Wednesday, January 16, 2013

MRTV4ရုပ်သံလိုင်းကို တေးရေး ကေအေတီ တရားစွဲရန်ပြင်ဆင်

  ဇန်နဝါရီလ ၁၅ ရက် ၂၀၁၃ ခုနှစ် 

တေးရေးဆရာများ၏ မူပိုင်ခွင့်အား ကာကွယ်ရန်နှင့် မူရင်းအဆိုတော်တို့ကို ဦးစားပေးလိုသည့် ရည်ရွယ်ချက်ဖြင့် သီချင်းများကို ခွင့်ပြုချက်မယူဘဲ ထုတ်လွှင့်သွားသည့် MRTV4 ရုပ်သံလိုင်းအား တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု
တေးရေးဆရာ ကေအေတီ က ပြောသည်။

ယင်းသို့ တရားစွဲဆိုရခြင်းမှာ MRTV4 နှင့် Channel ရုပ်သံလိုင်းများ၏ ကုမ္ပဏီဖြစ်သော Forever ကုမ္ပဏီအုပ်စုက ဦးစီးကျင်းပသည့်ပွဲနှစ်ပွဲတွင် တေးသံရှင်အချို့သည်အကြောင်းကြားခြင်းမရှိဘဲ သီချင်းသီဆို အသုံးပြုခြင်းကြောင့်ဖြစ်ပြီးယင်းပွဲများကို MRTV4 နှင့် Channel 7 ရုပ်သံလိုင်းများက ထုတ်လွှင့်ခဲ့ရာ ခွင့်ပြုချက် မယူဘဲ ထုတ်လွှင့်မှုကြောင့်လည်း တရားစွဲဆိုခြင်းဖြစ်သည်ဟု ကေအေတီ က ပြောသည်။

ယင်းကုမ္ပဏီ အုပ်စုက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် Count Down 2013 ပွဲတွင် Channel7 ရုပ်သံလိုင်းက စီစဉ်သည့် အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ၏ ဆုရတေးသံရှင်တဦးဖြစ်သူ ရဲသွေးနောင်က ကေအေတီရေးပြီးအဆိုတောဂျီလတ်သီဆိုထားသည့်''ကြိုနေစေချင်တယ်''သီချင်းကိုအသိပေးအကြောင်းကြားခြင်း မရှိဘဲသီဆိုခြင်းကြောင့်ဟု ကေအေတီ က ပြောသည်။

ယင်းအပြင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင်လည်း အိပ်မက်ဆုံရာဆုရ တေးသံရှင် တဦးဖြစ်သူ နန်းထက်ထက်သူက အဆိုတော်လေးဖြူ၏ ''နောက်ဆုံးရထား'' သီချင်းကိုသီဆိုခဲ့ရာ တေးရေးနှင့် တေးဆိုတို့အား အသိပေးခြင်းမရှိ ဟုလည်းကေအေတီက ဆိုသည်။

ထို့အပြင် ပွဲစီစဉ်တင်ဆက်သူများကလည်း သတ်မှတ်ထားသည့် အခကြေးငွေ တစုံတရာကို သက်ဆိုင်သည့်တေးရေးနှင့် တေးဆိုတို့အား မပေးဘဲ ပြုလုပ်ခဲ့ခြင်းကြောင့်တေးရေးဆရာ မူပိုင်ခွင့်ကို ကာကွယ်ရန်အတွက် တရားစွဲဆိုခြင်းဖြစ်သည်ဟု ယင်းက ဆက်လက်ပြောသည်။

ကေအေတီက '' MRTV 4က တာဝန်ရှိသူတွေကရော အဆိုတော်တွေကပါ ဘာမှအသိမပေးဘဲ ခွင့်ပြုချက်မတောင်းဘဲ လုပ်ကြတာပါ။ တကယ်လို့ ခွင့်တောင်းခဲ့မယ်ဆိုလည်း ခွင့်ပြုဖို့မရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မူပိုင်ခွင့်ကို ကာကွယ်ရာရောက်အောင် မူလသီဆိုထားတဲ့သူရဲ့သီချင်းကို နောက်တယောက်ကို ပေးဆိုတာမျိုးလည်း မရှိခဲ့ဖူးဘူး။ ဒီလိုဆိုလိုက်တော့ အဆိုတော်ကလည်း ကျနော်ပဲ ပေးဆိုခိုင်းလိုက်သလိုမျိုး ထင်နိုင်တယ်။ ဒီသီချင်းက ကာရာအိုကေတောင် မထွက်ခဲ့ဘူး။ ဒါကို ရဲသွေးနောင်ကဆိုလိုက်တော့ ရဲသွေးနောင်ဆိုတယ်လို့ပဲ လူတွေကသိကြမှာ။ အဆိုတော်ဂျီလတ် ဆိုတယ်လို့တောင် သိကြမှာမဟုတ်ဘူး။
 
 ရဲသွေးနောင်ကတော့အဆိုတော်ဂျီလတ်ဆီဖုန်းဆက်တောင်းပန်တယ်လို့ ပြောတယ်။အမှန်တော့ အဆိုတော်တွေထက် အစီအစဉ် ပြုလုပ်တဲ့သူတွေ ကိုယ်တိုင်က သိသင့်တယ်'' ဟု ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းမှာတစ်ဦးတည်းအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တေးရေးဆရာများကိုယ်စား ပထမဆုံး စတင်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ကေအေတီကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးစီစဉ်ဆောင်ရွက်သူဖြစ်သည့် Channel 7 ရပ်သံလိုင်းကတာဝန်ရှိသူတဦးက''ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေပါတယ်။ တာဝန်ခံ လိုက်လုပ်ပေးတဲ့ အဖွဲတဖွဲ့လည်း ရှိနေပါတယ်။ သူတို့ဘက်က တခုခုဖြစ်တယ်ဆိုရင် ဖြေရှင်းပေးသွားမှာပါ''ဟု ပြောသည်။
 
http://mizzimaburmese.com/news/
မှ ကူးယူဖော်ပြပါသည်။

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

အင်္ဂါနေ့၊ ဇန်နဝါရီလ 15 ရက် 2013 ခုနှစ် မွန်အေဂျင်စီ
  မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။
၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)
၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)

ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။
 
မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။
 
ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။
 
အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။
 
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။
 
၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။
 
၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
 
http://burmese.bnionline.net/
မှ ကူးယူဖော်ပြပါသည်။
15.01.2013

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မီးရထားဘူတာရုံ တခုက ဈေးသည်တချို့ (ဇန်န၀ါရီလ ၆ ရက်၊ ၂၀၁၃)။
 
 
 စစ်ကိုင်းတိုင်းဒေသကြီး နဘား ဘူတာအနီးက တံတား ၂ စင်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ ရတာကြောင့် မြစ်ကြီးနား- မန္တလေး ရထားခရီးစဉ်တွေဟာ မနေ့ည ၈ နာရီကနေ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရပ်ဆိုင်းထားရပါတယ်။ ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ တံတားတွေဟာ မြစ်ကြီးနား - မန္တလေးနဲ့ နဘား - ကသာ ရထားလမ်းနှစ်ခု ဆုံမှတ်နေရာမှာ တည်ရှိတာဖြစ်ပြီး ကသာလမ်းပိုင်းက တံတားက ပိုမိုပျက်ဆီးသွားတာကြောင့် ကသာရထား အသွားအလာတွေ နောက်ရက် အနည်းငယ်အထိ ပြေးဆွဲနိုင်ဖွယ် မရှိသေးပါဘူး။ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တို့ကြား တကြော့ပြန် ကြီးထွားလာနေချိန်မှာ ပေါ်ပေါက်လာနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တချိန်တည်းမှာ မြစ်ကြီးနား - မန္တလေး မီးရထားလမ်းဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ဆက်တိုက်ဆိုသလို မိုင်းခွဲ တိုက်ခံတာတွေ ခံနေရတာဖြစ်ပါတယ်။မနေ့ညဦးပိုင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်နဲ့ နဘားဘူတာအကြားက နဘားဘူတာအနီး ကသာလမ်းခွဲက တံတားတစင်း မိုင်းခွဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ဒီလို မိုင်းခွဲတိုက်ခိုက်တဲ့ အခြေအနေကိုတော့ အင်းတော်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“နဘားဘူတာ ၀င်ခါနီး ကသာလမ်းခွဲ လမ်းကြောတကြော ရှိတယ်။ မြစ်ကြီးနား - မန္တလေး တံတားက လမ်းကြောတကြော၊ အဲဒီ တံတား ၂ ခု ဆုံမှတ်ထားပြီးတော့ ဗုံးပေါက်ကွဲပါတယ်။ ကျနော်တို့ ဒီကနေပြီးတော့ ကြားရတယ်။ မြေတွေကို တုန်သွားတာပဲ။ ညကဆိုရင် ခန့်မှန်းချေကတော့ ၈ နာရီကျော်ကျော်လောက်နေမှာဗျ။ ကျနော်တို့ မြို့ကလူတွေကတော့ ထိတ်လန့်သွားတာပေါ့ဗျာ။ ဒီလိုမျိုးကလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ မရှိဘူးလေ။ ပထမဆုံးအကြိမ်ဖြစ်တဲ့ ကိစ္စပေါ့။”

မိုင်းပေါက်ကွဲခဲ့တာကြောင့် မြစ်ကြီးနား - မန္တလေး ရထားလမ်းပိုင်းဘက်ကတော့ ဇလီဖားတုံးတွေ မီးလောင်ပျက်ဆီးပြီး သံဘောင်တွေ ကွေးကောက်သွားခဲ့သလို ကသာရထားလမ်းပိုင်းဘက်က တံတားအောက် ခြေတိုင်တွေ ပျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

တံတားလမ်းပိုင်းတွေ ပျက်ဆီးခဲ့တဲ့နောက် မြစ်ကြီးနား - မန္တလေး အစုန်၊ အဆန်ရထားတွေ အားလုံးဟာ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရပ်တန့်သွားခဲ့ပါတယ်။ သက်ဆိုင်ရာက ပျက်ဆီးသွားတဲ့ တံတားတွေကို ချက်ချင်း ပြင်ဆင်ခဲ့ကြပြီး ဒီနေ့ မွန်းလွဲပိုင်းမှာတော့ မြစ်ကြီးနား - မန္တလေး ရထားတွေ ပြန်လည် ပြေးဆွဲနိုင်မယ်လို့ အင်းတော်ဘူတာက တာဝန်ရှိသူတယောက် က ပြောပါတယ်။

“ခုချိန် ၂ နာရီ ပွင့်မယ်လို့တော့ ပြောတယ်။ ၂ နာရီတော့ ထိုးသွားပြီ မပွင့်သေးဘူး။ နောက် နာရီဝက်အတွင်းလောက်တော့ ပွင့်မှာပါ။ အဲ နဘား - ကသာကတော့ သူက အုတ်တိုင်တခုလုံးနီးပါး ပျက်ဆီးသွားတာပေါ့။ သူကလည်း ဒါပြီးရင် ဆက်လုပ်မှာပါပဲ။ တရက်ပါပဲ။ နောက်ရက်လောက်ဆို သွားနိုင်ပါပြီ။ ယာယီပြုပြင်ပြီးတော့ သွားကြမှာပါပဲ။”

ညနေ ၃ နာရီလောက်မှာတော့ မြစ်ကြီးနား - မန္တလေး ရထားလမ်း ပြန်ပွင့်သွားပြီဖြစ်တယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

တံတားမိုင်းခွဲတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက KIA ရဲ့လက်ချက်အဖြစ် ပြောဆိုနေသလို ပြီးခဲ့တဲ့ ၁၃ ရက်နေ့ မနက်က အင်းတော်မြို့နယ် နန့်စီးအောင်နဲ့ မော်လူးဘူတာအကြား မြစ်ကြီးနား - မန္တလေး အထူးအိပ်စင်းရထား မိုင်းခွဲတိုက်ခိုက်မှုကိုလည်း KIA ရဲ့လက်ချက်ဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

KIA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကတော့ ဒီနှစ်နှစ်ဆန်းက စတင်ပြီး မီးရထားတွေနဲ့ လမ်းတံတားတွေကို ဗုံးခွဲတိုက်ခိုက်တာမျိုး မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ တုံ့ပြန်ပါတယ်။
လောလောဆယ်မှာတော့ ဗန်းမော်ခရိုင် မန်စီမြို့နယ်နဲ့ ဖားကန့်ဒေသဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး KIA ဌာနချုပ် လိုင်ဇာမြို့ကို အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ လိုင်ဇာက ဒေသခံတယောက်က ပြောပါတယ်။ မနေ့တုန်းက လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ KIO ရဲ့ ပြောဆိုချက်ကိုတော့ မြန်မာ အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ မမှန်ဘူးလို့ Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကနေတဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်နဲ့ KIA အကြား တနှစ်ခွဲကျော် ကြာမြင့်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁ သိန်းခွဲကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ်အတွင်းက မြို့ကြီးတွေဆီကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီးတွေ အပါအ၀င် ပြည်သူ့လွှတ်တော်က စစ်ရေးတင်းမာမှုအရှိန် လျှော့ချဖို့အတွက် နှစ်ဘက်တပ်တွေကို တိုက်တွန်းခဲ့ပေမဲ့ ဒီကနေ့ထိတော့ တိုက်ပွဲတွေဟာ ပြင်းထန်နေပြီး တွေ့ဆုံဆွေးနွေးမယ့် အခြေအနေဟာလည်း မရေမရာရှိနေပါတယ်။
မှ ကူးယူဖော်ပြပါသည်။

14 January 2013

ဘာသာရေးကို ခုတုံးလုပ်ပြီး ငွေကိုရေလိုသုံးနေတဲ့ ဆော်ဒီ က ခရိုနီ မင်းသား

Tuesday, January 15, 2013

အရပ်သားများဖက်ကို စစ်တပ်မှ လက်နက်ကြီးဖြင့်ပြစ်ခတ်

 

ယနေ့ မနက်ပိုင်းက မြန်မာစစ်တပ်၏ လိုင်ဇာမြို့ တွင်းသို့  လက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားရသူများ။
ကိုမိုးသီးblogcpot
မှ ကူးယူဖော်ပြပါသည်။

ဟာဂ်ျကုန်ကျစရိတ် တစ်ဦး ၃၂ သိန်းသာ ရှိသင့်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် သုံးသပ်


M-Media
နေသစ်ထွန်း
1
                    မြန်မာနိုင်ငံမှ ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာမြို့သို့ သွားရောက်သော ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ်သည် တစ်ဦးလျှင် ၃၂ သိန်းကျပ်သာ ရှိသင့်ကြောင်းဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် ၂၀၁၂ အစီအရင်ခံစာတွင် ဖော်ပြ ထားသည်။ ၂၀၁၂ ခုနှစ် နှုန်းထားများအရ ဟာဂ်ျသွားသူ တစ်ဦးလျှင် လေယာဉ်လက်မှတ်ခ ၁၅၀၀ ဒေါ်လာ၊ မိုအာလင်မ်ကြေးနှင့်ကားခ ၂၇၆ ဒေါ်လာ၊ မက္ကဟ် မဒီနာ တည်းခိုခန်းခ ၁၂၀၀ဒေါ်လာ ၊ စားစရိတ် ၂၀၀ ဒေါ်လာ ၊ အထွေထွေစရိတ် ၁၀၀ ဒေါ်လာ ရှိပြီး စုစုပေါင်း အများဆုံးကုန်ကျစရိတ် ၃၄၀၀ ဒေါ်လာ (၂၉သိန်း) သာဖြစ်ကြောင်း ဟာဂ်ျကုမ္ပဏီများအနေဖြင့် အမြတ်ငွေ( ၃သိန်း) ထည့်ပေါင်းပါက အမှန်တကယ် ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ်သည် ၃၂သိန်း ဖြင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်သည်ကို တွေ့ရှိရကြောင်း ၊ ၄င်းအစီအရင်ခံစာတွင်ဖော်ပြထားသည်။
 
               အိမ်နီးချင်းနိုင်ငံအသီးသီး ၏ တစ်ဦးချင်း ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ် ကိုတွက်ချက်ပါက ပါကစ္စတန်နိုင်ငံမှ ဆို လျှင် ၂၉၆၃၅၅၀ ကျပ် ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဆိုလျှင် ၃၁၄၂၇၇၃ ကျပ်၊ အိန္ဒိယနိုင်ငံမှ ဆိုလျှင် ၂၃၁၅၄၆၃ ကျပ် ၊ သီရိလကာင်္ နိုင်ငံ မှ ဆိုလျှင် ၂၇၁၄၂၉၆ ကျပ် ၊ ဖိလစ်ပိုင်နိုင်ငံ မှ ဆိုလျှင် ၃၀၂၄၂၈၃ ကျပ် ၊ မလေးရှား နိုင်ငံ မှ ဆိုလျှင် ၂၄၈၇၈၁၅ ကျပ် အသီးသီး ကုန်ကျစရိတ်ရှိသော်လည်း မြန်မာနိုင်ငံမှ ကုန်ကျစရိတ် သည် ၂၀၁၂ ခုနှစ် ဈေးနှုန်းအရ ပျမ်းမျှ သိန်း ၄၀ မှ ၄၅ သိန်း ရှိခဲ့သဖြင့် မြန်မာနိုင်ငံ ဟာဂ်ျခရီးစဉ် ကုန်ကျစရိတ်သည် အလွန် များပြားကြောင်း ၄င်းအစီအရင်ခံစာ တွင်ထောက်ပြထားသည်။
            
                   မြန်မာမွတ်စလင်များ လေးစားကြည်ညိုသူ ပုဂ္ဂိုလ်များပါဝင်သော ဟာဂ်ျမစ်ရှင် ပေါ်ပေါက်လာရေး ၊ ဟာဂ်ျဗီဇာ ခွဲတမ်း ၅၀၀၀ မှ ၇၀၀၀အထိ တိုးမြင့်ရေး ၊ လူတစ်စု ၏ ချုပ်ကိုင် ချယ်လှယ်ခံနေရသော မင်းတုန်းမင်း တရား ကြီးလှူဒါန်းခဲ့သော ဒေါင်းဇရပ်တွင် မဲဟာဂျီ ၃၅၀ ဦး အပြင် မြန်မာနိုင်ငံသားဟာဂျီ အားလုံး မျှတစွာ တည်းခို နိုင်ရေး ၊ မြန်မာနိုင်ငံ ဟာဂ်ျခရီး သွား ဥပဒေ ပေါ်ပေါက်လာရေး၊ ၂၀၁၃ ခုနှစ် ဟာဂ်ျခရီးစဉ်အပေါ် အမြတ်ထုတ် ရန် ကြိုးပမ်းအားထုတ်မှုများကို ဟန့်တားဆောင်ရွက်ရေး စသည့် လုပ်ငန်းစဉ်များဆောင်ရွက်သွားမည်ဟု ဟာဂ်ျကူညီရေးအဖွဲ့ချုပ် က ဆိုပါသည်။
 
                  ၂၀၁၂ ဟာဂ်ျခရီးစဉ်ကူညီရေး အဖွဲ့ချုပ်မှ နည်းလမ်း မျိုးစုံဖြင့် ကူညီ ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ၂၀၁၂ ခုနှစ်တွင် ဟာဂ်ျခရီး သွားကုမ္ပဏီ ၄၃ ခု ဗီဇာခွဲ တမ်းရရှိခဲ့ကာ ယခင်နှစ်များကဲ့သို့ ဟာဂ်ျဈေးကွက် လက်ဝါးကြီး အုပ်ချုပ် ကိုင်မှု လျော့နည်း သွားခဲ့ ကြောင်း၊ ဟာဂ်ျဝန်ဆောင် ကုမ္ပဏီများ ခရီးအပြိုင်အဆိုင် ဈေးကွက်ဖြစ်ပေါ်လာ ခဲ့ သည်ကို တွေ့ရှိ ရကြောင်း ယင်းအစီအရင်ခံ စာ တွင်သုံး သပ်ဖေါ်ပြထာသည်။
 
                 ဟာဂ်ျခရီးစဉ် အား ကုမ္ပဏီ ၁၀ ခုမှ လက်ဝါးကြီး အုပ်ချုပ်ကိုင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဗီဇာခွဲတမ်း ရရှိချိန် နောက်ကျခြင်း ၊အိုလမာ အဖွဲ့ချု့ပ်မှာ မောင်လာနာ မိုဟမ္မဒ်ယူစွဖ် (ခ) ဦးသိန်းမြင့် အား အမီရ်ရွလ်ဟာဂ်ျ အဖြစ်ရွေးချယ်ခဲ့သော်လည်း အချိန်မှီ တာဝန်ပေးအပ်နိုင်မှုမရှိခြင်း ၊ ကုမ္ပဏီကြီးအချို့ က ဗီဇာခွဲတမ်းမရခင်ကပင် ဟာဂ်ျ ခရီးစဉ် ၁ဦးလျှင် သိန်း ၅၀ မှ ၅၅သိန်း အထိ ကြိုတင်ဈေးဖွင့်ခေါ်ယူခဲ့ခြင်း များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။
 
              နှစ်စဉ် ဆော်ဒီအာရေးဘီယားနိုင်ငံမက္ကာသို့ သွားရောက်ကြသော ဟာဂျီများ ၏ အခက်အခဲကို ကူညီဖြေ ရှင်းပေးနိုင် ရန် ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် အား ၁.၄.၂၀၁၂ နေ့တွင် ဖွဲ့စည်းခဲ့သည်။
http://www.m-mediagroup.com/news မှ ကူးယူဖော်ပြပါသည်။

KIO က ပြောင်းရွှေ့မည်မဟုတ် ဆိုသော်လည်း တိမ်းရှောင်မှုများ ရှိနေ


  အစိုးရဘက်မှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့သို့ ခြိန်းခြောက် ပစ်ခတ်ခြင်းကြောင့် တခြားနေရာ
ပြောင်းရွှေ့မည် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ တွဲဘက်အတွင်းရေးမှူး ဦးလနန် က ပြောသည်။

“သူတို့ အစိုးရက Google Earth (ဂူဂဲ မြေပုံ)မှာ ကြည့်ပြီး ပြည်သူတွေ ထိအောင် တမင်သက်သက် မြို့ထဲကို ပစ်လိုက်တာပဲ။ ကျနော်တို့က ဒီနေရာကနေ ဘယ်မှ သွားမှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေကလည်း ကိုယ့်နိုင်ငံမှာ ကိုယ် နေနေကြတာ။ ဒီမှာ ကချင်တွေပဲ ရှိတယ်ဆိုတာ သိသိနဲ့ တမင်သက်သက် ပစ်လိုက်တာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ခမ်းကိုင်တောင် အစိုးရအမြောက်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ဆံများ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့၊ မြစ်ကြီးနားဟိုတယ်တွင် တနင်္လာနေ့ နံနက်က ကျရောက်သဖြင့် အသက် ၁၅ နှစ်
အရွယ် ၉ တန်းကျောင်းသား မောင်ဖောင်ယူးလ၊ သင်းထောက်ဆရာ ဦးမလန်ရော်နှင့် ဦးအင်ခွမ် နော်ဘောက်တို့ သုံးဦးသေဆုံးကာ အခြား လေးဦး ဒဏ်ရာရရှိခဲ့သည်။

KIO က ပြောင်းရွှေ့မည် မဟုတ်ကြောင်း ပြောဆိုသော်လည်း လက်နက်ကြီး ကျည်ဆံကြောင့် လူသေဆုံးမှုများ ရှိလာသဖြင့် လိုင်ဇာမြို့ခံများ တရုတ်ပြည် ဘက်ကမ်းသို့ ထွက်ပြေး ခိုလှုံနေရကြောင်း သိရသည်။

KIO စစ်တပ်ကုန်းနှင့် နီးသည့် ခကျန်ရပ်ကွက်မှ ဒေသခံများသည် အခြားရပ်ကွက်ရှိ ကချင်အတိုင်ပင်ခံကောင်စီ ခန်းမများနှင့် ကက်သလစ် ဘုရားကျောင်းများသို့ သွားရောက် ခိုလှုံနေသည်ဟု လိုင်ဇာမြို့တွင် ရောက်ရှိနေသော သတင်းစာဆရာ တဦးက ပြောသည်။

“ကိုယ့်အိမ်မှာနေတဲ့ လူတချို့က တရုတ်ဘက်ကမ်းကို ကူးသွားကြတယ်။ တချို့က ဘုရားကျောင်းနဲ့ ခန်းမမှာ အများကြီး စုနေကြတယ်။ ကြောက်လန့်တကြား၊ မြို့ထဲကို ကျမယ်ဆိုတာ စိုးရိမ်စိတ်ရှိပေမယ့် မနေ့ကထိ ကိုယ့်အိမ်
မှာ နေနေကြတာ။ အခုကျတော့ ဒီလို ဖြစ်သွားတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြဘူး” ဟု မဇ္ဈိမကို ပြော
သည်။

ယခင် ရက်များက လိုင်ဇာမြို့အနီးထိ KIA တပ်စခန်းရှိရာဘက် လက်နက်ကြီးကျည် ကျရောက်မှုများ ရှိသော်လည်း လူထိမှန်ခြင်း မရှိခဲ့ပေ။ သို့သော် ယနေ့ နံနက်ပိုင်းက ကျရောက်သော လက်နက်ကြီး လူထိမှန်ခဲ့သဖြင့် လိုင်ဇာမြို့ခံ
များ ထိတ်လန့်နေသည်ဟု လိုင်ဇာမြို့ခံတဦးက ပြောသည်။

“ခုတော့ ဗုံးသံကြားရင် တော်တော်ထိတ်လန့်ရတယ်။ ကြောက်ရင်လည်း KIO အစိုးရရှိတော့ ဘယ်တတ်နိုင်မလဲ။ ဘယ်မှ မသွားဘူး။ ဒီလိုပဲ ကြောက်ကြောက်နဲ့ နေနေရတယ်။ အစိုးရ လက်နက်ကြီး ဒီကို ထိရောက်ပြီဆိုတော့ စိုးရိမ်ရပြီပေါ့နော်”ဟု မဇ္စျိမကို ပြောသည်။

လိုင်ဇာသို့ လက်နက်ကြီးများ ထပ်မံ ပစ်ခတ်ခြင်း မရှိတော့သော်လည်း ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ဦးလနန် က ပြောသည်။

မိုးမောက်မြို့နယ်ရှိ KIA ၏ တပ်မဟာ ၃ လက်အောက်ခံ ဂျန်မိုင်ကောင်းစခန်းအနီး အစိုးရ စစ်တပ်ဘက်မှ မြေပြင် စစ်ကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက် နေသလို၊ လေကြောင်းဖြင့် ပစ်ကူမှုများမှာ ယနေ့ထိ ဆိုလျှင် လေးရက်
မြောက် ရှိသွားပြီ ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“မနေ့ကတော့ တပ်မဟာ ၃ ဘက် လေယာဉ် နှစ်စင်းနဲ့ နှစ်ကြိမ် မီးလောင်ဗုံးတွေနဲ့ လာပစ်ချတယ်။ နေ့လည် ၁၂ နာရီမှာ တကြိမ်၊ ညနေ ၄ နာရီမှာ တကြိမ် လာပစ်တယ်။ ဂျန်မိုင်ကောင်းပိုစ့်မှာ လာပစ်တာ။ ကျနော်တို့ ဒီလိုင်ဇာ
ကနေတောင် ကောင်းကောင်း မြင်နေရတယ်” ဟု ဦးလနန် က ပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ကထန်မော်တွင် အစိုးရတပ်များ ဝင်ရောက်ပစ်ခတ်၍ အရပ်သားနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဖားကန့်မြို့ခံ တဦးက ပြောသည်။

“ရွာထဲမှာ မိုးလင်းခါနီး ၆ နာရီလောက်မှာ အစိုးရစစ်တပ်က ဝင်လာလို့ ကျောက်တူးသမားတွေ လန့်ပြီး ထွက်ပြေး
တာ။ စစ်တပ်က ပစ်လိုက်လို့ နှစ်ဦး ဒဏ်ရာရတယ်။ တဦးက ဒဏ်ရာပြင်းတယ်။ ခုဆေးရုံမှာ ဆေးကုနေတယ်”ဟု မြို့ခံ တဦးက မဇ္စျိမကို ပြောသည်။ ထို့ပြင် တောမှော်ရွာတွင် ယနေ့နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။
မှ ကူးယူဖော်ပြပါသည်။
 

Monday, January 14, 2013

KIA တပ်မဟာ(၃)တွင် လေကြောင်းတိုက်ခိုက်မှုစတင်

                                                                                   January 13, 2013
                       ဇန်န၀ါရီလ(၁၃)ရက်နေ့ မနက်(၈)နာရီအချိန်ခန့်မှစတင်၍ မြန်မာအစိုးရစစ်တပ်ဖွဲ့များသည် KIA တပ်မဟာ(၃) ၏ ရှေ့တန်း စခန်းဖြစ်သော ဂျန်မိုင်(Jan Mai Post)သို့ အကြိမ်ကြိမ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ မြန်မာအစိုးရတပ်များ အထိအခိုက်များလာသဖြင့် နေ့လည် ၁၂ နာရီ ၁၅ မိနစ် မှ ၁၂ နာရီ ၄၅ မိနစ်အထိ Jet Fighter(၂)စီး လာရောက်ကာ ဒုံးကျည်များပစ်ခတ်ခြင်း၊ ဗုံးကျဲခြင်း တို့ကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။ ညနေ ၄ နာရီအချိန်တွင်လည်း စစ်ရဟတ်ယာဉ်(၂)စီး ထပ်မံရောက်ရှိကာ ဒုံးကျည်ပစ်ခွင်းခြင်း၊ 30 mm Machin Gun ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။ နေ့လည်ပိုင်း လေကြောင်းမှ မီးလောင်ဗုံးများ ကျဲချသဖြင့် ဂျန်မိုင်ဒေသတခွင် တောမီးလောင်လျက်ရှိသည်။ ယင်းတောမီးသည် ပိုမိုကျယ်ပြန့်၍ ဒေသအနှံ့ ပျံ့နှံ့သွားနိုင်ကြောင်း သိရှိရသည်။ မြန်မာအစိုးရတပ်သည် ဂျန်မိုင်စခန်းကို ဇန်န၀ါရီလ(၁၁)ရက်မှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ဖြစ်ပွားသော လေကြောင်းမှတိုက်ခိုက်မှုသည် KIA တပ်မဟာ(၃)ဒေသတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း http://myitkyina.blog.com/ မှ ကူးယူဖော်ပြပါသည်။

အီဂျစ်သမ္မတဟောင်းမူဘာရက်အမှု ပြန်စစ်ဆေးမည်

                           ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ အမှုကို ပြန်ပြီးစစ်ဆေးဖို့ အီဂျစ်တရားရုံး တခုက အမိန့်ထုတ်လိုက်ပါတယ်။ အသက် ၈၄ နှစ်အရွယ် အီဂျစ်ခေါင်းဆောင်ဟောင်း မူဘာရက်က တရားစစ်ဆေးမှုအသစ် ပြန်လုပ်ပေးဖို့ အယူခံဝင်ထားတာကို တရားရုံးက တနင်္ဂနွေနေ့မှာ ခွင့်ပြုခဲ့တာပါ။ ဆယ်စုနှစ်သုံးခုကြာ သူ့ရဲ့အုပ်စိုးမှု အဆုံးသတ်သွားစေခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဆန္ဒပြ ကန့်ကွက်မှုတွေအတွင်း ရာပေါင်းများစွာသော ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီးတဲ့နောက် လပေါင်းများစွာအကြာမှာ အခုလို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူနဲ့အတူ ထောက်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတဲ့ သူ့ရဲ့ပြည်ထဲရေးဝန်ကြီးဖြစ်သူ Habib el-Adly ရဲ့အမှု၊ သားနှစ်ဦးဖြစ်ကြတဲ့ Gamal နဲ့ All တို့ရဲ့ အမှုတွေကိုလည်း ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်။ သူတို့တတွေဟာ တခြားစွဲချက်တွေနဲ့ လည်း ရင်ဆိုင်နေကြရတာမို့ အကျဉ်းထောင်ထဲမှာပဲ ဆက်ပြီး နေသွားကြရမှာဖြစ်ပါတယ်။ တရားစစ်ဆေးမှုအသစ် လုပ်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ မစ္စတာမူဘာရက်အပေါ် စွဲတင်ထားတာတွေဟာ ပြီးခဲ့တဲ့ ဇွန်လက သူ့ကို ထောင်ဒဏ်တသက်ချမှတ်ခဲ့တဲ့ စွဲချက်တွေနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ကိုင်ရိုမြို့တော်တရားရုံးက အဲဒီလိုဆုံးဖြတ်လိုက်တဲ့အခါ မူဘာရက် ကို ထောက်ခံသူတွေက တရားမျှတမှု အဓွန့်ရှည်ပါစေဆိုပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။
ဗွီအိုအေ မှ ကူးယူဖော်ပြပါသည်။

မြစ်ကြီးနားအနီး စစ်ရဟတ်ယာဉ်ပျက်ကျ

                အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်တွင်းမှာ မနေ့က ညနေပိုင်းက စစ်တပ်ပိုင် ရဟတ်ယာဉ်တစီး အရေးပေါ် ဆင်းသက်လိုက်ရတဲ့ အတွက် ရဟတ်ယာဉ်မောင်းနှစ် ထိခိုက် သေဆုံးခဲ့ရတယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ မနေ့က ပျက်ကျခဲ့တဲ့ ဒီ စစ်တပ်ပိုင် ရဟတ်ယာဉ်အတွက် ကယ်ဆယ်ရေးနဲ့ ရဟတ်ယာဉ် ပြန်လည် ရရှိရေးတွေကို ဒီကနေ့ စစ်တပ်ဘက် က ပြန်လည် ဆောင်ရွက်နေပြီ လို့လည်း သမ္မတ ပြောခွင့်ရသူက ပြောလိုက်တာပါ။ ဒီသတင်းကို ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
            မနေ့က ညနေပိုင်းလောက်မှာ မြစ်ကြီးနားမြို့ တာလောကြီးရွာ အနီးမှာ အစိုးရစစ်တပ်ပိုင် ရဟတ်ယာဉ်တစီး အင်ဂျင်စက် ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရဟတ်ယာဉ်ပေါ်က လေယာဉ်မှူးနှစ်ဦး အပြင်းအထန် ထိခိုက် သေဆုံးခဲ့ပါတယ်။ အခုလို အရေးပေါ် ဆင်းသက်စဉ် ပျက်ကျသွားခဲ့တဲ့ အဲဒီရဟတ်ယာဉ်ကို ဒီကနေ့မှာ စစ်တပ်ဘက်က တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။
              “ကျနော်တို့ရတဲ့သတင်းကတော့ အဲဒီ မြစ်ကြီးနား လေတပ်စခန်းက ရဟတ်ယာဉ်၊ အဲဒီမှာ အုပ်ချုပ်မှုကိစ္စအတွက် ပျံသန်းနေချိန်မှာ မြစ်ကြီးနားမြို့နဲ့ တောင်ဘက် မိုင် ၂၀ လောက်မှာရှိတဲ့ တာလောကြီးကို ရောက်တဲ့အချိန်မှာ ရဟတ်ယာဉ်မောင်းကနေ သူ့အင်ဂျင် စက်ချို့ယွင်းသွားတယ်၊ အရေးပေါ် ဆင်းရမယ်ဆိုပြီးတော့ သတင်းပို့ပါတယ်။ အရေးပေါ် ဆင်းသက်ပါတယ်။ လေယာဉ်ပေါ် ပါတဲ့ ရဟတ်ယာဉ်မှူး နှစ်ဦးကတော့ ဆင်းတဲ့အချိန်မှာ သစ်ပင်တွေနဲ့ တိုက်မိပြီးတော့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အဲဒီ ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကို ကျနော်တို့ တခြား ရဟတ်ယာဉ်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ အဲဒီအနီးမှာ သွား ဆင်းသက်ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။” ဒီလေယာဉ်အပေါ်မှာ စီးနင်းလိုက်ပါလာတဲ့သူ ဦးရေ ဘယ်လောက်ရှိတယ် ဆိုတာတော့ သူ မသိတဲ့အကြောင်း ဦးရဲထွဋ်က ပြောပါတယ်။
                   ကချင်ပြည်နယ်တွင်းမှာ အစိုးရ စစ်တပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေပြီးတော့ အစိုးရဘက်က ကချင် KIA နယ်မြေတွေ ကို လေကြောင်းကနေ ထိုးစစ်ဆင်မှုတွေ ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီလို အစိုးရရဲ့ လေကြောင်း ထိုးစစ်ဆင်တဲ့ စစ်တပ်ပိုင် ရဟတ်ယာဉ်တွေကို KIA ဘက်က လက်နက်ကြီးတွေ အသုံးချပြီး ပစ်ချခဲ့တယ်လို့လည်း သတင်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ အခု ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် ကတော့ မြစ်ကြီးနားမြို့ တာလောကြီးအနီးမှာ အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်နေစဉ် စက်ချို့ယွင်းပြီး ဆင်းသက်စဉ်မှာ အခုလို လေယာဉ်မှူးတွေ သေဆုံးခဲ့တာ ဖြစ်ပြီး လေယာဉ်ပျက်ကျခြင်းဟာ KIA ဘက်က တစုံတရာ ပစ်ခတ်တာတွေကြောင့် ပျက်ကျတာ မဟုတ်တဲ့အကြောင်း ဦးရဲထွဋ်က ပြောပါတယ်။
                        “ပစ်ချတယ်ဆိုရင်ဗျာ ပေါက်ကွဲသွားတာတို့၊ စက်ချို့ယွင်းတာကို ဘယ်လိုသတင်းပို့ဖို့ အချိန်ရမလဲ။ ကျနော်တို့ မြစ်ကြီးနားမှာ တာဝန်ထမ်းဆောင်စဉ် တုန်းကလည်း အဲဒီလိုပဲ စက်ချို့ယွင်းပြီးတော့ လေယာဉ်မှူး ဆုံးပါးသွားတဲ့ အဖြစ်အပျက်မျိုးတွေ နှစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ တနိုင်း ဘက်မှာပေါ့။” စစ်တပ်လေယာဉ် ပျက်ကျခဲ့တာကို နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြတာမျိုး မရှိသေးဘဲ ဆက်လက် ထွက်ပေါ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေကိုတော့ စစ်တပ်ဘက်က သတင်းထုတ်ပြန် သွားနိုင်တယ်လို့လည်း ဦးရဲထွဋ်က ပြောခဲ့ပါသေးတယ်။ http://burmese.voanews.com/မှ ကူးယူဖော်ပြပါသည်။

Saturday, January 12, 2013

အမေရိကန် သံအမတ်ကြီး၏ မွန်၊ ကရင် ပြည်နယ် ခရီးစဉ် စတင်မည်

                            မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် ဂျေ မစ်ချဲလ်၏ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်သို့ ပထမဆုံး အကြိမ် ခရီးစဉ်ကို ဇန်နဝါရီလ (၁၁) ရက်နေ့ စတင်မည် ဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ မစ္စတာ မစ်ချဲလ်၏ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ အထိ သုံးရက်တာ ကြာမြင့်မည့် ခရီးစဉ် အတွင်း၌ အစိုးရအရာ ရှိများ ၊ လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံသွားရန်ရှိကြောင်း ကြေညာချက်၌ ပါရှိသည်။ မွန်ပြည်သစ် ပါတီနှင့် ကရင် အမျိုးသား အစည်းအရုံးတို့အား ဇန်နဝါရီ (၁၂) ရက်နေ့၌ တွေ့ဆုံရန် ချိန်းဆို ထားကြ ကြောင်း နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။
                        “အရင်တုန်းကလည်း တစ်ခါ တွေ့ဖို့ ချိန်းထားတယ်၊ မဖြစ်ပဲ ပျက်သွားတယ်၊ အခုလည်း ဘယ်လို လာဦးမလား မသိဘူး။ ဆွေးနွေးမယ့် အပိုင်းကတော့ သူတို့ ဘာတွေ ဆွေးနွေး မလဲ ဆိုတဲ့အပေါ် ကြည့်ပြီးတော့ ဆွေးနွေးရမယ်” ဟု မွန်ပြည်သစ် ပါတီ ပြည်တွင်း ဆက်ဆံရေး တာဝန်ခံ နိုင်တလညီ က ပြောသည်။ ထို့အတူ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းမှလည်း နှစ်သစ်ကူးနေ့ တွင် တွေ့ဆုံမည် ဟုပြောထားပြီး ပြည်တွင်းနိုင်ငံခြားရေး တာဝန်ခံ ဗဒိုအောင်ဝင်းဆွေ ပါဖို့သေချာကြောင်း ဆိုသည်။
                       “အချိန်ကလည်း အရမ်း ကပ်နေတော့ စီစဉ်ရ ခက်နေတယ်၊ ကျနော်တို့ ခေါင်းဆောင် အချို့လည်း တွေ့ချင်ပါတယ်၊ ဘားအံ ဆက်ဆံရေး ရုံးမှာ တွေ့ဖို့ ချိန်းထား ပါတယ်” ဟု ဗဒို ကွယ်ထူးဝင်း က ပြောသည်။ နှစ်ဖက် ခေါင်းဆောင်များမှ အဓိက အားဖြင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း ဖြစ်ပေါ် တိုးတက်မှုများ ပြဿနာရပ်များကို လာရောက် လေ့လာချင်သည့် သဘော ရှိသည်ဟု သုံးသပ်ကြောင်းလည်း မဇ္ဈိမအား ပြောကြား ခဲ့သည်။ မစ္စတာ မစ်ချဲလ်သည် သံအမတ်ကြီးအဖြစ် လွန်ခဲ့သည့်နှစ် ဇွန်လတွင် ခန့်အပ်ခံရသည်။ ထိုစဉ်က သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရခါစ ဒဲရက်မစ်ချဲလ်က ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည် စခန်းများတွင် အမေရိကန်နိုင်ငံမှ လူသားချင်း စာနာမှု အကူအညီများကို ဒေါ်လာ သန်းနှင့်ချီ ပေးအပ်ခဲ့သည်။ ထို့အတူ သံရုံး ထုတ်ပြန် ချက်၌လည်း ယခု ခရီးစဉ် အတွင်းတွင် ပြည်နယ်များတွင် နေထိုင်ကြသူများ ကြုံတွေ့နေရ သော ကိစ္စရပ်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ အစိုးရကြားရှိ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးနေမှု အခြေအနေနှင့် လတ်တလော ဖြစ်ပေါ် တိုးတက်နေမှုများကို ဆွေးနွေးသွားနိုင်ရန်အတွက် မျှော်လင့် ထားကြောင်းလည်း ထုတ်ပြန်ထားသည်။
http://www.mizzimaburmese.com/news/inside-burma/မှ ကူးယူဖော်ပြပါသည်။

ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်ကြောင်း အင်ဒိုနီးရှားပြော

                   မကြာမီကဖြစ်ပွားခဲ့သည့် အစွန်းရောက်တိုက်ခိုက်မှုများကို ခံခဲ့ရသည့်မြန်မာနိုင်ငံအနောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်လျက်ရှိကြောင်း ထိုဒေသသို့ သွားရောက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက မိမိတို့သည် အရေးပေါ်အကူအညီများထက် ကျော်လွန်သော အကူအညီများ မြန်မြန် ဆန်ဆန်ပေးရမည်ဖြစ်ကြောင်း၊ ပြသနာဖြစ်ပွားခဲ့သော နေရာတွင် ရှိနေကြသည့် ပြည်သူများသည် မူလအခြေအနေသို့ပြန်ရောက်ရန် မျှော်လင့်နေကြကြောင်း၊ သူတို့ ၏လိုအပ်ချက်မှာ စိုက်ပျိုးရန် မျိုးစေ့များ လိုအပ်လျက်ရှိနေကြောင်း ပြောသည်။
                 နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါသည် ပြီးခဲ့သော တနင်္လာနေ့က မြန်မာနိုင်ငံ ရခိုင်ဒေသရှိ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာများအကြား ယမန်နှစ်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည့် နေရာများသို့ သွားရောက်ခဲ့သည်။ မျက်မြင်တွေ့ခဲ့သော အခြေအနေကို နာတာလီဂါဝါက သုံးသပ်ရာတွင် အသိုင်းအ၀ိုင်း နှစ်ခုကြားတွင် ယုံကြည်မှု ပျက်ပြားနေဆဲဖြစ်ကြောင်း ပြောသည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူသားချင်းစာနာထောက်ထား သော အားဖြင့် ရိုဟင်ဂျာတို့အား ဒေါ်လာ တစ်သန်းထောက်ပံ့ရန် ကတိပြုခဲ့သည်။
                အင်ဒိုနီးရှားသည် မြန်မာအား ကူညီရန် အဆင်သင့်ရှိကြောင်း၊ လူမျိုးစုပဋိပက္ခများကို ဖြေရှင်းခဲ့သည့် အတွေ့အကြုံ များကိုလည်း မျှဝေရန်အသင့်ရှိကြောင်း ၀န်ကြီးကပြောသည်။ မြန်မာအာဏာပိုင်များသည် မိမိတို့အား ဖိတ်ခေါ်ကာ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်စေခြင်းဖြင့် အခြားတိုင်းပြည်များ၏ ရရှိခဲ့ပြီးသော သင်ခန်းစာများမှ အကျိုးအမြတ်များကို ရယူခံစား လိုကြောင်း ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း နာတာလီဂါဝါကပြောသည်။ http://www.m-mediagroup.com/news/9988မှ ကူးယူဖော်ပြပါသည်။