Friday, May 11, 2012

ကျမ်းမြတ်ကုရအန်၏ဆင်ကဏ္ဌ သက်သေ

 

Posted on March 5, 2012 by

elephant-1


ကျနော်တို့အားလုံးလိုလိုစွလတ်သ ဝတ်ပြူရာမှာ စူရာ Al Fil (ကျမ်းမြတ်ကုရအန်၏ဆင်ကဏ္ဌ )အမည်ရ စူရာ၁၀၅ကို
ဖတ်ရွတ်ကြပါတယ်။ လူအများလည်း အနက်အဓ္ဓိပယ်ကို အတိအကျ မဟုတ်ရင် တောင် အကြမ်း
ဖျင်း တော့ သိကြပါတယ်။
ကာ့အဘာ ကျောင်းတော်မြတ်ကို  ယီမင်နိုင်ငံမှ အဘရာဟာ ဘုရင့်ရဲ့ ဆင်တပ်ကြီးနဲ့ ဖျက်ဆီးဖို့ချီတတ်
လာချိန်မှာ အလ္လာအရှင်မြတ်ရဲ့အမိန့်တော်နဲ့ အဘာဗီး လို့အမည်ရတဲ့ငှက်ငယ်လေးများက မြေကျစ်စာခဲ
လေးများကို ချီလာပြီး ဆင်အုပ်ကြီးများ အပေါ် ပစ်ချတဲ့အခါမှာ ပြင်းထန်သော ဗုံးမိုး ရွာသလိုဖြစ်ပြီး ဆင်တပ်ကြီးပျက်ပြီးကသောင်းကနင်းပြေးရတဲ့ အပြင် ဝါးထားသောပျော့ဖတ် ကဲ့သို့သေဆုံးရတဲ့အကြောင်းပါ။
တမန်တော်မြတ် (စွ) မွတ်စတာဖာ ဖွားမြင် တဲ့နှစ်လို့လဲသိကြပါတယ်။

Photo SourceYahoo
လွန်ခဲ့ တဲ့ လက ပုရွက်ဆိပ် များ စကားပြောတာကိုသက်သေပြတဲ့ ပို့စ ရေးခဲ့ပါတယ်။
ဒီအကြောင်းတွေဟာ မွတ်စလင်တွေရေးနေတဲ့ စာပေစာစောင်တွေက မဟုတ်ပါ။ အလွန်နာမည်ကြီးသော Daily Telegraph လို မဟာမီဒီယာများ ကအံ့ဖွယ်သတင်းအနေနဲ့ တင်ပြတဲ့
အခါ ကျနော်တို့လို မွတ်စလင်စာဖတ် သူများ က ကျမ်းမြတ်ကုရအန် ရဲ့ အာယတ် တော်များကို
ကို:ကားပြီးတင်ပြတဲ့အခါ သူတို့ကတင်ပြီးသားအမှန်တရားကို ပြန်ဖျက် ပါတယ်။
အခုတင်ပြမဲ့ လင့်ဟာ မေးအွန်လိုင်း လို့အမည်ရ Daily Mail အင်တာနက်စာမျက်နှာမှာပါ။

အာဖရိက တိုက်ကင်ညာနိုင်ငံ စာတို လို့အမည်ရတဲ့နေရာမှာ ဝမ်းပိုက်အနီ
ရောင်ရှိတဲ့ ငှက်ငယ်ကလေးများအကြောင်းပါ။
အလေးချိန် ၁၀ ဂရမ်သာရှိတဲ့ ငှက်ငယ်လေးများ အကောင်ရေ သိန်းနဲ့ချီပြီးစုရုံးလာပါတယ်။
အဲဒိနေရာမှာရေရှိတဲ့အတွက်အာဖရိကဆင်ကြီးများဟာလဲအုပ်စုလိုက် ရေသောက် ဆင်းကြပါတယ်။
အသက်၆၀ အရွယ်ရှိဓတ်ပုံဆရာ အန်တာရိုတော့ က စာတို ဒေသမှအလွန်အံ့ဩဖွယ် ဖြစ်ရပ် ကိုဓတ်
ပုံ ဗိဒိယိုများ နှင့်အခုလိုမှတ် တမ်းတင်ထားပါတယ်။
ရုတ်တရက်သိန်းနဲ့ချီတဲ့ငှက်ငယ်လေးတွေရောက်လာ ပြီးရေထွက်တဲ့နေရာအနီးရှိအင်မတန်
တုက်ခိုင်တဲ့ သစ်ပင်ရဲ့သစ်ကိုင်းတွေပေါ်မှာနားတဲ့အခါမှာ များပြားလွန်းတဲ့ငှက်များရဲ့ အလေးချိန်
ကိုမခံနိုင်လို့ ” ဖျောင်း ကနဲ”ျသစ်ကိုင်းကျိုးသံနဲ့ ငှက်တွေရဲ့ တောင်ပန်ခတ်သံကို
တန်ပေါင်းများစွာ လေးတဲ့အာဖရိကဆင်ကြီးများ ကြောက်လန့်ပြီးကစဥ့်ကလျားပြေး ကြတာကို
အံ့ဖွယ်သတင်းအနေနဲ့ဒီနေရာမှာဖော်ပြထားပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း၁၄၀၀က ကျမ်းမြတ်ကုရအန်မှာဖော်ပြထားတာကိုမသိသူတွေအတွက် တော့
အံ့ဩစရာဖြစ်သလို ကျမ်းမြတ်ကိုသိသူအတွက်အီမန်ပိုခိုင်မြဲစေရာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
ချစ်ခင်စွာ
ကျော်ကျော်ဦး
http://kyawkyawoo.wordpress.com/2012/03/05/%e1%80%80%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%99%e1%80%90%e1%80%b9%e1%80%80%e1%80%af%e1%80%9b%e1%80%a1%e1%80%94%e1%80%b9%e1%81%8f%e1%80%86%e1%80%84%e1%80%b9%e1%80%80%e1%80%8f%e1%81%ad/ မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.