Friday, January 18, 2013

ရခိုင် အကြမ်းဖက်သမားပုံ အကောင်းဆုံး သတင်းဓါတ်ပုံ စာရင်းဝင်

z12976011V,Szczeniak-stoi-nad-zwlokami-swojej-mamy--ktora-zgi 

ဓာတ်ပုံ ပညာရှင် ကိုမင်းဇေယျ ရိုက်ကူးသည့် ခွေးသေကောင်နှင့် ခွေးကလေးတစ်ကောင်
reuters-dan-2012-fotograflari-2-reuters-2012-1336881
ပန့်ဒီဇိုင်းဖြင့် လူငယ်တစ်ဦး ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသည့် ကိုယ် ချုပ်အင်္ကျီတစ်ထည် ၀တ်ဆင်ထားသည့်ပုံ
Photos-of-the-Year-2012-by-Reuters-17-640x426
ရခိုင်အကြမ်းဖက်သမားတစ်ဦး၏ပုံ
ရခိုင် အကြမ်းဖက်သမားပုံ အကောင်းဆုံး သတင်းဓါတ်ပုံ စာရင်းဝင်
 
ရခိုင်ဗုဒ္ဓဘာသာ၊ ရိုဟင်ဂျာ ပဋိပက္ခအတွင်း မီးလောင်နေသည့် ရိုဟင်ဂျာအိမ်များရှေ့တွင် ဓား၊ လေးခွစသည့် လက်နက်များကို ကိုင်ဆောင်ထားသည့် ရခိုင်ဗုဒ္ဓဘာသာတစ်ဦး အေးဆေးစွာလမ်းလျှောက်လာသည့် ပုံအပါအ၀င် အခြားမြန်မာဓာတ်ပုံဆရာ ၂ ဦးရိုက်ကူးသည့် ပုံများကို ၂၀၁၂ အတွက် ရိုက်တာသတင်းဌာနက အကောင်းဆုံးသတင်းဓာတ်ပုံစာရင်းတွင် ရွေးချယ်လိုက်ကြောင်းသိရသည်။
 
ရခိုင်အကြမ်းဖက်သမားတစ်ဦး၏ပုံသည် ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခ ပထမအကြိမ်အတွင်း အင်တာနက်တွင် ရေပန်းစားခဲ့သည့် ဓာတ်ပုံတစ်ပုံလည်း ဖြစ်သည်။ မြန်မာဓာတ်ပုံပညာရှင်တစ်ဦး၏ လက်ရာဖြစ်သော်လည်း အမည်ကိုမူ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
 
ရခိုင်ပြည်နယ် ပဋိပက္ခကို ဖော်ညွှန်းသည့် အခြားဓာတ်ပုံတစ်ပုံမှာ ရိုက်တာသတင်းဌာနမှ ဓာတ်ပုံ ပညာရှင် ကိုမင်းဇေယျ ရိုက်ကူးသည့် ခွေးသေကောင်နှင့် ခွေးကလေးတစ်ကောင်တို့ပုံဖြစ်သည်။ ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခ ဒုတိယအကြိမ်တွင် ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာအများစု နေထိုင်ရာ ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်တွင် ရိုက်ကူးထားကြောင်းလည်း သိရသည်။
 
ပိုက်ဆိပ်ရပ်ကွက်သည် ရခိုင်ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် လူနေအိမ်ခြေများ၊ ဘာသာရေး အဆောက်အအုံများအားလုံးနီးပါး ဖျက်ဆီးခံရသည့် နေရာဖြစ်သည်။ ပိုက်ဆိပ်ရပ်ကွက်ရှိ ရိုဟင်ဂျာပိုင် အိမ်ခြေ ၄၇၉အိမ်နှင့် ဗလီ ၃ လုံးဖျက်ဆီးခံရသည်။ ပိုက်ဆိပ်ရပ်ကွက်နေ ရိုဟင်ဂျာ များမှာ ယခုအချိန်အထိ သဲချောင်းဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။
 
ပန့်ဒီဇိုင်းဖြင့် လူငယ်တစ်ဦး ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသည့် ကိုယ် ချုပ်အင်္ကျီတစ်ထည် ၀တ်ဆင်ထားသည့်ပုံသည်လည်း ရိုက်တာသတင်းဌာနမှ ရွေးချယ်သည့် ၂၀၁၂ အတွက် အကောင်းဆုံး သတင်းဓာတ်ပုံ ၈ပုံစာရင်းတွင် ပါဝင်သည်။ အဆိုပါပုံကို ရိုက်ကူးသူမှာ မြန်မာဓာတ်ပုံပညာရှင် စိုးဇေယျာထွန်း ဖြစ်သည်။
 
ကိုးကား။ မွန်းတည့်နေ။ Vol.1, No.5, Pg.5.
မှ ကူးယူဖော်ပြပါသည်။

စစ်တပ်မိသားစုများလဲပြည်တွင်းစစ်ကြောင့်သောက ရောက်ရပုံပါ

ဒီနေ့မနက်က မကွေးမြသလွန်ဘုရားပေါ်မှာတွ့ခဲ့ရတဲ့ ကန်တော့ပွဲပါ။ရှေ့တန်းသွားသူများအတွက်ကျန်ခဲ့တဲ့မိသားစုများကဆုတောင်းကုသိုလ်ပြုပေးထားတာပါ။
ကျဆုံးသတင်းရောက်မလာပါစေနဲ့ဆိုပြီးနေ့တိုင်းဆုတောင်းရတဲ့ဘဝကနေအမြန်ကင်းလွတ်ပါစေ။အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။ 

(Sunny Man မှ Jan. 15, 2013 နေ့ တင်ထားသော ဓါတ်ပုံ နဲ့ စာ ကို ကူးယူတင်ပြပါသည်)
ဒီနေ့မနက်က မကွေးမြသလွန်ဘုရားပေါ်မှာတွ့ခဲ့ရတဲ့ ကန်တော့ပွဲပါ။ရှေ့တန်းသွားသူများအတွက်ကျန်ခဲ့တဲ့မိသားစုများကဆုတောင်းကုသိုလ်ပြုပေးထားတာပါ။
ကျဆုံးသတင်းရောက်မလာပါစေနဲ့ဆိုပြီးနေ့တိုင်းဆုတောင်းရတဲ့ဘဝကနေအမြန်ကင်းလွတ်ပါစေ။အသက်စွန့်ပြီးစစ်ခွေးခေါ်ခံရတဲ့ဘဝကနေကင်းလွတ်ပါစေ။

(Sunny Man မှ Jan. 15, 2013 နေ့ တင်ထားသော ဓါတ်ပုံ နဲ့ စာ ကို ကူးယူတင်ပြပါသည်)

Thursday, January 17, 2013

ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး နှင့် ငြိမ်းချမ်းရေး

 by သံလွင် ရရစ် on Tuesday, 15 January 2013 at 11:05 ·

လူအတော်များများရေးပီးသားအကြောင်းအရာတွေပါပဲ မေ့ချင်ယောင်ဆောင်နေသူတွေအတွက် ပြောချင်
တာလေးတွေထပ်ဖြည့်ကြည့်တာပါ။စစ်တိုက်တယ်ဆိုတာသူရဲကောင်းဆန်ဆန်တိုက်ကြသလိုစိတ်ဓာတ်စစ် ဆင်ရေးအရအလိမ္မာသုံးတာမျိုးလဲရှိတယ်ဆိုတာသဘောပေါက်ထားပါ တယ် အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုတာလဲသဘောပေါက်ပါတယ်..ဒါပေမယ့် လူနဲ့လောကမှာတော့ တရားတာနဲ့မတရားတာ ရှိတယ်လို့ဆိုချင်ပါတယ်

ဝါဒဖြန့်မှုမရှိသင့်
ပြည်ပရန်သူလဲမဟုတ်ပဲတိုင်းရင်းသာမျိုးနွယ်ချင်းကြားမှာဆိုဝါဒဖြန့်မှုဟာနှစ်ဖက်လုံးအတွက်မလိုအပ်ပါဘူး.
အထက်ကတာဝန်ပေးတဲ့အခါ စစ်ပွဲကိုရဲဝံ့ပြောင်မြောက်စွာတိုက်ပါ သူရဲကောင်းဆန်ဆန် သေပြတဲ့အခါ
ဘယ်ဘက်ကဖြစ်ဖြစ့် ဝမ်းနဲနေမှာအမှန်ပဲ ဒါပေမယ့်သူရဲကောင်းမဆန်တဲ့ဝါဒဖြန့်မှုမျိုးကိုတော့မလုပ်စေချင်ပါ
တစ်ယောက်ဗိုက်တစ်ယောက် ဓားနဲ့ထိုးလို့သေတာကတစ်သက်ပဲ သေတာ ဒါပေမယ့်ပါးစပ်နဲ့ဝါဒဖြန့်ခဲ့တာ
ကတော့မဆုံးနိုင်တဲ့အသက်ပေါင်းများစွာကိုသေစေတာ နောက်ထပ်စစ်ပွဲပေါင်းများစွာကိုဖန်တီးနေတာ
တအုံ့နွေးနွေးဒါဏ်ရာကို မကျက်အောင်လုပ်နေတာပါ.. လူဒါဏ်ရာထက် မတရားပြောခံရလို့ရတဲ့ဒါဏ်ရာက
ပိုပါတယ်လက်ဝှေ့သမား နှစ်ယောက် ကြိုးဝိုင်းထဲမှာထိုးတယ် ပွဲပီးသွားရင် တစ်ယောက်ပုခုံးတစ်ယောက်
ဖက် ကြတယ် ချစ်ချစ်ခင်ခင်ပဲ ခုနက အသေအကြေထိုးနေတာတွေမရှိတော့ဘူး

ဒါပေမယ့် တချို့လက်ဝှေ့ သမား ကတော့ ပြိုင်ဖက်ကိုဟုတ်တာတွေရောမဟုတ်တာတွေရော လျှောက်ပြော တယ် အဲဒိတော့နာကျည်းချက်တွေနဲ့ဆော်ကုန်ကြတယ် ပွဲပီးသော်လည်း ရင်ထဲက အခဲကမကြေ ထစ်ခနဲရှိတာနဲ့ထပ်ဆော်ချင်နေတာပဲ ထပ်မတွေ့လို့မဆော်ရလဲ တသက်လုံးအခဲမကြေတာမျိုး လက်ဝှေ့ပွဲတွေမှာမကြာမကြာတွေ့ရဖူးတယ် ဒါဟာပါးစပ်သေနတ်ရဲ့ ဒုက္ခပေးမှုတွေပါ
ခုထိလုပ်ရိုးလုပ်စဉ်မဖျောက်
အခုအွန်လိုင်းပေါ်မှာပြောနေ တဲ့ စကားတွေကိုလေ့ လာကြည့်မိတော့ အခြေအနေ ကတော်တော်ကိုဆိုးနေပါပီ
အခုနောက် ဆုံး ကချင်(ဂျင်းဖော)နဲ့ တခြားကချင်မျိုးနွယ် စုတွေကိုပါ ရန်တိုက်ပေးတဲ့ သဘောတွေတောင်တွေ့နေ
ရပါတယ် အပြင်မှာတော့ဂျင်းဖောနဲ့အတိတ်ရန်ငြိုးရှိခဲ့ဖူးတဲ့ ရဝမ်ကိုပြည်သူ့စစ်ဖွဲ့ပေးပီး ရန်တိုက်ထားတာ
ကြာပါပီ မျိုးနွယ် စုချင်းရန်တိုက်တာ မျိုးကို KNUကို ဖြိုခွဲခဲ့စဉ်ကကြုံခဲ့ဖူးပါတယ် KNUရဲ့မာနယ်ပလောကို
ဆုံးရှုံးခဲ့ရတယ် အဲဒီအချိန်က ကေအိုင်အိုဟာ အမျိုးသားညီလာခံကိုတက်ပီး စစ်အစိုးရနဲ့တည့်နေ တဲ့အချိန်ပေါ့
( ကေအိုင်အိုတက်တာကိုအပြစ်မပြောလိုပါဘူး ကောင်းမယ်ထင်လို့တက်တာသူ့အခွင့်အရေးပါပဲ)
အဲဒီအချိန်ကအစိုးရဟာ KIOကိုကချင်ကိုယ်စားပြုပါတယ် ဆိုပီးတက်ခိုင်းခဲ့တာမဟုတ်ဘူးလားအခုတော့
ညောင်နှစ်ပင်ကိုမယုံတော့တဲ့အတွက် ကိုယ်စားမပြုပါဘူးပြောနေပြန်ပါပီလေ .. အခု ကရင်ကိုယ်စားပြုပီး
အစိုးရနဲ့ငြိမ်းချမ်းရေးစကားအဆင်ပြေနေတဲ့ KNUကိုကျတော့အဲဒီအချိန်ကကရင်ကိုကိုယ်စားမပြုပါဘူးလို
့ ပြောခဲ့ဖူးပါတယ် ဒါမျိုးတွေလုပ်သင့်ပါသလား တိုင်းရင်သားစည်းလုံးညီညွှတ်ရေးတည်ဆောက်နေပါတယ်
ပြောပီး KNUအကြမ်းဖက်သောင်းကျန်းသူကဗုံးခွဲခဲ့လို့ဗုံးထောင်လို့ရွာမီးရှို့လို့ဆိုတာတွေကိုအဖြစ်မှန်တဝက်ကို
ဖုံးပီးပြောသင့်ပါသလား ရုပ်ရှင်တွေရိုက်ပီးမကောင်းတဲ့အခန်းကသရုပ်ဆောင်ခိုင်း သင့်ပါသလား ဒါတွေဟာ
မသိနားမလည်တဲ့လူငယ်တွေရဲ့စိတ်မှာ စွဲထင်ကျန်ရစ်နိုင်တယ်ဆိုတာမသိကြဘူးလား မယုံကြည်နိုင်မှုတွေ
တိုးပွားစေတယ်ဆိုတာကို နားမလည်ကြဘူးလား အဲလိုစိတ်ဓာတ်စစ်စင်ရေးလုပ်ပီးမှရလာတဲ့ အောင်ပွဲကို
ခုံမင်နေမှာလား မကျက်တော့တဲ့အနာတွေကိုထပ်ခါထပ်ခါဖြဲနေရင် ပြဲသွားပီးစေ့စပ်မရဖြစ်မယ်ဆိုတာ
မတွေးကြဘူးလား ကျနော်တို့ငယ်ငယ်လေးတုန်းကသတင်းစာတွေမှာထိန့်လန့်ဖွယ်ဖတ်ပီး
သူပုန်ကိုမုန်းခဲ့ဖူးတယ် တိုင်းပြည်ရဲ့အဖျက်အမှောင့်တွေလို့ထင်ခဲ့ဖူးတယ်
ကျောက်စိမ်း နဲ့ ရွှေ ပလက်တီနမ် ပါထွက်တဲ့ ကချင်ရတနာသိုက်
ကချင်ပြည်နယ်အကြောင်းကိုအစကဒီလောက်စိတ်မဝင်စားခဲ့ပါဘူး ဟောင်းပါးနဲ့တာမခန်ကျောက်တွင်းတွေဖက်
နွေရာသီဆိုအမြဲရောက်ဖြစ်ခဲ့တယ် ကျောက်တွင်း နဲ့ရွှေတွင်းတွေ မှာ အောက်ပြည်အောက်ရွာကလူတွေနဲ့ အညာ သားတွေ အများ ဆုံးလာတူးပါတယ် အလွန်စည်ကားတဲ့ တာမခန်မှာ ပြည့်တန်ဆာခန်း
လောင်းကစားဝိုင်း ဘိန်းခန်းတွေ နဲ့ နေတတ်သူတွေ အတွက်တော့ ပျော်စရာကြီးပေါ့ တာမခန်ရဲ့ အီကြာကွေး
လမ်းကြား မှာ တရားဝင်အတိုင်းပဲ လက်ကိုတောင် ဆွဲခေါ်တဲ့ အထိ ပြည့်တန်ဆာခန်းပေါပါတယ် အဲဒီဘိန်းခန်းတွေ
ပြည့်တာ ဆာခန်းတွေကိုပိုက်ဆံကောက်တာက စစ်တပ်၊ရဲ၊ဆရဖ၊မီးသတ်ပါပဲ(မီးသတ်ကအဲမှာတန်ခိုးအလွန်ထွားတယ်)
ကျောက်တွင်းတွေကိုကောက်တာလဲသူတို့ပါပဲ ခဏခဏကောက်ပါတယ်လတိုင်းပါပဲ(ကချင်ပြည်နယ်ကို လက်ဗလာနဲ့ လာတဲ့စခန်မှုးတိုင်း အပြန်မှာကား၃စီးတိုက်လောက်နဲ့ပြန်ပါတယ်) အဖွဲ့တိုင်းကိုပေးရတာမျိုးပါ ဘာလို့ပေးရတာလဲဆိုတော့ခိုးကျင်းတွေမို့ပါ သူတို့ထက်ကြီးတဲ့စစ်အစိုးရ ထိပ်တန်းခေါင်တွေကတော့အဲလိုပေါက်စနတွေကိုမကောက်ပါဘူး တရုတ် ဖက်စက် ကုမ္ပဏီကြီးတွေနဲ့ ထူးကုမ္မဏီ တို့ဆီင်္ကအခွန်ရမယ်ထင်ပါတယ်
ကုမ္ပဏီကြီးတော့ စက်ပိုကြီးပါတယ် ရာချီတဲ့ယန္တယားကြီးတွေနဲ့ မြေလှန်တူးပါတယ် လုပ် ကွက်တွေ တနေ ရာပီးတနေရာချဲ့ရပါတယ် ဒါကတော့ကချင်ပြည်ရတနာသိုက်ကို ဝင်နှိုက်ကြပုံပါ လက်လုပ်လက်လက်စားကတော့ရိုးရိုးပဲတနိုင်တပိုင်လာတူးပီး ကုမ္ပဏီကြီးတွေက နင်းကန်တူး တယ် တောတောင်တွေကျတော့ယုဇနကခုတ်ပါတယ် ယုဇနကုမ္ပဏီက တောရှင်းပီးကလောပင်တွေစိုက်လို့ တိရိစ္ဆာန်တွေပါ အိန္ဒိယထဲဝင်ပြေးရပါတယ် ကျားထိန်းသိမ်းရေးစခန်း မှာတောင်ကျားရှိသေးရဲ့လားမသိပါဘူး အဲဒီတော့အခုပြောနေတဲ့ ကချင်ပြည်နယ်ကို ကေအိုင်အို ကေအိုင်အေ ကဖျက်စီးနေပါတယ်ဆိုတာ ကျနော့်မှာ စဉ်းစားရအတော်ခက်နေတာပါမီးကြိုးတွေ ထိလို့ မလည်ပတ်နိုင်တော့တဲ့ မလိခ လျှပ်စစ်ဓာတ်အားပေးစက်ရုံကလဲကေအိုင်အိုဆောက်ထားတာပါ 
ကေအိုင်အို က ကချင်တွေပါ အိမ်တိုင်းအိမ်တိုင်း တစ်ယောက်ဝင်ရပါတယ် ဂုဏ်ယူကြတာတွေ့ရပါတယ် အဲဒါကြောင့် အရပ်သားနဲ့ရောနေပါတယ် ပုံမှန်အချိန်ဆိုအရပ်ဝတ်နဲ့ပဲနေပါတယ် အဲဒါကြောင့် ဘယ်ကျောက်တွင်းမှာဘယ်ကျောက်အောင်တာကအစ သူတို့သိပါတယ် သိန်း ၅၀၀ကနေထောင် ချီတဲ့ကျောက်တွေဆို သူတို့ရန်ပုံငွေတောင်းပါတယ် ပေးတဲ့လူ ကလဲ ကျေကျေနပ်နပ်ပဲပေးပါတယ် ဘာလို့လဲဆိုတော့ တူးတာကတခြားနယ်သားအများစုဆိုတော့ သူတို့ပြည်နယ်တက် တူးတာဒိလောက် ရတယ်ဒီလာက်ပေးရတန်တယ်ဆိုပီးကျေးဇူးတောင်တင်ပါသေးတယ် ကျန်တဲ့လစဉ်ပိုက်ဆံ လာ မကောက်ကြပါဘူး တောင်းတယ်ဆိုတာသူတို့လိုအပ်တဲ့အချိန်လေးလောက်ပါပဲစစ်တပ်နဲ့ကျန်တဲ့အဖွဲ့တွေက ခဏချင်းလာတောင်းနေတာမို့အလွန်စိတ်ညစ်ကြရပါတယ် ဝေါ်ကီတော်ကီဝယ်ချင်လို့ ယူနီဖောင်းမရှိလို့ လူကြီးလမ်းကြောင်းကျွေးမွေးဖို့အဲလိုအကြောင်းအမျိုးမျိုးပြတောင်းတာပါ ဒီလိုအစိုးရအုပ်ချုပ်ရေးအဖွဲ့ကလူတွေလိုက်တောင်းတာဟာ သူတို့အပြစ်လဲမဆိုသာပါဘူး ဘာလို့လဲဆိုတော့ သူမသာကိုယ်မနာမို့ပါပဲ သူတို့မှာလဲလစာမလောက်တာမို့တောင်းတယ်လို့ပဲနားလည်ထားပါတယ် အကုန်တိတိကျကျလုပ်ကုန်ရင်ဘယ်သူမှလဲလုပ်စားလို့ရမှာမဟုတ်တော့တဲ့အတွက်စိတ်ညစ်ပေမယ့်
ပေးပျော်ပါတယ်ဖားကန့်ဘက်မှာလည်းအကုန်ရတာပါပဲ မူးယစ်ဆေးဝါးနဲ့လောင်းကစား ဝိုင်းပေါချက်များတရားမဝင်ဆိုတာကိုမေ့ထားလို့ရတဲ့နေရာတွေ ပါ တွင်းထွက်ပစ္စည်းကြွယ်ဝပီးမွဲနေပေမယ့်အစိုးရကိုကောင်း ကောင်းလုပ်ကြွေးနေဆဲပါ

ရထားလမ်းမိုင်းခွဲတယ်ပြောပီးပြည်သူနဲ့ရန်တိုက်နေသူများ
တံတားဖောက်မိုင်းခွဲတာတွေ လုပ်တယ် ဆိုတာတော့ မှန်ပါလိမ့်မယ် ဒါပေမယ့် ရန်သူရဲ့လမ်းကြောင်း ကိုဖြတ်တောက်ဖို့ခွဲရတယ်ဆိုတာနားလည်ပေးသင့် ပါတယ် အဲဒီ ရထားလမ်းခွဲ တာအကြောင်းပြပီး ပြည်သူနဲ့ရန်တိုက်တဲ့အလုပ်ကိုဆက်မလုပ်ကြပါနဲ့လို့ပြော ချင်ပါတယ် ရထားလမ်းဖောက်တာ ၂၀၁၀ ကနေအခုထိအကြိမ် ၇၀ ရှိပါတယ် ပြည်သူတစ်ယောက်မှ
မသေခဲ့ပါဘူးပီးတော့ ဒီရထားလမ်းဖောက်မှုတွေအကုန် ကေအိုင်အေလုပ်တယ်လို့တော့တရားသေသတ်မှတ်လို့လဲမရပါဘူး ရန်တိုက်ပေးချင်တာမျိုးလဲရှိတတ်ပါတယ်သာမာန်ပြည်သူတွေဟာ့စစ်ဗျူဟာတွေလဲနားမလည်ပါဘူး ရထားလမ်းကိုရထားလမ်းလို့ပဲမြင်တဲ့လူတွေပါ မကစားကြပါနဲ့ အကုန်အမြင်တွေလွဲကုန်ရင် သမိုင်းကပေးဆပ်ရမယ့်တန်ကြေးကြီးပါတယ်
မှတ်ချက်-အနောက်နိုင်ငံများကပင်ဗမာပြည်မှာ ဒိလောက်တော်တဲ့စစ်ဗိုလ်ချုပ်ရှိတာသူတို့မသိရပါလားဟု အံ့သြချီးမွမ်းရသော တစ်ချိန်ကဗမာတပ်မတော်ရဲ့ စစ်ပါရဂူဗိုလ်မှုး ချုပ်ကျော်ဇောဦးစီး တဲ့အစိုးရတပ်နဲ့ကေအင်ဒီအိုရဲ့တိုက်ပွဲအခြေအနေကိုသူကိုယ်တိုင်ရေးထား တာဖတ်ရှုကြည့်ပါ (ထိုရန်သူကိုရန်ကုန်မြို့ကြိးမှနေ၍ ခုခံတိုက်ခိုက်ရန် အလွန်ခက်ခဲတော့မည်ကိုသိမြင်၍ ဖြစ် ပါသည် သို့သော်ကျနော်ဘာမှမတတ်နိုင်ပါ ခင်ဗျာတို့ပဲခူးကဆုတ်ခွာရင် ပဲခူးမြို့အစပ်ရှိ ပဲခူးမြစ်ပေါ်က
ပဲခူး-ရန်ကုန် ကားလမ်းတံတားနဲ့ ရထားလမ်းတံတားတို့ကိုတော့မုချချိုးပီးဖျက်ဆီးပါ ဟုမှာကြား ရပါတော့သည်)
စစ်သတင်းပေးတွေ သူလျိုဒလန်တွေကိုတော့ သတ်ရင်သတ်ပါလိမ့်မယ် အဲမှာ ကျောက်တွင်းရွှေတွင်းလာ
တူးနေတဲ့သာမန်လူတွေတော့အးဆေးတူးလို့ရပါတယ် မြန်မာပြည်ရဲ့အခြားနေရာတွေကို ကျူးကျော် တာမျိုးမတွေ့ပါဘူး
ကေအိုင်အေဗိုလ်ချုပ်တွေရှေ့တန်းထွက်မတိုက်ဖူး ဆိုရင်အခုအစိုးရစစ်ဗိုလ်ချုပ်တွေရောအခုရှေ့တန်းထွက်တိုက်လို့လား
မေးချင်ပါတယ်သူ့နေရာနဲ့သူ့ဆိုတဲ့သဘောတရားကိုနားလည်ရင် သဘောပေါက်မှာပါ ကဲထားပါတော့ ဒါတွေဟာ စစ်တပ်နဲ့အစိုးရကိုအကြည်ညိုပျက်အောင် လုပ်နေတယ်ထား ပါတော့ အေအိုင် အိုဖက် ကချည်းလိုက်ပြောတယ်ထင်နေမယ်

ကချင်တမျိုးသားလုံးကိုစော်ကားခဲ့တာ ဘယ်သူလဲ
ကချင်လူမျိုးတရပ်လုံးနဲ့သက်ဆိုင်တာလေး တစ်ချက်လောက်ပြောပြချင်ပါတယ် မနောကွင်းမနောတိုင်ဆိုတာ ကချင်လူမျိုးတို့ရိုးရာပါ မနောကွင်းဆိုတာ ဘိုးဘေးစဉ်ဆက် မနောပွဲကျင်းပဖို့လုပ်ထားတဲ့နေရာပါ မနောတိုင်ဟာ မနောပွဲပီးပီးချင်းလဲမဖျက်ကောင်းပါဘူး ဖျက်စီးသူကိုကချင်တမျိုးသားလုံးရဲ့ရန်သူအဖြစ်မှတ်ယူလေ့ရှိပါတယ် အဲလောက်အလေးထားခဲ့တာပါ အင်္ဂလိပ်အစိုးရ ဂျပန်အစိုးရ မဆလအစိုးရကတောင်လက်ဖျားနဲ့မထိခဲ့ပါဘူး
အခုတော့ ၂၀၀၉ နိုဝင်ဘာလ ကချင်ရိုးရာကောက်သစ်စားပွဲနဲ့ မနေပွဲမှာ မနောကွင်းကိုမြေလှန်ဖျက်စီးပီးမနောတိုင်တွေကိုပါဖျက်ဆီးပစ်ခဲ့ပါတယ် ဘယ်လောက်နာကျင်စရာကောင်းမလဲ အနာပေါ်အနာထပ်ဆင့်လိုက်တာမျိုးပေါ့ မဆလ ကတောင်မထိခဲ့တဲ့ အဲဒီတသက်လုံးလုပ်လာတဲ့မနောကွင်းဟာ
စစ်အစိုးရလက်ထက်ရောက်မှာသိမ်းယူရောင်းစားခြင်းကိုခံလိုက်ရပါတော့တယ် မနောပွဲတိုင်းကိုလဲ အစိုးရစစ်ဗိုလ်ချုပ်တွေက
သာဦးဆောင်ကျင်းပပီးဖွင့်လှစ်ပေးခဲ့တာ ဘယ်လောက်ရင်နာကျမလဲ တသက်လုံးလုပ်လာတဲ့ကိုယ့်ရိုးရာ
တာင်ကိုယ့်ဘာသာလုပ်ပိုင်ခွင့်မရှိတဲ့ဘဝမျိုးပေါ့အခုအစိုးရသစ်တက်လာတော့ရောဘာထူးသေးလဲ အခုနောက်ဆုံးလုပ်သွားတဲ့
မနေပွဲမှာလဲ ပွဲပီးပီးချင်းဖျက်ဖို့အမိန့်ပေးခဲ့ကြပြန်တာပဲမဟုတ်လား

ဒါတွေကိုကြည့်ချင်းအားဖြင့် ပြည်မကလူတွေမသိတဲ့ ဒုက္ခသုက္ခမျိုးစုံဟာ ကချင်ပြည်နဲ့ ဝေးလံခေါင်သီတဲ့အရပ်တွေမှာ
နေ့စဉ်ဖြစ်ပွားနေတယ်ဆိုတာခန့်မှန်းကြည့်ကြပါ ကချင်တွေမက ဗမာတွေလဲ ခံရပါတယ်ကွာ ဆိုရင် ဟုတ်ပါတယ်
အကုန်ခံရတာပါ လူသိများတဲ့နေရာ ကလူတွေတောင် ဒီလောက်ခံရရင် လူသိနည်းတဲ့ သတင်းလက် လှမ်းမမှီတဲ့နေရာလူတွေ ဘယ်လောက် ခံရမလဲဆိုတာ တွက်သာကြည့်ကြပါတော့ နောက်ထပ်ကျန်ပါသေးတယ် ဘုရားကျောင်းဆောက်ခွင့်မပြု တာ ဘုရားရှိခိုးခွင့်ပိတ်ပင်တာ လက်ဝါးကပ်တိုင်ဖြိုတာတွေထည့်မပြောသေးပါဘူး မဟုတ်တာပြောတယ်ဖြစ်မှာဆိုးလို့ ကချင်တွေ ကို သာမေးကြည့်ကြပါတော့ အဲလိုခံရတာ အနာတွေ ကိုပြန်တူးပီးအသစ်လုပ်နေတာမဟုတ်ဘူးနော်
အစိုးရက ကချင်အများစုဟာ သူတို့ကိုထောက်ခံကြောင်း ပြောနေလို့ ပြောပြတာပါ အစိုးရဆီဝင်လာတဲ့
ကေအိုင်အေ စစ်သား ၁၀ယောက်ကိုပြပီး ဝါဒဖြန့်ကြသေး တယ် ဒါဟာလဲ သူတို့ လက်နက်ချတာ စစ်ကိုရွံ့မုန်းလို့ပါ အစိုးရကိုထောက်ခံလို့ဝင်တာပါဆိုရင် အစိုးရစစ်တပ် ထဲထည့်ပီး တိုက်ခိုင်းကြည့်ပါလား ဝငိပါ့မလား
ဒီလိုလုပ်တဲ့အစိုးရတပ်ကို ထောက်ခံရအောင်ကချင်တွေက ရူးနေတာမှမဟုတ်တာလို့ပဲ ပြောချင်ပါတယ်
ကိုယ့်ခြံထဲလဲလာတယ် ကိုယ့်ခြံက အပင်ကိုခုတ်တယ် အဖိုးတန်ပစ္စည်းကိုယူတယ် ကိုယ်ကိုးကွယ်ယုံကြည်မှုတွေကိုလဲဖျက်စီးတယ် ကိုယ့်ကို ပါးရိုက်ပီးပိုက် ဆံတောင်းတယ် ရတဲ့ပိုက်ဆံနဲ့ ကိုယ့်ကိုနှပ်စက်ဖို့လက်နက်ဝယ်တယ် အဲလိုလူကိုထောက်ခံနေပါ တယ်ဆိုတော့ အလုပ်ခံရသူက ဘယ်လောက်တောင်ခံပြင်းလိမ့်မလဲ အစိုးရတွေးကြည့်သင့်ပါတယ် တခြားနေရာတွေမှာသာ ဝါဒဖြန့်လို့ရရင်ရမယ် အကြောင်းသိနေတဲ့ကချင်ပြည်နယ်မှာတော့ သွားလုပ်လို့မရပါဘူး
ပီးခဲ့တဲ့နှစ်က ဦးဘရန်ရှောင်အမှုကိုပဲကြည့်ပါ သူပုန်ဆိုပီးဒုက္ခသည်စခန်းကနေဖမ်းခေါ်သွားတယ်(ဘယ်လက်နက်ကိုင်အဖွဲ
့ကမှမဟုတ်တာကိုသူ့ရဲ့ပတ်ဝန်းကျင်အကုန်သိပါတယ် )စစ်တပ်ကရိုက်တယ် ရဲကလဲထုတယ် မီးစနဲ့ထိုးတယ်
တရားရုံးရောက်တော့ ဒါဏ်ရာတွေဗရပွနဲ့ သားသည်မအေဖြစ်တဲ့ သူ့မိန်းမမှာ မခံစားနိုင်လို့မေ့မျောတဲ့အထိပါပဲ
ဘေးကလူတွေရဲ့ အသည်းကိုလဲအပ်နဲ့ဆွသလိုခံစားရတယ် ဒိထက်ဆိုးတာက ဒါဏ်ရာတွေ့လို့ ဘာကြောင့်ရတဲ့ဒါဏ်ရာလဲ မေးတော့ဆိုင်ကယ်မှောက်လို့ပါလို့ တုန်တုန်ရီရီနဲ့ဖြေရှာတယ် မသင်္ကာလို့
တရားသူကြီးကအင်္ကျီချွတ်ပီးစစ်တော့တကိုယ်လုံးမှာအညိုမည်းစွဲနေတဲ့ဒါဏ်ရာတွေနဲ့တိပ်နဲ့ကပ်ထားတယ် အသံဖမ်းစက်လေးတစ်လုံးကိုကိုယ်မှာရှာတွေ့တယ်

ကဲဒါမျိုးတွေရောလုပ်သင့်ပါသလား ထားပါတော့မင်းတို့ပဲမှန်တယ် ထားပါတော့ အကုန်ထပ်ပေးတယ် အမှန်တရားကြီးကို
မင်းတို့ပဲမောင်ပိုင်စီးထားလိုက်ပါအုံ့း  အစိုးရတပ်တွေကိုကချင်တွေ ကထောက်ခံပါတယ်ထပ်ပြောလိုက်ပါအုံး
လက်တလောအခြေအနေရဲ့လတ်တလောအကြောင်းရင်း
ပကတိအခြေအနေကိုပြောပါမယ် လက်ရှိတိုက်ပွဲတွေရဲ့အစက ၂၀၀၈အခြေခံဥပဒေပါ အဲဒီဥပဒေအရ လက်နက်ကိုင်အဖွဲ့တွေအကုန်စစ်တပ်လက်အောက်သွင်းပီး လူလျှော့ကာနယ်ခြားစောင့် တပ်လုပ် ခိုင်းပါတယ် ငြင်းပယ်တဲ့အဖွဲ့ကိုပက်ပက်စက်စက်နှိပ်ကွပ်ပါ တယ် အထူးဒေသ (၄)ကမိုင်းလား အဖွဲ့ကိုကြည့်ပါ အဖွဲ့ကြီးတဲ့ ဝကိုကျတော့သူတို့လိုချင်တာမရှိတဲ့အပြင်အား ကတောင့် တိုက်ဖို့ ခက်တာသိတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးလိုက်ပါတယ် အခု ဒီကေဘီအေက အစပိုင်းပဲ လက်ခံ ပီးနောက်ပိုင်း အလိမ်ခံရပီဆိုပီး နယ်ခြားစောင့်တပ်မလုပ်ပဲ ပြန်တိုက်လို့ အသာထိန်း ထားရပြန်ပါတယ် အလားတူပဲ မွန်ပြည်သစ်နဲ့ KNUတော့ ဆက်မထိတော့ပါဘူး စစ်မျက်နှာသုံလေးဘက် ဖွင့်နေရင် တိုက်ပွဲအောင်မြင်အောင်ဖော်ဆောင်ဖို့လဲ မလွယ် အသွင်ကူးပြောင်းရေးကာလလို့ ကမ္ဘာ ကိုပြော မရမှာ ကြောက်ပုံရပါတယ် အဲဒါကြောင့် အခုတိုက်နေတဲ့ကေအိုင်အေ ကိုလဲ တိုက်တယ် လို့ ဗြောင် မပြောရဲပါဘူး လျှပ်စစ်ဓာတ်အားပေးတိုင်ကို ကာကွယ်တာပါလို့ပြောပါတယ် ..ကျနော့်အမြင်ပြောရရင်တော့ ကေအိုင်အိုက အလိမ်ခံခဲ့ရတာပါ ငြိမ်းချမ်းရေးကာလမှာ အစိုးရက ကချင်ပြည်နယ်ထဲစစ်တေပ်တွေတိုးချဲ့ဆောက်ပါတယ် အေအိုင်အိုတပ်ရင်းတွေအနီးမှာကိုဆောက်ပါတယ်
အခြေခံဥပဒေပီးတော့မှ ဝက်အူကိုတဆင့်ထပ်ရစ်လိုက်တာပါ အစိုးရက လိုင်ဇာကိုမသိမ်းဘူး
ပြောတယ် လိုင်ဇာပတ်ဝန်းကျင်ကိုတော့ပတ်ဝိုင်းပါတယ် စစ်လက်နက်တွေ စစ်သားတွေ အလုံးအရင်းပို့လို့ရထားလမ်းမိုင်းခွဲတော့ဝါဒဖြန့်ဖို့အကွက် ရပြန်ပါတယ်တိုက်ပွဲတွေ မလိုချင်ဘူး ဆိုရင် ငြိမ်းချမ်းရေးကာလထဲကဘာလို့စစ်တပ်တွေကိုမဆုတ်ခွာခဲ့ တာလဲနိုင်ငံရေးအရ ညီကိုချင်းဆွေးနွေးချင်တယ်ဆို စစ်တပ်ဆုတ်ခွာချိန်အများကြီးရခဲ့ပီးသားပါ
(၁၉၉၄ကနေ ၂၀၁၁ အထိဘာလုပ်နေလဲ) အခုသူတို့ကမဆုတ်ပဲ ကေအိုင်ကေက ဆုတ်ပေးရမယ်ဆိုတော့ မထူးဘူး
တရုတ်ပြည်ထဲသွားနေဖို့သာကျန်ပါတော့တယ် အခုဖြစ်တဲ့စစ်က မြန်မာပြည်မကိုအေအိုင်အေကလာ
ကျူးကျော်တာမဟုတ်ပါဘူး သူ့ဘာသူလာတိုက်နေတာပါ သူတို့လာမတိုက်ရင် ဒီဓာတ်အားပေးတိုင်ကြီးကို
ကေအိုင်ကေက ဘာလုပ်ရမလဲ ဗုံးခွဲချင်ရင် ခွဲတာကြာပီပေါ့ ..ဓာတ်အားပေးတိုင် ဖွင့်တဲ့အချိန်က ဦးသိန်းစိန်ကိုယ်တိုင်လာဖွင့်သွားတာ အေအိုင်အေကဘာလုပ်ခဲ့လို့လဲ အေးအေးချမ်းချမ်းမို့လာလို့ရတာ မဟုတ်ဘူးလား
တော်ကီနဲ့ချုပ်တာမျိုးဟာအလုပ်မဖြစ်တော့ပါဘူး အခုနှစ်ဖက်လုံးပြောနေတာက စစ်ပွဲကိုရပ်ချင်ပီး နိုင်ငံရေးအရဆွေးနွေးဖို့ပဲ လိုလားတယ် ဒါပေမယ့် မယုံသင်္ကာဖြစ်နေတာ့ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် လို့ဆိုပါတယ်
မြင်မိတာကတော့ဆွေးနွေးပွဲတွေမှာ BGF လုပ်ဖို့ပဲဆက်ပြောနေရင် ဆွေးနွေးပွဲအောင်မြင်မယ်မထင်ပါဘူး
ဒီလိုလုပ်ရမလိုဖြစ်နေပီ
ကျနော့်အစိတ်ကူးပြောရရင်တော့ စစ်ပွဲပီးဆုံးကြောင့်းကြေငြာချက်ကို သတင်းစာ ရေဒီယို ရုပ်မြင်သံကြားတွေကနေအေအိုင်အေ ဗိုလ်ချုပ်တစ်ယောက် အစိုးရဗိုလ်ချုပ်တစ်ယောက် ပူးတွဲပီးတရားဝင်ကြေငြာသင့်ပါတယ်
တိုက်ပွဲပီးပီ ရပ်လိုက်ကြတော့ တပ်တွေလဲမဆုတ်ကြနဲ့ (ဆုတ်ရင် ဆုတ်ကာကာပစ်နေရဦး မယ်လေ အဲတော့ရောက်တဲ့နေရာ မှာ ငြိမ်ငြိမ်လေးထိုင်နေကြပါ) မင်းတို့ဆီငါတို့လာခဲ့မယ် တို့လာခေါ်မှထွက်ကြ ဆိုပီးတိုင်းရင်းသား အရေးကြားဝင်ပေး ဖို့တောင်းဆိုနေတဲ့ ဒေါ်အောင် ဆန်းစုကြည်ရယ် မကြာခင်ကအေ အိုင်အေ စခန်းတွေကိုရောက်ခဲ့တဲ့ ဦးမင်းကိုနိုင်တို့ရယ် ကေအိုင်အေ ဗိုလ်ချုပ်တွေရယ် အခုငြိမ်းချမ်းရေးအဆင်ပြေနေတဲ့ KNUခေါင်းဆောင်တွေ ဒီကေဘီအေ ခေါင်းဆောင်တွေ ရှမ်းခေါင်းဆောင်တွေ အစိုးရဖက်က ဥိးအောင် မင်းတို့ နဲ့ စစ်ဗိုလ်ချုပ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး မစ်ရှင် အဖွဲ့ဖွဲ့ပီး ရှေ့ တန်းတပ်စခန်းတွေရှိရာ ကိုသွား ပီးဖျောင်းဖြကြပါ ဘာလို့လဲဆိုတော့အခုဟာက ဗိုလ်ချုပ်တွေ ကမတိုက်ချင်တော့ဘူး ငယ်သားတွေ ကတိုက်ချင်သေးလို့တိုက်နေရတဲ့ ပုံစံပြောနေလို့ပါ) ပီးရင် နှစ်ဖက်တပ်က လူတွေကိုချစ်ကြည်ရင်းနှီးအောင် တဖက်နဲ့တဖက်ဆယ်ယောက်တဖွဲ့ခေါ်ခေါ်တွေ့ ပီးမျက်နှာပြခိုင်းကြ မိတ် ဆက်ကြပါ ဘောလုံးအသင်းခွဲပီး အစိုးရစစ်တပ် ထဲကလူနဲ့ကေ အိုင်အေ အဖွဲ့ကလူ ရောထွေးပီး ဘောလုံးတစ်သင်းစီလုပ်ပီးကန်ခိုင်းပါ တစ်သင်းထဲမှာနှစ်ဖက်လုံးပါပါစေတဖက်စီထားရင်ထချကြဦးမယ်)အဲဒီအစီစဉ်မကောင်းဘူးလားဗျာ ငြိမ်း ချမ်းရေးအဖွဲ့လဲလူစုံတက်စုံဖြစ် တာပေါ့ ဒေါ်စုကလဲ အစိုးရမီးစိမ်းပြဖို့လိုတယ်ပြောထားတာပဲ အခြားတိုင်းရင်းသားတွေကလဲဝင်ကူမှာပါပဲ တကယ်လုပ်ချင်ရင် ဘာများခက်တာရှိပါသလဲဗျာ

သမိုင်းကြောင်းနဲ့ကိုယ်မြေကိုယ်စိုးပိုင်ခဲ့တာ
မြန်မာပြည်တိုင်းရင်းသားတွေအကုန်လုံးဟာ တိဘက်မြန်မာနွယ်ဝင်တွေ မွန်ဂိုလွိုက်တွေလို့ သမိုင်းက ဆိုပါတယ်မြန်မာလိုပဲ ကျန်တဲ့ ယိုးဒယား ကမ်ပူးချားတို့ဟာလဲ ဒီအနွယ်တွေထဲ မှာပါတယ်လို့ဆိုပါတယ် အခုမြန်မာပြည်လို့ခေါ်ဆိုနေတဲ့နေရာမှာ အခုမြန်မာတိုင်းရင်းသားများလို့ ခေါ်ဆိုနေတဲ့သူတွေဟာ နှစ်ပေါင်းရာထောင်ချီသမိုင်းတွေနဲ့ သူ့နေရာနဲ့သူ တကွဲတပြားနေထိုင်ခဲ့ကြတာကိုလေ့လာသိရှိရပါတယ် သူ့လူမျိုးကိုသူ သူ့ဒေသအသီးသီးအုပ်ချုပ်နေထိုင်ခဲ့ပါတယ် သပ်သပ်စီပါပဲ သမီးပေးသမက်ယူ ပဏ္ဏာဆက် တည့်တဲ့အခါတည့်
မတည့်တဲ့အခါချ အရင်ခေတ်နိုင်ငံရေးဆိုတာ ခေါင်းဆောင်တွေရဲ့သဘောထားအပေါ်မှီနေရပီးတိုင်းရင်းသားစည်းလုံး
ညီညွှတ်ရေးဆိုတာစကားအဖြစ်တောင်မရှိပါဘူး သက်သပ်ဆီနေလာခဲ့ကြတာပါ ဘယ်တုန်းကမှ ပြည်ထောင်စုမဖြစ်ခဲ့ပါဘူး
အခု ပြောနေကြတဲ့ပထမဒုတိယ မြန်မာနိုင်ငံတော်ကြီးတွေဆိုတာ ပြည်ထောင်စုစိတ်ဓာတ်နဲ့တည်ဆောက် ထားတာမဟုတ်ပါဘူး လက်နက်အားကိုးသိမ်းပိုက်ထားလို့သာခံနေရတဲ့သဘောပါ အဲဒါကြောင့် အမြဲပြိုကွဲခဲ့တာလဲသမိုင်းကသက်သေပါပဲ ဗြိတိသျှတွေဟာ သူတို့ရဲ့နေမဝင်အင်ပါယာကြီးကို တမ်းတကောင်းတမ်းတမယ် ရွှေရောင်ခေတ်ကြီးလို့ဆိုချင်ဆိုမယ် ဒါပေမယ့် ကိုလိုနီပြုခဲ့ရတဲ့ နိုင်ငံလေးတွေအတွက်အတော့နေမဝင်အင်ပါယာကြီးဟာ မိစ္ဆာကြီးပါ

ဆန်မရှိစောက်စားကြီးဆိုချင်ဆို ကိုယ့်နေရာကို ကိုယ့်လူမျိုးပဲအုပ်ချုပ်ချင်တယ် ဆိုတဲ့ဗိုလ်ချုပ်ရဲ့တော်လှန်ရေးအမြင်နဲ့လက်ရှိအစိုးရဝန်ကြီးစကားကွာခြားချက်
အခု စစ်တက္ကသိုလ်တွေမှာ အဲဒိရှေးစစ်ဘုရင်တွေရဲ့ရုပ်ထုကြီးတွေကိုတခမ်းတနား ထုလုပ်ထားတာဟာ စစ်အစိုးရရဲ့ပြည်ထောင်စုစိတ်ဓာတ်ကိုနားမလည်မှုပါပဲ ဘယ်လောက်ထိနားမလည်နိုင်ဘူးဖြစ်နေလဲဆိုရင် ဝန်ကြီးဦးအောင်မင်း အင်တာဗျူးမှာပြောသွားတယ် "တိုင်းရင်းသားတွေလက်နက်ကိုင်တာ စီးပွားရေးအဆင်မပြေလို့ပါ တဲ့" ကဲ ရှင်းရောဝန်ကြီးတစ်ယောက်ကကိုအဲလိုနားလည်ထားတာဆိုတော့ ပွဲကိုသိမ်းရောပေါ့ အင်္ဂလိပ်ကအမျိုးမတူလို့ အုပ်ချုပ်တာလက်မခံနိုင်ရင် အနီးလေးမှာရှိတဲ့မျိုးနွယ်တူ တိဘက်တို့ယိုးဒယားတို့ကငါတို့စေတနာနဲ့အုပ်ချုပ်ပေးမယ်ဆိုရင်ကော မြန်မာပြည်သူတွေလက်ခံနိုင်ကြပါ့ မလား မခံနိုင်ဘူးဆိုရင်တော့ ဆက်ပြောရပါဥိးမယ်

နာမည်ကြီးပင်လုံအကြောင်းပေါ့ လူသိများပေမယ့် မပါမဖြစ်ဖို့ထပ်ကိုးကားပါ ရစေပြည်ထောင်စုစိတ်ဓာတ်နဲ့ပြည်ထောင်စု
အကြောင်းပြောရင် ပင်လုံဟာစစ်မှန်တဲ့ပြည်ထောင် စုစိတ်ဓာတ်ကို မွေးဖွား သန့်စင်ခြင်းနဲ့အတူမြန်မာ့လွတ်လပ်ရေးကို
တပြည်ထောင်လုံးစုပီး ရယူပေးခဲ့တဲ့အကြောင်းအရာဖြစ်နေလို့ပါပဲ လွပ်လပ်ရေးမတိုင်မီက
မြန်မာပြည် လို့သူတို့သတ်မှတ်ထားတဲ့နေရာကို သူတို့ကိုလိုနီ ယန္တယားကြီး ရေရှည် လည် ပတ်နိုင်အောင်ထပ်မံသပ်သလျိုပီး
ဘုရင်ခံ အုပ်ချုပ်သော နယ်မြေ ဘုရင်တိုက်ရိုက် အုပ်ချုပ်သောနယ်မြေ ၊ ကိုယ်ပိုင် အုပ်ချုပ်ရေး ရနယ် မြေ တွေအဖြစ်
သတ်မှတ် အုပ် ချုပ် ခဲ့တယ်လို့သိရပါတယ် အင်္ဂလိပ်ကိုတော်လှန်ခဲ့တာလဲ နေရာအသီးသီးပေါ့ တစုတစည်းထဲမရှိခဲ့ပါဘူး
သူလဲသူ့နေရာ က အဂ်လိပ်ကိုတော်လှန်ကိုယ်လဲကိုယ့်နေရာက အင်္ဂလိပ်ကိုတော်လှန် ကယားပြည် နယ်ကတော့အင်္ဂလိပ် မြန်မာ စစ်ပွဲအတွင်း က စာချုပ်အတိုင်း သီးခြားလွပ် လပ်သောနယ် အဖြစ်နေခွင့်ရခဲ့ပါတယ်

တောင်တန်းပြည်မပူးပေါင်းဖို့ အခက်ခဲတွေကြားက ကြိုးစားခဲ့ရ
လွတ်လပ်ရေးရယူမယ်ဆိုတော့လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလဟာ တောင် တန်းဒေသတွေကိုချန်လှပ်ပီး ဗမာပြည်လွတ်လပ်ရေးပေးမည်ဆိုတာကို ကန့်ကွက်သော် လည်း တောင်တန်းဒေသမပါပဲလဲ ယူတန်ယူရမှာဟု ဆိုတဲ့အတွက် တိုင်းရင်းသားများက တန်းတူညီမျှရေး ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ခွဲထွက်ခွင့်ကိုအာမခံပါကအတူတကွလွတ်လပ်ချင်ပါတယ်
လို့တာင်းဆိုသောကြောင့်သာ ပင်လုံညီလာခေါ်ဖြစ်ပေါ်လာပီး ပြည်ထောင်စု တည်ထောင်လို စိတ်များ မွေးဖွားလာတာလို့လေ့လာသိရှိရပါ တယ် ဘုံရန်သူဂျပန်ကိုတော်လှန်စဉ်ကရခဲ့သော ညီညွှတ်မှုကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများက ထပ်မံ၍လက်တွေ့အကော်ထည်ဖော်လိုက်ခြင်းဟုယူဆမိပါတယ်  ဗိုလ်ချုပ်ရဲ့ရိုးသားပွင့်လင်းမှု များဟာ တိုင်းရင်းသားခေါင်ဆောင်တွေရဲ့မယုံသင်္ကာမှုတွေကို လွင့်စင်စေခဲ့ပါတယ်
ဗိုလ်ချုပ်ပြောစကားများကို ပြန်လေ့လာကြည့်တဲ့အခါ ခွဲထွက်ခွင့်သည် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးဖြစ် မခွဲထွက်ချင်အောင် လူများစုဗမာများကလုပ်ပြရမည်ဟုဆိုသည် တဖန်ကချင်ပြည်နယ်သို့ ဗိုလ်ချုပ်ရောက်သောအခါတွင်လည်း သီးခြားကချင်နိုင်ငံတော့မထူထောင်ပါနဲ့ အကယ်၍နောင်တချိန်တွင် ကချင်လူမျိုးစုများအပေါ် နှိပ်စက်ကလူပြုပါက ဒူဝါးကြီးတို့နှင့်အတူ ကချင်နိုင်ငံထူထောင်ရေးမှာ
တက်တက်ကြွကြွပါဝင်ပါမည်ဟု ကတိပေးခဲ့ဖူးတာကိုတွေ့ရပါတယ်
ဗိုလ်ချုပ်ရဲ့ပင်လုံကတိကဝတ်များနဲ့တိုင်းပြုပြည်ပြုလွှတ်တော်မှာဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းပီး တိုင်းရင်း သားကိုယ်စားလှယ်တော်များထောက်ခံခဲ့တဲ့ အဆိုတွေကို လေ့လာကြည့်ကြပါကုန် ဒါပေမယ့်ဗိုလ်ချုပ်တို
့ခေါင်းဆောင်တွေကျဆုံးသွားခြင်းနဲ့အတူတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာယိမ်းယိုင်ခဲ့ပါတယ် ဗိုလ်ချုပ်ချပေးတဲ့အခြေခံဥပဒေရေးဆွဲရန်မူများကိုလဲပစ်ပယ်လိုက်ကြပါတယ် တိုင်းရင်းသားခေါင်းဆောင်များကတော့ဗိုလ်ချုပ်တို့လောလောလတ်လတ်ကျဆုံး ထားခြင်း ဥပဒေစကားများထက် စိတ်ဓာတ်ကိုကိုယုံမိခဲ့ခြင်း လွတ်လပ်ရေးအမြန်ရယူရန် အခြေခံဥပဒေတစ်ခု ရှိရမည်ဆိုတဲ့အတွက် သိပ်ဈေးမဆစ်တော့ပဲ ဦးနုရဲ့ ၁၉၄၇ အခြေခံဥပဒေကိုလက်ခံလိုက်ကြပါတယ်
ဦးနုရဲ့၁၉၄၇အခြေခံဥပဒေဟာ ပြည်ထောင်စုစနစ်မဟုတ်ပါဘူးတပြည်ထောင်စနစ်ကို ပြည်ထောင်စုပုံစံ သဘောဖြစ်အောင်ရေးဆွဲခဲ့တာပါလို့ ရေးဆွဲခဲ့သူဥပဒေပညာရှင်ဦးချန်ထွန်းကိုယ်တိုင်နောက်ပိုင်းမှာဝန်ခံခဲ့ရ ပါတယ်

ခွဲမထွက်ခွင့်ရှိတာတောင်ခွဲမထွက်ပဲ ရန်ကုန်အစိုးရကို ကူညီခဲ့
အခြေခံဥပဒေအားနည်းချက်ကြောင့် တိုင်းရင်းသားအခွင့်ရေးများအတွက် မကြေမနပ်ဖြစ်လာကြတယ်
နိုင်ငံရေးပါတီများ ဂိုဏ်းဂဏစွဲပြင်းထန်မှုနဲ့ ကရင်တိုင်းရင်းအခွင့်အရေးဆုံးရှုံးမှု များကြောင့် ပြည် တွင်းစစ်ဖြစ်ရာက စစ်တပ်ရဲ့အခန်းကဏ္ဍမြင့်လာ ပီး ၁၉၅၈ မှာ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပါတယ် အဲဒီရန်ကုန်အစိုးရအခေါ်ခံနေရတဲ့အချိန်မှာတောင် အခန်း (၁၀)မှာဖော်ပြထားတဲ့ခွဲထွက် ပိုင်ခွင့်ကိုအသုံးချပီးခွဲမထွက်ခဲ့တာ သတိပြုသင့်ပါတယ်
ကချင် ကယား ချင်း ရှမ်း တွေဟာပြည်ထောင်စုကိုကာကွယ်ခဲ့တာ သမိုင်းကသက်သေပါပဲ ၊၁၉၆၀ ရွေးကောက်ပွဲအပီးမှာပြန်တက်လာတဲ့ဦးနုဟာပထမအခြေခံဥပဒေအားနဲ့ချက်နဲ့သူ့အမှားတွေကိုသိပီး အခြေအနေကိုသဘောပေါက်တာမို့ အချိန်မဆွဲတော့ပဲ့အခြေခံဥပဒေပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် လွှတ်တော်ထဲမှာ ပထစအမတ်တွေနဲ့တိုင်းရင်းသာအမတ်တွေပေါင်းရင်
ပြင်လို့ရနေတဲ့အနေ အထားဖြစ်နေပါပီ အဲဒါကြောင့်ဗိုလ်ချုပ်ရဲ့အခြေခံမူ(၄)ချက်နဲ့ လမ်းညွှန်ချက်(၇) ချက်ကိုဥိးထိပ်ထားပီးပင်လုံမူအတိုင်း တိုင်းရင်းသားပေါင်းစုံလွတ်လပ်ရေးအရသာ ခံစားပီးကျေနပ်နိုင်မယ့် အခြေခံဥပဒေရေးဆွဲဖို့ ၁၉၆၂ ဖေဖဝါရီမှာ လူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်ထောင် စုမူ(ဖယ်ဒရယ်မူ)နှီးနှော ဖလှယ်ပွဲကြီးကိုကျင်းပခဲ့ပါတယ်
ပထစအစိုးရခေါင်းဆောင်အသီးသီးနဲ့လွှတ်တော်အမတ်များတိုင်းရင်းသားခေါင်းဆောင်များ နိုင် ငံရေးခေါင်းဆောင်အသီးသီးတက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ဒါကိုအကွက်ချောင်းနေတဲ့ ဗိုလ်ချုပ်နေဝင်း ဟာ အဲလိုတက်ရောက်ဆွေးနွေးကြသူတွေအကုန်လုံးကိုဖမ်းဆီးပီးအခြေခံဥပဒေကိုဆွဲဖြဲကာ အာဏာသိမ်းပီး တိုင်းပြည်ကိုကယ်တင်တာပါလို့ ဗြောင်လိမ်ခဲ့ပါတယ်

ဗိုလ်ချုပ်လမ်းစဉ်ကိုလိုက်မလား ဗိုလ်နေဝင်းလမ်းစဉ်ကိုလိုက်မလား
ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်နဲ့သွေဖယ်ပီ့း သူ့အာဏာတည်မြဲအောင်တပ်မတော်ကိုခုတုံးလုပ်ကာတပါတီ
အာရှင်စနစ်ထူထောင်ပါတယ် ခေါင်းဆောင်ပိုင်းတွေနဲ့စစ်သားတွေဟာဗမာအများစုဆိုတော့ ဗမာနဲ့တိုင်းရင်းသားကိုအောင်အောင်မြင်မြင်သွေးခွဲနိုင်ခဲ့ပါတယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးလဲပြိုကွဲသွားခဲ့ပါတယ်တိုင်းပြည်လဲမွဲသွားပါတယ်
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးလို့ တို့တာဝန်အရေး(၃)ပါးမှာထည့်ထားတာတွေ့ရပါတယ် စည်းလုံးညီညွှတ်မှုမပြိုကွဲရေးဆိုတာ ရုပ်မပြိုကွဲရေးထက်စိတ်မပြိုကွဲရေး ကိုဦးစားပေးသင့် တယ်လို့ယုံကြည်ပါတယ် စိတ်ပြိုကွဲတဲ့အခါ ခွဲထွက်စရာအကြောင်းရင်းရှိရင် ခွဲထွက်ခွင့်မပြဌာန်း ပဲပါကစ္စတန်ကနေဘင်္ဂလားခွဲထွက်သလိုချက်ကိုစလိုဗက်ကနေစလိုဗက်ခွဲထွက် သလိုခွဲထွက် ကုန်တာသက်သေပါပဲ.ဆိုဗီယက်နဲ့ယူဂိုဆားဗီးယားခွဲထွက်ခွင့်ကြောင့်ခွဲထွက်
ကုန်တယ်လို့ပြောနေပေ မယ့် အဓိက က ကွန်မြူနစ်အာဏာရှင်စနစ်ကြောင့်ဒီမိုကရေစီမထွန်းကားပဲ ဖိနှိပ်ခံရလို့သာခွဲထွက်ခွင့်ကိုအသုံးပြုခဲ့တာပါလို့ပညာရှင်များကဆိုပါတယ် ဒီမိုကရေစီထွန်းကားတဲ့ ဖဒရယ်ပြည်ထောင်စုတွေဖြစ်တဲ့အမေရိကန်နဲ့ ဆွစ်ဇာလန်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲလို့ လဲထောက်ပြကြပါတယ်

ကေအိုင်အိုမှားတယ်ထားအုံး ကေအိုင်အိုမရှိလဲ တော်လှန်ရေးရှိနေမှာပဲ
အခုကေအိုင်အိုစစ်ပွဲကိုပြောချင်တာအဓိမဟုတ်ပါဘူးတိုင်းရင်းသားတွေရဲ့လိုလားချက်မပြည့်စုံရင် ကေအိုင် အိုမရှိလည်းတော်လှန်ရေးဆက်ရှိနေအုံးမှာပါပဲ လက်နက်ကိုင်တော်လှန်ရေးမရှိတော့ရင်တောင် စိတ်ထဲမှာတော့အမြဲတော်လှန်နေမှာမို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ စိတ်မပါတဲ့ ရုပ်ချည်းသက်သက်ပဲဆိုရင်စည်းလုံးညီညွတ်တယ်မခေါ်နိုင်ပါဘူး အဲဒါကြောင့်တိုင်းရင်းသားအပေါင်းရဲ့ မူအခွင့်အရေးဖြစ်တဲ့ ဖယ်ဒရယ်မူပါဝင်တဲ့ အာဏာခွဲဝေမှုမျှတတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို သာတောင့်တမိပါတယ်

ကိုးကား - ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ဖော်ဆောင်ရေး (ခွန်မာရ်ကိုဘန် (ဖယ်ခုံလွှတ်တော်ကိုယ်စားလှယ်) )
တာတေစနေသား (ဦးနု)
မန်စုမှသည်ပန်ဆိုင်းဆီသို့ (ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော)
(ကချင်ပြည်စစ်ပွဲတွေနဲ့အပြိုင် သတင်းတစ်ပုဒ်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ၅၁ခုမြောက်ပြည်နယ်
ဖြစ်စေဖို့ ပွာတိုနိုင်ငံသားတွေကဆန္ဒပြုလိုက်တဲ့သတင်းပါပဲ ပုံဖော်ပြပေးလိုက်ပါတယ်)https://www.facebook.com/notes/%E1%80%9E%E1%80%B6%E1%80%9C%E1%80%BC%E1%80%84%E1%80%B9-%E1%80%9B%E1%80%9B%E1%80%85%E1%80%B9/%E1%80%96%E1%80%9A%E1%80%B9%E1%80%92%E1%80%9B%E1%80%9A%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%AF%E1%80%91%E1%80%B0%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8/576610979031474
လင်္ကာ
မှ ကူးယူဖော်ပြပါသည်။

အီရန်သံအဖွဲ့ရဲ့ ရခိုင်ခရီးစဉ်

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ပြန်လည် ထူထောင်ရေးကိစ္စတွေကို အစိုးရက အဆင်ပြေအောင် စီစဉ်ဆောင်ရွက်နေပေမယ့် လတ်တလောမှာ လိုအပ်ချက်တွေများစွာ ရှိနေသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian က သူ့ရဲ့ရခိုင်ခရီးစဉ်အပြီး RFA ကို ပြောကြားလိုက်ပါတယ်။
 
ထိုင်းနိုင်ငံဆိုင်ရာ အီရန် သံအမတ်ကြီး ဦးဆောင်သည့် အီရန်သံအဖွဲ့ စစ်တွေလေဆိပ်သို့ ဆိုက်ရောက်လာစဉ်။
 
ဒီကနေ့မနက်ပိုင်းက စစ်တွေဟိုတယ်မှာ သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သံအမတ်ကြီးက ကျနော်တို့မနေ့က ကယ်ဆယ်ရေးစခန်း ၅ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာမြင်တွေ့ခဲ့ရတာကတော့ နံပါတ် ၁က အစားအသောက်ရယ်၊ နံပါတ် ၂က ဆေးဝါးလုံလောက်မှုမရှိတာရယ်၊ တတိယအချက်အနေနဲ့ကတော့ နေထိုင်ရေးကိစ္စတွေမှာ အခက်အခဲဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်၊ ဒါတွေဟာ ဒုက္ခသည်စခန်းအားလုံးမှာ လတ်တလော လိုအပ်နေတဲ့အရာတွေပဲ ဖြစ်ပါတယ် လို့ ပြောသွားပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာ လတ်တလောလိုအပ်ချက်တွေကို စီမံဖြည့်ဆည်းပြီးမှ ရေရှည်အတွက် ဆက်လက်လုပ်ကိုင်ရမယ့်အရာတွေကို စဉ်းစားသင့်ကြောင်း သံအမတ်ကြီးက ဆိုပါတယ်။
 
အဲဒီအဖွဲ့နဲ့အတူပါလာတဲ့ အီရန်ပါလီမန်အမတ် Mr. Mansoor Pour ကလည်း ဒုက္ခသည်တွေအနေနဲ့ မြေပြင်ပေါ်မှာဆောက်ထားတဲ့ ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့အတွက် အတော်ဒုက္ခရောက်နေကြောင်း၊ ဒါတွေကိုအစိုးရအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းဖို့လိုအပ်ကြောင်း၊ ဒါ့အပြင် ဒုက္ခသည် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးဖို့လည်း လိုအပ်ကြောင်းပြောပါတယ်။
 
အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် လိုအပ်တာတွေကို အကူအညီတွေပေးသွားဖို့အသင့်ရှိပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ နေထိုင်နိုင်တဲ့ ယာယီတဲအိမ်တွေကို လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mr. Hossein Kamalian အပါအဝင် အီရန်ပါလီမန်အမတ် ၃ဦးနဲ့ အီရန်လခြမ်းနီအဖွဲ့က ကိုယ်စားလှယ်တွေဟာ မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
 
အဲဒီအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် စားသောက်ကုန်အချို့နဲ့ ဆောင်းရာသီမှာ အဓိကလိုအပ်နေတဲ့ စောင်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါ တယ်။
 
အီရန်သံအဖွဲ့အနေနဲ့ ဒုက္ခသည်ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် မနေ့က ညနေပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ၊ နှစ်ဘက်စလုံးက ကိုယ်စားလှယ်တွေနဲ့ ၂နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
 
ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေအနေနဲ့ ရခိုင်ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နှစ်ဦးနှစ်ဘက် ပြန်လည်သင့်မြတ်စွာ နေထိုင်နိုင်ရေးမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက် အီရန်နိုင်ငံမှာလည်း ဘာသာကွဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ အဖွဲ့အစည်း ၂ခုက ကိုယ်စားလှယ်တွေကို အီရန်နိုင်ငံကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
 
ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ ၁၀သန်းကို ထောက်ပံ့လှူဒါန်းသွားဖို့ ရှိတယ်လို့လည်း ဒီဆွေးနွေးပွဲမှာ အီရန်ပါလီမန်အမတ်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 RFA
မှ ကူးယူဖော်ပြပါသည်။

ဗုံးခိုကျင်းပြို ဒုက္ခသည် ကလေး ၃ ဦးသေ

               
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းက မိုင်ဂျာယန် ဒုက္ခသည်စခန်းမှာ လုံခြုံရေးအတွက် ဗုံးခိုကျင်း တူးဖော် နေစဉ် တွင်းပြိုကျတာကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရစစ်တပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ဒီလို ဗုံးခိုကျင်းတွေ တူးဖော်နေကြ တာလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အတွင်းမှာ ရထားမိုင်းခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ စစ်လေယာဉ် တွေ သုံးတိုက်ခိုက်တာတွေရှိပြီး စစ်ရေးအရှိန်မြင့်လာနေတဲ့တချိန်တည်းမှာတော့ KIO ထိန်းချုပ်ရာ ဒေသမှာ ခိုလှုံရောက်ရှိနေတဲ့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ လုံခြုံရေး အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်လာနေကြရပါတယ်။

အထူးသဖြင့်တော့ ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်က KIO ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူ၃ယောက်သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြီးတဲ့နောက်မှာ KIA တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန်ဒေသက ဒုက္ခသည်စခန်းတွေ မှာလည်း လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ တူးဖော် လာကြပါတယ်။ မနေ့ကတော့ ဗုံးခိုကျင်း တူးဖော်နေဆဲမှာ တွင်းပြိုကျခဲ့တာကြောင့် ကလေးငယ် ၃ ယောက်သေဆုံးခဲ့တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်တွေကို ကူညီနေတဲ့ ၀မ်ပေါင်နိမ်းထွဲခေါ် ဘ၀အလင်းကူညီရေးအဖွဲ့က မမေလီအောင်က ပြောပါတယ်။

“ဒုက္ခသည်တွေ အခြေအနေက တရုတ်ဖက်ကလည်း အစတည်းက မောင်းထုတ်ထားတာ ရှိတော့ ဟိုဖက်ကမ်း မကူးနိုင်ဘူးလေ။ လက်မခံတဲ့ဟာမျိုးဆိုတော့။ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါးဖြစ်နေလည်း ဒုက္ခသည်တွေက ကိုယ့်စခန်းမှာ ဒီတိုင်းပဲရှိနေတယ်။ တချို့က လေယာဉ်လာတိုက်တယ်ဆိုတော့ ကတုတ်ကျင်းတွေ တူးတာပေါ့။ မိုင်ဂျာယန် ဒီဘက်နားမှာရှိတဲ့ စခန်းတွေမှာလည်း ကတုတ်ကျင်းတူးတယ်။ တူးတော့ မနေ့က ကတုတ်ကျင်း တူးရာကနေ မြေပြိုပြီးတော့ ကလေး ၃ ယောက်သေသွားတယ်။ ဒီနေ့ အသုဘ ချပြီးသွားပြီ။”

သေဆုံးသွားတဲ့ကလေးတွေဟာ အသက် ၁၀ နှစ်နဲ့ ၁၃ နှစ် ကြားအရွယ်တွေ ဖြစ်ကြောင်းနဲ့ ဖြစ်ပျက်ပုံကို သူက အခုလို ဆက်ပြောပါတယ်။

“ကတုတ်ကျင်းက တူးနေရင်းတန်းလန်း၊ သစ်တုံးတွေလည်း ဘာတွေလည်း မခုရသေးဘူးလေ။ အဲလိုလည်း မလုပ်ရသေးတဲ့အချိန်မှာ ကလေး ၄ ယောက်လောက်က သွားဆော့တာ။ တူးဆော့တာ။ လူကြီးတွေ ထမင်းစား နေတုန်း ကလေးတွေက ကျင်းထဲ ၀င်သွားလိုက်တာ။ အဲဒါနဲ့ ပြိုကျပြီးတော့ တယောက်က လွတ်သွားတယ်။ ၃ ယောက်က အဲဒီမှာပဲ ပွဲချင်းပြီး သေသွားတယ်။ မိုင်ဂျာယန်မှာက အစတုန်းက မတူးပါဘူး။ လိုင်ဇာမှာက ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်တုန်းက အရပ်သားတွေ ထိတယ်လေ။ ၃ ယောက်ထိတဲ့ကိစ္စလေ။ အဲဒါဖြစ်ပြီးတော့ မဖြစ်တော့ဘူး ဆိုပြီးတော့ မိုင်ဂျာယန်ဘက်က စခန်းတွေလည်း တူးကြတာ။”

မိုင်ဂျာယန်ဒေသဘက်မှာ မနေ့ညကအထိတိုက် ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အရင် ၃ ရက်လောက်ကတော့ လေယာဉ်သုံးပြီး တိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဘက်မှာလည်း ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပြန်လည် ဖြစ်ပွား နေကြောင်းနဲ့ လက်ရှိအခြေအနေကိုတော့ ဖားကန့်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဖားကန့်အခြေအနေကတော့ မှော်ထဲဘက်တွေတော့ လက်နက်ငယ်သံတွေကြားရတယ်။ ဒီနေ့ပါဆိုရင် ပြောမယ်ဆိုရင် ၃ ရက်လို့ ပြောရမှာပေါ့။ ပြောက်ကျားပြောက်ကျားလေးတွေပါ။ နာရီဝက်ခြားလိုက် တနာရီခြားလိုက် အဲလိုတွေပါ။ ဒါပေမဲ့ တဖက်နဲ့ တဖက် အသေအပျောက် သတင်းတော့ မရပါဘူး။ မနေ့တုန်းက ကျောင်းပိတ်တယ်လေ။ မနေ့တုန်းက ပိတ်ရတဲ့ အကြောင်းရင်းက ဗျူဟာကုန်းနဲ့ ဖားကန့် အထက်တန်းကျောင်းနဲ့က နီးတယ်လေ။ ဗျူဟာကုန်းက သေနတ်သံက မကြားတာက ကြာနေပြီလေ။ လေးချက်။ ၅ ချက်လောက် ကြားတဲ့အတွက် ကျောင်းသားတွေနဲ့ နီးလို့ ကျောင်းဆရာ၊ ဆရာမတွေက ပိတ်ပေးတာပါ။ မနေ့က တရက်ပဲ ပိတ်ပါတယ်။ ဒီနေ့ ပုံမှန် အနေအထားပြန်ဖွင့်ပါတယ်။”

ဖားကန့်နဲ့ မိုးကောင်းကားလမ်းကတော့ ပိတ်ထားတာ ၈ ရက်လောက်ရှိနေပြီး အနီးပတ်ဝန်းကျင်က မှော်တွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဖားကန့်နဲ့လုံးခင်းကို တိမ်းရှောင်လာသူ အနည်းဆုံး ၅၀၀ ကျော်လောက် ရှိနေတယ်လို့ ပြောပါတယ်။
KIO ဌာနချုပ် လိုင်ဇာဒေသဘက်က အခြေအနေကိုတော့ ကျောင်းသားတပ်မတော်က ဗိုလ်မှူးမင်းဌေးက အခုလို ပြောပါတယ်။

“လေယာဉ်နဲ့ကိုတောက်လျှောက်ပစ်နေတယ်။ အခု ၄ နာရီကျော်တဲ့အထိ တောက်လျှောက် မရပ်မနား ပစ်နေ တယ်။ တောက်လျှောက်ပဲ လေယာဉ် ၂ စီးလာလိုက် ပစ်လိုက်။ နောက်ထပ် ၂ စီးက ကျည်သွား ပြန်ဖြည့်လိုက် တောက်လျှောက်ပစ်နေတယ်။ ခါရာတောင်။ ခါရာဘွမ်လို့ ခေါ်တယ်။ လေယာဉ်နဲ့ လာပစ်တာနေ့တိုင်းနီးနီးပါပဲ။ အောက်ကနေ မြေပြင်က တက်ပြီဆိုတာနဲ့ လေကြောင်းက အမြဲတမ်းပါပါတယ်။ မနေ့ကလည်း လာတယ်။”
ဒီကနေ့ မနက်အစောပိုင်းကလည်း လိုင်ဇာမြို့ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အသံတွေ ကြားနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က လိုင်ဇာမြို့အတွင်းကို အစိုးရတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျခဲ့တာကြောင့် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူက ပြော ဆိုပြီး မြန်မာအစိုးရရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒါဟာမမှန်ကြောင်း Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကတဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ အစိုးရပိုင်သတင်းစာတွေမှာ KIA က အရပ်သားတွေကို ဖမ်းဆီးတာ၊ ပစ်ခတ်တာအပြင် မြစ်ကြီးနား- မန္တလေး မီးရထားဗုံးခွဲတိုက်ခိုက်တာ၊ လမ်း တံတားတွေ ဖောက် ခွဲဖျက်ဆီးတာနဲ့ မိုင်းထောင်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ရကြောင်း သတင်းတွေကို ဖော်ပြနေပါတယ်။

တရုတ်၊ အမေရိကန်နဲ့ နိုင်ငံကြီးတွေ အပါအ၀င် ပြည်သူ့လွှတ်တော်က ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှု အရှိန် လျှော့ချဖို့အတွက် တိုက်တွန်းခဲ့ပေမဲ့ ဒီကနေ့ထိတော့ တိုက်ပွဲတွေ ဟာ ပြင်းထန်နေပြီး KIA နဲ့ အစိုးရတပ် အကြား တစ်နှစ်ခွဲကျော် ကြာမြင့်လာတဲ့စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည်ပေါင်းဟာလည်း တသိန်းခွဲလောက်အထိ တိုးမြင့် လာနေပါတယ်။
 
ဗွီအိုအေ
မှ ကူးယူဖော်ပြပါသည်။

Wednesday, January 16, 2013

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဖိလစ်ပိုင်သို့  လေ့လာရေးခရီးသွား

 
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဖိလစ်ပိုင်သို့  လေ့လာရေးခရီးသွား
ကျော်ဟုန်း ။ ။ ဇန်နဝါရီ ။ ၁၄ ။ ၂၀၁၃ ။
မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက်ကြိုးစားလုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဟာ ဇန်နဝါရီ ၊ ၁၄၊ ၂၀၁၃ ၊ တနင်္လာနေ့  နံနက်(၈)နာရီခွဲမှာ MAI လေကြောင်းလိုင်းဖြင့် ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပါတယ်။
ယခု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရဲ့ခရီးစဉ်ဟာ ငြိမ်းချမ်းရေးဆောင်ရွက်မှုနဲ့  ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများ၊ လုပ်ဆောင်ဖွယ်ရာများကို လေ့လာရန်အတွက် ဖိလစ်ပိုင်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
ယခုလေ့လာရေးခရီးစဉ်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုမင်းဇေယျာ၊ မမီးမီး၊ မနီလာသိန်း၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်၊ ကိုမြအေး စတဲ့ (၁၆)ဦးပါဝင်ပါတယ်။ သူတို့ ဟာ ဖိလစ်ပိုင်မှာ ငြိမ်းချမ်းရေးဆောင်ရွက်မှုများနဲ့  လူမှုအခြေပြုလုပ်ငန်းများ ဆောင်ရွက်ပုံများကို အဓိကထား လေ့လာကြမှာဖြစ်ပြီး ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီလေ့လာရေးခရီးစဉ်ဟာ ဇန်နဝါရီ (၁၄) မှ (၁၈) ရက် အထိဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကို ကမ္ဘောဒီးယားအခြေစိုက်တဲ့ ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများလေ့လာရေး ဗဟိုအဖွဲ့ / Center Peace and Conflict Studies – CPCS) က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ဒေါက်တာကျော်သူရဲ့ ပေါင်းကူးဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးတာလို့ လဲ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြသူများပါ။ နှစ်ရှည်အကျဉ်းခံဘဝမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်မှ လွတ်ပြီးနောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ ပွင့်လင်းလူမှုအဖွဲ့ အစည်းများ ထူထောင်ရေးအတွက် ပြည်သူတွေနဲ့ နီးနီးကပ်ကပ် တွေ့ဆုံပြီး အမြင်ဖလှယ် ဆွေးနွေးကာ မြန်မာ့လူ့ဘောင် တိုးတက်စည်ပင်ဖို့  ကြိုးစားနေသူများဖြစ်ပါတယ်။ ယခုဖိလစ်ပိုင်လေ့လာရေးခရီးစဉ်ဟာ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံရပ်ခြားမှ အတွေ့အကြုံသစ်များ ရလိမ့်မယ်လို့  မျှော်လင့်ရပါတယ်။
မိုးမခ
မှ ကူးယူဖော်ပြပါသည်။

နယ်ကျော်မှုဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရန် ပြည်မြို့မှတဆင့် ပဒါန်းရဲစခန်း ပို့ဆောင်

1 

 

 
ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖများမှ ဒုက္ခသည်ရိုဟင်ဂျာများကို ညစာ ကျွေးမွေးရန် စီစဉ်နေစဉ်
 
ကော့သောင်းတွင် အဖမ်းခံရသည့် ရိုဟင်ဂျာ ၈၅ ယောက်သည် ၁၄ ရက်နေ့ ညနေ ၅ နာရီက ရန်ကုန် သာကေတ ဆိပ်ကမ်းမှ အသင့်စီစဉ်ထားသည့် ပြည်-ကျိုက်ထီးရိုး-မော်လမြိုင် ခရီးစဉ် ကားဖြစ်သည့် မျိုးဆက်သစ်/ဘုန်းမြတ်ပိုင် ကားများဖြင့် ပြည်မြို့ သို့ ည ၁၁ နာရီ အချိန်တွင် ရောက်ရှိကြောင်း သတင်းရရှိသည်။
 
ပြည်မြို့ လ၀ကရုံးတွင် ထားရှိပြီး ပြည်မြို့ ဒေသခံ မြို့မိမြို့ဖများမှ ညစာ ကျွေးမွေးခဲ့ကြသည်။ ပြည်မြို့မှ အစ္စလာမ် ဘာသာဝင် မြို့မိမြို့ဖ အားလုံးနီးပါက တတ်နိုင်သမျှ သဒ္ဒါအားဖြင့် အိပ်အသစ် တစ်လုံးထဲတွင် လူတစ်ဦးကို စောင်တစ်ထည် အ၀တ်ထည်များ အနွေးထည် တစ်ထည် ခေါက်ဆွဲကြော်တစ်ပွဲ ငွေသား၆၀၀၀ ဆီ ပေးခဲ့ကြောင်း ပြည်မြို့ဒေသ ခံ တစ်ဦးဖြစ်သည့် အောင်အောင်အလ်အေ ပေးပိုသောသတင်းများမှ သိရှိရသည်။ ပြည်မြို့မှ ပဒါန်းရဲစခန်း သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
 
“ကျွန်တော်တို့ ပြည်မြို့ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖ တွေက ပဲ သူတို့သွားဖို့ ၁၀ဘီးကား စီစဉ်ပေး တာပါ။ ကျွန်တော်တို့အခု ပြည်မှာ တအားအေးနေပါတယ်၊ အဲဒီအတွက် တစ်ခါတည်း ဒုက္ခသည်တွေကို အနွေးထည်တွေ ပေးလိုက်တဲ့အချိန်တည်းက သူတို့ကို တစ်ခါတည် ၀တ်ခိုင်းလိုက်ရပါတယ်၊ ပြီးတော့ သူတို့သွားမည့် ခရီးတစ်လျှောက်မှာ အေးတဲ့ရာသီဥတု ဒဏ်ကိုခံနိုင်အောင် ကားပေါ်မှာ ကတ်ထူတွေ တစ်ခါတည်းခင်းပေးလိုက်ပါတယ်” ဟု ပြည်မြို့ခံ မွတ်စလင်မ်တဦး မှ M-Media သို့ပြောကြားသည်။
 
စစ်တွေ မြို့ သဲချောင်း ဒုက္ခသည် စခန်းမှ ပင်လယ်ခရီးကို စက်လှေဖြင့် ဖြတ်သန်းပြီး ပြည်ပသို့ထွက်ပြေးလာသည့် ရိုဟင်ဂျာ မွတ်စလင်မ် (၈၅) ယောက်ကို ကောသောင်းတွင် အာဏာပိုင်အဖွဲ့အစည်းများမှာ နယ်ကျော်ပုဒ်မဖြင့် ဖမ်းပြီး နေရပ်ဒေသသို့ပြန်ပို့ခြင်းဖြစ်သည်။ အခြား ၁ ဦးမှာကလေးမြို့သို့ ဝင်ရောက်လာသူဖြစ်ပြိး နယ်ကျော်ပုဒ်မ ဖြင့် အဖမ်းခံရခြင်းဖြစ်သည်။
 
၁၄ရက်နေ့ညက ထိုဒုက္ခသည် ၈၆ယောက်သည် ပြည်မြို့ လ၀က ရုံးတွင် တစ်ညအိပ် ခဲ့ပြီး ယနေ့မနက် ၆နာရီက ပြည်မြို့မှ ပဒါန်းရဲစခန်း သို့ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ ထိုမှ တဆင့် ၄င်းတို့ နေရပ်ဇာတိ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည် ဟု သတင်းရရှိသည်။
9
ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖများမှ ဒုက္ခသည်ရိုဟင်ဂျာများကို ညစာ ကျွေးမွေးရန် စီစဉ်နေစဉ်
8
ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင်များမှ ဒုက္ခသည် ရိုဟင်ဂျာများကို လှူဒါန်းလိုက်မည့် အလှူပစ္စည်းများ
ပြည်မြို့
ဆောင်းနှင်းမှုံ
 .m-media
မှ ကူးယူဖော်ပြပါသည်။

ရိုပာင်ဂျာ ၈၆ ဦးအား ပြည်တွင်းတွင် နယ်ကျော်မှုဖြင့် မှုရင်းဒေသပြန်ပို

ရခိုင်ပြည်နယ်ပဋိပက္ခ အထူးသတင်း ♦♦♦ ၁၅ ဇန်န၀ါရီလ ၂၀၁၃
ရိုပာင်ဂျာ ၈၆ ဦးအား ပြည်တွင်းတွင် နယ်ကျော်မှုဖြင့် မှုရင်းဒေသပြန်ပို့
သတင်း - ပိာန်းအောင်၊ ဇင်ဇင်း(LA)
 
 
ရခိုင်ပြည်နယ် စစ်တွေ မှ မလေးရှားနိင်ငံသို့ ထွက်ပြေးသည့် ရိုပာင်ဂျာ ၈၅ ဦး နှင့် ကလေးမြို့တွင် ဖမ်းဆီးခံရသည့် ရိုပာင်ဂျာတစ်ဦးတို့ကို ဇန်န၀ါရီ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့မှတဆင့် မှုရင်းဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
 
မလေးရှားနိင်ငံသို့ ထွက်ပြေးခဲ့သည့် ရိုပာင်ဂျာ များသည် ကော့သောင်မြို့တွင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ကော့သောင်မြို့တွင် ဖမ်းဆီးခံရမှုဖြစ်ရပ်တွင်မှု အာဏာပိုင်များနှင့် နီးစပ်သူများဖြေကြားချက်နှင့် ကာယကံရှင်များအား သွားရောက်မေးမြန်းခဲ့သူတို့ ဖြေကြားချက်များ ကွဲလွဲလျက်ရှိသည်။
5
သာကေတဆိပ်ခံတံတားအရောက် ဒုက္ခသည်များအား ရန်ကုန်မြို့ခံမွတ်စလင်မ်များက စားစရာများ လူဒါန်း
မလေးပို့ပေးမယ်ဆိုပြီးလူပွဲစားက ကော့သောင် ကမ်းတစ်နေရာမှာ ချထားပေးခဲ့တာပါ ပာု အာဏာပိုင်နှင့်နီးစပ်သူတစ်ဦးက မီဒီယာသမားတစ်ဦး အားပြောကြောင်းသိရသည်။
 
“ဖိနှိပ်တာ မခံနိင်လို့ မလေးကို ထွက်ပြေးတာမှာ ကင်းလှည့်နေတဲ့ သဘောင်္တစ်စီးနဲ့တွေ့ပြီး မြန်မာ့ရေပိုင်နက် အတွင်းမှာပဲ အဖမ်းခံရတယ်လို့ ပြောပါတယ်။ရခိုင်ပြည်နယ်မှာ ဖိနှိပ်တာ မခံနိင်တော့လို့ ထွက်ပြေးတာလို့ပြောပါတယ်″ ပာု အထက်ပါ ရိုပာင်ဂျာများကို ပြည်မြို့တွင်ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက myanmarmuslim.net သို့ပြောသည်။
ပြည်မြို့ခံ မွတ်စလင်မ် များကလည်း အစားအသောက်များကျွေးမွေးခြင်း၊အ၀တ်အထည်များ လှုးဒါန်း
ပြည်မြို့ခံ မွတ်စလင်မ် များကလည်း အစားအသောက်များကျွေးမွေးခြင်း၊အ၀တ်အထည်များ လှုးဒါန်း
 
ကော့သောင်မြို့ရောက် ရိုပာင်ဂျာ ၈၅ ဦး ကို တင်ဆောင်လာသည့် ရန်ကုန်-မြိတ် ပြေးဆွဲသည့် မြစ်ကြီးနား သဘောင်္သည် သာကေတ ကြယ်ငါးပွင့် သင်္ဘောဆိပ်ကမ်း သို့ ယခု၁၄ ရက်နေ့ ညနေ ၃နာရီ ၄၅ မိနစ် တွင်ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်များက အစားအသောက်များ၊ အ၀တ်အထည်များ လှုဒါန်းခဲ့ကြသည်။
 
အထက်ပါ ရိုပာင်ဂျာ ၈၅ ဦးနှင့် ကလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ရိုပာင်ဂျာတစ်ဦးတို့ကို မျိုးဆက်သစ် နှင့် ဘုန်းမြတ်ပိုင် အဝေးပြေးကားနှစ်စီးဖြင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြည်မြို့သို့ ပို့ဆောင်သည်။ ပြည်မြို့သို့ ည၁၁ တွင်ရောက်ရှိပြီး မြို့ခံ မွတ်စလင်မ် များကလည်း အစားအသောက်များ ကျွေးမွေးခြင်း၊အ၀တ်အထည်များ လှုဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။
 
“ပိုလီယို ဖြစ်နေတဲ့ တစ်ယောက်လည်းပါတယ်။အားလုံးပေါင်း ၈၆ ယောက်ပါ။လိမ်းဆေးရှုဆေး တွေလည်းပေးလိုက်ဖြစ်တယ်″ ပာု ပြည်မြို့ မှ မွတ်စလင်မ်တစ်ဦးက ပြောသည်။ ကနဦး အစီအစဉ်များအရ ရိုပာင်ဂျာ ၈၆ ဦးအား မင်းမဲ့စရိုက် လူသတ်ပွဲမြို့တောင်ကုတ် ကိုဖြတ်လျှက် မှုရင်းဒေသသို့ ပြန်ပို့ရန် စီစဉ် ထားသော်လည်း လုံခြုံရေး အပြည့် အ၀ပေးနိင်ရန် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ခရီးစဉ်လမ်းကြောင်းပြောင်းခဲ့ ရကြောင်းလည်းသိရသည်။
ယမန်နှစ် နိုဝင်ဘာ ၉ ရက်နေ့ ကလည်း မြိတ်မြို့ရောက် ရိုပာင်ဂျာ ၇၆ ဦးကို နယ်ကျော်မှုဖြင့် မှုရင်းနေရပ်သို့ အထက်ပါ အတိုင်းပြန်လည် ပို့ဆောင်ခဲ့သည်။ ရိုပာင်ဂျာများသည် စားနပ်ရိက္ခာ အခက်အခဲ၊ ရခိုင်ပြည်နယ် နယ်နိမိတ်ကို ဖြတ်ကျော်ခရီးသွားလာခွင့် ကို့်ဥပဒေပိုင်းဆိုင်ရာအရ တင်းကျပ်မှုပြုထားခြင်း တို့ကြောင့် ပိုမိုကောင်းမွန်သော ဘ၀နေထိုင်မှုပုံစံ ရရှိနိင်ရန် မလေးရှားနိင်ငံတို့သို့ သစ်သားလှေများဖြင့် နှစ်စဉ်ထောင်ချီ
ပြည်မြို့သို့ မပို့မှီ
ပြည်မြို့သို့ မပို့မှီ
ထွက်ပြေးနေကြကြောင်း onislam သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။ရိုပာင်ဂျာများ အများဆုံး ထွက်ပြေးခိုလှုံသည့် နိင်ငံများမှာ မလေးရှားနှင့် ထိုင်းနိင်ငံ ဖြစ်ကြောင်းလည်း သိရသည်။
 
 
ပြည်မြို့မှ သတင်းနှင့် မှတ်တမ်းများပေးပို့ပေးသည့် ဇင်ဇင်း(LA)အား အထူးကျေးဇူးတင်ရှိပါသည်။မြန်မာမွတ်စလင်မ် မီဒီယာ myanmarmuslim.net သို့ မည်သူမဆို ခိုင်လုံတိကျသည့် သတင်းများပေးပို့နိင်ပါသည်။
မှ ကူးယူဖော်ပြပါသည်။

ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

 
Mdm Halimah Yacob
Madam Halimah Yacob သည် စင်ကာပူ၏ ပထမဆုံး အမျိုးသမီး လွှတ်တော်ဥက္ကဌဖြစ်လာခဲ့ပြီး တနင်္လာနေ့ နေ့လည်မှစ၍ လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
 
သူမသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန်မှ တနင်္ဂနွေနေ့က နှုတ်ထွက်ခဲ့လေသည်။ လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သော People’s Action Party ၏ ပါတီဝင်ဟောင်း Mr Michael Palmer ၏ နေရာကို တာဝန်ယူထမ်းဆောင်ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန် ၀န်ကြီးချုပ် Lee Hsien Loong က အမည်စာရင်းတင်သွင်းခဲ့သည်။
 
လွှတ်တော်အတွင်း သူမ၏ ကိုယ်ပိုင်ပုံစံဖြင့် ပြောင်းလဲမှုလုပ်မည်ဟု Channel News Asia သို့ အစောပိုင်းက ပြောကြားထားခဲ့သည်။“လွှတ်တော် ဥက္ကဌနေရာဆိုတာ လုပ်ငန်းဆောင်တာတွေကို ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း အလုပ်တွေအများကြီးလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ (လွှတ်တော်က) လူတိုင်းဟာ လွှတ်တော်ရဲ့ အဆင့်အတန်း၊ သြဇာတိက္ကမနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ နေရာကနေ ပါဝင်နေလို့ပါပဲ။ ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။” ဟု သူမကဆိုသည်။
 
ယခင် Madam Halimah တာဝန်ယူခဲ့သည့် လူမှုရေး နှင့် မိသားစုဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး နေရာတွင် မည်သူ တာဝန်ယူမည်ဆိုသည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။
သို့ရာတွင် Madam Halimah ကအဆိုပါတာဝန် ထမ်းဆောင်ရန်အတွက် လုံလောက်သော စိတ်အားထက်သန်မှု ရှိရမည်ဟု ဆိုသည်။
 
“အဲဒီ အလုပ်ကိုလုပ်ဖို့အတွက် စိတ်ဝင်စားတဲ့၊ စိတ်ဓာတ်ထက်သန်တဲ့လူမျိုး လိုအပ်ပါတယ်။ ဒီအလုပ်ဟာ အစီအစဉ်တွေ ချမှတ်ရုံတင် မဟုတ်ပါဘူး။ အလုပ်ကိုချစ်ရမယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်း လူတွေကိုချစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ မိသားစု အကျိုးဆောင်အဖွဲ့တွေ၊ လူမှုအကျိုးပြု အဖွဲ့တွေ၊ အများအကျိုးဆောင်ရွက်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ စသဖြင့် ဆက်သွယ်ဆောင်ရွက်ရပါတယ်။ အဲဒီလူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု သူက ရှင်းပြခဲ့သည်။
 
သူမနှစ်သက်သည့် လူမှုရေးလုပ်ငန်းဆောင်တာများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။
“ဒီလုပ်ငန်းဟာ ကျမ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းတစ်ခုပါ။ လိုအပ်နေသူတွေ၊ နွမ်းပါးသူတွေ၊ ဆင်းရဲသားတွေကို ကူညီရင်းနဲ့ လူမှုရေးအခန်း ကဏ္ဍတွေမှာ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ MSF မှာ ကျမ လုပ်ဆောင်ခဲ့တဲ့၊ ကျမနှစ်သက်တဲ့ နယ်ပယ်က အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဒါဟာ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဆက်လက်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။” လို့ ဟလီမာ ယာကွဘ်က ပြောကြားပါသည်။
 
ဟာလီမာယာကွဘ် ဟာ စင်္ကာပူ နိုင်ငံသမိုင်းတလျှောက် လွှတ်တော်ဥက္ကဌ ရာထူးတွင် ရွေးချယ်ခံရသော ပထမဆုံး အမျိုးသမီးစာရင်းဝင်သွားပြီ ဖြစ်သည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

MRTV4ရုပ်သံလိုင်းကို တေးရေး ကေအေတီ တရားစွဲရန်ပြင်ဆင်

  ဇန်နဝါရီလ ၁၅ ရက် ၂၀၁၃ ခုနှစ် 

တေးရေးဆရာများ၏ မူပိုင်ခွင့်အား ကာကွယ်ရန်နှင့် မူရင်းအဆိုတော်တို့ကို ဦးစားပေးလိုသည့် ရည်ရွယ်ချက်ဖြင့် သီချင်းများကို ခွင့်ပြုချက်မယူဘဲ ထုတ်လွှင့်သွားသည့် MRTV4 ရုပ်သံလိုင်းအား တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု
တေးရေးဆရာ ကေအေတီ က ပြောသည်။

ယင်းသို့ တရားစွဲဆိုရခြင်းမှာ MRTV4 နှင့် Channel ရုပ်သံလိုင်းများ၏ ကုမ္ပဏီဖြစ်သော Forever ကုမ္ပဏီအုပ်စုက ဦးစီးကျင်းပသည့်ပွဲနှစ်ပွဲတွင် တေးသံရှင်အချို့သည်အကြောင်းကြားခြင်းမရှိဘဲ သီချင်းသီဆို အသုံးပြုခြင်းကြောင့်ဖြစ်ပြီးယင်းပွဲများကို MRTV4 နှင့် Channel 7 ရုပ်သံလိုင်းများက ထုတ်လွှင့်ခဲ့ရာ ခွင့်ပြုချက် မယူဘဲ ထုတ်လွှင့်မှုကြောင့်လည်း တရားစွဲဆိုခြင်းဖြစ်သည်ဟု ကေအေတီ က ပြောသည်။

ယင်းကုမ္ပဏီ အုပ်စုက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် Count Down 2013 ပွဲတွင် Channel7 ရုပ်သံလိုင်းက စီစဉ်သည့် အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ၏ ဆုရတေးသံရှင်တဦးဖြစ်သူ ရဲသွေးနောင်က ကေအေတီရေးပြီးအဆိုတောဂျီလတ်သီဆိုထားသည့်''ကြိုနေစေချင်တယ်''သီချင်းကိုအသိပေးအကြောင်းကြားခြင်း မရှိဘဲသီဆိုခြင်းကြောင့်ဟု ကေအေတီ က ပြောသည်။

ယင်းအပြင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင်လည်း အိပ်မက်ဆုံရာဆုရ တေးသံရှင် တဦးဖြစ်သူ နန်းထက်ထက်သူက အဆိုတော်လေးဖြူ၏ ''နောက်ဆုံးရထား'' သီချင်းကိုသီဆိုခဲ့ရာ တေးရေးနှင့် တေးဆိုတို့အား အသိပေးခြင်းမရှိ ဟုလည်းကေအေတီက ဆိုသည်။

ထို့အပြင် ပွဲစီစဉ်တင်ဆက်သူများကလည်း သတ်မှတ်ထားသည့် အခကြေးငွေ တစုံတရာကို သက်ဆိုင်သည့်တေးရေးနှင့် တေးဆိုတို့အား မပေးဘဲ ပြုလုပ်ခဲ့ခြင်းကြောင့်တေးရေးဆရာ မူပိုင်ခွင့်ကို ကာကွယ်ရန်အတွက် တရားစွဲဆိုခြင်းဖြစ်သည်ဟု ယင်းက ဆက်လက်ပြောသည်။

ကေအေတီက '' MRTV 4က တာဝန်ရှိသူတွေကရော အဆိုတော်တွေကပါ ဘာမှအသိမပေးဘဲ ခွင့်ပြုချက်မတောင်းဘဲ လုပ်ကြတာပါ။ တကယ်လို့ ခွင့်တောင်းခဲ့မယ်ဆိုလည်း ခွင့်ပြုဖို့မရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မူပိုင်ခွင့်ကို ကာကွယ်ရာရောက်အောင် မူလသီဆိုထားတဲ့သူရဲ့သီချင်းကို နောက်တယောက်ကို ပေးဆိုတာမျိုးလည်း မရှိခဲ့ဖူးဘူး။ ဒီလိုဆိုလိုက်တော့ အဆိုတော်ကလည်း ကျနော်ပဲ ပေးဆိုခိုင်းလိုက်သလိုမျိုး ထင်နိုင်တယ်။ ဒီသီချင်းက ကာရာအိုကေတောင် မထွက်ခဲ့ဘူး။ ဒါကို ရဲသွေးနောင်ကဆိုလိုက်တော့ ရဲသွေးနောင်ဆိုတယ်လို့ပဲ လူတွေကသိကြမှာ။ အဆိုတော်ဂျီလတ် ဆိုတယ်လို့တောင် သိကြမှာမဟုတ်ဘူး။
 
 ရဲသွေးနောင်ကတော့အဆိုတော်ဂျီလတ်ဆီဖုန်းဆက်တောင်းပန်တယ်လို့ ပြောတယ်။အမှန်တော့ အဆိုတော်တွေထက် အစီအစဉ် ပြုလုပ်တဲ့သူတွေ ကိုယ်တိုင်က သိသင့်တယ်'' ဟု ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းမှာတစ်ဦးတည်းအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တေးရေးဆရာများကိုယ်စား ပထမဆုံး စတင်လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ကေအေတီကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးစီစဉ်ဆောင်ရွက်သူဖြစ်သည့် Channel 7 ရပ်သံလိုင်းကတာဝန်ရှိသူတဦးက''ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေပါတယ်။ တာဝန်ခံ လိုက်လုပ်ပေးတဲ့ အဖွဲတဖွဲ့လည်း ရှိနေပါတယ်။ သူတို့ဘက်က တခုခုဖြစ်တယ်ဆိုရင် ဖြေရှင်းပေးသွားမှာပါ''ဟု ပြောသည်။
 
http://mizzimaburmese.com/news/
မှ ကူးယူဖော်ပြပါသည်။

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

အင်္ဂါနေ့၊ ဇန်နဝါရီလ 15 ရက် 2013 ခုနှစ် မွန်အေဂျင်စီ
  မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။
၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)
၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)

ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။
 
မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။
 
ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။
 
အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။
 
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။
 
၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။
 
၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
 
http://burmese.bnionline.net/
မှ ကူးယူဖော်ပြပါသည်။
15.01.2013

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မီးရထားဘူတာရုံ တခုက ဈေးသည်တချို့ (ဇန်န၀ါရီလ ၆ ရက်၊ ၂၀၁၃)။
 
 
 စစ်ကိုင်းတိုင်းဒေသကြီး နဘား ဘူတာအနီးက တံတား ၂ စင်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ ရတာကြောင့် မြစ်ကြီးနား- မန္တလေး ရထားခရီးစဉ်တွေဟာ မနေ့ည ၈ နာရီကနေ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရပ်ဆိုင်းထားရပါတယ်။ ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ တံတားတွေဟာ မြစ်ကြီးနား - မန္တလေးနဲ့ နဘား - ကသာ ရထားလမ်းနှစ်ခု ဆုံမှတ်နေရာမှာ တည်ရှိတာဖြစ်ပြီး ကသာလမ်းပိုင်းက တံတားက ပိုမိုပျက်ဆီးသွားတာကြောင့် ကသာရထား အသွားအလာတွေ နောက်ရက် အနည်းငယ်အထိ ပြေးဆွဲနိုင်ဖွယ် မရှိသေးပါဘူး။ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တို့ကြား တကြော့ပြန် ကြီးထွားလာနေချိန်မှာ ပေါ်ပေါက်လာနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တချိန်တည်းမှာ မြစ်ကြီးနား - မန္တလေး မီးရထားလမ်းဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ဆက်တိုက်ဆိုသလို မိုင်းခွဲ တိုက်ခံတာတွေ ခံနေရတာဖြစ်ပါတယ်။မနေ့ညဦးပိုင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်နဲ့ နဘားဘူတာအကြားက နဘားဘူတာအနီး ကသာလမ်းခွဲက တံတားတစင်း မိုင်းခွဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ဒီလို မိုင်းခွဲတိုက်ခိုက်တဲ့ အခြေအနေကိုတော့ အင်းတော်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“နဘားဘူတာ ၀င်ခါနီး ကသာလမ်းခွဲ လမ်းကြောတကြော ရှိတယ်။ မြစ်ကြီးနား - မန္တလေး တံတားက လမ်းကြောတကြော၊ အဲဒီ တံတား ၂ ခု ဆုံမှတ်ထားပြီးတော့ ဗုံးပေါက်ကွဲပါတယ်။ ကျနော်တို့ ဒီကနေပြီးတော့ ကြားရတယ်။ မြေတွေကို တုန်သွားတာပဲ။ ညကဆိုရင် ခန့်မှန်းချေကတော့ ၈ နာရီကျော်ကျော်လောက်နေမှာဗျ။ ကျနော်တို့ မြို့ကလူတွေကတော့ ထိတ်လန့်သွားတာပေါ့ဗျာ။ ဒီလိုမျိုးကလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ မရှိဘူးလေ။ ပထမဆုံးအကြိမ်ဖြစ်တဲ့ ကိစ္စပေါ့။”

မိုင်းပေါက်ကွဲခဲ့တာကြောင့် မြစ်ကြီးနား - မန္တလေး ရထားလမ်းပိုင်းဘက်ကတော့ ဇလီဖားတုံးတွေ မီးလောင်ပျက်ဆီးပြီး သံဘောင်တွေ ကွေးကောက်သွားခဲ့သလို ကသာရထားလမ်းပိုင်းဘက်က တံတားအောက် ခြေတိုင်တွေ ပျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

တံတားလမ်းပိုင်းတွေ ပျက်ဆီးခဲ့တဲ့နောက် မြစ်ကြီးနား - မန္တလေး အစုန်၊ အဆန်ရထားတွေ အားလုံးဟာ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရပ်တန့်သွားခဲ့ပါတယ်။ သက်ဆိုင်ရာက ပျက်ဆီးသွားတဲ့ တံတားတွေကို ချက်ချင်း ပြင်ဆင်ခဲ့ကြပြီး ဒီနေ့ မွန်းလွဲပိုင်းမှာတော့ မြစ်ကြီးနား - မန္တလေး ရထားတွေ ပြန်လည် ပြေးဆွဲနိုင်မယ်လို့ အင်းတော်ဘူတာက တာဝန်ရှိသူတယောက် က ပြောပါတယ်။

“ခုချိန် ၂ နာရီ ပွင့်မယ်လို့တော့ ပြောတယ်။ ၂ နာရီတော့ ထိုးသွားပြီ မပွင့်သေးဘူး။ နောက် နာရီဝက်အတွင်းလောက်တော့ ပွင့်မှာပါ။ အဲ နဘား - ကသာကတော့ သူက အုတ်တိုင်တခုလုံးနီးပါး ပျက်ဆီးသွားတာပေါ့။ သူကလည်း ဒါပြီးရင် ဆက်လုပ်မှာပါပဲ။ တရက်ပါပဲ။ နောက်ရက်လောက်ဆို သွားနိုင်ပါပြီ။ ယာယီပြုပြင်ပြီးတော့ သွားကြမှာပါပဲ။”

ညနေ ၃ နာရီလောက်မှာတော့ မြစ်ကြီးနား - မန္တလေး ရထားလမ်း ပြန်ပွင့်သွားပြီဖြစ်တယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

တံတားမိုင်းခွဲတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက KIA ရဲ့လက်ချက်အဖြစ် ပြောဆိုနေသလို ပြီးခဲ့တဲ့ ၁၃ ရက်နေ့ မနက်က အင်းတော်မြို့နယ် နန့်စီးအောင်နဲ့ မော်လူးဘူတာအကြား မြစ်ကြီးနား - မန္တလေး အထူးအိပ်စင်းရထား မိုင်းခွဲတိုက်ခိုက်မှုကိုလည်း KIA ရဲ့လက်ချက်ဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

KIA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကတော့ ဒီနှစ်နှစ်ဆန်းက စတင်ပြီး မီးရထားတွေနဲ့ လမ်းတံတားတွေကို ဗုံးခွဲတိုက်ခိုက်တာမျိုး မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ တုံ့ပြန်ပါတယ်။
လောလောဆယ်မှာတော့ ဗန်းမော်ခရိုင် မန်စီမြို့နယ်နဲ့ ဖားကန့်ဒေသဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး KIA ဌာနချုပ် လိုင်ဇာမြို့ကို အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ လိုင်ဇာက ဒေသခံတယောက်က ပြောပါတယ်။ မနေ့တုန်းက လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ KIO ရဲ့ ပြောဆိုချက်ကိုတော့ မြန်မာ အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ မမှန်ဘူးလို့ Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကနေတဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်နဲ့ KIA အကြား တနှစ်ခွဲကျော် ကြာမြင့်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁ သိန်းခွဲကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ်အတွင်းက မြို့ကြီးတွေဆီကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီးတွေ အပါအ၀င် ပြည်သူ့လွှတ်တော်က စစ်ရေးတင်းမာမှုအရှိန် လျှော့ချဖို့အတွက် နှစ်ဘက်တပ်တွေကို တိုက်တွန်းခဲ့ပေမဲ့ ဒီကနေ့ထိတော့ တိုက်ပွဲတွေဟာ ပြင်းထန်နေပြီး တွေ့ဆုံဆွေးနွေးမယ့် အခြေအနေဟာလည်း မရေမရာရှိနေပါတယ်။
မှ ကူးယူဖော်ပြပါသည်။