Thursday, February 28, 2013

အစ္စလာမ် အထက်တန်းကျောင်းများသည် ဗြိတိန်၌ အကောင်းဆုံး ထိပ်တန်းစာရင်းဝင် ကျောင်းများဖြစ်လာ

ဖေဖော်ဝါရီ ၊ ၂၃၊၂၀၁၃
 

UK Islamic Schools Success Story



ကိုင်ရို။ ။ကျောင်းသားများ၏ အံ့ဖွယ် အမှတ်ကောင်းမွန်မှုကြောင့် အစ္စလာမ့် စာသင်ကျောင်းများသည် ဗြိတိန်နိုင်ငံတစ်ဝှမ်း အောင်ချက် အကောင်းဆုံး တက္ကသိုလ် ၀င်တန်း ကျောင်းများဖြစ်လာသည်။
 
“တစ်ချို့ကျောင်းသူတွေက မူလတန်းတုန်းက စာညံ့ခဲ့ကြတယ် ၊ တစ်ချို့က မိဘမရှိသူတွေ၊ တစ်ချို့ ကတော့ နွမ်းပါးဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေပါ။ ဒီလို အားနည်းချက် နောက်ခံတွေရှိတဲ့ ကလေးတွေ အတွက် တကယ်ကို မယုံနိုင်ဖွယ် အောင်မြင်မှုပါပဲ “ ဟု အင်္ဂလန်အနောက်မြောက်ပိုင်း Blackburn မြို့၊ စက်မှုဇုန်ရှိ အောင်ချက် အကောင်းဆုံးကျောင်း – Tauheedul Islam Girls’ High School ၏ ကျောင်းအုပ် Hamid Patel က The Muslim News သတင်းသို့ ပြောကြားခဲ့ပါသည်။
 
ကျောင်းသား ၉၅ % သည် အင်္ဂလိပ်စာနှင့်သင်္ချာ အပါအ၀င် grade A* အဆင့်ဝင်ခဲ့ပြီး ၊ ဘာသာရပ် အသစ်ဖြစ်သော English Baccalaureate ၌လည်း စုစုပေါင်းအောင်ချက် ၇၆ % ဖြင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ကြောင်း ရလဒ်များက ဖော်ပြနေသည်။လွန်ခဲ့သော မတ်လ အတွင်းတွင် The Times Educational Supplement ၏ နှစ်စဉ်ဆုပေးပွဲ၌ ” Secondary School of the Year ” အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသည်။
 
ကျောင်းပညာရေး စစ်ဆေးမှုစံနစ်ဖြစ်သော Ofsted inspection ၏အစီရင်ခံစာအရ ပထမဆုံးသော ဒေသတွင်း ထူးချွန်ကျောင်းအဖြစ်သတ်မှတ်ခြင်းခံရပြီး၊ စစ်ဆေးရေး အရာရှိများက သင်ကြားရေး ၊ ယဉ်ကျေးမှု နှင့် အသိကြွယ်ဝခြင်းကဏ္ဍများတွင် ထိပ်တန်းကျောင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
 
Tayyibah Girls’ School သည်လည်း ၄င်း၏ ၂၀၁၁ ခုနှစ် ရလဒ်ထက် ၁၇% ကျော်လွန်ကာ GCSEs ( General Certificate of Secondary Education ) ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့် အောင်ချက် ၁၀၀ % ရရှိခဲ့သောကြောင့် လန်ဒန်၊ Hackey ရှိ အထက်တန်းကျောင်း ၂၂ ကျောင်းအနက် ထိပ်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။
 
ထိုမိန်းကလေး အထက်တန်းကျောင်းများ အပြင် မူလတန်းနှင့် အထက်တန်း တွဲဖက်ကျောင်းတစ်ခုဖြစ်သော Shirley ရှိ Al-Khair Secondary School သည်လည်း GCSE ဖြေဆိုမှု၌ အင်္ဂလိပ်စာနှင့် သင်္ချာ အပါအ၀င် တစ်ကျောင်းလုံး Grade A* ဖြင့် အောင်ချက် ၁၀၀ % ရရှိကာ Trinity School နှင့်အပြိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း Croydon Guardian သတင်းစာတွင် ဖော်ပြထားသည်။
 
” ကျွန်မတို့ ကျောင်းသား၊ ကျောင်းသူများဟာ အထက်တန်းကျောင်းသား ဘ၀ကနေ ထက်မြက်တဲ့အရည်အသွေးနဲ့တစ်ကွ အလားအလာကောင်းစွာနဲ့ ထွက်ခွာသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ၊ ကျွန်မ ဘာလို့ ဒီလိုယုံကြည်ရသလဲဆိုရင် ဒီကလေးတွေက ကျောင်းသင်ခန်းစာတွေမှာ အကောင်းဆုံးနားလည်ခဲ့ကြယုံတင် မကသေးဘူး - သူတို့အားလုံး လူ့အဖွဲ့အစည်းနဲ့လူသားကောင်းကျိုးတွေမှာ ကောင်းစွာအသုံးဝင်မယ့် သူတွေ ဖြစ်လာလို့ပါဘဲ ” ဟု Al Khair ကျောင်း၏ ကျောင်းအုပ် Aisha Chaudhry က ပြောခဲ့ပါသည်။ဗြိတိန်မွတ်စလင်ကောင်စီ – Muslim Council of Britain (MCB) ၏အဆိုအရ ဗြိတိန်နိုင်ငံတွင် မွတ်စလင်လူဦးရေ စုစုပေါင်း ၂.၅ သန်းနေထိုင်လျက်ရှိပြီး ၊ မွတ်စလင်ကျောင်းသားဦးရေ လေးသိန်း ရှိပါသည်။
 
ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားအလိုက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်း (၅၉၀) အနက် မွတ်စလင် Secondary School နှစ်ကျောင်း ရှိပါသည်။ဖြည့်စွက်ချက်။ ။ ဗြိတိန်နိုင်ငံ၏ ပညာရေးစနစ်အရ GCSE စာမေးပွဲသည် အရေးအကြီးဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြစ်ပြီး ၊ ၄င်းစာမေးပွဲ Grade အရ A-level ရရှိမှသာ University များသို့ ဆက်လက်တက်ရောက် ပညာဆည်းပူးနိုင်မည်ဖြစ်သည်။
 
M-Media  သတင်း

နော်ဝေးက တိုက်ပွဲခေါ်သံများ




 


“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်းစိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်နေတဲ့ ဆန္ဒပြသူတွေ (ဓာတ်ပုံ – ထက်အောင်ကျော်)
 
 
 
 
 
 
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်ကို အော်စလိုရှိ မြန်မာနိုင်ငံသားတွေက ဆန္ဒပြဖို့ရှိတယ်လို့ သတင်း ရထားတဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ အော်စလိုမြို့လယ်က ပါလီမန် ရင်ပြင်ဆီ ကျနော် ထွက်လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သမ္မတကို သူ ယုံကြည်ပါတယ်လို့ ပြောထားဖူးအတွက် ဒီနေ့ဆန္ဒပြပွဲမှာ လူသိပ်မရှိလောက်ဘူးလို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် အခြေနေက ကျနော်ထင်ထားသလို မဟုတ်။ လူအင်အား ၅၀ နီးပါးအထိ ပါလီမန်ရင်ပြင်ရှေ့မှာ ရောက်နေတာကို တွေ့ရပါတယ်။ အများစုဟာ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) အလံတွေ၊ KNU (ကရင်အမျိုးသားအစည်းရုံး) အလံတွေ ကိုင်ထားပြီး ကချင်ရိုးရာဝတ်စုံ၊ ကရင်ရိုးရာဝတ်စုံတွေ၊ အအေးဒဏ်ကို ကာနိုင်မယ့် ထူထဲတဲ့ နှင်းကာဝတ်စုံတွေနဲ့။

ညနေ ၄ နာရီလောက်မှာတော့ သမ္မတ တည်းခိုတဲ့ Continental ဟိုတယ်ရှိရာ ဆီ ချီတက်ဖို့ ပြင်ကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်လာကြတဲ့ နိုင်ငံတကာ အစိုးရအဖွဲ့ ခေါင်းဆောင်တွေဟာ ဒီပါလီမန်ရှေ့က Grand Hotel မှာ တည်းခိုလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာသမ္မတကျမှ ဘာလို့ ဒီဟိုတယ်မှာ မတည်းဘဲ ခပ်လှမ်းလှမ်းက Continental မှာ သွားတည်းသလဲ မသိပါ။ (ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း Grand Hotel မှာပဲ တည်းပါတယ်)။

နောက်ထပ် ထူးခြားချက်တခုကတော့ နိုင်ငံခြားခေါင်းဆောင်တွေ တရားဝင် အလည်အပတ်လာရင် နှစ်နိုင်ငံအလံတွေ တလွင့်လွင့် လွှင့်တင်ထားလေ့ရှိတဲ့ နန်းတော်၊ ပါလီမန်နဲ့ ဘူတာကြီး တလျှောက်က အထင်ကရ လမ်းမကြီး Karl Johans တလျောက် အလံတိုင်တွေမှာ ဘာအလံမှ တင်ထားတာ မတွေ့ရပါ။
ဒီလိုနဲ့ ပါလီမန်၊ Karl Johans လမ်းမ၊ Grand Hotel တွေနဲ့ ခပ်လှမ်းလှမ်းက Continental ဟိုတယ်ဆီ ဒီ လူအုပ် ကြွေးကြော်သံတွေနဲ့ အော်ဟစ်ချီတက်ကြပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်စိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ချီတက်လာတဲ့ လူအုပ် ဟိုတယ်ရှေ့နား ရောက်တော့ ရဲကား ၃ စီးလောက် လုံခြုံရေးအတွက် နေရာယူထားတာ တွေ့ရပါတယ်။

ဟိုတယ်ရှေ့မှာ ဒီလူအုပ် ကြွေးကြော်သံ အော်နေပေမယ့် ဟိုတယ်ထဲမှာ သမ္မတ ရှိနေပုံမရပါဘူး။ ဒါပေမယ့် သိပ်မကြာပါ။ ဆန္ဒပြပွဲ ၁၅ မိနစ်လောက်အတွင်း သမ္မတယာဉ်တန်း ဟိုတယ်ရှေ့ ရောက်လာပါတယ်။ ရဲ တွေအတော် အလုပ်ရှုပ်သွားပြီး ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေကလည်း ကားသံတွေကို လွှမ်းမိုးတဲ့အထိ ဆူညံသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဆန္ဒပြနေသူတွေဖက်ကို လှည့်တောင်မကြည့်ဘဲ ဟိုတယ်ထဲ တန်းဝင်သွားပါတယ်။ တခါ သူနောက်မှာ လိုက်လာကြတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ၀န်ကြီးအဖွဲ့ကလည်း ဆန္ဒပြပွဲကို မသိမသာ လှမ်းကြည့်ပေမယ့် ဘာမှမပြောဘဲ ဟိုတယ်ထဲ လိုက်ဝင်ကြပါတယ်။

ဟိုတယ်ရှေ့ ကားလမ်းတဖက်ကမ်းမှာတော့ ကြွေးကြော်သံတွေက ဆူညံဆဲ။ ကချင်၊ ကရင် တိုင်းရင်းသားတွေနဲ့ အတူ ပြည်ပရောက် ၈၈ မျိုးဆက်တွေဟာ ကြွေးကြော်သံ အော်လိုက်၊ ဒီမိုကရေစီ တိုက်ပွဲဝင် သီချင်းတွေ သီဆိုလိုက်နဲ့။ထူးထူးခြားခြား ငြိမ်းချမ်းရေး တေးသံရှင် ကိုမွန်းအောင်လည်း ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပြီး ဂီတာတီး သီချင်းဆိုတဲ့အပြင် စကားပါ ပြောပါတယ်။

“သမ္မတ ရောက်တဲ့နေရာတိုင်းမှာ ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြရမယ်။ သူတို့ လမ်းမှန်ရောက်အောင် ဒီနည်းနဲ့ တွန်းပို့ရမယ်” လို့ ကိုမွန်းအောင်က ပြောပါတယ်။

ဒီထက် ပိုထူးခြားတာကတော့ အရင် ဆန္ဒပြပွဲတွေမှာ သတင်းလာယူနေကြ နော်ဝေအခြေစိုက် DVB ကို
မတွေ့ရဘဲ နေပြည်တော် အခြေစိုက် Sky Net ကိုသာ တွေ့ရပါတယ်။ သမ္မတနဲ့အတူ ပြည်တွင်း မီဒီယာ တချို့လိုက်ပါလာပြီး ကိုမွန်းအောင်ရဲ့ “သွေးမုန်တိုင်း” သီချင်းကို အမိအရ ရိုက်ယူနေတာ တွေ့ရပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း အသေအချာ အင်တာဗျုး လုပ်ပါတယ်။ဆန္ဒပြပွဲ အရှိန်ကောင်းတုန်းမှာပဲ သမ္မတ ယာဉ်တန်းနဲ့အတူ ပါလာတဲ့ နော်ဝေ နိုင်ငံခြားရေးဌာမှ အရာရှိတချို့ ဆန္ဒပြနေသူတွေဆီ ရောက်လာပြီး ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ခေါ်ကာ ဟိုတယ်ထဲ ၀င်သွားပါတယ်။

တနာရီကျော်ကြာ ဆန္ဒပြပွဲ အပြီးမှာတော့ ကိုယ်စားလှယ်နှစ်ဦး ဟိုတယ်ထဲက ပြန်ထွက်လာပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်တို့က သူတို့နှစ်ဦးကို လက်ခံတွေ့ဆုံပြီး နေပြည်တော်ရဲ့ တည်ဆောက် ပြုပြင် မြန်ပြည်တခွင် လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြောပြပါတယ်။

“ဘာလို့ ဒီမှာဆန္ဒပြနေလဲ၊ နေပြည်တော်အထိ လာ လေ့လာကြလေ” လို့ ၀န်ကြီးဦးစိုးသိန်းက ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ တိုးတက်နေတဲ့ အခြေအနေတွေကို အပြင်ကလူတွေက မသိလို့ အခုလို ဆန္ဒပြနေတာ ဖြစ်နိုင်တယ်ဆိုပြီး နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေကို ၀န်ကြီးက ပြောတယ်လို့ လည်း သူတို့က ဆိုပါတယ်။

“နေပြည်တော်မှာ ပြောင်းမပြောင်းတော့ မသိဘူး။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာမှာတော့ ရဲက သေနတ်နဲ့ပစ်လို့ လယ်သမား ၆ ယောက် ဆေးရုံတင်လိုက်ရတယ်” ဆိုပြီး ကိုယ်စားလှယ်တွေက ပြောလိုက်တဲ့အခါ ၀န်ကြီးနှစ်ဦး မျက်စိမျက်နှာ ပျက်သွားတယ်လို့လည်း ဆိုပါတယ်။ နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေလည်း တအံတသြဖြစ်သွားပြီး “မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေဆဲလား” လို့ ဖြစ်စဉ် အသေးစိတ်ကို မေးမြန်းခဲ့တယ်လို့ သူတို့က ပြန်ရှင်းပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအကြောင်း မေးတဲ့အခါ လောလောဆယ် မလွယ်သေးတဲ့အကြောင်း၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကို သိပ်မလိုလားတဲ့အတွက် သမ္မတနဲ့ အစိုးရအဖွဲ့က လုပ်ရကိုင်ရ ခက်နေဆဲဖြစ်တယ်ဆိုပြီး ဦးစိုးသိန်းက ပြောတယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြော ပြခဲ့ပါတယ်။

တခါ ဒီလိုပြင်ရခက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လက်ရှိအစိုးရက ဆွဲထားတာ မဟုတ်ဘူး၊ အရင် အစိုးရဟောင်းက ဆွဲထားတာဖြစ်တယ်။ နောက်တခါ လယ်ယာသမားတွေ အပစ်ခံရတဲ့ကိစ္စဟာ အရင်အစိုးရခေတ်က လယ်တွေသိမ်းထားတာကြောင့် ဖြစ်တယ်၊ အခု အစိုးရလက်ထက်မှာတော့ သိမ်းဆည်းလယ်တွေကို လယ်သမား လက်ထဲပြန်အပ်နိုင်အောင် ကြိုးစားနေပါတယ်လို့ ၀န်ကြီးနှစ်ပါးက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ကချင်နယ်မှာ စစ်ပွဲရပ်ရေးအပါဝင် တနိုင်ငံလုံး ငြိမ်းချမ်းရေးရအောင်၊ တိုင်းရင်းသား အားလုံး ပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင်လည်း သူတို့အစိုးရက ဆောင်ရွက်နေတယ်လို့ ၀န်ကြီးတွေက ပြောကြောင်း ဆိုပါတယ်။

ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်ခ်မှာ ဆန္ဒပြပွဲအကြောင်းနဲ့ ကိုယ်စားလှယ် နှစ်ယောက်ကို တွေ့ဆုံတဲ့အကြောင်း ရေးသားခဲ့ပြီး “ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့ လုပ်လို့မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ၀င်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်မယ့် အခြေအနေမျိုး ရောက်အောင် ၀ိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့လိုကြောင်း ရှင်းပြ ခဲ့ပါတယ်” လို့ ရေးတာကို တွေ့ရပါတယ်။

နောက်ပြီး “ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေ ရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆို ဆွေးနွေးတာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော်တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်” လို့ နိဂုံးချုပ်လိုက်ပါတယ်။

ကိုယ်စားနှစ်ဦး ပြန်ပြောပြသမျှအတိုင်းဆိုရင် သမ္မတနဲ့ ၀န်ကြီးအဖွဲ့က ဒီလို ဆန္ဒပြတာကို မကြိုက်ဘူးဆိုပဲ။ သူတို့ဟာ အရင်ကလို စစ်အစိုးရ မဟုတ်တော့ဘဲ ပြည်သူက ရွေးချယ်တဲ့ အရပ်သားအစိုးရ ဖြစ်နေပြီ။ လူအများစုက ကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါလီမန်ထဲ ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလို ဆန္ဒပြဖို့ မလိုတော့ဘူးလို့ တွက်ဆထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင် ဆန္ဒပြနေတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေချည်း မဟုတ်ပါဘူး။ ဧရာဝတီတိုင်း မအူပင်မြိုနယ်က လယ်သမားတွေလည်း သူတို့လယ် ပြန်ရရေးအတွက် ဆန္ဒပြတာပဲ မဟုတ်ပါလား။ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေလည်း လုပ်အားခ တိုးရဖို့နဲ့ အလုပ်သမား အခွင့်အရေးရဖို့ ဆန္ဒပြနေကြတာပဲ မဟုတ်လား။ မုံရွာ လက်ပံတောင်းက ဒေသခံတွေကလည်း သူတို့ရဲ့ တောတောင်ရေမြေ သဘာဝတွေ ဆုံးရှုံးမခံနိုင်လို့ ဆန္ဒပြနေကြတာပဲ မဟုတ်ပါလား။ ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာ စစ်ပွဲတွေရပ်ဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ တန်းစီလမ်းလျှောက် ဆန္ဒပြကြတာပဲ မဟုတ်ပါလား။ ဟံသာဝတီ ကားပွဲစားတန်းကတောင် သူတို့ လုပ်ကွင်းလုပ်ကွက် ဟန်မပျက်သွားရအောင် ဆန္ဒပြကြတာပဲ။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ အစိုးရက ပြောနေပေမယ့် နောက်ထပ်လုပ်စရာတွေ အများကြီး ကျန်နေဆဲဆိုတာကို ဒီဆန္ဒပြပွဲတွေက ရောင်ပြန်ဟပ်နေတာ မဟုတ်လား။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာဟာ ဒီမိုကရေစီစနစ်ရဲ့ ယဉ်ကျေးမှုတရပ်ပဲ မဟုတ်ပါလား။


(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)


 Moethee Zun  blogspot
မှ ကူးယူဖော်ပြပါသည်။


ဆီးရီးယားသူပုန်တွေကို အကူအညီပေးဖို့ အမေရိကန်စဉ်းစား

 27.02.2013
               
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ
 
 










အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ
 
 
 
 
 
 
 




ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး မြန်မြန် ဆန်ဆန် ဖြစ်လာစေဖို့ ကြိုးပမ်းချက် တရပ်အနေနဲ့ ဆီးရီးယား သူပုန်တွေကို အကူအညီတွေ တိုးမြှင့်ပေးရေး အမေရိကန်ပြည်ထောင်စု ဘက်က စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဆီးရီးယားအတိုက်အခံတွေ ပိုပြီးတော့ အားကောင်းလာဖို့ ပိုပြီးတော့ စနစ်ကျကျ စုဖွဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် အကူအညီ အထောက်အပံ့တွေ ပေးရေး အမေရိကန်ဘက်က အလေးထားနေတယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနေး (Jay Carney) က မနေ့ကပဲ ပြောသွားတာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ အာဆတ်အလွန်ကာလမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဖြစ်နိုင်ချေ နည်းလမ်းမှန်သမျှကိုလည်း အမေရိကန် တာဝန်ရှိသူတွေက လေ့လာနေတယ်လို့ မစ္စတာ ကယ်ရီ က ဆိုပါတယ်။

လက်ရှိ အချိန်ထိတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆီးရီးယား သူပုန်တွေကို အကူအညီ
ပေးရေးမှာ ဆက်သွယ်ရေး စက်တွေလိုမျိုး လူသတ်လက်နက်မဟုတ်တဲ့ အကူအညီမျိုးတွေကို
ထောက်ပံ့ပေးနေတာပါ။

အခုတော့ သူပုန်တွေကို ကျည်ကာအင်္ကျီလို၊ သံချပ်ကာယာဉ်တွေလို စစ်သုံးပစ္စည်းတွေနဲ့ စစ်သင်တန်း ပေးတာမျိုးတွေ စတာတွေကို သမ္မတ အိုဘားမား အစိုးရက အကူအညီ ပေး လာဖွယ်ရှိတယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာမှာ မနေ့က ရေးသားဖော်ပြထားပါတယ်။

ဒီကနေ့ အီတလီနိုင်ငံမှာ ကျင်းပမယ့် ဆီးရီးယား မိတ်ဆွေများ အစည်းအဝေးမှာတော့ ဆီးရီးယား
နိုင်ငံအတွင်းမှာ အပြောင်းအလဲတွေ မြန်မြန် ဖြစ်လာအောင်လို့ နည်းလမ်းတွေ ဆွေးနွေး သွားဖို့ အစီအစဉ် ရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအပေါ်မှာ လက်နက်တင်ပို့မှု ပိတ်ပင်တဲ့ အရေးယူမှုကို သက်တမ်းတိုးဖို့ ဥရောပသမဂ္ဂ ၀န်ကြီးတွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့လို့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ လူသတ်လက်နက် မဟုတ်တဲ့ အကူအညီ မျိုးတွေ ပေးသွားနိုင်မယ့် အခြေအနေတွေကိုတော့ လမ်းဖွင့်ခဲ့ကြပါတယ်။
 
ဗွီအိုအေ  သတင်း 

ဥပဒေအရ အခြေအနေ ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီးပြော

ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းနဲ့ မေးမြန်းချက်နားထောင်ရန်အသံဖိုင်ယူရန်
police_maubin_305.jpg
ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုတွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့မြင်ရစဉ်
photo: RFA/ Kyaw Zawe Win
 
 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့ရတာဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
 
မနေ့က ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လယ်သမား ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ လယ်သမားတွေဘက်က တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေဘက်က ၂၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဓါးဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဒီကနေ့မနက်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
 
မလက်တိုကျေးရွာအုပ်စုမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး၊ နောက်ထပ် တင်းမာမှုတွေ ဖြစ်ပွားလာပါက အကြမ်းဖက်နှိမ်နင်းဖို့ အစီအစဉ်မရှိဘူးလို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက RFA ကို ပြောပါတယ်။
 
ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းပြောတာက လက်ရှိအခြေအနေကို ထိမ်းသိမ်းဖို့နဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ လယ်သမားတွေရယ်၊ ကုမ္ပဏီပိုင်ရှင်ရယ်၊ လယ်သမားအဖွဲ့တွေရယ်၊ အာဏာပိုင်တွေရယ် ညှိနှိုင်းဆောင်ရွက်မယ်လို့ RFA ကိုပြောပါတယ်။
 
ဒါ့အပြင် လက်ရှိအခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးကနေတဆင့် တင်ပြပြီး ပြဿနာပြေလည်အောင် ဖြေရှင်းမယ်လို့ဆိုပါတယ်။လယ်သမားတွေကတော့ သူတို့အသိမ်းခံထားရတဲ့ လယ်မြေတွေနားမှာ ဒီနေ့ဆက်လက်ဆန္ဒပြနေပါတယ်။
မလက်တိုကျေးရွာအုပ်စုအတွင်းက လယ်ယာမြေ ဧကပေါင်း ၅၅၀ ကျော်ကို ၂၀၀၄ ခုနှစ်က လျော်ကြေးငွေမပေးပဲ သိမ်းယူခဲ့တာလို့ သိရပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။လယ်သမားတွေအရေးကို ၀ိုင်းဝန်းကူညီနေတဲ့ မစုစုနွေး ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
 
  RFA သတင်း
 

Wednesday, February 27, 2013

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ့စနာ မြန်မာ့ လူ့အခွင့်အရေး

၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ၀န်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်
၂၀၁၁ နိုဝင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ၀န်ကြီး ပေါ့စနာ လာရောက် လည်ပတ်စဉ်
 
 
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်လ် ပေါ့စနာ (Michael H. Posner) နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လူထုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ မစ္စတာ ပေါ့စနာ နဲ့အဖွဲ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီးတော့ နောက်ပိုင်းမှာ သမ္မတရုံး အကြံပေး ပုဂ္ဂိုလ် ၀န်ကြီး ဦးစိုးသိန်း၊ ရှေ့နေချုပ် ဦးထွန်းရှင်၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ တခြား အဆင့်မြင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ မကြာသေးခင်က ကြေညာလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားများကိစ္စ ပြန်လည် သုံးသပ်ရေး၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ လွတ်လပ်ခွင့်၊ လက်ရှိ လူ့အခွင့်အရေး အနေအထားနဲ့ ပဋိပက္ခတွေ ဖြစ်ပွား နေတဲ့ ဒေသတွေရဲ့ အခြေအနေတွေ အပါအ၀င် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ မြန်မာပြည် ခရီးစဉ်အပြီး လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပြောဆိုမှုတွေအတွက် ဆက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် မြန်မာ နှစ်နိုင်ငံကြား လူ့အခွင့်အရေး ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် သမ္မတ အိုဘားမား ရဲ့ ပထမဆုံး မြန်မာခရီးစဉ် အတွင်းမှာ မြန်မာအစိုးရက အရေးပါတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက်တွေကို ဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။
 
ဗွီအိုအေ

လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ကြား အကြမ်းဖက်မှုကြောင့် ဒဏ်ရာရသူများရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက် ဒီကနေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
 
မလက်တိုကျေးရွာအုပ်စုအတွင်းက ကွန်တိုင်းလေး၊ လက်ပံကုန်း၊ အဒိတ်၊ ပပင်၊ ပလောင် စတဲ့ကျေးရွာသားတွေက ပုဂ္ဂလိကပိုင် ကုမ္ပဏီမွေးမြူရေးတစ်ခုက ငါးကန်အတွက် သိမ်းထားတဲ့လယ်မြေ လယ်ဧက ၅၅၀ ကိုထွန်ယက်ဖို့ ကြိုးစားရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တင်းမာမှုဖြစ်ပြီး ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။
 
ဒီကနေ့ နေ့လယ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အဒိတ်ကျေးရွာသား ဦးမောင်စိုးက RFA ကိုအခုလို ပြောပါတယ်။
 
“သူတို့ခြိမ်းခြောက်တဲ့အခါကျတော့ ကျနော်တို့က ပစ်မယ်ခတ်မယ်လို့တော့ မထင်မိဘူးပေါ့နော်၊ အဲလိုမထင်မိတဲ့အခါကျတော့ သူတို့ကဖယ်ခိုင်းတော့ ကျနော်တို့က မဖယ်ဘူး၊ မဖယ်တော့ ၁၄၄ ထုတ်တယ်၊ ပထမတော့ တုတ်တွေနဲ့ရိုက်တယ်ပေါ့၊ တုတ်တွေနဲ့ရိုက်တဲ့အခါကျတော့ မိန်းကလေးတွေကို ရိုက်မိသွားတဲ့အခါကျတော့ ဘာမှမထူးဘူးဆိုဘူး မိန်းကလေးတွေကလဲ သူရိုက်ကိုယ်ရိုက်ရိုက်ကြတယ်၊ အဲလိုနဲ့ရိုက်ပြီး သူတို့ကပြေးသွားကြရော၊ ပြေးပြီးတော့ ကျနော်တိုကိုခံပြီးတော့ပစ်တာအဲလိုခံပြီးတော့ပစ်တဲ့အခါကျတော့မိုးပေါ်ထောင်ပစ်တာလဲရှိတယ်ပေါ့နော်အချက်ပေါင်းခန့်မှန်းခြေကတော့ ၁၅၀ လောက်ရှိတယ်၊ပြည်သူတွေဘက်ကို လှည့်ပြီးတော့ ပစ်တာကတော့ ၃၀၊ ၄၀လောက်တော့ရှိလိမ့်မယ်”
 
အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကတော့ ဒီကနေ့ မလက်တိုကျေးရွာအုပ်စုဖြစ်စဉ်မှာ ကျေးရွာသား ၃၀၀ ကျော်က ပုဒ်မ ၁၄၄ အမိန့်ကို ဖီဆန်ပြီး ရဲတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကို တုတ်၊ဓားတွေနဲ့ ဝင်ရောက်ရိုက်နှက် ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးကျည်ဆန် ၆ ချက်ပစ်ခတ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
 
ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် မအူပင်ဆေးရုံကိုတင်ပို့ကာ ဆေးကုသမှု ခံယူနေရတယ်လို့ RFA ကိုပြောပါတယ်။ လယ်သမားတွေကတော့ ဒီနေ့လို အဖြစ်မျိုးကြုံတွေ့ရပေမယ့် မိမိတို့ဘိုဘွားစဉ်ဆက်က ပိုင်ဆိုင်တဲ့ လယ်မြေပြန်ရဖို့ကြိုးစားတာကို ရပ်တန့်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
 
ဒီလယ်မြေဧက ၅၅၀ ကျော်ကို လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်က ဒေသခံရွာသားတွေဆီကနေ လျော်ကြေးမဲ့ သိမ်းယူခဲ့တာဖြစ်ပါတယ်။
 
RFA သတင်း
 
 

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ 

 
 
 
 
 
 
 
 
 
ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ
SK
ဖေဖေါ်ဝါရီ ၂၅
 
 
 
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင် သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာတို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု မင်းပြားမြို့နယ် သရက်အုပ် ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ပြောသည်။
 
မြန်မာစာမှာ ဗျည်း ဘယ်နှစ်လုံးရှိသလဲလို့မေးတာကို ကျွန်တော်ကလည်း ၃၃ လုံးလို့ဖြေပါတယ်။ အဲဒါကို အဖွဲ့ခေါင်းဆောင် ဦးအောင်ထွန်းဆိုတဲ့သူက ၂၃ လုံးလို့ သူ့စာအုပ်မှာ စာရင်းသွင်းလိုက်တယ်″ဟု သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်က myanmarmuslim.net သို့ ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်စီစဉ်သည့် အဖွဲ့ဝင် ၅ ဦးပါ သုတေသန အဖွဲ့တစ်ဖွဲ့သည် ယခုလ ၂၃ ရက်နေ့တွင် မင်းပြားမြို့နယ် သရက်အုပ်ကျေးရှိ ရိုဟင်ဂျာ ၉ဦးအား သုတေသနအတွက် မေးခွန်းများမေးမြန်းရာတွင် အထက်ပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
 
မသိနားမလည်တဲ့လူတွေကိုပဲ အဓိကထား ရွေးပြီးမေးတယ်။ ခိုးဝင်လာတာ မဟုတ်လားလို့မေးတယ်။ နိုင်ငံသားလိုချင်လားလို့လည်း မေးတယ်ဟု မေးမြန်းခံရသည့် ရိုဟင်ဂျာတစ်ဦးက ပြောသည်။
ကော်မရှင်သုတေသနအဖွဲ့သည် ရိုဟင်ဂျာတို့အား ပညာအရည်အချင်း၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံသား ဟုတ် မဟုတ်၊ နိုင်ငံတော်အလံအား အလေးပြုမပြု ရခိုင်(မောဂ်)တို့နှင့် အိမ်ထောင်ပြုခွင့်ရှိမရှိ စသည့် အချက်များကို မေးမြန်းခဲ့သည်ဟု သိရသည်။
 
ဒီနိုင်ငံသားလားလို့ မေးတော့ မိဘဘိုးဘွားအစဉ်ဆက် နေလာခဲ့တာလို့ ဖြေလိုက်တယ်။ နှစ်ဘက်ပြဿနာ ဖြစ်တာကို သိလားလို့ မေးတော့ မင်းပြားမှာတော့ မွတ်စလင်မ် တွေခံရတာချည်းပဲ ရခိုင်ရွာ ဘယ်နှစ်ရွာ မီးရှို့ခံရလို့လဲ လို့ပဲဖြေလိုက်တယ် ဟု ရိုဟင်ဂျာတစ်ဦးက ဆက်လက်ပြောကြားသည်။
 
ကော်မရှင်အဖွဲ့က သုတေသနအတွက် စေလွှတ်သည့် သုတေသန အဖွဲ့ဟုဆိုသော်လည်း ခိုးဝင်လာတာ မဟုတ်လားဟု မေးမြန်းခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးရမည်ဟု အမိန့်ပေးခြင်း၊ မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင်ဟူသော စကားရပ်များကို အဖွဲ့ခေါင်းဆောင်ဟုဆိုသူဦးအောင်ထွန်းကသရက်အုပ် ကျေးရွာသို့ ၀င်ရောက်မှတ်တမ်းယူခဲ့သည်။ ယခုလ ၂၃ ရက်နေ့တွင်ပြောကြားခဲ့သည်ဟုလည်း သိရသည်။
 
သရက်အုပ်ကျေးရွာသို့ ကော်မရှင် သုတေသနအဖွဲ့ဝင် ၅ ဦးဖြစ်သည့် ဦးအောင်ထွန်း၊ ဦးမြတ်ကိုကိုသိန်း၊ ဦးကျော်မင်းလွင်၊ ဒေါ်ခင်ပြည့်စုံ၊ ဒေါ်အေးသန္တာလွင်တို့က ယခုလ ၂၃ ရက်နေ့ နံနက် ၉းနာရီမှ ၁၂ နာရီအထိ သရက်အုပ်ကျေးရွာရှိ ရိုဟင်ဂျာ ၉ ဦးအား မေးမြန်းမှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။
 
 www.myanmarmuslim.net   သတင်း

လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းရေး အတွက် လူမျိုးဘာသာ ၀ါဒစွဲ မရှိဘဲ ကျောင်းသားများလုပ်ဆောင်ခဲ့ပာု မင်းကိုနိင်ပြော

လွတ်လပ်ခွင့် နှင့် ငြိမ်းချမ်းရေး အတွက် လူမျိုးဘာသာ ၀ါဒစွဲ မရှိဘဲ ကျောင်းသားများလုပ်ဆောင်ခဲ့ပာု မင်းကိုနိင်ပြောသတင်း – ကျော်ထက် – 
တက္ကသိုလ်ကျောင်းသားသမဂ္ဂ စာပေဟောပြောပွဲ
 
လွတ်လပ်ခွင့် နှင့်ငြိမ်းချမ်းရေးအတွက် ကျောင်းသားများသည် လူမျိုးစွဲ၊ ၀ါဒစွဲနှင့် အသားအရောင် ဘာသာမခွဲဘဲ တစ်သွေးတစ်သားတည်း ကျောင်းသား လူငယ်များက ငြိမ်းချမ်းရေးလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကိုမင်းကိုနိုင်က တက္ကသိုလ်ကျောင်းသား သမဂ္ဂများ(တကသ)စာပေဟောပြောပွဲတွင်ပြောသည်။
 
တက္ကသိုလ်ကျောင်းသားသမဂ္ဂ စာပေဟောပြောပွဲကို ယခုလ ၂၅ ရက် နံနက် ၁၀နာရီအချိန်တွင် တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပရာ ၈၈-မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့က လူငယ်ကြားက လူငယ်များ ခေါင်းစဉ်ဖြင့် ဟောပြောသည်။ အဆိုပါ စာပေဟောပြောပွဲသို့ သံဃာတော် များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ တကသကျောင်းသားများ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့သည်။
လွှတ်တော်ထဲ ၀င်ထိုင်နေပြီး ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူးလို့ ပြောနေတာ တော်တော်ကြီးကို လွဲနေတာပါ။ ဒီလူငယ်တွေထဲကနေ ပညာသင်ကြားတဲ့ အခန်းကဏ္ဍပြီးသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားပါလို့ ရဲရဲတင်းတင်းနဲ့ ရင်ကော့ပြီး ကြေငြာမယ့် လူငယ်တွေ ပေါ်ထွက်လာပါစေ။ ပေါ်ထွက်လာအောင်လည်း ကြိုးစားကြပါဟု ကိုကိုကြီးက အထက်ပါအခမ်းအနားတွင်ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့က
၁-ပညာရေးအသုံးစရိတ်များ တိုးမြှင့်သုံးစွဲနိုင်ရေး
၂- တိကျခိုင်မာသော ပညာရေးမူဝါဒများ ရေးဆွဲပြဋ္ဌာန်းရေး
၃-တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ၌ ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသော ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရပ်တည်ခွင့်ရှိသော တက္ကသိုလ် ပညာရေးဥပဒေသစ်များ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး
၎-ပညာရေးလောက၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး
၅- တကသအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေး ပာူသော သ၀ဏ်လွှာတစ်ရပ်ကို အထက်ပါ အခမ်းအနားသို့ ပေးပို့ခဲ့သည်။
 

၈၈ ခေါင်းဆောင် ကိုမြအေး တို့အဖွဲ့နှင့် မန္တလေးမြို့ခံ မွတ်စလင်များ တွေ့ဆုံခဲ့ခြင်း။

ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၃
မောင်မောင် (ရွှေကရဝိတ်)
IMG_8377
( ၂၁.၂.၂၀၁၃ ) ရက်နေ့က ကိုမြအေး အပါအဝင် ၈၈ ခေါင်းဆောင် လေးဦးနဲ့ မန္တလေးက Edu Zone မှာတွေ့ဆုံဖြစ်ခဲ့ပါတယ်။ တွေ့ဆုံဖို့ ဖိတ်ကြားခံရလို့ သွားလိုက်တာပါ။ ဘာအကြောင်းတွေ ပြောကြမယ် ဆွေးနွေးကြမယ်ဆိုတာ မသိခဲ့ပါဘူး။ ညနေခင်း ဘုရားဝတ်ပြုချိန်နဲ့တိုက်ဆိုင်နေတော့ အခမ်းအနားကို ၁၅မိနစ်လောက် နောက်ကျပြီးမှ ရောက်သွားတဲ့အခါ အခမ်းအနားစတင်ပြီး ကိုမြအေး စကားပြောနေပါပြီ။ အခမ်းအနားဟာ ဘာခေါင်းစဉ်နဲ့ ပြုလုပ်တယ်ဆိုတာ မသိခဲ့ပါဘူး။
 
ဒါပေမဲ့ ကိုမြအေးပြောနေတဲ့စကားအရတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ လူများစု ဗုဒ္ဓဘာသာ ဝင်များက လူနည်းစု အစ္စလာမ်ဘာသာဝင်များအပေါ် အထင်အမြင် လွဲမှားနေမှုများကို ဖြေဖျောက်-ပပျောက်စေဖို့ – အစ္စလာမ် ဘာသာဝင်တွေ ဘာလုပ်သင့်တယ်ဆိုတာကို လာရောက်ဆွေးနွေးတာလို့ ကျွန်တော် သဘောပေါက်မိပါတယ်။ ကိုမြအေးနဲ့အတူ အခြား ဗုဒ္ဓဘာသာဝင် ၈၈ ခေါင်းဆောင် သုံးယောက်ကလည်း သူတို့ရဲ့အမြင်တွေကို ဝင်ရောက် ဆွေးနွေးတင်ပြကြပါတယ်။

ဒီနေရာမှာ အခမ်းအနားကိုတက်ရောက်လာသူများမှလည်း ရှုထောင့်ပေါင်းစုံမှ ဝင်ရောက် ဆွေးနွေးကြပါတယ်။ ပြောခဲ့ ဆိုခဲ့ကြတဲ့ အသံဖိုင်တွေ ရှိပေမဲ့ အသေးစိတ်ကို ရေးပြ မနေတော့ပါဘူး။ အဲ့ဒီအခမ်းအနားမှာ ကျွန်တော် ပတ်သက်ခဲ့တာလေးတွေကိုပဲ တင်ပြလိုပါတယ်။ အထက်မှာ ကျွန်တော်တင်ပြခဲ့သလိုပဲ လူနည်းစုတွေက လူများစု အမြင်ကြည်လင် စိတ်တိုင်းကျအောင် ဘယ်လိုနေ သင့်ထိုင် သင့်တယ် ဆိုတာကို ဆွေးနွေးကြတဲ့ပွဲပါ။
 
ကိုမြအေးကပြောတယ် “ ဗလီတွေထဲမှာ မြေအောက်ခန်းတွေ၊ စစ်စခန်းတွေရှိတယ် ဆိုတဲ့ စွပ်စွဲပြောဆိုခံနေရ တာတွေကို ကျွန်တော်တို့ဘက်က ရှင်းလင်းရမယ် ” တဲ့။

မလိုအပ်ပါဘူးခင်ဗျာ – အခုစွပ်စွဲပြောဆိုသလို ဗလီထဲမှာ မြေအောက်ခန်းတွေနဲ့စစ်စခန်းတွေကို တည်ဆောက် ထားတာမျိုး မရှိဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများ သိကြပါတယ်။ ဗလီတွေကိုဆောက်လုပ်တဲ့ အချိန် ပြင်ဆင်တဲ့ အချိန် ကြွေပြားကပ်တဲ့ အချိန်တွေမှာ ဗုဒ္ဓဘာသာဝင် လက်သမား ပန်းရံတွေနဲ့ပဲ လုပ်ကြကိုင်ကြ ပြင်ကြဆင်ကြတာပါ။ သူတို့တစ်တွေ ဗလီထဲမှာ နေရာအနှံ့သွားလာမြင်တွေ့နေတာပဲ - ဘာရှိတယ် ဘာမရှိဘူးဆိုတာ လူတိုင်းသိနိုင်တဲ့ ကိစ္စတခုပါ - သာသနာရေးဦးစီးဌာနကလူတွေ- စည်ပင်သာယာကလူတွေ -ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကလူတွေ – ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ဗလီထဲမှာဘာရှိတယ် ဘာမရှိဘူး သိနေကြပါတယ်။ ဒီကနေ့ ဗလီတွေမှာ မြေအောက်ခန်းတွေ စစ်စခန်းလို ပုံစံမျိုးတွေ ဆောက်ထားတယ်တို့ – စစ်သင်တန်းပေးတယ်တို့ ပြောနေတာတွေဟာ မဟုတ်မမှန် မတရား စွပ်စွဲပြောဆိုမှု သက်သက်သာဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒီလိုမဟုတ်မမှန် စွပ်စွဲပြောဆိုနေတဲ့ အခြေအမြစ်မဲ့ စကားမျိုးကို အရေးအရာ ထားပြီးဖြေရှင်းနေဖို့ လိုအပ် ပါသလား။ မလိုအပ်ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူများ – အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထား သူများဘက်က ရှင်းကြပါစေ။ လိုအပ်ရင် စွပ်စွဲပြောဆို သူတွေကိုပါခေါ်ယူပြီး ကြိုက်တဲ့ ဗလီထဲကို ဝင်ရောက် စစ်ဆေးနိုင်တာပဲ မဟုတ်လား။ ကျွန်တော်တို့က ဘယ်သူ့ကိုခေါ် ရှင်းပြနေစရာလိုမလဲ - ကျွန်တော်တို့က ခေါ်ယူရှင်းပြတော့လဲ တရားဝင်မှာလား။
 
နောက်တစ်ခု ….. မွတ်စလင်မ်အမျိုးသမီးများ ခေါင်းမြီးခြုံခြင်း နဲ့အမျိုးသားများ အကျီရှည်ဝတ်ခြင်း၊ မုတ်ဆိတ်ထားခြင်းတွေဟာ မြန်မာ့ဝတ်စား ဆင်ယင်ပုံတွေနဲ့ ကွဲပြားနေခြင်း ဖြစ်ပါတယ် လို့ ကိုမြအေးက အဓိက ဇောင်းပေးပြောဆို သွားပါတယ်။ “ ဒါတွေဟာ လူများစု ဗုဒ္ဓဘာသာဝင်တွေ စိတ်တိုင်းမကျစရာ – အထင်အမြင် လွဲမှားစရာတွေ ဖြစ်နေတဲ့အတွက် မြန်မာပြည်မှာနေရင် မြန်မာလိုပဲ ဝတ်စားသင့်တယ် ” လို့တင်ပြသွားပါတယ်။

ဒီနေရာမှာ အဲ့ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ အစ္စလာမ် သာသနာ့ပညာရှင်လူငယ် မုဖ်သီ အွမ်မာရ် ရဲ့ အလွန်သဘာဝကျစွာ ဆွေးနွေးသွားတာကို တင်ပြလိုပါတယ်။
 
“ ကျွန်တော်တို့ အစ္စလာမ်ဘာသာမှာ သီးခြားဝတ်စုံဆိုတာ မရှိပါဘူး – သီးခြားဝတ်စား ဆင်ယင်ရမယ်လို့ သတ်မှတ်ထားတာလည်း မရှိပါဘူး – သို့သော်လည်း ကျွန်တော်တို့ဟာ ကျွန်တော်တို့ သာသနာရဲ့ ဦးစီးရှေ့ဆောင် မဟာတမန်တော်မြတ်ကို ချစ်ခင်လေးစားကြည်ညိုမှုတွေကြောင့် မဟာတမန်တော်ရဲ့ ဝတ်စား ဆင်ယင်မှုပုံဟန်ကို အတုခိုး ဝတ်ဆင်ကြပါတယ်။ တရားတော်က သတ်မှတ်ပြဌာန်းချက်အရ မုတ်ဆိတ်ထားကြပါတယ်။ ဒီအကျီရှည်ဟာ အိန္ဒိယအမျိုးသားတွေ ဝတ်တဲ့ပုံစံနဲ့သာ တစ်ထပ်တည်းတူနေတာ မဟုတ်ပါဘူး – ရှေးဟောင်း တရုတ်လူမျိုးများ ဝတ်ဆင်လေ့ရှိကြတဲ့ အင်္ကျီနဲ့လည်း ဆင်တူပါတယ် – ဒီအင်္ကျီဟာ မဝတ်မနေရ ပြဌာန်းချက် မဟုတ်ပေမယ့် …. ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ လွတ်လပ်မှု အခွင့်အရေးအရ ကျွန်တော်တို့ဝတ်ဆင်ကြတာ မှန်ပေမယ့် – ကျွန်တော် တစ်ခုမေးလိုပါတယ် -လူများစုနဲ့ပြေပြေလည်လည်ရှိဖို့ အတွက် – ပြဿနာရှာနေတာတွေ စွပ်စွဲပြောဆိုနေတာတွေ ရန်ရှာနေတာတွေ ပြီးသွားမယ်ဆိုရင် ဒီအင်္ကျီတွေကို ကျွန်တော်တို့ စွန့်လွှတ်ပစ်လိုက်ပါ့မယ် - အစိုးရက အကျီရှည် မဝတ်ရလို့သာ အမိန့်ပေးလိုက်ပါ – နိုင်ငံတော်အစိုးရရဲ့ အမိန့်ကိုနာခံဖို့က ကျွန်တော်တို့သာသနာက သွန်သင်ထားပြီးသားဖြစ်ပါတယ် ” - လို့သဘောရတဲ့ စကားတွေပြောသွားခဲ့ပါတယ်။
 
ကျွန်တော့်အနေနဲ့တော့ အထက်ကပြောသွားတဲ့ သာသနာ့ပညာရှင် ညီငယ်ရဲ့စကားကို အကြွင်းမဲ့ထောက်ခံ တယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ နှစ်ပေါင်းများစွာ တိုင်းသူပြည်သားအားလုံးကို ဖိနှိပ်ထားခဲ့တယ်။ဒီအထဲမှာ လူနည်းစု အစ္စလာမ်ဘာသာဝင်တွေဟာ အထူးနှိပ်ကွပ်ခြင်းခံခဲ့ကြရတယ်။ လူတိုင်းရဲ့ရင်ထဲမှာ စစ်အစိုးရကို မခံချင်တဲ့စိတ် – မကျေနပ်တဲ့စိတ် – တော်လှန်လိုတဲ့စိတ် -ပုန်ကန်လိုတဲ့စိတ်တွေ ရှိနေကြတယ်။ ၈၈ အရေးအခင်းကြီးက သက်သေပါပဲ – နိုင်ငံနဲ့အ၀ှမ်း လူမျိုးစုံ ဘာသာပေါင်းစုံဟာ စစ်အစိုးရကို ရတတ်သမျှ နည်းပေါင်းစုံနဲ့ တော်လှန်ရေး ဆန့်ကျင်မှု ၊ ပုန်ကန်မှုတွေ လုပ်ခဲ့ကြတယ်။ အပြင်းအထန် နှိပ်ကွပ်ခြင်းကိုတစ်ပြည်လုံး ခံခဲ့ကြရတယ် – အဲ့ဒီအချိန်မှာ ကိုယ်ထိလက်ရောက် တော်လှန်ရေး မလုပ်နိုင်တဲ့သူတွေ – မလုပ်ရဲတဲ့သူတွေက သူတို့ရဲ့ စစ်အစိုးရအပေါ်ဆန့်ကျင်မှုကို မိမိတို့နဲ့သက်ဆိုင်ရာ ဘာသာရေးအပေါ် လေးစားလိုက်နာခြင်းတွေနဲ့ ပြသကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဘုရားတရားဘက်ပိုလိုက်စားလာကြသလို အချို့ကျတော့ သာသနာ့ဘောင်ဝင်ပြီး သင်္ဃန်းစည်းသွားကြတယ်။ ထိုနည်းတူစွာပဲ အစ္စလာမ်ဘာသာဝင်တွေ ဘာသာရေးဘက်ကို ပိုမိုချဉ်းကပ်သွားကြတယ်- အကျီရှည်တွေဝတ်လာကြတယ် – ဘာသာရေး အရ မုတ်ဆိတ်တွေထားလာကြတယ်။ အဓိကကတော့ စစ်အစိုးရဆန့်ကျင်ရေးစိတ်ကနေ မြစ်ဖျားခံလာတာပါဘဲ။ ဒီဖက်ခေတ်မှာရောက်တဲ့အခါကျမှ အမြင်တွေစောင်းပြီး အပြစ်တင်စရာတွေ ဖြစ်သွားတာကတော့ ဝမ်းနည်းစရာပါ။
 
နောက်တစ်ခုရှိတာက - စစ်အစိုးရလက်ထက်မှာ တိုက်ပုံအကျီဝတ်တဲ့ မြန်မာလိုနေတဲ့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေကို ဘာလှုပ်ရှားမှုမှ ခွင့်မပြုခဲ့ဘူး။ အံ့သြစရာကောင်းတာက အကျီရှည်ဝတ် မုတ်ဆိတ်ထားပြီး လှုပ်ရှားတဲ့ အဖွဲ့အစည်းကိုတော့ လုပ်ပိုင်ခွင့်တွေအများကြီးပေးခဲ့တာ ထင်ထင်ရှားရှားတွေခဲ့ရတယ်။ တိတိကျကျပြောရရင် တဗလိဂ် လို့ခေါ်တဲ့ အပတ်စဉ်- လစဉ်-နှစ်စဉ် ခရီးထွက်ပြီး သာသနာရေးကျင့်ကြံတဲ့ အဖွဲ့ကို အထူးအခွင့်အရေးတွေ ပေးခဲ့ကြတယ်။ ကြိုက်တာလုပ်ကြ – တိုင်းနဲ့ပြည်နယ် ကြိုက်တဲ့နေရာမှာ အခမ်းအနားတွေလုပ်ကြ- လူတစ်သိန်း နှစ်သိန်း စုချင်တယ် ဆိုလည်း စုကြ။ ခရီးတွေသွားလာနိုင်ဖို့ ရထားလက်မှတ်တွေကို ပါမစ်တွေနဲ့အစုလိုက် အပြုံလိုက် ရောင်းပေးတယ် – ကျန်တဲ့ ပုံမှန် နေ့စဉ်ခရီးသွားတွေ ဒုက္ခရောက်ကြတယ် ။ အဲ့ဒီတော့မှ … တွေ့လား ၊ ဒီကုလားတွေကြောင့် မင်းတို့ဒုက္ခရောက်ရတာ – ကုလားတွေ ဘယ်လို အခွင့်အရေးယူသလဲ ကြည့်ကြ။ မြန်မာပြည်ကို ဒီလိုကုလားတွေ အများကြီးရောက်လာပြီး – ကုလားပြည်ဖြစ်သွားလိမ့်မယ် – ဆိုတဲ့စကားလုံးတွေနဲ့ အမျိုးသားရေးဝါဒအပေါ် မှားယွင်းတဲ့အမြင်တွေ – အတွေးတွေ ဝင်သွားအောင် နှိုးဆွပေးခဲ့တယ်။ ဒါကို အဲ့ဒီအဖွဲ့ကလူတွေကလည်း နားမလည်ကြဘူး မသိတတ်ကြဘူး မမြင်ကြဘူး – တွေ့တယ်မဟုတ်လား ငါတို့လုပ်ရပ် – ငါတို့လမ်းစဉ် မှန်ကန်နေလို့ စစ်အစိုးရ ကတောင် ခွင့်ပြုရတယ် ဆိုပြီး စိတ်ကြီးဝင်ကုန်ကြတယ်။
 
စစ်အစိုးရက မြန်မာပြည်သူပြည်သားအချင်းချင်း အိုးမည်းသုတ် သွေးခွဲနေတာကိုတော့ မမြင်ကြဘူး။ အဲ့ဒီအဖွဲ့ဝင်တွေဟာ ကျန်တဲ့ ဘာသာဝင်တွေကို မဆိုထားနဲ့၊ အစ္စလာမ်ဘာသာဝင်အချင်းချင်းနဲ့တောင် အနေအထိုင် အပြောအဆို ဝတ်ပုံစားပုံတွေ၊ အပြုအမူတွေ ကွာဟကုန်တယ်။ သူတို့အဖွဲ့ကလွဲပြီးတော့ ကျန်တဲ့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ လှုပ်ရှားမှု လုပ်ခွင့် မပေးတော့ – လူ့သဘောသဘာဝအရ လှုပ်ရှားပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းထဲကို လူတွေစုပြုံရောက် လာကြပါလေရော – လူမျိုးတိုင်း – ဘာသာတိုင်းမှာ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလဲရှိတယ် – စည်းကမ်း ရှိသူတွေ ရှိသလို စည်းကမ်းမဲ့သူတွေလည်း ရှိတယ် – ယဉ်ကျေးသိမ်မွေ့တဲ့သူတွေရှိသလို အပြောအဆို အနေအထိုင်ကအစ မိုက်ရိုင်းတဲ့သူတွေလည်း ရှိကြတာပဲ။ ဒီလိုနဲ့ လှုပ်ရှားခွင်းရတဲ့အဖွဲ့ အုပ်စုထဲမှာ လူစုံတက်စုံ ပါလာတော့တယ်။ အချို့အချို့သောသူတွေရဲ့ တွေးခေါ်မျှော်မြင်မှု အားနည်းတာ – ဆင်ခြင်တုံတရား မရှိတာတွေကြောင့် ယဉ်ကျေးမှုခြင်း ထိပ်တိုက်တွေ့ကုန်တယ် – ဘာသာအချင်းချင်း သဟဇာတ မဖြစ်တာတွေ ပွင့်ထွက်ပေါ်ပေါက်လာရတယ်။ ကျွန်တော်မြင်တာကတော့ ဒီပြဿနာဟာ ခေတ် – စံနစ်ရဲ့ ပြဿနာပါ၊
 
ဒီကနေ့ ပွင့်လင်းလွတ်လပ်လာတာသာ တကယ်မှန်မယ်ဆိုယင် ကျွန်တော်တို့ ပြည်သူတွေအားလုံး ပုံမှန်ဖြစ်သွားမှာပါဘဲ။ ရွေးချယ် လှုပ်ရှားစရာ အဖွဲ့အစည်းတွေလည်း ပေါများလာပါလိမ့်မယ် – တစ်နေရာထဲ စုပြုံနေတာ လျော့ပါးသွားပါလိမ့်မယ်။ မိမိတို့ အပြုအမူ အလေ့အကျင့် တစ်ခုကြောင့် မိမိတို့နဲ့အတူ တစ်မြေတည်းနေ – တစ်ရေတည်းသောက် -အေးအတူ ပူအမျှ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုထင်မြင်ရတယ် -ဘယ်လိုခံစားနေရတယ် ဆိုတာတွေကို သိလာကြရင် – နားလည်လာကြရင် – အချင်းချင်းထိန်းကျောင်းမှုနဲ့ အားလုံး အဆင်ပြေသွားကြမှာပါ။ လက်ရှိအချိန်မှာတော့ ဒီအခြေအနေတွေကို နားလည်သဘောပေါက်အောင် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများ မှ ပုဂ္ဂိုလ်တွေအနေနဲ့ တဗလိဂ် အဖွဲ့ရဲ့ တာဝန်ရှိသူတွေကို ရှင်းလင်းဖျောင်းဖျသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီပြဿနာဆိုတဲ့ဟာကို ဖြေရှင်းဖို့ ဒီလောက်လေးပဲ လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
 
နောက်တစ်ခု ကိုမြအေး တင်ပြတာက- “ ဗလီတွေကနေ- ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများကို လက်ထပ်ယူကြဖို့ဆော်သြတယ် – ဆရာဝန်သမီးယူရင် ဘယ်လောက် – စစ်ဗိုလ်သမီးယူရင် ဘယ်လောက် ထောက်ပံ့မယ်ဆိုတာတွေဟာ လုံးဝ မဟုတ်မမှန်တဲ့အတွက် မဟုတ်မမှန်ကြောင်း အများကို ရှင်းလင်းပြရမယ် ” လို့ပြောပါတယ်။
 
ဒီလိုမဟုတ်မမှန် စိတ်ကူးပေါ်ရာ ရမ်းသန်း စွပ်စွဲတိုင်း – အခြေအမြစ်မဲ့ အပြစ်တင်တိုင်း လိုက်ရှင်းနေရရင် – ဒီလို ရှင်းရတဲ့ အလုပ်ကို တစ်သက်လုံးလုပ်လို့ပြီးမှာ ဟုတ်တော့ပါဘူးဗျာ။ ဒီစကားဟာ တရားမဝင် ဖြန့်ချိနေတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး စာအုပ် “အမျိုးပျောက်မှာ စိုးကြောက်စရာ ” ထဲက စကားလုံးတွေပါ။ ကျွန်တော်တို့ရဲ့ညီအစ်ကိုတော်တွေက ဆိုရှယ်မီဒီယာမှာရော – ပုံနှိပ်မီဒီယာပေါ်မှာပါ အကြိမ်ကြိမ်ရှင်းပြီးသား – ခြေခြေမြစ်မြစ်ရှင်းထားပြီးသားတွေပါ – ဘာမှနောက်ထပ်ပြောနေရမယ့် ကိစ္စ မဟုတ်ပါဘူး။
 
အဲ့ဒီနောက်တော့ ကိုမြအေးက အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ပူးပေါင်းပြီး – နိုင်ငံတော် တည်ဆောက်ရေးတွေမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ – နိုင်ငံတော် ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်အောင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားဖို့ မှာကြားပါတယ်။ ပြဿနာကို မီးထွန်းရှာနေတဲ့သူတွေဟာ လူနည်းစုကလေးသာ ဖြစ်ပါတယ် – ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေအများစု ဟာ ငြိမ်းချမ်းစွာနေလိုကြတဲ့ သူတွေဖြစ်ကြပါတယ် ဆိုတဲ့အကြောင်း ပြောပြသွားပါတယ်။သိတာပေါ့ဗျာ – ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြတဲ့ ရဟန်းသံဃာတွေ – လူပုဂ္ဂိုလ်တွေအများစုရှိနေလို့သာ ဒီတိုင်းပြည်ကြီး ဒီလိုအေးအေးချမ်းချမ်းနေလို့ရနေတယ်ဆိုတာကို ကျွန်တော်တို့ သိပ်သိတာပေါ့။
 
ကျွန်တော်တို့ မန္တလေးမှာ အစ္စလာမ်ကို ဘက်ပေါင်းစုံကနေ ပြဿနာရှာနေတဲ့ ဆရာတော် တစ်ပါတည်း ရှိလို့သာပေါ့ – များများ မဟုတ်ဘူး – အဲ့ဒီဆရာတော်လိုမျိုး သုံးပါးလောက် ရှိကြည့်လိုက် -မန္တလေးမြို့ ပျက်သွားတာကြာလှပြီ။ ကျွန်တော်တို့က သဘောထားပျော့ပြောင်းတဲ့ ထေရ်ကြီးဝါကြီး သံဃာတော်ကြီးများထံ ချဉ်းကပ်သြဝါဒခံပြီး ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးရေးကိုဆောင်ရွက်နေသလို ၊ အစ္စလာမ်ဘာသာအပေါ်မှာ သဘောထားတင်းမာပါတယ် ဆိုတဲ့ ဆရာတော်ဦးဝီရသူ တို့လို ဆရာတော်ကြီးများနဲ့လည်း ဘာသာပေါင်းစုံချစ်ကြည်ရေး – ငြိမ်းချမ်းရေးတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်တဲ့ အခမ်းအနားတွေဟာ – ကျွန်တော်တို့လုပ်တဲ့ အစီအစဉ်တွေဟာ – ဒေသခံ တာဝန်ရှိသူတွေရဲ့ တားဆီးခြင်းကို ခံရပါတယ် – တစ်ခါတစ်ရံ တားဆီးတာထက်ဆိုးတာက ….. ပွဲမိန့်ပေးပြီး အချိန်နီးကပ်ကာမှ ပါမစ် ပြန်ရုပ်သိမ်းတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ ပြဿနာကို ထပ်ဆင့်ပွားများလာအောင် မကြီးကြီးလာအောင် ဖော်ဆောင်သလိုဖြစ်နေပါတယ်။
 
ဒီနေရာမှာ စောစောက ဆွေးနွေးတင်ပြသွားတဲ့ သာသနာ့ပညာရှင် မုဖ်သီ အုမ်မာရ် ရဲ့စကားလေးကို ပြန်ကိုးကားချင်ပါတယ်။ “ဆရာကြီးဦးရာဇတ် – ဆိုပြီး မြန်မာနိုင်ငံသမိုင်းမှာ ပြောင်မြောက်စွာ ပေါ်ထွက်လာတာဟာ -ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်ကောင်းရှိလို့” ဆိုတဲ့စကားပါ။ သိပ်ကို မှန်ကန်တဲ့စကားပါ။ လူတစ်ယောက် – ပုဂ္ဂိုလ်တစ်ဦးရဲ့ အစွမ်းအစကို ပြနိုင်ဖို့ဆိုတာဟာ လုပ်ပိုင်ခွင့် – လုပ်နိုင်ခွင့် ရှိဖို့ လိုအပ်ပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ သူတိုင်းပြည် အပေါ်မှာ စေတနာရှိသလောက် – သူ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် -တိုင်းပြည်ကိုချစ်နိုင်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်က ပေးခဲ့လို့သာ – ဒီအခွင့်အရေး ရခဲ့တာပေါ့။ စစ်အစိုးရခေတ် ဗိုလ်ချုပ်ကြီးတွေလိုမျိုး ဆိုရင် ဆရာကြီးဦးရာဇတ် ဘာမှလုပ်ပိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကိုမြအေးတို့အဖွဲ့ကို ကျွန်တော့် အတွေ့အကြုံလေးတင်ပြဖြစ်ပါတယ်။
 
လွန်ခဲ့တဲ့ ၁၆-၂-၂၀၁၃ ရက်နေ့က မြမန္တလာဟိုတယ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံခွင့်ရခဲ့တုန်းက အပြန်အလှန်ပြောဆို ဖြစ်ခဲ့တာလေးတွေကိုပါ။ ဝန်ကြီးဦးအောင်မင်းကို ကျွန်တော်က ယနေ့မြန်မာနိုင်ငံထဲမှာ ပြန့်ပွားနေတဲ့ (Hate Speech) တွေကို တားမြစ် ပေးဖို့ တင်ပြခဲ့ပါတယ်။ မဟုတ်မမှန် လုပ်ကြံစကားတွေ – မဖွယ်မရာစွပ်စွဲချက်တွေနဲ့ အမုန်းတရားတွေဟောပြော ဖြန့်ဝေနေတာတွေကို နိုင်ငံတော်အစိုးရက တားဆီးပေးသင့်ပါတယ် -နိုင်ငံတော် မဟာသံဃာ့နာယက ဆရာတော်ကြီးများကို ဒီဟောပြောချက်တွေကို ဟန့်တားပေးပါမည့်အကြောင်း လျှောက်ထားသင့်ပါတယ် – လို့ပြောလိုက်တော့ …….. ဝန်ကြီးဦးအောင်မင်းရဲ့အဖြေက ကျွန်တော့်ကို တော်တော် အံ့အားသင့်သွားစေခဲ့ပါတယ်။
 
ဝန်ကြီးဦးအောင်မင်းအဖြေပေးခဲ့တာက “ဟုတ်တယ် – မွတ်စလင်နိုင်ငံတွေက ကျွန်တော်တို့ကို ပရက်ရှာတွေ တော်တော်ပေးတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုပြီးတော့ တဲ့။ ကျွန်တော် ပြန်ပြောလိုက်တယ် – ဆူးလေ ဘုရားနားကို လာကြည့်ပါ – ဘုရားရယ် – ဗလီရယ် – ချာ့ခ်ျရယ် – ဘာသာစုံတွေရဲ့ကျောင်းဂန်တွေ တစ်နေရာထဲမှာ – အေးအေးချမ်းချမ်းတည်ရှိနေနိုင်တာဟာ ဘယ် နိုင်ငံမှာရှိလဲ – ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ဒါမျိုးရှိတယ် – ခင်ဗျားတို့နိုင်ငံမှာ ကျွန်တော် ဘုရားလာတည်မယ်- ရမလား လို့ ပြန်မေးလိုက်တယ် ” တဲ့ ခင်ဗျား။ကျွန်တော်တင်ပြတာကတခြား – သူဖြေတာက တလွဲ။ ကျွန်တော် တော်တော်စိတ်ပျက်သွားမိတယ်။ ဒါနဲ့ ကျွန်တော်လည်း ဝန်ကြီးကို ပြန်လည် ရှင်းလင်းတင်ပြမိတယ်။
 
“ဝန်ကြီးဦးအောင်မင်းခင်ဗျား ။ ကျွန်တော်ပြောတဲ့စကားအဓိပ္ပါယ်ကို ဝန်ကြီးသဘောမပေါက်ဘူးထင်ပါတယ်။ ကျွန်တော်ပြန် ရှင်းပြပါရစေ —- ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ အစ္စလာမ် ဘာသာကိုဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေဟာ ဆိုရှယ်မီဒီယာမှာရော – ပုံနှိပ်မီဒီယာမှာပါ ပျံ့နှံနေပြီး တရားပွဲတွေမှာ ဟောပြောနေတာတွေအထိ တွေ့နေရပါတယ် ” ဆိုတော့ ဝန်ကြီးက “ မရှိပါဘူး ” တဲ့ဗျာ။ ကျွန်တော်က “ ဟာ – ဝန်ကြီးရယ်။ ရှိပါတယ်ခင်ဗျာ ။ လူသိရှင်ကြားပါ။ ဂျာနယ်တွေထဲမှာပါပါတယ် ။ ကရင်ပြည်နယ်မှာ၊ မွန်ပြည်နယ်မှာ၊ တာချီလိတ်မှာ၊ ဧရာဝတီတိုင်းမှာ နေရာအနှံ့ ထင်ထင်ရှားရှားဖြစ်နေတာပါ- ရန်ကုန်မြို့လည်ခေါင်မှာ တရားပွဲတွေလုပ်ပြီး ဟောပြောနေသလို – မန္တလေးမှာလဲ မြို့အနှံ့ မွတ်စလင်မ်ဆန့်ကျင်ရေးစာရွက်စာတမ်းတွ ဝေနေပါတယ် ” ဆိုတော့ ဝန်ကြီးဦးအောင်မင်းက လက်ခံလိုပုံ မရပေမဲ့ ဝန်ကြီးဦးစိုးသိန်းက “ဟုတ်ပါတယ်။ ဖြစ်နေပါတယ် ” လို့ လှမ်းပြောလိုက်တော့မှ မငြင်းတော့ပါဘူး။ ဒါနဲ့ ကျွန်တော်က ဆက်ပြီးတော့ “ ဒီကိစ္စတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများကနေ တားဆီးပေးစေချင်ပါတယ် –ီစာရွက်တွေဝေတာ တရားတွေဟောတာဟာ ကျွန်တော်တို့အတွက်တော့ ပြဿနာမရှိပါဘူး - ကျွန်တော်တို့ အရေထူနေပါ ပြီ။ ကျွန်တော်တို့မှာ ငြိမ်းချမ်းစွာနေလိုကြတဲ့ ရဟန်းသံဃာတွေ – လူထုတွေ အများကြီးရှိနေပါတယ် ။ ဒါပေမဲ့ ဒီဟောပြောချက်တွေ – ကြော်ငြာချက်တွေဟာ မြန်မာပြည်ထဲတင် ပျံနှံ့ကုန်တာမဟုတ်ပါဘူး။ နိုင်ငံတကာ မီဒီယာတွေကတဆင့် – အင်္ဂလိပ်ဘာသာပြန်ပြီး တစ်ကမ္ဘာလုံးကို ပြန့်ပွားနေပါတယ်။
 
ဒီလိုတစ်ကမ္ဘာလုံးကို ပျံ့ကုန်တော့ မွတ်စလင်မ်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် (ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးလို့)ဝေဖန် - ဒီလိုပြောဆိုဝေဖန်တော့ – မင်းတို့မွတ်စလင်မ် နိုင်ငံတွေက တို့နိုင်ငံကိုဖိအားပေးတယ် ဆိုပြီး ကျွန်တ်ာတို့ မွတ်စလင်မ်တွေကိုပဲ ပြန် အပြစ်မြင် - ဖြစ်ရလို့ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပုံရိပ်ကိုလည်း ထိခိုက်စေတဲ့ကိစ္စမို့ပါ ” လို့ ရှင်းပြတောင်းဆိုခဲ့ရပါတယ်။
ဒါပေမဲ့လည်း ဝန်ကြီးများဖက်ကနေ တတ်နိုင်သမျှ တားဆီးဟန့်တားပေးပါ့မယ် ဆိုတဲ့ အဖြေ မရခဲ့ပါဘူး။
 
အဆိုပါ ကိစ္စတွေဟာ လွတ်လပ်တဲ့ သတင်း မီဒီယာခေတ် ရောက်လာလို့ပဲ ဖြစ်ရသယောင်ယောင် ….. ဒါတွေကို တားဆီးလိုက်ရင်ပဲ မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးသွားတော့မယောင်ယောင် ပြောကြားသွားခဲ့ပါတယ်။ “ သူတို့က Hate Speech တွေပြောရင် ခင်ဗျားတို့ဖက်က Love Speech တွေ များများပြောပေါ့ဗျာ။ ခင်ဗျားတို့ ပြောခွင့်ရဖို့ ဝန်ကြီးချုပ် ဦးရဲမြင့်ကိုလည်း တင်ပြပေးပါ့မယ်” ဆိုတာလောက်ပဲ အဖြေရခဲ့ပါတယ်။ တကယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့် ဆိုတာထဲမှာ-ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးဆန့်ကျင်ပြောဆိုလို့ မရပါဘူး။ အခုလို ဘာသာရား တစ်ခုခုကို မုန်းတီးလာအောင်- မဟုတ်မမှန် စွတ်စွဲပြောဆိုရေးသားဟောပြောမှုတွေဟာ ဖွဲ့စည်းပုံအခြခံဥပဒေကို ဆန့်ကျင်နေတာ အထင်အရှားပဲ ဖြစ်ပါတယ်။ တာဝန်ရှိသူ အစိုးရအနေနဲ့ မဖြစ်မနေ ဟန့်တား အရေးယူရမယ့်ကိစ္စသာ ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတောင်းဆိုတဲ့အထဲမှာ အရေးယူဖို့ မပါပါဘူး။ ဒါပေမယ့် ဝန်ကြီးမင်းများက ဘာမှ လုပ်မပေးခဲ့ပါဘူး။ လုပ်ပေးပါ့မယ် လို့လည်း ကတိမပေးခဲ့ပါဘူး။
 
အဲ့ဒီတော့ ကိုမြအေးတို့အဖွဲ့နဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ ကျွန်တော်က ဒီအဖြစ်အပျက်ကို ထောက်ပြပြီးတော့ … “ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ကြိုးပမ်းအား ထုတ်တဲ့ နေရာမှာ – လူနည်းစုတွေ အားထုတ်တာထက် – လူများစုက အားထုတ်တာ ပိုမို ထိရောက်ပါတယ်။ ဒါကြောင့် လူများစုကလည်း ကြိုးပမ်း အားထုတ်ကြဖို့လိုအပ်ပါလိမ့်မယ်။ ဒီလိုပါပဲ – တိုင်းသူပြည်သားတွေက ကြိုးပမ်းအားထုတ်တာထက် – အစိုးရကိုယ်တိုင်က ကြိုးပမ်းအားထုတ်တာ ပိုမိုထိရောက်ပါတယ်။ ကြိုးပမ်းအားထုတ်ဖို့ အစိုးရမှာ အဓိက တာဝန်ရှိနေပါတယ်။
 
ကိုမြအေးတို့အဖွဲ့ဟာ အစိုရအဖွဲ့ဝင်လူကြီးများကို လက်လှမ်းမှီပါတယ်၊ အစိုးရအဖွဲ့ဝင်တွေကို Educate လုပ် ပေးကြပါ။ တာဝန်ရှိတာတွေကို ပြောပြပေးကြပါ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့မြို့/နယ်မှာ ကျွန်တော်တို့ အတိုင်းအတာနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေး လုပ်ငန်းရပ်တွေကို ယခင်ကလည်း လုပ်ဆောင်ခဲ့ပါတယ် – လက်ရှိလည်း ကြိုးစားနေကြသလို – သဟဇာတ အဖွဲ့ကြီးကို လူမျိုးစုံ ဘာသာစုံပါဝင်ပြီး ဖွဲ့စည်းနိုင်ဖို့အတွက် ဆရာတော်ကြီးများသြဝါဒ ခံယူလျက် ပြင်ဆင်နေကြပါတယ်။ နောက်နောင်လည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ် ” လို့ တင်ပြဖြစ်ခဲ့ပါတယ်။
 
 
M-Media  သတင်း

အမေရိကန် ကျောင်းသားများအတွက် အစ္စလာမ်အကြောင်း သိကောင်းစရာ သီတင်းပတ် ပြပွဲပြုလုပ်

  ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၃
 
GVSU0727_SU_C_^_SUNDAY
ကိုင်ရို။ ။အစ္စလာမ်သာသနာ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ပက်သက်၍ အမေရိကန် ကျောင်းသားများ ပိုမိုသိရှိလာစေရန် အခွင့်အရေးတစ်ခုပေးခြင်းဖြင့် နားလည်မှုလွဲမှားခြင်းများ လွင့်ပျောက်သွားစေရန်အတွက် ‘နားလည် သဘောပေါက်မှု သီတင်းပတ်’(awareness week) တစ်ခုကို အနောက် မီချီဂန်ရှိ ဂရန်းဗာလီ စတိတ်(Grand alley State) တက္ကသိုလ်မှ မွတ်စလင် ကျောင်းသူ၊ ကျောင်းသားများက ဖေဖော်ဝါရီ ၂၅ရက် တနင်္လာနေ့တွင် စတင်ပြုလုပ်ခဲ့သည်။

“ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ဖို့၊ ပြီးတော့ ကမ္ဘာပေါ်ကအကြီးဆုံး ဘာသာတရားကို ကိုယ်စားပြုတဲ့ ကျောင်းသားအုပ်စုအကြောင်း သူတို့ကိုပြောပြဖို့ ဒီ သီတင်းပတ်ဟာ အကောင်းဆုံး ကိရိယာပါပဲ။ နောက်ပြီး မွတ်စလင်ကျောင်းသားများ အစည်းအရုံး (Muslim Students’ Association (MSA)) က ကျောင်းသားတွေဟာ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ ပါကစ္စတန်နဲ့ အမေရိကန်နိုင်ငံတွေက လာကြတယ်လို့ သိရတာဟာ စိတ်ဝင်စားစရာပါ။” ဟု အဆိုပါတက္ကသိုလ်ရှိ အာရဗီဘာသာစကားနှင့် အစ္စလာမ့်ရေးရာ (Arabic and Islamic studies) ပါမောက္ခဖြစ်ပြီး၊ မွတ်စလင်ကျောင်းသားများ အစည်းအရုံး၏ အကြံပေးဖြစ်သူ ဆီဘက်စတီယန် မိုက်ဆယ် (Sebastian Maisel) က ဆိုသည်။
 
ထို သီတင်းပတ်တွင် ကဗျာရွတ်ဆိုခြင်း၊ အစ္စလာမ့်မှပြောသည့် အမျိုးသမီးအခွင့်ရေးနှင့် ပက်သက်သည့် ဟောပြောပို့ချချက်များ အပါအ၀င် ကျောင်းသူ၊ ကျောင်းသားများ အစ္စလာမ်အကြောင်း နားလည်သိရှိမှု တိုးတက်စေရန် ရည်ရွယ်သည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေရန် လူရွှင်တော်တစ်ဦးကိုလည်း ဖိတ်ခေါ်ထားသည်ဟု သိရသည်။
 
“ဒီအစီအစဉ်တွေ၊ လှုပ်ရှားမှုတွေမှာ တက္ကသိုလ်မှာရှိတဲ့ မွတ်စလင်နိုင်ငံ ပေါင်းစုံက ကျောင်းသူ၊ ကျောင်းသားတွေ အတူတကွ ပါဝင်ဆာင်ရွက်သွားမှာပါ။” ဟု မိုက်ဆယ်က ထပ်လောင်းပြောကြားသည်။
တရားဝင် စာရင်းကောက်ယူမှုမရှိသော်လည်း အမေရိကန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းအထိရှိမည်ဟု ခန့်မှန်းရပြီး အမေရိကန်အများစုမှာ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ အကြောင်း အနည်းငယ်သာသိရှိသည်ဟု စစ်တမ်းများက ဆိုသည်။
 
ဝါရှင်တန်ပို့စ်(Washington Post) သတင်းစာနှင့် ABC သတင်းဌာနတို့မှ စစ်တမ်းကောက်ယူရာတွင် အမေရိကန်နိုင်ငံသား ထက်ဝက်ကျော်က အစ္စလာမ်သာသနာနှင့်ပက်သက်၍ အပျက်သဘောဆောင်သည့် အမြင်များ ရှိနေသည်ဟု ဆိုသည်။သို့သော်လည်း လူထုဆန္ဒကောက်ယူမှုများအရ အမေရိကန်မွတ်စလင်အများစုမှာ တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိသူများဖြစ်ကြပြီး ၎င်းတို့၏အနာဂတ်နှင့် ပက်သက်၍ အကောင်းမြင်သူများဖြစ်သည်ဟု သိရသည်။
 
စစ်မှန်သော အစ္စလာမ်
အစ္စလာမ်၏ အဓိကမဏ္ဍိုင်များနှင့်ပက်သက်၍ ကျောင်းသူ၊ ကျောင်းသားများ သိရှိစေရန် အထူးဟောပြောပို့ချချက် တစ်ခုကိုလည်း ထို သီတင်းပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
“လူတွေအနေနဲ့ အသစ်အဆန်းတစ်ခု ရရှိမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ တကယ်လို့ အရင်က အစ္စလာမ်နဲ့ပက်သက်ပြီး ဆိုးရွားတဲ့အတွေးအမြင်တွေ ရှိခဲ့မယ်ဆိုရင် ဒီ အစီအစဉ်က သူတို့ရဲ့စိတ်ကို ပြောင်းလဲနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။” ဟု တက္ကသိုလ် မွတ်စလင်ကျောင်းသားများအစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဇီယာနာ ခိုဒေါ(Zeana Khodor) က ဆိုသည်။
 
အဆိုပါ သီတင်းပတ်ကို အမေရိကန်ကျောင်းသားများအား အစ္စလာမ်၏ သွန်သင်မှုအစစ်အမှန်များကို မိတ်ဆက်ပေးရန် အခွင့်အရေးတစ်ခုအဖြစ် အစည်းအရုံး၏ အကြံပေး မိုက်ဆယ်က ရှုမြင်လေသည်။
“ကျောင်းသူ၊ ကျောင်းသားတွေ ဒါမှမဟုတ် လူ့အဖွဲ့အစည်းကလူတွေဟာ ဘယ်လိုမီဒီယာ ပုံစံမျိုးကနေမဆို သတင်းတွေ နားထောင်ရတဲ့အခါ (အဲဒီသတင်းတွေဟာ) အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဗုံးခွဲမှုတွေကို မီးမောင်းထိုးပြပြီး အစ္စလာမ်ကို လိုရာဆွဲပုံ ဖော်ထားတာမျိုးသာ ဖြစ်ပါတယ်။” ဟု ဆိုသည်။အစ္စလာမ်နားလည် သဘောပေါက်မှု သီတင်းပတ်က တက္ကသိုလ်ပရ၀ုဏ်အတွင်း မတူကွဲပြားမှုများကို ဖော်ပြရာရောက်မည်ဟု မိုက်ဆယ်က ဆိုသည်။
 
“ဒါက အနောက်မီချီဂန်မှာရှိတဲ့ ကျနော်တို့လူ့အဖွဲ့အစည်းဟာ တစ်သားတည်းဖြစ်တယ်ဆိုတဲ့ နားလည်မှုမျိုးရှိတယ်ဆိုတာကို မြင်စေပါတယ်။ ပြီးတော့ ဒီ တက္ကသိုလ်ပရ၀ုဏ်ဟာ အယူဝါဒ ဘယ်လောက်များများကို ကိုယ်စားပြုထားတယ်ဆိုတာ ကျောင်းသားတွေ တအံတသြ သိရှိစေပါတယ်။”
အမေရိကန်များအကြား အစ္စလာမ်၏ ပုံရိပ်အမှန်ကို ဖော်ပြရန် အမေရိကန် မွတ်စလင်များက လှုပ်ရှားမှုအများအပြားကို ပြုလုပ်ခဲ့ကြသည်။
 
မွတ်စလင်အများစု ယုံကြည်လိုက်နာကြသည့် ဂျီဟတ်၏ အဓိပ္ပါယ်အစစ်အမှန်ကို ရှင်းပြသည့် လှုပ်ရှားမှုတစ်ခုကိုလည်း မွတ်စလင်တက်ကြွလှုပ်ရှားသူများက ချီကာဂိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထို လှုပ်ရှားမှာ ဆန်ဖရန်စစ္စကိုနှင့် ၀ါရှင်တန် ဒီစီမြို့များသို့လည်း ပျံနှံသွားခဲ့လေသည်။
 
M-Media  သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက နိုဘဲလ်ဆုရှင် လာရောက် တွေ့ဆုံ

 
နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် နှစ်ဦးက သတင်းထောက်များကို တွေ့ဆုံစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ
 
 
 
 
 
ယမန်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာသော မြန်မာ့ဒီမိုကရေစီရေး တက်ကြွစွာ စည်းရုံးလှုံ့ဆော်လာခဲ့သူ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညနေ ၄ နာရီခန့်၌ နေအိမ်တွင် တရင်းတနှီး လက်ခံတွေ့ဆုံခဲ့သည်။
 
”မြန်မာနိုင်ငံကို လာရတာ ပျော်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတာလည်း အရမ်း ကြည်နူးပါတယ်။ မြန်မာနိုင်ငံက စစ်မှန်တဲ့ လွတ်လပ်မှုဆီကို သွားနေတယ်” ဟု တောင်အာဖရိက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်သည့် အင်ဂလီကန် ဘုန်းတော်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ လက်ကိုကိုင်တွဲလျှက် သတင်းထောက်များကို ပြောကြားသည်။
“ကျနော်တို့ဟာ မြန်မာနိုင်ငံကို အလားအလာရှိတဲ့ နိုင်င်ငံတခုဖြစ်လာတာကို မြင်ချင်တယ်”ဟုလည်း ဘုန်းတော်ကြီးက ပြောသည်။လူ့အခွင့်အရေး၊ အသားအရောင်နှင့် လိင်ခွဲခြားမှု ဆန့်ကျင်ရေး၊ ဆင်းရဲမွဲတေမှု အေ့ဒ်စ်နှင့် တီဘီရောဂါ တိုက်ဖျက်ရေး တို့တွင် ရှေ့တန်းမှ တက်ကြွစွာ လှုံ့ဆော်သူ ဘုန်းတော်ကြီးသည် အမေရိကန်ပြည်ထောင်စုတက္ကသိုလ်များမှ ပါမောက္ခများ ပါဝင်သော Semester At Sea ဟု ခေါ်သည့် ပင်လယ်ကူးသင်္ဘောကြီးဖြင့် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။
 
မြန်မာ့ ဒီမိုကရေစီရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့ကို ၁၉၉၀ နှစ်ဦးပိုင်းကာလများကတည်းက ဦးဆောင်ပါဝင်လာခဲ့သူလည်း ဖြစ်သူ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်နှင့် စစ်မှန်သော ဒီမိုကရေစီတိုင်းပြည်ဆီသို့ ဆက်သွားနိုင်ရန်ပြည်သူများ အားလုံး လွတ်လပ်ရန် လိုအပ်ကြောင်း တွန်းအားပေးပြောဆိုခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ နောက်ဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာပြီး တနှစ်အကြာ ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော အမေရိကန်သမ္မတဟောင်း ကလင်တန်၏ ဖောင်ဒေးရှင်း အစည်းအဝေးတွင် ဗီဒီယိုမှတဆင့် စကားပြောဆိုနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက “I love you” ဟု ပြုံးစစနှင့် ပြောဆိုခဲ့၍ ပရိဿတ် ပွဲကျခဲ့ကြသည်။
 
တောင်အာဖရိက အမှန်တရားနှင့် ရင်ကြားစေ့ရေး ကော်မတီ ဥက္ကဌ တာဝန်ယူခဲ့သော ဘုန်းတော်ကြီးသည် နိုင်ငံရေးအကျဉ်းသားများနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။ မနက်ဖြန် ညနေ ၃ နာရီတွင် ရန်ကုန်ရှိ အမေရိကန်စင်တာ၌ ဟောပြောပွဲတရပ် ကျင်းပ ဟောပြောမည်ဟုလည်း သိရှိရသည်။
 
မတ်လ ၁ ရက်ထိ နေထိုင်မည့် ဘုန်းတော်ကြီးသည်ပုဂံနှင့်အင်းလေးသိုသွားရောက်လည်ပတ်ရန်ရှိကြောင်း သိရသော်လည်းအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံရန်အစီအစဉ်မရှိကြောင်း ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက မိန့်သည်။ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကို ၁၉၃၁ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံတွင်မွေးဖွားခဲ့ပြီး ၁၉၈၀ များအတွင်း အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးတွင် ဦးဆောင် တက်ကြွလှုပ်ရှားခဲ့သောကြောင့် ကမ္ဘာက သိရှိလာခဲ့သည်။ ၁၉၈၄ ခုနှစ် အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည်။
 
ဧရာဝတီ သတင်း

   

Tuesday, February 26, 2013

လူ့အခွင့်အရေး ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီမှ ဦးကိုကိုကြီးကို ဝေဖန်

  သတင်း- ဇာဇာလှိုင်
 
ဖေဖော်ဝါရီလ ၂၃ရက်နေ့က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက် (P.C.N) ကို ဖေဖော်ဝါရီလ(၁)ရက်နေ့၊၂၀၁၃ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စူ မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မူ (Capacity Building)၊ ပညာရေး နှင့်ဘ၀နေထိုင်မူ အဆင့်အတန်းမြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ ပြည်ထောင်စုဖွား အချင်းချင်း ချစ်ကြည် ရင်းနှီးသော ဆက်ဆံမူများ တည်ဆောက်ရန်ဖြစ်ကြောင်း၊တရားဥပဒေ စိုးမိုးရေး၊တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ရက်တွင် အတက်ပညာရှင်၊အသိပညာရှင်များ ၊IT ပညာရှင်များ စသည့်တို့က ညီညွှတ်ရေးကို ဦးတည်စေမည့် ဒီမိုကရေစီနှင့်လူအခွင့်အရေးကိုရှေရူမည့်သူတွေအားလုံးမှ၎င်းငြိမ်းချမ်းမူတည်ဆောက်ရေး ကွန်ရက်ကိုဖွဲစည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းစဉ်များမှာ လူမူစီးပွားရေး(Social Economy)၊ လူ့အခွင့်အရေး(Human Rights)၊သတင်းနှင့် ပြန်ကြားရေး (Information and Media)၊ ပညာရေး(Education) စသည့် ခေါင်းစဉ်များ ပါဝင်ကြောင်း သိရသည်။
HJ-NyiNyi
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြန်လည် ပြုပြင်ပေးရန်အတွက် တကိုယ်တော် ဆန္ဒပြနေသည့် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး လှုပ်ရှားသူများ ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုညီညီ (ဇန်နဝါရီလ ၈ ရက် ၂၀၁၃)
Photo Credit => myanmarmuslim.net
 
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများထဲမှ ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ကိုညီညီအား လူ့အခွင့်အရေးနှင့် ပတ်သက်၍ M-Media မှ မေးမြန်းဖြစ်ခဲ့ပါသည်။
 
“၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ဒီမိုကရက်သစ် အင်အားစု အချို့က ခေါင်းဆောင် အချို့က လူ့အခွင့်အရေး၊ အများစုအခွင့်အရေး၊ လူနည်းစု အခွင့်အရေး တော်တော်လေး အားနည်းတယ်။လူ့အခွင့်အရေးသာ မရှိဘူးဆိုရင် ဦးကိုကိုကြီး အပါအ၀င် ဘယ်သူမှ ခေါင်းဆောင်ဖြစ်လာမှာ မဟုတ်ပါဘူး။စစ်အာဏာရှင်ရဲ့ ဖိနှိပ်မူ ယန္တရား အောက်မှာ လူ့အခွင့်အရေးကသာ အကာအကွယ် မပေးခဲ့ဘူးဆိုရင် ယနေ့ဖြစ်ပေါ်နေတဲ့ ဦးကိုကိုကြီးဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာရှင် ယန္တရားအောက်မှာ ၀ါးမျိုခြင်းကို ခံရမှာ ဖြစ်တယ်”
 
“တစ်ကမ္ဘာလုံးက စံအဖြစ်သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ခေတ်မမှီတော့တဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒကိုပဲ သွားမယ်ဆိုလို့ရှိရင် ဦးကိုကိုကြီး အနေနဲ့ ကမ္ဘာသမိုင်းမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့တဲ့ အာဏာရှင် ရာဇ၀တ်သားတွေနဲ့ အတူတူပဲ ဖြစ်မှာပဲ”
 
“ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးရဲ့ ရပ်တည်ချက်က ကျွန်တော်ကြားဖူးတဲ့ တရုတ် ပုံပြင်လို ဖြစ်နေပြီ။အဲဒီ ပုံပြင်လေးက တစ်ခါတုန်းက တရုတ်ပြည်မှာ ရှိတဲ့ ဘုရင်တစ်ပါးက နဂါးကို အရမ်းချစ်တယ်။ဘုရင်ကြီး ပြောတဲ့ စကားတိုင်းမှာ နဂါးကို ဘယ်လို ချစ်တဲ့အကြောင်း၊ဘယ်လို တန်ဖိုးထားတဲ့ အကြောင်း၊နဂါးနဲ့ ပတ်သပ်တဲ့ ပုံတိုပတ်စ၊ကဗျာ၊လင်္ကာများကိုလည်း ရွတ်ဆိုလေ့ရှိတယ်။သူ့ ပန်းခြံထဲ၊သူ့အိမ်ထဲမှာလဲ နဂါးရုပ်၊ခန်းစီးလိုက်ကာ ကအစ နဂါးရုပ်တွေနဲ့ အလှဆင်ထားတယ်။တစ်နေ့ ဘုရင်ကြီးရဲ့ နန်းတော်ထဲကို တကယ့် နဂါးအစစ် တစ်ကောင် ၀င်လာတယ်။အဲဒီအခါကြတော့ သူ့ရဲ့ အိမ်ဖန်စောင့်တွေက “ငါတို့ ဘုရင်ကြီးက နဂါးကို အရမ်းချစ်တယ်၊သူက နဂါးနဲ့ ပတ်သပ်လာရင် အရမ်းတန်ဖိုးထားတယ်၊အဲဒါကြောင့် ငါတို့ ဘုရင်ကြီးဆီ နဂါးကို လွှတ်ပေးလိုက်မယ်”ဆိုပြီး လွှတ်ပေးလိုက်ကြတယ်။နဂါးက ဘုရင်ကြီး အိပ်ခန်းထဲကို ၀င်သွားတဲ့ အချိန်မှာ ဘုရင်ကြီးက ဆောက်တည်ရာမယ့် ကြောက်လန့်တကြား အော်ဟစ်ပြီး ဒီနဂါးကြီးကို သတ်ပစ်ဖို့ အစောင့်တွေကို ခေါ်တယ်။ “ဘုရင်ကြီးက အရမ်းချစ်တယ်လို့ ခဏခဏပြောတဲ့အတွက်ကျွန်တော်တို့ လွှတ်ပေးလိုက်တာပါ” လို့ပြန်လျှောက်တင်ကြတယ်။ ဘုရင်ကြီးက“ငါက အရုပ်ကိုပဲ ချစ်တာ၊တကယ့် အစစ်ကို ချစ်တာ မဟုတ်ဘူး၊အခု ချက်ချင်း သတ်ပစ်လို့ အမိန့်ပေးလိုက်တယ်”
 
“တစ်ချိန်တုန်းက လူ့အခွင့်အရေးကိုပဲ တန်ဖိုးထားကြောင်း တဖွဖွ ပြောခဲ့တဲ့ ဦးကိုကိုကြီးဟာ အခု လူ့အခွင့်အရေးနှင့် ပက်ပင်းတိုးတဲ့ အချိန်ကြတော့မှ လူ့အခွင့်အရေးက အရေးမကြီးတော့ဘူး အမျိုးသားရေး အမြင်နဲ့ တပ်မတော်နှင့် ပူးပေါင်းပြီး တိုက်ဖျက်ရမယ် ဆိုတော့ ဦးကိုကိုကြီးတို့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်၊ချစ်တယ် ဆိုတာ ပုံပြင်ထဲက ဘုရင်ကြီးလိုပါပဲလား လို့သတိရမိပါတယ်။ ဦးကိုကိုကြီးက ဒီမိုကရက်တစ်လား? နေရှင်နယ်လစ်လား? ဆိုတာလေး တစ်ခုပဲမေးချင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
M-Media သတင်း 

အဓမ္မ ပြုကျင့်ခံရသည့် ကလေးကို ခိုးမှုဖြင့် ပြန်ဖမ်းဆီး

 
အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက် အဓမ္မ ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား၏ ဇနီးသည်က ၎င်း မိန်းကလေးကို ခိုးမှုဖြင့် ပြန်လည် အမှုဖွင့် ဖမ်းဆီးထားသည်ဟု သိရသည်။
 
အဆိုပါ မိန်းကလေးသည် အတန်းပညာကို မသင်ဘူးခဲ့ကြောင်း၊ ရန်ကုန် မြောက်ဥက္ကလာပရှိ ချယ်ရီ စားသောက်ဆိုင်တွင် ၂၀၁၀ ပြည့်နှစ်က လုပ်အားခ တလ ကျပ် ၁ သောင်းခွဲဖြင့် အလုပ်လုပ်ရန် မိဘများက အပ်နှံခဲ့ကြောင်း၊ ၎င်းကို ဆိုင်ရှင် အမျိုးသားက ၆ ကြိမ်တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ဆိုင်ရှင်၏ ဇနီး သိရှိသွားသည့် နောက်ပိုင်းတွင် ပြဿနာ တစုံတရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်အမျိုးသား၏ အစ်မအိမ်သို့ တလခန့် ပို့ထားခဲ့ကြောင်း၊၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မြောက်ဥက္ကလာပ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ ပို့ထားခဲ့ပြီး ၎င်းနေရာတွင် မလုံခြုံဟု ဆိုကာ လာရောက်ခေါ်ယူ၍ အောင်မင်္ဂလာ ကားကွင်းရှိ သန့်စင်ခန်းတွင် ၃ လခန့် သွားရောက် ကူညီလုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းနေရာတွင် မကြာခဏ လာရောက် ခြိမ်းခြောက်ကြကြောင်း၊ ၎င်းနောက်တွင်မှ နေအိမ်သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရှာတွေ့ကာ ဆက်သွယ်ခဲ့ရကြောင်း မိန်းကလေးက ၎င်း အဖမ်းမခံရမီ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီကို ရှင်းပြခဲ့သည်။
 
“သမီးကို အဓမ္မကျင့်ပြီးတော့ အဖြူရောင် ဆေးတလုံး တိုက်တယ်။ ဘယ်သူ့ကိုမှ မပြောနဲ့၊ နင်ပြောရင် နင့်ကို သတ်မယ် လို့လည်း ခြိမ်းခြောက်တယ်” ဟု သူက ပြောဆိုခဲ့သည်။အဓမ္မမှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင် ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့ကြောင်း ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် ရန်ကုန်နတ်မောက်လမ်းရှိအမျိုးသမီးကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ၂၄ ရက်နေ့က ပို့လိုက်သည်ဟု စခန်းမှူး ဦးညီညီလွင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
 
“ကလေးမကိုတော့ ခိုးမှုနဲ့ ဖမ်းထားပါတယ်။ (ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ နဲ့ စွဲထားတယ်။ သူ့ကိုတော့ အမျိုးသမီး ကျောင်းမှာ နောက်လ ၈ရက်နေအထိထားသွားမှာပါဒီကြားထဲတရားရုံးကခေါ်မှသွားထုတ်ပေးမယ်” ဟု စခန်းမှူးကဆိုသည်။
မိန်းကလေး၏ မိဘများ ရဲစခန်းတွင် အမှုသွားဖွင့်စဉ် ကတည်းက ဆိုင်ရှင်၏ ဇနီးဖြစ်သူသည် ၎င်းနေအိမ်မှ ပစ္စည်းများ ပျောက်သွားခဲ့ သောကြောင့် မိန်းကလေးကို ခိုးမှုဖြင့် အမှုဖွင့်တိုင်ကြားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။မိန်းကလေးအား စားသောက်ဆိုင်ပိုင်ရှင်များက တခြားအရပ်သို့ ပို့ဆောင်ခဲ့ချိန်တွင် အ၀တ် ၁၀ ထည်ခန့်သာ ယူသွားပြီး မည်သည့် ပစ္စည်းမှ ခိုးယူခဲ့ခြင်း မရှိကြောင်း အဆိုပါ မိန်းကလေးက အဖမ်းမခံရမီ ဧရာဝတီသို့ ပြောပြခဲ့သည်။
 
“သမီးကို သူတို့ အိမ်ကနေ တခြားနေရာ ပြောင်းခိုင်းတုန်းက ၀တ်စရာကလွဲပြီး ဘာမှ မယူဘူး။ သူတို့ရဲ့ တန်ဖိုးကြီးတဲ့ နာရီ တွေ၊ ပိုက်ဆံတွေလည်း မခိုးပါဘူး။ ပြောင်းဖို့ ခေါ်သွားတဲ့နေရာ သွားတဲ့ အချိန်တောင် ပိုက်ဆံ တပြားမှမရှိဘူး” ဟု သူက ဆိုသည်။ဤအမှုကို မိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများကွန်ယက်မှ ရှေ့နေ တဦးက မိန်းကလေးငယ်၏ လက်ထဲတွင် ခိုးရာပါ ပစ္စည်း မတွေ့ရဖြင့် ခိုးမှုမမြောက်ကြောင်း၊ လည်ဆည်တိုင်ကြား ခြင်းသာ ဖြစ်နိုင်ကြောင်း၊ တရားရုံးတွင် ရုံးတင်စစ်ဆေးသည့် အခါ အဆိုပါအမှုကို တရားမျှတမှု ရှိမရှိ စောင့်ကြည့်ကာ လိုအပ်သည်များကို ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။
 
မိန်းကလေးကို ပစ္စည်းခိုးသည်ဟု တိုင်ကြားခြင်းမှာ လုပ်ဇာတ်သာဖြစ်ပြီး မိန်းကလေးကို တခြားနေရာသို့ ပို့သည့် အချိန်တွင် ဇာတ်လမ်း စဉ်ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် အလွန်ပင် ရုပ်ဆိုးသည့် ဖြစ်ရပ်ဖြစ်ကြောင်း မိန်းကလေးကို လိုက်လံ ကူညီပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေး အဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်အသက်မပြည့်ဘဲ အဓမ္မပြုကျင့် ခံရသူ၊ ချုပ်နှောင်ခံခဲ့ရသူ မိန်းကလေး၏ အမှုတွင် ကျူးလွန်သူကို ချုပ်နှောင် ထားသော်လည်း အမှုငယ်စေရန် ကြံစည်မှုများ ရှိနေကြောင်း၊ မိန်းကလေးဘက်မှ အပြီးတိုင် ဆောင်ရွက် ကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ သူက ဆိုသည်။
 
ဆိုင်ရှင် အမျိုးသား ဦးမြင့်အောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ချုပ်ထားကာ (ပ) နံပါတ် ၃၅/ ၁၃/ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ နှင့် အမှုဖွင့်ထားပြီး တိုင်ကြားစွဲဆိုခဲ့သည့် တခြား အမှုတမှု ဖြစ်သော လူကုန်ကူးမှုကိုမူ အမှုမမြောက်သဖြင့် သက်ဆိုင်ရာက လက်မခံကြောင်း စခန်းမှူး ဦးညီညီလွင်က အတည်ပြု ပြောဆိုသည်။၎င်းက “ဒီလ ၂၇ ရက်နေ့မှာ ဦးမြင့်အောင်ကို အမှုစစ်ဖို့ ရုံးချိန်း ခေါ်ထားပါတယ်” ဟု ဆိုသည်။ချယ်ရီ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရပေ။
 
“သမီးကတော့ အဲဒီပိုင်ရှင် နှစ်ဦးစလုံး ထောင်ကျစေချင်တယ်။ ပြီးတော့ နောက်ထပ် ညအိပ်ပြီး အလုပ်လုပ်ရမယ်ဆိုရင်လည်း မလုပ်ရဲတော့ဘူး။ သမီးလို အရွယ်ရှိတဲ့ သူတွေအားလုံးလည်း ညအိပ်ပြီး အိမ်ဖော်လုပ်ရမယ်ဆိုရင် မလုပ်ဖို့ ပြောချင်ပါတယ်” ဟု မထက်ထက်က ပြောသည်။မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရသည်နှင့် ပတ်သက်၍ ကူညီချင်သော်လည်း ရဲမှုခင်းဖြစ်သောကြောင့် ရဲဌာနကိုသာ လွှဲပြောင်းပေးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) မှ တာဝန်ရှိသူ တဦးက ဆိုသည်။
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ရောက်မှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း ၅၄ ချက်ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေး ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။
 
ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

 irrawaddy.org/  သတင်း
 

Monday, February 25, 2013

အမေရိကန် မွတ်စလင် ဆရာဝန်များ စုပေါင်း၍ ကယ်ရိုလိုင်းနားတွင် အခမဲ့ဆေးခန်း ဖွင့်လှစ်

 
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃

Muslim Free Clinic Success Story
 
 
ကိုင်ရို။ ။အစ္စလာမ်ဘာသာ၏ မရှိဆင်းရဲသားများအား ကူညီပေးရမည်ဟူသော သင်ကြားမှု အပေါ် ၄င်းသူမ၏ စိတ်ကူးကို အကောင်အထည်ဖော်သည့်အနေဖြင့် အမျိုးသမီး အထူးကုဆရာဝန် Dr.Reshma Khan ဦးဆောင်၍ South Carolina ပြည်နယ် တွင် ချို့တဲ့ နွမ်းပါးသူများနှင့် ကျန်းမာရေး အာမခံ မရှိသူ အမေရိကန် နိုင်ငံသားများအတွက် အခမဲ့ ဆေးကုခန်းဖွင့်လှစ်လိုက်သည်။”ယခုလို ဆင်းရဲနွမ်းပါးသူများကို ကူညီခြင်းသည် ကျမ်းတော်မြတ် ကုရ်အာန်က တသတ်မတ်တည်း သင်ကြားထားတဲ့ လူနေထိုင်မှု ဘ၀ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်” ဟု သူမက ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် The Post and Courier သတင်းသို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
 
“ယုံကြည်မှု သစ္စာတရားဆိုတာ လက်တွေ့ မှာ လည်း လုပ်ဆောင်ရမှာပါ ” ဟု (၂၀၁၂) ဇန်န၀ါရီလ တွင် Mount Pleasant တွင် အခမဲ့ ဆေးခန်းအား သူမက စတင်ဦးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ North America Relief USA ၏ Islamic Circle အဖွဲ့သည် Lowcountry Boulevard ရှိ ရုံးခန်း အဆောက်အဦးတွင် အခန်းသုံးခန်းပါ ဆေးခန်း အား ငှားပေးခြင်းဖြင့် မွတ်စ်လင် ဆရာဝန်များအား ကူညီခဲ့ပါသည်။
 
Dr.Reshma ၏ အမျိုးသားဖြစ်သူ ရောဂါဗေဒဆေးဝါးဆိုင်ရာ အထူးကု Dr.Ahsan Khan ကလည်း ဆေးရုံမှာပါဝင် တာဝန်ယူ လျက်ရှိပါသည်။ယခုလို ချို့တဲ့သူများအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်ခြင်းသည် အမေရိကန်မွတ်စလင် ဆရာဝန်များအတွက်တော့ ပထမအကြိမ်မဟုတ်ပါ။နောက်ထပ်ဆေးခန်း တစ်ခုကိုလည်း Islamic Foundation of Greater St.Louis နဲ့ Volunteers in Medicine အဖွဲ့အစည်းနှစ်ခုရဲ့ စုပေါင်းအင်အားနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖွင့်လှစ်နိုင်ခဲ့ပါသည်။
 
“ဒီအခမဲ့ဆေးခန်းကိုလာပြတဲ့ လူနာအများစုက မွတ်စလင်မဟုတ်သူတွေပါ။ ကျွန်မကတော့ မတူညီတဲ့လူတွေ၊ မတူညီတဲ့ နှလုံးသားတွေ မတူညီတဲ့ ယုံကြည်မှုတွေနဲ့ မတူညီသော လူမျိုးတွေ အများကြီးကို တွေ့ရပါတယ်။ ကျွန်မ ဒီလောက် လူအများကြီးကို တွေ့ပြီး ဆေးကုသပေးရတာ တကယ်ပဲ မငြိုငြင်မိပါဘူး၊ လူနာတွေရဲ့တစ်ဝက်လောက်ပေါ့နော် လူသုံးရာနီးပါးလောက် က အလုပ်လက်မဲ့တွေပါ၊ လူနာတစ်ယောက်ချင်းစီမှာလည်း အမျိုးမျိုးသော နောက်ကြောင်းတွေ ရှိနေတတ်ပါတယ်” ဟု Dr.Khan က ပြောပါတယ်။
 
မွတ်စ်လင်မဟုတ်တဲ့ Michele McFadden က ” ကျွန်တော် ဟာ အခြားဆေးရုံတစ်ခုမှာအလုပ်လုပ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်မှာ ကျန်းမားရေး အာမခံ(Health Insurance) မရှိပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်တော် က နေ့စား အလုပ်သမားဖြစ်နေလို့ပါ ၊ ဒါပေမယ့် နေမကောင်းလို့ ဒီ Shifa အခမဲ့ ဆေးခန်းကိုလာရင် ဘာမှပြသနာမရှိပါဘူး ၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းဆိုတာ အလွန်ကို သာတူညီမျှ နဲ့ လူတိုင်းအတွက်ပါ၊ လူနာသည် မည်သည့် ဘာသာဝင် မည်သည် လူမျိုးမဆို ကိစ္စမရှိပါဘူးလို့ Dr.Khan က ပြောနေကျပါ” ဟု ပြောပါတယ်။
 
“ကျွန်မရဲ့ ရည်ရွယ်ချက်က တော့ ဖန်ဆင်းရှင်ကို နာခံဖို့ပါ ၊ အဖန်ဆင်းခံလူသားများ၏ လိုအပ်ချက်ကို ကူညီပေးခြင်း သည် ဖန်ဆင်းရှင်အား နာခံခြင်းအတွက်အ ကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါတယ်၊ အသျှင်မြတ် က ကျွန်မကို ဒီဆေးပညာ ပေးထားတာပါ၊ ဒီပညာကို ကျွန်မကိုယ်ကျိုးထက် အများအကျိုးအတွက် အသုံးချဖို့လိုပါတယ်” ဟု Shifa အခမဲ့ ဆေးခန်းကို ဦးစီးသူ Dr.Khan က ပြောကြားခဲ့ပါသည်။ ။
 
M-Media  သတင်း

ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက်(PCN)၏ စာနယ်ဇင်းရှင်းလင်းပွဲနှင့်အလှူပေးအပ်ပွဲကျင်းပ

အေးချမ်းမွန်မှ The Myanma Age တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ကျော်သူစိုး(ကလေးမြို့)

ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက်( Peace Cultivation Network – PCN ) ၏ စာနယ်ဇင်းရှင်းလင်းပွဲနှင့် အလှူပေး အပ်ပွဲအခမ်းအနားကို တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ ညနေ (၃း၃၀)မှ (၅း၁၀)နာရီအထိ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
 
ဒေသအသီးသီးတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင် သော ငြိမ်းချမ်းမှုထိန်းသိမ်းရေး သို့မဟုတ် ပဋိပက္ခများဟန့် တားဖြေရှင်းရေးအစီအစဉ်များဖော်ဆောင်ရေး၊ ဘေးရန်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်ရေး စသည့် ရည်ရွယ်ချက်ဖြင့်ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွက်ယက်(Peace Cultivation Network PCN)ကို (၁-၂-၂၀၁၃) ရက်နေ့တွင် အဖွဲ့ဝင်(၅၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊

မြန်မာ-မွတ်ဆလင်ကွန်ယက်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးကို လိုလားသည့် သူများနှင့် နိုင်ငံရေးအကျဉ်းသားများပါဝင်ပြီးနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ ဥပဒေရေးရာ၊ ဘာသာရေး စသည့် လိုအပ်သော ကဏ္ဍများအားလုံး တွင် တစ်ပိုင်တစ်နိုင်ပါဝင်ကူညီရန် မူတည်ကြောင်း ဦးထွန်းကြည်ကရှင်းပြခဲ့ပါသည်။
 
၂၀၁၄ ခုနှစ် တွင် သန်းကောင်စာရင်း ကောက်ယူရာတွင် ပြန်တမ်းဝင် လူမျိုးစုအမည်ဟု တညီတညွတ်တည်းဖြစ်စေရေး ဟူသော PCN ၏ လုပ်ငန်းစဉ်တစ်ရပ်နှင့်ပတ်သက်၍ ဒေါက်တာမြင့်သိန်း က -“ဒီမိုကရေ စီဒေသန္တရ အုပ်ချုပ်ရေးမှာ လူဦးရေကို အခြခံပြီး အချိုးအစားလိုက်ခွဲဝေလေ့လာစေချင်ပါတယ်။ ဥပမာ- မွန်ပြည်နယ်မှာ မွန်အစိုးရ သီးသန့်ရှိတယ်။ ရန်ကုန်မှာ မွန်လူမျိုးခြောက်သောင်းရှိရင် မွန်ရေးရာဝန်ကြီးတစ်ယောက် ရှိရမယ်။ ဒါပေမယ့် စာရင်းကိုမှန်မှန်ကန်ကန်ဖော်ပြထားမှုမရှိတဲ့အတွက် မွန်ခြောက်သောင်းမရှိလို့ မွန်ရေးရာ ၀န်ကြီးတစ် ယောက်မရှိ သလို ဖြစ်နေတယ်။အရင်ကသန်းကောင်စာရင်းတွေမှာစာရင်းမှန်ဖော်ပြခဲ့ခြင်းမရှိလို့တိုင်းရင်းသားလူမျိုးစုတွေမှာနစ်နာမှုတွေပေါ်လာပါတယ်။
 
၁၉၈၂ခုနှစ် နောက်ပိုင်းမှာ သက်ဆိုင်ရာ တိုင်းရင်း သားလူမျိုးစု(၉)မျိုးကိုခေါ်ယူ အကြောင်းကြားခြင်း၊ ဆွေးနွေးခြင်းမရှိဘဲတိုင်းရင်းသားလူမျိုး(၁၄၄)မျိုးကနေ (၁၃၅)မျိုးဆိုပြီးဦးနေ၀င်းက အာဏာရှင်စနစ်နဲ့လျှော့ချခဲ့တယ်။အဲဒီနောက်ပိုင်း ကျွန်တော်တို့ဗမာ မူဆလင်တွေဟာ လူမျိုးအမည်က ဘာမှန်း မသိဖြစ်နေတယ်။ အခုဆိုရင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘန်ကီမွန်းတွေ့တယ်။နောက် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူး ချုပမစ္စတာနမ်ဘီးယားနှင့် နေပြည်တော်မှာတွေ့ပြီး အခုကောက်ယူမယ့် သန်းကောင်စာရင်းဟာနိုင်ငံ တကာစံနှုန်း တွေနှင့်ညီရမယ်လို့စာချွန်တော်ထိုးပြီးပြီ။အဲဒီထဲမှာလူမျိုးတိုင်း လူမျိုးတိုင်းသည် သူ့ရဲ့လူမျိုးစုအမည်အမှန် ကို သမိုင်းဝင်၊ပြန်တမ်း ၀င်ပြန်ဖော်ထုတ်တဲ့ အခါမှာတိုင်းရင်းသားလူမျိုးစုတွေနဲ့ ပူးပေါင်းဖော်ထုတ်လိုတဲ့သဘောပါ ”
ဟုရှင်းပြခဲ့ပါသည်။
 
အခမ်းအနား အစ်ီအစဉ် ဒုတိယပိုင်းတွင် ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်မှ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျှက် ရှိသောဘုန်းတော်ကြီး ကျောင်းတိုက်များနှင့်သံဃာတော်များ၊ ရခိုင်ပြည်နယ် ဘေးဒုက္ခခံစားကြရသောရခိုင်လူမျိုးများ၊ ရခိုင်ပြည်နယ် ဘေးဒုက္ခခံစားကြရသော အစ္စလာမ်ဘာသာဝင်များ၊ ကချင်ဒေသ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများအတွက် ငွေသားနှင့် ဆန်၊ဆီ၊ဆား အပါအ၀င် စုစုပေါင်းငွေကျပ် သိန်းငါးဆယ် တန်ဖိုးခန့်ကို လှူဒါန်းခဲ့ကြောင်းသိရပါသည်။
 
မှ ကူးယူဖော်ပြပါသည်။

ဆီးရီးယားအတိုက်အခံတွေ နိုင်ငံတကာဆွေးနွေးပွဲကနှုတ်ထွက်

ဆီးရီးယားသမ္မတကို ဆန့်ကျင်တိုက်ခိုက်နေကြ တဲ့ တော်လှန်ရေးသူပုန် တပ်ဖွဲ့တချို့။ (ဇန်န၀ါရီလ ၆ ရက်၊ ၂၀၁၃)။
ဆီးရီးယားသမ္မတကို ဆန့်ကျင်တိုက်ခိုက်နေကြ တဲ့ တော်လှန်ရေးသူပုန် တပ်ဖွဲ့တချို့။ (ဇန်န၀ါရီလ ၆ ရက်၊ ၂၀၁၃)။
 
 
 
 

            


ဆီးရီးယားပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေအပေါ် ကမ္ဘာ့အသိုင်းအ၀ိုင်းက တုံ့ပြန်နေမှုဟာ အရှက်ရလောက်ဖွယ် ဖြစ်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ပြသတဲ့အနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ အဓိကအတိုက်အခံ အဖွဲ့ဖြစ်တဲ့ ဆီးရီးယားအမျိုးသားညွန့်ပေါင်း အဖွဲ့က နိုင်ငံတကာအဖွဲ့အစည်းတွေပါဝင်တဲ့ အစည်းအဝေးတွေကနေ နှုတ်ထွက်လိုက်ပါတယ်။

SNC လို့အမည်ရတဲ့ ဆီးရီးယား အတိုက်အခံ အမျိုးသားညွန့်ပေါင်းအဖွဲ့ဟာ ရှေ့လာမယ့် သီတင်းပတ်အတွင်း Rome မြို့မှာ ကျင်းပမယ့် ဆီးရီးယားမိတ်ဆွေများအဖွဲ့ ညီလာခံကို မတက်ရောက်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ မော်စကိုနဲ့ ၀ါရှင်တန်မြို့တွေမှာ ပြုလုပ် မယ့် ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားတာကိုလည်း ငြင်းပယ်လိုက်ပါတယ်။

နေ့စဉ်နဲ့အမျှ ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ကနေ နှုတ်ဆိတ်နေကြသလို ၂ နှစ်တာကာလအတွင်း ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေကို နိုင်ငံတကာကနေ မသိကျိုးကျွံ ပြုနေတယ်ဆိုပြီးတော့ ညွန့်ပေါင်းအဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝေဖန်ရေးသားထားပါတယ်။

ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ရဲ့ အစိုးရကို လက်နက်တွေ ထောက်ပံ့ပေးနေတယ် ဆိုပြီးတော့လည်း ကြေညာချက်ထဲမှာ ရုရှားနိုင်ငံကို ဝေဖန်ြပစ်တင်ထားပါတယ်။ သူပုန်တပ်ဖွဲ့တွေရဲ့ ခြေကုတ်ယူထားရာအရပ်ဖြစ်ပြီး ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့တ၀ိုက်မှာ အသုံးပြုဖို့ အစိုးရတပ်ကို ရုရှားက စကဒ်ဒုံး လက်နက်တွေ ထောက်ပံ့ ပေးခဲ့တာနဲ့ ပတ်သက်ပြီး အတိုက်အခံ ညွန့်ပေါင်းတပ်ဖွဲ့တွေ က ဒေါသထွက်နေကြပါတယ်။

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်တာ ပြည်တွင်းစစ် ပဋိပက္ခဖြစ်ပွားနေစဉ်ကာလအတွင်း သေဆုံးသူ ဦးရေ ၇ သောင်း ထက်မနည်း ရှိသွားပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားပါတယ်။
 
ဗွီအိုအေ သတင်း

Saturday, February 23, 2013

၈၂ နိုင်ငံသားဥပဒေ နိုင်ငံတကာ အဆင့်မီသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

 
ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
 

 မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့်ကို နိုင်ငံတော်နှင့် နိုင်ငံသားများက အဓိက ဆုံးဖြတ်ရမည်ဖြစ်သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် နိုင်ငံတကာအဆင့်မီသင့် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
 
ယနေ့ နေပြည်တော်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ဧရာဝတီသတင်းဌာနက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်ကြသည့် အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ဂျိုဆေးရာမို့စ် ဟော်တာ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ်စ်တို့ နှစ်ဦး အမေရိကန် အွန်လိုင်းသတင်းစာ ဟပ်ဖ်တင်တန်ပို့စ်တွင် မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ”များသည် တရားမ၀င် ခိုးဝင်လာသူများ မဟုတ်ကြဘဲ နိုင်ငံသားဖြစ်သင့်ကြောင်းနှင့် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်သင့်ကြောင်း ရေးသားချက်အပေါ် မည်သို့မှတ်ချက်ပြုချင်ပါသနည်းဟု မေးမြန်းရာ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်
 
” တိုင်းပြည်တပြည်ရဲ့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုဆိုတာ ဒီနိုင်ငံကပဲ ဆုံးဖြတ်ရမှာပဲ။ ဒါပေမယ့်လည်း ဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံတကာအဆင့်တော့ မီရမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
 
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များက ယင်း “ရိုဟင်ဂျာ”များကို မြန်မာနိုင်ငံသား ဖြစ်ပိုင်ခွင့်ပေးခြင်းအားဖြင့် အစွန်းရောက်များ ဖြစ်လာနိုင်မှုကို ရှောင်လွှဲနိုင်မည်ဖြစ်ပြီး မြန်မာ့ဖွံ့ဖြိုးရေးတွင် ၎င်းတို့၏ လုပ်အားကိုလည်း အသုံးချနိုင်ကြောင်း၊ ၎င်းတို့အပေါ် အကြင်နာ မထား ပြုမူဆက်ဆံမှုကို အမြတ်ထုတ်မည့် အကြမ်းဖက်ဝါဒီများနှင့် အစွန်းရောက်ဝါဒီများ၏ အခွင့်မပေးသင့်ကြောင်း၊ အင်အားတောင့်ပြီး တည်ငြိမ်မှုရှိသော ဒီမိုကရက်တစ်မြန်မာနိုင်ငံ ပေါ်ထွန်းရေးသည် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားဖြစ်သည်သာမက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ အထောက်အကူ ဖြစ်စေကြောင်း ရေးသားထားသည်။
 
ထို့အပြင် မကြာသေးမီက ရခိုင်နှင့် ကချင်ပြည်နယ်များသို့ လာရောက်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားကလည်း ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေပြင်ဆင်သင့်သည်ဟု ပြောဆိုချက်အပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ အခြေအနေနှင့် ဆီလျှော်သည်၊ မဆီလျှော်သည်ကို လေ့လာဆုံးဖြတ်ရမည်ဖြစ်သော်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း ပြောသည်။
 
” နိုင်ငံခြားက ပညာရှင်တွေပြောတဲ့ကိစ္စတွေကို နားထောင်သင့်တယ်၊ လေ့လာသင့်တယ်၊ ကိုယ့်ရဲ့နိုင်ငံနဲ့ ဆီလျှော်သည် မဆီလျှော်သည်ဆိုတော့ နောက်ဆုံးတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ရမှာရပေါ့။ အဲဒီတခါတည်းမှာပဲ နိုင်ငံတကာ အဆင့်တော့ မီအောင်လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 
ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ စစ်တွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ညိုက ရခိုင်ပြည်နယ်တွင် တိုင်းတပါးသား လူဦးရေ ထိန်းချုပ်ရေး ဆောင်ရွက်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ပေးရန် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများ မ၀င်ရောက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောဆိုသည်။
 
“ရခိုင်ပြည်နယ်က တဖက်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်လျက်ရှိတဲ့အတွက် လုံခြုံရေးဆိုင်ရာကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေ၊ တဖက်နိုင်ငံမှ ဘင်္ဂါလီလူမျိုးများ တရားမ၀င် ၀င်ထွက်နေမှု ထိန်းချုပ်ကာကွယ်ဖို့အတွက်ကို နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်ကို နယ်မြေ ၉ ခု စခန်း ၂၆ ခုနဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ထိန်းချုပ်ဆောင်ရွက်ခဲ့ပေမယ့်လည်း တဖက်နိုင်ငံက ဘင်္ဂါလီလူမျိုးများက ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့ စစ်တွေမြို့အရှေ့ဘက်မှာရှိတဲ့ ဆင်တပ်မှော်မြစ်၊ အာကူးမြစ်၊ ကျွဲကူးမြစ်တို့ကတဆင့်ရေကြောင်းက ခိုးဝင်မှုများရှိလာတဲ့အတွက် စစ်တွေမြို့မှာ နယ်မြေရုံးတရုံးနဲ့ စခန်း ၂ ခု၊ ပေါက်တောမြို့နယ်မှာလည်း နယ်မြေတရုံးနဲ့ စခန်း ၂ ခု စုစုပေါင်း နယ်မြေရုံး ၂ ရုံးနဲ့ စခန်း ၄ ခုကို ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၈ ရက်နေ့မှာပဲ ထပ်မံဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရှင်းပြသည်။
 
ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်နှစ်လယ်ပိုင်းမှစတင်ပြီး မတူညီသော လူမျိုးနှစ်ခုအကြား ပဋိပက္ခများကြောင့် ကလေးများ၊ အမျိုးသမီးများအပါအဝင် ထိခိုက်သေကျေ ဆုံးရှုံးများဖြစ်ပေါ်ခဲ့ပြီး ဒုက္ခသည် တသိန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂနှင့် မြန်မာအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့ချိန်မှ ပြီးခဲ့သည့်လအထိ မြန်မာဘက်မှ တရားမဝင် ဝင်ရောက်လာ သည့် မြန်မာမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖမ်းဆီးပြန်ပို့သည့် လူဦးရေ ၁ သောင်းကျော်သွားပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် အရာရှိ၏ အဆိုအရ သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံကလည်း ရခိုင်ပြည် မြောက်ပိုင်းမှ မြန်မာမွတ်စလင် ၆၀၀၀ ရောက်လာခဲ့ကြောင်း ဆိုသည်။
 
ဖေဖော်ဝါရီလဆန်းပိုင်းက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြန်ပို့ခံရသူ မြန်မာမွတ်စလင်များအား နိုင်ငံသား မဟုတ်သော်လည်း နိုင်ငံမဲ့မဖြစ်စေလို သောကြောင့် မြန်မာနိုင်ငံတွင်း နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့သည်။
 
ဧရာဝတီ သတင်း