အမျိုးစောင့်ဥပဒေ
by Popular Myanmar News Journal
အမျိုးစောင့်ဥပဒေသည် အများထင်နေသကဲ့သို့
ဦးဝီရသူရေးဆွဲခြင်းမဟုတ်ဘဲ နိုင်ငံတ၀န်းရှိ
ဆရာတော်ကြီးများ၏
သြ၀ါဒစီစဉ်ဦးဆောင်မှုဖြင့်ဥပေဒေပ ညာရှင်များ
ပူးပေါင်းရေးဆွဲထားကြောင်း ယနေ့
အင်းစိန်အောင်ဆန်းတောရတပ်ဦးကျော
င်း၌ပြုလုပ်သော အမျိုးဘာသာ၊သာသနာ
ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့်
ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင်
တက်ရောက်လာသောဆရာတော်များက မိန့်ကြားခဲ့သည်။ ယင်းဥပဒေအား
လွှတ်တော်တင်သည့်အခါတွင်ထောက်ခြံ ခင်း၊ ကန့်ကွက်ခြင်းပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို
မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကပြုလုပ်သည်ကို သိလိုကြောင်းအမျိုးဘာသာ၊သာသနာစေ
ာင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသောမော်လမြိုင်ဆ ရာတော်ဘုရားကြီးက မိန့်သည်။ "ဒီဥပဒေကို
လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကိုစောင့်ရှောက်တဲ့
ဥပဒေလို၊မလို ဆုံးဖြတ်ရမှာပဲ။ ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ
မဲမပေးခိုင်းတော့ဘူး ၊မဲပေးမယ့်သူတွေ၊ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာရှိတယ်ဆိုတာ
သူတို့သိစေရမယ်" ဟု မော်လမြိုင်ဆရာတော်ဘုရားကြီးက ထောက်ခံဆွေးနွေးမှုတွင်
ထည့်သွင်းမိန့်ကြားသွားသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.