Friday, May 29, 2009

အဖွင့် ဆုတောင်းပတ္တနာ

အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးမှ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်မာရ်နတ်၏ နှောက်ယှက်ဖျက်စီးခြင်းများမှ ကင်းဝေးရန် အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ ခိုလှုံပါ၏။

အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် ၏ နာမတော်ဖြင့် အစပြုပါအံ့။

ချီးမွမ်းခြင်း ထောပနာဟူသမျှသည် စကြ၀ဠာအနန္တအား ဖန်းဆင်း၊ ပြုပြင်၊ ထိန်းသိမ်းစောင့်ရှောက် တည်တံ့စေ တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်တော်မူသည်။ (ထိုအရှင်မြတ်သည်) အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော၊ အထူးသနားတော်မူသောအရှင်ဖြစ်တော်မူသည်။ ထို့ပြင် ကောင်းကျိုးဆိုးပြစ် ပေးတော် မူမည့် ကမ္ဘာပျက်သုဉ်းနောက်ဆုံးနေ့ကို စိုးပိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် အိဗာဒါဟ် ခ၀ပ်ကိုးကွယ် နာခံဘ၀တည်ဆောက်ကြပါသည်။ ထို့ပြင် အရှင်မြတ် ထံတော်ပါးမှသာလျှင် ကျွန်တော်မျိုးတို့သည် အကူအညီ စောင်မမှုကို တောင်းခံအပ်ပါသည်။ (အို - အလ္လာဟ်အရှင်မြတ်) ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သည့်လမ်းကို ပြသတော်မူပါ။ ထိုလမ်းသည် အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာအပေါင်းကို ချီးမြှင့်ခြင်းခံခဲ့ကြရသော အလ္လာဟ်အရှင်မြတ် ချစ်မိတ်ဆွေများ၊ သူမွန်သူမြတ်များ လျှောက်လှမ်းခဲ့သောလမ်းအား ကျွန်တော်မျိုးတို့အား ပြသတော်မူပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှ၍ အရှင့် ဂရုဏာတော်မှကင်းဝေးခဲ့သောသူများ၏လမ်းအား လည်းကောင်း၊ အရှင်မြတ်၏လမ်းတော်မှ တိမ်းချော်ခဲ့ကြသော ပုဂ္ဂိုလ်များ၏ လမ်းအား လည်းကောင်း ကျွန်တော်မျိုးတို့ကို ပြတော်မမှုပါနှင့်။ အာမီးန်

No comments:

Post a Comment

Note: Only a member of this blog may post a comment.