Friday, October 5, 2012

စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၁) /ပဋိပက္ခဖြစ်ရသည့် လတ်တလော အကြောင်းရင်းများc

 
စက်တင်ဘာ၊ ၁၉၊ ၂၀၁၂
စာတမ်းပြုစုရေးသားသူ
ဖိုးလှိုင် (B.Sc, H.G.P,R.L)
သို့
ဥက္ကဌ
စုံစမ်းစစ်ဆေးရေးကော်မရှင်
ရန်ကုန်မြို့
(၂၀၁၂)ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်
အကြောင်းအရာ ။ ။ရခိုင်ပြည်နယ် ပဋိပက္ခနှင့်စပ်လျဉ်း၍ အကြံပြုစာတမ်းပေးပို့ခြင်း။
လူကြီးမင်းခင်ဗျား-
ပုဂံရာဇဝင်ကို လေ့လာဆွေးနွေးလိုလျှင် တုတ်ထမ်းပြီး ဆွေးနွေးကြရမည် ဟုအဆိုရှိပါသည်။ ယခု ရရခိုင်ရာဇဝင် ဆွေးနွေးလိုလျှင် ဓားထမ်းဆွေးနွေးရမည့်  အခြေအနေရောက်နေသည်ဟု နားလည်မိပါသည်။ သမိုင်းကို မျက်ကွယ် မပြုလိုပါ။ လူကြီးမင်းတို့ ဌာနတွင် သမိုင်းအထောက်အထား အများအပြားရှိနေသည်ဟုယုံကြည်ပါသည်။ ဘက်နှစ်ဖက်ကလည်း သမိုင်းအထောက်အထား အများအပြားကို တင်ပြကြမည်ဟုလည်း ယုံကြည်ပါသည်။
ကျွန်တော်များအနေဖြင့် လောလောဆယ် ဖြစ်ပျက်နေသည့် အကြောင်းအရာများ၊ လောလောဆယ် ပြည်တွင်း ပြည်ပ သတင်းဌာနများမှ ထုတ်ပြန်ချက်များကို အခြေခံ၍ တင်ပြလိုပါသည်။သမိုင်းအထောက်အထားများ အရေးပါသကဲ့သို့လောလောဆယ်ဖြစ်ပျက်နေသည့် ပြည်တွင်းပြည်ပသတင်းများသည်လည်းအထိုက် အလျောက်အရေးကြီးသည်ဟု မှတ်ယူပါသည်။ နည်းနည်းပါးပါးတော့ သတိပြုသင့်ပါသည်။ အလေးထားသင့်ပါသည်။
ထို့ကြောင့် ကျွန်တော်များအနေဖြင့် အချို့အချက်အလက်များကို ဤစုံစမ်းစစ်ဆေးရေး ကော်မရှင်အတွက် အသုံးတည့်မည်ဟုယုံကြည်ပါသည်။ အချက်အလက်များကိုလည်းအတိုချုပ် တင်ပြခြင်းဖြစ်ပါသည်။ အနှစ်(၅၀)ခန့် အမှောင်ချခံထားရသည့်အတွက် ပြည်သူများသည်လည်း သတင်းအချက်အလက် အတော်များများကို မျက်ခြည်ပြတ်နေကြပြီးဖြစ်သည်။
အချို့ပြည်သူများက ယခုပဋိပက္ခကြီးသည် တိုက်ဆိုင်၍ ရုတ်တရက်ထဖြစ်သည်ဟု ယုံကြည်ကြပါသည်။ အချို့ကလည်း ဤပဋိပက္ခကြီးဖြစ်ရန် မူလကတည်းက အကြောင်းခံများစွာ ရှိနေသည်ဟု ယုံကြည်ကြပါသည်။ ကျွန်တော်များကလည်း ထိုသို့ယုံကြည်သည့်အတွက် ယုံကြည်သည့်အတိုင်း ယခု အကြံပြုစာတမ်းကို ရေးသားတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ဖိုးလှိုင် (B.Sc, H.G.P,R.L)
အခန်း-၁
(၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
(က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
(၁) မုဒိန်းမှုကျူးလွန်သူတရားခံများ၊
(၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်၊
(၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ဦး၊
(၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား၊
(၅) ၁၀လောင်းပြိုင်လူသတ်မှု၊
(၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ ကို အကြမ်းအားဖြင့် ၂ပိုင်းခွဲခြား၍ တင်ပြလိုပါသည်။ ပထမပိုင်းမှာ အရေအခင်းဖြစ်ရသည့် လတ်တလော အကြောင်းရင်းများ နှင့် ဒုတိယပိုင်းမှာ ပဋိပက္ခဖြစ်ပွားရသည့် မူလအကြောင်းခံများဟူ၍ တင်ပြပါမည်။
(က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများတွင် ကျောက်နီမော် မုဒိန်းမှု နှင့်တောင်ကုတ်လူသတ်မှု ပြစ်မှုနှစ်ခုကို တင်ပြပါမည်။ ထိုပြစ်မှုနှစ်ခုကို ပြစ်မှုဆိုင်ရာဥပဒေနှင့်အညီ ရိုးရိုးသားသားအမြင်နှင့်ဖြေရှင်းအရေးယူရပါမည်။ နိုင်ငံရေး၊ဘာသာရေး လှုံဆော်မှု မပြုလုပ်သင့်ပါ။ ယခုမု ဤပြစ်မှုနှစ်ခုကိုအရင်းတည်၍ အမြတ်ထုတ်ခဲ့သူများရှိပါသည်။ ထိုအမြတ်ထုတ်ခဲ့သူများမှာ
(က) လုံထိန်းတပ်ဖွဲ့ နှင့်ဒေသဆိုင်ရာအာဏာပိုင်အချို့ 
(ခ) ပြန်ကြာရေးဝန်ကြီးဋ္ဌာ နှင့်
(ဂ)နိုင်ငံရေးပါတီနှစ်ခုတို့ က ဘာသာရေးနှင့်နိုင်ငံရေး အမြတ်ထုတ်ခဲ့ကြပါသည်။
(၁) မုဒိန်းမှုကျူးလွန်သူတရားခံများ
မုဒိန်းမှုကျူးလွန်သူဟု စွတ်စွဲခံရသူ တရားခံ(၃)ဦးရှိပါသည်။ စွတ်စွဲခံရသူအဆင့်တွင် တရားခံ(၃)ဦးသည်အစ္စလာမ် ဘာသာဝင်များဖြစ်ကြောင်း ၊ ကျူးလွန်သူတရားခံ အစစ်များဖြစ်ကြောင်း အပြီးသတ်ဆုံးဖြတ်ပြီးသကဲ့သို့ ကြေညာချက်ထုတ် ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သတင်းစာများကလည်း ဤသို့ ထပ်ဆင့်သတင်း ထုတ်ပြန်ခဲ့သလို နိုင်ငံရေး ပါတီကြီး(၂)ခုကလည်း အလံများထူ၍ ပဋိပက္ခများကို အမျိုးသားရေး ကြွေးကျော်သံဖြင့် အကြမ်းဖက်မှုများကျူးလွန်လာကြ ပါသည်။ စွတ်စွဲခံရသူ တရားခံ(၃)ဦးတွင် အဓိကတရားခံဖြစ်သူမှာ အစ္စလာမ်ဘာသာဝင် မဟုတ်ပါ။ အစ္စလာမ်ဘာသာဝင် မွေးစားမိဘများနှစ်ပါးက မွေးစားထားသည့် ရခိုင်လေးသာဖြစ်သည်၊ ခန္ဓာကိုယ်တွင်လည်းဆေးမင်ကြောင်များထိုးထားပါ သည်။အစ္စလာမ်ဘာသာဝင်မှန်ခဲ့လျှင် ဆေးမင်ကြောင်ထိုးမည်မဟုတ်ပါ။ ဆေးမင်ကြောင်တွင် ဘာသာရေးယုံကြည်ချက် များထိုးထားပါသည်။ သို့ သော်၎င်းအဓိက တရားခံသည် ရက်ပိုင်းအတွင်း ရဲအချုပ်တွင်အပြီးသတ်နှုတ်ပိတ်ခံလိုက်ရသည် ဟုယုံကြည်ပါသည်။ ရဲက ဆွဲကြိုးချသေဆုံးသည်ဟု ကြေညာပါသည်။ အချုပ်ခန်းအတွင်း အချုပ်သားများ ပြည့်ကျပ် ပြွတ်သိပ်သောအနေအထားတွင် ဆွဲကြိုးချသေနိုင်ပါသလား။ ယုတ္တိရှိပါသလား၊ မေးခွန်းများစွာပေါ်လာပါသည်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို မဖြစ်မနေဖြစ်စေလိုပါသလား၊ ရဲအချုပ်တွင်ပေးသည့် ၀န်ခံချက်၊ဖြောင့်ချက်သည် ဘယ်အတိုင်း အတာအထိ ယုံကြည်ရပါသလဲ၊ ဘယ်အတိုင်းအတာအထိ မှန်ကန်ပါသလဲ၊ သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲမှု တရားခံများ၏ ၀န်ခံချက်သည် ကမ္ဘာကျော် ၀န်ခံချက်ကြီးအဖြစ် ကျော်ကြားနေဆဲပင်ရှိပါသည်။ ယခုအမှုတွင် အမှုတွဲပါနှစ်ဦးသည်လည်း တရားခံအစစ်များမဟုတ်ဘဲ သရက်သီးခူးထွက်သည့် သာမန်ရွာသား (၂)ဦးသာဖြစ်ကြောင်း ကြားသိရပါသည်။
၎င်းတို့ ၂ဦး ကို ရန်ကုန်မြို့ တွင်ပြန်လည်စစ်ဆေးသင့်ပါသည်။ NGO,INGO, သတင်းသမားများနှင့် ၈၈ မျိုးဆက်များကိုလည်း တက်ရောက် နားထောင် ခွင့်ပြုသင့်ပါသည်။အကြောင်းမှာ ဤအမှု၏ နောက်ကွယ်တွင် အလွန်အဖိုးထိုက်တန်သည့် အချက် အလက်များရှိသည်။ လျှို့ ဝှက်ချက်များ ရှိနေပါသည်။ တရားခံအစစ်များ ဒုနဲ့ ဒေးနဲ့ ရှိသည်။ မုဒိန်းမှုကျူးလွန်ရန်စီစဉ်သည့် အဖွဲ့ ၊ကျူးလွန်သည့်အဖွဲ့ ၊ ၀ါဒဖြန့် သည့်အဖွဲ့ ၊လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများဖန်တီးသည့် အဖွဲ့ ဝင်များရှိသည်။ ဤအမှုကို အမှု့ မှန်ဖော်ထုတ်နိုင်မှသာလျှင် နိုင်ငံတော်သမ္မတက ဖွဲ့ စည်းပေးသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင် မည်ဟု ယုံကြည်ပါသည်။ သို့ မဟုတ်ပါကယခုဖြစ်ပွားခဲ့သော ပဋိပက္ခ၏အကြောင်းရင်းကို မည်သို့ မှ ဖော်ထုတ်နိုင်မည်မဟုတ်ပေ။
ဤမုဒိန်းမှုမတိုင်မီ ဖြစ်ပွားခဲ့သည့် ဂျပန်အမျိုးသမီး မုဒိန်းမှုနှင့်စပ်လျင်း၍ နိုင်ငံတော်တည်ငြိမ်ရေးနှင့်အေးချမ်းရေး ကိုမည်သို့ မျှ မထိခိုက်ခဲ့ပါ၊ မြန်မာတစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သည့် အခြားမုဒိန်းမှုများ ဖြစ်ပွားဆဲ မုဒိန်းမှုများလည်း တည်ငြိမ်ရေးနှင့်အေးချမ်းရေးကို မထိခိုက်ခဲ့ပါ။ ယခုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်ပဋိပက္ခမျိုး မဖြစ်ပေါ်ခဲ့ပါ။ မဖြစ်ပေါ်စေရန် လည်း ပြည်သူ့ ရဲများအပါအ၀င် တာဝန်ရှိသူများက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်ဟု ယုံကြည်ပါသည်။ ထို့ ကြောင့် ဤမုဒိန်းအမှုကို ရန်ကုန်တွင်ပြန်လည်စစ်ဆေး၍ အမှုမှန်ဖော်ထုတ်နိုင်မှသာလျှင် ရခိုင်ပြည်အနာဂတ်တွင် ပဋိပက္ခများ အလျှင်း မပေါ်ပေါက်စေရန် စီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်မည်ဟု အလေးအနက်အကြံပြုတင်ပြအပ်ပါသည်။ ထို့ ကြောင့် ရန်ကုန်မြို့ တွင်ပြန်လည်စစ်ဆေးဆေးပါရန် အကြံပြုအပ်ပါသည်။
(၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့် စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်။
သေဆုံးသူတရားခံ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာမျိုးစုံရှိသည်၊ ညှင်းပန်းနှိပ်စက်မှုဒဏ်ရာမျိုးစုံခံရသည်။ သေလောက်သည့် ဒဏ်ရာများရှိသည်။ နှုတ်ပိတ်သည်၊ အဖွဲ့ အစည်းဖြင့် အုပ်စုဖွဲ့ ၍ နှုတ်ပိတ်ခဲ့သည်။ စသည် စသည့်ဖြင့် ယုံကြည်ရန် အခြားအကြောင်းများစွာလည်းရှိပါသည်။ ဤသေဆုံးမှုကို ဖော်ထုတ်နိုင်လျှင် သေဆုံးသူသည် အစ္စလာမ်ဘာသာဝင် မဟုတ်ကြောင်းသိရပါမည်။ အစ္စလာမ်ဘာသာဝင်ဟု သတင်းထွက်ရခြင်းမှာ ဘာသာရေး၊လူမျိုးရေး ပဋိပက္ခ ဖန်တီးလို၍ဖြစ်သည်။ ပဋိပက္ခဖန်တီးသူများတွင် အဖွဲ့ အစည်းများ ပါဝင်ကြောင်းသိရပါမည်။ အမှုမှန်ဖော်ထုတ်နိုင် မှသာ အနာဂတ်တွင် လူမျိုးရေးပဋိပက္ခများ မပေါ်ပေါက်ရန် စီမံနိုင်ပါမည်။
ရဲတပ်ဖွဲ့ ဝင်များတွင် ရခိုင်ရဲတပ်ဖွဲ့ များအပြင် ခရစ်ယာန်ရဲတပ်ဖွဲ့ ဝင်များ၊ ဟိန္ဒူရဲတပ်ဖွဲ့ ဝင်များစသည်ဖြင့် မတူကွဲပြားသူများရှိပါသလား ၊၄င်းမတူကွဲပြားသူအားလုံးကို စစ်ဆေးရန်လိုပါသည်။ ဤအမှုတွင်မတူကွဲပြားသည့်အသံများ ကိုစိတ်ရှည်သည်းခံစွာ နားထောင်ရန်လိုအပ်ပါသည်၊ အုပ်စုတစ်ခုတည်း၏ အသံတစ်မျိုးတည်းကိုသာ နားထောင်ရန်မသင့် အုပ်စုဖွဲ့ ၍ ကျူးလွန်သည်မျိုးကို ဖော်ထုတ်ရန် ပို၍ ပို၍ အရေးကြီးပါသည်။
အကယ်၍ သေဆုံးသူ၏ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ကြောင်များ၊ ဘာသာရေးယုံကြည်ချက်များ ထိုးထားသည်ကို ဖေါ်ထုတ်နိုင်လျှင် တရားခံက တရားလို၊ တရားလိုက တရားခံ ပြောင်းပြန်ဖြစ်သွားနိုင်ပါသည်။အမေရိကန် သမ္မတကြီး အီဘရာဟင်(မ်)လင်းကွန်း လိုက်ပါဆောင်ရွက်ခဲ့သည့် လူသတ်မှုကြီးတွင် တရားခံက၊တရားလိုအဖြစ်ပြောင်း သွားပြီး၊ တရားလိုက တရားခံအစစ်ဖြစ်ကြောင်း ၀န်ခံခဲ့ရပါသည်။လကွယ်ညနှင့် လပြည့်ညခွဲခြားပေါ်လွင်အောင် ဖော်ထုတ်ရုံဖြင့် အမှုကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားခဲ့ရပါသည်။ ယခု ဆွဲကြိုးချသေခဲ့သူ၏ ခန္ဓာကိုယ်ကိုစစ်ဆေး ဖော်ထုတ်ရုံဖြင့် အမှုကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားနိုင်ပါသည်။
(၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ ဦး
မုဒိန်းမှုဖြင့် အပြစ်ပေးခံရသူ ကျန်နှစ်ဦးသည် ရွာအပြင်သို့ သရက်သီးခူးထွက်ကြသူများဖြစ်သည်။ မုဒိန်းမှု ကျူးလွန်သူများမဟုတ်၊ တွေ့ ရာလူကို ဖမ်း၍ တရားခံလုပ်ပါသလား၊သန်လျင် ဗုံးခွဲမှုတွင် တရားခံအတုများ သေဒဏ်ပေးခံ ရပါသည်။ နောက်မှ တရားခံအစစ်များ ပေါ်ခဲ့ပါသည်။ ယခုအမှုသည် ပြည်ထောင်စုဖွား အစ္စလာမ်ဘာသာဝင်တစ်ရပ်လုံး သိက္ခာချခံရသော အမှုကြီးဖြစ်သည်။ ဘာသားရေးအသွင်ဆောင်သော အရေးအခင်းကြီး [ပဋိပက္ခ]ကြီးဖြစ်ခဲ့သည်။ အပြစ်မရှိသော ပြည်သူအများအပြား [လူ ၁၀၀၀ ကျော်] သေခဲ့ရသည်။ အိမ်ခြေ [၁၀၀၀၀] နီးပါးပျက်စီးခဲ့ရသည်။ ဘာသာရေးအဆောက်အဦးများ မီးရှို့ ဖျက်စီးခံခဲ့ရသည်။အမွေဆိုးအဖြစ် လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမှုန်းတီးမှု ကျန်ရစ်ခဲ့ပါသည်။
ထိုကြောင့် ပြည်ထောင်စုဖွားအစ္စလာမ် ဘာသာဝင်များအနေဖြင့် အမှုစစ်ဆေးပုံကို သဘောမကျနိုင်ပါ။ တစ်ပတ်အတွင်း အကျဉ်းချုပ်စစ်ဆေး၍ အမိန့် ချခဲ့ပါသည်။အလွန်ကြီးမားသော၊ ပြည်သူအများဒုက္ခရောက်ခဲ့သော၊ သေဆုံး ပျက်စီးခဲ့ရသော ပြစ်မှုကြီးကို ရဲအလိုကျ အပြစ်မပေးထိုက်ပါ။ အမှုမှန်ပေါ်ပေါက်ပေါက်စေရန်၊ တရားခံအစစ်များ ဖော်ထုတ်နိုင်ရန် ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရပါမည်။ လွယ်လွယ်နဲ့ ဖျောက်ဖျက်မခံနိုင်ပါ၊ ပြည်သူတစ်ရပ်လုံးမှ အမှုမှန်ကို သိလိုကြပါသည်။ သမိုင်းစာမျက်နှာတွင်လည်း ကြီးကြီးမားမား၊ အမည်းစက်စွန်းထင်ပြီးဖြစ်သည်။အနာဂတ်တွင်လည်း တစ္ဆခြောက်ခံရနိုင်ပါသည်။ထို့ ကြောင့်ပေါ့ပေါ့စစ သဘောမထားနိုင်ပါ။အနာဂတ်ပဋိပက္ခများ မပေါ်စေရန်အလေးအနက် ထား၍ ဆောင်ရွက်ရပါမည်။ဆောင်ရွက်ရမည့်ကိစ္စများစွာ ရှိပါသည်။ သို့ သော် ဤအမှုကို ဤအတိုင်းအလေးအနက်မထား ဘဲချန်လှပ်ခဲ့လျှင် ထိရောက်မှု အလွန်နည်းပါလိမ့်မည်။ ထို့ ကြောင့်စုံစမ်းစစ်ဆေးရေးကော်မတီမှ ဤရာဇ၀တ်မှုကြီးကို ပြီးခဲ့ပြီ ဟုသဘောမထားသင့်ပါ။ မိမိတို့ ၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အားလုံး အောင်မြင်မှုရစေရန်၊ ဤရာဇ၀တ်မှုကြီး အမှုမှန်ပေါ်ပေါက်ရေးသည် အခရာကျပါသည်။ ထို့ ကြောင့်အဆင့်မကျော်ပါနှင့်၊ အနာဂတ်တွင် ပဋိပက္ခများ ထပ်မံ မပေါ်ပေါက်စေရန် ရည်ရွယ်၍ အကြံပြုရပါသည်။
(၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား။
ဤပဋိပက္ခကြီးဖြစ်ပွားစဉ်က အင်တာဗျူးများ၊သတင်းထုတ်ပြန်ချက်များ၊ ကြေညာလွှာများ၊စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် လှုံ့ ဆော်ခဲ့ကြပါသည်။ ဤသို့  လှုံ့ ဆော်ရာတွင်လည်း အမျိုးသားရေးအမြင်ဖြင့်၊လှုံ့ ဆော်ရသည်ဟု ကြွေးကြော်ကြပါသည်။ တရားဥပဒေနှင့်ညီသော အမျိုးသားရေးဝါဒကို ကျွန်တော်များ လက်ခံပါသည်။ တရားဥပဒေကို ရှုံးနိမ့်စေသော အမျိုးသားရေးဝါဒကို လုံးဝလက်မခံပါ။ အမျိုးသားရေးဝါဒ သည်တရားဥပဒေအထက်တွင် မရှိသင့်ပါ။မျက်ကန်းမျိုးချစ်များ မရှိသင့်ပါ။ ဟစ်တလာ၊ မူဆိုလိုနီ၊ မိလိုစီဗစ် ၊ ရာဒိုဗန်ကာရာဇစ် စသည်တို့ သည် အမျိုးသားရေးကြွေးကြော်သံဖြင့် ရာဇ၀တ်မှုများစွာကို ကျူးလွန်ခဲ့သည့် မျက်ကန်းမျိုးချစ်များဖြစ်သည်။ ထို့ ကြောင့် ရခိုင်ပဋိက္ခတွင် အဖွဲ့ စည်းများကလည်း ကြေညာချက်အမျိုးမျိုး ထုတ်ခဲ့ကြပါသည်။ မီးလောင်နေစဉ် မီးငြှိမ်းရမည့်အစား၊ ဓာတ်ဆီလောင်းခဲ့ကြပါသည်။ ထိုသို့  ဓာတ်ဆီလောင်းခဲ့သည့် စာရွက်စာတမ်းများ၊ စာစောင်များ၊ အင်တာဗျူးများ၊အထောက်အထားအပြည့်အစုံကို ရနိုင်သမျှ စုံစမ်းရေးကော်မရှင်မှ စုဆောင်းပါရန် အကြံပြုအပ်ပါသည်။ သို့ မှသာလျှင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ငန်းပြည့်စုံ၊ မှန်ကန်စွာ အောင်မြင်မှု အပြည့်အ၀ရမည်ဟု ယုံကြည်ပါသည်။ ဤစာရွက်စာတမ်းများကို မျက်ကွယ်ပြုမည်ဆိုလျှင် ဆင်ကန်းတောတိုး ခရီးမပေါက်ဖြစ်နိုင်ပါမည်။ ကျွန်တော်များအနေဖြင့် ဤပဋိပက္ခကြီးသည် တိုက်ဆိုင်မှုသက်သက်မဟုတ်
(က) လုံထိန်းတပ်ဖွဲ့ နှင့် ဒေသဆိုင်ရာအာဏာပိုင်အချို့
(ခ) ပြန်ကြားရေးဝန်ကြီးဋ္ဌာန နှင့်
(ဂ)နိုင်ငံရေးပါတီနှစ်ခု တို့ က တက်တက်ကြွကြွ ဖန်တီးခဲ့သည်ဟု သုံးသပ်မိပါသည်။
(၅) ၁၀လောင်းပြိုင်လူသတ်မှု
ဤလူသတ်မှုကြီးကိုအုပ်စုဖွဲ့ ၍ လူ၃၀၀ခန့် ရှိသော အုပ်စုကြီးက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုမကျူးလွန်မီ ကြိုတင်၍ လူစုခဲ့ကြသည်။ ပါတီအလံထောင်၍ ကြွေးကြော်သံများဖြင့်၊ လူစုလူဝေးလုပ်ခဲ့ကြပါသည်။ ထိုလူစုလူဝေးတွင် ရဲများ၊ ဒေသခံအာဏာပိုင်များ ပါဝင်ခဲ့ပါသည်။ အကယ်၍ နိုင်ငံရေးလုပ်ရန်၊ လူစုလူဝေးလုပ်လျှင် ၃ယောက်၊ ၄ယောက် စု၍ အော်ရုံဖြင့် ရဲများ၊ လုံခြုံရေးတာဝန်ရှိသူများ ချက်ချင်းရောက်၊ချက်ချင်းဖမ်း၊ချက်ချင်းမိ၊ချက်ချင်းအချုပ်ပို့ ။ ထိုသို့ မမိလျှင်လည်း ညဖက်အိမ်တိုင်ရာရောက် သွားဖမ်းကြမည်၊လွတ်လမ်းမရှိ။ ယခုမူ တရားခံ ၁ ယောက်မျှမမိ၊ ၁ယောက်မျှမသိ၊ သက်သေလည်းမရှိ၊ အမှုလည်းမပေါ် ၊ အားလုံးဇာတ်တူများ ဖြစ်နေပါသလား။ အုပ်စုကြီးကြီးက ကျူးလွန်သည့် အမှုကြီးဖြစ်နေပါသလား၊ အာဏာပိုင်းများကျယ်ကျယ်ပြန့် ပြန့် ပါဝင်နေပါသလား၊အမှုမှန်ဖော်လိုသူများ သက်သေများ အပေါ်တွင်ကြီးမားသော ဖိအားများရှိနေပါသလား၊ တရားဥပဒေ ဘက်တော်သားများ အတွက် လုံခြုံမူကင်းမဲ့ နေပါသလား၊ ယခုဖွဲ့ စည်းသည့်စုံစမ်းစစ်ဆေးရေးကော်မရှင်များ၊ တောင်ကုတ်သို့ သွား၍ အမှုမှန်ဖော်ထုတ်ရန်လိုအပ်ပါ သလား၊ အကယ်၍ အမှုမှန်မဖော်ထုတ်နိုင်လျှင် ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းမှန်လည်း မပေါ်နိုင်ပါ။ ကလိမ်စေ့ငြမ်းဆင် အစီရင်ခံစာမျှလောက်သာ ထွက်နိုင်ပါမည်။ အနာဂတ် ပဋိပက္ခများကို ဟန့် တားရန် အသုံးဝင်မည် မဟုတ်။
ဤ ၁၀ လောင်းပြိုင်လူသတ်မှု တရားခံများကို ဖော်ထုတ်နိုင်လျှင် တရားခံတစ်ပုံကြီး ထွက်လာပါမည်။ ၄င်းအုပ်စုကြီးက ဤပဋိပက္ခကြီးကို စနစ်တကျ ဒေသအသီးသီးသို့  ပြန့် ပွားအောင် လုပ်ခဲ့ပါသလား၊ အဖွဲ့ ခွဲ များဖွဲ့ ၍ ဒေသအသီးသီးသို့  တာဝန်ပေးစေလွှတ်၍ ပဋိပက္ခများတွင် ဦးဆောင်ခဲ့ပါသလား၊ ရန်ကုန်မြို့ သို့ ပင်လျှင် ပဋိပက္ခဖန်တီးရန် အဖွဲ့ ခွဲများ စေလွှတ်ခဲ့ပါသလား၊ စသည်စသည်ဖြင့် အရေးကြီးသည့် သက်သေခံချက်များ ဤတောင်ကုတ်လူသတ်မှုတွင် ပေါ်ပေါက် နိုင်ပါသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ကူးဆက်ခဲ့ရသည့်အကြောင်းအရင်းများ ဤလူသတ်မှုတွင် ရှိနေပါသည်။ ထို့ ကြောင့် ဤပဋိပက္ခကြီးကို ဦးဆောင်ကျူးလွန်ခဲ့သည့် အဖွဲ့ အစည်းများက တောင်ကုတ်လူသတ်မှုကြီးကို ၀ိုင်းဝန်း၍ ဖုံးကွယ်ကြမည်၊ ဖိအားပေးကြမည်၊ အင်အားသုံးကာကွယ်ကြမည်။ ထို့ သို့ ကာကွယ်ရန် အမျိုးသားရေးတာဝန်ဟုလွဲမှား သည့်အမြင်ဖြင့် သက်စွန့် ကြိုးပမ်း အားထုတ်ကြမည်ဖြစ်သည်။ သို့ မှသာ ပဋိပက္ခဖြစ်ရသည့် ဖြစ်စဉ်ကြီးတစ်ခုလုံး၏ အကြောင်းအရင်းကို ဖုံးကွယ်နိုင်ပါမည်။ဤ အမှုကြီးကို အမှန်ဖော်ထုတ်နိုင်လျှင် ပဋိပက္ခကြီး တစ်ခုလုံး၏ ဖြစ်ရသည့် အကြောင်းအရင်းကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထို့ ကြောင့်အမှုမှန်ပေါ်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ဖော်ထုတ်ရန် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ တောင်ကုတ်လူသတ်မှုအတွက် ယခင်ကကော်မရှင် ရှိခဲ့ပြီးဖြစ်၍ ယခု စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထပ်မံစုံစမ်းစစ်ဆေးရန် မလို ဟုသုံးသပ်လျှင် အမှားကြီးမှားလိမ့်မည်ဟု ယုံကြည်ပါသည်။
အနာဂတ် ပဋိပက္ခ တားဆီးရေးအတွက်လည်းကြီးမားသောဆုံးရူံး မှုကြီးတစ်ရပ်ဟု မှတ်ယူရပါမည်။ အကြမ်းဖက်သမားများအား ၊ အားပေးသည့်မှားယွင်းမှုဟု မှတ်ယူရပါမည်။ အကြမ်းဖက်သမားများ ပို၍အတင့်ရဲလာမည် ကို စိုးရိမ်ရပါသည်။ ဤကိစ္စကို ဦးဆောင်ခဲ့သည့် နိုင်ငံရေးပါတီကြီးကလည်း၊ ဟစ်တလာ၏ နာဇီပါတီကဲ့သို့ အင်အား အဆမတန် ကြီးမားလာပါလိမ့်မည်။ ယခုပင်လျှင် တောင်ကုတ်NLD ချိနဲ့ သွားပြီဟုသိရပါသည်။ ထိုနာဇီပါတီကြီးသည် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် အင်အားအဆမတန် ကြီးထွားနေပြီ ဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကထက် များစွာ အင်အားတောင့်တင်းလာပြီဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ အခြားပါတီများ အင်အားချိနဲ့ သွားပြီဖြစ်သည်။ ထို့ ကြောင့် တောင်ကုတ် လူသတ်မှုကြီးသည်၊ နိုင်ငံရေးအမြတ်ထုတ်ပါတီကြီး၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်နွယ်မှု ရှိသည်။ တစ်ချိန်တွင် အင်အားကြီးသော နာဇီပါတီကြီး အဖြစ် အသေအခြာတွေ့ ရမည်ဖြစ်သည်။ အမှုမှန်ပေါ်ပေါက်ရေးသည် ကာယကံရှင်များအတွက်သာမက တစ်တိုင်းပြည်လုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါသည်။ စုံးစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် အမျိုးသားအမြင်ဖြင့် အမှုမှန်ကို ဖော်ထုတ်ရန်လိုအပ်ပါသည်။ တရားဥပဒေကို ရှုံးနိမ့်အောင် လုပ်ဆောင်နေသည့် နိုင်ငံရေးပါတီရှိပါသည်။ ၎င်းပုဂ္ဂိုလ်များ သည် ၎င်းတို့ ၏ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို တရားဥပဒေ၏အထက်တွင် နေရာပေးလိုကြပါသည်။
တစ်ချိန်တွင် ၎င်းတို့ ပါတီကြီး မဟာမိတ်ကြီးအဖြစ် ရောက်လာပြီး ၊ထိန်းမရ သိမ်းမရ ၊ အခြေအနေ ရောက်မှဆိုလျှင် အချိန်သိပ်နောက်ကျ သွားပါလိမ့်မည် ဖြစ်ပြီး နာဇီပါတီကြီးလို အခြေအနေမျိုးရောက်မှဆိုလျှင် နိုင်ငံအတွက်များစွာ နစ်နာသွားနိုင်ပါမည်။ ထို့ ကြောင့်တောင်ကုတ် ၁၀ လောင်းပြိုင် လူသတ်မှုကြီးသည် ရိုးရိုးသာမန်လူသတ်မှုကြီး မဟုတ်ပါ။ ကျွန်ုပ်တို့ တစ်နိုင်ငံလုံး၏ အနာဂတ်ကိုခြောက်လှန့် နေသော လူသတ်မှုကြီးဖြစ်ပါသည်။ ပေါ့ပေါ့ဆဆ သဘောမထား စေလိုပါ၊ လူကြီးမင်းများလည်း နားလည်သဘောပေါက်မည်ဟု ယုံကြည်ပါသည်။ နေ့ ခင်းကြောင်တောင် လူပုံအလည်ကျူးလွန်သည့် ၁၀လောင်းပြိုင်တရားခံမမိ၊ လူကွယ်ရာကျူးလွန် သည့် မုဒိန်းမှုတရားခံ၃ဦး ချက်ချင်းမိသည်။ ကျွန်တော် ဟာသပြောနေခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံ၊ပြည့်သူ့ ရဲတပ်ဖွဲ့  အပါအ၀င် လုံခြုံရေးတာဝန်ရှိသူများ၏ အဆင့်အတန်းကို၊ ဆိုးဆိုးဝါးဝါးထိခိုက်မှု ရှိကြောင်းထောက်ပြခြင်းဖြစ်ပါသည်။ ကျွန်တော်သည် ဤကိစ္စကို စာရှည်မည်စိုး၍ ၊ဤမျှနှင့်သာ အဆုံးသတ်လိုပါသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့်၊ ဤတောင်ကုတ် လူသတ်မှုကြီးကို ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းများအနက် အရေးကြီးသည့် အကြောင်းအရင်း တစ်ခုဖြစ်သည်ဟု မှတ်ယူလျက် အလေးအနက် စုံစမ်းစစ်ဆေးလိမ့်မည်ဟု ယုံကြည်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
http://news.mmsy.info/
မှ ကူးယူဖော်ပြပါသည်။

Monday, October 1, 2012

ကျွန်တော် ကုလားပါ

photo-Google
” အစ်ကိုက ကုလားလား”
ဒီနေ့မှ သူငယ်ချင်းတစ်ယောက်က စပြီးမိတ်ဆက်ပေးလို့ စပြီးခင်လာတဲ့ မိတ်ဆွေတစ်ယောက်က မေးပါတယ်
“အင်း ဟုတ်တယ် ကျွန်တော် ကုလားပါ”
ကျွန်တော့် အတွေးတွေ ရှုပ်ရှက်ခက်သွားရာကနေ တည်ငြိမ်အောင်လုပ်ပြီး နောက်ဆုံးအဖြေတစ်ခုထုတ်ပြီး ငြိမ်သက်စွာနဲ့ပြောလိုက်တာပါ
“ကုလားလို့ ပြောရင် မမှားပါဘူးဗျာ”
“အော် အစ်ကိုက အစ္စလမ်ဘာသာဝင်ပေါ့”
သူ့ဆီက အေးစက်သွားတဲ့လေသံနဲ့ နံရံတစ်ခုကြားကနေ မသဲမကွဲလေသံလိုမျိုးနဲ့ ကျွန်တော်ကြားလိုက်ရတာပါ
“မဟုတ်ပါဘူး ကျွန်တော် ဗုဒ္ဓဘာသာဝင်ပါ”
ကျွန်တော် ဒီစကားကို သူ့မျက်နှာကနေ ခပ်လွှဲလွှဲလုပ်ပြီးပြောလိုက်ပါတယ်
ကျွန်တော့်လိပ်ပြာ ကျွန်တော်မလုံလို့မဟုတ်ပါ သူ့ရဲ့ မယုံသင်္ကာ အကဲခတ်တဲ့ အကြည့်တွေနဲ့ ကျွန်တော့်ရဲ့ ရုပ်သွင်ပေါ်ကနေ အဖြေရှာတဲ့ သူ့ရဲ့ မျက်လုံးတွေကို ဘယ်လိုမှ မတုန့်ပြန်ချင်လို့ပါ
“ဟင်ဒါဆို ဘာလို့ ကုလားလို့ အစ်ကိုပြောရတာလဲ အစ်ကိုက ဗုဒ္ဓဘာသာဝင်ပဲဟာကို”
သူ့ရဲ့ ဝေခွဲမရ စိတ်ရှုပ်ထွေးသွားတဲ့ သူ့ရဲ့အမေးကို ကျွန်တော် သူ့မျက်လုံးကို စေ့စေ့ကြည့်ပြီး တစ်ခွန်းတည်းပြောလိုက်ပါတယ်
” ငါ့ကို ငယ်ငယ် ကတည်းက ကုလားလို့ အစ ခံရတယ်။ ငါ့မိဘက ရှမ်းပါ။ ဒါပေမယ့် မင်းသိလား ငါ့မှာ သွေးကင်ဆာ ငယ်ငယ်ကတည်းက ရှိနေတာ။ ငါ့ မျက်ကွင်းတွေက မင်းတို့ပြောသလို ကုလားမျက်ဆံကြောင်ပဲ။ အချိန်တိုင်း မည်းနေတယ်။ ငါ့ရောဂါအတွက် ငါ အားတင်းနေရတဲ့အချိန်မှာ မင်းတို့တွေဆီက ကုလား ကုလား နဲ့ သရော်တဲ့အသံပဲ ကြားရတယ် ငါ့ကို အဲ့လို လှောင်ပြောင်နေတဲ့အချိန်မှာ ငါနဲ့ ဘ၀တူ ကုလားဆိုတဲ့လူတွေက ငါ့ကို မလှောင်ပြောင်ခဲ့ဖူးဘူး။ ငါ မရှင်းပြချင်တော့ဘူးကွာ။ ငါက မကြာခင် သေတော့မယ့်လူ။ ကုလားဆိုတဲ့ ကင်ပွန်းတပ်ပြီးမွေးလာတယ် ကုလား အဖြစ်နဲ့ပဲ သေတော့မယ်။
ဒါပေမယ့်ကွာ မသေခင် ကုလားလို့ အခေါ်ခံရပြီး အနှိမ်ခံရတဲ့ လူတွေအတွက် ငါ တစ်ခုခုတော့ လုပ်သွားမယ်။ ဘာလို့လဲဆိုတော့ လူဆိုတာ ကိုထိမှ နာမှန်းသိတာ။ ငါ့ ဘ၀တလျှောက်လုံးမှာ ကုလားမဟုတ်ချင်လို့ မိတ်ကပ်တွေ လိမ်းရ မျက်မှန်တပ်ရ ဦးထုပ်ဆောင်းရ နဲ့ တရားပွဲတွေမှာ ပိတ်ဖြူဝတ်ပြီး ပါရနဲ့။ ဒါပေမယ့် မင်းသိလား။ အဲ့ဒီတုန်းက ငါကို ဒေါင်းယောင်ဆောင်တဲ့ ကျီးအဖြစ် ပြုံးစိစိနဲ့ အကြည့်ခံ၇တယ်။ ငါ ကုလား မဖြစ်ဖို့ မကြိုးစားချင်တော့ဘူးကွာ။ ငါ မွေးလာကတည်းက ကုလားရုပ်နဲ့။ တကယ်တော့ ငါ့ကိုငါလဲသိပါတယ် ငါဟာ ကုလားပါ။ အေး ငါမသေ ခင်တော့ ငါ့လို ကုလားအခေါ်ခံရသူတွေဘက်က အခွင့်အရေးတစ်ခု ရအောင် တောင်းဆိုသွားမယ်။ မင်းလဲ ငါ့ကို ကုလားလို့ပဲ ဆက်ခေါ်ပါ။ ငါကျေနပ်ပါတယ်။ ဒီ စည်းက ငါခြားတာမဟုတ်ပါဘူး မင်း ပဲ ခြားခဲ့တဲ့ စည်းပါ မင်း နဲ့ငါ့ကြား မင်း ကိုယ်တိုင်ပဲ ခြားခဲ့တဲ့ စည်းပါ”
ကျွန်တော့်ရဲ့ ကျလုဆဲဆဲ မျက်ရည်များကို အားတင်းထိမ်းရင်း သူ့ကို ပြောလိုက်တာပါ
“ဟုတ်ပါတယ် ကျွန်တော် ကုလားပါ ကျွန်တော် ကုလားပါဗျာ”

ဤ ပိုစ်ရေးသားသူ Shiro Mura ထံမှာ ခွင့်ပြုချက်တောင်းခံပြီး M-Media တွင် တင်ခြင်းဖြစ်ပါသည်။
http://news.mmsy.info/news/
မှ ကူးယူဖော်ပြပါသည်။

Friday, September 28, 2012

အစ္စလာမ်ကို မုန်းတီးမှုများ အီဂျစ်သမ္မတမော်စီ UN မိန်းခွန်းတွင် ထည့်သွင်း ဝေဖန်

 စက်တင်ဘာ၊ ၂၇ ၊ ၂၀၁၂

Photo http://www.washingtonpost.com
မွတ်ဆလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပျံ့နှံ နေတာကို လက်မခံနိုင်ဘူးလို့ အီဂျစ် သမ္မတသစ် မုဟမ္မဒ်မော်စီက ပြောကြား လိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ သမ္မတ အဖြစ် ပွဲဦးထွက် မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက စံချိန် ၂ မျိုးနဲ့ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။
ဘာသာတိုင်း ယဉ်ကျေးမှု တိုင်းကို လေးစားရမယ်လို့လဲ သူက ဆိုပါတယ်။သမ္မတ မော်စီက အီဂျစ်နိုင်ငံက လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံ ပေမယ့် ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုးကိုတော့ လက်မခံ ကြောင်း၊ အစွန်းရောက် ဝါဒနဲ့ ဆူပူမှု တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သာ ဖြစ်သင့်ပြီး မသိ နားမလည်မှု၊ သူတပါးကို မလေးမစား လုပ်တာတွေ အားပေးတဲ့ ပြောဆိုခွင့်မျိုး မဟုတ်သင့် ကြောင်း၊ ဒီလို စော်ကား ပုတ်ခတ် တာတွေကို ဆူပူ မှုနဲ့ ဖြေရှင်း တာကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း မွတ်ဆလင် တွေကို ဒေါသ ထွက်စေတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ကို ရည်ညွှန်း ပြောကြား ခဲ့ပါတယ်။
အစ္စလာမ် ဘာသာ ကြောက်ရွံ့မုန်းတီးမှုတွေကို ကုလ သမဂ္ဂ က ထုတ်ပြောရမယ် လို့ သူက ဆိုပါတယ်။
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

 
ထိုင်းမူဆလင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Shopping Mall တခုရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်
 
 
 
 
ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော်မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကားအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။
http://burmese.voanews.com/ 
မှကူးယူဖော်ပြပါသည်။

စက်တင်ဘာ ၂၅၊ ဖို့ဝိန်းမြို့ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ

 

စက်တင်ဘာ ၂၅၊ ဖို့ဝိန်းမြို့ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ
ဓာတ်ပုံသတင်း၊ ဖေ့စ်ဘွတ်၊
အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ စက်တင်ဘာ ၂၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကပြည်ထောင်စုရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် အမေရိကရောက် မြန်မာမွတ်စလင်မ်ပြည်သူများလဲ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ (ဓါတ်ပုံ Nay Sai, From Facebook Page)
 
မှကူးယူဖော်ပြပါသည်။

Wednesday, September 26, 2012

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂညီလာခံ တက်ဖို့ အမေရိကန်ရောက်

 ကိုဝင်းမင်း
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နယူးယောက်မြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကြာသပတေးနေ့ကျရင်တော့ ဒီညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး မြန်မာနိုင်ငံက အပြောင်းအလဲတွေအကြောင်းကို အဓိက ပြောဆိုဖို့ ရှိတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မြန်မာသမ္မတရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း က ပြောပြပေးပါမယ်။

ကြာသပတေးနေ့မှာပဲ မိန့်ခွန်းပြောမယ့် မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ အခုအချိန်အထိတော့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံဖို့ သီးသန့် အစီအစဉ်မရှိသေးဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးကလည်း ဆိုပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာ ရောက်လာမယ့် သမ္မတဦးသိန်းစိန်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကမ္ဘာမှာ ထင်ရှားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နီရီကစ်ဆင်ဂျာတို့နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း ဒီကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပထမဆုံး မြန်မာသမ္မတ အဆင့်နဲ့ မိန့်ခွန်းပြောဖို့ရှိတဲ့ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းအပြင် အီးယူဥရောပ သမဂ္ဂက ခေါင်းဆောင်တွေ၊ ထိုင်း အပါအဝင် ဒေသတွင်းက ခေါင်းဆောင်တွေ၊ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိပြီး Asia Society မှာလည်း မိန့်ခွန်းပြောဖို့ရှိနေပါတယ်။

ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောရမှာတော့ သမ္မတဦးသိန်းစိန်အနေနဲ့ နိုင်ငံတွင်းက အပြောင်းအလဲတွေအကြောင်းကို အဓိကထားပြောဖို့ရှိတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ အဓိကက သူလုပ်ခဲ့တဲ့ ဟာတွေပေါ့ဗျာ။ Reform တွေ သူ ဘာကြောင့်လုပ်တယ်။ ဘာတွေလုပ်နေတယ်။ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမူတွေ၊ နောက် ငြိမ်းချမ်းရေးပေါ့နော်။ အထူးသဖြင့် နောက် ဆက်လက်ဆောင်ရွက်မယ့် သူ့ရဲ့မျှော်မှန်းချက်တွေ၊ နောက် သူ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အဲ့ဒီ့အခက်အခဲတွေထဲမှာ အဓိကကတော့ ဆင်းရဲနွမ်းပါးမူ ပပျောက်ရေးပေါ့၊ လျော့ချရေးပေါ့။ အဲ့တာနဲ့ပတ်သက်ပြီး ယူအန်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေပေါ့။”

ဒါ့အပြင် ရိုဟင်ဂျာပြသနာလည်း ထည့်ပြောဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ ရိုဟင်ဂျာ၊ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက တချို့သတင်းအမှားတွေနဲ့ မှားယွင်းနေတဲ့ နားလည်မူတွေ အမှန်ဖြစ်အောင် သူပြောတာတွေ ပါမယ်။ နောက် နိုင်ငံတကာကနေပြီးတော့ ပံ့ပိုးကူညီမူတွေက ဒီရခိုင်ပြည်နယ်မှာပေါ့။”

နောက်ထူးခြားမူတခုက မြန်မာအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်မှာရောက်နေချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူမ ဆုရတာကို ထောက်ခံပေးတာကိုလည်း သမ္မတဦးသိန်းစိန်အနေနဲ့ ထည့်ပြောနိုင်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ကျနော်တို့ကို သတင်းဌာနတွေက မေးတယ်။ မနှစ်မြို့တဲ့ဟာတွေရှိလားလို့။ သူဆုရတာ ကောင်းတာပေါ့။ ကိုယ့်နိုင်ငံသူ ကိုယ့်နိုင်ငံသားပေါ့နော်။ ဒီလို ဆုချီးမြှင့်တာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။”

အခုလို ထူးခြားတဲ့ မြန်မာသမ္မတရဲ့ ခရီးစဉ် မတိုင်ခင်မှာ ရှေ့ပြေး အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာသမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဆုပေးပွဲကို တက်ကာ သူမကို ချီးကျူးခဲ့ပြီး သူမနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလည်း ရှိခဲ့ပါတယ်။

အသံတွေ ကြားနေရတယ်

 NLD က ကြားဖြတ်ရွေးကောက် ၀င်မယ့်နေရာတွေမှာ မွတ်စလင်မျိုးဆက်သစ်လူငယ်အများစုကို နိုင်ငံသားစိစစ်ရေးကဒ် ထုတ်မပေးလို့ဆိုတဲ့အသံတွေ ညံနေတယ်။ ၂၀၁၅ ဒုတိယလွှတ်တော်သက်တမ်းမှာ အလုံးအရင်းတပ်ချီပြီး အသည်းကြားက မဲတစ်ပြားတွေနဲ့ မွတ်စလင်တိုင်းက NLD ကို မဲပေးမှာ သေချာတာမို့ ပြည်ထောင်စုဝန်ကြီး ခင်ရီက ရေတိုရေရှည် စီမံကိန်း မူဝါဒလမ်းစဉ်ဟောင်းအတိုင်း လ၀ကကို ဘေးတီးပြီး ဘိုနေမြဲ ကျားနေမြဲ နှိပ်ကွပ်ဖို့ ဆော်သြနေဆဲပဲလို့ ဆိုကြတယ်။
နိုင်ငံခြားသားတရုတ်တွေ ငွေပေးပြီး နိုင်ငံသားကဒ် လုပ်နိုင်ပေမယ့်၊ မွတ်စလင်တွေကိုတော့ ငွေပေးရင်တောင် နိုင်ငံသားကဒ် ရရှိဖို့ ခက်ခဲနေသတဲ့။ ပြည်တွင်းဖြစ် နိုင်ငံခြားသားလုပ်ဖို့ မဟာစီမံကိန်းနဲ့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြတယ်။
အမျိုးပျောက်မှာ စိုးကြောက်ပါ ၀ါဒစွဲကိုင်ထားဆဲ မျက်ကန်းမျိုးချစ်တွေက လုံခြုံရေးအကြောင်းပြပြီး ကျားကျားမီးယပ် ပုံပျက်ပန်းပျက်လုပ်နေတာကို အာဇာနည်နေ့ မကျင်းပရဲတာက သက်သေပြနေတယ်။
တကယ်တော့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဦးရာဇာတ်၊ ဒီဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးအောင်သန်း၊ မိုင်းပွန်စော်ဘွားကြီး၊ ရဲဘော်ထွေး၊ ရာဇ၀တ်အုပ်ဦးအုန်းမောင်ဆိုတဲ့ အာဇာနည်တွေထဲမှာ ဆရာကြီးဦးရာဇာတ်၊ ရဲဘော်ထွေးနဲ့ ဦးအုန်းမောင်တို့ သုံးဦးဟာ နိုင်ငံနဲ့လူမျိုးအတွက် အသက်စတေးပေးသွားတဲ့ မွတ်စလင်တွေ ဖြစ်နေတာကို လူသိမှာ သိပ်ကြောက်တယ်။ သမိုင်းကို ပျောက်အောင် ဖျောက်ချင်ကြလို့ မျိုးဆက်သစ်လူငယ်တွေနဲ့ မွတ်စလင်သူရဲကောင်းတွေကို မရင်းနှီးစေချင်တာကြောင့်ပါ။
ဒါတင်မကဘူး ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားဥက္ကဋ္ဌဟာ ဦးရရှစ်ဆိုကလည်း မွတ်စလင်ပဲ။ လွတ်လပ်ရေးရပြီးတော့ တက္ကသိုလ်ကျောင်းသား ဥက္ကဋ္ဌ ဦးရရှစ်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ပညာရေးဝန်ကြီးဖြစ်ခဲ့သလို မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ ဗိုလ်မှူးဘရှင်ဟာလဲ မွတ်စလင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် ချုပ်ဖို့ကိစ္စ ပေါ်ပေါက်တုန်းကလည်း ဗိုလ်ချုပ်က “ပြန်မယ် ကိုဖေခင် လေယာဉ်ပျံစီစဉ်”လို့ ပြောတုန်းက ပင်လုံစာချုပ် ချုပ်ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ သံအမတ်ကြီး ဦးဖေခင်ဟာလဲ မွတ်စလင်ပါပဲ။ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်လတ်၊ သံအမတ်ကြီး ဦးလှမောင်၊ ၀မ်အိုဝမ် ကျော်ဝင်းမောင်လို နိုင်ငံ့ဂုဏ်ရည်ဆရာခြယ်၊ ဒါ့အပြင် ပြောမယ်ဆိုရင် တောင်သူလယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ညာလက်ရုံးဖြစ်လို့ ကြိုးပေးခံရသူ ထိုးကွင်းမှင်ကြောင်တွေနဲ့ ဦးဒူးဒူးဟာလဲ မျိုးချစ်မြန်မာမွတ်စလင်ကြီး တစ်ဦးပါပဲ။ ဒီလို နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိရှိ မျိုးချစ်စံပြ မြန်မာမွတ်စလင်တွေရဲ့(လွတ်လပ်ရေးတိုက်ပွဲဝင်)သမိုင်းကို မြေမြှုပ်သင်္ဂျိုလ်ပစ်ချင်လို့၊ မွတ်စလင်မျိုးဆက်သစ်တွေကို နိုင်ငံသားစိစစ်ရေးကဒ်နဲ့ ဘေးကျပ်နံကျပ်ဖြစ်အောင် စနစ်တကျ နှိပ်ကွပ်နေတာ ထင်ရှားပါတယ်။
၁၉၄၇ ဒုတိယပင်လုံညီလာခံ
ဦးဖေခင်၊ ဘားနတ်လက်ဒ၀စ် (မြန်မာနိုင်ငံဆိုင်ရာ ၀န်ကြီးရုံး အရာရှိ)၊ မစ္စတာ ဘော်တွမ်လေ၊ ဗိုလ်ချုပ်အောင်ဆန်း
တကယ်တော့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ပြီး ပြင်ပကမ္ဘာက အနှိပ်ကွပ်ခံ မွတ်စလင်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး ခေတ်အဆက်ဆက် ပြည်မထဲမှာ မွတ်စလင်သူပုန်ဆိုတာ မရှိခဲ့ပေမဲ့ လုံခြုံရေးနဲ့ ဘာသာရေးကို အကြောင်းပြပြီး အစိုးရတိုင်းက မြန်မာမွတ်စလင်တွေကို Division Policy နဲ့ ဖိနှိပ်ခွဲခြား အုပ်ချုပ်တာ ခံနေကြရတာပါ။
ဒါပေမဲ့ မြန်မာမွတ်စလင်တွေဟာ ဘိုးဘွားများရဲ့ မျိုးချစ်စိတ်ဓာတ်အမွေကို ဆက်ခံပြီး သိသိကြီးနဲ့ ကျရာတာဝန်တွေကို ခေတ်အဆက်ဆက် ထမ်းဆောင်နေခဲ့ကြပေမဲ့ ထိုက်တန်တဲ့ ရာထူး၊ ဂုဏ်သိက္ခာ အဆင့်အတန်းကိုတော့ ဘယ်တုန်းကမှ မရခဲ့ကြပါဘူး။ မြန်မာနိုင်ငံမှာ ဥပဒေရေးဆွဲပြီး နှိပ်ကွပ်ခံနေရတဲ့လူမျိုးက မြန်မာမွတ်စလင်တွေပဲ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ သံသယကြွေးကြော်သံတွေကို ရေလဲသုံးပြီး လူ့အခွင့်အရေးကို မဟားဒယား အချိုးဖောက်ခံနေရတဲ့သူတွေက မြန်မာနိုင်ငံမှာ ဒုတိယ ကိုယ်းကွယ်မှုဆိုင်ရာ လူဦးရေအများဆုံးဖြစ်တဲ့ မြန်မာမွတ်စလင်တွေပါ။
မြန်မာမွတ်စလင်တွေက ဒီမိုကရေစီခေတ်ကို တကယ်အမြန်ရောက်မှ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေးကို ရကြမှာမို့ ဒါကိုမဖြစ်မနေ ဆောင်ကျဉ်းပေးနိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အလုံးအရင်းနဲ့ မဲပေးနိုင်ဖို့ တာဆူပြီး ကုန်းရုံးကြိုးစားနေချိန်မှာ လတ်တစ်လုံးခြားဥပဒေတွေနဲ့ နိုင်ငံသားကဒ်မရအောင် စနစ်တကျ ပိရိစွာနဲ့ လုပ်ကြံ လုပ်ဆောင်နေတာကြောင့် NLD ရေ ကယ်ပါအုံးဆိုတဲ့ အသံတွေ ကြားနေရတယ်။
စနေမောင်မောင် (ဘားမား)
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

ပြည်ပြေး ရခိုင်အမျိုးသမီး စောမြရာဇာလင်းထံ အိတ်ဖွင့်ပေးစာ

အာဘော်/ဆောင်းပါး ♦♦♦ ၂၂ စက်တင်ဘာလ ၂၀၁၂

ရည်ညွှန်းချက်။ ။စောင့်ကြည့်သတင်းဂျာနယ်(၁၈.၉.၁၂) စာမျက်နှာ(၇) ဖော်ပြပါအမေးအဖြေ အကြောင်းအရာများ။
ခင်ဗျားကို ကျုပ်တို့မသိပါဘူး… ကြားလဲမကြားဘူးဘူး…. ခင်ဗျားက ”အမေစု” မှမဟုတ်တာ….. ခင်ဗျားကို စသတိထားမိတာ အင်တာနက်မှာ ခင်ဗျား အမေစုကို ဆဲတဲ့ပိုစတာကိုင်းပြီး ပြန်လာတာကိုဖော်ပြထားတဲ့ ဓာတ်ပုံသတင်းမှာ စတွေ့ခဲ့တာ…… အဲ့ဒီကတည်းကစပြီး ခင်ဗျားကိုသတိထားမိတယ်… ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ရခိုင်ပီသမှု့ကို သတိပြုမိလို့ပါပဲ… ခင်ဗျားတို့ရခိုင်တွေက စရိုက်ကြမ်းတယ်၊ ကိုယ်ကြမ်းနှုတ်ကြမ်းတွေ၊ အတ္တကြီးတယ်၊ လောဘကြီးတယ်၊ စေးနှဲတွန့်တိုတယ်၊ မနာလိုဝန်တိုမှုများတယ် ဆိုတာ ခင်ဗျားကိုင်လာတဲ့ ပိုစတာက သက်သေခံနေတယ်… ရခိုင်နဲ့မြွေပွေးဆိုတဲ့စကားဟာ ရှေးလူကြီးတွေပြောခဲ့တဲ့စကားပဲ…..
 စောမြရာဇာလင်း
စောမြရာဇာလင်း
“အမေစု” ကိုခင်ဗျားခြေရာခြင်း တိုင်းရအောင် အမေစုနဲ့ယှဉ်လိုက်ရင် ခင်ဗျားက ဘာတန်ဖိုးမှ ရှိတာမဟုတ်ဘူး… အမေစုကကမ္ဘာ့ပြည်သူတွေ မြန်မာ့ပြည်သူတွေတစ်ရပ်လုံးက လေးစားအားထားရတဲ့ ခေါင်းဆောင်၊ ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ခင်ဗျားမှာ စော်ကားပိုင်ခွင့်မရှိဘူး….. အမေစုကို စော်ကားတာ ပြည်သူတစ်ရပ်လုံးကို စော်ကားတာဘဲ…..  ဒါဟာ ယုတ်မာရိုင်းစိုင်းတဲ့ ခင်ဗျားတို့ရခိုင်တွေရဲ့အကျင့်ပဲ…….
ခင်ဗျားကကော ကုလားပြည်မှာမွေးတဲ့ နိုင်ငံခြားသားနဲ့ ယုထားတာဘဲ… ရခိုင်မှာနေတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ဖိနိုပ်၊ နိုပ်စက်ခြင်းတိုင်း နိုပ်ပ်စက်၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို အားပေးအား မြှောက်ပြုနေပြီး ခင်ဗျားကိုယ်တိုင်က အစ္စလာမ်နိုင်ငံတစ်ခုမှာ လူ့အခွင့်အရေး အပြည့်အ၀ခံစားပြီး ခင်ဗျားယောက်ျားရဲ့ ညီမဆိုရင် အမတ်တောင် လုပ်နေသေးတယ်၊ အဲ့ဒီမှာခင်ဗျားက အခွင့်အရေး အပြည့်အ၀ခံစားပြီး နိုင်ငံတော်ကိုဆန့်ကျင်တဲ့ ပြည်ပြေးလုပ်စားနေတယ်…..
ခင်ဗျားတို့ရခိုင်တွေ ဆန်တတ်နိုင်ရင်ဆန်၊ ဆန်ကွဲတတ်နိုင်ရင် ဆန်ကွဲ လှူတယ်ပြောတယ်… ဟုတ်မှလဲ လုပ်ပါဆရာမကြီးရယ်…… ခင်ဗျားတို့ ရခိုင်တွေအကြောင်း ကျုပ်တို့ကောင်း ကောင်းသိပါတယ်… အိမ်ရှေ့ကို တောင်းရမ်းတဲ့သူတစ်ယောက် ရောက်လာရင်တောင် “လားလီ,လားလီ” ဆိုပြီး ခွေးမောင်းသလို မောင်းထုတ်တာ ကျုပ်တို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ဘူးပါတယ်….
တောင်ကုတ် လူသတ်မှုကလည်း ခင်ဗျားတို့ရဲ့ စရိုက်ကို သက်သေပြနေတယ်… ယုံချင်ပါတယ်.. ဒါပေမယ့် ခက်တယ်… ပတမဆုံး နယ်ချဲ့ကိုခေါ်လာတာ ခင်ဗျားတို့ရခိုင်တွေဘဲ…. တောင်ငူဘုရင် နတ်သျှင်နောင်ကို လာတိုက်ပြီး သံလျင်မှာ ငဇင်ကာကိုထားခဲ့တာလေ….အဲ့ဒီ့အချိန်တည်းက မွတ်စလင်စစ်သား ၃၀၀၀ ပါလာတယ်… သာလွန်မင်းက စစ်သုံ့ပန်အဖြစ်ဖမ်းပြီး အထက်ဗမာပြည်မှာ နေရာချထား ပေးခဲ့တယ်.. ခိုးဝင်တာမဟုတ်ဘူး… အဲ့ဒီ့ကတည်းက တရားဝင်ရောက်နေတာ… သမိုင်းကိုလိမ်ဖို့ မကြိုးစားပါနဲ့……..
ခင်ဗျားတို့ရခိုင်ကို ဘင်္ဂါလီခိုးဝင်တယ်ဆိုရင် ခင်ဗျား ဘင်္ဂလားဒေ့ရှ်မှာ နေခဲ့တာပဲ… ခင်ဗျား အမေ့လင်တွေကို ပြတ်ပြတ်သားသား ပြောပြီး ပြန်ခေါ်ခိုင်းပေါ့… ခင်ဗျားဘာဖြစ်လို့ ပါးစပ်ပိတ်နေခဲ့တာလဲ?
ခင်ဗျားတို့ရခိုင်တွေကကော ဘင်္ဂလားဒေ့ရှ်ကို ဘယ်လိုရောက်နေတာလဲ? အေးမောင်ပြောတော့ ရခိုင်တစ်သန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိတယ်ပြောတယ်… ခင်ဗျားတို့လည်း ဘင်္ဂလားဒေ့ရှ်ကို ခိုးဝင်သွားတာလား?
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရခိုင်တစ်သန်းနဲ့ ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာတစ်သန်း လဲလိုက်ပါလား… ခင်ဗျားမှာ အရည်အချင်းရှိရင် လုပ်နိုင်ရမှာပေါ့….
ခင်ဗျားတို့ တိုင်းပြည်ကိုချစ်ရင် ခင်ဗျားရွာကို ခင်ဗျားတကယ်ချစ်ရင် ခင်ဗျားရွာမှာ ကျောင်းဆရာမ ပြန်လုပ်ပါလား… ခင်ဗျားရွာက ကလေးတွေကို စာသင်ပေးပါလား…..ခင်ဗျားတောင် ခင်ဗျားရွာမှာ အကျိုးမပြုဘဲ ကိုယ်လွတ်ရုန်းပြေးတာ ဘယ်သူက ခင်ဗျားရွာကိုလာပြီး လုပ်ပေးရမှာလဲ?
ကျုပ်တို့အံတိုနေပြီ… ခင်ဗျားတို့လို လူစားမျိုးတွေအကြောင်း ကျုပ်တို့ကောင်းကောင်းသိတယ်…..
ကုလားပြည်မှာနေ ကုလားရေသောက် ကုလားဟာစားနေပြီး နိုင်ငံတော်ကို ပြည်ပြေးလုပ်ပြီး တော်လှန်ပုန်ကန် လုပ်စားနေတာ ကျုပ်တို့ ကောင်းကောင်းသိတယ်….
ဘင်္ဂလားဒေ့ရှ်အစိုးရက လူဦးရေများပေမယ့် လူထုကို အရမ်းဂရုစိုက်တယ်၊ ပုလိပ်တွေဆိုရင်လည်း အရမ်းဂရုစိုက်တယ်လို့ ခင်ဗျားပြောတယ်၊ခင်ဗျားတို့ကတော့ ဘာသာခြားလူနည်းစုတွေကို နှိပ်စက်တယ်၊လူ့အခွင့်အရေးကို ချိုးဖောက်တယ်၊ကင်တားနားအစီအရင်ခံစာဟာ ဘက်လိုက်တယ်လို့ မပြောဘဲ လုံးဝမှားတယ်လို့ ခင်ဗျားတို့ ပြောရဲလား? ခင်ဗျားတို့မရှက်ဘူးလား?
ခင်ဗျားအများကြီးလိုပါသေးတယ်….  ကြိုးစားပါအုံး
မှကူးယူဖော်ပြပါသည်။

ဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဈာပန

  စက်တင်ဘာ၊ ၂၄ ၊ ၂၀၁၂
M-Media
ဆရာကြီး ရဲ့ ဈာပနကို လိုက်လံပို့ဆောင်သူများ
ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
ရန်ကုန်။ ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ၂၃ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ၂၄ ရက် နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။
အဆိုပါ ဈာပနအခမ်းနားသို့ မြန်မာမွတ်စလင်မ်ကွန်ယက်မှ မြန်မာမွတ်စလင်မ် ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၊ ရွှေဝါရောင် သံဃာအရေးလှုပ်ရှားမှု ဦးဆောင်ခဲ့သော သံဃာတော်များ၊ အမိမြေ ငြိမ်းချမ်းရေး မစ်ရှင်မှ ကိုမိုးသီးဇွန်နှင့် အဖွဲ့ဝင်များ၊ NLD ပါတီဝင်များ၊ နှင့် ဆရာကြီး၏ သားတပည့်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဆရာကြီး၏ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသားများ က ဆရာကြီး၏ နောက်ဆုံးခရီးကို လိုက်လံ နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါသညည်။
ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားသို့ လိုက်လံပို့ဆောင်ခဲ့ကျသည့် သံဃာတော်များ၊ ဧည့်ပရိတ်သတ်များ
ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
ဆရာကြိးဝမ်းအိုဝမ်း ကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်းကို အတူတူ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချူပ် နာယက သူရ ဦးတင်ဦး ( ကာကွယ်ရေး ဦးစီးချူပ်ဟောင်း) မှ ယနေ့နံနက်တွင် ကျန်ရစ်သူ မိသားစုကို သွားရောက်အားပေးစကားပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆရာကြိးဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်သည် ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်)၊ သက်ကြီးကန်တော့ခံ စာပေပညာရှင် တစ်ယောက်ဖြစ်သည်။

http://news.mmsy.info/

မှကူးယူဖော်ပြပါသည်။
 

လွတ်လပ်ရေးတိုက်ပွဲဝင် စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ယနေ့နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်
ဦးကျော်ဝင်းမောင်၏ သားဖြစ်သူ ကိုစန်းက “လွန်ခဲ့တဲ့ လလောက်ကတည်းက အမောဖောက်တယ်။ ဆေးရုံတင်ပြီးစစ်တော့ ဘာမှတော့ ထွေထွေထူးထူး မရှိဘူး။ တနင်္ဂနွေညက တော်တော်ဆိုးလာပြီး ဆုံးတာပါ” ဟု ဆိုသည်။
ဦးကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်း အတူတူတက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကလည်း ယနေ့နံနက်က ကျန်ရစ်သူမိသားစုကို လာရောက်အားပေး စကားပြောကြောင်း ၎င်းကဆိုသည်။
မြန်မာမွတ်ဆလင်တဦးဖြစ်သည့် ဦးကျော်ဝင်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်ဇာတိ ဖြစ်ပြီး ဗမာကာကွယ်ရေးတပ်မတော် (BDA) ၌ လေယာဉ်ပစ် အမြောက်တပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ဗမာပြည်ကွန်မြူနစ် ပါတီဝင်တဦးလည်း ဖြစ်သည်။
ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ကျောင်းဆင်းတဦးဖြစ်ပြီး စစ်အတွင်းက တရုတ်နိုင်ငံအခြေစိုက် အမေရိကန် ၀မ်းအိုဝမ်း (၁၀၁) လေထီး တပ်ဖွဲ့တွင် ပါဝင်ခဲ့သည့်အတွက် ၀မ်းအိုဝမ်း ကျော်ဝင်းမောင်အဖြစ် လူသိများသည်။
တော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းတွင် ဂျပန်ကင်ပေတိုင်၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပုံကို ၎င်းကိုယ်တိုင်ရေးသားသည့် “၀မ်းအိုဝမ်းနဲ့ မြန်မာမြေအောက်တော်လှန်ရေး” ဆိုသည့် စာအုပ်တွင် ဖော်ပြထားသည်။
၁၉၄၆ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီအကွဲတွင် သခင်စိုး ဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပြီး တောခိုခဲ့သည်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။
လွတ်လပ်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်၊ နိုင်ငံဂုဏ်ရည် ဒုတိယအဆင့် ဆုများချီးမြှင့်ခံခဲ့ရသည်။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်ဖြင့် ၀မ်းအိုဝမ်းနဲ့ မြန်မာအောက်တော်လှန်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ၊ ဂျပန်သုံ့ပန်း မဂိုကပြားမလေး၊ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၊ နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ၊ ဘီဒီအေ လေယာဉ်ပစ် အမြောက်ကြီးတပ်၊ အလံနီတော်လှန်ရေး၏ သမိုင်းတကွေ့၊ မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့ စသည့် စာအုပ်များရေးသားခဲ့သည်။
http://burma.irrawaddy.org/
မှကူးယူဖော်ပြပါသည်။

Thursday, September 20, 2012

ဘာသာတရားများကို အသေရေဖျက်မှုအပေါ် ဥပဒေထုတ်ပြန်ရန် ကုလသမဂ္ဂအား အင်ဒို သမ္မတ တိုက်တွန်း

19

 စက်တင်ဘာ၊ ၁၉၊ ၂၀၁၂

M-Media
အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို
ဂျကာတာ(ဆင်ဟွာ)။ ။ အင်ဒိုသမ္မတယူဒိုယိုနို (Susilo Bambang Yudhoyono)က ကုလသမဂ္ဂနှင့် OIC တို့အား တမန်တော်မုဟမ္မဒ်ကို အသေရေဖျက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့တဲ့ အတွက်ဘာသာရေး အသေရေဖျက်မှုကို စည်းမျဉ်းထုတ်ပြန်ဖို့ အလေးအနက် တိုက်တွန်းလိုက်တယ် လို့အင်္ဂါနေ့ကသတင်းမှာ ဖေါ်ပြပါရှိပါတယ်။
အနောက်ဂျာဗားရှိ စီရီဘွန်းမြို့(Cirebon) မှာ နာ့လာ့ဟ်တူအိုလမာ(Nahdlatul Ulama) အမျိုးသားတွေ့ဆုံပွဲ မတိုင်ခင်မိန့်ခွန်းတစ်ခုမှာ ယူဒိုယိုနိုက `ကျွန်တော် OIC နဲ့ UN ကို အခုလိုကိစ္စမျိုးတွေ နောက်ထပ်ဖြစ်ပွားမှုမှ ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း ဥပဒေထုတ်ပြန်ဖို့ အလေးအနက်ထား စဉ်းစားဖို့ မေတ္တာရပ်ခံထားပါတယ်´ လို့ The Innocence of Muslims လို့ အမည်ရတဲ့အစ္စလာမ့် ဆန့်ကျင်ရေး ဗီဒီယိုကို ရည်ညွှန်းပြီးပြောဆိုသွားပါတယ်။
ဘာသာတရားအသရေဖျက်မှုဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေရဲ့ နှလုံးသားကိုထိခိုက်စေတယ်၊ ငြိမ်းချမ်းရေးကိုပျက်ပြားစေပြီး ဆိုးဝါးတဲ့ ပဋိပက္ခတွေကို စတင်စေနိုင်တယ်လို့ ဂျကာတာဂလိုဘယ် သတင်းက ယူဒိုယိုနိုရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြသွားပါတယ်။
အဲဒီဗီဒီယိုဖိုင်ကို အင်ဒိုအစိုးရရဲ့အမိန့်နဲ့ အင်ဒိုနီးရှားမှာ ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ ကောပ့်တစ်အမေရိကန်ခရစ်ယာန်တစ်ယောက်ဖြစ်သူတစ်ယောက်က ထုတ်လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်ကြောင့် အမေရိကန်ဆန့်ကျင်ရေးဟာ အရှေ့အလယ်ပိုင်းနဲ့အင်ဒိုနီရှားတစ်လျှောက်မှာ ဖြစ်ပွားခဲ့ပြီး လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခရစ်စတိုဖာ စတီဖင် (Christopher Stevens)နဲ့ အခြားအမေရိကန်သုံးဦး အသတ်ခံရတဲ့ အထိဖြစ်ပွားခဲ့ပါတယ်။
အီလက်ထရစ်
http://news.xinhuanet.com/english/world/2012-09/18/c_131857657.htm မှ ကောက်နှုတ် ဘာသာပြန်ဆိုသည်
။http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

INTERNATIONAL CONFERENCE: ON THE PLIGHT OF THE ROHINGYA:Resolution on Rohingya (ဘာသာပြန်)

ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာများ၏အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံ မှ ဆုံးဖြတ်ချက်
၁၇ စက်တင်ဘာ ၂၀၁၂
 

ပါဒါနာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်း (PGPF) က အခြေအနေမဲ့ကာ ဒုက္ခရောက်နေကြသော ရိုဟင်ဂျာများ၏ အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံတစ်ခုကို မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ပါသည်။
ထိုညီလာခံသို့ နိုင်ငံတကာမှ နိုင်ငံရေးအဖွဲ့အစည်းများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ ပါလီမန်များ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ ၊ ပညာရေးအဖွဲ့အစည်းများ ၊ သီးခြားအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့် မီဒီယာများ မှ ကိုယ်စားလှယ်အသီးသီးတို့ တက်ရောက်ခဲ့ကြပါတယ်။
PGPF ၏ ဥက္ကဌ ဖြစ်ပြီး မလေးရှားနိုင်ငံ၏ စတုတ္ထ မြောက် ၀န်ကြီးချုပ်ဖြစ်သူ YABhg Tun Dr Mahathir Mohamad က အဓိကထုတ်ပြန်ချက် တစ်ရပ်ကို ထိုညီလာခံတွင် တင်သွင်းအဆိုပြုခဲ့ပါတယ်။
အခြားသော အထင်ကရ ခေါင်းဆောင်များ၏ အဆိုကိုလည်း အပိုကဏ္ဍမှာ ထည့်သွင်းထားပါတယ်။
ကျွန်ုပ်တို့အပါအ၀င် ညီလာခံသို့ လက်မှတ်ရေးထိုးတက်ရောက်လာကြသော အဖွဲ့အစည်းများ နှင့် တက်ရောက်ပါဝင်ကြသူများ ခင်ဗျား__
လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များဆိုသည်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ တစ်သန်းကျော်ရှိတဲ့ လူမျိုးစု ဖြစ်ပါတယ်။
၎င်းတို့သည် မြန်မာနိုင်ငံတွင် ဟိုးရှေးယခင် ရာစုနှစ်ပေါင်းများစွာကတည်းက နေထိုင်လာကြသူများဖြစ်ပြီး ၊ ဗြိတိသျှ ကိုလိုနီခေတ် အတွင်းမှ အာဏာပိုင်များ ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ ယခင် ဗမာပြည် အစိုးရ တို့မှ ထိုရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် အပြည့်အ၀ ထောက်ခံအသိအမှတ်ပြုပြီးဖြစ်ပါတယ်။
၁၉၈၂ နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံအစိုးရသည် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ကြောင်း အသေအချာ ဖော်ပြထားရှိပါတယ်။
ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ဆိုးရွားရက်စက်သော အနေအထား ၊ အထူးသဖြင့် ၂၀၁၂ ဇွန်လ တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ၄င်းတို့၏အစွန်းရောက် တိုက်ခိုက်မှု့များကြောင့် ရိုဟင်ဂျာမွတ်စလင်တို့သည် လွန်စွာထိခိုက် ခံစားခဲ့ကြရသည်ကို တွေ့မြင်ရပါတယ်။
ရိုဟင်ဂျာများသည် ပြည်နယ်လုံခြုံရေး အဖွဲ့၏ မတရားဖိနှိပ် ဆက်ဆံခံရခြင်း ၊ လူအခွင့်အရေးချိုးနှိမ်မှုများ ၊ လက်ရှိနေထိုင်လျက်ရှိသော ဗမာပြည် လူ့အဖွဲ့အစည်းများ၏ အကြီးအကျယ် လူမျိုးရေးခွဲခြားမှုများ နှင့် ရခိုင်ပြည်နယ်တွင်း နေထိုင်သူများက ပါ ၄င်းရိုဟင်ဂျာတို့၏ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး အိမ်ခြေမဲ့နေသော ၄င်းတို့အား အဆက်မပြတ် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရသည်ကိုလည်း တွေ့မြင်ရပါသည်။
မှီတင်းနေထိုင်ရန် နေရာအတည်တကျမရှိသော ရိုဟင်ဂျာထောင်ပေါင်းများစွာတို့သည် ဘင်္ဂလားဒေ့ရှ် ၊ ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ သြစတေးလျ ၊ အိန္ဒိယ ၊ ဂျပန် ၊ပါကစ္စတန် နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ရိုဟင်ဂျာများအား အကွက်ကျကျသတ်ဖြတ်ခြင်း ၊ လူအင်အားအလုံးအရင်းဖြင့် အနိုင်ကျင့်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူသားအချင်းချင်း ကူညီထောက်ပံ့မှု့များအား ပိတ်ဆို့တားဆီး ခြင်း ဆိုင်ရာကိစ္စရပ်များကို မြန်မာအစိုးရမှ သိမြင်လျက်နှင့် အစိုးရ၏ ရိုဟင်ဂျာတို့အပေါ်တွင် ထားရှိရမည်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေများ လစ်ဟင်းမှုကိုလည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့အစည်း (OIC) ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းထောက်ထားညှာတာခြင်းဆိုင်ရာ နိုင်ငံသားများ၏ စုံစမ်းတွေ့ရှိချက်အရ ရိုဟင်ဂျာ တို့အား ယခုကဲ့သို့လွဲမှားရက်စက်စွာ ဆက်ဆံမှု့များကို တာဝန်ယူဖြေရှင်းပေးမှု စိုးစဉ်းမျှ မရှိကြောင်းကိုလည်း တွေ့မြင်ရပါတယ်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ရိုဟင်ဂျာများအား မောင်းထုတ်ပြီး ရိုဟင်ဂျာလူမျိုးမပါဘဲ သီးခြားရပ်တည်လိုခြင်း ၊ လူအချင်းချင်းကူညီထောက်ပံ့မှု့များ ပျက်ကွက်နေပြီး လုံလောက်သော အကူအညီမရရှိခြင်း ၊ အိမ်နီးချင်း အာရှတိုက် တောင်ပိုင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု့များ စသော ရိုဟင်ဂျာတို့အား ကာလရှည်ကြာစွာ အလေးမပေးမှု့ များ ကို လည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
ပြည်သူများ၏ အကူအညီဖြင့် မြန်မာနိုင်ငံခေါင်းဆောင်များ မှ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး ဆိုင်ရာ အချက်များ နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။
အပြည့်အ၀သဘောတူထောက်ခံချက်များ
ယခုကဲ့သို့ အဓိကရုဏ်းဖြစ်အောင်လုပ်ဆောင်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူများအားရိုက်နှက်ခြင်း ၊ နေအိမ်များအားမီးရှို့ခြင်း ၊ အာဏာမဲ့ဖမ်းဆီးခြင်း ၊ ခဏထိန်းသိမ်းခြင်း နှင့် ရိုဟင်ဂျာတို့အား လုံးဝပျောက်ကွယ်သွားစေရန် ဖိအားပေး လုပ်ဆောင်မှု့များကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။
ဘာသာရေးနှင့် လူမျိုးရေး အပေါ် အကြောင်းပြု၍ ပြင်းထန်သော ရိုဟင်ဂျာဆန့်ကျင်ရေးများ ၊ လူသားအချင်းချင်း ဖိနှိပ်ခြင်း ၊ လူမျိုးရေးခွဲခြားခြင်း ၊ အစွန်းရောက် အကြမ်းဖက်ဝါဒ ကျင့်သုံးခြင်း ပုံစံအမျိုးမျိုး တို့အပေါ်တွင် အလွန်တရာ ၀မ်းနည်းမိပါသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရိုဟင်ဂျာ တို့အား ငြိမ်းချမ်းစွာ တရားဝင်နေထိုင်ခွင့်ပေးရန်၊ ၄င်းတို့အား နိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်ပေးရန် ၊ နိုင်ငံတကာ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေနှင့် လုပ်ဆောင်ချက်များအရ ၄င်းတို့၏ နေထိုင်ရေး ၊ စားသောက်ရေး ၊ ရေ ရရှိမှု့၊ ပညာရေးနှင့် ကျန်းမာရေး စသော အခြေခံလူ့လိုအပ်ချက်များ အပါအ၀င် လူမျိုးရေးခွဲခြား နှိပ်ကွပ်ခြင်းမရှိဘဲ ၄င်းတို့၏ နေအိမ်များကို လုံခြုံစွာ ပြန်လည်ရရှိစေရေးအခြေအနေများ လုပ်ဆောင်ပေးရန် အဆိုပြုပါသည်။
ရိုဟင်ဂျာလူမျိုးတို့အား အခြားလူမျိုးများကဲ့သို့ မွေးစားရင်း ၊ သန်းခေါင်စာရင်း စသော အစစ်အမှန် နိုင်ငံသားဖြစ်ကြောင်း သက်သေများနှင့် အသိအမှတ်ပြုရမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဗမာပြည် ဥပဒေအရ ၄င်းတို့အား နိုင်ငံသားတိုင်းနည်းတူ ဆက်ဆံစေရန် ၁၉၈၂ မြန်မာနိုင်ငံသားအက်ဥပဒေ၌ ထည့်သွင်းပြင်ဆင်ရန် အဆိုပြုပါသည်။
ထို့အပြင် ကလေးသူငယ်ဆိုင်ရာ ပုဒ်မ ခုနစ် အက်ဥပဒေ အရ ရိုဟင်ဂျာကလေးများအား နေစရာ အိမ်ခြေမဲ့မဖြစ်စေရန် နိုင်ငံသားများနည်းတူ အခွင့်အရေးတန်းတူ ရှိစေရမည်။
အစိုးရ၏ ရိုဟင်ဂျာ ပြသနာအားဖြေရှင်းရန် လစ်ဟင်းမှုသည် နိုင်ငံသားတိုင်းစည်းလုံးညီညွတ်ရေး ၊ လူ့အခွင့်အရေးနှင့် အနာဂတ်အလားအလာ တို့အတွက် နှောင့်နှေးစေသဖြင့် လူမျိုးပေါင်းစုံပါဝင်သော စစ်မှန်သော နိုင်ငံတည်ထောင်ရန် မြန်မာနိုင်ငံအစိုးရအားတိုက်တွန်းလိုက်ပါသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် လူသားတိုင်းသာတူညီမျှ အခွင့်အရေးရရှိစေရန် ၊ ရိုဟင်ဂျာများ၏ ဆိုးရွားသော အခြေအနေများအပေါ်တွင် ထိထိရောက်ရောက်နှင့် ကြိုတင်ကာကွယ်မှု့များ ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသော နိုင်ငံရေးပါတီများကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် အလားတူ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရိုဟင်ဂျာများအား ယာယီခိုလှုံခွင့်ပေးရန် ၊ ရိုဟင်ဂျာများ၏ နိုင်ငံရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေစဉ်အတွင်း နိုင်ငံတကာ မှ အစားအစာနှင့် အခြားသော လူ့သားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ခွင့်ပြုရန် တောင်းဆိုပါသည်။
အာဆီယံနိုင်ငံများအနေဖြင့်လည်း ရခိုင်ပြည်နယ်ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု တို့ အပေါ် အာရုံစိုက်ပြီး ရိုဟင်ဂျာ တို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ပိုမိုထိရောက် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ရန် တိုက်တွန်းလိုက်ပါသည်။
မွတ်စလင်အဖွဲ့အစည်များ အနေဖြင့်လည်း ရိုဟင်ဂျာများ၏ အခွင့်အရေးကို အားတတ်သရော အထောက်အကူဖြစ်စေရန် အလို့ငှာ မိမိတို့၏ အစိုးရများ နှင့် ကုလသမဂ္ဂ လူမှု့ရေးအဖွဲ့အစည်းများ ကို ဖိအားပေးဆောင်ရွက်ခိုင်းရန် လည်း တိုက်တွန်းပါသည်။
အာဆီယံနိုင်ငံများနှင့် OIC အဖွဲ့အစည်း ၏ အားထုတ်ကြိုးပမ်းမှု့များကို နယူးယောက်တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၌ တင်သွင်းအဆိုပြုရန် ပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်ပါသည်။
ရိုဟင်ဂျာများ နိုင်ငံရေး လူမျိုးရေး ပြဿနာများတွင် ကောင်းမွန်သောအခြေအနေသို့မရောက်မချင်း လူအချင်းချင်းနှောင့်ယှက်ဖျက်ဆီးမှု နှင့် ရာဇ၀တ်မှု့များမှ ကာကွယ်ရန် ရိုဟင်ဂျာတို့အတွက် လုံခြုံခိုင်မာသော စည်းရိုးများတည်ဆောက်ပေးရန် ကုလသမဂ္ဂအားလည်းးတိုက်တွန်းပါတယ်။
ဤ ရိုဟင်ဂျာများအားသုံးသပ်ခြင်း အဆိုပြုလွှာ မိတ္တူ ကို မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ထံသို့၎င်း ၊ မြန်မာနိုင်ငံသမ္မတ ထံသို့၎င်း ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ထံသို့၎င်း ၊ OIC အထွေထွေအတွင်းရေးမှူး နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတို့ ထံသို့လည်း ပေးပို့ တင်သွင်းလိုက်ပါသည်။ ။

အဆိုပါ နိုင်ငံတကာညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများမှာ
YABhg Tun Dr Mahathir Mohamad
Fourth Prime Minister of Malaysia & President of Perdana Global Peace Foundation
Tan Sri Razali Ismail
Former Special UN Representative to Myanmar (Moderator)
Mr Benjamin Zawacki
Consultant, Former Researcher
Amnesty International
Mr Matthew Smith
Human Rights Watch
Dr. Maung Zarni
Civil Society and Human Security Unit
London School of Economics
Mr Jacob Zenn
International Affairs Analyst, Washington DC
Formerly at UNCHR Malaysia
HE Dr. Surin Pitsuwan
Secretary General of ASEAN
Tan Sri Dr. Mohd Rais Abdul Karim
Former Vice Chancellor UPSI & Acting Secretary General PERKIM (Moderator)
Ms Chris Lewa
Director of the Arakan Project
Dr. Sriprapha Petcharamesree
Office of Human Rights Studies & Social Development, Mahidol University, Thailand
Mr Saiful Huq Omi
Equal Rights Trust Research Consultant
Dr. Abdulllah Ahsan
JUST International
Tan Sri Ahmad Fuzi Abdul Razak
Former Secretary General of Ministry of Foreign Affairs Malaysia & Trustee of PGPF (Moderator)
NGOs ASEAN
NGOs Asia
NGOs Other Countries
http://bigdogdotcom.wordpress.com/2012/09/17/resolution-on-rohingya/ ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
http://news.mmsy.info
မှကူးယူဖော်ပြပါသည်။