Saturday, September 8, 2012

ရခိုင်ပြည်နယ် မင်းပြားတွင် မွတ်စလင်မ်တစ်ယောက် ထပ်မံသတ်ဖြတ်ခံရ

 ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွေတမာကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သည့် အစ္စလမ်ဘာသာဝင်တစ်ယောက် လုပ်ငန်းခွင်သို့ထွက်ခွါ ခဲ့ရာမှ ရခိုင်ရွာများအနီးတွင် အသတ်ခံထားရသည့် အလောင်းတွေ့ရှိမှုတစ်ခု စက်တင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မနေ့က တံငါသည်တစ်ယောက် ပျောက်သွားတာ ၊ဒီနေ့ နံနက် ၁၀ နာရီလောက်မှာ အသေပဲတွေ့တယ် ပာု မင်းပြား မြို့နယ်တွင် နေထိုင်သူတစ်ယောက်က myanmarmuslim.net သို့ စက်တင်ဘာ ၅ ရက်နေ့တွင်ပြောကြားသည်။

အသတ်ခံရသည့် အစ္စလာမ်ဘာသာဝင်မှာ မင်းပြားမြို့နယ် ရွှေတမာကျေးရာအုပ်စု၊ လက်မကျေးရွှာနေ မာမွတ်အီစွတ် အသက် ၃၅ နှစ် (ဘ) အဗ္ဗဒွလ်မိုနားဖ် ဆိုသူဖြစ်သည် ။ မာမွတ်အီစွတ် သည်ရေလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့တွင် ပိုက်တန်းရန် သွားခဲ့ပြီးနောက် စက်တင်ဘာ ၅ ရက်နေ့တွင် ဒက်ာရာများစွာဖြင့် သေနေသည့် ၄င်း၏ အလောင်းကို သေဆုံးသူ၏ လှေဝမ်းအတွင်း တွေ့ရှိရသည်ပာု ဒေသခံတစ်ဦးကပြောသည်။လက်မရွာနှင့် တစ်မိုင်ခွဲ အကွာတွင် အလာင်းကိုတွေ့ရကြောင်း သိရသည်။

“သူ့လှေအံထဲမှာပဲ အလောင်းကိုတွေ့တာ၊မြားစူးတွေ စူးတွေ သူ့ခန္ဓာကိုယ်မှာတွေ့တယ်၊ခေါင်းမှာ ဒါးရာရှိတယ် လည်ပင်းကို လှီးထားတယ် “လို့ လူသတ်မှုဖြစ်ပွားရာ ဒေသတွင် နေထိုင်သူကပြောသည်။

ရွှေတမာကျေးရွာအုပ်စုရှိ လက်မကျေးရွာတွင်နေထိုင်သူများသူများသည် အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး လယ်ယာလုပ်ကိုင်သူများပြားပြီး ရေလုပ်ငန်း လုပ်ကိုင်သူအချို့လည်းရှိသည်။ ရခိုင်ပြည်နယ်ရှိဒေသ အနှံ့တွင် အစ္စလာမ်ဘာသာအား သက်ဝင်ယုံကြည်ပါက လူများစုရခိုင်များက တိုက်ခိုက်နှိပ်စက်လေ့ရှိသည်။ ရိုပာင်ဂျာများကို ခိုးဝင်လာသူများပာု စွပ်စွဲပြီး တိုင်းရင်းသားအဖြစ် သတ်မှတ်ခံထားရသည့် ကမန်များကိုလည်း ရိုပာင်ဂျာများနှင့် ဘာသာတူသူများအဖြစ် ရခိုင်ဗုဒ္ဓဘာသာများက တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.