Tuesday, July 24, 2012

မွတ်စလင်မ်များ၏ဝေစု ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးရုံးက ဖြတ်ယူ



အစ္စလာမ်ဘာသာဝင်များက ရခိုင်ဒုက္ခသည် များထံ ပေးပို့သည့်ထောက်ပံ့ရေး ပစ္စည်းများ အနက် ဆေးဝါးများ မွတ်စလင်မ်ဒုက္ခသည်များထံသို့ မရောက်ရှိဘဲ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးရုံးက ဖြတ်ယူ၍ ရခိုင်ဗုဒ္ဓဘာသာ များထံသို့ ပေးဝေခဲ့ကြောင်း သိရသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ဖွဲ့မှဦးဆောင်၍ မွတ်စလင်မ်လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ပံ့ပိုးကူညီထောက်ပံ့ရေး ကော်မီတီသည်
အထွေထွေ ရိက္ခာများနှင့်အတူ ဆေးဝါးပစ္စည်း ၂၅၁ သိန်းဖိုးကို ရခိုင်ဗုဒ္ဓဘာသာဝင်များအတွက်ပါ ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ဆေးပစ္စည်းတွေကို ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးရုံးက ဖြတ်ယူသွားတာပါ။ ရသေ့တောင်ဆေးရုံမှာ .....

မွတ်စလင်မ်တွေအတွက် ပို့တဲ့ M1, M2, M3 ဆိုတဲ့ဆေးပစ္စည်းထုပ်တွေ
တွေ့နေရတယ်။ ပြီးတော့ ကျွန်တော်တို့ ပို့ပြီးနောက်မှာပဲ အောင်မင်္ဂလာဒုက္ခသည်စခန်းက ဗိုလ်မှူးက ဆေးမရှိဘူး။ သူ့နာမည်နဲ့ အမြန်ပို့ပေးပါ။ မဟုတ်ရင် မွတ်စလင်မ်တွေ
သေကုန်လိမ့်မယ်ဆိုလို့ ထပ်ပို့ရသေးတယ်၊ ပေးတဲ့အတိုင်းသာ မှန်မှန်ကန်ကန်ရောက်ရင် ဒီလိုထပ်မှာစရာအကြောင်း မရှိဘူး”ဟု ရခိုင်ပြည်နယ် ဒုက္ခသည်များပံ့ပိုးကူညီ
ထောက်ပံ့ရေးကော်မတီဝင် တစ်ဦးက Myanmarmuslims.net သို့ ပြောကြားသည်။

ဆေးမှအပ ဆန်နှင့်အခြားရိက္ခာများကို အစ္စလာမ်ဘာသာဝင်များ ပေးပို့သည့်အတွက်ဟုဆိုကာ ရခိုင်လူမျိုး အစွန်းရောက်များက ငြင်းပယ်သဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးက ဆေးမှအပ
အခြားရိက္ခာများကို အစ္စလာမ်ဘာသာဝင်များ ထံသို့သာ ပေးပို့စေခဲ့သည်။

ရိက္ခာများပေးပို့ရာတွင် အစ္စလာမ်ဘာသာဝင်များအတွက် M1, M2, M3 စသည်ဖြင့် အထုပ်များ ထုပ်ပိုးပြီး ရခိုင်ဗုဒ္ဓဘာသာများ အတွက် B1, B2, B3 စသည်ဖြင့်
အထုပ်များ ထုပ်ပိုးကြောင်း ရိက္ခာဝေငှရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

SK (MMM)http://www.myanmarmuslim.net/news.php?extend.751
မှကူးယူဖော်ပြပါသည်။

ဂျီနိုဆိုဒ်အတွက် တဘက်လှည့်သွေးထိုးမှုကြီး

  ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား ” ဆိုတဲ့ ခေါင်းစဉ်ပါမှတ်စုကို အလဲဗင်းမီဒီယာဂရုက သူ့ရဲ့ကိုယ်ပိုင် အော်ဖီရှယ် Facebook Page မှာ တရားဝင်တင်ပြပေးခဲ့ပါတယ်။ မူရင်းရေးသားသူကတော့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင် တစ်ဦးပါ။
အဲဒီမှတ်စုမှာ “ဘင်္ဂါလီမ၊ ကျပ်မပြည့်၊ သူငယ်နာမစင်၊ ကော့ကော့ပြ၊ စားမြုံ့ပြန်” စတဲ့ standard media တစ်ခုအနေနဲ့ တည်းဖြတ်သင့်တဲ့အသုံးအနှုံးတွေအပြင် ကျုပ်တင်ပါး ဘယ်သူ့မစင်ဆိုသလို ဆီယိုပေါက် အပြစ်ရှာ၊ ဟိုမွတ်စလင်မ်အချင်းချင်းတောင် ဒီလိုလုပ်တာ ကျုပ်တို့လုပ်တော့ ဘာဖြစ်လဲဆိုတဲ့သဘောမျိုးတွေ အပြည့်ပါနေယုံတင်မက ကိုဆိုဗို၊ ဘော့စနီးယားသမိုင်းကို ပြောင်းပြန်လုပ်ပြီး ခါးတောင်းတခြား တင်ပါးတခြားဥပမာပေးပြီး ဖော်ပြထားပါတယ်။
ဒီလို အခြေခံအဆင့် research ၊ သုတေသနကိုတောင် ကျေအောင်မလုပ်ဘဲ ရေးထားတဲ့မှတ်စုကို မြန်မာနိုင်ငံကိုယ်စားပြုမီဒီယာကြီးက တာဝန်မဲ့ဖြန့်ဝေခဲ့တာပါ။ တနည်းပြောရရင်တော့ ခါးတောင်းကြိုက်တဲ့ နေရာမှားနေလို့ ကိုယ့်အရှက်ကိုယ်ခွဲပြီး ဒါမြန်မာတမျိုးသားလုံးအလိုရှိနေတဲ့ ဆန္ဒလို့ အသားလွတ်ဝါဒဖြန့်တာပါ။
မြန်မာပြည်က ဒုနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဘင်္ဂလားကိုသွားပြီး ရိုဟင်ဂျာတွေ ပြန်ယူပါ့မယ်လို့ ပြောခဲ့တာ အဟုတ်တကယ်ဖြစ်လို့ မြန်မာ့ (self claim) နံပါတ် ၁ မီဒီယာကြီးအပါအ၀င် အခြားပြည်တွင်းမီဒီယာတွေက ဘာမှဝေဖန်ချက်မပေးခဲ့တာပေါ့။ နောင်များကျတော့ နိုင်ငံတော်သမ္မတကြီးက ကုလရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကို တရားဝင်ပြောတဲ့ မြန်မာပြည်တွင်းက ရိုဟင်ဂျာရှင်းထုတ်ရေးနည်းလမ်းကိုတော့ မြန်မာ့နံပါတ် ၁ မီဒီယာကြီးက အကျယ်တ၀န့် ဖော်ပြခဲ့ပါတယ်။
မြန်မာ့နံပါတ် (၁) မီဒီယာကြီးခင်ဗျား – အစိုးရအဖွဲ့တဖွဲ့ထဲက အဖြေနှစ်မျိုးကို ထုတ်ပြနေတာ သတိထားမိပါရဲ့လားခင်ဗျား။ ခင်ဗျားတို့ ရေးသားဝေဖန် ထောက်ပြသင့်တာက အဲဒီအချက်ဖြစ်ပါတယ်။
ဖဆပလ လက်ထက်က အမှား
“ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ဆိုတဲ့ ဖေ့စ်ဘွတ်ပေါ်က မှတ်စုမှာ ရိုဟင်ဂျာနဲ့ ပတ်သတ်ပြီး ဖဆပလလက်ထက်က အမှား ကျူးလွန်ခဲ့တာရယ်လို့ ဖော်ပြထားပါတယ်။ မြန်မာ့နံပါတ် ၁ မီဒီယာကြီးခင်ဗျား – မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့အတူ မွေးဖွားလာတဲ့ ဖဆပလက လက်ရှိ အရေခွံလဲအစိုးရလောက် အကျင့်ပျက်ခြစားမှု မများခဲ့ပါ။ ဖဆပလလက်ထက်က အမှားကျူးလွန်ခဲ့တယ်ပဲထားထား၊ အမှန်ကျူးလွန်တယ်ပဲထားထား၊ ဒါအတိတ်က မြန်မာနိုင်ငံ အုပ်ချုပ်သူတွေ လုပ်ခဲ့တဲ့အလုပ်ပါပဲ။ ဒါကြောင့်မို့လဲ နိုင်ငံတကာက ရိုဟင်ဂျာအရေးကို ခင်ဗျားတို့ပြည်တွင်းရေး၊ ခင်ဗျားတို့ဖာသာဖြေရှင်းရမယ့် အရေးဆိုပြီး ထောက်ပြနေကြတာကလား။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ မြန်မာပြည်ထဲ ၀င်လာကြတဲ့သူတွေထဲမှာ နိုင်ငံတော်ကို အကျိုးမပြုသူတွေပဲ ရှိတယ်ဆိုရင်တော့ လွဲချက်က နာသဗျာ။ နိုင်ငံအများစုကျင့်သုံးနေတဲ့ ကိုယ့်နိုင်ငံကို အကျိုးပြုနိုင်သူ၊ ပညာတတ်၊ လူရည်မွန်ဆိုရင် နိုင်ငံတွင်း ၅ နှစ်လောက် အခြေချနေထိုင်မယ်ဆိုရင်တောင် နိုင်ငံသားအဖြစ် စဉ်းစားနေပါပြီ။ ဒါမှမဟုတ် resident visa မျိုး ခွင့်ပြုပေးနေပါပြီ။ မြန်မာနိုင်ငံတော်အစိုးရက အဲလိုနည်းမှန်လမ်းမှန်ကို မချပြပဲ ဂုဏ်သိက္ခာရှိ သမ္မတ၀က်ဘ်ဆိုဒ်ကိုနေ “ခိုးဝင်လာကြသူများ” ဆိုတဲ့ အသုံးအနှုံးနဲ့ ရိုဟင်ဂျာပြဿနာကို အဖြေရှာဖော်ပြလိုက်လေတော့ ဟိုကလည်း မဆိုင်းမတွ ပယ်ပြီပေါ့ဗျာ။ စကားလုံးအသုံးအနှုံးကိုက “တရားမ၀င် အခြေချနေထိုင်လာသူများ” ဆိုရင်တောင် သမ္မတ ၀က်ဘ်ဆိုဒ်နဲ့ လိုက်ဖက်သေးသဗျ။ content writers တွေ အင်မတိ အင်မတန် ဝေါဟရကြွယ်ဝကြပါပေရဲ့၊ ရပ်ကွက်ထဲ ပဲပြုပ်သည် အသုံးအနှုံးအတိုင်းပါပေ့။
ဘန်ကောက်ပို့စ်နဲ့ စစ်အုပ်စု
ဒါ့ပြင် သမ္မတကြီးဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ဘန်ကောက်ပို့စ်က ဝေဖန်တော့ အလဲဗင်းဂရုက ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်တာတွေလောက် ထုတ်နုတ်ပြီး မီးလောင်ရာလေပင့်သလို၊ ထိုင်းနိုင်ငံနဲ့ ပတ်သတ်လာရင် သာမာန်ထက်ပိုပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ပြည်သူတွေ ရှိနေတာတောင်၊ အဲဒိပြည်သူများအကြားမှာ ထားရမယ့် စည်းကိုလွန်ကာ အချိန်ကိုက်ဗုံး ဖောက်ခဲ့ပြန်ပါတယ်။
ဘန်ကောက်ပို့စ်မှာ အယ်ဒီတာက “ဒီနည်းလမ်း တစ်ခုပဲရှိတယ်ဆိုတာ လက်ခံနိုင်ဖွယ်မရှိ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရေးသားခဲ့ပြီး အဲဒီဆောင်းပါးမှာလည်း
The Rohingya _ the word itself was invented and introduced during the military regimes _ have rights, too.
“ရိုဟင်ဂျာစကားလုံးဆိုတာ စစ်အုပ်စုလက်ထက်မှာပဲ တီထွင်ဖန်တီး မိတ်ဆက်ပေးလိုက်တဲ့ စကားလုံးပါ။” လို့ ထည့်သွင်းရေးသားထားပါတယ်။ ဒီအချက်ကို အလဲဗင်း (self claim) နံပါတ် ၁ မီဒီယာကြီး ရည်ရွယ်ချက်ရှိရှိ ချန်လှပ် ထားခဲ့တာလား၊ မေ့မှားကျန်ခဲ့တာလားတော့ မသိ။
အလဲဗင်းခင်ဗျား – ခင်ဗျားတို့ “ထိုင်းနိုင်ငံခရီးစဉ် မစတင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား The Bangkok Post သတင်းစာ ဝေဖန်” ခေါင်းစဉ်နဲ့တင်ထားတဲ့ သတင်းမှာ အဲဒီအချက်ကို ဘာလို့များ ချန်ထားရစ်ခဲ့ပါလိမ့်။
ဒါတွင်မကသေးဘဲ ဘန်ကောက်ပို့စ်က ထောက်ပြလိုက်တဲ့ “ရိုဟင်ဂျာဆိုတာ စစ်အုပ်စုလက်ထက်အတောအတွင်း တီထွင်ဖန်တီးထွက်ပေါ်လာတဲ့စကားလုံး ” ဆိုတဲ့အချက်ကို ပိုပြီး သံသယ၀င်စေတာက အောက်ဖော်ပြပါ အဖြစ်အပျက်မျိုးတွေပါ။
စဉ်းစားစေချင်
နဖူးပေါ်လက်တင် စဉ်းစားကြည့်စေချင်စမ်းပါတယ် အလဲဗင်းမီဒီယာဂရု။ ရိုဟင်ဂျာပြဿနာက မြန်မာနိုင်ငံရဲ့ပြဿနာပဲ။ လူဝတ်မလဲခင် ပုဂ္ဂိုလ်ကြီးတွေ ရှုပ်ခဲ့တဲ့ ဇတ်ထုပ်ပဲ။ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာနဲ့ပတ်သတ်တဲ့ အဖြေကို နိုင်ငံတကာက ငံ့လင့်နေတာ သင့်တော်မှုတစ်ခုပဲမဟုတ်လားဗျာ။
ကိုဆိုဗို မှတ်စု
အလဲဗင်းမီဒီယာအုပ်စုခင်ဗျား – ခင်ဗျားတို့အချိန်ကိုက်တင်ပေးခဲ့တဲ့ “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ဆိုတဲ့ မှတ်စုမှာ ရေးသားသူက “ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကြိုးစားနေရတာ သတိထားမိတယ်။”အဲသလိုရေးသားခဲ့ပါတယ်။
ခင်ဗျားတို့ မီဒီယာကြီး မေ့နေတာက မြန်မာပြည်ကို နှစ် ၅၀ လောက်နောက်ကျကျန်ရစ်အောင် လုပ်ခဲ့တာ ဘယ်သူတွေများပါလဲ၊ သူတို့လုပ်ခဲ့တဲ့ကိစ္စတွေကို သူတို့ဖာသာဖြေရှင်းမယ်ဆိုရင်တောင် နောက်ထပ် နှစ် ၅၀ လောက်အချိန်ယူရပါဦးမယ်။ သူတို့ကိစ္စသူတို့ဟာသူတို့ ဖြေရှင်းပါစေပေါ့လို့ ခင်ဗျားတို့ တာဝန်သိမီဒီယာ၊ ပြည်သူ့မီဒီယာက ထောက်ပြရမှာပါ။
တဖန် ဆက်ပြီးတွေ့ရတာက - “ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။”
ဟုတ်တာပေါ့၊ ဒီတချက်ကတော့ အမှန်အကန်ပါပဲ။ ဒါပေမယ့် ပင်လုံတုန်းကလိုပဲ ဗိုလ်ချုပ်ကိုအနီးကပ် စိတ်ရင်းမှန်၊ သစ္စာတော်ခံပီသစွာ အကူအညီပေးခဲ့ကြတာ ဘယ်သူတွေများပါလဲ။ ခုအချိန်မှာ ခင်ဗျားတို့က မြန်မာပြည်တွင်း မွတ်စလင်မ်များရဲ့ ထောက်ခံမှုကို လိုချင်ရင် အဲဒါတွေကို ဖော်ထုတ်တင်ဆက်ရမှာပါ။ အဲဒီအချက်တွေနဲ့ မြှုဆွယ်ရမပေါ့။ မြန်မာမွတ်စလင်မ်တွေ ငံ့လင့်နေတာ အသိအမှတ်ပြုမှုပါ။ နံပါတ် ၁ မီဒီယာကြီးမှာ သူတို့အတွက် ဘယ်လိုအခန်းကဏ္ဍပေးလိမ့်မလဲဆိုတာ သူတို့စောင့်ကြည့်နေကြဆဲပါ။
တဖန် ဆက်လက်ဖတ်ရှုရပြန်တာက – တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။
မြင်သာအောင်ပြောရရင်တော့ ခင်ဗျားတို့က ကိုယ့်တာဝန် ကိုယ်မှမယူဘဲ၊ ဒါ့ကြောင့် ဒါမျိုးတွေ ဖြစ်လာရတာပ။ အာဖဂန်မြေက တာလီဘန်တွေကို ရုရှထဲသွင်းဖို့ သူလျှိုမွေးရင်း ကိုယ့်ကိုပြန်ခြောက်လို့ ကန်ထုတ်လိုက်ရတဲ့ အမေရိကန်အဖြစ်နဲ့ တယ်ဆင်နေသကိုး။
နောက်တစ်ချက်က ဟဒယပါ။ ဘာတဲ့၊ မြန်မာမွတ်စလင်မ်တွေထွက်မပြောဘူးဟုတ်စ။ စင်ကာပူလို ကျွန်းနိုင်ငံသေးသေးလေးမှာတောင် racial harmony အတွက် ပါလီမန်အမတ်နေရာ ခွဲတမ်းညီသဗျ။ မြန်မာမွတ်စလင်မ်တွေထဲက ဘယ်သူထွက်ပြောလို့ ဘယ်သူကများ အရေးစိုက်မှာတဲ့လဲ။ မြန်မာမွတ်စလင်မ်ပါလီမန်အမတ် ဒါမှမဟုတ် နိုင်ငံရေးအရ အရေးပါတဲ့ ပုဂ္ဂိုလ် ဘယ်နှစ်ဦးလောက် ခင်ဗျားတို့ထဲ နေရာပေးဖူးလို့တုန်းဆိုတဲ့ အမေးပဲ မြန်မာမွတ်စလင်မ်တွေဘက်က ထွက်လာပါလိမ့်မယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ မေတ္တာရပ်ခံပန်ကြားလွှာ (၅-၆-၂၀၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ သဘောထားထုတ်ပြန်ချက် (၈၊၆၊၂၀၁၂)

ခင်ဗျားတို့ပြောသလိုဆို၊ ဒါဘာသာရေးမဟုတ်၊ လူမျိုးရေးပြဿနာ။ ဒီလိုဆို ဟုတ်ကပြီ။ ဘာသာရေးမဟုတ်လို့ ပြည်တွင်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ ထုတ်ပြန်သင့်တဲ့ ငြိမ်းချမ်းရေးစာတမ်း တွေ ထုတ်ပြန်ပြီး သာသနာရေးနည်း လမ်းအရသူ့လူသူထိန်းပြီးမှ ခင်ဗျားတို့က ဘာလို့ ထွက်မပြောသလဲ မေးခွန်းထုတ်နေရတုန်းဗျ။ ခင်ဗျားတို့ပဲ ဘာသာရေးမဟုတ်ဆိုမှာတော့ ၊ မြန်မာမွတ်စလင်မ်တွေထဲမှာ နိုင်ငံရေးအရ အရာရောက်တဲ့ခေါင်းဆောင် ရှိလို့လားဗျာ။
အဲ – ရှိတဲ့ ပေါ်ပြူလာ ကိုမြအေးကလည်း သူ့ဆန္ဒထုတ်ပြောပြီးပြီလေဗျာ။ ဘာထပ်လုပ်ပေးရအုန်းမလဲခင်ဗျာ။
အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။
ဘာသာရေးပဋိပက္ခယိမ်း ဟုတ်စ။ လက်ရာမြောက်ပါပဲ။ ရခိုင်အရေးစဖြစ်တော့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေ ဘာတွေလုပ်ခဲ့သလဲ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘယ်သူတွေ ဘာလုပ်ခဲ့သတုန်းဆိုတာ နိုင်ငံတကာက သက်သေခံနေဆဲပါ။ မွတ်စလင်မ်မုန်းတီးရေးအရင်းခံ ၀ါဒီတွေရဲ့ အစ္စလာမ်သာသနာကို တိုက်ရိုက်ထိခိုက်ပြီး မိုက်ရိုင်းပြုမူ တံခွန်ထူမှုနဲ့ မြန်မာမွတ်စလင်မ်တွေရဲ့ သည်းခံစိတ်မွေးမြူပြီး လိုက်လံ ဖျောင်းဖျမှုက တိုက်ရိုက်အချိုးချလို့ရပါရဲ့။
အာဖဂန်မှာ ဗုဒ္ဓရုပ်ပွားတော်ဖျက်လို့ အသားလွတ်အကြိမ်းခံ၊ အဆဲခံရတာလည်း မြန်မာမွတ်စလင်မ်၊ ခု ပြည်တွင်းက ဗလီတွေအဖျက်ခံ၊ လူတွေအသတ်ခံရလို့ နိုင်ငံတကာက မီးမောင်းထိုးတော့လည်း ဒါမောင်မင်းတို့ ပြည်တွင်းမွတ်စလင်မ်တွေ မကောင်းလို့ဆိုတာက စေ့စေ့တွေးတော့ ရေးရေးပေါ်လာတဲ့ တယ်ပြီးမဟုတ်တဲ့ မဟုတ်ရေးချပါ။
ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက နှုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။
အတော်ရုပ်ပျက်၊ မပျက်ဆိုတာ နိုင်ငံတကာအသိုင်းအ၀ိုင်း စောင့်ကြည့်လူတန်းစားကမှ သတ်မှတ်လို့ရတာပါ။ ကာယကံရှင် နှစ်ပါတီဘက်က အသားလွတ်စွပ်စွဲပြီးလိုသလို ကောက်ချက်ဆွဲလို့မရပါ။
ထိုင်းနဲ့ ကမ္ဘောဒီးယား တို့ ဘယ်လိုပြေလည်သွားသလဲဆိုတာကို မဖော်ပြပဲ အစ္စလာမ်ဘာသာဝင်ကို ဘာကြောင့် မဆီမဆိုင်မျက်မုန်းကျိုးနေရပါသလဲ။ နိုင်ငံတကာ တရားရုံးရဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဆုံးဖြတ်လိုက်တဲ့ ဆင့်ဆိုချက်အရ ထိုင်းရော ၊ ကမ္ဘောဒီးယားဘက်ကပါ အဲဒီဘုရားကျောင်ပတ်လည်က တပ်တွေကိုနောက်ဆုတ်ပေးခဲ့ကြတာပ။
ဒီတော့ အလဲဗင်းနဲ့ ကိုအောင်ဇင်လတ်တို့ခင်ဗျား – ရိုဟင်ဂျာအရေးကို ကုလအေဂျင်စီတွေက လတ်တလော ဘယ်လိုများကိုင်တွယ်၊ သတင်းထုတ်ပြန်နေပါသလဲ။ လူ့အခွင့်အရေးစောင့်ကြည့်ရေး Human Rights Watch ကဆိုရင် ဦးသိန်းစိန်ရဲ့ ထိုင်းအလည်အပတ်ခရီးစဉ်ချိန်သားကိုက် ထိုင်းဝန်ကြီးချုပ် ယင်လတ်ဆီ စာတောင်ပေးပို့ခဲ့သဗျ။ (http://www.hrw.org/news/2012/07/20/thailand-press-burmese-president-rights)
ဒီတော့ကား မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာအရေးမှာ ကုလအဆုံးအဖြတ်ကို ဘာလို့အဆိုမပြုသေးတာတုန်းလို့ ဆန်းစစ်ရတော့မပေါ့။
အဆိုပြုခဲ့လို့ ကုလကဆုံးဖြတ်ပေးလိုက်မယ့်အဆုံးအဖြတ်ကို မြန်မာပြည်က လူများစုကြီးက ထိုင်းတို့ ကမ္ဘောဒီးယားတို့လို နိုင်ငံကြီးသားများပီသစွာ လက်ခံနိုင်ကြရင် ကောင်းလေစွ။
တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်း မွန်မွန် နေရာပေးလက်ခံပါရဲ့လား။
အထက်မှာလည်း ပြောခဲ့ပြီးပါပြီ။ ခပ်ပြတ်ပြတ်ထပ်ပြောရရင် ငါ့တင်ပါးထဲ ဘယ်သူမစင်ထည့်သွားသလဲ မစဉ်းပါနဲ့။ ကိုယ့်ခန္ဓာက အပုတ်က ကိုယ့်ခန္ဓာရဲ့ ထွက်ကုန်ပါပဲ။ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ဥပဒေက နယ်နိမိတ်စည်းခြား တရားမ၀င်ဖြတ်ကျော်ရင် ပစ်။ အတိတ်က နှစ်ပေါင်းများစွာအုပ်ချုပ်သွားတဲ့ မြန်မာအစိုးရလက်ထက်က ရခိုင်နယ်စပ်မှာ အဲသလို လုပ်ခဲ့ရင်…….။ တွေးပါ တွေးပါ။ မဆီမဆိုင်တာတွေ ထိုင်ပြောနေရင် အပျက်ပျက်နဲ့ နှာခေါင်းသွေးယိုတာပဲဖြစ်ပါလိမ့်မယ်။ limitless တော့ နှစ်ဖက်စလုံးက မလုပ်မိဖို့ အရေးကြီးနေချိန်ပါ။
အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။
ဘာကြောင့်ဘယ်လို west bangal (အိန္ဒိယ) နဲ့ ဘင်္ဂလားဒေ့ရှ်တို့ နိုင်ငံ ၂ ခုခွဲထွက်နေတာတောင် လူမျိုးတူ ဘာသာရေးပြဿနာလို့ ကင်ပွန်းတပ်နေရတာတုန်း။ (ခင်ဗျား ဖွင့်ဆိုချက်အရပဲ နိုင်ငံကွဲရင် လူမျိုးကွဲပဲပေါ့။)
လူမျိုးက လူမျိုးပဲ နိုင်ငံသားက နိုင်ငံသားပဲ… နိုင်ငံသားချင်းမတူလို့လူမျိုးကွဲတယ်ဆိုတာ တော်တော်ကြီးကိုတိမ်တဲ့အတွေးအခေါ်ပဲ… race နဲ့ citizenship တောင်မခွဲခြားနိုင်လောက်တဲ့ အခြေအနေနဲ့လူတစ်ယောက်ရဲ့ အမြင်တွေက ဘယ်လောက်အထိမှန်နိုင်ပါဦးမလဲ???
အိန္ဒိယရဲ့ကိုင်တွယ်ပုံကိုပဲမြင်ရင် အိန္ဒိယက သူ့နိုင်ငံအဝန်းအဝိုင်းထဲက ဘင်္ဂါလီတွေကိုရော ဘယ်လိုမျိုးအခွင့်အရေးပေးထားပြီး ခိုးဝင်လာသူတွေကိုဘယ်လိုကိုင်တွယ်တာလဲဆိုတာလေး ပြောဦးမှပေါ့… မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဥပဒေက အိန္ဒိယလောက် မျှတရဲ့လား… အဲ့ဒါလေးတွေလည်း ပြန်ထည့်တွက်ဦးလေ။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးသတ်မှတ်ရေးကို လွတ်လပ်ရေးရကတည်းက ဘယ်တုန်းကများ တစိုက်မတ်မတ်လုပ်ခဲ့ပြီး ဘယ်လောက်ခိုင်မာတဲ့အချက်အလက်တွေနဲ့ အတည်ပြုပြီးပြီလဲ… သူများတွေဖြေရှင်းပုံက ပြဿနာအရှာမခံရဘူးဆိုရင် သူများတွေဘယ်လို ကိုင်တွယ်လည်းဆိုတာလေးကျတော့ ထည့်မပြောတတ်လိုက်တာဗျာ… သိပ်လည်း မျှတတဲ့အမြင်ကြီးပဲဗျ။
နှစ်ဘက်စလုံး ဒီပုတ်ထဲက ဒီပဲဆိုပေသည့် တဘက်ကတော့ ငါ့နောက်၊ ပြည်သူရှိပါလားလို့တောင်….
၁) ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။
၂) ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။
အထက်က နံပါတ်စဉ် ၁ နဲ့ ၂ ကို ချိန်သားကိုက်အောင် မညှိပဲ ရေးသားတာကတော့ စိတ်ပျက်ဖွယ်ပါပဲ။ “အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့” နဲ့ “စနစ်တကျပလန်ချပြီး ကြိုတင်စီစဉ်” ဆိုတဲ့ စကားလုံးတွေက ထပ်တူညီပါပဲ။ အဲဒီစကားစု နှစ်ခုစလုံးအတွက်တော့ သက်သေအထောက်အထား ဗလာနတ္ထိပါ ကိုအောင်ဇင်လတ်နဲ့ အလဲဗင်းတို့ခင်ဗျား။ ခင်ဗျားတို့ဘက်မှာ နှစ်ခုစလုံးအတွက် ခိုင်မာတဲ့သံသယတွေ ရှိတယ်ဆိုရင် စာဖတ်သူကို ပိုပြီးနားလည်အောင် အထောက်အထားပေးဖော်ပြရပါလိမ့်မယ်။
ဒီကိစ္စရပ်နှစ်ခုလုံးမှန်တယ်ပဲထားအုန်း။ တဘက်က နိုင်ငံတကာမီဒီယာကို စည်းရုံးတယ်၊ တဘက်က မိမိအာဏာတည်မြဲရေးနဲ့ တပါးသူ defame ဖြစ်ရေးတို့အတွက် လိုသလိုအသုံးချဖို့ အကောက်ကြံ ပလန်ချလုပ်ကြံ တယ်။ အမေးက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့လူကြီးမင်းတွေက တိုင်းပြည်ထဲကလူတွေအတွက် မစဉ်းစားဘဲ၊ တဘက်က နိုင်ငံတကာမီဒီယာကို မြှုနေတဲ့အချိန် ဘာလို့များအာဏာတည်မြဲရေးအတွက် အကောက်ကြံဥာဏ်စဉ်ဆွဲ၊ အကျင့်ပျက်ခြစားခဲ့ကြတာပါလိမ့်။
တလက်စတည်းထောက်ပြချင်တာက ဗလီဆောက်တဲ့ကိစ္စ၊ ဖျက်တဲ့ကိစ္စနဲ့ စီးပွားရေးပြဿနာကိစ္စတွေအားလုံးက ရခိုင်မှာ ဖြစ်ခဲ့တာမဟုတ်သလို ဘယ်မီဒီယာ ကြီးတွေကမှလည်း focus လုပ်၊ တင်ပြပေးခဲ့ကြတာမဟုတ်ဘူး။
ကိုဆိုဗို (ဘော့စနီးယား) မာဆကားမှာ ဆာ့ဘ်တွေမှန်တယ်ဆိုပဲ
အလဲဗင်းမီဒီယာဂရုနဲ့ ကိုအောင်ဇင်လတ်တို့ခင်ဗျား – ဒီလိုမျိုးဝါဒဖြန့်ချိမှုက ဘယ်လောက်ထိတာသွားနိုင်သလဲဆိုတဲ့ အကျိုးဆက်ရလဒ်ကို သတိပြုမိခဲ့ပါသလား။ ခင်ဗျားတို့ရဲ့ ကလောင်တံက လူပေါင်းများစွာကို ဇီဝိန်ခြွေပြစ်လိုက်နိုင်ပါတယ်။ တာဝန်မမဲ့ကြပါနဲ့။ သွေးထိုးပေးခြင်း၊ သွယ်ဝိုက်စွာ မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်းနဲ့ စောရလမ်းပြခြင်းမျိုးတွေကနေ ရှောင်ရှားကြပါ။
ရာသီစက်ကွင်းအလိုက် ပြောင်းလဲတဲ့သဘောထား
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးနီးအတွင်း မြန်မာဘာသာစကားနဲ့ အစ္စလာမ်သာသနာတော်ကို ကြမ်းတမ်းခက်ထန်စွာ အသေရေဖျက်စော်ကားနေတဲ့ အွန်လိုင်းလူရမ်းကားများ (ဥပမာ နာမည်ကျော်ပလန်းနက်ဖိုရမ်မှ အစပြုခဲ့သော အစ္စလာမ်ဆန့်ကျင့်ရေး ဖိုရမ်မာ အချို့)က အဖန်ဖန်အလီလီဆွဲငင်ယူသုံး ခဲ့ကြတာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကတင်ပြတဲ့ အစ္စလာမ့်ဆန့်ကျင်ရေးစာပေတွေပါ၊ တဘက်သတ်ရေးထားတဲ့ သမိုင်းဖြစ်ရပ်တွေပါ။ သူတို့ဘာရေးရေး မြန်မာမွတ်စလင်မ်ကလွဲလို့ ကျန်တဲ့ လူအားလုံးက အမှန်ထင်ခဲ့တာချည့်ပဲ။
ခုများကြတော့ဗျာ။ အမေရိကန်အပါအ၀င်၊ ကုလသမ္မဂပါမကျန်၊ အနောက်နိုင်ငံအားလုံးက ကိုဆိုဗို၊ ဘော့စနီးယားသမိုင်းမှာ ဆာ့ဘ်တွေက အစ္စလာမ်ဘာသာဝင် တွေကို မျိုးတုန်းသတ်ခဲ့ကြတာပါဆိုတဲ့ သမိုင်းက အလိမ်ကြီးတဲ့ဗျာ။ တယ်လည်းတတ်နိုင်၊ ရယ်စရာကောင်းပါပေ့။
အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။
ကိုအောင်ဇင်လတ်နဲ့ တာဝန်မဲ့အလဲဗင်းတို့ သိထားတဲ့ ကိုဆိုဗိုသမိုင်းက myth ဆိုတဲ့ ဒဏ္ဍာရီတွေပါ။ ခရစ်နှစ် ၆ ရာစုအကုန်လောက်မှာ ကိုဆိုဗိုက အော်တိုမန်အင်ပါယာအောက်ရောက်နေပြီ။ သမိုင်းမှန်အရ အဲဒီအချိန်က ကိုဆိုဗိုမှာ ကက်သလစ်အလ်ဘေးနီးယန်းတွေရှိနေပေမယ့် သူတို့ပိုင် ချာ့ခ်ျတွေက ဆာဘီးယားသြသိုဒေါ့စ်ချာခ်ျတွေထက် တန်ခိုးသြဇာနည်းပါတယ်။ ကိုအောင်ဇင်လတ်ပြောတဲ့ အယူမှန်ခရစ်ယာန်ဆိုတာ ဘယ်တမျိုးလဲခင်ဗျာ။ ဆာဘီးယန်းသြသိုဒေါစ်လား၊ အလ်ဘေးနီးယန်းကက်သလစ်လား။
အဲဒီအချိန်က အလ်ဘေးနီးယန်းတိုင်း မွတ်စလင်မ်လို့ ရောထွေးပြီး လုပ်ပစ်ခဲ့တာ၊ စာဖတ်ပရိသတ်ကို လှည့်စားခဲ့တာကတော့ ပက်စက်တဲ့ ယုတ်မာမှုပဲလို့ မှတ်ချက်ပြုပါရစေ။
မဲလ်ကွန် နိုဝဲလ်ရေးသားတဲ့ ကိုဆိုဗို၊ အတိုချုန်းသမိုင်းစာအုပ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
The Bektashi order of dervishes carried out a conversion campaign which stressed the similarities between their version of Islam and Christianity.
ဘတ်တရှီသြဒါခေါ် ရှီယိုက်ဆူဖီလှုပ်ရှားမှုက ကိုဆိုဗိုမှာ ဘယ်လိုလှုပ်ရှားခဲ့သလဲ၊ ဒါရ်ဝီရှ်လို့ခေါ်တဲ့ အစ္စလာမ်သာသနာပြုတွေက သူတို့ပုံစံ အစ္စလာမ်နဲ့ ခရစ်ယာန်အကြားတူညီမှုကို အသားပေးဖော်ပြခဲ့ပြီး သာသနာပြုခဲ့ကြတာပါ။ (Malcolm, Noel, Kosovo: A Short History, pp.124-135) ဘယ်နှယ့်လုပ် ခိုးဝင်လို့ ကိုဆိုဗိုမှာ မွတ်စလင်မ်တွေ များလာရတာလဲ။ ကိုယ့်ကလောင် ကိုယ်တာဝန်ခံရင် detail research လည်း လုပ်ဦးမှပေါ့ဗျာ။
၁၇၁၇ မှာ ဘဲလ်ဂရိတ်ကနေ အစ္စတန်ဘုလ်အထိ ဗြိတိသျှသံအမတ်ကို လမ်းပြလုပ်ပေးခဲ့တဲ့ အလ်ဘေးနီးယန်းကြီးကဆို သောကြာနေ့ဗလီတက်ပြီး တနင်္ဂနွေ ရောက်ရင် ချာ့ခ်ျတတ်သတဲ့။ (Murphy, Dervla, Embassy to Constantinople, p.102)
Albanians in Kosovo who had been passing as Muslims were declaring themselves Catholics (to avoid conscription) as late as 1845. (Malcolm, Noel, Kosovo: A Short History, pp 185-86) ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေက မွတ်စလင်မ်တွေအဖြစ် ဘ၀ကျောင်းလမ်းနေခဲ့ကြပေမယ့် သူတို့ကိုယ်သူတို့တော့ (စစ်မှုမထမ်းရအောင်) ကက်သလစ်လို့ ၁၈၄၅ လောက်ထိ ကြေငြာခဲ့ကြတာဆိုပဲ။
ဒီတော့ကား ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေကို ခရစ်ယာန်လို့ပြောလည်း မှန်နေမှာပဲ။ (http://en.wikipedia.org/wiki/Islam_in_Kosovo#cite_note-5 မှ ကိုးကား)
နောက်တစ်ချက်က ကိုဆိုဗိုမှာ ဆာ့ဘ်တွေ ပျောက်သွားတာမျိုး မရှိခဲ့ဘူး။ ၁၉၉၉ မွတ်စလင်မ်ဂျီနိုဆိုဒ်မဖြစ်ခင်ထိ ဆာ့ဘ်ပမာဏက များပြားဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ -
The third myth that Malcolm tries to debunk is the celebrated migration of thousands of Serbs from Kosovo to southern Hungary at the end of the seventeenth century led by their patriarch, Arsenije III. Malcolm’s fascinating research concludes that the patriarch fled the territory without leading a mass exodus, that the numbers of Serbs who eventually landed in Hungary were fewer than Serb tradition assumes, that most of the Serb refugees were not from Kosovo, and that it was therefore not this event that caused Kosovo to be depopulated of Serbs. (http://www.ess.uwe.ac.uk/genocide/reviewy5.htm)
၇ရာစုမှာ ကိုဆိုဗိုကနေ ဟန်ဂေရီကို ထွက်သွားတဲ့ ဆာ့ဘ်အုပ်စုကြီးကို ရိုးမယ်ဖွဲ့ပြီး ကိုဆိုဗိုမှာ ဆာ့ဘ်လူဦးရေ နည်းသွားတယ်လို့ မပြောနိုင်ဘူးလို့ မဲလ်ကွန်နိုဝဲလ်ရဲ့ စာအုပ်ကို ရီဗျူးလုပ်ထားတဲ့ သောမတ်စ် အမ်းမားတ်က တင်ပြထားသဗျ။
အတိုချုန်းရရင်တော့ အော်တိုမန်အင်ပါယာ (ခရစ် ၆ ရာစု) ကတည်းက ကိုဆိုဗိုမှာ အစ္စလာမ်သာသနာဆိုတာ ရှိနေပြီးပြီ ကိုအောင်ဇင်လတ်ရ။ ပြောမယ်ဆိုရင် နောက်ပိုင်းမှ ခင်ဗျားပြောတဲ့ အစစ်အမှန်ခရစ်ယာန်တွေကြောင့် မွတ်စလင်မ်တွေ အစုလိုက်အပြုံလိုက် သေပွဲဝင်ခဲ့ရလို့ မွတ်စလင်မ်ဦးရေ ကိုဆိုဗိုမှာ ဒီထက်နည်းသွားတာပဲ။
ကိုဆိုဗိုမှာ မွတ်စလင်မ်တွေ ဆာ့ဘ်တွေနဲ့ နင်လား၊ ငါလား ခေတ်ပြိုင်ရှိခဲ့ကြတာ၊ ခိုးဝင်လာလို့ ဆာ့ဘ်တွေနေရာပျောက်တာမဟုတ်ဆိုတာ ရှင်းလောက်ပါပြီ။
၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်
ခင်ဗျားနှိုင်းယှဉ်ပုံကလည်းဗျာ။ ၁၄ ရာစုနဲ့ ၂၀ ရာစု၊ အတော်လည်း နီးနိုင်လွန်းပါတယ်။
ကိုအောင်ဇင်လတ်ရေးခဲ့တဲ့ ၁၄ ရာစုမှာ ဆာ့ဘ်ဘယ်လောက်၊ ၁၉၉၁ မှာ ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာက အလ်ဘေးနီးယန်း တွေ ခိုးဝင်လာလို့၊ တိုက်ထုတ်လိုက်လို့မှ မဟုတ်တာပဲ။ အလ်ဘေးနီးယန်းတွေကိုယ်တိုင် ကျင့်သုံးတဲ့ အစ္စလာမ်ဝါဒက ခရစ်ယာန်နဲ့ လိုက်လျောညီထွေဖြစ်နေမှာတော့ ကက်သလစ်နဲ့ သြသိုဒေါစ်ညိတာကို မဆီမဆိုင် မွတ်စလင်မ်ကို ဘယ်ကြားထဲ ထည့်လိုက်ရတာတုန်း။
၁၉၉၁ သန်းခေါင်စာရင်းကို ကြည့်ရင် ဒီလိုတွေ့ရပါတယ်။
အလ်ဘေးနီးယန်းတွေ ဘွိုင်ကောက်လုပ်ခဲ့တဲ့ သန်းခေါင်စာရင်းအရ ၁၉၉၁ မှာ ဒီလို -
  • 194,190 Serbs (10%)
  • 20,365 Montenegrins (1%)
  • 9,091 Albanians (most boycotted)
  • 57,758 Muslims
  • 44,307 Romas
  • 10,445 Turks
  • 8,062 Croats (Janjevci, Letnicani)
  • 3,457 Yugoslavs
နောက်ပိုင်းပြင်ဆင်နဲ့ ၁၉၉၁ သန်းခေါင်စာရင်းက ဒီလို -
  • 1,596,072 Albanians (81.6%)
  • 194,190 Serbs (9.9%)
  • 66,189 Muslims (3.4%)
  • 45,760 Romas (2.34%)
  • 20,365 Montenegrins (1.04%)
  • 10,445 Turks (0.53%)
  • 8,062 Croats (Janjevci) (0.41)
  • 3,457 Yugoslavs (0.18%)
  • 11,656 others (0.6%)
(http://en.wikipedia.org/wiki/Demographics_of_Kosovo#1321-1331)
အဲဒါပေမယ့်ပြင်ဆင်ချက်ကို အမှန်လို့ မယူကြဖို့ ၀ီကီက သတိပေးထားသဗျ။ ဒီတော့ကား ဘယ်မလဲ မွတ်စလင်မ်အရေအတွက်က ဆာ့ဘ်ထက်ပိုများပါတယ်ဆိုတဲ့ အထောက်အထား။ အလ်ဘေးနီးယန်းတိုင်း မွတ်စလင်မ်မဟုတ်ဆိုတာ သတိလေးတော့ ချပ်ခဲ့သင့်တာပေါ့ဗျာ။

မဲလ်ကွန် နိုဝဲလ်ရေးသားတဲ့ A Short History သမိုင်းစာအုပ် ခုလို မှတ်ချက်ပေးထားပါသေးတယ်။
“There have been many battles and wars in Kosovo over the centuries, but until the last 100 years or so none of them had the character of an ‘ethnic’ conflict between Albanians and Serbs.” (Kosovo, A Short History page. xxix)
(၂၀ ရာစု အတွင်း) ကိုဆိုဗိုမှာ စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာပေါ့၊ ဒါပေမယ့် လွန်ခဲ့နှစ် ၁၀၀ အတွင်း သို့မဟုတ် အဲလောက် အချိန်အထိ အလ်ဘေးနီးယန်းတွေနဲ့ ဆာ့ဘ်တွေအကြား လူမျိုးရေး ပဋိပက္ခ၊ နှစ်ဘက်စလုံးမှာ မရှိခဲ့ဘူးတဲ့ဗျာ။ အတုယူစရာပေါ့ဗျာ။
၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။
သမိုင်းစာအုပ် ခုလို ၁၉၈၁ မှာ အလ်ဘေးနီးယန်းကျောင်းသားတွေက နိုင်ငံရဲ့ဆင်းရဲမွဲတေမှု၊ ကျောင်းပြီးအလုပ်မရှိမှုနဲ့ အလုပ်လက်မဲ့မြင့်မားမှုတွေ ကြောင့် ဆန္ဒပြကြတယ်။ နောက်တော့ ဆူပူသောင်းကျန်းမှုအသွင်ဖြစ်သွားပြီး လူပေါင်း ၂ သောင်းလောက်ပါဝင်လာတယ်။
ကိုအောင်ဇင်လတ်ရေ၊ ဒီနေရာမှာ ခင်ဗျားပြောသလို ဆာ့ဘ်တွေဘက်က ထိခိုက်နစ်နာမှု၊ ခွဲခြားခံရမှုတွေ ရှိခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က ကိုဆိုဗိုကို အုပ်ချုပ်နေတာ ကွန်မြူနစ်အစိုးရ၊ ယူဂိုဆလပ်အစိုးရလေဗျာ။
Perhaps the most politically explosive complaint leveled by the Kosovo Serbs was that they were being neglected by the Communist authorities in Belgrade. (New York Times 1987-06-27, “Belgrade Battles Kosovo Serbs”)
ကိုဆိုဗိုဆာ့ဘ်တွေ အပေါက်ကွဲဆုံး စောဒကတက်ခဲ့ကြတာက သူတို့ကို ဘဲဂရိတ်အာဏာပိုင် ကွန်မြူနစ်တွေက လျစ်လျူပြုခဲ့တာကိုပါ။
In August 1987, during the dying days of Yugoslavia’s Communist regime, Kosovo was visited by Slobodan Milošević, then a rising politician. He appealed to Serb nationalism to further his career. Having drawn huge crowds to a rally commemorating the Battle of Kosovo, he pledged to Kosovo Serbs that “No one should dare to beat you”, and became an instant hero of Kosovo’s Serbs. By the end of the year Milošević was in control of the Serbian government. (Wiki – http://en.wikipedia.org/wiki/History_of_Kosovo#cite_note-nyt19870627-28)
၁၉၈၇ သြဂုတ်လ မှာတော့ ကိုဆိုဗိုကို ဆလိုဘိုဒန် မီလိုဆီဗစ် (ယူဂိုဆလပ် ဆိုရှယ်လစ် ၀န်ကြီးချုပ်) လာလည်ပြီး ဆာ့ဘ်တွေကို တောင်းပန်ခဲ့တယ်။ ဆာ့ဘ်တွေကို သူက “ဘယ်သူမှမင်းတို့ကို မရိုက်ရဲစေရဘူး” လို့ ကတိတောင်ပေးလိုက်သေး။ ပြီးတော့မှ သူက ဆားဘီးယန်းအစိုးရကို ထိန်းချုပ်တော့တာပဲ။ (ဆာ့ဘ်လို လူမျိုးက သူမကျူးလွန်တဲ့ကိစ္စအတွက် သူတာဝန်ခံပြီး တောင်းပန်မှာတော့ မဟုတ်လောက်။)
ကိုအောင်ဇင်လတ်ရေ၊ ဘယ်မှာလည်း ခင်ဗျားပြောတဲ့ အလ်ဘေးနီးယန်းမွတ်စလင်မ်တွေ တပ်တွေဖွဲ့တိုက်ထုတ်လို့ ထွက်ပြေးသွားရတဲ့ ဆာ့ဘ်တွေအကြောင်း။ ဆာ့ဘ်တွေကို လုပ်ခဲ့တာ ကွန်မြူနစ်ယူဂိုဆလပ်အစိုးရခင်ဗျ။
ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊
ကဲဒီလိုဆို မီလိုဆီဗစ်ကြီးဘက်က အခမဲ့ရှေ့နေလိုက်ပေးပြီး လူသတ်ပွဲကြီးကို တရားမျှတပါတယ်၊ ရခိုင်မှာလည်း ဒါမျိုးလုပ်သင့်ပါတယ်လို့ သွယ်ဝိုက်စွာရေးသားခဲ့တဲ့ ကိုအောင်ဇင်လတ်ခင်ဗျား။ ခင်ဗျားရေး self written က ၂၀၀၇ ဖေဖော်ဝါရီက နိုင်ငံတကာတရားရုံးဆုံးဖြတ်ချက် (ICJ ဆုံးဖြတ်ချက်) ကို ဘယ်ဂုဏ်ကြောင့် ၀ံ့သတုန်း ကြည့်၊ ကြည့်မယ်ဗျာ။
The Court concludes that the acts committed at Srebrenica falling within Article II (a) and (b) of the Convention were committed with the specific intent to destroy in part the group of the Muslims of Bosnia and Herzegovina as such; and accordingly that these were acts of genocide, committed by members of the VRS in and around Srebrenica from about 13 July 1995.(http://www.icj-cij.org/docket/files/91/13685.pdf – The Hague, 26 February 2007, p. 108, paragraph 297.)
အတိုချုန်းရရင် ၁၃ ရက် ဇူလိုင် ၁၉၉၅ လောက်ကနေ ကျူးလွန်ခဲ့တဲ့ (မွတ်စလင်မ် များကို သတ်ဖြတ်ခဲ့တဲ့ လူသတ်ပွဲကြီးက) ဂျီနိုဆိုဒ်၊ မျိုးတုန်းသတ်ဖြတ်ပွဲဖြစ်ခဲ့ပါတယ်လို့ ကမ္ဘာ့တရားရုံးက ဆုံးဖြတ်ခဲ့ပါသတဲ့။ ဟိတ်ဂ်မြို့က အိုင်စီဂျေ ၀က်ဘ်ဆိုဒ်၊ ဒီမှာပါ – http://www.icj-cij.org/ ကိုအောင်ဇင်လတ် ဆက်သွယ်ပြီး စောဒက တက်မယ်ဆိုရင် အရံသင့် သုံးနိုင်အောင်လို့ပါ။ (ကျေးဇူးတင်စရာမလိုပါ။)
အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့ မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။
မီဒီယာဆိုတာ အားနည်းရာကို ကရုဏာသက်တတ်တယ်တဲ့လားဗျာ။ အဲ- မြန်မာ့နံပါတ် ၁ မီဒီယာကတော့ အမှန်တရားဆိုရင် ကြားမနေပေါင်တဲ့ဗျား။
ကဲ – အလဲဗင်းနဲ့ ကိုအောင်ဇင်လတ်ရေ၊ ကိုဆိုဗိုစစ်ပွဲမှာ ဆာ့ဘ်တွေကို နိုင်ထက်စီးနင်းလုပ်ခဲ့တာ ဘယ်သူတွေလဲ၊ မွတ်စလင်မ်တွေကို အစုလိုက် အပြုံလိုက် မျိုးတုန်းသတ်ဖြတ်တာဘယ်သူလည်း ရှင်းပါပြီနော်။
ဒီတော့ကား ခင်ဗျားတို့ နှစ်ပါတီ ပူးပေါင်းပြီး ရိုးသားလှတဲ့ မြန်မာပြည်သူလူထုကို တဘက်လက်နဲ့ လှည့်စား၊ သမိုင်းလိမ်ကို တင်ပြ၊ မွတ်စလင်မ်ဆို မုန်းတီးအောင်လှုံဆော် ၊ ဒါတင်တင်မက မြန်မာပြည်တွင်း ဂျီနိုဆိုဒ်ဖြစ်လာအောင် သွယ်ဝိုက်ဝါဒဖြန့်ချိလေတော့ သမိုင်းမှာ အမဲစက်အကြီးကြီး စွန်းထင်းမလာနိုင်ဘူးလို့ ခင်ဗျားတို့ အာမခံနိုင်လို့လား။ ဒါဟာ အလွန်အင်မတန် အန္တရာယ်များတဲ့ ၀ါဒဖြန့်ချိမှုဆိုတာ မီဒီယာကြီးတစ်ခု လုပ်နေပြီး သတိမထားမိလေရော့သလား။ ခင်ဗျားတို့ကိုယ်တိုင် ရခိုင် (ဗုဒ္ဓ) တွေ သွေးဆူတယ်လို့ အောက်ပါအတိုင်း ၀န်ခံထား (သိထား) ပြီးမှ ဘာလို့ ဒီလို ၀ါဒဖြန့်ချိပါသလဲ။
ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊
ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။
တာဝန်မဲ့ ၀ါဒဖြန့်ချိမှု အလိုမရှိ။
ကျွန်တော်ရေးသားတင်ပြဖူးတဲ့ The most successful propaganda technique ဆိုတာလေး ပြန်တင်ပြပြီး နိဂုံးကမ္ပ အဆုံးသတ်ပါရစေ။ (http://www.freerepublic.com/focus/f-news/1530401/posts)
နံပါတ် ၃ မှာ ပြောထားတာက
# 3. Misinformation: This is a subtle technique, it involves reporting information in such a way that the final message of the story is not true, it’s what the propagandist wants you to believe.


ဒီတော့ အလဲဗင်းက ကိုအောင်ဇင်လတ်မှတ်စုကို တင်ပေးလိုက်အပြီး ဖြစ်ပျက်လာတဲ့ မုန်းတီးမှုအခြေခံ အစပျိုးမှု၊ ဆဲရေးမှု၊ လူမျိုးရေးခွဲခြားမှုတွေ ကိုဘယ်သူတာဝန်ယူပေးမလဲ စောင့်ကြည့်ပါရစေ။
အမုန်းတရားများ ကင်းဝေးကြပါစေ။ မမှန်သတင်း ၀ါဒဖြန့်ချိခြင်းမှ ရှောင်ရှားနိုင်ကြပါစေ။
http://news.mmsy.info/news/4520
မှကူးယူဖော်ပြပါသည်။

Sunday, July 22, 2012

Saturday, 14 July 2012စိတ်ကူးထဲက အပိုင်းအစများ | ခေဋီဈက်အို

 




- ဗမာ့သမိုင်းမှာ နိုင်ငံ့ကောင်းကျိုးအတွက် သစ္စာရှိရှိ ပထမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခဲ့တာ မွတ်စလင်မ်တွေပါ။ (မွတ်စလင်မ်ဆိုတာ အစ္စလာမ်ဘာသာကိုယ်းကွယ်သူတိုင်းကို ခေါ်ပါတယ်။)

- လက်နက်ရှိစဉ်တုန်းကတော့ အချော့သတ်နဲ့ ပေါင်းပြီး လက်နက်မဲ့သွားတဲ့အခါ နည်းမျိုးစုံနဲ့ ၀ိုင်းဖိကာ လူမျိုးတစ်ခုလုံး ပျောက်ကွယ်သွားအောင် စနစ်တကျ လုပ်နေတာကို သံဝေဂ ယူစရာပါ။

- ဗမာပြည်မှာ ကိုယ်းကွယ်ရာမတူရင် ရန်သူလို့သတ်မှတ်ပြီး ကိုယ်းကွယ်ရာတူတဲ့ တိုင်းရင်းသားတွေကိုတော့ မဟာဝါဒတစ်ခုအောက်ကို ဘာသာရေးမှိုင်းတွေတိုက်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းသွပ်သွင်းနေခဲ့တာ ဟိုးတုန်းကတည်းကပါ။

- လ၀ကတွေဟာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေ ထုတ်ပေးရေးမှာ ကိုယ်းကွယ်သည့်ဘာသာ ဗုဒ္ဓဖြစ်နေပါက လွယ်လွယ်ကူကူ အချိန်မဆိုင်းဘဲ ထုတ်ပေးလေ့ရှိပြီး၊ မတူကွဲပြားတဲ့ ဘာသာတရားတွေဆိုရင်တော့ အချိန်ဆွဲထားလေ့ ရှိပါတယ်။
- ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ဗုဒ္ဓဘာသာဝင်တွေကိုသာ ပါဝင်စေချင်ပြီး မွတ်စလင်မ်များကို စိတ်ဓာတ်ပိုင်း၊ ခန္ဓာပိုင်းတွေ အဘက်ဘက်မှာ ကျဆင်းသွားအောင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။

- မြန်မာမွတ်စလင်မ်တွေသာ သီးခြားရှိနေတဲ့ နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးတွေအတွက် လစ်လျူရှုခံခဲ့ရတာတွေဟာ အလွန့်အလွန်ကို များလှပါတယ်။ ဥပမာတစ်ခုပြောရရင် ယင်းတော်ရွာဆိုတာ ကုန်းဘောင်မင်းဆက်တွေရဲ့ နန်းတွင်း သစ္စာတော်စောင့် အမှုတော်ထမ်း မြန်မာမွတ်စလင်မ်များရဲ့ အဆက်အနွယ်တွေသာ သီးသန့်နေထိုင်ခဲ့တဲ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်က ပျော်ဘွယ်မြို့ တစ်စိတ်စာရှိတဲ့ ဧရာမရွာကြီး တစ်ခုဖြစ်ပါတယ်။ အနီးအပါးက ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရှိတဲ့ ရွာတွေမှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့အချိန်မှာ ယင်းတော်ရွာသား အများစုကတော့ ဖယောင်းတိုင်မီး၊ တတ်နိုင်သူတွေကတော့ တစ်ရာမီး (၀လူမျိုးများ ညနေ ၆-၁၀အတွင်း ပေးထားတဲ့ မီးတစ်ပွင့် တစ်နေ့ ၁၀၀ ပေးရတဲ့မီး) တွေနဲ့ နေထိုင်ခဲ့ရတာ အခု ဒီမိုကရေစီသမ္မတဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးဟောင်း)ခေတ်အထိပါ။

- တချိန်က မြန်မာ့လက်ရွေးစင်တွေဖြစ်ခဲ့တဲ့ မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင်တို့နဲ့အတူ တောင်ငူမြို့က ဗုဒ္ဓဘာသာကိုယ်းကွယ်သူ ခေါင်းတိုက်ကောင်းတဲ့ ကိုဝင်းအောင်က နိုင်ငံ့လက်ရွေးစင်ဖြစ်နေချိန်မှာ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်တွေတိုင်းမှာ သူ့ထက်သာအောင် နေရာယူနိုင်ခဲ့ပေမဲ့ မွတ်စလင်မ်ဖြစ်နေလို့ တိုင်းလက်ရွေးဆိုတာထက် မပိုတဲ့အဆင့်သာရောက်ခဲ့ပြီးအခန့်မသင့်လို့ ထောင်ထဲကိုတောင် (၅-ည)အမှုနဲ့ နှစ်ပေါင်း(၂၀)ကျော်လောက် စီရင်ချက်ချကာ အပို့ခံလိုက်ရပါတယ်။

- မြန်မာမွတ်စလင်မ်တွေဟာ စစ်တပ်မှာဆိုရင် ဗိုလ်လောင်းအရွေးခံခွင့်မရှိဘူး၊ အစိုးရဌာနဆိုင်ရာတွေမှာ ညွှန်မှူးထက်ပိုတဲ့အဆင့်ကို မရကြဘူး။ အများအားဖြင့် အောက်တန်းစား ရာထူးတွေမှာပဲ မျှောထားခံရတယ်။ မြန်မာမွတ်စလင်မ်စစ်စစ်တွေ ဖြစ်ပါရဲ့နဲ့ မှတ်ပုံတင်တွေ မရှိကြဘူး။ အခုထိ မြန်မာပြည်မှာရှိနေတဲ့ အစ္စလာမ်ဘာသာကိုယ်းကွယ်သူ မြန်မာမွတ်စလင်မ်များ၏ (၁၀%)လောက်သာ မှတ်ပုံတင်ရှိကြပါတယ်။ ထုတ်ပေးရတဲ့သူတွေဆိုရင်လဲ မြန်မာနိုင်ငံသားလို့ အသိအမှတ်မပြုချင်တာကြောင့် နိုင်ငံရပ်ခြား တစ်ခုခုရဲ့ သွေးနှောသူလို့ သမုတ်လေ့ရှိပါတယ်။

မြန်မာပြည်ကို ဦးဆုံးဝင်ရောက်ခဲ့တဲ့ကတည်းက ပါရှိလာတဲ့ မြန်မာမွတ်စလင်တို့သာ သီးသန့်တည်ရှိတဲ့ အထက်အညာမြေက ကုန်းဘောင်မင်း နန်းစိုက်တဲ့ မြေထူးနယ်သား မြန်မာမွတ်စလင်မ်တွေတောင် နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်မှာ ထည့်သွင်းဖော်ပြခံနေရတာက သက်သေတစ်ခုပါ။

မဖြစ်မနေ သေရေးရှင်ရေးအတွက် ပြည်ပမှာ ဆေးသွားကုရမဲ့သူတွေဆိုရင် နိုင်ငံကူးလက်မှတ် တစ်စောင်ရဖို့ ငွေကို အဆမတန် ပုံပေးပြီး မှတ်ပုံတင် လုပ်ရပါတယ်။ သိန်းပေါင်းများစွာကို ပုံအောပေးပြီး ဗုဒ္ဓဘာသာဝင်တွေ ကြိုက်သလောက် ယူလို့ရတဲ့အချိန်မှာ မွတ်စလင်မ်တွေအတွက် ရွှေထက်တန်ဖိုးထားရတဲ့ အဖိုးတန်ပစ္စည်းတစ်ခုလို ဖြစ်လာရပါတယ်။

- ကျောင်းတွေတက်လဲ မှတ်ပုံတင်မရှိလို့ ဘွဲ့မရသူတွေက များလာတယ်။ အိမ်ထောင်စုဇယားတွေ လက်ဝယ်ထုတ်မပေးထားဘူး။ လက်ဝယ်ရှိထားသူတွေလဲ အကြောင်းမတိုက်ဆိုင်လို့ ပျောက်သွားရင် ငွေကို သိန်းချီပေးပြီးမှ ပြန်ထုတ်ယူလို့ရတယ်။ မတတ်နိုင်သူတွေ မထုတ်ကြတော့ လက်ရှိကနေ လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ အိမ်ထောင်စုဇယားတွေ ရှိပါရဲ့နဲ့ တစ်မြို့မှ တစ်မြို့ကို ရွှေ့ပြောင်းဖို့ အလွန့်အလွန်ကို ခက်ခဲနေရတယ်။

- ဒါကြောင့်ပဲ ရခိုင်ပြည်မှာလို ဗုဒ္ဓဘာသာဝင် အာဏာပိုင်၊ ပါတီနဲ့ အရပ်သားတွေဟာ မွတ်စလင်မ်တွေအပေါ် အခုလို စနစ်တကျနဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေ ပေါ်ပေါက်လာတဲ့အခါ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေမရှိတာကို အကြောင်းပြပြီး နိုင်ငံခြားသားလို့ မွတ်စလင်တွေကို သမုတ်လို့ရတာပေါ့။

အဲ့ဒီနောက်ဆက်တွဲကတော့ ရခိုင်မွတ်စလင်မ်တွေအတွက် နေစရာ မြေဆိုတာ မရှိလို့ ဦးတည်ရာမဲ့နေချိန်မှာ ရခိုင်ဒေသက ဗုဒ္ဓဘာသာဝင်တွေအတွက် အလှူအတန်းတွေကတော့ နေ့စဉ်လိုလို တီဗွီဖန်သားပြင်ပေါ်မှာ နေရာယူထားနိုင်ပါပြီ။

- သူတို့မှာ စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်းနေတဲ့အခိုက် မွတ်စလင်မ်တွေဟာတော့ လူဖြစ်ကြောင်းကိုတောင် သက်သေပြဖို့ အထောက်အထားတွေ မရှိကြတော့တဲ့အခါ ဟိုးမြို့စွန်က မှောင်မဲတဲ့ တောစပ်တွေထဲမှာ ဖျဉ်မိုးကာနဲ့ ရေ၊ မိုး၊ လေဒဏ်တွေကြားမှာ ကလေးငယ်တွေဟာ ကြောက်ရွံ့စိုးထိတ်ရင်း အော်ဟစ် ငတ်ပြတ်နေကြပါပြီ။
- ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ နိုင်ငံတကာကပေးဝေတဲ့ ချောကလက်တွေ၊ ဘီစကစ်တွေကို အစိုးရကတဆင့် ၀၀လင်လင်စားသောက်ပြီး အင်္ကျီအသစ်တွေဝတ်ပြီး ကလေးငယ်တွေ ဘုန်းကြီးကျောင်းတွေထဲမှာ ပြေးလွှားဆော့ကစားနေတဲ့အချိန် မွတ်စလင်မ်တွေကတော့ တစ်ရက်အတွက် မိသားစုတစ်ခုကို ဆန်နို့ဆီဗူးတစ်လုံးတောင် မရရှိတဲ့ဘ၀တွေပါ။ သူတို့ကို လှူဖို့ ဘယ်သူမှ မတတ်နိုင်ဘူး။ ဘယ်သူမှ မကူညီနိုင်ကြဘူး။
- မီဒီယာတွေက ဗုဒ္ဓဘာသာကိုယ်းကွယ်တဲ့ ရခိုင်သတင်းထောက်တွေကို ဖြစ်တဲ့နေရာတွေကို ပို့ပြီး သတင်းယူခိုင်းတယ်။ ၀တ္တရားမစောင့်သိတဲ့ သတင်းထောက်ဟာလဲ ဖြစ်ပျက်နေတဲ့အခြေအနေဆိုတာထက် ခံစားချက်ကိုဦးတည်ပြီး အမှန်ကိုအမှားလုပ်ပြကြတယ်။ ကိုယ်ချင်းစာတရားရှိသူ ဗုဒ္ဓဘာသာဝင်တွေဟာလဲ မီဒီယာတွေရဲ့ သတင်းမှားတွေကို လက်ခံလိုက်ကြတယ်။ နောက်ဆက်တွဲကတော့ အဖြစ်မှန်တွေ ကွယ်ပျောက်ကုန်ပြီး အထောက်အထားတွေ မရှိကြတော့လို့ ကလေး၊ မိန်းမများပါမကျန် အကြမ်းဖက် သောင်းကျန်းသူ နိုင်ငံခြားသားများလို့ ခေါင်းစဉ်တပ်ခြင်း ခံလိုက်ရတယ်။
- လွန်ခဲ့တဲ့ (၂၀၀၁)လောက်က တောင်ငူမှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အိုးအိမ်တွေနဲ့အတူ သက်သေခံလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ အိမ်ဝိုင်းခြံမြေ ဂရမ်၊ အရေးကြီး စာချုပ်စာတမ်းတွေကိုတောင် မယူနိုင်ဘဲ ဆောက်တည်ရာမဲ့ ထွက်ပြေးခဲ့ကြရတယ်။ နေ့ခင်းမှာ ပေါ်တင် ဗလီတွေ၊ ကျောင်းတွေ၊ ဆိုင်တွေ၊ အိမ်တွေကို မီးရှို့၊ အကြမ်းဖက်၊ လုယက်၊ ဖျက်ဆီး၊ သတ်ဖြတ်ကြတယ်။ ညမှာ အကြမ်းဖက် အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေကို အေးအေးဆေးဆေး နားနေနိုင်အောင် မာရှယ်လော ထုတ်ပေးထားတယ်။ မနက်မိုးလင်းတဲ့အခါ ထိုသူတွေ ရောက်လာပြီးအကြမ်းဖက်ခဲ့ကြတာ လနဲ့ချီအောင်ပါ။

မီးသတ်ကားတွေက မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သူတွေ မီးရှို့နေစဉ် စောင့်ကြပ်ကြည့်ရှုပေးထားတယ်။ တစ်အိမ်လုံး သုံးမရအောင် ပျက်စီးသွားတော့ ဘေးက ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေကို မီးစွဲမလောင်ရအောင် မီးသတ်ကားက စနစ်တကျကို မီးငြှိမ်း ရေဖျန်းပေးပါတယ်။




- သုံးမရတော့ပေမဲ့ မပြိုပျက်သေးဘဲ ကျန်နေသေးတဲ့ မွတ်စလင်မ့်အဆောက်အဦးတွေကိုတော့ စစ်တပ်က ဘယ်သူမှမထွက်နိုင်တဲ့ ညအချိန်မှာ ခက်ခဲ့တဲ့ ဗလီလို အဆောက်အဦးတွေကို ဖျက်ဆီးခြင်း၊ နေ့အချိန်မှာ လွယ်ကူတဲ့အဆောက်အဦးတွေကို အရပ်ဘက်အဖွဲ့တွေ၊ မီးသတ်တွေ၊ ရဲတွေက ဖြိုချပေးပါတယ်။

မှတ်မိပါသေးတယ်။ အခုမရှိတော့တဲ့ တပင်ရွှေထီးခေတ်ကတည်းက တည်ထားတဲ့ တောင်ငူခေတ် သမိုင်းဝင်ဗလီတစ်လုံဖြစ်တဲ့ အုပ်ရိုးထု (၂)ပေခွဲလောက်အထူ၊ အမြင့်ပေ(၂၀)၊ အကျယ် ပေ(၇၀)ပတ်လည်လောက်ရှိတဲ့ တောင်ငူခေတ် ရှေးလက်ယာမြောက် “ဟံသာဗလီ”ကြီးကို နေ့ခင်းပိုင်း အရပ်သားတွေက ၀ိုင်းဝန်းပြီး မှန်တွေ၊ အတွင်းပရိဘောဂတွေကို ဖျက်ဆီးခဲ့ပြီး ထင်တွေပုံပြီး မီးရှို့ခဲ့ပါတယ်။ သုံးရက်ကြာတော့ ညခင်းပိုင်း မာရှယ်လောထုတ်ထားချိန်မှာ စစ်သားတွေ တပ်ရင်းလိုက် ၀င်ရောက်ပြီး ဗလီတစ်ခုလုံးကို ပြိုကျအောင် ဖြိုဖျက်ကြပါတယ်။ ဘေးပတ်ဝန်းကျင်တွေကတော့ အသံကြားတယ်၊ မြင်ရတယ်ဆိုပေမဲ့ ဘာမှ လှုပ်မရကြပါဘူး။ ဒီလိုပါပဲ အိမ်တွေ ပျက်စီး မီးလောင်သွားတဲ့မွတ်စလင်မ်တွေဟာ မိမိတို့ရဲ့ အရေးကြီး စာရွက်စာတမ်းတွေကို ဘာမှ အရမယူနိုင်ခဲ့တာကြောင့် အခုထိကို နေထိုင်ရေးတွေမှာ အခက်အခဲတွေ့နေကြဆဲပေါ့။
- တကယ်တော့ ပြည်တွင်းမှာ ကိုယ်းကွယ်ရာဘာသာ ယေဘုယျအားဖြင့် လေးမျိုးရှိတယ်လို့ အသိအမှတ်ပြုထားပေမဲ့ ဗုဒ္ဓဘာသာပြီးရင် ဒုတိယမြောက် ကိုယ်းကွယ်မှုအများဆုံးလို့ ဆိုနိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်အပေါ် သစ္စာရှိရှိနဲ့ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ခဲ့တာကို မြန်မာပြည် တည်ထောင်စဉ်ကတည်းက အခုချိန်ထိ ကြည့်ပါက သာဓကတွေ အများကြီး တွေ့နိုင်တယ်ဆိုတာ ငြင်းလို့ မရပါ။ အာဇာနည် ကိုးဦးမှာ မွတ်စလင်မ် နှစ်ဦးကနေ သုံးဦးအထိပါဝင်ခဲ့တယ်ဆိုတာတွေ၊ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေရဲ့ နဘေးမှာ သေဒဏ်ပေးခံခဲ့ရတဲ့ မွတ်စလင်မ်တွေ ဘုရင့်ခေတ်မှာ တိုင်းပြည်ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သူတွေကတော့ ဖုံးကွယ်လို့မရတဲ့ သမိုင်းတွေပါ။ (ဒါတွေကို အရင်က ကျနော် တင်ပြခဲ့ဖူးပါတယ်။)

အခုတော့ ဒီသမိုင်းတွေကိုလဲ စနစ်တကျ ဖျောက်ဖျက်ဖို့ ရှေးရှေးကတည်းကရှိခဲ့တဲ့ မြန်မာမွတ်စလင်မ်သင်္ချိုင်းတွေကို အတင်းအဓမ္မ ဖျက်ဆီးနေတာတွေ၊ ရှေးဟောင်းဗလီတွေကို သင်္ဃန်းဝတ်ဟန်ဆောင်ပြီး ဖျက်ဆီးတာတွေ၊ ဘာသာရေးကျောင်းတွေကို ၀င်စီးတာတွေ၊ ရှေးမွတ်စလင်မ်အိမ်တွေကို ၀င်လုတာတွေ၊ မြန်မာမွတ်စလင်မ်တွေကို အကြမ်းဖက်နေတာတွေ၊ မွတ်စလင်မ်ဆန့်ကျင်ရေးတွေကို မီဒီယာမျိုးစုံအသုံးပြုပြီးလုပ်ဆောင်နေတာတွေ၊ ဖျက်ခံလိုက်ရတဲ့ အစ္စလာမ် ဘာသာရေးအဆောက်အဦးမြေနေရာတွေအပေါ်မှာ ဘုရားတည် ကျောင်းဆောက်ထားတာတွေ စုံအောင်ကို ဖြစ်ပျက်လာခဲ့တာ အခုဆို ရခိုင်ပြည်က အကြမ်းဖက် လုယက် သတ်ဖြတ်မှုတွေဟာ ကမ္ဘာကကို လက်တွေ့သိမြင်ခဲ့ရလို့ မြန်မာ့သမိုင်းရဲ့ ပုံရိပ်တွေဟာ ပြည်တွင်းအကြမ်းဖက်မှုတွေကြောင့် သွေးသံတရဲရဲနဲ့ စိုထိုင်းထိုင်းဖြစ်ကာ လွယ်လွယ်နဲ့ ခြောက်သွေ့နိုင်တော့မယ် မထင်ပါဘူး။

- အာဇာနည်ကိုးဦးထဲက အသက်အကြီးဆုံးလဲဖြစ်၊ အဲ့ဒီခေတ်က ပါလီမန်အတွင်းဝန်တွေရဲ့ အလေးထားရတဲ့ ပညာရှိ နိုင်ငံတော် အကြံပေး ခေါင်းဆောင်ကြီးလို့တောင် ပြောလို့ရတဲ့ ဦးရာဇတ်ကို ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ငယ်တွေ ဖွဲ့စည်းစဉ်အချိန်မှာ မြန်မာမွတ်စလင်မ်တွေကိုလဲ ဖွဲ့စည်းဖို့ တိုက်တွန်းတဲ့အချိန်မှာ “မွတ်စလင်မ်ဆိုတာ လူမျိုးတစ်ခု မဟုတ်ပါဘူး၊ ကိုယ်းကွယ်ရာ ဘာသာတရားပဲ မတူတာကလွဲလို့ အားလုံးဟာ တသားတည်းပါ၊ လူမျိုးစု တပ်ဖွဲ့တွေမှာ မွတ်စလင်မ်တွေရှိခဲ့ရင် သူတို့မိခင်တပ်က ပေးအပ်တဲ့တာဝန်အတိုင်းပဲ ထမ်းဆောင်ပါလိမ့်မယ်၊ တိုင်းပြည်မှာ အဖွဲ့တွေ အုပ်စုတွေ သိပ်များရင် မကောင်းပါဘူး”လို့ ဦးရာဇတ်က ရှင်းရှင်းလင်းလင်းကို ပြန်ပြောခဲ့တာဟာ မြန်မာမွတ်စလင်မ်တွေအားလုံးကို ကိုယ်စားပြုခဲ့ပါတယ်။
- အခုတော့ လက်နက်မရှိတဲ့ မွတ်စလင်မ်တွေကို နိုင်ငံအနှံ့မှာ ဖိနှိပ်မှုတွေဟာ အလွန့်အလွန်ကို အတင့်ရဲလာကြပါပြီ။ ဘယ်လောက်ထိ မတွေးဝံ့စရာတွေကို တွေ့လိုက်မိလဲဆိုရင် “ဒါ မင်းတို့နိုင်ငံမဟုတ်ဘူး ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြ”တဲ့၊ “မွတ်စလင်မ်တစ်ယောက်ကို သတ်နိုင်ရင် ငွေငါးသိန်းပေးမယ်၊ မွတ်စလင်မ်မတစ်ယောက်ကို မုဒိန်းကျင့်နိုင်ရင် ငွေသုံးသိန်းပေးမယ်”တဲ့။

- ပိုဆိုးလာတာက မြန်မာမွတ်စလင်မ်မိန်းကလေးတွေရဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံတွေကို အသုံးချပြီး အမေနှစ်မ မစာနာတဲ့ စကားလုံးတွေနဲ့ ခိုင်းနှိုင်းလာတာတွေ၊ မွတ်စလင်မ်မိန်းကလေးတွေကို မုဒိန်းကျင့်ထားတဲ့ ဓာတ်ပုံတွေကို ပြထားတာတွေဟာ ဟိုတုန်းက စစ်ခွေးလို့ခေါ်တဲ့ ရုရှားရောက် ပြည်သူ့ဘဏ္ဍာအချောင်စားပြီး တိုင်းပြည်ဖျက်နေတဲ့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေတည်ထောင်တဲ့ Myanmar express ဆိုဒ်လောက်ကသာ လုပ်ခဲ့ကြပေမဲ့ အခုတော့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူ မြန်မာလို့ခေါ်တဲ့ မိန်းမ၊ ယောက်ျားအများစုကပါ တပျော်တပါးကြီး ပါဝင်လာတာကို တွေ့နေရပါပြီ။ (သိချင်ရင် group တော်တော်များများမှာ ၀င်ကြည့်ပါ။)

- ဘာသာရေးကို ရှေ့တန်းတင်လာရာက မဟာအမျိုးသားရေး ၀ါဒတွေ လွှမ်းခြုံလာပြီး အတွေးတွေကို လွှမ်းခြုံသွားလို့ အရာရာတိုင်းမှာ အရှိကို အရှိအတိုင်း မမြင်နိုင်ကြတော့ဘဲ အမှောင်ခေတ် တိုင်းပြည် ပျက်သုန်းရေးကို နောက်ပြန်ဆွဲ ဦးတည်လို့ လာနေပါပြီ။ တောင်ကုတ်မြို့က ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေမှာဆိုရင် ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရဲ့ အောင်ပွဲခံပုံရိပ်ဟာ မြန်မာ့သမိုင်းကို အောက်တန်းကျစေခဲ့ပါတယ်။

- အခုဆို သမိုင်းထဲမှာ ဘယ်တုန်းကမှ ကောင်းကွက်မရှိခဲ့ဘဲ အခုချိန်ထိကို သိက္ခာအဖတ်ဆယ်မရတဲ့ စစ်တပ်က စစ်ခွေးတွေကို ဗုဒ္ဓဘာသာကိုယ်းကွယ်သူ အများစုက အဖေလို ကိုယ်းကွယ်နေကြပါပြီ။ အမေလို တန်ဖိုးထားခဲ့တဲ့ ကမ္ဘာရှားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင်ဆဲရေးတိုင်းထွာလာကြပါပြီ။

- သမိုင်းတွေကို လူမျိုးတစ်စုက ဖျောက်ဖျက်ခဲ့မယ်ဆိုရင်တောင် ကမ္ဘာကြီးကတော့ မမေ့လောက်ပါဘူး။ မဟာဝါဒတွေကို ရှေ့တန်းတင်ခဲ့ကြသူတွေ ကမ္ဘာတည်သရွေ့ သမိုင်းဆိုးနေကြတယ်ဆိုတာကိုတော့ ဟစ်တလာကိုသာ ကြည့်ပြီး သံဝေဂ ယူလိုက်ကြပါ။

- နောက်ဆုံး ပြောချင်တာကတော့ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပြောနေ မြန်မာမွတ်စလင်မ်ဟာ မြန်မာမွတ်စလင်မ်ပါပဲ။ သမိုင်းဖျောက်မယ်ဆိုရင် မမျှော်လင့်တဲ့ သမိုင်းတွေလဲ ပျောက်တတ်သလို ဖျက်မရတဲ့ အမှားတွေနဲ့လဲ ကြုံတွေ့တတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တိုင်းဟာ ဘယ်တော့မှ မကျူးကျော်ပါဘူး။ သည်းခံပါတယ်။ သာသနာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့သမျှသော စစ်ပွဲတိုင်းဟာ ခံစစ်တွေဆိုတာကို သိစေလိုပါတယ်။

မှတ်ချက်။ စိတ်ကူးအပိုင်းအစများအား အချိန်ဆင်းရဲသားတစ်ယောက်အနေနဲ့ ရေးသားထားရခြင်းကြောင့် အမှားအယွင်း၊ မဆီလျော်မှုတွေ ပါမယ်ဆိုရင် ကြိုက်သလိုသာ ပြင်ဖတ်ကြတော့ဗျာ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများပီပီ အားရပါးရ comments များနဲ့ ဆဲကြဆိုကြပြီး ဇာတိပြတာကိုလဲ မငြိုငြင်ကြဖို့ မြန်မာလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ကြားဝင်တောင်းပန်ပေးပါတယ်။ :)

လေးစားစွာဖြင့်- ခေဋီဈက်အို

 http://www.rohingyablogger.com/
မှကူးယူဖော်ပြပါသည်။

Saturday, July 21, 2012

သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်

      

မဇ္ဈိမသတင်းဌာန ။ ။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကို
သောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်
ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။

မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။
Thein-Sein-at-US-Asean-business-forum-Siem-Reap
မြန်မာသမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ်

မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်း
ဖြစ်သည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင်နှစ်ဦးသည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံက လက်ခံဆောင်ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင် ပြင်းပြင်းထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ၇ဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။

“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့
မြန်မာနိုင်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။

ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။

“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသင့်ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါတယ်” ဟု သတင်းစာက ဆိုသည်။

“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ သေနတ်အောက်မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့လျှင်လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။

“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှု သမိုင်းကြောင်းကနေ ရုန်းကန်ပေါ်ထွက်လာနေ
တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်
သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။

http://www.mizzimaburmese.com/news/
မှကူးယူဖော်ပြပါသည်။

နိရဉ္စရာသတင်းဌာနအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချခြင်း

ဦးခိုင်မြတ်ကျော် အယ်ဒီတာအဖြစ်လုပ်ကိုင်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် နိရဉ္စရာ ရခိုင်သတင်းဌာနသည် ရခိုင်ဒေသ ပဠိပက္ခနှင့်အတူ ပြည်တွင်းရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ပြည်ပရောက်ရခိုင်းအစွန်းရောက်များနှင့် ပူးပေါင်း၍ ရခိုင်ဒေသ၏ သတင်းလိမ်၊ သတင်းမှား၊ လုပ်ကြံဇတ်လမ်းများကို လက်တွေ့ဖြစ်ပေါ်ခံစားနေသကဲ့သို့ ၎င်းတို့၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြနေ ပါသည်။ နိရဉ္စရာသတင်းဌာနသည် စာနယ်ဇင်းကျင့်ဝတ်များနှင့် မည်သို့မျှကိုက်ညီမှုမရှိသောကြောင့် ရခိုင်ပြည်သူတရပ်လုံးနှင့် ပြည်တွင်း/ ပြည်ပ မြန်မာနိုင်ငံသားများ ယုံကြည်အားကိုးသော မှန်ကန်၍ စစ်မှန်တိကျပြီး အများအတွက် အကျိုးရှိသော သတင်းဌာနတစ်ခုဖြစ်ရန် အထူးအရေးကြီးပါသည်။ သို့မဟုတ်လျှင် နိရဉ္စရာသတင်းဌာနသည် အများပြည်သူ ပြည်တွင်း/ပြည်ပနေ မြန်မာနိုင်ငံသားများအတွက် အကျိုးမရှိဘဲ ရိုဟင်ဂျာဆန့်ကျင်သော(ANTI ROHINGYA)သတင်းဌာနတခုအနေဖြင့်သာ လူမျိုးအယူဝါဒကျဉ်းမြောင်းပြီး၊ အစွန်းရောက် အယူသည်းများ၏ သတင်းဌာနအဖြစ်သာ အများအမြင်တွင် ပေါ်လွင်နေသောကြောင့် ဖြစ်သည်။

၁၆-ရက်၊ ဇူလိုင်၊ ၂၀၁၂-ခုနှစ်တွင် တင်ထားသော သတင်းတပုဒ်တွင် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ ဆိုင်ကယ်မောင်း သမားတစ်ဦးကို အောက်ပိုက်သည်ရွာသားများက ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် အသက်ဘေးမှ သီသီလေးလွတ်မြောက်လာကာ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ဆိုင်ကယ်သမားမှာ ကိုစံရွှေ(အသက်-၃၁-နှစ်)ဖြစ်ပြီး၊ ဘုရားပေါင်းဆိုသောရွာကို လူပို့ပြီး ယမန်နေ့ညနေ(၆)နာရီမှာ အောက်ပိုက်သည် ကုလားရွာကို ဖြတ်သွားစဉ် လူခုနှစ်ယောက်လောက်မှ ဆိုင်ကယ်တားပြီး လေးဂွ၊ ဂျင်ဂလိတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း၊ ၀မ်းဗိုက်ကိုထိသွား၍ ဆိုင်ကယ်နဲ့အတူ လဲကျသွားကြောင်၊ နောက်တုတ်တွေနဲ့လာရိုက်ကြောင်း၊ လူပေါင်း(၂၀)ခန့်မှ တုတ်တွေ၊ ဓါးတွေကိုင် ပြီး လိုက်လာတဲ့အချိန်မှာ ဘုရားပေါင်းဖက်မှ ထော်လာဂျီတစ်စီးထွက်လာတဲ့အတွက် အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြောင်းကို ကျောက်တော်မြို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းမှ ပြောဆိုသည်ဟု ရေးသားထားပါသည်။ ဆိုင်ကယ်ကို ပြန်ရထားပြီး ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း တစုံတရာအရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ဆက်လက်ပြောဆိုသည်ဟုလည်း တင်ပြထားပါ သည်။ ကျောက်တော်တွင် ရခိုင်အမျိုးသားများအနေဖြင့် အေးအေးဆေးဆေးနေထိုင်လိုသော်လည်း အနီးအနားရှိ ဘင်္ဂါလီရွာသားများ တခု ပြီးတခု ပြသာနာရှာနေသဖြင့် နောင်တွင်ပြဿနာပေါ်ပေါက်နိုင်ကြောင်း ဦးစောငြိမ်းပြောသည်ဟု ဆိုထားပါသည်။ ဇူလိုင်(၇)ရက်၊ (၈)ရက် နေ့တွေမှာ ကျောက်တော်ကို မီးရှို့ဖို့လုပ်ပါတယ်။ (၉)ရက်နေ့ကလည်း ပြည်တော်သာဈေးကို မီးရှို့ဖို့လုပ်တဲ့အတွက် ဖမ်းဆီးခဲ့ရပါတယ်။ ကျွန်တော်တို့က ရန်မစပါဘူး။ သူတို့ကသာ တခုပြီးတခု ပြဿနာရှာနေတဲ့အတွက် ဒီပြဿနာမအေးဘဲ ဖြစ်နေပါတယ်။ နောက်ဆိုရင် လည်း မခံနိုင်ရင် ပြဿနာက တက်နိုင်ပါတယ်” ဟု ပြောကြောင်း အကျယ်တ၀င့် တင်ပြထားတာတွေ့ရပါတယ်။

အထက်ပါဆိုင်ကယ် ကယ်ရီသမားသည် မွတ်စလင်မ်အများစုနေထိုင်သော အောက်ပိုက်သည်ကျေးရွာတွင် မဟုတ်ဘဲ ကျေးရွာ ၏ အပြင်ဖက်လမ်းမတွင် အရက်မူးပြီး ဆိုင်ကယ်လဲလျက်ရှိသည်ကို အောက်ပိုက်သည်ကျေးရွာနှင့် ကပ်လျက်ရှိသော ရခိုင်ရွာမှ လူအချို့ တွေ့မြင်၍ မေးမြန်ရာ အနီးရှိ မွတ်စလင်မ်ကျေးရွာ၏ လူအချို့ ၀ိုင်းဝန်းရိုက်နှိက်မှုကြောင့် ဒဏ်ရာအနာတရရရှိခဲ့ကြောင်းကို ရခိုင်အစွန်း ရောက် တချို့ လုပ်ကြံဇတ်လမ်းထွင်၍ ရဲစခန်းသို့တိုင်ကြားခဲ့သည်။ ရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများ၊ ရခိုင်ခေါင်းဆောင်နှင့် ရခိုင်လူမျိုး အယောက်(၂၀)မှ လည်းကောင်း၊ စစ်အာဏာပိုင်များမှလည်းကောင်း မွတ်စလင်မ်ရွာသို့ လာရောက်မေးမြန်း၍ လုပ်ကြံဇတ်တိုက်ထားသော အမှုဆိုကာ အဖြစ်မှန်ကို သိရှိပြီးပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိပါ။

ရခိုင်ဒေသရှိ၊ ကျောက်တော်မြို့နယ်သည် ရှေးပဝေသဏီကတည်းက ရခိုင်ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များမှာ ညီရင်း အကိုမောင်ရင်းနှမသဖွယ် တဦးနှင့်တဦး ဖေးမကူညီစည်းလုံးညီညွတ်စွာ နေထိုင်သော မြို့တမြို့ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်များအကြားတွင် ဘာသာမတူသော်လည်း ဆွေမျိုးအဖြစ်ရှိနေသူများလည်း ရှိနေပါသည်။ ရခိုင်ဒေသကို အင်္ဂလိပ်နယ်ချဲ့များအုပ်ချုပ်နေသော ၁၉၃၀-ခုနှစ်တွင် ကျွန်ပညာရေးစနစ်ကိုဆန့်ကျင်၍ အမျိုးသားကျောင်းများ ဖွင့်လှစ်ရာတွင် ဦးထွန်း ဝေနှင့်တွဲဖက်၍ ဦးဇိုင်နဒ္ဒိန်(ကျောက်တော်)မှ ဦးစီး၍ စစ်တွေမြို့တွင် အမျိုးသားကျောင်းများ ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် ဦးဇိုင်နဒ္ဒိန် သည် အမျိုးသားကျောင်း၏ ကျောင်းအုပ်အဖြစ်ဆောင်ရွက်၍ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးအတွက် တက်တက်ကြွကြွ လှုပ်ရှား ခဲ့သူလည်းဖြစ်သည်။ အထက်ပိုက်သည်ကျေးရွာမှ ဦးအဒူကာဒီသည် ကျောက်တော်မြို့ဆိုင်ရာ သမာဓိမြို့ဝန်အဖြစ် ပါလီမန်ဒီမိုကရေစီ ခေတ်အထိ အမှုထမ်းခဲ့သူဖြစ်ပါသည်။ ကျောက်တော်မြို့ ဓမ္မာရုံဖြစ်မြောက်ရေးတွင် ဦးဆောင်ဦးရွက်ပါဝင်ခဲ့သူများမှာ ဦးအဒူကာဒီ (သမာဓိ မြို့ဝန်)၊ ဦးအဇီမူဒ္ဒိန်(ကျောင်းအုပ်)တို့ အဓိကအခန်းကဏ္ဍမှပါဝင်ကာ အလှူရှင်များတွင်လည်း ၎င်းတို့၏အမည်များ ဓမ္မာရုံဘေးပတ်လည်ရှိ ကျောက်ပြားများတွင် ယနေ့တိုင်တွေ့မြင်နိုင်ပါသည်။

သို့သော်လည်း နှစ်ပေါင်း(၅၀)အာဏာရှင်လက်အောက်တွင် မွေးဖွားသူများမှာ သမိုင်း အမှန်ကို သိရှိသူ အလွန်တကာနည်းသွားပြီ ဖြစ်ပါသည်။ တချို့ သမိုင်းအမှန်ကို သိရှိသူတွေလည်း သမိုင်းအမှန်ကို မျက်ကွယ်ပြုကာ လူမျိုးရေ၊ ဘာသာရေးမုန်းတီးမှုတွေ သက်ဆိုးရှည်အောင် ဘေးတီးပေးနေကြတယ်။ ကိုယ့်ပညာရပ်ဖြင့် လူ့ကမ္ဘာကို အကျိုးပြုမယ် မကြံဘူး။ လူအများအတွက် ဒုက္ခတွေသာ ဆောင်ကျဉ်းပေးနေကြတယ်။ သို့သော်လည်း ကျောက်တော်မြို့ရှိ ရခိုင်အမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးသာဇံလှအား မေးမြန်းလျှင် သမိုင်းအမှန်ဖြစ်ရပ်နှင့် ကျောက်တော်မြို့၏ အခြေအနေကို တိတိကျကျသိရှိနိုင်မည်ဖြစ်သည်။ ယခင် က ကျောက်တော်မြို့ရှိ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့ ဘိုး၊ဘွား၊ဘီ၊ဘင် အစဉ်အဆက်လက်ထက်မှ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်လာသောကြောင့် ကျောက်တော်မြို့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကြားတွင် မည်သည့်ပြသာနာမျှ မရှိခဲ့ပါ။

သို့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရနှင့် အစွန်းရောက်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏ စနစ်တကျ လူမျိုးတုံးသန့်စင် ရေးတွင် ကျောက်တော်မြို့လည်း မလွတ်ကင်းခဲ့ပါ။ ကျောက်တော်မြို့တွင် ကျေးရွာအုပ်စုပေါင်း(၈၈)ခုရှိပြီး မွတ်စလင်မ်ကျေးရွာ (၂၂)ရွာ သာရှိပါသည်။ ကျေးရွာအုပ်စုတစ်ခုတွင် ရွားသုံး/လေးရွာပေါင်းထားသော အုပ်စုလည်းရှိသည်။ အစ္စလာမ်ဘာသာဝင်လူဦးရေသည် ကျောက်တော်မြို့တစ်ခုလုံးတွင်(၁၃)ရာခိုင်နှုန်း သာသာရှိပါသည်။ သိန်းစိန်အစိုးရနှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏ လူမျိုးတုံး သန့်စင်ရေးစီမံကိန်းတွင် (၁၃)ရာခိုင်းနှုန်းသာရှိသော မွတ်စလင်မ်များမှ (၈၇)ရာခိုင်းနှုန်းရှိသော ရခိုင်အုပ်စုဝင်များကို အဘယ်ကဲ့သို့ တိုက် ခိုက်နိုင်မည်နည်း။ ယနေ့အချိန်အထိ ကျောက်တော်မြို့တွင် အစွန်းရောက်မျာ၏ တိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာဝင်(၁၁)ဦး သတ် ဖြတ်ခံခဲ့ရသည်။ စံကားတောင်မွတ်စလင်မ်ကျေးရွာတွင် ရခိုင်အစွန်းရောက်များ ၀ိုင်းဝန်းတိုက်ခိုက်၍ လူပေါင်း(၆)ဦး သတ်ဖြတ်ခံခဲ့ရပြီး အိမ်ခြေ(၈၀)ကျော် မီးရှို့ခံခဲ့ရခြင်း၊ အပေါက်ဝကျေးရွာတွင် အိမ်ခြေ(၃၉)အိမ်၊ ခေါင်းတုတ်အလယ်ကျွန်းတွင် အိမ်ခြေ(၃၉)အိမ်၊ ပိုက်သည် ကျေးရွာဘေးတဖက်တွင် အိမ်ခြေ(၃၀)မီးရှို့ခံခဲ့ရပါသည်။ ဒိုဒေါင်ကျေးရွာမှ ငါးဖမ်းရန်ထွက်လာသော တံငါသည်(၄)ဦး၊ ကျောက်တော်ဈေး တွင် ဈေးထွက်ဝယ်သူတစ်ဦးအပါအ၀င် စုစုပေါင်း(၁၁)ဦး သတ်ဖြတ်ခံရပါသည်။ ဈေးထွက်ဝယ်သော အခြားမွတ်စလင်မ်နှစ်ဦးအား ရခိုင် အကြမ်းဖက်သမားများမှ ရိုက်နှက်၍ ဓါတ်ဆီဗုံးထောင်ပြီး ဓါတ်ပုံရိုက်စေကာ ရခိုင်ရွာများအား မီးရှို့ရန်လာရောက်သူအဖြစ် လိမ်လည် ကြေညာပြီး ရဲစခန်းသို့ပို့ဆောင်ခြင်းခံလိုက်ရပါသည်။ ကျောက်တော်မြို့နယ်ရှိ မည်သည့်မွတ်စလင်မ်ကျေးရွာမှ ရွာသူ/ရွာသားများသည် မိမိတို့၏စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် ရွာအပြင်သို့ ယနေ့ထိတိုင်ထွက်ခွင့် မရရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် လေးဘက်လေးတန်မှ ရခိုင်အစွန်းရောက်များမှာ အုပ်စုဖွဲ့ရှိနေ၍လည်းကောင်း၊ အာဏာပိုင်များမှ အခြေအနေတည်ငြိမ်သည်အထိ ကျေးရွာ အပြင်သို့ထွက်ရန် တားမြစ်ထားသောကြောင့်ဖြစ်သည်။ ရွာသူ/ရွာသားများသည် မိမိတို့၏ စားဝတ်နေရေးကို ပူပန်မည်လော၊ ရခိုင်အစွန်း ရောက်များ၏ နေ့၊ည ၀င်ရောက်တိုက်ခိုက်မှု အန္တရယ်ကို ခုခံကာကွယ်မည်လောဆိုသောအဖြစ်နဲ့ ကျီးလန့်စာစားနေရသော အခြေအနေမျိုး တွင် ရှိနေပါသည်။

ယနေ့အချိန်သည် သိန်းစိန်အစိုးရနှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတို့ ထောင်ထားသော ကျော့ကွင်းထဲသို့ မ၀င်မိအောင် မွတ်စလင်မ်များမှ အထူးသတိထားနေရသော အချိန်ဖြစ်သည်။ ယုတ်စွအဆုံး စံကားတောင်ကျေးရွာသို့ ၀င်ရောက်မီးရှို့၊ သတ်ဖြတ်သော ရခိုင်အစွန်းရောက်အကြမ်းဖက်သမား (၄)ဦးကို ရွာသားများမှ ဖမ်းမိကြသော်လည်း ရခိုင်ခေါင်းဆောင်များနှင့် အာဏာပိုင်များလက်သို့ လွှဲပြောင်းပေးခဲ့သည်။ သတင်းဌာနများနှင့် အစွန်းရောက်များမှ ကျောက်တော်မြို့ရှိ မွတ်စလင်မ်များအား လုပ်ကြံလီဆယ်ပြီး အပြစ်အမျိုးမျိုး ဖို့ခဲ့သော်လည်း အာဏာပိုင်များမှ ရွာသူ/ရွာသားများအား ဖမ်းဆီးနိုင်လောက်အောင် အခွင့်အရေးမပေးဘဲ၊ သည်းခံမျိုသိပ်၊ သတိကြီးစွာ နေထိုင်၍ ခန္ဓီတရားကိုလက်ကိုင်ထားလျက်ရှိနေပါသည်။ ထို့ကြောင့် နိရဉ္စရာသတင်းဌာနသော်လည်းကောင်း၊ အခြားမည်သည့် မီဒီယာ များမှလည်းကောင်း သတင်းတခုရေးသားလျှင် လူတစ်ဦး(သို့မဟုတ်)လူမျိုးတစ်မျိုးကို အခြေခံ၍ စိတ်ခံစားမှုနှင့် လိမ်ညာဖွင့်ဟသော ကော လဟာလသတင်းမျိုးကို အထူးရှောင်ရှားရန်လိုအပ်ပြီး၊ မီးလောင်ရာလေပင့်ဆိုသကဲ့သို့ ပဠိပက္ခပိုမိုကြီးထွားစေသော အဖြစ်မျိုးမရောက် ရှိအောင် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ အထူးသဖြင့် ကျောက်တော်မြို့တွင် စစ်ဒေသမှ တမ်မမှူးဗိုလ်မှူးမောင်မောင်စိုး ကိုယ်တိုင် တာဝန်ယူကြီးကြပ်လျက်ရှိနေပါသည်။ သတင်းဌာနတစ်ခုသည် မိမိ၏သတင်းမှားတခုကြောင့် လူအုပ်စုလိုက် ပဠိပက္ခအသွင်ဆောင်ကာ နှစ်ဖက်အကျိုးမရှိ၊ ထိခိုက်ပျက်ဆီးဆုံးရှုံးမှုဖြင့် တရားခံအဖြစ်မရောက်လေအောင် အထူးဆင်ခြင်ရမည်ဖြစ်သည်။ လိုအပ်ပါက ဒေသ၏ အမြင့်ဆုံးအာဏာပိုင်(သို့မဟုတ်)နှစ်ဖက်လူမျိုးရှိ ခေါင်းဆောင်းများကို မေးမြန်း၍ သတင်းယူရမည်ဖြစ်သည်။

ထိုကြောင့် နရဉ္စရာသတင်းဌာန၏ မဆင်မခြင်သတင်းလိမ်ညာမှုကြောင့် လက်ရှိခံစားနေရသော နှစ်ဖက်ပြည်သူများကို စိတ် အနှောင့်အယှက်ဖြစ်စေပြီး၊ မသိနားမလည်သူများ၊ ရခိုင်ဒေသသတင်းကို အထူးနားစွင့်နေသူများကိုလည်း စိတ်မချမ်းမြေ့မှုကို ဖြစ်ပေါ် စေခဲ့ရသည်။ ထို့ကြောင့် ဤသတင်းနှင့် ပတ်သက်၍ နရဉ္စရာသတင်းဌာနအားလည်းကောင်း၊ နရဉ္စရာသတင်းဌာန၏ တာဝန်ခံအယ်ဒီတာ ဦးမြတ်ခိုင်ကျော်(ဘီဘီစီ မြန်မာပိုင်းသတင်းထောက်)အားလည်းကောင်း ပြင်းပြင်းထန်ထန်ရှုံ့ချပြီး သတင်းအမှန်ပြင်ဆင်၍ ရေးသားပါရန် တိုက်တွန်းအပ်ပါသည်။

မောင်ရွှေခိုင်
http://kyauktawfamily.blogspot.com/
မှကူးယူဖော်ပြပါသည်။

၂၀၁၂ ရမဒွန်အကြို ကမ္ဘာတလွှား မြင်ကွင်းစုံ


အာဖရိက
နိုက်ဂျီးရီးယား
နိုက်ဂျီးရီးယားနိုင်ငံတွင် မွတ်စလင်များသည် နိုင်ငံ့လူဦးရေ၏ ၅၅ မှ ၆၅% အထိရှိသည်။ နိုင်ငံ၏ ဦးဆောင် ဘာသာရေးအဖွဲ့ဖြစ်သော ဂျမအ်သုန(အ်)စ် ရိလ်အစ္စလာမ် (JNI) မှ ရမဒွန်အဝင် လကြည့်ခြင်းနှင့်ပတ်သက်ပြီး အွမ္မသ်ညီညွတ်ရေးအတွက် ကြိုတင်ပြင်ဆင်နေကြသည်။ ဇူလိုင်လဆန်းပိုင်းကတည်းက ရမဒွန်အကြို တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရန် စီစဉ်နေကြသည်။
ထိုဆွေးနွေးပွဲတွင် လကြည့်ခြင်းနှင့်ပတ်သက်သော ဓမ္မသတ်များကို မွတ်စလင်ပညာရှင်များမှဆွေးနွေးတင်ပြကြမည်ဖြစ်ပြီး ရမဒွန်လအတွင်း ကုရ်အာန်အကျယ်ဖွင့် တရားပွဲများအတွက် စည်းမျဉ်းများ၊ တရားပွဲများအတွင်း အွမ္မသ်အတွင်း အငြင်းပွားဖွယ်များကို ရှောင်ရှားပြီး ကုရ်အာန်၊ ဟဒီးသ်နှင့် ထင်ရှားသော ပညာရှင်များ၏ သွန်သင်ချက်များနှင့်အညီ ဟောပြောရေးစသည့်အရေးကိစ္စများကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်။



အာရှ
ပါကစ္စတန်

ပါကစ္စတန်နိုင်ငံတွင်လည်း နိုင်ငံ၏ အင်အားအကြီးဆုံးအစ္စလာမ့်လှုပ်ရှားမှုအဖွဲ့ကြီးတစ်ခုဖြစ်သော ဂျမ်မအ်သိအစ္စလာမိမှ သစ်လွင်မွတ်စလင်မ်များ၊ အခြေခံလူတန်းစားနှင့် အလုပ်တစ်ဖက် အမျိုးသမီးများအတွက် ရမဒွန်အကြိုအစီအစဉ်များကို ကျင်းပပေးနေပြီဖြစ်သည်။ ထိုအစီအစဉ်များကို ရမဒွန်မတိုင်မီ သုံးပတ်အကြိုလောက်တွင် စတင်လေ့ရှိပြီး နှစ်စဉ်ကျင်းပလာသည်မှာ ဆယ်စုနှစ်တစ်စုပင် ကြာခဲ့ပြီဖြစ်သည်။ အစီအစဉ်များတွင် ပို့ချချက်သင်ခန်းစာများ၊ လေ့လာသင်ယူရေးစကားဝိုင်းများ၊ ကျန်းမာရေးဆိုင်ရာဆွေးနွေးချက်များစသည့် အစီအစဉ်မျိုးစုံပါဝင်သည်။ အဓိကရည်ရွယ်ချက်မှာ ကုရ်အာန်နှင့် စွန္နာက ပြောပြနေသော ဆွီယာမ်(ဥပုသ်သီလ) ဆောက်တည်ခြင်း၏ နှစ်ဘဝနှစ်ဌာနဆိုင်ရာ အကျိုးကျေးဇူးများနှင့် အရေးကြီးပုံကို သိရှိနားလည်စေရန်၊ ဆွီယာမ်ဆောက်တည်ရန်အတွက် စိတ်နှင့်နာမ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားစေရန်ဖြစ်သည်။ အမျိုးသမီးများအတွက် အထူးအစီအစဉ်များတွင် အချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်းပို့ချချက်များပါဝင်သည်။
လုပ်စရာများဖြင့် ပြည့်ကြပ်နေသော ပုံမှန်တစ်နေ့တာအတွင်း အလုပ်တစ်ဖက်အတွက်ပြင်ဆင်ရင်း မိမိတို့မိသားစုအတွက် မနက်ဝါအဝင်နှင့် ညနေဝါအထွက်အတွက် ပြင်ဆင်ပေးခြင်းနှင့် ညပိုင်း ဝတ်ပြုခြင်းဆိုင်ရာများလည်း ရှိနေရာ သူမတို့အတွက် ထိုပို့ချချက်များမှာ အလွန်ကျေးဇူးများလေသည်။ နိုင်ငံ၏ ပထဝီအနေအထားအရ ယခုနှစ်တွင် ရမဒွန်လမြတ်သည် ပူအိုက်သော ရာသီအတွင်း ကျရောက်မည်ဖြစ်ရာ အစားအသောက်ပိုင်း ဆိုင်ရာ ရွေးချယ်မှုများအပါအဝင် ရှောင်ရန်ဆောင်ရန်များကို ဆွေးနွေးပေးမည့် ကျန်းမာရေးပို့ချချက်များလည်း ပါဝင်ပေသည်။ မိမိတို့ဘဝတစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ဆီယာမ်ဆောက်တည်ကြမည့် သစ်လွင်မွတ်စလင်မ်များအတွက် ထိုအစီအစဉ်များမှာ အလွန်ကို အရေးပါလှပေသည်။
ဒူဘိုင်း
ဒူဘိုင်းတွင်လည်း အစ္စလာမ့်ညီနောင်ရင်းဝါဒနှင့် ညီညွတ်ခြင်းကို ပေါ်လွင်စေမည့် ထောင်ပေါင်း များစွာသော အလုပ်သမားများအတွက် စုပေါင်းဝါဖြေပွဲနှင့် အစ္စလာမ့်ပို့ချချက်များပါဝင်မည့် ရမဒွန်ဖိုရမ်ကြီးတစ်ခုကို စီစဉ်လျက် ရှိသည်။ ထိုရမဒွန်ဖိုရမ်ကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်ဆိုလျှင် ၁၁ ကြိမ်မြောက်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ဖိုရမ်၏ အဓိက ပို့ချချက်မှာ “ကရုဏာ လေငြင်းကလေးများ”ဖြစ်သည်။ ဖိုရမ်ကို ခရီးသွားလုပ်ငန်းနှင့် ဈေးကွက်စီးပွားရေးဌာနမှ ကြီးမှူးပြီး ကမ္ဘာတလွှားမှ နာမည်ကျော် မွတ်စလင်မ်ပညာရှင်များထံမှ အစ္စလာမ့်စစ်မှန်သော သွန်သင်ချက် တိုက်ရိုက်ပို့ချမှုများက ယခုနှစ်ဖိုရမ်ကို ထူးကဲအောင်မြင်စေမည်ဖြစ်သည်။ ဖိုရမ်ကို ဇူလိုင်လ ၂၄ မှ သြဂုတ်လ ၄ ရက်နေ့ထိ ၁၂ရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည်။ နိုင်ငံခြားသားအလုပ်သမားများအတွက် အရဗီဖြင့်မဟုတ်သော ပို့ချချက်များကိုလည်း စီစဉ်ထားပေးသည်။
အလုပ်သမားများအတွက် ပြိုင်ပွဲများအပြင် အစ္စလာမ့်ကရုဏာတရား သင်ကြားမှုနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်နှင့် စာရွက်များ၊ စီဒီခွေများနှင့် ကက်ဆက်ခွေများ ဖြန့်ဝေမှုများလည်း ရှိမည်ဖြစ်သည်။
ရမဒွန်အစီအစဉ်အတွက် ကျောင်းသားလူငယ်များအတွက် ရည်ရွယ်သော “ကောင်းမြတ်သော ခရီးသွားအဖွဲ့”အမည်ရှိ အစီအစဉ်လည်းပါမည်ဖြစ်သည်။ ထိုအစီအစဉ်မှာ အဖွဲ့များသည် ဒူဘိုင်းတဝိုက် ကျောင်းများ၊ တက္ကသိုလ်များ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရရုံးများသို့ လှည့်ပတ်သွားရောက်ကာ အစ္စလာမ့်စာအုပ်များ၊ လက်ကမ်းစာစောင်နှင့် အခွေများကို ဝေပေးမည်ဖြစ်သည်။ ယခုနှစ်တွင် ထူးခြားသည် မှာ ကျောင်းသားကလေးများမှ အစ္စလာမ့်တေးကဗျာများ စုပေါင်းရွတ်ဆိုခြင်းအစီအစဉ် ပါဝင်လာခြင်းဖြစ်သည်။
အင်ဒိုနီးရှား
ကမ္ဘာပေါ်တွင် မွတ်စ်လင်မ်ဦးရေ အများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုလုပ်ငန်းသည် ရမဒွန်လမြတ် ကျရောက်လာသည်နှင့် ပြန်လည်ကောင်းမွန်လာ ဟန်ရှိနေသည်။ ဥရောပ၏ အကြွေးကပ်နှင့် တရုတ်၏ စီးပွားရေးအနည်းငယ်ကျခြင်းတို့ကြောင့် ကျဆင်းနေသော အင်ဒို၏ စားအုန်းဆီတင်ပို့မှုလုပ်ငန်းသည် ရမဒွန်လတွင် မွတ်စလင်မ်များနှင့် အခြားနိုင်ငံများ၏ ဝယ်လိုအားကို ဖြည့်ခြင်းဖြင့် ခေါင်းမော့ရန် စောင့်ဆိုင်းနေသည်။ အိန္ဒိယနှင့် အခြားနိုင်ငံတွင် ပွဲတော်ရာသီများရှိပါက ဝယ်လိုအားတက်လေ့ရှိပြီး ထိုဝယ်လိုအားသည် ဥရောပစီးပွားရေးပျက်ကပ်ဖြစ်နေစေကာမူ ဈေးနှုန်းကို အတိုင်းအတာတစ်ခု အထိ အထောက်အကူပြုနိုင်ပေသည်။
ဖိလစ်ပိုင်
ဆယ့်သုံးရာစုကတည်းက အစ္စလာမ်သာသနာရောက်ရှိ စည်ပင်ခဲ့သော ဖိလစ်ပိုင်နိုင်ငံမှ မွတ်စလင်မ်များအတွက် ရမဒွန်လမြတ်က ရိုးရှင်းမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ထိန်းချုပ်နိုင်မှုနှင့် စွန့်လှူခြင်းများကို ယူဆောင်ပေးလိမ့်မည်။ “ရမဒွန်က ရှိသူရော မရှိသူပါ ဆွီယာမ်စောင့်ထိန်းကြတာကြောင့် ကိုယ်ချင်းစာစိတ်ကို ဖြစ်ထွန်းစေပါတယ်” “ရိုးရိုးရှင်းရှင်း ရှင်သန်နေထိုင်ဖို့ကိုလည်း သတိရစေပါတယ်” “အစ္စလာမ်က ဖြုန်းတီးခြင်းကို တားမြစ်ထားပြီး အလယ်အလတ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ သွန်သင်ပါတယ်”
ဟု ၃၇နှစ်အရွယ်ရှိ ရှေ့နေ့တစ်ဦးဖြစ်သူ Tomawis က သူ့အတွေ့အကြုံနဲ့ အမြင်ကို မျှဝေလိုက်ပါသည်။ ဖိလစ်ပိုင် မွတ်စ်လင်မ်များအတွက် ရမဒွန်လမြတ်သည် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်မှုရရှိရန်အတွက် အခွင့်အလှမ်းတစ်ရပ်ဖြစ်သလို မိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်ရန်လည်း အခွင့်အရေးဖြစ်သည်။ ရမဒွန်အတွင်း မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းနေထိုင်ရန်ကြိုးစားနေသော အသက် ၃၅နှစ်ရှိ အစိုးရ ဝန်ထမ်းတစ်ဦးဖြစ်သူ ကလေးသုံးယောက်မိခင် Jehannieက ပြောပြသည်မှာ “ကလေးတွေကလည်းပဲ ရမဒွန်ကို မျှော်နေကြတယ်လေ။ သူတို့ ဆွီယာမ် အရမ်းဆောက်တည်ဖူး ကြည့်ချင်ကြတယ်” အချို့ ဖိလစ်ပိုင်များကတော့ ရမဒွန်ရောက်လျှင် အလုပ်ချိန်ကို ပြောင်းလဲယူကြသည်။ “အလုပ်ချိန်က ညဆိုတော့ ပုံမှန် ထမင်းစားချိန်အစား မနက် စဟူရ်ဝါ ထမင်းစားချိန်ကို ပြောင်းယူတယ်လေ” ဟု ၃၂ အရွယ် Rogelio က ဆိုပါသည်။
မြောက်အမေရိက
ကနေဒါ
ကနေဒါလူမျိုး ရှေ့နေ ဇီယာဒ်မိယာဦးဆောင်သော ပရဟိတလုပ်အားပေးတစ်စုသည် ရမဒွန်မတိုင်မီ “သုံးဆယ် လှူပါ” အမည်ဖြင့် အလှူရံပုံငွေတစ်ခုကို စတင်လိုက်သည်။ ရံပုံငွေ၏ ရည်ရွယ်ချက်မှာ ရမဒွန်ကာလအတွင်း တိုရန်တိုမြို့တွင်း အမှန်တကယ်ဆင်းရဲသူများကို ဘာသာလူမျိုးမခွဲခြားဘဲ ကျွေးမွေးလှူဒါန်းရန် ဖြစ်သည်။ ရံပုံငွေအဖွဲ့မှာ တစ်နေ့ တစ်ဒေါ်လာနှုန်းဖြင့် ရက်သုံးဆယ်ဆက်တိုက်လှူဒါန်းရန် မွတ်စလင်မ်ရော ဘာသာခြားများကိုပါ ဆော်သြထားသည်။ မိယာသည် နေ့တိုင်းကော်ဖီသောက်မည့်ပိုက်ဆံကို တစ်နှစ်ပတ်လုံးစုဆောင်းပြီး ရမဒွန်လမြတ်ရောက်တိုင်း လိုအပ်နေသူများကို လှူဒါန်းလာသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ထိုအလှူပုံစံမှ ယခုရံပုံငွေလုပ်ရန် အကြံရခဲ့ခြင်းဖြစ်သည်။ ထိုအလှူရံပုံငွေကို ယခုနှစ်တွင်စတင်ပြီး နှစ်တိုင်းလုပ်သွားမည်ဖြစ်သည်။ “အစ္စလာမ်က ကျွန်တော်တို့ကို သင်ကြားပေးတာက ကမ္ဘာကြီးမှာ ကျွန်တော်တို့ချည်းမဟုတ်ဘူးဆိုတာနဲ့ ကျွန်တော်တို့တွေဟာ အချင်းချင်းအပြန်အလှန်ဆက်နွယ်မှီခိုနေကြရတယ်ဆိုတာကိုပါပဲ”ဟုပြောကြရင်း “ဒါဟာ ကနေဒါရဲ့ ပရောဂျက်ပါ၊ ရမဒွန်ကလည်း ကနေဒီယန်းတွေရဲ့ အစိတ်အပိုင်းဖြစ်နေပါပြီ”လို့ မိယာက သူ့အမြင်ကို ပြောကြားပါသည်။

ဥရောပ
လန်ဒန်
လန်ဒန်မှ မွတ်စလင်မ်အဖွဲ့အစည်းများကတော့ ၂၀၁၂ အိုလံပစ်ပွဲတော်လာ မွတ်စလင်မ်အားကစားသမားများအတွက် အိဖ်သာဝါဖြေပွဲများကို ဗလီကြီးများတွင် စီစဉ်ပေးနေရင်း ဘာသာခြားညီနောင်တို့အား ရမဒွန်၏ အနှစ်သာရနှင့် တန်ဖိုးများကို မျှဝေနိုင်မည့် ရမဒွန်ပွဲတော်အစီအစဉ်ကိုပါ ဖော်ဆောင်နေလျက်ရှိသည်။
ရမဒွန်ပွဲတော်ကို ဇူလိုင် ၁၈ တွင် ကြေငြာနိုင်ရန် စီစဉ်လျက်ရှိပြီး လန်ဒန်အခြေစိုက် လူမှုအဖွဲ့အစည်းများ၏ လူအသိုင်းအဝန်းကြား ယဉ်ကျေးမှုနှင့် ထုံးတမ်းများကြား လူတန်းစားများအကြား ဘာသာတရားများအကြား အပြန်အလှန်လေးစားမှုကို ဖော်ဆောင်မည့် ညီညွတ်ရေးအတွက် အမှန်းတရားများဆန့်ကျင့်သည့် ၂၀၁၂၏ နာရီများ ဆောင်ရွက်မှုကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေမည်။

ပွဲတော်၏ အစီအစဉ်နှင့် လှုပ်ရှားမှုများတွင် “ကျွန့်တော့်ဆီမှာ ညနေစာစားပါ” ဆိုသည့် မိသားစုအလိုက် ဘာသာတူ ဘာသာခြား မိတ်ဆွေသူငယ်ချင်းများဖြင့် မိမိတို့အိမ်တွင် အိဖ်သာစုပေါင်း ဝါဖြေစားသောက်ကြခြင်းမှ ဘဏ်များ၊ အဖွဲ့အစည်းများနှင့် အစိုးရဌာနများတွင်ပါ စုပေါင်းဝါဖြေပွဲများ အထိပါဝင်ပေမည်။ အိမ်ခြေမဲ့ကာ ဒုက္ခအတိရောက်နေသူများနှင့်အတူ အိဖ်သာစုပေါင်းစားသောက်ခြင်း စားစရာ ထမင်းဘူးများပေးကမ်း လှူဒါန်းခြင်း အစီအစဉ်များလည်းပါဝင်သည်။ ထိုလှုပ်ရှားမှုများတွင် ရင်းနှီး ခင်မင်ခွင့်ရကြခြင်း၊ အတား အဆီးများကို လျော့ချနိုင်ခြင်းနှင့် အပြန်အလှန် စကားပြောဆိုခွင့်ရခြင်း စသည့်အကျိုးရလဒ်များရှိပေမည်။
ထို့ပြင် ရံပုံငွေထောင်ခြင်းများ၊ ပို့ချချက်များ၊ တွေ့ဆုံဆွေးနွေးပွဲနှင့် စကားဝိုင်း အစီအစဉ်များလည်း ပါရှိပေသည်။ အလားတူပုံစံမျိုးဖြင့် ရမဒွန်ပွဲတော် အစီအစဉ်များကို နယ်သာလန်နော်ဝေ နှင့် ဘယ်လ်ဂျီယံ နိုင်ငံများတွင်လည်း ပြုလုပ်သွားပေမည်။

ဂျော်ဂျီယာ
ဂျော်ဂျီယာမွတ်စ်လင်မ်များအတွက် ရမဒွန်လမြတ်မှာဆိုဗီယက်လက်အောက်မှာရှိကတည်းကပင် အလွန်ထူးခြားအရေးပါလှပါသည်။ ရမဒွန်လအတွင်း ဂျောဂျီယာမွတ်စ်လင်မ်များအတွက် အလိုအပ်ဆုံးအရာကတော့ စဟူရ်နှင့် အိဖ်သာရ်အချိန်များ၊ ဆွလာဟ်အချိန်များပါသော ရမဒွန်ပြက္ခဒိန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်တိဘ်လိစ်တွင် ဗလီတစ်လုံးတည်းသာ ရှိပြီး အများစုကြီးမှာ ရှေးရိုးစွဲခရစ်ယာန်ဖြစ်သောကြောင့် အာဇန်သံကြားနိုင်ရန်မလွယ်ကူခြင်း၊ အလုပ်ချိန်ပြောင်းခြင်းနှင့် အနားပေးခြင်းများ မရှိသောကြောင့်ဖြစ်သည်။
ဗလီသို့လာရောက်ရန် ဝေးသောကြောင့် ပုံမှန်ငါးကြိမ်ဆွလာသ်တွင် လူနည်းလေ့ရှိပြီး ဂျုမုအ်သောကြောနေ့တွင်မူ ပုံမှန်မလာနိုင်သူများပါ လာရောက်ဝတ်ပြုကြသည်။ သို့သော် ရမဒွန်လတွင်မူ အုပ်စုလိုက် အဖွဲ့လိုက် ဗလီသို့ လာရောက် ဝါဖြေကြလေ့ရှိသည်။ ဂျော်ဂျီယာမျိုးနွယ်စုနှင့် မိစ်ခိတီယန်းတခ့်များမှာ စွန္နီဟနီဖီကျောင်းတော် နောက်လိုက်များဖြစ်ကြပြီး အဇာဘိုင်ဂျာနီများမှာ ရှီအာများဖြစ်ကြသည်။
“ကျွန်တော်တို့အားလုံး ရှေ့ဆောင်အီမာမ်တစ်ဦးတည်းရဲ့ နောက်ကလိုက်ပြီး အတူတူဝတ်ပြုကြပါတယ်။ ကျွန်တော်တို့တွေက မွတ်စ်လင်မ်တွေပဲလေ။ စွန္နီတွေရော ရှီအာတွေပါ ဒီဗလီအတွက် အတူတကွ ဝိုင်းလှူထားကြတာပါ။ ဒီမှာပဲ အတူတကွ ဆွလာသ်ဝတ်ပြုကြတယ်”ဟု ဂျော်ဂျီယာမွတ်စ်လင်မ်တို့၏ ညီညွတ်ခြင်းကို ဂုဏ်ယူစွာဖြင့် စာဘူရ်တလ ဗလီအုပ်ချုပ်ရေးမှူး ဟာဂျီ Tahamaisက ပြောပြပါသည်။
အခြားမွတ်စ်လင်မ်အသိုင်းအဝန်းများကဲ့သို့ပင် စွံပလွန်သီးသည် ဂျော်ဂျီယာမွတ်စ်လင်မ်များအကြားတွင် ရေပန်းစားလှသည်။ စွံပလွန်သီးဖြင့် ဝါဖြေသည့် တမန်တော်မြတ်ကြီး၏ စွန္နာကို ဂုဏ်ယူစွာဖြင့် ကျင့်သုံးကြသည်။ သို့သော် ဝေးလံသော ဒေသများတွင်မူ စွံပလွန်သီးအစား မက်လဝဟ်ဆိုသည့် အာရဗ်ချိုချဉ်တစ်မျိုးကို စားသုံးကြရသည်။ စွံပလွန်သီးများကို နိုင်ငံအတွင်း အနည်းငယ်သာ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး အများစုမှာ ဆော်ဒီ၊ အီရန်၊ ပါကစ္စတန်နှင့် ကာတာတို့မှ တင်သွင်းရသည်။ ယခုနှစ်တွင်မူ ဆော်ဒီမွတ်စ်လင်မ်အချို့တို့မှ စွံပလွန်သီးများနှင့် အခြားပစ္စည်းများကို ပေးလှူမည်ဖြစ်ကြောင်း သိထားရသည်။ ရမဒွန်လတွင် အီရန်နှင့် တူရကီစတိုင်လ် စားသောက်ဆိုင်များတွင် အရသာကောင်းမွန်သော အီရန်နှင့် တူရကီရိုးရာစားသောက်ဖွယ်ရာများကို အထူးဈေးနှုန်းများ အလွယ်တကူဝယ်ယူစားသောက်နိုင်ပေသည်။ အချို့စားသောက်ဆိုင်များသည် စဟူရ်ဝါဝင်ထမင်းစားသောက်ချိန်အထိဖွင့်ထားပေးပြီး မိသားစုမရှိသော ကျောင်းသားလူငယ်များအဆင်ပြေစေရန်ဖြစ်သည်။
ရုရှား


ရုရှားမွတ်စ်လင်မ်တို့အတွက် ရမဒွန်လကတော့ စိတ်မချမ်းမွေ့ဖွယ်ရာ များကြားမှ ရောင်ခြည်တမ်းလေး မျှော်လင့်ချက်လေး ဖြစ်မည်မှာ အသေအချာပင်။ ရမဒွန်လမြတ်တွင် အရှင့်ထံတော်ပါး၌ သီးသန့်တောင်းရန် ဒိုအာများ ရင်ထဲတွင် အပြည့်ရှိနေကြမည်။
ရုရှားလွတ်တော်သည် အစ္စလာမ့်ငြိမ်းချမ်းရေး တရားများဖြင့် ပြည့်နေသော အစ္စလာမ့် ဂန္တ ဝင်စာအုပ်ကောင်းများကို အကြမ်းဖက်လှုံ့ဆော်မှုများပါသည်ဟု တစ်ဖက်သတ်ဆုံးဖြတ်ကာ ဖတ်ရှုခြင်း ထုတ်ဝေခြင်း လက်ဝယ်ထားရှိခြင်းတို့ကို ပိတ်ပင်ခဲ့သည်။
ထိုကိစ္စတွင် အစ္စလာမ်သာသနာအားဆန့်ကျင်ခြင်းတွင် နာမည်ကြီးလှသည့် အစွန်းရောက် ရှေးရိုးစွဲ ခရစ်ယာန် တရားဟောဆရာများပါဝင်နေသည်။ မွတ်စ်လင်မ်တို့ဖက်မှ ဥပေဒေကြောင်းဖြင့် လျှောက်ထားကာကွယ်နေသော ရုရှားမွတ်စလင်မ်ရှေ့နေမှာလည်း ရုတ်တရက် ပျောက်သွားခဲ့သည်။

ရှေးရိုးစွဲခရစ်ယာန် အစွန်းရောက် တရားဟောဆရာ Yuriy Maximov
မွတ်စ်လင်မ်ရှေ့နေ Rustem Valiullin
ပိတ်ပင်ခံရသည့် စာအုပ်များတွင်
  • ကိုယ်တော်မြတ်(ဆွ)၏ အတ္ထုပ္ပတ္တိစာအုပ်များ၊
  • ဟဒီးသ်ကျမ်းတော်များ၊
  • ဟဒီးသ်ကူဒူစီများ၊
  • အီမာမ်ဂဇ္ဇာလီသခင်၏ စာအုပ်များ၊
  • တူရကီပညာရှင်များဖြစ်သော စအီးဒ်နူစ်ရီသခင်၊
  • ၂၀ရာစု၏ တွေးခေါ်ပညာရှင်ဟု ကျော်ကြားသော ဖသွလ်လာဟ်ဂုလမ်နှင့် အခြားနာမည်ကျော်ပညာရှင်များ၏ စာအုပ်များပါဝင်သည်။

http://news.mmsy.info/news/4375
မှကူးယူဖော်ပြပါသည်။


အာဇာနည် ကျေးဇူး

 
၆၅ နှစ်မြောက် အာဇာနည်နေ့ အောင့်မေ့ဖွယ် အခမ်းအနား
မြန်မာ့ လွှတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့၆၅ နှစ်မြောက် အာဇာနည်နေ့ အောင့်မေ့ဖွယ် အခမ်းအနားကို
ဇူလိုင်လ ၁၉ ရက်နေ့က မန္တလေးမြို့မှာရှိတဲ့ မေတ္တာ ကမ်ပိန်း အဖွဲ့နဲ့ မြန်မာ-မွတ်ဆလင် အသင်းတို့ ဦးဆောင်ပြီး ကျင်းပပြုလုပ် ခဲ့ကြပါတယ်။ အစီအစဉ် ၇ ရပ်နဲ့ ကျင်းပ
ပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားကို မန္တလေးမြို့မဟာအောင်မြေမြို့နယ်က ကီးမားတင်ဝင်း လ္ဘက်ရည်ဆိုင် အပေါ်ထပ်မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။ ဒီအခမ်းအနားမှာ ၁၉၄၇ ခုနှစ်
ဇူလိုင်လ ၁၉ ရက်နေ့က တိုင်းတပါးသား လက်ပါးစေတွေရဲ့လုပ်ကြံ သက်ဖြတ်မှုကြောင့် ကျဆုံး ခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင် ၉ ဦးရဲ့နောက်ခံသမိုင်း အကြောင်းတွေ
ဟောပြော ပို့ချ သွားခဲ့သလို စာရေးဆရာ ဦးဘုန်း(ဓာတု)မှ အလွမ်းဇူလိုင် အကြောင်း ဟောပြော သွားခဲ့ပါတယ်။ ဒီအခမ်းအနားကို မြဝတီမင်းကြီး ကျောင်းတိုက် နာယက
ဆရာတော် ဘဒ္ဓန္တ အရိယဘိဝံသ၊ မေတ္တာ ကမ်ပိန်း အဖွဲ့ဝင်တွေ၊ မြန်မာ-မွတ်ဆလင် အသင်းဝင်တွေနဲ့ ဗကသ ကျောင်းသားတွေ၊ NLD ပါတီဝင်တွေနဲ့ စာရေးဆရာ ဦးဘုန်း
(ဓာတု)တို့ အပါအဝင် လူဦးရေ ၇၀ လောက် တက်ရောက် လာခဲ့ကြပါတယ်။http://www.burmavjmedia.net/?p=13402
မှကူးယူဖော်ပြပါသည်။

Friday, July 20, 2012

စင်ကာပူရ် လူမျိုး၊ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ

Jul19

(Racial Harmony Day ,Singapore – 21 July )
ဆောင်းသစ္စာ (စင်ကာပူရ်)

နှစ်စဉ် ဇူလိုင်လ ၂၁ ရက်နေ့ရောက်တိုင်း စင်ကာပူရ် လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ကို နိုင်ငံတ၀န်း ကျောင်းများ၊ အစိုးရရုံးများ၊ ပုဂ္ဂလိကရုံးများ၊ ရပ်ကွက်အတွင်းရှိ မိသားစု စင်တာများ၌ ပျော်ရွှင်စွာ ကျင်းပကြပါသည်။ ၁၉၆၄ ဇူလိုင် ၂၁ ရက်နေ့၌ ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး အကြမ်းဖက် အဓိကရုန်းကို ပြန်ပြောင်းဆင်ခြင် သုံးသပ်သတိရစေရန် ရည်ရွယ်ပြီး ဒီလူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ပါသည်။
စင်ကာပူရ် နိုင်ငံတ၀န်းရှိ ကျောင်းများအားလုံးတွင် လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ ကို အထူးတလည် ကျင်းပခြင်းအားဖြင့် ကျောင်းသား လူငယ်အားလုံးအား “ စင်ကာပူရ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုး ဘာသာ ကွဲပြားခြားနားသည့် လူများအကြားတွင် မည်သို့မည်ပုံ အေးအတူပူအမျှ ချစ်ကြည်ရေးကို အောင်မြင်စွာ တည်ဆောင်နိုင်ခဲ့ပုံကို” အစဉ်နိုးကြားအမှတ်ရစေပါသည်၊ သင်ခန်းစာရစေပါသည်။ ယနေ့ မြင်ရသော အောင်မြင်သည့် စင်ကာပူရ်နိုင်ငံ အဖြစ် တည်ဆောက်ခဲ့ရာ ခရီးလမ်းတလျှောက် လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးမှုသည့် အလွန်အရေးကြီးပုံ ၊ လူမျိုး ဘာသာ ပေါင်းစုံ ၏ ပြည့်ဝသော ယဉ်ကျေးမှုအမွေအနှစ်များသည် တိုင်းပြည်အတွက် အလွန်အရေးပါပုံတို့ကို အစဉ်အမြဲအမှတ်ရစေရန် ရည်ရွယ်ပါသည်။
Class photo on Racial Harmony Day 2009
Photo-http://teckgheepri.edu.sg
ထိုနေ့၌ စင်ကာပူရ် နိုင်ငံတ၀န်းရှိ ကျောင်းများတွင် ကျောင်းသားများက မိမိတို့လူမျိုးအလိုက် ကိုယ်ပိုင် ရိုးရာဝတ်စုံဝတ်လာစေခြင်း ( စကားချပ်။ မြန်မာကျောင်းသားများ ရှိပါက မြန်မာရိုးရာ ၀တ်စုံဝတ်ဆင်၌ ၀င်ရောက်ဆင်နွှဲခွင့်ရှိပါသည် ၊ ယခုအခါ စင်ကာပူရ်၌ မူလလူမျိုးစုများဖြစ်သော ချိုင်းနီးစ် ၊ မလေး ၊ အိန္ဒိယန်း တမီလ် များသာမက မြန်မာ၊ ဖိလစ်ပင်း၊ ထိုင်း၊ ကို၇ီးယား၊ ဘင်္ဂါလီ၊ ဥရောပသားများ ပါ အခြေချနေထိုင်လာကြပါသည် ) ၊ ရိုးရာ အစားအစာများ အတူတကွ ဖလှယ်၍ စားသုံးခြင်း၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသခြင်း ဖြင့် ကလေးသူငယ်ကျောင်းသားများ၏ စိတ်ဝယ် “ လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေး “ မည်မျှအရေးကြီးပုံကို စွဲမှတ်အောင်လုပ်ပေးလျက်ရှိပါသည်။
အချို့သော အစိုးရုံးများ၊ ပုဂ္ဂလိကရုံးများတွင်လည်း အစိုးရ၏ တရားဝင် အစီအစဉ် အဖြစ်သော်၎င်း၊ ကိုယ်ပိုင်အစီအစဉ် အနေဖြစ်သော်၎င်း လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ကို ပျော်ရွှင်စွာကျင်းပကြပါသည်။ ( စကားချပ်: စာရေးသူတို့ ရုံးတွင်လည်း ယခုနှစ်၏ “ လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ (Racial Harmony Day ) “ ကို ကျင်းပရန် ကော်မတီဖွဲ့၍ စီစဉ်လျက်ရှိပါသည်၊ စာရေးသူတို့အနေဖြင့် မြန်မာလူမျိုးကိုယ်စားပြုကာ ပါဝင်ဆင်နွှဲခွင့်ရမည်ဖြစ်ပါသည် )

လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ ကို ကျင်းပရခြင်း၏ သမိုင်းနောက်ခံ အကျဉ်းချုပ်မှာ – ၁၉၆၄ ခုနှစ်၌ မလေးရှား လက်အောက်ခံ စင်ကာပူရ် ပြည်နယ်တွင် (ထိုအချိန်က စင်ကာပူရ်နိုင်ငံ အဖြစ်သီးခြား၇ပ်တည်ခြင်းမရှိသေးပါ၊ မလေးရား ပြည်ထောင်စု အတွင်းမှ ပြည်နယ်တစ်ခုအဖြစ်နှင့်သာ ရပ်တည်လျက်ရှိပါသည် ) ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုကြောင့် ဇူလိုင် ၂၁ ရက်နေ့တွင် ဒေသခံ ချိုင်းနီးစ် နှင့် မလေးလူမျိုးများအကြား အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားကာ စုစုပေါင်း ၃၆ ဦးသေဆုံးပြီး ၅၅၆ ဦးဒါဏ်ရာရရှိခဲ့ပါတယ်၊
မော်တော်ကားများ ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်ဆီးခံခဲ့ရပါသည်၊ လူ ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှု တော်တော်များ၏ ဖြစ်လေ့ဖြစ်ထ ပုံစံအတိုင်း နိုင်ငံရေး သွေးထိုး လှုံဆော်မှုများ နောက်ကွယ်မှ ပါဝင်ခဲ့ပါသည်။ ထိုအကြမ်းဖက် အရေးခင်းပြီးနောက် စင်ကားပူရ်ကျွန်း ရှိလူမျိုးစု အသီးသီးမှ ထင်ရှားကျော်ကြားသော ခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေးကော်မတီ တစ်ခုကို အလျင်အမြန် ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုကော်မတီ၏ အဓိကလုပ်ဆောင်ချက်မှာ လူများစု ချိုင်းနီးစ် နှင့် ဒေသခံ မလေးများ အကြား ချစ်ကြည်ငြိမ်းချမ်းရေး နှင့် အတူတကွရှင်တွဲနေထိုင်ရေးကို အမြန်ဆုံး ပြန်လည်၍ တည်ဆောက်ရန်ဖြစ်ပါသည်။
ဤ၀မ်းနည်းကြေကွဲ ဖွယ်ကောင်းသော အဖြစ်အပျက်ဆိုးကြီးကို ထာဝရ သင်ခန်းစာ ရယူပြီး လူမျိုးမတူ ဘာသာရေးယုံကြည်ချက် ကွဲပြားခြားနားသော နိုင်ငံသားများကြား၌ အတူတကွ ထာဝရ ချစ်ကြည်ရင်းနှီးရှင်တွဲနေထိုင်ကာ မခိုမကပ်ဘဲ နိုင်ငံအတွက်ဟူသော စိတ်ဓါတ်ဖြင့်ကြိုးစားခဲ့သောကြောင့် ယခုအချိန်၌ စင်ကာပူ ပြည်သူသမ္မတနိုင်ငံ (Republic of Singapore) ဟု ကမ္ဘာ့အလည်မှာ ၀င့်ကြွားစွာ ရပ်တည်နေနိုင်ခြင်းဖြစ်ပေတော့သည်။
မှတ်ချက် ။ ။ စင်ကာပူရ် နိုင်ငံ၏ နိုင်ငံတော်သီချင်း နှင့် သစ္စာဓိဌာန် သည်နိုင်ငံ အတွင်းရှိ လူမျိုးမတူ ဘာသာရေးယုံကြည်ချက် ကွဲပြားသူအားလုံးကို တစည်းတလုံးတည်း ၊ သာတူညီမျှ အခွင့်အရေး ရရှိစေရမည်ဟု အဓိပါယ် ဖော်ဆောင်လျက်ရှိပေသည်။http://news.mmsy.info/news/4353မှကူးယူဖော်ပြပါသည်။

Thursday, July 19, 2012

လူစာရင်းလိမ်ခံရသဖြင့် မွတ်စလင်မ်များဒုက္ခသည်စခန်း ရိက္ခာပြတ်တော့မည်



ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ဒါးပိုင်စခန်းရှိ ဒုက္ခသည်ဦးရေကို တာဝန်ရှိသူများက
 WFR ထံ စာရင်းလိမ် လျှော့ပေါ့ တင်သွင်း ခဲ့သဖြင့် ယခုအခါ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ရတော့
 မည်ဖြစ်ကြောင်း အဆိုပါစခန်းတွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

 ဒုက္ခသည်တွေ ဆန္ဒပြမှာစိုးလို့ ၁၀ ရက်စာရိက္ခာကို မချန်တော့ဘဲပေးမှာ၊ လူစာရင်းအများကြီးလျှော့
 နေတဲ့အတွက်(၄)ရက်နဲ့ကုန်မှာ၊ (၅)ရက်မြောက်နေ့ကစပြီး ရိက္ခာမရှိတော့ဘူး" ဟု ဒါးပိုင်စခန်းမှ ....တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒါးပိုင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၁၂၆၇၅ ဦး ရှိသော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ WFP
 ထံ အဆိုပါစခန်း၌ လူဦးရေ ၅၀၀၀ သာရှိကြောင်း စာရင်းလိမ်တင် သွင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မွတ်စလင်မ်ဒုက္ခသည်စာရင်းလျော့ပြမှုကြောင့် မွတ်စလင်မ် ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော်ရှိ သည့်အနက် ဒုက္ခသည် ၅၁၅၀ ခန့်အတွက်သာ WFP က
 ရိက္ခာဝေစုထုတ် ပေးကြောင်း သိရသည်။
''
လူဦးရေစာရင်း အရမ်းကွာနေကြောင်း ၁၂ ရက်နေ့ကတည်းက စာတင်ထားတယ်၊ စီးပွားရေးဝန်ကြီး
 ဦးမြင့်အောင်နဲ့ စခန်းမှာ နေရာချထားရေးတာဝန်ရှိသူလို့ဆိုတဲ့ ဦးကျော်ဇောလှ တို့ဆီ စာတင်ထားတယ်"။
 အခု အထိတော့ တစ်ခုမှ အဖြေထွက် မလာသေးဘူး"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယခုအခါ WFP က ၁၀ရက်စာ ရိက္ခာကြိုတင်ထုတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၂ ရက်နေ့ရောက်မှ
 အသစ်ထပ်မံ ရရှိမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူစာရင်းကွာဟမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး
 ရိက္ခာပြတ်လပ် တော့မည်ဖြစ်ကြောင်း ဒုက္ခသည် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

http://www.myanmarmuslim.net/news.php?extend.749

မှကူးယူဖော်ပြပါသည်။