Sunday, March 31, 2013

သဲကုန်းအခြေအနေ တင်းမာဆဲ

 
                    
Thegon MapThegon Map
 
 
ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေစခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာတော့ ဒီကနေ့မှာ မြို့မဈေးကြီး ပြန်ဖွင့်နေပြီး အခြေအနေဟာ တည်ငြိမ်စ ပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေနဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတဲ့နေရာတွေမှာတော့ စစ်တပ်က စစ်ကားတွေနဲ့ကင်းလှည့်ပြီး စောင့်ကျပ်နေ တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေ အင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ ဈေးဆိုင်တွေ နဲ့ နေအိမ်တချို့ အဖျက်ဆီးခံခဲ့ရပါတယ်။

သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့ သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတယ်။ သဲကုန်းမြို့နယ်ထဲမှာတော့ ဘာသာရေးအဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလိုက် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အတွက် နောက်ဆုတ်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

“နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တက်လာတယ်။ တက်လာတော့ တပ်က ရောက်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့ တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။ နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။”

သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေသခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေးထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့ စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

“ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထားတယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။”

သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့သိရပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ မြို့မဈေးကြီးပြန်ဖွင့်လိုက်ပြီဖြစ်ပြီး မြို့တွင်းအခြေအနေဟာ တည်ငြိမ်စပြု လာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစလင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက် ဒေသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့ ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်လို့ဆိုတော့ သူတို့ပြန်လို့မရသေးလို့ပါတဲ့။ အဲဒီနေရာတွေမှာ နေရတာကတော့ အဆင်မပြေနိုင်ဘူးဆိုတာတော့ ရှိမှာပေါ့လေ။ စိုးရိမ်တာကတော့ မြန်မာလူမျိုးတွေကလည်း စိုးရိမ်တာပဲ။ မူစလင်တွေကလည်း စိုးရိမ်တာပဲ။ အခြေအနေတခုကို စိတ်အေးချမ်းသာတဲ့ အခြေအနေတခုရောက်အောင်တော့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။”

အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီလာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေအထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီကနေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊ ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတွေက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတွေမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန်တည်ငြိမ်အောင် ကြိုးစားနေရတဲ့ အနေအထားလို့ ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၃ ထဲမှာတော့ မတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း၊ အဆောက်အဦး ၁,၃၅၅ လုံး နဲ့ ယာဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁,၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉,၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန် ဆောင်ရွက်နေကြောင်းလည်းဖော်ပြထားပါတယ်။
 
 
ဗွီအိုအေ    သတင်း

ဧရာဝတီမှ ဦးဇင်း ဝီရသူ အင်တာဗျူးနှင့် ပတ်သက်ပြီး မေးချင်တာလေးများ

 
မတ်လ-၃၀-၂၀၁၃
ရေးသူ-Jue Jue Than
wiratu and aung toung2
၂၀၁၂ မေလ ၃၀ ရက်နေ့တွင် ကြံခိုင်ရေးပါတီ ဗဟို အထွေထွေ အတွင်းရေးမှူး ဦးအောင်သောင်းမှ ဦးဝီရသူထံ လာရောက်တွေ့ဆုံစဉ် (ရခိုင်အရေးအခင်း မဖြစ်မှီ ၁ ပတ်ခန့်အလို)
ဓါတ်ပုံ FaceBook မှ ကူးယူဖော်ပြပါသည်။
 
ဦးဇင်း ၀ီရသူရဲ့ အင်တာဗျူး ဖတ်ပြီးတဲ့အချိန် စိတ်ထဲမှာ မေးချင်စိတ်ပေါက်လာတာလေးတွေရှိလို့ ရေးခြင်းဖြစ်ပါတယ်။ ကျွန်မ အစ္စလာမ် ဘာသာဝင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာကိုလဲ တော်တော်များများလေ့လာထားပါတယ်။ ကျွန်မရေးတဲ့စာနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ကြိုက်တဲ့အချိန်လဲ ဆွေးနွေးနိုင်ပါတယ်။

မေးခွန်း (၁)ရဲ့ အဖြေတွေထဲက စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေးတွေက———-
မိတ္ထီလာကိစ္စမှာ အသေအပျောက်များခြင်းဟာ မွတ်စလင်မ်တွေက “ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။” လို့ ဆိုထားပါတယ်။

ကျွန်မရဲ့ သာမန် အတွေးလေးနဲ့ပဲ တွေးကြည့်မိတာပါ။ တကယ်တမ်းဆိုရင် လုံခြုံရေးရှိနေတုန်း အော်ရင် တစ်ခုခုဖြစ်ရင်တောင် လုံခြုံရေးတွေ အားကိုးနဲ့ ပိုမိုက်လို့ ရနိုင်တာကို လုံခြုံရေးတွေ ရုပ်သွားမှ အော်တယ်ဆိုတော့ အဲဒီ မွတ်စလင်မ်တွေက လာဝိုင်းတဲ့ ဗမာလူအုပ်ထက် ပိုသတ္တိကောင်းပုံရတယ်လို့ ခံစားမိတယ်။

မေးခွန်း (၂) ရဲ့ အဖြေ ထဲမှာ မတင်မကျ ဖြစ်မိတာက——————
“တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။” လို့ ဖြေထားပါတယ်

အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ကျွန်မ တွေးမိတာက ရှိရှိသမျှသော ဓာတ်ပုံအများစု၊ ဗီဒီယိုဖိုင်တွေထဲမှာတောင် တွေ့နိုင်တာက လုံခြုံရေးတွေ ကြားထဲက တိုးထွက်လာတဲ့ လူတွေမှာတောင် နံပါတ်တုတ်လိုမျိုး အရာတွေ၊ နောက် တစ်ချို့ပုံတွေမှာဆို ဓားအိမ်နဲ့ ဓားလွယ်ထားတဲ့ လူတွေ ၊ အဲဒီလူတွေက ဘယ်က ရောက်လာပါသလဲ။ ပြီး ကြိုတင်မစီစဉ်ခဲ့ဘူးဆိုရင် အဲဒါတွေ ဘာလို့ အဆင်သင့်ပါနေရတာလဲ။

မေးခွန်း (၃) အတွက် အဖြေထဲက————————-
“ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။”
အဲဒါဆိုရင် “ရန်ကုန်လို မြို့ကြီးမှာတောင် အလကားလိုက်ဝေနေတဲ့ တရားခွေတွေ၊ စတစ်ကာတွေ — စတာတွေကို ဘယ်သူက အကုန်အကျခံပြီး ဝေပေးနေတာလဲ၊ ဖြန့်ဖြူးနေတာလဲ “

မေးခွန်း (၄) ရဲ့ အဖြေ ထဲက——
“ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။—————- ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီး—————–“
ကျွန်မသိထားတဲ့ သံဃာဆိုတာ လူတွေကို တရားရေအေး တိုက်ကျွေးပြီး သူတို့ကိုယ်တိုင် လောကီဘောင်ကိစ္စအ၀၀ ကိုစွန့်ခွာထားသူတွေပါ။ ခု ဦးဇင်း ၀ီရသူအနေနဲ့ အမှုတွေ အများကြီးကိုင်တွယ်ထားတယ် ဆိုတာဟာ ၀ိနည်းနဲ့ ညီပါရဲ့လား။ သံဃာ အလုပ်မလုပ်ဘဲ လူ့ဘောင်ရေးရာတွေမှာ ၀င်ပါနေသလို ဖြစ်မနေဘူးလား။ နောက်ပြီး မြန်မာနိုင်ငံဟာ ပြည်သူ့ရဲ၊ စစ်တပ်နဲ့ တရားရေး ဆိုင်ရာ မဏ္ဍိုင်တွေအစား ဦးဇင်းကို အားကိုးရတယ်ဆိုတော့ တရားရေးဝန်ကြီးဌာနရဲ့ အထက်မှာ ဦးဇင်း ရှိနေတာလား “ လို့ တွေးမိပါတယ်။

မေးခွန်း(၅)—————-
“ သာသနာရေး ၀န်ကြီးဌာန ကတောင် ခွင့်မပြုထားတဲ့ တံဆိပ်တစ်ခုကို တတ်သလောက် မှတ်သလောက် လိုက်ဖြန့်ဖြူးတယ် “ လို့ ဆိုထားတဲ့ အတွက် — ဗုဒ္ဓဘာသာသည် ယခုကဲ့သို့ promote လုပ်မှသာလျှင် ခိုင်မြဲမည်ဟု ယုံကြည်ပါသလား။ ကျွန်မ နားလည်တာကတော့ ဘာသာတရား ယုံကြည်မှုဆိုတာ မိမိရဲ့ အတွင်းစိတ်သဏ္ဍာန်ထဲမှာ ကိန်းအောင်းတဲ့ အရာ ဖြစ်တဲ့အတွက် အပေါ်ယံ promote လုပ်ခြင်းဟာ အဓိက အနှစ်သာရ မဟုတ်ပါဘူး။

နောက်ပြီး– ဦးဇင်းက ခုလို ပြောလိုက်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ယုံကြည်မှုပိုင်းဆိုင်ရာမှာ အလွန်အမင်းအားနည်းလာသည် ဟု သွယ်ဝိုက်သော နည်းဖြင့် စော်ကားလိုက်သည်ဟု ခံစားမိပါသည်။

မေးခွန်း (၆)————————
“NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။”
“ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့ သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။”

“မြို့တွေတော်တော် များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကို သွားပြီးတော့ လှည့်ပြန်လာရတယ်။”
“ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။”

အဲဒီအချက်တွေနဲ့ ပတ်သက်လို့———–
ပထမ အချက်—— NLD သည် နိုင်ငံတော်တွင် တရားဝင် မှတ်ပုံတင်ထားသော ပါတီဖြစ်သောကြောင့် ဦးဇင်းအနေနဲ့ ယခုကဲ့သို့ ပြောဆိုခြင်းသည် အသရေဖျက်မှု မြောက်တာ သိပါသလား။

ဒုတိယအချက်— ယူဆတယ်လို့ သုံးထားတဲ့အတွက် ဦးဇင်းကိုယ်တိုင် သေချာမသိဘဲ မိမိရဲ့ ကိုယ်ပိုင် အမြင်နဲ့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ တွေးမိပါတယ။်

တတိယအချက်— ကျွန်မ တို့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံဆီသို့ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့ မည်သူမဆို နေရာက မရှားပါဘူး။ မွတ်စလင်မ်တွေက ရုံးမှာရှိနေလို့ ဗမာတွေက ပြန်လာရတယ်ဆိုတာက အဓိပ္ပါယ်ရှိရဲ့လား လို့ တွေးမိပါတယ်။ တကယ်တမ်း အရည်အချင်းရှိမယ်ဆိုရင် အဲဒီလူအတွက် လုပ်စရာ အလုပ်တွေက ရှိနေတဲ့ အချိန်တောင် လောက်မှာ မဟုတ်ပါဘူး။

စတုတ္ထအချက် ————- ဓမ္မ = တရားမှု ၊ အဓမ္မ = မတရားမှု လို့ သိထားပါတယ်။ မှားခဲ့ရင် ပြင်ပေးပါ။ အဲဒီတော့ ကိုမင်းကိုနိုင် အနေနဲ့ ရခိုင်အရေးအခင်းမှာ ဓမ္မ ဘက်မှာ မရပ်ဘူးလို့ ဆိုရင် အဲဒီ ဓမ္မ ဆိုတဲ့အရာက စစ်မှန်တဲ့ ဓမ္မ ဟုတ်မနေလို့ရော မဖြစ်နိုင်ဘူးလား။
 
မေးခွန်း (၇)——— ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။ ဆိုတာကို ———————–
“အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။”
အဲဒီအချက်မှာ — ဦးဇင်းအနေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး တို့၊ ငြိမ်းချမ်းရေးတို့ ဒီလောက်လုပ်နေတာတောင် ဒီ ၇၈၆ ကိစ္စကို မသိဘူးဆိုတော့ ဦးဇင်း လုပ်နေတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ၊ ငြိမ်းချမ်းရေးတွေက တကယ် ရင်ထဲက စစ်မှန်တဲ့စေတနာနဲ့ လုပ်နေတာ ဟုတ်ရဲ့လားလို့ သံသယ ၀င်မိပါတယ်။ တကယ်ကို စိတ်ထဲမှာ မကျေလည်ခဲ့ဘူး ဆိုရင် အဲဒီ အချိန်တွေမှာ မေးခဲ့ရမှာ မဟုတ်ဘူးလား။
 
တလက်စတည်း အဲဒါလေးကိုလဲ နည်းနည်း ရှင်းပြချင်ပါတယ်။ ကျွန်မတို့ ဆိုင်တွေ အိမ်တွေမှာ ၇၈၆ တပ်ခြင်းသည် “ မဟာကရုဏာတော်ရှင် အလ္လာဟ် အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏” ကို အာရဗီ ဗျည်းအက္ခရာတွေရဲ့ နံပါတ်တွေ ပေါင်းခြင်းနဲ့ ရေးထားတာပါ။ ပြီး ကျွန်မတို့တွေဟာ အစားအသောက်ရဲ့ သန့်ရှင်းစင်ကြယ်မှုကို အထူးကြပ်မတ်ထားတာပါ။ ကုရ်အာန် ကျမ်းစာထဲမှာ သွေးစားဖို့ ခွင့်မပြုထားပါဘူး။ (ဗမာအခေါ် လည်လှီးသား ) လည်ပင်းသွေးကြောကို ဖြတ်ပြီး သွေးကို ကုန်စင်အောင် ထုတ်ထားတဲ့ အသားကိုပဲ စားခွင့်ရှိပါတယ်။ အဲလို လှီးဖြတ်တဲ့အခါမှာလည်း အလ္လာဟ့်ရဲ့ နာမတော်ကို တသ ပြီး မှ လှီးဖြတ်ရပါတယ်။ အဲဒါကြောင့် ၇၈၆ တပ်ထားခြင်းဖြင့် အစားအသောက်ကို လွယ်ကူစွာ ရှာဖွေစားသောက်နိုင်ခြင်းကြောင့် အဲဒီအမှတ်အသားကို တပ်ထားခြင်းဖြစ်ပါတယ်။ အစားအသောက်ဆိုင် ဆိုတာမှာတောင် တခြား အစားအစာ ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စတာတွေကို ကြိုက်တဲ့နေရာက ၀ယ်လို့ ရပါတယ်။
 
ဥပမာအနေနဲ့ ပြောရရင်——City Mart ဘယ်သူပိုင်လဲ လူတိုင်းသိပါတယ်။ ရွှေပုစွန် – မွတ်စလင်မ်ပိုင်လား၊ တခြားဘာသာဝင်ပိုင်လား ———– သွားကြည့်လိုက်ပါ။ အယူသည်း ပါတယ်လို့ ခုဝိုင်းပြီး လက်ညှိုးထိုးထားတဲ့ (ဘုရ်ခါ) အမည်းဝတ်တွေ၊ မုတ်ဆိတ်နဲ့ လူတွေ ၊ အဖြူရောင် အရှည်ကြီး ၀တ်ထားတဲ့ လူတွေ ရှောင်လို့တောင် မလွတ်ပါဘူး။ ဒါနဲ့တောင် ခုလိုမျိုး ပြောနေတာကို တကယ် အံ့သြမိပါတယ်။ ကျွန်မကိုယ်တိုင်လဲ အသားကလွဲလို့ ဘယ်ပစ္စည်းမဆို ပစ္စည်းမှန်ပြီး ဈေးမှန်တဲ့ ဆိုင်မှာပဲ ၀ယ်ယူသုံးစွဲပါတယ်။
 
ပြီးတော့ သူတို့တပ်လို့ ငါတို့လဲ တပ်မယ်ဆိုတာက ကူးချတာပါပဲ။ ဂေါတမ မြတ်စွာဘုရား ဟောကြားထားတဲ့ ဗုဒ္ဓသာသနာသည် သူများကို ကူးချမှ အောင်မြင်ခြင်းကို ရောက်နိုင်တော့မယ်လို့ ယူဆထားတာပါလား ။ ဒါဆိုရင်တော့ မြတ်စွာဘုရားကိုပါ စော်ကားတဲ့အဆင့်ဖြစ်နေပါပြီ။ ဦးဇင်းအနေနဲ့ ကိုယ့်သာသနာကို ဖြန့်ဖြူးချင်စိတ်များပြီး သတိလက်လွတ်ဖြစ်သွားမှာ စိုးရိမ်မိပါတယ်။
 
မေးခွန်း (၈)————————-
ဖြေထားတာလေးတော့ ကောင်းပါတယ်။ ဒါပေမယ့် —————-
ပထမအကြိမ် ဦးဇင်း ထောင်ကျခဲ့တာက ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှု ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဝေခဲ့တာကြောင့် ဆိုတော့ ထောင်က ထွက်လာပြီးနောက်မှာရော ဦးဇင်းရဲ့ မုန်းတီးရေး အစွဲတွေ တကယ် ကျွတ်ခဲ့ရဲ့လား ဆိုတာကို သံသယဖြစ်မိပါတယ်။
 
မေးခွန်း (၉)————
“အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။သူတို့တွေက သွေးခွဲ စကားတွေကို ပြောပြီးတော့ သွေးခွဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကို မှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။”
 
အဲဒါနဲ့ပတ်သက်လို့——————————
မော်လ၀ီဆရာတွေက ကလေးတွေကို စာသင်ပေးပြီး သွေးခွဲတယ်ဆိုတဲ့ကိစ္စပါ— အပေါ်မှာ ပြောခဲ့သလိုပဲ ဦးဇင်း အနေနဲ့ စိတ်ထဲမှာ မကျေလည်ထားဘူးဆိုရင် ဘာသာပေါင်းစုံငြိမ်းချမ်းရေး လုပ်တဲ့အချိန်တွေမှာ တွေ့ခဲ့တဲ့ ဦးဇင်းရဲ့ မွတ်စလင်မ် မိတ်ဆွေတွေကို မေးကြည့်ခဲ့နိုင်ပါရက်နဲ့ မမေးဘဲ ခု အင်တာဗျူးမှာတောင် ခုလို ထပ်ဖြေထားတာတွေ့ရတော့ ဦးဇင်းရဲ့ ချစ်ကြည်ရေး ကိစ္စကြီးက သံသယဖြစ်စရာကောင်းလှပါတယ်။
 
ကြုံတုန်းတလက်စတည်း– တကယ်လို့များ ဦးဇင်းအနေနဲ့ သွားလေ့လာချင်တယ်ဆိုရင် ဦးဇင်းကြိုက်တဲ့ ဘာသာရေး စာသင်ကျောင်းကို လက်ညှိုးထိုးပါ။ တပည့်တော် ခေါ်သွားပေးပါ့မယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။
 
နောက်တစ်ချက်— ကလေးတွေက ရဟန်း သံဃာကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ လို့ ဖြေထားတော့ မေးစရာ မေးခွန်းလေး တစ်ခု ထပ်ထွက်လာပါတယ်။ ဂေါတမမြတ်စွာဘုရားရဲ့ တရားတော်သည် မေတ္တာတရားတော် ဖြစ်တယ်လို့ ကျွန်မ လေ့လာသိရှိထားပါတယ်။ ဒါဆိုရင် ဘုရားသားတော်ဖြစ်တဲ့ ၊ သံဃာဖြစ်တဲ့ ဦးဇင်းက ကိုယ့်ကို ရန်သူလို ဆက်ဆံတဲ့လူကို မေတ္တာမထားနိုင်ဘူးဆိုတော့ ဦးဇင်းကိုယ်တိုင် ဂေါတမမြတ်စွာဘုရားရဲ့ တရားတော်ကို တကယ်ကျင့်ကြံ အားထုတ်ပါရဲ့လား။
 
ကျွန်မ တွေးမိတဲ့ အပိုင်းအစလေးတွေပါ။ ဂေါတမမြတ်စွာဘုရား နဲ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဗုဒ္ဓသာသနာအား စော်ကားလိုသည့် စိတ် မြူတစ်မှုန်စာတောင် မရှိပါ။ သာသနာဟု အမည်တပ်ပြီး သာသနာဖျက်မှာကိုတော့ တကယ်စိုးရိမ်မိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဘုရားပုထိုးတွေ အလွန်များပြားပြီး အလွန်သပ္ပါယ်စရာ ၊ နေရာတိုင်းမှာလဲ မြစ်ချောင်းအင်းအိုင် အလှတွေ၊ မတူညီကွဲပြားတဲ့ အလှတွေနဲ့ အလွန်လှပတဲ့ နိုင်ငံလေးပါ။ ကျွန်မ ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ ဒုတိယ ဘုရားပုထိုး အများဆုံး မြို့မှာ မွေးဖွားခဲ့ပြီး ကျွန်မရဲ့ မွေးရပ်မြေကိုလဲ အလွန်ချစ်လို့ ကျွန်မ သူငယ်ချင်းတွေကိုယ်တိုင် ကျွန်မရဲ့ နာမည်ရင်းမခေါ်ဘဲ မြို့နာမည်နဲ့ တွဲခေါ်ခဲ့ကြတာပါ။
 
ထေရ၀ါဒဗုဒ္ဓဘာသာဝင်အများစု ရှိတဲ့ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံလေးကို ကမ္ဘာမှာ အကြမ်းဖက်နိုင်ငံ၊
အစွန်းရောက်နိုင်ငံဆိုပြီး နာမည်ပျက်မှာကိုတော့ အရမ်းစိုးရိမ်မိပါတယ်။
ကျွန်မ အစ္စလာမ် ဘာသာကိုသက်ဝင်ယုံကြည်တဲ့ မွတ်စလင်မ်တစ်ယောက်ပါ။ ဒါပေမယ့် အကြမ်းဖက် အစွန်းရောက် မဟုတ်ပါဘူး။
Jue Jue Than FB စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။
 
  

ဘာသာညီအစ်ကိုများ (ရေးသူ- မန္တလေးဘုန်းကြီး )

  ရေးသူ – မန္တလေးဘုန်းကြီး
 
((သက်တော် ၉၆နှစ် ဝါတော် ၇၆နှစ်ရှိပြီဖြစ်သော ရွှေကျင်သာသနာပိုင် ဝါဆို ဆရာတော်ဘုရားကြီး၏ ကလောင်အမည် မန္တလေးဘုန်းကြီး အမည်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ချက်။ ဆရာတော်ထံမှ ဖြန့်ချိရန် ခွင့်ပြုချက်အရ ပြန်လည် ဝေမျှပါသည်))
shwe kyin
ခရစ်ယာန်ဘာသာ ၊ ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ ၊ အစ္စလာမ်ဘာသာ ဟူသော ဘာသာကြီးလေးရပ်အနက် ကမ္ဘာ့ လူဦးရေ သန်းပေါင်း ခြောက်ထောင်ရှိရာ ခရစ်ယာန်ဘာသာ သန်းပေါင်း နှစ်ထောင့်တစ်ရာ၊ အစ္စလာမ်ဘာသာ သန်းပေါင်းတစ်ထောင့်သုံးရာ ၊ ဟိန္ဒူဘာသာ သန်းပေါင်းတစ်ထောင် ၊ ဗုဒ္ဓဘာသာ သန်းပေါင်းသုံးရာ ခုနှစ်ဆယ့်ခြောက်သန်းစာရင်းကို တွေ့ ဖုး၏ ။
 
ကျန်ဦးရေ တစ်ချို့ ဘာသာမဲ့ နေကြ၏။ တစ်ချို့ နတ်ကိုးကွယ်၏။ ဤသို့ ကြားဖူး၏။ ကမ္ဘာ့တိုက်ကြီးလေးတိုက် အာရှတိုက်၊ ဥရောပတိုက် စသည် ကမ္ဘာအရပ်ရပ် ဘာသာစုံပြန့် နှံ့ လျှက်ရှိ၏။ ဗုဒ္ဓဘာသာတို့ အတွက် ဗုဒ္ဓဘုရားက မေတ္တာကို အထူးဦးစားပေး ဟောခဲ့ သော်လည်း တစ်ချို့  ဗုဒ္ဓဘာသာတို့ သည် ဘာသာခြားတို့ အပေါ် မေတ္တာမထားနိုင်ကြဘဲ မုန်းတီးရေးဝါဒကို ဖန်တီးလိုကြ၏။
 
ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက် ဘာသာခြားတို့ သည် မန္တလေးမြို့ ကစ၍ အလျှို အလျှို ဝင်ရောက်လာကြ၏။ တားမရ ဆီိးမနိုင်ဖြစ်၍ ဗုဒ္ဓဘာသာဝါဒ မေတ္တာ ကရုဏာကို လက်သုံးပြုလျက် သေနတ်ပစ်အတတ် ၊ အမြောက်ပစ်အတတ်ကို တတ်မြောက်ရန် သင်ကြားစေကာ တတ်မြောက်သည့် အခါ ကာကွယ်ရေးဌာန ဝန်ထမ်းလုပ်စေလျှက် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်လူမျိုးတို့ ကို သိမ်းသွင်း စည်းရုံးထားသည် ကြားဖူး၏။
 
ရှေးအခါထိုစဉ်က ဈေးချိုအရှေ့ ဘက်ကိုပင် အမြောက်တန်းဟု ခေါ်တွင်စေလျက် မွတ်စလင်မ်လူမျိုးတို့  စုရုံးနေထိုင်ကြ၏။ ၁၂၄၇- ခုနှစ်၊ မြန်မာသက္ကရာဇ် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် အခါ မွတ်စလင်မ်ခေါ် အစ္စလာမ်လူမျိုး ခရစ်ယာန်လူမျိုးတို့  ပိုမိုများပြားလာ၏။ မြန်မာအမျိုးသမီးတို့  ဘာသာခြားလူမျိုး၊ နိုင်ငံရပ်ခြားလူမျိုးတို့ နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားကြ၏ ။ ဘာသာခြားလူမျိုးများပြားလာ၏ ။
 
အလွန်ကြည့်ကောင်းသော ရူချင်ဖွယ် မြန်မာပြည်ကို သုံးသပ်ကြည့် ရူရာတွင် ၁၂၈၂ – ခုနှစ်ဆီလောက်က ပညာရေးတိုက်ပွဲများ အောင်မြင်စပေါ်လာသည်။ အင်္ဂလိပ်မင်း ဘုရင်ခံလက်အောက် နေရစေကာမူ အမျိုးရေး ၊ ဘာသာရေး ၊ သာသနာရေး တက်ကြွလှုပ်ရှားလာ၏။ မြန်မာသက္ကရာဇ် ၁၂၆၀ – ဖွား ၆၁ -ခု ဖွားတို့ ကအစ အင်္ဂလိပ်ကျောင်းထွက်တို့ သည် မျက်စိပွင့်လာကြ၏ ။ နှလုံးရည်တိုက်ပွဲပေါ်ထွန်းလာ၏ ။ နိုင်ငံရေးအဖွဲ့ အစည်းတွေ များပြားလာ၏ ။ အထူးအားဖြင့် မြန်မာသက္ကရာဇ် ၁၂၇၁-ခု၊ ၇၂-ခု၊ ၁၂၇၃-ခု ဝန်းကျင်နှစ်များတွင် မွေးဖွားလာသောပုဂ္ဂိုလ်တို့  ယောက်ျားအာဇာနည်ဖြစ်လာကြ၏။
 
ထိုဖြစ်ရပ် အတောအတွင်း ထိုနှစ်များ အတောအတွင်း မြန်မာ့ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့  သမိုင်းကို စိတ်ထဲတွင် ထင်းထင်းကြီးပေါ်နေ၏ ။ ဒီးဒုတ်ဦးဘချို၊ ဖေ-ပု-ရှိန် မန္တလေး ဦးဘဦး စသည် အလွန်အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ကြီးတွေ အမြဲသတိရ ဂုဏ်ကျေးဇူးအောက်မေ့ပါ၏။
 
အလွန်တက်ကြွ ကြီးကျယ်သော ရဟန်းရှင်လူပြည်သူအများ အလွန်ညီညွတ်သော နဝမကွန်ဖရင့်ကြီ်းဆိုတဲ့  အင်္ဂလိပ်တိုက်ပွဲ လွတ်လပ်ရေးတိုက်ပွဲ အစည်းအဝေးကြီး မန္တလေး တာရဲတန်းတွင် ခုနှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်ဆိုသည်မှာလည်း ထိုခေတ် ထိုနှစ်ဆီကပင်ဖြစ်၏ ။ ( နဝမ ကွန်ဖရင့်အကြောင်းကို မှတ်တမ်း မှတ်ရာပြုမယ်ဆိုလျှင် ဘုန်းကြီးများ မတတ်နိုင်ပါ။ မရေးနိုင်ပါ။ ထိုမှတ်တမ်းသမိုင်းများကို ရှာဖွေလှန်လှော ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါ၏။
 
ထိုလွတ်လပ်ရေးတိုက်ပွဲ နဝမကွန်ဖရင့်၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခုကို အထူးပြောကြားလိုသေး၏။ ထိုပွဲကြီးကို မန္တလေး လေးပြင်လေးရပ် သံဃာပေါင်းစုံ၊ တိုက်ပေါင်းစုံ ပါဝင်ခဲ့ခြင်းဖြစ်ရပ်တစ်ခု၊
နောက်တစ်ခုကို အထူးသိစေလိုသည်မှာ မန္တလေး မြန်မာ တရုတ် ကုလား မွတ်စလင် စသောလူမျိုးစုံ၏။ ဤလွတ်လပ်ရေးတိုက်ပွဲကြောင့် အင်္ဂလိပ်အစိုးရသည် မြန်မာပြည်လွတ်လပ်ရေးပေး စိတ်ဖြစ်ပေါ်လာသည်ဆိုသော သမိုင်းကြောင်းကို ဖွင့်ဆိုလိုက်ရပေ၏။
 
ရန်ကုန်ယူနီဗာစီတီ တက္ကသိုလ်မှာ ကျောင်းတက်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာကြီးဦးရာဇာတ်တို့ မြန်မာပြည် လွတ်လပ်ရေးရဘို့ မကြာခဏ ဆွေးနွေးကြသည် ကြားဖူးရ၏။
သူတို့နှစ်ယောက်စလုံး တူညီသော အယူအဆ ဆန္ဒကိုဖော်ပြရမည်ဆိုလျှင် -
၁။ ငါတို့ မြန်မာပြည်မှာ မွေးဖွားတယ်
၂။ ငါတို့ မြန်မာထမင်း အဟာရကို စားသုံးတယ်
၃။ ငါတို့ မြန်မာပြည်မှာ ကျောင်းနေတယ်
၎။ ငါတို့ မြန်မာပြည်မှာ နေထိုင်သူဖြစ်တယ်
၅။ ငါတို့ အလုပ်သည် မြန်မာပြည် လွတ်လပ်ရေးရဘို့ လုပ်ရမှာဖြစ်တယ်။ ဤသို့နှစ်ဦးလုံးစိတ်ထားခြင်း တူကြ၏။
 
ဆရာကြီး ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းအပေါ် အလွန်ယုံကြည် အားကိုသလို ဗိုလ်ချုပ်အောင်းဆန်း ကလည်း ဆရာကြီးအပေါ် အလွန်ယုံကြည်အားကိုးသည်။ ဆရာကြီး ဦးရာဇတ်သည် အထက (၂) ရှေးယခင် နေ ရှင်နယ်အမျိုးသားကျောင်းအုပ်ကြီးဖြစ်သည်။ လွတ်လပ်ရေးလမ်းစ ပျိုးခင်းထောင်ခဲ့ပုံမှာ နေရှင်နယ်ကျောင်းကြီး၌ “ရဲညွန့်တပ်ဖွဲ့” ဖွဲ့စည်းလျှက် လွတ်လပ်ရေးတိုက်ပွဲကို လျှို့ဝှက်ဖွဲ့စည်းတည်ခင်းကြသည် နောက် အင်္ဂလိပ်အစိုးရ ရဲညွန့်တပ်ဖွဲ့ ရုပ်သိမ်းစေ၍ တားမြစ်သည်ကို လက်ခံလိုက်ရသည်။
 
ဆရာကြီး ဦးရာဇတ်သည် မိတ္ထီလာဇာတိသား ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက်ဇာတိသားဖြစ်၍ တစ်မြေ တည်းနေ တစ်ရေတည်းသောက် တစ်ခရီးတည်းသွားကြသော အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်သည်။ (သူတို့နှစ်ယောက်လုံး တပြိုင်နက် အတူကျဆုံးခဲ့ရသည်ကို ယခုထက်တိုင် အံ့သြဝမ်းနည်းနေကြရပါသည်။)
 
တစ်ယောက်က မွတ်စလင် အစ္စလာမ်၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်သော်လည်း မင်းက ဘယ်ဘာသာ ငါက ဘယ်ဘာသာဟူ၍ ဘာသာနှင့်စပ်၍ မပြောခဲ့စဖူးဟု သိရ၏။ မြန်မာပြည်သားပီပီ မြန်မာပြည် လွတ်လပ်ရေး ရရေးကိုသာ တစိုက်မတ်မတ်လုပ်ခဲ့ကြသော ခေါင်းဆောင်ကြီးများဖြစ်၍ ထိုခေါင်းဆောင်ကြီး နှစ်ဦးအပါအဝင် အာဇာနည်မြောက်များ စွာတို့ အသက်ပေး ချွေး သွေးဖြင့် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေး ပန်းတိုင်အောက်မှာ ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူများစွာ ပျော်ရွှင်စွာ နေထိုင်ကြသည်မဟုတ်ပါလော။ ထိုသို့ ပျော်ရွှင်စွာနေထိုင်စဉ် “သခွပ်ပင်က မီးတကျည်ကျည် မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့” ဟူ၍ ဘုန်းကြီးတစ်ပါးအနေဖြင့် တောင်းပန်စကားပြောကြားရင်း လွတ်လပ်ရေးမဆုံးရှုံးစေရေး ကို သတိပေးလိုက်ရပါသည်။
Shwe Kyin

လွတ်လပ်စွာ ပြောဆိုခွင့်က မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်းဆီသို့ ဦးတည်နေ

 မတ်လ ၂၉ ၊ ၂၀၁၃
 
hate-speech-is-not-free-speech
  • မြန်မာနိုင်ငံတွင် ၆ လနီးပါး ဖြစ်ပွားခဲ့သော အကြမ်းဖက် အဓိကရုဏ်းများက နိုင်ငံ၏ အဓိကမြို့ကြီးများသို့ တဖြည်းဖြည်းချင်း ရွေးလျားလာ လျက်ရှိကာ နိုင်ငံရပ်ခြားမှ အထူးသဖြင့် မွတ်စလင်နိုင်ငံများမှ ပိုမို သတိပြုမိလာလေသည်။
  • အရေးပေါ်အခြေအနေ ကြေညာမှု၊ အဓိကရုဏ်းတိုင်းတွင် စစ်တပ်၏ အကူအညီကို ရယူမူ အပါအ၀င် ဆိုးရွားသော လုံခြုံရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရမှာ ပြည်တွင်းပြည်ပရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
  • အဓိကရုဏ်များတွင် သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုများက ဦးသိန်းစိန်အစိုးရအား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏ ထိလွယ်ရှလွယ်သောကြိုးပမ်းမူဖြစ်သော မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ပြုပြင်ပြောင်းလဲရန် အန္တရာယ်နှင့် ရင်ဆိုင်လာခဲ့ရသည်။
  • ဒီမိုကရေစီတွင် လွတ်လပ်စွာ ပြောဆိုမှု လိုအပ်ပင်လိုအပ်သော်ငြား ယခုအချိန်တွင် ထိုလွတ်လပ်စွာ ပြောဆိုမှုက မြန်မာနိုင်ငံအား အန္တရာယ် သင့်နေစေသည်။ အထူးသဖြင့် အစွန်းရောက်များ၊ မွတ်စလင် ဆန့်ကျင်ရေးဆောင်ရွက်သူများက ထိုလွတ်လပ်စွာပြောဆိုမှုများ ချယ်လှယ်ထားပြီး နိုင်ငံသားများ၏ သတင်းစာပုံရိပ်ကို ထိန်းချုပ်ထားလေသည်။ ထိုအခြေအနေကို အစိုးရနှင့် လူမှုအဖွဲ့အစည်းများ အချိန်မီ တုံ့ပြန်ဟန့်တားမှု မပြုလျှင် နိုင်ငံမှာ အကျဘက်ကို ဦးတည်စေနိုင်ပြီး ခန့်မှန်းရခက်သည့် ရှုပ်ထွေးပွေလီသော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အကျိုးဆက်များမှာလည်း ဆိုးရွားပေလိမ့်မည်။
  • ထိုကဲ့သို့ လွတ်လပ်စွာပြောဆိုမှုအားတလွဲသုံးမှုအတွက် သင့်လျော်သော အဖြေမှာ ပိုမို၍ လွတ်လပ်စွာပြောဆိုခွင့် (အမှန်အတိုင်းပြော ဆိုခွင့်) ဖြစ်လေသည်။ သို့ရာတွင် အဆိုပါ ကိစ္စမှာ အချို့သော အကြောင်းများကြောင့် အာဏာရှင်အလွန် မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင်မည်မဟုတ်ပေ။
  • အရေးအကြီးဆုံးပြဿနာမှာ အစိုးရအဖွဲ့၊ အတိုက်အခံအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများက အစွန်းရောက်များနှင် စေ့စပ်ဆွေးနွေးရာတွင် မအောင်မြင်မှုပင်ဖြစ်သည်။
  • သမ္မတဦးသိန်းစိန်မှာ သူ၏ ပြုပြင်ပြောင်းလဲရေးကျွေးကြော်မှုကြောင့် ချီးကျူးခြင်းခံခဲ့ရလေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာဝင်များ၏ လူနည်းစုများအပေါ် သတ်ဖြတ်မှုများ၊ သုတ်သင်ရှင်းလင်းမှုများကို လူသိရှင်ကြား ရှုတ်ချရန် သူက ငြင်းဆိုခဲ့သည်။
  • နိုဘယ်ဆုရှင် အောင်ဆန်းစုကြည်မှာလည်း လူနည်းစုများအား ကာကွယ်နိုင်မည်ဟု သူမမျှော်လင့်သည့် ဥပဒေသစ်ကို ပြဌာန်းရန် တိုက်တွန်းရုံမျှသာ ရှိခဲ့သည်။
  • တစ်ချိန်က အစွန်းရောက်များကို ထောင်သွင်းအကျဉ်းချ၍ လူမဆန်စွာ နှိပ်စက်၊ ညှင်းပန်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သော စစ်တပ်မှာလည်း ယခုအခါ ထိုလုပ်ရပ်များကို လုံးဝ စွန်းလွှတ်ခဲ့ပြီးဖြစ်လေသည်။ ယခုအချိန်တွင် စစ်တပ်မှာ ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန် သမ္မတ၏ တိုက်ရိုက် အမိန့်ပေးလာသော အခါ ကြားဝင်ဆောင်ရွက်ပေးပြီး တရားဥပေဒကို အကောင်ထည်ဖော်သည့် အဖွဲ့အစည်းအဖြစ် ဆောက်ရွက်ခြင်း မရှိတော့ချေ။
  • ထို့ကြောင့်ပင် ဆူပူအကြမ်းဖက်သူများ အစွန်းရောက် အုပ်စုများမှာ သတင်းလောကကို ထိန်းချုပ်နိုင်ရုံသာမက လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးချ၍ ၎င်းတို့ ပေးချင်သောသတင်းပုံစံကို အတားအဆီးမရှိ ဖြန့်ချီလျက်ရှိလေသည်။
  • မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့် ကျရှုံးမှု၏ အဓိကကျသောအချက်မှာ ယခုလက်ရှိ အင်တာနက်စာမျက်နှာနှင့် သတင်းလောကကို လွှမ်းမိုးထားသော အစွန်းရောက်များအား ပြန်လည် တုံ့ပြန်ရန် မစွမ်းနိုင်ခြင်းပင်ဖြစ်သည်။
  • မြန်မာနိုင်ငံဆိုင်ရာ သတင်းပေးပို့သူဖြစ်သည့် James Hookway မှ ပြီးခဲ့သည့် အင်္ဂါနေ့က ဝေါစထရိ ဂျာနယ်သို့ပေးပို့သော သတင်းတစ်ခုတွင် မျှတစွာ ရေးသားဖော်ပြထားသော သတင်းများကို ကျော်လွန်၍ အခြားအယူဝါဒများကိုပုတ်ခတ်ကာ မြန်မာ အင်တာနက် လောကကို ခြယ်လှယ်နေသည့် ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုကဲ့သို့ အကြမ်းဖက် လုပ်ငန်းများကို အစပျိုးနေသည့် အဖွဲ့များနှင့်ပက်သက်၍ ပုံဖေါ်ရေးသားထားလေသည်။
  • ၉၆၉ ကဲ့သို့ အဖွဲ့များက အလွှမ်းမိုးနေနေသော အင်တာနက် ပေါ်တွင် အမှန်တရားလွှမ်းမိုးစွမ်းမရှိပေ။
  • မြန်မာလူမျိုးများ၏ အမုန်းတရားများနှင့် လူမျိုးခြားကြောက်ရွံ့ခြင်းရောဂါတို့ကို အဆိုပါ အစွန်းရောက် အမျိုသားရေးဝါဒီများ၏ သတင်းများက ထိန်းချုပ်ခြင်းမရှိဘဲ ထိုရောဂါများကို ပျံ့နှံ့စေရန်သာ မီးထိုးပေးလျက်ရှိသည်။
  • မြန်မာ နိုင်ငံ ဆက်သွယ်ရေး နည်းလမ်းများကို တိတိကျကျကောက်ယူထားသော စစ်တမ်းများအရ အမုန်းတရား ဖြန့်ဝေနေမှုများကို အမှန်တရားများဖြင့် ပြန်လည်တုန့်ပြန်ရန် နည်းလမ်းများအလွန်နည်းပါးသည်ဟု အံသြစွာတွေ့ရှိရသည်။
  • သတင်းစာများနှင့် မဂ္ဂဇင်းများမှာလည်း အားကိုးလောက်စရာမရှိဘဲ၊ တီဗွီနှင့် ရေဒီယိုများတွင် ဖော်ပြသည့် သတင်းများမှာလည်း ယုံကြည် စိတ်ချရခြင်းမရှိပေ။
  • သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) မှာလည်း ထိုနည်း လည်းကောင်းပင်ဖြစ်ရာ မျှတသည့် သတင်း ဌာနများမှာ မြန်မာနိုင်ငံတွင် အခွင့်အရေး မရရှိပေ။
  • နိုင်ငံလူဦးရေ သန်း၆၀ တွင်၊ သုံးသန်းမှာ မိုဘိုင်းဖုန်းများကို အသုံးပြုနေကြသည်။ လူ လေးသန်းမှာ အင်တာနက်အသုံးပြုမှု လုံးဝမရှိချေ။ နိုင်ငံလူဦးရေ၏ ၁ ရာခိုင်းနှုန်း မရှိတရှိ ပမာဏကပင် အင်တာနက်သုံးစွဲမှုရှိလေသည်။ နိုင်ငံရှိ မိုဘိုင်းဖုန်းအော်ပရေတာ သုံးခုစလုံးကို အစိုးရမှ ထိထိရောက်ရောက် ထိန်းချုပ်ထားလေသည်။
  • အကျဉ်းချုံးပြောရမည်ဆိုလျှင် အစွန်းရောက်များ၏ လှုံ့ဆော်မှုများမှာ အသံထွက်နိုင်ကြပြိး ၉၆၉ အဖွဲ့ဝင် ဆရာတော် ၀ီရသူကဲ့သို့ အစွန်းရောက် ဘုန်းကြီးများကို အင်တာနက်အပါအ၀င် မီဒီယာများ၊ လူမှုဖွဲ့အစည်းများနှင့် အစိုးရတို့က ထိထိရောက်ရောက် တုံ့ပြန်ခြင်းမရှိသေးပေ။
  • ဤအခြေအနေများမှာ မြန်မာနိုင်ငံရှိ လွတ်လပ်စွာပြောဆိုမှုအတွက် အချိုးအကွေ့ကာလပင်ဖြစ်သည်။ အစွန်းရောက်ဘုန်းကြီးများနှင့် အမျိုးသားရေးဝါဒီများ၏ လွတ်လပ်စွာပြောဆိုမှုက အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားမည်လားဆိုသည်ကို နိုင်ငံသားများနှင့် အစိုးရအဖွဲ့က ဆုံးဖြတ်ရပေမည်။
  • အစိုးရထိပ်တန်းအရာရှိများက ထိုအမုန်းတရားဖြန့်ဝေနေမှုများကို ထုတ်ဖော်လိုက်လျှင်၊ ထိရောက်သော အင်တာနက်အခြေပြု မီဒီယာမှ လူထူအမြင်ကို ပြောင်းလဲပေးနိုင်လျှင်၊ အစိုးရမှ ထိုအမုန်းတရားဖြန့်ချီမှုကို ထိန်းချုပ်ရန် စစ်တပ်မှ အသုံးပြုခဲ့သည့် နည်းလမ်းဟောင်းကို ပြန်လည် အသုံးပြုကောင်း ပြုပေလိမ့်မည်။ ထိုနည်းလမ်းဟောင်းကို အသုံးချမှုသည် ရွှေမှုံကြဲဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုကို ထိခိုက်မည်ဖြစ်သော်လည်း လူနည်းစုများ အထူးသဖြင့်မွတ်စလင်များအပေါ်သို့ ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်သွားပေလိမ့်မည်။
  •  ထိုအချင်းအရာမှာ မိမိကိုယ်ပိုင် ပုံစံဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်သူ တစ်ဦးအတွက် ခက်ခဲသည့် စိန်ခေါ်မှုမျိုးဖြစ်လေသည်။ သို့ရာတွင် လူမျိုးရေးအဓိကရုဏ်များ မဆိုးရွာမီ ဦးသိန်းစိန်မှာ ခက်ခဲသော ရွေးချယ်မှုတစ်ခုကို မကြာမီ ရင်ဆိုင်ရပေလိမ့်မည်။
 
BangkokPost မှ Free speech runs riot as anti-Muslim radicals fill vacuum ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
 
 

Saturday, March 30, 2013

အကြမ်းဖက်မှုမှန်သမျှ လက်မခံနိင်ကြောင်း လက်ပံတောင်းတောင် အရေး တက်ကြွ လှုပ်ရှားသူများပြော

  
အကြမ်းဖက်မှုမှန်သမျှ လက်မခံနိင်ကြောင်း လက်ပံတောင်းတောင် အရေး တက်ကြွ လှုပ်ရှားသူများပြော
ပိာန်းအောင် မတ်လ ၂၉ ရက်
 
လက်ပံတန်းတောင် အကြမ်းဖက်နှိမ်နှင်းမှု ၄ လပြည့် အထိမ်းအမှတ် အဖြစ် ဆန္ဒထုတ်ဖေါ် ပွဲတွင် အကြမ်းဖက်မှုမှန်သမျှကို ရှုံ့ချကြောင်းနှင့် လက်ပံတန်းတောင် ကိစ္စပြေလည်မှု မရမချင်း လစဉ် ၂၉ ရက်နေ့တိုင်း ယခုကဲ့သို့ ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ကြောင်း ဆန္ဒဖေါ်ထုတ်သူများကပြောသည်။
ကျွန်တော် မိတ္ထီလာကို ရောက်ခဲ့တယ်။ ရဲတပ်ဖွဲ့ရှိတယ်။ သို့ပေမဲ့ ဘာမှ လုပ်ပိုင်ခွင့် ပေးမထားဘူး။ပစ်ခွင့် ဖမ်းဆီးခွင့် စတဲ့ ဘာမှပေးမထားဘူး။ အရုပ်တစ်ရုပ်လိုပဲ ဒီအတိုင်းချထားတယ်။အုပ်ချုပ်ရေးအပိုင်းမှာ အဲသလောက် အသိ ချို့ယွင်းချက် တွေရှိနေပြီ ဆိုရင်တော့ တော်တော် အန္တရာယ်များပါတယ် ပာု ကိုအောင်သူ (အလုပ်သမားရေးရာတာဝန်ခံ၊၈၈ မျိုးဆက်)က အထက်ပါဆန္ဒထုတ်ဖေါ်ပွဲတွင်ပြောသည်
အာဏာပိုင်က ပြည်သူကို သတ်သည်ဖြစ်စေ၊ ပြည်သူအချင်းချင်း သတ်သည်ဖြစ်စေ အကြမ်းဖက်မှုဆိုလျှင်လုံးဝ လက်မခံနိင်ကြောင်း အထက်ပါ ဆန္ဒဖေါ်ထုတ်မှုတွင် ပါဝင်သည့် ကိုဝေမှုးသွင်က မီဒီယာများ၏ မေးမြန်းချက် တစ်ရပ်တွင် ပြောသည်။
မြန်မာနိင်ငံတွင် လတ်တလောကာလက ဖြစ်ပွားခဲ့ သည့် မိတ္ထီလာတွင် အစ္စလာမ်ဘာသာဝင်များအား မြို့လုံးကျွတ် သတ်ဖြတ် အကြမ်းဖက်မှု အပါ အ၀င် အခြားဒေသ အချို့တွင်လည်း အစ္စလာမ် ဘာသာဝင်များ အား မင်းမဲ့စရိုက်ပုံစံဖြင့် သတ်ဖြတ်ခြင်း အိုးအိမ် နှင့် ပိုင်ဆိုင်မှုများကို အကြမ်းဖက် ဖျက်ဆီးမှုများကို ၉၆၉ ဂိုဏ်းဝင်များက ပြုလုပ်ခဲ့ကြသည်။
မြန်မာနိင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် အစ္စလာမ်ဘာသာဝင်များအပေါ်
အကြမ်းဖက်သတ်ဖြတ်မှုများ နှင့်ပတ်သက်ပြီး နိင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကလည်း အင်အားသုံး ဖြေရှင်းမှုကို မနှစ်သက်သော်လည်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာပါက လုံးဝလက်သင့်ခံမည် မပာုတ်ကြောင်းပြောသည်။ ဒီနေရာမှာ အဓိကတာဝန်ရှိနေတဲ့ မြန်မာနိင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့ အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြား လိုပါတယ်ပာု နိင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အထက်ပါ မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သွားသည်။
 
 www.myanmarmuslim.net   သတင်း
 

၉၆၉ ဗုဒ္ဓဘာသာ အကြမ်းဖက်ဂိုဏ်း လှုပ်ရှားမှု နှင့် ပြင်ဦးလွင်မြို့ အခြေအနေ

အထူးသတင်း — 30 March 2013

၉၆၉ ဗုဒ္ဓဘာသာ အကြမ်းဖက်ဂိုဏ်း လှုပ်ရှားမှု နှင့် ပြင်ဦးလွင်မြို့ အခြေအနေ
မတ်လ ၂၉ ရက် – ပြင်ဦးလွင်
 
မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် ယခုရက်သတ္တတစ်ပတ်အတွင်း လူအချို့မှ မွတ်စလင်ဆိုင်များကို ကျူးလွန်ရန်စခြင်းများ ပြုလုပ်နေသည်ကို သတင်းရရှိပါသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က ပြင်ဦးလွင်မြို့အဝင်ရှိ AM စက်သုံးဆီအရောင်းဆိုင်တွင် ဓာတ်ဆီလာထည့်ပြီး ဆိုင်အလုပ်သမားလေးမှ ဆီဖိုး ငါးထောင်တောင်းရာ လာထည့်သူက ပိုက်ဆံမပေးတော့ မင်းကဘာလုပ်ချင်လည်းဟု ရန်စကားပြောရာ ဆိုင်ရှင်မှ ပြဿနာမဖြစ်ချင်၍ မပေးလည်းနေပါ၊ ရန်မရှာရန် ပြောဆို လွတ်လိုက်ကြောင်း သိရသည်။
 
ပြင်ဦးလွင် ဈေးကြီးထဲရှိ ဖန်စီပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်တွင်လည်း ခေါင်းရွက်မုန့်သည် အမျိုးသမီး တစ်ဦးက ခဏနားမည်ဆို၍ ဆိုင်ရိပ်တွင် ပေးနားလိုက်သည်။ ထိုဈေးသည်မှ သူရောင်းသည့် မုန့်အချိုတချို့ကို ထိုဆိုင်မှ အလုပ်သမလေးများကို အတင်းကျွေးသဖြင့် ကောင်မလေးများက ယူစားလိုက်သည်။ ထို့နောက် မုန့်ဖိုးငါးထောင်ကျကြောင်း တောင်းသဖြင့် အဒေါ်ကြီး ဒီမုန့်လေးက ဘယ်လိုဖြစ်လို့ ငါးထောင်ကျသလဲ ဟုပြန်မေးရာ ဈေးသည်မှ မြတ်စွာဘုရား၊ မုန့်စားပြီး ပိုက်ဆံမပေးဘူးဟု အော်သောကြောင့် ဆိုင်ရှင်မှ ပြဿနာတက်မည်စိုးသဖြင့် ငွေသုံးထောင်ပေး၍ လွတ်လိုက်ရသည်။
 
ဒီနေ့လည်း လူသုံးယောက် လာရှိုးလမ်းမရှိ မွတ်စလင်ပိုင် Bravo စတိုးတွင် အဝတ်အထည်အချို့ကို ယူ၍ ပိုက်ဆံမပေးပဲ ထွက်သွားရာ ဆိုင်မှပိုက်ဆံမပေးရသေးကြောင်း လိုက်ပြောသောအခါ မပေးတော့ ဘာလုပ်ချင်လည်း ဟုပြန်မေးပါသည်။ မွတ်စလင်အများစုမှာ မိတ္ထီလာတွင် အရောင်အဝယ်တစ်ခုမှ စဖြစ်သည့် ပြဿနာလေးကို အကြောင်းပြပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး လောလောလတ်လတ် ဖြစ်ထားသည့်အတွက် များစွာစိုးရိမ်ကြောင့်ကျလျက် ရှိကြသဖြင့် မတော်မတရားလုပ်နေသည်ကိုပင် ရန်ပွဲမဖြစ်စေရန် ဂရုတစိုက် ရှောင်ရှားကြသည်။ ထိုကဲ့သို့ ပစ္စည်းယူပြီး ငွေမပေးပဲ ရန်စကားပြောသည်ကိုပင် ပြဿနာမဖြစ်ချင်၍ ပစ္စည်းအဆုံးခံလိုက်သည်။
 
ယနေ့နေ့လည် သောကြာနေ့ဝတ်ပြုအပြီး ဗလီများမှ ဂေါပကနှင့် အကြီးအကဲအချို့ကို အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့စုံပြီး ဒီရက်ပိုင်း ပြဿနာရှာသူများ ရှိလာပါက ပြန်လည်၍ ရန်တုံ့ပြန်ခြင်း မပြုဘဲ သည်းခံကြရန် ညွှန်ကြားသည်ဟု သတင်းရရှိပါသည်။
၃၀၊ ၃၊ ၂၀၁၃ တွင်လည်း မန္တလေးမစိုးရိမ်ကျောင်းတိုက်တွင် ပြန်လွန်တော်မူသွားသော ဆရာတော်အတွက် ရည်းစူးပြီး YMBA နားတွင် တရားပွဲပြုလုပ်မည်ဟု သတင်းရရှိပါသည်။
ပြင်ဦးလွင်မြို့သည် ရှေးအစဉ်အဆက် ဘာသာလူမျိုး စုံလင်စွာဖြင့် ငြိမ်းချမ်းစွာ
 
အတူယှဉ်တွဲနေထိုင်လာခဲ့ကြပြီး၊ လူမျိုးရေး ဘာသာရေး ပြဿနာ မရှိခဲ့ဘူးသော အစဉ်အလာ ကောင်းသည့် မြို့လေးဖြစ်ပါသည်။ ထို့ကြောင့် မြို့နေလူအများစုသည် မည်သည့်ပြဿနာမှ မဖြစ်ပေါ်စေချင်ပဲ အေးအေး ချမ်းချမ်း နေချင်ကြသည်။ အေးချမ်းလှသည့် မြို့ကလေးကို ဤကဲ့သို့ ရန်စစော်ကားမှုများမှတဆင့် အကျည်းတန်လှသည့် ပြဿနာများ ဖြစ်ပေါ်မလာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အချိန်မှီ ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ပေးစေရန် မြို့ခံလူ အများစုက ဆန္ဒရှိနေကြပါသည်ဟု သတင်းရရှိပါသည်။
 

လူငယ်တွေ ဦးဆောင်စီစဉ်တဲ့ “Pray For Myanmar”ဆုတောင်းပွဲ မှ အသံများ

 မတ်လ ၂၉၊ ၂၀၁၃
 သတင်း- ပသီဆောင်းနှင်းမှုံ
 
ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်း၍ Pray For Myanmar ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို မတ်လ ၂၈ နေ့က ရန်ကုန်မြို့ YCDC ခန်းမ၌ နေ့လည်၂း၀၀ မှ ၅း၀၀ ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
P6250038
အဆိုပါ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် နိုင်ငံတော် အလံအား အလေးပြုခြင်း၊ Pray For Myanmar ပွဲစီစဉ် ရသည့် အကြောင်း အကျဉ်းချုပ် ကိုဦးသက်ဆွေဝင်းမှ ရှင်းလင်း တင်ပြခြင်း ဘာသာကြီးလေးဘာသာမှ ငြိမ်းချမ်းရေးတရား ဒေသနာများ ပြောကြားခြင်းနှင့် ငြိမ်းချမ်းရေး အတွက် ဆုတောင်းခြင်း၊ ဘာသာကြီးလေးဘာသာမှ လူငယ်များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊ ငြိမ်းချမ်းရေး ကဗျာများ ရွတ်ဖတ်ခြင်း၊၈၈ကျောင်းသား များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊များ ပြုလုပ်ခဲ့သည်။
 
အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ကိုဦးသက်ဆွေဝင်းမှ “ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို အထိခိုက် အပျက်အဆီး မခံချင်ကြပါဘူး။ ပဋိပက္ခတွေ ဖန်းတီးပြုလုပ်နေသူတွေရဲ့ သွေးထိုးလှုံဆော်မူတွေကို ကျွန်တော်တို့ အားလုံး လက်မခံဘဲ တိုက်ဖျက်ဖို့ လိုပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေအောက်မှာ တပြေးညီဖြစ်နေဖို့ လိုပါတယ်။ အခြေခံဥပဒေမှာ ပြဌါန်းထားတဲ့ နိုင်ငံသား အခွင့်အရေးနှင့် အညီ ဘာသာပေါင်းစုံ လူငယ်တွေ ဘာသာပေါင်းစုံကို သက်ဝင်ယုံကြည် ကြတဲ့ ပြည်သူတွေ အားလုံးက အကာအကွယ်ရထားဖို့လည်း လိုအပ်ပါတယ်။ကျွန်တော်တို့ ဒီပွဲကို ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြပါရစေ။ ကျွန်တော်တို့ရဲ့ နောက်ခံမှာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ မရှိပါဘူး။
 
ကျွန်တော်တို့ လူငယ်တွေ ကိုယ်ဟာကိုယ် တွေးကြတယ်၊ စုစည်းကြတယ်၊ ကျွန်တော်တို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပြည်အတွက် ဘာတွေလုပ်ပေးနိုင်လဲ ဆိုပြီးတော့ ကျွန်တော်တို့ မုန့်ဖိုးတွေ စုပြီး ဒီပွဲကို စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဗုဒ္ဒဘာသာမှ ငြိမ်းချမ်းရေး တရားကို ဆရာတော် ဦးကောဏိည မှ ဟောကြားရာတွင်-
“ညီညာစုပေါင်း
အောင်ကြောင်း မှတ်ပါ။
ဒေါသတရား ရှောင်ရှား သူဌါ
မေတ္တာတရား ပွားများ သူဌါ
တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားရင် အခုလို ဖြစ်ပါ့မလား
အချင်းချင်း ညီညီညာညာ နေကြပါ ခုနေချိန်ခါမှာ အိမ်တစ်လုံး ဖြစ်ဖို့ လွယ်ပါ့မလား ”
ဟုထည့်သွင်းပြောကြားခဲ့သည်။
 
အစ္စလာမ်ဘာသာမှ အာလ်ဟဂ်ျ ခလီဖာ ဦးအေးလွင်မှ ငြိမ်းချမ်းရေးတရားဟောကြားရာတွင် “ဒီအခမ်းအနားလေးကို ဘာသာပေါင်းစုံက လူငယ်လေးများက ဘယ်သူရဲ့ စေ့ဆော်မှုမှ မပါဘဲနဲ့ လူသားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပေါ်လွင်စွာဖြင့် ဒီလိုကိစ္စရပ်တွေ မဖြစ်သင့် မဖြစ်အပ်ဘူးဆိုပြီးတော့ ကိုယ့်အသိ ကိုယ့်ဆန္ဒတွေနဲ့ လူငယ်တွေက ဒီအဖျက်လုပ်ငန်းကိုတော့ဖြင့် လက်ရည်တပြင်တည်း အတွဲညီညာစွာဖြင့် တိုက်ဖျက်မယ်ဆိုတာဟာ အကြမ်းဖက် သမားတွေအတွက် အမင်္ဂလာနဲ့ ပြည့်စုံတဲ့ မြင်ကွင်းကြီး တစ်ခု ဖြစ်မှာ ဖြစ်ပါတယ်။ဒါတွေကို အဖျက်အင်အားစုတွေ သဘောပေါက်အောင် မီဒီယာများက မီးမှောင်ထိုးပြပေးပါလို့ မေတ္တာရပ်ခံပါတယ် ”ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
 
ခရစ်ယာန်ဘာသာမှ ကျောင်းထိုင်ဆရာတော်ကြီး သိက္ခာတော်ရ ရယ်လ်ဂျီနယ်လ် ဘန်နတ်သ် ကလည်း ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ အားလုံး တပြေးညီတည်း တစ်ပုံစံတည်း ဖြစ်ရေးကို လုံးဝလက်မခံပါဘူး။မတူညီတဲ့ အရောင်တွေ၊ ကွဲပြားမူတွေ ထဲက ရတဲ့စည်းလုံး ညီညွှတ်မူတွေက ပိုပြီး အားဖြစ်စေပါတယ်။တခါတုန်းက အရမ်းအေးတဲ့ ရွာကြီး တစ်ရွာမှာ ကလေးလေးတွေဟာ ဆောကစားနေကြတယ်။ မှောင်သွားတဲ့ အချိန်မှာ ကလေးလေးတွေဟာ အိမ်ပြန်သွားကြတယ်။ အဲဒီမှာ ကလေးမလေး တစ်ယောက် ကျန်ခဲ့တယ်။ဒါနဲ့ ဘယ်သူ ဘယ်ပါရဲ့ သားသမီးကတော့ဖြင့် ပျောက်နေတယ် ဆိုပြီး ရွာသားတွေဟာ မီးတုတ်တွေနဲ့ လယ်ကွင်းထဲ ၀ိုင်းရှာကြတယ်။ တစ်နာရီလောက် ကြာသွားတယ် မတွေ့ဘူး။အဲဒီမှာ လူတစ်ယောက်က ဖြတ်သွားရင်းနဲ့ဘာဖြစ်လို့လဲ လို့မေးတယ်။ကလေး တစ်ယောက် ပျောက်နေလို့ရှာနေတာ ဆိုတော့ ဒီလို မရှာကြပါနဲ့။အားလုံး အတူ လက်တွဲပြီး ရှာကြပါလို့လှမ်းအော်ပြောတယ်။ ဒါနဲ့ အားလုံး စုစုစည်းစည်းနဲ့ တပြေးညီ လျှောက်ကာ လက်တွဲပြီး ရှာလိုက် ကြတာ ငါးမိနစ်မကြာဘူး ကလေးလေးကို ယာထဲမှာ ခွေခွေလေး အသက်မရှိတော့ဘူး တွေ့သွားကြတယ်။ငါတို့တွေသာ တစ်နာရီလောက် စောပြီး ခုလို လက်တွေတွဲပြီး ရှာခဲ့ကြမယ်ဆိုရင် ဒီကလေးလေး သေမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒီပုံပြင်လေးဟာ ဘာကိုပြသလဲ ဆိုရင် လက်တွဲခြင်း၊ စည်းလုံးခြင်း၊ ညီညွှတ်ခြင်းက အောင်မြင်ခြင်း အသက်ရှင်ခြင်း ကိုပေးပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
ဟိန္ဒူဘာသာမှ ဆရာကြီးဦးအောင်နိုင်မှ ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ လူဆိုတာ စဉ်းစာဆင်ခြင် ဥာဏ်ရှိပါတယ်။ ဒီကိစ္စတွေ ဖြစ်နေတာဟာ သွေးထိုး လှုံဆော်မူတွေ ရှိနေပါတယ်။တမင် ဖန်တီးနေတာပါ။ ကျွန်တော်တို့တွေ ဆုတောင်းနေရုံနဲ့မလုံလောက်တော့ပါဘူး။ အထူးပြောချင်တာက အခု ကိစ္စသည် ပယောဂါကြောင့် မလိုလားအပ်သော ဘယ်ကမှန်း မသိသော ပုဂ္ဂိုလ်ရဲ့ လှုံဆော်မူကြောင့် ဖြစ်ပါတယ်။ဒါကို ကျွန်တော်တို့တွေက အားလုံး သဘောပေါက်ပြီး ရင်ဝယ်ပိုက်ထားပြီ ညီညီညွှတ်ညွှတ်နေကြဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
၈၈ကျောင်းသား အဖွဲ့ မှ ငြိမ်းချမ်းရေး စကားပြောကြားရာတွင် “ အသွင် ကူးပြောင်းရေး ကာလမှာ ဖျက်လို့ ဖျက်ဆီး လုပ်ချင်နေတဲ့ လူတစ်စု (သို့) အင်အားတစ်စုက စနစ်တကျ နိုင်ငံရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေတယ်ဆိုတာလည်း ကြွရောက်လာတဲ့ သူတွေလည်း အားလုံးသိပြီး ဖြစ်မှာပါ။ အခု နိုင်ငံတစ်ဝှမ်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဦးဆောင်ပြီး လှုပ်ရှားနေတဲ့ သူတွေကို ဒီနေရာကနေ ထပ်မံပြောချင်တာက ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်၊ ပြင်းပြင်းထန်ထန် ရူံ့ချပါတယ် ”ဟုထည့်သွင်းပြောကြားခဲ့သည်။
 
ကဗျာဆရာ မင်းထင်ကိုကိုကြီးမှလည်း “မိထ္တီလာ အရေးခင်းကြီး မဖြစ်ခင်တုန်းက ဘယ်သူမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာတယ်။တဖြည်းဖြည်း တစ်နိုင်ငံလုံးက မြို့တွေမှာ အခုလို ဖြစ်တယ်။ထိထိရောက်ရောက် ကာကွယ်တားဆီး တာမျိုး မရှိဘဲ ပြီးသွားရင် အဲဒီမြို့ ကို ၁၄၄ ထုတ်တယ်။လူသား တစ်ယောက် အနေနဲ့ လူတွေ အချင်းချင်း သတ်ဖြတ်ကုန်အောင်၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦးတွေ ပျက်ဆီး ကုန်အောင် ဘယ်လိုများ လုပ်နေကြလဲ ဆိုတာ ကျွန်တော်တို့ နှလုံးသားနဲ့ စဉ်းစားလို့တောင် မရဘူး။လူမျိုး တိုင်းရင်းသား အားဖြင့် ၁၃၅ မျိုး ကွဲပြားနေလိမ့်မယ်၊ ဘာသာအားဖြင့် လေးမျိုး ကွဲပြားနေလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံသား အဖြစ်ကတော့ အမြဲတမ်း တစ်ပဲ ဖြစ်နေဖို့ လိုပါတယ် ” ဟု ထည့်သွင်း ပြောကြားပြီး “ရယ်သံ မောသံမပါတဲ့ အခါ အသက်ရူရတာ မ၀တော့ဘူး”ဆိုသည့် ကဗျာ ရွတ်ဆို ခဲ့ကြောင်း သိရသည်။
 
ခရစ်ယာန်ဘာသာ လူငယ်များ ကိုယ်စား ကိုစည်သူမောင်မှ ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ကျွန်တော်ကတော့ လူမျိုးရေး ဘာသာရေး အထိကရုဏ်း မဖြစ်စေရ”ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ ပြန်ညွှန်းချင်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
ဟိန္ဒူဘာသာ လူငယ်များ ကိုယ်စား ကိုဘော်ဘီမှ ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “မိမိတို့ ဘာသာတိုင်း ဘာသာတိုင်းမှာ ဆိုဆုံးမ ထားတဲ့ အတိုင်း မိမိတို့ အားလုံးဟာ အဲဒီဆိုဆုံးမ မူကို နှလုံးသွင်း နာယူနိုင်ပြီးတော့ ကျင့်ကြံနိုင်ကြမယ် ဆိုရင် အားလုံးဟာ ငြိမ်းချမ်းသာယာတဲ့ ပြည်မြန်မာသစ်ဆီကို လျှောက်လှမ်းနိုင်ပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
အစ္စလာမ်ဘာသာ လူငယ်များ ကိုယ်စား ကိုဇော်မင်းလတ်မှ ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ဗုဒ္ဓဘာသာမှ ညီနောင်များ၊ ခရစ်ယာန်ဘာသာမှ ညီနောင်များ၊ ဟိန္ဒူဘာသာမှ ညီနောင်များမှ ဦးစီး၍ အခုလို အခမ်းအနားကို ကျင်းပ ပေးတဲ့ အတွက် အစ္စလာမ် ဘာသာဝင်အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ တွေဟာ ဘိုးစဉ်ဘောင်ဆက် မြန်မာပြည်မှာ နေခဲ့တာပါ။ဒီမြေမှာ မွေး၊ဒီမြေမှာ ကြီးပြီး၊ ဒီမြေမှာပဲ သေကြမယ့် သူတွေပါ ”ဟု ထည့်သွင်း ပြောကြားခဲ့သည်။
 
ဆရာနေဘုန်းလတ်မှ “အခုလို ဒီပွဲကို ပြုလုပ်တဲ့ လူငယ်တွေ၊ဒီပွဲကို တက်ရောက်လာတဲ့ သူတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်မူကို ရွံ့မုန်းပြီး အေးအေးချမ်းချမ်း နေချင်ကြတယ် ဆိုတာ ပေါ်ပေါ်လွင်လွင် ဖြစ်တဲ့ သဘောပါပဲ။ လူတစ်ယောက်က ပြစ်မူ ကျူးလွန်ရင် ဒီလူဟာ ဗုဒ္ဓဘာသာပဲ၊ ဒီလူက အစ္စလာမ်ပဲ ဆိုတဲ့ သဘောတရားကို ထည့်စဉ်းစား စရာမလိုပါဘူး။ မကောင်းမူ ကျူးလွန်ရင် ဒီလူက မကောင်းမူ ကျူးလွန်တဲ့ သူပဲပေါ့။ ဒီလူက ဘာ ဘာသာလဲဆိုတာကို နောက်ထပ်မေးခွန်း တစ်ခုဆီရောက်သွားတဲ့ အခါကြတော့ မလိုလားအပ်တဲ့ ဒီဘာသာက ကျူးလွန်တယ် ဆိုတာ မျိုးထိ ရောက်သွားတယ်။ဒီဘာသာတွေက အမှန်တော့ ကျူးလွန်နေတာ မဟုတ်ဘူး။ အဲဒီ လူတွေက ကျူးလွန်နေတာပါ။ အမုန်းတရားကိုလည်း အမုန်းနဲ့ ပြန်တုံ့ပြန်မယ် ဆိုရင် ဒီအမုန်း သံသရာကြီး ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။
 
သေချာ လေ့လာပါ ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို ဦးစားပေးတဲ့ သာသနာဖြစ်တယ်။အမျိုး ဘာသာ သာသနာကို တကယ် ချစ်မြတ်နိုးတယ် ဆိုရင် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ အနိမ့်ဆုံး ငါးပါး သီလကို လုံ့အောင် ထိန်းကြပါ။ ပါဏာတိ ပါတာကံ ဆိုတာ ဘယ်လို အကြောင်းပြချက်မျိုးနဲ့ မဆို ကျူးလွန် ကျူးလွန် ပါဏာတိ ပါတာကံထိုက်တာပါပဲ။ ချွင်းချက် ဆိုတာ မရှိပါဘူး။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မယ် ဆိုတဲ့ စိတ်နဲ့ လူသတ်လည်း အဲဒီလူက လူ့သတ်သမားပဲ။ အဲဒါ မျိုးတွေ မလုပ်ပါနဲ့။
 
လူငယ်တွေ အနေနဲ့ ဗုဒ္ဓဘာသာကို မိရိုးဖလာ ကိုးကွယ် ယုံကြည်တာမျိုး မဟုတ်ဘဲ ဘာသာရေးရဲ့ တကယ့် အနှစ်သာရကို လေ့လာစေချင်တယ်။လေ့လာပြီး နှလုံးသွင်းနိုင်မယ် ဆိုရင် ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်ပါ။တကယ့် ဗုဒ္ဓဘာသာ အစစ်တစ်ယောက်ဆိုရင် အဲလို အကြမ်းဖက်မူတွေကို ဘယ်တော့မှ မကျူးလွန်ဘူး ”ဟု M-Media သို့ပြောကြားခဲ့သည်။
 
တက်ရောက် လာသူများထဲက ဒေါပုံမြို့နယ်တွင် နေထိုင်သူ ကိုသက်ပိုင် မှ“ကျွန်တော်တို့ ဗုဒ္ဒဘာသာကပဲ မေတ္တာတရားကို ပြောထားတာ မဟုတ်ပါဘူး၊ ဘာသာတရားတိုင်းက မေတ္တာတရားကို ညွှန်ပြထားတာပါ။ အခုလို မဖြစ်သင့်တာတွေ ဖြစ်ပွားခဲ့တာကြောင့် လူမူရေးရော၊ စီးပွားရေးရော အကုန်လုံး ထိခိုက်တဲ့ အတွက် ၀မ်းနည်းကြေကွဲ ရပါတယ်။ကျွန်တော်နေတဲ့ ရပ်ကွက်မှာ ဆိုရင် အစ္စလာမ်ဘာသာဝင် အများစု နေထိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ရပ်ကွက်တည်း အတူနေကြတယ်၊ စာသင်ကျောင်း တစ်ကျောင်းထဲမှာ အတူစာသင်ခဲ့ကြတယ် ဆိုတော့ ညီအကိုလို ဖြစ်နေကြပါတယ်။ကျွန်တော်တို့ ရပ်ကွက်ထဲကိုလည်း ဒီအကြမ်းဖက်တွေ ၀င်မလာနိုင်အောင် ဘာသာပေါင်းစုံ လူငယ်တွေ တိုင်တိုင်ပင်ပင်ကြိုးစား နေကြရပါတယ်။ ဒီအကြမ်းဖက်မူတွေကြောင့် လတ်တလော ဘာဆိုကျိုးတွေ ရသလဲဆိုရင် ဈေးဆိုင်တွေ၊ ညဘက် တက္ကဆီမောင်းပြီး ၀မ်းဆာရှာရသူတွေ အတွက် သူတို့ရဲ့ စီးပွားရေးတွေ ထိခိုက်မူတွေ ရှိတဲ့ အတွက် စိတ်ထဲ မကောင်းဘူး” ဟု M-Media သို့ပြောကြားခဲ့သည်။
 
M-Media

ဆူပူ အကြမ်းဖက်မှုများတွင် အစိုးရပိုင်း ပါဝင်ပတ်သက်နေဟု UN ပြော

ဆူပူ အကြမ်းဖက်မှုများတွင် အစိုးရပိုင်း ပါဝင်ပတ်သက်နေဟု UN ပြော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများတွင် မြန်မာအစိုးရပိုင်းမှ ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂက ပြောဆိုသည်ဟု AFP သတင်းတရပ်၌ ဖော်ပြထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟင် ကန်တားနားက မကြာသေးခင်က မြန်မာနိုင်ငံတွင်း၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် မြန်မာအစိုးရ၏ ပါဝင်ပတ်သက်မှုများ ရှိခဲ့ကြောင်း၊ လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ဗလီနှင့် အဆောက်အဦး ဖျက်ဆီးမှု များတွင် အစိုးရ လုံခြုံရေး အဖွဲ့အစည်းများ၏ တာဝန်ယူ စောင့်ရှောက်ပေးမှု အားနည်းခဲ့ကြောင်း၊ ၎င်းအပြင် စနစ်တကျ စုစည်းထားသည့် ဖျက်ဆီးရေးအဖွဲ့များလည်း ပါဝင်ပတ်သက်နေကြောင်း အထောက်အထားများ ရရှိထားသည်ဟု ဆိုသည်။ ယင်း ဆူပူအကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူပေါင်း ၁၂၀၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။  

 ကိုမိုးသီးဇွန

သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာရေးခေါင်းဆောင်အချို့ ထောက်ပြ

   

ရန်ကုန်(မဇ္ဈိမ)။ ။ မတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည့် သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသည့် တရားဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည့် တိုက်တွန်းချက်နှင့် ပတ်သတ်ပြီး လက်အောက်ခံ အဖွဲ့အစည်းများက လိုက်လံ လုပ်ဆောင်ရန် လိုကြောင်း ဘာသာရေးခေါင်းဆောင် အချို့က ထောက်ပြခဲ့သည်။

အစ္စလာမ် သာသနာရေးကောင်စီ ဥက္ကဌ ဦးညွှန့်မောင်သျှိန်က “သမ္မတကြီး ပြောတဲ့အတိုင်းလိုက်ပြီး အောက်က အဖွဲ့အစည်းတွေက လိုက်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ သမ္မတကြီး အမိန့်ရှိတဲ့ အတိုင်းကို အောက်က လိုက်လုပ်မယ်ဆိုရင် အဓိကရုဏ်း အတွက်ဘာမှ စိုးရိမ်စရာမရှိပါဘူး ” ဟု ဆိုသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော အဓိကရုဏ်းများအား ရပ်တန့်ကာ ငြိမ်းချမ်းရေးကို အမြန်လိုလားကြောင်း ဦးညွှန့်မောင်သျှိန်က ဆက်လက်ပြောခဲ့သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သမ္မတပြောဆိုသည့်အတိုင်း သတ္တိရှိရှိ ရဲရဲဝံ့ဝံ့လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပေး ပြောဆိုခဲ့သည်။

အဓိကရုဏ်းဖြစ်စဉ်များတွင် ရဲဝန်ထမ်းများသည် အထက်မှ အမိန့် ညွှန်ကြားချက်အား စောင့်ဆိုင်းမှုများ ရှိနေခြင်းကြောင့် အချိန်မှီ တားဆီးမှု မပြုလုပ်နိုင်ခဲ့ကြောင်း ရွှေည၀ါဆရာတော်ကြီးက မိန့်သည်။

ဆရာတော်ကြီးက “ အထက်အမိန့် စောင့်ရင်းစောင့်ရင်းနဲ့ ရှေ့က ဖျက်ဆီးနေတာကို ရပ်ကြည့်နေတော့ ဘုန်းဘုန်းတို့က တွေးစရာဖြစ်လာတယ်လေ။ အချိန်မှီ တားဆီးရင် ဒီဟာကြီးက မကြီးထွားနိုင်ဘူး” ဟု မိန့်ကြားသည်။

အဓိကရုဏ်းများ မဖြစ်ပွားမီ ညှိနှိုင်းမှုနှင့် ထိန်းသိမ်းနိုင်ပါက အကြမ်းဖက် ဖမ်းဆီးမှုများ လုပ်စရာမလိုကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့မှ လုပ်ဆောင်နေခြင်းများတွင် နှင့်ပတ်သတ်၍ နှောင့်နှေးနေမှုအပေါ် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ အဲလ်ဟခ်ျ ဦးအေးလွင်က ဝေဖန်ထောက်ပြခဲ့သည်။

၎င်းက “တွေ့ရတယ်။ ဒေသဆိုင်ရာ အုပ်ချူပ်ရေးတွေလည်း လိုတယ်။ အဓိကရုဏ်းကို လုပ်ဆောင်တဲ့သူတွေ လာတယ်။ ဘယ်ကလာတယ်ဆိုတာ သူတို့သိနိုင်ပါတယ်။ အဲဒါကို တားဆီးမှု မရှိဘူး။ သွားရောက်ဆွေးနွေးမှု မရှိဘူး” ဟု ဆိုသည်။

ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် မိတ္ထီလာ အဓိကရုဏ်းမှ စတင်သော နောက်ဆက်တွဲ ပဋိပက္ခများဂယက်သည် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်း၊နတ္တလင်း၊ အုတ်ဖို၊ ကြို့ပင်ကောက် အစရှိသော မြို့များသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။

ထိုသို့ ပြန့်နှံ့ခဲ့ပြီးနောက်အစိုးရအနေနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးသည့် လုပ်ရပ်မှန်သမျှကို လက်သင့်ခံမည် မဟုတ်ပဲ လိုအပ်လျှင် မြို့ပြအင်အားသုံး၍ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း သမ္မတမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
မဇ္ဈိမ  သတင်း   

Friday, March 29, 2013

လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ၈၈မျိုးဆက်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

 
လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ၈၈မျိုးဆက်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
-----------------------------------------------------
လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍  ယနေ့ မတ်လ၊ ၂၈ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် သဘောထားကို ဂျင်မီက ရှင်းလင်းပြောဆိုသွားပြီး တက်ရောက်လာသော သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဖြေကြားသွားခဲ့ကြသည်။ 
”သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုကို လက်မခံနိုင်ဘူးဆိုရင် အခုလိုမဖြစ်အောင် ဘယ်လိုတားဆီးကြမလဲ” ဆိုသည့် ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းချက်ကို မင်းကိုနိုင်က ဖြေကြားရာတွင် “ ဒေသခံတို့၏ ညီညွတ်မှုက အရေးကြီးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသတွင်း သြဇာကြီးမားသည့် ရဟန်းရှင်လူများ စုပေါင်းညီညွတ်လျှင် ယခုလိုအကြမ်းဖက်မှုမျိုးကို ကြိုတင်တားဆီးနိုင်ကြောင်း၊ ပြည်မြို့သည် ယမန်နေ့က ထိုညီညွတ်မှုမျိုးဖြင့် တားဆီးသွားနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။
DVB သတင်းဌာနမှ  “ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ဘာသာရေးအဓိကရုဏ်းလို့ သတ်မှတ်ပါသလား၊ အကြမ်းဖက်မှုလို့ သတ်မှတ်ပါသလား။ ပြည်ထဲရေးဌာနရဲ့ အားနည်းချက်ကြောင့် ပိုမိုကျယ်ပြန့်ခဲရသည်ဟု ဆိုချင်ပါသလား”ဟု မေးမြန်းရာတွင် ကိုကိုကြီးက ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ရာဇ၀တ်မှု၊ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်တွင် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း ဖြေကြားသွားခဲ့ပြီး သတင်းဖော်ပြပုံများကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖော်ပြနိုင်အောင် ကြိုးစားပေးစေလိုကြောင်းလဲ ပြောကြားခဲ့ပါသည်။
သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို  ဖြေကြားအပြီးတွင် အခင်းဖြစ်ပွားခဲ့သည့်နေရာများသို့ ၈၈မျိုးဆက်မှ သွားရောက်ကူညီပေးနေမှုများကို ရှင်းလင်းပြောပြခဲ့ကြသည်။
 
 ------------------------------
----------------------- လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ယနေ့ မတ်လ၊ ၂၈ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် သဘောထားကို ဂျင်မီက ရှင်းလင်းပြောဆိုသွားပြီး တက်ရောက်လာသော သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဖြေကြားသွားခဲ့ကြသည်။
”သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုကို လက်မခံနိုင်ဘူးဆိုရင် အခုလိုမဖြစ်အောင် ဘယ်လိုတားဆီးကြမလဲ” ဆိုသည့် ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းချက်ကို မင်းကိုနိုင်က ဖြေကြားရာတွင် “ ဒေသခံတို့၏ ညီညွတ်မှုက အရေးကြီးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသတွင်း သြဇာကြီးမားသည့် ရဟန်းရှင်လူများ စုပေါင်းညီညွတ်လျှင် ယခုလိုအကြမ်းဖက်မှုမျိုးကို ကြိုတင်တားဆီးနိုင်ကြောင်း၊ ပြည်မြို့သည် ယမန်နေ့က ထိုညီညွတ်မှုမျိုးဖြင့် တားဆီးသွားနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။
 
DVB သတင်းဌာနမှ “ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ဘာသာရေးအဓိကရုဏ်းလို့ သတ်မှတ်ပါသလား၊ အကြမ်းဖက်မှုလို့ သတ်မှတ်ပါသလား။ ပြည်ထဲရေးဌာနရဲ့ အားနည်းချက်ကြောင့် ပိုမိုကျယ်ပြန့်ခဲရသည်ဟု ဆိုချင်ပါသလား”ဟု မေးမြန်းရာတွင် ကိုကိုကြီးက ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ရာဇ၀တ်မှု၊ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်တွင် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း ဖြေကြားသွားခဲ့ပြီး သတင်းဖော်ပြပုံများကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖော်ပြနိုင်အောင် ကြိုးစားပေးစေလိုကြောင်းလဲ ပြောကြားခဲ့ပါသည်။
 
သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို ဖြေကြားအပြီးတွင် အခင်းဖြစ်ပွားခဲ့သည့်နေရာများသို့ ၈၈မျိုးဆက်မှ သွားရောက်ကူညီပေးနေမှုများကို ရှင်းလင်းပြောပြခဲ့ကြသည်။

ကိုမိုးသီး  blogspot.com/

အကြမ်းဖက်မှုမှာ အသက်မသေပဲလွတ်မြောက်လာသူတဦးအကြောင်း

 
"အဘရေပြေးပြေးလို. အိမ်နီးချင်းကုလားတွေက ကျနော်.ကိုပြောလို. သူတို.ဆွဲထုတ်လို. နို.မို.ဆိုကျနော်သေပြီ" လို. အသက် ၇၁ နှစ်အရွယ်အငြိမ်းစားရဲဝန်ထမ်းကြီး ဦးကျော်အုန်းက ကျနော.ကိုပြောပါတယ်။ သူကမွတ်စလင်တွေအများစုနေထိုင်တဲ. မီတ္ထီလာရပ်ကွက်တစ်ခုမှာနေတာပါ။ အရေးအခင်းစဖြစ်တော. ရပ်ကွက်ထဲမှာနေတဲ. ဗုဒ္ခဘာသာတွေ ထွက်ပြေးကြပါပြီ၊ သူကတော.မပြေးပါ။ အငြိမ်းစားရဲဝန်ထမ်းမို.နိုင်ငံတော်ကတော. ဒီလောက်ဆိုးဆိုးရွားရွားကြီးဖြစ်လာရင် ဒီအတိုင်းကြည်.မနေပါဘူးဆိုတဲ.အသိနဲ.မပြေးတာပါ။ သူဦးဆောင်ပြီး မွတ်စလင်နဲ. ဗုဒ္ခဘာသာလူငယ်တွေပူးပေါင်းပြီး လုံခြုံရေးကင်းဖွဲ.ပြီးရပ်ကွက်ကိုကာကွယ်ခဲ.ပါတယ်။ သတ်မယ်. ဖြတ်မယ်.လူအုပ်ကြီးက ထောင်နဲ.ချီပြီး ချီတက်လာပြီဆိုတော. ဦးကျော်အုန်းကို မွတ်စလင်လူငယ်တွေက အဘရေပြေးပြေးဆိုပြီးပြောတာတောင် ဂျစ်ကန်ကန်လုပ်နေလို. ဆွဲထုတ်ခဲ.ရပါတယ်။ သူနေထိုင်တဲ. ရပ်ကွက်ကြီး တစ်ခုလုံးခုတော.ပြာအတိဖြစ်သွားပါတယ်။ သူလဲဒုက္ခသည်ဘ၀ကိုရောက်သွားပါပြီ၊ ၄၁ နှစ်တိတိရဲဝန်ထမ်းလုပ်ခဲ.တဲ.အတွေ.အကြုံကြောင်.ရခဲ.တဲ. နိုင်ငံတော်က အပြစ်မဲ.ပြည်သူတွေကိုကာကွယ်ပေးတယ်ဆိုတဲ.အသိလည်း သူ.မှာမရှိတော.ဘူးလို.ဆိုပါတယ်။ မွတ်စလင်တွေနဲ.အတူပြန်နေရမယ်ဆို နေရဲသေးလားလို.မေးတော. ဘာဖြစ်လို.မနေရဲရမှာလဲလို.ကျနော်.ကိုပြောပါတယ်။

ခုတော. ဦးကျော်အုန်းတစ်ယောက် ဗုဒ္ဓဘာသာဒုက္ခသည် ၅၀၀ လောက်နဲ. ဘုန်းကြီးကျောင်းတစ်ခုမှာနေနေပါတယ်။
 
"အဘရေပြေးပြေးလို. အိမ်နီးချင်းကုလားတွေက ကျနော်.ကိုပြောလို. သူတို.ဆွဲထုတ်လို. နို.မို.ဆိုကျနော်သေပြီ" လို. အသက် ၇၁ နှစ်အရွယ်အငြိမ်းစားရဲဝန်ထမ်းကြီး ဦးကျော်အုန်းက ကျနော.ကိုပြောပါတယ်။ သူကမွတ်စလင်တွေအများစုနေထိုင်တဲ. မီတ္ထီလာရပ်ကွက်တစ်ခုမှာနေတာပါ။ အရေးအခင်းစဖြစ်တော. ရပ်ကွက်ထဲမှာနေတဲ. ဗုဒ္ခဘာသာတွေ ထွက်ပြေးကြပါပြီ၊ သူကတော.မပြေးပါ။ 
 
အငြိမ်းစားရဲဝန်ထမ်းမို.နိုင်ငံတော်ကတော. ဒီလောက်ဆိုးဆိုးရွားရွားကြီးဖြစ်လာရင် ဒီအတိုင်းကြည်.မနေပါဘူးဆိုတဲ.အသိနဲ.မပြေးတာပါ။ သူဦးဆောင်ပြီး မွတ်စလင်နဲ. ဗုဒ္ခဘာသာလူငယ်တွေပူးပေါင်းပြီး လုံခြုံရေးကင်းဖွဲ.ပြီးရပ်ကွက်ကိုကာကွယ်ခဲ.ပါတယ်။ သတ်မယ်. ဖြတ်မယ်.လူအုပ်ကြီးက ထောင်နဲ.ချီပြီး ချီတက်လာပြီဆိုတော. ဦးကျော်အုန်းကို မွတ်စလင်လူငယ်တွေက အဘရေပြေးပြေးဆိုပြီးပြောတာတောင် ဂျစ်ကန်ကန်လုပ်နေလို. ဆွဲထုတ်ခဲ.ရပါတယ်။ သူနေထိုင်တဲ. ရပ်ကွက်ကြီး တစ်ခုလုံးခုတော.ပြာအတိဖြစ်သွားပါတယ်။ သူလဲဒုက္ခသည်ဘ၀ကိုရောက်သွားပါပြီ၊ ၄၁ နှစ်တိတိရဲဝန်ထမ်းလုပ်ခဲ.တဲ.အတွေ.အကြုံကြောင်.ရခဲ.တဲ. နိုင်ငံတော်က အပြစ်မဲ.ပြည်သူတွေကိုကာကွယ်ပေးတယ်ဆိုတဲ.အသိလည်း သူ.မှာမရှိတော.ဘူးလို.ဆိုပါတယ်။ မွတ်စလင်တွေနဲ.အတူပြန်နေရမယ်ဆို နေရဲသေးလားလို.မေးတော. ဘာဖြစ်လို.မနေရဲရမှာလဲလို.ကျနော်.ကိုပြောပါတယ်။

ခုတော. ဦးကျော်အုန်းတစ်ယောက် ဗုဒ္ဓဘာသာဒုက္ခသည် ၅၀၀ လောက်နဲ. ဘုန်းကြီးကျောင်းတစ်ခုမှာနေနေပါတယ်။

အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့

 မတ်လ ၂၈၊ ၂၀၁၃
 သတင်း- ၀ါးပင်လေး
 
ယနေ့ ည(၁၁)နာရီ ၁၀မိနစ် အချိန်တွင် ပဲခူးတိုင်း ၊ မင်းလှမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို ဒေသခံ သံဃာလေးပါး နှင့် ဗုဒ္ဓဘာသာဝင် တချို့တို့မှ ကယ်ထုတ်လာ၍ ရန်ကုန်မြို့ ရှိ ဗလီဝတ်ကျောင်းတော် တခုသို့ လာရောက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရာ-“ အခုပဲ မင်းလှ ကနေ ကားနှစ်စီး ရှေ့ဆင့် နောက်ဆင့် ၀င်လာပါတယ်။ပထမ ကားမီနီဘက်စ် ကားအကြီးပေါ်မှာ ကလေးတွေရယ်၊ အမျိုးသမီးတွေရယ် အများစုပါလာတယ်။ဦးဇင်းတစ်ပါးက ဦဆောင် ခေါ်လာပေးတယ်။နောက် တစ်စီးမှာလည်း ကလေးတွေရယ် ၊မိန်းကလေးတွေရယ် က အများစုပဲ အဲဒီ့ ကားထဲမှာတော့ ဦးဇင်း သုံးပါးရယ်၊ ဗုဒ္ဒဘာသာဝင် အမျိုးသမီး တစ်ယောက်ရယ် က လိုက်ပို့ပေးကြတာပါ။ကားမောင်းတဲ့ ဒါရိုက်ဘာ ဦးလေးကြီးတွေကလည်း ဗုဒ္ဓဘာသာဝင်တွေပါ” ဟု ဒုက္ခသည်များကို လက်ခံရာ ဗလီဝတ်ကျောင်းတော် အနီး နေထိုင်သူ ပြည်သူ တစ်ဦးမှ M-Media သို့ပြောသည်။
 
“ဟော ခုပဲ ဟိုင်းလက် ကားတစ်စီး ထပ်ဝင်လာပါတယ်။အယောက် (၃၀) နီးပါး ပါလာတယ်။ကားပေါ်မှာလည်း ထမင်းထုတ်လေးတွေ ချိတ်ထားတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးမှ M-Media သို့ပြောကြားသည်။
M-Media    သတင်း

မြိတ်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် ဘာသာရေးအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်မည်။

မတ်လ ၂၇ ၊ ၂၀၁၃

1
မြိတ်မြိုတွင် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြင့် အားလုံးလက်တွဲ ဆောင်ရွက်သွားကြရန် မြိတ်မြိုနယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အစ္စလာမ်ဘာသာရေး ဆရာများ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊၈၈မျိုးဆက် ကျောင်းသားများနှင့်၂၇.၃.၂၀၁၃ ရက်နေ နေလည် ၁နာရီခွဲ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
 
အဆိုပါတွေ့ဆုံပွဲအား မြိတ်မြိုပုလဲလမ်းရှိ အိုလမာအစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ရုံးခန်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လတ်တလောမြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်နေသော အခြေအနေများနှင့်မြိတ်မြိုပေါ်တွင် ဖြစ်ပေါ်နေသည့် ကောလဟာလများကို အတူ ယှဉ်တွဲကာ ငြိမ်းချမ်းစွာဖြင့် အားလုံးပူးပေါင်းဆောင်ရွက်သွားမည်ကိုဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အစ္စလာမ်ဘာသာရေးဆရာများ အပါအ၀င်၊မြိတ်မြို့ပေါ်မှ ဗလီဂေါပကများ၊ အိုလမာသာသနာ ပညာရှင်များအဖွဲ့၊အစ္စလာမ်သာသနာရေးရာကောင်စီ ၊မြန်မာမွတ်ဆလင်အမျိုးသားရေးရာအဖွဲ့ချုပ် ၊မြိတ်ခရိုင် ၈၈မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ရဲတပ်ဖွဲ့၊ စရဖ၊ရဲသတင်းတပ်ဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
 
မြိတ်မြို့တွင်ပြီးခဲ့တဲ့ ညက ဖြစ်ပေါ်ခဲ့သော ကောလဟာလသတင်းများကြောင့် မြို့နေလူထုများ အထိတ်တလန့်ဖြစ်ခဲ့ရပြီး ရပ်ကွက်အလိုက်နေရာတော်များများမှ စုရုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ် စိုးရိမ်သောကဖြစ်တာတွေ သံသယလွန်ကဲမှုတွင်ဖြစ်ခဲ့ပြီး NLD ပါတီဝင်များ၊၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ရပ်မိရပ်ဖလူကြီးတွေ အတော်လေးကို လိုက်လံရှင်းပြခဲ့ရပါတယ်။
 
လက်ရှိဖြစ်ပေါ်နေမှုများအပေါ် NLD ပါတီရဲ့ သဘောထားများကို မြို့နယ် အတွင်းရေးမှူး ကိုအောင်အောင်မိုး မှ ၄င်းတို့ အနေဖြင့် သက်ဆိုင်ရာပါတီ ရပ်ကျေးရုံးများနှင့် လက်လှမ်းသော ပါတီဝင်များအပေါ်လက်ရှိ ဖြစ်ပွားမှု များ ပါဝင်ပါတ်သက်မှု မပြုလုပ်ရန်၊တိကျသေချာတဲ့ သတင်းများအား စုစည်း ပြီး မြို့နယ်ရုံးနှင့် ဆက်သွယ်မှုပြုလုပ်ပြီးမှသာ ဆက်လက် ပါဝင်ကူညီပေးရန် နှင့် ညွန်ကြားချက်များအတိုင်းသာ ဆောင်ရွက်ပေးရန်ကို ဖုန်းအဆက်သွယ်ဖြင့် ပြောပြထားပြီး ဖြစ်ကြောင်း၊ လာမည့်နေ့တွင်လည်း ပါတီရဲ့ သဘောထားထုတ်များနှင့် ညွန်ကြားချက်များကို ဆက်လက်ထုတ်ဝေပြီး အဓိကရုဏ်းမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ အဖွဲ့အစည်း အသီးသီး ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့ FB စာမျက်နှာ သတင်းထုတ်ပြန်ချက်ဖြစ်သည်။
 
 M-Media  သတင်း

လှည့်ကွက်ထဲ မျောနေတဲ့ မြန်မာပြည်သူ

မတ်လ ၂၇ ၂၀၁၃
မင်းသိက္ခာ(ပြည်မြန်မာ)

wolf-sheep2
မြန်မာပြည်သူပြည်သား အထူးသဖြင့် ဗမာလူမျိုးရဲ့ ဓလေ့စရိုက်မှာ အားနာတတ်တယ်ဆိုတာရှိပါတယ်။ ဒါဟာ ဘယ်နိုင်ငံဘယ်လူမျိုးမှာမှ မရှိကြပါဘူး။ တကယ့်ကို ချစ်စရာကောင်းတဲ့ဓလေ့ပါ။ မြန်မာနိုင်ငံ နယ်ဖက် ကျေးလက်ဒေသမှာနေထိုင်တဲ့လူတွေဆိုရင် အားနာတတ်ရုံမျှမက ပွင့်လင်းစွာ စကားပြောဆိုတတ်ပြီး အင်မတန်ကိုရိုးသားကြတဲ့ တောသူတောင်သားတွေများပါတယ်။ ဘယ်လောက်ထိ ရိုးကြ အ ကြလဲဆိုရင် ဒီနေ့ခေတ်လို အချိန်ရောက်တဲ့အထိ လေမုန်တိုင်းတိုက်တာတောင် အိမ်ရှေ့ထွက်ပြီး ဓါးမနဲ့ခုတ်နေတဲ့ လူမျိုးတွေ အခုထက်ထိရှိနေတုန်းပါ။ ဒီလိုအားနာတတ်ပြီး ရိုးသားတဲ့တောသူတောင်သားတွေကို ယုတ်မာပက်စက်တဲ့ အုပ်စုတစ်စုနဲ့ ခရိုနီအချို့ဟာ သူတို့ရဲ့ လိုဘတွေအတွက် နည်းလမ်းပေါင်းစုံသုံးပြီး အရောင်ဆိုးခဲ့ပါတော့တယ်။
 
ဒီနေ့ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ဖြစ်စဉ်တွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စီးပွားရေးမှာ အုပ်စိုးခြယ်လှယ်နေခဲ့တဲ့ ခရိုနီတွေနဲ့ အာဏာရူးတချို့ဟာ သူတို့ရဲ့ အကျိုးစီးပွား အတွက် ဘာမဆို လုပ်ဆောင်နေတာကို ဝမ်းနည်းစွာတွေ့မြင်နေရပါတယ်။ ဒီလိုလုပ်နေခြင်းဆိုတာကို မသိဘဲ ရိုးသားတဲ့တောသူတောင်သားတွေဟာ သူတို့ရဲ့ လှည့်ကွက်ထဲမျောပါသွားပါတော့တယ်။
 
သူတို့တွေဟာ ဘယ်လောက်ထိရက်စက် ယုတ်မာကောက်ကျစ်လဲဆိုရင် သူတို့ရဲ့ လိုဘတွေကို အနှောက်အယှက်ဖြစ်လာမယ့် အချိန်တိုင်းမှာ ဘာသာရေး လူမျိုးရေး ပဋိပက္ခဖြစ်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြံဆောင်ခဲ့ကြပါတယ်။ လက်ရှိ 969 ဆိုတာဟာ အဲဒီလုပ်ရပ်တွေထဲက တစ်ခုပါပဲ။
 
969 လှိုင်းရိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ လက်ပံတောင်းတောင်ကိစ္စ၊ မလက်တို လယ်ယာမြေသိမ်းဆည်းရေး အရေးတော်ပုံတွေဟာ အလိုလိုမှေးမှိန် သွားတာကိုတွေ့ရပါလိမ့်မယ်။ ဆက်လက်ပြီးလည်း လုပ်ဆောင်နေတဲ့ အနေအထားတွေတွေ့နေရပါတယ်။ တချို့က နောက်ပြန်လှည့်မယ်တို့ အာဏာပြန်သိမ်းမယ်လို့ မှတ်ချက်တွေပြုကြတာ ကြားသိရပါတယ်။ ဒါလည်း ဖြစ်နိုင်ချေရှိတဲ့ မှတ်ချက်တစ်ခုပါ။ သို့ပေမဲ့ သေချာတာကတော့ အားလုံးနီးပါး သူတို့တွေရဲ့ လှည့်ကွက်တွေထဲမှာ နစ်မျောနေကြပြီဆိုတာပါပဲ။
 
လက်ရှိအစိုးရဟာ တစ်ချိန်က စီးပွားရေးအင်အားကြီးတဲ့ အာဏာရှိခဲ့တဲ့ လူတွေနဲ့ ခရိုနီတစ်စုကို လှန်နိုင်တဲ့အနေအထားမရှိပါဘူး။ ခရိုနီတွေပါတာ ဘယ်လောက်ထိ သိသာလဲဆိုရင် ဒီရက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့တဲ့ ကြို့ပင်ကောက်မြို့ရှိ မွတ်စလင်မ်တွေရဲ့ ဗလီ၊ စာသင်ကျောင်းနဲ့ အိုးအိမ်တွေကို ဖျက်ဆီးတဲ့နေရာမှာ ဘူဒိုဇာပါ အသုံးပြုလာတယ်လို့ သိရပါတယ်။ မြန်မာပြည်က သာမန်လုပ်ငန်းရှင် ဘယ်သူ့ဆီမှာမှ ဒီလို ဘူဒိုဇာမျိုး မရှိပါဘူး။ ဒါမျိုးတွေဟာ လုပ်ငန်းစီမံကိန်းတွေ အကြီးကြီးတွေလုပ်တဲ့ ခရိုနီတွေရဲ့လက်ထဲမှာပဲရှိပါတယ်။ အဖျက်ဆီးခံရတဲ့ မြို့တွေမှာရှိတဲ့ မြို့ခံသိက္ခာတော်ရ ဆရာတော်တွေနဲ့ အာဏာပိုင်တွေဟာ မီးမရှို့ဖို့နဲ့ လူမသတ်ဖို့လောက်ပဲ တားဆီးနိုင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကို မတားဆီးနိုင်တာကိုကြည့်ရင် နောက်ကွယ်က အမိန့်ပေးခိုင်းစေနေတဲ့ အင်အားစုဟာ အစိုးရကိုပါ အာဏာသက်ရောက်တယ်လို့ မှတ်ချက်ပြုလို့ရပါတယ်။ ဒီယုတ်မာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်တွေရဲ့နောက်ကွယ်က အုပ်စုတွေဟာ ဘာကိုမှ ဂရုမစိုက်ပါဘူး။
 
လက်ပံတောင်းတောင်ကိစ္စမှာ အကြမ်းဖက်မှုမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော်တွေကို အချိန်မဆိုင်းဘဲ မီးလောင်ဗုံးပစ်သွင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ အခုမိတ္ထီလာကိစ္စမှာ ဘာမှထိထိရောက်ရောက်အရေးယူမှုမရှိဘဲ တစ်မြို့ပြီးတစ်မြို့အကြမ်းဖက်ခံနေတာကိုကြည့်ရင် သူတို့အကျိုးစီးပွားအတွက်သက်သက် လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဘာသာရေးပဋိပက္ခလို့ဆိုရလောက်အောင်လည်း ဘယ်မြို့ခံအချင်းချင်းမှ ဒုက္ခမပေးကြသလို ဒုက္ခရောက်နေတဲ့ မွတ်စလင်မ်တွေကို ကယ်ယူစောင့်ရှောက်နေတာကိုလည်း ကြားသိနေရပါတယ်။ ဒါဟာ အင်မတန်မွန်မြတ်ပြီး သဒ္ဓါတရားပြည့်ဝတဲ့ ငြိမ်းချမ်းရေးဝါဒီ ဗုဒ္ဓဘာသာဝင်အစစ်တွေရဲ့ လုပ်ရပ်တွေလို့လည်းဆိုချင်ပါတယ်။ ဒီအကြမ်းဖက်တွေရဲ့ ဘာသာရေးပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဟာ
(၁) မြစ်ဆုံကို မေ့လျော့သွားစေပါတယ်။
(၂) လက်ပံတောင်းတောင်ကိစ္စရဲ့ တင်းအားတွေ လျော့ပါးသွားစေပါတယ်။
(၃)ဒီမိုကရေစီရေးလမ်းကြောင်းဆိုတာ ပြောစမှတ်ပြုရမလိုလိုဖြစ်နေပြီး
(၄) မလက်တိုအရေးအခင်းပါ ကွယ်ပျောက်သလိုဖြစ်နေပြီ ဆိုတာကို သတိပေးပါရစေဗျာ။
 
အထက်ကသုံးသပ်ပြခဲ့တဲ့အချက်အလက်တွေကို သေချာလေ့လာပြီး စဉ်းစားသုံးသပ်နိုင်ကြဖို့လည်းတိုက်တွန်းလိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ လှည့်ကွက်ထဲမှာ နစ်မျောပြီး ပြည်သူက ၉၆၉ ထိုင်လုပ်နေ၊ အစိုးရက အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင် ခွင့်ပြုနေဆိုရင်တော့ မကြာခင် ချောက်ကမ်းပါးထဲ လက်တစ်လုံးအလိုကို ကျတော့မယ့် မြန်မာနိုင်ငံကို ကယ်တင်မယ့်သူတွေ အသင့်စောင့်နေပြီလို့ ကိုမင်းကိုနိုင်(၈၈) ရဲ့စကားလေးနဲ့ သတိပေးလိုက်ရကြောင်းပါခင်ဗျာ။
ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
 

အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ ချီတက်လာနေ

 
မတ်လ ၂၈၊ ၂၀၁၃

အေးမောင်
In Ma, Bago Region, Myanmar
ပဲခူး ။ ။ ပဲခူးတိုင်း သဲကုန်းတိုက်နယ် အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့၍ ချီတက်လာနေကြာင်း သတင်းရရှိသည်။
 
အင်းမမြို့ရှိ ဗလီအား လွန်ခဲ့သောရက်က ဖျက်ဆီးရန်ပြုခဲ့ပြီး ယနေ့ညတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဆက်လက်ဖျက်ဆီးရန်အတွက် အင်းမအနီးရှိ ဘုရားကြီးကုန်းရွာနှင့် ပျားစည်ရွာတို့မှ အကြမ်းဖက်သမားများစုပေါင်း၍ လူ-၁၅၀ ခန့် ချီတက်လာကြောင်းကို အခြားရွာမှနေ၍ အင်းမမြို့သို့ သတိပေးပြောဆိုသောကြောင့် အင်းမမြို့ရှိ မွတ်စလင်မ်များ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသောကြောင်း အင်းမမှ M-Media သို့ လွန်ခဲ့သော ၁၅-မိနစ်ခန့်တွင် ပြောကြားလာပါတယ်။
 
အင်းမ နောက်ဆက်တွဲသတင်း -
ရေကျော်ရွာအကျော် အင်းမအနီးရှိ နွားပွဲဈေးမှ မွတ်စလင်မ်ပိုင် ကြက်ခြံတစ်ခုအား လွန်ခဲ့သော ၄၅-မိနစ်ခန့်က ၀င်ရောက်ဖျက်ဆီးနေကြောင်း၊ အင်းမအနီးတွင် လုံခြုံရေးချထားသော စစ်တပ်ကို လွန်ခဲ့သော နာရီဝက်ခန့်က အကြောင်းကြားစဉ် တပ်မမှူးရောက်နေ၍ ခဏကြာလျှင် လာခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများသည် ယခုအခါ ကြက်ခြံအား တချို့တ၀က်ဖျက်ဆီး၍၊ မီးလုံးများလည်း ရိုက်ခွဲသွားကြောင်း၊ ယခုအချိန်ထိ စစ်တပ်မှ မရောက်ရှိလာသေးကြောင်း သိရသည်။
 
M-Media   သတင်း

ဗလီများကို ဖျက်ဆီး ပြီးသည့်မြို့များ

ဗလီများကို ဖျက်ဆီး ပြီးသည့်မြို့များ


မိထ္ထီလာ
ရမည်းသင်း
မင်းလှ
အုတ်ဖို
နက်တလင်း
သဲကုန်း
စစ်ကွင်း
ဇီးကုန်း
ကြို့ပင်ကောက်
ပေါင်းတည်
မိုးညှိ
ပုတီးကုန်း




မဖြစ်သေးသောလဲ အကြမ်းဖက်ရန် ကြိုးပန်းမှုများရှိနေသောမြို့များ

လက်ပံတန်း...........
သာယာဝတီ...........
သုံးဆယ်...............
တိုက်ကြီး..............
မှော်ဘီ.................
ထောက်ကြံ............
ရန်ကုန်.................


 

ကိုမိုးသီး

ဝီရသူ ရဲ့  ၉ ၆၉ အဖွဲ့ ကို တန်ပြန်လှုပ်ရှားလာတဲ့ ငြိမ်းချမ်းရေး အင်အားစုများ

 

Thursday, 28 March 2013

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း၊ ဆရာမသန်းမြင့်အောင် ဒါရိုက်တာကြည်ဖြူသျှင်၊ ကျောင်းသားအဖွဲ့အချို့နှင့် စာရေးဆရာများပါဝင်သောအဖွဲ့သည့် ယနေ့မွန်းလွဲပိုင်းတွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော ကြို့ပင်ကောက်မြို့သို့ ရောက်ရှိကာ နေအိမ်ဖျက်ဆီးခံခဲ့ရသည့် အစ္စလမ်ဘာသာဝင်များသို့သွားရောက်ကာတွေ့ဆုံ အားပေးစကားပြောကြားလျက်ရှိပြီး ပြည်ခရိုင်အတွင်းရှိအခြားမြို့နယ်များသို့လည်း ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်
ဖြူဖြူသင်း၊ ဆရာမသန်းမြင့်အောင် ဒါရိုက်တာကြည်ဖြူသျှင်၊ ကျောင်းသားအဖွဲ့အချို့နှင့် စာရေးဆရာများပါဝင်သောအဖွဲ့သည့် ယနေ့မွန်းလွဲပိုင်းတွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော ကြို့ပင်ကောက်မြို့သို့ ရောက်ရှိကာ နေအိမ်ဖျက်ဆီးခံခဲ့ရသည့် အစ္စလမ်ဘာသာဝင်များသို့သွားရောက်ကာတွေ့ဆုံ အားပေးစကားပြောကြားလျက်ရှိပြီး ပြည်ခရိုင်အတွင်းရှိအခြားမြို့နယ်များသို့လည်း ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
 
komoethee

ဘာသာရေးမီးတောက်ကြီးထဲက သူငယ်ချင်းနှစ်ဦး

 Wednesday, 27 March 2013
ဒီပုံကတော. မိတ္ထီလာဒုက္ခသည်စခန်းရောက်နေတဲ. (ညာဖက်) သူငယ်ချင်းဖြစ်သူ ကိုအစ္စရမ် (ခေါ်) ကိုသန်းဝင်းကို တစ်မြို.တည်းနေ ဗုဒ္ဓ္ဓဘာသာမြန်မာလူမျိုးကိုသန်.ဇော်ဝင်းက ဒုက္ခသည်စခန်းနားမှာလာတွေ.တာပါ။ ကိုသန်းဇော်ဝင်းက သူ.သူငယ်ချင်းအတွက် ရေသန်.ဘူးတွေရယ်၊ မုန်.တွေရယ်လာပေးတာပါ။ 

သူတို. ၂ ယောက်လုံးရဲ.အိမ်တွေမီးရှီု.ခံလိုက်ရတာပါ။ ကိုသန်းဇော်ဝင်းက မြို.ထဲမှာမီးတင်ရှို.ခံရတဲ.ပါကစ္စတန်ဂျာမာဗလီဘေးနားမှာ ကားတာရာဆိုင်ရှိပါတယ်၊ ဒီဆိုင်ဟာသူ.ရဲ.အိမ်လည်းဖြစ်ပါတယ်။ ဗလီမီးရှို.ခံရတဲ.ညမှာဘဲ ဒေါသထွက်နေတဲ. မွတ်စလင်တစ်ချို.ကသူ.ဆိုင်ကိုလာရှို.သွားတာလို.ဆိုပါတယ။ ဒါပေမဲ. သူ.ငယ်ချင်းမွတ်စလင်ဘောလုံးကွင်းဒုက္ခသည် စခန်းမှာ ဘယ်လိုအခက်တွေ.နေမလဲ၊ သူ.လိုမျိုးမြို.ထဲဟိုဟိုဒီဒီထွက်လို.မရတဲ. သူငယ်ချင်းဘာတွေလိုနေမလဲလို.သိချင်တာနဲ. မွတ်စလင်ဒုက္ခသည်စခန်းကိုလာတာပါ။

မွတ်စလင်သူငယ်ချင်းဖြစ်သူကလည်း ဗုဒ္ခဘာသာတွေကိုမုန်းတီးစိတ်မရှိတဲ.အကြောင်း၊ ဒီအရေးအခင်းဟာမထင်ထားဘဲဖြစ်လာတဲ. အကြောင်း ...မွတ်စလင်တွေအစုလိုက်အပြုံလိုက်မီးတင်ရှို.သတ်ခံရပေမယ.် သူဟာ ဗုဒ္ခဘာသာမြန်မာတွေနဲ. ဆက်လက်နေထိုင်လုပ်ကိုင်စားသောက်လိုကြောင်းဆိုပါတယ်။ ရခိုင်မှာလို ဒီလူတွေနဲ. ကျနော်တို.ပြန်နေထိုင်လို.မရတော.ဘူးလို.ပြောတဲ.သူနည်းပါတယ်။ ဒါကထူးခြားမှုတစ်ခုပါ။
ဒီပုံကတော. မိတ္ထီလာဒုက္ခသည်စခန်းရောက်နေတဲ. (ညာဖက်) သူငယ်ချင်းဖြစ်သူ ကိုအစ္စရမ် (ခေါ်) ကိုသန်းဝင်းကို တစ်မြို.တည်းနေ ဗုဒ္ဓ္ဓဘာသာမြန်မာလူမျိုးကိုသန်.
ဇော်ဝင်းက ဒုက္ခသည်စခန်းနားမှာလာတွေ.တာပါ။ ကိုသန်းဇော်ဝင်းက သူ.သူငယ်ချင်းအတွက် ရေသန်.ဘူးတွေရယ်၊ မုန်.တွေရယ်လာပေးတာပါ။

သူတို. ၂ ယောက်လုံးရဲ.အိမ်တွေမီးရှီု.ခံလိုက်ရတာပါ။ ကိုသန်းဇော်ဝင်းက မြို.ထဲမှာမီးတင်ရှို.ခံရတဲ.ပါကစ္စတန်ဂျာမာဗလီဘေးနားမှာ ကားတာရာဆိုင်ရှိပါတယ်၊ ဒီဆိုင်ဟာသူ.ရဲ.အိမ်လည်းဖြစ်ပါတယ်။ ဗလီမီးရှို.ခံရတဲ.ညမှာဘဲ ဒေါသထွက်နေတဲ. မွတ်စလင်တစ်ချို.ကသူ.ဆိုင်ကိုလာရှို.သွားတာလို.ဆိုပါတယ။ ဒါပေမဲ. သူ.ငယ်ချင်းမွတ်စလင်ဘောလုံးကွင်းဒုက္ခသည် စခန်းမှာ ဘယ်လိုအခက်တွေ.နေမလဲ၊ သူ.လိုမျိုးမြို.ထဲဟိုဟိုဒီဒီထွက်လို.မရတဲ. သူငယ်ချင်းဘာတွေလိုနေမလဲလို.သိချင်တာနဲ. မွတ်စလင်ဒုက္ခသည်စခန်းကိုလာတာပါ။

မွတ်စလင်သူငယ်ချင်းဖြစ်သူကလည်း ဗုဒ္ခဘာသာတွေကိုမုန်းတီးစိတ်မရှိတဲ.အကြောင်း၊ ဒီအရေးအခင်းဟာမထင်ထားဘဲဖြစ်လာတဲ. အကြောင်း ...မွတ်စလင်တွေအစုလိုက်အပြုံလိုက်မီးတင်ရှို.သတ်ခံရပေမယ.် သူဟာ ဗုဒ္ခဘာသာမြန်မာတွေနဲ. ဆက်လက်နေထိုင်လုပ်ကိုင်စားသောက်လိုကြောင်းဆိုပါတယ်။ ရခိုင်မှာလို ဒီလူတွေနဲ. ကျနော်တို.ပြန်နေထိုင်လို.မရတော.ဘူးလို.ပြောတဲ.သူနည်းပါတယ်။ ဒါကထူးခြားမှုတစ်ခုပါ။

 
ကိုမိုးသီးဇွန်

Thursday, March 28, 2013

မြန်မာမွတ်ဆလင်လူငယ်အသင်း (ပီနန်) မှ မြန်မာနိုင်ငံတ၀ှမ်းရှိ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေငြာချက်

(၁) ယခု ဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပေါ်လျက်ရှိသော မြန်မာမွတ်ဆလင် လူနည်းစုအပေါ် တစ်ဖက်သတ် သတ်ဖြတ်နှိပ်စက်ခြင်းသည် ဦးသိန်းစိန်အစိုးရတွင် လုံးဝတာဝန်ရှိသည်ပာု ယုံကြည်ပါသည်။
၎င်းအကြမ်းဖက်မှု ၏ နောက်ကွယ်တွင် ကြိုးကိုင်နေသော အကြမ်းဖက်သမားများအား အမြန်ဆုံးအရေးယူ ဖော်ဆောင်ပေးပါရန် တောင်းဆိုအပ်ပါသည်။
(၂) မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ လူနည်းစု မြန်မာမွတ်ဆလင်များအပေါ် ထပ်မံနှိပ်စက်ညှည်းပမ်းခြင်းမှ ကြိုတင်ကာကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးမှုရှိစေရန် နှင့် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းပေးရန် လက်ရှိအစိုရအား တောင်းဆိုအပ်ပါသည်။
(၃) ယခုကဲ့သို့ ဥပဒေမဲ့ မိတ္ထီလာမြို့နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် လူတစ်စုမှ မြန်မာမွတ်ဆလင်များအပေါ် တစ်ဖက်သတ်ဘာသာရေး လုပ်ကြံစွပ်စွဲပြောဆိုမှုများနှင့် မဟာလူမျိုးကြီးဝါဒ ကျင့်သုံးကာ သတ်ဖြတ်ညှည်းပမ်းနေမှုများကို အဝေးရောက် မြန်မာမွတ်ဆလင်လူငယ်များက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေငြာအပ်ပါသည်။
                                                                               မြန်မာမွတ်ဆလင်လူငယ်အသင်း (ပီနန်)

မိတ္ထီလာအရေးအခင်းအတွက် မြန်မာမွတ်ဆလင်များ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း

မိတ္ထီလာအရေးအခင်းနှင့် ပါတ်သတ်သည့် သတင်းဓါတ်ပုံများကို ကြည့်မိသည့်နောက်  စိတ်မကောင်းဖြစ်မိကာ သတင်းအသစ်မတင်ဖြစ်သည်မှာ သုံးလေးရက် ရှိခဲ့ပါပြီ။ ယခုတော့ မြန်မာမွတ်ဆလင်များစုပေါင်းကာ ကွာလာလမ်ပူမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် သတင်းဗွီဒီယို ဖိုင်လေးကို ဘလောက်ခ်လာ ပရိတ်သတ်များအတွက် မျှဝေလိုက်ရပါသည်။ သတင်းဗွီဒီယို ကို ကြည့်ရှုလိုပါက အထက်ပါ "Penang Myanmar Muslim Protest in KL" link ကို နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

Saturday, March 23, 2013

ဘာသာရေး/လူမျိုးရေး ညွှတ်ကွင်း၊ လောင်းရိပ် နှင့် ကျွန်ုပ်တို့၏မြန်မာပြည်

  စစ်အစိုးရကြောင့် လူတွေ ပညာမတတ်ဥာဏ်နည်းသွားတာလား ၊ ဥာဏ်နည်းသည့်လူတွေကြောင့် စစ် အစိုးရဖြစ်လာခဲ့တာလား မသိ – စဉ်းစားမိ၏၊
maketila
ယခု ရခိုင်နှင့် တစ်ထပ်တည်းတူသည့် အရေးအခင်းတစ်ခုကို ပြည်မကြီးထဲသို့ ဆွဲသွင်းလာခဲ့ပြီ။ မကြာခင် တစ်နိုင်ငံလုံး ပြန့်ပေဦးတော့မည်။ ယခု ခေါင်းစဉ်မှာ ရခိုင်တုန်းကလို ခိုးဝင်ဘင်္ဂါလီ တိုက်ထုတ်ရေး မဟုတ်။ မွစ်လင်မ်မှန်လျှင် ကုလား၊ ကုလားအားလုံးနှိမ်နှင်းရမည် ဟူ၏။ ဖြစ်ပေါ်လာမည့် ဆိုးကျိုးရလဒ်ကို တွက်ချက်ထားပုံ မပေါ်ကြ။ အရေးအခင်းနှစ်ခုလုံး plan နှင့် လှုပ်ရှားပုံတွေက အတူတူပင်။ သို့သော် အေးချမ်းစွာဆန္ဒပြသူများ၊ ရဟန်းသံဃာများကိုပင် စိတ်ရှိတိုင်း ပစ်သတ်လေ့ရှိသော စစ်တပ်ကြီးပင်လျှင် ယခုလို ခပ်ညံ့ညံ့စီမံခန့်ခွဲ၊ အကြမ်းဖက်စော်ကားမှုများကို နှိမ်နှင်းခြင်း၊ ကာကွယ်ခြင်း မလုပ်ပေးနိုင်ကြ။
 
ကျွန်တော်တို့တိုင်းပြည်တွင် အစိုးရ မရှိတော့(သို့) အရပ်သားအစိုးရအသုံးမကျ ဟု အသေအချာ အကွက်ချ Brain wash လုပ်နေပုံရသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံသားများ(လောလောဆယ်တော့ ၉၆၉ လို့အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့အသစ်က ကုလားဆန့်ကျင်ရေး၊ လူမျိုးတုန်း သတ်ဖြတ်ရေး ခေါင်းစဉ်နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား အစ္စလာမ်ဘာသာ သက်ဝင်သူများကို လိုက်လံသတ်ဖြတ်နေကြသည်။) သေကြေနေကြရသည်မှာ သနားစရာ။ သူတို့ အများစုသည် သူဆင်းရဲများဖြစ်သည်။ ၀ဋ်လည်ခြင်း၊ ကျိန်စာသင့်ခြင်းများက နောက်မှ … လတ်တစ်လောမှာတော့ တိုင်းပြည် စီးပွားရေးနှင့် နိုင်ငံရေး အတွက် ရင်းနှီးမြုပ်နှံမှု အကူအညီများ ရပ်တန့်သွားပေတော့မည်။
 
နိုင်ငံရေးပြဿနာ (သို့) ဘာသာရေးပြဿနာများနှင့် အမြဲပြဿနာတက်လုံးထွေးရစ်ပတ်နေတတ်သောနိုင်ငံ၌ မည်သူရင်းနှီးမြုပ်နှံချင်မည်နည်း။
အမြဲလိုလိုပင် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထက် စစ်တပ်မှနိုင်ငံရေး ကစားသူများမှာ အမြဲ နှာတစ်ဖျားသာနေတတ်သည်ကို ယခုကိစ္စများက သက်သေခံနေသည်။
 
ယခုတော့ ပညာတတ်များ၊ ပညာရှင်များ အလယ်အလတ် အတွေးအခေါ်ရှိသူများသည်ပင် သူတို့ ၏ထောင်ချောက်ထဲရောက်သွားပေပြီ။ ကျွန်တော့် သူငယ်ချင်းများပင်လျှင် ဟုတ်သော်ရှိမဟုတ်သော်ရှိ ကုလား မုန်းတီးရေး post များ၊ လုပ်ကြံ ဖန်တီးထားသော post များကို အရည်မရအဖတ်မရ Share ကြသည်။ အချင်းချင်း သတင်းပေးကြသည်။ သူငယ်ချင်းအရင်း ခေါက်ခေါက် မွတ်စ်လင်များကိုမြင်လျှင်ပင် မဆက်ဆံချင်သယောင် မျက်နှာပေးများနှင့်ကြည့်ကြသည်။ Facebook လို social network တွေကိုပင် သူတို့သိမ်းပိုက်ထားလိုက်ပြီ။ မြန်မာပြည်သူများကို သူတို့ လိုသလို ပုံသွင်းနိုင်နေပြီပညာတတ်လူငယ်များကို နောင်မျိုးဆက်ပေါင်းများစွာ ပြဿနာတွေ လက်ဆင့်ကမ်းနိုင်ဖို့ Brain Wash လုပ်ပေးနေကြပြီ။
 
ဒီကြားထဲ အရင်ထဲက ပြဿနာပေါင်းများစွာဖန်တီးပြီး တိုင်းပြည်အား ချောက်ထဲထိုးချပေးခဲ့သူတို့၏ မျိုးဆက်တွေကလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနှင့် တိုင်းပြည်ကို ချောက်ထဲ ပြန်လည်တွန်းချဖို့ နိုင်ငံရပ်ခြားမှပြန်ရောက်နေကြပြီး၊ အမျိုးသားရေးအတွက် ဘာသာရေး လှုံ့ဆော်မှုများအားဖြင့် အဓိကရုဏ်းတွေ ဖန်တီးပေးနေကြသည်။ ဘာသာတိုင်းတွင် ဆိုးသွမ်းသောလူများနှင့် အတွေးအမြင်များ ရှိတတ်ကြစမြဲ။ သို့သော် မကောင်းသည့်သူများကိုသာကွက်ကြည့်၍ ဘာသာတစ်ခုလုံးကို လက်ညှိုးထိုးပြီး စော်ကားပုတ်ခတ်ခြင်း၊ ထိုဘာသာဝင်များအား ကောင်းသူ၊ ဆိုးသူမခွဲခြားဘဲ အနိုင်ကျင့်စော်ကားရုံမက အသက်ကိုပါ လူမဆန်စွာ သတ်ဖြတ်ခြင်းများကို မည်သည့်ဘာသာတရားကမျှ ခွင့်ပြုမည်မဟုတ်ပါ။
 
သူတို့၏ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာအကြမ်းဖက်လှုပ်ရှားသူများအဖွဲ့တစ်ခု မြန်မာနိုင်ငံမှ ထွက်ပေါ်လာရေးအတွက် ဦးတည်နေပုံရသည်။ ယခင် စစ်တပ်ခေါင်းဆောင်ဟောင်းများ၊ ယခု အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားအသစ်များ နှင့် အချို့နိုင်ငံရေး အဖွဲ့အစည်းများမှ ဦးစီးဦးရွက်ပြုနေကြသည်မှာ ပေါ်လွင်နေသည်။ ဦးနေ၀င်းသမီး စန္ဒာဝင်း (ကြံ့ဖွတ်ဆရာ တစည၏မိခင်ကြီး) မှ ၉၆၉ ဘစ်ကားလိုင်း အသစ်ထောင်ကြောင်း ယနေ့မှာပင် post တစ်ခုဖတ်ရသည်။
 
နိုင်ငံရေးတိုက်ဆိုင်မှုများ၊ အခြေအနေတိုက်ဆိုင်မှုများကို ရိုးရိုးလေးစဉ်းစားလျှင်ပင် အဖြေပေါ်နိုင်သည်။ NLD ကြားဖြတ်ရွေးကောက်ပွဲ နိုင်သည်။ ကချင်စစ် ပြန်စသည်။ ဆိုင်းတောင်၊ ကံမ တွင် ဘာသာရေး အဓိကရုဏ်းဖြစ်ရန် ရန်စသည်။ ရခိုင်အရေးဖြစ်ပေါ်သည်။ ၄င်းနောက် လက်ပန်းတောင်းတောင်ကိစ္စ၊ ပြီးလျှင် ကချင်ကိစ္စ ထပ်ရှုပ်ပြန်သည်။ ကချင် အဆင်ပြေရန် ၀ိုင်းဝန်းကြိုးစားနေစဉ် (နှင့်) လက်ပန်းတောင်းတောင်ကိစ္စ လုံးပန်းနေချိန်အတွင်း ၉၆၉ ကို စံနစ်တကျလှုပ်ရှားသည်။ သာကေတတွင် ရန်သွားစသည်။ မရသည့်အဆုံး ယခုတော့ ပြည်တွင်း NLD အမတ်၏နယ်မြေ မိထ္ထီလာမှ ဘာသာရေးအဓိကရုဏ်း စဖန်တီးလာပြီ။ ဘာရယ်မသိ ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ၈၈ နောင်တော်များ၏ အသက်အန္တရာယ်အတွက် စိတ်ပူပန်နေမိသည်။ သမ္မတကြီးနှင့် နိုင်ငံ့အပြောင်းအလဲ
ဦးဆောင် ကြိုးစားနေသူများအတွက်လည်း ဘယ်အချိန် ထိုးကြွေးခံရလိမ့်မည်နည်း ဟု စိုးရိမ်ပူပန်မိနေသည်။ ရှားရှားပါးပါး ရရှိခဲ့သော ခေါင်းဆောင်ကောင်းများ မဆုံးရှုံးပါရစေနှင့်ဟုလည်း ဆုတောင်းနေမိသည်။ယခု ကိစ္စ ဖြစ်သည့်အချိန်မတိုင်ခင်လေးပင် နေရွှေသွေးအောင်မှ ယဉ်ထိန်းရဲ တစ်ဦးကို ပါးရိုက်စော်ကားသည်ဟု သတင်းများ တက်လာသည်။
 
၉၆၉ ဦးဆောင်နေသူ နာမည်ကျော်တစ်ဦး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ၌ တက်ရောက် မိန့်ခွန်းပြောသည်။ ပြီးတော့ နောက်နေ့မှာပင် အရပ်သားနှစ်ဦး အရောင်းအ၀ယ်မတည့်သည်ကို အကြောင်းပြုပြီး အဓိကရုဏ်း စဖြစ်သည်။ ကဲ့ ၊ စဉ်းစားကြည့်တော့… နောက်ပြီး ရိုက်သူများ လူစုဖွဲ့ ရမ်းကားသူများမှာလည်း မြို့ခံများ မဟုတ်။ မြို့ခံဘုန်းကြီးကျောင်းများ၊ မြို့ခံ လူငယ်များမှ သူတို့၏အိမ်၌ဘာသာခြားဆိုသူများကို အကာအကွယ်ပေးထားကြသည်။ သို့သော် အစိုးရ၏လုံခြုံရေးအဖွဲ့ကတော့ ရခိုင်တုန်းကလိုပင် ဒုက္ခသည်များကို Isolate လုပ်ပေးသည်။ ဘေးကင်းရာခေါင်းစဉ်နှင့် နယ်နှင်ဒဏ်ပေးနေသည်။ ဒုက္ခသည်များ၏ ပိုင်ဆိုင်မှုများကို ထိုမြို့ခံမဟုတ်သော အကြမ်းဖက်သူများကို ခွဲဝေယူစေသည်။ နိုင်ငံပိုင်သတင်းနှင့်လည်း လှုံ့ဆော်ပေး၍ ကူညီပံ့ပိုးပေးသည်။ နှစ်ရက်အတွင်း မိထ္ထီလာသည် ရခိုင်ကဲ့သို့ မီးလောင်ပြီးကျန်ခဲ့သော ရပ်ကွက်များနှင့် လူသေအလောင်းများကို မြင်မကောင်း၊ရှုမကောင်း တွေ့နေရပြီဖြစ်သည်။
 
တိုင်းပြည်ကောင်းရန် ကြိုးစားနေသော နိုင်ငံရေးသမားတိုင်းက ဒီတစ်ခေါက်ဖြစ်သည်ကို အလွန်အန္တရာယ်ရှိကြောင်း ရှုမြင်ကြသည်။ ကျနော်တို့ ၈၈ နောင်တော်ကြီးများကလည်း အားလုံးဝိုင်းထိန်းကြဖို့ ပန်ကြားနေကြသည်။ ဆရာတော်ကြီးများ၊သံဃာတော် အရှင်သူမြတ်ကြီးများကလည်း ၀င်ထိန်းပေးနေသည်ကိုတွေ့ရသည်။
 
ကျွန်တော့်သူငယ်ချင်းများကတော့ မဆီမဆိုင် ဘာကြောင့်ရယ်မသိ မွတ်စ်လင်မ် မှန်လျှင် မွေးကတည်းက
ပေါင်းသင်းလာသောသူငယ်ချင်းများ၊ ကျောင်းနေဘက်သူငယ်ချင်းများ၊ အလွန်ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများကိုပင်လျှင် သံသယနှင့် စကားပြောလာကြသည်။ အနည်းဆုံးတော့ မိတ်ဆွေများ တစ်ဦးနှင့် တစ်ဦးတွေ့လျှင်ပင် နှုတ်ဆက်ဖို့ရှိန်နေကြသည်။ အနာဂတ်တွင် ဘယ်လို လူ့အဖွဲ့အစည်းကြီး မြန်မာပြည်တွင် ပေါ်လာမည်ကို စဉ်းစားတိုင်း ရင်လေးမိသည်။
 
မည်သို့ဆိုစေ ဆိုးရွားသောစစ်အစိုးရကြောင့် ကျွန်တော်တို့ ပညာမတတ် ဥာဏ်နည်းခဲ့ရသည် ဆိုလျှင်လည်း နောက်မျိုးဆက်ပေါင်း များစွာမှာ ကျွန်တော်တို့ ဥာဏ်နည်းသည့်အတွက်ကြောင့် ဆိုးရွားသော စစ်အစိုးရနှင့်ပင် စခန်းသွားနေရမည်ဖြစ်ပြီး ၊ ဤကဲ့သို့ပြဿနာများ မြန်မာပြည်တွင် စဉ်ဆက်မပြတ် ဆက်လက် ပေါ်ပေါက်နေမည်မှာ သေချာသလောက် ဖြစ်နေလေပြီ။
 
ပြဿနာများ အမြန်ဆုံး ပြေငြိမ်း၍ မြန်မာတစ်နိုင်ငံလုံး အေးချမ်းသာယာပြီး၊ ကမ္ဘာ့အလယ “ မြန်မာနိုင်ငံသား ” ဟုဆိုလိုက်သည်နှင့် မည်သည့် ဘာသာဝင်ကိုမဆို ခန္တီစတရား၊ မေတ္တာတရားကြီးမားသူများအနေနှင့် ပြန်မြင်နိုင်သည်အထိ ၀ိုင်းဝန်းကြိုးစားနိုင်ကြပါစေ ဟုလည်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုမိပါသည်။
 
ရေးသားသူ Myo Min ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
 
M-Media