Thursday, January 31, 2013

သီရိလင်္ကာတွင် မွတ်စလင် ဆန့်ကျင်မှုများ ရပ်တန့်ရန် သမ္မတမှ သံဃာများအား ပြောကြား

Sri Lanka President Slams Anti-Muslim Violence


 
 
 
 
 
 
 
 
 
 
ကိုလံဘို ။ ။နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ဆန့်ကျင်တိုက်ခိုက်နေမှုကို ရပ်တန့်ရန် အားထုတ်မှုအဖြစ် သီရိလင်္ကာ သမ္မတ Mahinda Rajapakse က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအားတွေ့ဆုံ၍ တိုင်းပြည်အတွင်း ဘာသာရေးမုန်းတီးမှု၊ အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်းကို ရပ်တန့်ရန် လျှောက်ထားခဲ့သည်။
 
“ဗုဒ္ဓသာသနာကို တည်တံ့ခိုင်မြဲအောင် လုပ်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားဘာသာတရားတွေနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုး မဟုတ်ဘဲ လုပ်ဆောင်သင့်ပါတယ်။” ဟု ဇန်န၀ါရီ ၂၈ရက်၊ တနင်္လာနေ့ Nahar Net တွင် ဖော်ပြထားသည့် ကြေငြာချက်တွင် သမ္မတက ပြောဆိုထားသည်။
 
နိုင်ငံအတွင်းရှိ မွတ်စလင်များအား တိုက်ခိုက်မှုများကို ရပ်တန့်စေရန် နည်းလမ်းများနှင့်ပက်သက်၍ ဆွေးနွေးရန် သမ္မတနှင့် ဘုန်းတော်ကြီးများ တနင်္ဂနွေနေ့က အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ မွတ်စလင်များကို ဦးဆောင်တိုက်ခိုက်သည်ဟု စွပ်စွဲခံထားရသည့် “Bodu Bala Sena” သို့မဟုတ် Buddhist Force ဟု အမည်ရသည့်အဖွဲ့မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ထိုအဖွဲ့မှာ ဟလာလ် အသားများ ပိတ်ပင်ရန် လှုံ့ဆော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပြီး အစိုးရမှ ကာကွယ်နိုင်ခဲ့လေသည်။
 
အဆိုပါအဖွဲ့ကမှု မွတ်စလင်များကို တိုက်ခိုက်ခြင်းနှင့်ပက်သက်၍ငြင်းဆိုထားပြီး အခြားအတုအယောင်အဖွဲ့များက ၎င်းတို့ဟန်ဆောင်ကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။ပြီးခဲ့သည့် ဇွန်လက ဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် လူပေါင်း ၂၀၀ခန့်ရှိသော ဆန္ဒပြသူများသည် ကိုလံဘိုမြို့ဆင်ခြေဖုံး Dehiwala အရပ်ရှိ အစ္စလာမ့်စင်တာသို့ လာရောက်ခဲ့ကြပြီး ကျောက်တုံးများ၊ အသားပုပ်များဖြင့် ဂိတ်ပေါက်ဝသို့ ပစ်ပေါက်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော် ပိတ်ပစ်ရေးကို တောင်းဆိုသည့် ကြွေးကျော်သံများကိုလည်း ဟစ်အော်ခဲ့ကြသည်။
 
ဧပြီလတွင်လည်း ဘုန်းတော်ကြီးအချို့က Dambulla ရွာရှိ မွတ်စလင်များ ၀တ်ပြုဆုတောင်းနေမှုကို နှောက်ယှက်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့သော အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ တရားမ၀င်ဟု ပြောဆိုခဲ့ကြသည်။ သီတင်းပါတ်အနည်းငယ်ကြာပြီးနောက် Kurunegala မြို့ရှိ မွတ်စလင်များကိုရည်ရွယ်၍ ၀တ်ပြုမှုပြုလုပ်ခြင်းများကို ရပ်တန့်ရန် တောင်းဆိုထားသည့် ခြိမ်းခြောက်စာတစ်စောင်ကိုလည်း ဘုန်းတော်ကြီးများက ရေးသားခဲ့ကြသေးသည်။
 
စိတ်ဝမ်းကွဲခြင်းသီရိလင်္ကာမွတ်စလင်များအား တိုက်ခိုက်မှုများသည် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေသည်။“အဲဒါဟာ တရားဥပဒေ ပျက်ပြားမှုပါ။ လူ့အဖွဲ့အစည်းတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်းတီးနေတဲ့ အုပ်စုတစ်ခု ရှိနေပါပြီ။”ဟု နိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် United National Party မှ ပါလီမန်အမတ်ဖြစ်သူ Kabir Hashim က The Sunday Leader. သတင်းစာသို့ ပြောကြားခဲ့သည်။
 
သီရိလင်္ကာ မွတ်စလင်ကောင်စီ ၏ ဥက္ကဌဖြစ်သူ N. M. Ameen ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေခဲ့ပြီး ဘုန်းတော်ကြီးများက အဆိုပါ ဆန္ဒပြမှုများမှာ ‘မွတ်စလင် အကြမ်းဖက်သမားများ’ဟု ခေါ်သူများအတွက်သာ ဖြစ်သည်ဟုကြွေးကြော်နေသော်လည်း သာမန်မွတ်စလင်များ အပေါ်သို့လည်း သက်ရောက်မှုများ ရှိနေသည်ဟု သူက ဆိုသည်။
 
လွန်ခဲ့သည့် သီတင်းပတ်က မွတ်စလင်ရှေ့နေများသည် လူ့အဖွဲ့အစည်းအတွင်း တိုက်ခိုက်မှုများနှင့် ပက်သက်ပြီးဆွေနွေးရန်အတွက် အစည်းအဝေး တစ်ခုပြုလုပ်ရန် သမ္မတအား ဆော်သြခဲ့လေသည်။
အစိုပါကိစ္စကို စောင့်ကြည့်ရန် သမ္မတမှ ကော်မတီတစ်ရပ်ဖွဲ့စည်း ထားရှိပြီးပြီဟု Buddha Sasana and Religious Affairs ၏ လက်ထောက်ဝန်ကြီး M. K. A. D. S Gunawardena က ဆိုသည်။
 
“ဘယ်ဘာသာတရားကိုမှ စော်ကားတာကို အစိုးရက ခွင့်မပြုပါဘူး။ တစ်ခုခုဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဥပဒေအတိုင်း ဆောင်ရွက်သွားပါမယ်။ ဘာသာတရားအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေ ရှိကြပါတယ်။ ကော်မတီရဲ့ အကြံပြုချက်ကို အခြေခံပြီးတော့ ကျနော်တို့ ဒီကိစ္စကို ဆောင်ရွက်သွားမှာပါ။” ဟု The Sunday Leader သတင်းစာသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။
 
သို့ရာတွင် United National Party မှ ပါလီမန်အမတ် Hashim ကမူ သဘောတူခြင်းမရှိပေ။
“အရင်ဦးဆုံး အစိုးရအနေနဲ့ ဒါတွေ(တိုက်ခိုက်မှု) ကို ရပ်တန့်ရပါမယ်။ အဲဒါ(ရပ်တန့်ဖို့) ကို လုပ်ဖို့ ပါလီမန်ကရွေးချယ်တဲ့ ကော်မတီမလိုပါဘူး။ အစိုးရက ပြဿနာကို ရင်ဆိုင်နေရာကနေ လမ်းကြာင်းပြောင်းသွားအောင် ကြိုးစားနေပုံရပါတယ်။” ဟု သူက ပြောကြားခဲ့သည်။

မူးရ်(Moors) ဟု အမည်ရသည့် သီရိလင်္ကာ မွတ်စလင်များမှာ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းရှိသည့် ဆင်ဟာလီလူမျိုးနှင့်၊ ၁၂.၅ ရာခိုင်နှုန်းရှိသည့် တမီလ်လူမျိုးများ၏နောက် တတိယအကြီးဆုံး လူမျိုးစုဖြစ်သည်။ လူမျိုးစုပြဿနာများဖြစ်သည့် အခါတိုင်း ဗုဒ္ဓဘာသာဝင် လူများစုအကြား ပါဝင်ရန် အစိုးရအဆက်ဆက် ဖိအားများရှိနေခဲ့သည်ဟု လေ့လာသူများက ဆိုသည်။
 
M-Media

မှ ကူးယူဖော်ပြပါသည်။


Wednesday, January 30, 2013

ဆက်သွယ်ရေးလုပ်ငန်းအရာရှိ ၈ ဦး အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခံရ

2013-01-29

ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်ဝန်ကြီးဌာန လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးသိန်းဦးနဲ့ အခြားအဆင့်မြင့်အရာရှိ ၇ ဦး ကို နေပြည်တော်မှာရှိတဲ့ ရဲစခန်းတစ်ခုမှာ နိုင်ငံပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်အရေးယူထား တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
Photo: RFA
နေပြည်တော် ဥတ္တသီရိမြို့နယ်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနရုံး
အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲခံထားရတဲ့ အရာရှိတွေကို မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ CID က တရားလိုပြုလုပ် စွဲဆိုထားတာဖြစ်ပြီး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဥတ္တရသီရိမြို့နယ် ရဲစခန်းတာဝန်ကျ ရဲအရာရှိတစ်ဦးက RFA ကို အခုလို ပြောကြားပါတယ်။
 
"ဦးသိန်းဦး ပါ တစ်အပေါင်း ရှစ်ဗျ၊ (ပ)/၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နိုင်ငံတော်ပိုင် ငွေကြေးအလွဲသုံးစားလုပ်တာဗျ၊ မှုခင်းတပ်ဖွဲ့က ကျွန်တော်တို့အပိုင်ဆိုတော့ ကျွန်တော်တို့စခန်းမှာ လာဖွင့်တာဗျ၊ အဲဒါပဲ စခန်းမှာ ဖွင့်ထားသေးတယ်ဗျ"
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုနဲ့ တရုတ်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Huawei၊ ZTE တို့အကြားက မိုဘိုင်းကွန်ရက် တည်ဆောက်ရေးလုပ်ငန်းတွေ၊ ငွေပေးငွေယူရှင်းတမ်း ကိစ္စတွေကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့တွေက စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးတေဇပိုင် Elite Tech ကုမ္ပဏီရဲ့ အကြီးအကဲ ဦးစိုင်းခင်မောင်အေး က RFA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်းကို ရာထူးမှနုတ်ထွက်ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာ ပြီးတဲ့နောက်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ် စတဲ့ အကြီးတန်းအရာရှိတွေကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။
RFA
မှ ကူးယူဖော်ပြပါသည်။

ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

 2013-01-29

ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စစ်ကြောင်းများအား စစ်ဆေးနေစဉ်။

 ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက်တာပါ။
 
အဲဒီ့သဘောထားထုတ်ပြန်ချက်ကို အပေါင်းလက္ခဏာဆောင်လို့ ကြိုဆိုတယ်လို့ ကေအိုင်အေ တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA က တဆင့် အခုလို တုံ့ပြန်လိုက်ပါတယ်။
 
“ဒါမျိုးထုတ်ပြန်လာတယ် ဆိုကတည်းကတော့ အကောင်းဘက်မှာ ရည်ညွှန်းပြီးတော့ ထုတ်ပြန်တယ်လို့ ယူဆတယ်၊ ဒီမနက်ဖြန် သဘက်ခါဆိုရင် ကျနော်တို့ ကေအိုင်အို အနေနဲ့လည်း ထုတ်ပြန်ကြေညာချက်တစ်ခု ရောက်လာမယ်လို့ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုရင် တပ်မတော်က ဒီလိုမျိုးထုတ်ပြန်တယ်ဆိုလို့ရှိရင် ကျနော်တို့ဘက်ကလည်း မထုတ်ပြန်နိုင်စရာ အကြောင်းတော့မရှိပါဘူး၊ အခုလို ပွင့်ပွင့်လင်းလင်း လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့တော့ အားလုံးကြိုဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဘက်မှာ အပေါင်းလက္ခဏာဆောင်ဖို့ များပါတယ်ဆိုတဲ့ အပိုင်းကို ကျနော်ကလက်ခံပါတယ်”
 
ဒီကနေ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အစိုးရတပ်မတော်အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တာမျိုးမှအပ ပစ်ခတ်တိုက်ခိုက်တာတွေ မပြုလုပ်ပဲ သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်တိုင်း တိတိကျကျ လိုက်နာမယ်လို့လည်း ဖော်ပြထားပါတယ်။
RFA
မှ ကူးယူဖော်ပြပါသည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

 2013-01-29
တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ ဆိုးလ်မြို့က သမ္မတအိမ်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
  RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် တို့ ဆိုလ်းမြို့ရှိ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်။
 
အဲဒီဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ဦးဟာ ပညာရေးနဲ့ နှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဆိုပါတယ်။

ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ မစ္စပတ်ဂွန်းဟေးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ ဒေသတွင်း လွတ်လပ်မှု အခွင့်အရေးတွေနဲ့ ငြိမ်းချမ်းရေးတွေအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတသစ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေမှာ ဖြောင်ချန်းပြည်နယ်ကို သွားရောက်ပြီး ဆောင်းရာသီ အထူးအိုလံပစ်ပွဲတော်ကို ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။
 
မနက်ဖြန်မှာတော့ ဖြောင်ချန်းပြည်နယ်က ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေး ထိပ်သီးညီလာခံ (Global Development Summit) ကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်သလို ကွမ်ကျူးမြို့မှာ ကျင်းပမယ့် မေ ၁၈ ဖောင်ဒေးရှင်းညီလာခံကို တက်ရောက်ပြီး ကွမ်ကျူးလူ့အခွင့်အရေးဆုကို လက်ခံရယူမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုးလ်အမျိုးသား တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားမယ့်အပြင် ညနေပိုင်းမှာ ကိုရီးယားရောက် မြန်မာတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
 
 ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာမယ့် မစ္စ ပတ်ဂွန်းဟေး တို့ ဆက်စပ်ပုံကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် က တင်ပြထားပါတယ်။
RFA
မှ ကူးယူဖော်ပြပါသည်။

Aleppo မြစ်တစင်းထဲ အနည်းဆုံး ၆၅ လောင်းတွေ့ရှိ

 
 29.01.2013
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Aleppo မှာရှိတဲ့ မြစ်တစင်းထဲမှာ လူသေအလောင်း အနည်းဆုံး ၆၅ လောင်း တွေ့ရတယ်လို့ ဆီးရီယား အတိုက်အခံတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ သူတို့ဟာ ခေါင်းတွေမှာ သေနက်နဲ့ ပစ်သတ်ခံထားရပုံရတယ်လို့ ဆိုပါတယ်။

အလက်ပိုမြို့ရဲ့ Bustan al-Qasr ခရိုင်မှာရှိတဲ့ Queweik မြစ်ထဲကနေ ဆွဲတင်ထားတဲ့ ရွှံ့နွံတွေ ပေနေတဲ့ လူသေအလောင်း ဒါဇင်ကျော်ကို ဗြိတိန်အခြေစိုက် ဆီးရီယား လူ့အခွင့် အရေးအဖွဲ့က သူတို့ အင်တာနက်ပေါ်မှာ ဗီဒီယိုဖိုင်တွေ တင်ထားပါတယ်။ သေဆုံးသူ အများစုဟာ အရပ်ဝတ်နဲ့ လူငယ်တွေ ဖြစ်ပုံရပါတယ်။ လက်တွေကို တုပ်နှောင် ထားပြီး ခေါင်းမှာ သေနက်ဒဏ်ရာတွေ တွေ့ရပါတယ်။

ဘယ်သူ သတ်ဖြတ်တာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။ ဆီးရီးယားနိုင်ငံတွင်း ပြည်တွင်းစစ်ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆီးရီယားအစိုးရနဲ့ အတိုက်အခံသူပုန်တွေအကြားမှာ အပြန်အလှန်အပြစ်တင်မှုတွေ ရှိပါတယ်။
ဗွီအိုအေ
မှ ကူးယူဖော်ပြပါသည်။

Tuesday, January 29, 2013

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှုအတွက် ဂျပန်က ဒေါ်လာ သန်း ၅၀၀ ချေးမည်

နှစ် ၃၀ ကြာ အဆင့်ဆင့်ပြုလုပ်သွားမည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင် က ပြောသည်။
ရန်ကုန်မြို့လယ် တနေရာ။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့လယ် တနေရာ။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ထိုစီမံကိန်းကို ဂျပန်နိုင်ငံရှိ JICA အဖွဲ့အစည်း နှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး ပထမ ငါးနှစ်ကာလ (၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ) ကနဦး ခန့်မှန်းတွက်ချက်မှုအရ ဒေါ်လာ ၂,၂၄၅ သန်း ကုန်ကျမည် ဖြစ်သည်။ ယင်းအတွက် ဂျပန်နိုင်ငံက ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ပြီး ဒေါ်လာသန်း ၅၀၀ ကိုလည်း အတိုးနှုန်းနည်းဖြင့် ချေးသွား မည် ဖြစ်သည်။
 
စီမံကိန်းတွင် ရန်ကုန်မြို့တော် ဧရိယာအား တိုးချဲ့မှုများ အပါအဝင် တန်ဖိုးနည်းအိမ်ယာ စီမံကိန်း၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့်မိလ္လာစနစ်များ စသည်တို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့် စီမံချက်များ ပါဝင်သကဲ့သို့ စီးပွားရေးဇုန်အသစ်များ ဖော်ထုတ်ခြင်းတို့ပါ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
 
စည်ပင်၊ မြို့ပြစီမံကိန်း ဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းလှိုင်ထွန်း က “ကျနော်တို့နဲပူးပေါင်းလုပ်ဆောင်တဲ့ JICA အဖွဲ့အစည်းက ရန်ကုန်မြို့ပြဧရိယာ ထပ်ပြီး တိုးချဲ့မယ်ဆိုရင် သန်လျင်၊
ကျောက်တန်း၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်နဲ့ တွံ့တေး မြို့နယ်တွေမှာ မြေဧကပေါင်း ၃၇၀,၀၀၀ ကျော် ထပ်မံတိုးချဲ့နိုင်တယ်လို့ အကြံပြုထားပါတယ်။ ရန်ကုန်မှာ လက်ရှိ အခြေအနေအရ မြေကို လူနေအိမ်ခြေအဖြစ် အသုံးပြုထားတဲ့ ရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပြီး စက်မှုကဏ္ဍအတွက် ၆ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုထားတဲ့အတွက် အနာဂတ် မြို့ပြ စီမံကိန်းအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာပါတယ်” ဟု ပြောသည်။
 
မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင် အဆင့်မြင့် ရထားလမ်းများ ဆောက်လုပ်ခြင်း၊ မြို့ပတ် ရထားစနစ် အဆင့်မြှင့် တင်ခြင်းတို့ကို ကာလတို လုပ်ဆောင်ချက်အဖြစ် အမြန်လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် မတ်လမှ စက်တင်ဘာလအတွင်း ပို့ဆောင်ရေး မဟာစီမံကိန်း၏ ဦးစားပေး စီမံကိန်းများအတွက် ရှေ့ပြေး လေ့လာဆန်းစစ် မှုများ လုပ်ဆောင်မည်ဖြစ်ပြီး အသေးစိတ် ဒီဇိုင်းများကို ၂၀၁၄ ခုနှစ်တွင် ရေးဆွဲမည်ဖြစ်၍ လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူ သွားမည်ဟု သိရသည်။
 
ယခုပြုလုပ်မည့် စီမံကိန်းတွင် အစိုးရဌာနပိုင် မြေများနှင့် လယ်မြေများ အများဆုံး ပါဝင်ပြီး မြေလွတ်မြေရိုင်း များတွင် အဓိက တိုးချဲ့သွားမည်ဖြစ်ကာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း ရန်ကုန်အား ချဲ့နိုင်ရန် သမ္မတကမြေဧက လေးသောင်းကျော်ကို စည်ပင်သို့ ခွင့်ပြုခဲ့သည်။သို့ရာတွင် JICA မှ အကြံပြုထားသည့် မြေနေရာများနှင့် သမ္မတမှ ခွင့်ပြုထားသည့် မြေနေရာတို့မတူညီ သည့်အတွက် ပညာရှင်များက ယင်းမြေနေရာများ တိုးချဲ့နိုင်ရေး အတွက် သမ္မတထံ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။
 
ရန်ကုန်မြို့တွင် လက်ရှိ အိမ်ထောင်စု အရေအတွက် ၁.၀၅ သန်း ရှိပြီး နှစ်စဉ် အိမ်ထောင်စု ၂၆,၀၀၀ ခန့် တိုးပွားလျက်ရှိကြောင်း စည်ပင်မှ စစ်တမ်းတွင် ဖော်ပြထားသည်။လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျေးလက်နေ ပြည်သူများ သိသိသာသာ တိုးပွားလာ၍ ရန်ကုန် စည်ပင်နယ်နိမိတ်ကို ၁၉၅၈ ခုနှစ်တွင် သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ၁၉၇၄ ခုနှစ်တွင် အင်းစိန်အထိနှင့် ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ အထိ တိုးချဲ့ခဲ့သဖြင့် ရန်ကုန်စည်ပင် နယ်နိမိတ် ဧရိယာ ၃၀၆ စတုရန်းမိုင် အတွင်း လူဦးရေ ၅.၂ သန်းအထိ နေထိုင်လာကြသည်။
 
မဇ္ဈိမသတင်းဌာန
မှ ကူးယူဖော်ပြပါသည်။

ယခုရက်ပိုင်းအတွင်း သာသနာရေးဝန်ကြီး အသစ်ခန့်အပ်ဖွယ်ရှိ

 ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
 မောင်လျောက် (မြန်မာမြေ)
 လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
လက်ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓါတ်ပုံ DVB)
 
ယခုလက်ရှိကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အသစ်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။ယင်းသို့ခန့်အပ်ရာတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို နိုင်ငံတော်သမ္မတက အဆိုပြုထားကြောင်း ဇန်န၀ါရီလ ၂၂ရက်နေ့ကပြည်ထောင်စု လွှတ်တော်သို့ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
 
သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း မကြာခဏဆိုသလို ၀န်ကြီးနေရာများ အပြောင်းအလဲပြုခဲ့ပြီးနောက် မကြာခင်ကတာဝန်မှ အနားယူသွားသော လစ်လပ် ၀န်ကြီးများနေရာတွင် ယခုလို အစားထိုးခန့်အပ်ရန် စီစဉ်ခြင်းဖြစ်ပါသည်။
 
လစ်လပ် လျက်ရှိသော ၀န်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဂ) နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) တို့အရ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုရယူရမည်ဖြစ်ပြီး သရေစည်သူ ဦးဆန်းဆင့်အနေဖြင့် သာသနာရေးဝန်ကြီး ဖြစ်လာဖွယ်ရှိသည်။
 
နုတ်ထွက်လွှာတင်ပြီး အနားယူသွားသော ယခင် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် မှ အရင် နအဖ စစ် အစိုးရလက်ထက် ကတည်းက တာဝန်ယူခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့တွင်လည်း ဆက်လက် တာဝန်ယူခဲ့သည်။
 
သူရဦးမြင့်မောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ယခင် ဆက်သွယ်ရေးဝန်ကြီး တစ်ဦးနှင့်အတူ တာဝန်မှ အနားယူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးဆန်းဆင့် အားအစားထိုးခန့်အပ်ခြင်းရန် လွှတ်တော်သို့ အတည်ပြုချက်ယူခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် များအနေဖြင့် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အထူးတလည်လိုလားပြီး အသစ် ခန့်အပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း နိုင်ငံတွင်းရှိ ဘာသာရေးနှင့် ပတ်သက်သည့် ကိစ္စများကို အဓိက ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
 
ထိုပြင်မြန်မာနိုင်ငံတွင်းရှိ ဘာသာအသီးသီးမှ ဘာသာဝင်များကလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိုတောင့်တလျက်ရှိပြီး အသစ်ခန့်အပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး အနေနှင့်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကို အထူးအရေးပေး ဆောင်ရွက်ပေးစေလိုကြောင်းသိရသည်။
 
နိုင်ငံတော်သမ္မတမှ သာသနာရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ရန်အဆိုပြုထားသော ဦးဆန်းဆင့်မှာလက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူဖြစ်ပြိး ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျဉ်းပချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

၂၆ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပ

  ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
 
myriam20130127084604410

 
 
 
 
 
 
 
 
၂၆ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်( Mahmoud Ahmadinejad) လည်း တက်ရောက်ခဲ့သည်။
 
နှစ်ရက်တာ ကြာမြင့်သော အဆိုပါ အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၂၀ မှ စွန္နီနှင့် ရှီအာ တွေးခေါ်သူများစုပေါင်း၍ အစ္စလာမ့် လူ့အဖွဲ့အစည်းအကြား ပေါင်းစည်းညီညွတ်မှု၊ မွတ်စလင် ကမ္ဘာတွင် ရှိနေသော ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။
 
“အဲဒီညီလာခံကို တက်ရောက်သူတွေမှာ အလ်-အဇ်ဟာရ် တက္ကသိုလ်က တွေးခေါ်သူတွေ၊ တူနီးရှား၊ ဆီးရီးယား၊ ဆူဒန် စတဲ့နိုင်ငံက မွဖ်သီ ကြီးတွေ၊ ပါကစ္စတန်၊ ပါရှန်း ပင်လယ်ကွေ့နိုင်ငံတွေက တွေးခေါ်ပညာရှင်တွေ အပါအ၀င် အီရန်က တွေးခေါ်ပညာရှင် ၁၀၀၀၊ မွတ်စလင်ကမ္ဘာရဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေ၊ နိုင်ငံရေး ပညာရှင်တွေနဲ့၊ ယဉ်ကျေးမှု ပညာရှင် ၃၀၀ စသဖြင့် ပါဝင်ကြမှာပါ။” ဟု World Forum for Proximity of Islamic Schools of Thought ၏ အတွင်းရေးမှူးဖြစ်သူ Ayatollah Mohsen Araki က ဆိုသည်။
 
၂၅ ကြိမ်မြောက် အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံကိုလည်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တီဟီရန်၌ပင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ညီလာခံတွင် အစ္စလာမ့်မစ် နိုးထမှု၊ အာရပ်ကမ္ဘာရဲ့ လူကြိုက်များတဲ့ လူထုလှုပ်ရှားမှုများနှင့် ပက်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။
The World Forum for Proximity မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အီရန်နိုင်ငံမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသည့် မွတ်စလင်များအကြားတွင် စည်းလုံးညီညွတ်မှုကို ပိုမိုဖန်တီးပေးရန်ဖြစ်သည်။
 
အဆိုပါ အစ္စလာမ့်မစ် ပေါင်းစည်းမှု ညီလာခံမှာ မွတ်စလင်ပညာရှင်များအတွက် အတွေးအမြင်များကို မျှဝေရန်၊ မွတ်စလင်များ ရင်ဆိုင်နေရသည့် ပြဿနာများကို အဖြေရှာ သုံးသပ်ရန် စသည့် အခွင့်အရေးများကို ဖြစ်ပေါ်စေသည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံမည်

2013-01-28

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် ကနေထွက်ခွာပြီး၊ ဒီကနေ့ တောင်ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီ ခွဲလောက်မှာ ဆိုးလ်မြို့တော်ကို ရောက်ရှိမှာဖြစ် ပါတယ်။
Photo:NLD-LA, Korea ဌာနခွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တော်ရှိ အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာစဉ်။
 
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တ၀ိုက်မှာ နေထိုင်အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသား နှစ်ရာနီးပါးလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို အင်ချွန်း (Incheon) နိုင်ငံတကာလေဆိပ်မှာ ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။
 
မနက်ဖြန် ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား လက်ရှိသမ္မတ လီမြောင်ဘတ် Lee Myaung-Bak အပြင် မကြာသေးမီက ရွေးကောက်တင်မြှောက်ခံရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး သမ္မတအသစ် Park Geun-hye တို့နဲ့ တွေ့ဆုံဆွေးနွေးပါမယ်။
 
မစ္စစ် ပတ်ခန်ဟေး Park Geun-hye ဟာ နောက်လထဲမှာ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။မနက်ဖြန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံ ပြုန်ချမ်း Pyeongchang မြို့မှာကျင်းပမယ့် အထူးအိုလံပစ် အားကစားပွဲတော် Special Olympics ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။
 
ဒါ့အပြင် လာမယ့်ဗုဒ္ဓဟူးနေ့မှာ အိုလံပစ်ပွဲတော်မှာ ကျင်းပမယ့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပြီး အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့မှာ သူ့ကို ၂၀၀၄ ခုနှစ်က ပေးအပ်ခဲ့တဲ့ လူ့အခွင့်အရေးဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ငါးရက်ကြာနေထိုင်မှာ ဖြစ်ပါတယ်။
မှ ကူးယူဖော်ပြပါသည်။

Monday, January 28, 2013

အစ္စရေးအား နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် တရားစွဲရန် ပါလက်စတိုင်း စီစဉ်နေ

ဇန်နဝါရီ ၂၇ ၊ ၂၀၁၃
 

israel-palestine-map
၁၉၆၇ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ သိမ်းယူခဲ့သည့်နေရာဒေသများနှင့် အထူးသဖြင့် E-1 ဟုခေါ်သည့် ဂျေရုစလင်မြို့ဆင်ခြေဖုံးရှိ အငြင်းပွားနေသော နေရာ၌ ဆောက်လုပ်နေသော အစ္စရေး၏ တည်ဆောက်ရေးလုပ်ငန်းများကို ရပ်တန့်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)တွင် တရားစွဲရန် စီစဉ်လုပ်ဆောင်သွားမည်ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riad Malki က ဆိုသည်။
 
“အကယ်၍ အစ္စရေးဘက်က E-1 လုပ်ငန်းနဲ့ ဂျေရုစလင် တ၀ိုက်မှာလုပ်နေတဲ့ အစီအစဉ်တွေကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တိုင်ကြားသွားမှာပါ။ ကျနော်တို့မှာရွေးချယ်စရာမရှိပါဘူး။ အစ္စရေးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။”ဟု သူက ဆိုသည်။
 
ထိုကိစ္စနှင့် ပက်သက်၍ အစ္စရေး တာဝန်ရှိသူများကလည်း လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်ခဲ့သည်။
“ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှ မပါဘဲနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုတွေကို ပြန်လုပ်ဖို့ အစ္စရေးက ဆက်လက်ဆောင်ရွက်သွားပါမယ်။ အကယ်၍ ပါလက်စတိုင်းက တစ်ဖက်သက် ရန်လိုတဲ့ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင်တော့ သူတို့အနေနဲ့ ရှေ့ဆက်ရမယ့် ဘယ်လိုအခွင့်လမ်းမျိုးကို မဆို အခြေပျက်စေဖို့ ဆောက်ရွက်နေတာမျိုးသာ ဖြစ်မှာပါ။” ဟု အစ္စအရေးစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mark Regev က ပြောကြားခဲ့သည်။
 
နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တိုင်ကြားရန်မှာ နိုဝင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကုလအဖွဲ့ဝင် မဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် ပါလက်စတိုင်းကို အဆင့်မြှင့်တင်ပေးပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အစ္စရေးဘက်ကလည်း လက်တုန့်ပြန်သည့် အနေဖြင့် E-1 ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် အရှေ့ဂျေရုစလင်နှင့် Ma’ale Adumim မြို့အကြားရှိ တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ပြန်လည် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
 
ပါလက်စတိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အဆောက်အဦးများဆောက်လုပ်ခြင်းမှာ လုံးဝ မဖြစ်နိုင်ဟုဆိုပြီး မြောက်ဘက်ရှိ ရာမာလာဒေသမှ တောင်ဘက်ရှိ ဘက်သလင်ဟန်သို့ သွားလာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟု ပါလက်စတိုင်းက ဆိုသည်။ အစ္စရေးကပြုလုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှလည်း ထင်ထင်ပေါ်ပေါ် ဝေဖန်ပြောဆိုထားသည်။
 
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား တရားစီရင်လေ့ရှိသည်။ ပါလက်စတိုင်းအနေဖြင့် ပထမဦးစွာ ခုံရုံးနှင့် ဆက်သွယ်ရန် လျှောက်ထားရမည်ဖြစ်ပြီး ခုံရုံးက လက်ခံပါက အစ္စရေးနိုင်ငံအား တရားစွဲရမည်ဖြစ်သည်။
အနောက်ဘက် ကမ်းခြေတစ်လျှောက်ရှိ အစ္စရေးမှ ဆောက်လုပ်လျက်ရှိသော တံတိုင်းကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC) က တရားမ၀င်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ ထိုတံတိုင်းကို အစ္စရေးက security barrier (လုံခြုံရေး အဆီးအတား) ဟု ခေါ်ပြီး ပါလက်စတိုင်းက wall (နံရံ) ဟု ခေါ်သည်။ အဆိုပါ တံတိုင်း တည်ဆောက်ရန် ပါလက်စတိုင်းနယ်မြေကို အစ္စရေးက သိမ်းပိုက်ထားကာ ပါလက်စတိုင်း၏ လွတ်လပ်စွာလှုပ်ရှားမှုကို ဟန့်တားထားသည်ဟုလည်း ICC က ဆိုသည်။
 
အစ္စရေးနိုင်ငံကမူ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမရှိဘဲ တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။“အဲဒီတံတိုင်း ဒါမှမဟုတ် E-1 နဲ့ ပက်သက်တဲ့ (ICC က) ဆုံးဖြတ်ချက်တောင်မှ သက်ရောက်မှုမရှိပါဘူး။ ဒါဟာ ထင်ရှားတဲ့ သာဓကပါပဲ” ဟု Birzeit တက္ကသိုလ်မှ ပါလက်စတိုင်း သမိုင်းပညာရှင် Saleh Abd Al-Jawad က ဆိုသည်။
 
“အဲဒါ(ICC တွင်တရားစွဲဆိုခြင်း) ဟာစိတ်ကူးကောင်း တစ်ခုလို့ ကျနော်ထင်ပါတယ်။ စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်တယ်ဆိုရင်တောင်မှ တခုခုတော့ ပြောင်းလဲမှာပါ” ဟု အနောက်ဘက်ကမ်းခြေရှိ အစ္စရေး၏ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီမှ အထူးအစည်းအဝေး ကျင်းပပြီးနောက် Malki က ပြောဆိုခဲ့သည်။ အဆိုပါအစည်းအဝေးမှာ ကုလသမ္မဂ္ဂမှ ပါလက်စတိုင်းအား အဆင့်မြှင့်တင်ပေးပြီးနောက် ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်သည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

ဘရာဇီးလ် နိုက်ကလပ်မီး လူ ၂၅၀ နီးပါးသေဆုံး

27.01.2013
Santa Maria မြို့က နိုက်ကလပ်မီးလောင်မှု ငြိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ မီးသတ်သမားများ။
 
ဘရာဇီးလ်နိုင်ငံတောင်ပိုင်း Santa Maria မြို့က လူပြည့်ကျပ်နေတဲ့ နိုက်ကလပ်တခုမှာ မီးလောင်တာကြောင့် လူ ၂၄၅ ယောက်ထက် မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဘရာဇီးလ် တာဝန်ရှိသူတွေက ပြောပါတယ်။

Kiss ဆိုတဲ့ နိုက်ကလပ်မှာ တနင်္ဂနွေနေ့အစောပိုင်းက မီးလောင်ခဲ့တာလို့ တာဝန်ရှိသူတွေ ကပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်း အတိအကျကို မသိရသေးပေမဲ့လည်း တီးဝိုင်းဟာ မီးရှုးမီးပန်းတွေကို အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသူအများအပြားဟာ အသက်ရှုမရအောင် မွန်းကျပ်တာ ဒါမှမဟုတ် လူတွေ ကြောက်လန့်တကြား နဲ့ တွန်းထိုး ထွက်ပြေး ကြတာတွေကနေ ထိခိုက်မိပြီး သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး တာဝန်ရှိသူတွေ ဆက်ပြီး ရေတွက်နေတာနဲ့အမျှ သေဆုံး သူ အရေအတွက် တိုးလာနိုင်ပါတယ်။

အဲဒီမီးလောင်မှုဖြစ်ပြီးတဲ့နောက် ဘရာဇီးလ်သမ္မတ Dilma Rousseff ဟာ ချီလီနိုင်ငံခရီးစဉ်ကို ရက်လျှော့ပြီး တနင်္ဂနွေနေ့ အစောပိုင်းက နိုင်ငံဆီ ပြန်သွားပါတယ်။

အဲဒီ Santa Marina မြို့ဟာ အဓိကတက္ကသိုလ်တခု ရှိတဲ့မြို့ဖြစ်ပြီး လူဦးရေ ၂၅၀,၀၀၀ လောက် ရှိပြီးတော့ အာဂျင်တီးနားနဲ့ ဥရုဂွေးနိုင်ငံတွေ နယ်စပ်နားက ဘရာဇီးလ်တောင်ပိုင်းအစွန်းမှာ တည်ရှိတာပါ။
 
ဗွီအိုအေ
မှ ကူးယူဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
Photo:East-West Center
ဇန်နဝါရီ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ရီမြို့ရှိ East-West Center တွင် မိန့်ခွန်းပြောကြားနေစဉ်။ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဟာဝိုင်အီပြည်နယ် အခြေစိုက် East-West center အဖွဲ့အစည်းက လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပရိသတ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တာပါ။
 
၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖြည့်စွက်စရာတွေ အတော်များများရှိတဲ့အထဲက ၂ ချက်ကို ထောက်ပြ ဆွေးနွေးသွားခဲ့ပြီး၊ အဲဒီအထဲမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အပြင် “တိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်တွေကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှသာ မြန်မာနိုင်ငံမှာ
တိုင်းရင်းသားအားလုံး အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့” ပြောခဲ့ပါတယ်။
 
ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ပြဌာန်းထားတဲ့ အချက်ဟာ လူပုဂ္ဂိုလ် တစ်ယောက်ကို ဦးတည်ရေးဆွဲပြဌာန်းထားတာဖြစ်တဲ့အတွက် မသင့်လျှော်ကြောင်းနဲ့ ပြင်ဆင်ဖို့ လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။အခြေခံ ဥပဒေမှာပါတာက မိသားစုဝင်ထဲမှာ အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးဟာ နိုင်ငံခြားသား အဖြစ်ခံယူထားရင် သမ္မတဖြစ်ခွင့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။
 
ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်အမတ် ၇၅% ကျော်ရဲ့ ထောက်ခံမဲ ရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အပြင် လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် တွေက ၂၅% အသီးသီးရယူထားတာကြောင့် ပြင်ဆင်ဖို့ ခက်ခဲကြောင်း ဒါပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာလည်း နိုင်ငံကောင်းကျိုးကို မြင်ချင်တဲ့ ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
မှ ကူးယူဖော်ပြပါသည်။

(၁၄၈၇)ကြိမ်မြောက်မဟာတမန်တော်မြတ်နေ့အခမ်းအနားကို ပ်ီနန်မြန်မာမူစလင်ရုံးတွင်ကျင်းပ


                      မဟာတမန်တော်မြတ်နေ့အခမ်းအနားတွင်ဒေါက်တာဆောင်းလွင်အောင်မှဟောပြောနေစဉ်

Thursday january 24 2013

 

Sunday, January 27, 2013

မဟာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ဖွားသန့်စင်နေ့ အမှတ်တရ ဘာသာပေါင်းစုံ ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းရေးတရားပွဲ အခမ်းအနား



pfof.mmhdbirthday








































မြန်မာမွတ်စလင်မ်
မှ ကူးယူဖော်ပြပါသည်။

ကိုဖြိုးဝေအောင်အတွက် သတင်းစာရှင်းလင်းပွဲ ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် ကျင်းပမည်

kowaiphyo 

ကိုဖြိုးဝေအောင် အားတရားခံအဖြစ် အတိအကျ ဖေါ်ထုတ်သတ်မှတ်ခဲ့သူ ရဲချုပ် ခင်ရီ
X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုတွင် ပစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကွယ်လွန်သူ ကိုဖြိုးဝေအောင် သည် အဆိုပါဖြစ်ရပ်တွင်ပါဝင်ပတ်သက်သူမပာုတ်ကြောင်း စွပ်စွဲသူများ တင်ပြခဲ့သည့် အထောက်အထားများမှ ထုတ်နုတ်ကာရှင်းလင်း မည့်သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဖေဖေါ်ဝါရီ ၄ ရက် နေ့တွင် ရွေဂုံတိုင် ရှိတော်ဝင်နှင်းဆီ သီရိခန်းမဆောင် ညနေ ၄ နာရီမှ ၆ နာရီ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မဌေးဌေး က myanmarmuslim.net သို့ပြောသည်။
 
သတင်းစာရှင်းလင်းပွဲသို့ စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိင်ကြောင်းလည်းသိရသည်။ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းသည် ကိုဖြိုးဝေအောင် မကွယ်လွန်မှီ ဆန္ဒပြင်းပြခဲ့သည့် အတွက်ကျန်ရစ်သူမိသားစုက ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်ပာု လည်းသိရသည်။
ကိုဖြိုးဝေအောင်အား သေဒဏ် အမိန့်ချမှတ်ရာတွင် တရားမျှတမှု လုံးဝ မရှိကြောင်း၊ အာရှလူ့အခွင့်အရေး ကော်မရှင် အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားသူများစွာက ပြောကြားသည်။
ကိုဖြိုးဝေအောင်အား ဖမ်းဆီးစဉ် မတရား ရိုက်နှက် ညှင်းပန်းကာ ဖြောင့်ချက် ပေးခိုင်းခဲ့ကြောင်း ကိုဖြိုးဝေအောင် လွတ်မြောက်စဉ်က ပြောကြားခဲ့ဖူးသည်။
 
ကွယ်လွန်သူ ကိုဖြိုးဝေအောင် ၏ ၂ဝ၁ဝ ဧပြီ မြန်မာ့ နှစ်သစ်ကူးပွဲတော် ဗုံးခွဲမှုနှင့် ပတ်သက်၍ မှားယွင်းစွာ စွပ်စွဲခံရမှု၊ ဖြောင့်ချက်ပေးရန် နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ရာဇဝတ်မှုဖြင့် မမှန်မကန်ပြစ်ဒဏ် ချမှတ်ခံရမှုကို ပြန်လည် စိစစ်သုံးသပ်၍ ပျက်ယွင်းခဲ့ရသော နာမည်ကို ရှင်းလင်းပေးရန် ပန်ကြားလွှာကို အလေးထား ဆောင်ရွက်ရေး အတွက် ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် ညွှန်ကြား ရေးမှူး ဘီဂျိုဖရန်စစ် ထံမှ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ အမျိုးသားလွှတ်တော် တိုင်ကြားလွှာနှင့် အသနား ခံလွှာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းနှင့် အမျိုးသား လွှတ်တော် နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့ကြောင်း မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ် ယခုလ ၁၇ ရက်နေ့ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။
 
ထို့အပြင် အမှုကို ပြန်လည် စစ်ဆေး၍ ကိုဖြိုးဝေအောင်အပေါ် ချမှတ်ခဲ့သော ရာဇဝတ်မှု ပြစ်ဒဏ်ကို ဖျက်သိမ်းရန် သူ့သေဆုံးမှု သာမက သူ့အပေါ် စွဲဆိုခဲ့သော အမှု ဖြစ်စဉ် တစ်လျှောက် တွင် သူ့မိသားစု အပေါ် ဖိစီးခဲ့သော ဆုံးရှုံးနစ်နာမှု များကိုပါ မျှတအောင်စီစဉ်ပေးရန်၊ ဤအမှုအတွင်း ကျူးလွန်ခဲ့သော လူ့ အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူ အားလုံးကို စုံစမ်းစစ်ဆေးရန်၊ သက်ဆိုင်ရာ ကော်မတီများမှ ကိုင်တွယ် ဆောင်ရွက်ပေးပါ ရန် အာရှလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုထားသည်ပာုလည်း အထက်ပါ သတင်းတစ်ရပ်တွင် ဆက်လက်ဖေါ်ပြထားသည်။
 
“အမှုတွဲတွင် အပြစ်မရှိကြောင်း ထင်ရှားပါလျှက် ဘယာဂတိလိုက်စား ဆုံးဖြတ်ခဲ့ရသော အဓိက အကြောင်းအရင်းမှာ တရားရုံးအားမထေမဲ့မြင်ပြုသော၊လူ့ အခွင့်အရေးကြေညာစာတမ်းကို ချိုးဖေါက်သော ရဲချုပ်၏ သတင်းစာရှင်းလင်းပွဲကြောင့်ပင်ဖြစ်ပါသည်″ပာုကိုဖြိုးဝေအောင်မကွယ်လွန်မှီတရားဥပဒေစိုးမိုးရေးအဖွဲ့များသို့ ၂၀၁၂ နိုင်ဝင်ဘာ ၂၆ ရက်စွဲဖြင့် စစ်ဆေးအမိန့်ချသည့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ဦးအောင်သိန်း နှင့် ပြည်ထောင်စု တရားလွတ်တော်ချုပ်တရားသူကြီးများဖြစ်သော ဦးမြင့်ပာန်နှင့် ဦးမြင့်အောင် တို့အား စုံစမ်းစစ်ဆေး အရေးယူပေးရန် ပာူသော တိုင်ကြားစာပါ ပေးပို့သည့် စာတွင်ရေးသားထားသည်။
 
ကိုဖြိုးဝေအောင် အားတရားခံအဖြစ် အတိအကျ ဖေါ်ထုတ်သတ်မှတ်ခဲ့သူ ရဲချုပ် ခင်ရီ သည် အခြေခံ အကျဆုံး နှင့် အလွယ်ကူဆုံး အချက်ဖြစ်သည့် ကိုဖြိုးဝေအောင်တွင် သားသမီး ၂ ဦးသာရှိသည်ကို ၃ ဦးပာု လွဲမှားစွာဖြေကြားခဲ့သူဖြစ်ကြောင်း ၂၀၁၀ မေ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာ ၇ ပါ ရဲချုပ် ခင်ရီ ဖြေကြားခဲ့မှု ဖေါ်ပြချက် အရသိရသည်။
အထက်ပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး အချက် ၁၃ ချက်ပါ သတင်းစာရှုင်းလင်းပွဲတွင် လွဲချော်ခဲ့ သည့် အချက်များကို ဖေါ်ပြထားသည့် စာရင်းလည်း ထွက်ပေါ်ထားသည်။
သင်္ကြန် မဏ္ဍပ်ကို ဗုံးဖေါက်ခွဲသည် ဟူသော စွဲချက်ဖြင့်သေဒဏ်ချမှတ်ခံရပြီးနောက် သမ္မတလွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် (အသက် ၃၃ နှစ်) သည် ယခုလ ၄ ရက် နံနက် ၃း၃၀ အချိန်တွင် အလ္လာဟ်ဂရုဏာ ခံကာ ကွယ်လွန်သည်။
 
မြန်မာမွတ်စလင်မ်
မှ ကူးယူဖော်ပြပါသည်။

Saturday, January 26, 2013

၂၀၁၃ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခ သည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်

  ဖိုးခွါးလေး (ကေအိုင်စီ) 

ယခု ၂၀၁၃ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေးကိစ္စ ရပ်ဆိုင်းတော့မည်ဟု ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ (Principal Deputy Assistant Secretary for Bureau of population refugees and migration US Department of state) ဒေးဗစ်ရောဘင် ဆန် (Mr.David Robinson)က ယနေ့ ပြောကြားလိုက်သည်။

ဒုက္ခသည်များအား ခေါ်ယူခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတစ်ခုတည်းသာ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု ဒေးဗစ်ရော ဘင်ဆန် ပြောဆိုခဲ့ကြောင်း မယ်လစခန်း ဒု-ဥက္ကဌ စောသာကဲက ကေအိုင်စီသို့ ယခုလို ပြန်လည်ပြောဆိုသည်။

“သူလာရတဲ့ အကြောင်းကတော့ ဒုက္ခသည်တွေကို အသိလာပေးတဲ့သဘောပဲ။ ဒါဟာ အမေရိကန်နိုင်ငံ တနိုင်ငံအတွက်ပဲ သူ လာပြောသွားတာဖြစ်တယ်။ ကျန်နိုင်ငံတွေကတော့ မဆိုင်ဘူး။ ဒီနေ့ကနေ ဇွန်လ ၅ရက်နေ့အထိ အမေရိကန်နိုင်ငံ သွားလိုသူ တွေကို နာမည်စာရင်းလာပေးရမယ်။ နောက်ဆိုရင် မလက်ခံတော့ဘူး။ စာရင်းပိတ်တော့မယ်ပေါ့”ဟု စောသာကဲက ပြောသည်။

ထို့အပြင် အမေရိကနိုင်ငံသို့ သွားရောက်အခြေချလိုသည့် ဒုက္ခသည်များသည် နာမည်စာရင်းလာသွင်းပါက ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသောသူဖြစ်ပြီး UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသည့် PAB လက်မှတ်ကိုင်ဆောင်ထားသည့် ဒုက္ခသည်များ မပါဝင်ကြောင်း သိရ သည်။

သို့သော် PAB လက်မှတ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအတွက် နာမည်စာရင်း ပြန်လည်စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ပြန်လည်လုပ်ပေးသင့်မသင့်ကို UNHCR အနေဖြင့် ပြန်လည်ပြုလုပ်ပေးသွားရန် ရှိကြောင်းလည်း စောသာကဲက ဖြည့်စွက်ပြော ဆိုသည်။

ဆက်လက်၍ စခန်းအတွင်းရှိ ဒုက္ခသည်လက်မှတ်မရှိသော လူသစ်များအား အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနိုင်မည့် အခွင့်အလမ်းမရှိသလို ၎င်းနိုင်ငံအနေဖြင့်လည်း လက်ခံသွားမည့် အစီအစဉ် ရှိတော့မည်မဟုတ်ကြောင်း သိရသည်။

ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် မရှိသေးသူ မယ်လစခန်းနေ အောင်ခိုင်ထွန်းက “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် လူဟောင်း အဖြစ် အခွင့်အရေးရချင်တယ်။ အခု လာရှင်းပြတာက လူသစ်အတွက် ဘာမှပြောသွားတာ မရှိဘူး။ တကယ်လို့ မသွားဖြစ် လည်း မြန်မာနိုင်ငံကိုတော့ ပြန်မှာမဟုတ်ဘူး။ သူတို့စီစဉ်တဲ့အတိုင်း၊ ထားတဲ့အတိုင်း နေသွားမယ်”ဟု ပြောသည်။

အမေရိကန်နိုင်ငံသို့ သွားရောက်ခိုလှုံခွင့် ရက်သတ်မှတ်လိုက်သည်နှင့် ပတ်သက်၍ ယနေ့မနက်တွင် မယ်လစခန်း ဘောလုံး ကွင်း၌ ဒုက္ခသည်များအား လာရောက်ရှင်းလင်းပြောဆိုရာတွင် US Embassy, UNHCR, IOM နှင့် RSC ကိုယ်စားလှယ်များ လည်း ပါဝင်သည်။

ယခုလ ဇန်န၀ါရီ ၁၆ရက်နေ့ကလည်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး (နိုင်ကျာရုဖုန် ရေယန်ဆုဝမ်)က မယ်လဒုက္ခသည်စခန်းအ တွင်း ဒုက္ခသည်၏ အခြေအနေများကို လာရောက်လေ့လာခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များကို အတင်းပြန်ခိုင်းမည် မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊ ဘန့်ဒုံယမ်းနှင့် ထမ်းဟင် စသည့် UNHCR မှ အသိအ မှတ်ပြုထားသော ကရင်ဒုက္ခသည်စခန်း ၇ခုရှိပြီး ၂၀၀၆ခုနှစ်မှစ၍ အမေရိကန် ပြည်ထောင်စုအစိုးရက ဒုက္ခသည်များကို ၎င်းတို့ နိုင်ငံသို့ သွားရောက်အခြေချနေထိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များကို အမေရိကန်အပြင် သြစတြေးလျား၊ ကနေဒါ၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများမှလည်း ခေါ်ယူလျှက်ရှိသည်။


 KIC News မှ ကူးယူဖော်ပြပါသည်။

စစ်တွေမှာ သံဃာတစ်ပါးကို လက်နက်တွေနဲ့ ဖမ်းဆီးမိ

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဦးဣန္ဒောဘာသ ဆိုတဲ့ သံဃာတစ်ပါးကို လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ မူးယစ်ဆေးဝါးတွေ နဲ့အတူ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ တယ်လို့ သိရပါတယ်။

အဲဒီသံဃာတော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘူးသီးတောင်ကို သွားရောက်ဖို့ပြင်ဆင်နေစဉ် စစ်တွေ မလိခ အမြန်ရေယာဉ်ဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ထံကနေ ပစ်စတို သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဆံ ၂၆ တောင့်နဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ၄၉၆၀၀ ပြား တွေ့ရှိခဲ့တယ်လို့ ဒေသခံ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တရားမဝင် WY ပန်းရောင် စိတ်ကြွဆေးပြားတစ်ခုရဲ့တန်ဖိုးဟာ ၃၀၀၀ နှုန်းရှိတဲ့အတွက် မနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ ကာလတန်ဖိုး ကျပ်ငွေသိန်းပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့လည်း အရာရှိတွေက ဆိုပါတယ်။
 rfa. မှ ကူးယူဖော်ပြပါသည်။

သမ္မတကြီးထံအကြံပြုအသိပေးစာ

ဦးသိန်းစိန်

သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရခိုင်အကြမ်းဖက်မူကြီးကို မဆလ အစိုးရ၏ ၁၉၈၂ခု နိုင်ငံသား ဥပဒေဖြင့်ဖြေရှင်းနေသော အရေးကိစ္စတင်ပြခြင်း
ရခိုင်တို့ ၏အကြမ်းဖက်မူသည် နိုင်ငံတော် ဒီမိုကရေစီချီတက်ရေးတွင် ဟန့် တားမူပြုသော စိန်ခေါ်မူတစ်ရပ်ဖြစ်သည်ကို သမ္မတကြီးနှင့် အတူ တစ်နိုင်ငံလုံး တန်းတူရင်ဆိုင်လျက် ရှိပါသည်။ သမ္မတကြီးဖြေရှင်းနည်း ၄သွယ်နှင့် ယခုဖြေရှင်းနေသော မဆလ၏ ၈၂ခုနှစ် နိုင်ငံသားပေတံကို ကြည့်လျင် အကြမ်းဖက်မူအပေါ် မည်သည့် အရေးယူမူများမရှိဘဲ ဒုက္ခသည်စခန်းရောက်နေသော ရိုဟင်ဂျာ၊ ရခိုင် လူမျိုးစု ၂စုမှ ရိုဟင်ဂျာကိုသာ သီးသန့် စီစစ်ခြင်းသည် အကြမ်းဖက်မူကို နိုင်ငံတော်က ဖန်တီးတာလား၊ ရိုဟင်ဂျာက ဖန်တီးတာလားလို့ သံသယယုံမှားနေပါသည်။
သို့ သော်သမ္မတကြီးမှ လွှတ်တော်သို့ သ၀ဏ်လွှာပို့ ရာတွင်ရခိုင်များက ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မူကို လုယူရလိုခြင်းဟူ၍ လည်ကောင်း၊ ပြီးခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်များက ဥပဒေပါ အဆုံးအဖြတ်များကို မလိုက်နာခြင်း၊ရခိုင်အရေးကြောင့် နိုင်ငံတကာတွင် မျက်နှာပျက်ပြီး အားငယ်နေရခြင်း စသည်ဖြင့် တင်ပြခဲ့သည်ကို တွေ့ ရပါသည်။
တဖန်နိုင်ငံတော်အစိုးရကလည်း တစ်ဖက်တွင် ရခိုင်ဟူသောအမည်ကိုတန်ဖိုးထားပြီး 12-8-2012 တွင် ရခိုင်သူပုန်များသည် ကျောက်တောသို့ ဝင်လာပြီး 14-8-2012 တွင် ရခိုင်သမ္မတနိုင်ငံကြေငြာရေးစီမံရာတွင် လုံခြုံရေးတပ်နှင့်ထိပ်တိုက်တွေ့ လာပြီး လက်နက်နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ၊
တောင်ကုတ် ၁၀ လောင်းပြိုင်သတ်ဖြတ်ခဲ့သော အရေးနှင့်စုံစမ်းရေးအဖွဲ့ မှ ရခိုင် (၃၀)အားဖမ်းဆီးပြီး အမူထင်ရှားလာသောအခါ ၄င်းထဲတွင် RNDP ပါတီဝင်များဖြစ်၍ ထိန်ချန်ထားခြင်း၊
ပြီးခဲ့သော အပတ်တွင် ဘင်္ဂလားရခိုင်သူပုန်မှ ရဲဘော် (၁၈) ဦးက တာလီဘန် သူပုန်ပုံစံ ၀တ်စားဆင်ယင်ပြီး မောင်းတောမှတစ်ဆင့် လုံခြုံရေးတပ်အား တိုက်ခိုက်မူတွင် လိုက်လံဖမ်းဆီ၍ စစ်ဆေးသောအခါ အားလုံးမှာ ရခိုင်သူပုန်သာဖြစ်သည်ကို ထိန်ချန်ထားခြင်း၊
အကြမ်းဖက်မူကို ရခိုင်သူပုန်များနှင့်အတူ RNDP ပါတီဝင်များလည်းပါဝင်ကျူးလွန်မိပါကြောင်း RNDP ပါတီမှ အတွင်းရေးမူးနှင့် သတင်းပြန်ကြားရေးမှုးများက စာနယ်ဇင်းများကို ၀န်ခံခဲ့ကြောင်း၊
အကြမ်းဖက်ပြီးဒုက္ခရောက်နေသော ရိုဟင်ဂျာများအား မဆလအစိုးရ၏ ၁၉၈၂ခု နိုင်ငံသားဥပဒေဖြင့် တဖက်သက် စစ်ဆေးမူပြု၍ ဖြေရှင်းရေး နည်းဟန်ပြခြင်း စသည်တို့ ကို လေ့လာကြည့်သောအခါ နိုင်ငံတော်၏ ဆန္ဒသဘောထားနှင့် မူဝါဒပိုင်းမှာ နိုင်ငံတကာတွင် တစ်မျိုး၊ ပြည်တွင်းမှာ တစ်မျိုး လှည့်စားမူမျိုး ဖြစ်နေသလားဟု ထင်မြင်ရပါသည်။
ယခုဖြေရှင်းနေသော နည်းလမ်းအရ အကြမ်းဖက်မူတွင် ရခိုင်သူပုန်အား အသုံးချလာသလို အခွင့်ကောင်းယူပြီး ဆက်လက်တိုက်ပွဲဝင်လာမူသည် ရခိုင်တို့ ၏ စင်ပြိုင်အစိုးရ ရရှိရေးအတွက်မြန်မာအခက် ရခိုင်အချက် ဖြစ်အောင် ဖန်တီးခြင်း၊ ရခိုင်နှင့် ရိုဟင်ဂျာ လူမျိုးစုများအကြားသွေးခွဲအောင် ဖန်တီးခြင်း၊ အကြမ်းဖက်နိုင်အောင် အားပေးခြင်း၊ အပြစ်မဲ့ ပြည်သူများအား ဒုက္ခသည်စခန်းသို့ မရောက် ရောက်အောင်ပို့ ဆောင်ခြင်း တို့ ကို မည်သူကပါဝင် ပက်သက်ပါသနည်း အဖြေကို သူပုန်မှစပြီး ၀န်ကြီးအဆင့်ထိ စစ်ဆေးဖော်ထုတ် အရေးယူရမည်ဖြစ်သည်။
၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေဖြင့်စစ်ဆေးမူပြုရာတွင် နယ်မြေ၌အခြေအနေအမျိုးမျိုးတွေ ရမည်ဖြစ်သည်။
(က) တစ်ချို့ မှာ မှတ်ပုံတင်လည်းရှိ၊ သန်ခေါင်းစာရင်း လည်းရှိ၊
(ခ) တစ်ချို့ မှာ မှတ်ပုံတင်မရှိ၊ သန်ခေါင်းစားရင်းရှိ
(ဂ) တစ်ချို့ မှာ မှတ်ပုံတင်လည်းမရှိ၊ သန်ခေါင်းစာရင်းလည်းမရှိဖြစ်နေမည်ကို တွေ့ ရပါမည်။အကြောင်းမှာ ရိုဟင်ဂျာမှာ တိုင်းရင်းသား ဖြစ်ကြောင်း နိုင်ငံတော်၏ မြန်မာ့အသံနှင့်အသိအမှတ်ပြု စာများရှိပါသည်။ ဤသည်ကို ၀န်ကြီးချုပ် ဦးနုခေတ်တွင် လက်ခံပြီး အာဏာရှင်နေ၀င်းခေတ် 1960-1988 ထိ ဖြုတ်ချကာ ရိုဟင်ဂျာလူမျိုးစုအား သွေးခွဲအုပ်ချူပ်မူကြောင့် ချန်လှပ်ထားမူဖြစ်သည်။ မှတ်ပုံတင်ပေးသော်လည်း တစ်ချို့ မှာ အဖေက ဘင်္ဂလီ၊ သားက ကမန်၊ မြေးက အိန္ဒိယ၊ တစ်ချို့ အား လုံးဝစာရင်းမတင်ဘဲ ချန်ထားခဲ့မူကို အာဏာစက်ဖြင့် စီမံခဲ့သည်ကို နာခံယူခဲ့ရပါသည်။ ထို့ ပြင်ယနေ့ နိုင်ငံတော်မှ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံနိုင်ကြောင့် ပြောဆို မူသည် အဘယ်ကြောင့်နည်း မေးစရာ ဖြစ်လာပေသည်။ ရခိုင်ကသူပုန်လား၊ ရိုဟင်ဂျာကသူပုန်လား၊ ရခိုင်က ခိုးဝင်လာတာလား၊ ရိုဟင်ဂျာက ခိုးဝင်လာတာလား ဟူသည်မှာ အကြမ်းဖက်မူမှသိရှိနိုင်ပါသည်။ အနောက်သား ရခိုင် အ၀ကျွန်းသား ရခိုင်ဟုထင်ရှားသော ဘင်္ဂလားနယ်ဖွား ရခိုင်ခိုးဝင်နေမူကို လူမျိုးတူလျင် သူခိုးလည်းနေနိုင်သည် ဟူသောဝါဒသက်မှတ်ကာ ရိုဟင်ဂျာများအား အတင်းဘင်္ဂလားဟူ၍မှတ်ခေါ်နေသည်ကို တွေ့ ရပါသည်။
အဆိုပါ အာဏာရှင်အစိုးရ၏ လူမျိုးစုခွဲခြားသော ဆောင်ရွက်ချက်ကို ယနေ့ 2012 တွင် ရခိုင်အကြမ်းဖက်မူကိုအခြေခံ၍ ဒုက္ခသည်စခန်း ရောက်နေသော ရိုဟင်ဂျာများကို တစ်ဖက်သက်စစ်တမ်းကောက်ပြီး အထောက်အထားတင်ပြနိုင်သူကို နိုင်ငံသားပြုသို့ စဉ်းစားပြီး မတင်ပြနိုင်သူကို ခိုးဝင်နေထိုင်မူဟူသော လ၀က ဥပဒေဖြင့် အရေးယူမည်ဟူ၍ 20-11-2012 နေ့ နယ်စပ်ဝန်ကြီးမှ ပြောဆိုခဲ့မူတွင် ဦးစွာ ယခင် လ၀ကနှင့် အာဏာရှင်တာဝန်ရှိသူများကို အရေးယူရမည် ဖြစ်ကြောင်း သတိပြုစေလိုပါသည်။
 ယခုတဖန် စစ်ဆေးရာတွင် လူမျိုးစုနေရာတွင် ဘင်္ဂလီဟူ၍ အတင်းရေးသားမူကို လက်ခံရန် အတင်းအကျပ်ဖိအားပေးသုံးနေပါသည်။ ရိုဟင်ဂျာသည် ဘင်္ဂလီမဟုတ်ပါ၊ ဘင်္ဂလီသည်လည်း ရိုဟင်ဂျာမဟုတ်ပါ။ မဆလ ခေတ် နိုင်ငံတော်တွင် နိုင်(၂) ပုံစံတစ်ခါ စစ်ဆေးခံတုန်းက မွတ်စလင်တွေအားလုံး ရိုဟင်ဂျာလို့ ရေးသားမူကို ဖယ်ကာ ရခိုင်ကို သာ လက်ခံပြုခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတော်မှ ရိုဟင်ဂျာများကို စီမံချက်ချပြီး ဘင်္ဂလီ၊ ကမန်၊ အိန္ဒိယစသော လူမျိုးစုအမည်ကို အတင်းပိုင်းခြားခဲ့သည်။ နောက်ဆုံးတွင် အဖြူကဒ်ပင်အတင်းထုတ်ပေးခြင်းကို နာခံပြီး ယူခဲ့ရပါသည်။ ဤသည်မှာ ဥပဒေလား၊ အာဏာစက်လားဆိုတာ ပိုင်းခြားမြင်လိုပါသည်။
 ဤသို့ ဖြစ်စဉ်များကို အခြေခံ၍ ဒီမိုကရေစီ နိုင်ငံတော်သို ချီတက်ကာလတွင် ဖောက်ထွင်းဝင်လာသော ရခိုင် အကြမ်းဖက်မူအပေါ် ဖြေရှင်းရာတွင် အောက်ပါ အရေးများကို ဦးစားပေးဖြေရှင်းစေလိုပါသည်။
(က) နားလည်မူမရှိ၊ ဥပဒေအဆုံးအဖြတ်နာမခံသော ရခိုင်သူပုန်နှင့် ပါတီကို ချက်ချင်းဖော်ထုတ်အရေးယူရေး၊
(ခ) ဒုက္ခစခန်းအသီးသီးရှိ ပြည်သူများကို အမြန်ဆုံးသူ့ အိမ်သူ့ ယာ သူ့ လုပ်ငန်းသို့ ပြန်လည်နေရာချထာပေးရေး၊
(ဂ) ပြီးနောက်ရခိုင်ပြည်တွင် သံသယ၀င်နေသော နိုင်ငံသားရေးကို လွှတ်တော်သို့ တင်ပြီး မဆလ အစိုးရ၏ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ဒီမိုကရေစီစံနှုန်းနှင့် လူ့ အခွင့်အရေး စံနှုန်း ပေါ်မူတည်၍ ပြုပြင်ဖြည့်စွက်ကာ စစ်ဆေးမူပြုရန်၊
ဤသည်ကို ၂၀၁၃ မ၀င်လာမီ အရေးပေါ်ဥပဒေ၊ နည်းဥပဒေဖြင့် စီမံပြီး ဒီမိုကရေစီ လူ့ ဘ၀တည်ဆောက်နိုင်ရေးကို ကူဖြေရှင်းပေးပါရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ဇာနည်မောင် (National Foundation, BKK)
မှ ကူးယူဖော်ပြပါသည်။

“အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း ညီညွှတ်တဲ့နေ့ ” ဦးသောင်းညွှန့်(ဖျာပုံ)

 သတင်း-ပသီဆောင်းနှင်းမှုံ
“အာဇာနည် တစ်ဦးချင်းစီရဲ့ အကြောင်းကို ဖော်ထုတ်လိုက်မယ်ဆိုရင် အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း ညီညွှတ်တဲ့နေ့ ဖြစ်တယ်ဆိုတာ ပေါ်လွင်သွားမယ်” ဟုဆိုခဲ့သူ ဦးသောင်းညွှန့်(ဖျာပုံ)
ယခုလ ၂၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည် အမျိုးသာ ခေါင်းဆောင်ကြီးများဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနားနှင့် ပတ်သက်၍ M-Media မှ မြို့နယ် အသီသီးမှ တက်ရောက်လာသူများထဲက ဧရာဝတီတိုင်း ဖျာပုံမြို့မှ သတင်းထောက် ဦးသောင်းညွှန့်(ဖျာပုံ)နှင့် [မကွယ်လွန်ခင် ၃ရက်ခန့်က] တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2
ဆရာ ဦးသောင်းညွှန့်(ဖျာပုံ) မကွယ်လွန်မီ ၂ ရက်အလိုက M-Media နှင့်တွေ့ဆုံခဲ့စဉ်က
 
“ဒီကနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခ၊တွေနဲ့ပတ်သပ်ပြီး ဆရာကြီး ဦးရာဇတ် အခမ်းအနားမှာ ဆရာတော်တွေရဲ့ မိန့်ကြားချက် ၊ နောက် တက်ရောက်လာသူတွေရဲ့ ပြောကြားချက်၊အခမ်းအနားမှာပြသခဲ့တဲ့ တခန်းရပ်ပြဇာတ်တွေကို ကြည့်မယ်ဆိုရင် ဒီကနေ့နိုင်ငံတော်မှာ လိုအပ်နေတဲ့အချက်ကို တစ်နည်းနည်းနဲ့ ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ် ။ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အထူးသဖြင့် ဖြည့်ဆည်းလိုက်တာဖြစ်တယ်။ ဆရာကြီးဦးရာဇတ်ရဲ့ သဘောထားကိုလည်း ဒီဘာသာပေါင်းစုံ အနေနဲ့ ဖြည့်ဆည်းသွားတာပဲ။”
 
“အခမ်းအနားမှာ ပြခဲ့တဲ့ပြဇာတ်ဟာ အကုန်ကောင်းတယ်။ အားနည်းချက်က တစ်ကွက်ပဲရှိပါတယ်။ဆရာကြီး ဦးရာဇတ်က တိုက်ပုံအင်္ကျီမ၀တ်ပဲ ကုတ်အင်္ကျီပဲ ၀တ်ထားမယ်ဆိုရင် ပိုကောင်းတယ်။ဒါမှသာ ဆရာကြီးဦးရာဇတ်က ဘယ်သူဆိုတာကို ကြည့်တဲ့သူတွေက မြင်တာနဲ့ ဒါကတော့ ဆရာကြီးဦးရာဇတ်ပဲလို့ ကွဲကွဲပြားပြား သိနိုင်မှာဖြစ်တယ်။ဒီလိုတာ ဆိုရင် ဆရာကြီးဦးရာဇတ်အဖြစ် သရုပ်ဆောင်တဲ့ ပုဂ္ဂိုလ်ဟာပိုပြီးပီပြင်သွားမယ်။ ဒါလေးကိုသာနာက်ပိုင်း ပြင်ဆင်ပြီး ရိုက်မယ်ဆိုရင်ပိုပြီး ဒီထက်ကောင်းသွားလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ကျွန်တော်လည်း အခြားသော ညီနောင်တွေလိုပဲ ဆရာကြီးကို ချစ်ခင်လေးစားလွန်းလို့ ဖျာပုံကနေ တကူးတက ကိုလာရတာပါ။”
 
“အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်ပီး ဒီကနေ့အထိ မဖော်ထုတ်နိုင်သေးတဲ့ ပြဿနာတွေ ရှိပါတယ်။အဲဒါက ဘာလဲဆိုရင် ဦးအုန်းမောင်ကဟိန္ဒူဘာသာဝင် ဆိုတာကိုလည်း မသိကြတာများပါတယ် ဒီကနေ့ထိလည်း မဖော်ထုတ်နိုင်ခဲ့ဘူး၊အဲဒါကို အလေးထားပြီး ဖော်ထုတ်ပေးဖို့လည်း လိုပါတယ်။ဒီအာဇာနည်တွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ ပါသလို၊ အစ္စလာမ်လည်းပါတယ်၊ ခရစ်ယာန်လည်းပါတယ်၊ဟိန္ဒူလည်းပါ ပါတယ်။ ဟိန္ဒူဘာသာဝင် ဦးအုန်းမောင်ကိုလည်း သူ့ရဲ့မိသားစုတွေနဲ့ စာနယ်ဇင်းတွေကတွေ့ဆုံပြီး ဖော်ထုတ်ပေးသင့်ပါတယ်။ ဒီလိုသာ အာဇာနည်တစ်ဦးချင်းစီရဲ့ အကြောင်းကိုဖော်ထုတ်လိုက်မယ်ဆိုရင် အာဇာနည်နေ့သည် ဘာသာပေါင်းစုံ သွေးစည်း ညီညွှတ်တဲ့ရေးနေ့ ဖြစ်တယ်ဆိုတာ ပေါ်လွင်သွားမယ်”
3
ဆရာ ဦးသောင်းညွှန့်(ဖျာပုံ) မကွယ်လွန်မီ ၂ ရက်အလိုက M-Media နှင့်တွေ့ဆုံခဲ့စဉ်က
 
“ခရစ်ယာန် ဘာသာဝင်က မန်းဘခိုင်ပါ၊ မန်းဘခိုင်မှာ ဗုဒ္ဓဘာသာမိသားစုနဲ့ ခရစ်ယာန်မိသားစုဆိုပြီး မိသားစု နှစ်ခုရှိပါတယ်။ဘာသာကြီး လေးခုရဲ့ သွေးစည်းညီညွှတ်တဲ့ဟာကို ဘယ်လိုပုံစံနဲ့မှ လုပ်ယူလို့မရပါဘူး၊အဲဒါကို စာနယ်ဇင်းလောက က သူဘယ်သူလဲဆိုတာကို ထဲထဲဝင်ဝင်လေ့လာပြီး ဖော်ထုတ်ပါ။”
“ဆရာကြီးဦးရာဇတ်တင်မက အားလုံးကိုဖော်ထုတ်သွားမယ်ဆိုတာ ကြားရတဲ့အတွက် ကျင်းပရေးကော်မတီကို ကျေးဇူးတင်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဟာ အလကား ပျော်ပါးလုပ်နေတာ မဟုတ်ဘူး သွေးက စကားပြောခဲ့တယ်ဆိုတာကို ကျေကျေနပ်နပ်ကြီး သိအောင်ဒါတွေကို ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်သွားပါလို့ ကျင်းပရေး ကော်မတီကို ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်”
 
ဒီကနေ့ အခြေအနေနဲ့ပတ်သပ်ပြီး M-Media မှမေးမြန်ချက်ကို ဆရာသတင်းထောက် သောင်းညွှန့်မှ အခုလို အောက်ပါအတိုင်း ဆက်လက် ပြောကြားခဲ့ပါသေးသည်။
 
ဒီကနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ သတင်းစာ ထုတ်ဝေခွင့်ကို နိုင်ငံတော်က ပေးမယ်လို့ပြောတယ်။သို့သော်လည်းပဲ သတင်းစာ အတွေ့အကြုံရှိတဲ့ သူတွေက မြန်မာပြည်မှာ အင်မတန်နည်းပါတယ်။သတင်းစာ အတွေ့အကြုံရှိတဲ့သူတွေက ထင်ထင်ရှာရှားဆိုလို့ ဆရာဦးဝင်းတင်ရယ် ၊ကြေးမုံဦးရဲတင့် ရယ်တို့လောက်ပဲရှိတယ်၊လက်ချိုးရည် လို့ရတယ်။ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ပုဂ္ဂလိက သတင်းစာ ဖြစ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပါဘူး”ဟု ဝေဖန်သုံသပ်ပြောကြားခဲ့ပါသည်။
 
အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်တွင် ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ) ဟာ ဇန်နဝါရီ ၂၄ ရက် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။
ဆရာရဲ့ တိုင်းပြည်အပေါ်မှာ ထားရှိတဲ့ စေတနာ မေတ္တာကို M-Media တွေ့ဆုံခန်းမှ ခံစားသိရှိနိုင်ကြပါစေ။
ဆရာ ကောင်းရာသုဂတိလားပါစေလို့ M-Media မှ ဆုမွန်ကောင်းတောင်းပါတယ်။
M-Media
မှ ကူးယူဖော်ပြပါသည်။

ယူကရိန်း မွတ်စလင်များ တမန်တော်မုဟမ္မဒ် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Prophet Muhammad's Birthday 
 

(၁၄၈၇) နှစ်မြောက် တမန်တော် မုဟမ္မဒ်(ဆွ) ရဲ့ မွေးနေ့ အခမ်အနား ကမ္ဘာတဝှမ်းလုံးရှိ နိုင်ငံပေါင်းများစွာက သန်းပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်များ ကျင်းပခဲ့ကြပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များကဲ့သို့ပင် ယူကရိန်း မွတ်စလင်များကလည်း တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုအခမ်းအနားကို ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈယ်ခြင်းနှင့် တမန်တော်မြတ်ကြီးအား ချီးကျူးစကားများပြောခြင်းဖြင့် စတင်ခဲ့သည်။
 
အဆိုပါအခမ်းအနားကို ယခင်နှစ်များနှင့်မတူ တမူထူခြားစွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး “The Heritage of the Islamic Civilization” (အစ္စလာမ့်လူ့အဖွဲ့အစည်း၏ အမွေအနှစ်များ) ခေါင်းစဉ်ဖြင့် ပြပွဲတစ်ရပ်လည်း ကျင်းပပြု လုပ်ခဲ့သည်။ ထိုပြပွဲတွင် တမန်တော် မုဟမ္မဒ်သခင်၏ မျိုးဆက်ဇယား၊ ကမ္ဘာတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များ၏ သမိုင်းမှတ်တမ်းများနှင့် ဓာတ်ပုံများ၊ မွတ်စလင်ကမ္ဘာ၏ ထင်ရှားသည့် သိပ္ပံဆိုင်ရာတွေ့ရှိချက်များ စသည်တို့ကို ခင်းကျင်းပြသထားသည်။ ၎င်းအပြင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သော နိုင်ငံ ၁၂ နိုင်ငံမှ ရိုးရာဝတ်စုံများကိုလည်း ပြသထားပြီး ယူကရိန်းနိုင်ငံရှိ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သောလူမျိုးစုများမှာ စိတ်ချမ်းသာမှု ရှိကြောင်းကို လွယ်ကူစွာ ခံစားသိမြင်နိုင်သည်ဟု ပြပွဲသို့ တက်ရောက်လာသူတစ်ဦးက ပြောကြားခဲ့သည်။
 
ယူကရိန်းနိုင်ငံတွင် တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ထုံးတမ်း တစ်ခုဖြစ်လာခဲ့သည်။ နှစ်စဉ်နှစ်တိုင်းပင် အစ္စလာမ့် ယဉ်ကျေးမှုကို စိတ်ဝင်စားသော ယူကရိန်းနိုင်ငံသားများ တိုးတက်များပြားလာလျက်ရှိသည်။ ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံဟောင်း ယူကရိန်းနိုင်ငံ လူဦးရေမှာ ၂၀၁၁ ခုနှစ် မှတ်တမ်းဖော်ပြချက်များ အရ (၄၆ သန်းခန့်) ရှိပြီး ၄ % မှာ အစ္စလာမ်သာသနာဝင်များဖြစ်ကြောင်း သိရပါသည်။
Ref: PressTV
M-Media
မှ ကူးယူဖော်ပြပါသည်။

Tuesday, January 22, 2013

သင်္ဃန်းဝတ်သူ တစ်စု ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်

 နေသစ်ထွန်း
IMG_20130120_093023
လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ
 
ဘားအံမြို့ သရက်တောကျောင်းတိုက်မှ သင်္ဃန်းဝတ် ၇ဦးနှင့် အ၀ါရောင်ဝတ် လူငယ်အမျိုးသား အမျိုးသမီး ၂၀ ဦးပါဝင်သော အဖွဲ့သည် ဘားအံမြို့ မြို့မ ဈေးအပြင်ဘက် ပျံကျ ဈေးတန်း အတွင်းသို့ ၀င်ရောက်ကာ ပြည်သူများ၏ အေးချမ်း လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို ၀င်ရောက်နှောက်ယှက်ခဲ့သည်။
 
ဇန်န၀ါရီ ၂၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘာသာခြား ဆိုင်များတွင် ဈေးဝယ် ခြင်းမပြုရန် ဈေးအတွင်း ၀င်ရောက် လှုံ့ဆော် ခဲ့ပြီး ဈေးဝယ်နေသူ ကရင် လူမျိုးများအား အတင်းအဓမ္မ ပိတ်ပင် ဟန့်တားခဲ့ကြောင်း ဘားအံမြို့ခံ တစ်ဦးက ပြောပါသည်။
 
မြို့မဈေး အပြင်ဘက်တန်းရှိ ဆိုင်များမှ ၄င်းတို့လိုအပ်သော ပစ္စည်းများဝယ်ခြမ်းခဲ့သည့် ကရင်လူမျိုး အချို့အား ၀ယ်ယူပြီးသော ပစ္စည်းများကို ဆိုင်ရှင်ထံ ပြန်ပေးအပ်ရန် ဘုန်းကြီး ၇ ဦးနှင့် အဖွဲ့က အတင်းအဓမ္မ စေခိုင်း ခဲ့ကြသဖြင့် ဈေးဝယ်လာပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြောင်း ၄င်းမြို့ခံ က ပြောပါသည်။
 
အဆိုပါ မြို့မဈေးအပြင်ဘက်တန်းအနီးတွင် ရဲတပ်ဖွဲ့ စခန်းရှိသော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သို့မျှ တားမြစ်ဟန့်တားပေးခြင်းမရှိဟု ၄င်းမြို့ခံက ပြောပါသည်။
 
အာဏာပိုင် အဖွဲ့အစည်းများကဲ့သို့ သင်္ဃန်းဝတ် ထားသူတစ်စုမှ ကရင်ပြည်သူများ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် မရှိအောင် ပိတ်ပင်ဟန့်တား၊ နှောက်ယှက်နေခြင်း များကြောင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံ နေရသော်လည်း ယနေ့အချိန်အထိ ကရင်ပြည်နယ် အစိုးရမှ သော်လည်း ကောင်း၊ ရဲတပ်ဖွဲ့ ကသော်လည်းကောင်း၊ ဥပဒေနှင့်အညီ ၀င်ရောက်တားဆီး ပိတ်ပင် ပေးခြင်းမရှိခဲ့ချေ။
 
နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တို့တွင် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေး ရရှိစေရမည် ဟု တွင် ပြဌာန်းထားသော်လည်း သင်္ဃန်းဝတ် သူတစ်စုမှ ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် များ၏ နိုင်ငံသားအခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက် လျက်ရှိသည်။
 
ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့တို့သည် ၄င်းတို့၏ လုပ်ရပ်များကို တားဆီးပိတ်ပင်ပေးခြင်းမရှိ ဆက်လက် မျက်ကွယ်ပြုနေပါက ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှု တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရဖွယ် ရှိကြောင်း ဘားအံ ဒေသခံများက ပြောဆိုကြသည်။
M-Media
မှ ကူးယူဖော်ပြပါသည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပ

 သတင်း-ပသီဆောင်းနှင်းမှုံ
U rakak
ဓါတ်ပုံ-Pathi Zaw Min Tun
 
အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ဘာသာပေါင်းစုံမှ ဆရာတော်များ၊နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များ၊သံတမန်များ၊ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တခဲနက်
တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြသည်။
 
အခမ်းအနားမှူးအဖြစ် ကျင်းပရေးကော်မတီမှ ဥက္ကဌ ဦးသူရ(ဇာဂနာ)က ဆောင်ရွက်ပြီး ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်ခန့် ငြိမ်သက်၍ မေတ္တာပို့ ဆုတောင်း အလေးပြုခဲ့ကြသည်။ အနုပညာရှင်များ ဖြစ်ကြသော လူရွှင်တော် ဦးအရိုင်း၊ အဆိုတော် ရန်ပိုင်စိုး မစိုးစန္ဒာထွန်းတို့နှင့်အတူ တေးဂီတ ပညာရှင်မျာ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ထို အခမ်းအနားတွင် ဆရာကြီး၏စိတ်နေစိတ်ထားကို ထင်ဟပ် ပေါ်လွင်စေမည့် ဗွီဒီယို ပြဇာတ်တစ်ခုကို ခန်းမ တစ်ခုလုံးကို အမှောင်ချကာ ၁၀မိနစ်ခန့် ပြသခဲ့ကြောင်း သိရသည်။
27
သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် အရှင် တိက္ခဥာဏ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားရတွင် “ဆရာကြီးဦးရာဇတ်တို့ရဲ့ထုံး နှလုံးမူကြကာ သူတို့ရဲ့ လမ်းစဉ်ကို အဆုံးအမကို လိုက်နာကြပြီး တိုင်းပြည်တွင်းမှာ ရှိကြတဲ့ လူမျိုး ဘာသာ အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမပမာ တိုင်းပြည်ကောင်းကျိုး၊ မြန်မာ့အကျိုး စုပေါင်း သယ်ပိုးကြပါ။ ငြိမ်းချမ်းသာယာစွာ လက်တွဲနိုင်ကြဖို့ ကရုဏာ ခေါ် ကိုယ်ခြင်းစာတရားနဲ့ ပညာ ရှိကြဖို့လိုတယ်။
 
သူက ဘယ်ဘာသာ ငါကဘာသာဆိုတဲ့ ခွဲခြားမှုကို အခြေမခံဘဲလူအချင်းချင်း လူလိုမြင်တတ်တဲ့ ကရုဏာတရား ရှိကြရမယ်။ တစ်နိုင်ငံထဲမှာ နေထိုင်ကြသူအချင်းချင်း လက်တွဲသွားကြမယ်ဆိုရင် တို့ရဲ့နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်မယ်။ အာဇာနည်တို့ ဆုံမလမ်းညွှန်ခဲ့တဲ့အတိုင်း ဘာသာလူမျိုးကို အဓိမထားဘဲ တမိတဝမ်းထဲမှ ဖွားသည့် ညီနောင်များပမာ ကြိုးပမ်းတဲ့ အာဇာနည် မျိုးဆက်သစ် ဖြစ်ကြပါစေ။” စသဖြင့် မိန့်ကြားခဲ့ပါသည်။
 
ထိုနောက် NLD နာယကကြီးများဖြစ်သော ဦးတင်ဦးနှင့်ဦးဝင်းတင်၊ သိပ္ပံမှူးတင်၊၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊ ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ၏ ပေးပို့သော သဝဏ်လွှာကို ကိုဒီငြိမ်းလင်းက ဖတ်ကြားခဲ့သည်။
ထိုနောက် အခမ်းအနားကို ကျင်းပရေးကော်မတီမှ နာယကဖြစ်သူ အလင်းတန်းဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 
အခမ်းအနားကျင်းပရေးကော်မတီမှ ဦးတင်မောင်သန်းက“ ဒီပွဲက အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ဆရာကြီးနဲ့ ပတ်သပ်ပြီး အမှတ်ရစရာတွေ၊ တင်ပြစရာတွေ၊တင်ပြထားပြီးတာတွေကို ပြန်လည် ဖော်ထုတ်တာတွေ၊နောက်ထပ် တင်ပြဖို့ ကျန်တာတွေရော အများကြီး ရှိပါတယ်။အဲဒီထဲကနေ အကိုဇာဂနာက ဒီဗွီဒီယို ဇာတ်လမ်းတွဲကိုအဆိုပြုပါတယ်။ဒါလေးက လိုတိုရှင်းနဲ့ ဘာကိုပေါ်လွင်လဲ ဆိုတော့ ဆရာကြီးရဲ့ ဖြတ်ထိုးညဏ်၊စီမံခန့်ခွဲမူ၊စည်းရုံးရေး စွမ်းရည် တကယ့်ဆရာကောင်းပီပီ ကိုယ့်ကျောင်းသား ကိုယ့်ကျောင်း အတွက် ရှေ့ဆုံးကနေ ရဲရဲဝင့်ဝင့် ကိုယ်ကျိုးစွန့်တယ်ဆိုတာကို ဒီဇာတ်လမ်းမှာ ပေါ်လွင်နေပါတယ်။ဆရာကြီးဟာ အာဇာနည် မဖြစ်ခင်ထဲက သူ့မှာ အာဇာနည် စိတ်ဓာတ် အပြည့်အ၀ ရှိတာကို တွေ့ရပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းမှတ်တမ်း ဖိနပ်ပြဇာတ်လေးကို ပြသရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
 
ဆရာကြီး ဦးရာဇတ်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူ ဦးကျော်ဇေယျ(ရုပ်ရှင်သရုပ်ဆောင်)မှ “ဆရာကြီး နေရမှာ သရုပ်ဆောင်စဉ်က ကျွန်တော်ဆရာကြီး အကြောင်း လေ့လာဖို့ အချိန်အများကြီး မရခဲ့ပါဘူး။စီစဉ်တဲ့ ကိုသန်းထိုက်ရယ်၊ဒါရိုက်တာ ရယ်က ဆရာကြီးရဲ့ အလေ့အထ အပြုအမူလေးတွေကို ပြောပြပေးပါတယ်။ဆရာကြီးက စကားပြောတဲ့အခါ မေးလေးထိုးထိုးပြီး ပြောတတ်တာမျိုးလေး တွေက အစသဖြင့်ပေါ့။ဆရာကြီးရဲ့ အန္မြာ သိက္ခာနဲ့ နေတာ ထိုင်တာ ကြည့်တာ ပြောတာတွေကို ဂရုစိုက် လုပ်ရပါတယ်။ဆရာကြီးရဲ့နေရာမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပြောမပြတက်အောင် ၀မ်းသာဂုဏ်ယူ မိပါတယ်။ကိုယ့်ကို ခေါ်ရိုက်တာကိုပဲ ကိုယ့်စိတ်ထဲမှာ အရမ်းကျေးဇူးတင်နေတာ”ဟု M-Media သို့ပြောကြားခဲ့သည်။
 
ဆရာကြီး ဦးရာဇတ်၏သား ဦးတင်မြင့်မှ “အခုလို ဂုဏ်ပြုပွဲ ကျင်းပ ပေးတဲ့အတွက် မိသားစု ကိုယ်စား အရမ်းကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ဒီပွဲ ဖြစ်မြောက်ဖို့ အခက်အခဲတွေ ရှိတဲ့အထဲက အခမ်းအနားကြီး ခုလို ဖြစ်မြောက် အောင်မြင်အောင် ပြုလုပ်ခဲ့တဲ့ အတွက် ကျင်းပရေးကော်မတီနှင့် ပါဝင်ကူညီသူ အားလုံးကို ချီးကျူးမိပါတယ ကျွန်တော်အဖေ အကြောင်းကို ကျွန်တော်တို့ သိပေမယ့် အခုလို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း တင်ပြပေးတဲ့အပေါ် မှာ ကြက်သီးမွှေး ထရလောက်အောင် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
 
အဆိုတော် ဦးရန်ပိုင်စိုးကလည်း“အခုလို အေးအေးချမ်းချမ်း စည်းစည်းလုံးလုံး နေခွင့် ရတာဟာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရထားလို့ပါ။ဒီလို နေခွင့်ရအောင် အသက်စွန့်ပြီး လုပ်သွားတဲ့ ကျေးဇူးရှင်တွေကို အခုလို သီဆိုပြီး အတိုင်းအတွာလေး တစ်ခု အနေနဲ့ ဆပ်ခွင့်ရတာကိုပဲ အရမ်းဝမ်းသာမိပါတယ်။ဆရာကြီးဟာ သူနေထိုင်တဲ့မြန်မာပြည်ကြီးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်ထိ လုပ်ဆောင်သွားလဲဆိုရင် နောက်ဆုံး အသက်ပါ ပါသွားတဲ့ အထိပါပဲ” ဟု M-Media သို့ပြောကြားခဲ့သည်။
ဦးဝဏ္ဏရွှေမှလည်း “၁၁၅နှစ်မြောက်ဆရာကြီး ဦးရာဇာတ် အခမ်းအနား လုပ်ရခြင်း ရည်ရွယ်ချက်က ဆရာကြီးဟာ အစ္စလာမ် ဘာသာဝင်ထဲက စံပြ နိုင်ငံသားကောင်း တစ်ဦးလိုံ ပြောလိုံရတယ်။
 
သူဟာ ဘာသာရေးလည်း လေးစားတယ်၊နိုင်ငံတာဝန်လည်း ကျေပွန်တယ်၊အခြား ဘာသာဝင် ညီနောင်တွေနဲ့လည်း စံပြ သဟဇာတ ဖြစ်အောင်နေထိုင်တယ်။ခုခေတ် ကျွန်တော်တို့ အပါအ၀င်အားလုံး အတုယူနိုင်အောင်ပါ။ပြီးတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ရော်တိရော်ရဲ ဖြစ်နေတဲ့ အတွက် ဒီအခမ်းအနား လုပ်ခြင်းအားဖြစ် တစ်ချိန်တုန်းက တိုင်းပြည် အပေါ်မှာ ဘာသာပေါင်းစုံချစ်ခင်ရင်နှီးစွာ နေထိုင်ခဲ့တယ် ဆိုတာကို ပြန်ပြောင်း အောင်းမေ့ သတိရစေလိုတဲ့ အတွက်ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။
 
  M-Media
မှ ကူးယူဖော်ပြပါသည်။

Monday, January 21, 2013

ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ

  ဘားအံသား
IMG_20130120_093023
လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ
 
ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ တွင်ဝယ်ယူအားပေးကြသည့် ဗုဒ္ဓဘာသာဝင်များအား လိုက်လံစစ်ဆေး၍ ပစ္စည်းများပြန်ပေးခိုင်း သည့်ဖြစ်စဉ် တစ်ချို့ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုမှာ-မွတ်စလင်မ် ဆိုင် တစ်ဆိုင်တွင်သွပ်ပြား ၀ယ်ယူသွားသည့် ကရင်လူမျိုးတစ်ဦးအား ၎င်းအဖွဲ့ဝင်များက တွေ့ရှိသွား၍ ထိုဆိုင်သို့ ပစ္စည်းပြန်အပ်ပြီး မွတ်စလင်မ် မဟုတ်သောဆိုင်တွင်သာ ၀ယ်ယူရန် လက်တွေ့ဆောင်ရွက်မှုကို ထိုပတ်ဝန်းကျင်ရှိ ဘာသာဝင်အသီးသီးတို့က မြင်တွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
 
ဤကဲ့သို့ဆောင်ရွက်ခြင်းမှာဘားအံမြို့အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုသိရသည်။ ထို့ပြင်ကမ္ဘောဇဘဏ် အနီးတွင်လည်း ၎င်းလူငယ်အစောင့် သုံးဦးချထားပြီး ထိုအနီးအနားရှိ မွတ်စလင်မ် ဆိုင်များတွင် ဈေးဝယ်မည့်သူများအား စောင့်ကြပ်လျှက်ရှိနေကြောင်း သိရှိရသည်။ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရပါသည်။
 
ထို့ပြင် ဘားအံမြို့အနီးရှိ ကော့ကျိုက်နှင့်အခြားရွာများတွင် ‘ ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ” ဟူသောခေါင်းစဉ်ပေးထားသည့် ရေးသူဖော်ပြမထားသော အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များကို မကြာမီကဖြန့်ချိခဲ့သည်။ထိုစာအုပ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် အချက်အလက်များကို မှားယွင်းစွာဖော်ပြထားပြီး တမန်တော်မုဟမ္မဒ် အပေါ် စော်ကားထားသည့် အောက်တန်းကျသော အရေးအသားများ ပါဝင်နေကြောင်း ဘားအံမြိုမှ အစ္စလာမ်ဘာသာဝင် တစ်ဥိးမှ M-Media သို့ပြောကြားပါသည်။ ယခင်က ကော့ကျိုက်ရွာမှာ ပတ်ဝန်းကျင်ကျေးရွာများနှင့် အရောင်းအ၀ယ် ကူးလူးဆက်ဆံမှုများ ပုံမှန်ရှိခဲ့သော်လည်း ကန့်သတ်မှုများနောက်ပိုင်းတွင် မိမိတို့ ရွာတွင်သာ ရောင်းဝယ် လုပ်ကိုင်ကြရကြောင်း သိရှိရသည်။
 
အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။
 
မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။
pahan
 
Pa Aan_ Kayin_State
ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်
 
M-Media
မှ ကူးယူဖော်ပြပါသည်။
 

မွတ်စလင်မ်အများစုနေထိုင်ရာ မလေးရှားနိုင်ငံကို ပုပ်ရဟန်းမင်းကြီးက သံတမန်စေလွှတ်

ကမ္ဘာ့မွတ်စလင်မ်သတင်း အထူးသတင်း ♦♦♦ ၁၈ ဇန်န၀ါရီလ ၂၀၁၃
 သတင်း - မြင့်မြတ်သူ 
 
ပုပ်ရဟန်းမင်းကြီး ဘနဒစ် ၁၆ ဟာ မွတ်စလင်မ် အများစုနေထိုင်တဲ့ မလေးရှား နိုင်ငံနဲ့ နှစ်နိုင်ငံသံဆက်သွယ်မှုတွေကို ပြုလုပ်ပြီး ၁၈ လအကြာမှာ ပုပ်ရဟန်းမင်းကြီးရဲ့ သံအမတ်ကို ပထမဆုံး ခန့်အပ်လိုက်တယ်လို့ သောကြာနေ့မှာ ၀န်ကြီးချုပ် နဂျစ်ရာဇတ်က ပြောကြားလိုက်ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတစ်ခုက မွတ်စလင်မ်နဲ့ ခရစ်ယာန်တွေအကြား တင်းမာမှု အချို့ ဆက်လက်ရှိနေတဲ့ကြားထဲမှာ ဒီလို ခန့်အပ်လိုက်တာဖြစ်ပါတယ်။
“မလေးရှား နိုင်ငံ ဆိုင်ရာ ပထမဆုံး ပုပ်ရဟန်းမင်းကြီးရဲ့ သံအဖွဲ့ အနေနဲ့ ဘုန်းတော်ကြီး ဂျိုးဇက်မာရီနို ဒီလိုခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်လို့ နဂျစ်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။”
 
“၂၀၁၁ မှာ သံတမန်အဆက်အသွယ် ထူထောင်လိုက်ခြင်းအားဖြင့် ပုပ်ဘနဒစ် ၁၆ နဲ့ ကျွန်တော့် အနေနဲ့ ခရစ်ယာန်နဲ့ မွတ်စလင်မ်တွေ အကြား နားလည်မှုတိုးပွားလာစေဖို့ သံဓိဌာန် ပြုခဲ့တယ်၊ အခုဒီလို ခန့်အပ်မှုက အဲဒီ ကတိ ကို သက်သေထူတာပါ” လို့ပြောကြားခဲ့ပါတယ်။
အမေရိကန် ဘုန်းကြီးအနေနဲ့ မလေးရှားရဲ့ အိမ်နီးချင်းနိုင်ငံငယ်လေးတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ အရှေ့တီမော အတွက်ပါ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဗါတီကန် အတွင်းလူတွေရဲ့ ၀က်ဆိုက်တွေက အစီရင်ခံစာတွေမှာ ရေးသားထားပါတယ်။ ခရစ်ယာန်ကို မလေးရှားနိုင်ငံရဲ့ တရားဝင် ဘာသာအဖြစ် အစ္စလာမ်ဘာသာနေရာမှာ အစားထိုးဖို့ ခရစ်ယာန်တွေက လိုလားတယ်ဆိုတဲ့ အစီရင်ခံမှုတွေ ပေါ်ပေါက်ခဲ့အပြီး ဖြစ်ခဲ့တဲ့ ဘာသာနှစ်ခု အကြားတင်းမာမှုတွေ ကိုလျော့သွားစေဖို့ နဂျစ်က မလေးရှားကချာခ်ျ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး မှာ နဂျစ်ဟာ ၂၀၁၁ ဇူလိုင်လ အတွင်းမှာ ပုပ်ရဟန်းမင်းကြီးထံ အလည်အပတ်သွားတဲ့ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာ အခုလို သံတမန်ဆက်သွယ်မှု တရားဝင်ထူထောင်နိုင်ခဲ့တာဖြစ်ပါတယ်။
Pope and Najib
ပုပ်ရဟန်းမင်းကြီးနဲ့ မလေးရှားဝန်ကြီးချုပ် နဂျစ်
မွတ်စလင်မ်မဟုတ်တဲ့သူ တွေက God ဆိုတဲ့ စာလုံးကို မလေးဘာသာနဲ့ ဘာသာပြန်တဲ့အခါ အလ္လာဟ်လို့ ဘာသာပြန်ခဲ့မှုနဲ့ပတ်သက်ပြီး ၂၀၁၀ ခုနှစ်မှာ အစိုးရက ပိတ်ပင်ထားမှုကို တရားရုံးချုပ်က ပယ်ဖျက်ပေးခဲ့ အပြီး ဘာသာရေးဆိုင်ရာ တင်းမာမှုတွေနဲ့ တိုက်ခိုက်မှု အချို့ဖြစ်ခဲ့ပါတယ်။ဒီလို တိုက်ခိုက်မှုတွေ အပေါ် အစိုးရ က ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပေမဲ့လည်း ဒီတင်းမာမှုက ဆက်လက်ပြီး တအုံနွေးနွေးရှိနေဆဲဖြစ်ပါတယ်။
 
ဘာသာရေးနဲ့ ဘာသာစကား အရေးဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ မလေးရှားမှာ ထိလွယ်ရှလွယ်တဲ့ အရေးတွေဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ လူဦးရေ ၂၉ သန်း အနက် ၆၀ ရာခိုင်နှုန်းကျော်ဟာ မလေးလူမျိုးမွတ်စလင်မ်များဖြစ်ကြပေမဲ့လို့ တရုတ်နဲ့ အိန္ဒိယ တွေလဲ အတော်တော်များများ နေထိုင်ကြပါတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၉ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာကိုးကွယ်ကြပြီး အဲဒီမှာ ကက်သလစ် ၈သိန်းခွဲ ရှိနေပါတယ်။
မှ ကူးယူဖော်ပြပါသည်။

Sunday, January 20, 2013

လေးစားချစ်ခင်အပ်ပါသော ညီအစ်ကိုမောင်နှမအပေါင်းတို့ -


ဖတ်ဖြစ်အောင်ဖတ်ပါ။ အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်မှ အဓိပ္ပာယ် မဲ့ စွပ်စွဲချက်များ ကို ဖြေရှင်းခြင်း။ သင်ဟာ လူသားပီသသောစိတ်ရှိသူတစ်ယောက်ဖြစ်ရင် သူတပါးကို မဝေဖန်ခင် အမှန်တရား ကိုလေ့လာကြည့်ပါလေ။ နာလည်မှူလွဲမှား မှူများ အတွက် တစ်ခါလောက်ဖတ်ကြည့်စေလိုပါသည်။

 

ဤကမ္ဘာပေါ်မှာ အတူတူနေကြတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်၊ ယုံကြည်ချက်မရွေး ညီအစ်ကို မောင်နှမအားလုံးအပေါ် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော်က ‘အတ်စလားမ်မုအလိုင်းကွမ်း(မ်)’ (ငြိမ်းချမ်းသာယာမှု အပေါင်း၊ အသင်တို့အပေါ်ကျရောက်ပါစေလို့) နှုတ်ခွန်းဆက်သလိုက်ပါရစေ။
 
ယနေ့အွန်လိုင်းပေါ်မှာ ပြန့်ကျဲနေတဲ့အစ္စလာမ်နဲ့ပတ်သက်ပြီး သက်သေပြချက်မရှိ၊ အထောက်အထားမရှိပဲ တစ်ဖက် သတ်ဆန်စွာ၊ ရိုင်းစိုင်းစွာ၊ စွပ်စွဲထားတဲ့ စွပ်စွဲချက်များဟာဆိုရင် တည်ငြိမ်မှုပျက်ပြားအောင် အေးချမ်းသာယာမှု ပျက်ပြားအောင် တစ်ဦးနဲ့ တစ်ဦးအကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကိုပြိုကွဲအောင် အကျိုးပျက်စီးအောင် တမင်ကြံဆောင်ရည်ရွယ်ဖန်တီးထားတဲ့ သဘောကိုသက်ရောက်နေပါတယ်။
 
တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက်ရင်းနှီးချစ်ခင်စွာ နေထိုင်နေကြတာကို မနာလို၊ မရှုစိမ့် တဲ့သဘောမျိုးဆန်နေပါတယ်။ နိုင်ငံတော်အတွင်းမှာ စည်းလုံးညီညွတ်စွာနေထိုင်နေတာကို ညီညွတ်ရေးပျက်ပြားပြီး အချင်းချင်း တိုက်ခိုက်ပြီး သွေးထွက်သံယိုဖြစ်မှုကို ဦးတည်ရည်ရွယ်နေပါတယ်။
အမှန်တကယ်မှာတော့ သဘောထားရိုးဖြောင့်ခဲ့မယ်ဆိုရင် မိမိစွပ်စွဲချင်တာ၊ မိမိသိချင်တာတွေကို သမိုင်းပညာရှင်တွေ အစ္စလာမ်ပညာရှင်တွေနဲ့ တွေ့ဆုံပြီးအရင်ဆုံးမေးမြန်းညှိနှိုင်းသင့်ပါတယ်။
 
အမှန်တကယ်ဖြစ်ခဲ့ရင်တောင် ဒီလိုအနိဋ္ဌာရုံတွေ နောက်နောင်ကိုမဖြစ်ရလေအောင် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာကို သဘောထားကြီးကြီးနဲ့ စိတ်စေတနာဖြူစင်သန့်ရှင်းစွာ နဲ့ ဗုဒ္ဓဘာသာရဲ့အဆုံးအမ၊ ဂျူးဘာသာရဲ့အဆုံးအမ၊ ခရစ်ယာန်ဘာသာရဲ့အဆုံးအမတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမှာဖြစ် ပါတယ်။ ဒါပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို ကျောခိုင်းမျက်ကွယ်ပြုပြီး မှတ်ပုံတင်အမှတ်မပါ နေရပ်လိပ်စာအတိအကျမပါပဲ ကိုယ် ထင်ရာတွေကို ကိုယ်စွပ်စွဲရေးသားပြီး ကိုယ်ကိုယ်တိုင်တာဝန်မယူရဲတဲ့ စွပ်စွဲချက်တွေကို Online ပေါ်မှာဖြန့်နေတာကိုက သူရဲ့ မူလစိတ်ရင်းမှန်ကိုပေါ်လွင်စေပါတယ်။
 
ဒါပေမဲ့ဒီလို မတော်တရော်ဖန်တီးပြီး Online ပေါ်မှာဖြန့်နေတဲ့ “Islamization” ပြုလုပ်နေပါတယ် ဆိုတဲ့သတင်းမှာကြီး ကိုတော့တည်ငြိမ်အေးချမ်းရေး၊ အတူတကွပူးတွဲနေထိုင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ ကျွန်တော်တို့မွတ်စ လင်မ်လူငယ်တွေကတော့ အထောက်အထားများနှင့်တကွ ပြန်လည်ရှင်းလင်းတင်ပြလိုပါတယ်။ အများပြည်သူတွေအနေနဲ့ အဖျက်သမားတွေရဲ့ ပယောဂထဲကိုအငိုက်မမိစေဖို့ ကျွန်တော်တို့မွတ်စလင်မ်တွေအနေနဲ့လည်း မိမိတို့ရဲ့ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံတွေကို ပြန်လည်သတိပြုသုံးသပ်နိုင်စေရန် ရည်ရွယ်ပြီးဖြေရှင်းတုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။
Islamization ဆိုတဲ့ဝေါဟာရဟာ မွတ်စလင်မ်တွေရဲ့ပရ၀ုဏ်မှာကျမ်းမြတ်ကုရ်အာန်မှာ ဝေါဟာရအရလည်းကောင်း၊ အနက်သဘောအရလည်းကောင်း မရှိတဲ့စကားလုံး၊ အသုံးပြုခြင်းမရှိတဲ့ စကားလုံးပါ။ အစ္စလာမ်ဆိုတဲ့ ဝေါဟာရဟာ ငြိမ်းချမ်း ခြင်း၊ အမိန့်နာခံခြင်း ဆိုတဲ့အဓိပ္ပါယ်ပါ။ သူတစ်ပါးအပေါ်လွှမ်းမိုးအနိုင်ယူခြင်း၊ ဖိနှိပ်ကျွန်ပြုခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးတွေ မဟုတ် ပါ။ မိမိတို့ကိုယ်တိုင်တောင် စစ်မှန်တဲ့အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်အောင် အတော်ကြိုးစားနေရတဲ့အချိန်မှာ သူတစ်ပါး ကိုပါ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်အောင် အတော်ကြိုးစားနေရတဲ့အချိန်မှာ သူတစ်ပါးကိုပါအစ္စလာမ်ဘာသာထဲ အတင်းယုံကြည်ဝင်ရောက်ဖို့ တိုက်တွန်းလှုံ့ဆော်ရေးဟာ မဖြစ်နိုင်သေးတဲ့ကိစ္စပါ။ အစ္စလာမ်ကို ဒီလောက်တော်ကြောက်ကန် နေမယ်ဆိုရင်တော့ မိုးပြိုမှာကိုအတိုင်းမသိကြောက်ရွံနေတဲ့ သတ္တ၀ါငယ်ကလေးတစ်ကောင်လိုများ ဖြစ်နေပါပြီလား။ စားမ၀င်၊ အိပ်မပျော်နဲ့ အကြောက်လွန်ခြင်းဟာ မိမိကိုယ်မိမိဒုက္ခပေးခြင်းတစ်မျိုးပါ။
 
ကမ္ဘာပေါ်မှာဘာသာတရားတွေ အများကြီးရှိပါတယ်။ ဘယ်ဘာသာတရားကမျှ အခြားဘာသာတရားကို ကြောက်လန့် စေဖို့ချောက်လှန့်မထားပါဘူး။ တိုက်ခိုက်တော်လှန်ဖို့လည်း လမ်းမညွှန်ထားပါဘူး။ ဘာသာတရားတစ်ခုကို ယုံကြည်သက်ဝင် ခြင်းဟာ စိတ်အေးချမ်းသာယာခြင်း၊ သောကကင်းဝေးခြင်း၊ လူသားတွေအပေါ်မှာ ညှာတာထောက်ထားခြင်းကိုပဲဖြစ်စေပါတယ်။ ကိုယ့်ဘာသာတရားအပေါ်မှာ ကိုယ်ကခိုင်ခိုင်မာမာ သံဓိဋ္ဌာန်ချပြီးယုံကြည်ထားသူတစ်ယောက်အတွက် ဘာကိုမျှဂရုစိုက်စရာ မလိုပါဘူး။ ဒါကြောင့်ကိုယ့်ကိုယ်ကို ငါသည် ငါ့ဘာသာတရားအပေါ်အမှန်တကယ် ခိုင်ခိုင်မာမာယုံကြည်ပြီးလား လို့မေးခွန်း ထုတ်ကြည့်လိုက်ပါ။

ကမ္ဘာ့နိုင်ငံ(၉၉)ရာခိုင်နှုန်းမှာ စစ်တပ်ရှိပါတယ်။ စစ်တပ်ဆိုတာက လက်နက်ကိုင်ထားတယ်။ ကိုယ့်နိုင်ငံကိုကျူးကျော် ရန်စလာမယ်ဆိုရင်တော့ လက်နက်နဲ့ဖြေရှင်းရပါလိမ့်မယ်။ ဒါကို လူသတ်ဂိုဏ်းဖွဲ့ထားပါတယ်လို့ စွပ်စွဲမလား။ အေးချမ်းစွာ နေလိုသူတွေရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ နိုင်ငံတိုင်းမှာဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေကိုချိုးဖောက်လာမယ် ဆိုရင်တော့ သတိပေးမယ်။
 
ဆက်ပြီးကျူးကျော်မယ်ဆိုရင်တော့ လက်နက်နဲ့ဖြေရှင်းတာကို ကမ္ဘာ့လူသားအားလုံးက တစ်ညီ တစ်ညွတ်တည်း လက်ခံထားပါတယ်။ ဒီလိုလက်နက်နဲ့ဖြေရှင်းလိုက်ရတာကို လူ့အသက်သတ်တဲ့အတွက် အပြစ်(Sin)ဖြစ်တယ် ဆိုပြီးလူမိုက် အကြိုက်လိုက်ပြီး မှတ်ချက်ပေးမလို့လား။ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဟာ အစ္စလာမ်အယူဝါဒပြန့်ပွား ရေးအတွက် အစ္စလာမ်မဟုတ်သူတွေကို သတ်ပစ်ရမယ်။
 
ဒါမှကုသိုလ်ရပြီးကောင်းကင်ဘုံကို ရမယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ဘယ် အပေါ်မှာ အထောက်အထားပြု အခြေခံထားသလဲ။ ဒီစွပ်စွဲချက်မှန်မယ်ဆိုရင် ကမ္ဘာ့မွတ်စလင်မ်နိုင်ငံတွေမှာ လက်နက်တိုက် ကြီးတွေ လက်နက်စက်ရုံကြီးတွေ အဆမတန်ကြီးမားတဲ့ စစ်သည်အင်အားတွေ အဆမတန်မြင့်မားလှတဲ့ စစ်အသုံးစရိတ်တွေ ဆောက်လုပ်သုံးစွဲမှာပေါ့။ နျူကလီးယားဗုံးတွေထုတ်ပြီး မွတ်စလင်မ်မဟုတ်တဲ့ နိုင်ငံတွေအပေါ်ကြဲချလိုက်မှာပေါ့။ ဒါပေမဲ့ ဒီကနေ့ကမ္ဘာ့နိုင်ငံတွေထဲမှာ လက်နက်တိုက်ကြီးတွေ လက်နက်စစ်ရုံကြီးတွေ စစ်သည်အင်အား အကြီးအကျယ်ထူထောင် နေတာတွေ အခြားနိုင်ငံအပေါ်အနုမြူဗုံးချခဲ့တာတွေဟာ မွတ်စလင်မ်နိုင်ငံတွေလား။ အခြားဘာသာကိုးကွယ်တဲ့ နိုင်ငံတွေလား ဆိုတာ တစ်ချက်လောက်စောင်းငဲ့ကြည့်လိုက်ပါဦး၊ ဘာမှမသိပဲ မွတ်စလင်မ်ကိုမုန်းတီးရုံမျှနဲ့ မစွပ်စွဲလိုက်ပါနှင့်။
 
မွတ်စလင်မ်တွေဟာ အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က စေလွှတ်တဲ့တမန်တော်မြတ် မုဟမ္မဒ်ကိုလည်းကောင်း မိမိတို့ရဲ့အသက်ထက်ပိုချစ်တယ်ဆိုတာဟာ မှန်ပါတယ်။ ဒါအထူးအဆန်းတစ်ရပ်တော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ မြတ်ဗုဒ္ဓကိုချစ်ကြောက်ရိုသေမှာပါ။ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဟာ ယေရှုသခင်ကို ချစ်ခင်မှာပါ။ မွတ်စလင်တစ်ဦးရဲ့ အသက်ဟာကုရ်အာန်ကျမ်းမြတ်ဖြစ်သလို ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ အသက်ဟာပိဋကတ်သုံးပုံ ကျမ်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ရဲ့ အသက်ဟာလည်း (BIBLE) သမ္မာကျမ်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ဘာသာရဲ့ကျမ်းကမှ ကိုယ့်ဘာသာဝင်မဟုတ်သူကို သတ်ဖြတ်ပစ်ရမယ်လို့ မညွှန်ကြားထားပါဘူး။
 
အကယ်၍ ဦးနှောက်ရှိမယ်ဆိုရင် စဉ်းစားကြည့်လိုက်လို့ရပါတယ်။ မွတ်စလင်မ်တွေဟာ မွတ်စလင်မ်မဟုတ်သူမှန်သမျှ ကိုသတ်ပစ်ရမယ်ဆိုရင် ကမ္ဘာ့လူဦးရေ သန်း(၆၀၀၀)မှာ မွတ်ဆလင်မ်လူဦးရေက သန်း(၂၀၀၀)လောက်ပဲရှိတာ။ ဒီလူဦးရေ သန်း(၂၀၀၀)က ကျန်လူဦးရေ သန်း(၄၀၀၀)ကို သတ်ပစ်ရမယ်ဆိုတာ အရူးတစ်ယောက်တောင်လက်မခံနိုင်တဲ့ အဆိုတစ်ရပ် ဖြစ်ပါတယ်။ ချင့်ချင့်ချိန်ချိန်တော့ပြောဖို့လိုပါတယ်။ အလ္လာဟ်အရှင်မြတ်က မွတ်စလင်မ်တွေအနေနဲ့ မွတ်စလင်မ်မဟုတ်သူတွေ ကိုသတ်ပစ်ရမယ်လို့ ကုရ်အာန်ကျမ်းရဲ့ဘယ်နေရာမှာ ပြောထားသလဲ။
 
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကလက်ခံထားတဲ့ ကုရ်အာန်ကျမ်းဟာ“လူသတ်ကျမ်း”လို့စွပ်စွဲလိုက်တာဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကိုစော်ကားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲစော်ကားသူဟာ ဘာသာတရားတစ်ခုကို သက်ဝင်ယုံကြည်ကိုးကွယ်သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုလျှင် သူယုံကြည်ကိုး ကွယ်နေတဲ့ ဘာသာတရားကသူ့ကို ဒီလိုပဲတစ်ဖက်သတ်စွပ်စွဲဖို့ ညွှန်ကြားနေပါသလား။ မဖြစ်နိုင်ပါဘူးလို့ထင်ပါတယ်။ သူကိုယ် တိုင်က စိတ်ကျရောဂါ(သို့မဟုတ်) စကီဇိုဖရီးနီးယားလို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားနဲ့ ရူးသွပ်နေသူပဲဖြစ်ပါလိမ့်မယ်။
 
ကျမ်းမြတ်ကုရ်အာန်မှာ လူသတ်ဖို့မပြောနဲ့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ သက်ရှိတစ်စုံတစ်ရာကို တောင်သတ်ဖြတ်ခွင့်မပေးထားပါဘူး။ ဒီအချက်ကို ကုရ်အာန်အထောက်အထားတွေနဲ့ တင်ပြပါရစေ။
ကျမ်းမြတ်ကုရ်အာန် (ကဏ္ဍ ၁၇း ပါဒတော် ၃၃)တွင် “ သင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ချက်ထုတ်ပြန် ပြဋ္ဌာန်းထားပြီးသော မည်သည့်သက်ရှိတစ်စုံတစ်ရာကိုမျှ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ သတ်ဖြတ်အဆုံးစီရင်ခြင်း မပြုကြလေနှင့်။ မတော်မတရား သတ်ဖြတ်အဆုံးစီရင် ခံရသူဘက်မှ လိုက်ပါအရေးဆိုနိုင်သည့် အခွင့်အာဏာကို ငါအလ္လာဟ် အရှင်မြတ် စီမံပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အဆုံးစီရင်ခြင်းနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယေက်ကမျှ တရားမျှတမှု ကိုကျောခိုင်း၍ အလွန်အကျွံ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါစေနှင့်။ ဧကန်အမှန်ပင် မတော်မတရားဖိနှိပ်သတ်ဖြတ် ခံရသူ တစ်ဦးအတွက် လုပ်ပိုင်ခွင့်ဆိုင်ရာ အခွင့်အလမ်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။” (၁၇း၃၃)

ရှင်းလင်းချက်။ ။ ဤကမ္ဘာမြေပေါ်တွင် အားသာချက်ရှိနေသူတို့က အားနည်းချက်ရှိသူတို့အား ဖိနှိပ်ရက်စက်နေခြင်းက တရားမျှတမှုကင်းမဲ့ခြင်း၊ ယုတ်မာရိုင်းစိုင်းရက်စက်ခြင်း၊ လူမဆန်ခြင်း အစရှိသည့်လက္ခဏာမျာကို ရည်ညွှန်းပြသလျက် ရှိသည်။ မိမိတို့၏အားသာချက်တစ်စုံတစ်ရာကို အခွင့်ကောင်းယူ၍ တစ်ဖက်သားအပေါ် ဖိနှိပ်အနိုင်ကျင့်ခြင်းသည် လိမ္မာယဉ်ကျေးသော လူ့ပတ်ဝန်းကျင်တစ်ခုကို ကိုယ်စားပြုသော လုပ်ရပ်မဟုတ်ပေ။ ကျမ်းတော်မြတ်ကုရ်အာန်က တိုးတက်သော လိမ္မာယဉ်ကျေး သော လူ့ပတ်ဝန်းကျင်တစ်ရပ်ကို ထူထောင်နိုင်ရင် အဓိကကျသော အခြေခံအချက်အလက်များတွင် တရားမျှတမှုရှိခြင်းက လည်းအခြေခံအချက်တစ်ရပ်အဖြစ်ပါဝင်လေသည်။
ကျမ်းမြတ်ကုရ်အာန်က တိကျမှန်ကန်စွာတရားစီရင်ခြင်းမရှိဘဲ လူသားတစ်ဉ်ီးတစ်ယောက်ကို ဖမ်းဆီးချုပ်နှေင့်ခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊ သေဒဏ်ပေးခြင်းတို့ကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ကျူးကျော်စော်ကားခြင်းအဖြစ် သတ်မှတ်ထားလေ သည်။ ကုရ်အာန် (၅း၃၂)တွင် “ဘနီအီစ်ရာအီးလ်” မျိုးနွယ်များကို အကြောင်းပြု၍ အောက်ပါအတိုင်းပြဋ္ဌာန်းထားလေသည်။
“ဧကန်အမှန်ပင် မည်သူမဆိုလူသားတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားမဟုတ်သလို တိုင်းပြည်၌ ဆူပူသောင်းကျန်းနေခြင်းလည်းမဟုတ်ဘဲ သတ်ဖြတ်အဆုံးစီရင်ခဲ့ပါလျှင် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်အဆုံးစီရင်ခြင်း ပင်ဖြစ်သည်။ အလားတူပင် မည်သူမဆိုလူသားတစ်ဦး၏ အသက်ရှင်သန်ရေးကို ဖေးမကူညီဆောင်ရွက်ခြင်းသည် လူသားထု တစ်ရပ်လုံးအား ဖေးမကူညီဆောင်ရွက်ပေးခြင်းပင် ဖြစ်သည်။” (ကုရ်အာန် ၅း၃၂)
အစ္စလာမ်က တရားစီရင်ရေးဆိုင်ရာအခွင့်အာဏာကို တိကျမှန်ကန်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လမ်းညွှန်ပြဋ္ဌာန်း လျက်ရှိသည်။ မတော်မတရား ဖိနှိပ်စော်ကားခံရသူဘက်မှ ရပ်တည်အကာအကွယ်ပေးကြရန်ကိုလည်း တိုက်တွန်းနှိုးဆော်ထား လေသည်။ အလားတူတရားစီရင်ရာ၌ တစ်ဖက်စောင်းနင်းပြုမူဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတစွာဆောင်ရွက်ခြင်း၊ အဂတိတရားလေးပါး လက်ကိုင်ပြု၍တစ်ဖက်သတ် အလွန်အကျွံဖိအားပေး၍ အမိန့်ပြဋ္ဌာန်းခြင်းတို့ကို လုံးဝမပြုလုပ်ရန် တားမြစ် ထားလေသည်။ ထိုသို့ ပြုခဲ့ပါမူ “တရားကိုနတ်စောင့်သည်” ဟူသော ဆိုရိုးစကားကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်က မတော် မတရား ဖိနှိပ်ခံရသူတို့ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်းကိုလည်းအသိပေး သတိပေးထားလေသည်။
 
တစ်ဖန် ကျမ်းမြတ်ကုရ်အာန် (၄၂း၄၁၊ ၄၂း၄၂၊ ၄၂း၄၃)တို့၌ ဖိနှိပ်ခံရသူတို့၏ လက်တုံ့ပြန်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ ဖိနှိပ်သူတို့၏ပြစ်ဒဏ်နှင့် ပတ်သတ်၍လည်းကောင်း၊ ဖိနှိပ်ခံတို့၏ သည်းခံခွင့်လွှတ်မှုနှင့် ပတ်သတ်၍ လည်းကောင်း အောက်ပါအတိုင်း ပြဋ္ဌာန်းထားလေသည်။
ကုရ်အာန်(၄၂း၄၁)
“မည်သူမဆို မိမိသည် မတရားဖိနှိပ်စော်ကားခံခဲ့ရသည့်အပေါ် (မိမိခံစားရသည်နှင့်အညီ) ပြန်လည်လက်တုံ့ပြန်ခဲ့ လျှင်ယင်းကိစ္စသည်တစ်စုံတစ်ရာ ပြစ်တင်ဖွယ်ရာမရှိပေ။”(ကုရ်အာန် ၄၂း၄၁)
ကုရ်အာန်(၄၂း၄၂)
“အမှန်တကယ်မှာမူ အမှန်တရား၊ သစ္စာတရားကို ကျောခိုင်း၍လူသားထုအပေါ် မတော်မတရားဖိနှိပ်ရက်စက်နေကြ သူများ၊ တိုင်းပြည်အတွင်း၌ ဆူပူသောင်းကျန်းနေသူများအပေါ်၌သာမူ ဝေဖန်ပြစ်တင်ရှုတ်ချဖွယ်ရည်ဖြစ်သည်။ သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်များရှိလေသည်။”(ကုရ်အာန် ၄၂း၄၂)
ကုရ်အာန်(၄၂း၄၃)
“သို့ရာတွင်အကြင်သူတစ်ဦးသည် (မိမိမတရားစော်ကားခံရမှုနှင့်ပတ်သက်၍) သည်းခံခွင့်လွှတ် သင်ပုန်းချေခဲ့မည်ဆို လျှင်ဧကန်အမှန်ပင် ယင်းသို့သောပြုမူဆောင်ရွက်ချက်သည် အရေးအရာကိစ္စရပ်များကို နက်နက်နဲနဲ စဉ်းစားသမှုပြုပြီး ခိုင်ခိုင် လုံလုံ သန္နိဋ္ဌာန်ချမှတ်နိုင်မှုတစ်ရပ်သာလျှင်ဖြစ်သည်။” (ကုရ်အာန် ၄၂း၄၃)
ကျမ်းမြတ်ကုရ်အာန်က မတရားဖိနှိပ်ခံရမှုနှင့်ပတ်သက်ပြီး လျော်ညီသော လက်တုံ့ပြန်မှုကို ခွင့်ပြုထားသောလည်း ရေရှည်အကျိုးတစ်ရပ်ရပ်ကို ငဲ့ကွက်ပြီးခွင့်လွှတ်သင်ပုန်းချေမှုကို အထူးအရေးပေးဖော်ပြထားလေသည်။
 
ကုရ်အာန်ကျမ်းမှာ အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက် အစ္စလာမ်ဘာသာမဟုတ်တဲ့ လူအားလုံးကို သတ်ပစ်ရမယ် လို့အဓိပ္ပါယ်ရတဲ့ ကျမ်းချက်(လူသတ်ခိုင်းတဲ့ကျမ်းချက်) (၁၂၃)ချက်တောင်ပါရှိတယ်ဆိုတာ ဘယ်မှာပါလိမ့်၊ စွပ်စွဲသူကိုယ်တိုင် က ကုရ်အာန်ကို စေ့စေ့ငှငှလုံးစေ့ပတ်စေ့ လေ့လာဖူးပါသလား၊ ဧကန္တတော့ အစ္စလာမ်ကိုမုန်းတီးနေတဲ့သူတွေ လုပ်ကြံဖန်တီး ထားတဲ့စာအုပ်ထဲကခိုးချတာထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်(၁၄၀၀)လောက်စပြီး အစ္စလာမ်က အခြားဘာသာတွေနဲ့ စစ်ဖြစ်ခဲ့တယ်။ ဒီအချိန်မတိုင်မီက ဘာသာ တရားတွေမှာ စစ်ဖြစ်တာမရှိခဲ့ဘူးဆိုရင်တော့ သမိုင်းကိုမသိဖူး၊ နားမလည်ဖူးလို့ပဲ မှတ်ချက်ပေးရပါလိမ့်မယ်။ တမန်တော်မြတ် မပွင့်ပေါ်မီ ကတည်းကကမ္ဘာပေါ်မှာ စစ်မီးတွေအများကြီးတောက်လောင်ခဲ့ရပါတယ်။ ဥပမာ ဂျူးတို့ရဲ့ ဂျေရုစလင်မ်မြို့တော်ကြီး ဟာရောမရဲ့တိုက်ခိုက်ခြင်း၊ ဂရိတို့ရဲ့ဝင်ရောက်တိုက်ခိုက်ခြင်း အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
 
အစ္စူလာမ်သည်လည်းကောင်း၊ ဗုဒ္ဓဘာသာသည်လည်းကောင်း၊ ခရစ်ယာန်ဘာသာသည်လည်းကောင်း စနစ်တစ်ခု အပေါ်အခြေခံထားခြင်းသာဖြစ်ပါတယ်။ ဘာသာတရားတိုင်းက မိမိတို့ဘာသာတရားရဲ့ ကောင်းမွန်တဲ့ကျင့်စဉ်၊ ကျင့်ရပ်တွေ စနစ်ဇယားတွေ၊ ယုံကြည်ချက်တွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေကို ချပြပြီးတရားဟောပါလိမ့်မယ်။ စည်းရုံးပါလိမ့်မယ်။ လူသားထုတစ်ရပ်လုံးကို လမ်းပြပါလိမ့်မယ်။ ဒီလုပ်ရပ်ကိုမကောင်းပါဘူး။ မတရားပါဘူး။ Islam will dominate the whole world ဆိုပြီး Buddhism will dominate the whole world ဆိုပြီး Chustiom will dominate the whole world ဆိုပြီး အကြောက်အကန်လန့်ဖျပ်ဖို့လည်း မလိုပါဘူး။
 
လူသားတိုင်းမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီးသားပါ။ ဘာကိုယုံကြည်လက်ခံ ရမလဲသူတို့သိပါတယ်။ ဗုဒ္ဓဘာသာကိုအများက ကြိုက်လို့ကိုးကွယ်မယ်ဆိုရင်လည်း အခြားဘာသာတွေက ဘာမှမနာလို ငြူစူ ပြီး ကလိတာ၊ ထေ့ငေါ့တာလုပ်ဖို့မလိုပါဘူး။ လူတိုင်းက ကိုယ့်ယုံကြည်ချက် ကိုယ့်ဘာသာတရားကို အလေးထားပြီး ချစ်မြတ်နိုး ကြမှာပါ။ ဒါကိုမှားတယ်လို့ ပြောလို့မရပါဘူး။ အစ္စလာမ်ဘာသာကို မိမိနှစ်သက်လို့ မိမိယုံကြည်လို့ ကိုးကွယ်တာကိုမှားတယ်လို့ ဘယ်သူကမှ ပြောပိုင်ခွင့်မရှိပါဘူး။
 
ဘာသာတရားတွေကိုယုံကြည်သက်ဝင်ကြသူ အချင်းချင်းမှာ လူ့အခွင့်အရေးဆိုတာက အလေးထားရမယ့်ကိစ္စပါ။ အစ္စလာမ်မှာ ကျမ်းမြတ်ကုရ်အာန်မှာ အခြားဘာသာဝင်တွေကို သတ်ဖို့မပြောနဲ့ “သင်တို့သူတို့ကို မကောင်းမပြောရဘူး၊ ပြက်ရယ်မပြုရဘူး၊ မစော်ကားရဘူး၊ ”ဆိုပြီးအတိအလင်းပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို လက်မခံ ရင်မွတ်စလင်မ်ရဲ့စည်းဘောင်အပြင်ဖက်ကို ရောက်သွားရမယ်လို့ အတိအလင်းပြဋ္ဌာန်းထားတာကို သိထားဖို့လိုအပ်ပါလိမ့်မယ်။
 
ဒါပေမဲ့အခုစွပ်စွဲနေတဲ့ မွတ်စလင်မ်တွေက ဘာသာခြားတွေကိုသတ်ပြီး အစ္စလာမ်ကိုတိုးချဲ့နေပါတယ်ဆိုတဲ့ စွပ်စွဲချက် ကစိတ်ကျရောဂါကိုခံစားနေရတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်ရဲ့ ကယောင်ကတမ်းမြင်မက်တဲ့ အိပ်မက်တစ်ခုပဲဖြစ်ပါလိမ့်မယ်။ လူသတ်ပြီးဘာသာတရားကို စည်းရုံးချဲ့ထွင်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။ လူတွေကကိုယ့်လို အရူးမဟုတ်ဖူးနော်။ ကိုယ်ကသာ ကြောက်လန့်ပြီး လက်ခံချင်လက်ခံလိုက်ဦးမှာ၊ လူတွေကကိုယ့်လို ကြောက်စိတ်ရှိချင်မှရှိမှာပါ။ ကမ္ဘာပေါ်မှာ ဓါးကိုကြောက်လို့ ယုံကြည်ချက်ပြောင်းသွားတယ်ဆိုတာ လူပျော့၊ လူညံ့တွေရဲ့အလုပ်ပါ။ အစ္စလာမ်မှာ ဓါးကိုကြောက်လို့ယုံကြည်ချက်ပြောင်းပြီး အစ္စလာမ်ထဲဝင်လာသူတွေအတွက် နေရာမရှိပါ။ နေရာမပေးပါ။
“အစ္စလာမ်ထဲသို့ မ၀င်ပဲငြင်းပယ်သူများကို နေရာမရွေးသတ်ကြလော့”ဆိုပြီး အင်္ဂလိပ်လို -
………. Kill the unbelievers (non – muslim) where you find them (Quran 9:5) ဆိုပြီး မှားယွင်းစွာရေးထားတာကို လည်းတွေ့ရပါတယ်။ အမှန်တကယ် ကုရ်အာန်ကျမ်းမှာပါတဲ့ အရဗီဝေါဟာရက Unbelievers ဆိုတဲ့ အဓိပ္ပါယ်မသက်ရောက်ပါ။ ပိုဆိုးတာက non – muslim ဆိုပြီး ကွင်းစကွင်းပိတ်နဲ့ ကိုယ့်သဘောနဲ့ကိုယ်ဖြည့်စွက်လိုက်တဲ့ စကားလုံးပဲဖြစ်ပါတယ်။ မူရင်း ကုရ်အာန်မှာ non – muslim (မွတ်စလင်မ်မဟုတ်သူ - ဂိုင်းရ်မွတ်စလင်မ်) ဆိုတဲ့အရဗီဝေါဟာရလုံးဝမပါရှိပါ။ ဒါကိုက အခြား ဘာသာတွေက မွတ်စလင်မ်တွေအပေါ်အမြင်မကြည်အောင်ရန်တိုက်ပေးခြင်းပဲဖြစ်ပါတယ်။ အမှန်တကယ် ကုရ်အာန်(၉း၅)မှာ ပါရှိတဲ့ဝေါဟာရက “မွတ်ရှ်ရေကီးန်” (Mushrikeen) ဖြစ်ပါတယ်။ ဒီအရဗီဝေါဟာရရဲ့ အဓိပ္ပါယ်က “အစ္စလာမ်ထဲသို့ မ၀င်ပဲငြင်း ပယ်နေသူများ” (non – muslim) မွတ်စလင်မ်မဟုတ်သူများ လို့အဓိပ္ပါယ်မထွက်ပါဘူး။ သူ့ရဲ့အဓိပ္ပါယ်အမှန်က “အစ္စလာမ် ဖြစ်ပါလျက်နှင့် အစ္စလာမ်ကိုတုပဖျက်ဆီးသူ”လို့အဓိပ္ပါယ်ရရှိပါတယ်။ “မိစ္ဆာကောင်”တွေပေါ့၊ ကုရ်အာန်ကသူတို့ကိုသော် လည်းကောင်း၊ သူတို့ရဲ့စနစ်ဇယားကိုသော်လည်းကောင်း၊ တိုက်ခိုက်ဖျက်ဆီးချေမှုန်းပစ်ဖို့ပြောနေတာပါ။ မိစ္ဆာကောင်ကိုလည် ပင်းဖက်ပြီးပေါင်းပါလို့ ဘယ်ဘာသာတရားကညွှန်ကြားထားပါသလဲ။ ကိုယ်နဲ့မသက်ဆိုင်တဲ့ကိစ္စကိုဘာကြောင့်များ အကြောက် လွန်နေရပါလိမ့်။ ကုရ်အာန်(၄၇း၎)ကလည်း ဒီသဘောအတိုင်းပါပဲ။ မိမိကိုယ်တိုင်အရဗီကိုနားမလည်ပဲ၊ ကုရ်အာန်ကိုနားမလည် ပဲအကြောက်လွန်ပြီး အိပ်ရေးတွေပျက်နေတာတော့ စိတ်မကောင်းပါဘူး။
 
ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူး။ ကျွန်တော်တို့စိတ်မကောင်းတာက အစ္စလာမ်မဟုတ်သူတစ်ယောက်က အစ္စလာမ်တွေ ယုံကြည်တဲ့ကျမ်းချက်ပါ စကားလုံးတွေကို အလွဲလွဲအချော်ချော်ဖြစ်အောင်ပြင်ဆင် ဖျက်ဆီးလိုက်ခြင်းပါပဲ။ Unbelievers ဆိုပြီး non – muslim ဆိုပြီးမူရင်းကျမ်းမှာ မပါတဲ့ ၊ မူရင်းကျမ်းနဲ့ဆန့်ကျင်တဲ့ဝေါဟာရတွေကို ရည်ရွယ်ချက်ရှိစွာနဲ့ ကြံစည်လုပ်ဆောင်ထည့်သွင်းလိုက်ပါတယ်။ ဒါကဘာသာတရားတစ်ခုကို စော်ကားလိုက်ခြင်းပါ။ လက်ဆုပ်လက်ကိုင်နဲ့ လက်တွေ့ပြရမယ်ဆိုရင်တော့ လတ်တလောမှတင် အစ္စလာမ်မဟုတ်သူဘာသာခြားတစ်ယောက်က အစ္စလာမ်ကို စော်ကား လိုက်ပါပြီ။
 
ဘယ်မွတ်စလင်မ်တစ်ယောက်ကမှ အခြားဘာသာရဲ့ကျမ်းကို လုပ်ကြံစော်ကားခြင်းမရှိပါဘူး။ ဘာသာတရားတွေရဲ့ အဆုံးအမရှုထောင့်ကကြည့်ရင် အင်မတန်မှ အပြစ်ကြီးတဲ့ကိစ္စပါ။ အစ္စလာမ်မှာအခြားဘာသာတရားရဲ့ ဘုရားကျောင်းကန်တွေ၊ အမွေအနှစ်တွေ၊ ကျမ်းစာအုပ်တွေ၊ ရိုးရာယဉ်ကျေးးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကုရ်အာန်မှာ အတိအလင်းပြဋ္ဌာန်းထား ပြီးဖြစ်ပါတယ်။ မရိုမသေမလေးမစားလုပ်ခွင့်လုံးဝမရှိပါဘူး။ အင်ဒိုနီးရှားဟာ မွတ်စလင်မ်နိုင်ငံပါ။ အဲ့ဒီမှာ “ဗောရော ဗုဒု”စေတီ တော်ရှိပါတယ်။ လေးလေးစားစား ထိန်းသိမ်းထားပါတယ်။ ပါကစ္စတန်မှာ အလွန်ခံ့ညားတဲ့ ဗုဒ္ဓ၀င်ပြခန်းနဲ့ ဂေါတမမြတ်ဗုဒ္ဓရဲ့ အမွေအနှစ်တွေရှိပါတယ်။ ပါကစ္စတန်နိုင်ငံသားမွတ်စလင်မ်တွေ အမြတ်တနိုးထိန်းသိမ်းထားပါတယ်။ ဒီကိစ္စုကိုအရှင်ဒေါက်တာ ဥာဏိတ္တရသိပါတယ်။ အာဖဂန်နစ္စတန်မှာ အင်မတန်မှဥာဏ်တော်မြင့်တဲ့ ဗုဒ္ဓဆင်းတုတော်ကြီးရှိပါတယ်။ အာဖဂန်က မွတ်စလင်မ်တွေဟာ ဒီဆင်းတုတော်ကြီးကို နှစ်ပေါင်းများစွာမူမပျက် ထိန်းသိမ်းခဲ့ပါတယ်။ ၀မ်းနည်းစရာ၊ ယူကျုံးမရစရာ အဖြစ် တစ်ခုကတော့ ဘာသာရေးအစွန်းရောက် “တာလီဘန်”တစ်စုရဲ့လက်ချက်နဲ့ပြိုပျက်ခဲ့ရပါတယ်။
 
မွတ်ဆလင်မ်နိုင်ငံအတော်များ များက မဖျက်ဆီးဖို့အတွက် တာလီဘန်တွေကိုတားဆီးခဲ့ပါတယ်။ ဒါပေမဲ့ နားတစ်ဖက်၊ မျက်လုံးတစ်ဖက်ပဲပါတဲ့ တာလီဘန် တွေဟာ ဇွတ်တရွတ်ဖျက်ဆီးခဲ့ပါတယ်။ အာဖဂန်နိုင်ငံရဲ့ရှေးဟောင်းအမွေအနှစ်တစ်ခု ဆုံးရှုံးသွားခဲ့ရပါတယ်။ သမိုင်းတစ်ခု ပျောက်ကွယ်သွားခဲ့ရပါတယ်။ မွတ်စလင်မ်တွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ပါ။ သံဝေဂယူရမဲ့ သင်ခန်းစာတစ်ရပ်ပါ။
 
ကမ္ဘာပေါ်မှာ စစ်ရှုံးလို့လူမျိုးပျောက်ကွယ်သွားတယ်ဆိုတာ ဘာသာတရားပျောက်ကွယ်သွားတယ်ဆိုတာ အသိတရား မဲ့နေသူတွေရဲ့အယူအဆတစ်ရပ်ပါ။ မွတ်စလင်မ်တွေ စစ်ရှုံးဖူးပါတယ်။ ဘဂ္ဂဒက်မြို့ကြီးကိုမွန်ဂိုတွေ ၀င်သိမ်းတဲ့အခါမှာ တစ်မြို့ လုံးမွတ်စလင်မ် အရိုးတွေတောင်လိုပုံနေခဲ့ပါတယ်။ ချောင်းတွေ၊ မြောင်းတွေထဲမှာ မွတ်စလင်မ်တွေရဲ့ သွေးတွေစီးဆင်းနေခဲ့ပါ တယ်။ အလားတူ ဂျူးလည်းစစ်ရှုံးခဲ့ဖူးတယ်။ ခရစ်ယာန်လည်းစစ်ရှုံးခဲ့ဖူးတယ်။ ဘယ်လူမျိုးမှ မပျောက်သလို ဘယ်ဘာသာမှ လည်းမပျောက်ပါဘူး။ လူမျိုးပျောက်တယ်။ ဘာသာပျောက်တယ်ဆိုတာက ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကိုမြင့်တက်အောင် မကြိုး စားရင် ကိုယ်ဘာသာတရားကို ကိုယ်အလေးမထားရင် ဇာတ်တူသားစားရင် လူမျိုးပျောက်သွားမယ်။ ဘာသာလည်းပျောက် သွားပါလိမ့်မယ်။ ကိုယ့်ရဲ့အသုံးမကျမှု၊ မသိနားမလည်မှုတွေကို ပြုပြင်သွားမယ့်အစား အခြားလူမျိုးတစ်မျိုးကိုခေါင်းပုံလွှဲချခြင်း မပြုပါနှင့်။
အစ္စလာမ်ကို ကြောက်နေကြတဲ့သူတွေက မွတ်စလင်မ်တွေရဲ့ဝါးမျိုခြင်းကို ဒီလိုခံလိုက်ရပါတယ်ဆိုပြီး လွဲမှားတဲ့ အချက်အလက်တွေကို ထောက်ပြနေကြပြန်တယ်။
Turkey (တူရကီနိုင်ငံ) မူလက ခရစ်ယာန်နိုင်ငံ
Indonesia (အင်ဒိုနီးရှား) မူလက ဗုဒ္ဓဘာသာနိုင်ငံ
Malaysia (မလေးရှား) မူလက ဗုဒ္ဓဘာသာနိုင်ငံ
Afganistan (အာဖဂန်နစ္စတန်) မူလက ဗုဒ္ဓဘာသာနိုင်ငံ
Parkistan (ပါကစ္စတန်) မူလက ဟိန္ဒူနိုင်ငံ
Bangladesh (ဘင်္ဂလားဒေ့ခ်ျ) မူလက ဟိန္ဒူနိုင်ငံ စသည်ဖြင့် မြန်မာနိုင်ငံထက်ပိုကြီးပြီး လူဦးရေပိုများတဲ့နိုင်ငံတွေ တောင်မခံနိုင်ပဲ လူမျိုးလည်းပျောက်၊ ဘာသာလည်းပျောက်ခဲ့ရပါတယ် လို့ဝေဖန်ထောက်ပြထားပါတယ်။
 
အထက်ဖော်ပြချက်တွေမှာ မှားယွင်းနေတဲ့အချက်တွေ ရာနှုန်းပြည့်ပါဝင်နေပါတယ်။ တူရကီနိုင်ငံဟာမူလက ခရစ်ယာန်နိုင်ငံဆိုတာ မဟုတ်ပါဘူး။ အလားတူ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့ဟာလည်း မူလကဗုဒ္ဓဘာသာနိုင်ငံ ဆိုတာ လည်းမဟုတ်ပါ။ ဗုဒ္ဓဘာသာတော့ရှိပါတယ်။ ဒါပေမဲ့ နတ်ကိုးကွယ်မှု၊ ရိုးရာကိုးကွယ်မှုတွေက အများစုပါ။ အာဖဂန်နစ္စတန်နိုင်ငံ ဆိုတာလည်းမူလက ဗုဒ္ဓဘာသာနိုင်ငံဆိုတာ မဟုတ်ပါဘူး။ အထောက်အထားမရှိပါ။ ဗုဒ္ဓဘာသာဝင်အချို့“ဘာမီယန်”အရပ်မှာ ရှိခဲ့တယ်။ အဲဒီအရပ်ကို ရှင်ဂေါတမရောက်ခဲ့ဖူးတယ်လို့တော့ သမိုင်းမှတ်တမ်းအချို့ရှိပါတယ်။ “အာဖဂန်နစ္စတန်”ဆိုတဲ့ နာမည် ကိုက “ပဟ်လ၀ီ (Phelavi)”ဘာသာစကားဖြစ်နေပါတယ်။ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ဟိန္ဒူနိုင်ငံတွေ မဟုတ်ပါဖူး။ ပါကစ္စ တန်ဆိုတာက “ပါးက်”ဆိုတဲ့ အူရ်ဒူစကားနဲ့ “အစ်တန်”ဆိုတဲ့ အူရ်ဒူစကားကဆင်းသက်လာတာပါ။ “သန့်ရှင်းသောနယ်မြေ”လို့ အဓိပ္ပါယ်ရပါတယ်။ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်တွေက “ဟိန္ဒူ”တွေရဲ့ လက်အောက်မှာမနေလိုပဲ ခွဲထွက်ခဲ့တာကြောင့် “ပါကစ္စ တန်”ဆိုတာ ဖြစ်လာတာပါ။ ဘင်္ဂလားဒေ့ရှ်က ယခင်ပါကစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအများစုနေထိုင်ကြပါတယ်။ မွတ်စလင်မ်တွေပါ။ နောက်ပိုင်းပါကစ္စတန်နိုင်ငံ လက်အောက်ကခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်က ယခင်ပါကစ္စတန်နိုင်ငံပဲဖြစ်ပါ တယ်။ ဘင်္ဂါလီလူမျိုးအများစုနေထိုင်ကြပါတယ်။ မွတ်စလင်မ်တွေပါ။ နောက်ပိုင်း ပါကစ္စတန်နိုင်ငံလက်အောက်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ်တည်ထောင်ခဲ့တာပါ။
 
ဘာသာတရားတွေရဲ့ အထွတ်အမြတ်ထားတဲ့ Holy Places တွေကိုမွတ်စလင်မ်တွေက ဖျက်ဆီးခဲ့တယ်ဆိုတာ အထောက်အထားမဲ့ပြီး ဇာတ်နာအောင် မွတ်ဆလင်မ်တွေကို ဘာသာခြားတွေက မုန်းတီးသွားအောင် လှုံ့ဆော်ပေးခြင်းပဲဖြစ်ပါ တယ်။ မွတ်စလင်မ်တွေက ဘာသာခြားများရဲ့ အထွတ်အမြတ်ထားရာတွေကို ဖျက်ဆီး၊ မဖျက်ဆီးခြင်းထက် မွတ်စလင်မ်တို့ရဲ့ အထွတ်အမြတ်ထားတဲ့ ဆော်ဒီအာရေဗျရှိ မက္ကာဟ်မြို့မှာတော့ ၀က်တန်ဆာကိုကိုးကွယ်ပါတယ်ဆိုပြီး လောလောဆယ်မှာပဲ ဘာသာခြားတစ်ယောက်က စော်ကားလိုက်ပါပြီ။ အဲဒီမြို့ထဲကို ဘာသာခြားတစ်ယောက်မှဝင်ခွင့်မရှိဘူး။ ၀င်တာနဲ့ ခေါင်းဖြတ်ခံ ရတယ်ဆိုရင် ဒီဘာသာခြားကအထဲမှာ ၀က်တန်ဆာကိုကိုးကွယ်နေပါတယ်လို့ သူမရောက်ဖူးပဲ ဘာကြောင့်စော်ကား၊ မော်ကား ပြောရတာလဲ။ ဒါကိုက အစ္စလာမ်အပေါ်မှာ မရိုးမသားစွပ်စွဲပြောဆိုနေတာ ပေါ်လွင်ထင်ရှားနေပါပြီ။
 
ဘယ်ဗုဒ္ဓဘာသာကမှ ဘယ်ဂျူးကမှ ဘယ်ခရစ်ယာန်ကမှ မက္ကာဟ်မြို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ မက္ကာဟ်ကျောင်းတော်ကြီးရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ကိုယ်စားပြုတဲ့ ဗလီဝတ်ကျောင်းတော်တွေ မြန်မာနိုင်ငံမှာ မီးရှို့ဖျက်ဆီးခံ ခဲ့ရပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ အစွန်းရောက်မွတ်စလင်မ်တွေ အကြမ်းဖက်နေတာ၊ ဗုံးခွဲနေတာ မွတ်စလင်မ်ထုတစ်ရပ်လုံးရဲ့ အကျိုးအတွက်မဟုတ်ပါဘူး။ သူတို့အာဏာရဖို့ သူတို့ရဲ့ဒေသတွေကို သူတို့ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံရေးကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ “အိုစမာဘင်လာဒင်” အသတ်ခံရတာကို ကမ္ဘာ့မွတ်စလင်မ်အများစုက ဘာမှကြီးကြီးကျယ်ကျယ် မတုံ့ပြန် ကြပါဘူး။
 
ကောင်းကင်ဘုံမှာ အလ္လာဟ်အရှင်မြတ်က ကာမစပ်ယှက်ဖို့ အပျိုစင်(၇၂)ယောက်နဲ့ လူပျိုပေါက်(၂၈)ယောက်ပေးထား မယ်လို့ မတော်မတရား ရေးပြထားပြန်တယ်။ အဲ့ဒီရေးသားချက်ကို မယုံရင်ကုရ်အာန်နဲ့ အထောက်အထားပြမယ်လို့ ပြောပြီး အောက်မှာ အင်္ဂလိပ်လိုဘာသာနဲ့ ဘယ်ကမှန်းမသိတဲ့ စာပိုဒ်တွေရေးပြထားတယ်။ ကုရ်အာန်ဟာ အရဗီဘာသာနဲ့ကျလာတာ ပါ။ မူရင်းကိုပြမယ်ဆိုရင် အရဗီနဲ့ရေးထားတာကိုပဲပြရမှာပါ။ ကုရ်အာန်ဟာ အင်္ဂလိပ်လိုဘယ်တုံးက ဘယ်လိုရောက်ရှိလာသလဲ ဆိုတာကျွန်တော်တို့တောင်မသိပါဘူး။ အကယ်၍ ဘာသာပြန်ဆိုရင်လဲ မူရင်းအရဗီနဲ့မှန်မမှန် ပြန်တိုက်ဆိုင်ကြည့်လိုက်ပါဦး။
 
မွတ်စလင်မ်အမျိုးသားတစ်ယောက်က အမျိုးသမီး(၄)ယောက်ယူပြီး အမျိုးသမီးတစ်ယောက်ကို ကလေး(၅)ယောက် နှုန်းနဲ့ ကလေးအယောက်(၂၀)မွေးပြီးရင် မိသားစုတစ်စုမှလူဒီလောက်အများကြီးကို အိမ်ထောင်သည်ယောက်ကျားက ဘယ်လို ကျွေးနိုင်မှာလဲ။ စဉ်းစဉ်းစားစားလဲ ပြောကြပါဦး။ ဘာကြောင့်များမွတ်စလင်မ်ကို ဒီလောက်အထင်ကြီးနေရပါလိမ့်။
 
တမန်တော်မြတ်ပါဝင်ခဲ့တဲ့ စစ်ပွဲတွေဟာသမိုင်းမှာ အမည်နာမနှင့်တကွ အထင်အရှားမှတ်တမ်းရှိပါတယ်။ လက်နက်ချ အရှုံးပေးခဲ့တဲ့ ဂျူးလူမျိုး ၆၀၀ကျော်ကနေ ၉၀၀လောက်အထိကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့တဲ့စစ်ပွဲဟာ ဘယ်စစ်ပွဲလဲ။ အမည်ကိုပြောနိုင်သလား။ အထောက်အထား အတိအကျရှိရဲ့လား။ တမန်တော်မြတ်က အလ္လာဟ်ဆီက အာရုံရလို့ အမျိုးသမီး တွေကိုမုဒိမ်းကျင့်တယ်ဆိုပြီး စွပ်စွဲတာဟာ အင်မတန်မှယုတ်ညံ့တဲ့ ဘာသာမဲ့တစ်ယောက်ရဲ့ စွပ်စွဲချက်ပါ။ စစ်မှန်တဲ့ ဗုဒ္ဓ ဘာသာဝင်တစ်ယောက်၊ ခရစ်ယာန်ဘာသာဝင်တစ်ယောက်၊ ဟိန္ဒူဘာသာဝင်တစ်ယောက်ဟာ သူများဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်၊ အကြီးအကဲတစ်ပါးကို ဒီလိုအောက်တန်းကျတဲ့ ညစ်ညမ်းရိုင်းပျတဲ့ စကားလုံးတွေနဲ့ မိမစစ်၊ ဖမစစ်ဆန်စွာ စွပ်စွဲရေးသားပြောဆိုမှာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ မုဒိမ်းမှုကိုကျူးလွန်တယ်လို့သတ်မှတ် ပြောဆိုမှာမဟုတ်ပါဘူး။
 
 လူ တစ်ယောက်ဟာ မုဒိမ်းမှုကိုကျူးလွန်တယ်လို့ သတ်မှတ်ပြောဆိုဖို့ ခိုင်လုံတဲ့သက်သေအထောက်အထားပြဖို့ စွပ်စွဲသတ်မှတ် ပြောဆိုသူမှာ တာဝန်ရှိပါတယ်။ အမှန်တကယ်မှာတော့ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေးဆူပူမှုတစ်ရပ် ဖြစ်ပြီးမတည်မငြိမ်ဖြစ်အောင် နိုင်ငံတော်အေးချမ်းသာယာမှုကို ပျက်ပြားအောင်သွေးထိုး လှုံ့ဆော်နေခြင်းပဲဖြစ်ပါတယ်။ အင်မ တန်အကြံပက်စက်စွာ လုပ်ကြံဖန်တီးနေခြင်းပဲဖြစ်ပါတယ်။ မွတ်စလင်မ်တွေ အသိရှိပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးပျက်စီး အောင်အကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲကို ဘယ်လိုမှဝင်ရောက်မှာ မဟုတ်ပါဘူး။
 
နောက်ဆုံးအချက်တစ်ချက်ကိုပဲ ဖြေရှင်းလိုက်ပါတော့မယ်။ တမန်တော်မြတ်ကဇနီး(၆၁)ယောက်ယူထားတယ်ဆိုပြီး နာမည်တွေနဲ့ဖော်ပြထားပါတယ်။ ဒီနာမည်အားလုံးကို မွတ်စလင်မ်တွေတောင်မကြားဖူးပါ။ တွေ့ကရာစာအုပ်ရဲ့နာမည်တွေ လျှောက်ရေးထားပြီး အထောက်အထားဆိုပြီး ပြပြန်တယ်။ အဲ့ဒီနာမည်တွေထဲက အချို့နာမည်တွေကို ကျွန်တော်တို့သိပါတယ်။ သူတို့တွေက တမန်တော်မြတ်ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဇနီးမယားတွေဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ ဒီအမျိုးသမီးတွေရဲ့ ခင်ပွန်းတွေဟာစစ်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒါကြောင့် တမန်တော်မြတ်က ကျန်ရစ်သူဇနီးမယားများ သားသမီးများကို နေရာ တစ်ခုပေးပြီး သူတို့ရဲ့စားဝတ်နေရေးကို အစိုးရအဖွဲ့က အထောက်အပံ့ပေးစေခဲ့ပါတယ်။ ဒီအမျိုးသမီးတွေရဲ့ စာရင်းကိုဘာမှန်း ညာမှန်းမသိပဲ တမန်တော်မြတ်ရဲ့ဇနီးတွေပါလို့စွပ်စွဲလိုက်တာကတော့ သားသမီးချင်း မိဘမောင်နှမချင်းမစာနာ မထောက်ထား တတ်တဲ့ လူယုတ်မာတစ်ယောက်ရဲ့ရုပ်လုံးကဘွားကနဲပေါ်လာပါတယ်။ ဒီလိုလူယုတ်မာတစ်ယောက်ရဲ့ ဒီလိုအောက်တန်းကျ တဲ့လူတစ်ယောက်ရဲ့လုပ်ရပ်ဟာ ကျွန်တော်တို့ လူသားအကျိုးပြုအင်တာနက်လောကကို အကျည်းတန်၊ အရုပ်ဆိုးစေပါတယ်။ အင်တာနက်ရဲ့ အကျိုးရှိမှုကို လူတွေကြောက်လန့်ပြီးအဆုံးမပြုရဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်ဖျက်ဆီးခြင်းပဲဖြစ်ပါတယ် လို့ပြန်လည်တုံ့ပြန်ရှင်းလင်းတင်ပြအပ်ပါတယ်။

လူအချင်ချင်းလှည့်ဖျားခြင်းကင်းဝေးကြပါစေ။

ဆရာ ဦးစန်းအောင် ၏ ဖြေကြားချက် ဖြစ်ပါသည်။
 
ကိုမိုးသီး
မှ ကူးယူဖော်ပြပါသည်။