Thursday, August 23, 2012

အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည်နယ်အရေး လာရောက်လေ့လာမည်

  အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလအတွင်း ထပ်မံလာရောက်မည် ဖြစ်သည်။

သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ၏ တာဝန်ပေးမှုအရ ဂျူဆုဖ် ကာလာ အနေနှင့် ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်္ဘာလ ၈ ရက်နေ့တွင် လာရောက်မည်
ဖြစ်သည်။

ဂျူဆုဖ် ကာလာ သည် သြဂုတ်လ ၁ဝ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံ
ဆွေးနွေးခဲ့ဖူးပြီး ထိုစဉ်က OIC ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ OIC ၏ ‘အရေးပေါ် အကူအညီ’များ ပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ဖူးသည်။

“ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက
JusufKalla
အင်ဒိုနီးရှား ဒု-သမ္မတဟောင်း ဂျူဆုဖ်ကာလာ (wikipedia.org)
္ခ အသွင် ဆောင်လာကာ နောက်ပိုင်းတွင် လူမျိုးရေး ပဋိပက္ခအသွင်
ပြောင်းသွားခဲ့ပြီး (နောက်ဆုံးတွင်) ဘာသာရေး ပဋိပက္ခတခု ဖြစ်လာ
လိမ့်မည်” ဟု ဂျူဆုဖ် ကာလာ က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်ကို ရေဒီယို သြစတြေးလျသို့ပြောဆိုခဲ့သည်။

မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင်
“ အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြ သည့် ဘာသာ(၂)ခု အကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာ
ထောက်ထားမှုဆိုင်ရာ ပြဿနာ လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိပြီး “ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်သည်” ဟု သုံးသပ်ထားသည်ကို ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။။

အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး အဖွဲ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့်အတွက် အကူအညီများ ပေးခွင့် ပြုထားသည်။

သို့သော် ထိုသို့ နိုင်ငံတကာ INGO များနှင့် ကုလအဖွဲ့များ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမတ်ဒါဂူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ OIC ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဂျူဆုဖ် ကာလာ တို့အား အစိုးရက တရားဝင် သွားရောက်လေ့လာခွင့် ပြုခဲ့ပြီး လာရောက်ရန် အဆိုပြုထားသည့် OIC အတွင်းရေးမှူးချုပ် အားလည်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

http://www.mizzimaburmese.com/news/
မှကူးယူဖော်ပြပါသည်။

Wednesday, August 22, 2012

တောင်ကုတ်အကြမ်းဖက်သမားများလူသတ်မှုယနေထိအရေးမယူ

 

သြဂုတ်လ၊ ၂၁ ရက်၊ ၂၀၁၂
မူရင်း - Mandalay Gazette ရတနာပုံ နေပြည်တော်သတင်းစာ ၁၉-၀၈-၂၀၁၂
သတင်း -

တောင်ကုတ်အကြမ်းဖက် သမားများလူသတ်မှုအား ယနေထိအရေးမယူခဲ့ပါ။

စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ ဆောင်ရွက်ခဲ့သော်လည်း ယနေထိ မည်သို့မှ အရေးယူခြင်းမရှိ သဖြင့်စိတ်ပျက်
နေကြကြောင်း သံတမန်ရေးရာနှင့် နိုင်ငံတကာလေ့လာ သူများမှပြောဆိုနေ ကြပါသည်။ တရား ဥပဒေစိုးမိုးမှုမရှိခြင်း၊ ဘက်လိုက်မှုရှိခြင်း၊ ဘာသာရေး ဖိနှိပ်မှုရှိခြင်းကိုထင်ဟပ် ဖေါ်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုနေကြပါသည်။

တောင်ကုတ်လူသတ် အကြမ်းဖက်မှုကို စူံစမ်းရေးကော်မရှင် ဖွင့်လှစ်ကာဆောင်ရွက် ခဲ့သော်လည်း ယနေထိ အရေးယူခြင်းမရှိခဲ့ပါ၊

ယခုတဖန် နိုင်ငံတော်သမ္မတကြီးမှ ရခိုင်အရေးအခင်း စုံစမ်းရေး ကော်မရှင်ခန့်ထားစုံစမ်းခိုင်း .....

ပြန်ပြီဟုသိရှိရပါသည်။ သို့သော်စုံစမ်းရေး ကော်မရှင်တွင် ရခိုင်အရေးအခင်း ဖန်တီးသူဟု နိုင်ငံတ၀န်းလုံးက ယူဆ နေသော ပါတီဖြစ်သည့် RNDP ပါတီမှ အေးမောင် တို့အား ခန့်ထားလိုက်ခြင်းဖြင့် သူခိုးခေါင်းဆောင်တင်ကာ စုံစမ်းခိုင်းထားသလို့ဖြစ်နေသောကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ကိုများစွာစိတ်ပျက်မိကြောင်း ၀ါရင်နိုင်ငံေ၇းသမားများကပြောဆိုနေကြပါသည်။

စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာလေးကို ဖတ်ရုံမျှဖြင့် မြန်မာနိုင်ငံတရားဥပဒေစိုးမိုး
ရေုးဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်းတင်ပြလိုက်ရပါသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူ ပဋ္ဋိပက္ခ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အစိုးရက ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ပြီ ဖြစ်သည်။
ဖွဲ့စည်းရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ရုံးက ယခုလို အမိန့် ထုတ်ပြန်သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာ (အမှတ်၊ ၅၈/ ၂၀၁၂) ၁၃၇၄ခုနှစ်၊ ဒုတိယ ၀ါဆိုလပြည့်ကျော် ရက် (၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၇ရက်)

စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်း

၁။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် မေလနှင့် ဇွန်လ အတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား စေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ ပါသည်။ အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွားတိုးတက်ရေး အကြံပြုရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်သည်။


(က)ဒေါက်တာမျိုးမြင့် (ညွှန်ကြားရေးမှူး (ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန ဥက္ကဌ (ခ) သိက္ခတော်ရ ဆရာတော် ဦးကျော်ညွှန့် ဂျပ်ဆင်ဘုရားကျောင်း ရန်ကုန်မြို့၊ အဖွဲ့ဝင်
(ဂ) သိက္ခာတော်ရ ဆရာတော်ဦးစောဝေကြီး အတွင်းရေးမှူး၊ မြန်မာဘက် (ပ်) တစ်(စ်) ကွန်ဗင်းရှင်း၊ အဖွဲ့ဝင်
(ဃ)ဦးသိန်းထွန်း စီးပွားရေးလုပ် ငန်းရှင်၊ အဖွဲ့ဝင်

(င) ဦးစိုးသိန်း
(ခ) မောင်ဝံသ စာရေးဆရာ၊ အဖွဲ့ဝင်

(စ) ဦးသူရ (ခ) ဦးဇာဂနာ အနုပညာရှင်၊ အဖွဲ့ဝင်
(ဆ) ဦးခွန်ထွန်းဦး ဥက္ကဌ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ အဖွဲ့ဝင်
(ဇ) ဒေါ်သန်းသန်းနု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အဖွဲ့ဝင်
(ဈ) ဦခင်မောင်ဆွေ ဥက္ကဌ၊ အမျိုးသား ဒီမိုကရေ စီအင်အားစုပါတီ၊ အဖွဲ့ဝင်
(ည) ဒေါက်တာ အေးမောင် ဥက္ကဌ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အဖွဲ့ဝင်
(ဋ) ဦးအေးသာအောင် ဥက္ကဌ၊ ရခိုင်ဒီမိုကရေစီ၊ အဖွဲ့ချုပ်

(ဌ) ဦးကိုကိုကြီး ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ အဖွဲ့ဝင် (ဍ) ဒေါက်တာ ဒေါ်ယဉ်ယဉ်နွယ် UNICEF အကြီးတန်း အရာရှိ (ငြိမ်း)၊ အဖွဲ့ဝင်
( )ဒေါက်တာ ဆလိုင်းမူးကျုံးလျံ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ၊ အဖွဲ့ဝင်

(ဏ) ဦးတင်အောင်မိုး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်၊ အဖွဲ့ဝင်
(တ) ဦအောင်နိုင်ဦး အမှုဆောင်အဖွဲ့ဝင်၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့၊ အဖွဲ့ဝင်
(ထ) ဒေါ်ဝါ၀ါထွန်း ဥက္ကဌ၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း၊ အဖွဲ့ဝင်
(ဒ)ဒေါ် ဂျာနန် အမှုဆောင်ညွှန်ကြားရေးမှူး၊ ငြိမ်းဖောင်ဒေးရှင်း၊ အဖွဲ့ဝင်
(ဓ) ဦးထွန်းအောင်ချိန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အဖွဲ့ဝင်
(န) ဟာဂျီ ဦးညွန့်မောင်သျှိ ဥက္ကဌ၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၊ အဖွဲ့ဝင်
(ပ) ဟာဂျီ ဦးတင်မောင်သန်း အတွင်းရေးမှူး၊ အစ္စလာမ် သာသနာရေးရာ ကောင်စီချုပ်၊ အဖွဲ့ဝင်

(ဖ) ဟာဂျီ ဦးလှဝင်း ဥက္ကဌ၊ မြန်မာမူဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) ဌာနချုပ်၊ အဖွဲ့ဝင်

(ဗ) ဦးကျော်ခင် အထွေထွေအတွင်းရေးမှူး၊ မြန်မာမှုဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ်၊ အဖွဲ့ဝင်

(ဘ) ဟာဂျီ ဦးမြင့်ထွန်း ဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ အဖွဲ့ဝင်

(မ)ဦးလှဝင်း အတွင်းရေးမှူး၊ မြန်မာမူဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ အဖွဲ့ဝင်

(ယ) ဒေါက်တာ လှထွန်း အကျိုးတော်ဆောင် ၊ သနန္တရဓမ္မပါလက (ဟိန္ဒူအဖွဲ့ချုပ်၊ အဖွဲ့ဝင်

(ရ) ဒေါက်တာကျော်ရင်လှိုင် Myanmar Egress၊ အတွင်းရေးမှူး


၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များ အပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-


(က)တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊

(ခ)ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊
(ဂ)တည်ငြိမ်အေးချမ်း မှုရရှိရေးအတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊
(ဃ)ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
(င) ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊
(စ)ကွဲပြားသော ဘာသာအယူဝါဒ ရှိသူမတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်မည့် နည်းလမ်းများ၊
(ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊

(ဇ) စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကြံပြုချက်များ။

၃။ စုံစမ်း စစ်ဆေးရေးကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော် သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးရမည်။

၎။ စုံစမ်း စစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးရေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင်ထုံး ဥပဒေ ၊ သက်သေခံဥပဒေ တို့နှင့်အညီ စုံစမ်းစစ်ဆေး နိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။

စုံစမ်း စစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မထံသို့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ရောက် တိုက် ရိုက်အစီရင်ခံ တင်ပြရမည်။


(ပုံ)
သိန်းစိန်

နိုင်ငံတော် သမ္မတ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
မှကူးယူဖော်ပြပါသည်။

ဦးသိန်းစိန်နှင့် ဗွီအိုအေ အင်တာဗျူး သုံးသပ်ချက် (အပိုင်း ၂)

အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စစ်အစိုးရ၏ မူဝါဒသည် အဘယ်နည်း
အောင်ထူး (ရှေ့နေ)
သြဂုတ် ၂၀၊ ၂၀၁၂
သမတ ဦးသိန်းစိန်သည် ယခုအချိန်တွင် လူသားချင်း စာနာမှု နှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကိုသာ အကြိမ်များစွာ ထပ်ခါတလဲလဲ သုံး၍ ပြောလာ နေပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ မူလ ကထဲက ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရ မှာ ဤ သဘောထား သို့ မဟုတ် မူဝါဒ ရှိသလား။ လုံးဝမရှိခဲ့ဟု ပြောရပါ မည်။

                အဓိကရုဏ်းစဖြစ်သည့် အချိန်မှစ၍ သြဂုတ်လ (၁၅)ရက်နေ့ အင်တာဗျူး ပေါ်ထွက်လာသည့်အချိန်အထိ နှစ်လ ကျော်မျှ ကာလအတွင်း အပြန်အလှန်သတ်ဖြတ်မှုကြီးများ ဖြစ်ပွားနေခဲ့သော်လည်း လူသားချင်းစာနာမှု နှင့် လူ့အခွင့် အရေး အခြေခံတို့မှ ချည်းကပ်သင့်ကြောင်း ဦးသိန်းစိန်က ရခိုင်ပြည်သူများအား ယခု ကဲ့သို့လေးလေးနက်နက် တိတိ ကျကျ ဖြောင့်ဖျခဲ့ခြင်း မရှိပါ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပြောင်းလဲ ပြောဆိုလာပါ သနည်း။ အဓိကရုဏ်းတွင် စစ် အစိုးရ၏ ပါဝင်ပတ်သက်မှုကို လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများက ရက်စွဲနှင့်တကွ တိတိကျကျထောက်ပြလာပြီး နောက်ပိုင်း နိုင်ငံတကာ၏ ထိထိရောက်ရောက် အရေးယူမှုကို အမှန်တကယ် ခံလာရနိုင်ဘွယ် ရှိကြောင်း ယခုအချိန်  တွင် ရိပ်စားမိလာသောကြောင့်သာ ပြောင်းလဲပြောဆိုလာခြင်းဖြစ်သည်။

            ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် လူမျိုးရေး ဘာသာရေး ပိပက္ခ မဟုတ်ဟု ဦးသိန်းစိန်က ငြင်းသွားခဲ့သည် နှင့် ဆက်စပ်ကာ ဦးသန်းလွင်ထွန်းက အောက်ပါတိုင်း မေးမြန်းခဲ့သည်။

            “လူမျိုးရေး ဘာသာရေး ပိပက္ခ မဟုတ်ဘူး ဆိုပေမယ့် တဘက်နဲ့တဘက် ရေရှည် မုန်းတီးမှုတွေ ရှိတာတော့ ငြင်းလို့ မရတဲ့ကိစ္စပါ။ ဒေသထဲမှာ အတူနေထိုင်လာကြတဲ့ အခါကျတော့ မုန်းတည်းမှုတွေ သည်ထက်ပိုပြီး ပျံ့ပွားမလာအောင် နှစ်ဘက် အတူယှဉ်တွဲနေထိုင် နိုင်အောင် ဘယ်လို စီမံချက်တွေ ဖြေရှင်းမှုတွေ ရေရှည် လုပ်ဆောင်သွားဘို့ရှိပါသလဲ။”

ယခင်သီတင်းပတ်က ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင်တွေ့ရသည့် သမ္မတကြီး ဦးသိန်းစိန်
                    ဤမေးခွန်းအား မေးဖြစ် ဖြေဖြစ်သည့် အခြေအနေမည်သို့ ရောက်သွားကြောင်းတော့ မေးသူ ဖြေသူ နှစ်ဦးသာ သိပါ မည်။ ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းအတွင်း နေစေပြီး တတိယနိုင်ငံသို့ ပိုးပေးမည်ဆိုပါက ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးအား အစိုးရက ကူညီသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကမ္ဘာသိကြေငြာထားခဲ့ပြီး ဖြစ် သည်။ ယခုဤသည်ကို အကောင်အထည် မဖေါ်တော့ဘူးလား။ စစ်အစိုးရ သဘောထားပြောင်းသွားပြီလား။ ပြောင်း သွားလျှင်လည်း ပြောင်းသွားပြီ ဖြစ်ကြောင်း ကမ္ဘာသိကြေငြာရန်လိုပါသည်။

                    ရခိုင်လူထုထံမှ နိုင်ငံရေးအရထောက်ခံမှုရစေရန် ဦးသိန်းစိန်က အထက်ပါကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း၊ လုပ်ဆောင်ပြီးနောက် ကြေငြာခဲ့ခြင်းလည်း ဖြစ်သည်။ အစိုးရ၏ပါဝင်ပတ်သက်မှုရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း များက အစောပိုင်းကထဲက ထောက်ပြချက်များနှင့် ဦးသိန်းစိန်၏ ဤကြေငြာချက်ကို ဆက်စပ်ကြည့်လျှင် စစ်အစိုးရ သည် ရိုဟင်ဂျာများ (ဦးသိန်း စိန်၏ စကားလုံးအရ ဘင်္ဂါလီများအား) လူ့အဖွဲ့အစည်းမှ ပြတ်ပြတ်သားသား မောင်းနှင် ထုတ်ရေးမူဝါဒ Exclusion Policy ကို အဓိကရုဏ်း၏ အစကထဲကပင် ကျင့်သုံးဖေါ် ဆောင်ခဲ့ကြောင်းသုံးသပ်နိုင်သည်။ ယင်းအတွက် မကောင်းသည့် အကျိုးသက်ရောက်မှုများအနေဖြင့် လူမျိုးရေးအရ နှိမ့်ချတိုက် ခိုက်မှုများ၊ အပြန်အလှန် သတ်ဖြတ်မှုကြီးများ တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရတွင် လုံးဝပင် တာဝန်ရှိသည်။

                     ယခုမူ ဦးသိန်းစိန်၏ ရုပ်သွင်ကို အင်တာဗျူးတွင် တွေ့မြင်လိုက်ရသောအခါ ၄င်း၏ စစ်အစိုးရအနေဖြင့် အုပ်စုကြီးနှစ်ခု ၏ အလယ်တွင် နေပြီး ငြိမ်သက်ငြိမ်းချမ်းမှုရှိအောင်ပင် တိုင်းပြည်ကို ထိမ်းသိမ်းနေသည့် သဘော မှင်သေသေ ရှင်း လင်းဆွေးနွေးသွားခဲ့သည်။ ယင်းသို့ဖြစ်ခြင်းမှန်ကန်လျှင် အမှန်တရားဖေါ်ထုတ်နိုင်ရေးအတွက် နိုင်ငံတကာက လာ ရောက်စစ်ဆေးမည် ဆိုသည်ကို ဦးသိန်းစိန် အဘယ်ကြောင့် လက်မခံနိုင်ပါသနည်း။ ဦးသိန်းစိန် ရည်ညွှန်းသည့် လူ့အခွင့်အရေးကော်မီရှင် လွတ်လပ်မှုရှိသည်ဆိုသည်မှာ လုံးဝပင်လွဲမှားနေသည်။ လူ့ အခွင့်အရေးကော်မီရှင်ဟူသည် မှာ သမ္မတရုံးအဖွဲ့ ၏ အစိပ်အပိုင်း တခုကဲ့သို့ ဖြစ်နေသည်။ သူကြီးလုပ်သူကိုယ်တိုင်ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရ သည့် အမှုတွင် လူ့အခွင့်အရေး ကော်မရှင်မှာ သူကြီးတူ အဆင့်လောက်သာ ရှိကြောင်းတင်ပြခဲ့ပါပြီ။ လူ့အခွင့်အရေး ကော်မရှင်တွင် မည်သည့်အခွင့်အာဏာမျှ မရှိသလို သမတ ကိုယ်တိုင်ကျူး လွန်သည့် ပြစ်မှုမှန်သမျှကိုလည်း မည်သည့် အခါမျှ ဖေါ်ထုတ်မည် မဟုတ်ပါ။

                       ပို၍ဆိုးသည်မှာ ဦးသိန်းစိန်၏ ကြေငြာချက်ထွက်လာခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း အတွင်း၌ လုံးဝပင် နှစ်ခြမ်းကွဲသွားခဲ့သည်။ ရိုဟင်ဂျာ ဆိုသူ (သို့မဟုတ်) ဘင်္ဂါလီ မွတ်ဆလင်ဆိုသူများ ကို ရခိုင်ပြည် နယ်မှ အပြီး အပိုင် မောင်းထုတ်လိုက်ခြင်းသည် ပြသနာ၏ အဖြေဖြစ်သည်ဟူ၍ ရခိုင်လူထုအများစုကြီး၏ စိတ်တွင် စွဲထင်သွား စေသည်။ ယင်းသို့မောင်းထုတ်ခြင်းမှာ တရားသောလုပ်ဆောင်ချက် ဖြစ်သည်ဟု ထင်မြင်လာစေခဲ့သည်။ ယင်း အတွက်တာဝန်ရှိသူမှာ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ တဖွဲ့လုံးဖြစ်သည်။ ယင်းကို ပထမ ရှင်းပြ သင့် သည်။ ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဦးသိန်းစိန်သည် ဤသည် နှင့် စပ်လျှဉ်း၍ မည်သို့မျှရှင်းလင်း ဖြေကြားခဲ့ ခြင်းမရှိပါ။
သာဓကအားဖြင့် လူတဦးက အခြားတဦးအား “ထမင်းစားပြီးပြီ လား” ဟု ပထမ မေးပြီးမှ ”ဘာဟင်းနဲ့ စားခဲ့လဲ” ဟုမေးလေ့ရှိပါသည်။ ပထမ မေးခွန်းကို မမေးဘဲ ဒုတိယ မေးခွန်းကို တန်းပြီး မေးပါက မေးမြန်းခံရသူ သည် ထမင်း စားပြီးဖြစ်ကြောင်း မေးမြန်း သူက ကြိုတင်သိထားနှင့်သည့် သဘောသက်ရောက်သည်။

                      ပထမမေးခွန်းကိုကျော်ပြီး ဒုတိယ မေးခွန်းကို မေးခြင်းအားဖြင့် ဦးသိန်းစိန်၏ အစိုးရတွင် နှစ်ဘက် အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ ရှိနေပြီဟု မေးသူ ဦးသန်းလွင်ထွန်းက ကြိုတင်သိနေ ၍ ဖြစ်ကောင်းဖြစ်ပါမည်။ ထူးခြားသည်မှာ ဖြေကြားသည့် ဦးသိန်းစိန် ကိုယ်တိုင်ကလည်း မိမိတို့နိုင်ငံတွင်းသို့ တရားမ၀င်ခိုးဝင်နေသည့် ဘင်္ဂါလီများအား မူရင်းနိုင်ငံသို့ ပြန်ပို့မည် ဟူ၍ လည်းကောင်း၊ လက်ခံမည့် တတိယ နိုင်ငံများသို့ သွားနိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံးအား ကူညီသွားမည်ဖြစ်ကြောင်း တခွန်းမျှ မဟတော့ခြင်းဖြစ်သည်။

                     အဆိုပါ မေးခွန်းအား သမတ ဦးသိန်းစိန်က ”ရေရှည် ဖြေရှင်းသွားရမှာပါ။ရခိုင်တိုင်းရင်းသားပါတီအကြီးအကဲ တွေနဲ့ တွေ့ပါတယ်။ ကမ္ဘာကြီးက ကျဉ်းမြောင်းသွား ပြီ။ ရွာကြီးတရွာလို ဖြစ်နေ တယ်။ ကျွန်တော်တို့ က သူ့လူမျိုး ကိုယ့် လူမျိုး သူ့ဘာသာ ကိုယ့်ဘာသာ ခွဲခြားလို့ မရ ဘူး။ လူသားဆိုတဲ့ အမြင် နဲ့မြင်ပါ။ လူသား ဆိုတဲ့ အမြင် နဲ့ မြင်ရမယ်။ ကမ္ဘာမှာ လဲ လူ့အခွင့်အရေးကို ရှေ့တန်း တင်ပြီး ပြောလာကြတယ်။ လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ်ဘို့ လိုပါတယ်။” ဟု ဖြေသွားခဲ့သည်။

                       စာရေးသူတို့ ကလေးဘ၀က တခုခုကို နှစ်ခြိုက်သဘောကျမိလျှင် နောက်ပြောင် ပြောကြသည့် စကားလုံး တခုရှိသည်။ ”ဒီ ထက် ကောင်းတာတောင် ဒီလောက် မကောင်းဘူးကွ” ဟူ၍ ဖြစ်သည်။ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်များ အား ဦးသိန်းစိန်ထက် ကောင်းအောင် မည်သူမျှ ရှင်းပြနိုင်မည် မဟုတ်ပါ။ ဦးသိန်းစိန်ထက် ကောင်းအောင် ရှင်းပြဦး တော့ ဦးသိန်းစိန်လောက် မကောင်းမှာ သေချာပါသည်။ မှန်ပါသလား။ စဉ်းစားကြည့်ကြရအောင်ပါ။
(အပိုင်း ၃ ကို ဆက်လက် ဖတ်ရှုပါရန်)
မှကူးယူဖော်ပြပါသည်။

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁)

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁)

အောင်ထူး (ရှေ့နေ)
သြဂုတ် ၁၉ရက်၊ ၂၀၁၂
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏ မေးခွန်းများ အား ဖြေကြား သွားခဲ့သည်။ စစ်အစိုးရ၏ သမ္မတ ပင် ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကိုတလေးတစား ဖြေကြားသွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။

ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နုတ်ဖျားမှ နေ၍ “လူသားအမြင် မျိုးရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ် လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖေါ်ပြောဆို လာသည်ကို ကြိုဆိုရမည်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် က နှစ်ပေါင်း ငါးဆယ်ကျော်လွှမ်းမိုးခဲ့ သည့် ကာလ အတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေး အတွေးအခေါ် စသည့်စကားလုံးများအား တန်ဘိုးထားကြောင်းပြသသည့် အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့် ဖြစ်သည်။

ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်းလျှဉ်း၍ ဦးသိန်းစိန်က “တိုင်းပြည်ရဲ့ ထူးခြားတဲ့ အနေအထားအရ ကြည့်ရမယ်။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးတာ လက်မခံနိုင်ဘူး။ ဒါဟာ အမျိုးသားရေး ပြသနာဖြစ်တယ်။ အမျိုးသား လုံခြုံရေး ရှုဒေါင့်ကနေ ကြည့်ရမယ်။” စသည်တို့ကို တလုံးမှ သုံးပြီး ခုခံချေပနိုင်ခဲ့ခြင်း မရှိပါ။

ယခု ဦးသိန်းစိန် ကိုယ်တိုင်၏ အတိအလင်းထုတ်ဖေါ် ချက်အရ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ လူသားချင်းစာနာမှု အယူအဆ နှင့် လူ့အခွင့်အရေး အတွေးအခေါ် တို့ အား ရှေ့ တန်းကနေတင်ပြီး စဉ်းစားရမည် ဆိုသည့်အချက်မှာ အငြင်းမပွား တော့ဟု ဆိုနိုင်သည်။ အင်တာဗျူး အသေးစိပ်ကို ကို ဤလင့်ခ်တွင် နားဆင်ပါ။

ယခုကဲ့သို့ စစ်အစိုးရ၏ ထိပ်သီးကြီး ကိုယ်တိုင်က ၀န်ခံပြောဆိုလာပြီ ဖြစ်သဖြင့် စစ်အစိုးရ၏ လွှတ်တော်အတွင်းမှ နေ၍ စစ်အစိုးရလေသံအတိုင်း ပြောဆိုနေကြသော အချို့ လွှတ်တော်ကိုယ်စားလှယ် များ၊ အုပ်ချုပ်ရေးအာဏာ ပိုင် ပုဂ္ဂိုလ်များ သည်

“လူ့အခွင့်အရေး ချည်းဘဲ ပြောနေလို့ မရဘူး။ ကိုယ့်နိုင်ငံရဲ့ထူးခြား တဲ့အခြေအနေကိုလည်း ကြည့်ရမယ်” ဟူသော မရေရာသည့် ဆင်ခြေမျိုး မပေးသင့်တော့။ လူ့ အခွင့် အရေး ချိုးဖေါက် မှုများအား အားပေး သည့် သဘော ဆောင်သည့် ပြောဆိုမှု၊ ပြုမူမှုများအား အမြန်ဆုံးရပ်တန်းက ရပ်သင့်ပြီ ဖြစ်သည်။

စာရေးသူသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ရိုဟင်ဂျာပြသနာ၊ လူ့အခွင့်အရေး နှင့် အမျိုးသားဂုဏ်သိက္ခာ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင်ရေးသားတင်ပြခဲ့ ပြီးအဓိကရုဏ်းအားငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက်အထောက်အကူပြုသည့်အနေဖြင့်နိဂုံးချုပ်တင်ပြချက် စုစုပေါင်း ရှစ်ချက်ကို တင်သွင်းခဲ့သည်။ ပထမဆုံး အချက်မှာ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တို့နှင့် စပ်လျှဉ်း၍ ဖြစ်သည်။ ယင်းကို အောက်တွင် ရှုစေလိုပါသည်။

(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ်အသက်ရှင် ခွင့် ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာလုံးဝ မဖြစ်သင့်ပါ။ လူ့အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာ သာဝင်များ အနေဖြင့် အမြန်ဆုံးကူညီစောင့်ရှောက်နိုင်ရန် စဉ်းစားဆောင်ရွက်သင့်ပါသည်။

တင်ပြချက်ကိုထောက်ကာစာရေးသူအားရိုဟင်ဂျာများဘက်ကလိုက်ပြီးရေးသည်ဟုထိုစဉ်ကဝေဘန်သူတချို့ရှိခဲ့သည်။ဖြေရှင်းခွင့်မကြုံခဲ့ပါ။ရင်းနှီးသောမိတ်ဆွေတချို့တလေကလည်းစာရေးသူအားခင်ဗျားဒီကိစ္စကြီးသွားပြီးမရေးနဲ့ဗျ၊သိတ်ရှုတ်တယ်ဟုသဘောရိုးဖြင့်သတိပေးကြပါသည်။ဝေဘန်သူတချို့ကိုမည်သို့မျှအာဃာတမရှိသလို၊စေတနာရိုးဖြင့်သတိပေးသောမိတ်ဆွေများကိုလည်းကျေးဇူးတင်ရပါမည်။ သို့ရာ တွင် ကမ္ဘာလောကကြီးတွင် တရားမျှတမှုဖုံးလွှမ်းစေလိုပါက အမှန်တရားကို ထုတ်ဖေါ်ရမည်ဟု ယုံကြည်သောကြောင့် ယခု နောက်ထပ်ဆောင်းပါး တစောင် ထပ်ရေးခြင်းဖြစ်သည်။

ရိုဟင်ဂျာလည်းလူဖြစ်ပါသည်။ကုလားဟုအလွယ်တကူခေါ်နေကြသူများလည်းလူဖြစ်ပါသည်။တရုတ်လည်းလူဖြစ်ပါသည်။ဤပုဂ္ဂိုလ်များအားလုံးကိုလူဟူ၍အရှိအတိုင်းမြင်စေလိုသောစေတနာဖြင့် စာရေးသူက အထက်တွင်ဖေါ် ပြခဲ့သည့် ဆောင်းပါးကိုရေးသားခဲ့ခြင်းဖြစ်သည်။ထိုမျှသာမက ထိုပုဂ္ဂိုလ်များအပေါ်လူ့ဂုဏ်သိက္ခာနှင့်အညီသဘောထားစေခြင်၊ဆက်ဆန်စေခြင်၍လည်း ဖြစ်သည်။ လူ့အခွင့်အရေးကို လက်ခံလျှင် ဤသည်ကို ငြင်းဆန်ရန် မသင့်ပါ။

လူ့အခွင့်အရေးကိုအမျိုးသားရေးနှင့်ဆက်စပ်၍လည်းတန်ဘိုးထားသင့်ပါသည်။ယနေ့ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သော Globalization ခေတ်ကိုရောက်နေပါပြီ။ ဤသည်ကိုမည်သူမျှအငြင်းမပွားပါ။စစ်အာဏာရှင်နေ၀င်းကြီးစိုးခဲ့သည့်အချိန်ကလိုကိုယ့်နိုင်ငံကိုကိုယ်တံခါးပိတ်ထားပြီးဝါးလုံးခေါင်းထဲမှာလသာလို့ရသောခေတ်မဟုတ်တော့ပါ။ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သောခေတ်ကြီးတွင်အားကောင်းချက် များရှိသလို အားနည်းချက်များလည်း ရှိပါသည်။ လူ့အခွင့်အရေးအတွေးအခေါ်အယူအဆကမ္ဘာတ၀ှမ်းသို့အရှိန်အဟုန်နှင့်ပျံ့နှံ့သွားသည်ကိုမူအားကောင်းချက်အဖြစ်တကမ္ဘာလုံးကအငြင်းမပွားဘဲလက်ခံကြပါသည်။

လူ့အခွင့်အရေးကိုလက်ခံကျင့်သုံးသောလူမျိုးသည်ကမ္ဘာတွင်ဂုဏ်တင့်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက် နာကျင့်သုံးသော ရခိုင်လူမျိုးအဖြစ် ကမ္ဘာကအသိအမှတ်ပြုစေခြင်ပါသည်။ သမိုင်းတွင်ယဉ်ကျေးမှုအားကောင်းကောင်းကျင့်သုံးခဲ့သောရခိုင်လူမျိုး၊မေတ္တာတရားကြီးမားသောဗုဒ္ဓဘာသာဝင်များဖြစ်သည့် ရခိုင်လူမျိုး အဖြစ် ကမ္ဘာက ရှုမြင်စေခြင်ပါသည်။
လူအခွင့်အရေးကိုလေးစားလိုက်နာကြောင်းပြခြင်းသည်လူမျိုးတမျိုး၏အမျိုးသားဂုဏ်သိက္ခာကိုပါမြင့်တက်သွားစေသည်။ဤသို့ဖြင့်ရခိုင်လူမျိုး၏လူမျိုးဂုဏ်သိက္ခာကိုသာမကမြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားအားလုံး၏အမျိုးသားဂုဏ်သိက္ခာကိုပါမြှင့်တင်စေခြင်သည်။စာရေးသူကအမျိုးသားရေးကိုဤသို့ရှုမြင်ပါသည်။

ရခိုင်ပြည်နယ်၏လှပသောရေမြေတောတောင်များ၊မြစ်ချောင်းများ၊ပင်လယ်ကမ်းခြေများ၊သဘာဝကျွန်းငယ်ကျွန်းစုများအားလူသတ်ကွင်းများအဖြစ်ပြောင်းမသွားစေလိုပါ။ငြိမ်းချမ်းသည့်ဒေသများ၊လုံခြုံရေးအတွက်ပူပင်ရန်မလိုအပ်သောနေရာများ၊ဥပဒေစိုးမိုးရေးရှိသည့်ဝန်းကျင်များအဖြစ်ကမ္ဘာကရှုမြင်စေလိုသည်။သို့မှသာနိုင်ငံခြားခရီးသည်များလာရောက်ကြပါမည်။ရင်းနှီးမြှုပ်နှံလိုသူများဝင်လာကြပါမည်။စက်ရုံအလုပ်ရုံများအားကောင်းကောင်းပေါ်လာပါမည်။ကုန်ရောင်းကုန်ဝယ်များဖြစ်ထွန်းပါမည်။စာရေးသူကရခိုင်အမျိုးသားများ၏အမျိုးသားအကျိုးစီးပွားကိုဤသို့မျှော်မှန်းပါသည်။
(အပိုင်း ၂ ကို ဆက်လက် ဖတ်ရှုပါရန်)
http://moemaka.com/
မှကူးယူဖော်ပြပါသည်။

Tuesday, August 21, 2012

အစ္စလာမ်ဘာသာဝင်များ ရခိုင်တွင် လူ့အခွင့်အရေးဆက်လက်ချိုးဖောက်ခံနေရ

 


သြဂုတ်လ၊ ၁၉ ရက်၊ ၂၀၁၂

 

ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခအပြီး အစ္စလာမ်ဘာသာဝင်များကို ရိက္ခာဖြတ်တောက်ခြင်း၊ ရောင်းဝယ်ခွင့် ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ ဆေးဝါးကုသခွင့်၊ ခရီးသွားလာခွင့်တို့ကို ရခိုင်ပြည်နယ်အစိုးရ ကျောထောက်နောက်ခံပြုပေးထားသည့် ရခိုင်ဗုဒ္ဓဘာသာအကြမ်းဖက်များက အစဉ်တစိုက် လုပ်ဆောင်လျှက် ရှိသည်။


စစ်တွေမြို့တွင် အစ္စလာမ်ဘာသာဝင်များအား နိုင်ငံပိုင်ဆေးရုံများတွင် တက်ရောက်ကုသခွင့်ကို ပိတ်ပင်နေသည့် .....

လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရခိုင်ဒေသသို့ နိုင်ငံတော်က စေလွှတ်သဖြင့် ၂ ပတ်ခန့် သွားရောက် ကုသပေးခဲ့ရသူ ဗုဒ္ဓဘာသာ ဆရာဝန်တစ်ဦးက myanmarmuslim.net သို့ ယမန်နေ့ကပြောကြားသည်။

“အရေးပေါ်လူနာအဖြစ် ထောက်ခံချက်ရေးပေးတာကိုတောင် အကြောဆေးချိတ်ပေးပြီး ပြန်လွှတ် လိုက်တယ်။ ဂျီးအီးကေ့စ်(၀မ်းလျှောရောဂါ)မှာ ဒီလိုလုပ်ပြီးပြန်လွှတ်လိုက်တော့ ညနေပိုင်းမှာ လူနာသေသွားတယ်”ဟု ဗုဒ္ဓဘာသာဝင်ဆရာဝန်တစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်ကိုပြောသည်။

စစ်တွေတွင် ကုတင် ၂၀၀ ဆန့် တပ်ဆေးရုံနှင့် စစ်တွေဆေးရုံ ၂ ခုရှိသည်။ အဆိုပါဆေးရုံများသို့ ရခိုင် ဗုဒ္ဓဘာသာဝင်များသာ တက်ရောက်ကုသခွင့် ရရှိပြီး အစ္စလာမ် ဘာသာဝင်များ မှာမူ တက်ရောက်ကုသခွင့် ငြင်းဆန်ခံနေရကြောင်း ဒေသခံများနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တို့၏ပြောကြားချက်များအရသိရသည်။

“ရွာတွေကနေ မြို့ဆေးရုံကို ကြက်ခြေနီကားနဲ့ပဲသွားလို့ရတယ်။ ကားသွားဖို့ကိုလည်း ၅ ဖွဲ့လောက်ရဲ့ ခွင့်ပြုချက်ယူရတယ်”ဟု အထက်ပါ ဆရာဝန်ကပင် ဆက်လက်ပြောကြား သည်။

ရခိုင်ဒေသတွင် ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်အင်အား များစွာ လိုအပ်နေပြီး ယခုအချိန်တွင် လူနာ ၂၀၀ ၀န်းကျင်အတွက် ဆရာဝန်တစ်ဦးနှုန်း ခန့်သာရှိနေသဖြင့် ကျန်းမာရေး ၀န်ဆောင်မှု လွန်စွာ အားနည်း နေကြောင်း လည်း သိရသည်။
မွတ်စလင်မ်အများစုမှာ ဆေးရုံတက် ကုသခွင့်မရဘဲ ဒုက္ခသည် စခန်းများတွင် ဖွင့်လှစ်ထားသည့် ဆေးပေးရုံများတွင်သာ ကုသမှုခံယူနေကြရသည်။

ရခိုင်ဒေသ တွင် ဆေးဝါးကုသရေး NGO အဖွဲ့တစ်ခု ဖြစ်သည့် AZG အဖွဲ့ကမူ လူမျိုး/ဘာသာမရွေးအား ၀န်ဆောင်မှုပေးနေကြောင်းသိရသည်။


ရခိုင်ဒေသတွင် နိုင်ငံတော်က လူမျိုး/ဘာသာမခွဲ တန်းတူ စောင့်ရှောက် ကြောင်း မြန်မာ မီဒီယာများတွင် ဖေါ်ပြလေ့ ရှိသော်လည်း အဆိုပါဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တူရကီဝန်ကြီးချုပ် ၏ဇနီးကမူ မြန်မာ့သတင်း ထုတ်ပြန်ချက်တို့နှင့် ဆန့်ကျင်နေသည့် ဖြစ်ရပ်များကို မြင်တွေ့ခဲ့ရသည်ဟု ဆိုပါသည်။
“မြင်ရတဲ့မြင်ကွင်းကို ထုတ်ဖေါ်ပြဖို့ရာ ပြောစရာစကားတောင် မရှိလောက်အောင်ပါပဲ၊ သူတို့မှာ အစားအသောက်တွေ ရှားနေပေမဲ့ စားရဖို့ထက် မသေဘဲ ရှင်သန်နိုင်အောင် ကြိုးစားနေကြတယ်။

အဲဒီမှာ လူသားတစ်ယောက်နဲ့ မျက်စိနဲ့ တွေ့ရဖို့ ခက်တဲ့ မြင်ကွင်းတွေရှိတယ်။ အဲဒီဒေသ (ရခိုင်)မှာ မွတ်စလင်မ်တွေ ထောင်ချီပြီးသေအောင်၊ သိန်းပေါင်းများစွာ လူတွေကို အိမ်တွေက ထွက်ပြေးရအောင် လုပ်နေတဲ့သူတွေရှိတယ်လို့ မြင်တယ်။ အဲဒီအထဲမှာ ကျွန်မကိုပိုဝမ်းနည်းစေတာက ဘာသာရေး လူတန်းစား တစ်ရပ် (ဗုဒ္ဓဘာသာဘုန်းကြီး) ပါနေတာပါပဲ။ ဘာသာရေး ခေါင်းဆောင်ဆိုတာ လူတွေကို မေတ္တာပေးရမယ့်သူတွေပါ။ ကမ္ဘာမှာလည်း အဲဒီလိုပဲသိထားကြတယ်။”ဟု

အမီနာအလ်ဒိုးဂါမ် (Emine Erdoğan)က တူရကီသတင်းစာ Zaman သို့ ပြောကြားခဲ့သည်။
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

အီးဒ်နေ့ တရားတော်များကို SKY NET မှ ပြသမည်




  • Joy for the whole family.

၂၀.၈.၂၀၁၂(တနလာင်္နေ့) SKY NET တွင် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဒုဥက္ကဌ(ပညာရှင်များရေးရာ)
အလ်ဟာဂ်ျ မောင်လာနာ ဦးအုန်းသောင် မှ အီဒုလ်ဖိသွရ်နေ့မြတ် အစ္စလာမ့်တရားဒေသနာ များ ဟောပြောပို့ချချက်အား
SKY NET မှ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည
်http://www.myanmarmuslim.net/news.php
မှကူးယူဖော်ပြပါသည်။

Monday, August 20, 2012

ရိုဟင်ဂျာ ပြဿနာ Rohingyar Crisis

 August 18, 2012

ရိုဟင်ဂျာ ပြဿနာ အကြပ်အတည်း နှင့် အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ အပေါ် ကိုယ်ပိုင် အမြင် နဲ့ အကြံပြုချက်များ
(Personal Views and Recommendations on Rohingyar Crisis and Other Related Matters)




ဓာတ်ပုံ – ကာတွန်းဆရာကြီး ဦးဖေသိန်း ရဲ့ “’ဒီက ဒို့ဘယ်သွားကြမလဲ” စာအုပ် မှ ယူသည်။ (အီးဘွတ်ခ် ကို Burmese Classic အွန်လိုင်းစာမျက်နှာက ပြန်လည် မျှဝေသည်။


နောက်ခံ အခြေအနေ (Background)


ရိုဟင်ဂျာ ပြဿနာ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒီ စာဖတ်ဖြစ်သူအားလုံး မျက်ခုံးတွေ ပင့်သွားကြမယ်ထင်ပါတယ်။ စာဖတ်သူတွေကို ပထမဦးဆုံး သိစေချင်တာကတော့ စာရေးသူဟာ အရင် စစ်အစိုးရ ခေတ် ကတည်းက ဒီလို အွန်လိုင်းမှာ မိမိ အမြင်တွေ တင်ပြ ဖလှယ်လေ့ရှိပေမယ့် ဘယ်တုန်းကမှ ရိုဟင်ဂျာပြဿနာကို ရှေ့တန်းတင် ဦးတိုက်ပြီး ပြောလေ့ မရှိခဲ့ဖူးဘူး ဆိုတာပါ။ အကြောင်းက စစ်အစိုးရခေတ်တလျှောက်လုံး မှာ လူများစု မြန်မာ အပါအဝင် အခြား လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေ၊ လူမျိုးကွဲ/ဘာသာခြား နိုင်ငံသားအားလုံးဟာ ဖိနှိမှု၊ မတရားမှုတွေရဲ့ ဒဏ်ကို စစ်ဖိနပ် အောက်မှာ ပြားပြားဝပ် အားလုံး တန်းတူ ခံစားနေရလို့ အုပ်စု တစုကို အခြေပြုတဲ့ ဘယ်သူ့ အကြောင်းမှ သီးသန့် အလေးထား ပြောဖို့မလို၊ စနစ်ဆိုးအကြောင်းသာ ထောက်ပြဖို့လိုတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသားတွေနဲ့ လူမျိုးကွဲ/ဘာသာခြား တွေ ဟာ နယ်စပ်ဒေသတွေနဲ့ ပဋိပက္ခ နယ်မြေတွေမှာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ပို ခံကောင်း ခံ ရတယ်ဆိုနိုင်ပေမယ့် တုန်းအောက်က ဖားချင်း အတူတူချည်းပဲလို့ ယူဆတဲ့ အတွက် ယေဘုယျ သဘောဆောင်တဲ့ အကြောင်းတွေကိုပဲ အရင်တုန်းက ပြောလေ့ ဆွေးနွေးလေ့ရှိခဲ့ပါတယ်။

ခု ခေတ်စနစ် ပြောင်းပြီလို့ ဆိုနိုင်တဲ့ အချိန်ရောက်တော့လည်း ရိုဟင်ဂျာ ပြဿနာကို စပြောဖို့ ဆိုဖို့ စိတ်ကူးမရှိခဲ့ပါ။ အကြောင်းက စာရေးသူ တဦးတည်း သဘော နိုင်ငံရေး ခံယူချက် အမြင် အရ အခြေခံကျကျ ခေတ်ပြောင်းခဲ့တယ်လို့ မယုံကြည်လို့ရယ်၊ အပေါ်ယံ ခေတ်ပြောင်းပြီ ဆိုစေအုံး.. စနစ်ဆိုး၊ အကျင့်ဟောင်းတွေ ပြောင်းဖို့ အုပ်ချုပ်သူ အစိုးရ အပါအဝင် လူတန်းစား အသီးသီး နဲ့ သာမန် ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေ ပြောင်းဖို့က အချိန်ယူရအုံးမယ်ဆိုတာ နားလည်လို့ရယ်၊ တကယ်လို့ ခု စ ပြောစရာရှိရင် ရိုဟင်ဂျာတွေ နည်းတူ အိမ်နီးချင်း နိုင်ငံတွေ နဲ့ ကမ္ဘာတဝှမ်း မှာ နိုင်ငံမဲ့ ဒုက္ခသည် အနေနဲ့ ရောက်နေတဲ့ အခြား တိုင်းရင်းသားတွေကိစ္စ ဖြေရှင်းဖို့ လိုတဲ့ အကြောင်းသာ အရင်ပြော ဖို့လိုပြီး သူတို့တတွေ အများစု သူတို့ မြေပြန်နင်းခွင့်ရပြီးမှ ရိုဟင်ဂျာ ပြဿနာ ကို ပြောသင့်၊ ဖြေရှင်းသင့်၊ ပြောနိုင်၊ ဖြေရှင်းနိုင်မယ်လို့ စာရေးသူတဦးတည်း အမြင်အရ ယူဆလို့ရယ်ကြောင့် ဖြစ်ပါတယ်။ ဆိုခဲ့တဲ့ အကြောင်းတွေထဲက နောက်ဆုံးအချက်ကို ဖတ်ရတော့ ရိုဟင်ဂျာ တွေ နဲ့ သူတို့ကို စာနာသူ၊ ထောက်ခံသူတွေက ဒီစာရေးသူက ဘက်လိုက်တယ်လို့လည်း မမြင်စေချင်ပါ။ သမိုင်း ဖြစ်စဉ် နဲ့ လက်ရှိ ပကတိ အခြေအနေအရ ရိုဟင်ဂျာ ပြဿနာ က ဖြေရှင်းဖို့ ပို သိမ်မွေ့ ခက်ခဲလို့ ဒီလို ယူဆခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်က လူတဦးချင်းသဘောနဲ့ ကျူးလွန်းခဲ့တဲ့ ရာဇဝတ်မှု ကနေဆက်စပ်လို့ နောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာပြီး အကြမ်းဖက်မှု၊ သတ်ဖြတ်မှု တွေ ဆက်ဖြစ်ကာ အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဒေသတွင်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

[စကားချပ် - အဲဒီ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ဖြစ်ခါစမှာ အကြောင်း/အကျိုး ရှာတဲ့ စာရေးသူရဲ့ အမြင်ကို “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ” (ညွှန်း-၁) ဆိုပြီ ရေးခဲ့ဖူးပါတယ်။]

ဒီလို အနေအထားနဲ့ အတူ မိမိတို့ ရဲ့ လူ့အဖွဲ့အစည်းမှာ ကိုးကွယ်မှု ဘာသာတူ တိုင်းရင်းသား ရခိုင် တွေကို စာနာသူ၊ ဘင်္ဂါလီ အနွယ် ရိုဟင်ဂျာ တွေ ကို စာနာတဲ့ သူတို့နဲ့ဘာသာတူ ဗမာပြည်ဖွား၊ နိုင်ငံသား ဘာသာကွဲတွေ စတဲ့ ဘက်နှစ်ဘက်စလုံးက လူတွေ၊ ဘက်မလိုက်ဘဲ ဖြစ်စဉ် သတင်း အချက်အလက် အမှန်ကိုသာ ကိုယ်ပိုင် အာဘော် မပါ အတိအကျ အစွဲကင်းကင်း ဖော်ပြပြီး သူကြီး အလုပ်၊ တရားသူကြီး အလုပ် ဝင်မလုပ်ဘဲ နေရမယ့် မီဒီယာတွေ (ပြည်တွင်း/ပြည်ပ/နိုင်ငံပိုင်) နဲ့ ပြဿနာကို အလျင်အမြန် ထင်သာမြင်သာ ရှိရှိ ဖြေရှင်းရမယ့် ဒေသခံ ပြည်နယ် အစိုးရ နဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ကြားဝင် ဖြေရှင်း စေ့စပ်ဖို့ ကြိုးစားရမယ့် နိုင်ငံရေးပါတီတွေ စတဲ့ အစုအဖွဲ့ အသီးသီးက တုန့်ပြန်ပုံတွေမှားယွင်း၊ အရေးယူပုံတွေ နောက်ကျ၊ သဘောထားတွေ မမှန်ကန်၊ ဘာသာ/လူမျိုး အခြေခံစိတ်တွေ ထား စတဲ့ မမှန်ကန်တဲ့ ဖြေရှင်းမှု နဲ့ သဘောတွေ ကြောင့် လူမျိုးရေး/ဘာသာ ကွဲတွေအကြား အမြင်မကြည်လင်မှု နဲ့ အမုန်းတွေဟာ ဗမာ့ လူ့အဖွဲ့အစည်းထဲကို အရင်ကထက် ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောက်ရှိလို့လာခဲ့ပါတယ်။

ဒီသဘော နဲ့ ဖြစ်စဉ်ဟာ တိုင်းပြည် နယ်နမိတ် ကိုပါ ကျော်ဖြတ်ပြီး နိုင်ငံတကာမှာပါ ထင်ရှားလာခြင်းနဲ့အတူ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ မိမိလူအဖွဲ့အစည်းရဲ့ အားနည်းချက်ကြောင့် သတင်းတွေ၊ ဖြစ်ရပ်တွေဟာ အမျိုးမျိုး ချဲ့ထွင် ပုံဖျက်ခံရကာ စွပ်စွဲမှု အကြီးကြီးတွေ ထိ ဖြစ်လာတဲ့ အတွက် ဒီ ရိုဟင်ဂျာ ပြဿနာ ကို ပြည်တွင်း ပကတိ အခြေအနေ အခြေပြုကာ နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ကိုက်ညီအောင် စဉ်းစား စီစဉ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အားလုံး အလုံးစုံ ဖြေရှင်းနိုင်မှသာ ခု ဒီမိုကရေစီ နိုင်ငံတော်သစ် တခု ပြန်လည် တည်ထောင်မယ်လို့ ကြွေးကြော်နေတဲ့ တိုင်းပြည်ရဲ့ ရှေ့ အနာဂတ် လမ်းမှာ လုပ်ရမယ့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် လုပ်နိုင်တော့မယ့် အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။

နောက်တခုက မိမိ လူ့အဖွဲ့အစည်းရဲ့ ဖုံးဖုံးဖိဖိ သိုသိုဝှက်ဝှက် လုပ်တတ်တဲ့ အကျင့် နဲ့ ပွင့်လင်းမြင်သာမှုအားနည်းတဲ့ စရိုက် အရိုးစွဲနေမှုသဘောက ချဲ့ကား လုပ်ကြံ ပြောဆိုခံရမှုတွေ နဲ့ အတူ အကျိုးဆက် ရင်ဆိုင်ရလာနိုင်တဲ့ (ခုအချိန်မှာ ခြိမ်းခြောက်မှု အနေနဲ့က စရှိနေပါပြီ) အကြမ်းဖက်ခံရမှု အခြေအနေက နိုင်ငံ ရဲ့ တိုးတက် စည်ပင်သာယာဝပြောရေး နဲ့ နိုင်ငံသား အားလုံး ရဲ့ လုံခြုံရေးကို တကယ် ထိခိုက်နိုင်မယ့် အခြေအနေဖြစ်သွားခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ လုံခြုံရေးကိုတာဝန် ယူပေးရတဲ့ သူတွေမှာ ခေတ်မီ ကောင်းမွန် ပြည့်စုံတဲ့ စနစ်၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ စနစ်တကျ လေ့ကျင့်ပေးမှု အားနည်းခြင်း နဲ့ အတူ ဘယ်အရာမဆို ပြီးပြီးရော အလွယ် လုပ်တတ်တဲ့ အကျင့်ဟောင်း မပျောက်သေးတဲ့ အခုလို အချိန်မှာ ဒီလို အနေအထားဟာ ခြိမ်းခြောက်မှု သက်သက်ဆိုစေအုံးတော့. အပြစ်မဲ့ပြည်သူလူထုအတွက်၊ တိုင်းပြည် ခေါင်းဆောင်တွေ အတွက် တကယ်ပဲ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကမှ တကယ် ခု တချို့ ပုဂ္ဂိုလ်များ ရိုဟင်ဂျာ ပြဿနာကို ရှုမြင် သုံးနှုံးနေတဲ့ အမျိုးသား လုံခြုံရေး (National Security) ပြဿနာ အစစ် ဖြစ်ပါတယ်။

ဒီလို နောက်ခံအနေအထားတွေကြောင့် စာရေးသူလည်း ဘယ်လို အသံမျိုး၊ လွှမ်းမိုးအရာရောက်မှုမျိုးမှ ဖြစ်ပေါ်စေနိုင်စွမ်း သူ မဟုတ်တဲ့ သာမန်လေ့လာသူ လူငယ် တယောက်ပေမယ့် ရိုဟင်ဂျာ ပြဿနာ နဲ့ ဆက်စပ်လို့ ဝင်ရောက် ပြောဆိုဆွေးနွေးလိုစိတ် ဖြစ်ပေါ်လာရပါတယ်။ နောက်အကြောင်းတခုက ဆိုခဲ့သလို ဒီပြဿနာကို တခါမှ ဆောင်းပါးရှည် အနေနဲ့ အကျယ်တဝင့် မပြောခဲ့ဖူးဘူးဆိုတာ မှန်ပေမယ့် ဒီ ရခိုင် မတည်ငြိမ်မှု ဖြစ်စဉ် အစကို သုံးသပ်ခဲ့တဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ” ဆောင်းပါး နောက်မှာ စာရေးသူရဲ့ ရိုဟင်ဂျာ ပြဿနာ အမြင် ကို ကိုယ်ပိုင် လူမှုကွယ်ရက် စာမျက်နှာပေါ်မှာ စာတို အနေနဲ့ တခါ ရေးခဲ့ဖူးပါတယ်။ ရေးခဲ့တဲ့ စာတိုပါ သဘော နဲ့ အခု ဆောင်းပါးမှာ ရေးမယ့် အချက် တွေဟာ အတူတူ ပါပဲ။ အဲဒီတုန်းက ရေးခဲ့တဲ့ စာတို ပါ သဘော ထား အတော်များများ၊ အထူးသဖြင့် နိုင်ငံသား ဥပဒေကို အမှန်အတိုင်း အသုံးချပြီး လက်ရှိ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရိုဟင်ဂျာတွေထဲက နိုင်ငံသားဖြစ်ထိုက်သူတွေကို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးပြီး ဖြေရှင်းမှ ဒီပြဿနာ ကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောကို လက်ခံ နားလည်မှု ရှိလာတဲ့ သဘော လက်ရှိ အစိုးရရဲ့ အကြီးအကဲ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလာတဲ့ အခု အချိန်မှာ ဒီအကြောင်းရဲ့ နောက်ခံ အခြေအနေကို နည်းနည်း အသေးစိတ် ဆွေးနွေးတဲ့ ဆောင်းပါး ပုံစံ အသစ် ရေးလိုစိတ် ဖြစ်ပေါ်လာပါတယ်။ အောက်တွင် ဆက်လက် ဖတ်ရူပါ။

ရိုဟင်ဂျာလူမျိုး နာမည် အခေါ်အဝေါ် အငြင်းပွားမှု (Rohingyar: Naming Controversial)

ရခိုင် နဲ့ မြန်မာ သမိုင်းပညာရှင် တချို့ နဲ့ ရခိုင်၊ မြန်မာ အများစုက ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ် နဲ့ အသုံးအနှုန်း ဟာ လွတ်လပ်တဲ့ ဗမာပြည် ခေတ်ဦး ရောက်မှ နိုင်ငံရေး လိုအပ်ချက်အရ တည်ထွင် ဖန်တီး သုံးစွဲ ခဲ့ကြတယ်လို့ ယူဆနေကြပါတယ်။

နိုင်ငံရေး သဘော မဆောင်ဘဲ ဘာသာဗေဒ သဘောအရ ဒီဝေါဟာရ ဖြစ်ပေါ်လာပုံ ကို ရခိုင်/ မြန်မာ – ရိုဟင်ဂျာ ဘက်နှစ်ဘက်စလုံးလည်း လက်ခံနိုင်မယ့် ရှေးကွင်းဆက် ပြောရမယ်ဆိုရင် (၁၈) ရာစု နှောင်းပိုင်း (၁၇၉၉) ခုနှစ်မှာ အခု အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒေသ ပတ်ဝန်ကျင် ဗြိတိသျှ-အိန္ဒိယ မှာ အခြေချနေထိုင်ပြီး စစ်တကောင်း ဒေသ နဲ့ ရခိုင် ဒေသတွေကို သွားလာလေ့လာခဲ့တဲ့ အဲ့ခေတ်က ခေတ်ပြိုင် ပုဂ္ဂိုလ် လို့ ဆိုနိုင်တဲ့ စကော့လူမျိုး ဆရာဝန် Dr. Francis Buchanan-Hamilton (1762-1829) ရေးသားခဲ့တဲ့ “မြန်မာ (ဗမာ) လက်နက် အင်ပါယာ နိုင်ငံတော် အတွင်းရှိ ဘာသာစကား အပြော တချို့ရဲ့ ဝေါဟာရ အသုံးများ နှိုင်းယှဉ်လေ့လာချက်“ ဆောင်းပါးမှာ ရခိုင်ဒေသ မှာ နေထိုင်နေတဲ့ မဟာမေဒင် ဘာသာ ကိုးကွယ် တဲ့ ရိုအင်ဂျာ (Rooinga) လူမျိုးတွေရဲ့ စကားကိုလည်း ဒေသသုံး စကား (Dialect) အနေ နဲ့ ထည့်သွင်း မှတ်တမ်း တင်ခဲ့ပါတယ်။ ဒီ အချက်ကိုလည်း ယနေ့ခေတ်ပြိုင် ပြင်သစ် လူမျိုး ရခိုင် သမိုင်း ကျွမ်းကျင်သူ ပညာရှင် Dr. Jacques P. Leider က ဘာသာဗေဒ သဘောအရ ခု တွေ့ရှိ့ရသေးသမျှ ထဲက အစောဆုံး တွေ့ရှိချက် လို့ လက်ခံထားပါတယ်။ သူဟာ ရိုဟင်ဂျာ တွေကို ဌာနေတိုင်းရင်းသား မဟုတ်ဘူးလို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားသူ တယောက်ဆိုတာလည်း သတိပြုပါ။

ဘာသာဗေဒ စကားလုံး ဝေါဟာရ တွေ ရဲ့ ရင်းမြစ် နဲ့ ဖြစ်ပေါ် ပြောင်းလဲတိုးတက်မှု (Etymology) သဘော အရ (၁၈) ရာစု ထက် ရှေးကျတယ် ဆိုတဲ့ အခြား ကောက်ချက် ဆွဲ သူ ပညာရှင် တွေရဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် စာရေးသူဟာ ဒီစာကို အငြင်းပွားမှုတွေ ဖြစ်ပေါ်စေဖို့ ရေးတာမဟုတ်ဘဲ ဘက်နှစ်ဘက်စလုံး လက်ခံနိုင်တဲ့ အတိုင်းအတာ ကိုပဲ ဆိုချင်တဲ့ အတွက် အကျယ်ထည့်မရေးခြင်း ဖြစ်ပါတယ်။

ဒီလို နောက်ခံ အခြေအနေ မှာ စာရေးသူ အနေနဲ့ ဘယ်တုန်းကတည်းက ရိုဟင်ဂျာ စကားလုံး ပေါ်ခဲ့တယ်၊ ရိုဟင်ဂျာလို့ ခေါ်ခဲ့တယ်/မခေါ်ခဲ့ဘူး ဆိုတာ မငြင်းဘဲ လူမျိုးတွေရဲ့ မွေးရာပါ လွတ်လပ်စွာ ရွေးချယ်ခွင့် အဘောအရ သူတို့ လူမျိုးတွေ အများစု ကျေနပ်လို့ သူတို့ဘာသာ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခွင့်ရှိခြင်းကို လက်ခံပါတယ်။ အများကလည်း သူတို့ကို ညွှန်းဆိုရင် သူတို့ခေါ်စေဖို့ သတ်မှတ်ထားတဲ့ နာမည် အတိုင်းပဲ အသုံးပြုရမယ်လို့ ယုံကြည်ပါတယ်။ အခြား လူမျိုး တမျိုးမျိုးရဲ့ နာမည် နဲ့ မတူတဲ့ အခြား သူတို့ ကြိုက်တဲ့ နာမည် အသစ် တခုခုကို သူတို့ လူမျိုး ဆန္ဒအရ ခုမှ ပြောင်းလဲသတ်မှတ်ချင်တယ်ဆိုရင်လည်း ရသေးတယ် လို့ ယူဆပါတယ်။

ရိုဟင်ဂျာဟာ ဗမာနိုင်ငံရဲ့ ဌာနေ တိုင်းရင်းသားလား (Is Rohingyar a Native Ethnic Group of Burma?)

ဗမာနိုင်ငံသမိုင်းကို အခြေခံ အဆင့် လေ့လာဖူးသူဆိုရင် ရိုဟင်ဂျာ တွေ ဟာ အပြည့်အဝ နိုင်ငံသားတွေအဆင့်သာမက ဌာနေ တိုင်းရင်းသားပါ အသတ်မှတ်ခံခဲ့ရဖူးတယ်ဆိုတယ်ကို သိနိုင်မှာ ဖြစ်ပါတယ်။ အားလုံး လက်လှမ်းမီနိုင်တဲ့ အလွယ်ဆုံး အထောက်အထားပြရရင် စာပေဗိမာန် ၁၉၆၄ ပဌမအကြိမ်ထုတ် မြန်မာ့စွဲစုံကျမ်း အတွဲ (၉)၊ အပိုင်း (က)၊ စာမျက်နှာ (၈၉) ပါ “မေယုနယ်ခြားခရိုင်” ခေါင်းစဉ် အောက်က ရခိုင်ပြည်နယ် မယူတောင်တန်းကို ဗဟိုပြုတဲ့ မယူမြစ် နဲ့ နတ်မြစ်ကြား ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် မြို့နယ်များမှာ နေထိုင်တဲ့ လူအများစု (၇၅ ရာခိုင်နှုန်း) ရိုဟင်ဂျာ လူမျိုးများ နဲ့ အခြား ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီး တိုင်းရင်းသားတွေ အကြောင်းကို ဖတ်ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ်။

ဒီလို နောက်ခံသမိုင်း နဲ့ အခြေအနေ မှာ ဗမာ့သမိုင်းကို အခြေခံထက်ပို လေ့လာဖူးတယ် တယ်လို့ ဆိုချင်ရင် ရတဲ့ စာရေးသူ အနေနဲ့ ရိုဟင်ဂျာ ဟာ ဗမာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသား တွေပါလို ဘယ်တုန်းကမှ မဆိုခဲ့၊ မမြင်ခဲ့၊ မပြောခဲ့သလို အခုဆောင်းပါ အပါအဝင် နောင်လည်း.. ပြောမှာ ရေးမှာ မဟုတ်ပါ။ အကြောင်းက ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ကြောင်း သတ်မှတ်ခံခဲ့ရမှု ဖြစ်စဉ် နဲ့ အကြောင်း သဘောကို လက်မခံလို့ ဖြစ်ပါတယ်။ ဒီလိုပဲ နောက်ပိုင်း စစ်အစိုးရခေတ် ရောက်မှ နိုင်ငံရေး လိုအပ်ချက် သဘောအရ သတ်မှတ်ခဲ့တဲ့ အခြား တိုင်းရင်းသားဖြစ်မှု တချို့ကိုလည်း အလုံးစုံ သဘော အနေနဲ့ လက်ခံလို့ မရပါ။ ငြင်းလည်း မငြင်းပါ။

သူတို့ တိုင်းရင်းသား ဟုတ်/မဟုတ် စာရေးသူ အနေနဲ့ မပြောဘူး/ မငြင်းဘူးဆိုတာ ဘာကြောင့် ဆိုတာကို နောက်အကြောင်းတခုပြရရင်…

လူတွေဟာ သမိုင်းမတင်မီ ခေတ်တွေမှာ ကမ္ဘာ အနှံ့ ဆိုသလို ရေကြည်ရာ မြက်နုရာ ရှာဖွေရင်းနဲ့ လှည့်လည်၊ သွားလာလေ့ရှိပြီး သင့်လျော်ရာ နေရာ၊ ဒေသ နဲ့ ဥတု မှာ သင့်လျော်သလို နေထိုင် အခြေချ လေ့ရှိကြပါတယ်။ လူမျိုးစု တစုကို လက်ရှိ တိုင်းပြည်၊ နိုင်ငံရယ်လို့ ခေါ်ဆို သတ်မှတ်ကြတဲ့ နေရာတနေရာအတွက် ဌာနေတိုင်းရင်းသား ဟုတ်/မဟုတ် သတ်မှတ်ရာမှာ အခြား သိပ္ပံနည်းကျ ဘာသာဗေဒ၊ မနုဿဗေဒ စတဲ့ ပညာရပ်ဆိုင်ရာ သုံးသပ် ကောက်ချက်ဆွဲမှု များနဲ့ အတူ အဓိက က သမိုင်း ဖြစ်စဉ် မှတ်တမ်း အနေနဲ့ လက်ရှိ နိုင်ငံတည်ရှိတဲ့ နေရာဒေသ၊ နယ်နမိတ်အတွင်းကို သမိုင်းမတင်မီ (သို့) သမိုင်းတင်စ အခြေအနေက စလို့ နောက်ပိုင်း ဘယ်အချိန် အစောဆုံး အဲ့လူမျိုးစု အများစု ဝင်ရောက် အခြေချ နေထိုင်ကြ (Mass Migration/Settlement) သလဲဆိုတာကို ကြည့်ဆုံးဖြတ်လေ့ရှိကြပါတယ်။

မြန်မာ အပါအဝင် အခြား လက်ရှိ အစိုးရ နဲ့ လူအများစု နိုင်ငံတိုင်းရင်းသားအဖြစ် လက်ခံထားတဲ့ လူမျိုးစုတွေလည်း ဒီလို လှည့်လည်သွားလာ နေထိုင်ခဲ့ကြရင်းနဲ့ပဲ ဗမာ့ သမိုင်းမတင်မီ နဲ့ တင်ပြီးစ ခေတ်တွေမှာ လက်ရှိ ဗမာ နိုင်ငံလို့ ခေါ်ဆိုသတ်မှတ်တဲ့ ဧရိယာ အတွင်းကို ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြတာပါပဲ။ ဒီလို စတင် အခြေချနေထိုင်တဲ့ အချိန် သတ်မှတ်ကြရမှာလည်း ရှာဖွေတွေ့ရှိတဲ့ မြေထဲသမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေအရ ခုနှစ်၊ သက္ကရာဇ် အတိအကျ ပြောဆိုနိုင်မှု အားနည်းပြီး အမျိုးမျိုးယူဆနိုင်စရာ ရှိပါတယ်။ ဒီလို သဘောအတိုင်းပဲ ရိုဟင်ဂျာတွေ ဘယ်အချိန်တုန်းကတည်းက ခုလက်ရှိ သူတို့နေထိုင်နေတဲ့ ရခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသမှာ လာရောက် အခြေချနေကြသလဲဆိုတာဟာလည်း သမိုင်းဆိုင်ရာ အချက်အလက်အနေနဲ့ ဘက်နှစ်ဘက် အပြန်အလှန် အငြင်းပွားဖွယ်ရာ အခြေအနေ ဖြစ်နေလို့ ဖြစ်ပါတယ်။

စာရေးသူ အမြင်နဲ့ သူတို့ဟာ တိုင်းရင်းသား တကယ် ဟုတ်/မဟုတ်လည်း သုံးသပ်လိုစိတ် မရှိပါ။ သုံးသပ်လိုစိတ် မရှိတာထက် သုံးသပ်နိုင်ခွင့်မရှိတာဆိုရင်ပိုမှန်ပါမယ်။ စာရေးသူ တယောက်တည်း အမြင်၊ သဘောထားနဲ့ သုံးသပ်ပြောဆို၊ ဟုတ်/မဟုတ် ရေးသားပြောဆိုရင်လည်း အငြင်းပွားဖွယ်ရာ ဖြစ်လာတာသာ အဖတ်တင်ပြီး ဘာမှ လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ ပြုမှာ မဟုတ်ပါ။

သူတို့ကို ဌာနေတိုင်းရင်းသား ဟုတ်/မဟုတ် ဆုံးဖြတ်တဲ့ အလုပ်ကို စာရေးသူ အမြင် တခုတည်းနဲ့ သုံးသပ်လို့ မရသလို အခြား ပုဂ္ဂိုလ် တဦးဦး၊ ပညာရှင် တယောက် ယောက်၊ နိုင်ငံရေး အဖွဲ့အစည်း တခုခု နဲ့ အစိုးရ အပါအဝင် တဦးချင်း၊ တဖွဲ့ချင်း သဘော ဘယ်သူမှလည်း လုပ်ဆောင်၊ ပြောဆို၊ ဆုံးဖြတ်လို့မရပါ။ နောက်ဆုံးမှာ ဥပဒေပြု လွှတ်တော် နဲ့ အစိုးရက ဌာနေတိုင်းရင်းသား ဖြစ်မှု ကို ဆုံးဖြတ်ချက် ချပေးရမှာ မှန်ပေမယ့် ဒီလို ဆုံးဖြတ်ချနိုင်ဖို့က ပထမဦးဆုံး အနေနဲ့ ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့ လွတ်လပ် ဘက်မလိုက်တဲ့ ဘာသာဗေဒ၊ မနုဿဗေဒ၊ သမိုင်း၊ ရှေးဟောင်း မြေထဲသမိုင်း ပညာရှင် စတဲ့ ပညာရပ် ဆိုင်ရာ အမြင်တခုတည်း အပေါ်သာ အခြေခံတဲ့ ပညာရှင်တွေ စုစည်းထားတဲ့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး အဖွဲ့က သုံးသပ်လေ့လာပြီး အကြံပြုချက် တရပ်ကို လူထု နဲ့ အစိုးရထံကို တင်ပြရမှာ ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ အဂတိ ကင်းတဲ့ သုံးသပ်ချက် ထုတ်ပြန်ပြီးနောက် လိုအပ်ရင် အများစု လူထု သဘောထားဆန္ဒခံကာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လွတ်လပ်စ ဗမာပြည် ပါလီမန် ဒီမိုကရေစီ အစိုးရခေတ်၊ နောက်ပိုင်း တော်လှန်ရေးကောင်စီ နဲ့ မဆလ ခေတ်ဦးပိုင်းတွေမှာ သတ်မှတ်ခံထားရတဲ့ ရိုဟင်ဂျာရဲ့ တိုင်းရင်းသားဖြစ်မှု နဲ့ နောက်ပိုင်း စစ်အစိုးရခေတ်မှာ အသိမှတ်ပြုခဲ့တဲ့ တခြား တိုင်းရင်းသားလူမျိုး ကို စာရေးသူ လက်မခံဘူး၊ သူတို့ဟာ တိုင်းရင်းသားတွေပါလို့ ခုလည်း မပြောဘူး၊ ငြင်းလည်း မငြင်းဘူးဆိုတာက ခု စာရေးသူ တင်ပြခဲ့တဲ့ လွတ်လပ်မျှတတဲ့ ပညာရပ်ဆိုင်ရာ သဘော၊ အလုပ် နဲ့ ဖြစ်စဉ် အဲဒီ အချိန်တုန်းက အားနည်းခဲ့လို့ ဖြစ်ပါတယ်။

အထက်မှာ ဆိုခဲ့တဲ့ အနေအထားမှာ ရိုဟင်ဂျာ ဟာ တိုင်းရင်းသား ဟုတ်/မဟုတ်ကို လက်ရှိ အချိန်မှာ အငြင်းမပွားကြဖို့ ရခိုင်၊ မြန်မာ၊ ရိုဟင်ဂျာ ပညာရှင် နဲ့ သာမန် လူထု ကို စာရေးသူအနေနဲ့ အကြံပြု တောင်းဆိုချင်ပါတယ်။ ဒီလိုအငြင်းပွားမှု ဘာကြောင့် မလုပ်သင့်သလဲဆိုတာက စာရေးသူ တဦးတည်း ဘာကြောင့် မဆုံးဖြတ်နိုင်၊ အငြင်းမပွားနိုင်၊ အငြင်းပွားခွင့်၊ ဆုံးဖြတ်ခွင့် မရှိလို့ပါလို့ အကြောင်းပြ အထက်မှာ ဆိုခဲ့တဲ့ သဘောတရား အတိုင်းပဲ ဖြစ်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို တဘက်သတ် ဥပဒေ အရ သတ်မှတ်ပြဋ္ဌာန်းချက်ကြောင့် လက်လွတ်ဆုံးရှုံးလိုက်ရလို့ တဘက်က အရင်ကတည်းက ဌာနေ တိုင်းရင်းသားတွေပါ ဆိုတဲ့ အခြေအနေကို ဇောင်းပေးပြီး ပြောဆို ဆွေးနွေးလိုတဲ့ အဝေးရောက် ရိုဟင်ဂျာ ခေါင်းဆောင်၊ ပညာရှင် ဆိုသူများနဲ့ ပြန်လည် မဟုတ်ကြောင်း ငြင်းချက်ထုတ်နေတဲ့ ရခိုင်၊ မြန်မာ ပညာရှင် များကို စာရေးသူ အနေနဲ့ အနူးအညွတ် မေတ္တာ ရပ်ခံ အသိကပ်စေလိုတာကတော့ ဒီလို တိုင်းရင်းသာ ဟုတ်/မဟုတ် အခုအချိန်မှာ အငြင်းပွားနေလို့ ပြဿနာ က ပြီးမှာ မဟုတ်တဲ့ အပြင် ငြင်းနေတုန်းကာလမှာပဲ လူမျိုးရေး အဓိကရုဏ်း ပုံစံတွေ ထပ်ဖြစ်ရင် အရင်ဆုံး အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဆုံးရှုံးရမှာက အခု စာရေးနေသူ စာရေးသူ၊ အခု စာဖတ်နေသူ အများစု အပါအဝင် အငြင်းပွားနေသူ ပညာ ရှင်များမဟုတ်ဘဲ တကယ် ပဋိပက္ခ ဒေသမှာ နေထိုင်နေတဲ့ ရခိုင် နဲ့ ရိုဟင်ဂျာ ပြည်သူလူထုတွေသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။

လတ်တလော တရားမဝင် ဝင်ရောက် အခြေချနေထိုင်သူများ နဲ့ အကျင့်ပျက် လာဘ်စားမှု (Recent Illegal Immigrants and Corruption)

ရိုဟင်ဂျာ ပြဿနာ ကို သုံးသပ်ရင် မူရင်း ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မေယုနယ်ခြားဒေသမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ နဲ့ ခု လူအများ ပြောဆိုနေကြတဲ့ နောက်ပိုင်း ခိုးဝင်လာနေတယ်ဆိုတဲ့ ဘင်္ဂါလီ တွေ ကို ခွဲခြား မြင်နိုင်ရပါမယ်။ စာရေးသူ အနေနဲ့ ခုလတ်တလော၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်းမှာ အဲဒေသကို တရားမဝင် ခိုးဝင် ဝင်ရောက်နေထိုင်သူတွေ ရှိတယ်ဆိုတာကို မငြင်းပါ။ ဒါပေမယ့် ဒါဟာ အနည်းစု ဖြစ်တယ်ဆိုတာကိုပဲ ထောက်ပြချင်ပါတယ်။ အကြောင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လက်မှတ်ကိုင်ထားသူ သူတို့ နိုင်ငံသားတွေဟာ အစစအရာရာ ဖိနှိပ်မှု ပြင်းထန်၊ အလုပ်အကိုင် အခွင့်အရေး နည်းပါ၊ လုပ်ခ လစာနည်း၊ ပိုက်ဆံတန်ဖိုး မရှိ တဲ့ ဒီဘက်ကို လာရောက် အခြေချစရာ အကြောင်းမရှိလို့ပါ။ လက်လုပ်လက်စားထဲက ဒီဘက်မှာ အလုပ်အကိုင် လာလုပ်တာ အနည်းစု ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် တကယ် ဘင်္ဂလားဒေ့ရှ့် နိုင်ငံသား အခြေခံလူတန်းစားတွေဟာ မိမိတို့ နိုင်ငံဘက် ကူးလာပြီး နှစ်ပြား၊ တပဲ ရမယ့် အလုပ်မျိုးတွေထက် သူတို့ အစိုးရ က ကိုယ်တိုင်က ဦးစီးပြီး စနစ်တကျနဲ့ နိုင်ငံတကာကို တရားဝင် အလုပ်ကြမ်း အလုပ်သမား တင်ပို့ပြီး နိုင်ငံခြား ဝင်ငွေ ရှာနေတဲ့ အစီအစဉ်အရ အခြား ချမ်းသာတဲ့ စင်္ကာပူလို၊ သူတို့နဲ့ ဘာသာချင်း တူတဲ့ အာရပ်နိုင်ငံတွေလိုမှာ သွားလုပ် ဒေါ်လာရှာနေကြတာက အများစု ဖြစ်ပါတယ်။ နောက်တခုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ထဲက အလယ်အလတ်တန်းစား၊ ငွေကြေးလည်း ထုတ်နိုင်တဲ့ စီးပွားရေးသမား တချို့ ဒီဘက်လာ အာဏာပိုင်တွေကို လာဘ်ထိုး၊ ဝင် စီးပွားလုပ်၊ ဟိုဘက်ဒီဘက် တရားမဝင် ကူးချည် သန်းချည် လုပ်နေတာတွေ ရှိမှာပါ။ ဒါဟာ မူရင်း အဲ့ဒေသမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေနဲ့ မပတ်သက်ပါ။

အာဏာပိုင် တွေရဲ့ အကျင့်ပျက် ခြစားမှုကြောင့် ဒီလို တဘက် အိမ်နီးချင်းနိုင်ငံက စီးပွားရေးသမားတွေ မိမိနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက် စီးပွားလာရှာခွင့်ရနေတဲ့ ပြဿနာဟာ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ် တခုတည်းမှပဲ ရှိနေတာမဟုတ်ပါ။ ဗမာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံတိုင်းနဲ့ ထိစပ်နေတဲ့ စီးပွားဖွံ့ဖြိုးတဲ့ နယ်စပ်မြို့တွေတိုင်းမှာ ရှိနေတဲ့ ပြဿနာပါ။ ဘင်္ဂါလီတွေလိုပဲ အိန္ဒိယ၊ ထိုင်း၊ တရုပ် အလယ်အလတ် စီးပွားရေးလုပ်ငန်းရှင်တွေ၊ သစ်လုပ်ငန်းရှင်တွေ၊ တရားမဝင် မှောင်ခို ပစ္စည်း တင်သွင်းသူတွေ၊ မူးရစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေဟာ ဒီလို ဒေသဆိုင်ရာ အာဏာပိုင် အဆင့်ဆင့် ကို လာဘ်ထိုးတဲ့ နည်းနဲ့ပဲ ဝင်ထွက်သွားလာ လုပ်ကိုင်နေကြတာပါ။ အများစုဟာ အခြေချနေထိုင်သူတွေ မဟုတ်ပါ။

လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် အတွင်း တိုင်းပြည်မှာ တကယ် လာရောက် အခြေချ နေထိုင်သူတွေက နယ်စပ်တွေကနေ ဝင်လာတဲ့ မှတ်ပုံတင် အသစ်ကျပ်ချွတ် သုံးလေးခု ကိုင်၊ ငွေမည်းတွေကို ကားနောက်ခန်းမှာ ဂုန်နီအိပ်ပေါင်းများစွာနဲ့ ထည့်ပြီး တိုင်းပြည်ရဲ့ မြိုးကြီးတိုင်းမှာ ဝင်ရောက်နေရာယူခွင့် ရနေသူ တရုပ် သူဌေး အကြီးစားတွေပါ။ ရိုဟင်ဂျာ ကို လူဝင်မှုကြီးကြပ်ရေး နဲ့ အစိုးရ ဝန်ထမ်းတွေ အကျင့်ပျက်မှု ပြဿနာ၊ အမျိုးသားရေး အမြင်နဲ့သာ အဓိက ကြည့်သင့်တယ်လို့ ယူဆနေသူများကိုလည်း ဒီလိုကိစ္စတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ အကြံပြုချင်ပါတယ်။

ဟို ယခင် နဲ့ လက်ရှိ ဗမာပြည်မှာ တရားမဝင် မှတ်ပုံတင်အတု (သို့) သက်တမ်းကုန်/တရားမဝင်တော့တဲ့ နိုင်ငံသား ကဒ်ပြားကိုင်ဆောင်ပြီး ဗမာပြည်မှာ နေထိုင် သွားလာ နေကြတာ နိုင်ငံခြားသာ ချည်းပဲလည်း မဟုတ်ပါ။ တခြား နိုင်ငံ တခုခု (ဥပမာ စင်္ကာပူ၊ အမေရိကန်၊ ထိုင်ဝမ်) မှာ နိုင်ငံသား ခံယူပြီး မြန်မာလူမျိုး အစစ် နဲ့ မြန်မာနိုင်ငံဖွား လူမျိုးစုံ နိုင်ငံသားဟောင်းတွေလည်း ပါ ပါတယ်။ သူတို့ထဲက အများစုဟာ ဗမာပြည် ပြန်လာလည်ရင် နိုင်ငံခြားသား ပတ်ပို့စ် နဲ့ ဝင်ကောင်း ဝင်ခဲ့ပေမယ့် ဗမာပြည်မှာ နေထိုင်သွားလာနေစဉ် တလျှောက် ဗမာနိုင်ငံသားကဒ် ပြား ကိုင်ဆောင်ပြီး နိုင်ငံသား အခွင့်အရေး ခံယူနေကြတာတွေရှိပါတယ်။ တချို့ဆို ဗမာပတ်ပို့ကို အရှင်ထားပြီး ပြန်အဝင် လေဆိပ်မှာကတည်းကကို ဗမာပတ်ပို့စ် နဲ့ ဝင် ဗမာပြည် မှာ တရားမဝင် နိုင်ငံသားနှစ်မျိုး (Illegal Dual Citizenship) ခံယူပြီး နှစ်ရှည်လများ ပြန်လာနေထိုင် စီးပွားလုပ်နေကြတာတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက လူဝင်မှုကြီးကြပ်ရေးပြဿနာက ရိုဟင်ဂျာ တခုတည်း (သို့) ဘင်္ဂါလီ တခုတည်း မဟုတ်ဘဲ အားလုံး ဖြန့်ကျက် စဉ်းစားပြီး ဗမာပြည်က အစိုးရ ရုံးလုပ်ငန်းတွေရဲ့ စည်းစနစ်မကျမှု၊ အကျင့်ပျက်မှု ပုံစံမျိုးကို ထည့်သွင်း စဉ်းစား အစိုးရ ကို ပြုပြင်ဖို့ တောင်းဆိုရမယ် ဆိုတာကိုပါ။

ရိုဟင်ဂျာတွေထဲက အစိုးရ အာဏာပိုင်တွေကို လာဘ်ထိုးရတာတွေ ရှိတာ မှန်ပါတယ်။ အဲ့ဒေသမှာ ရာစုနဲ့ချီ နေခဲ့တဲ့ သူတို့ရဲ့ မျိုးဆက်တွေဟာ နောက်ပိုင်းမှာ နိုင်ငံသားအခွင့်အရေး လက်လွတ်ဆုံးရှုံးသွားရလို့ မှတ်ပုံတင်ရအောင်၊ ဆေးကုသခွင့် ရအောင်၊ ခရီးသွားခွင့်ရအောင်၊ အိမ်ထောင်ပြုခွင့်ရအောင် စတဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို လျော့နည်းစေဖို့အတွက် ပိုက်ဆံပေး ဖြေရှင်းနေရတာပါ။

နယ်စပ်ဒေသမဟုတ်တဲ့ အတွင်းပိုင်းက မြို့ကြီးတွေမှာ နေထိုင်တဲ့ အစဉ်အဆက်က နိုင်ငံသားဖြစ်ခဲ့တဲ့ လူမျိုးကွဲ (တရုတ်/အိန္ဒိယ)၊ ဘာသာခြားတွေလည်း မှတ်ပုံတင်လို၊ သန်းခေါင်စာရင်းလို အာဏာပိုင်တွေနဲ့ ဆက်ဆံရတဲ့ ကိစ္စမျိုးတွေမှာ ဘယ်လောက်ခက်ခဲ၊ ဘယ်လောက် ငွေကုန်ကြေးကျများ၊ စိတ်ပန်း၊ လူပန်း ဖြစ်ရသလဲဆိုတာ မိတ်ဆွေထဲမှာ အဲ့လူ လူမျိုးကွဲ၊ ဘာသာခြားတွေ ရှိတဲ့သူဆိုရင် နားလည် ခံစားသိနိုင်မှာပါ။ စာရေးသူ သိတဲ့ ရန်ကုန် တရုတ်တန်းမှာ ဘိုးဘွား၊ မိဘ က အစ မွေးတဲ့ တရုတ်သူငယ်ချင်းတွေဆို အစိုးရ က ဆီက ရထားတဲ့ မှတ်ပုံတင် ကို ပျောက်မှာစိုးလို့ ရွှေလို အိမ်မှာ ဂရုတစိုက် သိမ်းထားပြီး ဓာတ်ပုံဆိုင်က လုပ်ပေးတဲ့ အစစ်နဲ့ တသွေမတိမ်းတူတဲ့ မှတ်ပုံတင်ကိုပဲ ခရီးသွားရင် ယူသွားနေရတာပါ။ ရန်ကုန် မှာ အဲ့လို မှတ်ပုံတင် အစစ်ရှိပြီးသားလူတွေကို အတုလုပ်ပေးတဲ့ ဓာတ်ပုံဆိုင်ဆိုရင် နီးစပ်တဲ့သူတွေ၊ လူမျိုးကွဲ၊ ဘာသာခြားတွေအကြားမှာ နာမည်ကြီးပါ။

ဆိုတော့ လူဝင်မှုကြီးကြပ်ရေး နဲ့ အကျင့်ပျက်ခြစား မှုက တတိုင်းပြည်လုံး အတိုင်းအတာ နဲ့ နေရာတိုင်း၊ စနစ်အဖွဲ့အစည်းတိုင်းမှာ အမြစ်တွဲနေတဲ့ ပြဿနာ အဖြစ်သာ ရှုမြင်ပြီး အကျင့်ပျက်မှု တိုက်ဖျက်ရေး၊ လူဝင်မှုကြီးကြပ်ရေးမှာ လုပ်ထုံးလုပ်နည်းတွေ မှန်ကန် မြန်ဆန်ပြီး ဥပဒေ အတိုင်း စနစ်တကျ လုပ်ဆောင်ပေးရေးတို့ကို အစိုးရ၊ နိုင်ငံရေးပါတီ နဲ့ ပြည်သူ့ ကိုယ်စားလှတ် လွှတ်တော် အမတ်တွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

နောက်တခု ထောက်ပြလိုတာက ရိုဟင်ဂျာ ပြဿနာကို အဆုံးတိုင် မှန်ကန် ပြီးမြောက် မဖြေရှင်းနိုင်ရင် ခုလူအများယူဆနေကြတဲ့ လတ်တလော ဘင်္ဂါလီခိုးဝင်လာသူတွေ (Recnt Begali Illegal Immigrants) ပြဿနာကိုလည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေး ရှုထောင့် (National Security Point of View)

လူဦးရေ အဆမတန် ထူထပ်နေတဲ့ တိုင်းပြည်ကြီးတွေနဲ့ ပထဝီအနေအထားအရ နယ်နမိတ်ထိစပ်နေတဲ့ ဗမာနိုင်ငံအဖို့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသား လုံခြုံရေး ပြဿနာ အမြင် လို့ မြင်နေကြသူတွေရဲ့ စိုးရိမ်မှု နဲ့ သဘောကို နားလည် လက်ခံပါတယ်။ လူဦးရေးတိုးပွားနှုန်းလည်း မြန်တဲ့ လူမျိုးကွဲ/ဘာသာခြား တွေဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသားရေး / လူမျိုး / ဘာသာ သာသနာ စတဲ့ ရှုထောင့်က ကြည့်ချင်သူများလည်း ကြည့်လို့ရပါတယ်။ ကန့်ကွက်စရာ မရှိပါ။ ဒါပေမယ့် အားလုံး (အဲ့လိုမြင်သူ/မမြင်သူ) နားလည် လက်ခံထားရမှာက အဲဒီ ရှုထောင့် တခုထဲကနေ မြင်..၊ သုံးသပ်..၊ ကောက်ချက်ချ..၊ သဘောထုတ်ပြီး ဒီပြဿနာဟာ ဖြေရှင်းလို့ မရတာကိုပါ။ အလားတူ သဘောပဲ လူ့အခွင့်အရေး စံနှုန်း တခုထဲနဲ့လည်း မြင်လို့..၊ ရှင်းလို့ မရတာလည်း အားလုံး လက်ခံရပါ့မယ်။ ဆိုတော့ ဒီ နှစ်ခု ကြားချ ရမှာပါ။ ကြားချရင် ဘယ်ကိစ္စကို ရှေ့တန်းတင် စဉ်းစားရမလဲဆိုတော့ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ စတဲ့ အဂတိ လေးပါး နဲ့ ကင်းလွတ်ပြီး ဖြောင့်မတ်မှန်ကန်တရားမျှတမှုတခုတည်းဘက်ကသာ ရပ်တည်တဲ့ တရားဥပဒေ အတိုင်း ဖြစ်ရမှာပေါ့ ဆိုတာကို အခြေခံ စဉ်းစားမှသာ ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံသား ဥပဒေ (Citizenship Law)

တရားဥပဒေ အတိုင်းပဲ ဖြစ်ရမယ် ဆိုခဲ့တော့ လက်ရှိ တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေ ရဲ့ ဖြစ်ပေါ်လာပုံ နဲ့ သူရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ပထမဦးဆုံး ဆန်းစစ်ဖို့ လိုလာပါတယ်။ ဒီသဘောဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ပြည်တွင်း၊ ပြည်ပက မြန်မာ/နိုင်ငံခြားသား ဥပဒေ ပညာရှင်တွေလည်း ရိုဟင်ဂျာ ပြဿနာကို ပြောတိုင်း ထောက်ပြလေ့ရှိတဲ့ သဘောပါပဲ။

၁၉၇၈ မဆလ အစိုးရ ခေတ် မှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ဖြစ်လာမယ့် ဥပဒေကြမ်း ကို အဓိက ကိုယ်တိုင် ပါဝင် ညှိနှိုင်းဆွေးနွေးရေးဆွဲခဲ့တယ်လို့ မဆုံးခင် ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ သမိုင်းပညာရှင် ဒေါက်တာအေးကျော် ရဲ့ ဧရာဝတီ (၂၀၀၉) တွေ့ဆုံးမေးမြန်းခန်းအရဆို နိုင်ငံသား ဥပဒေ အတွက် အလိုအလျာက် နိုင်ငံသားဖြစ်ခွင့် ကိစ္စ ကို သူ (ဒေါက်တာ အေးကျော်) ရယ်၊ ဒေါက်တာ မောင်မောင် ရယ်၊ ဦးစံသာအောင် ရယ် အဓိက ဆွေးနွေးပြီး ဥပဒေကြမ်း ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ဌာနေတိုင်းရင်းသား သဘော အလိုအလျောက် နိုင်ငံသား အသိအမှတ်ပြုမှုကို ဒေါက်တာအေးကျော် က (၁၈) ရာစုခေတ် ဘိုးတော်ဘုရားလက်ထက်မှာ ထုတ်ပြန်ဖူးခဲ့တဲ့ သန်းခေါင်စာရင်း မှတ်တမ်းကို အခြေခံဖို့ ပထမ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို ဒေါက်တာ မောင်မောင်က တအားစောလွန်းတယ်လို့ မြင်လို့ (၁၉) ရာစု ဗြိတိသျှ စ အဝင် ကိုလိုနီ ဖြစ်ခဲ့တဲ့ အချိန်ကို အခြေခံပြီး ဌာနေတိုင်းရင်းသား အဖြစ် အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်ပြဋ္ဌာန်း ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

ဆွဲခဲ့တဲ့ ဆိုတဲ့ ပညာရှင်ကြီးတွေရဲ့ ပညာ၊ ဥာဏ် ကို စာရေးသူအနေနဲ့ အငြင်းပွားစရာမရှိပါ။ သူတိုရဲ့ သမာဓိ ကို လည်း နောက်ခံ အခြေအနေ၊ အနေအထားတွေကြောင့် ထောက်ပြချင်ရင် ထောက်ပြလို့ရပေမယ့် ခုအချိန်မှာ မထောက်ပြလိုပါ။ ဒါပေမယ့် အခုလို ရှေးရာစုနှစ်ပေါင်း များစွာကတည်းက လူမျိုးပေါင်းစုံ မှီတင်းနေထိုင်နေလာခဲ့တဲ့ တိုင်းပြည် တပြည်ရဲ့ အရေးကြီးဆုံးကိစ္စကို နှစ်ယောက်တပိုင်းနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့ ပုံစံ၊ ဖြစ်စဉ်၊ သဘောကို မေးခွန်းထုတ်ဖို့ လိုတယ်..၊ ပြန်လည်စီစစ်ဖို့ လိုတယ်.. လို့ ယူဆပါတယ်။

(၁၉၈၂) နိုင်ငံသားဥပဒေ နဲ့ ၂၀၀၈ အခြေခံဥပဒေ ပါ နိုင်ငံသားဖြစ်ခွင့် သဘောကို ဥပဒေ သဘော၊ ဥပဒေပညာ ရှုထောင့် က သုံးသပ်ရင်လည်း လွတ်လပ်ရေးခေတ်ဦးကတည်းက ပြဋ္ဌာန်း သုံးစွဲလာခဲ့တဲ့ ရှင်းလင်းတဲ့ အခြေခံဥပဒေ ပါ နိုင်ငံသား ဥပဒေတွေကို ဖျက်သိမ်းပြီး ဥပဒေ စည်းမျဉ်းအရ မဟုတ်ဘဲ အစိုးရ အာဏာပိုင် တသဘောတည်း အလိုကျ အမျိုးမျိုး လိုသလို ပုံဖော် ဆောင်ရွက်နိုင်နေမှု၊ နိုင်ငံသားပြုခံပြီး နိုင်ငံသားဖြစ်စေတဲ့ ဥပဒေ ရဲ့ အားနည်းပြီး လိုသလို စီမံ ဆုံးဖြတ်ခွင့် ရနေမှု၊ ဗမာနိုင်ငံက နိုင်ငံတကာမှာ တရားဝင် ပါဝင် လက်မှတ်ထိုး သဘောတူညီထားတဲ့ လူ့အခွင့်အရေး နဲ့ ကလေး အခွင့်အရေး ပြဋ္ဌာန်းချက်တွေနဲ့ လက်ရှိတည်ဆဲ နိုင်ငံသား ဥပဒေ နဲ့ အခြေခံဥပဒေ ပါ အချက်အလက်တွေဟာ သဟဇတ မဖြစ် (Conflict) ဖြစ်နေတာတွေလည်း ရှိနေပါတယ်။

[စကားချပ် - ဥပဒေ ရှုထောင့် က သုံးသပ်မှု ကို ရည်ညွှန်းပါ ဥပဒေ ပညာရှင် ဦးအောင်ထူး ရဲ့ ဆောင်းပါး (ညွှန်း-၂) နဲ့ ဘီဘီစီ ဆွေးနွေးခန်း (ညွှန်း-၃) တွင် ဆက်လက်ရှုပါ။

မွေးရာပါ လူ့အခွင့်အရေး အခြေခံ သဘောအရ နိုင်ငံသား ဖြစ်ခွင့် ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅-၁) (ညွှန်း-၄) မှာ ဆက်လက် လေ့လာပါ။ မွေးရာပါ ကလေးသူငယ် အခွင့်အရေး နိုင်ငံသား ဖြစ်ခွင့်ကို အများပြည်သူ့ရေးရာ နှင့် နိုင်ငံ့ရေးရာ အခွင့်အရေး နိုင်ငံတကာ သဘောတူစာချုပ် ပုဒ်မ (၂၄-၃) (ညွှန်း-၅) မှာ ရှုပါ။ ကုလသမဂ္ဂ ကလေးအခွင့်အရေး နိုင်ငံတကာ ဥပဒေ ပုဒ်မ(၇-၁) (ညွှန်း-၆) မှာ ကြည့်ပါ။]

စာရေးသူ တဦးတည်း အမြင်အရ အထက်မှာ ဆိုခဲ့တဲ့ ဥပဒေ ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ အားနည်းမှု၊ နိုင်ငံတကာ မှာ သဘောတူထားတဲ့ လူ့အခွင့်အရေး စံနှုန်း ကတိကဝတ်တွေနဲ့ လက်ရှိပြည်တွင်း ဥပဒေတွေ ကိုက်ညီမှု မရှိမှု ဖြစ်နေတာတွကို လက်ရှိ အစိုးရ နဲ့ ဥပဒေပြုလွှတ်တော်က အလေးအနက်ထား စဉ်းစားသင့်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို အချိန်အတိုင်းအတာ တခုအတွင်းမှာ လုပ်သင့်တယ်လို့ ယူဆပါတယ်။ ခုလောလောဆယ်အနေနဲ့ကတော့ လက်ရှိ အစိုးရ နဲ့ ရခိုင်/မြန်မာ သမိုင်း ပညာရှင်များ လည်း သဘောတူထားတဲ့ ကိုလိုနီစဖြစ်မှု (၁၈၂၄-၂၆ CE) နဲ့ အတူ ဘင်္ဂါလီ (ရိုဟင်ဂျာ) အများအပြား လာရောက် အခြေချနေထိုင်လာခဲ့တယ် ဆိုတဲ့ သဘော နဲ့ တည်ဆဲ (၁၉၈၂) နိုင်ငံသားဥပဒေ ရဲ့ နိုင်ငံသားပြုခွင့် အရ ရာစုနှစ်ပေါင်းများစွာ မေယု နယ်ခြား ဒေသမှာ အခြေချနေထိုင်လာခဲ့တဲ့၊ တနည်းအားဖြင့် ၁၉၄၈ မတိုင်မီ (ကိုလိုနီခေတ်အတွင်း) ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဝင်ရောက် အခြေချ လာခဲ့တဲ့ ရိုဟင်ဂျာတွေ ရဲ့ လက်ရှိ မျိုးဆက်တွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးခြင်းဖြင့် ဒီရိုဟင်ဂျာ ပြဿနာကို အလျင်အမြန် ဖြေရှင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လာမှု (Return of Rohingyar Refugees from Bangladesh)

အထက်မှာ ဆိုခဲ့သလို ဥပဒေ အရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား ပေးဖြေရှင်းသင့်တယ်လို့ အကြံပြုတော့ (အထက်မှာ ဆွေးနွေတင်ပြခဲ့သမျှ ခေါင်းစဉ်တွေကိုလည်း လက်မခံနိုင်တဲ့) လူတချို့က စာရေးသူအပေါ် အမြင်တမျိုး မြင်နိုင်ပါတယ်။ ဒါကြောင့် ဥပဒေ သဘော မဟုတ်ဘဲ အခြား မြင်လွယ်တဲ့ အကြောင်းပြချက် တခုပေးရရင် ရိုဟင်ဂျာတွေကို အစဉ်အဆက် ဖိနှိပ်ခဲ့တဲ့ ယခင် စစ်အစိုးရကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ ဗမာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုရတော့ တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဒုက္ခသည် အနေနဲ့ ခိုလှုံ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူပြီး လှုဝင်မှုကြီးကြပ်ရေးက စီစစ်ပြီး ပြန်လည် လက်ခံခဲ့ရတာဟာ ယခင် စစ်အစိုးရခေတ်တလျှောက် အကြိမ်ပေါင်းများစွာ ပါ လို ဆိုပါရစေ။

ဥပမာ ဆိုရရင် ၁၉၉၆ ခုနှစ် မေလ (၁၊ ၂၂၊ ၃၀) ရက် ထုတ် စစ်အစိုးရ အင်္ဂလိပ် သတင်းစာ “The New Light of Myanmar” များပါ တရားဝင် သတင်းထုတ်ပြန် ချက် များ အရ ၁၉၉၂ ခုနှစ် က နေ ၁၉၉၆ မေလ ၂၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း (၁၉၈,၄၃၅) ယောက်ကို ကရင်ချောင်း ပြန်လည်လက်ခံရေး စခန်းအပါအဝင် အခြား ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေးစခန်းပေါင်းစုံကနေ ပြန်လည် လက်ခံခဲ့ကြောင်း သိရှိနိုင်ပါတယ်။

[စကားချပ် - ၁၉၉၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြန်လည် လက်ခံခဲ့မှုကိုလည်း ဘီဘီစီ သတင်းတပုဒ် (ညွှန်း-၇) တွင် နမူနာ ဖတ်ရှုနိုင်ပါတယ်။]

ပညာ၊ လူမှု၊ စီးပွား ဖွံ့ဖြိုးရေး အစီအစဉ်များ (Education, Social and Economics Development Programmes)

အခု မေယုနယ်ခြားဒေသမှာ နေထိုင်နေတဲ့ နိုင်ငံသား ရိုဟင်ဂျာတွေနဲ့ အခြား ဌာနေတိုင်းရင်းသား ရခိုင် အပါအဝင် လူမျိုးစု တွေ အတူယှဉ်တွဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့၊ အနာဂတ်မှာ အတူနေ လူမျိုးကွဲ အုပ်စုချင်း ပဋိပက္ခ တွေ နည်းဖို့က ပညာရေး၊ လူမှုရေး နဲ့ စီးပွားရေး တပြေးညီ ဖွံ့ဖြိုးမှ ဖြစ်မှာဖြစ်တဲ့အတွက် ဒီလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နိုင်ငံတကာ အကူအညီ၊ မိတ်ဆွေ မွတ်ဆလင် နိုင်ငံတွေက ထောက်ပံ့မှုတွေနဲ့အတူ လူမျိုး/ဘာသာ မခွဲ အစိုးရ၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးပါတီတွေက သမာသမတ်ကျကျ ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီသဘောကို ခု လက်ရှိ သမ္မတလည်း သဘောတူတယ်လို့ သူရဲ့ ဗွီအိုအေ အင်တာဗျူး အရ ယူဆရပါတယ်။

အရင်ခေတ်စစ်အစိုးရ လက်ထက် ကျင့်သုံးခဲ့တဲ့ ရိုဟင်ဂျာတွေကို ပညာသင်ကြားခွင့်၊ ကျန်းမားရေး စောင့်ရှောက်ခံယူခွင့်၊ အိမ်ထောင်ပြုခွင့်၊ ကိုယ်ဝန်ဆောင်ခွင့်၊ ကလေးမီးဖွားခွင့်၊ ခရီးသွားလာခွင့် ကန့်သတ် စတဲ့ အမျိုးမျိုးဖိနှိပ်မှုတွေ၊ ပြည်မက ရာဇဝတ်သားဟောင်းတွေကို အဲ့ဒေသတွေမှာ စံပြကျေးရွာဆိုပြီး အတင်း တည်ထောင်၊ ထောက်ပံ့မှုမျိုးစုံ ပုံအောပေး၊ အစိုးရ အရာရှိ ဗိုလ်ချုပ်ကြီးတွေ ချောင်းပေါက်မတတ်သွားပြီး မညီမျှတဲ့ သဘောထားတွေနဲ့ ရပ်ရွာဒေသ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်မှုတွေဟာ ဒီ ရိုဟင်ဂျာ ပြဿနာ ကို မီးဆက်တောက်စေတဲ့ သဘောတွေသာ ဖြစ်တယ်ဆိုတာ လက်ခံသဘောပေါက်ပြီး လူ့ကျင့်ဝတ်၊ သိက္ခာ ရှိရှိ၊ ဒီမိုကရေစီ သဘောအရ လူ့အခွင့်အရေး ပြည့်ပြည့်ဝနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လူမျိုး/ဘာသာ ထည့်မစဉ်းစားဘဲ နှစ်ဘက်စလုံး မျှမျှတတ တပြေးညီ ဆောင်ရွက်မှ ရေရှည် ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းတဲ့ ဒေသ နဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

မတူညီတဲ့ လူမျိုးအုပ်စုနှစ်ခု သံသယတွေနည်း၊ အမုန်းတွေ လျော့၊ ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေဖို့ကလည်း နှစ်ဘက် လူမှုရေး အသင်းတွေ (ဥပမာ – ရခိုင် အသင်း၊ ဗမာ-မွတ်ဆလင် အစည်းအရုံး) နဲ့ နိုင်ငံရေးပါတီ (ဥပမာ – RNDP) တွေက နှစ်ဘက်အုပ်စု ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတွေ၊ လူမှုရေး လုပ်ငန်း ပူးပေါင်း လုပ်ဆောင်မှုတွေ၊ လူထုပညာပေး ဟောပြောပွဲတွေ စတဲ့ လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်ပေးဖို့ လိုပါတယ်လို့ စာရေးသူအနေနဲ့ အကြံပြုချင်ပါတယ်။

အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ (Other Related Matters)

လူမျိုး၊ မျိုးရိုးဗီဇ နဲ့ ရာဇဝတ်မှု (Race, Genetic and Crime)

ဒီခေါင်းစဉ် ထည့် ရေး ရခြင်းဟာ လတ်တလော ရခိုင်ဒေသ မတည်ငြိမ်မှု ဖြစ်စဉ် အစဖြစ်တဲ့ ဒေသခံ အမျိုးသမီးငယ်တယောက်ကို သားမယားပြုကျင့်၊ လူသတ်၊ ပစ္စည်းယူ ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်စဉ် ဖြစ်ပြီးစ အချိန်မှာ အဲဒီ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ လူမျိုးကွဲ/ဘာသာခြား လူတစု နဲ့ ပတ်သက်ပြီး စာရေးသူ အွန်လိုင်း မှာ ဖတ်ရှုလိုက်ရဖူးတဲ့ “ကိုယ့်အိမ်လည်း လာနေသေးတယ်၊ အိမ်ရှင်ကိုလည်း စော်ကား တဲ့ လူမျိုး နဲ့ ဒီလို အကျင့် စရိုက်ဆိုးတွေ ရှိတဲ့ လူမျိုးအနွယ် တွေကို ဘာအတွက်မှ လက်သင့်ခံစရာ မလိုဘူး” ဆိုတဲ့ မှတ်ချက် စကားကြောင့်ပါ။

မှတ်ချက်ပြုသူဟာ ဘယ်သူဆိုတာ အခု နာမည် မဖော်ဘဲနဲ့ သူရဲ့ ပင်ကိုယ်အရည်အသွေး၊ ဝါသနာ နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်ကို ဖော်ပြရင်ကို လူအများ ရိပ်မိနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ချက်ပြုသူကို ပုဂ္ဂိုလ်ရေး ဝေဖန် ရှုံ့ချ အပြစ်တင်လိုစိတ်မရှိဘဲ သူထောက်ပြတဲ့ အချက်ကိုသာ ဒီမှာ ရှင်းလိုတဲ့ အတွက် ယေဘုယျ သဘောအနေနဲ့ သူဟာ ပင်ကိုယ်အရည်အချင်းကြောင့် လူအများအကြား တိုင်းသိပြည်သိ ထင်ရှားတဲ့ (အွန်လိုင်း ထင်ရှားတာ မဟုတ်ပါ) ခေတ်ပညာတတ် အမျိုးသမီးတဦး ဖြစ်ပါတယ်လို့ပဲ ဆိုပါရစေ။ အထက်ပါ မှတ်ချက်ပြုချိန်မှာ အဆိုပါ အမျိုးသမီးကြီးဟာ အမျိုးသမီးချင်းကိုယ်ချင်းစာ စိတ်နဲ့ ဒီလို မှတ်ချက်မျိုးပြုမိတယ်ဆိုတာ ယုံမှား သံသယလည်း မရှိပါ။ စာရေးသူကိုယ်တိုင်လည်း အထက်ပါ ရာဇဝတ်မှု သတင်းကို ကြားရတော့ ဝမ်းနည်းစိတ်ပျက် ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီလို အဖြစ်အပျက်ဟာ စိတ်ခံစားမှု တခုတည်းအရ လူသိရှင်ကြား ပြန်လည် မှတ်ချက်ပြုလို့ ရတဲ့ ကိစ္စမျိုးမဟုတ်ပါ။ ဦးနှောက်မှာ ရှိတဲ့ အသိဥာဏ်နဲ့ ဆင်ခြင်ပြီးမှ ဆုံးဖြတ် ဝေဖန် မှတ်ချက်ပြုမှ ဖြစ်မှာမို့ပါ။ အကြောင်းက ကမ္ဘာ မှာ နိုင်ငံတကာက လူမျိုးစု တွေ နဲ့ ရာဇဝတ်မှု ဆက်နွယ်မှုကို သိပ္ပံနည်းကျ သုတေသနလုပ် စာရင်း တွေ ထုတ်ပြန်လေ့လာကြပေမယ့် လူမျိုး နဲ့ ရာဇဝတ်မှု ရဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုကို သက်သေ သာဓက ကောင်းကောင်းပြစရာ မရှိတဲ့ အတွက်ဖြစ်ပါတယ်။ ဘယ်လူမျိုး တမျိုးကတော့ဖြင့် ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ ပိုရှိတယ်လို့ တသမတ်တည်း ဧကံ ကောက်ချက်စွဲလို့မရလို့ပါ။ ရာဇဝတ်မှု ကျူးလွန်သူ လူတဦးချင်း ကို လေ့လာရာမှာလည်း ဒီလူဟာ မျိုးရိုးဗီဇ ကြောင့် ဒီလိုရာဇဝတ်မှု ကျူးလွန်ခဲ့တာပါလို့ မုချ ပြောလို့ မရဘဲ သူ့ရဲ့ ပညာ အခြေခံ၊ ဘဝဖြတ်သန်းခဲ့မှု မိသားစု နောက်ခံ အခြေအနေ နဲ့ နေထိုင် ကြီးပြင်း ခဲ့ရာ ပတ်ဝန်းကျင် စတာတွေက ပို အဓိက ကျ တာ တွေ့ရလို့ဖြစ်ပါတယ်။ လူမျိုးစုတွေ လိုက်မှာလည်း ဒီလို တသဘောတည်းဖြစ်တဲ့ အဲဒီ လူမျိုးစု နေထိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေ စိုးမိုးမှု၊ ပညာရည် မြင့်မားမှု၊ လူမှု စီးပွား အခြေအနေတွေကသာ ရာဇဝတ်ဖြစ်နှုန်းနဲ့ ပိုဆက်စပ် နှီးနွယ် အကျိုး၊ အကြောင်းရှာ လို့ ရလို့ဖြစ်ပါတယ်။

ဆိုတော့ကာ အထက်ပါ ရာဇဝတ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သူတွေဟာ ရိုဟင်ဂျာ ဖြစ်စေအုံးတော့ ဒါဟာ သူတို့ လူမျိုးအလိုက် သဘောလို့ ယူဆလို့ မရဘဲ လူတဦးချင်းသဘောနဲ့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေ စိုးမိုးမှု အပါအဝင် အစစ အရာရာ အားနည်းချက်တွေကြောင်လို့သာ ဆိုနိုင်ပါတယ်။ အရင် တနှစ်က ကျောက်ပန်းတောင်း မှာ ဂျပန် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးငယ် ကို မုဒိမ်းကျင့် လူသတ်ခဲ့တဲ့ (ကို) မင်းသိုက် ဟာ မြန်မာ လူမျိုး နဲ့ ဗမာနိုင်ငံ တခုလုံးကို ကိုယ်စားမပြုတဲ့ သဘောပါပဲ။ စာရေးသူ တဦးတည်း အမြင် နဲ့ သက်သေ အထောက်အထား ထပ်ပြရရင်လည်း ဗမာပြည် က နှစ်စဉ် ရာဇဝတ်ဖြစ်ပွားတဲ့ နှုန်းနဲ့ ရိုဟင်ဂျာ တွေ နဲ့ မျိုးနွယ် တူ (သို့) ဘာသာတူ အခြား အိမ်နီးချင်း နဲ့ ကမ္ဘာ့ အနှံ့အပြား နိုင်ငံတွေက ရာဇဝတ် ဖြစ်ပွား နှုန်းတွေကိုသာ နှိုင်းယှဉ်ကြည့်ကြပါလို့ ဆိုချင်ပါတယ်။ အဲဒီလို လေ့လာကြည့်ရင် နိုင်ငံတွေရဲ့ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှု၊ ပညာအရည်အချင်း မြင့်မားမှု၊ လူမှု၊ စီးပွား အချက်တွေ ကြောင့်သာ ရာဇဝတ်ဖြစ်နှုန်း အနည်း/အများ က သက်ဆိုင်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်မယ် ဖြစ်ပါတယ်။

နောက်ဆုံးတချက် ထောက်ပြ လိုတာကတော့ ရာဇဝတ်မှု သဘောတွေမှာ လူမျိုး၊ မျိုးရိုး၊ ဗီဇ နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အမျိုးအစား သတ်သတ်မှတ်မှတ်ခွဲခြားလို့ မရပေမယ့် လူမျိုး၊ ဘာသာ၊ အသားအရောင် ကွဲပြားမှုကို အခြေခံ တဲ့ အစွဲတွေ၊ မုန်းတီးမူတွေကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ အမုန်းကြောင့်ဖြစ်တဲ့ ရာဇဝတ်မှု (Hate Crime) ကတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အကြောင်း၊ သိပ္ပံနည်းကျ ရှာဖွေ ဖော်ထုတ် သတ်မှတ်ထားနိုင်ကြောင်းပဲ ဖြစ်ပါတယ်။

ရခိုင် ဒေသ မွတ်ဆလင် အခြေချမှု(Muslim Settlement in Arakan State)

ဒီခေါင်းစဉ် ထည့်ရေးရခြင်းက (၈၈) မျိုးဆက် ကျောင်းသား တယောက် သူရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ သူတို့ အဖွဲ့ရဲ့ ရခိုင်ဒေသ လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေ တင်ထားတဲ့ အထဲက တွေ့မိတယ် ဓာတ်ပုံ တပုံကြောင့်ပါ။ အဲဓာတ်ပုံမှာ စစ်တွေ ဒေသအတွင်း စားသောက်ဆိုင်တွေမှာ အရင် ကုလား မုန့် မျိုးစုံ လုပ်ပေးနေတဲ့ မွတ်ဆလင် တွေ ခု ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် ထွက်ပြေးခဲ့ရလို့ မုန့်လုပ်မယ့်သူ မရှိတော့အတွက် ဒေသခံ ရခိုင် လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတွေက ဒေသခံ ရခိုင်လူမျိုးတွေကို မုန့်မျိုးစုံ လုပ်နည်း သင်တန်း ပေးမယ် လို့ ကြော်ငြာထားတဲ့ ဆိုင်းဘုတ် ဓာတ်ပုံ ပါ။

ဒေသခံ ရခိုင် လူမျိုးတွေထဲက အခြေခံလူတန်းစားတွေ အလုပ်အကိုင် အခွင့်အရေးတွေ ရဖို့၊ အသက်မွေးဝမ်းကြောင်း ပညာတွေ တတ်ကျွမ်းဖို့ လိုပါတယ်။ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ ဒေသခံ အစိုးရက ကြိုးစားဖော်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ အလားတူပဲ အဲ့ဒေသတွေမှာ ရာစုနှစ်တွေချီ အခြေချနေထိုင်နေတဲ့ ဗမာနိုင်ငံသား မွတ်ဆလင် တွေမှာလည်း ဒီအခွင့်အရေးမျိုး ခံစား ရရှိရပါမယ်။ တဘက်ကို ထမင်းအိုးတည်ပေးဖို့ကြိုးစားချင်လို့ အခြားတဘက်ကို ထမင်းအိုးခွဲတာမျိုး မဖြစ်ရအောင် သတိပြု ရှောင်ကြဉ်ရပါမယ်။

ဆိုခဲ့တဲ့ ဓာတ်ပုံ က စာရေးသူ ကို အတွေးတွေ အများကြီး ဖြစ်ပေါ်စေခဲ့တဲ့အတွက် မွတ်ဆလင် တွေ ရခိုင် ဒေသ မှာ လာရောက် အခြေချဖြစ်ပုံ သမိုင်းအချက်အလက်တွေထဲက အားလုံးလက်ခံနိုင်မယ့် အငြင်းပွားဖွယ်ရာနည်း အချက်တချို့ကို ချပြပါမယ်။

ရခိုင်/မြန်မာ သမိုင်း ပညာရှင် များလည်း လက်ခံနိုင်တဲ့ သဘောအရဆိုရရင် ရခိုင်ဒေသမှ မွတ်ဆလင် တွေကို လေးမျိုး ခွဲနိုင်ပါတယ်။

(၁) အခု အငြင်းပွားဖွယ်ဖြစ်နေတဲ့ စစ်တကောင်း ဘင်္ဂါလီ အဆက် မေယူနယ်ခြားဒေသအခြေစိုက် ရိုဟင်ဂျာက မွတ်ဆလင် အုပ်စုတစု ဖြစ်ပါတယ်။

(စကားချပ် – စာရေးသူ လက်လှမ်းမီ နားလည် သလောက် အခု ရခိုင်/မြန်မာ သမိုင်း ပညာရှင် များ ရိုဟင်ဂျာ ကိစ္စ အငြင်းပွားနေတာဟာ လူမျိုးနာမည် နဲ့ ဌာနေတိုင်းရင်းသား မဟုတ်ဘူးဆိုတာသာ ဖြစ်ပါတယ်။ ဥပေဒ အရ တရားဝင် နိုင်ငံသားဖြစ်ခွင့် ရှိသူတွေ နိုင်ငံသား ဖြစ်ခြင်း၊ ပေးခြင်း၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရခြင်းကို ငြင်းနေကြတာ၊ ကန့်ကွက်နေကြ မဟုတ်ဘူးလို့ နားလည်ထားပါတယ်။)

(၂) ရခိုင် ဘုရင် မင်းစောမွန် (King Narameikhla) (၁၄၀၄-၁၄၃၄ CE) က မြန်မာ (ဗမာ) ဘုရင်လက်အောင်ကျရောက်နေတဲ့ ရခိုင်နိုင်ငံကို ဘင်ဂေါလ် နယ် ဘင်္ဂါလီ ဆူလတန် ဘုရင် (Sultanate of Bengal) အကူအညီ နဲ့ (၁၄၃၀ CE) မှာ ပြန်လည် သိမ်းပိုက်ပြီး ရခိုင်ဘုရင့်နိုင်ငံတော် မြောက်ဦး မင်းဆက် (၁၄၃၀-၁၇၈၄ CE) ကို စတင် တည်ထောင်ခဲ့ပါတယ်။ အဲ့လို ပြန်လည် မထူထောင်နိုင်သေးခင် (၂၄) နှစ်ကြာ ဘင်ဂေါလ် နယ် ဆူလတန် ဘုရင် ဆီမှာ အဝေးရောက် ခိုလှုံ (Exile) နေခဲ့ရပါတယ်။ ဆူလတန် အကူအညီ နဲ့ ရခိုင်နန်းဆက် ပြန်ထူထောင်ပြီးတဲ့ အချိန်မှာ ရခိုင်နိုင်ငံဟာ ဘင်ဂေါလ် နယ် ဆူလတန် ဘုရင် လက်အောင်ခံ မိတ်ဆွေ ပဏ္ဍာ နိုင်ငံ အဖြစ်ဆက်တည်ရှိနေခဲ့ရတဲ့အတွက် ရခိုင်ဘုရင်တွေဟာ ဗုဒ္ဓ ဘာသာကိုးကွယ်ပေမယ့် အစ္စလာမ်မစ် ဘွဲ့ တွေခံယူကြပြီး ဘင်ဂေါလ် နယ်သုံး အစ္စလာမ်မစ် ဒင်္ဂါးတွေကိုလည်း ငွေကြေးအနေနဲ့ တရားဝင် သုံးစွဲခဲ့ကြပါတယ်။ ဒီလို အနေအထားဟာ ဘင်ဂေါလ် နယ် ဆူလတန် သြဇာခံ လက်အောင်က လုံးဝလွတ်မြောက်တဲ့ (၁၅၃၁ CE) အထိလို့ ဆိုနိုင်ပါတယ်။ အဲ့နောက်ပိုင်းလည်း အစဉ်အလာအရ ဗုဒ္ဓ ဘာသာဝင် ရခိုင်ဘုရင်တွေဟာ အစ္စလာမ်မစ် ဘွဲ့ နာမည် ခံယူတာတွေ ဆက်ရှိနေပါသေးတယ်။ မြောက်ဦးခေတ်မှာ မင်းစောမွန် ရခိုင်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ အချိန်ကစလို့ အတူပါလာခဲ့တဲ့ မွတ်ဆလင်တွေဟာ ဘုရင့်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ အစဉ်အဆက် နေရာကောင်း အများအပြား ရလာခဲ့ကြပါတယ်။

ဆိုခဲ့တဲ့ မြောက်ဦးမင်းဆက် စတင်တည်ထောင်သူ မင်းစောမွန် ရခိုင် ကို ပြန်လည် သိမ်းပိုက်ရာမှာ ပါဝင် အမှုတော် ထမ်းခဲ့တဲ့ မွတ်ဆလင်စစ်သည်တွေရဲ့ အဆက် မွတ်ဆလင် အုပ်စု က ခု ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ ဒုတိယ အမျိုးအစား တမျိုးဖြစ်ပါတယ်။ သူတို့က လက်ရှိ ရမ်းဗြဲ ကျွန်း(Ramree Island) မှာ အဓိက နေထိုင်ကြပါတယ်။ သူတို့ဟာ ရခိုင် မျိုးနွယ် အုပ်စု ထဲမှာလည်း ထည့်သွင်းဖော်ပြခံရ ပြီး ဌာနေ တိုင်းရင်းသားလည်း အသိအမှတ်ပြုခံရပြီးဖြစ်တဲ့ ကမန်လူမျိုးတွေပါ။

[ စကားချပ် - အစ္စလာမ် ဘာသာဝင် ကမန်လူမျိုးတွေရဲ့ သမိုင်းကို (ညွှန်း-၈) တွင် ဆက်လေ့လာနိုင်ပါတယ်။]

(၃) ရခိုင်ဘုရင့်နိုင်ငံတော် မြောက်ဦး မင်းဆက် (၁၄၃၀-၁၇၈၄ CE) အတွင်းမှာပါ လာရောက် အခြေချနေထိုင်လာခဲ့တဲ့ မွတ်ဆလင် အုပ်စု — သူတို့က လက်ရှိ မြောက်ဦး နဲ့ ကျောက်တော် မှာ အများစု နေထိုင်နေကြပါတယ်။

(၄) မြန်မာ (ဗမာ) ဘုရင် ရခိုင်နိုင်ငံကို နောက်ထပ် နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ (၁၇၈၅ CE) မှာ အတူပါလာတဲ့ ဗမာဘုရင် သစ္စာတော်ခံ စစ်သည်တွေ ဖြစ်တဲ့ အဲ့ခေတ် မြန်မာ (ဗမာ) နိုင်ငံအလယ်ပိုင်း မြေဒူး နယ်က မွတ်ဆလင် အုပ်စုတစု — သူတို့က အခု စစ်တွေ ခရိုင် (Sandoway District) မှာ အခြေချနေထိုင်ကြပါတယ်။

တလင်တမယား စနစ် (Monogamy)

ရိုဟင်ဂျာ ပြဿနာကို အခု လူအများ ပြောကြရင် မယား အများကြီး ယူတဲ့ ကိစ္စ ပါလာတတ်တဲ့ အတွက် ဒီခေါင်းစဉ်ကို ထည့်ရေးခြင်းဖြစ်ပါတယ်။ Monogamy နဲ့ သူနဲ့ ဆက်စပ်တဲ့ Polygamy သဘောမှာ ဆွေးနွေးစရာ အချက်တွေ အများကြီး ဖြစ်တဲ့ အတွက် သီးသန့်ဆောင်းပါး အနေနဲ့ ရေးမှသာ ပြည့်စုံ နိုင်မှာပါ။ အောက်မှာ တင်ပြ ထားတာက အကျဉ်းချုံးပါ။

တလင်တမယားစနစ် မဟုတ်ကြတဲ့ (Polygamy) သဘောဟာ ရိုဟင်ဂျာတွေ၊ မွတ်စလင်တွေ ချည်းပဲ အစဉ်အဆက် ကျင့်သုံးခဲ့တာ မဟုတ်ပါ။ ကမ္ဘာ့ အဝှမ်းက ရှေးဟောင်း လူ့အဖွဲ့အစည်း (လူမျိုး/ဘာသာစုံ) အတော်တော်များများမှာ Polygamy ရဲ့ ပုံစံနှစ်မျိုး ဖြစ်တဲ့ Polygyny (မယားပြိုင်) နဲ့ Polyandry (လင်ပြိုင်) သဘော ရှိခဲ့ကြပါတယ်။ မွတ်ဆလင် ကမ္ဘာက လက်ရှိ ခေတ်သစ်မှာပါ ရှေးရိုးစွဲတဲ့ အလေ့အထတွေကို ကျင့်သုံးဆဲဖြစ်နေတော့ Polygamy ထဲက Polygyny (မယားပြိုင်) ကို လူမှု ထုံးတမ်း အရ နဲ့ တရားဥပဒေ အရ အများစု လက်ခံထားကြပါတယ်။ လက်ခံခြင်းသာ ဖြစ်ပါတယ်။ အိမ်ထောင်တိုင်း လိုက်ကျင့်သုံးတာ မဟုတ်ပါ။ ယေဘုယျ သဘောအနေနဲ့ မွတ်ဆလင် ကမ္ဘာမှာ အိမ်ထောင်ပြုမှုတွေရဲ့ (၁-၃ %) ရာခိုင်နှုန်း မျှကသာ မယားပြိုင်ယူထားတဲ့ အိမ်ထောင်ရေး (Polygamous Marriages) တွေ ဖြစ်ပါတယ်။ မွတ်ဆလင် အများစု ရှိတဲ့ တူရကီ၊ တူနီးရှား၊ အဇာဘိုင်ဂျန်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား နိုင်ငံတွေမှာ ဆို တရားဥပဒေ အရ တလင်တမယား စနစ် သာ ကျင့်သုံးပြီး Polygamy ကို တားမြစ်ထားပါတယ်။ ဘာသာရေး ထုံးတမ်းစဉ်လာတွေ လွှမ်းမိုးမှုကင်းတဲ့ ဆီကူလာ အာရပ် တိုင်းပြည် တခု ဖြစ်တဲ့ လယ်ဘနွန် ဆိုလည်း အလားတူပါပဲ။

တလင်တမယား စနစ် (Monogamy) တရားဥပဒေ သဘော အရ မဖြစ်တာ၊ တနည်းအားဖြင့် Polygamy ကို ဥပဒေ အရ ခွင့်ပြုထားတာကလည်း မွတ်ဆလင် နိုင်ငံတွေ ချည်းပဲလည်း မဟုတ်ပါ။ ဥပမာ ဆို စာရေးသူ တို့ ဗမာပြည်မှာလည်း Polyandry (လင်ပြိုင်) ထားမှုကိုသာ တရားဥပဒေ အရ ကန့်သတ်ထားပြီး Polygyny (မယားပြိုင်) ထားမှုကို ဥပဒေ အရ ခွင့်ပြုထားပါတယ်။ (စကားချပ် – ဗမာ့ လူအဖွဲ့အစည်းမှာ လူမှုထုံးတမ်း အရတော့ Polygamy (မယားပြိုင်/လင်ပြိုင်) ကို ရှုံ့ချပါတယ်။)

ဒါကြောင့် ရိုဟင်ဂျာ နဲ့ Polygamy ကို တွဲစဉ်းစားဖို့ထက် တိုင်းပြည်မှာ အားလုံးတပြေးညီ ဖြစ်အောင်၊ အမျိုးသမီး အခွင့်အရေး အပြည့်အဝရအောင် Polygyny (မယားပြိုင်) တရားဥပဒေ အရ ယူထားနိုင်မှု ကို ပြင်ဖို့ ဥပဒေပြု လွှတ်တော် အမတ်တွေကို ထောက်ပြပြီး ဥပဒေပြဋ္ဌာန်းပေးဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်ရင် တပါတည်း နိုင်ငံအတွင်းရှိ ဘယ်ဘာသာဝင်မဆို နိုင်ငံမှာရှိတဲ့ တရား ဥပဒေ အတိုင်း လိုက်နာ ကျင့်ကြံ ရမှာ ဖြစ်တဲ့ အတွက် Polygyny (မယားပြိုင်) ယူထားနိုင်မှုက ပပျောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဒီမိုကရက်တစ် နိုင်ငံတွေမှာလည်း ဒီလို ဥပဒေ သဘောနဲ့ တားမြစ်ထားတာပါပဲ။ တပါတည်း မိမိ လူ့အဖွဲ့အစည်းမှာ၊ အထူးသဖြင့် မွတ်ဆလင် အသိုင်းအဝန်းမှာ တလင်တမယား စနစ် (Monogamy) ရဲ့ ကောင်းကျိုး တွေ ကို ပညာပေး ရမှာ ဖြစ်ပါတယ်။

ဆက်စပ်တဲ့ ကိစ္စတခုဖြစ်တဲ့ အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ် လက်ထက်မှု (Child Marriage) ဟာလည်း Polygamy လိုပဲ ရှေးဟောင်းခေတ် လူ့အဖွဲ့အစည်းအားလုံး နဲ့ လက်ရှိခေတ် ရှေးရိုးစွဲ လူ့အသိုင်းအဝန်းတွေမှာ ရှင်သန်နေတဲ့ ဓလေ့ တခုပဲ ဖြစ်ပါတယ်။ ဒါဟာလည်း ကမ္ဘာနဲ့ အဝှမ်း မှာ လက်ထပ်နိုင်တဲ့ အသက် ကန့်သတ်ချက် တရားဥပဒေ ထုတ်ပြန်ပြီး ကန့်သတ် ထားပါတယ်။ ဒီလို တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အသက် (Legal Marriage Age) နဲ့ လိင် ဆက်ဆံ နိုင်တဲ့ အသက် (Legal Sex Age) ကို ဗမာပြည်မှာလည်း သတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်တဲ့ အတွက် စိုးရိမ်စရာ မလိုတဲ့ အခြေအနေ ဖြစ်ပါတယ်။

ကလေးမွေးဖွားမှုနှုန်း (Birth Rate)

ရိုဟင်ဂျာ တွေ အကြား ကလေးမွေးဖွားနှုန်းမြင့်မားနေမှုကိုလည်း လူတွေပြောလေ့ရှိလို့ ဒီခေါင်းစဉ်ကို ထည့်ရေးခြင်းဖြစ်ပါတယ်။

မှန်ပါတယ်..။ ရိုဟင်ဂျာတွေဟာ ဘာသာရေး နဲ့ ဆက်နွယ်တဲ့ ရှေးရိုးစွဲ အယူအဆအရ ခေတ်မီ ပဋိသန္ဓေ တားဆီးရေး မှာ အားနည်းကြပါတယ်။ တကယ်တော့ အစ္စလာမ်ဘာသာဝင်တွေ ယုံကြည်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော် အရ စီရင် ရေးသားခဲ့တယ်လို့ဆိုတဲ့ ကုရ်အာန်ကျမ်းမှာ ပဋိသန္ဓေတားခြင်း (Contraception) ဟာ အပြစ် (Sin) ဖြစ်တယ်လို့ တိတိကျကျ ဆိုထားတာမရှိပါ။ အခြားဘာသာ အယူဝါဒတွေမှာလည်း ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ဘာသာတရား အဆုံးအမ ကို အဓိပ္ပာယ် ကောက်ယူ ကျင့်သုံးပုံတွေမှာ ရှေးရိုးစွဲ နဲ့ ခေတ်မီ သူတွေအကြား ဝိဝါဒကွဲနေတဲ့ သဘောသာဖြစ်ပါတယ်။

ယေဘုယျ သဘော အနေနဲ့ ကမ္ဘာ အနှံ့က မွတ်ဆလင် နိုင်ငံတွေဟာ သူတို့ အများစု အသိအမှတ်ပြု လက်ခံတဲ့ အစ္စလာမ် အယူအဆ ပညာရှင်ကြီးတွေ ဆွေးနွေးညှိနှိုင်း သဘောထားထုတ်ဖော် လမ်းညွှန်ချက်အရ ခေတ်မီ ပဋိသန္ဓေတားခြင်း နည်းလမ်းများကို အချက် (၃) ချက် ကန့်သတ်ပြီး ခွင့်ပြုထားပါတယ်။ ကန့်သတ်ချက်တွေဟာလည်း ဖြစ်သင့်တဲ့သဘောတွေဖြစ်တဲ့ (၁) ပဋိသန္ဓေတားခြင်းဟာ လင်မယား နှစ်ယောက်စလုံးရဲ့ သဘော ဆန္ဒ ဖြစ်ရမယ်။ (၂) ပဋိသန္ဓေတားတဲ့ နည်းလမ်းကြောင့် တသက်လုံး မျိုးမပွားနိုင် မြုံသွာတာမျိုး မဖြစ်စေရဘူး။ (၃) ပဋိသန္ဓေ တားဆီးခြင်းကြောင့် လူ့ ခန္ဓာကိုယ်ကို အသက် အန္တရာယ် ထိ ခိုက်မှု မရှိစေရဘူး၊.. ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

အရင် ခေတ် စစ်အစိုးရ အဆက်ဆက် တရားမဝင် ကျင့်သုံးခဲ့တဲ့ ရိုဟင်ဂျာ တွေကို တရားဝင် အိမ်ထောင်ပြုခွင့် မပေးဘဲ ထိန်းချုပ်တဲ့ နည်းဟာ လူသားရဲ့ မွေးရာပါ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်ရာ ရောက်ပြီ်လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု သာ ဖြစ်ပါတယ်။ ဒီလို ရာဇဝတ်မှုပုဒ်မ အကြီးကြီးနဲ့ နာမည်ဆိုးတာသာ အဖတ်တင်ခဲ့ပြီး တကယ် သူတို့ရဲ့ ကလေးမွေးဖွားနှုန်းကို ထိန်းချုပ်နိုင်သလားဆိုတာလည်း ထိရောက်အောင် မထိန်းချုပ်နိုင်ခဲ့ပါ။ သူတို့ နေနေတဲ့ ဒေသ ဗမာပြည်ထဲမှာ အိမ်ထောင်ပြုခွင့်၊ မီးဖွားခွင့် မရတော့ ခိုးပြီး လက်ထပ်ပေါင်းသင်း၊ ကိုယ်ဝန်ရတဲ့အချိန် အာဏာပိုင်တွေသိတော့ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေး၊ ဟိုက ဒုက္ခသည်စခန်းတွေ ဆက်နေထိုင်၊ ကလေးမွေးရင်းနဲ့ လူဦးရေ က များလာတာပဲ ဖြစ်ပါတယ်။ ဒီလူတွေဟာ မိမိနိုင်ငံသားတွေဖြစ်တဲ့ အတွက် တချိန်မဟုတ် တချိန် ပြန်လက်ခံရမှာသာ ဖြစ်တဲ့အတွက် နောက်ဆုံး မိမိ နိုင်ငံမှာပဲ လူဦးရေးမတန်တဆ တိုးပွားလာတာသာ အဖတ်တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေရဲ့ လူ့အဖွဲ့အစည်းမှာ အခြား ကမ္ဘာ့အနှံ့အပြားက ဆင်းရဲတဲ့ မွတ်ဆလင် တိုင်းပြည်တွေမှာ ကျင့်သုံးတဲ့ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်တဲ့ ကလေးမွေးဖွားနှုန်း လျှော့ချရေး အစီအစဉ်တွေဖြစ်တဲ့ ခေတ်မီတဲ့ သားဆက်ခြား ပညာပေးရေး၊ လိင် ပညာပေးရေး တွေကို ဖော်ဆာင်၊ ပဋိသန္ဓေတားဆီးရေး နည်းနာ တွေကို သင်ကြားပြသ ပညာပေးရင်းနဲ့ ဘာသာရေးအရလည်း တရားဝင် ခွင့်ပြုထားတဲ့ အကြောင်း ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ တွေ လုပ်ပေးခြင်းဖြင့် ကလေးမွေးဖွားနှုန်းကို ထိန်းနိုင်ပါတယ်။

ဗမာနိုင်ငံသား မွတ်ဆလင် များ (Burmese-Muslim)

ယခု ဗမာ့လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ လူမျိုး/ဘာသာ မတူသူ အုပ်စုတွေ အကြား တိုးပွားနေတဲ့ သံသယ တွေ အမုန်းတွေကို ပပျောက်ဖို့က လက်ရှိ ဗမာပြည်မှာနေထိုင်နေတဲ့ ဗမာနိုင်ငံသား မွတ်ဆလင် များရဲ့ တုန့်ပြန်ဆောင်ရွက်ပုံ နဲ့ ခံယူချက် မှန်ဖို့လည်း လိုပါတယ်။ ရှေးဘိုးဘွားအဆက်က ဘယ်လူမျိုးက ဆင်းသက်လာခဲ့ပစေ လက်ရှိ ဗမာနိုင်ငံသား အနေနဲ့ နေထိုင်နေတဲ့ မွတ်ဆလင်များ (ရိုဟင်ဂျာ၊ အခြား ရိုဟင်ဂျာ မဟုတ်တဲ့ အိန္ဒိယ၊ အာဖဂန်၊ အာရပ်၊ ပါရှန် အနွယ်အားလုံး) ဟာ နိုင်ငံရဲ့ အမျိုးသားရေး စိတ်ဓာတ် ကို မိမိကိုယ်၊ စိတ်၊ နှလုံး မှာ တိုးပွားရှင်သန်အောင် ကျင့်ကြံအားထုတ်ဖို့ လိုပါတယ်။ ဒီ အမျိုးသားရေးဟာ အမျိုး/ဘာသာ/သာသနာ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးစွဲ၊ ဘာသာစွဲ အပေါ်မှာ အခြေမခံဘဲ ကျယ်ပြန့်တဲ့ နိုင်ငံသား အားလုံး၊ လူမျိုး/ဘာသာ အားလုံး၊ တိုင်းရင်းသား အားလုံး သဘောဆောင်တဲ့ နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ် အပေါ် အခြေခံ မြင်နိုင်ဖို့ လိုပါတယ်။ ဒီလို မြင်နိုင်ဖို့၊ ဒီလို အားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေး၊ တနည်းအားဖြင့် နိုင်ငံ/တိုင်းပြည် ချစ်စိတ် ရေးသဘောကို မြန်မာ အပါအဝင် အခြား တိုင်းရင်းသားအားလုံးနဲ့ ဗမာနိုင်ငံသား၊ ဗမာနိုင်ငံဖွား တရုတ်တွမှာလည်း မြင်နိုင်၊ ခံယူကျင့်ကြံနိုင်ဖို့ လိုပါတယ်။

နောက်တခုက ဗမာ-မွတ်ဆလင် အသိုင်းအဝန်းအနေနဲ့ အခြား မွတ်ဆလင် မဟုတ်သူတွေကြားမှာ ပေါ်ပေါက်နေတဲ့ အထင်မြင်လွဲမှား သံသယ ရှိနေမှုတွေ၊ မသိနားမလည်လို့ အကြမ်းဖက်ဝါဒ နဲ့ ငြိမ်းချမ်းတဲ့ အစ္စလာမ် ဝါဒ ကို ရောထွေး အထင်မှား၊ အမြင်မှားဖြစ်ကာ အစ္စလာမ် အကြောက် ရောဂါ (Islamophobia) ဝင်နေသူများကို အပြစ်လို့ တထစ်ချ မသတ်မှတ်၊ မမြင်ဘဲ အစ္စလာမ် ဘာသာ နဲ့ အကြမ်းဖက်မှု မပတ်သက်တဲ့ အကြောင်းကို ရှင်းပြတဲ့ ဟောပြောပွဲတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု အခြေခံ ဗဟုသုတ၊ အမြင် ဖလှယ်ပွဲတွေ၊ ကို အင်တိုက်အားတိုက် လုပ်ကိုင်ခွင့်ရဖို့ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။

နောက်တချက်က အစ္စလာမ် ဘာသာရေး သင်တန်းကျောင်းတွေမှာ ရှေးရိုးစွဲ လူတစုနဲ့ဘာသာရေးခေါင်းဆောင် တချို့က ပြင်းထန်တဲ့ ရှေးရိုးစွဲ အယူဝါဒ တွေ မသင်ကြားနိုင်စေဖို့၊ အကြမ်းဖက်ဝါဒ တိုးပွားစေတဲ့သဘောတွေ မဟောပြောနိုင်စေဖို့ကိုလည်း ဗမာ-မွတ်ဆလင် အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ် အပါအဝင် ဘာသာပေါင်းစုံ ပါဝင်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကို ဘာသာရေး သင်တန်းကျောင်းတွေကို လေ့လာဖို့ ဖိတ်ခေါ်ပြီး ခေတ်မီ လွတ်လပ်၊ မျှတ၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ အညီ စစ်မှန်တဲ့ ဘာသာရေး စာပေ သက်သက် သင်ကြားနေတာသာဖြစ်ကြောင်း၊ အစ္စလာမ် သာသနာ ကို အဓမ္မ သဘောနဲ့ ဖြန့်ဖြူးဖို့ (Islamisation) သင်ကြားပေနေတာ မဟုတ်ကြောင်း၊ ရှေးရိုးစွဲ ပြင်းထန်တဲ့ သဘောတွေ၊ အကြမ်းဖက်ဝါဒတရားတွေ လှုံ့ဆော်နေတာ မဟုတ်ကြောင်း သက်သေပြုနိုင်ဖို့လိုပါတယ်။ နိုင်ငံတကာက ဒီမိုကရေစီ နိုင်ငံကြီးတွေမှာလည်း စာရေးသူ ထောက်ပြသလို သက်ဆိုင်ရာ မွတ်ဆလင် အသိုင်းအဝန်း (Muslim Community) နဲ့ အစိုးရ၊ လူမှု အဖွဲ့အစည်းတွေ ပူပေါင်းဆောင်ရွက်ရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ဘာသာစွဲပြင်းထန်မှုတွေနည်းအောင်၊ ဘာသာရေး အမည်ခံ အစွန်းရောက်၊ အကြမ်းဖက်သမားတွေ ဝင်ရောက် စိမ့်ဝင် လှုပ်ရှားခွင့်မရအောင် ကာကွယ်တာဆီး နေတာပဲ ဖြစ်ပါတယ်။

အထက်မှာ တင်ပြခဲ့တာတွေဟာ စာရေးသူ လေ့လာ သုံးသပ်မိတဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ဒေသ မတည်မငြိမ်ဖြစ်မှုတွေရဲ့ အဓိက အကြောင်းရင်းတခုဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေအပေါ် စာရေးသူ တဦးတည်းရဲ့ အမြင်၊ သဘောထား နဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။

နိဂုံ (Conclusion)

နိဂုံးချုပ်ရရင် စာရေးသူတို့ရဲ့ ဗမာ့လူ့အဖွဲ့အစည်းဟာ ဆယ်စုနှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းနေတဲ့ အနေအထား အချိန်ကနေ အလင်းကို ခုမှ စ ဝင်လာတာနဲ့ သဘောတရားချင်း တူနေပါတယ်။ အလင်းကို ဝင်ခါစ အချိန်မှာ မျက်စိတွေ ကျိန်းနိုင်ပါတယ်။ အလင်းဒဏ်က လူအများစုရဲ့ အမြင်တွေကို စူးရှ ထိခိုက် စိတ်ကသိကအောင့် ဖြစ်စေနိုင်ပါတယ်။ အရာရာဟာ အရိုးစွဲ နေသားတကျ ဖြစ်နေတဲ့ သမာရိုးကျ စိတ်၊ စဉ်းစားပုံ၊ အတွေးအခေါ် တွေ နဲ့ အံမဝင်ခွင် မကျ ဖြစ်နေနိုင်ပါတယ်။ ဒီလို အခြေအနေကို မလိုလားအပ်တဲ့ သဘော အနေနဲ့ မရှုမြင်ဘဲ အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားဆင်ခြင်တွေးခေါ်မျှော်မြင်ပြီး လက်ခံသင့်တဲ့ အရာတွေကို လိုက်လျောညီထွေ ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်နဲ့အတူ လက်ခံနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ “အမျိုးပျောက်မှာစိုးကြောက်လှ ပါတယ်” ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ ခံစားချက်ကိုလည်း နားလည်လက်ခံနိုင်ပေမယ့် ခေတ်သစ် ကမ္ဘာရဲ့ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနေတွေနဲ့ အလိုက်သင့် ပြုပြင်ပြောင်းလဲ နိုင်စွမ်း မရှိဘဲ ကြိုတင် ကောက်ချက်၊ အစွဲ၊ မယုံကြည်မှု၊ သံသယ၊ ရန်ငြိုး၊ အမုန်း၊ စစ်ပွဲ တွေ နဲ့သာ ဒီလို အခြေအနေသစ်နဲ့ သဘောတွေကို တုန့်ပြန်ခဲ့ကြရင် ဖြစ်လာနိုင်တဲ့ လူသားမျိုးနွယ်ပျောက်ဆုံးမှုက ပိုလို့ အရေးကြီးပါတယ် လို့ပဲ ဆိုပါရစေ ခင်ဗျာ။

လူရဲ့ အပေါ်ယံ အရေပြား အရောင် အသွေးနဲ့ သွင်ပြင် ကွဲပြား ခြားနားမှုတွေ နဲ့ နောက်ခံ အမျိုး၊ ဘာသာ၊ လူမှု့ အလွှာ ကို မကြည့်ဘဲ လူတဦးချင်းရဲ့ အကျင့်စာရိတ္တ နဲ့ အရည်အချင်းရှိမှုကိုသာ အဓိက စဉ်းစားပြီး ရှုမြင်ဆင်ခြင်သုံးသပ် နေရာပေးတတ်တဲ့ လွတ်လပ်၊ မျှတ၊ ဝါဒဖြူစင်တဲ့ အနာဂတ် ဗမာပြည်ရဲ့ ရခိုင် ရိုးမ၊ ပဲခူး ရိုးမ၊ ရှမ်းရိုးမ တောင်တန်းကြီးတွေရဲ့ကြား ဧရာဝတီ မြစ်ကမ်းပါးမှာ လူအများစု မြန်မာများ၊ တိုင်းရင်းသား ရခိုင် အပါအဝင် အခြား လူနည်းစု တိုင်းရင်းသားများ နဲ့ လူမျိုးကွဲ နိုင်ငံသား တရုတ်၊ အိန္ဒိယ အနွယ်တွေရဲ့ သားသမီးတွေဟာ လူမျိုး/ဘာသာ မခွဲ သွေးစည်းချစ်ခင်ရင်းနှီးမှု ညီအကို၊ မောင်နှမ အရင်း စိတ်ဓာတ် ကောက်ပဲသီးနှံကို အရင်းတည်တဲ့ ငြိမ်းချမ်းရေးညစာကို အတူတကွ ချိုမြိန်စွာ သုံးဆောင်နိုင်ခွင့် အမြန်ဆုံး ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ငြိမ်းချမ်းအေး

၁၈ ၊ သြဂုတ် ၊ ၂၀၁၂

ရည်ညွှန်း။ ။

ငြိမ်းချမ်းအေး၊ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ”http://moemaka.com/?p=24166

အောင်ထူး (ရှေ့နေ)၊ “ရိုဟင်ဂျာ ပြဿနာ၊ လူ့အခွင့်အရေး နှင့် အမျိုးသား ဂုဏ်သိက္ခာ”၊ ခေတ်မောင်း စာစောင်၊ အတွဲ (၁)၊ အမှတ် (၃)၊ ဇူလိုင်လ ၁၇ရက် ၂၀၁၂ ခုနှစ်။

့ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးဆွေးနွေးခန်း၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၂ ခုနှစ်။

The Universal Declaration of Human Rights: http://www.un.org/en/documents/udhr/

International Covenant on Civil and Political Rights: http://www2.ohchr.org/english/law/ccpr.htm

International Covenant on the Rights of the Child: http://www2.ohchr.org/english/law/crc.htm

Rohingya refugees return to Burma: http://news.bbc.co.uk/2/hi/south_asia/221775.stm

မောင်ဆန္ဒ(လယ်ဝေး)၊ ကမန်မျိုးနွယ်စု သမိုင်း၊ နိုင်ငံဂုဏ်ရည်စာပေတိုက်၊ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ။

ကိုးကား။ ။
Dr. Francis Buchanan-Hamilton, M.D., “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire”, Asiatic Researches 5 (1799), Page 219-240. Republished: University of London (UL), School of Oriental and African Studies (SOAS) Bulletin of Burma Research, Vol. 1, No., 1, Spring 2003.

Leider, Jacques P: “Interview: History Behind Arakan State Conflict”, by The Irrawaddy, July 9, 2012.



Dr. Aye Kyaw: “An Historian Looks at Rohingya”, by The Irrawaddy, October 7, 2009.

Yegar, Moshe, “Between integration and secession: The Muslim communities of the Southern Philippines, Southern Thailand, and Western Burma / Myanmar”, Lanham, MD: Lexington Books, p. 23-24, 2002, ISBN: 0739103563.Dr. Aye Chan, The Development of a Muslim Enclave in Arakan (Rakhine) State of Burma (Myanmar), University of London (UL), School of Oriental and African Studies (SOAS) Bulletin of Burma Research, Vol. 3, No., 2, Autumn 2005.

The New Encyclopedia of Islam (2002), AltaMira Press, ISBN 0-7591-0189-2

Burma Press Summary, 1996, May, From the Rangoon “The New Light of Myanmar”, Compiled for the Burma Studies Group by Hugh C. MacDougall, Published by the Center for East Asian and Pacific Studdies, University of Illinois.


Burma’ Citizenship Law, 1982: http://www.unhcr.org/refworld/docid/3ae6b4f71b.html

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉)၊ အပိုင်း (က)၊ စာပေဗိမာန်၊ ၁၉၆၄၊ ပဌမအကြိမ်၊ စာမျက်နှာ (၈၉)။


ဆောင်းပါးရှင် ငြိမ်းချမ်းအေး၏ Facebook စာမျက်နှာမှ ကူးယူမျှဝေပါသည်။
http://news.mmsy.info/news/
မှ ကူးယူဖော်ပြပါသည်။