Thursday, August 9, 2012

ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြို အထိမ်းအမှတ် အခမ်းအနားကျင်းပ (မန္တလေး)

သတင်း/ဓါတ်ပုံ- ပြည့်ပြည့်
ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနားကို မနေ့က ၈.၈.၂၀၁၂ ရက်နေ့တွင် မန္တလေးမြို့၊ ဘုရားကြီး အလယ်တိုက် ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အခမ်းအနားသို့ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ တို့နဲ့အတူ ကျောင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ၈၈-မျိုးဆက်များ၊ NLD အဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်းများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့်အတူ ဘာသာပေါင်းစုံမှ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။
အခမ်းအနားကျင်းပရာ ကျောင်းဆောင်အပေါ်ထပ်တွင် ၈၈ အရေးတော်ပုံကာလ ပုံရိပ်များ၊ ထုတ်ဝေခဲ့သော စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများကို ပြခန်းပြုလုပ်ခင်းကျင်းပြသထားပြီး Performance ပြုလုပ်ရန်အတွက် အောက်ထပ်ကျောင်းဆောင်ရှေ့တွင် ခင်းကျင်းထားကြောင်း သိရပါတယ်။
အခမ်းအနားကို ပထမဦးစွာ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပြီး ရေစက်သွန်းချအမျှဝေပြီး ထို့နောက် ဒုတိယပိုင်း အစီအစဉ်အဖြစ် ဆွေးနွေးပွဲ အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတိုးတက်ရေး အတွက် ဘယ်လိုပူးပေါင်းပါဝင်ကြမလဲဆိုပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများရဲ့တင်ပြချက်များကို ၈၈-ကျောင်းသားခေါင်းဆောင်များမှ ပြန်လည်ဆွေးနွေးပေးကြပြီး တတိယပိုင်းအစီအစဉ်အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံအတွင်းကျဆုံးသွားကြသော ဘာသာဝင်အသီးသီးမှ ရဲဘော်များအားရည်စူး၍ ဘာသာပေါင်းစုံမှ စုပေါင်း၍ သက်ဆိုင်ရာဘာသာအလိုက် တောင်းဆုပြုကြပြီး စတုတ္ထ အစီအစဉ်အရ Performance ကို ပြသပြီး အခမ်းအနားကို ရပ်နားလိုက်ကြကြောင်း သတင်းရရှိပါတယ်။


တက်ရောက်လာသူ ၈၈-မျိုးဆက် အများစုကတော့ လွန်ခဲ့တဲ့ ၂၄-နှစ်တာကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် ပြန်လည်ပြုလုပ်နိုင်တဲ့ အထိမ်းအမှတ်အခမ်းအနားဖြစ်သလို၊ စုစည်းညီညွတ်စွာတွေ့ရတာကြောင့် မဖော်ပြနိုင်အောင် ပီတိဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ ၂၄-နှစ်ပြည့် ငွေရတုအကြိုအထိမ်းအမှတ်အခမ်းအနား အခမ်းအနားတက်ရောက်ခဲ့သူ တစ်ဦးမှလည်း “ဒီနေ့ ကျွန်မမြင်တွေ့ခဲ့ရတာ မွတ်စလင်တွေလည်း တော်တော်များတယ်၊ ပြီးတော့ ရန်ကုန် NLD က မွတ်စလင်မ်တွေ၊ ပြင်ဦးလွင်၊ စစ်ကိုင်းနဲ့ မန္တလေးဝန်းကျင်က မွတ်စလင်တွေလည်း တက်ရောက် ပါဝင်လာတာတွေ့ရတယ်၊။ နောက်ပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက်ကြိုးပမ်းကြသူတွေထဲမှာ မွတ်စလင်မ်တွေပါဝင်နေတာလည်းတွေ့ရတယ်။
မွတ်စလင်မ်တွေအနေနဲ့ တိုင်းပြည်အကျိုးအတွက် ခေတ်အဆက်ဆက် ဘယ်တော့မှ နောက်ချန်မနေရစ်ပဲ ပါဝင်ဆောင်ရွက်ခဲ့ကြသလို ပြီးခဲ့တဲ့ ၂၄-နှစ်တာ ကာလအတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ နိုင်ငံ့သမိုင်းဝင်နေ့ အစီအစဉ်မှာလည်း တက်ကြွစွာ ပါဝင်ခဲ့ကြတာတွေကိုမြင်ရတော့ ကျွန်မအလွန်ကို ကြည်နူးဝမ်းသာမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အခမ်းအနားလေးကို ကျွန်မကျေနပ်တယ်။”ဟူ၍ M-Media သို့ ပြောကြားခဲ့ပါတယ်။


မှကူးယူဖော်ပြပါသည်။

မွတ်စလင်မ် တို့၏အိမ်များအားရခိုင်တို့မီးရှို့ကြောင်း RNDP က ၀န်ခံ

မွတ်စလင်မ် တို့၏ အိမ်များအား ရခိုင်တို့မီးရှို့ကြောင်း RNDP က ပထမဆုံး အကြိမ်ဝန်ခံသော်လည်း သတင်းမှန်ထိမ်းချုပ်ရန်ကြိုးပမ်းနေ”



       ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာရှိ ရိုဟင်ဂျာအိမ်များကို7/8/12 တွင်ရခိုင်တိုင်းရင်းသားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းကThe Voice Weekly သို့ တရားဝင် ပြောကြားလိုက်ကြောင်း ၎င်းသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားသည်။

အထက်ပါအတိုင်း အကြမ်းဖက်ရခိုင် တိုင်းရင်းသားများက ရိုဟင်ဂျာအိမ်များ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပထမဆုံးအကြိမ် အပြစ်ကျူးလွန်သူများဘက်မှ ၀န်ခံပြောကြားခဲ့သော်လည်း မွတ်စလင်မ်သီးသန့်ရွာဖြစ်ကြောင်းကိုမူ ထည့်သွင်း ပြောကြားသွားခြင်းမရှိကြောင်း အထက်ပါသတင်းဌာန စာမျာက်နှာတွင် ဖော်ပြထားချက်အရသိရသည်။

"ဒီဒေသတွေမှာ မွတ်စလင်မ်တွေနဲ့ ရခိုင်ရောနှောနေတဲ့ကျေးရွာဆိုတာမရှိသလောက်ပဲ အင်ဘာရီဆိုတာမွတ်စလင်မ်ရွာပါ မနက် 73း0 မှာစမီးရှို့ခဲ့တာပါ။အခုထိတော့ မွတ်စလင်မ်အဖိုးအိုတစ်ဦးနဲ့ကလေးတစ်ဦးမီးလောင်တိုက်သွင်းခံလိုက်ရပြီ"ဟု အဆိုပါကျေးရွာတွင်နေထိုင်သူ တစ်ဦးက Myanmar Muslim.net သို့ပြောကြားခဲ့သည်။

     
ထို့ပြင်ရခိုင်ဒေသအုပ်ချုပ်ရေးအာဏာပိုင်များသည် မွတ်စလင်အိမ်ခြေများဖျက်ဆီးခံရပါက အချိန်မီတားဆီးကာကွယ်ပေးမှုမရှိသည့်ပြင် ပြင်ပသို့သတင်းမှန်မပေါက်ကြားစေရေးအတွက် မွတ်စလင်မ်များပိုင် လက်ကိုင်ဖုန်းများကို လိုက်လံ သိမ်းဆည်းလျက်ရှိကြောင်းကိုလည်း အင်ဘာရီ ရွာသားတစ်ဦးကပြောကြားသည်။

"အားလုံးပြာကျပြီးမှ ဟိုလူတွေ (အာဏာပိုင်များ)လာတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ဖုန်းတွေကို လိုက်တောင်းနေတယ်။ ဒါကြောင့်ဖုန်းပိတ်ထားမယ် အခွင့်အရေးရရင် ကျနော်ဆက်ပါ့မယ်။”ဟု အင်ဘာရီရွာသားတစ်ဦးက7/8/12 ညနေ ၄း၃၀ အချိန်တွင်ပြောကြားခဲ့သည်။ ထိုသို့ပြောကြားပြီး ယခုအချိန်ထိ ထိုပုဂ္ဂိုလ်သည် Myanmar Muslim.net နှင့်ဆက်သွယ်မှု လုံးဝပြတ်တောက်နေသဖြင့် နောက်ထပ်အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်းပြည်ပရှိ လူများအားသိစေအပ်ပါသည်။

မြန်မာနိုင်ငံရှိမွတ်စ်လင်မ်များ သတ်ဖြတ်ခံရခြင်း၊နှိပ်စက်ညှင်းပမ်းခံရသည့် သတင်းများကို ပြည်တွင်းမီဒီယာများတွင်ဖော်ပြရတော့မည့် အခါ "အဆိုပါဒေသတွင် လုံခြုံရေးအင်အားအလွန်နဲပါးသဖြင့်အချိန်မီဟန့်တားနိုင်ခြင်းမရှိ”ဟူသောစကားရပ်ကိုသာသက်ဆိုင်ရာ အာဏာပိုင်များ ကထုတ်ဖော်သုံးစွဲပေးလေ့ရှိသည်။

၃၊၆၊၁၂ နေ့က တောင်ကုတ်မြို့လူစည်ကားရာ လမ်းမကြီးပေါ်တွင် အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား၁၀ဦးအား ဒေသခံများက ၃ နာရီ ကျော်ကြာ အနှောင့်အယှက်ကင်းကင်းဖြင့် စိမ်ပြေနပြေ သတ်ဖြတ်မှုကျူးလွန်ခဲ့ရာတွင်လည်း အထက်ပါအတိုင်း လုံခြုံရေး အင်အားနည်းပါးခြင်း ဟူသောစကားရပ်ကို သက်ဆိုင်ရာအာဏာပိုင်များက သုံးစွဲထားသည်။

ထို့ပြင် ပြည်တွင်းမီဒီယာများတွင်1982နိုင်ငံသားဥပဒေအရ တိုင်းရင်းသားစာရင်းမှဖယ်ထုတ်ခံထားရသည့် ရိုဟင်ဂျာလူမျိုးတို့အား ရခိုင်တိုင်းရင်းသားများ၏အသုံးအနှုံးဖြင့် ဘင်္ဂါလီဟု ထပ်တလဲလဲ ခေါ်ဝေါ်သုံးစွဲနေသော်လည်း သမ္မတကြီးဦးသိန်းစိန်ကမူUNHCRမဟာမင်းကြီး နှင့်တွေ့ဆုံရာတွင် ရိုဟင်ဂျာဟူ၍သာခေါ်ဝေါ်သုံးစွဲပေးခဲ့သည်။

အံဩစရာကောင်းသည့်အချက်မှာ ထိုကဲ့သို့ဒေသခံမွတ်စလင်မ်အိမ်ခြေများ မီးရှို့ခံရခြင်း၊လူများသတ်ဖြတ်ခံရခြင်း စသည်တို့ အဆက်မပြတ်ဖြစ်ပေါ်နေသော်လည်း တရုတ်နိုင်ငံ၏အကျိုးစီးပွားအတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုလုပ်ငန်းများမှာ အဆိုပါဒေသအတွင်း အရှိန်အဟုန်မပြတ် အနှောက်အယှက်မရှိ လုံခြုံရေးအင်အားတောင့်တင်းစွာဖြင့် ဆက်လက်လည်ပတ်လျက်ရှိကြောင်း မြန်မာမီဒီယာတို့ဖော်ပြချက်များအရ သိရှိရသည်။
http://www.myanmarmuslim.net/news.php?extend.779
မှကူးယူဖော်ပြပါသည်။
 

ကျွန်မရဲ့ သူရဲကောင်း (ရှစ်လေးလုံးနှစ်ပတ်လည် အမှတ်တရ)

Share
ပသီ ဝိုင်းဝတ်ရည်မြင့်
၈၊၈၊၂၀၁၂
မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်ဆံတဲ့အခါမှာ၊ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာတဲ့အခါမှာ စိတ်ရှည်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ မတူညီရင် ညှိကြည့်ပါ၊ မရရင် ဥပက္ခာပြုလိုက်ပါ။ လူတွေကို မိတ်ဆွေမဖြစ်ချင်နေပါစေ ရန်သူမဖြစ်ပါစေနဲ့။ မနာလိုဝန်တိုစိတ်ဟာ ကိုယ့်ဘဝတစ်ခုလုံး ချောက်ထဲကျအောင် တွန်းပို့တတ်တယ်။ ဒါကြောင့် အဲဒီစိတ်နဲ့ဝေးအောင်ရှောင်ပါ။ မာနထား မလွဲမှားပါစေနဲ့။ မခံချင်စိတ် မလွဲမှားပါစေနဲ့။ (ပသီမာလာဆွေ)
သမီးကျောင်းတက်တဲ့တလျှောက်လုံး အိမ်မှာဆိုရင်တော့ မေမေက သမီးရဲ့ဆရာမပဲပေါ့။ မှတ်မှတ်ရရ သမီး ၄-တန်း (စတုတ္ထတန်း) ကျောင်းသူဘ၀တုန်းကလေ။ အဲဒီတုန်းက ၁၉၈၈-ခုနှစ်၊ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို တွန်းလှန်ကြတဲ့ ပြည်သူ့ဆန္ဒတွေ ထုတ်ဖော်ပြလာကြတဲ့ ၈၈-အရေးခင်းဆိုတာ ဖြစ်ပေါ်တဲ့အချိန်ပေါ့။ သမီးတို့ကျောင်းတွေ ဖွင့်ပြီး သိပ်မကြာဘူး။ အရေးအခင်းဖြစ်တာကြောင့် ကျောင်းတွေပိတ်လိုက်တယ်လေ။ အဲဒီအချိန်တွေဟာ သမီး ဘ၀အတွက် ပိုပြီးအမှတ်တရ ဖြစ်စေခဲ့တယ်။ မေမေရဲ့တိကျပြတ်သား ခိုင်မာမှုနဲ့ ရဲရင့်တဲ့သတ္တိအပြည့်ရှိတဲ့စိတ်ဓါတ် တွေကို သမီးမြင်တွေ့ခဲ့ရတဲ့အချိန် ဆိုလည်း မမှားပါဘူး။ အဲဒီအချိန်က သမီးတို့က အိမ်ငှားဘ၀နဲ့နေကြရတဲ့အချိန်လေ။ ဆန္ဒပြမှုတွေ စီတန်းလှည့်လည်မှုတွေ လုပ်ကြတော့ သမီးက လိုက်ကြည့်ရင်းနဲ့ အိမ်ကနေ မန္တလေးဘူတာကြီးရှေ့ ဆေးရုံကြီးနားအထိ ရောက်သွားခဲ့တယ်။ အဲဒီကနေမှ အိမ်ကိုပြန်လာတော့ မေမေက သမီးကို ဘာပြောခဲ့လဲ။ နောက်ကို အဲလိုအဝေးကြီးထိ လိုက်မသွားဖို့ကို သမီးနားလည်အောင်ပြောပြခဲ့ပြီး အဲလို သွားရကောင်းလားလို့ မဆူခဲ့ဘူးနော်။ နောက်ရက်တွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်လာတဲ့အချိန် မေမေက သမီးတို့ကို အစ်မ၀မ်းကွဲနဲ့အိမ်မှာထားခဲ့ပြီး အဲဒီဆန္ဒပြမှုတွေမှာ ဂီတအစည်းအရုံး(မန္တလေး)ရဲ့ စစ်ကြောင်းဆိုတာကနေ ပါဝင်တာကိုသမီးသိလာရတယ်။
မေမေက မြန်မာ့အသံမှာ တေးသံရှင် တစ်ယောက်ဖြစ်တော့ ဂီတအစည်းအရုံးအသင်းဝင်တစ်ယောက်လည်းဖြစ်တာပေါ့။ အဲဒီဆန္ဒပြပွဲတွေနောက်မှာ တရားဟောပွဲတွေပါရှိလာတယ်။ သမီးမှတ်မိတာက ညနေဘက်ဆို ဘုရားကြီး (၄၅-တာ)ကွင်းထဲမှာ တရားပွဲတွေလုပ်ကြတာလေ။ အရှေ့ (၄၅-တာ)၊ အနောက်(၄၅-တာ)မှာ လူတွေဆိုတာ ကွင်းအပြည့်ပဲ။ ညနေတိုင်း မေမေက သမီးကိုခေါ်သွားခဲ့တာ သမီးအမှတ်ရတယ်။ တစ်နေ့တော့ မေမေရယ် သမီးရယ် အရှေ့(၄၅-တာ)ကနေ အနောက်(၄၅-တာ)ကို ရောက်သွားတော့ မထင်မှတ်ပဲ ဖေဖေ့ကိုလည်း တွေ့လိုက်ကြရ တယ်။ အဲဒီတော့မှ ဖေဖေရောမေမေရောဆုံပြီး ရီလိုက်ကြတာ။ ဖေဖေကလည်း အလုပ်ကနေလာတာ။ မေမေကလည်း အိမ်ကနေလာတာ ဟိုမှာ သွားဆုံနေကြတာလေ။ နောက်ပိုင်း သမီးပိုသိလာတဲ့အချိန်မှာ မေမေဟာ စင်မြင့်ထက်ပေါ်မှာ တရားဟောသူနေရာရောက်နေပြီ။ အဲဒီအချိန်မှ သမီးသိလာရ တာက မေမေဟာ ဟိုးအရင်ကတည်းက နိုင်ငံအရေးတွေမှာ စိတ်ဝင်စားစွာပါဝင်နေခဲ့တယ်ဆိုတာကို သေချာသိရတော့တယ်။
ပထမပိုင်းမှာတော့ တရားပွဲစီစဉ်သူတွေက ဂီတအစည်းအရုံးကိုဖိတ်တယ်။ ဂီတအစည်းအရုံးကမှ တစ်ယောက်တစ်လှည့်စီ လွှတ်တယ်။ နောက်ပိုင်းမှာတော့ တရားဟောပွဲစီစဉ်သူတွေက ‘တေးသံရှင် ဇာဇာမိုးမင်း’ဆိုတဲ့ မေမေ့နာမည် တပ်ပြီးဖိတ်ကြတော့ မေမေက ပင်တိုင်ပြောဟောရတော့တယ်ဆိုတာလည်း သမီးသိခဲ့ရတယ်။ ဒါတွေ အားလုံးမှာ မေမေရဲ့ လက်ဦး ဆရာကတော့ သမီးရဲ့ဖိုးဖိုး မေမေ့ရဲ့ချစ်ဖခင် ပသီဦးကိုကိုလေးပေါ့။ အဲဒီနောက်မှာတော့ ဖေဖေဟာလည်း မေမေရဲ့ ပါရမီဖြည့်ဖက်ပီသစွာ မေမေရဲ့တရားပွဲမှန်သမျှကို လိုက်ပါပြီးအားပေးကူညီခဲ့တယ်။ မေမေနယ်တွေထိ တရားဟော သွားရရင် အိမ်မှာက အစ်မ၀မ်းကွဲရယ်၊ သမီးတို့ ညီအစ်မ(၂)ယောက်ရယ်ပဲရှိကြတော့ အဖွားရယ်၊ အဒေါ်တွေရယ်က တစ်လှည့်စီ လာနေပေးကြတယ်။ အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေးက မလွယ်ကူသေးတော့ မေမေသွားရတဲ့ ခရီးတွေက ကြမ်းတမ်းတယ်။ ဒါပေမယ့် မေမေကတော့ အပြုံးမပျက် အပင်ပန်းခံပြီး သွားလာနေတယ်။ ဖေဖေကလည်း ပါရမီဖြည့်ဖက်ပီသစွာ အပြုံးမပျက် မေမေ့ဘေးကနေ အားပေးခဲ့တာတွေကိုလည်း သမီးမှတ်မိပါတယ် မေမေရယ်။
မေမေဟောခဲ့တဲ့ တရားပွဲပေါင်း (၁၀၀)ကျော်မှာ သမီးလိုက်ခဲ့ဖူးတဲ့ ၃-ပွဲနဲ့ သွားကြည့် နားထောင်ခဲ့တာ ၁-ပွဲပဲ ရှိတယ်မေမေ။ မဟာမြတ်မုနိဘုရားကြီးရဲ့တောင်ဘက် တမ္ပ၀တီရပ်နဲ့ ကျွန်းလုံးဥသျှောင် ရပ်ကွက်ရယ်၊ အ-ထ-က(၇)မှာ ဟောခဲ့တဲ့ မေမေ့ရဲ့ဟောပြောမှုတွေကိုတော့ သမီးလိုက်နားထောင် ကြည့်ခွင့်ရခဲ့ဖူး တယ်လေ။ နောက်တစ်ပွဲကတော့ သမီးတို့ရဲ့ ဘေးရပ်ကွက်မှာဟောတဲ့အခါ အစ်မ၀မ်းကွဲနဲ့သမီးရယ်၊ သမီးတို့အိမ်ရှင် အန်တီကြီးတို့မိသားစုရယ်နဲ့ လာကြည့် နားထောင်ဖူးခဲ့တာပါမေမေ။ စင်ပေါ်မှာ မာန်သတ္တိအပြည့်၊ ကြည်လင် ပြတ်သားတဲ့အသံ၊ မေမေ့ရဲ့ဟန်ပန်ကို သမီးအားကျခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုလက်ခုတ်သံတွေကိုလည်း မေမေ့အတွက် သမီးဂုဏ်ယူခဲ့ဖူးတယ်မေမေ။
အဲဒီထက် အမှတ်ရတာတွေလည်း ရှိသေးတယ်မေမေ။ မှတ်မှတ်ရရ စစ်အာဏာသိမ်းတယ်ဆိုတဲ့ညကပေါ့။ မေမေနဲ့ ဖေဖေက ခါတိုင်းလိုပဲ တရားဟောပွဲသွားတော့ အစ်မ၀မ်းကွဲရယ်၊ သမီးရယ်၊ ညီမလေးရယ်ပဲ အိမ်မှာရှိကြတာပေါ့။ အဲဒီအချိန်မှာ ၀ုန်းဒိုင်းနဲ့ ဆူညံတဲ့အသံတွေ ကြားရတယ်။ ပြီးတော့ တဒိုင်းဒိုင်းနဲ့ အသံတွေကြားရတယ်။ သမီးတို့လည်း ဘာတွေမှန်းမသိခဲ့ဘူး။ အဲဒီအချိန်မှာပဲ အိမ်ရှင်အန်အယ်လ်ကြီးနဲ့အန်တီကြီး(အားလုံးက အန်ကယ်လ်ကြီးနဲ့အန်တီကြီးပဲ ခေါ်ကြတယ်လေ)ရဲ့ သမီးက အိမ်ပေါ်ပြေးတက်လာပြီး သမီးတို့တွေကို ကလေးတွေ ကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်လေး ၀ပ်နေကြ။ စစ်တပ်အာဏာသိမ်းလို့ သေနတ်တွေပစ်နေပြီဆိုပြီး အဲဒီအန်တီက သမီးတို့နဲ့အတူ လာနေပေးခဲ့တယ်။ အဲဒီတော့မှ သေနတ်သံဆိုတာသမီးကြားဖူးခဲ့တယ်။ ဘာမှန်းတော့မသိဘူး စစ်တပ်အာဏာသိမ်းတယ်ဆိုတာလည်း ကြားဖူးလိုက်တယ်။ နောက်တော့ အဲဒီညမှာပဲ လမ်းတွေလည်း အားလုံးပိတ်လိုက်ကြတယ်တဲ့။ လမ်းတိုင်းလမ်းတိုင်းမှာ သစ်တုံးတွေ၊ သစ်ပင်တွေ၊ ပစ္စည်းတွေပုံပြီး လမ်းတွေမှာ ကားတွေ သွားမရအောင်ပိတ်လိုက်ပြီလို့ ကြားရတော့ အိမ်ပြန်မလာသေးတဲ့ ဖေဖေနဲ့မေမေအတွက် သမီးစိတ်ပူမိတယ်။ မိုးလင်းခါနီးအချိန်မှာတော့ အိမ်ရှေ့က ဆူဆူညံညံ အသံတွေကြောင့် သမီးလည်း နိုးသွားခဲ့တယ်။ အိမ်ရှင်အန်တီကြီးတို့ကလည်း အိမ်ရှေ့မှာရပ်နေတာ တွေ့ရတယ်။ အဲဒီမှာ ဖေဖေနဲ့မေမေကိုလည်း အိမ်ပေါ်ကနေ သမီးလှမ်းမြင်လိုက်ရတယ်လေ။
ဖေဖေ မေမေတို့နဲ့အတူ တစ်ခြားသူ ၄-၅ ယောက်လည်းတွေ့ရတယ်။ ဘာတွေပြောနေလည်းတော့ သမီးမကြားရဘူး။ ခဏနေတော့ အိမ်ရှင်အန်တီကြီးက အဲဒီသူတွေကို ကျေးဇူးတင်ပါတယ်လို့ပြောတာ ကြားလိုက်တယ်။ သူတို့တွေလည်း ပြန်သွားတယ်။ ဖေဖေမေမေတို့လည်း အိမ်ပေါ်တက်လာကြတယ်။ အိမ်ရှင် အန်အယ်လ်ကြီးတို့လင်မယားရော၊ သူတို့သမီးရော၊ အိမ်အောက်ထပ်က အိမ်ငှား မိသားစုရော အကုန်လုံး အိမ်ပေါ်ရောက်လာကြတယ်။ အိမ်ပေါ်ရောက်တော့ မေမေ့ကို ၀ိုင်းဝန်းပြီးမေးကြတော့တာပေါ့။ ဖေဖေက အားလုံးကို ပြောပြနေတယ်။ အိမ်ရှင်အန်တီကြီးက မာမာရယ် … စိတ်ပူလိုက်ရတာ လို့ပြောတာကိုတော့ မှတ်မိတယ်။ မာမာဆိုတာ မေမေ့နာမည်က (ပသီ)မာလာဆွေဆိုတော့ အားလုံးက မာမာလို့ခေါ်ကြတာလေ။ ဖေဖေပြောပြတာကိုလည်း သမီးနားထဲမှာ အခုထိစွဲနေတုန်းပဲ။ စစ်အာဏာသိမ်းလို့ သေနတ်စပစ်တဲ့အချိန်က မေမေက စင်ပေါ်မှာ တရားဟောနေတဲ့အချိန်။ သေနတ်လည်းပစ်ရော တရားပွဲနားထောင်သူတွေက ရုတ်ရုတ်သဲသဲဖြစ်ပြီး ထပြေးကြတော့မလို ဖြစ်ကုန်တဲ့။ မေမေကပြောတယ် ‘မပြေးကြပါနဲ့ မှန်စရာရှိရင် စင်ပေါ်က ကျွန်မကို အရင်မှန်မှာပါ’ လို့ ပြောလိုက်တယ်။ အဲဒီမှာ လူတွေလည်း ပြန်ထိုင်ကုန်ကြတယ်တဲ့။ အဲလိုပြောလိုက်တဲ့အချိန်မှာပဲ ဟောပြောပွဲက တာဝန်ရှိ လူငယ် ၂-ယောက် စင်ပေါ်တက်သွားပြီး မေမေ့ရဲ့ ဘေးတစ်ဘက်စီကနေ ရပ်ပေးနေကြတယ်။
မေမေကလည်း တရားကို ပြီးဆုံးအောင် ဆက်ဟောခဲ့တယ်။ အဲဒီတရားပွဲပြီးတော့ လမ်းတွေ ပိတ်နေတော့ ခါတိုင်းလို စက်ဘီးနင်းပြီး ပြန်လာလို့မရတော့ဘူး။ လမ်းတိုင်းလမ်းတိုင်းမှာ ပိတ်ဆို့မှုတွေနဲ့ လူငယ်တွေ ကင်းစောင့်နေကြတယ်။ အဲဒါ ကင်းစခန်း အဆင့်ဆင့် တစ်ဆင့်ပြီးတစ်ဆင့် လိုက်ပို့တာကြောင့် စက်ဘီးတွန်းပြီး ခြေကျင်လျှောက်လာကြရတာကြောင့် အခုလို နောက်ကျသွားကြကြောင်း၊ သမီးတို့တွေကို စောင့်ရှောက်ထားလို့ ကျေးဇူးတင်ကြောင်းပြောတယ်။ အိမ်ရှင်တွေ အောက်ထပ်က အိမ်ငှားတွေကလည်း ကိုယ့်မိသားစုတွေပဲ ဒါတွေပြောစရာမလိုဘူး။ မာမာ နောက်လှည့်မကြည့်နဲ့ ကိုယ်လုပ်စရာရှိတာဆက်လုပ်လို့ပြောတာကိုလည်း သမီးမှတ်မိပါတယ်မေမေ။ အဲဒါတွေက သမီးမျက်စိနဲ့မြင်ပြီး နားနဲ့ကြားခဲ့ရတဲ့ သမီးဂုဏ်ယူခဲ့တဲ့ မေမေ့ရဲ့ အကြောင်းတွေပေါ့။
နောက်ထပ် မှတ်မိတာတွေလည်း အများကြီးရှိသေးတယ်မေမေ။ မေမေ့ကို ဖမ်းဆီးဖို့ အိမ်မှာလာရှာကြတာ တွေလည်း အခုထိ မျက်စိထဲမှာ ပြန်လည်မြင်ယောင်နေတုန်းပါပဲ။ အဲဒါတွေကိုလည်း သမီးမှတ်မိသလောက်ပြောဦးမယ် မေမေရယ် ……။
× × × × × × × × ×
တစ်နေ့ …. ဖေဖေက အလုပ်သွားနေတဲအချိန် …. မေမေက အပြင်သွားနေတဲ့အချိန် …… သမီးနဲ့ ညီမလေးက အိမ်ရှေ့ဝရန်တာမှာ ကစားနေကြတဲ့အချိန်ပေါ့။ အိမ်ရှေ့မှာ ကားတစ်စီးရပ်လာတယ်။ ကားပေါ်ကနေ ယူနီဖောင်း ၀တ်ထားတဲ့လူတစ်စုဆင်းလားတယ်။ ယူနီဖောင်းကတော့ စစ်ယူနီဖောင်းလား ရဲယူနီဖောင်းလား သမီး မမှတ်မိဘူးမေမေ။ အဲဒါနဲ့ အိမ်ရှင်အန်တီကြီးက ဘာကိစ္စရှိလို့လဲလို့မေးတော့ ဒီအိမ်ကို ရှာချင်လို့တဲ့။ အိမ်ရှင်အန်တီကြီးက ဒီအိမ်က ကလေးတွေပဲရှိတယ် လူကြီးတွေ မရှိဘူးလို့ပြောတော့ သူတို့ကဘာမှ မပြောပဲ အိမ်ပေါ်ကို တက်လာကြတယ်။ အိမ်ရှင်အန်တီကြီးကလည်း နောက်ကနေလိုက်တာတယ်။ အဲဒီလူတွေက အိမ်ပေါ်တက်လာပြီး ဖိနပ်လည်းမချွတ်ကြပဲ အိမ်ထဲထိဝင်ပြီး သမီးတို့ အိပ်တဲ့နေရာတွေထိ ဖိနပ်တွေနဲ့တက်ကြတယ်။ အဲဒီမြင်ကွင်းကိုမြင်ရတော့ သမီးလေ အဲဒီလူတွေကို တစ်ခုခုလုပ်ပစ်ချင်စိတ်တွေဖြစ်ပေါ်လာတယ်။
သူတို့က တစ်အိမ်လုံးလည်း လျှောက်ရှာဖွေမွှေနှောက် လိုက်ကြတာ အလွန်ပဲ။ အဲဒါနဲ့ အစ်မကို မေးမိတယ်။ သူတို့က ဘာလုပ်တာလဲဆိုတော့ အစ်မကပြောတယ် အန်တီမာ့ကို ဖမ်းဖို့လာတာတဲ့။ မေမေ့ကိုဖမ်းဖို့လာတာဆိုတော့ မေမေသာ ပြန်လာလိုက်ရင် ဖမ်းမိသွားမှာလည်းစိုးရိမ်နေမိတယ်။ သမီးလေ သူတို့ကို ကြောက်တာလား၊ နာကြည်းတာလား၊ စိတ်ထဲမှာ ဘယ်လိုဖြစ်လည်းတော့ မမှတ်မိဘူးမေမေ။ သူတို့ကိုပဲ သေချာလိုက်ကြည့်နေမိတယ်။ ပြီးတော့ အိမ်ရှေ့ကိုကြည့်လိုက်နဲ့ပေါ့။ အဲဒီအချိန်မှာပဲ အိမ်ရှင်အန်ကယ်ကြီးက အိမ်ရှေ့မှာရပ်ထားတဲ့ စက်ဘီးလေးကို ဖျတ်ခနဲဆွဲပြီးထွက်သွားတာတွေ့လိုက်တယ်။ သိပ်မကြာပါဘူး အိမ်ရှင် အန်ကယ်လ်ကြီး ပြန်ရောက်လာတယ်။ အိမ်ပေါ်မှလည်း ပစ္စည်းတွေက ပွလန်ကြဲနေတာပဲ။ ခဏနေတော့ ဟိုလူတစ်စုပြန်သွားကြတယ်။
အန်တီကြီးကလည်း ကဲ … သမီးတို့ ဘာမှစိတ်မပူနေကြနဲ့။ ရှင်းစရာရှိတာ ရှင်းကြဆိုပြီး သူကိုယ်တိုင်လည်း ပစ္စည်းတွေကို စုစည်းရှင်းလင်းပေးတယ်လေ။ ဟိုလူတွေ ကားနဲ့ထွက်သွားမှ အန်ကယ်ကြီးလည်း အိမ်ပေါ်တက်လာတယ်။ ပြီးတော့ သူကပြောပြတယ်။ ခုနက မာမာ ပြန်လာတာ …. လမ်းထိပ်ကနေ ကွေ့ဝင်လာတာ။ ငါလည်း ချက်ချင်းလှမ်းမြင်လိုက်တာနဲ့ စက်ဘီးဆွဲပြီး ချက်ချင်းသွားပြောလိုက်တာ။ တော်သေးတယ်။ ‘မာမာ’ ချက်ချင်း ပြန်လှည့်ထွက်သွားတယ်။ သူတို့တွေ ဘယ်သူမှ မသိလိုက်ကြဘူးတဲ့။ အဲဒီနောက်ပိုင်းရက်တွေမှာလည်း သူတို့တွေ ခဏခဏလာကြတယ်။ ဒါပေမယ့် အမြဲတမ်း လိုလိုပဲ မေမေ ထွက်သွားတဲ့အချိန်၊ မေမေမရှိတဲ့အချိန်ပဲ ဖြစ်ဖြစ်နေတော့ မေမေ့ကို ဖမ်းမမိကြဘူး။ အဲဒီအချိန်က အဖမ်းအဆီးက တအားကြမ်းတယ်တဲ့။
နိုင်ငံရေးလုပ်သူတွေကို ဖမ်းပြီးရင် နှိပ်စက်တာ တော်တော်ဆိုးဝါးတယ်တဲ့။ ကျင်းတူးပြီး ကျင်းထဲမှာရပ်ခိုင်းပြီး ခါးတစ်ဝက်လောက်ထိ အင်္ဂတေ ကိုင်ထားတာမျိုးထိ လုပ်တယ်တဲ့။ အဲဒီလို အခြေအနေမျိုးတွေကြောင့် အဝေးတစ်နေရာမှာသွားပြီးရှောင်နေဖို့ မေမေ့ကို အားလုံးက တိုက်တွန်းကြတယ်။ ဒါပေမယ့် မေမေက မရှောင်ချင်ဘူးဆိုပြီး နေ့ခင်းဘက်ဆို တရားဟောပြောပွဲ ကိစ္စတွေအတွက်သွား ညမိုးချုပ်မှအိမ်ပြန်အိပ်လုပ်ရတော့တယ်။ ဒီနေရာမှာ သမီးတစ်ခုမှတ်မိသေးတယ်မေမေ။ သမီးတို့ နေတဲ့အိမ်ရဲ့နောက်က ဘုန်းကြီးကျောင်းဝင်းကြီးလေ။ ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးတွေကလည်း ဖေဖေမေမေ တို့ကို တအားခင်တယ်။ ညပိုင်းဆို အိမ်အောက်ထပ်မှာ လူတွေအများကြီးပဲ ၀ိုင်းထိုင်ပြီးစကားတွေပြောကြတယ်။ ဘုန်းကြီးကျောင်းထဲက ဘုန်းတော်ကြီးတွေလည်းပါတယ်။ အဲဒီ စကားတွေ ထိုင်နားထောင်တဲ့အထဲမှာ သမီးလည်းပါတယ်နော်မေမေ။ ဘုန်းတော်ကြီးတွေပြောတာလည်း သမီး မှတ်မိတယ်။ ‘ဒကာကြီးနဲ့ ဒကာမကြီး … ညရေးညတာအတွက် ဘာမှ မစိုးရိမ်နဲ့။ ညအချိန်မတော် တံခါးလာခေါက်ရင် ချက်ချင်းဖွင့်မပေးနဲ့။ ဒကာမကြီး အိမ်နောက်ဖေးကနေ ကျုပ်တို့ ဘုန်းကြီးကျောင်းထဲ ခုန်ချလာခဲ့။ ဦးဇင်း ကျွန်မပါလို့သာပြောပြီး ကျုပ်တို့ဆီ တံခါးသာ ခေါက်လိုက် …။ ဒကာမကြီးတို့နောက်ဖေးအုတ်တံတိုင်း ကျုပ်တို့ ဘုန်းကြီးကျောင်းထဲမှာ လှေကားထောင်ထားပေးမယ်။ ခုန်သာချလာခဲ့လိုက်၊ ဒီကောင်တွေ တကယ်သတ္တိရှိရင် ကျုပ်တို့ ဘုန်းကြီးကျောင်းထဲ လာရဲ လာကြည့်ပါစေ’တဲ့ … တကယ်လည်း သူတို့ပြောသလို ဘုန်းကြီးကျောင်းဘက်မှာ လှေကားထောင်ထားပေးခဲ့တယ်။
အဲဒီနောက်ပိုင်းတွေမှာ အိမ်ကိုလာပြီး ရှာဖွေမှုတွေများလာတော့ အားလုံးကလည်း မေမေ့ကို အဝေးတစ်နေရာမှာ သွားနေကြဖို့တိုက်တွန်းကြ တော့တယ်။ ဒါနဲ့ပဲ မေမေလည်း အိမ်ကနေ အဝေးကို ခဏသွားနေဖို့ လုပ်တော့တယ်နော်။ ဒီလိုနဲ့ တစ်နေ့ကျတော့ ဖေဖေရယ် သမီးရယ်က စက်ဘီးတစ်စီး၊ မေမေရယ် ညီမလေးရယ်က စက်ဘီးတစ်စီးစီနဲ့ သမီးတို့ထွက်ခဲ့ကြတယ်။ မှတ်မှတ်ရရ အဲဒီအချိန်က သမီးတအားပျော်ခဲ့တယ်။ ဘာလို့လဲသိလားမေမေ။ ဖေဖေနဲ့မေမေက စက်ဘီးတွေကိုယ်စီ နင်းပြီး သမီးတို့မိသားစုလေးယောက်လေ ပျော်ပွဲစား ထွက်လာသလိုပဲ မန္တလေးကနေ ပုလိပ်ထိ စက်ဘီးနဲ့ သွားခဲ့ကြတာလေ။ မြစ်ငယ်တံတားပေါ်စက်ဘီးဖြတ်နင်းကတော့ သမီးမှာပျော်လိုက်တာမေမေရယ်။ ပုလိပ်က ဦးလေးနဲ့ အဒေါ်ဝမ်းကွဲအိမ်ရောက်တော့ သမီးတို့တွေကို ထားခဲ့ပြီး ဖေဖေကတော့ နောက်တစ်ရက်မှာ မန္တလေးကိုပြန်သွား တယ်လေ။ သမီးတို့ညီအစ်မ ၂-ယောက်ရယ် မေမေရယ်က ပုလိပ်မှာပဲ လနဲ့ချီပြီးနေကြတယ်။ ဖေဖေကတော့ မန္တလေးနဲ့ ပုလိပ်ကို သွားလိုက်ပြန်လိုက်ပေါ့။
အဲဒီအချိန်တွေမှာ သမီးတို့ညီအစ်မတွေကတော့ ဦးလေးနဲ့အဒေါ်ဝမ်းကွဲရဲ့ သမီးတွေနဲ့ ကစားလိုက်ဆော့လိုက်နဲ့ ပျော်လို့ကောင်းနေကြတာပေါ့။ အဲဒီမှာ တော်တော်ကြာကြာနေပြီးတဲ့နောက် သမီးတို့ မန္တလေးကိုပြန်လာကြတယ်။ သမီးတို့အိမ်ကို မပြန်ကြပဲ အဖိုးအဖွား(ဖေဖေ့ဘက်)အိမ်ကို သွားနေခဲ့ကြပြန်တယ်နော်။ ဖိုးဖိုးဖွားဖွားတို့အိမ်မှာလည်း သမီးမှတ်မိတယ်မေမေ။ မတော်တဆ အဲဒီနေရာအထိ မေမေ့ကို လာဖမ်းကြတယ်ဆိုရင် အိမ်ရှေ့ကလာနေတုန်း မေမေနောက်ဖေးကနေ ချက်ချင်းထွက်သွားလို့ရအောင်ဆိုပြီး အဖိုးတို့အိမ်နဲ့ ဘေးအိမ်ကို အပေါက်သေးသေးလေးဖောက်ထားပေးကြတယ်လေ။ အဲဒီမှာလည်း သမီးတို့က ဆော့လို့ကောင်းတုန်းပဲပေါ့။ နောက်တော့ မေမေလည်း အိမ်ကို ပြန်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက် သမီးတို့လည်း အိမ်မှာပဲ ပြန်လာနေကြတော့တယ်။ အိမ်ကတော့ အရင်အိမ်နေရာမဟုတ်တော့ပဲ အိမ်ပြောင်းလိုက်ကြတယ်လေ။ အဲဒီနောက်တော့ မေမေ့ကို လာရှာတာလည်း မရှိတော့ဘူး။ ရွေးကောက်ပွဲလုပ်မယ်ဘာညာဆိုတော့ လွတ်လပ်ခွင့်ပေးလိုက်တဲ့သဘောလို့ သိရတယ်လေ။
နောက်ပိုင်း ရွေးကောက်ပွဲအတွက် မေမေတို့ ကြိုးစားခဲ့ရတာတွေကိုလည်း သမီးအမှတ်ရဆဲပါ မေမေ။ ဒါတွေအားလုံးက သမီးရဲ့မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းကို ပြန်မြင်မိနေတာတွေပါမေမေ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တဲ့မေမေဟာ သမီးအတွက်တော့ သမီးရဲ့ သူရဲကောင်းတစ်ယောက်ပါပဲ မေမေရယ် …………. ။
နိဗ္ဗာန်သုခဘုံမှာ ထာဝရ နေနိုင်ပါစေ …. မေမေ ။

ပသီဝိုင်းဝတ်ရည် ၏ FB မှာ ခွင့်ပြုချက်တောင်းခံပြီး ဖော်ပြခြင်းဖြစ်ပါသည်။
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

Wednesday, August 8, 2012

အင်ဒို လွှတ်တော်မှ ရိုဟင်ဂျာအရေး လေ့လာရေးအဖွဲ့ စေလွှတ်ရန်စီစဉ်

   ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ့လွှတ်တော်
မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့အား မြန်မာပြည်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး သွားရောက်လေ့လာရန် ရွေးချယ်စေ
လွှတ်မည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ မူဆလင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ သွားရောက်လေ့လာရန် အတွက် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Marzuki Alie က ဆိုသည်။

“ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်ဖို့ ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (နိုင်ငံခြားရေးရာ)
လွှတ်တော်ကော်မတီနဲ့ ကျနော် ဆွေးနွေးပါမယ်” ဟု အင်ဒိုနီးရှား လွှတ်တော်ဥက္ကဋ္ဌ Marzuki အား ကိုးကား၍ The Jakata Post သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

“မူဆလင် လူ့အဖွဲ့အစည်းတခုအနေနဲ့ ကျနော်တို့ဟာ သူတို့အတွက် တိုက်ပွဲဝင်ရပါ့မယ်။ ဒါမှသာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပါဝင်လာမှာ ဖြစ်ပါတယ်” ဟု Marzuki Alie က ဖြည့်စွက်ပြောကြားသွားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့်ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်
လေ့လာသွားခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပြီး ထိုလုပ်ငန်းအတွက် နေပြည်တော်ရှိ လွှတ်တော်အား တာဝန် ပေးအပ်သင့်ကြောင်း အကြံပြုသွားခဲ့သည်။

ထို့ပြင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC ခေါ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီးကလည်း အချက်အလက် စူးစမ်းရှာဖွေရေး မစ်ရှင်တခုအား မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

၎င်းတို့ စေလွှတ်မည့် အချက်အလက်ရှာဖွေရေး မစ်ရှင်အား လက်ခံခွင့်ပြုရန် မြန်မာအစိုးရအား နားချပြောဆို
မည်ဟုလည်း OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဆိုသည်။

ဇူလိုင်လအတွင်းက လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Ansar Burney Trust International မှ ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် Ansar Burney နှင့်အဖွဲ့အား မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်
ခံခဲ့ရဖူးသည်။ ထိုစဉ်က လန်ဒန်ရှိ မြန်သံရုံးက စာနယ်ဇင်းသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များကို ရခိုင်ပြည်နယ်
သို့ ၀င်ခွင့်မပေးဟု Ansar Burney အား အကြောင်းပြန်ကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ
အတွင်း နှစ်ဘက် သေဆုံးမှုစာရင်းကို အစိုးရက တရားဝင် ထုတ်ပြန်ရာတွင် စုစုပေါင်း ၈၀ ထက် မပိုသော်လည်း ၎င်းမှာ “အလွန်အကျွံ လျှော့တွက်ထားခြင်းမျှသာ” ဖြစ်သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေး
စောင့်ကြည့်မှုအဖွဲ့ (HRW)က သတ်မှတ်သည်။

ပါကစ္စတန် ဆွန်နီ မူဆလင်ကောင်စီတခုဖြစ်သည့် (SIC)ကလည်း ကရာချီမြို့တွင် တနင်္လာနေ့က ဆန္ဒပြပွဲတခု
ပြုလုပ်၍ မြန်မာနိုင်ငံအတွင်း မူဆလင်များ သတ်ဖြတ်ခံနေရမှုကို ရှုံချပြီး ထိုသွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် OIC နှင့် မူဆလင်နိုင်ငံများအား ထိရောက်သောကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် ပါကစ္စတန်ရှိ Jamiat-e-Ulemah Pakistan ပါတီကလည်း မြန်မာပြည် ရိုဟင်ဂျာအရေး တနိုင်ငံလုံး ဆန္ဒပြပွဲ၊ ချီတက်ပွဲများကို သောကြာနေ့တွင် ဆင်နွှဲကြရန် ဆော်သြထားသည်။

ပြင်သစ် ဒု-နိုင်ငံခြားရေးဝန်ကြီး Vincent Floreani ကလည်း ရခိုင်ပြည်နယ်အတွင်း အခြေအနေနှင့်
ပတ်သက်၍ “လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေအပေါ်မှာ စိုးရိမ်ဖွယ်ရာ အကြမ်းဖက် အပြုအမူတွေနဲ့
ပတ်သက်တဲ့ အစီရင်ခံချက်တွေ ရှိနေပါတယ်။ နိုင်ငံသားအားလုံးအပေါ်မှာ ခွဲခြားဆက်ဆံမှုမပြုဘဲ အကာအကွယ်ပေးဖို့နဲ့ မတရားပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအာဏာပိုင်များကို တောင်းဆိုလိုပါတယ်” ဟု တနင်္လာနေ့က ပြောဆိုလိုက်သည်။

ထိုသို့ ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းများနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ တောင်းဆိုနေကြစဉ် အတွင်းမှာပင် ကျောက်တော်မြို့နယ်အတွင်း အကြမ်းဖက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပွားလာကာ လူ သုံးဦး သေဆုံးခဲ့ပြီး အနည်းတုံး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရအရာရှိအား ကိုးကား၍ AFP သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
http://www.mizzimaburmese.com/news/
မှကူးယူဖော်ပြပါသည်။

မြေပုံမြို့ရှိ မွတ်စ်လင်မ်နေအိမ်များ ညမထွက်ရ အချိန်တွင် ဖျက်ဆီးခံရ

 ရခိုင်ပြည်နယ်မြေပုံမြို့ရှိ မွတ်စ်လင်မ်နေအိမ်များ ညမထွက်ရအချိန်တွင် ဖျက်ဆီးခံရ

   မြေပုံမြို့ ရှိ မွတ်စ်လင်အိမ်ခြေများကို ရခိုင်ဗုဒဘာသာအကြမ်းဖက်သမားများက 6/8/12 ညဘက်တွင် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း ဖျက်ဆီးခံရသူများ၏သတင်းပေးပို့ ချက် အရသိရသည်။ အဆိုပါဖျက်ဆီးခံရမှုများကို တရားမ၀င်မြေအောက်ဂိုဏ်း တစ်ခုဖြစ်သည့် " ရခိုင်အားမာန်သွေးသောက်အဖွဲ့ ” ကဦးဆောင်နေကျူးလွန်ခဲ့ ခြင်းဖြစ်သည်။

"ဦးစံသိန်း အိမ်ကိုည63း0လောက်မှာ စတင်ဖျက်ဆီးတယ်၊ ညပိုင်းမှာ ၁၀ နာရီမီးဖျက်တော့ ည၁၁နာရီလောက်မှစတင်ပြီး ဦးကြာအေး၊မအေးနု၊ဦးကာလူ၊ဒေါ်ခင်လှမေ၊မခင်ထွေး တို့ ရဲ့ နေအိမ်များကိုဖျက်ဆီးကြတာပါ။” ဟုနေအိမ်အဖျက်ခံရသူတစ်ဦးက Myanmar Muslim.net သို့ ပြောကြားခဲ့ သည်။

ဖျက်ဆီးခံရသူများထဲမှ ဒေါ်ခင်လှမေ သည်ကပ်ဒေါင်းဆွဲကျေးရွာ မူလတန်းကျောင်းအုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါတောင်ပေါ်ရပ်ကွက် အ.မ.ကကျောင်းတွင်တာဝန်ထမ်းဆောင်နေသည့်ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ "မွတ်စ်လင်မ်အိမ်တွေ အဖျက်ခံနေရတာကို အသံတွေကြားလည်း သွားမကြည့်ရဘူး သွားကြည့် ရင်ကြည့် တဲ့ လူကိုဖမ်းပြီး ကိုယ့်အိမ်ကိုယ် ပြန်ပြီးမီးရှို့ တယ်တို့၊ အိမ်ကိုဖျက်တယ်တို့ ၊ ဆိုပြီးအပြစ်ပုံချမှာကို စိုးရိမ်မိတယ်။” ဟုမြေပုံဒေသခံတစ်ဦးကကိုယ်တွေ့ကြုံနေရသည်များကိုပြောကြားခဲ့သည်။

မြေပုံရှိမွတ်စ်လင်မ်အိမ်ခြေများကို ဦးဆောင်ဖျက်ဆီးနေသည့် ရခိုင်အားမာန်သွေးသောက် တရားမ၀င်ဂိုဏ်းသည် ရခိုင်အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီနှင့် အဆက်အသွယ်ရှိသူများဟု ဒေသခံများကပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရခိုင်အားမာန် တရားမ၀င်ဂိုဏ်းအား မြေပုံမြို့ တောင်ကျောင်း ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အရှင်သိရုမဏိ ကဦးစီးပြီး ဦးမောင်ရေချမ်း၊ UK မိတ္တူဆိုင် ပိုင်ရှင်ဦးကျော်သန်း၊ရခိုင်အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီမှ ဦးအောင်သာဇံ တို့ကထိန်းချုပ် လှုပ်ရှားနေကြောင်းသိရသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ကျနော်တို့မွတ်စ်လင်မ်တွေအတွက် ဆန်အိတ်သုံးဆယ်ဝယ်ပေးခဲ့တဲ့ ရခိုင်ဗမာတစ်ယောက်ကိုသူတို့က ရန်ရှာတယ်။ပြီးတော့ အဲဒီရိက္ခာတွေကို ကျနော်တို့ကိုမပေးရဘူးဆိုပြီးပြန်သိမ်းသွားတယ်။ အဲဒါဦးအောင်သာဇံတို့အဖွဲ့ပါ”ဟု ရိက္ခာပြတ်လပ်မှု့ ကြောင့်ဒုက္ခကြုံတွေ့နေရသည့် အစ္စလာမ်ဘာသာဝင်များထဲမှ ဘာသာဝင်တစ်ဦးကသတင်းပေးပို့ခဲ့ပါသည်။

တာဝန်ရှိသူများမှ ယခုအချိန်အထိ ထိုအဆိုပါဥပဒေမဲ့ အကြမ်းဖက်မှုများကို တားဆီးဟန့်တားခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်သည်ကို မတွေ့ ရသေးပါ။

မြေပုံမြို့ရှိ မွတ်စ်လင်မ်နေအိမ်များ ညမထွက်ရ အချိန်တွင် ဖျက်ဆီးခံရ



ရခိုင်ပြည်နယ်မြေပုံမြို့ရှိ မွတ်စ်လင်မ်နေအိမ်များ ညမထွက်ရအချိန်တွင် ဖျက်ဆီးခံရ

သြဂုတ်၊ ၇ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
ရန်ကုန်။
မြေပုံမြို့ ရှိ မွတ်စ်လင်အိမ်ခြေများကို ရခိုင်ဗုဒဘာသာအကြမ်းဖက်သမားများက 6/8/12 ညဘက်တွင် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း ဖျက်ဆီးခံရသူများ၏သတင်းပေးပို့ ချက် အရသိရသည်။ အဆိုပါဖျက်ဆီးခံရမှုများကို တရားမ၀င်မြေအောက်ဂိုဏ်း တစ်ခုဖြစ်သည့် " ရခိုင်အားမာန်သွေးသောက်အဖွဲ့ ” ကဦးဆောင်နေကျူးလွန်ခဲ့ ခြင်းဖြစ်သည်။

"ဦးစံသိန်း အိမ်ကိုည63း0လောက်မှာ စတင်ဖျက်ဆီးတယ်၊ ညပိုင်းမှာ ၁၀ နာရီမီးဖျက်တော့ ည၁၁နာရီလောက်မှစတင်ပြီး ဦးကြာအေး၊မအေးနု၊ဦးကာလူ၊ဒေါ်ခင်လှမေ၊မခင်ထွေး တို့ ရဲ့ နေအိမ်များကိုဖျက်ဆီးကြတာပါ။” ဟုနေအိမ်အဖျက်ခံရသူတစ်ဦးက Myanmar Muslim.net သို့ ပြောကြားခဲ့ သည်။

ဖျက်ဆီးခံရသူများထဲမှ ဒေါ်ခင်လှမေ သည်ကပ်ဒေါင်းဆွဲကျေးရွာ မူလတန်းကျောင်းအုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါတောင်ပေါ်ရပ်ကွက် အ.မ.ကကျောင်းတွင်တာဝန်ထမ်းဆောင်နေသည့်ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ "မွတ်စ်လင်မ်အိမ်တွေ အဖျက်ခံနေရတာကို အသံတွေကြားလည်း သွားမကြည့်ရဘူး သွားကြည့် ရင်ကြည့် တဲ့ လူကိုဖမ်းပြီး ကိုယ့်အိမ်ကိုယ် ပြန်ပြီးမီးရှို့ တယ်တို့၊ အိမ်ကိုဖျက်တယ်တို့ ၊ ဆိုပြီးအပြစ်ပုံချမှာကို စိုးရိမ်မိတယ်။” ဟုမြေပုံဒေသခံတစ်ဦးကကိုယ်တွေ့ကြုံနေရသည်များကိုပြောကြားခဲ့သည်။

မြေပုံရှိမွတ်စ်လင်မ်အိမ်ခြေများကို ဦးဆောင်ဖျက်ဆီးနေသည့် ရခိုင်အားမာန်သွေးသောက် တရားမ၀င်ဂိုဏ်းသည် ရခိုင်အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီနှင့် အဆက်အသွယ်ရှိသူများဟု ဒေသခံများကပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရခိုင်အားမာန် တရားမ၀င်ဂိုဏ်းအား မြေပုံမြို့ တောင်ကျောင်း ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အရှင်သိရုမဏိ ကဦးစီးပြီး ဦးမောင်ရေချမ်း၊ UK မိတ္တူဆိုင် ပိုင်ရှင်ဦးကျော်သန်း၊ရခိုင်အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီမှ ဦးအောင်သာဇံ တို့ကထိန်းချုပ် လှုပ်ရှားနေကြောင်းသိရသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ကျနော်တို့မွတ်စ်လင်မ်တွေအတွက် ဆန်အိတ်သုံးဆယ်ဝယ်ပေးခဲ့တဲ့ ရခိုင်ဗမာတစ်ယောက်ကိုသူတို့က ရန်ရှာတယ်။ပြီးတော့ အဲဒီရိက္ခာတွေကို ကျနော်တို့ကိုမပေးရဘူးဆိုပြီးပြန်သိမ်းသွားတယ်။ အဲဒါဦးအောင်သာဇံတို့အဖွဲ့ပါ”ဟု ရိက္ခာပြတ်လပ်မှု့ ကြောင့်ဒုက္ခကြုံတွေ့နေရသည့် အစ္စလာမ်ဘာသာဝင်များထဲမှ ဘာသာဝင်တစ်ဦးကသတင်းပေးပို့ခဲ့ပါသည်။

တာဝန်ရှိသူများမှ ယခုအချိန်အထိ ထိုအဆိုပါဥပဒေမဲ့ အကြမ်းဖက်မှုများကို တားဆီးဟန့်တားခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်သည်ကို မတွေ့ ရသေးပါ။
 http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

သံတွဲမြို့တွင် ဘာသာရေးအဓိကရုဏ်း ဖြစ်အောင်လူတစ်စုမှ လှုံဆော်လျက်ရှိ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဘာသာရေးအဓိကရုဏ်းများ ပေါ်ပေါက်လာစေရန် လူတစ်စုမှ လှုံ့ဆော်လျှက်ရှိ

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်တွင် (၃-၆-၂၀၁၂)နေ့တွင် အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် (၁၀)ဦးကို ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခဲ့သည့်အမှုတွင် သံတွဲမှ တောင်ကုတ်သို့ သတ်ဖြတ်ရန် သတင်းပေးသူမှာ သံတွဲမြို့မှ ရဲအောင်လံကားဂိတ်မှူး ဦးထွန်းသန့်ကျော်(ခ)ကျော်ကျော် ဖြစ်သည်ဟု စုံစမ်းသိရှိပါသည်။(၃၀-၅-၂၀၁၂)နေ့မှစပြီး တောင်ကုတ်မြို့ပေါ်တွင် ဘာသာရေးဆူပူမှုဖြစ်စေရန် လှုံ့ဆော်စာများဖြန့်ခြင်း၊ ကပ်ခြင်းများအား တက်ကြွစွာဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစ်စုံတစ်ရာ ဟန့်တားခြင်းများ မရှိခဲ့ပါ။

ယခုအခါတွင်လည်း အဆိုပါနည်းတူပင် “သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌဆုံးဖြတ်ချက်ကိုကြိုဆိုထောက်ခံကြောင်း” ဟူ၍ ခေါင်းစဉ်တပ်ကာ သံတွဲမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ၏ အိမ်တိုင်းတွင် နိုင်ငံတော်အလံလွှင်ထူရန် စည်းရုံးနေကြောင်း သံတွဲမြို့မှလာသော သတင်းများအရ သိရှိရပါတယ်။အဆိုပါ စည်းရုံးမှုအား အစ္စလာမ်ဘာသာဝင်များမသိရှိရအောင် လက်သိပ်ထိုး လှုံ့ဆော်နေပြီး မြို့ပေါ်ရှိ မွတ်စလင်မ်များ၏နေအိမ်များ၊ဆိုင်များ၊ ဗလီများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူများအား ဓာတ်ပုံများ ခိုးရိုက်၍ ရိုဟင်ဂျာများအဖြစ် ပုံမှားရိုက်ကာ ၀ါဒဖြန့်နေကြောင်း၊ ဂျိန္တလီ ဘုန်းတော်ကြီးထံ သွားရောက်၍ သွေးကြွလာအောင် စည်းရုံးခြင်း၊ ကျေးရွာများသို့ သွားရောက်၍ အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်ဖျက်ဆီးကြရန် လှုံ့ဆော်နေခြင်း၊ မြို့ပေါ် သုဿန်ရှိ မီးသင်္ဂြီုဟ်စက်တွင် စက်လည်ပတ်ရန် လောင်စာဟု အကြောင်းပြ၍ ကားကျွတ်စများအား မီးကွင်းများ ဖန်တီးနေခြင်း၊ gtc ကျောင်းရှိရာတွင် စာရွက်စာတမ်းများ လိုက်လံဝေငှနေခြင်း၊ ကောလဟလသတင်းများ ထုတ်၍ နယ်မှလာသော ကျောင်းသားများအား သွေးပျက်စေရန် ခြိမ်းခြောက်နေခြင်းများအား ယခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ် ပြုလုပ်လာနေတယ်လို့ ဒေသခံ သံတွဲမြို့ခံများမှ ပြောပြကြပါတယ်။

သံတွဲမြို့တွင် ရိုဟင်ဂျာလူမျိုးများလည်း နေထိုင်ခြင်းမရှိခဲ့သလို ရှေးယခင်ကတည်းက မတူကွဲပြားသည့် ဘာသာများကြား ရင်းနှီးငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး၊ မည်သည့်ပြဿနာမျှ ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့သည့် အစဉ်အလာအား ဖျက်ဆီးရန်အတွက် RNDP ပါတီဝင်ဖြစ်သော ဦးဌေးအောင် (ဆိုင်ကယ်ပစ္စည်းရောင်း)၊ ဦးထွန်းသန့်ကျော်(ခ)ကျော်ကျော် (ရဲအောင်လံဂိတ်မှူး)၊ ဦးဝင်းကိုလေး (ဒီဇယ်ဓာတ်ဆီ)၊ ဦးလှဝေ (စက်ချုပ်) အစရှိသူတို့ လေးဦးမှ တောင်ကုတ် သွေးထိုးလှုံ့ဆော်မှုများကဲ့သို့ပင် လွတ်လပ်စွာဖြင့် လိုက်လံဆောင်ရွက်နေသည်ကို သက်ဆိုင်ရာအာဏာပိုင်များမှ ယနေ့အချိန်ထိ ၀င်ရောက် တားမြစ်ခြင်း မရှိသေးကြောင်း၊ ယခုအခါ ၎င်းတို့၏ သွေးထိုးမှုများကြောင့် အချို့နေရာများတွင် တည်ငြိမ်မှုများ ပျက်ပြားလာနေပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့များကဲ့သို့ ပြဿနာများ ကြီးထွားလာမည်ကို ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ ကြီးထွားလာနေပြီး သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ ၀င်ရောက်ဟန့်တားစေချင်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်နေသော ပြဿနာရပ်များအား မြန်မာမွတ်စလင်မ်များအနေဖြင့် သဘောထား မှတ်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း အာဏာပိုင်များဘက်မှ ယခုကဲ့သို့ ပြဿနာများ မပေါ်ပေါက်မီ အချိန်မီ တားဆီးပေးခြင်းမရှိကြောင်းနဲ့၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီတချို့၊ ခေါင်းဆောင်တချို့နှင့် အာဏာပိုင်များသည် ပဋိပက္ခ အစဉ်အလာမရှိခဲ့သော ယခု သံတွဲကဲ့သို့သော မြို့များတွင်ပါ ဘာသာရေးတိုက်ခိုက်မှုမီးစများအား လောင်ကျွမ်းလာစေရန် အားပေးအားမြှောက်ပြု ပုံဖော်နေတယ်လို့ ဒေသခံများက သံသယ၀င် စိတ်ပျက်နေကြပါတယ်။

လတ်တလော ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်များတွင် ဗုဒ္ဓဘာသာဝင်အများစုရှိရာ တိုင်းပြည်အတွင်း၌ မတူကွဲပြားသည့် ဘာသာတရားများအပေါ် အဓိကရုဏ်းဖြစ်ဟန်ပြပြီး အာဏာပိုင်များဘက်မှ စနစ်တကျ ပူးပေါင်းပံ့ပိုးပေးနေတယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အကဲ့ဖြတ်ခံနေရပြီး နိုင်ငံအတွင်းမှာတော့ သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ ထိုအချက်ကို ငြင်းကွယ်ထားပါတယ်။ သို့သော် မြန်မာနိုင်ငံရှိ ထင်ရှားသော အာဏာရှင်အုပ်စုဖြစ်သည့် စစ်တပ်အပါအ၀င် အုပ်ချုပ်ရေးယန္တရားများအတွင်း လူနည်းစုဘာသာဝင်များ၊ လူနည်းစုတိုင်းရင်းသားများအား အဆင့်မြင့်ရာထူးများ ပေးအပ်ခြင်းမရှိခဲ့သလို၊ အစိုးရနှင့်မဆိုင်သည့် အဖွဲ့အစည်းများအတွင်းတွင်လည်း အဆိုပါကဲ့သို့ ခွဲခြားဆက်ဆံမှုများရှိနေတယ်လို့ အကဲခတ်လေ့လာသူများမှ ဝေဖန် ထောက်ပြပြောဆိုနေပါတယ်။
 http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

ပါကစ္စတန် သမ္မတ မြန်မာသမ္မတထံ ရိုဟင်ဂျာအရေး စာပို့

  နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်မှ လူမျိုးရေး ပဋိပက္ခများအတွင်း ရိုဟင်ဂျာ မူဆလင်များ သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ လေးနက်စွာ စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်သမ္မတ Asif Ali Zardari က မြန်မာသမ္မတ ဦးသိန်းစိန်ထံ အင်္ဂါနေ့က စာရေးသား ပေးပို့လိုက်သည်။

သမ္မတ Zardari ၏ စာထဲတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား မြန်မြန်ထက်ထက် ဆောင်ရွက်ရန်
တောင်းဆိုထားပြီး သို့မှသာ ရိုဟင်ဂျာများ ၎င်းတို့နေအိမ်များသို့ ပြန်သွားကာ လုံခြုံစိတ်ချရသည့်ဘဝသို့ ရောက်ရှိစေ မည်ဟု ပါရှိကြောင်း ပါကစ္စတန် အေပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ပါကစ္စတန် အစိုးရနှင့် ပြည်သူများအနေဖြင့် မူဆလင်များ သေဆုံးကြရမှုအပေါ် များစွာ ကြေကွဲရပြီး အတိဒုက္ခရောက်မှု များ အတွက်လည်း နက်ရှိုင်းစွာ စိုးရိမ်ပူပန်လျက် ရှိကြကြောင်းလည်း Zardari က ဆိုသည်။

ထို့အပြင် လူမှုအသိုက်အဝန်းများ ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်းကသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
နောက်ကြောင်းမပြန်ရန် အာမခံပေးနိုင်မည်ဖြစ်ကြောင်းလည်း ပါကစ္စတန် သမ္မတက ဦးသိန်းစိန်ထံ စာရေးသားပေးပို့ လိုက်သည်။

ရခိုင်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွင်း မူဆလင် အများအပြား သေဆုံးသွားရကြောင်း သတင်းများကြောင့် ပါကစ္စတန်ရှိ လက်ျာ နိုင်ငံရေးပါတီများ၊ ဘာသာရေး အခြေခံအဖွဲ့များက ၎င်းတို့အစိုးရအား အရေးတယူ ဆောင်ရွက် ပါရန် တောင်းဆိုမှုများ ရှိနေသည်။ ထို့အပြင် ပါကစ္စတန်အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့တခုဖြစ်သည့် (TTP)ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား ပိတ်ရန်နှင့် နှစ်နိုင်ငံ အဆက်အသွယ်များ
ဖြတ်တောက်ရန် Zardari အစိုးရအား တောင်းဆိုထားပြီး သို့မဟုတ်ပါက လက်တုန့်ပြန် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု မြန်မာအစိုးရအား ခြိမ်းခြောက်မှုများ ရှိနေသည်။

http://www.mizzimaburmese.com/ 
မှကူးယူဖော်ပြပါသည်။

Tuesday, August 7, 2012

ကုရ်အာန်ကျမ်းမြတ် ပထမဆုံး ပန်ဂျာဘီ ဘာသာပြန် ထွက်ရှိ။


 

Share
 
Tauqir Amaan Khan ဟာ ကျမ်းမြတ်ကုရ်အာန်ကို ပန်ဂျာဘီဘာသာကို ပထမဆုံးပြန်ဆိုတဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦးဖြစ်လာပါတယ်။ ကျမ်းမြတ်ကုရ်အာန်ဟာ ကမ္ဘာ တစ်ဝှမ်းလုံးမှာ ဘာသာစကားအမျိုးမျိုးကို ပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။ ပန်ဂျာဘီဘာသာစကားဟာ ကမ္ဘာ့ပထမဆုံးဘာသာစကား ဆယ်မျိုးထဲမှာ ပါင်တယ်လို့ ယူဆရပြီး ကမ္ဘာပေါ်ကလူပေါင်း သန်း၄၀လောက်ဟာ ပန်ဂျာဘီဘာသာစကားကို နားလည်အသုံးပြုနေကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာပဲ လူပေါင်း ၁၂သန်းလောက်ဟာ ပန်ဂျာဘီဘာသာစကားကို နားလည် ပြောဆိုနေကြပြီး အိန္ဒိယနိုင်ငံက လူပေါင်း သန်း၃၀ကျော်လောက်လည်း နားလည်အသုံးပြုနေကြပါတယ်။
သီးသန့် အင်တာဗျူးတစ်ခုမှာ
Amaan Khan က ပန်ဂျာဘီတစ်ယောက်ဖြစ်နေခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ အာယသ်တော်ကို သူ့ ရဲ့မိခင်ဘာသာစကားကို ပြောင်းလဲပေးဖို့  တာဝန်ရှိသလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
သူ့ ရဲ့ဘာသာပြန်စာအုပ်မှာ အာရဗီဘာသာစကားနဲ့  ပန်ဂျာဘီဘာသာစကားကို ယှဉ်တွဲဖော်ပြထားပါတယ်။ ဒီလိုဘာသာပြန်ခြင်းမပြုလုပ်ခင်က သူဟာ စာအုပ်ပေါင်း မြောက်များစွာကို လေ့လာဖတ်ရှုခဲ့ပါတယ်။
ဟာဖိဇ် နဇွာရ်မုဟမ္မဒ်၊ မော်လနာ ဗရှီရ်အဟ်မဒ်၊ ဒေါက်တာ အတ်စ်ရားအဟ်မဒ်၊ မောင်လနာမောင်ဒူဒီ၊ ဂျာဗီဒ်အဟ်မဒ်ဂါမဒီ၊ အမီးန်အဟ်စာန်အဆ်ွလာဟီ၊ မော်လာနာ အဗုလ်ကလာမ်အာဇာသ်၊ မုဖ်သီမုစ်သွဖာ၊ မော်လနာ အရှ်ရှဖ်အလီထာနဝီ၊ ပီရ်ကရမ်ရှားဟ် တို့ ရေးသားခဲ့တဲ့စာအုပ်တို့ ကို ဖတ်ရှုခဲ့ပါတယ်။
Khan က သူဘာသာပြန်ခြင်းရဲ့ရည်ရွယ်ချက်က ဖတ်ရှုသူတွေအတွက် ကုရ်အာန်ကျမ်းမြတ်ဟာ အကြွင်းမဲ့လက်ခံကြည့်သုံးနိုင်တဲ့ ကျမ်းမြတ်ဖြစ်ကြောင်း သိရှိကျေနပ်နိုင် စေဖို့  ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ဟဂ်ျကပြန်လာပြီး ၂၀၀၂ခုနှစ်လောက်ကတည်းက ကုရ်အာန်ကို ဘာသာပြန်ဆိုနိုင်ဖို့ ကြိုးစားခဲ့တာပါ။ စာအုပ်တွေ ဖတ်ဖို့ နဲ့ နားလည်နိုင်ဖို့ ကို လေးနှစ်လောက် အချိန်ယူခဲ့ရပြီး ၂၀၀၇ ခုနှစ်ရောက်မှ စူရဟ်ဖာသွိဟ်ကို ပထမဆုံး စတင်ပြန်ဆိုနိုင်ခဲ့ပါတယ်။
တစ်နေ့ ကို ၁၈နာရီနဲ့  နာရီ ၂၀လောက်အချိန်ယူပြီး ပြန်ဆိုခဲ့ပါတယ်။ ဒီလိုဘာသာပြန်နေစဉ် အချိန်အတွင်းမှာ သူငယ်ချင်းတွေ ဆွေမျိုးတွေနဲ့ လည်း မတွေ့ ဆုံနိုင်ခဲ့ဘူးလို့  ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ နောက်ဆုံး သူရဲ့ဘာသာပြန်ဆိုခြင်းဟာ ၂၀၀၉ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
(ummat news)
ဇူလိုင်လထုတ် အလ်မီဇားန် အမှတ်၁၁ မှ
http://news.mmsy.info/
မှကူးယူဖော်ပြပါသည်။

Monday, August 6, 2012

ရိုဟင်ဂျာမွတ်စလင်တို့အတွက်“ ဖွင့်ထားသော ထောင်ကြီး”

 
သို့သော် ခွင့်ပြုချက်ရမည် မရမည်ကိုမူ အာမခံချက်မရှိချေ။ ဇနီးမောင်နှံတို့၏ လာဘ်ငွေမည်မျှပေးနိုင်မပေးနိုင်ပေါ်မူတည်ကာ လက်ထပ်မင်္ဂလာပွဲသည် နှစ်နှင့်ချီကြာညောင်းသည်လည်း ရှိ၏။ ရိုဟင်ဂျာမွတ်စလင်ဇနီးမောင်နှံတို့အား သားသမီး၂ဦးထက်ပိုမယူရဟု အာဏာပိုင်တို့က ခံဝန်ကတိပြုခိုင်း သည်။ သားသမီးယူခွင့်ကိုပင်လျှင် တံစိုးလက်ဆောင်ပေးကမ်းကြရသေးသည်။ အကယ်၍ သားသမီး၂ဦးထက် ပိုမိုယူမိပါက ပိုလာသောကလေးကို အာဏာပိုင်တို့က တရားမ၀င်ကလေးအဖြစ် သတ်မှတ်လိုက်ကြသည်။

ထို့ပြင် တစ်ရွာနှင့်တစ်ရွာ တစ်နေရာနှင့်တစ်နေရာ လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိချေ။ အာဏာပိုင်များထံ ခွင့်ပြုချက်ယူကာ ၎င်းတို့သတ်ထားသည့် ကာလအတွင်း ပြန်လာကြရသည်။ ရန်ကုန်ကဲ့သို့ မြို့ ကြီးများသို့ ခရီးသွားခွင့်ကိုမူ အာဏာပိုင်တို့က အထူးကန့်သတ်ထားသည်။
လာဘ်ငွေများစွာပေးမှ အကန့်အသတ်နှင့်သွားခွင့်ရသည်။
 
ရိုဟင်ဂျာတက္ကသိုလ်ကျောင်းသူကျောင်းသားများက မိမိတို့ရွာမှ စစ်တွေမြို့ပေါ်သို့ သွားရောက်ပညာသင်ယူရာတွင်လည်း အာဏာပိုင်တို့ထံ ခွင့်ပြုချက်တောင်းခံရပြီး ရက်အကန့်အသတ်နှင့်သာ ကျောင်းတက်ခွင့်ရှိသည်။

သို့သော် ခွင့်ပြုရက်ကုန်ဆုံးပါက အိမ်ပြန်ပြီး နောက်တစ်ဖန် ခွင့်ပြုချက်အသစ်ပြန်လုပ်၍ ကျောင်းပြန်တက်ရသည်။ နိုင်ငံသားဥပဒေသစ်ပေါ်လာပြီးနောက်ပိုင်း ရိုဟင်ဂျာများသည် အစိုးရအဆင့်မြင့်ရာထူးများတွင်သာမက အဆင့်နိမ့်ရာထူးများတွင်ပါ တာဝန်ထမ်းဆောင်ခွင့်ပိတ်ပင်ခံခဲ့ရသည်။ ရိုဟင်ဂျာစီးပွားရေးသမားများမှာလည်း လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်မရှိဘဲ ရခိုင်စီးပွားရေးသမားများထံ ငွေကြေးအမြောက်အများပေးကာ စီးပွားကုန်သွယ်ခွင့်ပါမစ်ရယူပြီးမှ စီးပွားလုပ်ကြရသည်။ ထို့ပြင် ၎င်းတို့မှာ မကြာခဏငွေညစ်ခံရပြီး အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံရလေ့ရှိသည်။

ရိုဟင်ဂျာများသည် မိသားစုများကို မြန်မာပြည်၌ထားခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့် သွားရောက်လုပ်ကိုင်ကြသည့်အခါ အိမ်ပြန်လာခွင့်မရှိတော့ချေ။ ၎င်းရိုဟင်ဂျာမွတ်စလင်တို့သည် မြန်မာပြည်မှ တစ်ကြိမ်တစ်ခါ ထွက်သွားလိုက်ရုံနှင့် ၎င်းတို့၏မိသားစုသန်းခေါင်စာရင်းမှ ထုတ်ပယ်ခြင်းခံရလေ့ရှိကြောင်း နစ်နာသူများက မကြာခဏကန့်ကွက်ပြောဆိုခဲ့ကြသည်။ ရိုဟင်ဂျာများသည် အများအားဖြင့် ကြောက်ရွံ့နေရလေ့ရှိသည်။ ပြီးခဲ့သည့် လူမျိုးတုံးသုတ်သင်မှုအကြမ်းဖက် ကာလအတွင်း ဒေသခံရိုဟင်ဂျာများထံ
ဖုန်းဆက်မေးမြန်းရာတွင် ၎င်းတို့က တိုက်ခိုက်ခံရမှုနှင့် လူမဆန်သော သတ်ဖြတ်ခံရမှုအရေအတွက်ကို လွတ်လွတ်လပ်လပ်မပြောနိုင်ဘဲ ကြောက်လန့်နေကြသည်။

၎င်းတို့၏ ပစ္စည်း ဥစ္စာများ တိုက်ခိုက် လုယက်ခံရပြီး အိမ်များကိုလည်း မီးလောင်တိုက်သွင်းခံခဲ့ရသဖြင့် အသက်လု ထွက်ပြေးကြရသည်။ ထို့အပြင် ၎င်းတို့၏မျိုးရိုးစဉ်ဆက် နှစ်ပေါင်းများစွာနေထိုင်လာကြသော ဒေသမှ အတင်းအဓမ္မမောင်းထုတ်ခံရပြီး စားနပ်ရိက္ခာနှင့်
 
ဆေးဝါးကုသမှုအခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ အဆိုးဝါးဆုံးမှာ ရခိုင်ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် လူမျိုးရေးအစွန်းရောက် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ(RNDP)တို့က NGOs များထံမှ အကူအညီများကို ကြားဖြတ်ဝင်ရောက် ပိတ်ပင်လုယက်နေခြင်းဖြစ်ပြီး အဆိုပါဒေသတွင် မည်မျှအကြမ်းဖက်နေသည်ကို နိုင်ငံတကာမီဒီယာများ သတင်းမှန်မရစေရန်အမျိုးမျိုး ပိတ်ပင်တားဆီးကြသည်။

ရိုဟင်ဂျာတို့၏ဘ၀သည်ကား “ဖွင့်ထားသော ထောင်ကြီး”ထဲတွင် နေထိုင်ရသကဲ့သို့ ထူးမခြားနားပေ။ ဖမ်းဆီးနှိပ်စက်ခံ ရိုဟင်ဂျာတို့သည် “ထောင်ကြီးထဲမှ ထောင်လေးသို့” သက်ဆင်းရသည်နှင့်တူသည်။ ယင်းထောင်ကြီးအား နိုင်ငံတကာလူ့အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဥရောပသမဂ္ဂနှင့် အာဆီယံတို့၏ ဖိအားဖြင့်သာ ရိုက်ချိုးနိုင်မည်ဖြစ်သည်။သို့ဖြစ်၍ လူမျိုးစု ကချင်နှင့်ရိုဟင်ဂျာတို့ ဆက်လက်ဖိနှိပ်ညှင်းပန်းခံနေရသော မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံလိုသော အမေရိကန်ပြည်ထောင်စုအနေဖြင့် သေသေချာချာ စေ့စေ့စပ်စပ်ပြန်လည်ကြည့်ရှုဆင်ခြင်သင့်ပါကြောင်း။ ။

  http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

ကိုမြအေးရဲ့ ၀တ္တုကို ကြည်ဖြူသျှင် ဗီဒီယို ရိုက်မည်

 
  ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ မိသားစု နောက်ခံပြု ရေးသားထားသည့် “မိုးကောင်းကင်၌ တိမ်တိုက်များ” ၀တ္တုကို ဒါရိုက်တာ ကြည်ဖြူသျှင်က ဗီဒီယိုဇာတ်ကားအဖြစ် သြဂုတ် ၂၃ ရက်တွင် သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်တို့ဖြင့် စတင် ရိုက်ကူးသွားမည် ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရန် ထိုက်တန်သည့် ဇာတ်ကားတကား ဖြစ်သော်လည်း ပရိသတ်အား မြန်မြန်ချ
ပြချင်လိုသည့် စိတ်ဆန္ဒကြောင့် ဗီဒီယိုအဖြစ် ရိုက်ကူးလိုက်ရခြင်းဖြစ်ကြောင်း ဒါရိုက်တာ ကြည်ဖြူရှင်က သြဂုတ် ၃ ရက်က ကျင်းပသည့် ကိုမြအေး၏ ၎င်းဝတ္တု မိတ်ဆက်ပွဲတွင် ပြောကြားသွားသည်။

ဝတ္တု၏ ဇာတ်လမ်းကျောရိုးမှာ မှာ မိသားစုဘ၀ မည်မျှတန်ဖိုးကြီးမားကြောင်းကို ရေးသားထားသည်။

“ဒီဝတ္တုက ပညာပေး ၀တ္တုတပုဒ်ပါ။ ပြည်သူလူထုကို ပေးချင်တဲ့ ရည်ရွယ်ချက်တွေ ၀တ္တုထဲမှာ အများကြီး ရှိနေတယ်” ဟု ကြည်ဖြူသျှင် က ဆိုသည်။

ဝတ္တုအား နာမည်ကြီး စာရေးဆရာကြီးများအား ပေးနှုန်းအတိုင်း ၀ယ်ယူခဲ့သည် ကြည်ဖြူသျှင် က ပြောသည်။ ရိုက်ကွင်းနေရာများကိုမူ အတိအကျ မသိရသေးပေ။  http://www.mizzimaburmese.com/   
မှကူးယူဖော်ပြပါသည်။
   

ရွှေနိုင်ငံနှင့်ရိုဟင်ဂျာ (သရော်စာ)

ကနေဒါမှမေခလာ
ကမ္ဘာ့အလည်တွင် ရွှေနိုင်ငံဟူသည် ပြိုင်စံရှား တစ်ခုတည်းသောတိုင်းပြည်ဖြစ်သည်။ ယင်းတိုင်းပြည်သည် အလွန်အင်မတန်မှ သံယံဇာတ ပေါကြွယ်ဝလှသည့်အပြင် မျိုးမြင့်မြတ်သော ပညာတတ်လူတန်းစားများ အများစုနေထိုင်ကြသည်။ ၂၁ ရာစုအထိ သိပ္ပံပညာရှင်ပေါင်းများစွာ၊ အသိပညာရှင်ပေါင်းများစွာ၊ နိုဘယ်လ်ဆုရှင်များစွာ၊ သမိုင်းပညာရှင်များစွာတို့  အပြင်လူမျိုးစုနှင့်ယဉ်ကျေးမှု့ ဆိုင်ရာသရုပ်ခွဲပညာတွင်လည်း သူမတူအောင် ထူးချွန်သူများအား မွေးထုတ်ပြီးဖြစ်လေသည်။
ထို့ ကြောင့်နိုင်ငံတကာမှပင် အလွန်လေးစားအားကျအတုယူနေရသည်။ အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ် စသည် စသည်တို့ သည်လည်းပြိုင်စံရှား အထူးကောင်းမွန်လှသည့် အပြင် လူတစ်ဦးချင်းစီ၏စည်းကမ်း၊ လူ့ ဘောင်အသိုက်အ၀န်းအားအကျိုးပြုမှု၊ ဘာသာတရား ကိုင်းရှိုင်းမှုတို့ မှာလည်း စံနမူနာယူစရာအတိပင်ဖြစ်သည်။
ယင်းကဲ့သို့ ပြည့်စုံကောင်းမွန်လှသော တိုင်းပြည်သို့ လာရောက်လည်ပတ်ချင်သူ၊ လာရောက်အခြေချနေထိုင်လိုသူများစွာတို့ သည် ယင်းနိုင်ငံသို့ ရောက်ရှိအခြေချရန်အစဉ်မျှော်လင့် ကြိုးစားလျက်ရှိကြသည်။ သိုသော်ဗီဇာစနစ် စည်းကမ်းတင်းကြပ်ပြီး လုံခြုံရေးစနစ်အားကောင်းလွန်းသောကြောင့် အနည်းငယ်မျှချမ်းသာရုံ၊ ပညာတတ်ရုံဖြင့် ယင်းတိုင်းပြည်သို့ ခြေမချနိုင်ပေ။ ဤသို့ သောအခြေအနေတွင် ယင်းတိုင်းပြည်သို့ အလုံးအရင်း နှင့် ၀င်ရောက်လာနိုင်သောသူများရှိလာခဲ့သည်။ ယင်းတို့ လူမျိုးတို့ သည်အလွန်တရာမှဆင်းရဲနုံ့ ချာပြီး ပညာမဲ့ ဥစ္စာမဲ့ အရုပ်ဆိုးအကျည်းတန် လူတန်းစားများဖြစ်ကြသည်။ ထိုလူတန်းစားမျိုးကို ရိုဟင်ဂျာဟု အမည်တွင်သည်။
ယင်းလူမျိုးတို့ သည် သူတို့ ၏ပင်ကိုယ်အရည်အချင်းကြိုးစားမှုကြောင့်မဟုတ်ဘဲ ရွှေနိုင်ငံ၏ သနားကြင်နာတတ်သော၊ ဖေးမှကူညီတတ်သော ရွှေလူမျိုးတို့ သည် နယ်စပ်မှဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းရိုဟင်ဂျာလူမျိုးတို့ အခြေချခွင့်သည် ၂၀ ရာစုတွင် ပိုမိုလာသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ နေထိုင်ခွင့်ရကြသော ပြည်နယ်သည် အင်မတန်မှသံယံဇတပေါကြွယ်ဝသည့်အပြင်၊ တရားမျှတသောအုပ်ချုပ်ရေးစနစ် နှင့် ကမ္ဘာ့ခေတ်အမှီဆုံးခေတ်ပေါ် ဆက်သွယ်ရေး နည်းပညာများဖြင့် ပြည်နယ်အတွင်း နေထိုင်ကျသူများကို ထောက်ပံ့ပေးထားပြီး နေချင့်စဖွယ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ယင်းပြည်နယ်တွင် ရွှေ၊ငွေ၊ကျောက်သံပတ္တမြား အပြင် ရေနံ၊သဘာဝဓာတ်ငွေ့ နှင့် အဆင့်မြင့်စိုက်ပျိုးရေးထုတ်ကုန်များအပြင် နည်းပညာမြင့် မော်တော်ယာဉ်များ၊ လေယာဉ်ပျံများနှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်ကုန်တို့ မှာ စုံလင်လှသည်။ ထို့ ကြောင့်ယင်းပြည်နယ်ရှိ ရွှေရခိုင်ဟုခေါ်တွင်သော မျိုးမြင့်မြတ်သော၊ လှပတင့်တယ်ပြီး ပညာတတ်ရည်မွန်သော သူများသည် ရွှေကိုမြေလိုသုံး၊ ငွေကိုရေလိုသုံးနိုင်ကြသည်။
ရိုဟင်ဂျာများသည် ရွှေရခိုင်လူမျိုးတို့ အား အလွန်အမင်း မနာလိုစိတ်ရှိနေကြသည်။ သူတို့ ကဲ့သို့ ရွှေပန်းကန်များ၊ ရွှေခွက်များဖြင့် စားတော်ပွဲတွင် ရွှင်ပြလိုကြသည်။ ယင်းသို့ သောအခြေအနေများက ငတ်ပြတ်စုတ်ပြတ်နေသော ရိုဟင်ဂျာများကို ယင်းပြည်နယ်တွင် အခြေချနေထိုင်လိုစိတ်ပြင်းပြနေခြင်းဖြစ်သည်။ ရွှေနိုင်ငံမှ ရွှေလူမျိုးတို့ သည် ယင်းရိုဟင်ဂျာများကို သနားသောအားဖြင့် နယ်စပ်ဂိတ်ပင်မထား၊ နိုင်ငံသားစိစစ်ရေးကဒ်ပင်မလို ဧည့်စာရင်းဆိုသည်ကိုကြားဖူးသူဟူ၍မရှိလောက်အောင်
နေထိုင် သွားလာခွင့်ပြုပေးခဲ့ကြသည်။
နေအိမ်မရှိသောရိုဟင်ဂျာများကို နေထိုင်စရာများစီစဉ်ပေးခြင်း၊ ပညာသင်ကြားပေးခြင်း၊ အစာရေစာထောက်ပံခြင်း၊ သာသနာပြုခွင့်ပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများကို အလုပ်အကိုင်ဖန်တီးပေးခြင်းစသည်ဖြင့် ယင်းတို့ ဘ၀တွင်လူဖြစ်ရကျိုးနပ်အောင်ပင် လူသားခြင်းစာနာသောစိတ်အပြည့်ဖြင့် ကူညီပေးနေခဲ့သည်။ ဤသို့ နေထိုင်လာခဲ့ကြရာ ၂၁ရာစုအရောက် ၂၀၁၂ တွင် ရွှေလူမျိုးတို့ သည် ဆိုးသွမ်းရမ်းကားလာသော ရိုဟင်ဂျာလူမျိုးတို့ ကိုမဟာဗျူဟာကျကျ နှင်ထုတ်ရန် ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေနိုင်ငံတွင် မည်သည့်ရွှေလူမျိုးမှ မကျူးလွန်ဖူးသော မုဒိမ်းမှုကို ရိုဟင်ဂျာ (၃)ဦးတို့ က ဆန်းသစ်တီထွင်စွာ ကနဦး ကျူးလွန်မိကြခြင်းဖြစ်သည်။ မည်သို့ မှသည်းမခံနိုင်သော ရွှေလူမျိုးတို့ သည် အမျက်ဒေါသ ချောင်းချောင်း ထွက်လျက် ရွှေရခိုင် ပြည်နယ်သို့ လာရောက်သော ရွှေနိုင်ငံ၏ အခြားမြို့များဖြစ်သော တောင်တွင်းကြီး၊မြောင်းမြ တို့ မှ (၁၀) ဦးပါဝင်သော(ရိုဟင်ဂျာတစ်ဦးမျှပင်မပါသော) ရွှေနိုင်ငံဖွား မွတ်စလင်တရားဟောအဖွဲ့  အားအုပ်စုလိုက် ညင်သာစွာ သုတ်သင်လိုက်ကြသည်။
ပြစ်မှုကျူးလွန်သော တရားခံ (၃)ဦးအနက် ပြစ်မှု့ထင်ရှားသော ထက်ထက်ဆိုသူမှာ ရွှေနိုင်ငံ၏ ထောင်တွင်း၌ပင်မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ထောင်တွင်း၌ မိမိကိုယ်ကိုအဆုံးစီရင်ရန် လွယ်ကူလောက်အောင် အထောက်အပံ့များ ရှိသည် မရှိသည်ဆိုသည်မှာ ယင်းရွှေနိုင်ငံ၏တာဝန်ရှိသူများသာသိခွင့်ရကြမည်။ အကြမ်းဖက်သမားဘင်လာဒင်ကဲ့သို့  ဆိုးသွမ်းယုတ်မာသော ထက်ထက်ဆိုသည်ကိုလည်း သေသောအခါ မည်သူမျှအလောင်းမတွေ့ ရှိနိုင်တော့ပေ။ ရက်စက်ကြမ်းကြုတ်သော
ယင်းထက်ထက်ဆိုသည်ကို မည်သည့် ပြည်ပမီဒီယာမှမြင်တွေ့ ဖူးလိုက်ခြင်းမရှိပေ။ အဓိကဇာတ်ကောင်သည် ဤမျှနှင့်ပင် နိဂုံးချူပ်လေသည်။
ကျန်တရားခံနှစ်ဦးမှာ လည်းမီဒီယာရှေ့ တွင်ပေါ်ထွန်းလာပြီးမကြာမှီသေဒဏ်ဖြင့်ဇီဝိန်ချူပ်လေသည်။ မွတ်စလင်(၁၀)ဦးအား ရွှေလူမျိုးများက ဒေါသအလျောက် ညင်သာစွာ ဆုံးမလိုက်သူများမှာတော့ ယနေ့ ရွှေနိုင်ငံမီဒီယာများတွင် ပျောက်ခြင်းမလှပျောက်ကွယ်နေလေသည်။ ယင်းနှင့်တစ်ဆက်တည်း ဆက်သွယ်ရေးနည်းစနစ် လွန်စွာကောင်းမွန်ပြီး အင်တာနက်စနစ်မြန်ဆန်သောရွှေနိုင်ငံ၏ အင်တာနက်စာမျက်နှာများတွင်လည်း ယင်းရိုဟင်ဂျာများနှင့်ပတ်သက်ပြီး ရွှေလူမျိုးတို့ သိမ်မွေ့ စွာဆဲဆိုသံများ၊ ဘာသာတရားကို စော်ကားသောအဆင့်မြင့်လုပ်ကွက်များ၊ မဟာဗျူဟာကျကျပူပေါင်းပါဝင်သူများဖြင့်စည်ကားလျက်ရှိကြသည်။
ကမ္ဘာ့အင်တာနက်စာမျက်နှာများတွင်လည်း ရွှေနိုင်ငံမှတရားဝင် အမှန်အကန်မထွက်လာသော အချက်အလက်များကြောင့် အကြံအဖန်အချက်အလက်များသာကြီးစိုးလာပြီး ကြိမ်းသူကကြိမ်း၊ ဆဲသူကဆဲ၊ စိန်ခေါ်သူကစိန်ခေါ်နေကြလေပြီ။ ထို့ ပြင် ငတ်ပြတ်မွဲခြောက်နေကျသောကမ္ဘာ့ မီဒီယာများသည်လည်း အလွန်ကြွယ်ဝချမ်းသာသော ရိုဟင်ဂျာများ၏ လာဘ်ပေးမှုကိုရယူကာ ဘက်လိုက်ရေးနေကြလေသည်။ ရွှေတိုင်းပြည်၏ ရွှေလူမျိုးတို့ ၏ သိက္ခာဂုဏ်သတင်းကာ ကမ္ဘာ့အလည်တွင်မွေးပျံ့ကျော်ဇော
လျက်ရှိသည်။ ရွှေတိုင်းပြည်သည် မေတ္တာတရားကြီးစိုးအခြေခံနေကြသူများဖြစ်သဖြင့် ကမ္ဘာ့လူဦးရေ အတော်အများကပင်တန်ပြန်မေတ္တာဖြင့်ချစ်ခင်မပျက်ရှိနေကြသည်။ မကြာမှီကပင် 7day news ဟုခေါ်တွင်သော ရွှေမီဒီယာသည် အမည်၊ မှတ်ပုံတင်နံပါတ် နှင့် နေရပ်ဒေသ အပြည့်အစုံဖြင့်ကမ္ဘာ့အလည် မီဒီယာတွင် သတင်းထွက်ပြီးသော ညင်သာစွာ ဆုံးမသုတ်သင်ခံလိုက်ရသူ ရွှေနိုင်ငံဖွား မွတ်စလင်(၁၀)ဦးကို အိန္ဒိယနိုင်ငံတောင်ပိုင်းကဟု မီဒီယာတွင်ပါဝင်စေခဲ့ခြင်းအားဖြင့် ရွှေနိုင်ငံ၏ ရွှေမီဒီယာများကို ကမ္ဘာကမည်သို့ တုန့် ပြန်မည်ဆိုသည်မှာ နှင့် ရွှေလူမျိုးတို့ ၏ရိုဟင်ဂျာ နှင်ထုတ်သုတ်သင်ရေးဗျူဟာသည် စောင့်ကြည့်ရမည့် ကိုရီးယားဇာတ်လမ်းတွဲပင်ဖြစ်သည်။
http://news.mmsy.info
မှကူးယူဖော်ပြပါသည်။

ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား

 ကမ္ဘာမှာ မူစလင်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယူဒိုယူနို(Susilo Bambang Yudhoyono) ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က သြစတြေလျနိုင်ငံ ဒါဝင်မြို့တွင် သြစတြေလျ နိုင်ငံ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။
အနောက်ဂျားဗားရှိ သူ့ ရဲ့နေအိမ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ယူဒိုယူနို က သူ့ အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေကို တတ်နိုင်သမျှ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နဲ့ ဘက်မလိုက်ဘဲ ကြိုးစား ရှင်းပြနေတာ ဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်၊

ရခိုင်- ရိုဟင်ဂျာ ပဋိပက္ခ ဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ဘဲ ဒေသတွင်း လူုအုပ်စုကြား ဖြစ်ပွါးတဲ့ ပဋိပက္ခသာဖြစ်ပြီး အကြောင်း တိုက်ဆိုင်လို့ ရိုဟင်ဂျာ တွေက မူဆလင်ဖြစ်ပြီး ရခိုင်တွေက ဗုဒ္ဓဘာသာ ဖြစ်နေတာသာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှား သမ္မတ ကပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဇာတိဖြစ်ကြောင်း၊ ဒါပေမဲ့ မျိုးဆက် လေးဆက်လောက် နေထိုင်လာတဲ့ သူတို့ကို မြန်မာ အစိုးရက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ထဲ့သွင်းမှု မရှိသေးဘူးလို့ လည်း ပြောပါတယ်။

ဒီပဋိပက္ခမှာ ရိုဟင်ဂျာ ဒုက္ခသည် ၂၈၀၀၀ ကနေ ၅၃၀၀၀ ထိ များပြားလါကြောင်း၊ စာရင်းအရ ရခိုင် ဒုက္ခသည် ၂၄၀၀၀ ရှိနေကြောင်း၊ ဝေဖန်သူတွေက မြန်မာအစိုးရ ဟာ ရခိုင်တွေကို ဦးစားပေး နေတယ်လို့ ဆိုကြပေမဲ့ တဖက်မှာလည်း ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂ ရဲ့ အကူအညီ အထောက်အပံ့ ပိုရနေတယ်လို့ ရခိုင်တွေက သတိမူ သဘောပေါက် ထားကြောင်းလည်း ပြောဆိုပါတယ်၊

မြန်မာနိုင်ငံက ပြဿနာဖြေရှင်းရေး အတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ သံတမန် လမ်းကြောင်းက တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ထံလည်း အင်ဒိုနီးရှားနိုင်ငံ ရဲ့မျှော်လင့်မှုတွေ နဲ့ပတ်သက်လို့  စာစောင်ပေးပို့မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းပြသွားပါတယ်
http://www.rfa.org/
မှကူးယူဖော်ပြပါသည်။