ပမာအားဖြင့် အင်ဒိုနီးရှားကို
လုပ်ကြံလာသော ရှာရီရာပြုခြင်း (အစ္စလမ် ဓမ္မသတ် ရှာရီရာကျမ်းမှ ကျင့်ထုံးတို့ကို
လူမှု ဥပဒေအဖြစ် ကျင့်သုံးခြင်း) ကို အင်ဒိုနီးရှား မူဆလင် ဘာသာရေးပညာရှင် ဆီရဖိ
အန်ဝါက သတိပေး ဖော်ပြရာတွင် ဤလုပ်ဆောင်ချက်သည် ဘာသာရေးကျင့်ထုံးကို
ပြန့်ပွားဖို့ရာ မျှော်မှန်းသည့် ရည်ရွယ်ချက်ရိုးရိုးဟု ယူဆ၍ မရ၊ ၎င်း လုပ်ရပ်သည်
ခက်ထန်ရန်လိုသော လူမှုရေး၊ နိုင်ငံရေး ရှုထောင့်တခုကို အစဉ်အလာတွင်
သည်းညည်ခံမှုကို ကျင့်သုံး သလို ယဉ်ကျေးမှုတို့ ကြွယ်ဝစုံလင်သည့် ဤနိုင်ငံတွင်
အကောင်အထည် ပေါ်လာစေရန်
တိကျစွာ ကြံစည်ခြင်း ဖြစ်
သည်။ အလားတူ ကိစ္စမျိုးကို နိုင်ငံတော်တော်များများတွင် တွေ့ရရာ ယင်းတို့ထဲမှ
တနိုင်ငံမှာ မလေးရှား ဖြစ်ပြီး သမိုင်း အားဖြင့် ဤနိုင်ငံသည်
ယဉ်ကျေးမှုမျိုးစုံနှင့် အလှမ်းကျယ်သည့် နိုင်ငံရေးဖြစ်စဉ်တို့
ပေါကြွယ်ခဲ့သည့်တိုင် အစ္စလမ်အ မည်ကိုသုံး၍ ထိပ်တိုက်ရင်ဆို်င်မှုကို
လိုလားသော ယဉ်ကျေးမှုမျိုးး ဖြစ်ထွန်းလာအောင် တဟုန်ထိုး မြှင့်တင်ပေးမှုတို့
ပေါ်ပေါက်လာခဲ့ပါသည်။
ဤသို့ နိုင်ငံရေး အစွန်းရောက်
ကိစ္စတို့ကို ငါတို့တတွေ ခုခံရမည့် အရေးတွင် ဦးစွာ ထင်ရှားသိမြင်ရမည့် အခြေခံအ
ချက်မှာ ယင်းနိုင်ငံရေး ကျားကွက်တို့သည် (အင်ဒိုနီးရှားနှင့် မလေးရှား
ကိစ္စတို့တွင်) အစ္စလမ်ဘာသာဟူသော အမှတ် လက္ခဏာကို ခုတုံးလုပ်ကြခြင်းသာ
ဖြစ်ပြီးလျှင် ထိုသို့ ခုတုံးလုပ်ခြင်းသည် ရင်ဆိုင်မှု ပဋိပက္ခတို့
ဖြစ်ပွားလာအောင် အစီအစဉ်တကျ ကြံစည်စုစည်းသော လုပ်ရပ်တို့တွင် ကြီးမားသော
အစိတ်အပိုင်း ဖြစ်နေသည် ဆိုသည်ကို ပေတည်း။
စာချပ်... ထို့အတူသာပင်
မြန်မာပြည်က ၉၆၉ လမ်းစဉ်တို့ ဟူသည်မှာလည်း ဘာသာရေးလမ်းစဉ် လုံးဝမဟုတ်။
ကျနော်တို့ ကြည့်တတ်ဖို့ လိုသည်မှာ ရန်လိုခက်ထန်သော ယဉ်ကျေးမှုတခု
မြန်မာပြည်တွင် ပေါ်ပေါက်လာစေရန် တိတိပပ ထားရှိပြီး အလားတူ လုပ်ဆောင်နေသည့် ၉၆၉ ၏
ရည်ရွယ်ချက် စေတနာမျိုးကို ဖြစ်၏။ လွန်လေပြီးသော အမရပူရမြို့ မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသက ၎င်း၏ ထေရုပတ္တိတွင် ရေးသားခဲ့သည်မှာ “ဒို့
မြန်မာတွေ ဘာသာရေးအသိ မိုက်မဲနုံနဲ့တာဟာ ဘုရားပင်လည်း ထင်ရှားရှိလျက်
ဆင်းတုဖျက်တယ်။ တရားပင်လည်း ထင်ရှားရှိလျက် ကျမ်းဂန်ဖျက်တယ်။ သံဃာပင်လည်း
ထင်ရှားရှိလျက် ဘုန်းကြီးဖျက်တယ်”။ အတုအယောင် အမှတ်လက္ခဏာ တို့မည်သည် စစ်မှန်သော
(ပရမတ္တ) ဘုရား၊ တရား၊ သံဃာတို့ကို ကိုယ်စားမပြု။ ထို မစစ်မှန်သည့်
အမှတ်လက္ခဏာတို့သည် နဂိုကတည်းက တရားဓမ္မ၏ အမွန်မြတ်ဆုံး ဂုဏ်ရည်မျိုးဖြစ်သော
သန္နိဌိက (အဖန်တလဲလဲ ချင့်နိုးစူးစမ်း ဝေဖန်အပ်ခြင်း) စသည့် ဂုဏ်ရည်မျိုးကို
ပိတ်ဖုံးကာထားတတ်ပါ၏။
ပြခဲ့သည့် မကောင်းသော
စေတနာမျိုးကို တိတိကျကျထားရှိပြီး ဖြန့်ဖြုးပြန့်ပွားစေသည့် ၉၆၉ လို အမှတ်လက္ခဏာ မျိုးမူကား ဆိုဖွယ်ရာ မရှိ။
ကိုးကွယ်ရန်လည်း မဟုတ်၊ ကာကွယ်ရန်လည်း မဟုတ်။ အထူးသိမှတ်အပ်သည့် သဘောမှာ
လောကသုံးပါး၏ အထွတ်ဖြစ်သည့် ဘုရား၊ တရား၊ သံဃာ အစစ်အမှန်တို့၏
အမြတ်ဆုံးသောဂုဏ်ရည်တို့ ဟူသည် မည်သို့သော ဘာသာရေး အမှတ်လက္ခဏာကမှ
စိုးစဉ်းမျှပင် ကိုယ်စားမပြုနိုင်ကြောင်း ဆိုသည်ကို ပေတည်း။
ဝီရသူက ပြောသော
အင်ဒိုနီးရှားနှင့် မလေးရှားတို့ သည်လို သူတို့ အစ္စလမ်ဘာသာတရားအတွက်လုပ်လို့
တုံ့ပြန်တဲ့ အနေနဲ့ ငါလည်း လိုက်လုပ်တယ်ဆိုသော ပရိယာယ်၏ နောက်ကွယ်တွင်
ဖုံးအုပ်ထားသော နိုင်ငံရေး လက်မည်းကြီးကို မြင်တတ်ပါလေ။ တကယ်ကတော့ တုံ့ပြန်သော
အနေဖြင့် လိုက်လုပ်ခြင်း မဟုတ်၊ ယင်းနိုင်ငံတို့တွင် ပြဆိုခဲ့သလို
ဘာသာရေးကို နိုင်ငံရေးကျားကွက်ထဲ ဝင်လာအောင် တုပပြီး ဖန်တီး လိုက်လုပ်ခြင်းသာ
ဖြစ်ပါ၏။
နောက်တချက်မှာ
ယင်းနိုင်ငံတို့၏ အသေးစိတ်သော အတွင်းကျကျ နိုင်ငံရေး ဖြစ်စဉ်သဘောတို့ကို
ယခုလေးတင်ကမှ ထောင်မှလွတ်လာသလို လောကီဖက် ပညာအရည်အချင်းအားဖြင့်
အင်မတန်အားနည်းသော ဤသူသည် ဘယ်လိုမျိုး ဖတ်မှတ်သိရှိပါသနည်း။ နိုင်ငံရေး ဖြစ်စဉ်
သီအိုရီ စာပေမျိုးဆိုသည်မှာ အင်္ဂလိပ်စာ အတော်အတန်ကောင်းသူတို့ပင် အတော်အတန်
အားစိုက်ဖတ်ရသော ကိစ္စမျိုး ဖြစ်ပါ၏။
နိုင်ငံငယ်များ ဖြစ်သော
မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံရေး ဖြစ်စဉ်ဆိုသည်မှာ
ယင်းနိုင်ငံတို့၏ အပေါ်ယံကိစ္စတွေ သည်ပင် ကမ္ဘာ့မီဒီယာတွေမှာ တခမ်းတနား
ပေါ်ပြုလာဖြစ်ပြီး ပါနေတာမျိုးလည်း မဟုတ်။ ဒါကို ကြည့်ခြင်းအားဖြင့်
သည်ဇာတ်လမ်းတွင် ဝီရသူကို နောက်ကွယ်တွင် ပံ့ပိုးထားသော ရည်ရွယ်ချက် ရှိရှိဖြင့်
ကြံဆောင်ထားသည့် မိစ္ဆာပညာ ရှင်တဦး (သို့မဟုတ်) အုပ်စုလိုက်
နောက်မှာရှိကြောင်းကို ခန့်မှန်း၍ရလောက်ပါသည်။
အချုပ်အားဖြင့် ၉၆၉ ဟူသည်မှာ
အင်ဒိုနီးရှား နှင့် မလေးရှားမှ နိုင်ငံရေးစစ်တုရင်ကွက်ကို တုပပြီး
ထိုစစ်တုရင် ကစား ကွက်မျိုးကို မြန်မာပြည်တွင် ကစား၍ရစေရန်
ငွေကြေးအင်အားတောင့်တင်းသော နိုင်ငံရေး အင်အားစုတစုမှ အကွက် ကျကျ
လုပ်ဆောင်ဖန်တီးနေခြင်းသာတည်း။ ထိုဖြစ်စဉ်ကို နောက်ကွယ်က လုပ်ကြံသူတို့၏ မူလ
မဟာဗျုဟာတွင်ရှိ သည့် စေတနာမူကား သင်းကွဲအုပ်စု အမုန်းတရား
ဖြစ်ထွန်းရေးခေါင်းဆောင် ဝီရသူကဲ့သို့ အစ္စလမ်ဘာသာကို တုံ့ပြန် ခြင်း မဟုတ်ရေးချ
မဟုတ်နိုင်ပါသတည်း။
No comments:
Post a Comment
Note: Only a member of this blog may post a comment.