သတင်း – ပိာန်းအောင်
ဖေဖေါ်ဝါရီ ၆ ရန်ကုန်
အစ္စလာမ် ဘာသာဝင် စာရေးဆရာ တစ်ဦးဖြစ်သည့် ဆရာကောင်းထက်သည် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ယမန်နေ့ နေ့လည် ၂ နာရီ ၃၀ အချိန်တွင် အလ္လာပ်ာဂရုဏာ ခံကာ ကွယ်လွန်သွားပြီ ဖြစ်သည်။ ဆရာကောင်းထက်သည် ၀တ္တု၊ သမိုင်းစာအုပ် များစွာရေးသားခဲ့သည်။ ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များအနက် စုဖုရားလတ် ရှင်းတမ်းသည် အအောင်မြင်ဆုံး စာအုပ်ဖြစ်ခဲ့ပြီး မြောက်ကိုရီးယား ကွန်မန်ဒိုများ၏ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှု စာအုပ်သည် နောက်ဆုံးစာအုပ် ဖြစ်သည်။ အထက်ပါ နောက်ဆုံးထုတ် စာအုပ်သည် အရောင်းရဆုံး စာအုပ် ၁၀ အုပ် စာရင်းဝင်နေကြောင်းလည်း သိရသည်။
အမည်ရင်း ။ ။ ဦးမိုးဦး(ခ)အမီးရ်ရှားပာ်
ကလောင်အမည် ။ ။ ကောင်းထက်
မိဘအမည် ။ ။ ဦးမြဆက်+ဒေါ်စိမ်းမြ
မွေးသက္ကရာဇ် ။ ။ ၁၉၄၆ ခု၊ ဖေဖော်ဝါရီလ (၆)ရက်
မွေးရပ်ဇာတိ ။ ။ ပင်လုံမြို့(ရှမ်းပြည်တောင်ပိုင်း)
စာပေရေးရာအကျဉ်း
- ၁၉၆၃-၆၄ ပညာသင်နှစ်၊ တောင်ကြီးကောလိပ်စာပေ ပြိုင်ပွဲတွင် ကဗျာဆုရပြီး စာပေသမားဘဝစ၊
- ၁၉၆၆ တွင် မိုးဦးကလောင်အမည်ဖြင့် မျက်ရည်နဲ့ပဲပြုံးပါ့မယ် လုံးချင်းဝတ္ထုစ
- စနေပေးဒေးဗိုလ်ချုပ်ဈေး အပါအဝင် လုံးချင်းဝတ္ထု (၂၇)အုပ် ရေးသား ထုတ်ဝေခဲ့၊
- ၂ဝဝ၄ ခုနှစ်တွင် ကောင်းထက် ကလောင်အမည်ဖြင့် သမိုင်းစာအုပ်များ ရေးသား၊
- စုဖုရားလတ်ရှင်းတမ်း ဖြင့် အောင်မြင်၊
- တောင်ငူဘုရင်နတ်သျှင်နောင်၊ အောင်ဆန်း၏ မဟေသီ အပါအဝင် သမိုင်းဆိုင်ရာ စာအုပ် ၉ အုပ်ရေးသားခဲ့၊ မြောက်ကိုရီးယား ကွန်မန်ဒိုများ၏ အာဇာနည် ဗိမာန်ဗုံးဖောက်ခွဲမှု စာအုပ်သည်နောက်ဆုံးစာအုပ်ဖြစ်သည်။
- မိုးဦး၊ ကောင်းထက်၊ ရဲရင့်ကျော်စွာ၊ စိုင်းနော်စသည့် ကလောင် အမည်များဖြင့်စာပေတာဝန်ထမ်းဆောင်ခဲ့
- မွန်းတည့်နေ ဂျာနယ်တွင် အယ်ဒီတာချုပ်တာဝန် ထမ်းဆောင်ရင်း ၆-၂-၂ဝ၁၃ ရက်တွင် အလ္လာဟ်အရှင်မြတ် အမိန့််တော် ခံယူသည်။
- မြန်မာမွတ်စလင်မီဒီယာ သတင်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.