Monday, December 7, 2009

အီးဒ်ဒုလ်အဒွဟာခွသ်ွဗါဟ် (၂၇-၁၁-၂၀၀၉)

الله الكبر الله الكبر الله الكبر لاإله الا الله ولله الكبر الله الكبر ولله الحمد، الحمد لله الذي بنعمته تتم الصالحات، والحمد لله الذي هدانا لهذا وماكنا لنهتدي لو لا أن هدانا الله، و أشهد أن لاإله الا الله وحده لاشريك له، خصنا بخير نبي أرسل، وأتم علينا النعمة بأعظم دين شرع، دين الإسلام فقال جل في وعلاه (( الْيَوْمَ أَكْمَلْتُ لَكُمْ دِينَكُمْ وَأَتْمَمْتُ عَلَيْكُمْ نِعْمَتِي وَرَضِيتُ لَكُمُ الإِسْلاَمَ دِينًا....)) سورة المائدة :3
وأشهد أن سيدنا مولانا وحبيبنا محمد المصطفي صلي الله عليه و سلم ، وعلي آله وأصحابه الكرام أجمعين و من إهتدي بهديه إلي اليوم الدين، أمابعد، أيها الإخوة المسلمون و المسلمات لقد جعل الجعل النبي صلي الله عليه وسلم خطبة العيد و صايا جامعة مانعة شريفة المعاني و عظيمة المقاصد و المباني، فأول هذه الوصايا، أوصيكم و نفسي بتقوي الله تعالي حق التقوي فقد قال تعالي:( يَا أَيُّهَا الَّذِينَ آمَنُواْ اتَّقُواْ اللّهَ حَقَّ تُقَاتِهِ وَلاَ تَمُوتُنَّ إِلاَّ وَأَنتُم مُّسْلِمُونَ

အစ္စလာမုအလိုင်းကွန်းမ်

ချစ်ခင်လေးစားရပါသောအစ္စလာမ်သာသနာဝင်ညီနောင်အပေါင်းတို့ခင်ဗျာ

ဒီနေ့ဟာ အလွန်တရာကြီးကျယ်မွန်မြတ်သောအီးဒ်နေ့ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ် ဟာ ဒီနေ့ကို ကျီးကြယ်မြင့်မြတ်သောဟဂ်ျရဲ့နေ့ရက်များအဖြစ်အမည်သတ်မှတ်ပေးခဲ့ပါ တယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေဟာ ပျော်ရွှင်ကြတယ်။ စားကြတယ်။ သောက်ကြ တယ်။ အလ္လာဟ်အရှင်မြတ်ကို ဇိကိရ်သတိရတမ်းတကြတယ်။ အလ္လာဟ်အရှင်ရဲ့ အိမ်တော်မှာ ဟဂ်ျလုပ်နေကြတဲ့ဟာဂျီတွေ သူတို့ရဲ့ဟဂ်ျတွေကို ပြဌာန်းထားသော စည်းကမ်းနည်းလမ်း ဥပဒေသများနှင့်အညီ ဆောင်ရွက်ပြီးမြောက်သွားမှာမို့လို့ ပျော်ရွှင်နေကြမှာပါ။ ကျွန်တော်တို့လဲ ကျွန်တော်တို့ရဲ့နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် မုဟမ္မဒ်(صلي الله عليه و سلم)ရဲ့ လမ်းစဉ်ဖြစ်တဲ့ကုရ်ဘာနီပြုလုပ်ရတဲ့အတွက်ပျော်ရွှင်နေကြပါတယ်။ ကျမ်းမြတ် ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားပါတယ်။

إِنَّا أَعْطَيْنَاكَ الْكَوْثَرَ فَصَلِّ لِرَبِّكَ وَانْحَرْ إِنَّ شَانِئَكَ هُوَ الْأَبْتَرُ

“(အိုနဗီတမန်တော်) ဧကန်စင်စစ် ငါအရှင်မြတ်ဟာ အသင့်အား များပြားလှစွာသော ကောင်းခြင်းများကို ချီးမြှင့်ပေးသနားတော်မူတယ်။ သို့ဖြစ်ပေရာ အသင်(တမန်တော်) ဟာ မိမိအား မွေးမြူဖန်ဆင်းစောင့်ရှောက်တော်မူသောရဗ်အရှင်အား ရည်သန်လျှက် ဆွလာသ်ဝတ်ပြုဆောက်တည်ပါ။ ဒါ့အပြင် အသင် (တမန်တော်)ဟာ (ထိုရဗ်အရှင် အား ရည်စူးလျှက် သားကောင်ကို) ကုရ်ဗာနီပြုလုပ်ပါ။ အမှန်စင်စစ် အသင်၏ ရန်သူ သာလျှင် အညွှန့်တုံးသူ ဖြစ်ပေတယ်။” (ကျမ်းမြတ်ကုရ်အာန်၊ ကောင်းခြင်း အမြောက် အများကဏ္ဍ)

الله الكبر الله الكبر الله الكبر لاإله الا الله ولله الكبر الله الكبر ولله الحمد

သားကောင်ကို ကုရ်ဗာနီပြုလုပ်ခြင်းဟာ ကျမ်းမြတ်ကုရ်အာန်၊ စွန္နာဟ်နဲ့ အိဂ်ျမာဟ်တို့ မှာ ပြဌာန်းထားပါတယ်။ ကျွန်တော်စောစောက ရွတ်ဖတ်ခဲ့တဲ့ ကောင်းခြင်းအမြောက် အများကဏ္ဍမှာ

إِنَّا أَعْطَيْنَاكَ الْكَوْثَرَ فَصَلِّ لِرَبِّكَ وَانْحَرْ إِنَّ شَانِئَكَ هُوَ الْأَبْتَر

“(အိုနဗီတမန်တော်) ဧကန်စင်စစ် ငါအရှင်မြတ်ဟာ အသင့်အား များပြားလှစွာသော ကောင်းခြင်းများကို ချီးမြှင့်ပေးသနားတော်မူတယ်။ သို့ဖြစ်ပေရာ အသင်(တမန်တော်) ဟာ မိမိအား မွေးမြူဖန်ဆင်းစောင့်ရှောက်တော်မူသောရဗ်အရှင်အား ရည်သန်လျှက် ဆွလာသ်ဝတ်ပြုဆောက်တည်ပါ။ ဒါ့အပြင် အသင် (တမန်တော်)ဟာ (ထိုရဗ်အရှင် အား ရည်စူးလျှက် သားကောင်ကို) ကုရ်ဗာနီပြုလုပ်ပါ။ အမှန်စင်စစ် အသင်၏ ရန်သူ သာလျှင် အညွှန့်တုံးသူ ဖြစ်ပေတယ်။” (ကျမ်းမြတ်ကုရ်အာန်၊ ကောင်းခြင်း အမြောက် အများကဏ္ဍ)

အလ္လာဟ်အရှင်မြတ်ဟာ ကျွန်တော်တို့အားလုံးကို ချီးမြှင့်ထားတဲ့ကျေးဇူးတော်များကား အလွန်ပင် ကြီးမားလှပါတယ်။ ကျေးဇူးတော် ကြီးမားထူးကဲ မြင့်မြတ်သည်နှင့်အညီ ကျေးဇူးတုံပြန်မှုကလဲ ကြီးမားရမှာ ဖြစ်တယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(صلي الله عليه و سلم)အား မိမိရဲ့စိတ်ဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်လည်း ကောင်း၊ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း အလ္လာဟ်အရှင်မြတ်ကို အိဗာဒါသ်ဝတ်ပြုမှု ကိုအမြဲတစေပြုနေဖို့ မိန့်ကြားထားတော်မူခြင်းဖြစ်ပါတယ်။

စိတ်နှင့်ဆိုင်တဲ့၊ ကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ဝတ်ပြုမှုတွေထဲမှာ အကြီးမားဆုံးအိဗာဒါသ်ဝတ်ပြုမှု ကတော့ “ဆွလာသ်”ဖြစ်ပါတယ်။ ဥစ္စာပစ္စည်းနဲ့ဆိုင်တဲ့ ၀တ်ပြုတွေထဲမှာတော့ ကုရ်ဗာနီ ပြုလုပ်ခြင်းဟာ အလွန်ထူးခြားသော ၀တ်ပြုမှုတစ်ရပ်ဘဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ တမန်တော်ကြီးအီဗရာဟီမ်(عليه الصلاة و السلام)နဲ့ သားတော် တမန်တော်ကြီး အီစမာအီးလ်(عليه الصلاة و السلام)တို့ရဲ့ အထ္ထုပ္ပတ္တိကို လေ့လာကြည့်ရှုခြင်းအားဖြင့် ကုရ်ဗာနီရဲ့ မူလအစအခြေအမြစ်မှာ အသက်ဇီဝန်ကို ကုရ်ဗာနီပြုလုပ်ခဲ့ခြင်းဖြစ်ပေ တယ်။ အဲ့ဒီရဲ့နောက်မှာမှ အချို့အကျိုးအကြောင်းများကို ထောက်ရှုပြီး အသက်ကို ကုရ်ဗာနီပြုလုပ်ရမဲ့အစား သားကောင်များကို ကုရ်ဗာနီပြုလုပ်ရန် သတ်မှတ်တော်မူ လိုက်ခြင်း ဖြစ်ပေတယ်။ ဒါ့အတွက်ကြောင့် ကျမ်းမြတ်ကုရ်အာန်ရဲ့အခြားတစ်နေရာ (၆း ၁၆၂-၁၆၃)မှာလဲ ဆွလာသ်နဲ့ကုရ်ဗာနီကို ဒွန်တွဲမိန့်ဆိုထားတော်မူပါတယ်။

قُلْ إِنَّ صَلاَتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلّهِ رَبِّ الْعَالَمِينَ لاَ شَرِيكَ لَهُ وَبِذَلِكَ أُمِرْتُ وَأَنَاْ أَوَّلُ الْمُسْلِمِينَ

“(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား တဖန်ထပ်မံ၍ ဤသို့) ပြောကြားပါ လေ။ (အချင်းတို့) ငါ၏“ဆွလာသ်”၀တ်ပြုဆောက်တည်မှုသည်လည်းကောင်း၊ ငါ၏ အခြား အခြားသော) ခ၀ပ်ကိုးကွယ်မှု (အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏ အသက် ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏ အသက်သေဆုံးခြင်းသည်လည်းကောင်း စကြ၀ဠာ ခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် နှစ်သက်တော်မူရန်သာဖြစ်သည်။ ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့် တော်ကို ရရှိခဲ့၏။ ၎င်းပြင် ငါသည် အမိန့်တော်ကို လိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။” (ကျမ်းမြတ်ကုရ်အာန်၊ သားကောင်များကဏ္ဍ၊ ကျမ်းပိုဒ် ၁၆၂-၁၆၃)

နောက်စွန္နာဟ်ရဲ့အထောက်အထားကို တင်ပြပါ့မယ်။ အနတ်စ်(رضي الله تعالي عنه)သခင် ဆင့်ပြန်ခဲ့တဲ့ဟဒီးတော်တစ်ရပ်မှာ “ရစူလွလ္လာဟ် (صلي الله عليه و سلم) ကိုယ်တော်ဟာ မိမိရဲ့လက်နဲ့ သိုးနှစ်ကောင်ကို အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်နဲ့ ကြီးကျယ်မြင့်မြတ် တော်မူကြောင်းကို ရွတ်ဆိုလျှက် ကုရ်ဗာနီပြုလုပ်တော်မူခဲ့ပါတယ်။ (ဆွဟီးဟ် အလ်-ဗုခါရီနဲ့ ဆွဟီးဟ် မုစ်လင်မ်ကျမ်း)

မွတ်စလင်မ်ပညာရှင်တစ်စုက ကုရ်ဗာနီပြုလုပ်ခြင်းဟာ ၀ါဂျိဗ်ဖြစ်တယ်လို့ဆိုခဲ့ကြပါတယ်။ သူတို့ရဲ့အထောက်အထားကတော့ အဗူဟိုရိုင်ရဟ်(رضي الله تعالي عنه)မှ ပြောကြားခဲ့ပါ တယ်။ ရစူလွလ္လာဟ်(صلي الله عليه و سلم)ကိုယ်တော်က မိန့်တော်မူခဲ့တာကတော့ “ကုရ်ဗာနီ ပြုလုပ်နိုင်စွမ်းရှိပါလျှက် မပြုလုပ်ကြတဲ့သူတွေထဲက မည်သူ့ကိုမဆို မုစွလ္လာဟ်လို့ခေါ်တဲ့ အီးဒ်ဆွလာသ်ဝတ်ပြုတဲ့အနီးအနားကို မလာစေကြနဲ့”နဲ့လို့ မိန့်တော်မူခဲ့ပါတယ်။ (မုစ်နဒ် အဟ်မဒ်ကျမ်းနဲ့ အိဗ်နေ့မာဂျာဟ်ကျမ်း) ပညာရှင်ကြီးအများစုကတော့ ကုရ်ဗာနီ ပြုလုပ်ခြင်းဟာ စွန္နသ်သေ့မုအက်ကဒါဟ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ကုရ်ဗာနီပြုလုပ်ဖို့တတ်စွမ်းနိုင်တဲ့သူဟာ ကုရ်ဗာနီပြုလုပ်ခြင်းကို မစွန့်လွှတ်သင့်ပါဘူး။ ကုရ်ဗာနီပြုလုပ်ရန် တတ်စွမ်းနိုင်ပါလျှက်နဲ့ မပြုလုပ်ခဲ့ဘူးဆိုရင်၊ စွန့်လွတ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့အကုသိုလ်ကို ကျူးလွန်လိုက်တာပါဘဲ။ ကျွန်တော်တို့အနေနဲ့ ရှောင်ကြဉ်ကြ ရပါမယ်။ ကျွန်တော်တို့ဟာ ကုရ်ဗာနီပြုလုပ်လိုက်ခြင်းအားဖြင့် မိမိတို့ရဲ့စိတ်နှလုံးသား များကို သန့်စင်အောင်ပြုလုပ်လိုက်ရပါမယ်။

الله الكبر الله الكبر الله الكبر لاإله الا الله ولله الكبر الله الكبر ولله الحمد

ကုရ်ဗာနီပြုလုပ်တဲ့အခါမှာ ဆိတ်တို့၊ သိုးတို့ဆိုရင် တစ်ကောင်ကို တစ်ဦးတည်း ဖြစ်လုပ်မှာဖြစ်ပြီးတော့ ကုလားအုတ်တို့၊ နွားတို့ဆိုရင်တော့ ခုနှစ်အထိ ရှယ်ယာ စုပေါင်းပြီး ပြုလုပ်နိုင်ပါတယ်။ သေဆုံးသွားတဲ့မိမိတို့ရဲ့မိဘတွေ၊ သားသမီးတွေ၊ ဆွေမျိုးညီအစ်ကိုမောင်နှမတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေအဖို့ အီစွာလေစ၀ါးဗ် ရရန် ရည်စူးပြီးပြုလုပ်ပေးနိုင်ပါတယ်။ တမန်တော်မြတ်(صلي الله عليه و سلم)နဲ့ ဆွဟာဗဟ်ကြီးများ၊ ဆွာလေဟီးန်သူမွန်သူမြတ်များ၊ ရှဟီဒီသာသနာ့အာဇာနည်များ၊ အိုလမာသာသနာ့ပညာရှင်များအတွက်လဲ အီစွာလေစွဝါးဗ်ရရန် ရည်စူးပြီး ပြုလုပ်ပေး နိုင်ပါတယ်။ အင်ရှာအလ္လာဟ် ကုရ်ဗာနီပြုလုပ်ခြင်းရဲ့ အကျိုးစွဝါးဗ်ဟာ ထိုပုဂ္ဂိုလ်များရဲ့ ဆီကို ရောက်ပါလိမ့်မယ်။ နဗီတမန်တော်မြတ်(صلي الله عليه و سلم)ဟာ သိုးတစ်ကောင်ကို ကုရ်ဗာနီပြုလုပ်ခဲ့ပါတယ်။ ကိုယ်တော်က ကုရ်ဗာနီပြုလုပ်သောအခါမှာ ဒီလို ဆိုခဲ့ပါတယ်။

بسم الله و الله الكبر، اللهم هذا عني وعن من لم يضح من أمتي

အလ္လာဟ်အရှင်မြတ်ရဲ့နာမတော်နဲ့ အစပြုပါတယ်။ အလ္လာဟ်အရှင်မြတ်သည်သာ အကြီးကျယ်ဆုံး၊ အမွန်မြတ်ဆုံးဖြစ်တော်မူပါတယ်။ အိုအလ္လာဟ်အရှင်၊ ဒီကုရ်ဗာနီ ပြုလုပ်ခြင်းဟာ ကျွန်တော်မျိုးဘက်မှလည်းကောင်း၊ ကျွန်တော်မျိုးရဲ့အွမ္မသ်သားများ အတွင်းမှ ကုရ်ဗာနီပြုရန် မတတ်စွမ်းနိုင်သူများဘက်မှလည်းကောင်းဖြစ်ပါတယ်။

ဂျာဗိရ်(رضي الله تعالي عنه)သခင်ဆင့်ပြန်ခဲ့ပါတယ်။ ကိုယ်တော်မြတ်(صلي الله عليه و سلم)ဟာ နောက်ထပ် သိုးတစ်ကောင်ကို ကုရ်ဗာနီပြုလုပ်တော်မူခဲ့ပါတယ်။ ထိုအခါတွင် ကိုယ်တော်မြတ်(صلي الله عليه و سلم)က

اللهم هذا عني و عن أهل بيتي

“အိုအလ္လာဟ်အရှင် ဒီကုရ်ဗာနီပြုလုပ်ခြင်းဟာ ကျွန်တော်ဘက်မှလည်းကောင်း၊ ကျွန်တော်၏ အိမ်သူအိမ်သားများဘက်မှလည်းကောင်း ဖြစ်တော်မူပါတယ်။”

အိုမွတ်စလင်မ်အပေါင်းတို့၊ ကုရ်ဗာနီပြုလုပ်ရာမှာ သားကောင်နဲ့ပတ်သက်ပြီးတော့ လိုက်နာရမဲ့အဓိကအချက်သုံးချက်ရှိပါတယ်။ အဲ့ဒီအချက်တွေကတော့
၁။ သားကောင်ဟာ ရှရီအသ်တရားဥပဒေအရသတ်မှတ်ထားတဲ့ အရွယ်ကို ရောက်ရှိ ရပါမယ်။ ကုလားအုတ်ဆိုပါက (၅)နှစ်သား ရှိရပါမယ်။ နွားဆိုပါက (၂)နှစ်သား ရှိရပါ မယ်။
၂။ ဖျားနာနေသောကုလားအုတ်၊ နွားမဖြစ်စေရပါဘူး။
၃။ သတ်မှတ်ထားတဲ့အချိန်မှာ ဇဗာဟ်လုပ်ကြရပါမယ်။ အဲ့ဒီအချိန်ကတော့ အီးဒ်ဒွလ် အဒွဟာဆွလာသ်နဲ့ ခွသ်ဗာဟ်ပြီးမြောက်သွားတဲ့ အချိန်ကစပြီး နောက်သုံးရက်အထိ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဇိလ်ဟာဂ်ျလ (၁၃)ရက်နေ့ နေမ၀င်မီအချိန်အထိ ကုရ်ဗာနီပြုလုပ်နိုင်ပါတယ်။ ကုရ်ဗာနီပြုလုပ်တဲ့အခါမှာ

بسم الله و الله الكبر ، اللهم هذا منك ولك، اللهم هذا عن فلان أو عن فلانة

အိုမွတ်စလင်မ်အပေါင်းတို့- အသင်တို့ရဲ့ဒီးန်သာသနာကို မြဲမြဲမြံမြံဆုပ်ကိုင်ထားကြပါ။ ဒီးန်သာသနာရဲ့ပြဌာန်းချက်များ၊ ဥပဒေများ၊ နည်းဥပဒေများ၊ ပညတ်ချက်များကို လိုက်ကြပါ။ ဆွလာသ်ကို မြဲမြံစွာ ၀တ်ပြုဆောက်တည်ကြပါ။ ဆွလာသ်ဝတ်ပြုဆောက် တည်ရာမှာ လိုက်နာရမဲ့စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး စည်းကမ်းကျနစွာ ၀တ်ပြုကြပါ။ ဆွလာသ်ရဲ့ဝါဂျိဗ်အချက်များ၊ စွန္နသ်များ၊ မွတ်စတဟာဗ်များကို လိုက်နာ ၍ အလ္လာဟ်အရှင်မြတ်အား စိတ်ပါလက်ပါဖြင့် စည်းကမ်းသေ၀ပ်စွာ၊ ကျိုးနွံစွာ ဆွလာသ် ၀တ်ပြုဆောက်တည်ကြပါ။ အသင်တို့ရဲ့ ဥစ္စာပစ္စည်းများ သန့်ရှင်းစင်ကြယ်မှု ရအောင် ဇကာသ်ပေးဆောင်ကြပါ။ လူကြီးမင်းတို့ရဲ့ နားများ၊ မျက်လုံးများ၊ လျှာများ၊ ခန္ဓာကိုယ်များ၊ အရှက်အင်္ဂါများ၊ လက်များ၊ ခြေထောက်များကို အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအကျင့်အမှုများ၊ အလ္လာဟ်အရှင်မြတ်မနှစ်မြို့သော အကျင့်အမှုများ အား မလုပ်ဆောင်မိရန် ထိန်းသိမ်းကြပါ။ ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ် မိန့်တော်မူထားတာကတော့

“ဧကန်အမှန် နား၊ မျက်စိ၊ စိတ်နှလုံး ယင်းတို့ဟာ ယင်းတို့နဲ့ ပတ်သက်ပြီး စုံစမ်း မေးမြန်းခြင်းခံကြရမှာ ဖြစ်တယ်” (ကျမ်းမြတ်ကုရ်အာန်၊ အီစ်ရာအီလီမျိုးနွယ်ကဏ္ဍ၊ ကျမ်းပိုဒ် - ၃၆)

အလ္လာဟ်အရှင်မြတ်ဟာ လူကြီးမင်းတို့အားလုံးရဲ့အပေါ်မှာ သတ်မှတ်ပြဌာန်းထားတဲ့ အမိန့်များကို မိမိကိုယ်တိုင်လိုက်နာကျင့်သုံးတာဝန်ကျေပြွန်ယုံမက မိမိတို့၏ ကလေးသူ ငယ်များ၊ သားသမီးများ၊ ဇနီးမိန်းမများ၊ ဆွေးမျိုးသားခြင်းများ၊ မိသားစုဝင်များနဲ့ မိတ်ဆွေအပေါင်းအသင်းများအား မကောင်းများမှ တားမြစ်ကြ၍ ကောင်းမှုအပေါင်းကို ညွှန်ကြားကြပါ။ လမ်းပြကြပါ။ ဂျဟန္နာမ်ငရဲမီးဘေးမှ ကင်းဝေးစေဖို့ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်၍ မိမိ၏မိသားစုများ၊ သားသမီးများကိုလဲ ကျင့်ကြံအားထုတ်စေပါ။ ဂျဟန္နာမ်ငရဲမီးဘေးမှ ကင်းဝေးအောင် ကြိုးစားကြပါ။

မွတ်စလင်မ်လူငယ်လူရွယ်အပေါင်းတို့ခင်ဗျာ၊ ညီနောင်တို့ဟာ အစ္စလာမ်သာသနာရဲ့ အနာဂတ်သားမြေးများဖြစ်ကြပါတယ်။ ညီနောင်တို့ဟာ ညီနောင်တို့ရဲ့ သာသနာဘက် ကို ပြန်လှည့်ကြပါ။ ပြန်လှည့်ကြဖို့ အချိန်သင့်နေပါပြီ။ အစ္စလာမ့်ရဲ့ကလိမာဟ်တော်ကို မြင့်စွင့်အောင် ကြိုးပမ်းကြပါ။ မွတ်စလင်မ်မဟုတ်သောမွတ်စလင်မ်များကို အစ္စလာမ် ဘက်သို့ ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ရဲ့နည်းစနစ်နှင့်အညီ ဒါအ်ဝသ်ပေးဖိတ်ခေါ်ပါ။ သာသနာနှင့်ဝေးနေသောမွတ်စလင်မ်များကို သာသနာနှင့်နီးကပ်လာအောင် ဖိတ်ခေါ်မှု ပြုပါ။ ဇိနာဟ်မှ ရှောင်ကြဉ်ကြပါ။ မိဘများ၏ အစ္စလာမ်နှင့် မဆန့်ကျင်သောအမိန့်ကို နာခံကြပါ။

မွတ်စလင်မ်အမျိုးသမီးအပေါင်းတို့၊ နှမတို့ဟာ ဒီနေ့မှာ အလ္လာဟ်အရှင်မြတ်အား ချစ်ကြောက်ရိုသေခံ့ငြားကြပါ။ နောက်လာမဲ့နေ့တွေမှာ အလ္လာဟ်အရှင်မြတ်အား ချစ်ကြောက်ရိုသေခံ့ငြားကြပါ။ အရှက်သိက္ခာရှိသော အမျိုးသမီးများအဖြစ်နေထိုင်ကြ ပါ။ လင်ယောကျာင်္းများ ချစ်ခင်ယုယပါ။ လင်ယောင်္ကျား၏ အစ္စလာမ်သာသနာတော်နှင့် ကိုက်ညီသောအမိန့်များကို လိုက်နာကြပါ။ ဟိဂျာဗ်ဖြင့် နေထိုင်နိုင်အောင် ကြိုးစားကြ ပါ။ သားသမီးများကို ဆုံးမပဲ့ပြင်သွန်သင်ကြပါ။

အို-မွတ်စလင်မ်ညီနောင်များ၊ နှမများခင်ဗျာ၊ ဒီနေ့မှာရော၊နောက်နေ့တွေမှာ မိတ်ဆွေတို့ ဟာ အချီးအနှီးဖြစ်သော၊ အကျိုးမဲ့သောစကားများကို ရှောင်ကြဉ်ကြပါ။ အတင်းပြော ခြင်းမှ ရှောင်ကြဉ်ကြပါ။ သူတပါး၏ ဂုဏ်သိက္ခာ၊ စည်းစိမ်ဥစ္စာ၊ အသက်များကို ထိခိုက်စေခြင်းမှ ရှောင်ကြဉ်ကြပါ။ မကောင်းသောလုပ်ရပ်ဟူဟူသမျှမှ ရှောင်ကြဉ်ကြပါ။ ဟဂ်ျဝေဒါအ်နေ့တွင် နဗီတမန်တော်မြတ်(صلي الله عليه و سلم)မှ မိန့်တော်မူခဲ့တာကတော့ “မုချဧကန် အသင်တို့ရဲ့သွေး၊ ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာတို့ဟာ ဟရာမ်တားမြစ်ထား သောအရာများဖြစ်ပေတယ်။” ဆိုလိုတာကတော့ အသင်တို့ဟာ တစ်ဦးနဲ့တစ်ဦး မသတ်ဖြတ်နဲ့ အဲ့ဒါ ဟရာမ်။ တစ်ဦးရဲ့ဥစ္စာပစ္စည်းကို နောက်တစ်ဦးက မတရားသဖြင့် မသိမ်းပိုက်ကြနဲ့။ မဖျက်စီးကြနဲ့။ အဲ့ဒါ ဟရာမ်။ တစ်ဦးရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် နောက်တစ်ဦးက မလုပ်ကြနဲ့။ သိက္ခာမချကြနဲ့။ မွတ်စလင်မ်တစ်ဦးရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင်၊ ထိခိုက်အောင်ကြံဆောင်နေကြတဲ့သူတွေနဲ့လဲ မပူးပေါင်းကြနဲ့။ မရိုင်းပင်းကြနဲ့။ မကူညီကြနဲ့။ အဲ့ဒါ ဟရာမ်။

မွတ်စလင်မ်ညီနောင်အပေါင်းတို့၊ အတိုးစားခြင်းမှ ရှောင်ကြဉ်ကြပါ။ ဇိနာဟ်ပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ တရားမ၀င်ပေါင်းသင်းနေထိုင်မှုများကို ရပ်တန်းက ရပ်ကြပါ။ လင်ရှိမယားများကို ထိမ်းမြားခြင်းမှ ရှောင်ကြဉ်ကြပါ။ အခြားလူတွေရဲ့ ဥစ္စာပစ္စည်းများ ကို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းမှ ရှောင်ကြဉ်ကြပါ။ အပြန်အလှန်လေးစားမှု၊ ရိုသေမှု တို့ဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြပါ။ စည်းလုံးညီညွတ်စွာဖြင့် သွေးစည်း ခိုင်မာစွာဖြင့် တစ်အူတုံဆင်း ညီနောင်ရင်းကဲ့သို့ နေထိုင်ကြပါ။ မိဘများကို အလုပ်အကျွေးပြုစုပါ။ အစ္စလာမ်နှင့်မဆန့်ကျင်သရွေ့ မိဘများ၏အမိန့်ကို နာခံကြပါ။ သနားကြင်နာစွာ ဆက်ဆံပါ။ ချိုသာယဉ်ကျေးသော၊ ချစ်ခင်နှစ်သက်ဖွယ်ဖြစ်သော စကားကိုသာ ပြောဆိုကြပါ။ ဆရာသမားများကို လေးစားရိုသေစွာဆက်ဆံကြပါ။ စစ်မှန်သောအိုလမာပညာရှင်များကို လေးစားရိုသေပါ။ ချစ်ခင်ကြင်နာပါ။ ကြီးသူကို ရိုသေပါ။ ရွယ်တူကို လေးစားပါ။ ငယ်သူကို သနားကြပါ။

အိုမွတ်စလင်မ်အပေါင်းတို့ - ကျွန်တော်တို့အားလုံးကို ဖန်ဆင်းမွေးမြူတဲ့အရှင်ဟာ အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေတယ်။ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း တစ်ပါတည်းကိုသာ ခ၀ပ်ကိုးကွယ်ကြပါ။ အားထားကြပါ။ ယုံပုံကိုးစားကြပါ။ အရှင်မြတ် နှင့် ယှဉ်ပြိုင်ပြီး မည်သည့်အရာကိုမျှ မကိုးကွယ်ကြပါနဲ့။ မိမိတို့၏ အတိတ်ကာများက ပြုမှားမိခဲ့သောအပြစ်ဂိုနာဟ်များကို အချိန်မနှောင်းခင် အရှင်မြတ်ထံတော်မှာ ငိုယိုလျှက် သောင်ဗာဟ်လုပ်ကြပါ။ အရှင်မြတ်ထံပြန်လှည့်ကြပါ။ အရှင်မြတ်ဟာ အလွန်တရာ သန့်ရှင်းစင်ကြယ်တော်မူပါပေတယ်။ အရှင်မြတ်ဟာ အလွန်ကြီးကျယ် မြင့်မြတ်တော်မူပါတယ်။

အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား ဖြောင့်မတ်မှန်ကန်တဲ့ဟိဒါယသ် လမ်းပေါ်တွင် ထားတော်မူပါ။ ကျွန်တော်မျိုးတို့အား တက္က၀ါဟ်တရားချီးမြှင့်ပေးသနား တော်မူပါ။ ကျွန်တော်တို့အားလုံးအား ကျန်းမာရေးချီးမြှင့်ပေးသနားတော်မူပါ။ ငြိမ်းချမ်းမှု လမ်းများကို ညွှန်ပြပေးသနားတော်မူပါ။ အာမီးန်

الله الكبر الله الكبر الله الكبر لاإله الا الله ولله الكبر الله الكبر ولله الحمداللهم إنا نسألك التوفيق و السداد ونسألك الهدي والتقي والغني و العفاف، اللهم أصلح شأن المسلمين، اللهم أصلح شأن المسلمين، واهدهم سبل السلام و أخرجهم من الظلمات إلي النور، استغفروا ربكم أيها المؤمنون و توبوا إليه إنه هو الغفور الرحيم. بارك الله لي و لكم في القرآن العظيم و نفعني و إياكم بما فيه من الآيات و الذكر الحكيم ، ونفعنا بهدي سيد المرسلين وقوله القويم ، أقول قولي هذا وأستغفرالله العظيم لي ولكم ولسائر المسلمين من كل ذنب فاستغفروه إنه هو الغفور الرحيم

ဤခွသ်ွဗါဟ်အား မိမိ၏ချစ်သော မိတ်ဆွေ၊ အပေါင်းအသင်း၊ ရောင်းရင်း၊ မိသားစုများထံသို့ ဖြန့်ချိလိုသူများအနေနှင့် လွယ်ကူစွာ ဒေါင်းလုပ်လုပ်၍ ဖြန့်ချိပေးနိုင်ပါသည်။

Eid-ul-Adha Khutbah (27-11-2009)

Thursday, December 3, 2009

လူယုတ်မာများ ပြေးပုန်းရန် ကမ္ဘာမြေတွင် နေရာမရှိပါ။

မြန်မာပြည်မှာ အင်တာနက်ခေတ်စားလာတာ၊ လူသုံးများလာတာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိနေပါပြီ။ အထူး သဖြင့် နိုင်ငံတကာရောက်မြန်မာလူမျိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်သုံးစွဲမှု ပိုများလာတာ ကို လေ့လာတွေ့ရှိနေရပါတယ်။ အင်တာနက်သုံးစွဲခြင်းဟာ သုံးတတ်ရင် ဆေးဖြစ်ပြီး၊ မသုံးတတ်ရင်တော့ ဘေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးအများစုဟာ နည်းပညာရပ်ဆိုင်ရာ အသိပညာနည်းပါး နေသေးမှုကြောင့် မကျူးလွန်သင့်သော၊ မပြုလုပ်သင့်သောအမှုများကို ကျူးလွန်နေမိပါတယ်။
အခုတလော အင်တာနက်လောကမှာ ဂျီမေးလ်လိပ်စာအသစ် အသစ်တွေ ဖွင့်ပြီး လူတစ်ဦးရဲ့ ဂုဏ်သိက္ခာ ပျက်စီးအောင် ဖျက်စီးခြင်း၊ စော်ကားမော်ကားပြုခြင်း၊ လူတို့ သက်ဝင်ယုံကြည်ရာဘာသာတရားများကို စော်ကားခြင်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးခြင်း စတဲ့စတဲ့ အမှုတွေကို ကျူးလွန်နေကြပါတယ်။ အဲ့ဒီသူယုတ်မာတွေဟာ လူတစ်ဦးကို တစ်ဦး ဂုဏ်ပေးလေးစားရမှာ၊ လူ့သိက္ခာကို တန်ဖိုးထားလေးစားရမှာ၊ လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားရမှာ စတာတွေ နားမလည်လို့ ဒါမှမဟုတ် နားလည်ပါသော်လဲ လိုက်နာကျင့်သုံးခြင်း မရှိ၍လားတော့မသိပါ။ ၎င်းတို့ဟာ ဆိုးရွားလှသော အပြုအမူများကို ပြုလုပ်ခဲ့ကြတယ်။ အခုလဲ ပြုလုပ်နေကြပါတယ်။

လူသားတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာနဲ့ မိမိ ကြိုက်နှစ်သက်ရာ နိုင်ငံရေးလမ်းစဉ်ကို လိုက်နာကျင့်သုံးခွင့်ရှိပါတယ်။ ဒါဟာ လူသားတွေရဲ့ မွေးရာပါအခွင့်အရေးတွေပါ။ ဒါပေမဲ့လဲ မိမိ ယုံကြည်ချက်၊ ရေးသားချက်တွေဟာ လူ့ဘောင်ကို ဘေးအန္တရာယ်မဖြစ်စေရပါဘူး။ အဆိပ်အတောက်မဖြစ်စေရပါဘူး။ လူ့ဘောင်ကို သာယာစေရမယ်။ လူ့ဘောင်ကို တိုးတက်စေရပါမယ်။ လူ့ဘောင်ကို အကျိုးဖြစ်ထွန်းစေရပါမယ်။

ဒီနေ့ အင်တာနက်လောကမှာ တစ်ချို့သူတွေဟာ ဘလောက်တွေတည်ထောင်ပြီး အစ္စလာမ်ကို စော်ကား၊ မော်ကားပြုနေကြပါတယ်။ အဲ့ဒါတွေဟာ မလုပ်သင့်တဲ့လုပ်ရပ်တွေပါ။ အစ္စလာမ်ဆိုတာ ဘာမှန်းမသိဘဲ၊ လေ့လာဆန်းစစ်မှုမရှိဘဲ မိမိထင်ရာ၊ မြင်ရာတွေ ပြောဆိုရေးသားနေတာဟာ လူ့ဘောင်အဖို့ အလွန် စိုးရိမ်ရပါတယ်။ အကယ်လို့ အစ္စလာမ်နဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတယ်။ မေးမြန်းလိုတယ်။ လေ့လာလိုတယ်ဆိုရင်ဖြင့် အချိန်မရွေး၊ ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ခန်းမမှာ ကြိုက်တဲ့ဘာသာစကားနဲ့ လူကြီး လူကောင်းဆန်ဆန်၊ ပညာရှင်ဆန်ဆန် အထောက်အထားနဲ့ ဆွေးနွေးလို့ရပါတယ်။ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးလို့ရပါတယ်။ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ဆွေးနွေးဖို့ အသင့်ရှိပါတယ်။

အဲ့ဒီ အစ္စလာမ်ဆန့်ကျင်သမားတွေဟာ ငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့သူတွေပါ။ ဘာကြောင့်လဲဆိုတော့ “အစ္စလာမ်”ဆိုတာ ငြိမ်းချမ်းရေးလမ်းစဉ်ပါ။ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်သော်လဲ လူ့ဘောင်ကို၊ အမျိုးဘာသာ သာသနာကို စော်ကားရင်ဖြင့် လည်စင်းခံဖို့ အစ္စလာမ်သာသနာက မသွန်သင်ထားပါဘူး။ မိမိရဲ့ယုံကြည်ချက်၊ ခံယူချက်၊ ကိုးကွယ်ရာ ဘာသာတရား၊ အမျိုးဘာသာ သာသနာကို စော်ကားမော်ကားပြုလာရင်ဖြင့် မိမိရဲ့အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့ မပြုမနေ ပြုကိုပြုရမဲ့အမှုကိစ္စ ဖြစ်ရှိလာ ပါတယ်။ ဒါဟာ ဘာသာတရားတိုင်းမှာ ရှိတဲ့ ဥပဒေဿပါ။ စစ်မှန်တဲ့ အစ္စလာမ်သာသနာဝင်တွေဟာ မည်သည့် ကိုးကွယ်တဲ့ဘာသာတရား၊ လူမျိုး၊ သာသနာကိုမှ မစော်ကားကြပါဘူး။ ငြိမ်းချမ်းစွာနေကြပါတယ်။ ငြိမ်းချမ်းရေး သမားတွေပါ။

ဒီနေရာမှာ ကြုံတုံးကိစ္စတစ်ခုကို ထောက်ပြပါ့မယ်။ အီရတ်ကို အမေရိကန်ဟာ ကမ္ဘာလောကကြီးကို ဖျက်စီးနိုင်တဲ့၊ ပျက်စီးစေနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူယုတ်မာတစ်ဦးရဲ့ ဦးဆောင်မှုနဲ့ မတရားစစ်ပွဲဆင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအများစုက ကန့်ကွက်နေတဲ့ကြားက တိုက်ခိုက်ဖို့ကို ကန့်ကွက်နေတဲ့ကြားက တိုက်ခိုက်ခဲ့တာပါ။ ကဲဟုတ်ပြီ။ တိုက်ခိုက်ခဲ့တယ်။ ဘာတွေ အီရတ် နိုင်ငံထဲရှိနေသလဲ။ ကမ္ဘာကြီးကို ဖျက်စီးနိုင်တဲ့ လက်နက်တွေကို အမေရိကန်တွေဟာ တွေ့ရှိတယ် ဆိုတဲ့သတင်းကို ယနေ့ထက်ထိ မထုတ်ပြန်နိုင်သေးပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အမေရိကန်တွေဟာ မရှိမှန်းကို အရင်ကတည်းက ကြိုသိခဲ့ဟန်တူပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ခဲ့တယ်။ ဘာကြောင့်လဲ။ အစ္စလာမ်ကမ္ဘာ့ကို ဖျက်စီးဖို့ပါ။ အစ္စလာမ်ရဲ့ ရှည်လျားတဲ့၊ တန်ဖိုးကြီးတဲ့ ယဉ်ကျေးမှုကြီးကို ဖျက်စီးဖို့ပါ။ မွတ်စလင်မ်တွေကို သတ်ဖြတ်ဖို့ပါ။ ဒါကြောင့် အကြမ်းဖက်သမားအစစ်ဟာ အမေရိကန်တွေပါ။ ဒါပေမဲ့ (၂၁)ရာစုရဲ့ နယ်ချဲ့၊ အကြမ်းဖက်သမား အမေရိကန်တွေဟာ မိမိမြေကို၊ မိမိနိုင်ငံကို၊ မိမိလူမျိုးကို အသက်ပေးပြီး ကာကွယ်နေတဲ့ အီရတ်နိုင်ငံက မွတ်စလင်မ်အာဇာနည်သူရဲကောင်းတွေကို အကြမ်းဖက်သမားတွေအဖြစ် ကမ္ဘာတစ်ဝှမ်းက ကမ္ဘာသူ ကမ္ဘာသားတွေ ထင်မြင်ယူဆလာအောင် ၎င်းတို့တွေပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အင်အား အကြီးဆုံး မီဒီယာတွေကို အသုံးပြုပြီး ဖန်တီးနေကြပါတယ်။

လေးစားရတဲ့ စာရှုသူ - မိတ်ဆွေ စဉ်းစားကြည့်ပါ။ ကမ္ဘာ့ရာဇ၀င်သမိုင်းမှာ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေကို လူတွေအားလုံးက အာဇာနည်တွေအဖြစ် သတ်မှတ်ကြပါတယ်။ ဂုဏ်ပြုကြပါတယ်။ ဒီနေ့ နယ်ချဲ့ အမေရိကန်အကြမ်းဖက်သမားတွေကို မိမိတို့ရဲ့ နိုင်ငံ၊ မိမိတို့ရဲ့ လူမျိုးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်နေကြတဲ့ အီရတ်က တော်လှန်ရေးသမားတွေကို ကျွန်တော်တို့ဟာ ဘာကြောင့် အာဇာနည်တွေအဖြစ် ဂုဏ်မပြုရဲရတာလဲ။ ဂုဏ်မပြုနိုင်အောင် ဖြစ်နေရတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ တစ်ကမ္ဘာလုံးကို အမေရိကန်ဟာ လက်ရှိမှာ လှည့်စားထားနိုင်တယ်။ ထိန်းချုပ်ထားနိုင်တယ်။ ဖမ်းစား ထားနိုင်တယ်။ ပညာရှင်လူမိုက်တွေရဲ့ ပါးစပ်မှာ အာဏာ၊ စည်းစိမ်၊ ရာထူးစတာတွေ “ဆို့” ထားလိုက်တယ်။ အမေရိကန်မှာ nuclear ရှိတယ်။ ပိုက်ဆံရှိတယ်။ အင်အားကြီးတဲ့၊ စွမ်းအင်ပြင်းတဲ့၊ လက်နက်တွေရှိတယ်။ နည်းပညာတွေရှိတယ်။ ပညာရှင်တွေ အများကြီးကို ၀ယ်ယူထားနိုင်တယ်။ မွေးမြူထားနိုင်တယ်။ ကမ္ဘာ့ စီးပွားရေးဟာ သူတို့လက်ထဲမှာ ရှိတယ်။ ရန်ပုံငွေတွေ အများကြီးပေးနိုင်တယ်။ ထောက်ပံ့နိုင်တယ်။ ဒီမိုကရေစီကို အကြောင်းပြပြီး နိုင်ငံငယ်တွေကို ဦးဏှောက်ဖောက်စားနေတယ်။ နိုင်ငံငယ်တွေဟာ ဦးဏှောက် ယိုစီးမှုပြဿနာကို အလူးအလဲ ခံနေရတယ်။

အကြမ်းဖက်သမားအမေရိကန်ရဲ့ အလိုတော်ရိ လူမိုက်ပညာရှိတွေဟာ အဖြူကို အမဲဖြစ်အောင် ရေးနေကြ ပါတယ်။ ပြောနေကြပါတယ်။ သုတေသနတွေလုပ်နေကြပါတယ်။ ပညာရှင်တစ်ယောက်မှာ ထားရှိရမဲ့ စိတ်ထား၊ ကျင့်ဝတ်၊ သိက္ခာတွေကို မစောင့်စည်းနိုင်တော့ဘူး။ မထိန်းသိမ်းနိုင်တော့ဘူး။ အမှန်တရားကို မကြားလို၊ မမြင်လို၊ မတွေ့လို ဖြစ်နေကြပါတယ်။ နားကန်း၊ မျက်စိကန်းများ ဖြစ်နေကြပါတယ်။ သနားကြင်နာမှု၊ ကိုယ်ချင်းစာတရား၊ မေတ္တာတရားတွေ မရှိကြတော့ပါဘူး။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ အတ္တဆန်မှု ကြောင့်ပါ။ ငါ့အကျိုး၊ ငါ့စီးပွား၊ ငါကောင်းစားဖို့၊ ငါ့မိသားစုကောင်းစားဖို့၊ အဆင့်မြင့်မြင့်နေနိုင်ဖို့ အဆင့်မြင့် အဆောက်အဦးကြီးတွေ ပိုင်ဆိုင်နိုင်ဖို့၊ ဇိမ်ကျတဲ့ ဘ၀တွေကို ရရှိခံစားနိုင်ဖို့ စတဲ့စတဲ့ ငါဆိုတဲ့ အတ္တတရားကြောင့် ကမ္ဘာကြီးရဲ့ ယနေ့မျက်မှောက်ကာလမှာ တစ်ဖက်ဇောင်းနင်းဖြစ်မှုတွေ၊ တရားမျှတမှုဆိုတာ ဘာလဲလို့ မေးယူလောက်အောင်ဖြစ်နေပါတယ်။

မွတ်စလင်မ်တွေကို မတရားသတ်ဖြတ်နေတဲ့၊ မွတ်စလင်မ်တွေရဲ့ စည်းစိမ်တွေကို မတရားသိမ်းပိုက် ဖျက်စီးနေတဲ့၊ မွတ်စလင်မ်အမျိုးသမီးတွေကို မတရားပြုကျင့်နေတဲ့ အမေရိကန်အကြမ်းဖက်သမားတွေကို ခုခံတွန်းလှန်ဖို့ မွတ်စလင်မ်တိုင်းမှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မွတ်စလင်မ်ဆိုတာ ငြိမ်းချမ်းရေးသမားမို့လို့ပါ။ လောကကို ငြိမ်းချမ်းအောင် လူဆိုး၊ သူခိုး၊ ဒမြ၊ သူပုန်၊ နယ်ချဲ့အရင်းရှင်၊ အကြမ်းဖက်သမားစတဲ့စတဲ့ သူယုတ်မာတွေကို ရှင်းလင်းပစ်ရပါမယ်။ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်း ဖို့ပါ။ ရဲဟာ လူဆိုးကို ဖမ်းဆီးတာ၊ လူသတ်မှုကျူးလွန်တဲ့သူကို သေစားသေစေအပြစ်ဒဏ်ချမှတ်တာတွေဟာ လောကကို တည်ငြိမ်အေးချမ်းအောင် ပြုနေတာဘဲဖြစ်ပါတယ်။ မွတ်စလင်မ်တွေရဲ့ ဂျိဟဒ်ဆိုတာ မိမိရဲ့အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့၊ မိမိရဲ့တိုင်းပြည်ကို နယ်ချဲ့ အကြမ်းဖက်သမားတွေရဲ့ ရန်စွယ်၊ အန္တရာယ် အမျိုးမျိုးကနေ ကာကွယ်ဖို့၊ ကမ္ဘာမြေပြင်ကို ဖျက်စီးနေကြတဲ့ လူယုတ်မာတွေကို ရှင်းလင်းသုတ်သင်ဖို့ပါ။ ဒါကြောင့်လဲ ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်းမှာ အမိမြေကို ကာကွယ်ရင်း အသက်စွန့်သွားကြတဲ့ မွတ်စလင်မ်တွေ အများကြီးပါ။ သာဓကအနေနဲ့ ပြရရင်ဖြင့် ဆရာပေါင်း၊ ပညာရှင်ပေါင်း၊ အာဇာနည်ပေါင်း၊ လူရည်ချွန်ပေါင်း မြောက်များစွာကို မွေးဖွားပေးခဲ့တဲ့၊ ပညာအမွေပေးခဲ့တဲ့၊ တော်လှန်ရေးစိတ်ဓါတ်၊ အမျိုး၊ ဘာသာသာသနာကို ချစ်ရမယ်ဆိုတဲ့ မျိုးချစ်စိတ်ဓါတ်တွေ အပြည့်အ၀သွင်းပေးခဲ့တဲ့ မန္တလေးမြို့အမျိုးသားအထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးလဲဖြစ်၊ တိုင်းပြည်အတွက် တာဝန်တွေ ထမ်းဆောင်ရင်း မသမာသူလူတစ်စုရဲ့ လုပ်ကြံမှု ကြောင့် သူရဲကောင်းပီသစွာ၊ အာဇာနည်ပီသစွာ ကျဆုံးခဲ့ရရှာတဲ့ ဆရာကြီးဦးရာဇတ်(အမည်မှန်မှာ- အဗ္ဗဒွရ် ရာဇတ်ဖြစ်ပါတယ်။ မွတ်စလင်မ်များအနေနဲ့ အဗ္ဗဒွရ် ရာဇတ်လို့ ပြောင်းခေါ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာဇတ်ဆိုတဲ့ အာရဗီစကားလုံးလေးရဲ့ အဓိပ္ပါယ်က ကျွေးမွေးစောင့်ရှောက်တော်မူသောအရှင်လို့ အဓိပ္ပါယ် ရပါတယ်။ အဲ့ဒီစကားလုံးဟာ တစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူတဲ့၊ လောကအပေါင်းကို မဖြစ်ပေါ်မီက စပြီး ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့် ဖန်ဆင်းပြုပြင်ထိန်းသိမ်းစောင့်ရှောက်တော်မူသော အလ္လာဟ် အရှင်မြတ်ရဲ့ မြင့်မြတ်လှတဲ့ ဂုဏ်တော်တွေထဲက တစ်ခုမို့ပါ။ အဗ္ဗဒွရ် ရာဇတ်က်ဆိုရင်တော့ ကျွေးမွေး စောင့်ရှောက်တော်မူသောအရှင်မြတ်၏ ကျေးကျွန်လို့ အဓိပ္ပါယ်ရပါတယ်။ ကိုးကွယ်ရာအရှင်ရဲ့ ဂုဏ်တော်နဲ့ အဖန်ဆင်းခံများကို ခေါ်ဆိုခွင့်မရှိပါ။)

အစ္စလာမ့်သွန်သင်ချက်အရ မွတ်စလင်မ်တွေဟာ မိမိနေထိုင်ရာ တိုင်းပြည်ရဲ့ သစ္စာကို စောင့်သိကြရပါတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာ တရားသောမင်းများ၊ တရားသောသမ္မတများ၊ တရားသောဝန်ကြီးချုပ်များ၊ တရားသော ၀န်ကြီးများ၊ အချုပ်ပြောရရင်တော့ တရားသောအုပ်ချုပ်သူများရဲ့အမိန့်ကို အစ္စလာမ့်တရားဥပဒေ၊ နည်းဥပဒေ များနဲ့ မဆန့်ကျင်ပါက နာခံကြရပါတယ်။ လေးစားလိုက်နာကြရပါတယ်။ အသက်ပေးပြီး အမိနိုင်ငံကို ကာကွယ် ကြရပါမယ်။

စောစောကအပေါ်မှာ ရေးသားခဲ့တဲ့ အစ္စလာမ်ဆန်ကျင်ရေးဘလောက်များနဲ့ ပတ်သက်ပြီး ပြန်ဆက်ရမယ်ဆိုရင် အဲ့ဒီဘလောက်တွေကို ဖျက်ပစ်ဖို့၊ ဘလောက်လုပ်ပစ်ဖို့ထက် အကျိုးအကြောင်း၊ အထောက်အထားခိုင်လုံ ဆီလျှော်စွာနဲ့ ကျွန်တော်တို့ မွတ်စလင်မ်တွေဟာ ပြန်လည်ရေးသားပြီး ဘလောက်တွေ တည်ထောင်ဖို့ လိုအပ် လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ယနေ့ အင်တာနက်လောကမှာ အင်တာနက်အသုံးများတဲ့ မွတ်စလင်မ်တွေဟာ ငယ်စဉ်က အစ္စလာမ့်ပညာကို သေသေချာချာသင်ယူခဲ့ဖူးသူများ အလွန်နည်းပါးပါတယ်။ အများစုက ခေတ်ပညာတစ်မျိုးတည်းကိုသာ တတ်ကျွမ်းသောပညာတတ်များဖြစ်ကြပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်ဖြင့် ယနေ့အင်တာနက်သုံးစွဲသူ မွတ်စလင်မ်အများစုဟာ မိမိတို့ရဲ့ ယုံကြည်ချက်နဲ့ ပတ်သက်တဲ့ သောင်ဟီးဒ်ပညာရပ်၊ အကာအိးဒ်ပညာရပ်များကိုတောင် တတ်ကျွမ်းနားလည်မှု မရှိကြပါ။ အလွန်ပင် ၀မ်းနည်းစရာကောင်းသေးတာကတော့ အိုလမာပညာရှင်များအနေနှင့် အင်တာနက်သုံးစွဲမှု အလွန် နည်းပါးနေသေးကြောင်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ရဲ့ အိုလမာပညာရှင်များအား အဓိက တိုက်တွန်းလိုတာကတော့ မိမိတို့ရဲ့ ရုံးတွေ၊ စာသင်ကျောင်းတွေ၊ ဌာနတွေ စတဲ့စတဲ့နေရာတွေမှာ အင်တာနက် တပ်ဆင်အသုံးပြုသင့်ပါပြီ။ အိုလမာပညာရှင်များအနေနဲ့ ဒီကိစ္စ အချိန်စွဲနေရန် မသင့်တော်ပါ။ ကျွန်တော်တို့ရဲ့ မွတ်စလင်မ် ကွန်ပြူတာပညာရှင်များအနေနဲ့လဲ အိုလမာပညာရှင်များရဲ့ လိုအပ်ချက်တွေကို မိမိတတ်စွမ်းတဲ့ ဘက်ကနေ ပါဝင်ကူညီပေးသင့်ပါတယ်။ အားလုံးဟာ တက်ညီလက်ညီ ချီတက်ကြရမှာပါ။ ကျွန်တော်တို့ မြန်မာပြည်က မွတ်စလင်မ်တွေဟာ အိုလမာပညာရှင်တွေနဲ့ ပူးပေါင်းပြီး စစ်မှန်သော လမ်းစဉ်ဖြစ်တဲ့ အဟ်လေ့ စွန္နာဟ် ၀လ်ဂျမာအသ်ရဲ့လမ်းစဉ်ပေါ် ရပ်တည်ပြီး မြန်မာပြည်က မွတ်စလင်မ်တွေရဲ့အကျိုး၊ ကမ္ဘာ့မွတ်စလင်မ် တွေရဲ့အကျိုး၊ မြန်မာပြည်သူပြည်သားများရဲ့အကျိုး၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို မိမိတတ်စွမ်းတဲ့ဘက်ကနေ ပါဝင်ထမ်းဆောင်ရင်း နိုင်ငံသားများဖြစ်အောင်ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ (အင်ရှာအလ္လာဟ်) ကျွန်တော့် အနေနဲ့ အဆင်ပြေရင် အင်တာနက်လောကနှင့် ယနေ့မြန်မာ မွတ်စလင်မ်များဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆောင်းပါးတစ်ပုဒ်ရေးပါအုံးမယ်။

နောက်ဆုံးပြောချင်တာက အထက်မှာ ကျွန်တော်တင်ပြခဲ့သလိုဘဲ ဂျီမေးလ်လိပ်စာ အသစ်သစ်တွေဖန်တီးပြီး ယုတ်ရင်းကြမ်းတမ်းစွာပြောဆိုသူများ၊ ဂုဏ်သိက္ခာကျအောင်၊ အရှက်တကွဲအကျိုးနဲဖြစ်အောင်၊ စိတ် အနှောက်အယှက်ဖြစ်အောင် ပြုသူတွေရဲ့ ဂျီမေးလ်လိပ်စာကို သိယုံနဲ့ သူဟာ လက်ရှိ ဘယ်နိုင်ငံကလဲ၊ ဘယ်မြို့ကလဲ၊ ဘယ်ပြည်နယ်ကလဲ၊ သူ့ရဲ့ အင်တာနက်လိုင်း မှတ်ပုံတင်ထားတဲ့ကုမ္ပဏီကဘာလဲ၊ ဘယ်နိုင်ငံက ကုမ္ပဏီလဲ၊ သူ့ရဲ့အိုင်ပီက ဘာလဲ။ အဲ့ဒီအချက်အလက်တွေကို အလွယ်တကူသိနိုင်တဲ့ နည်းလမ်းလေးကို မျှဝေချင်ပါတယ်။ ဒါ့အပြင် သူဟာ ကိုယ်ပို့လိုက်တဲ့ အီးမေးလ်ကို ဖတ်လား၊ မဖတ်လားဆို တာလဲ အလွယ်တကူသိနိုင်ပါတယ်။ ဒီနည်းလမ်းလေးဟာလဲ မျှဝေတဲ့အီးမေးလ်တစ်ခုထဲက ရထားတာပါ။ ကျွန်တော် သုံးကြည့်ပြီးပါပြီ။ အလွန် အသုံးဝင်ပါတယ်။ သုံးနည်းလေးကို ကျွန်တော် ပြောပြပေးပါ့မယ်။
ဝက်ဘ်ဆိုဒ်(website)နှစ်ခုကို သုံးရပါမယ်။
  1. (a) http://www.spypig.com/ (b) http://www.ip2location.com/free.asp တို့ဖြစ်ပါတယ်။
  2. ပထမဦးဆုံး http://www.spypig.com/ ကို ကလစ်လုပ်ပြီးဖွင့်ထားလိုက်ပါ။
  3. နောက် window တစ်ခုထပ်ဖွင့်ပြီး မိမိရဲ့ဂျီမေးလ်(gmail)ဘောက်စ်ကို ဖွင့်နေကျအတိုင်းဖွင့်ပါ။ ပြီးရင် compose mail ကို နှိပ်ထားပါ။
  4. ပြီးရင် စောစောက ၀င်းဒိုး(window)တစ်ခုနဲ့ ဖွင့်ထားခဲ့တဲ့ http://www.spypig.com/ ရဲ့စာမျက်နှာကို သွားပါ။ Step (1) ရဲ့ Text box ထဲမှာ ကိုယ့်ရဲ့ အီးမေးလ်လိပ်စာကို ရိုက်ထည့်လိုက်ပါ။ Step (2) မှာSubject (အကြောင်းအရာ)ကို ရိုက်ထဲ့ပါ။ ဥပမာ (hey Guy) Step (3)မှာ ပေးထားတဲ့ပုံတွေထဲက ကိုယ်နှစ်သက်တဲ့ ပုံတစ်ပုံကို ရွေးလိုက်ပါ။ Step (4) မှာ 3 ကိုရွေးပါ။ ပြီးရင် Step (5) က click to activate my spypig ဆိုတဲ့ button လေးကို ကလစ်လုပ်လိုက်ပါ။ အဲ့ဒီအခါမှာ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံပေါ်လာပါလိမ့်မယ်။ အဲ့ဒီပုံလေးကို ကလစ်နဲ့ နှိပ်ဆွဲပြီး ဂျီမေးလ်(gmail)ရဲ့ စာကိုယ်(body) ရိုက်တဲ့နေရာမှာ လွှတ်ချလိုက်ပါ။ ပြီးရင် အဲ့ဒီစာကိုယ်နေရာမှာ တစ်ခြား စာလေးနည်းနည်းပါးပါး ရိုက်ရိုက်ထည့်ပြီးရင် Send ကို နှိပ်လိုက်ပါ။ ကိုယ်ပို့လိုက်တဲ့သူက ကိုယ့်ပို့ပေးလိုက်တဲ့ မေးလ် (mail)ကို ဖတ်လိုက်တဲ့အခါမှာ Spypig ဟာမေးလ်(mail)ဖတ်ပြီးတဲ့ အကြောင်း သတိပေးအကြောင်းကြားတဲ့စာကို ကိုယ့်ဂျီမေးလ်ထဲကို ပြန်ပို့ပေးပါလိမ့်မယ်။
  5. အဲ့ဒီစာထဲမှာ ဖတ်တဲ့သူရဲ့ အိုင်ပီ(IP)လဲ ပါပါတယ်။ ဒါဆို သူ့အိုင်ပီကို ကိုယ်သိသွားပါပြီ။ ဘယ်နိုင်ငံ ကလဲ၊ ဘယ်ဒေသကလဲ၊ ဘယ်ကုမ္ပဏီမှာ သူ့အင်တာနက်ကို ရီဂျစ်စတာမှတ်ပုံတင်ထားတာလဲ ဆိုတာကို သိချင်ရင်တော့ http://www.ip2location.com/free.asp ကို ၀င်းဒိုးအသစ်မှာ ထပ်ဖွင့်ပြီး စောစောက ရရှိထားတဲ့အိုင်ပီကို ရိုက်ထည့်ပေးလိုက်ရင် သူ့အိုင်ပီဟာ ဘယ်နိုင်ငံရဲ့ ဘယ်ကုမ္ပဏီမှာ မှတ်ပုံတင်ထားသလဲဆိုတာ သိနိုင်ပါပြီ။ သူမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကို သူ့ရဲ့အိုင်ပီကို ပြောပြီး ဖုန်းနဲ့ဖြစ်စေ၊ အီးမေးလ်နဲ့ဖြစ်စေ တနည်းနည်းနဲ့ဆက်သွယ်ပြီး မေးမြန်းလိုက်ရင် ဒီအိုင်ပီဟာ ဘယ်သူ့အိုင်ပီဖြစ်တယ်ဆိုတာ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ အဲ့ဒီလိုသိခဲ့မယ်ဆိုရင်တော့ အဲ့ဒီသူကို ဒေသဆိုင်ရာတည်ဆဲတရားဥပဒေ၊ အပြည်ပြည်ဆိုင်ရာတရားဥပဒေတို့နဲ့ တရားစွဲဆိုနိုင်ပါပြီ။

မွတ်စလင်မ်များအနေနဲ့ ဒီနည်းလမ်းကို အသုံးချပြီး အစ္စလာမ်သာသနာတော်ကို စော်ကားတဲ့၊ လူ့ဘောင်ရဲ့ ငြိမ်းချမ်းမှုကို ချိမ်းခြောက်နေတဲ့ လူယုတ်မာများကို ရှာဖွေဖော်ထုတ်ပြီး တရားခုံရုံးကို ပို့ဆောင်ပြီး အရေးယူရမှာဖြစ်ပါတယ်။ မိမိဂုဏ်သိက္ခာကို အစော်အကားခံရတဲ့၊ ခြိမ်းခြောက်ခံရတဲ့သူတွေဟာလဲ ဒီနည်းလမ်းနဲ့ မိမိတို့ရဲ့ တန်ဖိုးအလွန်ရှိတဲ့ ဂုဏ်သိက္ခာကို စော်ကားသူ၊ အသက်အန္တရာယ်ကို ထိပါး ခြိမ်းခြောက်သူလူယုတ်မာများရဲ့ ယုတ်မာမှုအပေါင်းကို ဖော်ထုတ်ပြီး ထိုက်တန်သင့်အပြစ်ဒဏ်ပေးဖို့ တရားဥပဒေရဲ့ဘောင်ကို ယင်းသူယုတ်မှာများအား ပို့ဆောင်ရမှာဖြစ်ပါတယ်။ ကမ္ဘာလောက၏ လောက၏ ငြိမ်းချမ်းရေးကို လိုလားသူတိုင်းဟာ ကမ္ဘာလောကကို ပျက်စီးစေမည့်အဖျက်သမားများကို ဘက်ပေါင်းစုံမှ ဖော်ထုတ်၊ သုတ်သင်၊ ရှင်းလင်းကြရမည်မှာ အမှန်တရားကို မြတ်နိုးသူတိုင်းရဲ့ တာဝန်ဘဲဖြစ်ပါကြောင်း နှိုးဆော်လိုက်ရပါတယ်။

ဦးချမ်းမြေ့

သူယုတ်မာတို့သည်လည်း အသစ်သစ်သောနည်းပညာများကို အသုံးပြု၍ အထူးထူးအထွေထွေများပြားသော ယုတ်မာမှုများကို ပရိယာယ်ကြွယ်ဝစွာဖြင့် ကျူးလွန်နေကြသကဲ့သို့ သူတော်ကောင်းတို့သည်လည်း နည်းလမ်း အသွယ်သွယ်၊ ၀ိနည်းအထိုထိုတို့ဖြင့် လောကအား မကောင်းမှုအပေါင်းမှ ကင်းစင်အောင် ကြံဆောင် ကျင့်ကြံ အားထုတ်ကာ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းလျှက် ရှိကြချေသည်။ ကောင်းမှုနှင့် မကောင်းမှု၊ သူတော်ကောင်းနှင့် သူယုတ်မာတို့သည် အလင်းနှင့် အမှောင်၊ နေ့နှင့်ညတို့ရှိနေသ၍ ရှိနေကြမည်သာတည်း။ လူသားသည် ကိုယ့်ကံကြမ္မာကို မိမိတို့ကိုယ်တိုင် မိမိတို့ ဖန်တီးနေကြပေသည်။ ဖန်တီးမှု၏ ရလာဒ်ကိုကား မကြာမြင့်မီပင် သိရှိကြရပေအံ့။ (ချမ်းမြေ့)

စာရှုသူအနေနဲ့ ဒီဆောင်းပါလေးကို သဘောကျခဲ့တယ်ဆိုရင် မိတ်ဆွေအပေါင်းအသင်း သင်္ဂဟများကိုလဲ မျှဝေပေးသင့်ပါတယ်။ စာရှုသူအနေနဲ့ အလွယ်တကူမျှဝေနိုင်စေဖို့ ဒီဆောင်းပါးလေးကို ပီဒီအက်ဖ်ဖိုင်နဲ့လဲ ပြုလုပ်ပေးထားပါတယ်။ အလွယ်တကူ ဒေါင်းလုပ်လုပ်ပြီး ၅မိနစ်အတွင်း မိတ်ဆွေပေါင်းမြောက်များစွာကို မိမိရဲ့ အီးမေးလ်ကနေတဆင့် ပေးပို့ မျှဝေနိုင်ပါတယ်။ ဒေါင်းလုပ် လုပ်လို့ရတဲ့လင့်ခ်လေးကတော့ http://www.scribd.com/doc/23512818/No-Places-in-the-World-for-Fasiq

Monday, September 28, 2009


ဝါကျွတ်ဆွလာသ်ဝတ်ပြုပြီး မြန်မာမွတ်စလင်(မ်)ညီအစ်ကို မောင်နှမများအား ပီနန်မြန်မာမွတ်စလင်(မ်)
လူငယ်များကူညီမှုအသင်းမှအုန်းနို့ခေါက်ဆွဲ၊အအေးနှင့် တည်ခင်းနေပုံ

ဝါကျွတ်ဆွလာသ်အပြီး မြန်မာမွတ်စလင်(မ်)ညီအစ်ကို အားလုံး တစ်ဦးနှင့်တစ်ဦး
ချစ်ခင်ရင်းနှီးစွာနှင့် နှုတ်ဆက်နေပုံ

ရှေ့ဆောင်ဆရာမှ ခွသ်ဗါဟ်ဟောကြားနေခြင်းကို ၀တ်ပြုသူများအားလုံး
စိတ်ပါဝင်စားစွာ နားထောင်နေပုံ

မြန်မာမွတ်စလင်(မ်)များ ၀ါကျွတ်ဆွလာသ်ကို တစ်စုတစ်ဝေးတည်း ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ
နှင့် အိဒ်ဂါသဖွယ်ဝတ်ပြုနေကြပုံ

ဝါကျွတ်ဆွလာသ်ဝတ်မပြုမီ ဆွလာသ်ဧ။်စည်းကမ်းချက်နှင့်
ဝါကျွတ်ပွဲတော်အားပျော်ရွှင်စွာဆင်နွှဲရန်အကြောင်းတင်ပြနေပုံ

ကဒရ်ညဥ့်မြတ်ဧ။်ထွဋ်မြတ်မှုအကြောင်းဟောကြားနေပုံ

ကဒရ်ညဥ့်မြတ်၌ကုရ်အာန်ခတမ် တရာဝိဟ်ဆွလာသ်အား
စုပေါင်းဝတ်ပြုနေပုံ

ပီနန်မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်းဧ။်လမြတ်

ရမသွာန်စုပေါင်းဝါဖြေပွဲကို ဖိတ်ကြားထားသောဧည့်သည်များ၊

ဗဟိုကော်မတီဝင်များ စည်ကားစွာ ၀ါဖြေနေပုံ

Sunday, September 27, 2009



Salam to all dear myanmar muslim,This picture is after solat eid and our mamber of (pmmyha) selebrate aidil fitri. (Selamat Hari Raya semua warga myanmar beragama islam dan beragama islam dalam dunia) Salam Aidilfitri(PMMYHA) that pai

Saturday, September 5, 2009

မိတ်ဆွေများအတွက်

မိတ်ဆွေများကိုတစ်ခါတစ်လေတောင်မဟုတ်ပါဘူး။ အမြဲပဲသတိရပါတယ်။
သတိရတဲ့အထဲမှာ ကျွန်တော့်ငယ်သူငယ်ချင်းမိတ်ဆွေတွေလည်းပါပါတယ်။ ကျွန်တော်တို့မလေးရှားကိုရောက်ခါစ ဟိုးလွန်ခဲ့တဲ့ ၁၄နှစ်ကျော်လောက်တုန်းကဆို တော်ရုံတန်ရုံမြန်မာပြည်သားရှာမတွေ့ဘူး။ ကျွန်တော်နေတဲ့ပီနန်မြို့လေးမှာဆို မြိတ်၊မော်လမြိုင်၊ကော့သောင်းဘက်ကလာတဲ့ ကုန်ပစ္စည်းတင်လှေတွေနဲ့
သေဘာၤလိုက္တဲ့သေဘာၤသား အနည်းငယ်လောက်ကိုသာတွေ့ရတယ်။ အဲဒီအချိန်တုန်းကကိုယ်ကသူများနိုင်ငံမှာလာပြီးစီးပွါးရှာတော့၊ ကိုယ့်မိသားစု၊
ကိုယ့်လူမျိုး၊ ကိုယ့်သူငယ်ချင်းတွေတွေ့ရင်အရမ်းပျော်မိတယ်။ ကိုယ်နဲ့မရှေးမနှောင်း
ရောက်လာ တဲ့သူငယ်ချင်းတွေ၊ကိုယ်စီကိုယ်စီမလေးရှားမှာလာရောက်ရုန်းကန်နေတဲ့
သူငယ်ချင်းတွေ၊အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့သူငယ်ချင်းတွေအချင်းချင်းမတွေ
ဖြစ်ရင်တောင် ဖုန်းအဆက်အသွယ်ရှိတယ်။ကျွန်တော်နဲ့အတူတစ်မြို့တည်း နေတဲ့ သူငယ်ချင်းတွေဆိုရင်လည်းမိသားစုတွေလိုဖြစ်နေတယ်။ နောက်ပြီးကျွန်တော်နဲ့
သိသိမသိသိ ကိုယ့်လူမျိုး ကိုယ့်မြန်မာပြည်ကဆိုရင်ခင်မင်တတ်တယ်။ ကျွန်တော့်ဖုန်းနံပါတ်ပေး၊အိမ်လိပ်စာပေးနဲ့ အိမ်ကိုလာလည်ခိုင်း တယ်။ အမြဲလည်းဆုံဖြစ်တယ်။ကျွန်တော်ကညီအစ်ကိုမောင်နှမနည်းတော့သူငယ်ချင်း
တွေကို အရမ်းပဲခင်တွယ် တတ်ပါတယ်။ကျွန်တော်တို့ငယ်ငယ်ကစာအုပ်တွေထဲမှာ
ဖတ်ဖူးမှတ်ဖူးတယ်လေ။ လူဆိုတာအထီးကျန်မနေရ ဘူး။အသိုင်းအ၀ိုင်းနဲ့၊
ပတ်ဝန်းကျင်နဲ့နေရတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးလူးသွားလာရတယ်။ အဲဒီလိုပေါ့။ ကျွန်တော်ကဘယ်သူ့တွေ့တွေ့သူငယ်ချင်းဖွဲ့ဖြစ်တယ်။ ကြီးကြီးငယ်ငယ်၊
ဆင်းရဲချမ်းသာမရွေးဘူး။အားလုံးကို မိသားစုလိုပဲသဘောထားပြီးနေခဲ့တာ။ အဲအခုတော့မလေးရှားမှာနေရင်းမြန်မာပြည်ရောက်နေသလားလို့တောင် ထင်ရတယ်။အရင်တစ်ချိန်ကမြန်မာပြည်သားရှားသလောက်အခုတော့ခလုတ်တိုက် လှည့်ကြည့်၊မြန်မာပြည်သား ပဲဖြစ်နေတယ်။တစ်ဖက်ကကြည့်ရင်လည်းပျော်စရာ
ကောင်းပေမယ့်၊ တစ်ဖက်ကကြည့်ရင်လည်းစိတ်မကောင်း စရာပဲ။ အချို့လူတွေက
အိမ်မြေ၊ ခြံယာပေါင်းပြီးမလေးရှားကိုလာ၊ဒီရောက်တော့အဆင်မပြေကြဘူး။
သူတို့ကို ကြည့်ပြီးတော့ကျွန်တော်ဘယ်စိတ်ချမ်းသာနိုင်မလဲ။ ကျွန်တော်ကိုယ်တိုင် လည်းအကုန်မကူညီနိုင်ဘူး၊မကယ် နိုင်ဘူးလေ။ တစ်ခါတစ်ခါကိုယ့်အရင်းအချာ
သူငယ်ချင်းတွေ ပါပါလာတော့ကျွန်တော်တတ်နိုင်သလောက် ကူညီပါတယ်။ နည်းနည်းလောက်ပဲကူညီနိုင်လိုက်ရင်လည်းပျော်ရွှင်ရပါတယ်။ဘာပဲပြောပြော
ကျွန်တော်က ကိုယ့်မျိုးကိုယ်ချစ်၊ကိုယ်ရွှေမြန်မာတစ်ယောက်ပဲလေ။ ဘယ်မေ့မလဲ။ကိုယ့်မြန်မာပြည်သားတွေရှိတဲ့နေရာဆိုရင် အလှူမင်္ဂလာကိစ္စအစ၊ နာရေးကိစ္စအဆုံးကျွန်တော်အမြဲရောက်ဖြစ်ပါတယ်။ဒါပေမယ့်အသက်အရွယ်
လေးရလာ တော့အပေါင်းအသင်းတွေလည်းပြန်လျှော့ရတယ်လေ။ဒီလိုပြောတာ
မပေါင်းချင်လို့မဟုတ်ပါဘူး။ ကျွန်တော် အပါအ၀င်အားလုံးဟာ လူတစ်ကိုယ် စိတ်တစ်မျိုးတွေမို့စိတ်ချင်းတိုက်ဆိုင်ဖို့ဆိုတာမလွယ်ပါဘူး။တစ်ဦးနဲ့တစ်ဦး ယုံကြည်ချက်တွေမတူတော့ပြဿနာများလာတယ်။ကျွန်တော်ကအကူအညီ
ပေးရင်လည်း ခဏတဖြုတ်တော့ “ဟာဂျီဆပ်ကျေးဇူးတင်ပါတယ်”လို့
ပြောလိုက်တာပဲ။အေးလေ-ကျေးဇူးကတင်တော့တင်မှာပေါ့၊၀ယ်မှမ၀ယ်ရတာ။ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူးလေ။စိတ်တွေကများလေ၊ယုံကြည်ချက်
တွေကကွဲပြားခြားနားလေ။ ဒီခြားနားမှုတွေကြားမှာဟိုလူပြောတာဟုတ်နိုးနိုး၊
ဒီလူပြောတာဟုတ်နိုးနိုးနဲ့။တစ်ချို့ကပြောလိုက်တာများ ‘‘ဘယ်သူသေသေငါတို့
ကလိုက်ပို့ပေးနိုင်ရမယ်” တဲ့လေ။ကျွန်တော်ပြောချင်တာက သူများသေမှလိုက်ပို့ပေး မှာတဲ့လား။အသက်မသေဘဲဒုက္ခရောက်နေတဲ့သူတွေကိုရောမကူညီတော့
ဘူးလား။ကျွန်တော်ကတော့ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာအတွက်နေရာအသစ်
မှာအခြေမကျသေးတဲ့သူတွေကို ကူညီဖေးမသင့်တယ်လို့ စဉ်းစားမိတယ်။ အဖွဲ့အစည်းနဲ့ဆိုတော့လည်းမတစ်ထောင်သားတွေမှာ ကိုယ်ဖြစ်ချင်တာကို
ရှေ့တန်းတင်၊ အမြီးကျက်အမြီးစား၊ခေါင်းကျက်ခေါင်းစား၊မဟုတ်တဲ့ပြဿနာ ကိုယုံကြည်ချက်လို့ပြောလို့ပြော၊သြော် ကျွန်တော် လည်းသူတို့ကိုအရမ်း
သနားမိတယ်။ ဒီလိုအတ္တကိုရှေ့တန်းတင်နေမယ့်အစား လူသားအကျိုးကို
ဘာသယ်ပိုးနိုင် မလဲဆိုတာပဲ စဉ်းစားသင့်တယ်။ဒါပေမယ့် သူတို့ကတော့ လူသားအကျိုးဆိုတာတစ်ကီလိုဘယ်လောက်လဲ လို့မေးပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့နားမှနားမလည်တာ။ထားပါတော့လေ။သူတို့ဟာသူတို့ 
ဘယ်လိုပဲ တွေးတွေး ကျွန်တော့အတွက်တော့သူတို့ဟာအချစ်ဆုံး
သူငယ်ချင်းတွေပါပဲ။ ကျွန်တော်ကဘယ်သူ့ကိုမှ သူငယ်ချင်းအဖြစ်က
ဖယ်မထားပါဘူး။ တစ်ခုတော့ရှိတယ်၊အရောင်အသွေးအဆင်ညှိမရလို့
ယုံကြည်ချက်လို့ တော့မပြောလိုက်ပါနဲ့။ကျွန်တော်ပြောချင်တာကတော့
အလ္လာအရှင်နှစ်သက်တာကိုပဲ များများလုပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
အယ်လ်ဟာဂ်ျ ထွန်းသစ်အောင်

SALAM, to all islam in the world, Do your better for life and your ramadan,, mohd osman@thet pai (PMMYHA)

After boundry for accomplish in ground' (Setelah selesai mayat kebumi kan, al-fatiah) <> thet pai- PMMYHA

There before get in hole, (Kelurga hashid kelehatan terakhir, sebelum di kebumi kan) , Osman@thet pai -PMMYHA

wating for solat(muder) mohd rashid from yangon 50-year old, That we done to helping to do it...

Tuesday, August 18, 2009



ပီနန်မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်းတာဝန်ခံတစ်ဦးမှခြေထောက်ကျိုးသွား
သောမြန်မာမွတ်စလင်(မ်)တစ်ဦးအား ဂရုတစိုက်သွားရောက်ကူညီအားပေးနေစဉ်
(thet pai-mannltp007@yahoo.com)

Salm to myanmar muslim and all dear muslim in the world

Thursday, August 13, 2009

ကွန်မြူနစ်ဝါဒသည် ခြုံခိုတိုက်ခိုက်ရန် စောင့်နေ၏။

ဤ “ကွန်မြူနစ်ဝါဒသည် ခြုံခိုတိုက်ခိုက်ရန်စောင့်နေ၏။” ဆိုသောဘာသာပြန်စာအုပ်သည် ဆရာကြီး ဒေါက်တာဟာရွန်ယဟ်ယာမှ ပြုစုထားသောစာအုပ်များအနက်မှ တစ်အုပ်ဖြစ်ပါသည်။ ယင်းစာအုပ်ကို မြန်မာစာတတ်ပုဂ္ဂိုလ်များ လေ့လာဖတ်ရှု အကျိုးစံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်တို့၏ ချစ်ခင်လေးစား အားထားရသော မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သည့် ဆရာကြီး မုဟမ္မဒ်အလီတန်ဂွန်းမှ ဘာသာပြန်ဆို တင်ပြထားပါသည်။ စာရှုသူအပေါင်း အကျိုးစံစားနိုင်ကြပါစေ။ အာမီးန်။

ကွန်မြူနစ်ဝါဒသည် ခြုံခိုတိုက်ခိုက်ရန် စောင့်နေ၏။

လူ့လောကသို့ ဘေးဒက္ခပေါင်းစုံ ယူဆောင်ခဲ့သော ဒါဝင်ဝါဒ

ဤ“လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံယူဆောင်ခဲ့သော ဒါဝင်ဝါဒ”ဆိုသည့် သုတေသနကျမ်းသည်လည်း ဆရာကြီး ဒေါက်တာဟာရွန်ယဟ်ယား၏ပြုစုရေးသားထားသည့်မြောက်မြားလှစွာသော သုတေသနကျမ်းများအတွင်းမှ စာအုပ်တစ်အုပ်ဖြစ်ပေသည်။ ထိုသုတေသနကျမ်းကို မြန်မာစာတတ် ပုဂ္ဂိုလ်များအားလုံး အကျိုးခံစားနိုင်ရန်ရည်ရွယ်၍ မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သူ ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းမှ ဘာသာပြန်ဆိုတင်ပြထားပါသည်။ ဖတ်ရှုသူအပေါင်း အကျိုးခံစားနိုင်စွမ်း အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူပါစေ။ အာမီးန်။

လူ့လောကသို့ ဘေးဒုက္ခပေါင်းစုံ ယူဆောင်ခဲ့သော ဒါဝင်ဝါဒ

အစ္စလာမ်သည် လွယ်ကူသောသာသနာဖြစ်၏။

“အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်၏။”ဆိုသောစာအုပ်သည် ဆရာကြီးဒေါက်တာဟာရွန်ယဟ်ယာမှ ပြုစုထားပြီး ကျွန်တော်တို့၏ ခင်မင်လေးစားရသော မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သည့် ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းမှ မြန်မာမွတ်စလင်မ်တစ်မျိုးသားလုံးအတွက် ဘာသာပြန်ဆိုထားသောစာအုပ်ဖြစ်ပါသည်။ ကျွန်တော်တို့အနေနှင့် ယင်းစာအုပ်ကို ဘာသာပြန်ဆိုခဲ့သူ ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းအား ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့၏ ပီနန်မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၏ ဘလောက်တွင် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ အလ်ဟမ်းဒုလိလ္လာဟ်၊ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်။ အလ္လာဟ်အရှင်မြတ်၏ အထူးအသနားတော် မဟာကရုဏာဖြင့် ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းသည် ဆရာကြီးဒေါက်တာဟာရွန်ယဟ်ယာ၏ပြုစုထားသော မြောက်မြားလှစွာသောကျမ်းစာအုပ်များအတွင်းမှ ကျမ်း (၅)ကျမ်းကို ဘာသာပြန်ဆိုနိုင်ခဲ့ပါသည်။ ထိုစာအုပ်များအားလုံးကို အင်ရှာအလ္လာဟ် ကျွန်တော်တို့၏ ဘလောက်တွင်တင်ပြပေးသွားမည် ဖြစ်ပါသည်။ ဤစာအုပ်ကို ဒေါင်းလုပ်ကာ သိမ်းထားချင်သူများနှင့် မိမိတို့၏ ချစ်မိတ်ဆွေများ၊ အသိုင်းအ၀ိုင်းများသို့ ပို့ဆောင် ဖြန့်ချိလိုသူများအနေနှင့် အောက်တွင်ဖော်ပြထားသော“အစ္စလာမ်သည် လွယ်ကူသော သာသနာဖြစ်၏။”ဆိုသော စာသားအပေါ်တွင် ကလစ်နိပ်ကာ ဒေါင်းလုပ်လုပ်နိုင်ပါကြောင်း မင်္ဂလာရှိသောသတင်းပေးအပ်ပါသည်။ အို- အလ္လာဟ်အရှင်မြတ် ဤစာအုပ်နှင့် သက်ဆိုင်သူအားလုံးကို နှစ်ဘ၀၊ နှစ်ဌာနတွင် ကောင်းချီးမင်္ဂလာပေးသနားတော်မူပါ။ အားမီးန်

အစ္စလာမ်သည် လွယ်ကူသောသာသနာ ဖြစ်၏။

ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။

ဤ“ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။”ဆိုသော သုတေသနကျမ်းသည်လည်း ဆရာကြီးဒေါက်တာဟာရွန်ယဟ်ယာ၏ ပြုစုထားသောကျမ်းတစ်ခုပင်ဖြစ်ပါသည်။ ယင်းကျမ်းကို မြန်မာစာတတ် ပုဂ္ဂိုလ်များအားလုံး လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဖြူစင်သန့်ရှင်းသောသဒ္ဓါတရားဖြင့် ဆရာကြီးမုဟမ္မဒ်အလီတန်ဂွန်းမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပေသည်။ မိတ်ဆွေများအားလုံး ဖတ်ရူလေ့လာ သုံးသပ်ဆင်ခြင်၍ မိမိတို့၏ အတွေးအခေါ် အယူအဆအမှားများကို ပြင်ဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။

Wednesday, August 12, 2009

အလ္လာဟ်အရှင်မြတ်အား ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် သိနိုင်၏။

ဤ“အလ္လာဟ်အရှင်မြတ်အား ကျိုးကြောင်းဆင်ခြင်းဖြင့် သိနိုင်၏”ဆိုသောကျမ်းသည် ဆရာကြီးဒေါက်တာဟာရွန် ယဟ်ယာမှ ပြုစုရေးသာထားသည့် စာအုပ်များအတွင်းမှ တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ်ကို မြန်မာစာတတ် ပရိသတ်များ ဖတ်ရှုလေ့လာ အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍ ဆရာကြီး မုဟမ္မဒ်အလီတန်ဂွန်းမှ မြန်မာစာပေဖြင့် ပြန်ဆိုရေးသားထုတ်ဝေလိုက်ပါသည်။ စာရှုသူအပေါင်း အကျိုးခံစားနိုင်ကြပါစေ။ အာမီးန်။

အလ္လာဟ်အရှင်မြတ်အား ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် သိနိုင်၏။

Monday, August 3, 2009

အလ္လာပေးသော ဆင်ခြင်စရာအသိလေးတစ်ခု

ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဆင်ခြင်စရာအကြောင်းအရာလေးတစ်ခုပါ။ သိပ်မကြာသေးခင်အချိန်က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို စာဖတ်သူများကို မျှဝေပေးချင်လို့ပါ။ ကျွန်တော်မလေးရှားမှာ နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒီတော့မလေးရှားနိုင်ငံရဲ့ လူနေမှုဓလေ့စရိုက်၊ယဉ်ကျေးမှု၊ သူတို့တွေရဲ့စိတ်နေ သဘောထား၊ သူတို့နိုင်ငံရဲ့ ဥပဒေတော်တော်များများကို သိထားပြီးသားပါ။ ကျွန်တော်ကိုတိုင်လည်း ဒီစည်မျဉ်း ဥပဒေ၊ယဉ်ကျေးမှုဓလေ့စရိုက်တွေနဲ့လိုက်လျောညီထွေစွာ နေတတ်ခဲ့ပါပြီ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာ သူတို့နိုင်ငံရဲ့ဥပဒေကို ကြားတော့ကြားဖူးတယ်၊ ဘယ်ပုံဘယ်နည်းနဲ့ အရေးယူဆောင်ရွက်တယ်ဆိုတာကိုတော့ မမြင်ဖူးဘူး။ တကယ်တမ်းကိုယ်တွေ့ကြုံလာရတဲ့အချိန်မှာတော့ တော်တော်တုန်လှုပ်သွားမိတယ်။ ဖြစ်ပုံကဒီလိုပါ။ ကျွန်တော်က ညဘက်ဆိုတော်တော်နဲ့မအိပ်ဘူး။ အိပ်လို့မရတာရယ်၊ဘောလုံးပွဲတွေကြောင့်ရယ်ပေါ့။ မန်ချက်စတာပွဲဆိုပိုဆိုးပါတယ်။ ဘောလုံးပွဲကြည့်ပြီးလျှင်လည်း ချက်ချင်းမအိပ်သေးဘဲ အပြင်ထွက်တစ်ခုခုစားပြီးမှပြန်အိပ်တတ်တယ်။ ဒါက ဘောလုံးပွဲကြည့်တိုင်းလုပ်နေကြကျွန်တော့ရဲ့ အကျင့်ပါ။ ကျွန်တော်ဘောလုံးပွဲကြည့်တယ်ဆိုတာလည်း အခုမှ မဟုတ်ပါဘူး။ ဟိုးခပ်ငယ်ငယ်အချိန်ကတည်းကပါ။ ဒီအကျင့်ဟာ အရင်လူပျိုဘ၀က ကိစ္စမရှိပါဘူး။အခုတော့ အိမ်ထောင်ကျပြီလေ။ အိမ်ထောင်ကျပြီးတော့ ကျွန်တော်ကအိပ်မပျော်ရင် ဘေးကဇနီးကလည်းမအိပ်၊ ဘောလုံးပွဲကြည့်ရင်လည်းသူကတစ်ယောက်တည်းမအိပ်တတ်၊ ကျွန်တော်က အပြင်ထွက်ပြန်ရင်လည်း သူကစိတ်မချ၊ သူတစ်ယောက်တည်းလည်းအိမ်မှာမနေခဲ့ချင်ဘူး။ ဒီလိုနဲ့ သံသရာလည်နေလိုက်တာ တော်တော်ကြာသွားပြီ။ တစ်ခါတစ်ခါလည်းစိတ်ပျက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲကြည့်တယ်ဆိုတာ ကိုယ်ပိုင်အချိန်တော်တော်များများကိုရင်းနှီးလိုက်ရတာလေ။ ညဘက်မအိပ်တော့ မနက်အလုပ်နောက်ကျ၊ အအိပ်ပျက်လျှင်စိတ်ကမရွှင်၊ ဘောလုံးပွဲမကြည့်ဘူးလို့ဆုံးဖြတ်ပြန်တော့လည်း ၀ါသနာက တော်တော်နဲ့ဖျောက်မရ။ ဒီလိုနဲ့ တစ်နေ့ ကျွန်တော်တို့စုံတွဲ အိမ်မှာဘောလုံးပွဲကြည့်ပြီး ထုံးစံအတိုင်း အပြင်ထွက်ပြီးတစ်ခုခုစားတဲ့အချိန်မှာ ဒီအဖြစ်အပျက်နဲ့ကြုံခဲ့ရတော့တာပဲ။ အဲဒီနေ့က စနေနေ့၊ မလေးလူမျိုးတွေအခေါ် မာလန်းမင်းဂူး ပေါ့။ သူတို့မလေးရှားလူမျိုးတွေအတွက် စနေနေ့ညကစပြီး တနင်္ဂနွေနေ့ မနက်အထိအချိန်ဟာ အတော်ပျော်စရာကောင်းတဲ့ အချိန်ပါ။ဒီအချိန်ဟာ သူတို့အတွက်တော့ အပါတ်စဉ် အပန်းဖြေတဲ့အားလပ်ချိန်ပေါ့။ ကျွန်တော့အထင်တော့ အိစ်ဒ်နေ့ထက်တောင် ဒီအချိန်ကိုသူတို့ပိုပျော်လိမ့်မယ် ထင်တယ်။ ဒီလိုပြောလို့ မလေးလူမျိုးတွေဟာမကောင်းတဲ့နည်းနဲ့အပျော်ရှာကြတယ်လို့တော့မထင်လိုက်ပါနဲ့။ ဒီမှာရှိတဲ့မလေးလူမျိုးတွေဟာ အခြားတရုတ်၊ တမလ် လူမျိုးတွေလို အရက်သောက်တာ၊နိုက်ကလပ်သွားတာ၊ ဒစ္စကိုသွားတာ အင်မတန်နည်းပါတယ်။(မလေးလူမျိုးအနည်းငယ် နိုက်ကလပ်သွားတာကတော့ ချွင်းချက်ပေါ့လေ။) ကျွန်တော်ပြောခဲ့တဲ့ အစ်ဒ်နေ့ထက်ပျော်တဲ့ကိစ္စက ဆိုင်ကယ်ပြိုင်မောင်း၊ကားပြိုင်မောင်းတဲ့ ကိစ္စ။ ဒီလိုပြိုင်မောင်းတာဟာ မလေးလူငယ်တွေကြားမှာ အင်မတန် population ဖြစ်နေတယ်။ ဘာလို့ဖြစ်ရ တာလဲဆိုတော့ သူတို့နိုင်ငံအစိုးရကလည်း သူတို့အားကျရလောက်အောင် ကားမောင်းပြိုင်ကွင်း၊ဆိုင်ကယ် မောင်းပြိုင်ကွင်းတွေတည်ဆောက်ပြီးဝင်ငွေရှာနေကြတယ်။ ဒီပြိုင်ပွဲတွေကြောင့်တိုင်းပြည်ထဲက ဆယ်ကျော်သက်လူငယ်တွေအတုခိုးမှားပြီးလမ်းလွဲနေတာ အစိုးရက တဖြည်းဖြည်းသဘောပေါက်လာပြီး ထိန်းချုပ်ဖို့ဥပဒေတွေထုတ်ပြန်လာတော့တယ်။ဒါပေမယ့်လည်း ဆယ်ကျော်သက်တွေကိုထိန်းချုပ်ဖို့ အင်မတန်ခက်ပါတယ်။ကားတွေ၊ဆိုင်ကယ်တွေပြိုင်တဲ့လူငယ်တွေဟာ အများပြည်သူအသုံးပြုနေတဲ့ Highway လမ်းတွေအထိတက်ပြိုင်ကြတယ်။ ဒီလူငယ်တွေဟာ မာလန်းမင်းဂူးမှာ ခရီးသည်တွေနားနေတဲ့
(ကာဝါဆန်ရီဟာဒ်)ခေါ် ယာဉ်ရပ်နားစခန်းမှာ ထောင်နဲ့ချီပြီးလူစုပြီးကားပြိုင်မောင်းကြတော့ လူအများစိတ်အနှောက်အယှက်ဖြစ်ရုံသာမက အန္တရာယ်လည်းအရမ်းများပါတယ်။ အရင်ကတော့ ရဲတွေက ဖမ်းဆီးပြီးအပြစ်ပေးတယ်။ အခုတော့ ရဲတွေတင်မကတော့ပါဘူး၊ အဖွဲ့ပေါင်းစုံက စီမံကိန်းဆွဲပြီးဖမ်းတော့တယ်။ ပြည်သူ့ရဲ၊ယာဉ်ထိန်းရဲ၊မူးယစ်ဖမ်းဆီးရေးအဖွဲ့၊Rela ခေါ် အရပ်သားဖမ်းဆီးရေးအဖွဲ့(မြန်မာပြည်မှာဆိုရင်တော့ ကြံ့ခိုင်ရေးအဖွဲ့မျိုးပေါ့) ။ ဒါတွေတင်မကသေးပါဘူး။ အစ္စလာမ့်ဥပဒေအတိုင်းလုပ်ကိုင်ဆောင်ရွက်တဲ့ Kumpulan Haji ခေါ် ဟာဂျီအဖွဲ့ လည်းပါတယ်။ ညနက်သန်းခေါင်ဆိုင်ကယ်၊ကားတွေ ပြိုင်မောင်းသူတွေရဲ့ အနောက်မှာ ဆယ်ကျော်သက်အရွယ်အဆောင်နေ ကျောင်းသူတွေလည်းပါတယ်။ အခြားရပ်ကွက်နေ စုံတွဲတွေလည်းပါတယ်။ ဒီတော့ဖမ်းဆီးရေးအဖွဲ့ပေါင်းစုံမှာ မူးယစ်ရဲက Urine Test စစ်၊ ယဉ်ထိန်းရဲက ပြိုင်မောင်းသူတွေ၊အိပ်ဇောဖွင့်မောင်းတဲ့သူတွေကိုဖမ်း၊ ဟာဂျီအဖွဲ့ကတော့ အချိန်မတော်တွေ့တဲ့စုံတွဲတွေကို တရားဝင်လက်ထပ်ထားကြောင်း(စူရပ်နေကာ)လက်ထပ်စာချုပ်ပြနိုင်လျှင်ပြ၊ မပြနိုင်လျှင်တော့ရဲစခန်းကို ခေါ်သွားတယ်။ရဲစခန်းကိုပါသွားရင်ပြသ၁နာကအရှည်ကြီး၊ အခန့်မသင့်လျှင်တီဗွီသတင်းထဲအထိပါသွား နိုင်တယ်လေ။ပြိုင်ကြတဲ့သူတွေတော့မသိဘူး၊ ကျွန်တော်တို့စုံတွဲတော့ အတော်လေးကြောက်သွားတယ်။ ကျွန်တော်ကအပြင်သွားရင် လိုင်စင်နဲ့ ပတ်စပို့ ယူသွားဖို့မကြာခဏမေ့တတ်တယ်။ အဲဒီနေ့ကကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် ကားမယူဘဲ၊ ဆိုင်ကယ်စီးပြီး ညလယ်စာသွားစားရင်း ဒုက္ခဖြစ်တော့မလို့၊ အလ္လာအရှင်ကယ်ပေလို့ပေါ့။ ကျွန်တော်တို့က ပတ်စပို့ပါလာတယ်၊ ဒါပေမယ့် လိုင်စင်နဲ့ နေကာစာချုပ်တစ်ခုမှ ပါမလာဘူး။ ကျွန်တော်တို့စားသောက်နေတဲ့ နားနေစခန်းကို အဖွဲ့တွေအားလုံးပိတ်ဆို့ပြီးစစ်ကြတယ်။ ထွက်ပေါက်လည်းမရှိဘူး၊ ထွက်လည်းမထွက်ရဲဘူး။ ထွက်တဲ့ကားတွေ၊ဆိုင်ကယ်တွေကို အကုန်လုံးစစ်တယ်။ သူတို့မလေးနိုင်ငံသားတွေကိုတောင်မှ IC (မှတ်ပုံတင်)မပါရင် ရဲစခန်းခေါ်သွားတယ်။ အဲဒါတွေမြင်ပြီး အနားမှာရှိတဲ့ကျွန်တော့်အမျိုးသမီးကလည်းအတော်ကြောက်နေတယ်။ သူကလည်းညဘက်လိုက်ချင်တာ မဟုတ်ဘူး။ ကျွန်တော်ခေါ်လာတာ။ မြန်မာပြည်မှာကလည်းဒီလိုမျိုးရှိမှမရှိတာ။ ကျွန်တော်လည်းမထွက်သေးဘဲ ဘာလုပ်သင့်သလဲသေချာစဉ်းစားလိုက်တယ်။ နောက်ဆုံးတော့အကြံတစ်ခုထွက်လာတယ်။ အိမ်မှာအိပ်နေတဲ့သူတွေကိုဖုန်းဆက်ပြီး မေ့ကျန်နေခဲ့တဲ့ လက်ထပ်စာချုပ်ကိုယူလာခိုင်းဖို့ပါပဲ။ အိပ်ပျော်နေတဲ့ လူတွေကိုနိုးပြီးခိုင်းတော့ သူတို့ခမျာလည်းအိပ်ရေးပျက်ရပြီး ကျွန်တော်လည်းအားနာမိတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ သူတို့ကိုမခိုင်းခင် ဖမ်းဆီးရေးအဖွဲ့တွေပြန်သွားတော့ အစစ်မခံရတော့ဘူး။ အဲဒီအချိန်မှာမနက်ငါးနာရီထိုးနေပြီ။ ကျွန်တော်တို့နားနေစခန်းထဲမှာ နှစ်နာရီလောက်ကတည်းက ပိတ်မိနေခဲ့တာလေ။ ကျွန်တော်တို့ပြန်လည်းလာရော အလ္လာထံမှာချက်ချင်းဒုအာလုပ်လိုက်တယ်။ နောက်နောင် ညအချိန်မတော်အပြင်မထွက်တော့ဘူး၊ အလ္လာကယ်ပေလို့ပေါ့။ အိမ်ပြန်ရောက်တော့ ကျွန်တော်ပြန်စဉ်းစားပြီးတွေးမိတယ်။ ဪ...ဆင်ခြင်စရာ အတွေ့အကြုံလေးတစ်ခု အလ္လာပေးလိုက်ပါလားလို့။
အယ်ဟာဂ်ျ ထွန်းသစ်အောင်
မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း(ပီနန်)မှ
တာဝန်ယူကူညီခဲ့သော ရခိုင်ပြည်နယ်၊မောင်တောမြို့မှ အီလီယာစ်ဘိုင်

အထက်ဖော်ပြပါ အီလီယာစ်ဘိုင်သည် (Malignant Lymphoma) ဝေဒနာကို ခံစားနေရသည်မှာ(၈)လကျော်(၉)လ အတွင်းသို့ရောက်ရှိနေခဲ့ပါသည်။ အီလီယာစ်ဘိုင်သည် မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်းသို့ အကူအညီတောင်းလာသဖြင့် ၎င်းအား ပီနန်ဆေးရုံကြီးသို့တင်ကာ ကူညီကုသပေးခဲ့သည်။ ထိုဆေးရုံကြီးတွင် (၄၁)ရက်ကြာတင်ကာ ခွဲစိပ်ကုသမှုကိုပါပြုလုပ်ခဲ့ပါသည်။ ဆေးရုံမှကုန်ကျစရိတ်စုစုပေါင်း(RM -2137.50) ကို မြန်မာမွတ်စလင်(မ်) လူငယ်များကူညီမှုအသင်းမှပင် ပေးချေကူညီခဲ့ပါသည်။ ယခု အီလီယာစ်ဘိုင်အား မြန်မာနိုင်ငံသို့ပြန်နိုင်ရန်အတွက်လည်း အသင်းမှပင်တာဝန်ယူဖြေရှင်းပေးခဲ့ပါသည်။
အဆိုပါလူနာအား ဆေးရုံတင်သည်မှစ၍ ဆေးရုံဆင်းသည်အထိ ကူညီပေးခဲ့သော မိတ်ဆွေများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
JAZARKALLAH
အီလီယာစ်ဘိုင်အား မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်းမှ အဖွဲ့ဝင်များသွားရောက်ကြည့်ရှုစဉ်

Sunday, August 2, 2009

Lymphoma ဝေဒနာရှင် အီလီယာစ်ဘိုင်အား (၆.၇.၂၀၀၉)နေ့ ၊ ခွဲစိပ်ကုသမှုအပြီးတွေ့ရစဉ်
ကိုသက်ပိုင်(သတင်းနှင့်ပြန်ကြားရေးမှူး)
မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း(ပီနန်)
လူနာအား တာဝန်ကျသူနာပြုမှ လိုအပ်သောစစ်ဆေးမှုများပြုလုပ်နေစဉ်
ကိုသက်ပိုင်(သတင်းနှင့်ပြန်ကြားရေးမှူး)
မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း(ပီနန်)

Saturday, July 18, 2009

“မိတ်ဆွေများသို့ကျေးဇူးတင်လွှာ”

အစ္စလာမ်မုအလိုင်ကွန်(မ်)
အားလုံးကို စလာမ် ပို့သလိုက်ပါတယ်ဗျာ။ကျွန်တော်ထွန်းသစ်လည်း မအားတာနဲ့ ပီနန်-
မြန်မာမွတ်စ လင်(မ်)ကူညီမှုအသင်းရဲ့ ဘလောခ့်ကို မကြည့်ဖြစ်တာ နှစ်နှစ်မြောက်
Anniversity ပြီးကတည်းကပါပဲ။ ဒီ ဘလောခ့်လေးကို ကျွန်တော့်ရဲ့ မိတ်ဆွေကြီးဖြစ်တဲ့
ဆရာယာစီးန်က သူ့ရဲ့မအားလပ်တဲ့အချိန် တွေကိုဖဲ့ယူပြီး ပီနန် ရောက်နေခိုက်အချိန်လေးအတွင်းမှာ လုပ်ဖြစ်သွားတာပါ။ အဲဒီနောက်တော့သူလည်း KL
ပြန်၊ ကျွန်တော်လည်း အင်တာနက်နဲ့ဝေးနေလိုက်တာ အချိန်တော်တော်ကြာသွားခဲ့တယ်။
ဒီလိုပြောရတာ ကျွန်တော် နေတဲ့နေရာမှာ ကွန်ပြူတာတို့၊ အင်တာနက်တို့ မရှိလို့မဟုတ်
ပါဘူး။ကျွန်တော့် Officeထဲကအင်တာနက်တပ်ဆင်ထားတဲ့ကွန်ပြူတာများက
ကျွန်တော့် ကိုမဲ့ပြုံးပြုံးပြီးကြည့်နေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကOffice
ထဲမှာမရှိတဲ့အချိန်ကများပြီးအပြင်အလုပ်တွေနဲ့ပဲမအားလပ်အောင်အမြဲအလုပ်ရှုပ်နေ
လို့ပါ။ ကဲ...ထားလိုက်ပါတော့။ဒါကအကြောင်းပြချက်ပါ။ကျွန်တော်ဟာမွေးရပ်မြေရဲ့
အဝေးမှာနေ့စဉ်အလုပ်တွေနဲ့အတူ နေထိုင်လာခဲ့တာဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ ဒါပေမယ့်လည်းကျွန်တော်တို့တစ်တွေဟာမွတ်စလင်(မ်)အမျိုးသားရေး၊ လူမှုရေး၊ကူညီရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး အလ္လာအရှင်မြတ်ရှေ့ မှာအလုပ်မအားလပ်လို့
မလုပ်မိခဲ့ပါဘူးလို့လုံးဝအကြောင်းပြလို့ရမယ်မထင်ပါဘူး။ကုရ်အာန်ကျမ်းတော်မြတ် မှာလူမျိုး၊ဘာသာ၊သာသနာကိုထိန်းသိမ်း စောင့်ရှောက်ဖို့အလ္လာအရှင်မြတ်ကမိန့်ဆို ထားပြီးသားပါ။ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာမအားမလပ်တဲ့ကြားက ကူညီမှု အသင်းကိုစိတ်ရောကိုယ်ပါကြိုးစားအားထုတ်အချိန်ပေးပြီးလုပ်ကိုင်နေရခြင်းဖြစ်ပါတယ်။
ယခုလည်း ဒီဘလောခ့်ကိုဝင်ကြည့်လိုက်တာနဲ့နိုင်ငံတကာကမိတ်ဆွေတွေလာရောက် လည်ပတ်ကြည့်ရှုထားတာကို တွေ့ရပါတယ်။ဒီဘလောက်ခ့်ကတဆင့်ကျွန်တော်တို့၇ဲ့လုပ်ငန်း ကိစ္စအ၀၀ကိုနိုင်ငံတကာရောက်မြန်မာမွတ်စလင်(မ်)များ သိရှိရမှာပါ။ ကျွန်တော်တို့အသင်းရဲ့ဘလောက်ခ့်အတွက်စာတွေရေးပေးနေတဲ့ဆရာကြီးများနှင့်
ဘလောက်ခ့်အတွက် ကဗျာတွေအမြဲရေးပေးနေတဲ့ညီလေး(ကဗျာဆရာမှန်ကြီး) တို့ကိုလည်းကျေးဇူးတင်မိပါတယ်။မကြာမီအချိန်အတွင်းမှာအသင်းရုံးခန်းမှာလာရောက် ဟောကြားတဲ့ဆရာ၊ဆရာမများရဲ့ဆွေးနွေးတင်ပြချက်များနှင့်တကွအစ္စလာမ့်
ရေးရာအဖြာဖြာကို ဒီဘလောက်ခ့်မှာ စုံလင်စွာဖော်ပြပေးသွားမှာပါ။ မလေးရှားနိုင်ငံ
နှင့်ပတ်သတ်သည့်ကိစ္စများကို သိလိုလျှင်လည်း ကျွန်တော်တို့ ဘလောက်ခ့်မှာမေးမြန်း စုံစမ်းနိုင်ကြောင်းအသိပေးရင်း လာရောက်လည်ပတ်သည့်မြန်မာမွတ်စလင်(မ်)
မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
အလ်ဟာဂ်ျ ထွန်းသစ်အောင်
(အတွင်းရေးမှူး)
ပီနန်မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း

Friday, July 17, 2009

မလေးရှားပြန်

လေပြင်ကျယ်အဆုံးမှ
အလင်းရောင်တချို့ကို အမိအရဖမ်းဆုပ်
ဒါအိပ်မက်သက်သက်ပဲ.......
နာရီသံကနောက်ဆုံးအချက်ပေးမှ
အမှောင်ထုကိုရှင်းလင်းမိပြီ
တမ်းတမိသမျှ အလကား
ကြိုးစားခဲ့သမျှ အလကား
သေသေချာချာငုတ်တုတ်ထိုင်ပြီးစဉ်းစားကြည့်မှ
ပြားချပ်နေတဲ့အိတ်ကပ်
နတ္ထိဖြစ်သောလက်ဖ၀ါးပြင်
ကိုဟင်္သတထွန်းရင်ရဲ့ မွေးမေကျေးဇူးဆပ်ဖူးချင်တယ်လေ.......
သီချင်းရဲ့လေဝှေ့တစ်ချက် နားရွက်နှစ်ဖက်မှ
နားစည်ကွဲနေပြီ
အတိအကျသိချင်းစိတ်က ချိန်ခွင်ထဲထည့်ချိန်ကြည့်မှ
ငါကိုယ်ငါ ဘာကောင်မှန်းမသိတာခက်တယ်
သတိရတယ် ရောသမမွှေနဲ့ သင်္ကြန်တုန်းက
ကလိုက်တာများကွေးလို့
ပေါင်ထားခဲ့သမျှ လယ်နှင့်နွားလေးကို
သတိရရပြီး ဘီယာသောက်တုန်းက
ငါးဆယ်တန်တို့ ကလိုက်ပုံများကွေးနေတာပဲ
အမေငိုလို့ ......အကြွေးအတိုးတဲ့
မိန်းမငိုလို့ ......ကလေးဆေးဖိုးတဲ့
အားရပါးရပြေးလွှားရှာဖွေကြည့်တော့
အပေါင်လက်မှတ်က ခါးထောက်ကြည့်လေရဲ့
တမံသလင်းပေါ်ကျောဆင်းပြီး
မျက်နှာကျက်ဖြူဖြူကြီးမြင်လေတော့
သြော် ငါ.......မလေးရှားပြန်ကြီးပါလား။ ။
မှန်ကြီး(ခေတ္တ-မလေးရှား)

Tuesday, July 7, 2009

အမေရိကန်သမ္မတအိုဗားမား၏ အီဂျစ်နိုင်ငံ၊ ကိုင်ရိုတက္ကသိုလ်မှနေ၍ ကမ္ဘာ့မွတ်စလင်မ်များအားလုံးသို့ ပြောကြားခဲ့သည့်မိန့်ခွန်း

အမေရိကန်သမ္မတအိုဘားမားသည် အီဂျစ်နိုင်ငံရှိ ကိုင်ရိုတက္ကသိုလ်မှနေ၍ ကမ္ဘာတစ်ဝှမ်းလုံးရှိ အစ္စလာမ်နိုင်ငံများထံသို့ ရည်ရွယ်ကာ မိန့်ခွန်းတစ်ခုပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းသည် အချိန် (၅၅)မိနစ်တိတိကြာမြင့်ခဲ့ပြီး အိုဘားမား၏သက်တမ်းအတွင်း အရှည်ဆုံးမိန့်ခွန်း တစ်ခုလည်း ဖြစ်ခဲ့သည်။ အိုဘားမား ၏မိန့်ခွန်းသည် မွတ်စလင်မ်များအားလုံးသို့ ရည်ရွယ်ပြောကြားသောအမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးမိန့်ခွန်းအဖြစ် သမိုင်းဝင်ခဲ့ပြီဖြစ်သည်။
“အခု ကျွန်တော်ဟာ ဂုဏ်သရေကြီးမားလှတဲ့ ကိုင်ရိုမြို့ကြီးကနေ အစ္စလာမ်ကမ္ဘာကို မိန့်ခွန်းတစ်ခုပြောဖို့ ရောက်ရှိနေပါပြီ။ ဒီမြို့ကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က အစ္စလာမ့်ပညာရေး လေ့လာမှုအတွက် အဓိကနေရာမှာ ပါဝင်ခဲ့တဲ့ အလ်-အဇ်ဟရ်ကျောင်းတော်ကြီးရှိသလို လွန်ခဲ့တဲ့ရာစုနှစ်အတွင်းမှာ အီဂျစ်ရဲ့ အဆင့်မြင့်ယဉ်ကျေးမှုကို ဖော်ဆောင်ပေးတဲ့ ကိုင်ရိုတက္ကသိုလ်ကြီး ရှိနေပါတယ်။ ဒါကြောင့် ဒီမြို့မှာ ခုလို မိန့်ခွန်း ပြောခွင့်ရခဲ့တာကို ကျွန်တော် အလွန် ဂုဏ်ယူပါတယ်။
ခင်ဗျားတို့ရဲ့ ပျူငှာမှုနဲ့ကြိုဆိုမှုအတွက် ကျွန်တော် ဂုဏ်ယူမိသလို၊ အမေရိကန်ပြည်သူလူထုရဲ့ စိတ်စေတနာကောင်းတွေကို ယူဆောင်ပြီး ဒီနေရာကိုလာခဲ့ရတဲ့အတွက်လည်း အင်မတန်မှ ဂုဏ်ယူမိပါတယ်။ အမေရိကားက မွတ်စလင်မ်တွေ ကိုယ်စားလှယ်ပါးလိုက်တဲ့ ငြိမ်းချမ်းရေးနှုတ်ဆက်စကား ခင်ဗျားတို့ကို ကျွန်တော်ပြောပါရစေ။ “အတ်စလာမုအလိုင်းကွန်းမ်”
အခုအချိန်ဟာ အမေရိကားနဲ့ ကမ္ဘာတလွှားက မွတ်စလင်မ်တွေ တင်းမာမှုမြင့်မားနေတဲ့အချိန်မှာ ကျွန်တော်တို့ တွေ ဆုံတွေ့ကြရတာပါ။ သမိုင်းမှာလဲ ဒီလို အချိန်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ မမေ့ပါနဲ့။ အစ္စလာမ် ကမ္ဘာနဲ့ အနောက်ကမ္ဘာတို့ဟာ အဆင်မပြေမှုတွေ၊ စစ်ပွဲတွေနဲ့သာ တစ်လျှောက်လုံးဆက်ဆံခဲ့ကြတာ မဟုတ်ပါဘူး။ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အချိန်တွေလဲ အများကြီး ရှိခဲ့ပါတယ်။
အခုလတ်တလောနှစ်တွေမှာ နယ်ချဲ့ဆန်ဆန် ကျူးကျော်ပြီး မွတ်စလင်မ်တွေရဲ့အခွင့်အရေးကို ငြင်းပယ်မှု တစ်ချို့ရှိခဲ့တာကြောင့်ရော၊ မွတ်စလင်မ်တွေရဲ့ဆန္ဒကို အသိအမှတ်မပြုခဲ့တာတွေကြောင့်ရော ဒီတင်းမာမှုဟာ ပိုမိုမြင့်တက်လာပါတယ်။ ဒီထက်ပိုပြီး ပြဿနာ ကျယ်ပြန့်လာတဲ့အခါမှာတော့ အနောက်ကမ္ဘာဟာ အစ္စလာမ့်ယဉ်ကျေးမှုကို ဆန့်ကျင်နေသူတွေလို့ မွတ်စလင်မ်တွေက ယူဆလာတဲ့အခြေအနေမျိုး ရောက်လာပါတော့တယ်။
အဲ့ဒီအခါမှာ ဒီတင်းမာမှုပေါ်ကနေ အမြတ်ထုတ်သွားသူတွေကတော့ လူနည်းစုဖြစ်ပေမဲ့ အန္တရာယ်ကြီးမားလွန်းတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေပါဘဲ။ သူတို့ဟာ အစွန်းရောက်ဝါဒီ အနည်းငယ်ကို အသုံးချပြီး ၂၀၀၁ခုနှစ်က ၉/၁၁ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီး အပြစ်မဲ့တဲ့ အရပ်သားတွေကို သေဆုံးစေခဲ့ပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ အဲ့ဒီ အဖြစ်အပျက်နောက်မှာတော့ အမေရိကားအပါအ၀င် အနောက်ကမ္ဘာဟာ မွတ်စလင်မ်တွေကို ဆန့်ကျင်လာပြီး မယုံမကြည် ဆက်ဆံလာပါတော့တယ်။
ကျွန်တော်တို့ (နှစ်ဖက်စလုံး)ဟာ ကွဲပြားခြားနားမှုတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်နွယ်မှုကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးထက် မုန်းတီးမှုကို လိုလားသူတွေ၊ ပူးပေါင်း ဆောင်ရွက်မှုထက် အငြင်းပွားကွဲလွဲမှုကို လိုလားသူတွေကို လုပ်ပိုင်ခွင့်တွေ လွှဲပေးမိခဲ့ကြပါတယ်။ သူတို့ကသာ ပြည်သူတွေအတွက် တရားမျှတမှုနဲ့ အောင်မြင်မှုကို ယူဆောင်လာပေးနိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။ အခုအချိန်ဟာ ဒီလိုသံသယနဲ့ သဘောထားကွဲလွဲမှုတွေကို ရပ်တန့်ပြစ်ဖို့ အကောင်းဆုံးအချိန်ပါဘဲ။ ဒီသံသရာကို ရပ်တံ့နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားကြရပါမယ်။
အခု ကျွန်တော် ဒီနေရာကို လာခဲ့တာဟာ အမေရိကားနဲ့မွတ်စလင်မ်တွေကြားမှာ ဆက်ဆံရေးခေတ်သစ်ကို ဖွင့်လှစ်ဖို့ အတွက်ပါ။ အဲ့ဒီဆက်ဆံရေးဟာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အကျိုးရှိမှုတွေနဲ့ တည်ဆောက်ထားတဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးမျိုးပါ။ အမေရိကားနဲ့ မွတ်စလင်မ်ကမ္ဘာရဲ့ ကွဲလွဲမှုတွေကို တစ်ထပ်တည်းကျစေမဲ့ ဆက်ဆံရေးမျိုးပါ။
ကျွန်တော် ဒီလို မိန့်ခွန်းပြောရုံနဲ့၊ ဒီနေ့ည တစ်ညတည်းနဲ့တော့ နှစ်ပေါင်းများစွာ ဖြစ်ပွားလာတဲ့ မယုံကြည်မှုတွေ၊ ကွဲလွဲမှုတွေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ဖို့ ကျွန်တော် မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ရင်ထဲမှာရှိတာတွေကို ပွင့်ပွင်းလင်းလင်း ဆွေးနွေးမယ်။ မကြာခဏတွေ့ဆုံမှုတွေ ပြုမယ်။ အပြန်အလှန် နားထောင်မယ်။ အပြန်အလှန် သင်ယူမှုပြုမယ်။ အပြန်အလှန် လေးစားမှုရှိမယ်ဆိုရင် ခိုင်မာတဲ့ ဆက်ဆံရေးမျိုး မရနိုင်စရာမရှိပါဘူး။
ကျမ်းမြတ်ကုရ်အာန်က အမှန်တရားကိုသာ ပြောဖို့ ဆိုဆုံးမထားပါတယ်။ ဒါကြောင့် ကျွန်တော် တတ်စွမ်းနိုင်သမျှ ကြိုးစားပြီး အမှန်တရားကို ပြောပါ့မယ်။ ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် သီးခြားစီ ဆောင်ရွက်နေတာထက် အဆပေါင်းများစွာ အင်အားကြီးမားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်ဟာ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော့် အဖေဟာ ကင်ညာက မွတ်စလင်မ် အဆက်အနွယ်ကနေ ဆင်းသက်လာသူတစ်ဦးပါ။ ကျွန်တော်ဟာ ကဘေးဘ၀ အင်ဒိုနီးရှားမှာ နေခဲ့စဉ်က စိတ်ကြည်နူးဘွယ် အာဇံသံကို အမြဲကြားခဲ့ရပါတယ်။ လူငယ်ဘ၀ရောက်ပြန်တော့လဲ ချီကာဂိုမှာ နေခဲ့တုံးကလဲ ငြိမ်းချမ်းပြီး မြင့်မြတ်တဲ့ ယုံကြည်ချက်ရှိတဲ့ မွတ်စလင်မ်အသိုင်းအ၀ိုင်းကို တွေ့ခဲ့ရပါတယ်။
တက္ကသိုလ်ကျောင်းသားဘ၀ရောက်တော့လဲ သမိုင်းဘာသာမှာ သင်ယူရတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းအပေါ်မှာ အစ္စလာမ့်ယဉ်ကျေးမှုရဲ့ ကျေးဇူးမကင်းဘူးဆိုတာ နားလည်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်က အလ်-အဇ်ဟရ်ရဲ့လေ့လာမှု နည်းစနစ်တွေဟာ ဥရောပသားတွေရဲ့ Renaissance နဲ့ Enlightenment ခေတ် ယဉ်ကျေးမှုတွေ အတွက် အဓိကအခြေခံ အုတ်မြစ်ခဲ့ပါတယ်။ အစ္စလာမ်တွေရဲ့ ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်စေမှု၊ ပြုပြင် မွမ်းမံမှုတွေကြောင့် ဒီနေ့ ကျွန်တော်တို့ အလ်ဂျစ်ဘရာဆိုတဲ့ အဆင့်မြင့် သင်္ချာနည်းပညာကို နားလည် အသုံးပြုနိုင်ခဲ့တယ်။ ဒီလိုဘဲ ကျွန်တော်တို့တွေ သံလိုက်အိမ်မြှောင်နဲ့ ရေကြောင်းပြ ကိရိယာတွေကို အသုံးပြုတတ်ခဲ့တာ၊ ရောဂါတွေ ဘယ်လို ကူးဆက်တယ်။ ဘယ်လို ကုသရတယ် ဆိုတာတွေကို နားလည်ခဲ့တာ ဒါတွေအားလုံးဟာ အစ္စလာမ့် ယဉ်ကျေးမှုရဲ့ ကျေးဇူးမကင်းဘူးဆိုတာကိုလည်း သမိုင်းဘာသာ လေ့လာသင်ယူတဲ့အခါမှာ ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။ အစ္စလာမ့်ယဉ်ကျေးမှုဟာ ခန့်ညား ထင်ရှားတဲ့ မုခ်ဦးကြီးတွေ၊ မျှော်စင်ကြီးတွေကို ပေါ်ပေါက်လာစေခဲ့တယ်။ တန်ဖိုး မဖြတ်နိုင်တဲ့ကဗျာတွေနဲ့ မြတ်နိုးဖွယ်ရာသီချင်းတွေကို သီကုံးခဲ့ကြတယ်။ ကာလီဂရပ်ဖ်ဆိုတဲ့ သီချင်းတွေကို သီကုံးခဲ့ကြတယ်။ ကာလီဂရပ်ဖ်ဆိုတဲ့ လက်ရေးစာလုံး ဒီဇိုင်းအတတ်ပညာကို ဖြန့်ဝေခဲ့ကြတယ်။
ဆက်လက်တင်ပြသွားပါမယ်။

Wednesday, June 17, 2009

ပီနန်ရှိ မြန်မာမွတ်စလင်(မ်)တို့ဧ။် အိုအေစစ်လေးတစ်ခု

မလေးရှားနိုင်ငံရဲ့ အနောက်ဘက်မှာရှိတဲ့ ပီနန်ကျွန်းလေးမှာ အဝေးရောက်မြန်မာမွတ်စလင်(မ်) များအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးတစ်ခုကို ၂၀၀၇ခုနှစ်၊ ဇွန်လမှာ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါ တယ်။ လုံခြုံအေးမြသော အစ္စလာမ့်ပတ်ဝန်းကျင်လေးကို ပေးစွမ်းနိုင်တဲ့အဖွဲ့ကတော့ ပီနန်မြန်မာမွတ်စလင်(မ်) လူငယ်များကူညီမှုအသင်းပါပဲ။

မလေးရှားနိုင်ငံမှာ မြန်မာမွတ်စလင်(မ်)များနဲ့ပတ်သတ်ပြီး ပထမဆုံးတည်ထောင်ဖွဲ့စည်းခဲ့တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်လို့ ကျွန်မစိတ်ဝင်တစားလေ့လာမိခဲ့ပါတယ်။ အသင်းရဲ့ရည်ရွယ်ချက်(၁၅)ချက်ကိုစတင် ဖတ်လိုက်ရစဉ်မှာပဲ ဤအသင်းရဲ့ လေးနက်တဲ့လုပ်ငန်းစဉ်တွေကို သိလိုက်ရတော့တယ်။

“ကျွန်ုပ်တို့၏လမ်းစဉ်ကား ကျမ်းမြတ်ကုရ်အာန်နှင့်စွန္နဟ်၏လမ်းစဉ်ပင်ဖြစ်သည်”

“ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့်စွန္နဟ်နှင့် ဆန့်ကျင်သောမည်သည့်ကိစ္စရပ်မျိုးကိုမဆို ရှောင်ကြဉ်သည်”

အထက်ပါရည်ရွယ်ချက်များဟာ ဘာသာရေးနဲ့ ပတ်သတ်တဲ့ လေးနက်မှန်ကန်တဲ့လမ်းစဉ်တွေပါပဲ။ ဤရည်မှန်းချက်များနှင့်အညီ အပတ်စဉ်စနေနေ့ညတိုင်းမှာ မြန်မာမွတ်စလင်(မ်)လူငယ်များအသိပညာနဲ့ ကိုယ်ကျင့်တရားမြင့်မားရေး၊ ဘာသာရေးအသိအမြင်တိုးပွါးရေးအတွက် အပါတ်စဉ်ဆရာအသီးသီးက ကုရ်အာန် နှင့်စွန္နဟ်ကို အခြေခံတဲ့ ဟောပြောပို့ချမှုများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ပီနန်မှာရှိတဲ့ဆရာများသာမကဘဲ ကွာလာလမ်ပူမှဆရာ၊ ဆရာမများ၊ ရန်ကုန်မှ ရောက်ရှိလာတဲ့ဆရာ၊ဆရာမများကိုပါ အခါအားလျော်စွာ ဖိတ်ကြားဟောပြောမှုတွေပြု လုပ်ခဲ့တဲ့အတွက် ကျွန်မအနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှုထောင့်မျိုးစုံမှ ဘာသာရေးအသိပညာတွေရရှိခဲ့ပါတယ်။

ဒီအသင်းဟာ ဘာသာရေးသက်သက်အတွက်ဖွဲ့စည်းထားတဲ့ အသင်းလည်းမဟုတ်ပါဘူး။ဘာသာ ရေးနှင့်အတူလူမှုရေးအကူအညီများကိုပါ ကိုယ်ကျိုးမပါဘဲ အလ္လာအရှင်မြတ်ရဲ့နှစ်သက်မှုအတွက် ကူညီဆောင် ရွက်ပေးနေတာကိုလည်းတွေ့ခဲ့ရပါတယ်။

“ကျွန်ုပ်တို့သည် မလေးရှားရောက်မြန်မာမွတ်စလင်(မ်)များ၏ ကျန်းမာရေး၊စီးပွါးရေး၊ လူမှုရေး.........စသည့် အရေးကိစ္စများတွင်မိမိတို့တတ်စွမ်းနိုင်သည့်ဘက်မှ အစွမ်းကုန်ကူညီဆောင်ရွက်သွားပေမည်” ဆိုသောရည် ရွယ်ချက်အတိုင်းမွတ်စလင်(မ်) များသာမကဘဲ မွတ်စလင်(မ်)မဟုတ်သူမြန်မာနိုင်ငံသားများအတွက်ပါကူညီ ဆောင်ရွက်ပေးခဲ့သည့်မှတ်တမ်းများကိုပါ သိရှိလေ့လာခွင့်ရခဲ့ပါတယ်။ တကယ်တော့ အစ္စလာမ်သာသနာဟာ ဘာဘာအာဒမ်နဲ့မာမာဟာဝါက စတင်ပေါက်ဖွားလာတဲ့လူသားစုကြီးရဲ့ ကိုးကွယ်ရာဘာသာပါ။ တစ်မိတစ်ဖ တည်းကပေါက်ဖွားလာတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးဟာ ဆွေမျိုးရင်းချာမိသားစုကြီးတစ်ခုပါပဲ။ ကမ္ဘာ့မိသားစုကပေါက်ဖွားလာတဲ့အတွက်ကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးဟာ ဆွေမျိုးရင်းချာမိသားစုကြီး တစ်ခုပါပဲ။ ကမ္ဘာ့မိသားစုကပေါက်ဖွားလာတဲ့ လူသားအချင်းချင်းအတွက်မေတ္တာတရားကို လက်ကိုင်ထားပြီး ဆောင်ရွက်ခဲ့တဲ့အသင်းရဲ့ကူညီမှုတွေဟာ ကျွန်မရဲ့စိတ်ထဲမှာအခုထိ စွဲထင်ကျန်နေဆဲပါ။ ဤအသင်းကိုစတင် တည်ထောင်ခဲ့တဲ့ ၂၀၀၇ခုနှစ်မှာပဲ ကူညီမှုလုပ်ငန်း(၁၃)ခုကို အသင်းအဖွဲ့ဝင်လူငယ်များကအင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တာကိုသိလိုက်ရလို့ ကျွန်မစိတ်ထဲမှာမဖော်ပြနိုင်လောက်အောင် ကြည်နူးပီတိဖြစ်ရပါ တယ်။ဗုဒ္ဓဘာသာဝင်နှင့်ဟိန္ဒုဘာသာဝင်တို့ကိုပါ ကူညီပေးခဲ့သည့်မှတ်တမ်းများသည် အစ္စလာမ်ဘာသာ၏ ကြီးမြတ်သောမေတ္တာတရားရဲ့သက်သေလက္ခဏာများပင်မဟုတ်ပါလား။

အသင်းကော်မတီဝင်များဟာ မလေးရှားမှာရှိတဲ့ မြန်မာလူမျိုးများကိုသာကူညီခဲ့တာမဟုတ်ပါဘူး။

“ကျွန်ုပ်တို့သည်မြန်မာပြည်ရှိမြန်မာမွတ်စလင်(မ်)များအတွင်းဖြစ်ပေါ်လျှက်ရှိသည့် ဒုက္ခဟူသမျှကို မိမိတို့တတ် စွမ်းနိုင်သမျှ ကူညီဆောင်ရွက်သွားမည်” ဆိုတဲ့ရည်ရွယ်ချက်ကိုလည်းလက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ ပါတယ်။ နာဂစ်မုန်တိုင်းသင့်ခံရတဲ့မြန်မာပြည်ကပြည်သူများအတွက်ငွေကျပ်သိန်းပေါင်းများစွာကိုပေးပို့လှူဒါန်း ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။၂၀၀၇ခုနှစ်မှာလည်း မြန်မာနိုင်ငံရှိအိမ်ခြေ(၅၀)အားအိစ်ဒ်နေ့ အသုံးပြုရန် အတွက်လုံလောက်သောငွေကြေးများကို အိမ်တိုင်ရာရောက်ပေးပို့ခဲ့တယ်။ အဲဒီအိမ်ထောင်စုတွေထဲက မိသားစု တစ်စုရဲ့ ရင်ဖွင့်စာလေးကိုဖတ်ခဲ့ရတဲ့ ကျွန်မအခုထိမမေ့နိုင်သေးပါဘူး။ စာရေးပေးခဲ့တဲ့သူက ထောင်ကျနေတဲ့ သားတစ်ယောက်ရဲ့မိခင်ပါ။သားဖြစ်သူကိုထောင်ဝင်စာ သွားတွေ့ချင်ပေမယ့်ငွေကြေးအင်အားမတတ်နိုင်တဲ့ အတွက်တွေ့ခွင့်မရခဲ့ပါ။ အခုတော့“မြန်မာမွတ်စလင်(မ်)လူငယ်များကူညီမှုအသင်း” ကအိစ်ဒ်နေ့အတွက်ပေးလှူ လိုက်တဲ့ငွေနဲ့အိစ်ဒ်နေ့မှာသားဖြစ်သူကို ထောင်ဝင်စာသွားတွေ့နိုင်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ပီတိလှိုင်းဖြာတဲ့ရင်ဖွင့်စာ လေးဟာ အသင်းသူ၊အသင်းသားအားလုံးရင်ကိုကြည်နူးအေးမြသွားစေခဲ့ပါတယ်။

ဤအသင်းဟာ လှူဒါန်းမှုသက်သက်သာမကဘဲ နာရေးကိစ္စများကိုပါစီမံတာဝန်ယူဆောင်ရွက်ပေး ခဲ့ကြောင်းသိခဲ့ပြီး၊နာရေးကူညီခဲ့သည့်မှတ်တမ်းတင်ဓာတ်ပုံများကိုပါကြည့်ရှုခွင့်ရခဲ့ရာ မွန်မြတ်လှသောဤ အသင်းကိုလေးစားသွားမိတယ်။

လမြတ်ရာမသွာန်တစ်လလုံးမှာလည်း ဆွလာသ်ငါးကြိမ်ဝတ်ပြုခြင်း၊တရာဝီဟ်ဆွလာသ်ဝတ်ပြုခြင်း တို့သာမကမြန်မာမွတ်စလင်(မ်)များစုပေါင်းဝါဖြေပွဲကိုပါ စီစဉ်ကျင်းပပေးနိုင်ခဲ့ပါတယ်။ အိဒ်နေ့ဆွလာသ်ကို လည်းမြန်မာမွတ်စလင်(မ်)အားလုံးလာရောက်ဆွလာသ်ဝတ်ပြုနိုင်ရန် နှစ်စဉ်စီစဉ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဖခင်ကြီး တမာန်တော်အီဗရာဟင်(မ်)နှင့်သားတော် အီစ္စမိုင်လ်အိလ်တို့၏(မီလာသ်)လမ်းစဉ်ကို ဂုဏ်ပြုသောအားဖြင့် နောက်ဆုံးတမာန်တော်ကြီး မိုဟာမက်(ဆွ)၏ လမ်းစဉ်အတိုင်း အိဒ်ဒွလ်အဒွဟာပွဲတော်တွင် သားကောင်ကို အလ္လာအရှင်မြတ်ရဲ့နှစ်သက်မှုအတွက် နှစ်စဉ်မပြတ်လှူဒါန်းဝေငှခဲ့ပါတယ်။

အသင်းရဲ့ရည်ရွယ်ချက်တွေ မှန်ကန်စနစ်ကျရုံသာမကဘဲ၊ အသင်းကိုဖွဲ့စည်းတည်ထောင်ထားတဲ့ ရုံးခန်းလေးကလည်း စနစ်ကျသပ်ယပ်လှတာကြောင့် ကျွန်မကိုယ်တိုင်တောင်အတော်အံ့သြသွားမိတယ်။ ဟောပြောပွဲခန်းမပတ်ပတ်လည်မှာချိတ်ဆွဲထားတဲ့ ဒုအာကားချပ်မျိုးစုံက၀င်ရောက်လာသူကိုအေးမြမှုပေးလိုက် သလိုပါပဲ။တရားနာကြားသူတွေအတွက်လည်း ထိုင်ခုံတွေက ညီညီညာညာစီတန်းလို့။ ဆွလာသ်ဝတ်ပြုခန်းကိုလည်း အမျိုးသား၊အမျိုးသမီးသီးသန့်ခွဲခြားထား ကာ၊ အစ္စလာမ့်တရားတော်နှင့်အညီ ဂျမာအသ်ဖြင့် ၀တ်ပြုနိုင်ရန်လည်း စီစဉ်ပေးထားပါတယ်။ ဒါအပြင် သန့်ရှင်းသေသပ်တဲ့မီးဖိုချောင်နဲ့ စတိုခန်းပါထားရှိပါတယ်။
“ပုခက်တွင်းမှ သင်္ချိုင်းအထိ ပညာရှာဖွေစူးစမ်းကြကုန်” ဟူသော မြတ်တမာန်တော်ဧ။်သြ၀ါဒကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်ကိုလည်းဖွင့်လှစ်ထားပေးပါတယ်။ ကျွန်မစတင်ရောက်ရှိ ချိန်မှာ စာကြည့်တိုက်အတွင်းဗဟုသုတရှာဖွေဆည်းပူးဖတ်ရှုနေသူ အတော်များများကိုတွေ့ခဲ့စဉ် အသင်းတည် ထောင်သူများဧ။်စိတ်ကူးကောင်းပုံကို ချီးကျူးမိလိုက်သည်။
“မုအ်မင်န်သက်ဝင်ယုံကြည်သူတို့မှာ အချင်းချင်းညီရင်းအစ်ကို ၊မောင်ရင်းနှစ်မများသာဖြစ်ကြကုန်ဧ။်” ဟူသောကုရ်အာန် အာယသ်တော်အတိုင်းပင် ပီနန်ရှိလူငယ်များသည် အဖွဲ့ကွဲ၊သွေးကွဲစေမည့် လုပ်ရပ်များကို ရှောင်ရှားကာ စည်းစည်းလုံးလုံးတက်တက်ကြွကြွ ဆောင်ရွက်နေတာကိုကြည့်ရင်း မြန်မာမွတ်စလင်(မ်)တစ်ဦး အနေနဲ့ ကျွန်မဂုဏ်ယူမိပါတယ်။ ဤအသင်းရဲ့ ထူးခြားမှုတစ်ခုကတော့ ခေတ်ပညာတတ်အမျိုးသမီးများကိုယ်တိုင်တက်ကြွစွာ ဦးစီးဆောင်ရွက်တဲ့“အမျိုးသမီးကဏ္ဍ”အနေနဲ့ဖွဲ့စည်း ထားခြင်းပါပဲ။ မိဝေး၊ဖဝေး၊နိုင်ငံရပ်ခြားကိုရောက်ရှိလာတဲ့ မွတ်စလင်(မ်)အမျိုးသမီးငယ်လေးတွေကို ဘာသာတရားရဲ့ လုံခြုံတဲ့အေးရိပ်အောက်မှာရှိအောင် ကာကွယ်ပေးထားပါတယ်။ အခက်အခဲ၊ ဒုက္ခနဲ့ရင်ဆိုင် ကြုံတွေ့ရတဲ့ အမျိုးသမီးလေးများကိုလည်း အမျိုးသမီးအချင်းချင်းစာနာနားလည်စွာဖေးမကူညီပေးနေတာ ကျွန်မမျက်မြင်ပါပဲ။ အခုဆိုရင်မျိုးချစ်စိတ်ရှိတဲ့၊ဘာသာသာသနာအကျိုးကိုသယ်ပိုးလိုတဲ့ လူငယ်အသင်းဝင်တွေ တဖြည်းဖြည်းတိုးပွါးလာခဲ့ပါပြီ။ ကိုယ်ကျိုးအတွက်မရည်ရွယ်ဘဲ အလ္လာဟ်ရဲ့ နှစ်သက်မှု အတွက် အများအကျိုးကိုသယ်ပိုးလိုတဲ့ အသင်းဝင်တိုင်းကိုလည်း လက်ကမ်းကြိုဆိုလျက်ပါပဲ။ ဒီအသင်းကို လာရောက်ခွင့်၊လေ့လာခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်မအတိုင်းအဆမရှိကျေနပ်မိပါတယ်။ ကျွန်မတို့မြန်မာ လူမျိုးတွေရဲ့ ဘယ်နေရာပဲရောက်ရောက်သွေးစည်းညီညွတ်တဲ့၊ အချင်းချင်းရိုင်းပင်းကူညီတဲ့စိတ်ဓာတ်ကိုလည်း အထင်းသားတွေ့မြင်ခွင့်ရခဲ့ပါတယ်။
သာသနာ့အကျိုးပြု၊လူမှုရေးအကျိုးပြု လုပ်ငန်းများကိုစဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လာသော “ပီနန်မြန်မာမွတ်စလင်(မ်)ကူညီမှုအသင်း”သည် ယခုဆိုလျင်(၂)နှစ်ပြည့်မြောက်ခဲ့ပေပြီ။ ယခု(၂)နှစ်မြောက် ကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင် လူသားအားလုံးဧ။် အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေဟု ကျွန်မဆန္ဒပြုလိုက်မိပါတယ်။
သစ္စာမွန်(ဆေး-မန်း)

Saturday, June 13, 2009

အကောင်းဆုံး

ကိုယ့်ဘ၀နဲ့ ကိုယ့်အိပ်မက်ကို
လူသားတိုင်းက အကောင်းဆုံးဖြစ်ချင်ကြတာချည်းပဲ
ကဲ.....ဘာအကောင်းဆုံးလုပ်မလဲဆိုတော့
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးမေးငေါ့
ဘာမသိ ညာမသိနဲ့ အိပ်ငိုက်သူကအိပ်ငိုက်
အချို့ကရင်ဘတ်အဟောင်းကြီးကို လက်မှတ်အဟောင်းကြီးနဲ့
လမ်းဟောင်းကြီးအတိုင်းပေါ့..........
ဟေ့ ဒီမှာ ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး
ကိုယ့်ကိုကိုယ် ပြည့်စုံနေပြီးသားလို့ အထင်နဲ့
အတ္တတစ်ခုကို ထမင်းအိုးထည့်ချက်ပုံက
မနူးမနပ်နဲ့..........
ယနေ့ မိုးသည်းထဲကဘ၀တွေကိုစာနာပါဦးလား
ခိုကိုးရာမဲ့ ငါတို့အနာဂတ်လေးတွေ
မျှော်လင့်ချက်မဲ့ သွားသော ငါတို့ပန်းတိုင်
အလင်းမဲ့နေသော အသိုက်အမြုံတချို့
ဒီမိုးသည်းကြီးထဲက ငါလွတ်ရင်ပြီးရောဆိုပြီး
ထီးတစ်ချောင်းနဲ့လက်ပိုက်ကြည့်ရင် မင်း.....
တစ်မိုးအောက်က တစ်မျိုးသားထဲချင်း.....
ဘ၀တွေ အိပ်မက်တွေရွှေချဖို့.....
အ၀ါရင့်ရောင်သမိုင်းသစ်ကိုထူစို့.......။


မှန်ကြီး(ခေတ္တ မလေးရှား)

Monday, June 8, 2009

မြန်မာမွတ်စလင်မ်ပညာရှင်များသို့

ကျွန်ုပ်တို့ ပီနန်မြန်မာမွတ်စလင်မ်လူငယ်များ ကူညီမှုအသင်းသည် မလေးရှားရောက် မြန်မာမွတ်စလင်မ်များ အစ္စလာမ့်ဘ၀တည်ဆောက်မှုလမ်းစဉ်နှင့်အညီ မိမိတို့၏ ဘ၀များကို တည်ဆောက်နိုင်စေရန် ရည်ရွယ်၍ မိမိတို့ တတ်စွမ်းနိုင်သမျှ အစီအစဉ်များကို ပြုလုပ် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထိုအစီအစဉ်များအတွင်းမှ အစီအစဉ်တစ်ခုမှာ တနင်္ဂနွေနေ့ အပတ်စဉ် ဟောပြောတင်ပြမှုအစီအစဉ်ပင် ဖြစ်သည်။ ထိုအစီအစဉ်တွင် ကျွန်ုပ်တို့ ပီနန်မြန်မာမွတ်စလင်မ် လူငယ်များကူညီမှုအသင်း ဆပ်ကော်မတီအနေနှင့် ပီနန်အခြေစိုက် ပညာရှင်များ၊ မလေးရှားအခြေစိုက် ပညာရှင်များ၊ မလေးရှားသို့ ခတ္တခဏ အလည်အပတ်ဖြင့် ဖြစ်စေ၊ အကြောင်းအမျိုးမျိုးနှင့် မလေးရှားသို့ ရောက်ရှိလာသည့် မြန်မာမွတ်စလင်မ်ပညာရှင် ဆရာ/ကြီး၊ ဆရာမ/ကြီးများကို ပင့်ဖိတ်ကာ အစ္စလာမ့်နှင့်နှီးနွယ်ပတ်သက်သည့် ဟောပြောပွဲများကို ကျင်းပပေးခဲ့ပါသည်။ ကျင်းပပေးနေပါသည်။ အင်ရှာ အလ္လာဟ် ကျင်းပပေးလိမ့်အုံးမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေနှင့် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နာဟ်ကိုအခြေခံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော အစ္စလာမ့်လူ့ဘောင် အား တည်ဆောက်နိုင်ရန် ရည်ရွယ်ထားပါသောကြောင့် ကျွန်ုပ်တို့၏ တနင်္ဂနွေနေ့အပတ်စဉ် ဟောပြောတင်ပြမှု အစီအစဉ်တွင် ဘာသာရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးစသည်ဖြင့် ဘက်စုံ၊ ကဏ္ဍစုံနှင့် သက်ဆိုင်သော ဟောပြောတင်ပြမှုများကို ပြုလုပ်ကျင်းပပေးရန် ရည်ရွယ်ထားပါသည်။ သို့ပါ သောကြောင့် မြန်မာမွတ်စလင်မ်ပညာရှင်များအနေနှင့် မိမိတို့ ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ထားသည့် ကဏ္ဍအသီးသီးနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ ပီနန်မြန်မာမွတ်စလင်မ်လူငယ်များ ကူညီမှုအသင်းသို့ ကြွရောက်ကာ မိမိတို့၏ မွန်မြတ်သန့်ရှင်းသည့် ၊ တိကျခိုင်မာသည့်၊ အထောက်အထားခိုင်လုံသည့်၊ လူသားများကို နှစ်ဘ၀၊ နှစ်ဌာနတွင် အကျိုးပြုနိုင်သည့် ပညာရပ်များကို လာရောက် ဖြန့်ချိ ဟောကြားပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

မိမိတို့၏ အတတ်ပညာ၊ အသိပညာများကို လာရောက်ပို့ချလိုသည့် ပညာရှင်ပုဂ္ဂိုလ်များ အနေနှင့် ကျွန်ုပ်တို့ ပီနန် မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၏ ဥက္ကကြီးဖြစ်သည့် ရှိုင်ခ်မုဟမ္မဒ်အာရိဖ်ဆပ်နှင့် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါကြောင်း ရိုသေ လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

Sheik Muhammed Arif Saab
President
Penang Myanmar Muslim Youth Helping Association
No. 364, 3rd floor, Sungai Glogur, 11700, Pulau Penang, Malaysia
Phone No: 00601 74170786
Email: presidentsmarif@gmail.com
Web: http://mmyhapenang.blogspot.com

လာရောက်ဟောကြားမည့် ပညာရှင်များအား လေးစားရိုသေစွာဖြင့် အနှုးအညွတ် ပန်ကြားလိုသည်မှာ

၁။ ကျွန်ုပ်တို့ ပီနန်မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်းသည် အဟ်စွန္နာသ်ဝလ်ဂျမာအသ်၏ လမ်းစဉ်နှင့် ဆန့်ကျင်သော မည်သည့် ပြောဆိုမှု၊ ဟောကြားမှု၊ ကိုးကားမှုမျိုးကိုမဆိုရှောင်ကြဉ်သည်။

၂။ ကျွန်ုပ်တို့သည် မြန်မာမွတ်စလင်မ်များ၏ သွေးစည်း ညီညွတ်ခိုင်မာမှုကို မိမိတို့၏ အသက်များထက် ပိုမို၍ မြတ်နိုးကြသည်ဖြစ်ပါသောကြောင့် မြန်မာမွတ်စလင်မ်များ၏ သွေးစည်းညီညွတ်မှု ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ရှောင်ကြဉ်ပါသည်။

၃။ ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နာဟ်၏ လမ်းစဉ်ကို အခြေခံ၍ မြန်မာမွတ်စလင်မ်များ၏ သွေးစည်း ခိုင်မာမှုကို စွမ်းဆောင်ပေးမည့် မည်သည့် ပညာရှင်ကိုမဆို၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ကျွန်ုပ်တို့၏ နှလုံးသားအတွင်းမှ ဖြူစင်သောသဒ္ဓါတရား အိခ်လားဆ်ွဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလျှက်ရှိပါသည်။

၎။ အလ္လာဟ်အရှင်မြတ်သည် ပညာ၊ စည်းစိမ်၊ ဥစ္စာ၊ ကာယခွန်အား၊ ဉာဏခွန်အားစသည့်ဖြင့် မိမိတို့အား ချီးမြှင့် ထားသည့် အရာများကို အလ္လာဟ်အရှင်မြတ်အတွက် ဖြူစင်သန့်ရှင်းသောသဒ္ဓါတရားဖြင့် အလ္လာဟ်အရှင်မြတ် လမ်းတော်တွင် မိမိတို့ တတ်နိုင်သမျှ မျှဝေ ရုန်းကန်လှုပ်ရှားကြပါကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုဟ်စီးန်များအား ချစ်ကြည်မြတ်နိုးတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ ချစ်ကြည် မြတ်နိုးခြင်းကား၊ ကျေနပ်နှစ်မြို့ခြင်းကား အကြီးကျယ်ဆုံးဖြစ်တော်မူပါသည်။


Saturday, June 6, 2009

ကရင်ပြည်နယ်ရှိ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသော ဗလီဝတ်ကျောင်းတော်အား ဒီ.ကေ.ဘီ.အေ အဖွဲ.က ဖြိုချဖျက်ဆီးလိုက်ခြင်း



ဤဗလီသည် ဒီကေဘီအေ အဖွဲ.မှ တတိယမြောက်ဖျက်ဆီးလိုက်သော ဗလီဝတ်ကျောင်းတော် ဖြစ်သည်။ ဒီကေဘီအေ အဖွဲ.သည် မြန်မာစစ်အစိုးရနှင့် စပ်ဆက်လျက်ရှိသော ကရင်ဗုဒ္ဓဘာသာအဖွဲ.ဖြစ်သည်။
အဆိုပါနှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသော ဗလီဝတ်ကျောင်းတော်သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာ တွင်တည်ရှိသည်။ ထိုဗလီကို ၂၀၀၉ခုနှစ်၊ မေလ(၂)ရက်နေ့၊ မနက် ၇ နာရီ ၁၅မိနစ် အချိန်တွင် ဒီကေဘီအေ လက်နက်ကိုင်တပ်ဖွဲ.၀င်ဆယ်ယောက်ဦးဆောင်သော လူငါးဆယ်ခန့်က ဖြိုချဖျက်ဆီးခဲ့ဧ။်။
ဤဗလီအားရွှေ့ပြောင်းဖယ်ရှားရန် အမိန့်ကို မြိုင်ကြီးငူဆရာတော်ဧ။် ဆန္ဒအရ ဒီကေဘီအေခေါင်း ဆောင်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မွတ်စလင်(မ်)ဘာသာရေး အဖွဲ.အစည်းများမှ ဤဗလီဝတ်ကျောင်း တော်ရွှေ့ပြောင်းဖယ်ရှားမှုကို တားဆီးရန် မေတ္တာရပ်ခံပန်ကြားလွှာကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီသို့ တင်ပြခဲ့သော်လည်း မြန်မာစစ်အစိုးဧ။် လျစ်လျူရှုခြင်းခံခဲ့ရပါသည်။

Friday, June 5, 2009

အလ်ဟာဂျဟ်ဒေါက်တာစန္ဒာချစ်ဧ။် မှတ်တမ်း

ပီနန်မြန်မာမူစလင်(မ်)လူငယ်များကူညီမှုအသင်းနှစ်ပတ်လည် အမှတ်တရ
ခေတ်ရဲ့တောင်းဆိုမှုနဲ့ မြန်မာလူငယ်များအမိမြေမှ ခွဲခွာပြီး ဘ၀တိုးတက်မှုအတွက် ရှာနေချိန် မှာပီနန်ရောက်မြန်မာမွတ်စလင်(မ်) လူငယ်များအတွက် အခုလို မွတ်စလင်(မ်)မိသားစု အသင်းအဖွဲ.လေးပေါ် ပေါက်ခဲ့ခြင်းဟာ အလ္လာဟ်အရှင်ရဲ့ ရဟ်မသ်ဖြစ်ပါတယ်။ ခေတ်ပညာတတ် အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ လူရွယ်၊ လူကြီးစုံလင်စွာပါဝင်တဲ့ သာသနာ့အကျိုးပြု၊ လူမှုရေးအကျိုးပြု အဖွဲ.တစ်ခုအနေနဲ့ နှစ်ပတ်လည်မှသည် နှစ်ပေါင်းများစွာ ရပ်တည်လှုပ်ရှားနိုင်ပါစေ။ အဓွန့်ရှည်အောင်လည်း ကျိုးပမ်းသွားကြပါ။
အစ္စလာမ့်အသိုင်းအ၀ိုင်းအသင်းအဖွဲ. များမှာ မူကွဲ၊လူကွဲ၊အဖွဲ.ကွဲများ မည်သို့ပင်များပြားနေပါ စေ၊ မြန်မာမွတ်စလင်(မ်)ပီနန်လူငယ်များဟာ အလ္လာဟ်အတွက် စေတနာသက်သက်နဲ့ မညီညွတ်တဲ့ သွေးကွဲစေ မယ့်လုပ်ရပ်များကိုဘေးဖယ်ပြီး လုပ်ငန်ဖြစ်မြောက်အောင်မြင်ရေးကို အာရုံစူးစိုက်ပြီး သည်းခံမှု၊ ဇွဲရှိမှုတို့နဲ့ ရှေ့ဆက်လုပ်ဆောင်သွားကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
အစ္စလာမ်ကပေးထားတဲ့ အမျိုးသမီးများရဲ့ အခန်းဏ္ဍကို အရေးထားပြီး အမျိုးသားများက ညီအစ်ကို မောင်နှစ်မအရင်းနှင့်မခြား ဖေးမနေရာထားဖို.ကတော့ ခုခေတ်မှာ အလိုအပ်ဆုံးဖြစ်ပါတယ်။ အဝေးရောက်မြန်မာမွတ်စလင်(မ်)အမျိုးသမီး၊ အမျိုးသားများအားလုံးဟာ ပျော်ရွှင်စရာမြန်မာမွတ်စလင်(မ်) အသိုက်အမြုံကို ဖန်တီးနိုင်ဖို့ နွေးထွေးတဲ့ အစ္စလာမ့် ပတ်ဝန်းကျင်တစ်ခုရပ်တည်နေနိုင်ဖို့ အာရုံပြု ကျိုးစားစေ ချင်ပါတယ်။ အိမ်ထောင်စုတစ်ခုရဲ့ အတွင်းအားဟာ အမျိုးသမီးများရဲ့ သာသနာ့အသိရှိမှု၊လိမ္မာရေးခြားရှိမှု၊ အမြော်အမြင်ရှိမှုတွေမှာ မူတည်တာကြောင့် အမျိုးသား၊ အမျိုးသမီးများအားလုံး ပေါင်းစည်း လှူပ်ရှာပြီး သာယာတဲ့ အစ္စလာမ့် မိသားစုလေးဖြစ်နိုင်ဖို့ ကြိုးစားကြပါ။
ကျွန်မတို့ရဲ့ အစ္စလာမ်ဓမ္မဗိမာန်ရဲ့ ဦးတည်ချက် ရည်မှန်းချက်“အနာဂတ်သားမြေး မွတ်စလင် ပီသရေး” အတွက်ဆောင်ရွက်နေကြသလို ပီနန်မွတ်စလင်(မ်) လူငယ်များကလည်းကိုယ့်နည်းကိုယ့်ဟန် လုပ်ငန်းမှန်စွာ ရှေ့ဆက် လှူပ်ရှားသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခါအားလျော်စွာ အစ္စလာမ်ဓမ္မဗိမာန် မှ စာအုပ်များ၊တရားခွေများ၊ လူမှုရေးကိစ္စများနဲ့ လိုအပ်မဲ့ ပံ့ပိုးမှုများကိုလည်း ရင်းနှီးစွာ အားပေးလုပ်ဆောင် သွားမှာပါ။ ပီနန်မွတ်စလင်(မ်)လူငယ်များအောင်လွှင့်လို့ ကြွားဝင့်နိုင်ပါစေ၊ အောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုတောင်းဆုခြွေလျက်...........
ဟာဂျီမ ဒေါက်တာစန္ဒာချစ်
တွဲဖက်ဦးဆောင်ဆော်သြရေးမှူး
အစ္စလာမ့်ဓမ္မဗိမာန်