Wednesday, May 2, 2012

                                                                   နေ့စွဲ။    မေလ () ၂၀၁၂
အဝေးရောက် ပီနန်မြန်မာမွတ်စလင်မ် လူငယ်များကူညီမှုအသင်းမှ ရှုံ့ချဆန့်ကျင်ခြင်းနှင့် ကန့်ကွက်ခြင်း
                      ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်အသင်းအနေဖြင့် မြန်မာပြည်အတွင်းရှိ မြန်မာမွတ်စလင်မ် ၀တ်ကျောင်းတော် များနှင့် မြန်မာမွတ်စလင်မ်တို့၏ အိုးအိမ်ဆိုင်ခန်းများ၊ ပိုင်ဆိုင်မှုများကို ဘာသာရေး ခွဲခြားစိတ်ဖြင့် လည်းကောင်း၊ နိုင်ငံရေးပရောဂဖြင့် လည်းကောင်း ဖျက်စီးခဲ့သည့်အတွက် ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန် ကြေငြာအပ်ပါသည်။
၁။ မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ခန့်မှ စ၍ ယခုအချိန်အထိ စစ်အစိုးရအဆက်ဆက်၏ ဖိနှိပ်အုပ်ချုပ်မှုကို ခံခဲ့ရပါသည်။ ထိုကဲ့သို့ ဖိနှိပ်ခွဲခြားအုပ်ချုပ်မှုကို အခြားတိုင်းရင်းသားပေါင်းစုံ၊ လူမျိုးဘာသာပေါင်းစုံနှင့်အတူ မြန်မာမွတ်စလင်မ်တို့လည်း ခံခဲ့ရပါသည်။
၂။  ယခုတစ်ဖန် မြန်မာမွတ်စလင်မ်တို့သာသနာပိုင် အဆောက်အဦးများ၊ ဗလီများကို နိုင်ငံရေး လှည့်ကွက်အနေဖြင့်(သို့မဟုတ်) လူမျိုးရေးမုန်းတီးစိတ်ဖြင့် ဖျက်ဆီးနေကြပြန်ပါသည်။ ထိုဖျက်ဆီးမှုများကို အာဏာပိုင်များအနေဖြင့် အရေးယူခြင်းမပြုသည့်အပြင် လျစ်လျူရှုထားခြင်း ခံနေရသောကြောင့် မြန်မာမွတ်စလင်မ်အသင်းအနေဖြင့် အလွန်ပင် စိတ်မကောင်းဖြစ်ရပါသည်။
၃။ မြန်မာနိုင်ငံ ကျောက်ပန်းတောင်းမြို့နယ်၊ ကချင်ပြည်နယ် (ဆိုင်းတောင်) နှင့် မကွေးတိုင်း (ကံမမြို့) ရှိ ဗလီများ ဖြိုဖျက်ခံရသည့်သတင်းများကို သတင်းမီဒီယာများအနေဖြင့် မဖော်ပြသလောက်ရှိသည်ကို       ၀မ်းနည်းစွာဖြင့် တွေရှိရပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် သတင်းမီဒီယာများအား အမှန်ကို အမှန်အတိုင်းဖော်ပြပေးစေလိုပါသည်။
၎။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် လက်ရှိအုပ်ချုပ်လျက်ရှိသော အာဏာပိုင်များအနေဖြင့် လူ့အခွင့်အရေး တန်းတူညီမျှ ခံစားခွင့်နှင့် တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ရန် ကတိပြုထားရှိသည် နှင့်အညီ လူနည်းစု အစ္စလာမ်ဘာသာဝင်များ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနှင့် လွတ်လပ်အေးချမ်းစွာ ကိုးကွယ်ဝတ်ပြုခွင့်ကို ကာကွယ်စောင့်ရှောက်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
                                     ပီနန်မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း
                                     ပီနန်၊ မလေးရှားနိုင်ငံ။


No comments:

Post a Comment

Note: Only a member of this blog may post a comment.