ကိုလတ် (တောင်ကြီး)

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ ထီးခမ်းစိုက်ပျိုးရေးအလုပ်စခန်းမှ အကျဉ်းသား ၃၀၀ ကျော်ကို တောင်ကြီးမြို့ခံ မွတ်စလင်လူငယ်များတစ်စုမှ ဒုတိယအကြိမ်မြောက် ကျွေးမွေး အလှူဒါနပြုခဲ့ကြပါတယ်။
လူမျိုးဘာသာစုံ အကျဉ်းသားအားလုံး ၃၀၀ ကျော်ကို ထမင်းတစ်နပ်ကျွေးမွေးခဲ့ကြပြီး အကျဉ်းကျနေသူ မွတ်စလင် (၉)ဦးကိုလည်း ရမ်မသွာန် ဥပုတ်လ စားသုံးရန်အတွက် ဆန်အိတ်နှင့်စားဖွယ်ရာတို့ ကိုပေးအပ်ခဲ့ကြပါတယ်။
ယင်းအကျဉ်းစခန်းတွင် မွတ်စလင်များအဖို့ ရမ်မဇာန်လ၌ ကောင်းမွန်စွာ ဥပုတ်စောင့်စည်းခွင့်ရကြောင်း သတင်းရရှိပါတယ်။ ရမသွာန် ဥပုတ်လအပြီးတွင်လည်း တတိယအကြိမ်လှူဒါန်း ကျွေးမွေးမည်ဖြစ်ကြောင်းလဲ M-Media မှ သတင်းရရှိပါတယ်။


မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.