Wednesday, January 9, 2013

ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံ တွေ့ နေရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်းနှစ်ခုက အမေရိကန်ဒ်ါလာ နှစ်သိန်း ကူညီပေးမည်ဟု သိရှိရသည်။ ထိုအကူအညီကို ပထမအရစ်အနေနှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသား လူ့အခွင့်အရေးအဖွဲ့ (ရိုဟင်ဂျာ) ၏ ဥက္ကဋ္ဌ Ibrahim Abdul-Haleem အား ကိုးကား၍ မလေးရှားအခြေစိုက် BERNAMA သတင်းတရပ်တွင် ရေးသား ထားသည်။ ၎င်းတို့အဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနှင့် တူရကီနိုင်ငံသို့သွားရောက်ကာ နွမ်းပါးသူ ကူညီရေးအဖွဲ့တခုနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုသို့လည်း သွားရောက်ခဲ့သည်ဟု ဆို သည်။ ဆူဒန်အနေဖြင့် မြန်မာနိုင်ငံရှိ မူဆလင်များအား အဆင့်တိုင်းတွင် ဆက်လက် ကူညီပေးသွားမည်ဖြစ်ကာ ဖြစ်သလို သူတို့ရဲ့ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိသည့်တိုင်အောင် နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်ဟု သတင်းစာက ဖော်ပြထားသည်။ http://www.m-mediagroup.com/news/9849မှ ကူးယူဖော်ပြပါသည်။

Tuesday, January 8, 2013

အလုပ်ရှင်နှင့် ပြသနာဖြစ်ပြီး အလုပ်ပြုတ်သဖြင့် နိုင်ငံတော်ကို အကူအညီတောင်းသော်လည်း သံရုံးမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသဖြင့် ဒုက္ခရောက်နေသော ဆော်ဒီရောက် မြန်မာအလုပ်သမား ၂၆ ယောက် နှင့် RFA အင်တာဗျူး

အထူးသတင်း စောင့်ကြည့်စရာ မီဒီယာ ♦♦♦ ၀၆ ဇန်န၀ါရီလ ၂၀၁၃ သတင်း - မြင့်မြတ်သူ (မြန်မာမွတ်စလင်မ် မီဒီယာ) အလုပ်ရှင်နှင့် ပြသာနာဖြစ်ပြီး အလုပ်ပြုတ် သဖြင့် နိုင်ငံတော် ကို အကူအညီတောင်းသော်လည်း သံရုံးမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသဖြင့် ဒုက္ခရောက်နေသော ဆော်ဒီရောက် မြန်မာအလုပ်သမား ၂၆ ယောက် နှင့် RFA အင်တာဗျူး အား ဒီဇင်ဘာလ ၂၃ ရက်နေ့က အခုလို တင်ဆက်သွားတာကို တွေ့ရပါတယ်။ ပြသနာမှာ ပြည်ပသို့ထွက်ခွာ အလုပ်လုပ်သူများ ကြုံတွေ့ ရလေ့ရှိသော ပွဲစား အလုပ်ရှင် အလုပ်သမား အကြား လခ ပေးမှုကွာဟ ချက်မှာ စတင်ကာ အခြေ အတင် ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ရဲမူရဲခင်း အထိဖြစ်ခဲ့ခြင်းဖြစ်ကြောင်း။ အလုပ် အကိုင် နောက်ထက် လုပ်၍ မရသောကြောင့် စားဝတ်နေရေး မပြေလည်မှုများ ကြုံတွေ့ နေရခြင်းဖြစ်ပြီး သံရုံးသို့အကူအညီ တောင်းသော်လည်း အကူအညီ မရခဲ့ကြောင်း။ ဆော်ဒီရှိ မြန်မာနိုင်ငံဖွား အစ္စလာမ် ဘာသာဝင်များ နှင့် အခြားလုပ်သားများက ကူညီထောက်ပံ ခဲ့ကြသော်လည်း ကာလကြာမြင့်လာသောအခါ မြန်မာပြည်တွင်ကျန်ရှိခဲ့သော မိသားစုများမှာ ဒုက္ခရောက်နေကြကြောင်း။ အလုပ်ရှင်နှင့် ညိနှိုင်းမှုအား ကြားဝင်ဆောင်ရွက်ပေးမည် နိုင်ငံတော် ဘက်မှ အဖွဲ့ အစည်းမရှိသဖြင့် အခက်အခဲ ကြုံနေရခြင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများက ထိုသူများ အတွက် ကူညီမှုများပြုလုပ်လိုသော် လည်း အဓိက ထိုသူများလက်ထဲတွင် ပတ်စပို့ အထောက်အထား တစ်စုံတစ်ရာမရှိ ဖြစ်နေသဖြင့် အခက်တွေ့နေရကြောင်း။ အလုပ်ရှင်နှင့်ဆွေးနွေးမှု အဓိကဖြစ်ကြောင်း နိုင်ငံတော်ဖက်မှ ကူညီမှုများ လို အပ်နေကြောင်း သိရှိရပါသည်။ အဆိုပါ အလုပ်သမား အရေးကို အခွင့်အရေးယူကာ ရခိုင်သတင်းဌာနများမှ လူမျိုးရေးမုန်းတီးမှုအခြေခံ သတင်းများ ရေးသားခဲ့ကြောင်း အဆိုပါ သတင်းဌာနသည် ရခိုင် အရေးအခင်း မတိုင်မှီက လဲ အထက်ပါအတိုင်း လှုံဆော်မှု ဖြစ်စေသော ချဲ့ကားရေးသားချက်များ ရေးသားခဲ့သည့် သတင်းဌာနဖြစ်ကြောင်း သတင်းရရှိပါသည်။ RFA နှင့်အင်တာဗျုးအား အောက်တွင် နားသောတဆင်နိုင်ပါပြီ RFA – Interview with 26 Rakhines at Saudi http://www.myanmarmuslim.net/?p=1808မှ ကူးယူဖော်ပြပါသည်။

ရိုဟင်ဂျာများပိုင်မြေနေရာများ ကို ရခိုင်ဗုဒ္ဓဘာသာများ ကျုးကျော်အိမ်ဆောက်

သတင်း – ပာဆီနာပာ် (မြန်မာမွတ်စလင်မ် မီဒီယာ – MMM) ရန်ကုန်၊ဇန်န၀ါရီ ၆ စစ်တွေတက္ကသိုလ်အနီး ဘုမေ လက်သမားရိုဟင်ဂျာမြေပေါ်မှာ ရခိုင်ရွာဖြစ်တဲ့ မင်းဂံရွာဘက်မှ အိမ်တစ်လုံး လာရောက်ဆောက် ထားကြောင်းသိရပါသည်။ ဘုမေလက်သမားရွာနဲ့ ကပ်လျက် ဘုမေ၀ါယာလက် ဘက်မှာရဲကင်း၊လုံထိန်းနဲ့စစ်တပ် တွေရှိပေမယ့် ဘုမေလက်သမားမြေပေါ်တွင် အိမ်ဆောက်ခြင်းကို တားဆီးခြင်း မရှိပါဘူး။ရိုပာင်ဂျာလူမျိုး မြေပိုင်ရှင်အဗူကာလန် ပိုင်မြေပေါ်တွင် အထက်ပါအတိုင်း ရခိုင်ဗုဒ္ဓဘာသာများက ဆောက်လုပ်ခြင်း ဖြစ်ပါသည်။ “ ကျွန်တော် ၁၅ရက် ၁၁လပိုင်းကကြည့်တုန်းကတော့ တိုင်တွေထူတုန်းပဲရှိသေးတယ်။အခု ဓနိတွေပါကာပြီးနေပြီ”ပာု စစ်တွေဒေသခံတစ်ဦးကဆိုပါသည်။ ဘုမေလက်သမားမြေပေါ် လာရောက်ကျူးကျော် အိမ်ဆောက်သူမှာ မင်းဂံ ရယက ဥက္ကဌ မောင်စောနိုင် ဖြစ်နိင်ကြောင်း ဒေသခံများက သံသယ ရှိနေပါသည်။ စစ်တွေအရေးခင်းတွင် ပထမဆုံး မီးရှို့ ဖျက်ဆီးခံရသည့် ရွာမှာ ဘုမေလက်သမရွာ ဖြစ်ပါသည် ဘုမေလက်သမရွာကိုမီးတိုက်သူတွေကလည်း မင်းဂံရခိုင်ရွာ ဥက္ကဌ ဦးဆောင်တဲ့သူတွေဖြစ်ကြောင်းသိရသည်။ စစ်တွေတက္ကသိုလ်တည်ဆောက်သည့် ၁၉၉၀ခုနှစ်တွင်လည်း အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးပိုင်မြေများကို အဓ္ဓမသိမ်းပြီး တည်ဆောက် ထားခြင်းဖြစ်ကြောင်းလည်းေ ဒသခံများက ပြောသည်။ဘုမေအုပ်စုနားမှာရှိတဲ့မင်းဂံရွာတည်ဆောက်သည့် စစ်အစိုးရခေတ်အခါတွင် လည်းအာဏာပိုင်များကရိုဟင်ဂျာမြေများကိုသိမ်း ပြီး ၁၉၉၈ ခုနှစ်တွင်ရွာတညသည်။ အထက်ပါ ဖြစ်ရပ်တွေရှေ့မှာရှိခဲ့တဲ့အတွက်ကြောင့် ဒေသခံတွေအနေနဲ့ မြေတွေထပ်မံဆုံးရှုံးမှာကိုကြောက်ရွံ နေကြပါသည်။ ဘိုမေအုပ်စုမှာ ရွာပေါင်း ၂၂ရွာရှိပါသည်။အိမ်ခြေ ၅၆၀၀ ၇ှိပါသည်။ ဘိုမေအုပ်စုတစ်အုပ်စုလုံးမှာ ပုံစံ ၁၀၅၊၁၀၆ရှိသူတစ်ဦးထဲရှိပြီး ကျန်တဲ့မြေတွေမှာ လယ်မြေအနေဖြင့်သာရှိကြောင်းသိရသည်။ ရခိုင်ဗုဒ္ဓဘာသာ-ရိုပာင်ဂျာ ပဋိပက္ခ အတွင်း ဖျက်ဆီးခံခဲ့ရသည့် ရိုပာင်ဂျာ ပိုင်မြေနေရာများကို အတူယှဉ်တွဲနေရန် မဖြစ်နိင်ပာူသော အကြောင်းပြချက်မျိုးဖြင့်လည်းကောင်း ၊ သာသနာ့ အလံများစိုက်ထူ ခြင်းဖြင့် လည်းကောင်း အထက်ပါ နည်းလမ်းများဖြင့်တစ်ဖုံ သိမ်းပိုက်ရန် အတွက် ကြိုးပမ်းမှုများဖြစ်ပေါ်နေသည်။ http://www.myanmarmuslim.net/မှ ကူးယူဖော်ပြပါသည်။

Monday, January 7, 2013

ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပမည်။

ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပမည်။ ဦးရာဇတ်, ပြည်တွင်း သတင်း ဇန်နဝါရီ ၁ ၊ ၂၀၁၂ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မတီကို (၁-၁-၂၀၁၃)ရက်နေ့မှာ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ House of Media & Entertainment ရုံးမှာ ဖွဲ့စည်းခဲ့ပါတယ်။ အခမ်းအနား ကျင်းပရေး ကော်မတီမှာ ပါဝင်သူများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ဆရာကြီး သိပံ္ပမှူးတင် နာယက ၂။ ဦးတင်မြင့် (ဆရာကြီးဦးရာဇတ်၏သား) နာယက ၃။ ဆရာ ဦးဝင်းငြိမ်း နာယက ၄။ ဒေါက်တာ ဦးသူရ (ကိုဇာဂနာ) ဥက္ကဋ္ဌ ၅။ ဦးမြသောင်း (မန္တလေး) ဒုတိယ ဥက္ကဋ္ဌ ၆။ ဦးတင်မောင်သန်း အတွင်းရေးမှူး ၇။ ဦးဝဏ္ဏရွှေ တွဲဖက်အတွင်းရေးမှူး ၈။ ဦးမြင့်ထွန်း ဘဏ္ဍာရေးမှူး ၉။ ကိုစန်း စာရင်းစစ် ၁၀။ ဦးစိန်ရွှေလှိုင် ပြန်ကြားရေးမှူး ၁၁။ ဦးဇော်သက်ထွေး ကော်မတီဝင် ၁၂။ ဦးနေဘုဏ်းလတ်(ဘလော့ဂါ) ကော်မတီဝင် ၁၃။ ဦးမြင့်အေး(HRW) ကော်မတီဝင် ၁၄။ ကိုဒီငြိမ်းလင်း ကော်မတီဝင် ၁၅။ ကိုသန့်ဇင်အောင် ကော်မတီဝင် အခမ်းအနားကို (၂၀-၁-၂၀၁၃)ရက်နေ့၊ညနေ(၃း၀၀)နာရီမှာ ရန်ကုန်မြို့၊ဆိပ်ကမ်းသာ လမ်းရှိ The Strand Hotelမှာ ကျင်းပမှာဖြစ်ပါတယ်။ အခမ်အနားမှာ နိုင်ငံရေး လူမှုရေး နယ်ပယ်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်များက အခမ်းအနားဂုဏ်ပြုစကားပြောကြားခြင်း၊ အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီးများရဲ့ မိသားစုများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ ဆရာကြီးဦးရာဇတ် ဂုဏ်ပြု ဗီဒီယိုဇာတ်လမ်းတိုတင်ဆက်ခြင်း၊ အမျိုးသားတေးသီချင်းများ တင်ဆက်ခြင်းစတဲ့ အစီအစဉ်များ ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ http://www.m-mediagroup.com/news/ မှ ကူးယူဖော်ပြပါသည်။

အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး ရိုဟင်ဂျာ အရေးဆွေးနွေးဖို့ အစိုးရ ဖိတ်ကြားချက်အရ မြန်မာပြည်လာမည်

မြန်မာနိုင်ငံ၊ ရခိုင်ပဋိပက္ခအတွက် အင်ဒိုနီးရှားက ဒေါ်လာ တစ်သန်းအကူအညီပေးမည်ဟု ကတိပြုကြောင်း ယနေ့ပြောကြားလိုက်သည်။ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ရိုဟင်ဂျာအရေးအတွက် စေ့စပ်ဆွေးနွေးဖို့ မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာမည့် တနင်္လာနေ့မှစတင်ပြီး မြန်မာပြည်သို့ ၂၄ နာရီ အလည်အပတ်ရောက်ရှိလာမည်ဖြစ်သည်။ “ကျွန်တော်မြန်မာပြည်ရောက်တုန်း အင်ဒို အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ တစ်သန်း ကူညီဖို့ ကတိပေးတဲ့အကြောင်း (မြန်မာအစိုးရကို) အသိပေးသွားမှာပါ။ ” ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါက စီအင်အေသို့ ပြောကြားသည်။ “အဲဒီနေရာမှာ လူသားအခြေခံလိုအပ်ချက်ပြဿနာတွေက စိန်ခေါ်မှု တစ်ခုလိုဖြစ်နေတာ သိသာလွန်းပါတယ်။ အဲဒီနေရာက လူတွေအနေနဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းခံရဖို့ အတွက်တောင် အခက်အခဲတွေရှိနေတယ်လို့ ကျွန်တော်သိရပါတယ်။” ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။ http://www.m-mediagroup.com/news/9610မှ ကူးယူဖော်ပြပါသည်။ ref: CNN

Sunday, January 6, 2013

ြ့မန်မာမွတ်ဆလင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဖြိုးအောင် ကွယ်လွန်ခြင်းအတွက် မြန်မာမွတ်ဆလင် လူငယ်အသင်း (ပီနန်း)မှ ၀မ်းနည်းကြောင်းမှတ်တမ်းလွှာ

သင်္ကြန် မဏ္ဍပ်ကို ဗုံးဖေါက်ခွဲသည် ဟူသော စွဲချက်ဖြင့် သေဒဏ်ချမှတ်ခံရပြီးနောက် သမ္မတလွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် (အသက် ၃၃ နှစ်) သည် ဇန်န၀ါရီလ (၄) နံနက် ၃း၃၀ အချိန်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ အလ္လာဟ့်ဂရုဏာ ခံကာ ကွယ်လွန်ခဲ့ပါသည်။ သက်သေမရှိဘဲ မှားယွင်းဖမ်းဆီးကာ ထောင်အတွင်းတွင်လူမဆန်သည့် ညှည်းပမ်းနှိပ်စက်မှုများနှင့် ရောဂါဝေဒနာကို သေချာထိရောက်စွာ ကုသခွင့်မရှိသည့်အတွက် အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရသော ကိုဝေဖြိုးအောင် အတွက် ကျွန်ုပ် တို့ မြန်မာမွတ်ဆလင်လူငယ်အသင်း (ပီနန်)မှ သူ၏မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ မြန်မာမွတ်ဆလင်လူငယ်အသင်း(ပီနန်း)

Wednesday, January 2, 2013

၂၀၁၂ ခုနှစ် မြန်မာမွတ်စလင်မ် သတင်း အနှစ်ချူပ် စုစည်းမှု (အပိုင်း-၁)

ပြည်တွင်း သတင်း ဇန်နဝါရီ ၁၊ ၂၀၁၃ M-Media ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား မွတ်စလင်မ်တို့ နှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများကို အနှစ်ချူပ်ပြီး စုစည်းတင်ပြလိုက်ရပါသည်။ ယခု သတင်းအနှစ်ချူပ်မှာ အနည်းငယ်များပြားတာကြောင့် အပိုင်းခွဲပြီးတင်ပြသွားမည်ဖြစ်ကြောင်း စာဖတ်ပရိတ်သတ်အား အသိပေးအပ်ပါသည်။ ဇန်နဝါရီ ၃.၁.၂၀၁၂ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာကြတဲ့ မန္တလေးမြို့ အိုးဘိုထောင်မှ လွတ်မြောက်လာကျတဲ့ အကျဉ်းသားများကို မန္တလေးမြို့ခံ မွတ်စလင်မ်များမှ သွားရောက်၍ အအေးများတိုက်ကျွေးခြင်း၊ လမ်းစရိတ်ထောက်ပံ့ခြင်း၊ စစ်ကိုင်းတန်းဗလီမှကားဖြင့် အကျဉ်းသားများအား နေအိမ်၊ အဝေးပြေးကားဂိတ်များသို့ ပို့ဆောင်ပေးခြင်း စတဲ့ကူညီမှု့များ လုပ်ဆောင်ပေးခဲ့ကြပါသည်။ http://www.m-mediagroup.com/news/1886 ၇၊ ၁၊ ၂၀၁၂ မန္တလေးရနံ ပန်းချီပြပွဲကို ဇန္နဝါရီလ ၇ ရက်နေ့က လမ်း၈၀ နှင့်၂၄ ထောင့် သီရိဝစ္ဆ ခန်းမ မှာ ဖွင့်ပွဲကျင်းပခဲ့ပါသည်။ ဒီပြပွဲမှာ မန္တလေးအခြေစိုက် မြန်မာမွတ်စလင်မ် ပန်းချီဆရာများကတော့ ဆရာညိုပြာ၊ ဆရာ အင်ဂါဥုး၊ ဆရာကိုကိုလွင် နှင့် ဆရာ ဘိုဘိုကိုဦး တို့ရဲ့ လက်ရာများ ပါဝင်ပြသခဲ့ပါသည်။ http://www.m-mediagroup.com/news/1907 ၈၊၁၊ ၂၀၁၂ အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ တို့ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့သည့် အကျဉ်းကျခံနေရသည့် နိုင်ငံအကျဉ်းသားများ၏ မိသားစုဝင်များအား အားပေးသည့် အစီအစဉ်အဖြစ် ၁၉၉၀ ပြည့်လွှတ်တော်အမတ်ဟောင်းနှင့် CRPP အဖွဲ့ဝင် ဦးကျော်မင်း၏ မိသားစုဝင်များနေအိမ်သို့ သွားရောက်ကာ အားပေးစကားပြောကြားခဲ့သည်။ http://www.m-mediagroup.com/news/1897 ၂၀၁၁ ခုနှစ် ဟဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွားဝန်ဆောင်မှု့ကုမ္ပဏီများ၏ တာဝန်မဲ့ ကိုယ်ကျိုးရှာမှု့ကြောင့် ဟဂ်ျသွားရောက်လိုသည့် မြန်မာမွတ်စလင်မ်အများအပြား ထိခိုက်ဆုံးရှုံးမှု့များဖြစ်ပေါ်ခဲ့သည်။ ထိုသို့ထိခိုက်ဆုံးရှုံးမှုများကို ကူညီရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် “ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့” မှ ဦးစီးပြီး “တရားမနစ်နာမှု့” များနှင့် သက်ဆိုင်သော ဥပဒေအကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောပွဲ အစီအစဉ်ကို မန္တလေးမြို့ ရွှေဖြူပလာဇာ ပထမထပ်တွင် ရှိသော MCPA/MCIA အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ http://www.m-mediagroup.com/news/1902 ၈၊ ၁၊ ၂၀၁၂ နဝတ/နအဖ အစိုးရလက်ထက် တရားဝင်ထုတ်ပြန်ကြေငြာခဲ့သော တိုင်းရင်းလူမျိုး (၁၃၅) မျိုးတွင် ပါဝင်သည့် ကမန်တိုင်းရင်းများမှာ နိုင်ငံသားစိစစ်ရေး ကဒ်များပြုလုပ်ရာတွင် အခက်အခဲ ပေါင်းစုံ ကြုံတွေနေရပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ရေးဦးစီးဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျှက် ဆောင်ရွက်နေခြင်းကို သံတွဲမြို့မှ ကမန်တိုင်းရင်းသားများ စုပေါင်းလက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတ ထံသို့ ပေးပို့တိုင်ကြားခဲ့သည်။ ကမန်တိုင်းရင်းသား အများစုမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။ http://www.m-mediagroup.com/news/1931 ၈၊ ၁ ၊ ၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)က စီစဉ်ကျင်းပ အဌမ အကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ ကို ၈-၁-၂၀၁၂(တနင်္ဂနွေနေ့) အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ မှာ ပြုလုပ်ခဲ့ကြပါသည်။ ၁၃၊၁၊၂၀၁၂ ၂၀၁၂ ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးတိုင်း NLD တိုင်းစည်း တာဝန်ခံဟောင်း ဒေါ်ဝင်းမြမြ ပူတာအို အကျဉ်းထောင်မှ လွတ်မြောက်ရာတွင် ပါဝင်ခဲ့သည်။ ဒေါ်ဝင်းမြမြမှာ နိုင်ငံရေးမှု့ ၅(ည) ပုဒ်မှဖြင့် ထောင်ဒဏ် (၁၂) နှစ် ချခံရပြီး အယူခံဝင်ရာအနိုင်ရသဖြင့် (၄) နှစ်လျော့ပြီး ထောင်ဒဏ်(၈) နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၀၇ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ စတင်အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် (၄) နှစ်ကျော် နေခဲ့ရသည်။ http://www.m-mediagroup.com/news/1918 ၁၅၊၁၊ ၂၀၁၂ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ထုတ် မန္တလေး သတင်းစာတွင် မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ။ ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြခဲ့သည်။ နိဗ္ဗာန်ဆော်အဖွဲ့ သည် မန္တလေးမြို့မှ အစ္စလာမ်ဘာသာဝင်များ တည်ထောင်ခဲ့သည့် လူမျိုးဘာသာ မခွဲခြားဘဲ သာရေး၊နာရေး၊ လူမှုရေးကိစ္စရပ်များကို ကူညီပေးနေသည့် ပရဟိတ အဖွဲ့ဖြစ်သည်။ http://www.m-mediagroup.com/news/1922 ၁၇၊၁၊၂၀၁၂ သာကေတ ၃ ရပ်ကွက်ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၃ ကျောင်း ပိတ်သိမ်းရန် ရပ်ကွက်နေထိုင်သူအချို့က စာတင်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်ကြရာ စာသင်ကျောင်းမှ စာသင်သားများက ငြိမ်းချမ်းရေး မြတ်နိုးပါ၊ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုပါ အစရှိသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။ ၂၀၊၁ ၊၂၀၁၂ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ် နှစ်တစ်ရာမြောက်မွေးနေ့အဖြစ် ဦးရာဇတ်နေ့ အခမ်းအနားကို ၂၀၊၁၊၂၀၁၂ နေ့လည် ၁း၃၀ နာရီက မန္တလေးမြို့ အိုရီယမ်တာဟောက်စ် မှာ ကျင်းပပြုလုပ်၊ ပါမောက္ခဒေါက်တာမျိုးညွှန့်က အဖွင့်အမှာစကားပြောကြား၊ တက်ရောက်လာကြသူအားလုံးမှ မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ၂ မိနစ်ခန့်ငြိမ်သက်ဆုတောင်းမေတ္တာပို့သ၊ ဆရာကြီးဦးရာဇတ်၏ အထ္တုပတ္တိကို ကိုကျော်မိုးအောင်ကဖတ်ကြား၊ ကိုဇော်မင်းထွန်းက ဆရာကြီးဦးရာဇတ်နေ့ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြား၊ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် ဘုရာကြီး ၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် ရှင်ညာဏိဿရတို့မှ အသီးသီးသြ၀ါဒစကား မိန့်ကြား၊ ဆရာကြီး၏ သားဖြစ်သူမှ ဆရာကြီး ဦးရာဇတ်နှင့် ပတ်သက်၍ အမှတ်တရစကားပြောကြား၊ ငြိမ်းချမ်းရေးစာဆို ကဗျာဆရာကြီး ဒဂုန်တာရာနှင့် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့မှ ပေးပို့သည့် သ၀ဏ်လွှာများ ဖတ်ကြားခဲ့၊ ဦးရာဇတ်၏ အထ္တုပတ္တိကျမ်းကိုရေးသားခဲ့သည့် စာရေးဆရာဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဆရာကြီး၏တပည့်တစ်ဦးဖြစ်ခဲ့ဖူးသည့် သိပ်ပံ္ပမှူးတင်တို့က အမှတ်တရစကားများပြောကြား၊ ဒေါက်တာမောင်မောင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၊ ဆရာကြီးဦးရာဇတ်နေ့ ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဘာသာပေါင်းစုံမှာ ပုဂ္ဂိုလ်များ၊ စည်စည်းကားကား တက်ရောက်ခဲ့ကြ။ ၂၁၊၁၊ ၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) မ.မ.လအဖွဲ့ ၏ စတုထ္ထအကြိမ်မြောက် ပြည်လုံးကျွတ် အစ္စလာမ့် ညီလာခံ ဖွင့်ပွဲအား မင်္ဂလာ ဒုံမြို့နယ် ဘိုခါရီရှားဟ် ဒရ်ဂါတော်တွင် ၂၁.၁.၂၀၁၂ နေ့ တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေ သကြီး သာသနာ ရေးဦးစီးဌာန မှ ညွန်ကြားရေးမှူး၊ နှင့်တာဝန်ရှိသူများ၊ အစ္စလာမ့် ဘာသာ ရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော နိုင်ငံခြား သံတမန်များ ၊ရခိုင် ပြည်နယ် အပါအ၀င် ပြည် နယ်/ တိုင်းဒေသကြီးအသီးသီးမှ မ.မ.လ ဦးစီးအဖွဲ့ဝင်များ နှင့် စိတ်ပါဝင်စားသူ မြန်မာမွတ်စလင် လူငယ် စုစုပေါင်း ၇၀၀ကျော် တက် ရောက် ခဲ့သည်။ http://goo.gl/cvx7G ဖေဖော်ဝါရီလ ၁၊ ၂၊ ၂၀၁၂ မြို့နယ်အာဏာပိုင်များကတားမြစ်ပိတ်ပင်သည့် အတွက် ပိတ်ပင်ထားသည်မှာ (၅) လကျော် ကြာမြင့်နေပြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့ ၊ မြို့မ ( ၉ ) ရပ်ကွက် ၊ အောင်သပြေ ( ၁၃ ) လမ်းတွင် ဖွင့်လှစ်ထားသော အစ္စလာမ်သာသနာ့ပညာ သင်ကြားရေးစာသင်ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးရန်အတွက် အစ္စလာမ်ဘာသာရေး ကျောင်းအကျိုးဆောင်နှင့် ကျောင်းသားမိဘများမှ သက်ဆိုင်ရာအာဏာပိုင်များသိုပ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့ခဲ့ပါသည်။ ၁၂၊ ၂၊ ၂၀၁၂ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲပျက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရရုံး ပွဲပါမစ် ချပေးသည့် ရုံးတွင် ခွင်ပြုမိန့် တရားဝင် တင်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပမည့်နေ့မှ စီစဉ်ထားရာ ခန်းမ မှ ပွဲပါမစ်အတုဟုဆိုကာ ခန်းမအသုံးပြုခွင့် မပြုခဲ့ခြင်းဖြစ်သည်။ http://www.m-mediagroup.com/news/1952 မတ်လ ၂၊ ၃ ၊ ၂၀၁၂ ဆော်ဒီရန်ပုံငွေ ထူထောင်ရေးအဖွဲ့က မြန်မာအစိုးရပိုင် ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာ စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငှားရန် သဘောတူလိုက် ကြောင်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျ သံရုံးမှ သတင်းထုတ်ပြန်သည်။ http://www.m-mediagroup.com/news/2027 ၉ ၊ ၃ ၊ ၂၀၁၂ မတ်လ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ NBC ရုပ်သံတွင် ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအားထုတ်လွှတ်ခဲ့ပြီး ၄င်း အစီအစဉ်တွင် ရှင်ဂေါတမအား ပြတ်ချော်လှောင်ပြောင်ထားခြင်းကို မြန်မာမွတ်စလင်မ်ကျောင်းသား လူငယ်များအဖွဲ့ (Myanmar Muslim Student& Youth) အဖွဲ့ မှ ကန့်ကွက်သည့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ http://www.m-mediagroup.com/news/2034 ၂၀ ၊ ၃ ၊ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် မှ မန္တလေးမြို့ လမ်း၈၀ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီဝင်းအတွင်းတွင် အစ္စလာမ်ဘာသာဝင် မဲဆန္ဒရှင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံပွဲတရပ်ပြုလုပ်ခဲ့ပါသည်။ http://www.m-mediagroup.com/news/2052 ၂၅၊ ၃၊ ၂၀၁၂ မြန်မာနိုင်ငံလုံဆိုင်ရ မြန်မာမွတ်စလင်မ်လူငယ်များ ဘာသာရေးအဖွဲ့ ပေါင်မြို့နယ် မုတ္တမမြို့ မ.မ.လအဖွဲ့ခွဲ၏(1/2012) အမျိုးသမီးအခြေခံ အဆင်မြင့် စက်ချုပ်သင်တန်း နှင့် အိမ်တွင်းမှု့သင်တန်းကို မုတ္တမမြို့ အမှတ်-49 သူဌေးကုန်းဗလီလမ်း (မ.မ.လ ) သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မုတ္တမမြို့မှ မြန်မာမွတ်စလင်မ် အမျိုးသမီးငယ် (၄၀) အား သင်ကြားပေးခဲ့ပါသည်။ http://www.m-mediagroup.com/news/2096 ဧပြီလ ၈ ၊ ၄ ၊ ၂၀၁၂ ပဲခူးမြို့ ပညာရေးကော်မတီ က ဧပြီ ၁၁ရက်နေမှစတင် ဖွင့်လှစ်ခဲ့သောနွေရာသီအစ္စလာမ် ယဉ်ကျေးမှုနှင့် စာရိတ္တ မြင့်တင်ရေးသင်တန်းဆင်းပွဲကို ဧပြီ ၁၈ရက်နေ့ ဇဟိုရ်အပြီးတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ သို့သင်တန်းသား /သူ နှင့်လေ့လာသူ ၈၀ နှင့်အတူပဲခူးမြို့မြိုမိမြိုဖများ၊ ဘာသာရေး ပညာရှင် များ နှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြပါသည်။ http://goo.gl/yXFWI ၁၀၊ ၄ ၊ ၂၀၁၂ ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင် မိမိ အသက်ကို ပဓာနမထားဘဲ ကယ်တင်ခဲ့သည့် ဖြစ်ရပ် ၁၀-၄-၂၀၁၂ ရက်တွင် မော်လမြိုင်မှရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၁၇၆)အစုန်ရထားသည် ဒါးပိန်ဘူတာသို့မရောက်မီ ၁၀း၁၂ နာရီအချိန်၌ ပေ ၁၂၀ အရှည်ရှိတံတားပေါ်တွင် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ http://www.m-mediagroup.com/news/2378 ၁၂၊ ၄ ၊ ၂၀၁၂ ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ အကြမ်းဖက် ဖျက်ဆီးခံခဲ့ရသည်။ http://www.m-mediagroup.com/news/2205 http://www.m-mediagroup.com/news/2266 ၁၃၊ ၄ ၊ ၂၀၁၂ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြပါတယ်။ ဒေသဆိုင်ရာ စက်လှေ လိုင်စင်အမြဲရနေသည့် ကြံဖွံပါတီကျောထောက်နောက်ခံပြု စီးပွားရေးသမားများ လေလံရှုံးရာမှာ လေလံနိုင်သွားသော မွတ်စလင်မ် စီးပွားရေးသမားများနှင့် ဆွေမျိုးများ၏ နေအိမ်များကို ဖျက်ဆီးပြီး ဗလီဝတ်ကျောင်းတော်ကိုပါ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ http://www.m-mediagroup.com/news/2202 http://www.m-mediagroup.com/news/2220 ၁၆ ၊ ၄ ၊ ၂၀၁၂ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အဆိုပါ ကံမကိစ္စအပြင် ၂၀၁၂ ဧပြီလ ၁၂ရက်နေ့ကဖြစ်ပွားခဲ့သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ စဥ့်ငူရပ်၊ ဆိုင်းတောင် အစ္စလာမ့်ဝတ်ကျောင်းတော် ဖျက်ဆီးခံရခြင်း ကိစ္စနှစ်ခုစလုံးကို အတည်ပြုခဲ့ပြီး ၂၀၁၂ ဧပြီလ ၁၆ရက်နေ့ နေ့စွဲ၊ စာအမှတ် မအဘ/စီမံ/၀၀၁-၄/၂၀၁၂(အစ ၅)ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာကို နိုင်ငံတော် သမ္မတကြီး ထံသို့ တရားဝင် ပေးပို့ခဲ့ကြောင်း သိရပါသည်။ http://www.m-mediagroup.com/news/2278 ၂၀၊ ၄ ၊ ၂၀၁၂ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ နှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ် စည်းစိမ်များ ဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ် ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။ http://goo.gl/kwDxM ၂၁၊ ၄၊ ၂၀၁၂ မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် မောင်တောမြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ အဆိုပါခွင့်ပြုမိန့်ကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခင် အနှစ် ၂၀ ကျော်အတွင်း ရွာတရွာမှ တရွာသွားလျှင် ခွင်ပြုမိန့်ရှိမှသွားခွင့်ရတာဖြစ်ပါသည်။ ယခုကြေငြာချက်မှာ မြို့နယ်ကျော်သွားလျှင်မရကြောင်း သတင်းများမှာ ဖော်ပြခဲ့ပါသည်။ http://www.m-mediagroup.com/news/2327 ၂၃၊ ၄၊ ၂၀၁၂ ဧပြီ ၁၂ ရက်နေ့ တွင် ကချင်ပြည်နယ် ၊ဖားကန့် မြို့နယ် ၊ ဆိုင်းတောင် ကျေးရွာတွင် ဗလီဖြိုချခံရခြင်း၊ ဧပြီ ၁၃ရက်နေ့မှစ၍ မကွေးတိုင်းသရက်ခရိုင်၊ ကမ္မမြို့နယ် ရှိ ဗလီနှင့် အစ္စလာမ် ဘာသာဝင်များ၏ အိုးအိမ်ပိုင်ဆိုင်မှုများ ဖြိုချ ဖျက်ဆီး ခံရသော ဖြစ်ရပ် များနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ဟောင်များက စာအမှတ် ၇/၂၀၁၂ ဧပြီ ၂၃ရက်နေ့စွဲဖြင့် နိုင်ငံတော် စုံစမ်းရေး ကော်မရှင် ဖွဲ့၍ အချိန်နှင့် တပြေးညီ ဖေါ်ထုတ် အရေးယူပေးရန် သဘောထား ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ http://goo.gl/tPXRB ၂၄၊ ၄ ၊ ၂၀၁၂ မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ်တဘက်ဆွဲကျေးရွာနေ မြန်မာတိုင်းရင်းသားအစ္စလာမ်ဘာသာ ၀င်များမှာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများရရှိရန် အခက်အခဲဖြစ်နေကြောင်း မြစ်မခ သတင်းတပုဒ်တွင် ဖော်ပြခဲ့တာကို တွေ့ရပါသည်။ http://www.m-mediagroup.com/news/2311 ၂၈၊၄၊ ၂၀၁၂ ကြာနီကန်ကဘာရ်စတာန်ဥယျာဉ်သာယာရေးကော်မတီမှ ဦးဆောင်ပြီး မန္တလေးမြို့ရှိ သာရေးနာရေးအဖွဲ့များနှင့် လူငယ်များစုပေါင်းလုပ်အားပေးပြီး ၀ိုင်းဝန်းသန့်ရှင်းမှုကို ၂၈.၄.၂၀၁၂-စနေနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ http://www.m-mediagroup.com/news/2315 မေလ ၆ ၊ ၅ ၊ ၂၀၁၂ မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ပဏာမစာရင်းတွင် ရန်ကုန်မြို့ မှ မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံမှာ ပြည်သူဂုဏ်ရည်ဆု စတင်ချီးမြှင့်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် စာရင်းတင်သွင်းခြင်းခံရပါသည်။ http://www.m-mediagroup.com/news/2363 ၁၃၊ ၅၊ ၂၀၁၂ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ.မ.လဌာနချုပ်မှ ကျင်းပသော န၀မအကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး သွေးဌာနတွင် ၁၃.၅.၂၀၁၂ တနင်္ဂနွေနေ့  ကျင်းပခဲ့ပြိး သွေးလှူဒါန်းပွဲတွင် မ.မ.လ အဖွဲ့ဝင်များ တပ်မတော်သားများ ၊ သံဃာတော်များနှင့် မွတ်စလင်မ်လူငယ်များ စုစုပေါင်း(၃၀၀)ရာကျော် လာရောက် လှူဒါန်းကြပါသည်။ http://www.m-mediagroup.com/news/2415 ၁၉ ၊ ၅ ၊၂၀၁၂ ၁၄၈၆ နှစ်မြောက် တမန်တော်မြတ်နေ့ အထိမ်းအမှတ် အခမ်းအနား တစ်ရပ်ကို မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်းခန်းမတွင်၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါနေ့ ညပိုင်းတွေ တမန်တော်နေ့ အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲတွင် ဧပြီ ၁၀ ရက်တွင် ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အသက်စွန့်ကယ်တင်ခဲ့သည် မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင်အား ရန်ကုန်တိုင်းဝန်ကြီးချူပ်က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။ http://www.m-mediagroup.com/news/2505 http://www.m-mediagroup.com/news/2510 ၂၀၊ ၅ ၊ ၂၀၁၂ မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ မြန်မာမွတ်စလင်မ်များ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရေးကော်မတီ ကို ဖွဲစည်းခဲ့သည်။ http://www.m-mediagroup.com/news/2490 ၂၁၊ ၅၊ ၂၀၁၂ University Muslim Fellowship (Mandalay) – UMF ၊ တက္ကသိုလ် မွတ်စလင်မ် မိတ်သဟာ အသင်း (မန္တလေး) နှင့် နိဗ္ဗာန်ဆော် အဖွဲ့ တို့ ပူးပေါင်းပြီး မန္တလေး အရိုးအထူးကု ဆေးရုံ ကြီးကို နေ့စဉ် သောက်သုံးရေသန့်များ သွားရောက်လှူဒါန်းလျှက်ရှိကြောင်းသိရပါသည်။ http://www.m-mediagroup.com/news/2494 ၂၄၊ ၅ ၊ ၂၀၁၂ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ် (၂)ရပ်ကွက် မင်းလမ်းရှိ အစ္စလာမ်ဘာသာဝင်တို့ရဲ့ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း ၊ ဒေသခံ မြန်မာမွတ်စလင်မ်များမှ သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးကို တိုင်ကြားထားကြောင်း မြစ်မခ သတင်းတပုဒ်မှာ ဖော်ပြပါသည်။ http://www.m-mediagroup.com/news/2522 ၂၆ ၊ ၅ ၊ ၂၀၁၂ မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများပြုလုပ်ကြောင်း ယခုကဲ့သို့း မပြုမီ သီတင်းနှစ်ပတ် ခန့်က အစ္စလာမ်ဆန့်ကျင်ရေး ကာတွန်းပုံများ၊ လက်ကမ်းစာစောင်များ၊ တရားခွေများ ဖြန့်ဝေခဲ့ကြသည်။ http://www.m-mediagroup.com/news/2900 ၂၇.၅.၂၀၁၂ မော်လမြိုင်မြို့လုံးဆိုင်ရာ တမန်တော်နေ့ အခမ်းအနားကြီးကို (27.5.2012)နေ့တွင် မော်လမြိုင်မြို့ ဆရာဝန်အသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ http://www.m-mediagroup.com/news/2961 ၂၉ ၊ ၅၊၂၀၁၂ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားစေမည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များစွာကို အကြမ်းဖက်သတ်ဖြတ်ပြီး နေရပ်စွန့်ခွါစေသည့် ကြောက်မက်ဖွယ်ရာ အနိဌာရုံ ပဋိပက္ခမီးကြီးရဲ့ အစ (၂၈၊၅ ၊၂၀၁၂) တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာသူ မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် သတင်းကို ရခိုင်သတင်းဌာန နိရဉ္စရာ သတင်းဌာနမှ ဝေးလံခေါင်းပါးပြိး ဆက်သွယ်ရေးခက်ခဲ့သည့် ရခိုင်ပြည်နယ်လို နေရာမျိုးတွင်ဖြစ်ပွားခဲ့သည့်ရာဇဝတ်မှု့ဖြစ်ပွားပြီး နာရိအပိုင်းအတွင်း ဓါတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။ နိရဉ္စရာ သတင်းဌာနမှ အနေဖြင့် သတင်း ၂ ပုဒ်တင်ရာတွင် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ပြီး Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ကျင့်ဝတ်မဲ့ လှုံဆော်သည့်ပုံစံဖြင့် အင်တာနက်စာမျက်နှာတွင် သတင်းတင်ခဲ့သည်။ အဆိုပါလုပ်ရက်နှင့် M-Media မှ ချက်ခြင်း ကန့်ကွက်စာပေးပို့ခဲ့ပြိး ယင်းကဲ့သို့ လူမျိုးရေး ပဋိပက္ခမဖြစ်စေရန် ကျင့်ဝတ်မဲ့ လုပ်ဆောင်မှုများရပ်တန့်ရန် ထည့်သွင်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် မြန်မာမွတ်စလင်မ် သတင်း အနှစ်ချူပ် စုစည်းမှု (အပိုင်း-၁) ပြည်တွင်း သတင်း http://www.m-mediagroup.com/newsမှ ကူးယူဖော်ပြပါသည်

ဘာသာရေး ခေါင်းဆောင်များနဲ့ မြန်မာဌာနမှူးရဲ့ နှစ်သစ်ကူး စကားလက်ဆောင်

2013-01-01 မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ၂ဝ၁၃ နှစ်သစ်ကူးသမယမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ လွတ်လပ်တဲ့အာရှအသံရဲ့ မြန်မာဌာနမှူး တို့က မြန်မာနိုင်ငံအတွက် နှစ်သစ်ကူးစကား လက်ဆောင်ပါးလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့နှစ်သစ်မှာ မြန်မာနိုင်ငံက ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နေရာတွေမှာ ဘုရားရဲ့ ငြိမ်းချမ်းခြင်းလက်နက်နဲ့ လူတွေစိတ်ထဲ အေးမြပြီး တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းဖြေရှင်းနိုင်တဲ့ ကျေးဇူးတော် အသိတရားလေး ဘုရားပေးပါစေဆိုပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ဆန်ဖရန်စ္စကိုမြို့မှာရှိတဲ့ St. Finn Bar ဘုရားကျောင်းက ကက်သလစ်ဘုန်းတော်ကြီး ဖရန်စစ်က ဆုတောင်းစကားပြောကြားပါတယ်။ ဘာသာရေးခေါင်းဆောင်ထဲက နောက်တစ်ဦးဖြစ်တဲ့ ဝါရှင်တန်ဒီစီ ခရစ်ယာန်အသင်းတော် ဥက္ကဌ ဒွန်ကွတ်ကလည်း မြန်မာပြည်မှာ ပိုပြီးတော့ ငြိမ်းချမ်းရေးရဖို့အပြင် ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ တခြားပြဿနာအရပ်ရပ် ပြေလည်သွားစေဖို့ ဆုတောင်းထားပါတယ်။ ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မန္တလေးမြို့ အထက်တန်းကျောင်းဆရာကြီးဟောင်း ယခု အမေရိကန်ပြည်ထောင်စုရောက် မူစလင်ဆရာ ဦးအောင်ဒင်က မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့နဲ့ ဒုက္ခရောက်နေသူတွေ အဆင်ပြေပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ဘုရားရှင်ထံမှာ ဆုတောင်းပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် အရှင်ဇဝနကလည်း မြန်မာနိုင်ငံမှာ ပြည်သူပြည်သားတွေ အစိုးရကြောင့်ကျခဲ့ရတဲ့ မျက်ရည်တွေ၊ သောကတွေ၊ သွေးထွက်သံယိုမှုတွေ လုံးဝကင်းစင်သောနှစ်ဖြစ်ပါစေ။ ဒေါသတရား၊ အာဃတတရားတွေနဲ့ ပြဿနာကို ဖြေရှင်းတတ်သော အရိုင်းအစိုင်းတို့ရဲ့ ခေတ်ဆိုးကြီး အမိမြန်မာပြည်ဆီက အမြန်ဆုံးချုပ်ငြိမ်း ပျောက်ကွယ်ပါစေဆိုပြီး နှစ်သစ်ဆုတောင်းစကားဆိုထားပါတယ်။ လွတ်လပ်တဲ့အာရှအသံ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေကတော့ မြန်မာနိုင်ငံမှာ အံသြလောက်အောင် အကောင်းအဆိုးတွေနဲ့ ပြောင်းလဲခဲ့တဲ့ ၂၀၁၂ခုနှစ်ကုန်ဆုံးပြီး ၂၀၁၃ခုနှစ် နှစ်သစ်ကိုကြိုဆိုရင်း အားလုံးမျှော်လင့်လိုလားတဲ့ အကောင်းရှေ့ရှုပြောင်းလဲမှုတွေနဲ့သာ ရင်ဆိုင်ကြရပါစေလို့ နှုတ်ခွန်းဆက် စကားလက်ဆောင်နဲ့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ http://www.rfa.org/burmese/news/ -မှ ကူးယူဖော်ပြပါသည်။

Tuesday, January 1, 2013

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ကြပါစေ။ မြန်မာမွတ်ဆလင်(မ်)လူငယ်အသင်း(ပီနန်း)

Saturday, November 17, 2012

အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေးထိပ်ဆုံးက ဆွေးနွေးမည်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ရဲ့ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေးနွေးသွားဖို့အတွက် အိုအိုင်စီအဖွဲ့က ပြင်ဆင်နေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အိုအိုင်စီအနေနဲ့ ကြောင်း အိုအိုင်စီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်ဗ် သတင်းဌာနက ရေးသားပါတယ်။ ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ်ခဲ့ပြီး သေဆုံးသူတွေရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်းနိုင်ငံတွေကို အခုလို တိုက်တွန်းတာဖြစ်ပါတယ် http://www.rfa.org/burmese/ မှကူးယူဖော်ပြပါသည်။

ရိုဟင်ဂျာအရေး ဖိအားပေးရန် အိုဘားမားကို OIC တောင်းဆို

နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စတင်မယ့် မြန်မာပြည်ခရီးအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ အတိုက်အခိုက်ခံနေရမှုအပေါ် အလေးအနက်ထားဆွေးနွေးဖို့ အစ္စလမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation – OIC) အထွေထွေအတွင်းရေးမှူး အက်မဲလက်ဒင် အစ်စန်နိုးလူ (Ekmeleddin Ihsanoglu) က အမေရိကန်သမ္မတ ဘားရက် အိုဘားမားကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့အတွက် အဲ့ဒီကိစ္စကို မြန်မာအစိုးရရဲ့ အမြင့် ဆုံး အာဏာပိုင်တွေအပြင် အတိုက်အခံခေါင်းဆောင်နဲ့ပါ ဆွေးနွေးဖို့ သူက အမေရိကန်သမ္မတကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ဖို့နဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီကိစ္စဟာ ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ သူက ယုံကြည် နေတာပါ။ အမေရိကန်သမ္မအနေနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက်ပါ ထည့်သွင်းဆွေးနွေးသင့်တယ်လို့ သူက ပြောတယ်လို့လည်း သမ္မတအိုဘားမားဆီ အင်္ဂါနေ့မှာပို့ခဲ့တဲ့ သူ့ရဲ့စာကို ကိုးကားပြီး OIC က ထုတ်ဖော်ပြောကြားပါတယ်။ တချိန်တည်းမှာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကြောင့် ပင်လယ်ကိုဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် နယ်စပ်တွေဖွင့်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီအကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးလာတဲ့သူတွေ မကြာသေးခင်က ဘင်္ဂလားပင်လယ်အော် ထဲမှာ လှေနစ်မြုပ်သွားတဲ့အပေါ် အလေးအနက် စိုးရိမ်မှုရှိတဲ့အကြောင်းကိုလည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) က အင်္ဂါနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။ “အခုဆိုရင် အကြမ်းဖက်မှုတွေ လျော့ပါးသွားပေမယ့် တင်းမာမှုတွေကတော့ မြင့်နေဆဲပါ။ ဒါကြောင့် လာမယ့် ရက် သတ္တပါတ်တွေ၊ လတွေအတွင်းမှာ လူတွေ မျှော်လင့်ချက်မဲ့ပြီး အန္တရာယ်များတဲ့ ဒီလိုရေလမ်းခရီးနဲ့ ထပ်ထွက်သွားကြ မှာကို ကျမတို့ စိုးရိမ်မိပါတယ်” လို့ UNHCR အာရှဌာနခွဲ ပြောခွင့်ရပုဂ္ဂိုလ် ဗီဗီယန် တန် (Vivian Tan) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က လူ ၂၄၀ လောက် တင်ဆောင်ထားတဲ့ လှေ ၂ စီး ဘင်္ဂလားပင်လယ်အော်ထဲမှာ နစ်မြုပ်သွားပြီး အဲ့ဒီလူတွေထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေလည်းပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် UNHCR က အင်္ဂါနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။ တရားဝင်သတင်းရပ်ကွက်တွေကတော့ အဲ့ဒီ ၂၄၀ ထဲက ၄၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၀၀ လောက် အခုထိ ပျောက်နေဆဲပဲလို့ ဆိုကြပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံတော်တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး ပြတ်သားတဲ့ ဦးဆောင်မှုနဲ့ ကိုယ်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးဆိုရင် ပိုမိုကျယ်ပြန့်တဲ့ ဘာသာရေး ပဋိပက္ခအဖြစ် ပျံ့နှံ့သွားနိုင် တယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ကလည်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ တနလာင်္နေ့က ထုတ်ပြန်တဲ့ ICG အစီရင်ခံစာ “မြန်မာ – မုန်တိုင်းဆင်မယ့် တိမ်တိုက်များ (Myanmar: Storm Clouds on the Horizon)” ထဲမှာ အခုလို ဆိုထားတာပါ။ ရခိုင်ပြည်နယ်ထဲမှာပဲ ဖြစ်နေတဲ့ ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခ အဖြစ် ပြောင်းလဲသွားနိုင်ပြီး ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေဆီကို ပါ ပျံ့နှံ့သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း အဲ့ဒီအစီရင်ခံစာက ထောက်ပြထားပါသေးတယ်။ မေလတုန်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ကို မွတ်ဆလင်အမျိုးသား ၃ ယောက်က မုဒိန်းကျင့်ပြီး သတ် လိုက်တယ်ဆိုတဲ့ အမှုဟာ ရေရှည် တအုံနွေးနွေးဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကြား က တင်းမာမှုကို မီးတောက်လောင်စေခဲ့တာပါ။ မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ အဲ့ဒီအဓိကရုဏ်း ကြောင့် ဇွန်လကနေ ယနေ့ထိ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့အိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတဲ့အပြင် အိမ်မဲ့ရာမဲ့ဖြစ်ရသူတွေလည်း ထောင်သောင်းချီတယ်လို့ သိရပါတယ်။ ပဋိပက္ခဖြစ်ပွားတဲ့ကာလမှာတုန်းက ဒေသဆိုင်ရာအာဏာပိုင်တွေ ရခိုင်အမျိုးသားတွေဘက်က ရပ်တည်တာကို တွေ့ရ တဲ့အချိန်မှာ ကုလသမဂ္ဂနဲ့ နယ်စည်းမခြား ဆရာဝန်များ (Doctors Without Borders) အပါအဝင် နိုင်ငံတကာ အကူ အညီပေးရေး အေဂျင်စီတွေကတော့ မွတ်ဆလင်တွေဘက်က ရပ်တည်တယ်ဆိုပြီး လူများစု ဗုဒ္ဓဘာသာဝင်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Saturday, November 10, 2012

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းခံနဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေးထားပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခပြဿနာတွေဟာ ရခိုင်ပြည်နယ်ရဲ့  မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ နောက်မှာဝင်လာသူတွေဆိုတဲ့ ဘာသာကွဲပြား စကားမတူတဲ့ ဘင်္ဂါလီနွယ်ဖွားတွေကြားမှာ နှစ်ပေါင်းအတော်ကြာရှိနေခဲ့တဲ့ မုန်းတီးမှုနဲ့ သံသယမီးပွားတွေ ထပြီးတောက်လောင်ခဲ့တာပါ။ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ခေါ်ဝေါ်စေချင်တဲ့ ဒီလူအစု၊ လူအဝေးကို ဒေသခံတွေက အကြောင်းအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးကြောင့် သံသယကြီးစွာနဲ့ မယုံကြည် လက်မခံနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါဟာ လူဝင်မှုကြီးကြပ်ရေးရဲ့  အစဉ်အဆက် ကိုင်တွယ်မှုမှားယွင်းမှုအပြင်၊ နိုင်ငံရေးအမြတ်ထုတ်မှု၊ နိုင်ငံသားဖြစ် ဥပဒေအားနည်းချက်၊ လူ့အခွင့်အရေးချိုးဖောက်မှု စသဖြင့်လည်း ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လန်ဒန်မြို့ မှာ ရှိနေတဲ့ Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မဝေနှင်းပွင့်သုန်ဟာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးရဲ့  သမီးလည်း ဖြစ်ပါတယ်။ မဝေနှင်းပွင့်သုန် ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် - အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုမျိုး အကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက် မရှိဘူးရှင့်။ ရခိုင်ပြည်နယ်မှာဖြစ်တယ်ဆိုတဲ့ဟာက တော်တော်များများ ပြောတဲ့လူတွေကတော့ ရခိုင်ပြည်သူပြည်သားတွေဖက်ကလည်း ပြောတဲ့လူတွေရှိသလို။ ဒီလိုမျိုး ရခိုင်ပြည်သူတွေဖက်မှာနေနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဖက်ကနေ ပြောတဲ့လူတွေလည်းရှိတယ်။ ကျမအနေနဲ့ကတော့ တယောက်နဲ့တယောက် အမြင်ချင်းမတူတာ၊ ဘာသာချင်းမတူတာ။ အကိုပြောသလို ဒါက နှစ်တွေ၊လတွေ များစွာ စုပေါင်းပြီးတော့ဖြစ်လာတဲ့ ပြဿနာ။ အခုအချိန်မှာ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဒါကလုံးဝမဖြစ်သင့်တဲ့ ပြဿနာ။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးသင့်တယ်။ ကိုယ်နဲ့ဘာတူညီလဲ။ ကိုယ်နဲ့ဘာကွဲခြားသလဲဆိုတာကို ကြည့်မှာထက်။ တူညီတဲ့နေရာကနေ စပြီးတော့ ဘယ်လိုမျိုး ငြိမ်းချမ်းစွာနေသွားသင့်သလဲ။ ဘယ်လိုမျိုး နိုင်ငံကို။ လူမျိုးရေးပြီးတဲ့အခါကြတော့ ဘာသာရေးပိုထွန်းကားလာအောင်၊ ပြီးတော့ ပိုပြီးကာကွယ်လို့ရအောင် ဘယ်လိုမျိုး လုပ်မလဲဆိုတာတွေက အကြမ်းဖက်နည်းနဲ့သွားမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စတခုပါ။ ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက မဝေနှင်း အခုနပြောသလို၊ တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ နေရာမှာ အခုပြဿနာရဲ့  အရင်းခံကို အများစုသုံးသပ်တာကတော့ ဒါဟာ တိုင်းရင်းသားပြဿနာ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ပြီး အခေါ်ခံနေရတဲ့လူစုကို ရိုဟင်ဂျာအနေနဲ့ မခေါ်ချင်ဘူးဆိုကတည်းကိုက ဘယ်လိုလုပ် ဆွေးနွေးမှု ဖြစ်လာနိုင်မလဲ။ မဝေနှင်းပွင့်သုန် ။ ။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူး။ ရတယ် ကိစ္စမရှိဘူး။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူးဆိုရင် မင်းတို့ဘယ်လို ခေါ်ချင်သလဲ။ ဆွေးနွေးမှုဆိုတာ အဲဒီလို စတင်တယ်။ ဒါပေမဲ့ တကယ်တမ်း အခုဖြစ်နေတဲ့ဟာက သူတို့အနေနဲ့က ကျမတို့ ရိုဟင်ဂျာလူမျိုးရယ်လို့ မပြောပါနဲ့ ရန်ကုန်၊ မန္တလေးမှာရှိနေတဲ့ မြန်မာမူစလင်လူတွေကိုယ်တိုင်က တချို့ ဆိုရင် မှတ်ပုံတင်မရှိတဲ့လူတွေ အခုအချိန်အထိ ရှိနေတုန်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့  မိသားစုအခြေအနေကြောင့်။ ဒါမှမဟုတ်လို့ရှိရင် ပြီးတဲ့အခါကြရင် ပိုက်ဆံမရှိတာလား။ ပြီးတဲ့အခါ ဘယ်နေရာမှာ နေထိုင်တာလဲ။ အဲဒီလိုမျိုး ကွဲခြားပြီး မှတ်ပုံတင်မရှိတဲ့လူတွေ ရှိနေတုန်းပဲ။ ဆိုတော့ ဒီနေရာမှာ တရားမဝင်လာနေထိုင်ဆိုပြီးထားပါအုန်း။ တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာ ရှိနေတဲ့ လူအခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။ မင်းက ငါနဲ့ ဘာသာမတူဘူး။ မင်း ဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ့ သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက်မခြားတော့ဘူးလေ။ အဲဒီလိုမျိုးတွေလည်း ကျမတို့ ကြည့်သင့်တယ်။ ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့မြင်တာကတော့ ဘယ်ဖက်ကမှ တကယ်တမ်း အကြမ်းဖက်ချင်ကြတဲ့ ဆန္ဒတော့ ရှိချင်မှရှိကြမှာပါ။ ဒါပေမဲ့လည်း လက်တွေ့ ဒေသအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ လှုံဆော်မှုတွေကြောင့် ဒါက မလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်ရတယ်။ ဒီနေရာမှာ သတင်းပေးပို့ကြတဲ့၊ ကောလဟာလဖြန့်ကြတဲ့ ကိစ္စတွေကလည်း တဖက်နဲ့တဖက် နစ်နစ်နာနာဖြစ်အောင် လှုံဆော်မှုတွေ အမျိုးမျိုးရှိနေကြခဲ့တယ်။ အဲဒီတော့ ဒါတွေဟာ နာကြည်းစရာ ပိုဖြစ်ကြတဲ့အနေအထားပေါ့။ အဲဒီတော့ ဒီပြဿနာဟာ စောစောက မဝေနှင်း ပြောသလိုပဲ နိုင်ငံသားပြဿနာ။ အဲဒီတော့ အနှစ်နှစ်အလလ၊ လူဝင်မှုကြီးကြပ်ရေးရဲ့  အဆက်ဆက်ရဲ့  ပေါ့လျော့မှုတွေ၊ နိုင်ငံသားဖြစ်တည်းမှုဆိုင်ရာ အခြေခံဥပဒေရဲ့  မမျှတမှုတွေကြောင့်ဖြစ်တယ်ဆိုတာ မဝေနှင်းတို့ရဲ့  အဖေဖြစ်တဲ့ ကိုမြအေးတို့အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဗမာပြည်က နိုင်ငံရေးသမားတွေ အတော်များများက ဒီအချက်ကို လက်ခံပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖြစ် ဖြစ်တည်မှုကိုတော့ လက်မခံနိုင်ဘူးဆိုပြီးတော့ တွင်တွင်ကြီးငြင်းနေတာကို ကျနော်တို့ ကြားရပါတယ်။ ဒီနေရာမှာ နိုင်ငံသားအခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေး အခုလောလောဆယ် အခြေအနေအရ မြန်မာနိုင်ငံရဲ့  အခြေအနေအရ ဘာတွေများ ကွာတယ်လို့ ယူဆပါသလဲ။ မဝေနှင်းပွင့်သုန် ။ ။ ကျမအမြင်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် အခုန အကိုပြောသွားသလိုပဲ ဒီပြဿနာတွေ ဖြစ်လာတဲ့အချိန်မှာ အဓိကနေရာကတော့ ပိုပြီးတော့ ပါဝင်ဆောင်ရွက်လာတဲ့ဥစ္စာက မီဒီယာပေါ့။ အထဲက မီဒီယာပဲပြောမလား။ အပြင်က မီဒီယာပဲ ပြောမလား။ သူတို့တွေက ပိုပြီးတော့ ဆွပေးတယ်။ ဆွပေးတဲ့နေရာမှာ တချို့ နေရာတွေမှာဆိုရင် စကားအသုံးအနှုန်းလေးတွေ။ ပြီးတဲ့အခါကြတော့ ပြောတာဆိုတာက တကယ်ကို ပညာတတ်လို့ ယူဆလို့မရအောင် ရေးသားတဲ့ဟာတွေရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း ကြွပေးတယ်။ Facebook ပေါ်မှာဆိုရင်လည်း လူတွေက လိမ်ပြီးတော့ သတင်းမမှန်တာကို ပိုပြီးတော့ ယုံကြည်ချင်ကြတယ်။ ဒါကို ကျမအနေနဲ့ နားလည်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ လူမျိုးရေး၊ ဘာသာရေးဆိုတော့ ဘယ်သူမဆို ကျမတို့ နိုင်ငံကို ထိခိုက်တယ်ဆိုရင် ဘယ်သူမဆို နာမယ့်ကိစ္စပဲလေ။ ဆိုတော့ မီဒီယာကလည်း အဲဒါမျိုးကို ဆွပေးတယ်။ အခုလောလောဆယ်မှာ မြန်မာနိုင်ငံထဲက လူတော်တော်များများ ယုံကြည်တာက၊ အပြင်ကလူတွေပါပါတယ်။ ယုံကြည်တာက ဘာလဲဆိုတော့ တိုင်းရင်းသားအရေးလို့ ပြောလာတဲ့အခါကြရင် သူတို့ထင်တာက သူတို့က နိုင်ငံတနိုင်ငံ လိုချင်တယ် သူတို့အတွက်။ ရိုဟင်ဂျာအရေးလို့ တောင်းတဲ့အခါမှာ သူတို့က ရိုဟင်ဂျာနိုင်ငံ တည်ဆောက်ဖို့တောင်းတာပဲ။ သူတို့ မူစလင်နိုင်ငံတည်ဆောက်မယ်ဆိုပြီးတော့ ပြောကြတယ်ဆိုပြီး အဲဒီလိုမျိုး စွပ်စွဲတာမျိုးတွေလည်းရှိတယ်။ ကျမတို့ Burma Campaign UK ဆိုလို့ရှိရင် စွပ်စွဲခံရတာ ကျမတို့က အရှေ့ အလယ်ပိုင်းက ပိုက်ဆံတွေ ကျမတို့ရတယ်။ ရတဲ့အခါကြတော့ ကျမတို့ ရိုဟင်ဂျာအရေးကို ကျမတို့က အားသွန်ခွန်စိုက်လိုက်ပြီးတော့ တိုက်တွန်းဆောင်ရွက်နေတယ်။ ကျမတို့အနေနဲ့ ပိုက်ဆံတပြားမှ မရပါဘူး။ အရှေ့ အလယ်ပိုင်းက ရိုဟင်ဂျာအရေးလုပ်ဖို့ဆိုတာ။ ကျမတို့အနေနဲ့ လူ့အခွင့်အရေးလို့ ယုံကြည်တယ်။ ကရင်အရေးလည်း လုပ်ခဲ့တယ်။ ကချင်အရေးလည်း လုပ်ခဲ့တယ်။ တိုင်းရင်းသား၊ ဘာသာ၊ လူမျိုးမရွေးကိစ္စတွေကို ကျမတို့ လုပ်ခဲ့တယ့်အတွက် ဒီကိစ္စကလည်း လူ့အခွင့်အရေးဆိုပြီး လုပ်ခဲ့တာ။ နောက်တခု နိုင်ငံသားအရေးလို့ ပြောမယ်ဆိုလို့ရှိရင် ကုလသမဂ္ဂအခြေခံ UN Declaration of Human Rights မှာ ပြောခဲ့တာက ဒီနိုင်ငံမှာ ဒီခလေးတယောက်က မွေးတယ်ဆိုလို့ရှိရင် သူတို့က နေ့ချင်းညချင်း နိုင်ငံသာခွင့် သူမှာရှိပြီသာ။ ရှိပိုင်ခွင့် ရှိကိုရှိတယ်။ ခလေးတိုင်းက သူတို့မှာ နိုင်ငံသားခွင့်ဆိုတာ ရှိတယ်။ ကျမတို့မြန်မာနိုင်ငံမှာ မွေးခဲ့တဲ့ တရုတ်လူမျိုး၊ နောက်ပြီး မြန်မာနိုင်ငံမှာ လာမွေးတဲ့ မူစလင်နိုင်ငံသားတွေလည်း ရှိတယ်ဆိုတော့ သူတို့အနေနဲ့ ဘာသာနိုင်ငံရေး၊ နိုင်ငံသားခွင့်ဆိုတာ သူတို့မှာရှိသင့်တယ်။ ဘာသာရေးမတူတာနဲ့ နိုင်ငံသားခွင့် မရှိတော့ဘူးဆိုတာ မဖြစ်သင့်ဘူး။ ကျမတို့ ဒီကိစ္စကိုတော့ သေသေချာချာ ပြန်ပြီးတော့ ကြည့်ရမယ်။ ဦးသန်းလွင်ထွန်း ။ ။ အခုစောစောက မဝေနှင်း ပြောသွားတဲ့ Burma Campaign UK ဗြိတိန်နိုင်ငံမှာရှိနေတဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့။ ဒီအဖွဲ့ဆိုရင် အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့  အရေးကို နောက်ပိုင်းမှာ တော်တော်လေး ဦးစားပေးပြီးတော့ ဆောင်ရွက်လာတာလည်းတွေ့တယ်။ အထူးသဖြင့် ဗြိတိသျှပါလီမန်မှာသွားပြီးတော့ တင်ပြမှုတွေ လုပ်တဲ့အခါမှာ Burma Campaign UK အဖွဲ့ရဲ့  ပံ့ပိုးမှုတွေလည်းပါတယ်။ ရိုဟင်ဂျာအဖွဲ့တွေက သွားပြီးတင်ပြတဲ့အခါမှာ။ အဲဒီနေရာတွေမှာ တချို့ သော ဥပမာ တချို့ သော ရိုဟင်ဂျာအဖွဲ့တွေရဲ့  တင်ပြမှုတွေထဲမှာ တချို့ သောကိန်းဂဏန်းတွေက ပြည်တွင်းမှာ အခုလက်ရှိ အနေအထားအရ အသတ်ခံရတဲ့လူပေါင်း ထောင်ချီပြီး ရှိနေပါပြီဆိုတဲ့ကိစ္စမျိုး။ ဒါမျိုးတွေကြတော့ အထောက်အထား ခိုင်ခိုင်လှုံလှုံ ရှိရဲလား။ ဒါမျိုးတွေက ဒီလိုမျိုး တင်ပြတာကိုကြားတဲ့အတွက် တဖတ်ကနေ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ ပိုပြီးမဖြစ်စေဘူးလား။ မဝေနှင်းပွင့်သုန် ။ ။ ကျမတို့ Burma Campaign UK အနေနဲ့ အခုနောက်ပိုင်း ရိုဟင်ဂျာအရေးကို လုပ်လာတယ်ဆိုတာ ကျမတို့အဖွဲ့အစည်းတခုတည်း ဒီကိစ္စကို လုပ်တာမဟုတ်ပါဘူး။ ခရစ်ယာန်အဖွဲ့အစည်းလို့ခေါ်တဲ့ Christianly Solidarity World Wide နဲ့ တခြားအဖွဲ့အစည်း Amnesty ဆိုလည်း ဒီကိစ္စကို ထောက်ခံတာပဲ။ ဒါပေမဲ့ ဒီနံပတ်၊ လူဦးရေ ဘယ်လောက်ရှိတယ်။ ပြီးတော့ ဘယ်နှစ်ယောက် ထိခိုက်ပြီးတော့၊ ဘယ်နှစ်ယောက် သေဆုံးနေတဲ့ကိစ္စကိုတော့ ကျမတို့အနေနဲ့ သူတို့ကို သေချာကို အထောက်အထား ခိုင်ခိုင်လုံလုံဖြစ်အောင် ပြခိုင်းပါတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံ - တချို့ ကြတော့လည်း တကယ်တမ်း သိပ်ပြီးတော့ experience မရှိတဲ့အခါကြတော့ ဟိုရောက်တဲ့အခါ စိတ်လှုပ်ရှားတာနဲ့ ပြီးတော့ ပြောတဲ့နံပတ်တွေကလည်း မှားရင်လည်း မှားပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း ပါလီမန်မှာ ဗြိတိသျှလွှတ်တော်မှာ အမတ်တွေနဲ့သွားပြီး တွေ့တဲ့အခါကြရင် သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါကြရင် သေချာတဲ့၊ ခိုင်လုံမှုရှိတဲ့ အချက်အလက်တွေနဲ့ ကျမတို့သွားတာ ဖြစ်ပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြဿနာက ဒီကိစ္စကို ဖြေရှင်းဖို့ဆိုလို့ရှိရင် နှစ်ဖက်စလုံး ရခိုင်တိုင်းရင်းသားဖက်နဲ့ မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတွေဖက်ကရော ဒီဖက်မှာရှိနေတဲ့ ရိုဟင်ဂျာတွေ၊ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေ ဘယ်သူတွေကိုပဲ ကိုယ်စားပြုပြု မှန်ကန်တဲ့ တင်ပြချက်တွေကို လုပ်နိုင်ဖို့ဆိုတာ ပိုပြီးအရေးကြီးတယ်လို့ မယူဆဘူးလား။ နို့မို့ဆိုရင် ပြဿနာက တဖက်နဲ့တဖက် ပိုပြီးတော့ အထင်လွှဲမှားမူတွေ၊ မုန်းတီးမှုတွေ ပိုဖြစ်ဖို့ ရှိနေတယ်လို့ မယူဆဘူးလား။ မဝေနှင်းပွင့်သုန် ။ ။ ဒါကတော့ ဟုတ်တာပေါ့။ ကျမတို့အနေနဲ့ မှန်ကန်တဲ့ဥစ္စာကို အဓိကထားပြီးတော့ သွားရမှာလေ။ ကျမတို့အနေနဲ့ သေသေချာချာ အချက်အလက် ခိုင်ခိုင်လုံလုံ ရှိမှသာ ကျမတို့သွားရမယ်။ ဒါပေမဲ့ အခု ဥပမာ လန်ဒန်မှာ ပြဿနာ ဘယ်လိုဖြစ်သလဲဆိုတော့ ရိုဟင်ဂျာကိစ္စအရေးဆိုလို့ရှိရင် ကျမတို့အနေနဲ့ ဖြစ်စေချင်တာက ရခိုင်ပြည်သူ၊ ပြည်သားတွေကိုလည်း လာစေချင်တယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့။ ဒီလိုမျိုး Facebook, အင်တာနက်ပေါ်မှာ ဆဲဆိုရေးတဲ့ဟာတွေ။ ပြီးတော့ တဖက်သတ် စွပ်စွဲတာဟာတွေထက်ဆရင် လာပါ။ အကယ်၍ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးလို့ရတယ့်ဟာမျိုး။ မင်းတို့ ဘာဖြစ်လို့ အဲဒီလိုမျိုး ခေါ်တာလဲ။ ဘာဖြစ်လို့ မင်းတို့ ဒီလိုမျိုး ယုံကြည်ချက် ဖြစ်တာမျိုးလည်းဆိုတာ။ ဒီလိုမျိုး မျက်နှာချင်းဆိုင် ဖြေရှင်းတဲ့အခါမျိုးကြရင် ပိုပြီး ထိရောက်တယ်လို့ မြင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာပြီ။ အခြေအနေလေးတွေ ပြောင်းလဲလာတဲ့အခါကြတော့ ဒီမိုကရေစီ လမ်းစဉ်ကို သွားနေတယ်လို့ ကျမယုံကြည်တယ်။ ဒီမိုကရေစီလမ်းစဉ်ကို သွားတယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ ဘယ်သူကိုမှ အနောက်ထဲမှာ ထားခဲ့လို့မရဘူး။ ဘာသာမတူ၊ လူမျိုးမတူလို့လား ကျမတို့အနေနဲ့ ဘယ်လိုမျိုးအချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်သွားမလဲ။ အဲဒီဥစ္စာကတော့ နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးပြီးတော့ တူညီတဲ့နေရာလေးတွေက စရမှာပေါ့။ ဦးသန်းလွင်ထွန်း ။ ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ပါဘူးလို့ ယတိပြတ် ပြောဆိုနေတဲ့အချက်တွေနဲ့ ပတ်သက်လို့။ မဝေနှင်းပွင့်သုန် ။ ။ အဲဒီဥစ္စာက ရိုဟင်ဂျာ တိုင်းရင်းသားမဟုတ်ပါဘူးဆိုပြီး ယတိပြတ်ပြောဆိုနေတဲ့ အချက်အလက်တွေက တချို့ ကြတော့ သူတို့အနေနဲ့လည်း သေချာအချက်အလက် မပေးနိုင်ဘူး။ ကျမအဖေ ပြောသွားသလို ကျမအနေနဲ့ ငယ်တယ်။ ကျမအနေနဲ့ သေချာသိချင်မလဲသိမယ်။ ဒါပေမဲ့ ကျမရဲ့  ယုံကြည်ချက်က ဘာလဲဆိုတဲ့အခါကြတော့ လူ့အခွင့်အရေးဆိုတာ လူတိုင်းအတွက် ဖြစ်သင့်တယ်။ ထားပါတော့ သူတို့ တရားမဝင် ဝင်လာတယ်လို့ စွပ်စွဲတဲ့လူတွေ အများကြီးရှိတယ်။ သူတို့ တရားမဝင် ဝင်လာတာနဲ့ ဒီခလေးတွေကို ကျမတို့ ပညာသင်ပိုင်ခွင့် မပေးနိုင်တော့ဘူးလား။ ဒီ ခလေးတွေကို ကျန်းမာရေးပတ်သက်တဲ့ စောင့်ရှောက်ခွင့်တွေ မပေးတော့ဘူးလား။ ဒီ ခလေးတွေက တကယ်တမ်းကြတော့ ကြားထဲက မြေစာပင်ဖြစ်ရတဲ့ ဘဝမျိုးတော့ မဖြစ်သင့်ဘူးလေ။ လူ့အခွင့်အရေးဆိုပြီး လက်ကိုင်ထားပြီးတော့ ပြောနေတဲ့လူတွေ ခဏတော့ စဉ်းစားသင့်တယ်။ ကျမတို့အနေနဲ့ လူ့အခွင့်အရေးဆိုတာ ငါတို့အတွက်ပဲ ဖြစ်သင့်သလား။ သူတို့အတွက်ကော မဟုတ်ဘူးလားဆိုတာကို ကျမတို့ သေသေချာချာ မျက်စိဖွင့်ပြီး ကြည့်သွားဖို့ လိုပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ အခုဟာက မဝေနှင်း ပြောနေတာက နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကိစ္စပေါ့။ အဲဒီတော့ စောစောက ကျနော် မေးခဲ့တဲ့ မေးခွန်းအတိုင်းပဲ တိုင်းရင်းသားအခွင့်အရေးဆိုတာ အခုအချိန်မှာ ဘာများပိုလို့လဲ။ သဘောကတော့ သူတို့ကို ဘင်္ဂါလီလူမျိုးတွေလို့ မခေါ်ပါနဲ့ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ပါဆိုတဲ့ တောင်းဆိုချက်ပေါ့။ မဝေနှင်းပွင့်သုန် ။ ။ သူတို့အနေနဲ့ ဘင်္ဂါလီလို့ ခေါ်လား။ ရိုဟင်ဂျာလို့ ခေါ်တယ်ဆိုတာ ကျမအနေနဲ့ နံမည်တွေကို ခဏဘေးဖယ်ထားလိုက်။ ကျမတို့ မြန်မာနိုင်ငံမှာ မွေးလာတဲ့လူတွေကြတော့ ဘယ်လိုခေါ်မလဲ။ ကျမတို့ အခုဆိုလို့ရှိရင် ကုလားဆိုတဲ့ဟာက ရိုဟင်ဂျာတင်မဟုတ်ပါဘူး။ ကျမတို့ မြန်မာနိုင်ငံမှာ မွေးပြီး၊ မြန်မာနိုင်ငံမှာ ကြီးလာတဲ့လူတွေကိုတောင်မှ ကုလားလို့ အခေါ်ခံထိတဲ့လူတွေ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့။ ဦးသန်းလွင်ထွန်း ။ ။ အများစုက အခေါ်မခံချင်တဲ့ ကုလားဆိုတာကိုတော့ ခေါ်ကြတယ်။ အခေါ်ခံချင်ပါတယ်ဆိုတဲ့ ရိုဟင်ဂျာဆိုတာကိုတော့ မခေါ်ချင်ကြဘူးဆိုတဲ့ သဘောပေါ့။ မဝေနှင်းပွင့်သုန် ။ ။ အဲဒီလိုမျိုး ဖြစ်နေတယ်။ ရိုဟင်ဂျာ ဆိုလို့ရှိရင်။ ကျမဆိုရင် ရိုဟင်ဂျာလူမျိုးလည်း မဟုတ်ပါဘူး။ ရိုဟင်ဂျာအနေနဲ့ ကြီးလာတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမကို ပြောတယ်ဆိုလို့ရှိရင် ကျမမှာ ရိုဟင်ဂျာ ယောက်ျား ဘယ်နှစ်ယောက်ရှိတယ်။ ကျမဟာ ရိုဟင်ဂျာလူမျိုး၊ ရိုဟင်ဂျာအရေးအတွက် လုပ်နေတယ်။ ပိုက်ဆံဘယ်လောက်ရတယ်ဆိုပြီး အဲဒီလိုမျိုး စွပ်စွဲခံရတယ်။ ကျမတို့ တကယ်ကို နက်နက်ရှိုင်းရှိုင်း ပြန်ကြည့်မယ်ဆိုလို့ရှိရင် မုန်းတီးမှုက ဘာသာရေးကစတာလို့ပဲ ကျမမြင်မိပါတယ်။ ဦးသန်းလွင်ထွန်း ။ ။ လန်ဒန်မြို့ မှာရှိနေတဲ့ Burma Campaign UK က မဝေနှင်းပွင့်သုန် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။