ပီနန်မြို့ Balil Pulau (ဘာလေ့ပူလော) တွင် နှစ်စဉ်ကျင်းပသော အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်နိုင်ငံများမှ (သဘ်လိစ်ဂ်) အကျော်အမော် ဆရာကြီးများနှင့် ပီနန် မလေးရှားနိုင်ငံမှ (သဘ်လိစ်ဂ်) တာဝန်ခံများ ပူးပေါင်း ဆောင်ရွက်သော အိဂ်ျတေမဟ်အား (၂၄၊ ၂၅၊ ၂၆ မေလ) ၃ ရက်တိုင်တိုင် ကျင်းပလျက်ရှိပါသည်။ ၄င်း အိဂ်ျတေမဟ်အား ပီနန်မြို့ Butter Worth ခရိုင်၊ Bukit Tengah, Jalan Baru, Nagasari, Kebun Sireh စသော မြို့နယ်များမှ မြန်မာနိုင်ငံသား မွတ်စလင် လူကြီး လူငယ်တို့သည် စိတ်အားထက်သန်စွာ သွားရောက်ရေးအတွက် Bukit Tengah မြို့နယ်တွင် အင်အား(၄၀)ကျော်စုစည်းကာ ဘတ်စ်ကားတစ်စီးငှား၍ အစီအစဉ် စတင်ကျင်းပသော ပထမနေ့၌ စတင်ထွက်ခွာလာခဲ့ကြသည်။ အဆိုပါ ဘတ်စ်ကားသည် အိဂ်ျတေမာကျင်းပရာ နေရာသို့ မရောက်ရှိမီ လမ်းခုလတ်တစ်နေရာ တောင်ပေါ်လမ်းတွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တောင်အောက်သို့ ထိုးကျသွားခဲ့ပါသည်။ အဆိုပါ ယဉ်မတော်တဆတိမ်းမှောက်မှုကြောင့် ကိုအောင်ကျော် (Kebun Sireh) မှာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးကွယ်လွန်သွား၍ ကျန်သူများအား သက်ဆိုင်ရာအာဏာပိုင်များမှ ကူညီကယ်ဆယ်ခဲ့ပါသည်။ ဒဏ်ရာရရှိသူများကိုလည်း နီးစပ်ရာ Balik Pulau ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ဧ။်။ ဒဏ်ရာပြင်းထန်သူ လူနာ (၁၁)ဦးကို ထိုဆေးရုံမှ တဆင့် Penang General Hospital သို့ ထပ်မံပို့ဆောင် ပေးခဲ့ပြီး (၃) ဦးမှာ အရေးပေါ်ကုသဆောင် ( Intensive Care Unit, ICU) တွင် ထားရှိကုသနေရပြီး အခြား(၈)ဦးမှာ အတွင်းလူနာဆောင်တွင်ထား၇ှိကာ ဆေးဝါးကုသမှုခံယူလျက်ရှိပါသည်။
ယဉ်မတော်တဆတိမ်းမှောက်မှုမှာ ၂၄၊၅၊၁၂ ညနေ( ရ)နာရီတွင် ဖြစ်ပွားခဲ့၍ " ပီနန် မြန်မာ မွတ်စလင်လူငယ်များ ကူညီမှုအသင်း" သို့ သတင်းပေးပို့လာသဖြင့် တာဝန်ရှိသူများက ယနေ့(၂၅၊၅၊၁၂) နံနက် (၇)နာရီတွင် ပီနန်ဆေးရုံကြီးသို့သွားရောက်၍ လိုအပ်သောကူညီမှုများကို ပေးခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
(၀ဲမှယာ- ပီနန်ကျန်းမာရေးဝန်ကြီး၊ ပီနန်ပြည်နယ် ၀န်ကြီး၊ ပီနန်မြန်မာမွတ်စလင်လူငယ်များ အသင်း
ဥက္က္လဌ၊ ပီနန် ကျန်းမာရေးဒုဝန်ကြီး၊ တာဝန်ခံ ဆရာဝန်)
No comments:
Post a Comment
Note: Only a member of this blog may post a comment.