Saturday, June 22, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၁)

 

ပမာအားဖြင့် အင်ဒိုနီးရှားကို လုပ်ကြံလာသော ရှာရီရာပြုခြင်း (အစ္စလမ် ဓမ္မသတ် ရှာရီရာကျမ်းမှ ကျင့်ထုံးတို့ကို လူမှု ဥပဒေအဖြစ် ကျင့်သုံးခြင်း) ကို အင်ဒိုနီးရှား မူဆလင် ဘာသာရေးပညာရှင် ဆီရဖိ အန်ဝါက သတိပေး ဖော်ပြရာတွင် ဤလုပ်ဆောင်ချက်သည် ဘာသာရေးကျင့်ထုံးကို ပြန့်ပွားဖို့ရာ မျှော်မှန်းသည့် ရည်ရွယ်ချက်ရိုးရိုးဟု ယူဆ၍ မရ၊ ၎င်း လုပ်ရပ်သည် ခက်ထန်ရန်လိုသော လူမှုရေး၊ နိုင်ငံရေး ရှုထောင့်တခုကို အစဉ်အလာတွင် သည်းညည်ခံမှုကို ကျင့်သုံး သလို ယဉ်ကျေးမှုတို့ ကြွယ်ဝစုံလင်သည့် ဤနိုင်ငံတွင် အကောင်အထည် ပေါ်လာစေရန်
တိကျစွာ ကြံစည်ခြင်း ဖြစ် သည်။ အလားတူ ကိစ္စမျိုးကို နိုင်ငံတော်တော်များများတွင် တွေ့ရရာ ယင်းတို့ထဲမှ တနိုင်ငံမှာ မလေးရှား ဖြစ်ပြီး သမိုင်း အားဖြင့် ဤနိုင်ငံသည် ယဉ်ကျေးမှုမျိုးစုံနှင့် အလှမ်းကျယ်သည့် နိုင်ငံရေးဖြစ်စဉ်တို့ ပေါကြွယ်ခဲ့သည့်တိုင် အစ္စလမ်အ မည်ကိုသုံး၍ ထိပ်တိုက်ရင်ဆို်င်မှုကို လိုလားသော ယဉ်ကျေးမှုမျိုးး ဖြစ်ထွန်းလာအောင် တဟုန်ထိုး မြှင့်တင်ပေးမှုတို့ ပေါ်ပေါက်လာခဲ့ပါသည်။
ဤသို့ နိုင်ငံရေး အစွန်းရောက် ကိစ္စတို့ကို ငါတို့တတွေ ခုခံရမည့် အရေးတွင် ဦးစွာ ထင်ရှားသိမြင်ရမည့် အခြေခံအ ချက်မှာ ယင်းနိုင်ငံရေး ကျားကွက်တို့သည် (အင်ဒိုနီးရှားနှင့် မလေးရှား ကိစ္စတို့တွင်) အစ္စလမ်ဘာသာဟူသော အမှတ် လက္ခဏာကို ခုတုံးလုပ်ကြခြင်းသာ ဖြစ်ပြီးလျှင် ထိုသို့ ခုတုံးလုပ်ခြင်းသည် ရင်ဆိုင်မှု ပဋိပက္ခတို့ ဖြစ်ပွားလာအောင် အစီအစဉ်တကျ ကြံစည်စုစည်းသော လုပ်ရပ်တို့တွင် ကြီးမားသော အစိတ်အပိုင်း ဖြစ်နေသည် ဆိုသည်ကို ပေတည်း။
စာချပ်... ထို့အတူသာပင် မြန်မာပြည်က ၉၆၉ လမ်းစဉ်တို့ ဟူသည်မှာလည်း ဘာသာရေးလမ်းစဉ် လုံးဝမဟုတ်။ ကျနော်တို့ ကြည့်တတ်ဖို့ လိုသည်မှာ ရန်လိုခက်ထန်သော ယဉ်ကျေးမှုတခု မြန်မာပြည်တွင် ပေါ်ပေါက်လာစေရန် တိတိပပ ထားရှိပြီး အလားတူ လုပ်ဆောင်နေသည့် ၉၆၉ ၏ ရည်ရွယ်ချက် စေတနာမျိုးကို ဖြစ်၏။ လွန်လေပြီးသော အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသက ၎င်း၏ ထေရုပတ္တိတွင် ရေးသားခဲ့သည်မှာ “ဒို့ မြန်မာတွေ ဘာသာရေးအသိ မိုက်မဲနုံနဲ့တာဟာ ဘုရားပင်လည်း ထင်ရှားရှိလျက် ဆင်းတုဖျက်တယ်။ တရားပင်လည်း ထင်ရှားရှိလျက် ကျမ်းဂန်ဖျက်တယ်။ သံဃာပင်လည်း ထင်ရှားရှိလျက် ဘုန်းကြီးဖျက်တယ်”။ အတုအယောင် အမှတ်လက္ခဏာ တို့မည်သည် စစ်မှန်သော (ပရမတ္တ) ဘုရား၊ တရား၊ သံဃာတို့ကို ကိုယ်စားမပြု။ ထို မစစ်မှန်သည့် အမှတ်လက္ခဏာတို့သည် နဂိုကတည်းက တရားဓမ္မ၏ အမွန်မြတ်ဆုံး ဂုဏ်ရည်မျိုးဖြစ်သော သန္နိဌိက (အဖန်တလဲလဲ ချင့်နိုးစူးစမ်း ဝေဖန်အပ်ခြင်း) စသည့် ဂုဏ်ရည်မျိုးကို ပိတ်ဖုံးကာထားတတ်ပါ၏။
ပြခဲ့သည့် မကောင်းသော စေတနာမျိုးကို တိတိကျကျထားရှိပြီး ဖြန့်ဖြုးပြန့်ပွားစေသည့် ၉၆၉ လို အမှတ်လက္ခဏာ မျိုးမူကား ဆိုဖွယ်ရာ မရှိ။ ကိုးကွယ်ရန်လည်း မဟုတ်၊ ကာကွယ်ရန်လည်း မဟုတ်။ အထူးသိမှတ်အပ်သည့် သဘောမှာ လောကသုံးပါး၏ အထွတ်ဖြစ်သည့် ဘုရား၊ တရား၊ သံဃာ အစစ်အမှန်တို့၏ အမြတ်ဆုံးသောဂုဏ်ရည်တို့ ဟူသည် မည်သို့သော ဘာသာရေး အမှတ်လက္ခဏာကမှ စိုးစဉ်းမျှပင် ကိုယ်စားမပြုနိုင်ကြောင်း ဆိုသည်ကို ပေတည်း။
ဝီရသူက ပြောသော အင်ဒိုနီးရှားနှင့် မလေးရှားတို့ သည်လို သူတို့ အစ္စလမ်ဘာသာတရားအတွက်လုပ်လို့ တုံ့ပြန်တဲ့ အနေနဲ့ ငါလည်း လိုက်လုပ်တယ်ဆိုသော ပရိယာယ်၏ နောက်ကွယ်တွင် ဖုံးအုပ်ထားသော နိုင်ငံရေး လက်မည်းကြီးကို မြင်တတ်ပါလေ။ တကယ်ကတော့ တုံ့ပြန်သော အနေဖြင့် လိုက်လုပ်ခြင်း မဟုတ်၊ ယင်းနိုင်ငံတို့တွင် ပြဆိုခဲ့သလို ဘာသာရေးကို နိုင်ငံရေးကျားကွက်ထဲ ဝင်လာအောင် တုပပြီး ဖန်တီး လိုက်လုပ်ခြင်းသာ ဖြစ်ပါ၏။
နောက်တချက်မှာ ယင်းနိုင်ငံတို့၏ အသေးစိတ်သော အတွင်းကျကျ နိုင်ငံရေး ဖြစ်စဉ်သဘောတို့ကို ယခုလေးတင်ကမှ ထောင်မှလွတ်လာသလို လောကီဖက် ပညာအရည်အချင်းအားဖြင့် အင်မတန်အားနည်းသော ဤသူသည် ဘယ်လိုမျိုး ဖတ်မှတ်သိရှိပါသနည်း။ နိုင်ငံရေး ဖြစ်စဉ် သီအိုရီ စာပေမျိုးဆိုသည်မှာ အင်္ဂလိပ်စာ အတော်အတန်ကောင်းသူတို့ပင် အတော်အတန် အားစိုက်ဖတ်ရသော ကိစ္စမျိုး ဖြစ်ပါ၏။
နိုင်ငံငယ်များ ဖြစ်သော မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံရေး ဖြစ်စဉ်ဆိုသည်မှာ ယင်းနိုင်ငံတို့၏ အပေါ်ယံကိစ္စတွေ သည်ပင် ကမ္ဘာ့မီဒီယာတွေမှာ တခမ်းတနား ပေါ်ပြုလာဖြစ်ပြီး ပါနေတာမျိုးလည်း မဟုတ်။ ဒါကို ကြည့်ခြင်းအားဖြင့် သည်ဇာတ်လမ်းတွင် ဝီရသူကို နောက်ကွယ်တွင် ပံ့ပိုးထားသော ရည်ရွယ်ချက် ရှိရှိဖြင့် ကြံဆောင်ထားသည့် မိစ္ဆာပညာ ရှင်တဦး (သို့မဟုတ်) အုပ်စုလိုက် နောက်မှာရှိကြောင်းကို ခန့်မှန်း၍ရလောက်ပါသည်။
အချုပ်အားဖြင့် ၉၆၉ ဟူသည်မှာ အင်ဒိုနီးရှား နှင့် မလေးရှားမှ နိုင်ငံရေးစစ်တုရင်ကွက်ကို တုပပြီး ထိုစစ်တုရင် ကစား ကွက်မျိုးကို မြန်မာပြည်တွင် ကစား၍ရစေရန် ငွေကြေးအင်အားတောင့်တင်းသော နိုင်ငံရေး အင်အားစုတစုမှ အကွက် ကျကျ လုပ်ဆောင်ဖန်တီးနေခြင်းသာတည်း။ ထိုဖြစ်စဉ်ကို နောက်ကွယ်က လုပ်ကြံသူတို့၏ မူလ မဟာဗျုဟာတွင်ရှိ သည့် စေတနာမူကား သင်းကွဲအုပ်စု အမုန်းတရား ဖြစ်ထွန်းရေးခေါင်းဆောင် ဝီရသူကဲ့သို့ အစ္စလမ်ဘာသာကို တုံ့ပြန် ခြင်း မဟုတ်ရေးချ မဟုတ်နိုင်ပါသတည်း။
ညိုထွန်း

http://naytthit.blogspot.com
 

Monday, June 17, 2013

အမျိုးစောင့် ဥပဒေ ထုတ်ပြန်ရေးအဆို သံဃာအများစုက လက်မခံ

ရန်ကုန်တိုင်း မှော်ဘီမြို့က ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက် ကျင်းပပြုလုပ်သွားတဲ့ မြန်မာနိုင်ငံတ၀ှမ်းက သံဃာတွေရဲ့ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးသွားတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်းရဲ့ နာယက ဆရာတော် ဦးဝီရသူ တင်ပြသွားတဲ့ မြို့စောင့်ဥပဒေထုတ်ပြန်ရေးဆိုတဲ့ အဆိုနဲ့ ပတ်သက်ပြီးသံဃာအများစုက လက်ခံခြင်း မရှိကြောင်း မိန့်ကြားပါတယ်။
 
တင်ပြတဲ့ဥပဒေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို ဘာသာခြားက လက်ထပ်လိုပါက အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်သလို မိဘထံကလည်း ခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။
 
ဒီဥပဒေနဲ့ပတ်သက်ပြီး သံဃာအများစုက မြန်မာပြည်သူတွေအတွင်း စိတ်ဝမ်းကွဲမူ တွေဖြစ်ပေါ်နိုင်တယ်လို့ မိန့်ကြားပါတယ်။
 
အလားတူ သံဃာတချို့က မြတ်စွာဘုရားရဲ့ ဟောကြားချက်မှာ အခုလို ကန့်သတ်ချက်မျိုးမရှိကြောင်း မိန့်ကြားပါတယ်။
 
သံဃာ့ညီလာခံနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေတဲ့ ရွှေဝါရောင်လှုပ်ရှားမူအဖွဲ့က အရှင်ပညာဇောတ က ခုလိုမိန့်ပါတယ်။
 
"မြို့စောင့်ဥပဒေဆိုတာ အင်မတန်မှ ကျယ်ဝန်းပါတယ်၊အင်မတန်မှ နက်ရှိုင်းပါတယ်။ဒီဥပဒေတစ်ခုကို တင်လာပြီဆိုရင် ဒီရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေ စဉ်းစားဖို့ လိုအပ်တယ်။ဒီအဆိုတစ်ခုကို တင်လိုက်ခြင်းအားဖြင့် ကိုယ့်နိုင်ငံမှာရှိတဲ့ ညီညွတ်ရေးတွေက ဘယ်လောက်ထိအောင် ပြိုကွဲသွားနိုင်တယ်ဆိုတာ သုံးသပ်ဖို လိုပါတယ်"
 
မနေ့က ပြီးဆုံးသွားတဲ့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း မြို့စောင့်ဥပဒေနဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်းသိရှိရပါတယ်။
 
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံဟာ မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေကို တရားဥပဒေအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အဓိက ရည်ရွယ်ပြီးပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။
 

Saturday, June 15, 2013

ဘာသာရေး ပဋိပက္ခ ဖန်တီးမှု အရေးယူမည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် တောင်းဆို

သတင်း

 ပဋိပက္ခကာလ မိတ္ထီလာမြို့ရှိ ချမ်းအေး ရပ်ကွက် မတ်လ ၂၂ ရက်နေ့က မီးလောင်နေစဉ် 


  တေဇလှိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ဖန်တီးသူများကို အရေးယူနိုင်မည့် ဥပဒေတရပ် အမြန်ဆုံး ရေးဆွဲ ပြဋ္ဌာန်းပေးရန် သံဃာတော်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ရှေ့နေများ၊ စာရေးဆရာများ အပါအ၀င် နယ်ပယ် အသီးသီးမှ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူများနှင့် ဖွဲ့စည်း ချိတ်ဆက်ထားသော ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်က တောင်းဆို လိုက်သည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပသော သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော သတင်းစာ ရှင်းလင်းပွဲတွင် ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်က ထိုသို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယနေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင် သံဃာတော်များ ကွန်ရက်မှ သံဃာတော်များ၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယက ဦးဝင်းတင်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အပါအ၀င် လူမှုရေးအဖွဲ့အစည်းများနှင့် ကွန်ရက်များ၊ ပြည်သူများ စုစုပေါင်း အင်အား ၄၅၀ ကျော် တက်ရောက် ခဲ့သည်။

“လွှတ်တော်အနေနဲ့ လူမျိုးတမျိုး၊ ဘာသာတခုတည်းအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ တို့ရဲ့ လုံခြုံခွင့်နဲ့ အကျိုးစီးပွားကို အာမခံချက် ပေးဖို့၊ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးဖန်တီးမှုတွေကို အရေးယူနိုင်မယ့် ဥပဒေတရပ် မြန်မြန်ရေးဆွဲပေးဖို့ တောင်းဆိုချင်တယ်” ဟု ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်မှ တာဝန်ရှိသူ တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။

ပဋိပက္ခများကို ရှုမြင်ရာတွင် ဥပဒေရှုထောင့်မှ ရှုမြင်သင့်ပြီး ဘာသာရေး၊ လူမျိုးရေး ကိစ္စများအဖြစ် မရှုမြင်သင့်ဘဲ ဘာသာရေးနှင့် လူမျိုးရေးရှုထောင့်မှ ကြည့်ရှုနေသမျှ ကာလပတ်လုံး ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေဦးမည်ဖြစ်ကြောင်း (NLD) ၏ နာယက ဦးဝင်းတင်က ပြောသည်။

“ပဋိပက္ခကို ပဋိပက္ခလို့ပဲ မြင်သင့်တယ်။ အဲလိုမဟုတ်ရင် သံသယတွေနဲ့ ပဋိပက္ခတွေက ဆက်ဖြစ်နေဦးမှာ။ တယောက်နဲ့ တယောက် မယုံကြည်ရင်၊ ဒီလို ပြဿနာ တခုခုဖြစ်တိုင်း မွတ်စလင် တွေကြောင့်ဖြစ်တာ၊ ဗုဒ္ဓဘာသာ တွေကြောင့်ဖြစ်တာလို့ မြင်နေရင် ဒီပဋိပက္ခတွေက ပြီးတော့မှာမဟုတ်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။

မန္တလေးမြို့ ဘုရားကြီး ရေတော်ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုတနှင့် ရန်ကုန်မြို့ရှိ ဆရာတော် ဦးဉာဏိက တို့က သံဃာတော် များသည် သံဃာများ၏ နေရာတွင်သာ နေသင့်ကြောင်း၊ သံဃာတော်များက ပဋိပက္ခများ အကြား ဝင်ရောက် ဖြေရှင်းခြင်းသည် မည်သို့မျှ ပြေလည်နိုင်မည် မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။

“ဘုန်းကြီးတို့ ငယ်ငယ်က လူကြီးတွေ ပြောတဲ့စကားရှိတယ်။ ဗီဒီယိုရုံမှာ နှုတ်ခမ်းမွှေးနဲ့၊ တိုက်ပုံနဲ့ လူကြီးက ရှေ့ကနေ ထ ရပ်တာကို အနောက်ကနေ နှုတ်ခမ်းမွှေးနဲ့ အဒေါ်ကြီး ထိုင်ပါဗျို့၊ မမြင်ရဘူးလို့ အော်ကြတယ်။ ဒီတော့ အဲဒီလူက သူ့ကို ပြောတာ မဟုတ်ဘူး ဆိုပြီး မထိုင်ဘူး။ လူတွေကလည်း အော်ကြတယ်။ အခုဖြစ်စဉ်က ဒီလိုပဲ ဖြစ်နေတယ်” ဟု ဆရာတော် ဦးဝိသုတက မိန့်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမုန်းတရား ဝါဒဖြန့်ချိမှု မှန်သမျှကို ထိရောက်စွာ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ဖြစ်ပွား လာပါကလည်း လုံခြုံရေး တာဝန်ရှိသူများက လိုအပ်သလို ပစ်မိန့် ပေးခြင်းဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ကာကွယ် ပေးရန်၊ အကြမ်းဖက်မှု ဖြစ်ပွားပြီးလျှင်လည်း တရားခံများကို ဖော်ထုတ်ပြီး ထိရောက်စွာ အပြစ်ပေး အရေးယူ ပေးရန်၊ အကြမ်းဖက် ခံရသူတို့၏ ခုခံပိုင်ခွင့်ကို ဥပဒေအရ အကျိုး ခံစားခွင့်ပေးရန် တောင်းဆိုကြောင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

http://burma.irrawaddy.org/
 

ခေါင်းဆောင်ကိုလေးစားပါ။ မကန်တော့သင့်ပါ။

Type your summary here. Type the rest of your post here.



 
ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က သူလာရင်လက်အုပ်ချီခိုင်းတာတွေကိုလုပ်ခိုင်းလေ့ရှိတယ်။
သူကိုလူတွေက ကိုယ်ဆန္ဒအလျောက်ရိုသေလေးစာလို့  လက်အုပ်ချီခိုင်းတဲ့ပုံစံမျိုးပေါ့။
 
ဆရာဆရာမတွေပါ သူကိုလက်အုပ်ချီနေရတာတွေကိုမှတ်မိကြဦးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က အခု ဗိုလ်ချုပ်ခင်ညွန့် ထက်ကိုသာလာပါတယ်။ လူတွေက ထိုင်ကန်တော့ကြခြင်းဖြစ်ပါတယ်။
လူလူခြင်းကန်တော့ခံတဲ့လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားမြစ်သင့်ပါတယ်။ ဒါဟာ ပဒေသရာဇ်ယဉ်ကျေးမှုဖြစ်ပြီး လွဲမှားတဲ့အယူတွေဖြစ်ပါတယ်။
မြန်မာရိုးရာယဉ်ကျေးမှုအရေ မိဘ၊ သက်ကြီး၇ွယ်အိုနဲ့  ဆရာဆရာမတွေကို ကျနော်တို့ ကန် တော့ကြပါတယ်။ ဒါက ယဉ်ကျေးမှုအရ ရိုသေလေးစားမှုအရသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလဲ မိဘအရွယ်ဖြစ်လာတဲ့အတွက် အခါကြီးရက်ကြီးတွေမှာသူဆီကိုသွားပြီး ကန်တော့နိင်ပါတယ်။ ဒါပေမဲ့ဒီကန်တော့မှုပူဇော်ခံမှုတွေကို နိင်ငံရေးမျက်နှာစာမှာတော့မဖြစ်စေချင်ပါ။ မကျင့်သုံးစေချင်ပါ။
ဒီယဉ်ကျေးမှုကို လူမှုရေးမှာပဲထားစေချင်ပါတယ်။ နိင်ငံရေးမှာ ဒီအလေ့ကို သွပ်သွင်းလာရင်တော့ မကောင်းတဲ့ အဓိပါယ်မျိုးစုံထွက်လာနိင်တဲ့အတွက်ဒေါ်စုအနေနဲ့  လူတွေကို တားမြစ်သင့်တယ်။ လူထုက ခေါင်းဆောင်ဆိုသူတွေကိုဦးကျိုးသွားသလိုဖြစ်သွားနိင်တယ်။ ဒီလိုဦးကျိုးသွားခြင်းဟာ လူအရည်အသွေးကိုကျဆင်းစေပြီး ဒီမိုကရေစီယဉ်ကျေးမှုကို နှောင့်နှေးစေတယ်။
အာဏာရှင်စနစ်ကို ပြန်လည်ဦးတည်သွားစေနိင်လို့ ဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့ဒီဖြစ်ရပ်တွေကို မသိကြိုးကျွံမပြုသင့်ပါ။
http://komoethee.blogspot.com

Wednesday, June 12, 2013

ဗလီများကို ဝင်ရောက် လေ့လာနိုင်ပြီ

 
    
ရန်ကုန် ဆူးလေစေတီတော်အနီး ဘန်ဂါလီစွန္နီ ဂျာမေဗလီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အစ္စလာမ်ဘာသာဝင်များအတွက် ဗလီဝတ်ကျောင်းသည် သန့်စင်မွန်မြတ်သည့် နေရာဖြစ်သည့်အတွက် ယုံမှတ်မှားနေသကဲ့သို့ အက်ဆစ်များ လက်နက်များ သိုလှောင်ထားခြင်းမရှိဘဲ မည်သည့်အချိန်တွင်မဆို ဘာသာကွဲများအနေဖြင့် လာရောက် လေ့လာနိုင်ကြောင်း မြန်မာမွတ်စလင် ကွန်ယက်ပေါင်းစုက ပြောဆိုလိုက်သည်။
 
“ဗလီကျောင်းထဲမှာ ဓါး အတိုလေး တချောင်းတောင် မရှိဘူး။ ဗလီမှာ အဖိုးအတန်ဆုံးက နာရီပဲရှိတယ်။ နောက် ကိုယ် လက် သန့်စင်ရတဲ့ ရေကန်ရှိတယ်။ အပြင်လူတွေပြောနေသလို ဗလီမှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေက အခုလည်း မရှိဘူး နောင်လဲရှိလာမှာမဟုတ်ဘူး။ ဒါကို စဉ်းစားတွေးခေါ်တတ်တဲ့သူတွေကတော့ သိမှာပါ”ဟု မြန်မာမွတ်စ်လင် ကွန်ယက်မှ သဘာပတိဖြစ်သူ ဒေါက်တာမြင့်သိန်းက အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များကို အထင်လွဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
 
ထိုသတင်းစာရှင်းလင်းပွဲသည် အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များအပေါ် အထင်အမြင် နားလည်မှုလွဲမှားမှုများနှင့် ပတ်သက်၍ မွတ်စ်လင်မ် ပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်ကွန်ယက်ပေါင်းစု ( Unity For Peace Network )က ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဗိုလ်တထောင်မြို့နယ်ရှိ YMCA ခန်းမ၌ ပြုလုပ်ခဲ့သည်။
 
ထိုပွဲကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ နာယကဖြစ်သူ ဦးကိုလေး၊ မြန်မာမွတ်စ်လင်မ် အဖွဲ့ချုပ်မှ ဓမ္မသတ်မှူး ဦးတင်မြင့်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှိအာဟ် သာသနာ့ ဝန်ဆောင်မှု အဖွဲ့ချုပ်မှ ဦးခင်မောင်ဦး၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ ဦးအေးလွင်၊ မြန်မာ မွတ်စ်လင်မ် ကွန်ယက်မှ သဘာပတိ ဖြစ်သူ ဒေါက်တာမြင့်သိန်းနှင့် အထူးဧည့်သည်ဖြစ်သူ အလင်းတန်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းတို့က ရှင်းလင်း ပြောကြားခဲ့ကြသည်။
 
ဗလီကျောင်းထဲသို့ အစ္စလာမ်ဘာသာဝင်ဖြစ်သော်လည်း သန့်ရှင်းမှုမရှိသူများကို ဝင်ခွင့်မပေးထားကြောင်း၊ ယခင်က ဗလီသို့ မည်သည့်ဘာသာခြားမှ မလာကြောင်း၊ မိမိတို့ ဘာသာဝင်များထဲတွင် သန့်ရှင်းသူများသာ လာရောက်ရသည့် နေရာဖြစ်သည့်အတွက် အခြားဘာသာခြားများ ဗလီသို့လာလျှင် အစ္စလာမ်ဘာသာဝင်များ၏ စိတ်တွင် တမျိုးတမည် ဖြစ်ကြကြောင်း၊ ထို့ပြင် ဗလီအချိန်ပြည့်ဖွင့်ထားပါက အချို့သူများက အပေါ့အလေးသွားရန်အတွက် လာခြင်းတို့ကြောင့် ဗလီအား အချိန်ပြည့် ဖွင့်ထားခြင်းမရှိကြောင်း သိရသည်။
 
“အခုလို စွပ်စွဲချက်တွေ၊ သံသယတွေ ဖြစ်လာတဲ့အတွက် ကျနော်တို့ တံခါးဖွင့်လိုက်ပါပြီ။ လာလေ့လာပါ ကြည့်ပါ။ ဒါပေမယ့် သန့်သန့်ရှင်းရှင်းဖြစ်အောင် ခြေလက်ဆေးတာတွေ လုပ်စေချင်တယ်။ တချို့ဆို ဗလီထဲက ပစ္စည်းတွေကို ဖြုတ်ယူသွားတာတွေရှိတယ်။ ဒါကြောင့် ဗလီတာဝန်ရှိသူတွေက ဗလီကို ပိတ်ထားတယ်။ ဒါပေမယ့် ဗလီဖွင့်ချိန်မှာ ဝင်လေ့လာနိုင်တယ်”ဟု မြန်မာမွတ်စ်လင်မ်အဖွဲ့ချုပ်မှ သဘာပတိဖြစ်သူ ဦးတင်မြင့်က ပြောသည်။
 
အဆိုပါပွဲတွင် ၇၈၆ သည် အစ္စလာမ်ဘာသာက ကမ္ဘာကို လွှမ်းရမည် ဆိုသော ဖွင့်ဆိုချက်မှာ မဟုတ်ကြောင်း၊ အနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်ထံမှ ကောင်းချီးမင်္ဂလာရယူရန်၊ အခြားသူများကို ကရုဏာထားဆက်ဆံရန် အစားအသောက်များကို စည်းကမ်းနဲ့အညီ စီရင်ထားခြင်းကို ရည်ညွှန်းထားခြင်းသာ ဖြစ်ကြောင်း၊ နောက် တရားတော်အရ ယုံကြည်ချက် တူသူခြင်းသာ လက်ထက်နိုင်ပြီး အိမ်ထောင်ပြုရန်သက်သက် ဘာသာကူးပြောင်းမှုအား လက်မခံကြောင်း၊ ယောက်ျားတွေကို ခြွင်းချက်အနေဖြင့် မိန်းမ ၄ ယောက် ယူခွင့်ပေးထားကြောင်း၊ သို့သော် တလင်တမယားစနစ်ကိုသာ အားပေးကြောင်း အစ္စလာမ် ဘာသာရေးပညာရှင်များက ရှင်းပြသည်။
 
ဗလီဝတ်ကျောင်းသည် တရားမဝင် ကာမမှုတို့ ကျူးလွန်ရန် အားပေးသည့် နေရာမဟုတ်သကဲ့သို့ ဘာသာမတူသူ မိန်းမများအား လက်ထပ်နိုင်သူတို့ကို ထိုဇနီး၏ အဆင့်အလိုက် ထောက်ပံ့ကြေးပေးနေသည်ဟူသော စွပ်စွဲချက်သည် အခြေအမြစ်မရှိသော လိမ်ညာမှုသာဖြစ်ကြောင်း ပြောဆိုကြသည်။
 
“ဂျီဟာဒ်ဆိုတဲ့ အဓိပ္ပါယ်က အစွမ်းကုန်ကြိုးပမ်းမှုဖြစ်တယ်။ သာနာပြုဖို့ သာသနာ့စစ်ပွဲ ဆင်နွှဲဖို့ လမ်းညွှန်ချက် မဟုတ်ဘူး။ အစ္စလာမ်ဘာသာမှာ ကျူးကျော်စစ်ကို လုံးဝ ခွင့်မပြုထားဘူး။ ခုခံစစ်ကိုတော့ ခွင့်ပြုထားတယ်။ ဘာသာခြားတို့ အစ္စလာမ် သာသနာထဲကို ဝင်ရောက်ဖို့ အတင်းလုပ်တာကို ခွင့်မပြုထားဘူး”ဟု Unity For Peace Network မှာ တာဝန်ရှိသူ တဦး ဖြစ်သူ ဦးကျော်ဝင်းက ပြောသည်။
အစ္စလာမ်သာသနာ၏ မှတ်ကျောက်ဖြစ်သော ကုရ်အာန်ကျမ်းကို မွတ်စလင်တို့က ယုံကြည်ကြပြီး ၎င်းကို စနစ်တကျ ရွတ်ဆိုနည်း၊ ဘာသာပြန်နည်း၊ ဖွင့်ဆိုနည်းများ ရှိသော်လည်း ဘာသာကွဲတို့က မိမိတို့ လိုသလို အချိန်အဆက် လွဲမှားစွာ စစ်မက်ဆိုင်ရာ စစ်စည်းကမ်း၊ စစ်ဗျူဟာဆိုင်ရာ လမ်းညွှန်ချက်များကို စစ်မက်ကင်းစင်သည့် ကာလဆိုင်ရာ လမ်းညွှန်ချက်များအဖြစ် ဖော်ပြကာ မွတ်စလင်တို့သည် ၎င်းဘာသာတူမဟုတ်သူများကို သတ်ပစ်ကြရန်၊ ထိုသို့ ဘာသာခြားကို သတ်လျှင် ကုသိုလ်ရသည်ဟု လွဲမှားစွာ ဘာသာပြန်နေကြပြီး ထိုသို့ ကုရ်အာန်ကျမ်းတွင် လမ်းညွှန်ထားသည်မှာ မဟုတ်ဟုလည်း ဆိုကြသည်။
 
ပထမ၊ ဒုတိယကမ္ဘာစစ်တွင် လူသန်းပေါင်းများစွာ သေခဲ့ခြင်းမှာ မွတ်စလင်တို့ကြောင့် မဟုတ်ကြောင်း၊ အိန္ဒိယတွင် မဟတ္ထမ ဂန္ဒီအား ဟိန္ဒူအစွန်းရောက်က သတ်ခြင်း၊ ရာဂျစ်ဂန္ဒီကို တမိလ်တိုက်ဂါးအမျိုးသမီး အသေခံဗုံးခွဲခြင်း၊ အင်ဒီရာ ဂန္ဒီကို ဆစ်ခ်(ပန်ချာပီ) သက်တော်စောင့် သတ်ခြင်း၊ အစ္စရေးနိုင်ငံရေးခေါင်းဆောင်ရာဘင်ကို ဂျုးအစွန်းရောက်က သတ်ခြင်း၊ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းအား အမေရိကန်လူမျိုးက သတ်ခြင်း၊ ဗြိတိန်မှ IRA အကြမ်းဖက်သမားများ၊ ယနေ့ထိ ဥရောပနှင့် ဂျပန်ဒုစရိုက်မှောင်ခို မူးယစ်ဂိုဏ်းတို့ အကြမ်းဖက်နေခြင်း၊ သေနတ်ကိုင်ခွင့်ကို တရားဝင် ဥပဒေက ခွင့်ပြုထားသော အမေရိကန်နိုင်ငံမှ ကျောင်းသား လူငယ်များပါ လူမမယ်များပါ မကျန် ပစ်ခတ်သတ်ဖြတ်နေခြင်းတို့မှာ အကြမ်းဖက် လုပ်ရပ်များပင်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများသည် ဘာသာတိုင်း လူမျိုးတိုင်းတွင် ရှိနေသောကြောင့် မွတ်စလင်တိုင်းသည် အကြမ်းဖက်သမားမဟုတ်၊ သို့သော် အကြမ်းဖက်သမားတိုင်းသည် မွတ်စ်လင်မ်ဖြစ်သည်ဟု မစွပ်စွဲသင့်ကြောင်း အစ္စလာမ်ဘာသာရေးပညာရှင်များက ပြောသည်။
 
ထို့ပြင် အစိုးရအသိအမှတ်ပြု အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများက လတ်တလော ဖြစ်ပျက်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ထိရောက်အောင် မလုပ်နိုင်ခြင်းမှာ ဘာသာရေးအဖွဲ့အစည်းများ၏ အထက်တွင် သာသနာရေး ဝန်ကြီးဌာနရှိနေသောကြောင့်ဖြစ်ပြီး မိမိတို့အနေဖြင့် ပြုလုပ်ရမည်များကို ပြုလုပ်ခဲ့သော်လည်း အကောင်မထည်ပေါ်ခြင်းမရှိသည်မှာ ထိုသို့ဖြစ်ရန် ဖန်တီးသူများကြောင့်ဟု ဒေါက်တာမြင့်သိန်းက ပြောသွားခဲ့သော်လည်း အတိအကျ ရှင်းလင်းခဲ့ခြင်း မရှိပေ။
 

Thursday, June 6, 2013

ကျေးစွပ်နေကြသည့် လူမျိုးရေးအစွန်းရောက်များ

          အစွန်းဆိုတာ ဘယ်အစွန်းမှ မကောင်းဘူးဗျာ။ မြောင်းစွန်းလည်းမကောင်းဘူး၊ ချောက်စွန်းလည်းမကောင်းဘူး။ ရခိုင်ပြည်နယ်မှာ ဒီ two-child policy ကို ထောက်ခံဆန္ဒပြပွဲပြုလုပ်နေတယ်ဆိုပဲ။ ကမ္ဘာပေါ်မှာ လူသားတွေ အများစုဟာ လူ့အခွင့်အရေးမြတ်နိုးသူတွေပါ။ အခုလို လူ့အခွင့်အရေးကိုချိုးဖောက်တဲ့ ဥပဒေကို လက်ခံဖို့ ဆန္ဒပြပွဲ ကျင်းပတယ်ဆိုတော့ ဒီအပြုအမူဟာ လူမျိုးတစ်မျိုးကို ရက်စက်တယ်ဆိုတာထက် ကမ္ဘာ့တစ်ဝှမ်းက လူ့အခွင့်အရေးမြတ်နိုးသူတွေကိုပါ စော်ကားလိုက်ခြင်းနဲ့ အတူတူပါပဲ။
               ဒီဆန္ဒပြပွဲမှာ ထောက်ခံပါဝင်တဲ့သူတွေကို ကျွန်တော်မေးချင်ပါတယ်။ အကယ်၍များ ဒီဥပဒေကို လူမျိုးဘာသာမခွဲခြားဘဲ (ရိုဟင်ဂျာရော၊ ရခိုင်နှင့် အခြားတိုင်းရင်းသားတွေကိုပါ) ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပြဌာန်းလိုက်မယ် ဆိုရင် ခင်ဗျားတို့ လက်ခံနိုင်မလား။ အခုတော့ ရိုဟင်ဂျာအတွက်ပဲ သီးသန့် ဥပဒေထုတ်ပေးတယ် ဆိုတော့ ဒါဟာလူသားအချင်းချင်းခွဲခြားဆက်ဆံတဲ့ ပြရုပ်တစ်ခုပါပဲ။ ဒီဥပဒေကို လူသားချင်းစာနာစိတ်ရှိတဲ့ လူတိုင်း၊ လူ့အခွင့်အရေးကို မြတ်နိုးသူတိုင်းက လက်ခံနိုင်မှာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်စုတစ်ခုကိုသာ မွေးဖွားမှုကန့်သတ်ထားတဲ့ ဒီဥပဒေဟာ ဥပဒေအယောင်ဆောင်ထားတဲ့ လူမျိုးစု ပျက်စီးပျောက်ကွယ်သွားအောင် ရည်ရွယ်ချက်ပါပါ ပြုလုပ်ကြံစီချက်ပါ။။
                  များမကြာခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့ကိုသွားရောက်ပြီး လူမျိုးရေးအစွန်းရောက် တစ်စုက ကြမ်းတမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ တကယ်တော့ ဒီလူတွေအနေနဲ့ သေသေချာချာ စဉ်းစားဆင်ခြင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ လူ့အခွင့်အရေးကို မြတ်နိုးလွန်းလို့ ဆယ်စုနှစ်ပေါင်းများစွာ စစ်ကျွန်ဘ၀ရောက်နေတဲ့ မြန်မာပြည် သူ ပြည်သားတွေ လွတ်မြောက်ဖို့အတွက် နှစ်ပေါင်းများစွာ စစ်အစိုးရကို အန်တုလာခဲ့သူပါ။ သူမရဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်လာရင် လူမျိုးစွဲ ဘာသာစွဲ မရှိဘဲ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်တတ်တယ်ဆိုတာကို ပြည်သူလူထုတွေ အားလုံးက ယုံကြည်နားလည်ထားသင့်ပါတယ်။
               အခုလို ဆန္ဒပြခွင့်ရတာ၊ သိန်းစိန်ရုပ်သေးအစိုးရက အထိုက်အလျှောက်လွတ်လပ်ခွင့်တွေ ပေးလာတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုရလာဒ် အသီးအပွင့်တွေပါပဲ။ ဒီလို ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ပေးခဲ့တဲ့ ကျေးဇူးရှင်ကို ကျေးဇူးမတင်ရင်တောင်မှ အိမ်ရှေ့အထိ သွားပြီး စော်ကားတဲ့ အပြုအမူမျိုး မလုပ်သင့်ပါဘူး။ နှစ်ပေါင်းများစွာ လူထုအတွက် ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို တစ်ကြိမ်တစ်ခါ သူ့တို့ရဲ့ တစ်ဖက်သက်ဆန္ဒနဲ့ မကိုက်ညီတာနဲ့ပဲ ရန်သူကြီးသဖွယ် ဆက်ဆံသွားတဲ့ ခင်ဗျားတို့ ရဲ့လုပ်ရပ်တွေဟာ အစွန်းတစ်ဖက်ကို သိပ်ရောက်လွန်းနေတယ်။ နိုင်ငံတကာမှာလည်း မကောင်းတဲ့ အမည်းစက်ဖြစ်နေတဲ့ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းက အမြန်ဆုံးရပ်သင့်ပြီး လူသားဖြစ်တည်ခွင့်ကို သဘောပေါက် နားလည်အောင် ကြိုးစားသင့်ချိန်ရောက်နေပါပြီ။
 
                                                                                              ထွန်းသစ်အောင်

Monday, June 3, 2013

ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်ကြပါစို

 

ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်ကြပါစို့
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက် )
 
မြေပြန့်/တောင်ပေါ်မခွဲ အကြမ်းဖက်၊ မီးရှို့၊ လူသတ်မှုတွေက ဘယ်မှာပဲဖြစ်ဖြစ် တစ်ပုံစံထဲပဲ။ ပစ်မှတ်နဲ့ လုပ်ရပ်က မူဆလင် ဘာသာဝင်များနဲ့ ၄င်းတို့ရဲ့ဘာသာရေးအဆောက်အအုံ၊ အသက်အိုးအိမ် စည်းစိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်ဖျက်ဆီးတာနဲ့ အကြမ်းဖက်သတ်ဖြတ်တာဖြစ်တယ်။
 
နိုင်ငံတော်အစိုးရနဲ့အဆင့်ဆင့်အုပ်ချုပ်ရေးပိုင်းက လက်ပိုက်ကြည့်နေတာကလည်း ဘယ်မှာဖြစ်ဖြစ် တစ်ပုံစံထဲပဲ။
 
ဘာသာရေးနဲ့လူနေအဆောက်အအုံတွေ မီးလောင်ပျက်စီးပြီ၊ လူတွေသေကျေဒဏ်ရကုန်ပြီ စိစိညက်ညက် ကျေလောက်ပြီ ဆိုတော့မှစစ်တပ်နဲ့ရဲကဟန်ရေးပြပြီးမြို့ထဲကင်းလှည့်ထွက်လာပါတော့တယ်။ စိတ်ကြိုက် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်နိုင်ဖို့အချိန်ပေး ထားတဲ့သဘောဖြစ် ပါတယ်။ ဒီလိုနဲ့လားရှိုးမြို့လည်း ပုဒ်၁၄၄ အောက်ရောက်သွားတယ်။ မြို့ခံလူထုတွေ ကျီးလန့်စာ စားရတဲ့ ဘဝကျ ရောက်သွားကြရတယ်။ မိထ္ထီလာက ပြည်သူတွေလို လားရှိုးကပြည်သူတွေလည်း စိုးရိမ်ပူပန်နေကြရတယ်။
           
“ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်” ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ “အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ” ဘာလုပ် နေသလဲ။
နိုင်ငံတော်အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းဟာ အကြမ်းဖက် သမားတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတာ ထင်ရှားပါတယ်။ မင်းတို့ပီပီပြင်ပြင် အကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးကြစမ်း ငါတို့မျက်စိမှိတ်နေမယ်။ အချိန်ဆွဲထားမယ်ဆိုတဲ့ သဘော ထားနဲ့လက်တွေ့အပြုအမူပဲဖြစ်ပါတယ်။
 
မေလ ၂၈ ရက်နေ့ ည ၈ နာရီမှ စတင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း တုတ်ဓါးကိုင် ဆိုင်ကယ်စီးအကြမ်းဖက်သမားများသည် မေလ ၂၉ ရက်နေ့ ညနေပိုင်းအထိ အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု ၇ ကြိမ် ထပ်မံ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့အတွက် လူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဤအချက်က အကြမ်းဖက်သမားကို တမင်လွှတ် ပေးထားကြောင်းပိုမိုထင်ရှားစေတဲ့ သာဓကဖြစ်ပါတယ်။ အကြမ်းဖက်သမားများဟာ ပုဒ်မ ၁၄၄ ကို ပမာမထားဘဲ၊ အကြမ်းဖက်ခြင်း ဖြစ်ပြီး၊ အာဏာပိုင်များဘက်က ထိထိရောက်အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း အခိုင်အမာပြသနေတဲ့ သက်သေပြချက်လည်းဖြစ်ပါ တယ်။ ယခုလိုအကြမ်းဖက်မှုတွေကို တိုင်းပြည် အနှံ့အပြား (မြေပြန့်/တောင်ပေါ်)မှာ စစ်ဆင်ရေးတစ်ခုလို တစ်နေရာကနေ တိုက်ရိုက် အမိန့်ပေး ညွန်ကြား လုပ်ဆောင်နေတာဖြစ်ပါတယ်။
 
နိုင်ငံတော်အစိုးရကိုယ်တိုင်က မျက်နှာသာပေးထားတဲ့ အကြမ်းဖက်မှုဖြစ်နေတော့ လက်သည်တရားခံပေါ်ဖို့/ ဖော်ထုတ်ဖို့ဆိုတာ မလွယ်ဘူး။ ဖော်ထုတ်တဲ့လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေအတွက် အသက်အန္တရာယ်ရှိပါတယ်။ လားရှိုးမှာသတင်းယူတဲ့ သတင်းထောက်ကို အကြမ်းဖက်သမားတွေက ကင်မရာလုယူပြီး၊ သံဒုတ်နဲ့ရိုက်ခဲ့တယ်မဟုတ်ပါလား။
 
မိထ္ထီလာမှာနဲ့ပဲခူးတိုင်းထဲက နေရာများမှာ အကြမ်းဖက်လူသတ်မီးရှို့မှုတွေဖြစ်ပွားနေစဉ်က ဖြစ်ရပ်များနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများဘက်က နိုင်ငံရေးအရကာကွယ်ပြောဆိုမှု၊ အရေးတယူပြုမှုတွေကို မတွေ့ခဲ့ရပါဘူး။ မဆိုင်သလို ပေယျလကန်ပြုနေခဲ့ ကြတယ်။
 
ရှမ်းပြည်နယ်၊လားရှိုးမြို့ပေါ်မှာ အကြမ်းဖက်မှုဖြစ်ပွားလာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ထူးခြား သောကြေညာချက်ကို ဖတ်ရပါတယ်။ အဆိုပါကြေညာချက်ကို ဖတ်ပြီးနောက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။
 
ကြေညာချက်တွင် “ရှမ်းတိုင်းရင်းသားအားလုံး ဤပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမပြုကြပါရန် ” နှိုးဆော် တိုက်တွန်းထားပါ တယ်။
 
ယခုပေါ်ပေါက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် “အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ” ဆိုတဲ့ ဖြစ်ရပ်မျိုး၊ ကိစ္စမျိုးပင်ဖြစ် ပါတယ်။ သူတို့အိမ် မီးလောင်တာပဲ ငါတို့အနေသာချည်း ဆိုတဲ့စိတ်မထားသင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။
 
မူဆလင်တွေသေတာပဲ၊ ဗလီမီး လောင်တာပဲ ဒို့နဲ့မဆိုင်ဘူး၊ မြေပြန့်မှာဖြစ်နေတာပဲ။ ဒို့တောင်ပေါ်နဲ့ အနေသာချည်း။ ရှမ်းပြည်နယ်မှာဖြစ်နေတာပဲ။ ရခိုင်ပြည်နယ် မှာဖြစ် နေတာပဲ၊ ဒို့ကရင်ပြည်နယ် မှာဖြစ်နေတာမဟုတ်ဘူး၊ ဒို့ ရန်ကုန်တိုင်းမှာဖြစ်နေတာမဟုတ်ဘူးဆိုပြီး တာဝန်မဲ့/ စိမ်းကားကြရမယ့် ကိစ္စ မဟုတ်ပါဘူး။
 
ဝိုင်းဝန်းတားဆီးကာကွယ်ကြရမယ့်ကိစ္စဖြစ်ပါတယ်။ မတရားမှုကို လက်ပိုက်ကြည့်နေခြင်း/ မသိကျိုးကျွံပြုနေခြင်းဟာ မတရားမှု ကို အားပေးအားမြှောက်ပြုတဲ့ သဘောဖြစ်ပါတယ်။
 
အခုဆိုရင်ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုမီးတောက်တွေဟာ မြေပြန့်ကနေ တောင်ပေါ်သို့ ကူးစက်တက်ရောက်လာခဲ့ပြီ။


 ဒါ့ကြောင့် ယခုလို “အကြမ်းဖက်၊ မီးရှို့၊ လူသတ်တဲ့ဖြစ်ရပ်များ”ကို တစ်တိုင်းတစ်ပြည်လုံးက လူမျိုးစုံပြည်သူများ တက်တက် ကြွကြွပါဝင်ပြီး ဝိုင်းဝန်းကန့်ကွက်၊ တားဆီးကာကွယ်ကြရပါမယ်။


 ပြည်နယ်နှင့်တိုင်းအားလုံးရှိ ဘာသာပေါင်းစုံလူမျိုးပေါင်းစုံပြည်သူများအနေဖြင့် “ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှု ဆန့်ကျင် ကန့်ကွက်ရေးဆန္ဒပြပွဲများ” ကျင်းပကြပါရန်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပြည်သူများ သွေးစည်းညီညွတ်ကြပါရန်နှင့် အဆိုပါ ဘာသာ ရေးလူမျိုးရေးအကြမ်းဖက်မှု ဆန်ကျင့် ကန့်ကွက်ရေးဆန္ဒပြပွဲများတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများလည်း ပူးပေါင်းပါ ဝင်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

(Photo – A correspondent for The Associated Press who reached Lashio on Wednesday reported that mobs of young men on motorcycles roamed the city brandishing sticks and metal rods and throwing rocks. One was wearing monk’s robes, The A.P. )
 

Thursday, May 30, 2013

လားရှိုးမြို့ နောက်ဆုံးအခြေအနေ (၃း၀၀ နာရီ)

 

 
မေ-၂၉၊၂၀၁၃
 KK
မနေ့ညက ဖျက်ဆီးခဲ့သော ဘူတာရပ်ကွက်ရှိ ဘူတာဗလီကိုလည်း ဒီနေ့မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ဘူတာရပ်ကွက်ဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာရပ်ကွက်ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မွတ်စလင်မ်များမှာလည်း လက်လုပ်လက်စားများသာ ဖြစ်ပါတယ်။
21
အကြမ်းဖက်သများ မီးရှို့ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်အား မီးလောင်နေပုံ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook
 
ဒီနေ့မနက်ပိုင်းမှာပဲ လားရှိုးမြို့ရှိ မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်လုယက်ရန် ကြိုးစားမှုများ ဆက်လက်ရှိနေပါတယ်။ ၁၂-ရပ်ကွက်ကို မီးရှို့ရန်အတွက် အကြမ်းဖက်သမားများ ဆင်းလာကြသော်လည်း ရပ်ကွက်က ပြန်လည် ခုခံမယ့် အနေအထားရှိတာကြောင့် အကြမ်းဖက်သမားများ ပြန်လည်ထွက်ပြေးသွားကြပါတယ်။
 
မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို လိုက်လံဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှ စိုးရိမ်ထိတ်လန့်နေကြသော မွတ်စလင်မ်များဟာလည်း နီးစပ်ရာ အခြားနေရာများသို့ ပြောင်းရွေှ့နေထိုင်မှုများ ရှိနေကြပါတယ်။
 
ဘုန်းကြီးကျောင်းအများစုရှိရာ ရပ်ကွက်(၄)တွင်နေထိုင်သော မွတ်စလင်မ်များသည်လည်း ရပ်ကွက်အတွင်း မနေထိုင်ရဲကြဘဲ အခြားနေရာများသို့ ပြောင်းရွှေ့နေကြပါတယ်။ ရပ်ကွက်အတွင်းတွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်မှ ၀ိုင်းဝန်း စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။
 
ရပ်ကွက်(၇)ရှိ အောက်ဗလီကို အကြမ်းဖက်သမားများ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ယခုအခါ အောက်ဗလီလည်း ပျက်ဆီးသွားပြီဖြစ်ပါတယ်။ အောက်ဗလီကို အကြမ်းဖက်သမားများက စတင်မီးရှို့စဉ်တွင် မီးရှို့ပါက အခြားအိမ်များသို့လည်း မီးကူးစက်နိုင် မီးမရှို့ရန် ရပ်ကွက်မှ ပြောသည့်အတွက် ၀ိုင်းဝန်းရိုက်နှက် ဖျက်ဆီးလိုက်ကြပါတယ်။ ယခုအခါ စစ်တပ်ရောက်ရှိလာပြီး လုံခြုံရေးချထားပြီး အပျက်အစီးများကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
 
လားရှိုးမြို့မှာ လုံခြုံရေးချထားသော်လည်း လုံခြုံရေးမှ ရပ်ကွက်အတွင်း လုံခြုံရေးကို တာဝန်ယူမှုမရှိတာကြောင့် လားရှိုးမြို့ရှိ မွတ်စလင်မ်အားလုံး စိုးရိမ်ထိတ်လန့်နေပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလည်း သိရှိရပါတယ်။
 
ယမန်နေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် စိတ်ဝေဒနာသည် တစ်ဦးဟု ယူဆရသူ ကိုနေဝင်းမှ မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ရဲမှ ဖမ်းဆီးထားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် မီးရှို့မှုဖြစ်ပွားခဲ့ရာမှအစပြုကာ ဘာသာရေး အကြမ်းဖက်မှု အသွင် ကူးပြောင်းလာပြီး ယခုလို အကြမ်းဖက်မှု ကြီးထွားလာရခြင်းမှာ လားရှိုးမြို့ ရဲတပ်ဖွဲ့၏ တာဝန်မကင်းကြောင်းလည်း မြို့ခံတချို့က ပြောကြပါတယ်။
 
၂၀၁၂-ခု ဇွန်လတွင် ရခိုင်ပြည်နယ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာရာ ၂၀၁၃-ခု မတ်လအတွင်း မိတ္ထီလာမြို့၊ ပဲခူတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနှင့် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိပါ ကူးစက် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်နေကြပါတယ်။
 
ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်လာနေသည့်အတွက် မြို့နယ်အများစုတွင် ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့များဖွဲ့ပြီး အေးချမ်းသာယာအောင် ပြည်သူများမှ တစ်ဘက်တစ်လမ်းမှ ကြိုးစားဖန်တီးနေသော်လည်း အကြမ်းဖက်မှုဖြစ်ပွားစေရန် တမင်စနစ်တကျအကွက်ချစီစဉ်ပြီး လုပ်ဆောင်နေမှုများကြောင့်သာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
 
ဤအကြမ်းဖက်မှုများ ဖြစ်ပွားရာ ပြည်နယ် တိုင်းများသည် ၉၆၉ တရားပွဲပြုလုပ်ပြီးချိန်တိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် ၉၆၉ တရားပွဲများကို တားဆီးပြီး အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူသင့်နေပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးစွာ လိုက်နာကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်များမှလည်း ပြောကြားမှုများ ရှိလာနေပါတယ်။
 
ယခု နေ့လည်ပိုင်းအထိ လားရှိုးမြို့ အခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ မွတ်စလင်မ်များမှာလည်း ကျီးလန့်စာစားနေနေကြရပါတယ်လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရပါတယ်။
M-Media 

Saturday, May 25, 2013

ဘူတာတွင်ရထားစောင့်နေသူ မိန်းကလေးငယ်အား သားမယားပြုကျင့်


နေပြည်တော် တပ်ကုန်း ဘူတာရုံ
(ဓါတ်ပုံ-mizzima)
 
 
 
 
 
 
 
 
 
၂၄.၅.၂၀၁၃ ရက်နေ့ နံနက် ၃း၀၀ အချိန်တွင် မ----- (၁၅)နှစ်၊ (ဘ) ဦးတင်ဝင်း၊ မော်လမြိုင်မြို့နေသူသည် ကြည့်မြင်တိုင်ဘူတာတွင်
ရန်ကုန် - ပြည် ရထားစီးရန်စောင့်နေစဉ် ထွန်းလွင်(ခ)ဆံရှည် ပါ(၅)ဦးမှ မီးရထားတွဲဟောင်းပေါ်ခေါ်ဆောင်၍ အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ကြောင်းတိုင်တန်းသဖြင့် စမ်းချောင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ကာ
ညောင်တုန်းမြို့နယ်နေ ထွန်းလွင်(ခ) ဆံရှည် (ဘ) ဦးစိန်ဝင်း၊ စမ်းချောင်းမြို့နယ်နေသူများ ဖြစ်သည့် ဇင်မင်းအောင် (ဘ) ဦးသန်းစိုး၊ ရန်နိုင်လင်း(ဘ)ဦးပွကြီး၊ ဇော်ထက်အောင်(ခ)၀ုကျိ(ခ)မျောက်ကြီး (ဘ) ဦးကိုထွေးတို့အား
ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ကျန်တရားခံ အောင်ခိုင်ဇော်အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ရဲသားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်



မိတ္ထီလာအကြမ်းဖက်မှုအတွင်း အကြမ်းဖက်သမားများနှင့်အတူ
မြင်တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ ( ဓါတ်ပုံ-မျက်ဝန်း စီဂျေ )

 
 
 
 
 
 
 
 
 
 
 
 






ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ) ဦးရွှေထွန်း သည် ၄.၅.၂၀၁၃ ရက်နေ့ နံနက် ၀၂၀၀ အချိန်နေအိမ်တွင် ရှိနေစဉ် သူမနှင့်ခင်မင် ရင်းနှီးပြီးနေ အိမ်များသို့ အပြန်အလှန် ၀င်ထွက် သွားလာနေသူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှရဲတပ်ကြပ်ကြီးတင့်အောင်
ဝင်း သည် သူမ၏ ချစ်သူ သားသား(ခ)မျိုးသန့် (တပ်ကြပ်ကြီး တင့်အောင်ဝင်း နှင့်လည်း ရင်းနှီးသူ) မှာ မူးနေ၍ သွားရောက် ခေါ်ရန် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုကာ ခေါ်သဖြင့် ပုဇွန်တောင် မြို့နယ်မှ သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းရှိ တည်းခိုခန်းတစ်ခုသို့ အငှားယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ တည်းခိုခန်းသို့ရောက်ရှိစဉ် မ------၏ချစ်သူမှာ အပေါ်ထပ်အခန်းတွင် ရှိနေကြောင်းပြောဆိုခေါ်ယူပြီး အပေါ်ထပ်ရှိ အခန်းတစ်ခန်း အတွင်းအရောက် သူမ၏ချစ်သူ မရှိကြောင်း သိရသဖြင့်ပြန်မည်ပြုရာ တပ်ကြပ်ကြီး တင့်အောင်ဝင်းမှ လက်အားလိမ်ချိုးကာဆောင့်တွန်းခဲ့၍ ဦးခေါင်းနှင့် အုတ်နံရံတို့တိုက်မိကာ ခေါင်းမူးသွားစဉ် သားမယား အဖြစ်ပြုကျင့်ခဲ့ပြီး သားသား(ခ) မျိုးသန့်အားပြန်ပြောလျှင် သတ်ပစ် မည်ဟုပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း မ------ မှ အရေးယူပေးရန် အချင်းဖြစ်ပြီးရက် ၂၀ ကြာမှ တိုင်စာဖြင့် တိုင်တန်း သဖြင့် တပ်ကြပ်ကြီး တင့်အောင်ဝင်း အား သာကေတ မြို့မရဲစခန်း (ပ)၂၇၇/၂၀၁၃၊ပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီးအရေးယူ ထားရှိပါသည်။

ရဲတပ်ကြပ်ကြီး တင့်အောင်ဝင်းသည် ပြည်သူကို ဥပဒေနှင့်အညီ ကိုယ်တိုင် စောင့်ရှောက်ရမည့် တာဝန်ရှိ တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သော်လည်း ကျင့်ဝတ် သိက္ခာ ကိုစောင့်ထိန်းမှု မရှိသောကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထိရောက်စွာ ပြစ်ဒဏ်ချမှတ် ဆောင်ရွက် သွားမည့်အပြင် နယ်ဘက် ဥပဒေဖြင့်လည်း ထိရောက်သောပြစ်ဒဏ် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Yangon Police
 

စိတ်ကျန်းမာရေးမကောင်းသူအား မုဒိမ်းမှုကျူးလွန်သူ

 











Yangon Police





၂၃.၅.၂၀၁၃ ရက်နေ့ ၁၀း၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ်ကျန်းမားရေး မကောင်းသူ မိခင် ဒေါ်------၊ (၅၀)နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီသွားရောက်ကြည့်စဉ် မိခင်မှာနေအိမ်သို့တစ်ဦးတည်းပြန်သွားခဲ့ပြီး ညနေ ၅ နာရီအချိန်ခန့်တွင် မိခင်မှာ တစ်လမ်းတည်းနေမ------- ၏နေအိမ်သို့ ရောက်ရှိနေကြောင်းသိရ၍ သွား ရောက်ခေါ်ယူရာ မိခင်ဖြစ်သူတွင် နှုတ်ခမ်း၊ ၀ဲပါး၊ ၀ဲလက်ဖျံ နှင့် ရင်ဘတ်တို့တွင် ညိုမဲဒဏ်ရာများအား တွေ့ရှိသဖြင့် မေးမြန်းရာ မျိုးဦး(ခ)သန်းနိုင်၊ ၂၅ နှစ်၊ (ဘ)ဦးမြ၀င်း အင်းစိန်မြို့နယ်နေသူမှ ACE သဲကွင်းအတွင်းရှိ ခြုံထဲသို့ခေါ်ယူပြီး နှုတ်ခမ်း၊ပါး၊ရင်သားတို့အား ပါးစပ်ဖြင့်စုပ်ကိုက်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးပါရန် အင်းစိန်ရဲစခန်းသို့ တိုင်တန်းခဲ့၍ မျိုးဦး(ခ)သန်းနိုင်အား ဖမ်းဆီးစစ်ဆေးလျှက်ရှိ ကြောင်းသတင်း ရရှိပါသည်။