Sunday, May 27, 2012
ပီနန် Balik Pulau အိဂ်ျတေမာဟ် သို့သွားသည့် ယဉ်မတော်တဆမှုသတင်း
              ပီနန်မြို့ Balil Pulau (ဘာလေ့ပူလော) တွင် နှစ်စဉ်ကျင်းပသော အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်နိုင်ငံများမှ (သဘ်လိစ်ဂ်) အကျော်အမော် ဆရာကြီးများနှင့် ပီနန် မလေးရှားနိုင်ငံမှ (သဘ်လိစ်ဂ်) တာဝန်ခံများ ပူးပေါင်း ဆောင်ရွက်သော အိဂ်ျတေမဟ်အား (၂၄၊ ၂၅၊ ၂၆ မေလ) ၃ ရက်တိုင်တိုင် ကျင်းပလျက်ရှိပါသည်။ ၄င်း အိဂ်ျတေမဟ်အား ပီနန်မြို့ Butter Worth ခရိုင်၊ Bukit Tengah, Jalan Baru, Nagasari, Kebun Sireh စသော မြို့နယ်များမှ မြန်မာနိုင်ငံသား မွတ်စလင် လူကြီး လူငယ်တို့သည် စိတ်အားထက်သန်စွာ သွားရောက်ရေးအတွက် Bukit Tengah မြို့နယ်တွင် အင်အား(၄၀)ကျော်စုစည်းကာ ဘတ်စ်ကားတစ်စီးငှား၍ အစီအစဉ် စတင်ကျင်းပသော ပထမနေ့၌ စတင်ထွက်ခွာလာခဲ့ကြသည်။  အဆိုပါ ဘတ်စ်ကားသည် အိဂ်ျတေမာကျင်းပရာ နေရာသို့ မရောက်ရှိမီ လမ်းခုလတ်တစ်နေရာ တောင်ပေါ်လမ်းတွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တောင်အောက်သို့ ထိုးကျသွားခဲ့ပါသည်။ အဆိုပါ ယဉ်မတော်တဆတိမ်းမှောက်မှုကြောင့် ကိုအောင်ကျော် (Kebun Sireh) မှာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးကွယ်လွန်သွား၍ ကျန်သူများအား သက်ဆိုင်ရာအာဏာပိုင်များမှ ကူညီကယ်ဆယ်ခဲ့ပါသည်။ ဒဏ်ရာရရှိသူများကိုလည်း နီးစပ်ရာ Balik Pulau ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ဧ။်။ ဒဏ်ရာပြင်းထန်သူ လူနာ (၁၁)ဦးကို ထိုဆေးရုံမှ တဆင့် Penang General Hospital သို့ ထပ်မံပို့ဆောင် ပေးခဲ့ပြီး (၃) ဦးမှာ အရေးပေါ်ကုသဆောင် ( Intensive Care Unit, ICU) တွင် ထားရှိကုသနေရပြီး အခြား(၈)ဦးမှာ အတွင်းလူနာဆောင်တွင်ထား၇ှိကာ ဆေးဝါးကုသမှုခံယူလျက်ရှိပါသည်။
            ယဉ်မတော်တဆတိမ်းမှောက်မှုမှာ ၂၄၊၅၊၁၂ ညနေ( ရ)နာရီတွင် ဖြစ်ပွားခဲ့၍ " ပီနန် မြန်မာ မွတ်စလင်လူငယ်များ ကူညီမှုအသင်း" သို့ သတင်းပေးပို့လာသဖြင့် တာဝန်ရှိသူများက ယနေ့(၂၅၊၅၊၁၂) နံနက် (၇)နာရီတွင် ပီနန်ဆေးရုံကြီးသို့သွားရောက်၍ လိုအပ်သောကူညီမှုများကို ပေးခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
(၀ဲမှယာ- ပီနန်ကျန်းမာရေးဝန်ကြီး၊ ပီနန်ပြည်နယ် ၀န်ကြီး၊ ပီနန်မြန်မာမွတ်စလင်လူငယ်များ အသင်း
ဥက္က္လဌ၊ ပီနန် ကျန်းမာရေးဒုဝန်ကြီး၊ တာဝန်ခံ ဆရာဝန်)
Friday, May 11, 2012
မြန်မာမွတ်စလင် ကြေညာစာတမ်း
မြန်မာမွတ်စလင်မ်များအနေဖြင့် အမိမြန်မာနိုင်ငံတော်သစ်ကြီး ပြန်လည်ဦးမော့ရေးတွင်လည်း
ကျရာနေရာမှ ကျေပွန်စွာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်ရန်အတွက် စုစည်းညီညွတ်သော
 ညီလာခံတစ်ရပ်ဖြစ်မြောက်ရေးအတွက် တိုက်တွန်းနိုးဆော်ထားသော ကြေငြာစာတမ်းတစ်ရပ်
ကို အဆိုပါညီလာခံဖြစ်မြောက်ရေး နိုးဆော်သူများက ထုတ်ပြန်ကြေငြာခဲ့ပါသည်။ စာတမ်း အပြည့်အစုံမှာ
 မြန်မာမွတ်စလင် ကြေညာစာတမ်း
မေလ ၁၊ ၂၀၁၂
ငါတို့သည် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက တိုင်းကျိုး ပြည်ကျိုးကို ဦးဆွေးဆံမြည့်
ထမ်းဆောင်ခဲ့သူများဖြစ်၏။
ငါတို့သည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်များတွင်သာမက ဗိုလ်ချုပ်အောင်ဆန်း
ဦးဆောင်သော ပွဲသိမ်းလွတ်လပ်ရေး တိုက်ပွဲကြီးတွင်လည်း မဆုတ်မနစ် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူများ
ဖြစ်၏။
ငါတို့သည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်ကာလအထိ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ
စိုးမိုးရေးနှင့် ပြည်ထောင်စုသစ် တည်ဆောက်ရေး ကြိုးပမ်းမှုများတွင်လည်း ....
ဆက်လက်ပေးဆပ် ရုန်းကန်နေသူများဖြစ်၏။
ငါတို့သည် မြန်မာ့လူ့ဘောင်၏ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ အနုပညာ၊
အားကစားစသော နယ်ပယ်အသီးသီးတွင် သမိုင်းမှတ်တိုင် စိုက်ထူခဲ့၊ စိုက်ထူဆဲသူများဖြစ်၏။
ငါတို့သည် ဒို့ဗမာအစည်းအရုံးကြီး၏ ပထမဆုံး ထုတ်ပြန်သော ၁၉၃၀ခု၊ မေလ(၃၀)ရက်နေ့ ကြေညာ
စာတမ်းပါ “အို - - - ငါတို့နှင့် တမြေတည်းနေ၊ တရေတည်းသောက် တနိုင်ငံဘွားဖြစ်သော ဗမာကပြား
အပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော”
ဟူသည့် ဗမာ့လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို မတွန့်မဆုတ် ရဲရဲတောက် အလျှင်အမြန် တုန့်ပြန်ခဲ့သူများ
ဖြစ်၏။
ငါတို့သည် မြန်မာ့ရာဇဝင်သမိုင်းတွင် ဖယ်ချန်ထား၍ မရသော မော်ကွန်းထိုးထိုက်သည့် အင်အားစု
တစ်ရပ် ဖြစ်သည်နှင့်အညီ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ၁၉၄၆ခုနှစ် ဖေဖေါ်ဝါရီလ(၁၇)
တွင် စတင်ကျင်းပသော နောင်ဖြစ်ထွန်းလာမည့် လွတ်လပ်သော ပြည်ထောင်စု မြန်မာ
နိုင်ငံတော် တည်ဆောက်ရေး အခြေခံမူများချမှတ်သည့် အဖွဲ့အစည်းပေါင်းစုံပါဝင်သော
 ဖဆပလ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဆုံးဖြတ်ချက်အမှတ်(၆)အရ ဗမာမွတ်စလင်
များကို မြန်မာပြည်ရှိ တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အတိအလင်း တရားဝင် အသိအမှတ်
ပုခဲ့ရသူများဖြစ်၏။
ငါတို့သည် မနေ့တနေ့ကမှ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပမှ ဝင်ရောက်လာသူများ မဟုတ်။ နယ်စပ်
ဖတ်ကျော်တရားမဝင် ခိုးဝင် နေထိုင်သူများလည်း မဟုတ်။ အမှန်စင်စစ် ငါတို့သည်ကား
အမိဖက်မှ သော်လည်းကောင်း၊ အဖဖက်မှ သော်လည်းကောင်း၊ အမိအဖနှစ်ပါးလုံးမှ
သော်လည်းကောင်း၊ တိုင်းရင်းသားစစ်စစ်များမှ ပေါက်ဖွားဆင်းသက်လာကြသော တိုင်းရင်းသား
များသာဖြစ်၏။ အခြားသူများ အမိနိုင်ငံကို ချစ်သကဲ့သို့ ငါတို့ ချစ်၏။ အခြားသူများ အမိနိုင်ငံအတွက်
 အသက်စွန့်သကဲ့သို့ ငါတို့ စွန့်၏။ ငါတို့တွင် ချစ်ရန်၊ သေရန်၊ ကာကွယ်ရန်၊ အကျိုးပြုရန်
အမိမြန်မာနိုင်ငံမှအပ အခြားမရှိ။ ထို့ကြောင့် ငါတို့ကို ခိုးဝင် ခုန်ချလာသူ ရေမျောကမ်းတင် နိုင်ငံမဲ့များ
သဖွယ်၎င်း၊ ဒုတိယတန်းစား နိုင်ငံသားဖြစ်သော ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြု ခံရသူများ
သဖွယ်၎င်း ခွဲခြားနှိမ့်ချ ဆက်ဆံနေမှုမှန်သမျှ ငါတို့လက်မခံ။
ငါတို့သည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သော မြန်မာမွတ်စလင် အစုအဖွဲ့
အဖြစ် တည်ရှိနေသော်ငြားလည်း စင်စစ်သော်ကား ငါတို့သည် မြန်မာ၊ မွန်၊ ကရင်၊
ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကမန်၊ ပသျှူး၊ ပသီစသည့် တိုင်းရင်းသားများဖြစ်သည့်
အလျောက် တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူလူထုကြီး၏ အကျိုးစီးပွါးသည်
ငါတို့၏ အကျိုးစီးပွါးဖြစ်ပြီး ငါတို့၏ အကျိုးစီးပွါးသည်လည်း တိုင်းရင်းသားပေါင်းစုံ
မြန်မာပြည်သူလူထုကြီး၏ အကျိုးစီးပွါးနှင့် ထပ်တူဖြစ်သည်ဟု အစဉ်အဆက် ခိုင်မြဲစွာ ယုံကြည်သူများဖြစ်၏။
အို - - - မြန်မာမွတ်စလင်အပေါင်းတို့
ကိုးကွယ်ယုံကြည်မှုတွင်သာ မတူခြားနားမှုရှိသော တိုင်းရင်းသားပေါင်းစုံ မြန်မာပြည်သူ
လူထုကြီးသည် အမှန်စင်စစ် ငါတို့နှင့် သေအတူ၊ ရှင်မကွာ၊အေးအတူ၊ ပူအမျှ၊ ကံကြမ္မာချင်း
 စည်းနှောင်ထားသော ငါတို့၏ သွေးချင်း ရင်းချာများ ဖြစ်ကြသည် မဟုတ်တုံလော။
ထိုသွေးချင်းများက ငါတို့ကို နားမလည် ငြင်းပယ်မှုများရှိနေလျှင် ငါတို့၏ ချို့ယွင်းချက်
ကြောင့်သော်လည်းကောင်း၊ သွေးချင်းများ၏ အထင်အမြင်လွဲမှားမှုများကို
 လုံလောက်ထိရောက်စွာ မချေဖျက်နိုင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ရာ၏။
အို - - - မြန်မာမွတ်စလင်အပေါင်းတို့
အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော အမိနိုင်ငံတော်သစ်ကြီး ကမ္ဘာနှင့်အမှီ ရင်ဘောင်တန်းကာ
 အလျှင်အမြန် ပြန်လည်နိုးထ စည်ပင် အေးချမ်းသာယာလာရေးသည် ငါတို့၏
 တာဝန်များပင် မဟုတ်လော။ တိုင်းကျိုး ပြည်ကျိုးကို မဆုတ်မနစ် တန်းတူရည်တူ
တစည်းတလုံး ထမ်းဆောင်ခွင့်ကို ငါတို့ ရလိုကြသည် မဟုတ်လော။ တာဝန်သိသော၊
တာဝန်ကြေသော အမိနိုင်ငံ၏ သားကောင်းများ သမီးကောင်းများ ဖြစ်လိုကြသည် မဟုတ်လော။
အို - - - မြန်မာမွတ်စလင်အပေါင်းတို့
ဗမာ့လွတ်လပ်ရေး ခရီးကြမ်းရှည်ကြီးတွင် ဗမာမွတ်စလင်များ စုစည်းထိရောက်စွာ
ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်တွန်းချက်အရ
အာဇာနည် ဆရာကြီး ဦးရာဇတ်သည် ဗမာမွတ်စလင် အဖွဲ့ပေါင်းစုံပါဝင်သော နိုင်ငံလုံးဆိုင်ရာ
ဗမာမွတ်စလင် ကွန်ဂရက်ကြီးကို ၁၉၄၅ခုနှစ်တွင် ပျဉ်းမနားမြို့၌ စည်းရုံးခေါ်ယူကျင်းပခြင်းဖြင့်
လွတ်လပ်ရေးတိုက်ပွဲကြီးမှာ ဂုဏ်ပြောင်စွာ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲနိုင်ခဲ့သကဲ့သို့
ယနေ့ အမိမြန်မာနိုင်ငံတော်သစ်ကြီး ပြန်လည်ဦးမော့ရေးတွင်လည်း ကျရာနေရာမှ
ကျေပွန်စွာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်ရန်အလို့ငှာ ငါတို့မြန်မာမွတ်စလင်များ၏
နိုင်ငံလုံးကျွတ် ညီလာခံကြီးကို တည်ဆဲဥပဒေများ၏ ဘောင်အတွင်းမှ ခေါ်ယူကျင်းပကြရန်
အရေးတကြီး လိုအပ်နေပြီဖြစ်၏။
ထိုနိုင်ငံလုံးကျွတ် ညီလာခံကြီး ဖြစ်မြောက်ရေးအတွက် မြန်မာမွတ်စလင် အချင်းချင်း ချစ်ကြည်စွာ
 ဆွေးနွေးတိုင်ပင်ကြလော။ ဆရာတော် သံဃာတော်များအပါအဝင် ဘာသာပေါင်းစုံ
 ဦးစီးခေါင်းဆောင်များထံ ချဉ်းကပ် လျှောက်ထားကြလော။ ဘာသာပေါင်းစုံ
မြန်မာပြည်သူများ၏ ထောက်ခံမှုကို ပန်ကြားကြလော။ တိုင်းပြည်အုပ်ချုပ်သူ အဆင့်ဆင့်၏
သဘောထားကို တောင်းခံကြလော။
ထိုညီလာခံကြီးတွင် ငါတို့မြန်မာမွတ်စလင်များ၏ တိုင်းချစ် ပြည်ချစ် စိတ်ဓါတ်၊ တိုင်းကျိုး
 ပြည်ကျိုးဆောင်လိုသော စိတ်ဓါတ်၊ အကြမ်းမဖက် ငြိမ်းချမ်းရေးကို မြတ်နိုးသော
စိတ်ဓါတ်၊ အပြန်အလှန် ချစ်ကြည် လေးစားတတ်သော စိတ်ဓါတ်၊ လွတ်လပ်မှု၊
တန်းတူညီမျှမှု၊ တရားမျှတမှုစသော လောကပါလတရားများကို ထိမ်းသိမ်းစောင့်ရှောက်လိုသော
 စိတ်ဓါတ်များကို မြန်မာသိ၊ ကမ္ဘာသိဖြစ်အောင် ထုတ်ဖေါ်ပြသကြလော့။
မြန်မာမွတ်စလင်တွေ နိုးထကြလော့။ ညီညွတ်ကြလော့။ တာဝန်သိသော၊ တာဝန်ရှိသော၊
မြန်မာ့လူ့ဘောင်၏ အလေးထား အားကိုးထိုက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သားကောင်း၊
သမီးကောင်းများဖြစ်ကြောင်း သက်သေထူကြလော့။
မြန်မာမွတ်စလင် ညီလာခံဖြစ်မြောက်ရေး နှိုးဆော်သူများ
မှတ်ချက်။ ။ ယာယီ ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့များကို ဦးစွာ မိမိဒေသအလိုက် အချင်းချင်း
ညှိနှိုင်းဖွဲ့စည်းကြပြီးနောက် အဆင့်ဆင့်သော ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့များကို
နောင်သင့်လျော်သော အချိန်တွင် တရားဝင် ဖိတ်ကြားဖွဲ့စည်းမည်။
http://www.myanmarmuslim.net/news.php?extend.669 မှ ကူးယူဖော်ပြပါသည်။
ကျမ်းမြတ်ကုရအန်၏ဆင်ကဏ္ဌ သက်သေ
Posted on March 5, 2012 by
elephant-1
ကျနော်တို့အားလုံးလိုလိုစွလတ်သ ဝတ်ပြူရာမှာ စူရာ Al Fil (ကျမ်းမြတ်ကုရအန်၏ဆင်ကဏ္ဌ )အမည်ရ စူရာ၁၀၅ကို
ဖတ်ရွတ်ကြပါတယ်။ လူအများလည်း အနက်အဓ္ဓိပယ်ကို အတိအကျ မဟုတ်ရင် တောင် အကြမ်း
ဖျင်း တော့ သိကြပါတယ်။
ကာ့အဘာ ကျောင်းတော်မြတ်ကို  ယီမင်နိုင်ငံမှ အဘရာဟာ ဘုရင့်ရဲ့ ဆင်တပ်ကြီးနဲ့ ဖျက်ဆီးဖို့ချီတတ်
လာချိန်မှာ အလ္လာအရှင်မြတ်ရဲ့အမိန့်တော်နဲ့ အဘာဗီး လို့အမည်ရတဲ့ငှက်ငယ်လေးများက မြေကျစ်စာခဲ
လေးများကို ချီလာပြီး ဆင်အုပ်ကြီးများ အပေါ် ပစ်ချတဲ့အခါမှာ ပြင်းထန်သော ဗုံးမိုး ရွာသလိုဖြစ်ပြီး ဆင်တပ်ကြီးပျက်ပြီးကသောင်းကနင်းပြေးရတဲ့ အပြင် ဝါးထားသောပျော့ဖတ် ကဲ့သို့သေဆုံးရတဲ့အကြောင်းပါ။
တမန်တော်မြတ် (စွ) မွတ်စတာဖာ ဖွားမြင် တဲ့နှစ်လို့လဲသိကြပါတယ်။
Photo SourceYahoo
လွန်ခဲ့ တဲ့ လက ပုရွက်ဆိပ် များ စကားပြောတာကိုသက်သေပြတဲ့ ပို့စ ရေးခဲ့ပါတယ်။
ဒီအကြောင်းတွေဟာ မွတ်စလင်တွေရေးနေတဲ့ စာပေစာစောင်တွေက မဟုတ်ပါ။ အလွန်နာမည်ကြီးသော Daily Telegraph လို မဟာမီဒီယာများ ကအံ့ဖွယ်သတင်းအနေနဲ့ တင်ပြတဲ့
အခါ ကျနော်တို့လို မွတ်စလင်စာဖတ် သူများ က ကျမ်းမြတ်ကုရအန် ရဲ့ အာယတ် တော်များကို
ကို:ကားပြီးတင်ပြတဲ့အခါ သူတို့ကတင်ပြီးသားအမှန်တရားကို ပြန်ဖျက် ပါတယ်။
အခုတင်ပြမဲ့ လင့်ဟာ မေးအွန်လိုင်း လို့အမည်ရ Daily Mail အင်တာနက်စာမျက်နှာမှာပါ။
အာဖရိက တိုက်ကင်ညာနိုင်ငံ စာတို လို့အမည်ရတဲ့နေရာမှာ ဝမ်းပိုက်အနီ
ရောင်ရှိတဲ့ ငှက်ငယ်ကလေးများအကြောင်းပါ။
အလေးချိန် ၁၀ ဂရမ်သာရှိတဲ့ ငှက်ငယ်လေးများ အကောင်ရေ သိန်းနဲ့ချီပြီးစုရုံးလာပါတယ်။
အဲဒိနေရာမှာရေရှိတဲ့အတွက်အာဖရိကဆင်ကြီးများဟာလဲအုပ်စုလိုက် ရေသောက် ဆင်းကြပါတယ်။
အသက်၆၀ အရွယ်ရှိဓတ်ပုံဆရာ အန်တာရိုတော့ က စာတို ဒေသမှအလွန်အံ့ဩဖွယ် ဖြစ်ရပ် ကိုဓတ်
ပုံ ဗိဒိယိုများ နှင့်အခုလိုမှတ် တမ်းတင်ထားပါတယ်။
ရုတ်တရက်သိန်းနဲ့ချီတဲ့ငှက်ငယ်လေးတွေရောက်လာ ပြီးရေထွက်တဲ့နေရာအနီးရှိအင်မတန်
တုက်ခိုင်တဲ့ သစ်ပင်ရဲ့သစ်ကိုင်းတွေပေါ်မှာနားတဲ့အခါမှာ များပြားလွန်းတဲ့ငှက်များရဲ့ အလေးချိန်
ကိုမခံနိုင်လို့ ” ဖျောင်း ကနဲ”ျသစ်ကိုင်းကျိုးသံနဲ့ ငှက်တွေရဲ့ တောင်ပန်ခတ်သံကို
တန်ပေါင်းများစွာ လေးတဲ့အာဖရိကဆင်ကြီးများ ကြောက်လန့်ပြီးကစဥ့်ကလျားပြေး ကြတာကို
အံ့ဖွယ်သတင်းအနေနဲ့ဒီနေရာမှာဖော်ပြထားပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း၁၄၀၀က ကျမ်းမြတ်ကုရအန်မှာဖော်ပြထားတာကိုမသိသူတွေအတွက် တော့
အံ့ဩစရာဖြစ်သလို ကျမ်းမြတ်ကိုသိသူအတွက်အီမန်ပိုခိုင်မြဲစေရာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
ချစ်ခင်စွာ
ကျော်ကျော်ဦး
http://kyawkyawoo.wordpress.com/2012/03/05/%e1%80%80%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%99%e1%80%90%e1%80%b9%e1%80%80%e1%80%af%e1%80%9b%e1%80%a1%e1%80%94%e1%80%b9%e1%81%8f%e1%80%86%e1%80%84%e1%80%b9%e1%80%80%e1%80%8f%e1%81%ad/ မှကူးယူဖော်ပြပါသည်။
Wednesday, May 2, 2012
                                                                   နေ့စွဲ။    မေလ () ၂၀၁၂
အဝေးရောက် ပီနန်မြန်မာမွတ်စလင်မ် လူငယ်များကူညီမှုအသင်းမှ ရှုံ့ချဆန့်ကျင်ခြင်းနှင့် ကန့်ကွက်ခြင်း
                      ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်အသင်းအနေဖြင့် မြန်မာပြည်အတွင်းရှိ မြန်မာမွတ်စလင်မ် ၀တ်ကျောင်းတော် များနှင့် မြန်မာမွတ်စလင်မ်တို့၏ အိုးအိမ်ဆိုင်ခန်းများ၊ ပိုင်ဆိုင်မှုများကို ဘာသာရေး ခွဲခြားစိတ်ဖြင့် လည်းကောင်း၊ နိုင်ငံရေးပရောဂဖြင့် လည်းကောင်း ဖျက်စီးခဲ့သည့်အတွက် ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန် ကြေငြာအပ်ပါသည်။
၁။ မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ခန့်မှ စ၍ ယခုအချိန်အထိ စစ်အစိုးရအဆက်ဆက်၏ ဖိနှိပ်အုပ်ချုပ်မှုကို ခံခဲ့ရပါသည်။ ထိုကဲ့သို့ ဖိနှိပ်ခွဲခြားအုပ်ချုပ်မှုကို အခြားတိုင်းရင်းသားပေါင်းစုံ၊ လူမျိုးဘာသာပေါင်းစုံနှင့်အတူ မြန်မာမွတ်စလင်မ်တို့လည်း ခံခဲ့ရပါသည်။
၂။  ယခုတစ်ဖန် မြန်မာမွတ်စလင်မ်တို့သာသနာပိုင် အဆောက်အဦးများ၊ ဗလီများကို နိုင်ငံရေး လှည့်ကွက်အနေဖြင့်(သို့မဟုတ်) လူမျိုးရေးမုန်းတီးစိတ်ဖြင့် ဖျက်ဆီးနေကြပြန်ပါသည်။ ထိုဖျက်ဆီးမှုများကို အာဏာပိုင်များအနေဖြင့် အရေးယူခြင်းမပြုသည့်အပြင် လျစ်လျူရှုထားခြင်း ခံနေရသောကြောင့် မြန်မာမွတ်စလင်မ်အသင်းအနေဖြင့် အလွန်ပင် စိတ်မကောင်းဖြစ်ရပါသည်။
၃။ မြန်မာနိုင်ငံ ကျောက်ပန်းတောင်းမြို့နယ်၊ ကချင်ပြည်နယ် (ဆိုင်းတောင်) နှင့် မကွေးတိုင်း (ကံမမြို့) ရှိ ဗလီများ ဖြိုဖျက်ခံရသည့်သတင်းများကို သတင်းမီဒီယာများအနေဖြင့် မဖော်ပြသလောက်ရှိသည်ကို       ၀မ်းနည်းစွာဖြင့် တွေရှိရပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် သတင်းမီဒီယာများအား အမှန်ကို အမှန်အတိုင်းဖော်ပြပေးစေလိုပါသည်။
၎။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် လက်ရှိအုပ်ချုပ်လျက်ရှိသော အာဏာပိုင်များအနေဖြင့် လူ့အခွင့်အရေး တန်းတူညီမျှ ခံစားခွင့်နှင့် တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ရန် ကတိပြုထားရှိသည် နှင့်အညီ လူနည်းစု အစ္စလာမ်ဘာသာဝင်များ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနှင့် လွတ်လပ်အေးချမ်းစွာ ကိုးကွယ်ဝတ်ပြုခွင့်ကို ကာကွယ်စောင့်ရှောက်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
                                     ပီနန်မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း
                                     ပီနန်၊ မလေးရှားနိုင်ငံ။
by Nay Myo on Sunday, April 29, 2012 at 4:33pm ·
               ၂၀၀၇ ခုနှစ် နှောင်းပိုင်းခန့်ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့အတူ လုပ်ဖော်ကိုင်ဖက် အတော်များများ ၂၁..၀၇ ညမှာ ဖမ်းဆီးခံရပြီးနောက် ကျွန်တော်လဲ နယ်မှာ ၂  လကျော် ခန့် ရှောင်တိမ်းနေခဲ့ရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာတော့ မိမိနဲ့ အနီးကပ်ဆုံး လက်တွဲခဲ့သူများကို စစ်ကြောရေးမှာ မထားတော့ဘဲ ထောင်ပို့လိုက်ပြီးတဲ့နောက်မှာ ကျွန်တော်လဲ ရန်ကုန်ပြန်ဆင်းလာခဲ့ပါတယ်။ အပြင်မှာ ကျန်ခဲ့တဲ့သူတွေထဲက ဆက်သွယ်လို့ရသလောက် ဆက်သွယ်ပြီး Range တွေ ပြန်ဆင်ရပါတယ်။ နိုဝင်ဘာလ အတွင်းမှာပဲ အဖမ်းခံရသူတချို့ ပြန်လွတ်လာကြပြီး တင်းကျပ် ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေကြားကနေပဲ နောက်တစ်ပွဲ နွှဲနိုင်ဖို့အတွက် ကြိုးစားပြင်ဆင်ခဲ့ကြပါတယ်။
                       ဒီဇင်ဘာ လဆန်းပိုင်းမှာ ၇၄ ရဲဘော်ဟောင်းတစ်ဦးမှ အလုပ်ကိစ္စနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးချင်ကြောင်း အကြောင်းကြားလာသည့်အတွက် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ၄င်းနှင့် တွေ့ သည့်အခါ တိုင်းသိပြည်သိ စာရေးဆရာ သံဃာတော်တစ်ပါး ရန်ကုန်ကြွလာသည့် အကြောင်းနှင့် ၄င်း ကြွရောက်လာခြင်းမှာ ရွှေဝါရောင် တော်လှန်ရေးတွင် နအဖ စစ်အစိုးရမှ သံဃာတော်များအား အကြမ်းဖက်နှိမ်နှင်းခြင်းအပေါ် မခံမရပ်နိုင်၍ ဖြစ်ကြောင်း သိရှိရပါတယ်။ ၄င်းဆရာတော်အနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများမှ ဖမ်းဆီးထိန်းသိမ်းမခံရခင် ကာလများအတွင်း လုပ်ဆောင်ခဲ့သော White-Sunday Campaign ကဲ့သို့ ပြုလုပ်လိုကြောင်းနှင့် အဓိကအနေနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ အိမ်များတွင် မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်း၊ တရားဟောခြင်းများ ဦးစွာပြုလုပ်လိုကြောင်း သိရပါတယ်။ ကျွန်တော့်အနေနဲ့ အခြားလုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပြီးလျှင် အကြောင်းပြန်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆို၍ လမ်းခွဲခဲ့ပါတယ်။
                         လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပြီးသည့် အချိန်မှာတော့ Tempo  ပြန်တင်ဖို့ အခွင့်အရေးကောင်းအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။ လုပ်ငန်းစဉ်ဆွေးနွေးရာမှာ ယခု ကမ်ပိန်းကို ဦးဆောင်ပြုလုပ်မယ့်သူဟာ တိုင်းသိပြည်သိ ဆရာတော်တစ်ပါး ဖြစ်နေတဲ့အပြင်၊ အဖမ်းဆီးခံ ၈၈ မျိုးဆက် အတော်များများရဲ့ အိမ်တွေကိုလဲ စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်ခြင်းကြောင့် အာဏာပိုင်များဘက်က သိလျှင်သိချင်း ဟန့်တားနှောက်ယှက်မှုတွေ သေချာပေါက်ရှိလာနိုင်မှာ ဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်တာကြောင့် ကိုမင်းကိုနိုင် အိမ်ကို ပထမဆုံး တရားဟောအိမ်အဖြစ် သတ်မှတ်ကြပါတယ်။ အဲဒီနောက် ကိုမင်းကိုနိုင် အိမ်နဲ့ တစ်ဆက်တည်း လမ်းကြောင်းသင့် အိမ်များဖြစ်တဲ့ ကိုပြုံးချို၊ ကိုမာကီး၊ ကိုမြအေး တို့အိမ်များမှာ ဆက်လက်တရားဟောဖို့ သတ်မှတ်ကြပါတယ်။ တရားဟောမယ့် အိမ်များအားလုံးကို အကြောင်းကြားတဲ့အခါမှာ အားလုံးက လိုလိုလားလားနဲ့ သဘောတူခွင့်ပြုကြပါတယ်။  လိုအပ်တာများ အားလုံးကို စီစဉ်ပြီးလို့ သတ်မှတ်ရက် နီးကပ်လာချိန်မှာတော့ မည်သည့်အကြောင်းပြချက်မျှ သေသေချာချာ မသိရဘဲနဲ့ ဆရာတော့်ဘက်မှ အဆက်အသွယ် ဖြတ်တောက်ခြင်းကို ခံလိုက်ရပါတယ်။ လုပ်ငန်းမအောင်မြင်ခဲ့ပေမယ့် ခြေလှမ်းကျွံနေပြီဖြစ်တဲ့ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်နဲ့ ကတော့  “ဗမာတစ်ပြည်လုံးကို ကိုယ့်အိမ်ကိုယ့်ယာ မှတ်ပါဆိုတဲ့ ဒို့ဗမာ အစည်းအရုံးရဲ့ ဆောင်ပုဒ်အတိုင်း ရန်ကုန်မြေကို လနဲ့ချီ ခွဲခွာခဲ့ရပြန်ပါတော့တယ်။
                   ကျွန်တော် အထက်ပါ အဖြစ်အပျက်ကို ပြန်လည်ရေးသားပြနေရခြင်းဟာ တိုင်းသိပြည်သိ ဆရာတော်ကို သိက္ခာကျစေလိုတဲ့ ဆန္ဒ စိုးစဉ်းမျှ မရှိသလို၊ ငါတို့ ဘာလုပ်ခဲ့တာကွ ဆိုပြီး စားမြုံ့ပြန် မာန်တက်ကာ ကိုယ့်ကိုယ်ကိုဖော် မသူတော် လုပ်နေခြင်းလဲ မဟုတ်ပါဘူး။ အဓိက အကြောင်းအရာကတော့ လတ်တလောကာလအတွင်း အင်တာနက် စာမျက်နှာများ ပေါ်မှာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့(အထူးသဖြင့်) ဘာသာခြား မွစ္စလင်ဖြစ်တဲ့ ကိုမြအေး ကို ဦးတည်ကာ အပုပ်ချ တိုက်ခိုက်ခြင်းများကို တွေ့ မြင်လာရလို့ပဲ ဖြစ်ပါတယ်။ 
                             အထက်မှာ ရေးသားပြခဲ့တဲ့ တိုင်းသိပြည်သိ ဆရာတော်၏ ကန်ပိန်းအတွက် လုပ်ငန်းအစီအစဉ် ရေးဆွဲသတ်မှတ်ရာမှာ အချိန်ကိုလဲ မဖြစ်မနေ ထည့်သွင်း စဉ်းစားရပါတယ်။ ကန်ပိန်းကို အဓိက ဦးဆောင်လုပ်မယ့်သူဟာ သံဃာတစ်ပါး ဖြစ်နေတဲ့ အတွက် နေ့ဆွမ်းဘုဉ်းပေးရာမှာ အခက်အခဲမရှိအောင် စီစဉ်ရပါတယ်။
                              ကမ်ပိန်းအတွက် လမ်းကြောင်းသတ်မှတ်ရာမှာ ကိုမင်းကိုနိုင် အိမ်ကို ပထမဆုံး တရားဟောအိမ်အဖြစ် သတ်မှတ်ပေမယ့် ကိုမြအေး အိမ်ကို ခန့်မှန်းရောက်ရှိချိန်ဟာ နေ့ဆွမ်းဘုဉ်းပေးချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ခေါင်းခဲခဲ့ရပါတယ်။ ဒါပေမယ့် အားလုံးအတွက် အံ့သြ၀မ်းမြောက်စရာဖြစ်ခဲ့ရတာက မွစ္စလင်ဘာသာဝင်များဖြစ်တဲ့ ကိုမြအေး မိသားစုဝင်များဟာ ၄င်းတို့နေအိမ်မှာ ဆရာတော်အား တရားဟောခွင့် ပြုခဲ့ရုံသာမက နေ့ဆွမ်းဘုဉ်းပေးဖို့အတွက်ပါ တာဝန်ယူပေးခဲ့ခြင်းပါပဲ။
                       ဒီအဖြစ်အပျက်ကိုဖတ်ပြီးခဲ့ရင် စဉ်းစားတွေးခေါ်တတ်တဲ့သူတွေအနေနဲ့ ကိုမြအေး တင်မက ၄င်းရဲ့မိသားစုဝင်များပါ မွစ္စလင်ဘာသာဝင်ဖြစ်ပေမယ့် ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားမြင်နိုင်သူများဖြစ်တာကို သိရှိနားလည်နိုင်လိမ့်မယ် ထင်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ နဲ့ ပတ်သက်လို့တော့ အပုပ်ချစာပါ စွပ်စွဲချက်များကို အထူးတလည် ဖြေရှင်းချက် မပေးလိုပါဘူး။ မြန်မာ့နိုင်ငံရေးနဲ့ မျက်ခြည်မပြတ်ရှိသူမှန်ရင် ၈၈ မျိုးဆက် ဘာလဲ၊ ဘယ်လဲ ဆိုတာတော့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။
                      အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ အပုပ်ချစာကို ခွဲခြမ်းစိတ်ဖြာကြည့်ရာမှာ တွေ့ရတာကတော့ မြန်မာပြည်မှာ အဓိက အင်အားအကောင်းဆုံး အတိုက်အခံအဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ အန်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက်ကို သွေးခွဲလိုခြင်း ရည်ရွယ်ချက်ကို တွေ့ရပါတယ်။ ဒီနေရာမှာ မွစ္စလင်ဘာသာဝင်ဖြစ်တဲ့ ကိုမြအေး နဲ့  ၈၈ မျိုးဆက်ရဲ့ အဓိကအကျဆုံး ခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းကိုနိုင် ဟာ ဓားစာခံဖြစ်သွားရခြင်းပါပဲ။
                    ကျွန်တော့်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ( မတ် ၃၀ ဖြစ်လိမ့်မယ် ထင်ပါတယ်) ကျောက်ပန်းတောင်းမှာ ဗလီဖျက်တဲ့ကိစ္စ ဖြစ်ကတည်းက ကြားဖြတ်ရွေးကောက်ပွဲကို ထိခိုက်အောင် အစိုးရအနေနဲ့ ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံရေးကစားပြန်ပြီဆိုတဲ့ သံသယ၀င်ခဲ့မိပါတယ်။ များမကြာမီအတွင်းမှာပဲ အခြားနယ်များမှာပါ ဘာသာရေးဆိုင်ရာ အရေးအခင်းငယ်များ ဆက်လက်ဖြစ်ပွားလာတဲ့အခါမှာတော့ သတိကြီးကြီးထားရမယ့်အချိန်ဖြစ်ကြောင်း နားလည်ခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက်ကို လေ့လာကြည့်ရင် မြန်မာပြည်မှာ နိုင်ငံရေးဒီရေ မြင့်တက်နေတဲ့အချိန်တိုင်း အတိုက်အခံ အင်အားစုတွေနဲ့ ပြည်သူလူထုကို အာရုံစူးစိုက်မှုလွှဲမှားစေမယ့် နိုင်ငံရေးကစားမှုတွေ လုပ်လေ့ရှိတာကို သတိထားမိပါတယ်။ ၈၈ မျိုးဆက်နဲ့ ကိုမြအေး ကို အပုပ်ချထားတဲ့ ၀က်ဆိုက်ဖြစ်တဲ့ Myanmar Express ကို ၀င်ရောက်ပြီး တင်ထားတဲ့ ပို့စ်များကို ကြည့်မိရင်ပဲ ရွှေသမင် ဘယ်တာက ထွက်လာတယ်ဆိုတာ ရှင်းလင်းလှပါတယ်။ ဒီနေရာမှာ အခွင့်သင့်တုန်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အစိုးရရဲ့ ဘာသာရေး ခုတုံးလုပ် နိုင်ငံရေးကစားမှုတစ်ခုကို မျှဝေချင်ပါတယ်။
                     ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ မတိုင်ခင်ကာလ ဖြစ်ပါတယ်။ ကိစ္စတစ်ခုနဲ့ လှည်းတန်းဘက်ကို သွားရင်း လက်ထဲမှာ စာရွက်တွေ အများအပြား ပွေ့ပိုက်ထားသူတွေ အများပြည်သူ လမ်းသွားလမ်းလာတွေကို လိုက်လံဝေနေတာ တွေ့ရပါတယ်။ ကျွန်တော့်လက်ထဲကို ဝေနေတဲ့ စာရွက်ရောက်လာလို့ ကြည့်လိုက်မိတဲ့ အချိန်မှာတော့ မိုးပြာဂိုဏ်းနဲ့ ပတ်သက်ပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှု မရှိပုံ၊ မိုးပြာဂိုဏ်း၏ လှုပ်ရှားမှုများအား ယခုအတိုင်း လွှတ်ထားလျှင် မြန်မာ့မြေပေါ်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာပင် ကွယ်ပျောက်သွားနိုင်ကြောင်း အစရှိသဖြင့် ပါရှိတာကို တွေ့ရပါတယ်။ စာရွက်ဝေနေသူများထဲမှာပဲ ဆင်ရေတွင်းနေ အသိတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် သွားရောက်နှုတ်ဆက်ရင်း ညနေဘက်တွေ့ဖို့  ချိန်းဆိုခဲ့ပါတယ်။ ညနေဘက် တွေ့ဖြစ်တဲ့အခါ မနက်ပိုင်းဝေတဲ့ စာရွက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ကြံ့ဖွံ့ မှ တစ်ယောက်လျှင် ၃၀၀၀ ပေး၍ ဝေခိုင်းသည့် အကြောင်းနှင့် လှည်းတန်း အတွက်တင် ရွက်ရေ ၂၀၀၀၀ အသုံးပြုခဲ့ကြောင်း သိလိုက်ရပါတယ်။ အာဏာပိုင်တွေ အနေနဲ့ မိုးပြာဂိုဏ်းကို ၄င်းတို့ကိုယ်တိုင် တားဆီးထိန်းသိမ်း နိုင်ရက်နဲ့ ပြည်သူလူထုနဲ့  ရန်တိုက်ပေးခြင်းဟာ ဘာသာရေးခုတုံးလုပ် နိုင်ငံရေးကစားခြင်းပါပဲ။
                     လတ်တလော အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အပုပ်ချစာနဲ့ ပတ်သက်ပြီးတော့လဲ နားမလည်နိုင်တာ ရှိပါတယ်။ ၄င်း အပုပ်ချစာ စတင်ထွက်ပေါ်လာရာ Mynmar Express ဆိုက်ကတော့ ဘာဆိုတာ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်လို့ ၄င်းတို့ အလုပ်ကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နေခြင်း အဖြစ်သာ ရှုမြင်ပါတယ်။ အံ့သြမိတာကတော့ ၄င်းအပုပ်ချစာကို အွန်လိုင်းပေါ်မှာ ထပ်ဆင့်ဖြန့်ဝေနေသူတွေ ပါပဲ။ ထပ်ဆင့်ဖြန့်ဝေနေသူတွေ အနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဆိုရင်တော့ မှတ်ချက်တစ်စုံတစ်ရာ မပေးလိုပါဘူး။ သို့ပေမယ့် စာပါအကြောင်းအရာ ကိုတောင် သေချာမဖတ်ဘဲ (သို့) ဖတ်မိရင်တောင် ဖြစ်နိုင်ချေ ရှိ၊ မရှိ မိမိကိုယ်ပိုင်ဥာဏ်နှင့် စဉ်းစားမှုမပြုဘဲ မိမိစာမျက်နှာပေါ်မှာ ပို့စ် များများ တင်ရရင်ပြီးရော ပုံစံမျိုးဖြစ်နေတဲ့ အွန်လိုင်းတော်လှန်ရေးသမားများကိုတော့ အံ့သြခြင်းကြီးစွာ ဖြစ်မိတာ အမှန်ပါ။ ၄င်းတို့အတွက် နပိုလီယန် ရဲ့ ရန်သူနှစ်သက်စေမယ့် အရာကို ဘယ်တော့မှ မလုပ်ပါနဲ့ဆိုတဲ့ စကားကို မျှဝေရင်းနဲ့ပဲ ဒီစာကို အဆုံးသတ်ပါတယ်။
Ref: "We Fight We Win " blog မှကူးယူဖော်ပြပါသည်။
                    စာရေးသူဤဆောင်းပါးရေးဖို့အတော်လေးသတ္တိမွေးခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာကိုအခြေခံနေတဲ့ ပြဿနာဖြစ်နေလို့ပါဘဲ။ တစ်ဖက်ကကြည့်ပြန်တော့လည်း လူများစုကိုး ကွယ်တဲ့ ဘာသာ တစ်ခုက လူနည်းစုကိုးကွယ်တဲ့ ဘာသာတစ်ခုကို နှိပ်ကွပ်မှုလို့ဆိုရင်လည်း မမှားပါဘူး။ ဒီမို ကရေစီနိုင်ငံသစ်ဆီ ဦးတည်သွားနေပါတယ်ဆိုတဲ့အစိုးရရဲ့စကားတွေဟာလည်းသံသယဖြစ်ဖွယ်ကောင်း လာပါတယ်။
                ကံဆိုးမှုတွေက မဖိတ်ခေါ်ဘဲ သင်္ကြအကျနေ့မှာ ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာက အစ္စလာမ် ဗလီဝင်း မှာစတင်လာပါတယ်။လွန်ခဲ့တဲ့ နှစ်၂၀ လောက်က စတင်ပြီး ၀တ်ပြုကိုး ကွယ်ခဲ့ တဲ့ဗလီ လို့ဆို ရင် လည်း မမှားဘူး။ အစ္စလာမ်ဘာသာဝင် ၇၀၀ လောက်ရှိတဲ့ ဆိုင်းတောင်မှာ ဘုရားဝတ်ပြုသူ ၄၀၀ လောက် ရှိ တယ်လို့သိရတယ်။ လူဦးရေ၁၅၀ လောက်သာဆန့်တဲ့ ဗလီကို ချဲ့ထွင်ဖို့ကြိုး စားရာမှ ပြဿနာကစတင် လာ ပါတော့တယ်။ဆိုင်းတောင်အုပ်ချုပ်ရေးမှူးကိုတိုင်ကလည်းအစ္စလာမ်ဘာသာဝင် ဖြစ်နေပြန်တော့ ပြဿနာကပိုပြီးရှုပ် ထွေးလာတယ်။ ဆိုင်းတောင်ဒေသခံတွေနဲ့ ဘုန်းတော်ကြီးတချို့ အထက်ကို အကြိမ်ကြိမ်စာတင်ပေမဲ့လည်း ထူးခြားမှု မရှိ လာဘူး လို့သိရတယ်။ နောက်ဆုံးတော့ ဖားကန့် မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုင်းဘုတ်ဖြုတ်ပေး ဖို့ကိစ္စနဲ့ အခန်းဟောင်းဖြုတ်ပေးဖို့ ကိစ္စတွေကိုပြောဆိုလာတယ်လို့သိရတယ်။ ဒီလ ၇ ရက်နေ့ကစပြီး ၀တ်မပြုရဘူး ဆိုတဲ့ဆိုင်းဘုတ်လည်း လာချိတ်သွားတယ်လို့သိရတယ်။ နောက်ဆုံးမတော့ ၁၃ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျောင်းထိုင်ဘုန်း တော်ကြီး ၅ ပါးနဲ့ သံဃာအပါး ၁၅၀ ခန့်က ဗလီကျောင်းဝန်းကို စတင်ဖြို ဖျက်ဖို့ ကြိုးစားလာပါတော့တယ်။ ထိုအချိန်မှာ ဆိုင်းတောင်အုပ်ချုပ်ရေးမှူး က “အရှင်ဘုရား ကျွန်တော်တို့ မနက်ဖြန်ခါဖျက်ပေးပါ့မယ်” လို့ ပြောပေမဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတပါးက “ကုလားပါးစပ်က အရှင် ဘုရားလို့လဲမခေါ်နဲ့၊ ကုလားပါးစပ်က မနက်ဖြန်ဖြုတ်ပေးမယ်ဆိုတဲ့ ကတိကို လည်းမယုံဘူး” ဆိုပြီး တုန့် ပြန် တာကိုပြန်ကြားမိလိုက်ပါတယ်။ နာရီပိုင်း အတွင်း လာကြည့်တဲ့ပြည်သူ ၃၀၀၊ ၄၀၀ ခန့်ရှိသွား ပါ တယ်။ လက်သမားတွေကို ခေါ်ပြီးဖျက်ခိုင်းတယ်လို့ သိရ ပါတယ်။ ည ၉း၀၀ နာရီလောက်ရောက်တော့ စစ်ကြောင်း တစ်ခုက ဖြန်ဖြေရမဲ့အစား လုံခြုံရေးယူပေးနေတာကို မြင်တွေ့လိုက်ရပါတယ်။ စိတ်ကြိုက် ဖျက်ပြီးတော့ အချိုရေတွေ၊ ရေသန့်ဘူးတွေတောင် အလှူလုပ်ပြီးပျော်ရွှင် နေတာကို ၀မ်းနည်းစွာတွေ့ခဲ့ရပါတယ်။ အသက် အန္ဒရာယ်စိုးရိမ်ပြီး မိသားစုလိုက် ထွက်ပြေးနေတဲ့ မိသားစု တွေကိုလည်း စိတ်မကောင်းစွာနဲ့ ငေးကြည့် မိပါ တယ်။ မတရားမှုပြုကျင့်နေတာကို သိပါလျက်နဲ့ အားပေးနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရအာဏာပိုင်တွေ၊ ဘုန်းတော်ကြီးတွေကို စာရေးသူနားမလည်နိုင်ခဲ့ပါ။ တကယ်တော့ ဤကိစ္စက သာသနာရေးဝန်ကြီးဌာနက ဥပဒေအရ ဖြေရှင်းရမယ့်ပြဿနာပါ။ သာသနာရေးဝန်ကြီးဌာနက မရှင်းနိုင်လို့ ဘုန်းတော်ကြီးများက ၀င်ရှင်း လိုက်တဲ့သဘောသက်ရောက်နေပါတယ်။ ဤအရာသည် ဥပဒေမဲ့ပြု ကျင့်ခြင်း သက်သက်သာဖြစ်သည်ဟု စာရေးသူကယူဆမိပါသည်။
                       အိမ်ပြန်ရောက်တော့ စာရေးသူ အတော်လေး စိတ်မကောင်းကြီးစွာနဲ့ ပြန်လည်စဉ်းစားမိတယ်။ တချိန်တုန်း က ဖားကန့်ခရစ်ယာန်ဘုရားကျောင်း ဆောက်လုပ်ခွင့် ပိတ်ပင်ထားတဲ့ကိစ္စတွေ၊ မြန်မာနိုင်ငံဓမ္မ တက္ကသိုလ် အဆောက်အုံသစ် ၁၀ နှစ်ခန့်ဆောက်လုပ်ခွင့် ပိတ်ထားတဲ့ ကိစ္စတွေကို ပြန်ပြီးမြင်ယောင်လာပါ တယ်။ လူ့အခွင့်အရေးနဲ့ဆိုင်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၄၉ တွင် “ နိုင်ငံတော်သည် မည် သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုး သား၊ အမျိုးသမီး၊ ဆင်းရဲချမ်း သာတို့ကို အကြောင်းပြ၍ ခွဲခြားမှုမရှိစေရ” လို့ဖော်ပြထားတယ်။ နောက်ပြီး ပုဒ်မ၃၆၂မှာ“ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုး ကွယ်မှု ဘာ သာတို့ကို နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟု အတည့် အလင်းကြေငြာ ထားပါလျက်နဲ့ ဤ ကဲ့သို့သောပြဿနာများဖြစ်လာသည်မှာ အလွန် စဉ်းစား ဖွယ်ကောင်း ပါ သည်။ ပုဒ်မ ၃၆၃ တွင် “ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသနာများကို တတ်နိုင် သမျှ ကူညီစောင့်ရှောက်မည်” ဟုဖော်ပြထားသော်လည်း ကူညီဖို့ဝေးစွ၊ လုံခြုံစွာဖျက်ဆီးနိုင်ရန် လုံခြုံရေးပင် ယူထားပေးသည်ကို ၀မ်းနည်းစွာ မြင်တွေ့ရပါသည်။ ဒီမိုကရေစီလမ်းစဉ်သွားမည် ကုလားမပါ၊ တရုတ်မပါ၊ တိုင်းရင်းသားတွေမပါ စတဲ့သဘော သက်ရောက်နေပါတယ်။ အထူးဝမ်းနည်းဖို့ကောင်းတာက ဘက်လိုက် မှုမရှိရသော မီဒီယာများတွင် ဤကိစ္စ သည် အသေးအဖွဲ သတင်း အဖြစ်သာပါဝင်ခဲ့ပါသည်။ မှားယွင်းမှုကို မီးမောင်းမထိုးပြနိုင်ခဲ့ပါ။ နောင်လာနောင် သားများအတွက် အတုခိုးမှားနိုင်သော ပြဿ နာများ လည်းဖြစ် ပါသည်။တရားဝင်ဥပဒေများပြဌာန်းထားပါလျက်နဲ့ ဤသို့လက်လွတ်စပယ်ပြုကျင့်မှုများ၊ ဥပဒေမဲ့ပြုကျင့် မှုများသည် ယဉ်ကျေးသောလူ့အဖွဲ့ အစည်း တွင်း မရှိသင့်တော့ပါ။ ဥပဒေအကြောင်းအရသာ သွားရမည့် ကိစ္စများသာဖြစ်ပြီး ဥပဒေအရကြည့်ပါက ဘုန်းတော်ကြီးများသည် ဥပဒေချိုးဖောက်သည် ဟုပင်ယူ ဆရပေ မည်။ ယနေ့အချိန်အထိ ခေါ်ယူစစ်ဆေးခြင်း၊ တရားခံရှာခြင်း၊ အပြစ် ရှိသူကို အပြစ်ပေးခြင်းလည်းမရှိပါ။ ဒီမိုကရေစီအရေးအလှမ်းဝေးသည်ဟု ရိုးသားစွာ ဆိုပါရစေ။
                      အစ္စလာမ်ဘာသာသည် ခရစ်ယာန်၊ ဟိန္ဒူဘာသာများနှင့် တန်းတူသတ်မှတ်ထားခြင်းခံရသော ဘာသာ ဖြစ် ပါသည်။အစ္စလာမ်ဘာသာအားထိုသို့ ပြုမူပါကကျန်ဘာသာများကိုလည်းမပြုနိုင်ဘူးဟု မည်သူမျှအာမမခံနိုင် ပါ။ ယခင်က ဥပဒေ၏ အထက်တွင် စစ်ဗိုလ်ချုပ်များသာရှိသည်ဟု ထင်ခဲ့သော်လည်း ယခု သံဃာများ လည်းရှိသေးသည်ဟု ဤပြဿနာက မီးမောင်းထိုးပြလျက်ရှိသည်။
Ref: G:\လင်္ကာ ဖားကန့်မြို့နယ်ဆငိုးတောင၊်ခငျ်းပြညန်ယ၊်တီးတနြိမိနု့ယ်မွောလဘ်မဲ်း [Mualbem] ကေျးရွာ.mht
Tuesday, May 1, 2012
ပီနန်မြန်မာမွတ်စလင်လူငယ်များကူညီမှုအသင်းမှ ကုရ်အာန်ဘာသာပြန်ကျမ်း အား ပေးအပ်လှူဒါန်းခြင်း
ပီနန်မြန်မာမွတ်စလင်လူငယ်များကူညီမှုအသင်းမှ ကုရ်အာန်ဘာသာပြန်ကျမ်း အား ပေးအပ်လှူဒါန်းခြင်း
အားမာန်သစ်နှင့် ရှေ့သို့လှမ်းချီနေသည့် ပီနန်မြန်မာမွတ်စလင်လူငယ်များကူညီမှုအသင်း
အစ္စလာမ်မိုအာလိုင်ကွမ်
             ကျွန်တော် ပီနန် မြန်မာမွတ်စလင်လူငယ်များကူညီမှု အသင်း ဘလောခ့်မှာ ပိုစ့်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ။ ရုံးကိုလည်း မရောက်ဖြစ်ခဲ့ပါဘူး။ အဓိက အကြောင်းရင်းကတော့ ရုံးတည်နေရာ နဲ့ ကျွန်တော်နေအိမ်က အတော်လေးဝေးသွားလို့ပါ။ အိမ်နဲ့ရုံးအကွာအဝေးက ကားနှင့် နှစ်နာရီလောက်ကြာအောင်မောင်းရတာမို့ စိတ်ကအမြဲရောက်ပေမယ့်လည်း လူကမရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အမျိုးသားရေးကို မေ့ထားလို့ မရတာမို့ ကျွန်တော်ကိုယ်တိုင် အချိန်ထုတ်ပြီး ရုံးကို ပြန်သွားဖြစ်ခဲ့ပါတယ်။ ပီနန်မြန်မာမွတ်စလင် လူငယ်များကူညီမှုအသင်း ရုံးရဲ့ မူလရည်ရွယ်ချက်အတိုင်း ဘာသာရေးသီးသန့်မဟုတ်ဘဲ အမျိုးသားဘာသာရေးတွဲဖက်ပြီး ကူညီမှုလုပ်ငန်းတွေကို အားတက်သရော ပြန်လည်ဆောင်ရွက်နေပါတယ်။
              ဒီကမ္ဘာလောကကြီးမှာ လူအမျိုးမျိုးအဖုံဖုံ ရှိသလို၊ စိတ်နေသဘောထား မျိုးစုံနဲ့ ကျွန်တော်တို့ နေစဉ်တွေ့ကြုံ ဆက်ဆံနေရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရုံးရဲ့ နဂိုမူလ ရည်ရွယ်ချက်ဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေကို အပျောက်မခံဘဲ တစိုက်မက်မက် လုပ်ဖို့ သန္ဓိဌာန် ချထားပါတယ်။ အသစ်ဖွဲ့စည်းပြီး ဖြစ်တဲ့ အမှုဆောင်အဖွဲ့ဝင်များနဲ့ မြန်မာမွတ်စလင်များရဲ့ ပုံရိပ်ကို အဓိကထားပြီး လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။
                                                ထွန်းသစ်
                                                ပီနန်မြန်မာမွတ်စလင်လူငယ်များကူညီမှုအသင်း