Thursday, September 20, 2012

INTERNATIONAL CONFERENCE: ON THE PLIGHT OF THE ROHINGYA:Resolution on Rohingya (ဘာသာပြန်)

ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာများ၏အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံ မှ ဆုံးဖြတ်ချက်
၁၇ စက်တင်ဘာ ၂၀၁၂
 

ပါဒါနာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်း (PGPF) က အခြေအနေမဲ့ကာ ဒုက္ခရောက်နေကြသော ရိုဟင်ဂျာများ၏ အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံတစ်ခုကို မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ပါသည်။
ထိုညီလာခံသို့ နိုင်ငံတကာမှ နိုင်ငံရေးအဖွဲ့အစည်းများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ ပါလီမန်များ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ ၊ ပညာရေးအဖွဲ့အစည်းများ ၊ သီးခြားအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့် မီဒီယာများ မှ ကိုယ်စားလှယ်အသီးသီးတို့ တက်ရောက်ခဲ့ကြပါတယ်။
PGPF ၏ ဥက္ကဌ ဖြစ်ပြီး မလေးရှားနိုင်ငံ၏ စတုတ္ထ မြောက် ၀န်ကြီးချုပ်ဖြစ်သူ YABhg Tun Dr Mahathir Mohamad က အဓိကထုတ်ပြန်ချက် တစ်ရပ်ကို ထိုညီလာခံတွင် တင်သွင်းအဆိုပြုခဲ့ပါတယ်။
အခြားသော အထင်ကရ ခေါင်းဆောင်များ၏ အဆိုကိုလည်း အပိုကဏ္ဍမှာ ထည့်သွင်းထားပါတယ်။
ကျွန်ုပ်တို့အပါအ၀င် ညီလာခံသို့ လက်မှတ်ရေးထိုးတက်ရောက်လာကြသော အဖွဲ့အစည်းများ နှင့် တက်ရောက်ပါဝင်ကြသူများ ခင်ဗျား__
လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များဆိုသည်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ တစ်သန်းကျော်ရှိတဲ့ လူမျိုးစု ဖြစ်ပါတယ်။
၎င်းတို့သည် မြန်မာနိုင်ငံတွင် ဟိုးရှေးယခင် ရာစုနှစ်ပေါင်းများစွာကတည်းက နေထိုင်လာကြသူများဖြစ်ပြီး ၊ ဗြိတိသျှ ကိုလိုနီခေတ် အတွင်းမှ အာဏာပိုင်များ ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ ယခင် ဗမာပြည် အစိုးရ တို့မှ ထိုရိုဟင်ဂျာတို့အား နိုင်ငံသားအဖြစ် အပြည့်အ၀ ထောက်ခံအသိအမှတ်ပြုပြီးဖြစ်ပါတယ်။
၁၉၈၂ နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံအစိုးရသည် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ကြောင်း အသေအချာ ဖော်ပြထားရှိပါတယ်။
ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ဆိုးရွားရက်စက်သော အနေအထား ၊ အထူးသဖြင့် ၂၀၁၂ ဇွန်လ တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ၄င်းတို့၏အစွန်းရောက် တိုက်ခိုက်မှု့များကြောင့် ရိုဟင်ဂျာမွတ်စလင်တို့သည် လွန်စွာထိခိုက် ခံစားခဲ့ကြရသည်ကို တွေ့မြင်ရပါတယ်။
ရိုဟင်ဂျာများသည် ပြည်နယ်လုံခြုံရေး အဖွဲ့၏ မတရားဖိနှိပ် ဆက်ဆံခံရခြင်း ၊ လူအခွင့်အရေးချိုးနှိမ်မှုများ ၊ လက်ရှိနေထိုင်လျက်ရှိသော ဗမာပြည် လူ့အဖွဲ့အစည်းများ၏ အကြီးအကျယ် လူမျိုးရေးခွဲခြားမှုများ နှင့် ရခိုင်ပြည်နယ်တွင်း နေထိုင်သူများက ပါ ၄င်းရိုဟင်ဂျာတို့၏ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး အိမ်ခြေမဲ့နေသော ၄င်းတို့အား အဆက်မပြတ် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရသည်ကိုလည်း တွေ့မြင်ရပါသည်။
မှီတင်းနေထိုင်ရန် နေရာအတည်တကျမရှိသော ရိုဟင်ဂျာထောင်ပေါင်းများစွာတို့သည် ဘင်္ဂလားဒေ့ရှ် ၊ ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ သြစတေးလျ ၊ အိန္ဒိယ ၊ ဂျပန် ၊ပါကစ္စတန် နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ရိုဟင်ဂျာများအား အကွက်ကျကျသတ်ဖြတ်ခြင်း ၊ လူအင်အားအလုံးအရင်းဖြင့် အနိုင်ကျင့်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူသားအချင်းချင်း ကူညီထောက်ပံ့မှု့များအား ပိတ်ဆို့တားဆီး ခြင်း ဆိုင်ရာကိစ္စရပ်များကို မြန်မာအစိုးရမှ သိမြင်လျက်နှင့် အစိုးရ၏ ရိုဟင်ဂျာတို့အပေါ်တွင် ထားရှိရမည်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေများ လစ်ဟင်းမှုကိုလည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့အစည်း (OIC) ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းထောက်ထားညှာတာခြင်းဆိုင်ရာ နိုင်ငံသားများ၏ စုံစမ်းတွေ့ရှိချက်အရ ရိုဟင်ဂျာ တို့အား ယခုကဲ့သို့လွဲမှားရက်စက်စွာ ဆက်ဆံမှု့များကို တာဝန်ယူဖြေရှင်းပေးမှု စိုးစဉ်းမျှ မရှိကြောင်းကိုလည်း တွေ့မြင်ရပါတယ်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ရိုဟင်ဂျာများအား မောင်းထုတ်ပြီး ရိုဟင်ဂျာလူမျိုးမပါဘဲ သီးခြားရပ်တည်လိုခြင်း ၊ လူအချင်းချင်းကူညီထောက်ပံ့မှု့များ ပျက်ကွက်နေပြီး လုံလောက်သော အကူအညီမရရှိခြင်း ၊ အိမ်နီးချင်း အာရှတိုက် တောင်ပိုင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု့များ စသော ရိုဟင်ဂျာတို့အား ကာလရှည်ကြာစွာ အလေးမပေးမှု့ များ ကို လည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
ပြည်သူများ၏ အကူအညီဖြင့် မြန်မာနိုင်ငံခေါင်းဆောင်များ မှ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး ဆိုင်ရာ အချက်များ နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။
အပြည့်အ၀သဘောတူထောက်ခံချက်များ
ယခုကဲ့သို့ အဓိကရုဏ်းဖြစ်အောင်လုပ်ဆောင်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူများအားရိုက်နှက်ခြင်း ၊ နေအိမ်များအားမီးရှို့ခြင်း ၊ အာဏာမဲ့ဖမ်းဆီးခြင်း ၊ ခဏထိန်းသိမ်းခြင်း နှင့် ရိုဟင်ဂျာတို့အား လုံးဝပျောက်ကွယ်သွားစေရန် ဖိအားပေး လုပ်ဆောင်မှု့များကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။
ဘာသာရေးနှင့် လူမျိုးရေး အပေါ် အကြောင်းပြု၍ ပြင်းထန်သော ရိုဟင်ဂျာဆန့်ကျင်ရေးများ ၊ လူသားအချင်းချင်း ဖိနှိပ်ခြင်း ၊ လူမျိုးရေးခွဲခြားခြင်း ၊ အစွန်းရောက် အကြမ်းဖက်ဝါဒ ကျင့်သုံးခြင်း ပုံစံအမျိုးမျိုး တို့အပေါ်တွင် အလွန်တရာ ၀မ်းနည်းမိပါသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရိုဟင်ဂျာ တို့အား ငြိမ်းချမ်းစွာ တရားဝင်နေထိုင်ခွင့်ပေးရန်၊ ၄င်းတို့အား နိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်ပေးရန် ၊ နိုင်ငံတကာ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေနှင့် လုပ်ဆောင်ချက်များအရ ၄င်းတို့၏ နေထိုင်ရေး ၊ စားသောက်ရေး ၊ ရေ ရရှိမှု့၊ ပညာရေးနှင့် ကျန်းမာရေး စသော အခြေခံလူ့လိုအပ်ချက်များ အပါအ၀င် လူမျိုးရေးခွဲခြား နှိပ်ကွပ်ခြင်းမရှိဘဲ ၄င်းတို့၏ နေအိမ်များကို လုံခြုံစွာ ပြန်လည်ရရှိစေရေးအခြေအနေများ လုပ်ဆောင်ပေးရန် အဆိုပြုပါသည်။
ရိုဟင်ဂျာလူမျိုးတို့အား အခြားလူမျိုးများကဲ့သို့ မွေးစားရင်း ၊ သန်းခေါင်စာရင်း စသော အစစ်အမှန် နိုင်ငံသားဖြစ်ကြောင်း သက်သေများနှင့် အသိအမှတ်ပြုရမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဗမာပြည် ဥပဒေအရ ၄င်းတို့အား နိုင်ငံသားတိုင်းနည်းတူ ဆက်ဆံစေရန် ၁၉၈၂ မြန်မာနိုင်ငံသားအက်ဥပဒေ၌ ထည့်သွင်းပြင်ဆင်ရန် အဆိုပြုပါသည်။
ထို့အပြင် ကလေးသူငယ်ဆိုင်ရာ ပုဒ်မ ခုနစ် အက်ဥပဒေ အရ ရိုဟင်ဂျာကလေးများအား နေစရာ အိမ်ခြေမဲ့မဖြစ်စေရန် နိုင်ငံသားများနည်းတူ အခွင့်အရေးတန်းတူ ရှိစေရမည်။
အစိုးရ၏ ရိုဟင်ဂျာ ပြသနာအားဖြေရှင်းရန် လစ်ဟင်းမှုသည် နိုင်ငံသားတိုင်းစည်းလုံးညီညွတ်ရေး ၊ လူ့အခွင့်အရေးနှင့် အနာဂတ်အလားအလာ တို့အတွက် နှောင့်နှေးစေသဖြင့် လူမျိုးပေါင်းစုံပါဝင်သော စစ်မှန်သော နိုင်ငံတည်ထောင်ရန် မြန်မာနိုင်ငံအစိုးရအားတိုက်တွန်းလိုက်ပါသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် လူသားတိုင်းသာတူညီမျှ အခွင့်အရေးရရှိစေရန် ၊ ရိုဟင်ဂျာများ၏ ဆိုးရွားသော အခြေအနေများအပေါ်တွင် ထိထိရောက်ရောက်နှင့် ကြိုတင်ကာကွယ်မှု့များ ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသော နိုင်ငံရေးပါတီများကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် အလားတူ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရိုဟင်ဂျာများအား ယာယီခိုလှုံခွင့်ပေးရန် ၊ ရိုဟင်ဂျာများ၏ နိုင်ငံရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေစဉ်အတွင်း နိုင်ငံတကာ မှ အစားအစာနှင့် အခြားသော လူ့သားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ခွင့်ပြုရန် တောင်းဆိုပါသည်။
အာဆီယံနိုင်ငံများအနေဖြင့်လည်း ရခိုင်ပြည်နယ်ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု တို့ အပေါ် အာရုံစိုက်ပြီး ရိုဟင်ဂျာ တို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ပိုမိုထိရောက် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ရန် တိုက်တွန်းလိုက်ပါသည်။
မွတ်စလင်အဖွဲ့အစည်များ အနေဖြင့်လည်း ရိုဟင်ဂျာများ၏ အခွင့်အရေးကို အားတတ်သရော အထောက်အကူဖြစ်စေရန် အလို့ငှာ မိမိတို့၏ အစိုးရများ နှင့် ကုလသမဂ္ဂ လူမှု့ရေးအဖွဲ့အစည်းများ ကို ဖိအားပေးဆောင်ရွက်ခိုင်းရန် လည်း တိုက်တွန်းပါသည်။
အာဆီယံနိုင်ငံများနှင့် OIC အဖွဲ့အစည်း ၏ အားထုတ်ကြိုးပမ်းမှု့များကို နယူးယောက်တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၌ တင်သွင်းအဆိုပြုရန် ပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်ပါသည်။
ရိုဟင်ဂျာများ နိုင်ငံရေး လူမျိုးရေး ပြဿနာများတွင် ကောင်းမွန်သောအခြေအနေသို့မရောက်မချင်း လူအချင်းချင်းနှောင့်ယှက်ဖျက်ဆီးမှု နှင့် ရာဇ၀တ်မှု့များမှ ကာကွယ်ရန် ရိုဟင်ဂျာတို့အတွက် လုံခြုံခိုင်မာသော စည်းရိုးများတည်ဆောက်ပေးရန် ကုလသမဂ္ဂအားလည်းးတိုက်တွန်းပါတယ်။
ဤ ရိုဟင်ဂျာများအားသုံးသပ်ခြင်း အဆိုပြုလွှာ မိတ္တူ ကို မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ထံသို့၎င်း ၊ မြန်မာနိုင်ငံသမ္မတ ထံသို့၎င်း ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ထံသို့၎င်း ၊ OIC အထွေထွေအတွင်းရေးမှူး နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတို့ ထံသို့လည်း ပေးပို့ တင်သွင်းလိုက်ပါသည်။ ။

အဆိုပါ နိုင်ငံတကာညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများမှာ
YABhg Tun Dr Mahathir Mohamad
Fourth Prime Minister of Malaysia & President of Perdana Global Peace Foundation
Tan Sri Razali Ismail
Former Special UN Representative to Myanmar (Moderator)
Mr Benjamin Zawacki
Consultant, Former Researcher
Amnesty International
Mr Matthew Smith
Human Rights Watch
Dr. Maung Zarni
Civil Society and Human Security Unit
London School of Economics
Mr Jacob Zenn
International Affairs Analyst, Washington DC
Formerly at UNCHR Malaysia
HE Dr. Surin Pitsuwan
Secretary General of ASEAN
Tan Sri Dr. Mohd Rais Abdul Karim
Former Vice Chancellor UPSI & Acting Secretary General PERKIM (Moderator)
Ms Chris Lewa
Director of the Arakan Project
Dr. Sriprapha Petcharamesree
Office of Human Rights Studies & Social Development, Mahidol University, Thailand
Mr Saiful Huq Omi
Equal Rights Trust Research Consultant
Dr. Abdulllah Ahsan
JUST International
Tan Sri Ahmad Fuzi Abdul Razak
Former Secretary General of Ministry of Foreign Affairs Malaysia & Trustee of PGPF (Moderator)
NGOs ASEAN
NGOs Asia
NGOs Other Countries
http://bigdogdotcom.wordpress.com/2012/09/17/resolution-on-rohingya/ ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
http://news.mmsy.info
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.