Saturday, January 12, 2013

ဒေါက်တာ ဇာနည် အင်တာဗျူး

 “လောလောဆယ် လူတွေသိနေကြတာက ရိုဟင်ဂျာတွေ ကို နှင်ဖို့လောက်ပဲပြောနေကြပေမဲ့ သူတို့က ကျွန်တော်တို့ နိုင်ငံအတွက် အဓိကအန္တရာယ်မဟုတ်ဘူး။ တကယ်တိုင်း ပြည်မှာ အန္တရာယ်ရှိတာက တရုတ်ပြည်ကြီးရဲ့ အကျိုးစီး ပွားတွေက ကျွန်တော်တို့ အထက်ဗမာပြည်ကြီးကိုမျို လိုက်တာ။ နောက်ပြီးတော့ တစ်ချိန်တုန်းက ချုပ်ထားတဲ့ စီးပွားရေးစာချုပ်တွေက ပြည်သူကို မတရားချုပ်ခြယ်တဲ့၊ ပြည်သူကို မတရား သတ်တဲ့ အစိုးရက လုပ်ခဲ့တာဆိုတော့ အဲဒီစာချုပ်တွေကို ကျွန်တော်တို့ကပန်သုံးသပ်ပြီးတော့၊ စိစစ်ပြီးတော့ ပြင်သင့်တာတွေကို ပြင်ဖို့လိုလိမ့်မယ်နဲ့တူ တယ်။ မဟုတ်ရင်တော့ ပြည်သူက ကျောကော့နေအောင် ခံရလိမ့်မယ်”
မော်ကွန်းမဂ္ဂဇင်းနှင့်ဒေါက်တာဇာနည်အင်တာဗျူး,
လက်ရှိမြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့်ပုံစံ၊ အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့်ဆက်ဆံ ရေး၊ မငြိမ်းချမ်းသေးသော မြန်မာပြည်မြောက်ပိုင်းကိစ္စ၊ စိုးရိမ်စရာ ရခိုင်ပြည်နယ်အရေးအစရှိသည် တို့နှင့်ပတ်သက်ပြီး မော်ကွန်းမဂ္ဂဇင်းက မြန်မာ့ အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်ကိုအင်တာဗျူး ထားပါသည်။ ဒေါက်တာဇာနည်သည် ဗြိတိန်နိုင်ငံ London School of Economics and Political Science မှ visiting သုတေသီတစ်ဦးပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး ရာတို့နှင့် ပတ်သက်လာပါကပြတ်ပြတ်သားသား၊ ဒိုးဒိုးဒေါက်ဒေါက်၊ စူးစူးရှရှ ဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ နိုင်ငံတကာမီဒီယာများတွင်လည်း ၄င်း၏အတွေးအမြင်၊ သုံးသပ်ချက်များကိုရေး သားနေသူတစ်ဦးလည်းဖြစ်သည်။ Free Burma Coalition ကို တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည် (maungzarni.com) သည် စစ်အစိုးရနှင့်ထိတွေ့ဆက်ဆံကြရန် အစဉ်တစိုက်အရေးဆိုခဲ့သူအနည်းစုထဲ တွင်ပါဝင်ပြီး သူကိုယ်တိုင်ကလည်း ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အစောပိုင်းကာလအထိ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ် သည်။ "Knowledge, Control and Power: The Politics of Military Rule in Burma Under General Ne Win (1962-88)." စာတမ်းဖြင့် အမေရိကန်ပြည်ထောင်စုရှိ Wisconsin တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည့် ဒေါက်တာဇာနည်သည် မြန်မာနိုင်ငံအတွင်း လူမျိုးရေးစိတ်ဓာတ် ပြင်းထန်နေသည့်အပေါ် အတော်ကိုစိုးရိမ်သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် မြန်မာများ အကဲ့ရဲ့မခံရစေရေး မည်သို့လုပ်သင့်သည်ကို ယခုအင်တာဗျူး၌ အကြံပြုဆွေးနွေးထားပါသည်။
MAWKUN: လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုသုံးသပ်ချင်လဲ။
Dr. Zarni: ခြုံကြည့်မယ်ဆိုရင် ရှေ့ဆက်သွားဖို့ အလားအလာတော့ရှိတယ်။ နောက်ဆုတ်ဖို့ကတော့ တော်တော်လေး ခက်သွားမယ်။ တပ်ထဲကခေါင်းဆောင်တွေကလည်း သဘောပေါက်မှာပေါ့ - နောက်ပြန် သွားလို့မရဘူးဆိုတာ။ ဘာလို့လဲ ဆိုတော့ စစ်တပ်က အုပ်ချုပ်ခဲ့တာ ရာစုနှစ်တစ်ဝက်မှာ တိုင်းပြည်ဟာ ချွတ်ခြုံကျသွားခဲ့တယ်။ ကျွန်တော်တို့ကအပြင်ကနေပြီး မကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူး။ (ပြည်ထောင်စု) ၀န်ကြီးဦးစိုးသိန်းတို့ နယူးယောက်မှာ ပြောတဲ့ဟာကိုကြည့်မယ်ဆိုရင် ဗမာပြည်မှာ ကောင်းတာဘာမှမရှိတော့ဘူး၊ ဘယ်နေရာပဲကြည့်ကြည့် သုံးမရတော့ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ဗမာလိုပြောသွားတယ်လေ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိတ်ဓာတ် အကုန်လုံးကျနေတာ။
MAWKUN: သူတို့ကိုယ်ကျိုးစီးပွားတွေနဲ့ ၀င်လာကြတဲ့ နိုင်ငံကြီးတွေနဲ့ ဆက်ဆံတဲ့အခါမှာဘယ်လို အချက်တွေကို သတိမူသင့်လဲ။
Dr. Zarni: တရုတ်၊ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယ အဲဒီ အင်အားစုလေးစုနဲ့ ဥရောပသမဂ္ဂ ကျွန်တော်တို့ ဆီကိုလာပြီးတော့ သူတို့ အကြံနဲ့သူတို့၊ သူတို့အကျိုးစီးပွားနဲ့ သူတို့ ပြန်ဝင်လာကြတယ်။ ဒီပြန်ဝင်လာတဲ့ အချိန်မှာ ကျွန်တော်တို့ပြည်သူတွေမှာ နိုင်ငံရေးအခံ၊ အတွေးအမြင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ခံမရှိဘူး၊ တိုးတက်မလာဘူးဆိုရင်တော့ ရှေ့လျှောက်မှာ ကောင်းတဲ့ အပိုင်းရှိသလို၊ ပိုပြီးတော့လည်းဆိုးလာနိုင် တယ်လို့ ကျွန်တော်မြင်တယ်။ ဦးနေ၀င်းခေတ်မှာ နေခဲ့ရတဲ့အနေအထားမျိုးထက် အဆပေါင်းများစွာ ဆိုးနိုင်တဲ့အနေအထားရှိတယ်။
ဘာပြုလို့လဲဆိုတော့ နိုင်ငံရေးကစားတဲ့၊ စီးပွားရေးကစားတဲ့ အကျိုးအမြတ်ထုတ်တဲ့လူတွေက အရမ်းများ လာတယ်။ အဲတော့ ဒီတစ်ခါ တိုင်းပြည်မှာခေါင်းဆောင်မှု အသုံးမကျရင်တော့ ဒုတိယအခွင့်အ လမ်းပြန်ရမှာမဟုတ်ဘူး။ ဆိုလိုတာက တစ်စစီကို စုတ်ပြတ်သွားမယ့် အနေအထားမျိုးမြင်တယ်။
ကျွန်တော်တို့ဆီကို တရုတ်ဝင်လာတာပဲဖြစ်ဖြစ်၊ အမေရိကန်ပြန်ဝင်လာတာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်က ပြန်ဝင်လာတာပဲဖြစ် ဖြစ်၊ ဂျပန်ကလာတာပဲဖြစ်ဖြစ် အကူအညီပေးတဲ့အခါ လူသားချင်းစာနာတဲ့အကူအညီ ပဲဖြစ်ဖြစ်၊ စီးပွားရေးဖွံ့ဖြိုးဖို့ပဲဖြစ်ဖြစ် ငွေသန်းကိုရာနဲ့ချီပြီးပေးမယ်။ ဒါတွေက တကယ်တန်းပြောရင် ကျွန်တော်တို့နိုင်ငံက ပြည်သူအများစုချွတ်ခြုံကျနေတဲ့အခါဆိုတော့၊ ပြာပုံပေါ်မှာရောက်နေတဲ့ အခြေ အနေမျိုးမှာဆိုတော့ ဒေါ်လာတစ်သန်းပဲဖြစ်ဖြစ်၊ တစ်သောင်းပဲ ဖြစ်ဖြစ်၊ တစ်သိန်းပဲဖြစ်ဖြစ် ကမ္ဘာ့ဘဏ် တို့၊ အင်္ဂလန်တို့ကပေးတဲ့အခါမှာ အားလုံးက၀မ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်ကြတယ်။
ဒါပေမဲ့ဒီပိုက်ဆံတွေဝင်လာတာက၊ တကယ်တန်းပြောရရင် နိုင်ငံခြားအကူအညီဆိုတာမရှိဘူးဗျ။ အလကား ထမင်းကျွေး တာမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကို ချစ်လို့ ဒီပိုက်ဆံပစ်ပေးတာမဟုတ်ဘူး။ ဒါတွေက ထောင်မြင်၊ ရာစွန့်ဆိုတဲ့ ပုံစံ မျိုးပေါ့ဗျာ။ ဘီလီယံနဲ့ချီပြီး အကျိုးရှိမယ့်နေရာမျိုးမှာ ဒေါ်လာသန်းတစ်ရာ လောက်ပေးလိုက်ရတာ သူတို့အတွက် ပြဿနာမရှိဘူး။ အဲဒါကိုမြင်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေက ငွေထုတ်ကြီးတွေ ပိုက်ပြီးဝင်လာတဲ့သူတွေကို ကျေးဇူးရှင်ကြီး တွေ၊ ကယ်တင်ရှင်ကြီးတွေလို့ မှတ်ယူပြီး သပြေပန်းနဲ့ကြိုနေမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက်ပြဿနာရှိနိုင်တယ်။
MAWKUN: ပြည်တွင်းမှာ တရုတ်ရဲ့ အကျိုးစီးပွားက အမြောက်အမြားပဲ။ အတော်များများ ကတော့ စစ်အစိုးရလက်ထက်တုန်းက နှစ်ဘက်အစိုးရ သဘောတူညီမှုတွေနဲ့ လုပ်ထားတဲ့ ကိစ္စတွေ။ အဲဒီအထဲက တချို့ လုပ်ငန်း တွေကို ဒေသခံတွေက အကြောင်းကြောင်းကြောင့် လက်မခံလိုကြဘူး။ ဥပမာ - လက်ပံတောင်းတောင်ကိစ္စလိုဟာမျိုးပေါ့။ အဲတော့ နောက်ထပ်ကော ဘယ်လို အခင်းအကျင်းတွေကို မြင်တွေ့ရဖွယ်ရှိလဲ။
Dr. Zarni: အရင်က စီမံကိန်းတွေဆွဲပြီးတော့ တရုတ်နဲ့ပဲ လက်မှတ်ထိုးထိုး၊ တခြားနိုင်ငံတွေနဲ့ပဲ ထိုးထိုး ပြည်သူက ဘာမှပြောပိုင်ခွင့်မရှိတဲ့အနေအထားမျိုးမှာ အုပ်ချုပ်သူလူတန်းစားတွေကလုပ်သွားခဲ့တယ်။ ဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်ကတည်းက တရုတ်နဲ့ တအားရောပြီး အထက်ဗမာပြည်တစ်ခုလုံးမှာ ဗမာ စကားကို တစ်ခွန်းမှ မပြောတတ်တဲ့ ယူနန်ဘက်ကသူတွေကို မှတ်ပုံတင်တွေထုတ်ပေးတာတွေ လုပ်လာခဲ့ ကြတယ်။
လောလောဆယ် လူတွေသိနေကြတာက ရိုဟင်ဂျာတွေကို နှင်ဖို့လောက်ပဲပြောနေကြပေမဲ့ သူတို့က ကျွန်တော်တို့နိုင်ငံအတွက် အဓိကအန္တရာယ်မဟုတ်ဘူး။ တကယ်က အထက်ဗမာပြည်တစ်ခုလုံး၊ အဓိက မန္တလေးမှာ တရုတ်ရဲ့စီးပွားရေးတွေရှိတယ်။ သူတို့က မြေတွေကို လိုက်ဝယ်တယ်။ လူမှုရေးကိစ္စတွေမှာပါ တော်တော်လေးဝင်ပြီး လွှမ်းမိုးတဲ့သဘောမှာရှိတယ်။ စီးပွားရေးတစ်ခုတည်းတင်မဟုတ်ဘူး။ တကယ် တိုင်းပြည်မှာအန္တရာယ်ရှိတာက တရုတ်ပြည်ကြီးရဲ့ အကျိုးစီးပွားတွေက ကျွန်တော်တို့အထက်ဗမာပြည် ကြီးကို မျိုလိုက်တာ။ အဲဒါက ကျွန်တော်တို့တွေအတွက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ အဲဒါကို အဓိကထားပြီးတော့ စဉ်းစားဖို့ကောင်းတယ်။
မြေနိမ့်ရာလှံစိုက်တဲ့ပုံစံမျိုး၊ ဘင်္ဂါလီကိုရှင်းလိုက်၊ နိုင်ငံက နှင်ထုတ်လိုက်တို့ဆိုတာတွေက တလွဲဆံပင် ကောင်းပြီးတော့ ဖက်ဆစ်ဆန်ဆန်တွေဖြစ်နေကြတယ်။ လူမျိုးရေးမုန်းတီးမှုများနေတာ။ တကယ်တန်း ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေကို ခြိမ်းခြောက်နေတာက အထက်ဗမာပြည်ကိုမျိုသွားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားအဆက်အနွယ်တွေပဲ။ ဒါကိုကျွန်တော်တို့က အဓိကထားပြီး လုပ်မှရမယ်။
နောက်ပြီးတော့ တစ်ချိန်တုန်းက ချုပ်ထားတဲ့ စီးပွားရေးစာချုပ်တွေက ပြည်သူကို မတရားချုပ်ခြယ်တဲ့၊ ပြည်သူကို မတရားသတ်တဲ့အစိုးရကလုပ်ခဲ့တာဆိုတော့ အဲဒီစာချုပ်တွေကိုကျွန်တော်တို့ကပြန်သုံးသပ် ပြီးတော့၊ စိစစ်ပြီးတော့ ပြင်သင့်တာတွေကို ပြင်ဖို့လိုလိမ့်မယ်နဲ့တူတယ်။ မဟုတ်ရင်တော့ ပြည်သူက ကျောကော့နေအောင် ခံရလိမ့်မယ်။
MAWKUN: ပြုပြင်ပြောင်းလဲရေးတွေတော့ လုပ်နေတယ်ပေါ့။ ဒါပေမဲ့ ကချင်ပြည်နယ်မှာ စစ်ပွဲ တွေက အခုထိဖြစ်နေတုန်း။ KIA နဲ့ မြန်မာအစိုးရနဲ့ အခုထိ ငြိမ်းချမ်းရေးမရနိုင်သေးတဲ့ နောက် ကွယ်မှာ ဘယ်လိုအချက်တွေရှိမလဲဗျ။
Dr. Zarni: ဗမာအစိုးရက ငြိမ်းချမ်းရေးယူချင်တာမှ မဟုတ်ဘဲနဲ့။ ကချင်က သာမန်လူမျိုးစုလေး မဟုတ် ဘူး။ ကချင်က ကျွန်တော်တို့ ခေတ်သစ်နိုင်ငံကြီးကို ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့နဲ့ အားလုံး ပေါင်းပြီးတော့ နိုင်ငံကိုအတူတူထောင်မယ်ဆိုပြီးတော့ထောင်ခဲ့တာ။ နောက်တစ်ခု သမိုင်းအရကြည့်မယ် ဆိုလို့ရှိရင် သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းကိုယ်တိုင် ပြောသွားတာရှိတယ်။ ကချင်ပြည်နယ်ဟာ ဘယ်တုန်းကမှ မြေပြန့်က ဗမာတွေရဲ့ လက်အောက်မှာ မရှိခဲ့ဘူး။ ကချင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်လို့၊ လေးစားလို့ (လွတ်လပ်ရေး) အတူတူတောင်းမယ်ဆိုပြီးတော့တောင်းခဲ့တာ။
အဲလိုလူမျိုးစု၊ အဖွဲ့အစည်းတစ်ခုကို ဗမာစစ်တပ်မှာရှိတဲ့ခေါင်းဆောင်တွေက တမင်နှစ်ပေါက်၊ တစ်ပေါက် ရိုက်ပြီးတော့ကျုံးသွင်းတာ။ ပြီးတော့ ကချင်အထဲမှာ အကျင့်စာရိတ္တမခိုင်တဲ့၊ လောဘကြီးတဲ့သူတွေကို မွေးထားပြီးတော့ ကချင်တွေကို စီးပွားရေးအရ ကျုံးသွင်းဖို့လုပ်တာ။ Border Guard Force ပေါ့နော်။ အဲဒါကိုဟိုဘက်ကလက်မခံလို့ ဒီလိုဖြစ်တာ။ အားလုံးထဲမှာကိုယ့်နိုင်ငံကခွဲထွက်မယ့် ဘယ်လူမျိုးစုမှမရှိဘူး။
သူတို့(အစိုးရ)က တမင်အသာစီးယူပြီးတော့ သူတို့ လုပ်ချင်တာလုပ်လို့ရတဲ့ဟာမျိုးကို ငြိမ်းချမ်းရေးလို့ခေါ် တယ်။ သူတို့လုပ်ချင်တာလုပ်လို့မရတဲ့အနေအထားမျိုးမှာ သူတို့က စစ်ကိုပေပြီးတော့တိုက်တယ်။ ကချင်ကို တိုက်နေတာက ပြည်ထောင်စုရဲ့ သစ္စာကို လုံးဝစော်ကားတာလို့ ကျွန်တော်က မြင်တယ်။
နောက်တစ်ခုက ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေ နေတဲ့နေရာတွေမှာ ရှမ်းပြည်ပဲဖြစ်ဖြစ်၊ ကချင်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံးဗျာ ရခိုင်ပြည်လိုနေရာမျိုးမှာ လက်ရှိပြုပြင်ပြောင်းလဲရေးဆိုတာတွေဟာ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေဟာ ဒုက္ခရောက်ပြီးတော့၊ အသက်အိုးအိမ်စည်းစိမ်ပျက်စီးတာကလွဲလို့ရှိရင် သူတို့ အတွက်က ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာအကျိုးမှမရှိဘူး။ ဒီကိစ္စကတိုင်းရင်းသားဒေသတွေတင်မကဘူး။
ကြေးစင်တောင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် လယ်သမားတွေဟာ ထောင်နဲ့ သောင်းနဲ့ချီပြီး ဒုက္ခရောက် ကြတယ်ဆိုတော့ ပြုပြင်ပြောင်းလဲရေးတွေက ဗမာပြည်မှာရှိတဲ့ လူအများစုအတွက် ပြုပြင်ပြောင်းလဲမှုတွေ က အကျိုးမရှိတဲ့အပြင် အကျိုးတောင်ယုတ်တယ်လို့ လက်ရှိအနေအထားအရ မြင်နေရတယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲရေးလုပ်တဲ့ကာလကို ကျွန်တော့်အနေနဲ့ အလွန်ကိုသံသယရှိတယ်။
MAWKUN: ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နော်ဝေပါဝင်ပတ်သက်နေတာကို ဘယ်လိုမြင်လဲခင်ဗျ။ နိုင်ငံတကာမှာကော သူတို့တကယ် စွမ်းဆောင်နိုင်တာရှိလားခင်ဗျ။ နောက်ကွယ်မှာဘယ်လို အကျိုးစီးပွားတွေ ရှိတတ်ကြသလဲ။

Dr. Zarni: နော်ဝေက ဗမာပြည်ထဲကို ၀င်လာတာက ရှင်းရှင်းလေး။ နော်ဝေ ၀င်လိုက်တဲ့ နိုင်ငံတိုင်းမှာ ငြိမ်းချမ်းရေး ပီပီပြင်ပြင်ရသွားတဲ့ နိုင်ငံဆိုတာမရှိဘူး။ ပါလက်စတိုင်းနဲ့ အစ္စရေးကိစ္စကိုကြည့်မယ်ဆိုရင် ၁၉၉၅ မှာ ပါလက်စတိုင်း ခေါင်းဆောင် ရာဆာအာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ်တို့နဲ့ အော်စလိုငြိမ်း ချမ်းရေးဆွေးနွေးပွဲဆိုပြီးတော့ နော်ဝေကလုပ်တယ်။ စာချုပ်တချို့ ချုပ်လိုက်တယ်။ ဒါပေမဲ့ ဒီနေ့အထိ အစ္စရေးနဲ့ ပါလက်စတိုင်းနဲ့ ဂါဇာမှာချနေတုန်းပဲ။ ဆိုလိုတာက အော်စလို (နော်ဝေ) ၀င်လုပ်လိုက်လို့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရသွားတယ်ဆိုတာမရှိဘူး။
အာရှတိုက်ကိုဝင်လာတဲ့အခါကျတော့လည်း နော်ဝေ ၀င်လာလို့ ငြိမ်းချမ်းရေးရသွားတယ်ဆိုတာ ကျွန်တော် တစ်ခါမှမတွေ့ဖူးဘူး။ ခင်ဗျား သီရိလင်္ကာနိုင်ငံကိုကြည့်လိုက်ဗျာ။ သီရိလင်္ကာ၊ ကိုလံဘိုမြို့မှာ ဗုဒဘာသာ အမည်ခံထားတဲ့ကိုလံဘိုအစိုးရနဲ့ ခရစ်ယာန်အများစုဖြစ်တဲ့ ကျားသူပုန်အဖွဲ့နဲ့တိုက်ကြတဲ့ကိစ္စ။ (နောက်ဆုံး) ကျားသူပုန်တွေ လက်နက်ချပြီးတဲ့အခါမှာ (အစိုးရတပ်က) သတ်ပစ်တာ အစုလိုက်၊ အပြုံလိုက်။
နော်ဝေကလည်း ကျွန်တော်တို့နိုင်ငံမှာစီးပွားရေးလုပ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံပဲ။ ငြိမ်းချမ်းရေးသိုင်းကွက် နင်းပြီး ၀င်လာတာပဲဖြစ်ဖြစ်၊ လူသားကယ်တင်ရေး၊ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးအတွက်ဆိုပြီးတော့ သိုင်းကွက်နင်းလာ တာပဲဖြစ်ဖြစ် ၀င်လာတာအားလုံးကတော့ (နော်ဝေ ၀င်လာတာပဲဖြစ်ဖြစ်၊ ၀ါရှင်တန်(အမေရိကန်) ၀င်လာတာပဲဖြစ်ဖြစ်) အလှူပေးဖို့လာတာမဟုတ်ဘူး။ အကျိုး အမြတ်ရဖို့အတွက်လာတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ သိဖို့ရာက နိုင်ငံခြားက ၀င်လာတယ်ဆိုရင် စီးပွားရေးသမားပဲဝင်ဝင်၊ နိုင်ငံရေးသမားပဲဝင်ဝင်၊ ဘယ်သမ္မတပဲလာလာ သူတို့အကျိုး စီးပွားအတွက်လာတာ။ ကျုပ်တို့နိုင်ငံကြီး လမ်းပွင့်သွားဖို့တို့၊ ကျုပ်တို့နိုင်ငံကလူတွေ ထမင်းနပ်မှန်အောင် စားဖို့တို့၊ ရှေ့မှာစီးပွားရေးတွေ ကောင်းလာဖို့အတွက်လာတာမဟုတ်ဘူး။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး မှာ တစ်နပ်မှ အလကားစားရတဲ့ထမင်း၊ တစ်ခွက်မှ အလကားသောက်ရတဲ့ လက်ဘက်ရည်ဆိုတာမရှိဘူး။ ကျုပ်တို့ကို ချစ်လို့လာတာတစ်ကောင်မှမရှိဘူး။
MAWKUN: ရခိုင်ကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ဘယ်လိုမြင်လဲခင်ဗျ။

Dr. Zarni: အစိုးရက နောက်ကွယ်မှာပါတဲ့အနေအထားလို့ ကျွန်တော်သုံးသပ်လို့ရတယ်။ မေလထဲမှာ ရခိုင်အမျိုးသမီး ဗလက္ကာရအလုပ်ခံရပြီး အသတ်ခံရတယ်။ နောက်ဗမာသတင်းစာတွေထဲမှာပါတာက လည်း ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို မူဆလင်ဘာသာဝင်သုံးယောက်က ဗလက္ကာရကျင့်ပြီး တော့ ရက်ရက်စက်စက်သတ်လိုက်တယ်ဆိုတဲ့သတင်းပါတယ်။
အဲဒီသတင်းထွက်လာပြီးတဲ့အခါ တောင်ကုတ်ဘက်မှာ မူဆလင်ဆယ်ယောက်လောက်ကို လူ ၃၀၀ လောက်က သတ်လိုက်တယ်ဆိုတော့ စဉ်းစားကြည့်။ မသီတာထွေးရဲ့ ဓာတ်ပုံကိုတော့ တစ်ပြည်လုံး ပြန့်သွားပြီးတော့ မူဆလင်ဆယ်ယောက်ကို နေ့ခင်းကြောင်တောင်ကြီးမှာ တောင်ကုတ်မှာရှိတဲ့ လူ ၃၀၀ လောက်က ၀ိုင်းသတ်တဲ့ပုံက တစ်ပုံမှထွက်မလာဘူး။ ဆိုတော့ ဒီကိစ္စက ၂ နဲ့ ၂ နဲ့ပေါင်းရင် ၄ မရဘဲနဲ့ ၅ တို့၊ ၆ တို့ ရနေတာဟာ အစိုးရပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်အစိုးရနဲ့ မကင်းတဲ့ အဖွဲ့ရဲ့ လက်ချက်ပါနေတယ်လို့ ကျွန်တော်မြင်တယ်။
ရခိုင်တွေနဲ့ မူဆလင်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေတဲ့ အသိုင်းအ၀ိုင်းရှိတယ်။ ကျောက်နီမော်လိုနေရာမျိုးကိုကြည့်လိုက်။ ဆွေစဉ်မျိုးဆက်နေလာတာ။ ဘာမှပြဿနာမရှိဘူး။ ရခိုင်ဗုဒ္ဓ ဘာသာတွေနဲ့ မူဆလင်တွေ - ဘင်္ဂါလီပဲခေါ်ခေါ်၊ ရိုဟင်ဂျာပဲခေါ်ခေါ် - တစ်ယောက်နဲ့တစ်ယောက် ရိုက်နေကြတာ၊ ခုတ်နေကြတာမရှိခဲ့ဘူး။ အဲလိုအနေအထားမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ရက်ရက် စက်စက်လုပ်လာကြအောင် ဘယ်သူကနှပ်ကြောင်းပေးလိုက်တာလဲ။ အဲဒီနှပ်ကြောင်းပေးလိုက်တဲ့အထဲမှာ အစိုးရကဘယ်အတိုင်းအတာထိပါသလဲ။
နောက်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တဲ့အခါမှာ ဦးသိန်းစိန်က ကုလသမဂ္ဂကို မိန့်ခွန်းပြောတဲ့အခါမှာ ဒီ၂၇ ယောက်ဟာ တိုင်းပြည်ရဲ့မျက်နှာဖုံးတွေဖြစ်တယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့စုံစမ်းရေးကော်မရှင်ကို ပထမဆုံး ဖွဲ့တဲ့နေ့ကတည်းက အစိုးရကဘာမှပီပီပြင်ပြင် အကူအညီမပေးခဲ့ဘူး။ ရုံးလည်းမပေးခဲ့ဘူး။ ငွေလည်းမပေး ခဲ့ဘူး။ တောင်းဆိုထားကြတဲ့ လုံခြုံရေးအရာရှိတွေနဲ့လည်း ပီပီပြင်ပြင်တွေ့ခွင့်မပေးဘူး။ စုံစမ်းစစ်ဆေး ရေးကော်မရှင်ကြီးက အခုကျတော့ကိုဇာဂနာတို့၊ ကိုအောင်နိုင်ဦးတို့၊ နောက်တစ်ခါ ဒေါက်တာအန်ဒရူး ဆိုတဲ့ ချင်းလူမျိုးဥပဒေပညာရှင်တို့ဟာ ဘာမှပီပီပြင်ပြင်လုပ်နိုင်တဲ့ အနေအထားမျိုးမရှိတော့ဘူး။ နောက် တစ်ခုက စုံစမ်းစစ်ဆေးရေးလုပ်တယ်ဆိုတာက အနောက်ကဖိအားတွေဝင်မလာအောင်လုပ်တာဖြစ်မယ်။
ဒီလူမျိုးရေးပြဿနာက အစိုးရဘက်က တစ်နည်းတစ်ဖုံနဲ့ နိုင်ငံရေးကိုကစားတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်အပြင်ကနေပြီးတော့ သားပုပ်လေလွှင့်စွပ်စွဲတာမဟုတ်ဘူး။ နောက်ပြီးတော့ စဉ်းစားမယ်ဆိုလို့ ရှိရင် လူမျိုးရေး အရေးအခင်းစဖြစ်ကတည်းက သမ္မတဦးသိန်းစိန်ရဲ့ စကားတွေက လေး၊ ငါးခါလောက် အမျိုးမျိုး စကားလမ်းကြောင်းတွေက ပြောင်းသွားတယ်။
ကုလသမဂ္ဂမဟာမင်းကြီးလာတဲ့အခါကျတော့ ဒီဘင်္ဂါလီတွေဟာ ကျွန်တော်တို့နိုင်ငံကဟာတွေ မဟုတ်ပါ ဘူး။ တရားမ၀င်ခိုးဝင်လာတဲ့သူတွေပါ။ သူတို့ကို တခြားနိုင်ငံကို ပို့ချင်ပို့၊ ဒါမှမဟုတ်ရင်လည်း တစ်နေရာမှာ ဒုက္ခသည်စခန်းဆောက်ပြီး တော့ UN က ကျွေးထားပါလို့ပြောတယ်။
နောက်တစ်ခါ VOA နဲ့ အင်တာဗျူးတဲ့အခါကျတော့ လေသံကပြောင်းသွားတယ်။ မဟုတ်ဘူးတဲ့၊ ကျွန်တော် တို့ စစ်ဆေးပြီးပါပြီတဲ့။ အများစုကကျတော့ကျွန်တော်တို့နိုင်ငံမှာရှိပြီးသား၊ ကျွန်တော်တို့နိုင်ငံသားတွေ ပါတဲ့။ နောက်မှဝင်လာတဲ့လူကအလွန်နည်းပါတယ်ဆိုပြီးတော့ပြောထားတယ်။
ကျွန်တော်ပြောချင်တာက သမ္မတလိုပုဂ္ဂိုလ်ကြီးကတောင်မျိုးစုံပေါ့ဗျာ။ ဒီကွေ့မှာဒီတက်နဲ့လှော်ဆိုတဲ့ ပုံစံမျိုး နဲ့။ အဲဒါတွေကိုကြည့်ပြီးတော့ကျွန်တော်ထင်တယ်။ နေပြည်တော်ကမရိုးမသားနဲ့ ၀င်ပြီးတော့ ပါတယ်လို့ ထင်တယ်။ ၁၉၆၇ မှာလည်း တရုတ်-ဗမာအရေးအခင်းကိုသူတို့ ဖန်တီးခဲ့တယ်။ အမျိုးမျိုးပေါ့ဗျာ။ သမ္မတ အကြံပေးလုပ်နေတဲ့ ဒေါက်တာကျော်ရင်လှိုင်ကတောင်မှ သူစာရေးထားတဲ့အထဲမှာရှိပါတယ်။ ဗိုလ်ချုပ် ခင်ညွှန့်တို့ပြုတ်သွားပြီးတဲ့နောက်ပိုင်းမှာ မူဆလင်အရေးအခင်းကို ဖန်တီးဖို့ ထောက်လှမ်းရေးဘက်က လုပ်တယ်ဆိုတဲ့စကားတွေ။ ဒေါက်တာကျော်ရင်လှိုင် ကိုယ်တိုင်ကရေးထားတာဆိုတော့ နေပြည်တော်က လူတွေကို ကျွန်တော်က လုံးဝအယုံအကြည်ကိုမရှိဘူး။
ဒီလူတွေကအာဏာရရေးအတွက် တစ်ယောက်နဲ့ တစ်ယောက် တည်ပေးတာ၊ တို့ပေးတာတွေလုပ်ခဲ့ ကြတယ်။ အောက်ခြေကလူတွေမတည့်မှ ယာလည်းညက်စေ၊ ကြက်လည်းပန်းစေဆိုတဲ့အနေနဲ့ ကြက်ကို လည်းဖမ်းမယ်၊ ယာကိုလည်းထွန်ပြီးသားဖြစ်သွားမယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော်မြင်တယ်။
MAWKUN: ရခိုင်မှာ လူအုပ်စုနှစ်ခုကြားမှာ မုန်းတီးရေးတွေ တအားမြင့်မားနေတဲ့အချိန်မှာ တချို့ယူဆကြတာက ဘယ်လိုနည်းနဲ့မှဒီလူအုပ်စုနှစ်စုဟာ အရင်လိုအနေအထားမျိုးပြန်နေလို့ မရတော့ဘူး၊ အတူထားဖို့လည်းမသင့်တော့ဘူးဆိုပြီးတော့ပြောကြတယ်။ တချို့ကပြောတာက အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီး တဲ့အခါမှာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိလာတဲ့အခါ ကျရင် အရင်လို အနေအထားမျိုးပြန်ပြီးထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ အဲဒီပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

Dr. Zarni: မြစ်ဝကျွန်းပေါ်ဒေသမှာ BIA/BDA ခေတ်ကဖက်ဆစ်ဂျပန်နှစ်ယောက်ကို ကရင်တွေ ဘက်က သတ်လိုက်တာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်မိုးကြိုးကတွေ့သမျှ ကရင်တွေကိုအကုန် သတ်ဆိုပြီးတော့အမိန့်ပေးခဲ့တာရှိတယ်။ BIA တပ်ကလည်းပါတယ်။ ဗိုလ်မိုးကြိုးရဲ့တပ်တွေလည်းပါတယ်။ ကရင်တွေကို အစုလိုက်၊ အပြုံလိုက်သတ်လိုက်ကြတယ်။ ဦးနုတက်လာတဲ့အချိန် ၁၉၄၉-၅၀ မှာလည်း ကရင်တွေနဲ့ ဗမာတွေနဲ့ တစ်ဘက်နဲ့ တစ်ဘက်သတ်ကြတာရှိတယ်။ ကိုယ်ဝန်ဆောင်ကိုသတ်ပြီး ဗိုက်ထဲ ကကလေးကို ဆွဲထုတ်တာတို့ အဲလောက်ထိအောင် ရက်ရက်စက်စက်သတ်ခဲ့တာတွေရှိပါ တယ်။
မုန်းတယ်ဆိုတာ တစ်သက်လုံးမုန်းဖို့ဆိုတာမဖြစ်ပါဘူး။ ကျွန်တော်တို့က ဗုဒ္ဓဘာသာတွေနော်။ ချစ်တာတို့၊ မုန်းတာတို့ဟာမြဲတဲ့ကိစ္စတွေမဟုတ်ဘူး။
တစ်ယောက်နဲ့တစ်ယောက်နေလို့ မရဘူးဆိုတာက ၀င်ပြီးတော့တွန်းကြတာပေါ့ဗျာ။ ရခိုင်တွေအားလုံးနဲ့ မူဆလင်တွေအကုန်လုံး ဖြစ်တာမဟုတ်ပါဘူး။ ကောင်းတဲ့ရခိုင်တွေအများကြီးရှိတယ်။ ဆိုးတဲ့ရိုဟင်ဂျာ တွေလည်း အများကြီးရှိတယ်။ ကောင်းတဲ့ရိုဟင်ဂျာတွေလည်းရှိတယ်။ ဆိုးတဲ့ရခိုင်တွေလည်းရှိတယ်။ ဖြစ်ခဲ့တာတွေက အလွန်ကိုဝမ်းနည်းစရာကောင်းတယ်။
၁၉၃၀ နာဇီဂျာမနီလိုပုံစံမျိုးအထိဖြစ်လာတယ်ဆိုတာက ဘေးကနေပြီး သွေးထိုးတာတွေပါတယ်။ မြှောက် ပေးတာတွေပါတယ်။ အဲတော့ စနစ်တကျအချိန်ယူပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် နောက် ၁၀ နှစ်၊ ၁၅ နှစ်မှာပြေလည်ပြီးတော့ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့အနေအထားမျိုးရောက်သွားဖို့ အလား အလာရှိပါတယ်။
အမေရိကန်နိုင်ငံကိုပဲကြည့်လိုက်။ လူမည်းတွေကို ကျွန်လုပ်ထားတာကနေပြီးတော့ ဒီကနေ့အချိန်မှာ လူမည်းသွေး တစ်ဝက်ပါတဲ့ သမ္မတကနေပြီးတော့ လူဖြူအများစုဖြစ်တဲ့နိုင်ငံမှာ သမ္မတက်လုပ်နိုင်တဲ့အနေ အထားမျိုး။
ကြီးတဲ့အမှုကိုငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်တာမဟုတ်ဘဲနဲ့ ငယ်တဲ့အမှုကိုကြီးအောင်၊ ကြီးတဲ့အမှုကို တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်အောင် လုပ်တဲ့အစိုးရမျိုးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး သင့်သင့်မြတ်မြတ်နေလို့ရမလဲ။
ဘယ်လိုအစိုးရမျိုးက တိုင်းပြည်ကိုအုပ်ချုပ်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့တိုင်းရင်းသားတွေ အချင်း ချင်း ချစ်ချစ်ခင်ခင်နေမှာလား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက်နဲ့ နားလည်မှုယူထားပြီးတော့ သင့်သင့်မြတ်မြတ်နေမှာလားဆိုတဲ့မေးခွန်းကို အဖြေပေးလို့ရမယ်။
အုပ်ချုပ်သူတွေက တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲပြားတာတွေကိုအမြတ်ယူပြီးတော့ နိုင်ငံရေးသွေး စုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဆယ်နှစ်တစ်ခါ၊ ၁၅ နှစ်တစ်ခါ၊ နှစ် ၂၀ တစ်ခါဆိုသလိုပဲ တိုင်းပြည် မှာစစ်ဘေးရော၊ ဘာသာရေးမီးရော ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး။
MAWKUN: ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုကော ဘယ်လိုခွဲခြမ်းစိတ်ဖြာချင်လဲ။ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာကတည်းက သူဘာတွေ လုပ်နိုင်ခဲ့လဲဗျ။

Dr. Zarni: ကချင်ပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ နောက်ဆုံး ဒီရိုဟင်ဂျာမူဆလင်တွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာနေတဲ့လူပဲဖြစ်ဖြစ်၊ ပြည်ပမှာနေတဲ့လူပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို တစ်ချိန်လုံးတောင်းဆိုပြီးတော့ထောက်ခံပြီးတော့၊ ဘာသာစုံမေတ္တာပို့ပြီးတော့နေခဲ့ကြတာ။ ဒေါ်အောင် ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီးတော့ သူ့ပုံကို အင်္ကျီမှာရိုက်ပြီးဝတ်တဲ့သူလည်းရှိတယ်။ ဘုရားစင်မှာကပ်ထားတဲ့လူလည်းရှိတယ်။ အားလုံးက သူ့ဘက်မှာ မားမားမတ်မတ်ရပ်တည်လာကြတယ်။
သူလွတ်လာပြီးတော့ အစိုးရကသူ့ကိုနိုင်ငံရေးအရလူရာသွင်းတဲ့အချိန်၊ အနောက်နိုင်ငံကခေါင်းဆောင် တွေနဲ့ ဆက်ဆံပြီး သူ့ကိုတစ်ကမ္ဘာလုံးက လေးလေးစားစားဆက်ဆံတဲ့အချိန်မှာ လူမျိုးစုတွေရဲ့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတူတာက သူတို့တတွေ ဒုက္ခရောက်ပြီး မိုးထဲရေထဲ ရောက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကသူနဲ့မဆိုင်သလိုနေတယ်။ ရခိုင်ပြည်နယ်မှာနှစ်ဘက် စလုံးက တစ်ယောက်ကိုတစ်ယောက်သတ်နေဖြတ်နေကြတဲ့အချိန်မှာတစ်ဘက်ကိုဝင်ပြီးတော့ မားမား မတ်မတ်ရပ်ပေးလိုက်မယ်ဆိုရင် အဲဒီတစ်ဘက်ကိုအားပေးအားမြှောက်ပြုရာကျမှာစိုးလို့ ရှောင်တယ်ပေါ့ ဗျာ။
ဒါပေမဲ့ ကချင်မှာဖြစ်နေတဲ့ပြဿနာက ကချင်တွေကနေပြည်တော်ကိုဝင်တိုက်၊ မန္တလေးကိုသိမ်း၊ လားရှိုး ကိုသိမ်း၊ ရန်ကုန်ကိုတိုက်မယ်ဆိုတဲ့ အနေအထားမျိုးမှာဖြစ်နေတာမဟုတ်ဘူး။ အခုဖြစ်နေတာက ဗမာ့တပ် မတော်က ကချင်တွေရဲ့မြေကိုသွားပြီး သယံဇာတတွေကိုသိမ်းကျုံးပြီးတော့ယူဖို့၊ နောက်တစ်ခါ တရုတ် ပြည်ရဲ့သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကိုလုံခြုံမှုရှိဖို့၊ နောက်ပြီးတော့သူတို့ဆီမှာရှိတဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေကိုဝင်ပြီးထိန်းချုပ်ဖို့၊ နောက်တစ်ခါ KIA ကို ဒူးထောက်အောင်လုပ်ဖို့ဆိုပြီးတော့ စစ်တပ် က ဟိုဘက်မှာရှိတဲ့၊ သူ့နေရာသူနေနေတဲ့ ကချင်တပ်ကိုကျူးကျော် စစ်လိုတိုက်နေတာ။
ဗမာစစ်တပ်က ကချင်ပြည်နယ်ကိုသွားပြီးတော့ တရားမျှတတဲ့၊ နိုင်ငံတော်အတွက်တိုက်နေတဲ့ စစ်မဟုတ် ဘူး။ ကချင်တပ်က ကျွန်တော်တို့တော့ခင်ဗျားတို့နိုင်ငံမှာမနေတော့ဘူးဆိုပြီး ခွဲထွက်ရေးအတွက် တိုက်နေ တာမဟုတ်ဘူး။ အဲလိုအနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက်နဲ့တစ်ဘက် စစ်တိုက်နေ တဲ့အချိန်မှာ ဘယ်ဘက်မှာမှဝင်မပါချင်ဘူးဆိုတဲ့အခါကျတော့ ကချင်ဘက်ကခံစားကြရတာက ဒေါ်အောင် ဆန်းစုကြည်က သူတို့ကိုလုံးဝသံယောဇဉ်မရှိဘူး၊ နောက် solidarity (သွေးစည်းတဲ့ အနေအထားမျိုး) မရှိ ဘူးလို့ ခံစားရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလွတ်လာတဲ့အခါမှာ ဘာလုပ်ပေးလဲဆိုတော့တိုင်းပြည်အတွက် ဒီအချိန်ထိ လုပ်ပေးခဲ့တာက နည်းပြီးတော့ ဦးသိန်းစိန်တို့အစိုးရအတွက် အကျိုးဖြစ်တဲ့အလုပ်တွေကိုပဲ ဒေါ်အောင်ဆန်း စုကြည်ကလုပ်နေတယ်လို့ကျွန်တော်ကအဲလိုပဲသုံးသပ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေလို တိုင်းပြည်ကို စည်းစည်းလုံးလုံးဖြစ်အောင် ဦးဆောင်နိုင်မယ်လို့ အားလုံးက မျှော်လင့်ထားတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီအာဏာရဖို့ကိစ္စ၊ သူကိုယ် တိုင် သမ္မတဖြစ်ဖို့ ကိစ္စကို နံပါတ်တစ်အရေးထားပြီးတဲ့အခါမှာ တိုင်းပြည်ကိုသွေးချောင်းစီးတဲ့အနေအထား မျိုးမှာ သူနဲ့မဆိုင်သလိုနေတဲ့အခါမှာကျတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမြင်ဘက်ကကြည့် မယ်ဆိုရင်တော့ သူဟာအလွန်ကိုဆုံးရှုံးတယ်။
ရှေ့လာမယ့် အနှစ် ၂၀ လောက်မှာ လက်ရှိဗမာနိုင်ငံကို ပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် ဒီကာလကို သမိုင်း ဆရာတွေက ဘယ်လိုရေးမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူပြည်သားတွေ အကုန်လုံး ကို စည်းလုံးညီညွတ်မှုကိုပေးဖို့ အလားအလာရှိလျက်နဲ့ အဲဒီအခွင့်အရေးကို အဆုံးရှုံးခံတဲ့ နိုင်ငံရေးသမား လို့ပဲ သူ့ကိုသုံးသပ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။
MAWKUN: ၂၀၁၅ မှာ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးကို မြင်တွေ့ရမလဲ။ သမ္မတဦးသိန်းစိန် ကလည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒပေါ်မူတည်ပြီးတော့ ဒုတိယသမ္မတ သက်တမ်းကို စဉ်းစားကောင်းစဉ်းစားမယ်လို့ ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူကသူ့ကို သမ္မတဖြစ်စေချင်ရင် သမ္မတလုပ်ပါမယ်လို့ ပြောထားတာရှိတယ်။ ပါတီကြီးနှစ်ခု ရဲ့အားပြိုင်မှု ဘယ်လိုမျိုးမြင်တွေ့ရမလဲဗျ။

Dr. Zarni: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့က စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ ထောက်ခံတဲ့ အနေအထားမျိုးရှိမှ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလို့ရမယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းဖို့ဆိုတာက လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းအထက် မဲပေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလို့ ရတယ်။ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ယူထားတဲ့အခါ ကျတော့ ကြံ့ဖွံ့ပါတီကော၊ NLD ကော၊ အကုန်လုံး ပေါင်းပြီး ညီညွတ်တယ်ဆိုရင်တောင်မှ ၇၅ ရာခိုင်နှုန်းပဲရှိသေးတယ်။ နောက်ထပ် တစ်မဲလိုသေးတယ်။
ဒီမိုကရေစီခေတ်မှာဆိုရင် ကြံ့ဖွံ့ကော၊ NLD ကော၊ တခြားပါတီတွေကော အားလုံးပေါင်းပြီး ၇၅ ရာခိုင်နှုန်းရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲလိုမဖြစ်နိုင်တာတင်မကသေးဘူး။ ၇၅ ရာခိုင်နှုန်းမဖြစ်နိုင်တဲ့ ဟာက ဖြစ်လာခဲ့ရင်တောင်မှတပ်က တစ်မဲကဘယ်လိုမှမဖြစ်နိုင်ဘူး။ စစ်တပ်က ၀င်ထိုင်တဲ့ စစ်ဗိုလ်အရာ ရှိတွေက ပါလီမန်အမတ်အရေခြုံထားတာပဲရှိတယ်။ စစ်သားဆိုတာက အထက်ကလာတဲ့အမိန့်ကိုပဲနာခံ မှာ။ အထက်ကဒါတွေကို လက်မခံနဲ့ဆိုရင်အရပ်သားတွေနဲ့ ပေါင်းပြီး မဲထည့်မှာမဟုတ်ဘူး။ နောက်တစ်ခု က စစ်တပ်ကလိုလိုလားလားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပေးလိုက်တယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့က သူ့မှာ (မြန်မာနိုင်ငံသားမဟုတ်တဲ့) သားနှစ်ယောက်ရှိနေတယ်။ သမ္မတဖြစ်ဖို့ အလားအလာဟာ စစ်တပ်ပေါ်မှာအရမ်းမူတည်တယ်။
MAWKUN: မြန်မာပြည်မှာ လူမျိုးရေးမုန်းတီးမှုတွေ၊ ဘာသာရေးစိတ်ဓာတ်တွေ တအားပြင်း ထန်နေတယ်ဆိုပြီးတော့ ဦးဇာနည်တို့အပါအ၀င် ဝေဖန်နေကြတာရှိတယ်။ ဘာကြောင့်များလဲ။

Dr. Zarni: ပညာရေးနယ်ပယ်မှာ အသိဥာဏ်ဖွံ့ဖြိုးဖို့ကိစ္စ၊ ဒီမိုကရေစီကိစ္စ၊ အမျိုးသားရေးစိတ်ဓာတ် တအားလွန်ကဲနေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက်က ပညာပေးတာတွေ မရှိခဲ့တဲ့အခါ ကျတော့ ကျွန်တော်တို့အနေအထားက ဘယ်လိုဖြစ်လာလဲဆိုရင် အင်္ဂလိပ်လိုရင် racism၊ လူမျိုးရေး မုန်းတီးမှုတွေ၊ ပြီးတော့ ဘာသာရေးမတူတာနဲ့ အကုန်လုံးကို ၀ါးလုံးသိမ်းရိုက်တာတွေရှိတယ်။ လူမျိုးစု တစ်ခုလုံး၊ နောက်တစ်ခါအဖွဲ့အစည်းတစ်ခုလုံး၊ ဘာသာခြားပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာတူတဲ့သူပဲဖြစ်ဖြစ် ၀ါးလုံး ရှည်နဲ့ သိမ်းကျုံးပြီး စော်ကားတာမျိုးရှိတယ်။
ဆိုလိုတာကတော့ ၀ါးလုံးသိမ်းကျုံးပြီး ပြောတဲ့ဟာမျိုးတွေကို ကမ္ဘာက လက်မခံတော့ဘူး။ အဲဒီလက်မခံ တော့တဲ့ဟာကို ကျွန်တော်တို့ပြည်သူတွေက အခုထိမသိသေးဘူး။ မသိတဲ့အခါကျတော့ အများစုက သံဃာတော်တွေကော၊ သာမန်ပြည် သူတွေကော မူဆလင်ရိုဟင်ဂျာတွေကို ဘယ်လိုဆိုပြီးတော့ အမျိုးရိုး ကို သိမ်းကျုံးပြီးတော့ စော်ကားတာမျိုး၊ ဆဲတာမျိုး၊ နှင်ထုတ်ဖို့ message ပေးတာမျိုး ဆိုင်းဘုတ်ထောင် တာ၊ လမ်းလျှောက်တာတွေလုပ်တယ်။ တကယ်တန်းကျရင်အပြင်ကနေလှမ်းကြည့်တဲ့အခါကျတော့ အလွန်ကိုရှက်စရာကောင်းတယ်။
ဟစ်တလာလက်ထက်ကလို ဂျူးတွေကို အကုန်လုံး မောင်းထုတ်မယ်ဆိုတဲ့ဟာမျိုး လူမျိုးစိတ်ဓာတ် တွေပြင်းလာတဲ့အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ၀င်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် ပြည်သူကိုပညာ ပေးတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့အခုအချိန်မှာ သူ့ဆီကတစ်လုံးမှထွက်မလာဘူး။ ပြည်သူကိုပညာပေး ရမယ့် အခြေအနေမျိုးရောက်လာတဲ့ အနေအထားမှာ တစ်ဘက်နဲ့တစ်ဘက် ရန်ဖြစ်နေတဲ့အခါမျိုးမှာ ဘေး မှာနေမယ်ဆိုတဲ့ ကြားနေနေတဲ့အခါကျတော့ လုံးဝကိုအရုပ်ဆိုးတယ်။ အဲတော့ကျွန်တော့်အနေနဲ့ ပြောမယ် ဆိုရင်တော့ လက်ရှိကမ္ဘာထဲမှာပြန်ပြီးဝင်တဲ့အခါကျတော့ လူမျိုးရေးစိတ်ဓာတ် သိပ်ပြင်းထန်တာမျိုး၊ သွေးကစကားပြောတယ်တို့နဲ့ သွားမရဘူး။
သမိုင်းကိုပြန်ကြည့်ရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရခါစ ဗမာပြည် ဦးနုခေတ်ကိုပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ် အောင်ဆန်း လွတ်လပ်ရေးရဖို့လုပ်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ၁၉၄၇ ခုနှစ်အချိန်ပဲဖြစ်ဖြစ် သူနဲ့လုပ်ဖော်ကိုင် ဖက်တွေ အကုန်လုံးကို သွေးစကား ပြောတယ်ဆိုပြီးတော့ ခေါ်တာမဟုတ်ဘူး။ တိုင်းပြည်အကျိုးက ဘယ်သူကလုပ်ပေးနိုင်သလဲ၊ တိုင်းပြည်ပေါ် ဘယ်သူက စေတနာရှိလဲဆိုတဲ့အခြေခံပေါ်မှာ လူမျိုးမရွေး၊ ဘာသာမရွေး လုပ်တာ။ ဒို့ဗမာအစည်းအရုံးကိုထောင်တာ သခင်ဘသောင်းတစ်ယောက်တည်း မဟုတ်ဘူး။ သူ့ သူငယ်ချင်းမူဆလင်တွေနဲ့ ပေါင်းပြီးထောင်ကြတာ။ အဲတော့ တိုင်းရင်းသား တွေပါတယ်။ မူဆလင်တွေ ပါတယ်။ ဟိန္ဒူလည်းပါတယ်။ ခရစ်ယာန်လည်းပါတယ်။ ဘာသာမရှိတဲ့သူလည်းပါတယ်။ နတ်ကိုးကွယ်တဲ့ သူလည်းပါတယ်။ အဲလိုမျိုး တိုင်းပြည်ကို စပြီးထောင်တဲ့အချိန်မှာ အနှစ်သာရရှိတဲ့၊ တိုင်းပြည်ချစ်တဲ့စိတ် နဲ့ပဲ လူမျိုးရေးမခွဲခြားတဲ့စိတ်၊ ဘာသာရေးမခွဲခြားတဲ့စိတ်နဲ့ အရည်အချင်းရှိမှုအပေါ်မှာ အခြေခံပြီး လုပ်ဆောင်တဲ့အမြင်မျိုး၊ အမျိုးသားရေး အမြင်မျိုးရှိခဲ့ကြတယ်။
လွတ်လပ်ရေးရပြီး အနှစ် ၆၀၊ ၇၀ ရှိလာတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ နာဇီဂျာမနီလို အမြင်မျိုးတွေ အပင်းဝင်လာတယ်။ အဲဒါကိုပြင်မှဖြစ်မယ်။ ဒါကြောင့်မို့လို့ စီးပွားရေးတွေ ဖွံ့ဖြိုးလာတာတွေထက်ပိုပြီး အရေးကြီးတယ်။ ဒါနဲ့ တန်းတူအရေးကြီးတာက ကျွန်တော်တို့နိုင်ငံကြီး လွတ်လပ်ရေးရကတည်းက စစ်မီး တောက်နေတာ အခုချိန်ထိမငြိမ်းသေးဘူး။ လူမျိုးရေး တွေ၊ အဓိကရုဏ်းတွေဖြစ်နေတာလည်း အခုချိန်ထိ မငြိမ်းသေးဘူး။ ဒီမိုကရေစီဆိုတာကိုလည်း တင်းပြည့်၊ ကျပ်ပြည့် မသွားနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် စစ်ဖြစ်ပြီးတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး မုန်းနေတဲ့အချိန်မှာ ဒီမိုကရေစီဆိုတဲ့ စနစ်ကို ကျွန်တော်တို့ မလိုက်နိုင်ဘူး။ စစ်တပ်ကပဲ ၀င်ပြီးထိန်းရမယ်။
ရခိုင်မှာ ဒီမိုကရေစီနည်း စပြီးကျင့်သုံးပြီးတော့ ရခိုင်ပြည်ကိုတိုးတက်အောင်လုပ်ရတဲ့အချိန်မှာ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံရေးပါတီတွေ အကုန်လုံးက ရခိုင်ပြည်ကို စစ်တပ်တွေ အကုန်ပို့ပါဆိုတဲ့ အနေအထားမျိုးကို ရောက်လာတယ်။ အဲတော့ ဒီမိုကရေစီစနစ်ဆိုတာက စစ်တပ်ရဲ့ကဏ္ဍ တဖြည်းဖြည်း မှိန်သွားပြီးတော့ ပြည်သူတွေရဲ့ အခန်းကဏ္ဍက ရှေ့ကို တက်လာရမယ့်အခါမှာ ကျွန်တော်တို့က စစ်တပ်ရဲ့အခန်းကဏ္ဍကို ကိုယ်ကိုယ်တိုင်ကတောင်မှလိုလိုလားလားတောင်းဆိုနေတဲ့အနေအထား ရောက်နေတယ်ဆိုရင် ဗုဒ္ဓဘာသာအရပြောမယ်ဆိုရင် နိုင်ငံရေးအရဆုတ်ကပ်ထဲကိုရောက်နေတယ်။ ရှေ့ဘယ်လိုဆက်သွားမလဲဆိုတာကို စဉ်းစားကြဖို့ လိုလိမ့်မယ်။
(နောက်) ဘာသာရေးဆိုတာက နိုင်ငံရေးနဲ့ဘာမှ မဆိုင်ဘူးဗျ။ နိုင်ငံတော်နဲ့လည်း ဘာမှမဆိုင်ဘူး။ နိုင်ငံတော်ရဲ့အလုပ်က ပြည်သူစားဝတ်နေရေးချောင်ဖို့၊ စီးပွားရေးကောင်းဖို့ စနစ်တစ်ခုကိုထောင်ပေးရ မယ်။ နိုင်ငံတော်က ပြည်သူအသက်အိုးအိမ်ကို ကာကွယ်ပေးရမယ်။ ည ၁၂ နာရီမှာ အလုပ်လုပ်ပြီးလို့ ဘတ်စ်ကားစီးပြီး အိမ်ပြန်လာလို့ရှိရင် ပြည်သူတွေလုံလုံခြုံခြုံနဲ့ လမ်းလျှောက်ပြန်လာနိုင်တဲ့ လမ်းမျိုးတွေ၊ ငြိမ်းချမ်းသာယာရေးကို လုပ်ပေးဖို့။
ဂေါတမကိုးကွယ်၊ ကိုးကွယ်၊ ဂျေးဆပ်ခရိုက်စ်ကို ကိုးကွယ်ကိုးကွယ်၊ သို့မဟုတ် အလ္လာကိုးကွယ်၊ ကိုးကွယ် - ကြိုက်တာကိုးကွယ်။ အဲဒါနိုင်ငံတော်နဲ့ ဘာမှမဆိုင်ဘူး။ နိုင်ငံတော်ရဲ့ အလုပ်လည်းမဟုတ်ဘူး။ ဘာသာရေး ဆိုတဲ့ဟာက ကျွန်တော်တို့တတွေတစ်ဦးချင်းစီရဲ့ ယုံကြည်မှုအနေနဲ့ ဆက်ထားရမယ်။
ဘာလုပ်ရမလဲဆိုတော့ လူမျိုးနဲ့ ဘာသာရေးကို လုံးဝခွဲထုတ်ပစ်လိုက်ရမယ်။ ဗမာပြည်ပေါ်မှာ သံယောဇဉ် ရှိပြီးတော့ ဗမာပြည်ရဲ့အကျိုးစီးပွားကို အကျိုးဆောင်ပေးမယ့်လူတွေ၊ ဗမာပြည်ထဲမှာရှိတဲ့လူတွေကို တစ်နိုင်ငံတည်းမှာနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲဆိုပြီး လူမျိုးမရွေး၊ ဘာသာမရွေး မြင်နိုင်တဲ့ အမြင်ကို စတင်မှရမယ်။
တပ်ထဲမှာကြည့်လိုက်။ ဗုဒ္ဓဘာသာအမည်ခံထားတဲ့ အရာရှိတွေကလွဲလို့ ကျန်တဲ့အရာရှိတွေမရှိတော့ဘူး။ စစ်တပ်ဟာ ဗမာနဲ့ ဗုဒ္ဓဘာသာ၊ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသားနဲ့ ဗုဒ္ဓဘာသာကလွဲလို့ရှိရင် ကျန်တဲ့ ဘာသာဝင်တွေကိုအပြတ်ရှင်းထုတ်လိုက်တယ်။ ဒါကစစ်တပ်မှာလုပ်တယ်ဆိုရင်တော့ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ၊ နိုင်ငံထူထောင်တဲ့နေရာမှာ ငါကိုးကွယ်တဲ့ဘုရားကိုကိုးကွယ်တဲ့ လူတွေပဲ နိုင်ငံတော်ကိုသစ္စာရှိတယ်ဆိုတဲ့ အမြင်နဲ့သွားရင် ကျွန်တော်တို့ကဟစ်တလာ ဂျာမနီခေတ်ကို ပြန်ရောက်လိမ့်မယ်။ အဲတော့အဲလိုအမြင်မျိုးကို ပြည်သူတွေကြားထဲမှာ ဖြန့်နေတယ်ဆိုလို့ရှိရင် တိုင်းပြည် ကို ကမောက်ကမလုပ်တာပဲလို့ ကျွန်တော်မြင်တယ်။
တစ်ယောက်နဲ့တစ်ယောက် သည်းခံဖို့တင်မဟုတ်ဘူးဗျ။ အလ္လာကိုပဲကိုးကွယ်၊ ကိုးကွယ်၊ ဗုဒ္ဓကိုပဲကိုးကွယ် ကိုးကွယ်၊ သခင်ရေရှုကိုးကွယ်၊ ကိုးကွယ် လေးစားရမယ်။ နောက်ပြီး သွေးစကားပေါ့။ လူမျိုးရေးဆိုရာမှာ သွေးဆိုတဲ့ စကားကိုဆွဲထုတ်ပြစ်မှရမယ်။ နာဇီဂျာမနီရဲ့ အယူအဆကို သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ လက်ခံ မယ်ဆိုလို့ရှိရင်အလွန်ဆုံးရှုံးတယ်။ ခေတ်နဲ့လည်းမလျော်ညီဘူး။ တိုင်းပြည်လည်းကမောက်ကမဖြစ်ပြီး ယူဂို စလားဗီးယားနိုင်ငံလိုကွဲမယ့် အိုက်ဒီယိုလော်ဂျီ အမြင်ဖြစ်တယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့လို ပြည်သူအများက လေးစားတဲ့သူတွေထဲက ဗမာပြည်သူတွေကို လူမျိုးရေးအမြင်၊ လူမျိုးရေးနို့သက်ခံပြီးတော့ စို့နေတဲ့ဟာကို ခွဲထုတ်ပစ်မှရမယ်။
MAWKUN: နောက်ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

Dr. Zarni: Social media တွေ၊ Facebook လိုဟာမျိုးတွေမှာပေါ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် စော်ကား မော်ကားလုပ်တာတွေ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး သိက္ခာချတာတွေဟာ ကမ္ဘာမှာ ယဉ်ကျေးမှုကြီးတဲ့၊ တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင် အလုပ်ပြုတ်တယ်၊ ထောင်ကျတယ်။
ကျွန်တော်တို့နိုင်ငံကို တစ်ကမ္ဘာလုံးကကြည့်နေတာက မူဆလင်တွေကို သတ်ဖြတ်နေတယ်၊ ရိုဟင်ဂျာတွေ ကိုသတ်ဖြတ်နေတယ်၊ အနိုင်ကျင့်နေတယ်ဆိုပြီးတော့ ကိုယ့်နိုင်ငံသားတွေကို ဒီလိုမျိုးအကြည့်ခံရတယ် ဆိုတာစိတ်လည်းမကောင်းဘူး။ ကိုယ်လည်းဝင်ပြောမိတယ်။ တစ်ကမ္ဘာလုံးကယဉ်ကျေးမှုရှိတဲ့ နိုင်ငံတွေက ကျွန်တော်တို့နိုင်ငံကိုလက်ရှိကြည့်နေတာက အော့ကြောလန်တဲ့မျက်လုံးနဲ့ ကြည့်နေတာ။
ကောင်းတဲ့ပြည်သူတွေကအများကြီးရှိတယ်။ ဒါပေမဲ့ဆိုးတဲ့လူတွေကရှေ့တန်းကိုထွက်ပြီးတော့ ဖက်ဆစ် အယူဝါဒတွေပေါ်နေတဲ့အချိန်မှာ ကောင်းတဲ့ပြည်သူတွေက လူမျိုးမရွေး၊ ဘာသာမရွေး ကြောက်ပြီး ငြိမ်နေ ကြတယ်။ အဲဒီအနေအထားကို ပြောင်းမှကျွန်တော်တို့နိုင်ငံက ရှေ့ကိုတက်မယ်။ မဟုတ်လို့ရှိရင်တော့ စီးပွားရေးမြှုပ်နှံမှု ဘီလီယျံထောင်နဲ့ချီ လာလာ၊ သမ္မတအိုဘားမားပဲလာလာ အကြံလာပေးမယ်ဆိုရင် တောင် ကျွန်တော်တို့နိုင်ငံက ကောင်းဖို့အလား အလာမရှိနိုင်ဘူး။
ဗမာပြည်လို တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံရှိနေတဲ့ လူမှုအဖွဲ့အစည်းမှာ အမျိုးသားရေး အမြင်သစ်တစ်ခုလိုကိုလိုအပ်တယ်။ ပြီးတော့ ဗမာဆိုတာဘယ်လိုလူတွေကိုခေါ်တာလဲ၊ မျိုးချစ်တဲ့သူဆိုတာ ဘယ်လိုလူတွေလဲဆိုတဲ့ဟာလည်း လိုအပ်တယ်။ ဗမာဆိုတဲ့အဓိပါယ်ဖွင့်ဆိုချက်အသစ်ဟာ “သွေး”တို့၊ ဘာသာရေးကိုအခြေပြုတဲ့ “ဗမာ-ဗုဒ္ဓဘာသာ”၊ “တိုင်းရင်းသား”ဆိုတဲ့ အယူအဆဟောင်းကနေလမ်းခွဲ ထွက်ရမယ်။ ဗမာပြည်သစ်မှာ ဗမာနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာဗမာပြည်တွင်းရှိတဲ့ တခြားသူတွေထက် ပိုပြီးသာတူညီမျှရှိတဲ့လူတွေအဖြစ်မခံစားစေရဘူး။ ဗမာသစ်ဆိုတာဟာကိုးကွယ်ယုံကြည်ရာ၊ နိုင်ငံရေး အမြင်၊ ပရက်ဖဲရှင်နယ်နောက်ခံအကြောင်းတရားတွေကို ဘေးဖယ်ပြီးတော့ ယဉ်ကျေးမှုစုံဝါဒနဲ့ အများ ပြည်သူလူထုနဲ့ဆိုင်တဲ့မျိုးချစ်စိတ်တွေရှိရမယ်။ စစ်သားနဲ့ဗိုလ်ချုပ်တွေသာ စစ်မှန်တဲ့မျိုးချစ် ပုဂ္ဂိုလ်တွေ ဖြစ်တယ်၊ နိုင်ငံသားတွေကတော့ သူတို့ လောက်မျိုးချစ်စိတ်မရှိဘူးဆိုတဲ့ စစ်တပ်ရဲ့ အတွေးအခေါ်ကို ဗမာ သစ်က ထာဝရဖယ်ခွာနိုင်ရမယ်။
 ကိုမိုးသီး  blogspot.com/  
မှ ကူးယူဖော်ပြပါသည်။
                     

Friday, January 11, 2013

ဦးရာဇတ်၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီများဖြင့် မွတ်စလင် သရုပ်မှန်ကို သိရှိစေရန် ကြိုးပမ်း

သတင်းဆောင်းပါး, ပြည်တွင်း သတင်း ဇန်နဝါရီ ၁၀ ၊၂၀၁၃ M-Media နေသစ်ထွန်း ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီများ ဖြင့် မွတ်စလင် သရုပ်မှန်ကို အများ နားလည်လာစေရန် ကရင်ပြည်နယ်တွင် ကြိုးပမ်း အစ္စလာမ် ဘာသာအား အခြေအမြစ်မရှိ တိုက်ခိုက်ရေးသားထားသော ၀ါဒဖြန့်စာရွက်များ၊ မွတ်စလင် မုန်းတီး ရေး လှုံဆော်သော ဒီဗွီဒီအခွေများ ဖြင့် မွတ်စလင် ဆန့်ကျင်ရေး ကြိုးပမ်းနေမှုများကို ကရင်ပြည်နယ်ရှိ မွတ်စလင် များက ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနား ဒီဗွီဒီ အခွေများဖြန့်ဝေပြီး မွတ်စလင် သရုပ်မှန်ကို တန်ပြန် တင်ပြ လျက်ရှိ ကြောင်း သိရသည်။ ကျွန်တော်တို့ ဒီဘက်ခြမ်းမှာ မွတ်စလင်မကောင်းကြောင်း ၊ အစ္စလာမ် သာသနာ ကို တိုက်ခိုက်တဲ့ အခွေတွေ ၊ စာအုပ်တွေ လိုက်ဖြန့်နေကြတယ်။ အဲဒါတွေကို ဖတ်ပြီး မွတ်စလင်တွေ အပေါ် အထင် မှားအမြင်မှား လာကြ တယ်။ ဒီတော့ ကျွန်တော့် မိတ်ဆွေတွေ ဒီဖြစ်ရပ်တွေကို မှန်မှန်ကန်ကန် သုံးသပ် နိုင် ဖို့ အတွက် နိုင်ငံအကျိုး သယ်ပိုးပေးခဲ့တဲ့ ဦးရာဇတ် ၊ ဦးရာရှစ် အခမ်းအနားအခွေတွေ ပေးဝေဖြစ် ပါတယ်” ဟု ကော့ကရိတ် မြို့ခံ အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောပါသည်။ ငြိမ်းချမ်းတည်ငြိမ်စပြုနေသော ကရင်ပြည်နယ် တွင် ဘာသာရေး အကြောင်းပြု ပဋိပက္ခများဖြစ်ပွားစေရန် အစ္စလာမ် ဘာသာနှင့် မွတ်စလင်များအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ သည် ၂၀၁၂ ခုနှစ် ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခ နောက်ပိုင်း အများအပြား ပေါ်ထွက်လာခဲ့သည်။ “ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တာတွေကို တဖတ်သတ် ရိုက်ကူးထားတာတွေ ၊ ဘင်္ဂလားဒေ့ရှ်မှာ ဘုန်းတော်ကြီး ကျောင်းတွေ ဖျက်ဆီးခံရတာတွေ ကို ပါတဲ့ အခွေတွေကို ဖြန့်ဝေနေကြပါတယ်။ ကျွန်တော်တို့ကလည်း နီးစပ် ရာလေးတွေကို တစ်ခွေစ ၊နှစ်ခွေစ၊ သဘောနဲ့ မိတ်ဆွေတွေကို ပေးကြည့်တော့ သူတို့တော်တော်လေး သဘော ပေါက်လာကြပါတယ် ”ဟု ကျုံဒိုးမြို့ခံ တစ်ဦး က ပြောပါသည်။ ‘ ၇၈၆ ဆိုတာက ၂၁ ရာစုမှ မွတ်စလင်တွေ လွှမ်းမိုးမယ့် အဓိပ္ပာယ်လို့ တလွဲထင်နေကြတယ်။ သူတို့တွေ ထင်နေတာ မဟုတ်မှန်ကြောင်း ၊ ၇၈၆ ရဲ့အဓိပ္ပာယ်အမှန်ကို မွတ်စလင်ရော ၊ မွတ်စလင် မဟုတ်သူပါ သိရှိနားလည်သွားအောင် တင်ပြတဲ့ စာတွေ ဖြန့်ဝေတာလည်း ရှိ ပါတယ်” ဟု ဘားအံမြို့ခံ မွတ်စလင် တစ်ဦးက ပြောပါသည်။ နိုင်ငံအကျိုးပြုခဲ့သော မြန်မာမွတ်စလင် ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသော အခမ်းအနားများသည် မြန်မာမွတ်စလင်များအား အမျိုးသားရေး နိုးကြားစေသည်သာမက မွတ်စလင်များ၏ သရုပ်မှန်ကို အများပြည်သူ သိရှိလာစေ ရေးကို ပါ အထောက်အကူဖြစ်ခဲ့သည်။ ကရင်ပြည်နယ် အခြေစိုက် အစ္စလာမ် သာသနာရေးရာကောင်စီ၊ အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ တို့ကလည်း အစ္စလာမ် သတင်းစကားအမှန်ကို အများပြည်သူ သိရှိစေရန် ဆောင်ရွက်သင့်ကြောင်း ဘားအံမြို့ခံ မွတ်စလင် များက လိုလားနေကြသည်။ http://www.m-mediagroup.com/news/9934မှ ကူးယူဖော်ပြပါသည်။

Thursday, January 10, 2013

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

9:50 AM today 9th January 2013 တိုက်လေယာဉ် များ လိုင်ဇာအနီးတွင် နံနက် ၉း၅၀ မှ စတင်ပစ်ခတ်နေပြီ။ မြေပြင်တွင် ယမန်နေ့ညနေမှ ယနေ့ နံနက်အထိ ဆက်တိုက် ပစ်ခတ်နေပါသည်။ မော်တာသံများ လိုင်ဇာနှင့် အလွန်နီးကပ်နေပြီ။ လိုင်ဇာတွင် လက်ရှိအချိန်၌ ဒုက္ခသည် ၁၂၀၀၀ နှင့် သာမန်မြို့နေ လူထု ၁၂၀၀၀ ခန့် ရှိနေသည် Khon http://www.myanmarmuslim.net/?p=1875မှ ကူးယူဖော်ပြပါသည်။

Wednesday, January 9, 2013

ရိုဟင်ဂျာများအတွက် ဆူဒန်မှ ဒေါ်လာ ၂ သိန်း ကူမည်

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံ တွေ့ နေရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်းနှစ်ခုက အမေရိကန်ဒ်ါလာ နှစ်သိန်း ကူညီပေးမည်ဟု သိရှိရသည်။ ထိုအကူအညီကို ပထမအရစ်အနေနှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အမျိုးသား လူ့အခွင့်အရေးအဖွဲ့ (ရိုဟင်ဂျာ) ၏ ဥက္ကဋ္ဌ Ibrahim Abdul-Haleem အား ကိုးကား၍ မလေးရှားအခြေစိုက် BERNAMA သတင်းတရပ်တွင် ရေးသား ထားသည်။ ၎င်းတို့အဖွဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနှင့် တူရကီနိုင်ငံသို့သွားရောက်ကာ နွမ်းပါးသူ ကူညီရေးအဖွဲ့တခုနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုသို့လည်း သွားရောက်ခဲ့သည်ဟု ဆို သည်။ ဆူဒန်အနေဖြင့် မြန်မာနိုင်ငံရှိ မူဆလင်များအား အဆင့်တိုင်းတွင် ဆက်လက် ကူညီပေးသွားမည်ဖြစ်ကာ ဖြစ်သလို သူတို့ရဲ့ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိသည့်တိုင်အောင် နိုင်ငံတကာ ဆွေးနွေးပွဲများတွင် ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်ဟု သတင်းစာက ဖော်ပြထားသည်။ http://www.m-mediagroup.com/news/9849မှ ကူးယူဖော်ပြပါသည်။

Tuesday, January 8, 2013

အလုပ်ရှင်နှင့် ပြသနာဖြစ်ပြီး အလုပ်ပြုတ်သဖြင့် နိုင်ငံတော်ကို အကူအညီတောင်းသော်လည်း သံရုံးမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသဖြင့် ဒုက္ခရောက်နေသော ဆော်ဒီရောက် မြန်မာအလုပ်သမား ၂၆ ယောက် နှင့် RFA အင်တာဗျူး

အထူးသတင်း စောင့်ကြည့်စရာ မီဒီယာ ♦♦♦ ၀၆ ဇန်န၀ါရီလ ၂၀၁၃ သတင်း - မြင့်မြတ်သူ (မြန်မာမွတ်စလင်မ် မီဒီယာ) အလုပ်ရှင်နှင့် ပြသာနာဖြစ်ပြီး အလုပ်ပြုတ် သဖြင့် နိုင်ငံတော် ကို အကူအညီတောင်းသော်လည်း သံရုံးမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိသဖြင့် ဒုက္ခရောက်နေသော ဆော်ဒီရောက် မြန်မာအလုပ်သမား ၂၆ ယောက် နှင့် RFA အင်တာဗျူး အား ဒီဇင်ဘာလ ၂၃ ရက်နေ့က အခုလို တင်ဆက်သွားတာကို တွေ့ရပါတယ်။ ပြသနာမှာ ပြည်ပသို့ထွက်ခွာ အလုပ်လုပ်သူများ ကြုံတွေ့ ရလေ့ရှိသော ပွဲစား အလုပ်ရှင် အလုပ်သမား အကြား လခ ပေးမှုကွာဟ ချက်မှာ စတင်ကာ အခြေ အတင် ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ရဲမူရဲခင်း အထိဖြစ်ခဲ့ခြင်းဖြစ်ကြောင်း။ အလုပ် အကိုင် နောက်ထက် လုပ်၍ မရသောကြောင့် စားဝတ်နေရေး မပြေလည်မှုများ ကြုံတွေ့ နေရခြင်းဖြစ်ပြီး သံရုံးသို့အကူအညီ တောင်းသော်လည်း အကူအညီ မရခဲ့ကြောင်း။ ဆော်ဒီရှိ မြန်မာနိုင်ငံဖွား အစ္စလာမ် ဘာသာဝင်များ နှင့် အခြားလုပ်သားများက ကူညီထောက်ပံ ခဲ့ကြသော်လည်း ကာလကြာမြင့်လာသောအခါ မြန်မာပြည်တွင်ကျန်ရှိခဲ့သော မိသားစုများမှာ ဒုက္ခရောက်နေကြကြောင်း။ အလုပ်ရှင်နှင့် ညိနှိုင်းမှုအား ကြားဝင်ဆောင်ရွက်ပေးမည် နိုင်ငံတော် ဘက်မှ အဖွဲ့ အစည်းမရှိသဖြင့် အခက်အခဲ ကြုံနေရခြင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများက ထိုသူများ အတွက် ကူညီမှုများပြုလုပ်လိုသော် လည်း အဓိက ထိုသူများလက်ထဲတွင် ပတ်စပို့ အထောက်အထား တစ်စုံတစ်ရာမရှိ ဖြစ်နေသဖြင့် အခက်တွေ့နေရကြောင်း။ အလုပ်ရှင်နှင့်ဆွေးနွေးမှု အဓိကဖြစ်ကြောင်း နိုင်ငံတော်ဖက်မှ ကူညီမှုများ လို အပ်နေကြောင်း သိရှိရပါသည်။ အဆိုပါ အလုပ်သမား အရေးကို အခွင့်အရေးယူကာ ရခိုင်သတင်းဌာနများမှ လူမျိုးရေးမုန်းတီးမှုအခြေခံ သတင်းများ ရေးသားခဲ့ကြောင်း အဆိုပါ သတင်းဌာနသည် ရခိုင် အရေးအခင်း မတိုင်မှီက လဲ အထက်ပါအတိုင်း လှုံဆော်မှု ဖြစ်စေသော ချဲ့ကားရေးသားချက်များ ရေးသားခဲ့သည့် သတင်းဌာနဖြစ်ကြောင်း သတင်းရရှိပါသည်။ RFA နှင့်အင်တာဗျုးအား အောက်တွင် နားသောတဆင်နိုင်ပါပြီ RFA – Interview with 26 Rakhines at Saudi http://www.myanmarmuslim.net/?p=1808မှ ကူးယူဖော်ပြပါသည်။

ရိုဟင်ဂျာများပိုင်မြေနေရာများ ကို ရခိုင်ဗုဒ္ဓဘာသာများ ကျုးကျော်အိမ်ဆောက်

သတင်း – ပာဆီနာပာ် (မြန်မာမွတ်စလင်မ် မီဒီယာ – MMM) ရန်ကုန်၊ဇန်န၀ါရီ ၆ စစ်တွေတက္ကသိုလ်အနီး ဘုမေ လက်သမားရိုဟင်ဂျာမြေပေါ်မှာ ရခိုင်ရွာဖြစ်တဲ့ မင်းဂံရွာဘက်မှ အိမ်တစ်လုံး လာရောက်ဆောက် ထားကြောင်းသိရပါသည်။ ဘုမေလက်သမားရွာနဲ့ ကပ်လျက် ဘုမေ၀ါယာလက် ဘက်မှာရဲကင်း၊လုံထိန်းနဲ့စစ်တပ် တွေရှိပေမယ့် ဘုမေလက်သမားမြေပေါ်တွင် အိမ်ဆောက်ခြင်းကို တားဆီးခြင်း မရှိပါဘူး။ရိုပာင်ဂျာလူမျိုး မြေပိုင်ရှင်အဗူကာလန် ပိုင်မြေပေါ်တွင် အထက်ပါအတိုင်း ရခိုင်ဗုဒ္ဓဘာသာများက ဆောက်လုပ်ခြင်း ဖြစ်ပါသည်။ “ ကျွန်တော် ၁၅ရက် ၁၁လပိုင်းကကြည့်တုန်းကတော့ တိုင်တွေထူတုန်းပဲရှိသေးတယ်။အခု ဓနိတွေပါကာပြီးနေပြီ”ပာု စစ်တွေဒေသခံတစ်ဦးကဆိုပါသည်။ ဘုမေလက်သမားမြေပေါ် လာရောက်ကျူးကျော် အိမ်ဆောက်သူမှာ မင်းဂံ ရယက ဥက္ကဌ မောင်စောနိုင် ဖြစ်နိင်ကြောင်း ဒေသခံများက သံသယ ရှိနေပါသည်။ စစ်တွေအရေးခင်းတွင် ပထမဆုံး မီးရှို့ ဖျက်ဆီးခံရသည့် ရွာမှာ ဘုမေလက်သမရွာ ဖြစ်ပါသည် ဘုမေလက်သမရွာကိုမီးတိုက်သူတွေကလည်း မင်းဂံရခိုင်ရွာ ဥက္ကဌ ဦးဆောင်တဲ့သူတွေဖြစ်ကြောင်းသိရသည်။ စစ်တွေတက္ကသိုလ်တည်ဆောက်သည့် ၁၉၉၀ခုနှစ်တွင်လည်း အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးပိုင်မြေများကို အဓ္ဓမသိမ်းပြီး တည်ဆောက် ထားခြင်းဖြစ်ကြောင်းလည်းေ ဒသခံများက ပြောသည်။ဘုမေအုပ်စုနားမှာရှိတဲ့မင်းဂံရွာတည်ဆောက်သည့် စစ်အစိုးရခေတ်အခါတွင် လည်းအာဏာပိုင်များကရိုဟင်ဂျာမြေများကိုသိမ်း ပြီး ၁၉၉၈ ခုနှစ်တွင်ရွာတညသည်။ အထက်ပါ ဖြစ်ရပ်တွေရှေ့မှာရှိခဲ့တဲ့အတွက်ကြောင့် ဒေသခံတွေအနေနဲ့ မြေတွေထပ်မံဆုံးရှုံးမှာကိုကြောက်ရွံ နေကြပါသည်။ ဘိုမေအုပ်စုမှာ ရွာပေါင်း ၂၂ရွာရှိပါသည်။အိမ်ခြေ ၅၆၀၀ ၇ှိပါသည်။ ဘိုမေအုပ်စုတစ်အုပ်စုလုံးမှာ ပုံစံ ၁၀၅၊၁၀၆ရှိသူတစ်ဦးထဲရှိပြီး ကျန်တဲ့မြေတွေမှာ လယ်မြေအနေဖြင့်သာရှိကြောင်းသိရသည်။ ရခိုင်ဗုဒ္ဓဘာသာ-ရိုပာင်ဂျာ ပဋိပက္ခ အတွင်း ဖျက်ဆီးခံခဲ့ရသည့် ရိုပာင်ဂျာ ပိုင်မြေနေရာများကို အတူယှဉ်တွဲနေရန် မဖြစ်နိင်ပာူသော အကြောင်းပြချက်မျိုးဖြင့်လည်းကောင်း ၊ သာသနာ့ အလံများစိုက်ထူ ခြင်းဖြင့် လည်းကောင်း အထက်ပါ နည်းလမ်းများဖြင့်တစ်ဖုံ သိမ်းပိုက်ရန် အတွက် ကြိုးပမ်းမှုများဖြစ်ပေါ်နေသည်။ http://www.myanmarmuslim.net/မှ ကူးယူဖော်ပြပါသည်။

Monday, January 7, 2013

ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပမည်။

ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပမည်။ ဦးရာဇတ်, ပြည်တွင်း သတင်း ဇန်နဝါရီ ၁ ၊ ၂၀၁၂ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မတီကို (၁-၁-၂၀၁၃)ရက်နေ့မှာ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ House of Media & Entertainment ရုံးမှာ ဖွဲ့စည်းခဲ့ပါတယ်။ အခမ်းအနား ကျင်းပရေး ကော်မတီမှာ ပါဝင်သူများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ဆရာကြီး သိပံ္ပမှူးတင် နာယက ၂။ ဦးတင်မြင့် (ဆရာကြီးဦးရာဇတ်၏သား) နာယက ၃။ ဆရာ ဦးဝင်းငြိမ်း နာယက ၄။ ဒေါက်တာ ဦးသူရ (ကိုဇာဂနာ) ဥက္ကဋ္ဌ ၅။ ဦးမြသောင်း (မန္တလေး) ဒုတိယ ဥက္ကဋ္ဌ ၆။ ဦးတင်မောင်သန်း အတွင်းရေးမှူး ၇။ ဦးဝဏ္ဏရွှေ တွဲဖက်အတွင်းရေးမှူး ၈။ ဦးမြင့်ထွန်း ဘဏ္ဍာရေးမှူး ၉။ ကိုစန်း စာရင်းစစ် ၁၀။ ဦးစိန်ရွှေလှိုင် ပြန်ကြားရေးမှူး ၁၁။ ဦးဇော်သက်ထွေး ကော်မတီဝင် ၁၂။ ဦးနေဘုဏ်းလတ်(ဘလော့ဂါ) ကော်မတီဝင် ၁၃။ ဦးမြင့်အေး(HRW) ကော်မတီဝင် ၁၄။ ကိုဒီငြိမ်းလင်း ကော်မတီဝင် ၁၅။ ကိုသန့်ဇင်အောင် ကော်မတီဝင် အခမ်းအနားကို (၂၀-၁-၂၀၁၃)ရက်နေ့၊ညနေ(၃း၀၀)နာရီမှာ ရန်ကုန်မြို့၊ဆိပ်ကမ်းသာ လမ်းရှိ The Strand Hotelမှာ ကျင်းပမှာဖြစ်ပါတယ်။ အခမ်အနားမှာ နိုင်ငံရေး လူမှုရေး နယ်ပယ်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်များက အခမ်းအနားဂုဏ်ပြုစကားပြောကြားခြင်း၊ အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီးများရဲ့ မိသားစုများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ ဆရာကြီးဦးရာဇတ် ဂုဏ်ပြု ဗီဒီယိုဇာတ်လမ်းတိုတင်ဆက်ခြင်း၊ အမျိုးသားတေးသီချင်းများ တင်ဆက်ခြင်းစတဲ့ အစီအစဉ်များ ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ http://www.m-mediagroup.com/news/ မှ ကူးယူဖော်ပြပါသည်။

အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး ရိုဟင်ဂျာ အရေးဆွေးနွေးဖို့ အစိုးရ ဖိတ်ကြားချက်အရ မြန်မာပြည်လာမည်

မြန်မာနိုင်ငံ၊ ရခိုင်ပဋိပက္ခအတွက် အင်ဒိုနီးရှားက ဒေါ်လာ တစ်သန်းအကူအညီပေးမည်ဟု ကတိပြုကြောင်း ယနေ့ပြောကြားလိုက်သည်။ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ရိုဟင်ဂျာအရေးအတွက် စေ့စပ်ဆွေးနွေးဖို့ မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာမည့် တနင်္လာနေ့မှစတင်ပြီး မြန်မာပြည်သို့ ၂၄ နာရီ အလည်အပတ်ရောက်ရှိလာမည်ဖြစ်သည်။ “ကျွန်တော်မြန်မာပြည်ရောက်တုန်း အင်ဒို အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ တစ်သန်း ကူညီဖို့ ကတိပေးတဲ့အကြောင်း (မြန်မာအစိုးရကို) အသိပေးသွားမှာပါ။ ” ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါက စီအင်အေသို့ ပြောကြားသည်။ “အဲဒီနေရာမှာ လူသားအခြေခံလိုအပ်ချက်ပြဿနာတွေက စိန်ခေါ်မှု တစ်ခုလိုဖြစ်နေတာ သိသာလွန်းပါတယ်။ အဲဒီနေရာက လူတွေအနေနဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းခံရဖို့ အတွက်တောင် အခက်အခဲတွေရှိနေတယ်လို့ ကျွန်တော်သိရပါတယ်။” ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။ http://www.m-mediagroup.com/news/9610မှ ကူးယူဖော်ပြပါသည်။ ref: CNN

Sunday, January 6, 2013

ြ့မန်မာမွတ်ဆလင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဖြိုးအောင် ကွယ်လွန်ခြင်းအတွက် မြန်မာမွတ်ဆလင် လူငယ်အသင်း (ပီနန်း)မှ ၀မ်းနည်းကြောင်းမှတ်တမ်းလွှာ

သင်္ကြန် မဏ္ဍပ်ကို ဗုံးဖေါက်ခွဲသည် ဟူသော စွဲချက်ဖြင့် သေဒဏ်ချမှတ်ခံရပြီးနောက် သမ္မတလွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် (အသက် ၃၃ နှစ်) သည် ဇန်န၀ါရီလ (၄) နံနက် ၃း၃၀ အချိန်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ အလ္လာဟ့်ဂရုဏာ ခံကာ ကွယ်လွန်ခဲ့ပါသည်။ သက်သေမရှိဘဲ မှားယွင်းဖမ်းဆီးကာ ထောင်အတွင်းတွင်လူမဆန်သည့် ညှည်းပမ်းနှိပ်စက်မှုများနှင့် ရောဂါဝေဒနာကို သေချာထိရောက်စွာ ကုသခွင့်မရှိသည့်အတွက် အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရသော ကိုဝေဖြိုးအောင် အတွက် ကျွန်ုပ် တို့ မြန်မာမွတ်ဆလင်လူငယ်အသင်း (ပီနန်)မှ သူ၏မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ မြန်မာမွတ်ဆလင်လူငယ်အသင်း(ပီနန်း)

Wednesday, January 2, 2013

၂၀၁၂ ခုနှစ် မြန်မာမွတ်စလင်မ် သတင်း အနှစ်ချူပ် စုစည်းမှု (အပိုင်း-၁)

ပြည်တွင်း သတင်း ဇန်နဝါရီ ၁၊ ၂၀၁၃ M-Media ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား မွတ်စလင်မ်တို့ နှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများကို အနှစ်ချူပ်ပြီး စုစည်းတင်ပြလိုက်ရပါသည်။ ယခု သတင်းအနှစ်ချူပ်မှာ အနည်းငယ်များပြားတာကြောင့် အပိုင်းခွဲပြီးတင်ပြသွားမည်ဖြစ်ကြောင်း စာဖတ်ပရိတ်သတ်အား အသိပေးအပ်ပါသည်။ ဇန်နဝါရီ ၃.၁.၂၀၁၂ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာကြတဲ့ မန္တလေးမြို့ အိုးဘိုထောင်မှ လွတ်မြောက်လာကျတဲ့ အကျဉ်းသားများကို မန္တလေးမြို့ခံ မွတ်စလင်မ်များမှ သွားရောက်၍ အအေးများတိုက်ကျွေးခြင်း၊ လမ်းစရိတ်ထောက်ပံ့ခြင်း၊ စစ်ကိုင်းတန်းဗလီမှကားဖြင့် အကျဉ်းသားများအား နေအိမ်၊ အဝေးပြေးကားဂိတ်များသို့ ပို့ဆောင်ပေးခြင်း စတဲ့ကူညီမှု့များ လုပ်ဆောင်ပေးခဲ့ကြပါသည်။ http://www.m-mediagroup.com/news/1886 ၇၊ ၁၊ ၂၀၁၂ မန္တလေးရနံ ပန်းချီပြပွဲကို ဇန္နဝါရီလ ၇ ရက်နေ့က လမ်း၈၀ နှင့်၂၄ ထောင့် သီရိဝစ္ဆ ခန်းမ မှာ ဖွင့်ပွဲကျင်းပခဲ့ပါသည်။ ဒီပြပွဲမှာ မန္တလေးအခြေစိုက် မြန်မာမွတ်စလင်မ် ပန်းချီဆရာများကတော့ ဆရာညိုပြာ၊ ဆရာ အင်ဂါဥုး၊ ဆရာကိုကိုလွင် နှင့် ဆရာ ဘိုဘိုကိုဦး တို့ရဲ့ လက်ရာများ ပါဝင်ပြသခဲ့ပါသည်။ http://www.m-mediagroup.com/news/1907 ၈၊၁၊ ၂၀၁၂ အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ တို့ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့သည့် အကျဉ်းကျခံနေရသည့် နိုင်ငံအကျဉ်းသားများ၏ မိသားစုဝင်များအား အားပေးသည့် အစီအစဉ်အဖြစ် ၁၉၉၀ ပြည့်လွှတ်တော်အမတ်ဟောင်းနှင့် CRPP အဖွဲ့ဝင် ဦးကျော်မင်း၏ မိသားစုဝင်များနေအိမ်သို့ သွားရောက်ကာ အားပေးစကားပြောကြားခဲ့သည်။ http://www.m-mediagroup.com/news/1897 ၂၀၁၁ ခုနှစ် ဟဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွားဝန်ဆောင်မှု့ကုမ္ပဏီများ၏ တာဝန်မဲ့ ကိုယ်ကျိုးရှာမှု့ကြောင့် ဟဂ်ျသွားရောက်လိုသည့် မြန်မာမွတ်စလင်မ်အများအပြား ထိခိုက်ဆုံးရှုံးမှု့များဖြစ်ပေါ်ခဲ့သည်။ ထိုသို့ထိခိုက်ဆုံးရှုံးမှုများကို ကူညီရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် “ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့” မှ ဦးစီးပြီး “တရားမနစ်နာမှု့” များနှင့် သက်ဆိုင်သော ဥပဒေအကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောပွဲ အစီအစဉ်ကို မန္တလေးမြို့ ရွှေဖြူပလာဇာ ပထမထပ်တွင် ရှိသော MCPA/MCIA အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ http://www.m-mediagroup.com/news/1902 ၈၊ ၁၊ ၂၀၁၂ နဝတ/နအဖ အစိုးရလက်ထက် တရားဝင်ထုတ်ပြန်ကြေငြာခဲ့သော တိုင်းရင်းလူမျိုး (၁၃၅) မျိုးတွင် ပါဝင်သည့် ကမန်တိုင်းရင်းများမှာ နိုင်ငံသားစိစစ်ရေး ကဒ်များပြုလုပ်ရာတွင် အခက်အခဲ ပေါင်းစုံ ကြုံတွေနေရပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ရေးဦးစီးဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျှက် ဆောင်ရွက်နေခြင်းကို သံတွဲမြို့မှ ကမန်တိုင်းရင်းသားများ စုပေါင်းလက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတ ထံသို့ ပေးပို့တိုင်ကြားခဲ့သည်။ ကမန်တိုင်းရင်းသား အများစုမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။ http://www.m-mediagroup.com/news/1931 ၈၊ ၁ ၊ ၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)က စီစဉ်ကျင်းပ အဌမ အကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ ကို ၈-၁-၂၀၁၂(တနင်္ဂနွေနေ့) အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ မှာ ပြုလုပ်ခဲ့ကြပါသည်။ ၁၃၊၁၊၂၀၁၂ ၂၀၁၂ ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးတိုင်း NLD တိုင်းစည်း တာဝန်ခံဟောင်း ဒေါ်ဝင်းမြမြ ပူတာအို အကျဉ်းထောင်မှ လွတ်မြောက်ရာတွင် ပါဝင်ခဲ့သည်။ ဒေါ်ဝင်းမြမြမှာ နိုင်ငံရေးမှု့ ၅(ည) ပုဒ်မှဖြင့် ထောင်ဒဏ် (၁၂) နှစ် ချခံရပြီး အယူခံဝင်ရာအနိုင်ရသဖြင့် (၄) နှစ်လျော့ပြီး ထောင်ဒဏ်(၈) နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၀၇ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ စတင်အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် (၄) နှစ်ကျော် နေခဲ့ရသည်။ http://www.m-mediagroup.com/news/1918 ၁၅၊၁၊ ၂၀၁၂ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ထုတ် မန္တလေး သတင်းစာတွင် မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ။ ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြခဲ့သည်။ နိဗ္ဗာန်ဆော်အဖွဲ့ သည် မန္တလေးမြို့မှ အစ္စလာမ်ဘာသာဝင်များ တည်ထောင်ခဲ့သည့် လူမျိုးဘာသာ မခွဲခြားဘဲ သာရေး၊နာရေး၊ လူမှုရေးကိစ္စရပ်များကို ကူညီပေးနေသည့် ပရဟိတ အဖွဲ့ဖြစ်သည်။ http://www.m-mediagroup.com/news/1922 ၁၇၊၁၊၂၀၁၂ သာကေတ ၃ ရပ်ကွက်ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၃ ကျောင်း ပိတ်သိမ်းရန် ရပ်ကွက်နေထိုင်သူအချို့က စာတင်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်ကြရာ စာသင်ကျောင်းမှ စာသင်သားများက ငြိမ်းချမ်းရေး မြတ်နိုးပါ၊ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုပါ အစရှိသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။ ၂၀၊၁ ၊၂၀၁၂ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ် နှစ်တစ်ရာမြောက်မွေးနေ့အဖြစ် ဦးရာဇတ်နေ့ အခမ်းအနားကို ၂၀၊၁၊၂၀၁၂ နေ့လည် ၁း၃၀ နာရီက မန္တလေးမြို့ အိုရီယမ်တာဟောက်စ် မှာ ကျင်းပပြုလုပ်၊ ပါမောက္ခဒေါက်တာမျိုးညွှန့်က အဖွင့်အမှာစကားပြောကြား၊ တက်ရောက်လာကြသူအားလုံးမှ မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ၂ မိနစ်ခန့်ငြိမ်သက်ဆုတောင်းမေတ္တာပို့သ၊ ဆရာကြီးဦးရာဇတ်၏ အထ္တုပတ္တိကို ကိုကျော်မိုးအောင်ကဖတ်ကြား၊ ကိုဇော်မင်းထွန်းက ဆရာကြီးဦးရာဇတ်နေ့ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြား၊ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် ဘုရာကြီး ၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် ရှင်ညာဏိဿရတို့မှ အသီးသီးသြ၀ါဒစကား မိန့်ကြား၊ ဆရာကြီး၏ သားဖြစ်သူမှ ဆရာကြီး ဦးရာဇတ်နှင့် ပတ်သက်၍ အမှတ်တရစကားပြောကြား၊ ငြိမ်းချမ်းရေးစာဆို ကဗျာဆရာကြီး ဒဂုန်တာရာနှင့် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့မှ ပေးပို့သည့် သ၀ဏ်လွှာများ ဖတ်ကြားခဲ့၊ ဦးရာဇတ်၏ အထ္တုပတ္တိကျမ်းကိုရေးသားခဲ့သည့် စာရေးဆရာဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဆရာကြီး၏တပည့်တစ်ဦးဖြစ်ခဲ့ဖူးသည့် သိပ်ပံ္ပမှူးတင်တို့က အမှတ်တရစကားများပြောကြား၊ ဒေါက်တာမောင်မောင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၊ ဆရာကြီးဦးရာဇတ်နေ့ ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဘာသာပေါင်းစုံမှာ ပုဂ္ဂိုလ်များ၊ စည်စည်းကားကား တက်ရောက်ခဲ့ကြ။ ၂၁၊၁၊ ၂၀၁၂ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) မ.မ.လအဖွဲ့ ၏ စတုထ္ထအကြိမ်မြောက် ပြည်လုံးကျွတ် အစ္စလာမ့် ညီလာခံ ဖွင့်ပွဲအား မင်္ဂလာ ဒုံမြို့နယ် ဘိုခါရီရှားဟ် ဒရ်ဂါတော်တွင် ၂၁.၁.၂၀၁၂ နေ့ တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေ သကြီး သာသနာ ရေးဦးစီးဌာန မှ ညွန်ကြားရေးမှူး၊ နှင့်တာဝန်ရှိသူများ၊ အစ္စလာမ့် ဘာသာ ရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော နိုင်ငံခြား သံတမန်များ ၊ရခိုင် ပြည်နယ် အပါအ၀င် ပြည် နယ်/ တိုင်းဒေသကြီးအသီးသီးမှ မ.မ.လ ဦးစီးအဖွဲ့ဝင်များ နှင့် စိတ်ပါဝင်စားသူ မြန်မာမွတ်စလင် လူငယ် စုစုပေါင်း ၇၀၀ကျော် တက် ရောက် ခဲ့သည်။ http://goo.gl/cvx7G ဖေဖော်ဝါရီလ ၁၊ ၂၊ ၂၀၁၂ မြို့နယ်အာဏာပိုင်များကတားမြစ်ပိတ်ပင်သည့် အတွက် ပိတ်ပင်ထားသည်မှာ (၅) လကျော် ကြာမြင့်နေပြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့ ၊ မြို့မ ( ၉ ) ရပ်ကွက် ၊ အောင်သပြေ ( ၁၃ ) လမ်းတွင် ဖွင့်လှစ်ထားသော အစ္စလာမ်သာသနာ့ပညာ သင်ကြားရေးစာသင်ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးရန်အတွက် အစ္စလာမ်ဘာသာရေး ကျောင်းအကျိုးဆောင်နှင့် ကျောင်းသားမိဘများမှ သက်ဆိုင်ရာအာဏာပိုင်များသိုပ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့ခဲ့ပါသည်။ ၁၂၊ ၂၊ ၂၀၁၂ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲပျက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရရုံး ပွဲပါမစ် ချပေးသည့် ရုံးတွင် ခွင်ပြုမိန့် တရားဝင် တင်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပမည့်နေ့မှ စီစဉ်ထားရာ ခန်းမ မှ ပွဲပါမစ်အတုဟုဆိုကာ ခန်းမအသုံးပြုခွင့် မပြုခဲ့ခြင်းဖြစ်သည်။ http://www.m-mediagroup.com/news/1952 မတ်လ ၂၊ ၃ ၊ ၂၀၁၂ ဆော်ဒီရန်ပုံငွေ ထူထောင်ရေးအဖွဲ့က မြန်မာအစိုးရပိုင် ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာ စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငှားရန် သဘောတူလိုက် ကြောင်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျ သံရုံးမှ သတင်းထုတ်ပြန်သည်။ http://www.m-mediagroup.com/news/2027 ၉ ၊ ၃ ၊ ၂၀၁၂ မတ်လ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ NBC ရုပ်သံတွင် ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအားထုတ်လွှတ်ခဲ့ပြီး ၄င်း အစီအစဉ်တွင် ရှင်ဂေါတမအား ပြတ်ချော်လှောင်ပြောင်ထားခြင်းကို မြန်မာမွတ်စလင်မ်ကျောင်းသား လူငယ်များအဖွဲ့ (Myanmar Muslim Student& Youth) အဖွဲ့ မှ ကန့်ကွက်သည့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ http://www.m-mediagroup.com/news/2034 ၂၀ ၊ ၃ ၊ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် မှ မန္တလေးမြို့ လမ်း၈၀ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီဝင်းအတွင်းတွင် အစ္စလာမ်ဘာသာဝင် မဲဆန္ဒရှင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံပွဲတရပ်ပြုလုပ်ခဲ့ပါသည်။ http://www.m-mediagroup.com/news/2052 ၂၅၊ ၃၊ ၂၀၁၂ မြန်မာနိုင်ငံလုံဆိုင်ရ မြန်မာမွတ်စလင်မ်လူငယ်များ ဘာသာရေးအဖွဲ့ ပေါင်မြို့နယ် မုတ္တမမြို့ မ.မ.လအဖွဲ့ခွဲ၏(1/2012) အမျိုးသမီးအခြေခံ အဆင်မြင့် စက်ချုပ်သင်တန်း နှင့် အိမ်တွင်းမှု့သင်တန်းကို မုတ္တမမြို့ အမှတ်-49 သူဌေးကုန်းဗလီလမ်း (မ.မ.လ ) သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မုတ္တမမြို့မှ မြန်မာမွတ်စလင်မ် အမျိုးသမီးငယ် (၄၀) အား သင်ကြားပေးခဲ့ပါသည်။ http://www.m-mediagroup.com/news/2096 ဧပြီလ ၈ ၊ ၄ ၊ ၂၀၁၂ ပဲခူးမြို့ ပညာရေးကော်မတီ က ဧပြီ ၁၁ရက်နေမှစတင် ဖွင့်လှစ်ခဲ့သောနွေရာသီအစ္စလာမ် ယဉ်ကျေးမှုနှင့် စာရိတ္တ မြင့်တင်ရေးသင်တန်းဆင်းပွဲကို ဧပြီ ၁၈ရက်နေ့ ဇဟိုရ်အပြီးတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ သို့သင်တန်းသား /သူ နှင့်လေ့လာသူ ၈၀ နှင့်အတူပဲခူးမြို့မြိုမိမြိုဖများ၊ ဘာသာရေး ပညာရှင် များ နှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြပါသည်။ http://goo.gl/yXFWI ၁၀၊ ၄ ၊ ၂၀၁၂ ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင် မိမိ အသက်ကို ပဓာနမထားဘဲ ကယ်တင်ခဲ့သည့် ဖြစ်ရပ် ၁၀-၄-၂၀၁၂ ရက်တွင် မော်လမြိုင်မှရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၁၇၆)အစုန်ရထားသည် ဒါးပိန်ဘူတာသို့မရောက်မီ ၁၀း၁၂ နာရီအချိန်၌ ပေ ၁၂၀ အရှည်ရှိတံတားပေါ်တွင် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ http://www.m-mediagroup.com/news/2378 ၁၂၊ ၄ ၊ ၂၀၁၂ ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ အကြမ်းဖက် ဖျက်ဆီးခံခဲ့ရသည်။ http://www.m-mediagroup.com/news/2205 http://www.m-mediagroup.com/news/2266 ၁၃၊ ၄ ၊ ၂၀၁၂ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြပါတယ်။ ဒေသဆိုင်ရာ စက်လှေ လိုင်စင်အမြဲရနေသည့် ကြံဖွံပါတီကျောထောက်နောက်ခံပြု စီးပွားရေးသမားများ လေလံရှုံးရာမှာ လေလံနိုင်သွားသော မွတ်စလင်မ် စီးပွားရေးသမားများနှင့် ဆွေမျိုးများ၏ နေအိမ်များကို ဖျက်ဆီးပြီး ဗလီဝတ်ကျောင်းတော်ကိုပါ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ http://www.m-mediagroup.com/news/2202 http://www.m-mediagroup.com/news/2220 ၁၆ ၊ ၄ ၊ ၂၀၁၂ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အဆိုပါ ကံမကိစ္စအပြင် ၂၀၁၂ ဧပြီလ ၁၂ရက်နေ့ကဖြစ်ပွားခဲ့သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ စဥ့်ငူရပ်၊ ဆိုင်းတောင် အစ္စလာမ့်ဝတ်ကျောင်းတော် ဖျက်ဆီးခံရခြင်း ကိစ္စနှစ်ခုစလုံးကို အတည်ပြုခဲ့ပြီး ၂၀၁၂ ဧပြီလ ၁၆ရက်နေ့ နေ့စွဲ၊ စာအမှတ် မအဘ/စီမံ/၀၀၁-၄/၂၀၁၂(အစ ၅)ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာကို နိုင်ငံတော် သမ္မတကြီး ထံသို့ တရားဝင် ပေးပို့ခဲ့ကြောင်း သိရပါသည်။ http://www.m-mediagroup.com/news/2278 ၂၀၊ ၄ ၊ ၂၀၁၂ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ နှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ် စည်းစိမ်များ ဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ် ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။ http://goo.gl/kwDxM ၂၁၊ ၄၊ ၂၀၁၂ မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် မောင်တောမြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ အဆိုပါခွင့်ပြုမိန့်ကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခင် အနှစ် ၂၀ ကျော်အတွင်း ရွာတရွာမှ တရွာသွားလျှင် ခွင်ပြုမိန့်ရှိမှသွားခွင့်ရတာဖြစ်ပါသည်။ ယခုကြေငြာချက်မှာ မြို့နယ်ကျော်သွားလျှင်မရကြောင်း သတင်းများမှာ ဖော်ပြခဲ့ပါသည်။ http://www.m-mediagroup.com/news/2327 ၂၃၊ ၄၊ ၂၀၁၂ ဧပြီ ၁၂ ရက်နေ့ တွင် ကချင်ပြည်နယ် ၊ဖားကန့် မြို့နယ် ၊ ဆိုင်းတောင် ကျေးရွာတွင် ဗလီဖြိုချခံရခြင်း၊ ဧပြီ ၁၃ရက်နေ့မှစ၍ မကွေးတိုင်းသရက်ခရိုင်၊ ကမ္မမြို့နယ် ရှိ ဗလီနှင့် အစ္စလာမ် ဘာသာဝင်များ၏ အိုးအိမ်ပိုင်ဆိုင်မှုများ ဖြိုချ ဖျက်ဆီး ခံရသော ဖြစ်ရပ် များနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ဟောင်များက စာအမှတ် ၇/၂၀၁၂ ဧပြီ ၂၃ရက်နေ့စွဲဖြင့် နိုင်ငံတော် စုံစမ်းရေး ကော်မရှင် ဖွဲ့၍ အချိန်နှင့် တပြေးညီ ဖေါ်ထုတ် အရေးယူပေးရန် သဘောထား ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ http://goo.gl/tPXRB ၂၄၊ ၄ ၊ ၂၀၁၂ မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ်တဘက်ဆွဲကျေးရွာနေ မြန်မာတိုင်းရင်းသားအစ္စလာမ်ဘာသာ ၀င်များမှာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများရရှိရန် အခက်အခဲဖြစ်နေကြောင်း မြစ်မခ သတင်းတပုဒ်တွင် ဖော်ပြခဲ့တာကို တွေ့ရပါသည်။ http://www.m-mediagroup.com/news/2311 ၂၈၊၄၊ ၂၀၁၂ ကြာနီကန်ကဘာရ်စတာန်ဥယျာဉ်သာယာရေးကော်မတီမှ ဦးဆောင်ပြီး မန္တလေးမြို့ရှိ သာရေးနာရေးအဖွဲ့များနှင့် လူငယ်များစုပေါင်းလုပ်အားပေးပြီး ၀ိုင်းဝန်းသန့်ရှင်းမှုကို ၂၈.၄.၂၀၁၂-စနေနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ http://www.m-mediagroup.com/news/2315 မေလ ၆ ၊ ၅ ၊ ၂၀၁၂ မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ပဏာမစာရင်းတွင် ရန်ကုန်မြို့ မှ မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံမှာ ပြည်သူဂုဏ်ရည်ဆု စတင်ချီးမြှင့်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် စာရင်းတင်သွင်းခြင်းခံရပါသည်။ http://www.m-mediagroup.com/news/2363 ၁၃၊ ၅၊ ၂၀၁၂ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ.မ.လဌာနချုပ်မှ ကျင်းပသော န၀မအကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး သွေးဌာနတွင် ၁၃.၅.၂၀၁၂ တနင်္ဂနွေနေ့  ကျင်းပခဲ့ပြိး သွေးလှူဒါန်းပွဲတွင် မ.မ.လ အဖွဲ့ဝင်များ တပ်မတော်သားများ ၊ သံဃာတော်များနှင့် မွတ်စလင်မ်လူငယ်များ စုစုပေါင်း(၃၀၀)ရာကျော် လာရောက် လှူဒါန်းကြပါသည်။ http://www.m-mediagroup.com/news/2415 ၁၉ ၊ ၅ ၊၂၀၁၂ ၁၄၈၆ နှစ်မြောက် တမန်တော်မြတ်နေ့ အထိမ်းအမှတ် အခမ်းအနား တစ်ရပ်ကို မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်းခန်းမတွင်၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါနေ့ ညပိုင်းတွေ တမန်တော်နေ့ အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲတွင် ဧပြီ ၁၀ ရက်တွင် ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အသက်စွန့်ကယ်တင်ခဲ့သည် မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင်အား ရန်ကုန်တိုင်းဝန်ကြီးချူပ်က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။ http://www.m-mediagroup.com/news/2505 http://www.m-mediagroup.com/news/2510 ၂၀၊ ၅ ၊ ၂၀၁၂ မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ မြန်မာမွတ်စလင်မ်များ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရေးကော်မတီ ကို ဖွဲစည်းခဲ့သည်။ http://www.m-mediagroup.com/news/2490 ၂၁၊ ၅၊ ၂၀၁၂ University Muslim Fellowship (Mandalay) – UMF ၊ တက္ကသိုလ် မွတ်စလင်မ် မိတ်သဟာ အသင်း (မန္တလေး) နှင့် နိဗ္ဗာန်ဆော် အဖွဲ့ တို့ ပူးပေါင်းပြီး မန္တလေး အရိုးအထူးကု ဆေးရုံ ကြီးကို နေ့စဉ် သောက်သုံးရေသန့်များ သွားရောက်လှူဒါန်းလျှက်ရှိကြောင်းသိရပါသည်။ http://www.m-mediagroup.com/news/2494 ၂၄၊ ၅ ၊ ၂၀၁၂ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ် (၂)ရပ်ကွက် မင်းလမ်းရှိ အစ္စလာမ်ဘာသာဝင်တို့ရဲ့ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း ၊ ဒေသခံ မြန်မာမွတ်စလင်မ်များမှ သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးကို တိုင်ကြားထားကြောင်း မြစ်မခ သတင်းတပုဒ်မှာ ဖော်ပြပါသည်။ http://www.m-mediagroup.com/news/2522 ၂၆ ၊ ၅ ၊ ၂၀၁၂ မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများပြုလုပ်ကြောင်း ယခုကဲ့သို့း မပြုမီ သီတင်းနှစ်ပတ် ခန့်က အစ္စလာမ်ဆန့်ကျင်ရေး ကာတွန်းပုံများ၊ လက်ကမ်းစာစောင်များ၊ တရားခွေများ ဖြန့်ဝေခဲ့ကြသည်။ http://www.m-mediagroup.com/news/2900 ၂၇.၅.၂၀၁၂ မော်လမြိုင်မြို့လုံးဆိုင်ရာ တမန်တော်နေ့ အခမ်းအနားကြီးကို (27.5.2012)နေ့တွင် မော်လမြိုင်မြို့ ဆရာဝန်အသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ http://www.m-mediagroup.com/news/2961 ၂၉ ၊ ၅၊၂၀၁၂ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားစေမည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များစွာကို အကြမ်းဖက်သတ်ဖြတ်ပြီး နေရပ်စွန့်ခွါစေသည့် ကြောက်မက်ဖွယ်ရာ အနိဌာရုံ ပဋိပက္ခမီးကြီးရဲ့ အစ (၂၈၊၅ ၊၂၀၁၂) တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာသူ မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် သတင်းကို ရခိုင်သတင်းဌာန နိရဉ္စရာ သတင်းဌာနမှ ဝေးလံခေါင်းပါးပြိး ဆက်သွယ်ရေးခက်ခဲ့သည့် ရခိုင်ပြည်နယ်လို နေရာမျိုးတွင်ဖြစ်ပွားခဲ့သည့်ရာဇဝတ်မှု့ဖြစ်ပွားပြီး နာရိအပိုင်းအတွင်း ဓါတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။ နိရဉ္စရာ သတင်းဌာနမှ အနေဖြင့် သတင်း ၂ ပုဒ်တင်ရာတွင် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ပြီး Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ကျင့်ဝတ်မဲ့ လှုံဆော်သည့်ပုံစံဖြင့် အင်တာနက်စာမျက်နှာတွင် သတင်းတင်ခဲ့သည်။ အဆိုပါလုပ်ရက်နှင့် M-Media မှ ချက်ခြင်း ကန့်ကွက်စာပေးပို့ခဲ့ပြိး ယင်းကဲ့သို့ လူမျိုးရေး ပဋိပက္ခမဖြစ်စေရန် ကျင့်ဝတ်မဲ့ လုပ်ဆောင်မှုများရပ်တန့်ရန် ထည့်သွင်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် မြန်မာမွတ်စလင်မ် သတင်း အနှစ်ချူပ် စုစည်းမှု (အပိုင်း-၁) ပြည်တွင်း သတင်း http://www.m-mediagroup.com/newsမှ ကူးယူဖော်ပြပါသည်

ဘာသာရေး ခေါင်းဆောင်များနဲ့ မြန်မာဌာနမှူးရဲ့ နှစ်သစ်ကူး စကားလက်ဆောင်

2013-01-01 မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ၂ဝ၁၃ နှစ်သစ်ကူးသမယမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ လွတ်လပ်တဲ့အာရှအသံရဲ့ မြန်မာဌာနမှူး တို့က မြန်မာနိုင်ငံအတွက် နှစ်သစ်ကူးစကား လက်ဆောင်ပါးလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့နှစ်သစ်မှာ မြန်မာနိုင်ငံက ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နေရာတွေမှာ ဘုရားရဲ့ ငြိမ်းချမ်းခြင်းလက်နက်နဲ့ လူတွေစိတ်ထဲ အေးမြပြီး တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းဖြေရှင်းနိုင်တဲ့ ကျေးဇူးတော် အသိတရားလေး ဘုရားပေးပါစေဆိုပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ဆန်ဖရန်စ္စကိုမြို့မှာရှိတဲ့ St. Finn Bar ဘုရားကျောင်းက ကက်သလစ်ဘုန်းတော်ကြီး ဖရန်စစ်က ဆုတောင်းစကားပြောကြားပါတယ်။ ဘာသာရေးခေါင်းဆောင်ထဲက နောက်တစ်ဦးဖြစ်တဲ့ ဝါရှင်တန်ဒီစီ ခရစ်ယာန်အသင်းတော် ဥက္ကဌ ဒွန်ကွတ်ကလည်း မြန်မာပြည်မှာ ပိုပြီးတော့ ငြိမ်းချမ်းရေးရဖို့အပြင် ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ နိုင်ငံရေးနဲ့ တခြားပြဿနာအရပ်ရပ် ပြေလည်သွားစေဖို့ ဆုတောင်းထားပါတယ်။ ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မန္တလေးမြို့ အထက်တန်းကျောင်းဆရာကြီးဟောင်း ယခု အမေရိကန်ပြည်ထောင်စုရောက် မူစလင်ဆရာ ဦးအောင်ဒင်က မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့နဲ့ ဒုက္ခရောက်နေသူတွေ အဆင်ပြေပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ဘုရားရှင်ထံမှာ ဆုတောင်းပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် အရှင်ဇဝနကလည်း မြန်မာနိုင်ငံမှာ ပြည်သူပြည်သားတွေ အစိုးရကြောင့်ကျခဲ့ရတဲ့ မျက်ရည်တွေ၊ သောကတွေ၊ သွေးထွက်သံယိုမှုတွေ လုံးဝကင်းစင်သောနှစ်ဖြစ်ပါစေ။ ဒေါသတရား၊ အာဃတတရားတွေနဲ့ ပြဿနာကို ဖြေရှင်းတတ်သော အရိုင်းအစိုင်းတို့ရဲ့ ခေတ်ဆိုးကြီး အမိမြန်မာပြည်ဆီက အမြန်ဆုံးချုပ်ငြိမ်း ပျောက်ကွယ်ပါစေဆိုပြီး နှစ်သစ်ဆုတောင်းစကားဆိုထားပါတယ်။ လွတ်လပ်တဲ့အာရှအသံ မြန်မာဌာနမှူး ဒေါ်ငြိမ်းရွှေကတော့ မြန်မာနိုင်ငံမှာ အံသြလောက်အောင် အကောင်းအဆိုးတွေနဲ့ ပြောင်းလဲခဲ့တဲ့ ၂၀၁၂ခုနှစ်ကုန်ဆုံးပြီး ၂၀၁၃ခုနှစ် နှစ်သစ်ကိုကြိုဆိုရင်း အားလုံးမျှော်လင့်လိုလားတဲ့ အကောင်းရှေ့ရှုပြောင်းလဲမှုတွေနဲ့သာ ရင်ဆိုင်ကြရပါစေလို့ နှုတ်ခွန်းဆက် စကားလက်ဆောင်နဲ့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ http://www.rfa.org/burmese/news/ -မှ ကူးယူဖော်ပြပါသည်။

Tuesday, January 1, 2013

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ကြပါစေ။ မြန်မာမွတ်ဆလင်(မ်)လူငယ်အသင်း(ပီနန်း)