိုစဉ်က နိုင်ငံပိုင်မီဒီယာများကလည်း ‘ ကုလား ’ ဟူသည့် အသုံးအနှုန်းကို အသုံးပြု၍ မွတ်စလင် ဆန့်ကျင်ရေး ရှုထောင့်မှ ဆောင်းပါးမြောက် များစွာကို ရေးထား ထုတ်ဝေခဲ့သည်။ ထို ‘ ကုလား ’ ဟူသည့် အသုံးအနှုန်းမှာ မွတ်စလင်များနှင့် အိန္ဒိယတိုက်သားများကို ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်ပြီး၊ အင်္ဂလိပ်စကားလုံး niger (ငမဲကောင်) နှင့် အဓိပ္ပါယ်အားဖြင့် အတူတူပင်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များ နှင့် ၀ါဒဖြန့်အေဂျင်စီများ၊ ရိုးရာဓလေ့ ထုံးတမ်းအရ သြဇာရှိသူများ၊ နိုင်ငံရေးအရ သြဇာရှိသူများက မွတ်စလင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချိန်သားကိုက်မီးထိုးပေးခဲ့ကြပြီး၊ လူထု၏ ထင်မြင်ချက်မှာလည်း ၎င်းတို့နောက်သို့ လိုက်သွားကြသည်။ ရိုးရာယဉ်ကျေးမှုအရ သံဃာတော်များမှာ စစ်ဗိုလ်ချုပ်ကြီးများ၊ အတိုက်အခံများထက် ဗမာ့လူ့အဖွဲ့အစည်းတွင်း ပို၍သြဇာညောင်းသည်။
 
နိုင်ငံရေးသဘောတရားအရကြည့်လျှင် လူမျိုးရေးခွဲခြားတတ်လေ့ရှိသော လူထုမှာ အစိုးရဘက်မှလာသော အခြား အကြောင်းအရာများနှင့် ပက်သက်သော သတင်းများကို သံသယဖြစ်ကြသည့်တိုင် အစိုးရ၏ မွတ်စလင်ဆန့်ကျင်ရေး ကောလဟလသတင်းများ၊ လုပ်ကြံဇာတ်လမ်းများကိုမူ ယုံကြည်ဟန်ရှိသည်။
 
အစိုးရ၏ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ၀ါဒဖြန့်ချီမှုများ နှင့် ထိုလုပ်ငန်းများကို ပင်တိုင်ဆောင်ရွက်နေကြသော သြဇာညောင်းသည့် သံဃာများအကြားမှ ပတ်သက်ဆက်ဆံရေးကို ဆန်းစစ်ရန် အလွန်ပင် ခက်ခဲလှသည်။ မိတ္ထီလာတွင်ဖြစ်ပွားခဲ့သည့် သေကြေပျက်စီးမှုများအပါအ၀င် ဖေ့စ်ဘုတ် စာမျက်နှာပေါ်၌ လွှင့်တင်ထားသော မွတ်စလင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူထောင်ပေါင်းများစွာက ‘ like ’ လုပ်ထားပြီး၊ မြန်မာလူမျိုးများ၏ အားပေးအားမြှောက်ပြုသံများ၊ နာဇီလက်သစ်အမြင်များကို တွေ့မြင်နေရသည်။
with Khin Nyunt
၉၆၉ လှုပ်ရှားမှုခေါင်းဆောင်ဖြစ်သည့် ဆရာတော်ဝီရသူနှင့် မကြားသေးခင်က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် သူက မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ အကြမ်းဖက်မှုများကို တားမြစ်ခဲ့သည် ဟု အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသယောင် ထုတ်ဖော်ပြောကြားခဲ့သည်။
 
** ဦးဝီရသူ၏ အပြောတစ်မျိုးအလုပ်တစ်မျိုး နှုတ်ပိုင်းဆိုင်ရာ စည်းမစောင့်ထိန်းမှုများက မြန်မာနိုင်ငံတွင်းရှိ မွတ်စလင်တို့အား ရှင်းလင်းရန်အတွက် ၉၆၉ လှုပ်ရှားမှုဆက်လက်ဖြစ်ပွားစေရန် လှုံ့ဆော်နေဦးမည်လော ?
 
မြန်မာဘာသာဖြင့်လွှင့်တင်ထားသော သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အခဲမကြေနိုင်သော ဇာတ်လမ်းများစွာကိုရေးသားထားသည်။ တစ်ခါတစ်ရံ နံနက်ပိုင်းတွင် မေတ္တာတရား၊ ဘာသာရေးအရ သည်းခံနိုင်မှုနှင့်ပက်သက်သည့် ဆောင်းပါးများကိုရေးသားထားပြီး၊ ထိုနေ့ ညနေပိုင်းတွင်မူ မွတ်စလင်မိသားစုမှ ဗမာအမျိုးသမီးကို လက်ထပ်၍ အတင်းအကြပ်ဘာသာပြောင်းခိုင်းခြင်း၊ ဗမာအမည်မှ မွတ်စလင် အမည် သို့မဟုတ် အိန္ဒိယအမည်သို့ ပြောင်းခိုင်းခြင်းကို သတိပေးခြင်း အပါအ၀င် အန္တရာယ်ရှိသည့် မွတ်စလင်ဆန့်ကျင်ရေး ဆောင်းပါးများကို ရေးသားဖော်ပြထားပြန်သည်။
 
၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့တွင် မွတ်စလင်မိသားစုအား နေအိမ်ထဲ မီးလောက်တိုက်သွင်း သတ်ဖြတ်ခဲ့သောအကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့မှုကြောင့် အကျဉ်းကျခဲ့ရသူ ဦးဝီရသူကဲ့သို့ ဘုန်းကြီးအနေနှင့် ဤကဲ့သို့သောလုပ်ရပ်များကိုထောက်၍ သူ၏အကြမ်းဖက်မှု လှုံ့ဆော်တရားများအတွက် နောင်တရခဲ့သည့် အသွင်သဏ္ဍာန်မျိုး မရှိပေ။ မကြာသေးခင်ကဖြစ်ပွားခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွင် ပါဝင်ခဲ့သော သူ၏အခန်းကဏ္ဍနှင့်ပက်သက်၍ ယနေ့အချိန်အထိ နောင်တရသည့်လက္ခဏာကိုလည်း မပြသသေးချေ။
wiratu and aung toung
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ၀ီရသူမှာ မွတ်စလင်ဆန့်ကျင်ရေးအမြင်များကို ဟိုတစ်စ ဒီတစ်စ ဖြန့်ဝေသူဖြစ်ပြီး လူသိနည်းသည်။ ယခုတွင်မူ နိုင်ငံတော်မှ ပစားပေးထားသော နာဇီလက်သစ်လှုပ်ရှားမှု ထွက်ပေါ်လာခြင်းနှင့်အတူ ဘာသာရေးအခြေပြု အမုန်းတရားများကို ဖြန့်ဖြူးသူဖြစ်လာခဲ့ပြီး၊ နိုင်ငံတကာ မီဒီယာများမှ တွေ့ဆုံရမည့် လူတစ်ယောက်ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ နာဇီလက်သစ် ဘုန်းတော်ကြီးတစ်ပါးအား လူကြိုက်များလာမှုမှာ တိုင်းပြည်၏ အနာဂတ် ဒီမိုကရေစီ အပြောင်းအလဲအတွက် အတိတ်နိမိတ် မကောင်းတော့သလို မွတ်စလင်များနှင့်ရိုဟင်ဂျာများကဲ့သို့ အခြားလူနည်းစုများ အတွက် လည်း ကောင်းမွန်သော အနာဂတ် မဖြစ်နိုင်ချေ။
 
ဦးဝီရသူသည် စစ်ထောက်လှမ်းအရေး အကြီးကဲဟောင်း ဦးခင်ညွန့်၊ စစ်တပ်နှင့်ချိတ်ဆက်ထားသည့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတိုင်ပင်ခံ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သောင်း အပါအ၀င် ယခင်အာဏာရှင် လက်ထက်က အစိုးရအရာရှိများ အချို့နှင့် အနီးကပ် ဆက်ဆံရေး ရှိနေသည်ဟု ပြည်တွင်းရှိ ဝေဖန်ဆန်းစစ်သူများမှ အချိန်အတော်ကြာကပင် သံသယ၀င်နေခဲ့ကြသည်။
 
ထိုကဲ့သို့ ပုဂ္ဂိုလ်ရေးအရ ပါဝင်ပတ်သက်နေမှု အနေအထားများကြောင့် – “ ဗုဒ္ဓဘာသာဝင်များက နိုင်ငံအတွင်းရှိ လူနည်းစုမွတ်စလင်များအား တိုက်ခိုက်နေသည်ကို ဦးသိန်းစိန်အစိုးရမှ အဘယ့်ကြောင့် အရေးမယူဘဲ ရှိနေသနည်း ” ဆိုသည့်မေးခွန်းအတွက် အလွန်ပင်ရှည်လျားစွာ ဖြေကြားရှင်းပြရပေဦးတော့မည်။
 
မောင်ဇာနည်ရေးသားသော Myanmar’s neo-Nazi Buddhists get free rein ဆောင်းပါးကို ဇင်ဝေ မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
M-Media