Monday, June 17, 2013

အမျိုးစောင့် ဥပဒေ ထုတ်ပြန်ရေးအဆို သံဃာအများစုက လက်မခံ

ရန်ကုန်တိုင်း မှော်ဘီမြို့က ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက် ကျင်းပပြုလုပ်သွားတဲ့ မြန်မာနိုင်ငံတ၀ှမ်းက သံဃာတွေရဲ့ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးသွားတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်းရဲ့ နာယက ဆရာတော် ဦးဝီရသူ တင်ပြသွားတဲ့ မြို့စောင့်ဥပဒေထုတ်ပြန်ရေးဆိုတဲ့ အဆိုနဲ့ ပတ်သက်ပြီးသံဃာအများစုက လက်ခံခြင်း မရှိကြောင်း မိန့်ကြားပါတယ်။
 
တင်ပြတဲ့ဥပဒေဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို ဘာသာခြားက လက်ထပ်လိုပါက အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်သလို မိဘထံကလည်း ခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။
 
ဒီဥပဒေနဲ့ပတ်သက်ပြီး သံဃာအများစုက မြန်မာပြည်သူတွေအတွင်း စိတ်ဝမ်းကွဲမူ တွေဖြစ်ပေါ်နိုင်တယ်လို့ မိန့်ကြားပါတယ်။
 
အလားတူ သံဃာတချို့က မြတ်စွာဘုရားရဲ့ ဟောကြားချက်မှာ အခုလို ကန့်သတ်ချက်မျိုးမရှိကြောင်း မိန့်ကြားပါတယ်။
 
သံဃာ့ညီလာခံနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေတဲ့ ရွှေဝါရောင်လှုပ်ရှားမူအဖွဲ့က အရှင်ပညာဇောတ က ခုလိုမိန့်ပါတယ်။
 
"မြို့စောင့်ဥပဒေဆိုတာ အင်မတန်မှ ကျယ်ဝန်းပါတယ်၊အင်မတန်မှ နက်ရှိုင်းပါတယ်။ဒီဥပဒေတစ်ခုကို တင်လာပြီဆိုရင် ဒီရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေ စဉ်းစားဖို့ လိုအပ်တယ်။ဒီအဆိုတစ်ခုကို တင်လိုက်ခြင်းအားဖြင့် ကိုယ့်နိုင်ငံမှာရှိတဲ့ ညီညွတ်ရေးတွေက ဘယ်လောက်ထိအောင် ပြိုကွဲသွားနိုင်တယ်ဆိုတာ သုံးသပ်ဖို လိုပါတယ်"
 
မနေ့က ပြီးဆုံးသွားတဲ့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း မြို့စောင့်ဥပဒေနဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်းသိရှိရပါတယ်။
 
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံဟာ မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေကို တရားဥပဒေအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အဓိက ရည်ရွယ်ပြီးပြုလုပ်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.