သြဂုတ်လ၊ ၁၀ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - ထွန်းတောက်
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - ထွန်းတောက်
![]() |
ကိုမြအေး၏ မိုးကောင်းကင်၌တိမ်တိုက်များ စာအုပ်မိတ်ဆက်ပွဲနှင့် မန္တလေးရှိ မွတ်စလင်မ် မိတ်ဆွေများနှင့် တွေ့ဆုံခြင်းအစီအစဉ်ကို ၇.၈.၂၀၁၂ နေ့တွင် မန္တလေးမြို့ Eduzone သင်တန်းခန်းမမှာ နေ့လည် ၃-နာရီမှ ၅-နာရီအထိ ပြုလုပ်ခဲ့ပြီး ကိုမြအေးနှင့်အတူ ၈၈-မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုထွန်းမြင့်အောင်နှင့် ကိုပဏ္ဍိတ်ထွန်းတို့လည်း ပါဝင်ခဲ့ကြောင်း သတင်းသိရပါတယ်။ ယင်းအစီအစဉ်တွင် ကိုမြအေးက ပထမဦးစွာ ပြောပြသည်မှာ ရခိုင်တွင်ဖြစ်ပျက်နေသော အကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံနှင့် မွတ်စလင်မ်များရပ်တည်နေသည့် အခြေအနေများကို ပြောပြပြီး၊ ဗမာမွတ်စလင်မ်များအနေနှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အရာများကို ထောက်ပြပြီး အစီအစဉ်သို့တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် ကိုမြအေးနှင့်အတူ လိုက်ပါဝင်ခဲ့ကြတဲ့ ကိုထွန်းမြင့်အောင်နှင့် ကိုပဏ္ဍိတ်ထွန်းတို့မှ လက်ရှိအခြေအနေနှင့် အစီအစဉ်တွင် မန္တလေးမြို့ခံမွတ်စလင်မ်များ ဆွေးနွေးသွားကြသည့်အပေါ် အမြင်များကို ပြောပြကြပြီး အစီအစဉ်ကို ရပ်နားခဲ့ကြကြောင်း သတင်းရရှိပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးမြို့ခံ မွတ်စလင်မ် ၅၀ နီးပါးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ http://www.myanmarmuslim.net/
မှကူးယူဖော်ပြပါသည်။
|
No comments:
Post a Comment
Note: Only a member of this blog may post a comment.