Thursday, May 30, 2013

လားရှိုးမြို့ နောက်ဆုံးအခြေအနေ (၃း၀၀ နာရီ)

 

 
မေ-၂၉၊၂၀၁၃
 KK
မနေ့ညက ဖျက်ဆီးခဲ့သော ဘူတာရပ်ကွက်ရှိ ဘူတာဗလီကိုလည်း ဒီနေ့မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ဘူတာရပ်ကွက်ဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာရပ်ကွက်ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မွတ်စလင်မ်များမှာလည်း လက်လုပ်လက်စားများသာ ဖြစ်ပါတယ်။
21
အကြမ်းဖက်သများ မီးရှို့ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်အား မီးလောင်နေပုံ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook
 
ဒီနေ့မနက်ပိုင်းမှာပဲ လားရှိုးမြို့ရှိ မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်လုယက်ရန် ကြိုးစားမှုများ ဆက်လက်ရှိနေပါတယ်။ ၁၂-ရပ်ကွက်ကို မီးရှို့ရန်အတွက် အကြမ်းဖက်သမားများ ဆင်းလာကြသော်လည်း ရပ်ကွက်က ပြန်လည် ခုခံမယ့် အနေအထားရှိတာကြောင့် အကြမ်းဖက်သမားများ ပြန်လည်ထွက်ပြေးသွားကြပါတယ်။
 
မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို လိုက်လံဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှ စိုးရိမ်ထိတ်လန့်နေကြသော မွတ်စလင်မ်များဟာလည်း နီးစပ်ရာ အခြားနေရာများသို့ ပြောင်းရွေှ့နေထိုင်မှုများ ရှိနေကြပါတယ်။
 
ဘုန်းကြီးကျောင်းအများစုရှိရာ ရပ်ကွက်(၄)တွင်နေထိုင်သော မွတ်စလင်မ်များသည်လည်း ရပ်ကွက်အတွင်း မနေထိုင်ရဲကြဘဲ အခြားနေရာများသို့ ပြောင်းရွှေ့နေကြပါတယ်။ ရပ်ကွက်အတွင်းတွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်မှ ၀ိုင်းဝန်း စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။
 
ရပ်ကွက်(၇)ရှိ အောက်ဗလီကို အကြမ်းဖက်သမားများ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ယခုအခါ အောက်ဗလီလည်း ပျက်ဆီးသွားပြီဖြစ်ပါတယ်။ အောက်ဗလီကို အကြမ်းဖက်သမားများက စတင်မီးရှို့စဉ်တွင် မီးရှို့ပါက အခြားအိမ်များသို့လည်း မီးကူးစက်နိုင် မီးမရှို့ရန် ရပ်ကွက်မှ ပြောသည့်အတွက် ၀ိုင်းဝန်းရိုက်နှက် ဖျက်ဆီးလိုက်ကြပါတယ်။ ယခုအခါ စစ်တပ်ရောက်ရှိလာပြီး လုံခြုံရေးချထားပြီး အပျက်အစီးများကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
 
လားရှိုးမြို့မှာ လုံခြုံရေးချထားသော်လည်း လုံခြုံရေးမှ ရပ်ကွက်အတွင်း လုံခြုံရေးကို တာဝန်ယူမှုမရှိတာကြောင့် လားရှိုးမြို့ရှိ မွတ်စလင်မ်အားလုံး စိုးရိမ်ထိတ်လန့်နေပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလည်း သိရှိရပါတယ်။
 
ယမန်နေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် စိတ်ဝေဒနာသည် တစ်ဦးဟု ယူဆရသူ ကိုနေဝင်းမှ မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ရဲမှ ဖမ်းဆီးထားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် မီးရှို့မှုဖြစ်ပွားခဲ့ရာမှအစပြုကာ ဘာသာရေး အကြမ်းဖက်မှု အသွင် ကူးပြောင်းလာပြီး ယခုလို အကြမ်းဖက်မှု ကြီးထွားလာရခြင်းမှာ လားရှိုးမြို့ ရဲတပ်ဖွဲ့၏ တာဝန်မကင်းကြောင်းလည်း မြို့ခံတချို့က ပြောကြပါတယ်။
 
၂၀၁၂-ခု ဇွန်လတွင် ရခိုင်ပြည်နယ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာရာ ၂၀၁၃-ခု မတ်လအတွင်း မိတ္ထီလာမြို့၊ ပဲခူတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနှင့် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိပါ ကူးစက် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်နေကြပါတယ်။
 
ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်လာနေသည့်အတွက် မြို့နယ်အများစုတွင် ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့များဖွဲ့ပြီး အေးချမ်းသာယာအောင် ပြည်သူများမှ တစ်ဘက်တစ်လမ်းမှ ကြိုးစားဖန်တီးနေသော်လည်း အကြမ်းဖက်မှုဖြစ်ပွားစေရန် တမင်စနစ်တကျအကွက်ချစီစဉ်ပြီး လုပ်ဆောင်နေမှုများကြောင့်သာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
 
ဤအကြမ်းဖက်မှုများ ဖြစ်ပွားရာ ပြည်နယ် တိုင်းများသည် ၉၆၉ တရားပွဲပြုလုပ်ပြီးချိန်တိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် ၉၆၉ တရားပွဲများကို တားဆီးပြီး အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူသင့်နေပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးစွာ လိုက်နာကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်များမှလည်း ပြောကြားမှုများ ရှိလာနေပါတယ်။
 
ယခု နေ့လည်ပိုင်းအထိ လားရှိုးမြို့ အခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ မွတ်စလင်မ်များမှာလည်း ကျီးလန့်စာစားနေနေကြရပါတယ်လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရပါတယ်။
M-Media 

Saturday, May 25, 2013

ဘူတာတွင်ရထားစောင့်နေသူ မိန်းကလေးငယ်အား သားမယားပြုကျင့်


နေပြည်တော် တပ်ကုန်း ဘူတာရုံ
(ဓါတ်ပုံ-mizzima)
 
 
 
 
 
 
 
 
 
၂၄.၅.၂၀၁၃ ရက်နေ့ နံနက် ၃း၀၀ အချိန်တွင် မ----- (၁၅)နှစ်၊ (ဘ) ဦးတင်ဝင်း၊ မော်လမြိုင်မြို့နေသူသည် ကြည့်မြင်တိုင်ဘူတာတွင်
ရန်ကုန် - ပြည် ရထားစီးရန်စောင့်နေစဉ် ထွန်းလွင်(ခ)ဆံရှည် ပါ(၅)ဦးမှ မီးရထားတွဲဟောင်းပေါ်ခေါ်ဆောင်၍ အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ကြောင်းတိုင်တန်းသဖြင့် စမ်းချောင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ကာ
ညောင်တုန်းမြို့နယ်နေ ထွန်းလွင်(ခ) ဆံရှည် (ဘ) ဦးစိန်ဝင်း၊ စမ်းချောင်းမြို့နယ်နေသူများ ဖြစ်သည့် ဇင်မင်းအောင် (ဘ) ဦးသန်းစိုး၊ ရန်နိုင်လင်း(ဘ)ဦးပွကြီး၊ ဇော်ထက်အောင်(ခ)၀ုကျိ(ခ)မျောက်ကြီး (ဘ) ဦးကိုထွေးတို့အား
ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တရားခံ အောင်ခိုင်ဇော်အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ရဲသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်



မိတ္ထီလာအကြမ်းဖက်မှုအတွင်း အကြမ်းဖက်သမားများနှင့်အတူ
မြင်တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ-မျက်ဝန်း စီဂျေ )

 
 
 
 
 
 
 
 
 
 
 
 






ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ) ဦးရွှေထွန်း သည် ၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၂၀၀ အချိန်နေအိမ်တွင် ရှိနေစဉ် သူမနှင့်ခင်မင် ရင်းနှီးပြီးနေ အိမ်များသို့ အပြန်အလှန် ၀င်ထွက် သွားလာနေသူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှရဲတပ်ကြပ်ကြီးတင့်အောင်
ဝင်း သည် သူမ၏ ချစ်သူ သားသား(ခ)မျိုးသန့် (တပ်ကြပ်ကြီး တင့်အောင်ဝင်း နှင့်လည်း ရင်းနှီးသူ) မှာ မူးနေ၍ သွားရောက် ခေါ်ရန် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုကာ ခေါ်သဖြင့် ပုဇွန်တောင် မြို့နယ်မှ သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းရှိ တည်းခိုခန်းတစ်ခုသို့ အငှားယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ တည်းခိုခန်းသို့ရောက်ရှိစဉ် မ------၏ချစ်သူမှာ အပေါ်ထပ်အခန်းတွင် ရှိနေကြောင်းပြောဆိုခေါ်ယူပြီး အပေါ်ထပ်ရှိ အခန်းတစ်ခန်း အတွင်းအရောက် သူမ၏ချစ်သူ မရှိကြောင်း သိရသဖြင့်ပြန်မည်ပြုရာ တပ်ကြပ်ကြီး တင့်အောင်ဝင်းမှ လက်အားလိမ်ချိုးကာဆောင့်တွန်းခဲ့၍ ဦးခေါင်းနှင့် အုတ်နံရံတို့တိုက်မိကာ ခေါင်းမူးသွားစဉ် သားမယား အဖြစ်ပြုကျင့်ခဲ့ပြီး သားသား(ခ) မျိုးသန့်အားပြန်ပြောလျှင် သတ်ပစ် မည်ဟုပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း မ------ မှ အရေးယူပေးရန် အချင်းဖြစ်ပြီးရက် ၂၀ ကြာမှ တိုင်စာဖြင့် တိုင်တန်း သဖြင့် တပ်ကြပ်ကြီး တင့်အောင်ဝင်း အား သာကေတ မြို့မရဲစခန်း (ပ)၂၇၇/၂၀၁၃၊ပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီးအရေးယူ ထားရှိပါသည်။

ရဲတပ်ကြပ်ကြီး တင့်အောင်ဝင်းသည် ပြည်သူကို ဥပဒေနှင့်အညီ ကိုယ်တိုင် စောင့်ရှောက်ရမည့် တာဝန်ရှိ တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း ကျင့်ဝတ် သိက္ခာ ကိုစောင့်ထိန်းမှု မရှိသောကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထိရောက်စွာ ပြစ်ဒဏ်ချမှတ် ဆောင်ရွက် သွားမည့်အပြင် နယ်ဘက် ဥပဒေဖြင့်လည်း ထိရောက်သောပြစ်ဒဏ် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Yangon Police
 

စိတ်ကျန်းမာရေးမကောင်းသူအား မုဒိမ်းမှုကျူးလွန်သူ

 











Yangon Police





၂၃.၅.၂၀၁၃ ရက်နေ့ ၁၀း၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ်ကျန်းမားရေး မကောင်းသူ မိခင် ဒေါ်------၊ (၅၀)နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီသွားရောက်ကြည့်စဉ် မိခင်မှာနေအိမ်သို့တစ်ဦးတည်းပြန်သွားခဲ့ပြီး ညနေ ၅ နာရီအချိန်ခန့်တွင် မိခင်မှာ တစ်လမ်းတည်းနေမ------- ၏နေအိမ်သို့ ရောက်ရှိနေကြောင်းသိရ၍ သွား ရောက်ခေါ်ယူရာ မိခင်ဖြစ်သူတွင် နှုတ်ခမ်း၊ ၀ဲပါး၊ ၀ဲလက်ဖျံ နှင့် ရင်ဘတ်တို့တွင် ညိုမဲဒဏ်ရာများအား တွေ့ရှိသဖြင့် မေးမြန်းရာ မျိုးဦး(ခ)သန်းနိုင်၊ ၂၅ နှစ်၊ (ဘ)ဦးမြ၀င်း အင်းစိန်မြို့နယ်နေသူမှ ACE သဲကွင်းအတွင်းရှိ ခြုံထဲသို့ခေါ်ယူပြီး နှုတ်ခမ်း၊ပါး၊ရင်သားတို့အား ပါးစပ်ဖြင့်စုပ်ကိုက်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးပါရန် အင်းစိန်ရဲစခန်းသို့ တိုင်တန်းခဲ့၍ မျိုးဦး(ခ)သန်းနိုင်အား ဖမ်းဆီးစစ်ဆေးလျှက်ရှိ ကြောင်းသတင်း ရရှိပါသည်။
                                                                                                          
 

တောင်ကြီ့းနှင့် အနီးမြို့ များတွင် မွတ်စလင် မုန်းတီး ဆန့်ကျင်ရေး စာများ ဖြန့် ဝေလျက်ရှိ

ပြည်တွင်း သတင်း

 
မေ-၂၄၊၂၀၁၃
 ကျောက်ခဲ
ယခုရက်ပိုင်းအတွင်း တောင်ကြီးမြို့ ရှိလူနေထူထပ်သော ဆင်းရဲသားရပ်ကွက်အချို့ ရှိ လက်ဖက်ရည်ဆိုင်များတွင် မွတ်စလင်မုန်းတီးဆန့် ကျင်ရေးစာအုပ်များနှင့် မွတ်စလင်ဆိုင်များကို သပိတ်မှောက်ကြရန် လှုံဆော်သော စာရွက်များဖြန့် ဝေလျက်ရှိသည်။
2
လွန်ခဲ့သောတစ်ပတ်အလွန်က တောင်ကြီးမြို့ နှင့် အနီးတ၀ှိက်ရှိပတ်ဝန်းကျင်မြို့ များတွင် ၉၆၉ တရားပွဲများကို ဘုန်းကြီးကျောင်းအများစုတွင် ကျင်းပခဲ့ကြသည်။ ယင်းတရားပွဲများတွင်လည်း မွတ်စလင်ဆန့် ကျင်ရေးတရားများအား ထည့်သွင်းဟောကြားခဲ့ပြီး မွတ်စလင်များကို လက်မထပ်ကြရန်၊ မွတ်စလင် ဆိုင်များကို အား မပေးရန်တို့ ကိုလည်း ထည့်သွင်း ဟောကြားခဲ့သည်။
 
ဒေသခံမွတ်စလင်များအပေါ် အမုန်းတရားကြီးထွားရန် မွတ်စလင်များ နှင့် ပတ်သက်သော မမှန် ကန်သော အချက်အလက်များဖြင့် ဖြန့် ဝေစည်းရုံးနေကြသည်။ ယခု ကဲ့သို့ ပြုလုပ်နေ ခြင်းများဖြင့် လူထုအကြားမုန်းတီးမှုများဖြင့် ပြဿာနာ များဖြစ်ပေါ်ကြီးထွားလာမည်ကို ယင်းဒေသခံ မွတ်စလင်တို့ မှ စိုးရိမ်လျက်ရှိကြသည်။ တောင်ကြီးမြို့ ရှိ မြို့ မဈေးထဲမှ ဆိုင်ရှင်တစ်ဦးက” ကျမတို့ ရဲ့အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ဖောက်သည် ဆိုင်မို့ လို့ လည်းပါမှာပေါ့လေ။ ကျမတို့ ရဲ့ဖောက်သည်အများစုက နယ်ဘက်တွေက များပါတယ်။ သူတို့ တွေ အများစုကလည်း ဗုဒ္ဓဘာသာဝင်တွေပါ။
 
 ဟိုအရင် နှစ်ပေါင်း ၂၀ ကျော်ဆိုင်ဖွင့် စလောက်ကတည်းက ရင်းရင်းနှီးနှီး ဆွေမျိုး ပမာ ရောင်းဝယ် ဖောက်ကားခဲ့ကြတာ ယနေ့ အထိပါ။ ကျမတို့ အချင်းချင်းကြားမှာ ဒီနေ့ ထိဘာပြဿနာမှ မရှိခဲ့ဖူးပါဘူး” လို့ ဆိုပါတယ်။
 
ယင်းဆိုင်ရှင်မှဆက်ပြီး “ကျမရဲ့ နယ်ကဗုဒ္ဓသာသာ ဖောက်သည်တစ်ဦး ကိုယ်တိုင်ကဆိုရင် သတိထားနေဖို့ ကို ဟိုနေ့ ကစိုးရိမ်ပြီးပြောပါတယ်။ ဘာပြောလဲဆိုရင် “အခုဆိုကျမတို့ တော်တော်အရှက် ရကြပါတယ်။ ကျမဆိုင်မှာလာဝယ်တဲ့ ဈေးဝယ်က ဗုဒ္ဓသာသာဆိုင်မို့ လာဝယ်တာ မတရား မယူနဲ့ ဈေးလျော့ပါ။ ကုလားဆိုင်တွေမှာ မ၀ယ်ချင်လို့ ဒီမှာလာဝယ် ရတာလို့ ”မချေမငံဆက်ဆံမှုတွေကြုံတွေ့ နေရကြောင်းပြောပါတယ်။
 
တစ်ချို့ နယ်ဘက်မှာရောင်းတဲ့မွတ်စလင်ဆိုင်တွေကတော့ “အဓိကကတော့ဗျာ မွတ်စလင်တွေကို မုန်းတီးအောင်လုပ်တဲ့ စာတွေဖြန့်  တရားတွေဟော တရားခွေတွေ ဖြန့် ဝေနေတဲ့အပေါ်မှာ ရိုးသားတဲ့ တိုင်းရင်းသားတွေက သူတစ်ပါး သာသာရေးကို သေချာစွာ လေ့လာခြင်းမပြုမိပဲ၊ ဘာမှန်းမသိပဲ သူများဆန့် ကျင်လို့ (သို့ ) မွတ်စလင် မုန်းတီးရေး ဆရာတော်များရဲ့ သြ၀ါဒကို လိုက်နာကျတဲ့အပေါ်မှာ အခုလို နှစ်ပေါင်းများစွာ အတူနေထိုင်ရောင်းဝယ် ဖောက်ကားလာခဲ့တဲ့ ဘာသာစုံ လူထုများ အချင်းချင်းကြားမှာ အမုန်းတရားတွေကြီးထွားစေလိုက်တာပါ။ နှစ်ဘက်စလုံးအတွက်မကောင်းပါဘူး တော်တော်စိတ်ပျက်စရာကောင်းပါတယ်ဗျာ” လို့ နယ်မြို့ မှာ ဈေးပတ်ရောင်းနေတဲ့ မွတ်စလင်တစ်ဦးက M-Media ကိုပြောပြပါတယ်။
 
မြန်မာနိုင်ငံနှင့်အ၀ှမ်းတွင် ဒေသဆိုင်ရာ အစိုးရအဖွဲ့ အစည်းတွေက NGO အချို့ ကကျင်းပပြုလုပ်ပေးခဲ့တဲ့ ဘာသာပေါင်းစုံပွဲများကို ခွင့်ပြုပေးခဲ့သော်လည်း ဘာသာခြားများအပေါ် ယခုကဲ့သို့ မုန်းတီးရေး စာပေဖြန့် ဝေခြင်းများ၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေက တရားဝင်လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသော အစ္စလာမ်ဘာသာ အပေါ်ပုတ်ခတ်စွပ်စွဲနေမှုများကို မျက်ကွယ် ပြုလျက်ရှိသည်။
1
 
 
M-Media

Friday, May 24, 2013

မြန်မာ့လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ရဆဲ AI သုံးသပ်

 
 
 
23.05.2013
 
 
ကမ္ဘာအနှံ့မှာ ဒုက္ခသည်တွေ တိုးလာနေသလို၊ အဲဒီ ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေလည်း အားနည်းနေတယ်လို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ထောက်ပြ ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာအနှံ့ ဒုက္ခသည်တွေဟာ လူဦးရေ ၁၅ သန်းအထိ တိုးများလာတယ်လို့ Amnesty International က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည် အတော်များများဟာ သူတို့ နိုင်ငံတွင်းမှာပဲ ရွှေ့ပြောင်းတိမ်းရှောင်နေကြရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီလို ဒုက္ခသည်တွေ တိုးများလာတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဖြစ်ပြီး၊ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေရော နိုင်ငံ အတော်များများကပါ အဲ့ဒီ ဒုက္ခသည်တွေကို လုံလုံလောက်လောက် အကူအညီ မပေးနိုင်ကြဘူးလို့ ဝေဖန်ထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံပေါင်း ၁၀၀ ကျော်က ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအရေး ကိစ္စကိုလည်း မှတ်တမ်းပြုစုထားပါတယ်။ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး လှုပ်ရှားသူ အတော်များများဟာ အကျဉ်းထောင်ထဲမှာ ရှိနေတုန်းပဲလို့ ဖော်ပြပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ အကျဉ်းသား ၈၅၀၀ ကျော် လွှတ်ပေးတဲ့အထဲမှာ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါရှိပေမဲ့ အများစုဟာ ပုဒ်မ ၄၀၁ နဲ့ ခြွင်းချက် သဘောမျိုး လွှတ်ပေးခဲ့တာကို ထောက်ပြထားပါတယ်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းထားပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်တာကို ဝေဖန်ထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တရားဥပဒေအရ အရေးမယူနိုင်တဲ့ အခြေအနေတွေကိုလည်း ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ရေး တင်းမာမှုတွေ ရှိတာနဲ့အမျှ အဲဒီက ဒေသခံ ကျေးရွာတွေမှာ တရားလက်လွတ် ဖမ်းဆီးမှု၊ သတ်ဖြတ်မှု အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း Amnesty ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

တဆက်တည်းမှာပဲ လူအတော်များများ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေအပေါ် အစိုးရက စုံစမ်းရေး ကော်မရှင်ဖွဲ့တဲ့ နေရာမှာ အရေးပါတဲ့ အလွှာ အသီးသီးကို ထည့်သွင်းခဲ့ပေမဲ့ ရိုဟင်ဂျာ အသိုင်းအ၀ိုင်းက ကိုယ်စားပြုသူတွေကို ထည့်သွင်းခြင်း မရှိဘူးလို့ Amnesty က ပြောပါတယ်ရှင်။
 
ဗွီအိုအေ

Wednesday, May 22, 2013

လူမျိုးခွဲခြားရေးအား အဆုံးသတ်ရန် အချိန်တန်ပြီ (ဘာသာပြန်)

 
 
မေ-၁၃၊၂၀၁၃
အင်္ဂလိပ်ဗားရှင်း ဆောင်းပါးရှင် – Nyi Nyi Ohn Myint and Okkar Kyaw
okkan-violence
A Muslim man stands inside a damaged mosque near Okkan on May 1, a day after one person was killed and nine injured in religious violence. Photo: AFP
 
အမှောင်သည် အလင်းအနေဖြင့်ဝင်ရောက်လာခြင်းက ဤကမ္ဘာလောကကအတွက် အန္တရာယ်အများဆုံး နှင့် မရိုးသားဆုံးဖြစ်သည် ဟု အဆိုရှိသည်။
သေနတ်တစ်လက်အား အာရုံတွင် မြင်ကြည့်ပါ။ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၄င်းအရာသည် မကောင်းမှု၏သင်္ကေတ ဖြစ်သည်။ သေနတ်သည် လူသတ်လက်နက် အနေဖြင့် ပြုလုပ်ထားသောအရာဖြစ်သည်။ ဘုန်းတော်ကြီးတစ်ဦးအား မြင်ကြည့်လိုက်ပါ၊ သန့်စင်မွန်မြတ်သော၊ လေးစားထိုက်သော ကောင်းခြင်း၏သင်္ကေတ တစ်ခုဖြစ်သည်။ ဘုန်းတော်ကြီးများသည် နားလည်မှု နှင့် ကရုဏာတရားအား ကျင့်သုံးသူများဖြစ်သည်။ ဘုန်းတော်ကြီးတစ်ဦးမှ သူ၏သင်္ကန်းအားခြုံကာ၊ မတ်မတ်ရပ်၍ လက်အုပ်ချီလျက် ဗုဒ္ဓအား အာရုံပြုနေပုံအား နောက်ဆုံးအနေဖြင့် သင့်အာရုံတွင် မြင်ကြည့်ပါ။ ထိုပုံရိပ်သည် ဗုဒ္ဓဘာသာ သာသနာအား သက်ဝင်ယုံကြည်မှုကို ပြသသော ပုံရိပ်ပင်ဖြစ်သည်။
 
ယခု သင့်စက္ခုအာရုံတွင်မြင်ကြည့်ပါ၊ ဘုန်းတော်ကြီး၏ ညာလက်သည် ဖြည်းညှင်းစွာဖြင့် သူ၏သင်္ကန်း အတွင်းသို့ရောက်သွားကာ၊ ဖြည်းဖြည်းခြင်း သင့်ထံသို့ ဦးတည်ပြီး သူ၏ညာလက်ညှိုးသည် သေးငယ်သော သေနတ်ခလုပ်ကိုဖိနှိပ်၍ သေနတ်တစ်လက်အား ဆွဲထုတ်လိုက်သည်ဆိုပါစို့။
 
ဘုန်းတော်ကြီးအပေါ်ထားရှိခဲ့သော သင့်အယူအဆများက အချိန်တိုလေးအတွင်း ပြောင်းလဲသွားမည် ဖြစ်သည်။ သို့သော်လည်း တုံ့ပြန်ရန်အတွက်နောက်ကျသွားပြီဖြစ်သည်။ သင်၏ဦးနှောက်သည် အလုပ်လုပ်နေချိန်အတွင်းမှာပင် သွေးအေးသော လူသတ်သမား၏ ကျည်ဆံသည် သင့် ဦးခေါင်းအတွင်းသို့ ၀င်ရောက်သွားပြီးဖြစ်လေပြီ။ ယင်းသို့ လူတစ်ယောက်အားသတ်ရန် အလွယ်ကူဆုံးနှင့် ပညာသားပါသော လုပ်ရပ်မျိုးကို ဘုန်းတော်ကြီးများသည် လုပ်ဆောင်နိုင်ကြပါမည်လော ?
 
၁၉၅၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် သီရိလင်္ကာ ၀န်ကြီးချုပ် ဆော်လမွန် ဘန်ဒါရာနိုက်ခ် (Solomon Bandaranaike) သည် သူ၏ နေ့စဉ် အစည်းအဝေးပွဲအား ပြုလုပ်နေခိုက် တော်ဒုဝေ ဆိုမရာမ (Talduwe Somarama) ဘုန်းတော်ကြီးသည် အိမ်တော်အတွင်းသို့ ၀င်ရောက်သွားခဲ့သည်။ ၀န်ကြီးချုပ်သည် ဘုန်းတော်ကြီးရှေ့တွင် ဒူးထောက်ကာ ဗုဒ္ဓဘာသာ နည်းလမ်းအရ အရိုသေပေးချိန်တွင် ဘုန်းတော်ကြီးသည် ခြောက်လုံးပြူးသေနတ်ကိုထုတ်ကာ သီိရိလင်္ကာဝန်ကြီးချုပ်အား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့လုပ်ဆောင်ရသနည်း ? ယင်းဘုန်းတော်ကြီးမှ “ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ သာသနာအတွက် ကောင်းမွန်ရန်ရှေ့ရှု၍ လုပ်ဆောင်ခဲ့ကြောင်း” ဟုပြောကြားခဲ့သည်။
 
ယခုပေးစာသည် ဖြစ်ပျက်နေသောကိစ္စများကို မူတည်၍ အများသိစေရန် ကျွန်တော်တို့နှင့် ကျွန်တော်တို့၏ သူငယ်ချင်းကျောင်းသားများမှ ရေးသားသောစာဖြစ်ပါသည်။မသိချင်ယောင်ဆောင်နေသော ကျွန်တော်တို့၏ ဗုဒ္ဓဘာသာဝင် ညီအစ်ကိုများအား ပြောချင်ပါသည်၊ တောင်းပန်ချင်ပါသည်၊ ၄င်း ရူးသွပ်မှုကို ရပ်ဆိုင်းပေးရန် တောင်းဆိုချင်ပါသည်။ ရိုဟင်ဂျာများအား လူမျိုးတုံးစစ်ဆင်ရေး ရပ်တန့်ရန် အချိန်တန်ပါပြီ၊ သွေးထွက်သံယိုဖြစ်ခြင်းသည် အဖြေမဟုတ်ပါ၊ အကုသိုလ်သာ ဖြစ်သည်။
 
လိမ်လည်နေသူများအား ပြောချင်ပါသည်။ ရိုဟင်ဂျာ သို့မဟုတ် အခြားသော လူမျိုးစုများအား သုတ်သင်မှုသည် ကောင်းမွန်သော အလုပ်မဟုတ်ကြောင်း ဗုဒ္ဓဘာသာကို လုံးဝ သက်ဝင်ယုံကြည်ကိုးကွယ်သော ဘုန်းတော်ကြီးများ ပြောဆိုခဲ့သည်။ လူငယ်များအား လိမ်ညာပြောဆိုခြင်းသည် သူတို့၏နှလုံးသားအတွင်းသို့ လူမျိုးခွဲခြားရေးဝါဒ နှင့် အမုန်းတရားများ ရိုက်သွင်းပေးခြင်းဖြစ်ပြီး၊ အကြမ်းဖက်မှုနှင့် အမြင်လွဲမှားမှုများက ဗုဒ္ဓဘာသာ၏အဓိပ္ပါယ်ကို ဂုဏ်ကျက်သရေ ညှိုးနွမ်းစေခဲ့သည်။ ယခု အလားတူဖြစ်ပျက်နေသော မြန်မာနိုင်ငံသည် ကျွန်တော်တို့ တစ်ချိန်က သိခဲ့သော၊ တစ်ချိန်က ကြီးပြင်းခဲ့သော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံနှင့်မတူတော့ပါ။
ကျွန်တော်တို့နိုင်ငံ၏အကြီးကဲများအား လေးစားစွာ တောင်းဆိုချင်ပါသည်။ ရိုဟင်ဂျာများနှင့် ငြိမ်းချမ်းစွာဆွေးနွေးပါ။ အစိုးရသည် ဘက်မလိုက်သော ဆုံးဖြတ်ချက်နှင့် ယခုဖြစ်ပေါ်ခဲ့သည်ကို နိုင်ငံအတွင်း ဖြစ်ပျက်ခဲ့သော သဘောထားကွဲလွဲချက်တစ်ခုဟု အမြင်ထားစေချင်ပေသည်။ သို့သော်လည်း အစိုးရသည် မြန်မာနိုင်ငံအတွင်း နေထိုင်နေသော တိုင်းရင်းသားလူမျိုးတိုင်းကို ကာကွယ်မှုပေးမည်ဖြစ်သည်၊ သို့သော်လည်း တရားမ၀င် မြန်မာနိုင်ငံ နယ်နမိတ်အတွင်းသို့ဝင်လာခဲ့သည့် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏ လူမျိုးစုများတွင်မပါဝင်ကြောင်း သမ္မတ ဦးသိန်းစိန် မှ ပြောကြားခဲ့သည်။
 
ထိုပြောကြားချက်အရ ဦးသိန်းစိန်သည် ယခုဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွက် တာဝန်မယူ ဟု ပြောဆိုနေခြင်းပင်ဖြစ်သည်။ သို့သော် ကျွန်တော်တို့အနေနှင့် ၄င်းလူမျိုးစုအား တစ်ခြား နိုင်ငံတစ်ခုသို့ အလွယ်တကူ လွှဲပြောင်းလိုက်ဖို့မသင့်ပါ၊ သူတို့သည် ကုန်ပစ္စည်းများ မဟုတ်ကြပါ။၊ သူတို့သည် ရိုဟင်ဂျာပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ သင်တို့ ကျွန်ုပ်တို့ကဲ့သို့ လူသားများပင်ဖြစ်သည်။ ထို့အတွက် လူ့အခွင့်အရေးအပြည့်အ၀ရသင့်ပေသည်။
 
လူတို့အား နိုင်ငံသားအဖြစ်လက်ခံရန်မှာ အစိုးရထံတွင်သာ တာဝန်ရှိသော်လည်း ၄င်းတို့အား နိုင်ငံသား မဟုတ်ဟု ငြင်းဆိုခဲ့ခြင်းမှာ မည်သည့်အကျိုးများ ရရှိစေပါသနည်း ? လူမျိုးစုများကြားတွင် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီး၊ စီးပွားရေးနှင့် ဒီမိုကရေစီနည်းလမ်းများကိုလည်း ထိခိုက်စေခဲ့သည်။ တိုင်းပြည်အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ယုံကြည်မှု မရှိတော့ကြောင်း၊ ယုံကြည်မှု ပျက်သုဉ်းပါက နိုင်ငံကို ပြန်လည်တည်ဆောက်ရန် မလွယ်ကူကြောင်း၊ မတူညီမှုများအား လျစ်လျူရှုကာ တူညီချက်အားရှာဖွေသင့်ကြောင်း အသိဝင်အပ်ပါသည်။ သို့မဟုတ်ပါက လူနေမှုအဆင့်တန်းမြင့်မားရေးအား မည်ကဲ့သို့ဆောင်ရွက်နိုင်မည်နည်း ? ကျွန်တော်တို့သည် နှစ်ပေါင်း ၅၀ စစ်တပ်အုပ်ချုပ်ရေးအား ပြောင်းလဲရန်ကြိုးစားခဲ့သော်လည်း ထိုကဲ့သို့ အကြမ်းဖက်မှုများ မရပ်တန့်ပါက စစ်အုပ်ချုပ်ရေးကို ပြန်လည်လက်ကမ်း ကြိုဆိုနေသည်နှင့်မခြားတော့ပါ။ ယခုဖြစ်ပေါ်နေသော လူမျိုးစုပြဿနာကိုအကြောင်းပြု၍ စစ်တပ်မှ ပြန်လည် အာဏာသိမ်းခြင်းဖြစ်လာနိုင်ပါသည်။
 
စစ်မှန်သော ဒီမိုကရေစီ နည်းလမ်းအားကျင့်သုံးသော မြန်မာနိုင်ငံအဖြစ် ယုံကြည်စေရန် လိုအပ်နေသည်။ ၄င်းပြင် ဒီမိုကရေစီနည်းလမ်းအား ကိုယ်ကျိုးအတ္တအတွက် အသုံးချခြင်းမျိုး မဖြစ်ရန်လည်း အရေးကြီးသည်။ ဤဆယ်စုနှစ်များအတွင်း ကျွန်တော်တို့ လိုချင်ခဲ့သော လွတ်လပ်မှုအား ရရှိနေပြီဖြစ်သည်။ ထိုအခွင့်အရေးကို အသုံးချ၍ နှစ်ရှည်လများ ရင်းနှီးခဲ့ရသည့် သွေး နှင့် ချွေးအား အလဟဿ မဖြစ်စေလိုပါ။၊ နိုင်ငံတိုးတက်မှုအတွက် ပညာရေး နှင့် ကျန်းမာရေးတွင် အသုံးပြုသင့်သည့် ကုန်ကျစရိတ်များမှာ အကြမ်းဖက်မှု၏ အကျိုးဆက်များဖြစ်သော ဒုက္ခသည်စခန်းများရှိ လူတို့အား ကျွေးမွေးခြင်း၊ အိုးအိမ်များအား အသစ်ပြန်လည်တည်ဆောက်ခြင်း၊ စသည်တို့၌ အသုံးပြုနေရလေသည်။ ကမ္ဘာမှစောင့်ကြည့်နေခဲ့သော ကျွန်တော်တို့နိုင်ငံသည် ဖိနှိပ်ချုပ်ချယ်မှုမှ ဖြည်းဖြည်းခြင်း ဒီမိုကရေစီသို့ပြောင်းလဲနိုင်ခဲ့ပြီဖြစ်သည်။ လူမျိုးခွဲခြားမှုအား အတိတ်တွင် ချန်ရစ်၍ အနာဂတ်သစ်သို့ လက်တွဲလျှောက်လှမ်းရန်အချိန်ရောက်ပြီဖြစ်သည်။
 
လက်ရှိအခက်အခဲအား အမြန်ဆုံးဖြေရှင်းနိုင်ပါက ကျွန်တော်တို့သည် အကောင်းဆုံးအနာဂတ်ကို အတူတကွ အမြန်ဆုံး တည်ဆောက်နိုင်မည်ဖြစ်သည်။ မြင့်မားသော အကာအဆီးဖြစ်စေကာမူ ကျွန်တော်တို့သည် အတူတကွ လက်တွဲ၍ ကျော်လွှားကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။
 
(Nyi Nyi Ohn Myint, 17, from the International School of Yangon, and Okkar Kyaw, 20, from Grinnell College, are brothers with completely different personalities who want to work together for a greater cause.)
Myanmar Times မှ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုခြင်းဖြစ်ပါသည်။
 
www.m-mediagroup.com/
 
 

Sunday, May 19, 2013

အတုအရောင်များစွာ သတိထားစရာ

ကချင်ပြည်နယ်အတွင်း အဖြစ်အပြက်လေး (၁)ခုကိုပြောပြပါရစေ။

ဖါးကန့်မှာအကြမ်းဖက်မူဖြစ်ပြီး ၄ရက်လောက်အကြာ မိုးညင်းဘူတာထဲမှာ သင်္ကန်းဝတ် ပုဂ္ဂိုရ်တယောက် ပြဿနာရှာဖို့ ကြိုးစားနေတာကိုတွေ့ရတော့ အေးချမ်းစွာ
နေလိုတဲ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတယောက် က မြို့နယ် သံဃာနာယကအဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ် တိုင်ကြားခဲ့ရာ ချက်ချင်းဘဲ သံဃာ့ နာယကအဖွဲ့မှ ဦးပဇင်းကြီးများ ရောက်လာ ပါတယ်။

ဘူတာထဲမှာပြဿနာရှာဖို့ ကြိုးစားနေသူအား ချက်ချင်းဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ရာ သံဃာတို့၏ ဝိနည်းကိုလဲ တခုလေးပင် မသိ / သံဃာအစစ်အမှန် ဖြစ်ကြောင်း သက်သေခံ အမှတ်အသား / စာရွက်စာတန်းဟူ၍လဲ တခုမှ မပြနိုင်ခဲ့ပါ။

ထို့ကြောင့် ဆက်လက်စစ်ဆေးခဲ့ရာ ရခိုင်မှလာရောက်ခြင်းဖြစ်ကြောင်း၊ စစ်တွေတွင် နေထိုင်ကြောင်း အဖွဲ့ဝင် လေးယောက်လာ၍ ကချင်ပြည်နယ်တွင်း ပဌိပက္ခ ဖန်တီးရန်ဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ၎င်းယူဆောင်လာသည့် ပစ္စည်းများကို လိုက်လန် ပြသခိုင်းရာ ဖွက်ထားသောနေရာမှ သင်္ကန်း၂၁စုံ ပဌိပက္ခလုံ့ဆော်သည့် စာရွက်စာတန်းများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းစည်းရရှိခဲ့ပါသည်။

၎င်းအားလူဝတ်လဲစေ၍ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ရဲစခန်းသို့ အပ်နှံခဲ့ရာ လိုအပ်သလို အရေးယူဆောင်ရွက်နေကြောင်းသိရှိရသည်။

ဤသည်ကာ ဗုဒ္ဓဘာသာ ရဟန်းသံဃာ ပုံစံဖြင့်ပဌိပက္ခဖန်တီးနေသော ရခိုင်တို့၏ လုပ်ရပ်တခုဖြစ်ကြောင်း
နှင့် စစ်မှန်သော သံဃာများသည် ပြည်သူတို့၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နေမည် သာ ဖြစ်ကြောင်း။

ပဌိပက္ခ ဖန်တီးလုပ်ဆောင်နေသည့် သူများမှာ သံဃာအတုအယောင်ဆောင်များသာ ဖြစ်ပါကြောင်း
ဖေါ်ထုတ်လိုက်ရပါသည်။
ပေးပို့သူ » Chit Win
 
http://www.teol-mm.info/                                                  

Thursday, May 16, 2013

ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မတီမှ ဒေါ်ရင်ရင်နွယ်၏အမြင်အား ဝေဖန်သုံးသပ်ချက်



             ယခုဗီဒီယိုဖိုင်က VOAက ဦးနေ၀င်းရဲ့ချွေးမဟောင်း ဒေါ်ရင်ရင်နွယ်ကို ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပါတ်သတ်လို့ အင်တာဗျူးထားတာပါ။ ဒေါ်ရင်ရင်နွယ်ဟာ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ဦးနေ၀င်းရဲ့ ချွေးမတော်သူဆိုကတည်းက ဒီပုတ်ထဲက ဒီပဲ တွေပါပဲ။ ဦးနေ၀င်း ဟာ မြန်မာပြည်ကို စစ်ကျွန်ဘ၀ရောက်အောင်ပို့ခဲ့တဲ့သူပါ။ ယခုလက်ရှိ အုပ်ချုပ်နေတဲ့ စစ်ဘောင်းဘီချွတ်ပုဆိုးဝတ် ထားတဲ့ ဘပြောင်(ခ) သိန်းစိန်အစိုးရ အဖွဲ့တွေကလည်း ဦးနေ၀င်းရဲ့ တပည့်နောက်လိုက်တွေပါပဲ။ သူတို့ကစနစ်ပြောင်းမလိုနဲ့ နောက်ဆုံးတော့လည်း အရင်လမ်းဟောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနေကြတာပါပဲ။
          ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာကို ဝေဖန်သံတွေ တော်တော်များများကြား နေရပါတယ်။ ပိုဆိုးတာက ဒီရခိုင်ပဋိပက္ခကို စတင်မီးမွှေးပြီး ဓါတ်ဆီလောင်းပေးခဲ့တဲ့ ဒေါက်တာအေးမောင်လို ပုဂ္ဂိုလ်တွေ၊ ကိုကိုကြီးလို တစ်ဖက်သတ်ရှုမြင်တတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေပါဝင်နေခဲ့ပါတယ်။ အဲဒါကြောင့် ဒီအစီရင်ခံစာဟာ ယုံကြည်လောက်စရာ မရှိဘူးလို့ လူအများစုက အတိအလင်းထောက်ပြဝေဖန် ထားကြပါတယ်။
                ရခိုင်ပြည်ပြဿနာစုံစမ်းရေးကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရင်ရင်နွယ်ရဲ့ အင်တာဗျူးဖြေကြားချက်တွေကို ကျွန်တော့်အနေနဲ့ လက်မခံနိုင်ပါ။ ဥပမာအနေနဲ့ သူမပြောသွားတဲ့ အချက်အလက်အချို့ကို ကျွန်တော်ပြန်လည် ဆွေးနွေးချင်ပါတယ်။

(၁)
                ကျွန်တော်အနေနဲ့ ပထမဆုံးဆွေးနွေးချင်တာက ဒေါ်ရင်ရင်နွယ်ရဲ့ ဖြေကြားချက်ထဲမှာ “ရိုဟင်ဂျာတွေ ပညာမတတ်တာ၊ လူနေမှု အဆင့်အတန်းနိမ့်ကျနေရတာဟာ အရင်အစိုးရမှာ တာဝန်ရှိပါတယ်” လို့သူမကိုယ်တိုင် ၀န်ခံပြောကြားသွားပါတယ်။ အရင်အစိုးရဆိုတာ စစ်အုပ်ချုပ်ရေးကို အသက်သွင်းပေးခဲ့တဲ့ ဦးနေ၀င်း နဲ့ သန်းရွှေတို့ပါပဲ။ သူမရဲ့ပြောကြားချက်အတိုင်းပဲ ပညာမတတ်တာ၊ ဗဟုသုတနည်းပါးတာ၊ ဆင်းရဲနွမ်းပါးကြတာဟာ အရင်အစိုးရ အဆက်ဆက်ရဲ့ ဖိနှိပ်ကန့်သတ်ခဲ့တဲ့ ရလာဒ်တွေပါပဲ။ ဒီစစ်အစိုးရကြောင့် ဖြစ်လာတဲ့ ရလာဒ်တွေအတွက် အဖိနှိပ်ခံရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ပေးဖို့၊ မတရားခွဲခြားဆက်ဆံရတာတွေကို ရပ်တန်းကရပ်အောင် ဆောင်ရွက်ပေးဖို့ ဒီအစီရင်ခံစာမှာ တစ်ခုမှမပါပါဘူး။
(၂)
                ဒေါ်ရင်ရင်နွယ်က လူဦးရေများပြားမှုနဲ့ ပါတ်သတ်ပြီး ဖြေကြားသွားစဉ်မှာ “ ကလေးမွေးနှုန်းက သိပ်ကို မြင့်လွန်းအားကြီးနေတယ်။ ပြီးတော့ ယောက်ျားတစ်ယောက်ကလည်း မိန်းမတစ်ယောက်ထက် ပိုယူနိုင်တယ်။ မောင်းတောဘက်မှာ ၉၄% က ဘင်္ဂါလီတွေ၊ ၆% က ရခိုင်နဲ့ ဗမာတွေ” လို့ပြောသွားပါတယ်။ သူမပြောပြချက်အရ ဘူးသီးတောင်၊ မောင်းတောဘက်မှာ ရိုဟင်ဂျာလူဦးရေများတာဟာ အခုမှ ရုတ်တရက်ကလေးများများမွေးပြီးဖြစ်လာတာလား။ ရှိရှိသမျှ ၉၄% အားလုံးဟာ ဘင်္ဂါလီတွေတဲ့လား။ ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်မှာ အခြေချနေထိုင်ခဲ့တဲ့ ရိုဟင်ဂျာ လူဦးရေတွေကိုရော ထည့်မစဉ်းစားတော့ဘူးလား။ သူမဖြေကြားချက်ထဲမှာ လိုရာကိုပဲဆွဲပြောသွားပြီး မျှမျှတတတွေးခေါ် စဉ်းစားမှုတွေ ကင်းမဲ့နေပါတယ်။

(၃)
               နောက်တစ်ချက်က ၁၉၈၂ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေနဲ့ ပါတ်သတ်ပြီး သူမက “မည်သူမဆို အချက်အလက်များနဲ့ ကိုက်ညီရင် နိုင်ငံသားရမှာပဲ” တဲ့။ တကယ်တမ်းအချက်အလက်နဲ့ ကိုက်ညီရင် နိုင်ငံသားတကယ်ပေးမှာလားလို့ သူမကို ပြန်မေးချင်ပါတယ်။ ၁၉၈၂ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေမှာ တတိယမျိုးဆက်ဖြစ်လျှင် နိုင်ငံသားပေးရမည် လို့ပါထားပါတယ်။ တတိယမျိုးဆက်မကဘဲ၊ စတုတ္ထမျိုးဆက်၊ ပဉ္စမမျိုးဆက်၊ မျိုးဆက်ပေါင်းများစွာ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာတောင်မှ နိုင်ငံသားလက်မှတ် (မှတ်ပုံတင်) မရသေးတဲ့ ရိုဟင်ဂျာတွေ ဒုနဲ့ဒေးရှိနေ ပါတယ်။ ဒီလူတွေကို ဒေသတွင်းမှာသာ ကန့်သတ်နေထိုင်ခွင့် ပေးထားပြီး အခြားမြို့များကို ခရီးသွားလာခွင့် ပိတ်ပင်ထားတာဟာ တရားမျှတလှပါတယ်ဆိုတဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေပဲလားလို့ ကျွန်တော်မေးချင်ပါတယ်။

(၄)
                 အကျင့်ပျက်ခြစားတဲ့ နယ်စပ်က လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေအကြောင်းရောက်သွားတဲ့ အခါမှာ သူမက “ ဘင်္ဂါလီတွေက ပိုက်ဆံက တစ်ခြားက ရစရာလည်းရှိတယ်၊ သူတို့ဟာသူတို့ ပိုက်ဆံလည်းရှိတယ်” လို့ဆိုပါတယ်။ သူမရဲ့ စကားက စဉ်းစားစရာ တော်တော်ကောင်းပါတယ်။ ဒီလောက် ပိုက်ဆံရှိ ချမ်းသာတဲ့ ဘင်္ဂါလီ လူမျိုးတွေဟာ ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ရိုဟင်ဂျာတွေ၊ ရခိုင်တွေရှိတဲ့ မြန်မာပြည်ကို ပိုက်ဆံအကုန်ခံပြီး လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အင်တာဗျူးအစပိုင်းမှာ သူမကိုယ်တိုင်ပဲ ရိုဟင်ဂျာတွေဟာ ပညာမတတ်ဘူး၊ ဆင်းရဲတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ အခုတော့လည်း သူပဲ ဒီလူတွေဟာ ပိုက်ဆံချမ်းသာလို့ နယ်စပ်က အရာရှိတွေကို လာဘ်ထိုးပြီးဝင်လာတဲ့သူတွေ ဖြစ်သွားပြန်ပါတယ်။ သူပြောတာတွေကို သေချာနားထောင်ကြည့်ရင် တော်တော်ရယ်စရာကောင်းပါတယ်။

(၅)
                 လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့ (Human Rights Watch) ရဲ့ ဝေဖန်ချက်အပေါ်မှာ သူမက “သူတို့ပြောတာကို ငြင်းပယ်ပါတယ်။ Human Rights Watch က အမြဲတရားမျှမျှတတ မရှိပါဘူး။ ကျွန်မတို့နိုင်ငံက ကိုယ်နိုင်ငံရဲ့ အချုပ်အခြာအာဏာရှိတယ်။ အဲဒီတော့ ဂရုစိုက်စရာ မလိုပါဘူး။” တဲ့။ ပြီးတော့  “ သူတို့က တစ်ဖက်ကိုပဲ အင်တာဗျူးလုပ်တယ်” လို့ဆိုပါသေးတယ်။ ဒီရိုဟင်ဂျာ ကိစ္စမှသာမဟုတ်ပါဘူး။ အရင်ကလည်း ဒီအဖွဲ့ဟာ လူ့အခွင့်အရေးနဲ့ပါတ်သတ်ပြီး ထောက်ပြဝေဖန်ခဲ့တာတွေ ရှိခဲ့ပါတယ်။ Human Rights Watch အဖွဲ့ဟာ ဦးနှောက်မရှိတဲ့ စဉ်းစားဆင်ခြင်မှု ကင်းမဲ့တဲ့ အဖွဲ့မဟုတ်ပါဘူး။ တစ်ဖက်တည်း စကားနားထောင်ပြီး ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့မျိုးသာဆိုရင် နိုင်ငံတကာက ဘယ်လိုလက်ခံနိုင်ပါ့မလဲ။

(၆)
                “ ဘင်္ဂါလီလူမျိုး (ရိုဟင်ဂျာ) တော်တော်များများဟာ ရခိုင်စကားလည်းမပြောဘူး၊ ဗမာစကားလည်းမပြောဘူး” လို့ဆိုပါတယ်။ ဗမာစကားမပြောတတ်တာနဲ့ဘဲ မြန်မာနိုင်ငံသား မဟုတ်ဘူး လား။ မြန်မာတိုင်းရင်းသား တွေဖြစ်တဲ့ ချင်းလူမျိုးတွေ၊ မွန်လူမျိုးတွေတောင်မှ မြန်မာစကားလုံးဝမတတ်ဘဲ လူမျိုးစုဘာသာစကားကို ပဲပြောကြတာ ကျွန်တော်အများကြီးတွေ့ဖူးပါတယ်။ ဒီလူတွေကရော မြန်မာနိုင်ငံသား မဟုတ်ဘူးလားလို့ ကျွန်တော်မေးချင်ပါတယ်။
(၇)
               “ အိမ်နားနီးချင်းနိုင်ငံက ထပ်မ၀င်နိုင်အောင်လုံခြုံရေးလုပ်ရမယ်” ဆိုတဲ့ သူမရဲ့သုံးသပ်ချက် ကို သေသေချာချာခွဲခြားရှုမြင်ဖို့ လိုပါတယ်။ အခုနောက်ပိုင်း ဘင်္ဂလားဒေရှ့်နိုင်ငံက ၀င်လာသူအများစုဟာ ဘင်္ဂလားဒေရှ့် နိုင်ငံသား ဗုဒ္စ္ဓဘာသာဝင်တွေဖြစ်နေပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးရဲ့ သုံးသပ်မှုတွေမှာတောင် မမျှတမှုတွေ၊ လွဲမှားမှုတွေ၊ ဘက်လိုက်မှုတွေကို အထင်းသားတွေ့မြင်နေရပါတယ်။ ဒီလိုလူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ထုတ်ပြန်ကြေငြာချက်ကရော တရားမျှတမှု ရှိပါရဲ့လား လို့ ကျွန်တော်သံသယ၀င်မိပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မတီဟာ လူသားတိုင်း လူ့အခွင့်အရေးအပြည့်အ၀ရအောင် အမှန်တရားကို ဖော်ထုတ်မယ့်အစား တစ်ဖက်သတ်ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်သွားခဲ့ရတဲ့အတွက် ကျွန်တော်အပါအ၀င် တရားမျှတမှုကို မြတ်နိုးသူတွေကတော့ အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတော့တယ်။
                                                                                           ထွန်းသစ်အောင်

Friday, May 10, 2013

အင်ဒိုနီးရှားနိုင်ငံသားများ၏ လေးစားဖွယ်မွတ်ဆလင်စိတ်ဓါတ်

ကျွန်တော်တို့သူငယ်ချင်းတစ်စု အတူဆုံကြစဉ် မြန်မာမွတ်ဆလင်များ မြန်မာပြည်မှာ ဒုက္ခရောက်နေကြတာတွေ၊ မတရားသတ်ဖြတ်ခံရတာတွေ၊  မကြာမီက အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သွားသည့် မြန်မာမွတ်ဆလင်အရေး ဆန္ဒထုတ်ဖော်မှုတွေ၊ အင်ဒိုနီးရှားမွတ်ဆလင်အချို့၏ ဂျီဟတ်ကြေငြာမှုအကြောင်းတွေကို ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံရှိ ဘာသာရေးအဖွဲ့ကြီးများက မြန်မာနိုင်ငံအပေါ် အင်ဒိုနီးရှားနိုင်ငံသားများ၏ ဂျီဟတ်လုပ်မည်ဟု ကြော်ငြာချက်အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ဤကြေငြာချက်အပေါ် မွတ်ဆလင်အများက နားလည်ကြသော်လည်း အချို့မှာ အားမလိုအားမရ ဖြစ်နေကြပါသည်။
ကျွန်တော့်ထင်မြင်ချက်ကတော့ မြန်မာနိုင်ငံရှိ ဘာသာရေးအဖွဲ့ကြီးများအနေနှင့် အပြည့်အ၀ လုပ်ပိုင်ခွင့်မရှိခြင်း၊ ဖိအားပေးခံရခြင်းများလည်း ရှိလိမ့်မည်ဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိသိန်းစိန်အစိုးရသည်  တိုင်းရင်းသားများနှင့် ဘာသာရေး လွတ်လပ်ခွင့်ကို ကန့်သတ်ထားသည်မှာ လူတိုင်းအသိပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော့်အနေနှင့် ဘာသာရေးအဖွဲ့ကြီးများ၏ ကြေငြာချက်ကို မဆန့်ကျင်သော်လည်း၊ မထောက်ခံနိုင်ပါ။ မြန်မာနိုင်ငံတွင် မွတ်ဆလင်အများစု သတ်ဖြတ်ခံခဲ့ရကာ အိုးအိမ်များဖျက်ဆီးခံခဲ့ရခြင်း အတွက် အစိုးရက တင်းတင်းကြပ်ကြပ်တားမြစ်ခြင်းမလုပ်ခဲ့ပါ။ ထို့အပြင် ခုခံသော မွတ်ဆလင်များကိုလည်း တစ်ဖက်သတ်တရားစီရင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြန်မာမွတ်ဆလင်များအတွက် တန်းတူညီမျှသော တရားစီရင်မှုစနစ်မရှိကြောင်း သိမြင်နိုင်ပါသည်။
ကျွန်တော်တို့အနေနဲ့ကတော့ အင်ဒိုနီးရှားမှ မွတ်ဆလင်များ ဆန္ဒပြခြင်းနှင့် ဂျီဟတ်ကြေငြာခြင်းကို အကြမ်းဖက်မှုမဟုတ်ဟု လုံးဝယုံကြည်ထားပါသည်။ မြန်မာနိုင်ငံရှိ မွတ်ဆလင်များ အပြစ်မဲ့ သတ်ဖြတ်ခံရချိန်တွင် အခြားနိုင်ငံတစ်ခုမှ မွတ်ဆလင်များ၏ ဆန့်ကျင်ဆန္ဒပြခြင်းမှာ ဦးသိန်းစိန်အစိုးရနှင့် မျက်ကန်းမျိုးချစ်များကို တုန့်ပြန်ခြင်းသာဖြစ်ပါသည်။ ထို့အတွက်ကြောင့် ဂျီဟတ်ကြေငြာခြင်းကို အကြမ်းဖက်ခြင်းဟုတော့ မစွတ်စွဲသင့်ပါ။
အထူးသတိပြုသင့်သည်မှာ မြန်မာမွတ်ဆလင်များကလည်း အင်ဒိုနီးရှားရှိမွတ်ဆလင်များအား အကြမ်းဖက်ဟူ၍ မသုံးနှုန်းသင့်ပါ။ မေ့လျော့ခံရကာ ရက်စက်ခြင်းများစွာနှင့် အသတ်ခံခဲ့ရသည့် မြန်မာမွတ်ဆလင်များအတွက် ပြန်လည်စိန်ခေါ်ခြင်းသာဖြစ်ပါသည်။ မြန်မာပြည်မှ အမေ့လျော့ခံ လူနည်းစုမွတ်ဆလင်များအတွက် အင်ဒိုနီးရှားနိုင်ငံသားများ၏ မွတ်ဆလင်စိတ်ဓါတ်အပြည့်နှင့် ကြိုးပမ်းမှုအပေါ် ကျွန်တော်တို့အနေနှင့် လေးစားသင့်သည်ဟု ထင်မြင်မိပါသည်။
                                                                                        ထွန်းသစ်အောင်
(https://www.facebook.com/tun.thitaung?sk=notes#!/tun.thitaung?sk=notes ထွန်းသစ်အောင် facebook စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။)

Monday, May 6, 2013

“We want to kill Myanmar Buddhists” ဟူသောဆန္ဒပြကိုင်ဆောင်သည့် စာတမ်း၏ အကျိုးဆက်များ



မြန်မာနိုင်ငံတွင် အပြစ်မဲ့မွတ်ဆလင်များအား တရားမဲ့စွာ သတ်ဖြတ်နေခြင်းအတွက် အင်ဒိုနီးရှားနိုင်ငံရှိ မွတ်ဆလင်များက သောကြာနေ့ဝတ်ပြုမှုအပြီးတွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြပါသည်။ ဤဆန္ဒပြပွဲတွင် လူအုပ်မှ ကိုင်ဆောင်ထားသော စာတမ်းတစ်ခုတွင် “We want to kill Myanmar Buddhists” ဟုရေးသားထားသည်ကို တွေ့လိုက်ရပါသည်။

          ၎င်းစာတမ်း၏ အဓိပ္ပါယ်ကတော့ “ငါတို့မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များကို သတ်ချင်ပါတယ်” တဲ့။ အလွန်အန္တရာယ်များတဲ့ စာတမ်းပါ။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် မွတ်ဆလင် အများဆုံးနေထိုင်သော နိုင်ငံဖြစ်ပါသည်။ ယခု ဂျကာတာမြို့တွင် စုပေါင်းဆန္ဒထုတ်ဖော်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်တော့ပါ။ မြန်မာနိုင်ငံရှိ မွတ်ဆလင်များအပေါ်တွင် သတ်ဖြတ်ခြင်း၊ နိုင့်ထက်စီးနင်းပြုကျင့်ခြင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်ဆလင်များအားလူမျိုးတုန်းသတ်ဖြတ်ခြင်း များအတွက် အကြိမ်ကြိမ် ဆန္ဒပြတောင်းဆိုမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ကြပါသည်။

          ထိုဆန္ဒပြသည့် သတင်းသည် နိုင်ငံအတွင်းရှိ ၉၆၉ အစွန်းရောက်များ၊ အစွန်းရောက်မြန်မာ ဗုဒ္ဓဘာသာမျက်ကန်းမျိုးချစ်များ၊ စစ်ယူနီဖောင်းချွတ် သိန်းစိန်အစိုးရနှင့်အတူ ရန်တိုက်ပေးသော သတင်းမီဒီယာများအတွက် အလွန်စဉ်းစားချင့်ချိန်စရာကောင်းသော သတင်းဖြစ်ပါသည်။

          မြန်မာအစိုးရအနေဖြင့် တိုင်းပြည်တွင်းရှိ ၉၆၉ များကို ဤအတိုင်းလွှတ်ထားပါက နိုင်ငံတကာရောက် မြန်မာဗုဒ္ဓဘာသာများအတွက် အလွန်အန္တရာယ်များလွန်းပါသည်။ မွတ်ဆလင်လူမျိုးများသည် မြန်မာနိုင်ငံ တစ်ခုတည်းမှာသာ မှီတင်းနေထိုင်ကြခြင်းမဟုတ်ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မွတ်ဆလင်လူမျိုးများစွာ ပျံ့နှံ့ နေထိုင်လျက်ရှိပါသည်။ ယခုတော့ ကမ္ဘာအနှံ့ရှိ မွတ်ဆလင်များကပါ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူများအား တဖတ်သတ်နိုင့်ထက်စီးနင်းပြုကျင့်ကာ အသတ်ခံရသည်ဟု သိမြင်လာကြပါသည်။ သို့်ပေမယ့်လည်း နိုင်ငံတကာ မွတ်ဆလင်များသည် သည်းခံမှုနှင့်အတူ နေထိုင်ရာ နိုင်ငံအသီးသီးရှိ တရားဥပဒေအပေါ်တွင် လေးစားလိုက်နာစွာ နေထိုင်လျက်ရှိကြပါသည်။ အင်ဒိုနီးရှား အာဏာပိုင်များသည် မိမိနိုင်ငံသားများက မြန်မာသံရုံးအား အကြမ်းဖက်ဗုံးခွဲရန်ကြိုးပမ်းမှုကို အချိန်မှီ တားဆီးနိုင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာရှိ သတင်းမီဒီယာများကိုပါ အမှန်အတိုင်းရှင်းလင်းပြောကြားခဲ့ပါသည်။

          မြန်မာအစိုးရအနေနှင့် အင်ဒိုနီးရှားအစိုးရ၏ လုပ်ဆောင်ချက်ကို စံနမူနာယူကာ ပြည်တွင်းရှိမတရားမှုများကို အမြန်ဆုံးတားဆီးပေးသင့်ပါသည်။ နိုင်ငံတကာ သတင်းမီဒီယာများကိုလည်း အမှန်အတိုင်း ထုတ်ဖော်ပြောကြားသင့်ပါသည်။

 မျက်ကန်းမျိုးချစ်များ၊ ၉၆၉ ခေါ်အကြမ်းဖက် ဓါးပြများအနေဖြင့်လည်း ယခုမြန်မာမွတ်ဆလင်များ အပေါ်တွင် အရှက်မဲ့စွာ အကြမ်းဖက်နေမှုများကို အမြန်ဆုံးအဆုံးသတ်ပေးစေလိုပါသည်။ ထိုသို့မဟုတ်ပါက ကမ္ဘာအနှံ့ရှိ မွတ်ဆလင်များ၏ ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မှုကို ခံရမည်မှာ အသေအချာပင်ဖြစ်ပါသည်။
 
 
                                                                       ထွန်းသစ်အောင်

Sunday, May 5, 2013

နိုင်ငံတစ်နိုင်ငံ၏ အဆင့်

 
 
မေ-၄၊၂၀၁၃
 ရေးသူ —– အလိမ္မာရဲ့ချိန်ဘာ
181893_124526394375257_537052271_n
နိုင်ငံတကာအသိုင်းအဝိုင်းတွင် နိုင်ငံတိုင်းနိုင်ငံတိုင်း၏အဆင့်အတန်းကို ပေတံ တခုဖြင့်တိုင်းတာ၍ အခြေခံပြီးသတ်မှတ်ထားပါသည် ။ ထိုအရာမှာ အခြားမဟုတ်ပါ လူ့အခွင့်ရေးဆိုသော ပေတံကြီးဖြစ်ပါသည်။ လူ့အခွင့်ရေးကို မည်မျှလေးစားသည် မည်မျှကာကွယ်ပေးသည် မည်မျှဖော်ဆောင်ပေးသည် ဆိုသော အချက်များသည် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင် နိုင်ငံတနိုင်ငံ၏ အဆင့်အတန်းပင်ဖြစ်ပေသည်။ လူသားတိုင်း၏လူ့အခွင့်ရေး ကိုတန်ဖိုးထားမြတ်နိုးပြီး ကာကွယ်ပေးရမည်မှာ လူသားတိုင်း၏ တာဝန်ဖြစ်သလို ၊ နိုင်ငံ၏ အစိုးရများကလဲ လေးစား ကာကွယ်ပေးရမည်မှာ မလွဲမသေ ဖြစ်ပါသည်။
 
လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားခြင်းသည် လူသားထုတရပ်လုံးကို ဂုဏ်ပေးလေးစားခြင်းမည်ပေသည်။ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားမှု မရှိခြင်းသည် လူသားထု တရပ်လုံး၏ ဂုဏ်သိက္ခာကို အသိမှတ်မပြုခြင်းပင်ဖြစ်ပေသည် ။လူ့အခွင့်ရေးကို တန်ဖိုးထားလေးစားမှု မရှိသည့်နိုင်ငံသည် နိုင်ငံတကာတွေ့ဆုံပွဲများတွင် အလွန်တရာ ဂုဏ်သိက္ခာ ကျဆင်းသည့်အသွင်ဖြင့် ဆက်ဆံခံရသည်မှာ ရှက်ဖွယ်လိလိပင်ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်း ၏
အပိုဒ် ၁ တွင် ”လူတိုင်းလွတ်လပ်မှု့ ရှိပြီး တန်းတူညီမှု ရှိသည်”ဟု ဖော်ပြထားသည် ။
အပိုဒ် ၂ တွင် ”အသားအရောင်၊ လိင် ၊ကိုးကွယ်သည့်ဘာသာ ၊ဘာသာစကား တို့ကြောင့် ခွဲခြားမှူ့မရှိစေရ။”ဟုဖော်ပြထားပါသည်။
အပိုဒ် ၃ တွင်”လူတိုင်းတွင် အသက်ရှင်ခွင့် ၊လွတ်လပ်ခွင့်၊ လုံခြုံခွင့်ရှိသည်။”ဟုပြဌာန်းထားပါသည်။
အပိုဒ် ၉ တွင် ”မည်သူကိုမှ မတရားဖမ်းဆီးခြင်း တိုင်းပြည်မှနှင်ထုတ်ခြင်း မပြုရ ”ဟုဖော်ပြထားပါသည်။
အပိုဒ် ၁၀ တွင်”လူတိုင်း တရားမျှတ၍ လူအများကြားနာနိုင်သော တရားစီရင်မှု ကိုခံစားပိုင်ခွင့်ရှိသည်”ဟုဖော်ပြထားပါသည်။အပိုဒ် ၁၃ တွင်လဲ ”’လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိသည်။”ဟု သတ်မှတ်ထားပြန်သည်။
 
ကျနော်တို့မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အထက်ပါအချက်များပေါ် အခြေခံထားသည့် အချက်လက်များစွာရှိပါသည် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ တွင်ဖော်ပြထားပါသည်။
 
မြန်မာနိုင်ငံရဲ့ ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ၁၅၃ (က) တွင် ”မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ အမှတ်သားဖြင့်ဖြစ်စေ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သူ အမျိုးစားတခုနှင့်တခု ရန်ငြိုး စိတ်ထားစေရန်သော် လည်းကောင်း မုန်းတီး စိတ်ထားအောင်သော် လည်းကောင်း အားပေးအားမြှောက် ပြုလျှင် သို့တည်းမဟုတ် ထိုသို့အားပေးအားမြှောက် ပြုရန်အားထုတ်လျှင်ထိုသူကို (၂) နှစ်ထိထောင်ဒဏ် တမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်း ထားပါသည်။ ထိုပုဒ်မအတိုင်း မြန်မာနိုင်ငံတွင် အရေးယူမှု လည်းရှိခဲ့ဖူးပါသည် ။ [ ကြည့် ---- ဦးဓမ္မပါလနှင့် အစိုးရ အတွဲ ဘားမားလောတိုင်း ၈၄ အမှုတွင်]
 
မြန်မာနိုင်ငံအနှံ့အပြားတွင် ယခုအခါ အစ္စလာမ်ဘာသာဝင်များနှင့် ပက်သက်ပြီး မဟုတ်တမ်းတရားဝါဒဖြန့်နေသော သင်္ဃန်းအရေခြုံ များ က အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်တို့အချင်းချင်း ရန်ငြိုးစိတ်ထားစေရန်သော် လည်းကောင်း မုန်းတီး စိတ်ထားအောင်သော် လည်းကောင်း အားပေးအားမြှောက် ပြုနေကြသည်ကို မြန်မာအစိုးရမှ သိသိကြီးနှင့် အရေးမယူခြင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှူ့ပင်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူများကလဲ ထို သင်္ဃန်းအရေခြုံ များအား ဝေဖန်ပြစ်တင်မှု မပြုလုပ်ကြခြင်းသည်လည်း အစိုးရ၏ အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်ပြီး လူ့အခွင့်ရေးချိုးဖောက်မှု့ကို အားပေးအားမြှောက်ပြုနေခြင်းပင်ဖြစ်ပါသည်။
 
 ထိုကဲ့သို့ လူ့အခွင့်ရေးချိုးဖောက်မှူ့ကို မြန်မာနိုင်ငံမှာ ဆက်ရှိနေသမျှ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာတွင် အဆင့်အတန်း နှိမ့်ကျနေမည်မှာ မလွဲဧကန်ပါ။ လူ့အခွင့်ရေး ချိုးဖောက်မှုကို မြန်မာနိုင်ငံမှာ ဆက်ရှိနေသမျှ မြန်မာ လူမျိုးများသည် နိုင်ငံတကာရဲ့ ကျွန်ဘဝမှ လွတ်မြှောက်မှု မရနိုင်သလို မြန်မာခေါင်းဆောင်များသည်လည်း နိုင်ငံတကာမှာ လှည်ပတ် လက်ဖြန့်မှုမှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။မိမိနိုင်ငံ၏ အဆင့်တန်းကို နိုင်ငံတကာမှာ မြင့်မားစေချင်တယ်ဆိုရင် နိုင်ငံတော် အစိုးရနှင့် နိုင်ငံသားအားလုံးက လူ့အခွင့်ရေး ကိုတန်ဖိုးထားမြတ်နိုးပြီး ကာကွယ်ပေးရပေမည်
 
 ထိုကဲ့သို့မဟုတ်ပါလျှင် ကျနော်တို့မြန်မာနိုင်ငံကြီး သည် မျောက်ပြဆန်တောင်း ဘဝဖြင့်သာရှိနေပြီး နိုင်ငံတကာအသိုင်းဝိုင်းတွင် ရိုသေလေးစားစွာဖြင့် ဆက်ဆံခံရမှူ့ကို မည်သို့မှမျှော်လင့်၍ ရနိုင်တော့မည်မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့ နိုင်ငံမျိုးဖြင့်သာ နိုင်ငံတကာမှာ ဆက်၍ပင် ရပ်တည်မြဲရပ်တည်ကာ ခရီးရှည်ကြီးကို ပျော်ပျော်ပါးပါးကြီး ချီတက်ကြပေပါတော့ ခင်ဗျား။
M-Media
 

ခင်ဗျားတို့ ခံစားဖူးသလား (M-Media Blog ကဏ္ဍ- ကဗျာ)

 
 
 
မေ-၄၊၂၀၁၃
ရေးသူ-Ree Na
2
Photo from- ကင်မရာနောက်ကလူ FB
 
ခင်ဗျားတို့ ခံစားဖူးသလား
တသက်လုံး ရှာထားသမျှတွေ မီးလောင်ပြင်မှာ လောင်ကျွမ်းနေတာကို မျက်ရည်စက်လက်နဲ့ ထိုင်ကြည့်နေရတဲ့ ခံစားချက်ကို
ခင်ဗျားတို့ ခံစားဖူးသလား
လင်သေ သားသေ တဲ့ မပဋာတွေရဲ့ မြေလူးရတဲ့ အဖြစ်မျိုးကို
ခင်ဗျားတို့ ခံစားဖူးသလား
ကိုယ့်ထမင်းကိုယ်ရှာစားနေရာကနေ သူများလာကျွေးမယ့် ထမင်းထုပ်ကို စောင့်မျှော်ရတဲ့ ခံစားချက်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ဒီမှာမွေး ဒီမှာကြီးပြီး ဒီနိုင်ငံအတွက် အလုပ်လုပ်နေရင်းကနေ မင်းတို့ဟာ ဧည့်သည်ပါလို့ အပြောခံရတဲ့ အဖြစ်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ယုံကြည်သက်ဝင်မှုတွေရဲ့ အထွဋ်အမြတ်တွေကို ဖျက်ဆီးခံရတဲ့အခါ ရင်ဘတ်တွေ အောင့်လာတဲ့ထိ ၀မ်းနည်းရတဲ့ သက်ဝင်သူတွေရဲ့ အဖြစ်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ခင်မှာ ရုပ် နဲ့ နာမ် တွဲရက်မရှိတော့ရတဲ့ အဖြစ်တွေကို …။
ခင်ဗျားတို့ ခံစားဖူးသလား
သူငယ်တန်းဘ၀ကနေ အလုပ်ခွင်ထဲ ၀င်တဲ့အထိ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်လောက်ပဲ တော်တော် အများနဲ့မတူသလို ခွဲခြားခံရတဲ့ အဖြစ်တွေကို
ခင်ဗျားတို့ ခံစားဖူးသလား
သားကို စိတ်မပူပါနဲ့ လို့ ပြောပြီး သေသွားတဲ့ ကလေးလေးအတွက် ဖြေဆည်ရာမရတဲ့ ကလေးအမေရဲ့ အဖြစ်ကို
ခင်ဗျားတို့ ခံစားဖူးသလား
ဘာအပြစ်မှ မရှိပါပဲ လက်နှစ်ဖက် ခေါင်းပေါ်တင်လို့ မျက်နှာအောက်ချပြီး ခေါင်းငုံ့ကာ ကိုယ့်မြို့ကနေကိုယ် ထွက်ခွာနေတာတောင်မှ ဆဲဆိုပြီး ခဲနဲ့ လှမ်းပစ်ခံရတဲ့ အဖြစ်တွေကို
 
တခုလောက်ပဲ လူပီပီသသ ၀င်ခံစားကြည့် … ခင်ဗျားတို့ ရေးနေတဲ့ သတ်ပစ်ကွာ ချပလိုက် ဆိုတဲ့ အကုန် မီးရှို့ပစ်ရမှာဆိုတဲ့ စာလုံးတွေအတွက် ရှက်တတ်လာလိမ့်မယ်။
 
M-Media

ကလေးတွေရဲ့အနာဂတ်ကို ဘယ်လိုကြောင့်မှ ရိုက်မချိုးမိပါစေနဲ

ဆောင်းပါး

 
 
မေ-၄၊၂၀၁၃

ရေးသူ- ဇေယျာသူ
482115_518309868211488_1596093473_n
လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တယ်။ ကျွန်မ သူငယ်ချင်းတော်တော်များများက ဆရာ၊ ဆရာမတွေလေ။ အစိုးရကျောင်းက ဆရာမ၊ ဆရာမတွေတော့ မဟုတ်ဘူး။ တချို့ကလည်း ပုဂ္ဂလိကကျောင်းမှာ၊ တချို့ကလည်း ကိုယ်ပိုင် ကျူရှင်လေးဖွင့်ထားတယ်၊ တချို့ကလည်း မူလတန်းကြိုက စပြီးသင်ကြားတာ၊ တချို့ကလည်း guide သဘောမျိုးပေါ့။
 
အဲဒီမှာ သူငယ်ချင်းတစ်စုပြောရင်း စကားစပ်မိမိစပ်ရာရောက်သွားတာက အခု ၂၀၁၃-ခုနှစ် မတ်လနဲ့ ဧပြီလ အတွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်ခံနေရတဲ့ကိစ္စတွေ ရောက်သွားတယ်။ ဆရာ၊ ဆရာမတွေလည်း ဖြစ်နေတော့ သူတို့ကလေးတွေ (တပည့်လေးတွေပေါ့ ကျွန်မတို့တွေက စကားပြောရင် ငါ့ကလေး သူ့ကလေးလို့ပြောကြတယ်လေ)အကြောင်းရောက်သွားတယ်။
 
သူငယ်ချင်းတစ်ယောက်က သူစာသင်ပေးနေတာက မူလတန်းအရွယ်ကလေးတွေလေ။ အခုက နွေရာသီဖြစ်တော့ နွေရာသီစာသင်ဝိုင်းလေးဖွင့်ထားတာ။ တစ်နေ့ကျ ကလေးတွေ ကစားချိန်မှာ ကစားခွင့်ပေးတော့ ကလေးတွေက အချင်းချင်းကစားကြမယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကစားနည်းတွေရွေးရင်း အများသဘောတူသွားတာက ‘ဖိုက်တင်ပလေးတမ်းကစားမယ်၊ အဖွဲ့လိုက် ချကြမယ်၊ ကုလားနဲ့ဗမာ ချတမ်းကစားမယ်၊ ကုလားဘက်က သေကြ’တဲ့လေ။ အဲဒီစကားကြားလိုက်ရတော့ ကျွန်မသူငယ်ချင်းလည်း ချက်ချင်းပဲ ကလေးတွေကို အဲလိုနည်းလမ်းမကစားရကြောင်းနဲ့၊ ကုလားနဲ့ဗမာ အဲလိုဖြစ်စရာမလိုပဲ အချင်းချင်းအတူတူ ညီညွတ်ကြဖို့ဆိုတာတွေကို ကလေးတွေ နားလည်အောင် ပြောပြရင်းတစ်ခြား ကစားနည်းကို ပြောင်းစေလိုက်ရတယ်။ အဲဒီမှာ ကျွန်မတို့ ပြောဖြစ်ကြတယ်။
 
အခုဖြစ်နေတဲ့ အကြမ်းဖက်ခံကိစ္စတွေဟာ ကလေးတွေရဲ့ သိစိတ်မှာရော မသိစိတ်မှာပါ စွဲထင်သွားခဲ့ပြီ။
ပြီးတော့ ဗုဒ္ဓဘာသာကလေးတွေဟာလည်း ကလေးတရားပွဲဆိုတာတွေမှာ အစ္စလာမ်အကြောင်း အလွဲအမှားတွေ၊ ပြီးတော့ မွတ်စလင်မ်တွေကို အထင်မြင်လွဲမှားစေတာတွေကို နားထောင်ရတယ်။ ဒီတော့ နုနယ်တဲ့ ကလေးအများစုရဲ့စိတ်မှာ အစ္စလာမ်ဆိုရင်၊ မွတ်စလင်မ်ဆိုရင် သူတို့စိတ်ထဲမှာ ကုလား၊ ကုလားကို မုန်းတီးရမယ်ဆိုတဲ့စိတ်ဝင်နေပြီ။
 
မွတ်စလင်မ်ကလေးတွေအနေနဲ့ အခုလက်ရှိကာလမှာ စိတ်ပိုင်းဆိုင်ရာ အားငယ်မှုတွေ အများကြီး ရှိနေပါတယ်။ နေရာတိုင်းမှာ အနှိမ်ခံနေရတယ်။ ကလေးအချင်းချင်းမှာလည်း နင်တို့က ကုလားဆိုပြီး ခွဲခြားဆက်ဆံတာ၊ လှောင်ပြောင် ပျက်ရယ်ပြုတာတွေ ခံနေရတယ်။ သူတို့လေးတွေရဲ့စိတ်မှာ အနည်းနဲ့အများ စိတ်ဒဏ်ရာရလာတယ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်လာတယ်။ လူတစ်ယောက်၊ ကလေးတစ်ယောက်မှာ ဒီလိုမျိုးစိတ်အခြေအနေတွေ ဖြစ်လာတာဟာ လုံးဝကောင်းတဲ့ အလားအလာမဟုတ်ဘူးဆိုတာ လူတိုင်းနီးပါးသိကြသလို စိတ်ပညာရပ်နယ်ပယ်ကလူတွေ ပိုပြီး သိကြပါတယ်။ ဒါကြောင့် … ဘာမှ မသိနားမလည်သေးတဲ့ ကလေးတွေရဲ့ဘ၀တွေကို ပန်းကောင်းအညွန့်ချိုးသလို မဖြစ်ကြစေလိုပါဘူး။
 
ဒုတိယတစ်ချက်က မြန်မာနိုင်ငံမှာ အခု မကြာခင်ကာလမှာ နွေရာသီကျောင်းပိတ်ရက်ကျော်လွန်လို့ ကျောင်းတွေ ပြန်ဖွင့်တော့မယ့်ရာသီကို ရောက်တော့မယ်။ အဲဒီအခါမှာ ကျောင်းကိုသွားရတဲ့ မွတ်စလင်မ် ကလေးတွေကို ကျောင်းမှာ ကလေးအချင်းချင်း (State ကျောင်းက ကလေးဆိုတာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိပေါ့) နှိမ်ချပြောဆိုတာမျိုး၊ လှောင်ပြောင်ပြက်ရယ်ပြုတာမျိုးတွေ ရှိလာနိုင်ပါတယ်။ အဲဒါမျိုးတွေ မရှိအောင် မိဘတွေကလည်း သွန်သင်ပေးသင့်ပါတယ်။ နောက်ပြီးတော့ ကျောင်းက ဆရာ၊ ဆရာမတွေကိုယ်တိုင်ကလည်း ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး ကလေးတွေကို နှိမ်ချတာမျိုး မလုပ်သင့်ပါဘူး။ ဟိုးအရင် အဆက်ဆက်ကတည်းက ကျောင်းမှာ ဆရာ၊ ဆရာမတချို့ကိုယ်တိုင် မွတ်စလင်မ်ကလေးတွေကို နှိမ်ချဆက်ဆံခံရတာတွေ ရှိခဲ့ဖူးပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း “ပဉ္စဂုဏံ အဟံ ၀န္တာမိ ၊ အာစရိယ ဂုဏံ အဟံ ၀န္တာမိ”ဆိုတာနဲ့ အညီ ကျင့်ကြံနေထိုင်သင့်တယ်လို့လည်း မြင်မိတယ်။
 
တတိယတချက်ကတော့ … အခု မကြာခင်ကာလမှာ ကျောင်းတွေ ပြန်ဖွင့်ရင် မြို့နယ်များစွာက အကြမ်းဖက်ဖျက်ဆီးခံရတဲ့မိသားစုဝင်တွေထဲက ကလေးတွေ ဘယ်လို ကျောင်းပြန်တက်ကြမလဲ။ ကိုယ့်အိမ်ကိုယ်ရာမှာ ပြန်နေထိုင်ခွင့်ရခဲ့ပြီဆိုရင်တောင် အချိန်တိုအတွင်းမှာ မိသားစုက ပြန်လည်ရပ်နိုင်ကြမလား။ မိသားစုက မရပ်တည်နိုင်လို့ အခြားကူညီတခြားဘာသာခြားကလေးတွေ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသွားတာကို မွတ်စလင်မ်ကလေးတွေက အားငယ်တဲ့မျက်ဝန်းတွေနဲ့မျှော်ကြည့်နေကြမှာလား။ ထောက်ပံ့မှုရှိလာရင်ရော ကျောင်းတက်တဲ့အခါ အခြားကလေးတွေလို စိတ်အေးချမ်းသာနိုင်ပါ့မလား။ ကျောင်းမှာ ကလေးအချင်းချင်းရော၊ ဆရာဆရာမတွေ(အားလုံးကိုမဆိုလိုပါ)ကရော ကလေးတွေကို စာနာ နားလည်နိုင်ကြပါ့မလားလို့တွေးရင်း ကျွန်မရင်ထဲမှာတော့ နာကျင်မှုများစွာ မေးခွန်းပေါင်းများစွာပါပဲ။
 
ကလေးတွေရဲ့ အနာဂတ်ကို ဘယ်လိုကြောင့်မှ ထပ်ပြီး ရိုက်မချိုးကြပါနဲ့တော့ ……………
 
M-Media

ရခိုင် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အပေါ် သုံးသပ်ချက် (ဦးအောင်ထူး)

မေ-၃၊၂၀၁၃
ဦးအောင်ထူး (ရှေ့နေ)
 
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အမှန်တရားကို မဖေါ်ထုတ်။ ဥပဒေစိုးမိုးရေးအုတ်မြစ်ကို မချမှတ်။
စကထဲက လွဲခဲ့သော ကော်မရှင်
 
ကော်မရှင်က ထမ်းဆောင်ရမည့် အဓိကကျသော သုတေသနမေးခွန်း[1] နှင့် စပ်လျှဉ်း၍ စကထဲက လွဲခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်၏ တာဝန်ပေးစာတွင် “ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက် ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွားမှုနှင့် စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရေး အကြံပြုရန်အတွက် အောက်ဖေါ်ပြပါ ပုဂ္ဂိုလ် များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ပါသည်။” ဟူ၍ ဖေါ်ပြထားခဲ့သည်။
 
၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်စွဲဖြင့် ကော်မရှင်၏ အစီရင်ခံစာထွက်လာပြီးနောက် ကော်မရှင်ဥက္ကဌ ဒေါက်တာမျိုးမြင့် လက်မှတ်ရေးထိုးထားသည့် ဥယျောဇဉ်တွင် ပထမဆုံးစာကြောင်း၌ “ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများ၏ ဖြစ်ပွားရသည့် အကြောင်းရင်းများ နှင့် အနာဂါတ်တွင် ထို ပဋိပက္ခမျိုး ထပ်မံမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်နိုင်ရန်နှင့် လုပ်ဆောင်ရမည့်အချက်များကို သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ ပါသည်။” ဟူ၍ ဖေါ်ပြထားခဲ့သည်။
 
သမ္မတ၏ တာဝန်ပေးစာ ပထမပိုင်းကို ချုပ်ပြီးကြည့်လျှင် “ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေ စိုးမိုး ရေးကို ထိခိုက် ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ၊ ပဋိပက္ခ ဖြစ် ပွားမှုများ နှင့် စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်” ဟူ၍တာဝန်ပေးအပ်ခြင်းဖြစ်သည်။ သို့ရာတွင် ကော်မရှင် ဥက္ကဌ၏ စာ ပထမ ပိုင်းအရမူ “ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန်” ဟူ၍ တာဝန်ကို ခံယူထားကြောင်း နားလည်နိုင်ပါသည်။
 
သို့ဖြစ်၍ သုတေသန လုပ်ငန်း သဘောအရ စူးစိုက်လေ့လာ စုံစမ်းစစ်ဆေးရမည့် အကြောင်းရပ်တွင် ကော်မရှင်သည် စကထဲက လွဲနေကြောင်း တွေ့နိုင်သည်။ လူမျိုးရေးပဋိပက္ခ ကို မလေ့လာရဟု ဆိုလိုရင်း မဟုတ်ပါ။ ယင်း မှာနောက်ခံ အကြောင်းရပ်ဖြစ်သည်။ ဆက်စပ်လေ့လာ ဖေါ်ထုတ်ဘို့လိုပါမည်။ သို့ရာတွင် သမ္မတ၏တာဝန်ပေးစာအရမူ စူးစိုက် လေ့လာရမည့် သုတေသန မေးခွန်း၏ အချိန်ကာလ အ၀န်းအ၀ိုင်းဖြစ်သည့်၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လ အတွင်း၌ ပဋိပက္ခ ဖြစ်ပွားသည့် လတ်တလောအကြောင်းရပ်[2] ကို အဓိကလေ့လာရပါမည်။
 
လတ်တလောအကြောင်းရပ်များကို အဓိကထား စုံစမ်းစစ်ဆေးခြင်း မပြုခဲ့သည့် ကော်မရှင်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေ နှင့် ဇွန်လများ အတွင်း ဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက် ပြားကာ ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့သည့် လတ်တလော အကြောင်းမှာ နှစ်ရပ်မှာ ကျောက်နီမော် လူသတ်မှု နှင့် တောင်ကုတ်လူသတ်မှုတို့ ဖြစ်သည်။ ယင်းတို့သည် ပြင်းထန်လှသည့် အဓိကရုဏ်းကြီးအား ဖေါက်ခွဲခဲ့သည့် စနက်တန်များ သဘွယ်ဖြစ်ခဲ့သည်။ ဤစနက်တန်များကို ဖြုတ်သူများ ကိုယ်တိုင်သည်သာ ပြစ်မှု ကျူးလွန်သူများဖြစ်သလား။ သို့မဟုတ် စနက်တန်ဖြုတ် သူများအား နောက်ကွယ်က အင်အားစုတစုံတရာက စနစ် တကျ စီစဉ် အမိန့်ပေးညွှန်ကြားမှု ရှိသလား။ ကော်မရှင် သည် လတ်တလော အကြောင်းအား တိတိကျကျ လေ့လာ စုံစမ်း စစ်ဆေးကာ အမှန်တရားကို ဖေါ်ထုတ်ရန် တာဝန်ရှိ သည်။ ကော်မရှင်သည် ယင်းတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းမရှိသဖြင့် အမှန်တရားကို မဖေါ်ထုတ်နိုင်ခဲ့ပါ။
 
ကော်မရှင်၏ အစီရင်ခံစာ၌ ပဋိပက္ခများဖြစ်ပွားရသည့် နောက်ခံအကြောင်းကို စာမျက်နှာ (၁၂) မျက်နှာ တင်ပြခဲ့ သည်။ ယင်းသို့ဖြစ်လျှင် ပို၍ အရေးတကြီးထားကာ အဓိကလေ့လာရမည့် လတ်တလောအကြောင်းကို အနည်းဆုံး နှစ်ဆ၊ (၂၄) မျက်နှာခန့် တင်ပြ သင့်သည်။ သို့ရာတွင် စကထဲက လွဲခဲ့သောကော်မရှင်၏ အစီရင်ခံစာရှည်ကြီးတွင် ကျမ်းကိုးများ၊ နောက်ဆက်တွဲများပါ ထည့် သွင်းတွက်ချက်ပါက စုစုပေါင်း ၁၈၅ မျက်နှာရှိသော်လည်း လတ်တလော အကြောင် ၏ ကြောရိုး ပြစ်မှုကြီး နှစ်ရပ် နှင့် စပ်လျှဉ်း၍မူ စာတမျက်နှာခန့်သာ ဖေါ်ပြနိုင်ခဲ့သည်။[3] ပထမ ပြစ်မှုကြီး အတွက်မူ စာကြောင်း တကြောင်းမျှသာ ဖေါ်ပြခဲ့သည်။
 
ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးအနေဖြင့် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးနိုင်ရေးကိုပင် ထိထိရောက်ရောက် မဆောင်ရွက်ခဲ့သော ကော်မရှင်။
 
ပြစ်မှုကျူးလွန်သူများအား အရေးယူရန် အစီရင်ခံစာတွင် ဖေါ်ပြထားမှု မရှိသည့်အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ထောက်ပြသောအခါ ကော်မရှင် အတွင်းရေးမှုး ဒေါက်တာ ကျော်ရင်လှိုင် က ၂၀၁၃ ခုနှစ် မေလ (၃) ရက်နေ့နံက် ဘီဘီစီ နှင့်အင်တာဗျူးတွင် “ ကျွန်တော်တို့အင်တာဗျူးတွေလုပ်ပါတယ်။ ဒါပေမယ့် တကယ့်ကို သက်သေ သက္ကာယ နဲ့ ခိုင်ခိုင်မာမာ ပြနိုင်တာက အားနည်းတယ်။ သက်သေ သက္ကာယ အရ ဒီမှာ ဒါဖြစ်ခဲ့တယ် ဆိုတာရှိခဲ့ရင် အဲဒါကို ကျွန်တော်တို့ပြောပါတယ်။ ဒါပေမယ့် အကြားလောက်ဘဲ အမြင်လောက်ဘဲ ပြောပြီးတော့ Circumstantial Evidence မရှိတာတွေ ပြောလာရင် ကျွန်တော်တို့အကြံပြုနိုင်တာက ဥပဒေနဲ့ အညီ လုပ်ဘို့ အသေအချာ ဂရုပြုရမယ် ဆိုတဲ့အဆင့်လောက်ပါဘဲ။” ဟူ၍ ပြောကြားသွားခဲ့သည်။
 
ဥပဒေ နှင့်အညီလုပ်ဘို့ အသေအချာ ဂရုပြုရမယ်ဟုပြောခဲ့သော ကော်မရှင် အတွင်းရေးမှုးကြီး ကိုယ်တိုင်က ပြည် တွင်းတွင် ကျင့်သုံးလျှက်ရှိသော သက်သေခံ ဥပဒေကို မသိသောအခါ ပြသနာ တက်လာသည်။ သက်သေခံ ဥပဒေ ပုဒ်မ (၅၉) အရ “စာတမ်း အမှတ်အသားများ၏ အနှစ်သာရများမှလွဲ၍ အချက်အလက်များအားလုံးကို နှုတ်သက်သေခံ ချက်ဖြင့် သက်သေပြရမည်။” ဟု လည်းကောင်း၊ ပုဒ်မ (၆၀) အရု“နှုတ်သက်သေခံချက် သည် တိုက်ရိုက်ဖြစ်စေ ရမည်။” ဟု လည်းကောင်း ပြဌာန်းထားသည်။ ပြစ်မှုဆိုင်ရာ မှုခင်းများတွင် တဆင့်ကြား[4] မဟုတ်ဘဲ ကိုယ်တိုင်ကြား၊ ကိုယ်တိုင်မြင်သူများ၏ သက်သေခံချက်ကို Circumstantial Evidence ဟုခေါ်သော ပတ်ဝန်းကျင်သက်သေခံချက် ထက် ပိုမို တန်ဘိုးထား၍ တရားရုံးများက လက်ခံကြရသည်။ ကော်မရှင် အတွင်းရေးမှုးကြီးသည် အဘယ်ကြောင့် ပြောင်းပြန်ပြောနေပါသနည်း။ ပြစ်မှုဆိုင်ရာ မှုခင်းများတွင် မည်သည့်သက်သေခံချက်ကို မည်သို့ မည်ပုံ လက်ခံ သုံးသပ်ရမည်ဟုပင် နားမလည်ပါက ကော်မရှင်သည် အမှန်တရားပေါ်အောင် မည်သို့ စုံစမ်းစစ်ဆေးပါမည်နည်း။
 
အစိုးရအာဏာပိုင်များ ပါဝင်ပတ်သက် ကျူးလွန်မှုရှိမရှိ၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ နှင့် မစ္စတာ ကင်တားနားတို့ပြောတာ မမှန်ဘူးလား ဟူသောမေးခွန်းကို ကော်မရှင်အတွင်းရေးမှုး က “ ဒီလိုမျိုး အကြောင်းအရာ တွေကို စစ်ဆေးဘို့ဆိုရင် အခုရတဲ့ အချိန်လောက်နဲ့မလုံလောက်ဘူး။ အကြာကြီး ပြန်လုပ်ရမှာ။” ဟု ဖြေ ခဲ့သည်။
 
စင်စစ်အားဖြင့်မူ အချိန်သည်လိုသည်ထက်ပင်ပိုပါသေးသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သော ကော်မရှင်သည် ၂၀၁၃ ခုနှစ် ဧပြီလ၂၁ ရက်နေ့အထိ စုစုပေါင်းအချိန် ရှစ်လ နှင့် သုံးရက် ရခဲ့ သည်။ အဓိကရုဏ်းကြီးအား ဖေါက်ခွဲခဲ့သည့် စနက်တန်များ သဘွယ် အရေးကြီးလှသည့် ပြစ်မှုကြီး နှစ်ခုအား အဓိက ထား၍စုံစမ်းဖေါ်ထုတ်မှု မပြုခဲ့ဘဲ သမိုင်းကြောင်းများအပေါ်တွင်လည်းကောင်း၊ ပြစ်မှုဖြစ်ပွားပြီးနောက် အကျိုး သက် ရောက်မှုများ အပေါ်တွင်လည်းကောင်း လိုအပ်သည်ထက် ပိုမိုအချိန်ယူခဲ့ခြင်းကြောင့်သာ အချိန်ပြသနာပေါ်ခဲ့ရသည်။
 
ဥပဒေစိုးမိုးရေး၏ ၀င်ရိုးဖြစ်သော တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ လေ့လာစုံစမ်းဖေါ်ထုတ်ခြင်း မပြုခဲ့သဖြင့် အမှန်တရားကို ပျောက်ဆုံးစေ ခဲ့သည့် ကော်မရှင်။
ပထမ အမှုတွင် ရခိုင်အမျိုး သမီးကလေးအား မုဒိန်းကျင့်သတ်ဖြတ်၍ ပြစ်မှုကျူး လွန်ကြောင်း စွပ်စွဲခံရသူသုံးဦးအနက် တဦးမှာ အချုပ်ခန်းထဲ တွင် ကြိုးဆွဲချသေသွားခဲ့ကြောင်း သိရသည်။ မှုခင်းတွင် နောက်ကွယ် က ကြိုးကိုင်စီစဉ်သူများ အား မဖေါ်ထုတ်နိုင်စေရန် နှုတ်ပိတ်လိုက်ခြင်းများဖြစ်သလား။
 
စုံစမ်းစစ်ဆေးဖေါ်ထုတ်ခွင့်ရပါ လျှက် ကော်မရှင်သည် မည်သို့ မျှ မဆောင်ရွက်ခဲ့။ ရခိုင်အမျိုး သမီးကလေးအား မုဒိန်းကျင့်သတ်ဖြတ်သူ မည်သူ့ကို မဆိုအရေးယူအပြစ် ပေးရပါမည်။ သို့ရာတွင်တရားခံ များဘက်တွင် ခုခံထုခြေခွင့် အပြည့်အ၀ရှိဘို့လိုသည်။ ဤမျှ ကြီးမားလှသော လူ သတ်မှုကြီးအား အလွန်တိုတောင်း လှသည့် ရက်သတ္တသုံးပတ်မျှ အတွင်း ရုံးတင်စစ်ဆေးပြီး ကျန်တရားခံ နှစ်ဦးအပေါ် သေဒဏ်ချမှတ်ခဲ့သည် ဆိုသည်မှာ မြန်မာနိုင်ငံတရားစီရင်ရေး သမိုင်းတွင် မကြားမိဘူးခဲ့။ ကျန်သူနှစ်ဦးကိုပါ ထပ်မံ နုတ်ပိတ်လို၍လား သံသယဖြစ်ဖွယ်ပင်။
 
ဒုတိယ အမှုတွင် လူ (၁၀) ဦးအား ပေါ်ပေါ်ထင်ထင် တပြိုင်နက် သတ်ဖြတ်ပစ်သည်အထိ ပြစ်မှုကျူးလွန်ကြသူ များ သည် မည်သူတို့နည်း။ ဤမျှကြီးမားလှသော ပြစ်မှုကြီးကို နောက်ကွယ်မှနေ၍ ကြိုးကိုင်စီစဉ်၊ သို့မဟုတ် ဖုံးအုပ်ကာ ကွယ်ပေးထားသော အဖွဲ့အစည်းများရှိလျှင် မည်သည်တို့နည်း။ တိတိကျကျဖေါ်ထုတ်ရန် ကော်မရှင်တွင် တာဝန်ရှိ သည်။ မဖေါ်ထုတ်ခဲ့။ အပြစ်ပေး အရေးယူရန် မတောင်းဆိုခဲ့။ တရားစီရင်ရေးပိုင်းအရ အားနည်းချက်တွေ ရှိသည် ဆိုလျှင်လည်း လွတ်လပ်၊ ဘက်မလိုက်၊ အားကောင်း ထက်မြက်သော တရားစီရင်ရေး စနစ်ပေါ်ပေါက် လာရေး အတွက် မည်သည့် အဆိုပြုမှုမျှ မတင်သွင်းခဲ့။ ကော်မရှင်ကိုယ်တိုင်က ဥပဒေစိုးမိုးရေး၏ မရှိမဖြစ် အရေးပါလှ သည့် အခြေခံများကို ဥပက္ခာပြုထားသောအခါ နောက်ထပ် အလားတူပြစ်မှုကြီးများ ကျူးလွန်မှု မရှိစေရန် မည်သို့ ကာကွယ် တားဆီးမည်နည်း။
 
အစိုးရ၏ တာဝန်ရှိမှုကို ပြတ်ပြတ်သားသားဖေါ်ထုတ်တင်ပြမှုမပြုခဲ့သည့် ကော်မရှင်။
မည်သည့်နိုင်ငံတွင်မဆို အစိုးရတိုင်း၏ အခြေခံအကျဆုံးတာဝန်သည် ပြည်သူလူထု၏ လုံခြုံမှုကို ကာကွယ် စောင့် ရှောက်ရန်ဖြစ်သည်။ ကော်မရှင်၏ အစီရင်ခံစာအရပေါ်လွင်သည်မှာ ပဋိပက္ခဖြစ်စဉ်များအတွင်း တိုက်ရိုက်အမိန့်ပေး ကိုင်တွယ်သူမှာ အဓိကအားဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များ မဟုတ်၊ နေပြည်တော်မှ ဗဟိုအစိုးရဖြစ်သည်။ကော်မရှင် ၏အစီရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေကြောင်းနှင့် လုံခြုံရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကိုသာနာခံရပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဆောင်ရွက်သူများ၏ အမိန့်ကို နာခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း” အတိအလင်း ဖေါ်ပြထားသည်။ ဤတွင် ကော်မရှင်သည် ကောင်းမွန်သောလွှမ်းမိုးအုပ်ချုပ်မှု[5] ကို ကျင့်သုံးသည့် နိုင်ငံတကာ အစဉ်အလာ[6] အရ အမိန့်ပေး ခြင်းအရတာဝန်ရှိမှု[7] ကို ဖေါ်ထုတ်ရပါမည်။
 
မျက်စိရှေ့မှောက်တွင် ပြစ်မှုကြီးများ ကျူးလွန်ဖြစ်ပွားနေကြောင်း တွေ့ရ ပါလျှက် လုံခြုံရေး အဖွဲ့အစည်းများသည် ချက်ခြင်း အရေးယူဆောင်ရွက်မှုမပြုဘဲ ရပ် ကြည့်နေ ခဲ့ကြသည်ကို ရခိုင်ပဋိပက္ခများ အတွင်း စတင်တွေ့မြင်ခဲ့ရပြီး နောက်ပိုင်းတွင် တပြည်လုံးသို့ပြန့်လာနေပြီ ဖြစ်သည်။ ယင်းအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ထိပ်ဆုံးတွင် တိုင်း ပြည်အာဏာကို ချုပ်ကိုင်ထားသော အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ဦးသိန်းစိန် ဦးဆောင် သည့် ပြည်ထောင်စုအစိုးရတွင် အဓိကတာဝန်ရှိသည်။ ကော်မရှင် က ရခိုင်ပဋိပက္ခများ အတွင်း အမိန့်ပေးခြင်းအရ တာဝန် ရှိမှုကို စနစ်တကျတိတိကျကျ မဖေါ်ထုတ်ခဲ့ခြင်း အားဖြင့် ကာလုံ နှင့် နေပြည်တော် အစိုးရကို အကာ အကွယ် ပေး ရာရောက်သည်။ တပြည်လုံးတွင် ပြစ်မှုကြီးများ တောက်လျှောက် ဖြစ်ပွား ကျူး လွန်နေရာ၌ ကာလုံနှင့် နေပြည်တော် အစိုးရ၏တာဝန်ရှိမှုကို ဆက်လက်ဖုံးကွယ်ထားနိုင်သည့် အုတ်မြစ်အားကော်မရှင် က ချပေးလိုက်ရာရောက်သည်။
 
နိဂုံးချုပ် သုံးသပ်ချက်
ကော်မရှင်၏ အစီရင်ခံစာတွင် လေ့လာအသုံးချသင့်သော အကြောင်းအရာများလည်းပါရှိသည်။ သို့ရာတွင် စာမျက်နှာ ၂၂ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ ဟူသော ခေါင်းစဉ်အောက်တွင် သုံးသပ်ချက် အများစုကြီးမှာ ထင်မြင်ချက် များကို စုစည်းဖေါ်ပြချက်များ ကဲ့သို့ ဖြစ်နေသည်။ တိတိကျကျ အဖြေရှာမှု မတွေ့ရ။ မည်သည့် အမှန်တရားကိုမျှ ပြတ်သားစွာ ဖေါ်ထုတ်ပြမထားပါ။
 
ကော်မရှင်သည် ဥပဒေစိုးမိုးရေး၏ အရေးပါလှသည့်အခြေခံများကို မထောက်ပြ၊ အစိုးရ၏ အမိန့်ပေးခြင်းအရ တာဝန် ရှိမှုကို မဖေါ်ထုတ်၊ လွတ်လပ် ဘက်မလိုက် အားကောင်းပြီး လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာ သည့် တိုင်းပြည်လုံခြုံရေး အဖွဲ့အစည်း[8] များ အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေးကို တွန်းအားမပေး၊ ပြစ်မှုကြီးများ ဖြစ်ပွားသည့်အခါတိုင်း မျှတသော တရားစီရင်စစ်ဆေးမှု[9] အခြေခံ တွင် တရားရုံးများအား အားကိုးဖြေရှင်းနိုင်ကြစေ ရေး မီးမောင်းထိုးမပြခဲ့။ ယင်းတို့အစား တာဝန်ခံမှု မရှိသော ကာလုံ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တလက်ကိုင် လုံခြုံရေး အဖွဲ့ အစည်းများအား အင်အားနှစ်ဆတိုးကာ ရခိုင်ပြည်နယ်တွင် ထပ်မံချထားရန်ကိုသာ အဓိကအားဖြင့် တွန်းအားပေးလျှက်ရှိသဖြင့် ရေရှည်တွင် ရခိုင်ပြည်နယ်တွင် သာမက ပြည်ထောင်စု တ၀ှမ်းလုံးမှာပင် သေနတ်ကို ဒူး ထောက်ရှစ်ခိုး၊ သေနတ်အောက်တွင်ပင် အသက်ရှင်ခိုလှုံရမည့် ဘ၀သို့ လူထုကြီး တရပ် လုံးကျဆင်းစေအောင် ပြု လုပ်လိုက်သကဲ့သို့ဖြစ်သည်။
 
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
တယ်လီဖုံး၊ (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅
ရက်စွဲ၊ မေလ (၃) ရက် ၂၀၁၃ ခုနှစ်
 
 
[1] Major research question
[2] Immediate cause
[3] ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၁၃၊ ၁၄
[4] Hearsay
[5] Good governance
[6] International practice
[7] Command responsibility
[8] State institutions for security
[9] Fair Trial

ပင်လောင်းမြို့တွင် လင်မယားချင်း ရန်ဖြစ်ပြီး သေဆုံးသည့် ကိစ္စ ဒေသခံ မွတ်စလင်များအပေါ်ရိုက်ခတ်

Pin Laung, Shan, Burma
ကျောက်ခဲ
 
ဒီနေ့  သောကြာနေ့ မှာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ နယ်အတွင်းမှာ ပအိုဝ့် တိုင်းရင်းသား လင်မယားနှစ်ဦး အချင်းချင်း ရန်ဖြစ်ပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။
 
ယင်းသို့ သေဆုံးမှုအပေါ် အချို့ မွတ်စလင် မုန်းတီးရေးပြုလုပ်သူများက မွတ်စလင်များ၏ လက်ချက်သဖွယ် ပြောဆိုခဲ့ခြင်းကြောင့် ပင်လောင်းမြို့ မှာ ဒီနေ့ လူထုကြားမှာ အနည်းငယ်တင်းမာမှုဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့  သောကြာနေ့  ၀တ်ပြုမှုကိုပင် ဗလီမှာမပြုလုပ်နိုင်သေးပဲ ပြဿနာများ ဇစ်မြစ်ကိုရှာဖွေစုံစမ်းခဲ့ကျပါတယ်။
 
ဝတ်ပြုချိန်နီးကပ်လာသော အချိန်ခါကျမှသာလျှင် ရွာသားအချို့ သက်သေထွက်ဆိုပေးလို့ ဝတ်ပြုမှုကိုခွင့်ပြုပေးခဲ့ကြတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာ ခြံဘေးကပ်လျက်မှမျက်မြင် သက်သေများက ရဲစခန်းမှာ အစစ်ခံပေးတာလို့ ဆိုပါတယ်။
 
လက်ရှိအခြေအနေမှာ လုံခြုံရေးများ ချထားပေးပြီး ပအိုဝ့်အဖွဲ့ လူကြီး တစ်ယောက်က တာဝန်ခံကာ ယင်းကိစ္စကို မှုခင်း ဖွင့်ထားပေးတယ်လို့ သိရပါတယ်။
 
“ဒီကိစ္စကဗျာ… လင်မယားချင်း အချင်းများပြီး မိန်းမဖြစ်သူက လည်ပင်းဓါးဒဏ်ရာနဲ့ သေဆုံးနေတာ နောက်ပြီး လင်ယောင်္ကျားဖြစ်သူကလည်း မိမိကိုယ်ကိုယ်ကြိုးဆွဲချသွားတာပါ။ ကျွန်တော်ကတော့ အဲဒီလိုသိရတယ်” လို့ အောင်ပန်းက ပုဂ္ဂိုလ်တစ်ဦးက M Media ကို့ပြောပြပါတယ်။
 
” ဒီလို ထင်ယောင်ထင်မှားနဲ့  ပြည်သူလူထုကြား အမုန်းတရားကြီးထွားပြီးပြဿနာတွေဖြစ်အောင်လုပ်တာက ၉၆၉လေဗျာ။ အောင်ပန်း၊ ပင်လောင်းတစ်ဝိုက်မှာ တရားပွဲတွေလုပ် ၉၆၉ အခွေတွေရောင်း၊ ရိုးသားတဲ့ တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ မွတ်စလင်တွေနဲ့ အမုန်းစိတ်ဝင်အောင် သွေးခွဲ ဖျက်ဆီး သွားတာတွေပေါ့ဗျာ” လို့ လည်းပြောကြားသွားပါတယ်။
 
အဆိုပါသတင်းနှင့် ပတ်သက်ပြီး အင်တာနက်လူမှု့ရေး ကွန်ရက် စာမျက်နှာများတွင် သွေးထိုးလှုံဆော် ရေးသားမှုများ ဖြစ်ပေါ်ခဲ့ပြီး မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေရဲ့ FaceBook လူမှုရေးကွန်ရက် စာမျက်နှာတွင်လည်း မွတ်စလင်မ်များမှ သတ်ဖြတ်ခဲ့သည့် ပုံစံရောက်စေမည့် လှုံဆော်ရေးသားမှုများ ပြုလုပ်ခဲ့ပြိး ယခုအခါ အဆိုပါရေးသားချက်ကို ပြန်လည် ဖျက်သိမ်းသွားကြောင်း တွေ့ရှိရပါသည်။
 
ဦးနေမျိုးဝေမှာ နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် ပုဒ်မ ၆(ဃ) လူမျိုးရေး (သို့) ဘာသာရေး(သို့) လူတစ်ဦးချင်း (သို့) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်ေ၇းသားမှု့ ဟောပြောမှု့ (သို့) စည်းရုံးမှု့မပြုလုပ်ရ (င) ဘာသာေ၇းကို နိုင်ငံေ၇းအတွက် အလွဲသုံးစားမပြုလုပ်ရ .. အဆိုပါအချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အခြေခံဥပဒေမှာ တရားဝင် အသိအမှတ်ပြူထားသော အစ္စလာမ်သာသနာနှင့် အစ္စလာမ် ဘာသာဝင်များ အပေါ် စော်ကားရိုင်းစိုင်းမှုများနှင့် ဘာသာရေး အဓိကရုဏ်းများ ဖြစ်စေနိုင်သည့် လှုံ့ဆော်မှုများ ရေးသားလက်ရှိပေသည်။
 
အဆိုပါ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မည်သည့် အရေးယူ ဆောင်ရွက်မှု့မျှ ပြုလုပ်ခြင်း အလျဉ်းမရှိသေးသည်ကို တွေ့ရှိရပါသည်။
 
M-Media
ကျောက်ခဲ

အင်ဒိုနီရှား နိုင်ငံသားများက တရားဝင်ဆန္ဒပြ

Photo
 အင်ဒိုနီရှား နိုင်ငံသားများက မြန်မာနိုင်ငံမှ မွတ်စလင်မ်များ လူ့အခွင့်ရေးချိုးဖောက်ခံရမှုအပေါ် မကျေနပ်မှုကြောင့် တရားဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဗမာ့တိုင်းရင်းသားမွတ်စလင်မ်-အောင်ကျော်မိုး

အဆိုပါတရားဝင်ဆန္ဒပြခြင်းကို အင်ဒိုနီရှား အစိုးရက တရားဝင်ခွင့်ပြုခဲ့ပြီး လုံးခြုံရေးကိုလည်းတင်ကျပ်စွာချထားတယ်လို့သတင်ရရှိပါတယ်။

ထို့အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို အင်ဒိုနီရှားအစိုးရဘက်မှ တရားဝင်ခွင့်ပြုသလို မြန်မာ အစိုးရဘက်မှလည်း လေးစားဖို့လိုတယ်လို့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အင်ဒိုနီရှားစာရေးဆရာတစ်ဦးကလဲ မြန်မာအစိုးရအနေဖြင့် အခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခြင်းကို အလေးမမူ ဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲပြသနာတွေက ဒီထက်ပိုရှုပ်ထွေး လာနိုင်တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။
 
ဒီစကားကို အင်ဒိုနီရှားမှာရှိတဲ့ အစိုးရအတိုက်ခံ မွတ်စလင် မ်တပ်မတော်တွေရဲ့ခြိမ်းခြောက်မှုတွေလဲးရှိနေတယ်လို့ ၎င်းကဆိုလိုခြင်းဖြစ်ကြောင်း လည်းသိရပါတယ်။
 

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး တုံန့်ပြန်မည်ဆိုသည့် အပေါ် သဘောထားအမြင်များ

 မေ-၄၊ ၂၀၁၃

KK
အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းချက်
မြန်မာနိုင်ငံ ရှိ အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ မွတ်စလင်မ်များက အင်ဒိုနီးရှားမှ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းရာ အဖွဲ့ကြီးကိုယ်စား ဟာဂျီဦးမြင့်ထွန်းမှ ဖြေကြားပေးထားတာ ဖြစ်ပါတယ်။
 
Q - အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များအနေနှင့် ဘယ်လိုသဘောထားအမြင်များရှိပါသလဲ။
ှA - အဲဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုကို ဘယ်သူက ကျူးလွန် ကျူးလွန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာအကြောင်းပြချက်နဲ့ပဲ ကျူးလွန် ကျူးလွန် အပြစ်မဲ့သူတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီး ဆုံးရှုံးတာကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရဲ့ သဘောထားပဲ။ မည်သည့်နေရာ၊ မည်သူက၊ မည်သည့်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် အပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မှန်သမျှ ပျက်စီးအောင် ကျူးလွန်တဲ့ အကြမ်းဖက်မှုမှန်သမျှကို ကျွန်တော်တို့ ဆန့်ကျင်တယ်၊ လက်မခံပါဘူး။
 
Q - ဟုတ်ကဲ့ ဒါက အကြမ်းဖက်မှုဆိုတာ လက်မခံဘူးဆိုတာပေါ့။ ဒါဆို လက်ရှိအကြမ်းဖက်ခံရမှုတွေကို ချုပ်ငြိမ်းအောင် အဓိကလုပ်ရမယ့်ကိစ္စက ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ။
A - အကြမ်းဖက်မှုကို ချုပ်ငြိမ်းအောင် လုပ်ဖို့ အဓိကကတော့ တရားဥပဒေစိုးမိုးမှုရှိဖို့။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အခါကျရင် လူတွေက တရားဥပဒေကို ယုံကြည်မှုအားနည်းလာပြီး မိမိစိတ်ထင်ရာကို ဆောင်ရွက်တတ်တယ်။ အဲလို စိတ်ထင်ရာဆောင်ရွက်တဲ့အခါကျ တရားမျှတမှုကို တစ်ခါ ကင်းကွာသွားစေတာပေါ့။
အဲဒါကြောင့်လည်း အခု မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အစ္စလာမ် မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေက အစိုးရကို မေတ္တာရပ်ခံ ပန်ကြားနေတာ။
 
Q - ဟုတ်ကဲ့ ဘယ်လို ပန်ကြားမှုများ လုပ်ဆောင်နေပါသလဲ။
A - ဒီကိစ္စက ဘာသာရေးနဲ့ဆက်နွှယ်ပြီးတော့ နှီးနွှယ်ပြီးဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဒီမြန်မာနိုင်ငံမှာ ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ သဟဇာတရှိခဲ့တဲ့ ရင်းရင်းနှီးနှီးရှိခဲ့တဲ့ အစဉ်အလာကောင်းရှိခဲ့တယ်။ ဒီ အစဉ်အလာကောင်းကို ကြာရင် ထိခိုက်လာနိုင်စရာရှိတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးကို ချက်ချင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့အတွက် မေတ္တာရပ်ခံတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမျိုးဟာ မြန်မာနိုင်ငံတင်မဟုတ်ပဲ အခြားဘက်တွေမှာပါ နားလည်မှုလွဲစေတဲ့အတွက် မေတ္တာရပ်ခံတာ။ ဒါကို မြန်မြန်ချုပ်ငြိမ်းအောင်လုပ်ပေးဖို့။ မုန်းစကို တိုစေ ချစ်စကို ရှည်စေပေါ့။ အရင်က ရှိခဲ့တဲ့ သဟဇာတဖြစ်မှုကိုပဲ ကမ္ဘာကို ထုတ်ဖော်ပြသနိုင်ဖို့။ ဒီအမုန်းတရားတွေကို အမြန်ဆုံးပျောက်သွားအောင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ မြန်မာမွတ်စလင်မ်အဖွဲ့တွေက တောင်းဆိုနေတာ။ ဒါပါပဲ။
 
Q - ဒါဆို အခု လက်စားချေ တုန့်ပြန်မယ်ဆိုတဲ့ အပေါ်မှာ ဘာများ ထပ်မံ ဖြည့်စွက်ပြောချင်ပါလဲ။
A - အကြမ်းဖက်မှုနဲ့ အစ္စလာမ်သာသနာကို ပြောမယ်ဆိုရင် အစ္စလာမ်သာသနာမှာ အကယ်၍ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာတောင်မှ အပြစ်မဲ့ ပြည်သူကို မသတ်ရဘူး။ အမျိုးသမီးတွေကို မသတ်ရဘူး။ ကလေးတွေကို မသတ်ရဘူး။ သာသနာ့ဝန်ထမ်းတွေကို မသတ်ရဘူး။ ရေတွင်းရေကန်တွေနဲ့ သစ်ပင်ပန်းမာန်တွေကို ဖျက်ဆီးမှု မပြုရဘူး။ စစ်ပွဲမှာတောင်မှ ဒါမျိုး စည်းကမ်းရှိတယ်။ ဒီလို အရပ်ဘက်တွေကို ပစ်မှတ်ထားပြီး ဥပမာ – လူတစ်ယောက်က သို့မဟုတ်ရင် လူတစ်စုရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်လို့ အဲဒီလူနဲ့ လူမျိုးတူတဲ့လူ၊ အဲ့ဒီလူနဲ့ ဘာသာတူတဲ့လူတွေကို ပစ်မှန်ထားပြီး ဆောင်ရွက်တဲ့ကိစ္စမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ နောက်ပြီးတော့ အပြစ်ကျူးလွန်ရင် အပြစ်ကျူးလွန်တဲ့သူကိုပဲ အပြစ်ပေးရမယ်။ အပြစ်မရှိတဲ့သူကို လူမျိုးတူလို၊ ဘာသာတူလို့ ပြစ်ဒဏ်ပေးခံရတာကို လုံးဝ မလိုလားပါဘူး။
 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာေ၇းအဖွဲ့ကြီးမှ တာဝန်ရှိသူ တဦးဖြစ်သူ ဟာဂျီဦးမြင့်ထွန်းနဲ့ M-Media ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
M-Media