Tuesday, May 1, 2012

အားမာန်သစ်နှင့် ရှေ့သို့လှမ်းချီနေသည့် ပီနန်မြန်မာမွတ်စလင်လူငယ်များကူညီမှုအသင်း

အစ္စလာမ်မိုအာလိုင်ကွမ်
             ကျွန်တော် ပီနန် မြန်မာမွတ်စလင်လူငယ်များကူညီမှု အသင်း ဘလောခ့်မှာ ပိုစ့်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ။ ရုံးကိုလည်း မရောက်ဖြစ်ခဲ့ပါဘူး။ အဓိက အကြောင်းရင်းကတော့ ရုံးတည်နေရာ နဲ့ ကျွန်တော်နေအိမ်က အတော်လေးဝေးသွားလို့ပါ။ အိမ်နဲ့ရုံးအကွာအဝေးက ကားနှင့် နှစ်နာရီလောက်ကြာအောင်မောင်းရတာမို့ စိတ်ကအမြဲရောက်ပေမယ့်လည်း လူကမရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အမျိုးသားရေးကို မေ့ထားလို့ မရတာမို့ ကျွန်တော်ကိုယ်တိုင် အချိန်ထုတ်ပြီး ရုံးကို ပြန်သွားဖြစ်ခဲ့ပါတယ်။ ပီနန်မြန်မာမွတ်စလင် လူငယ်များကူညီမှုအသင်း ရုံးရဲ့ မူလရည်ရွယ်ချက်အတိုင်း ဘာသာရေးသီးသန့်မဟုတ်ဘဲ အမျိုးသားဘာသာရေးတွဲဖက်ပြီး ကူညီမှုလုပ်ငန်းတွေကို အားတက်သရော ပြန်လည်ဆောင်ရွက်နေပါတယ်။
              ဒီကမ္ဘာလောကကြီးမှာ လူအမျိုးမျိုးအဖုံဖုံ ရှိသလို၊ စိတ်နေသဘောထား မျိုးစုံနဲ့ ကျွန်တော်တို့ နေစဉ်တွေ့ကြုံ ဆက်ဆံနေရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရုံးရဲ့ နဂိုမူလ ရည်ရွယ်ချက်ဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေကို အပျောက်မခံဘဲ တစိုက်မက်မက် လုပ်ဖို့ သန္ဓိဌာန် ချထားပါတယ်။ အသစ်ဖွဲ့စည်းပြီး ဖြစ်တဲ့ အမှုဆောင်အဖွဲ့ဝင်များနဲ့ မြန်မာမွတ်စလင်များရဲ့ ပုံရိပ်ကို အဓိကထားပြီး လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။
                                                ထွန်းသစ်
                                                ပီနန်မြန်မာမွတ်စလင်လူငယ်များကူညီမှုအသင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.