ဗိုလ်ချုပ်ခင်ညွန်
့တန်ခိုးထွားစဉ်က
သူလာရင်လက်အုပ်ချီခိုင်းတာတွေကိုလုပ်ခိုင်းလေ့ရှိတယ်။
သူကိုလူတွေက
ကိုယ်ဆန္ဒအလျောက်ရိုသေလေးစာလို့  လက်အုပ်ချီခိုင်းတဲ့ပုံစံမျိုးပေါ့။
ဆရာဆရာမတွေပါ
သူကိုလက်အုပ်ချီနေရတာတွေကိုမှတ်မိကြဦးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်က အခု
ဗိုလ်ချုပ်ခင်ညွန့် ထက်ကိုသာလာပါတယ်။
လူတွေက ထိုင်ကန်တော့ကြခြင်းဖြစ်ပါတယ်။
လူလူခြင်းကန်တော့ခံတဲ့လုပ်ရပ်ကို
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားမြစ်သင့်ပါတယ်။ ဒါဟာ ပဒေသရာဇ်ယဉ်ကျေးမှုဖြစ်ပြီး
လွဲမှားတဲ့အယူတွေဖြစ်ပါတယ်။
မြန်မာရိုးရာယဉ်ကျေးမှုအရေ မိဘ၊ သက်ကြီး၇ွယ်အိုနဲ
့ ဆရာဆရာမတွေကို ကျနော်တို့ ကန်
တော့ကြပါတယ်။ ဒါက ယဉ်ကျေးမှုအရ ရိုသေလေးစားမှုအရသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလဲ
မိဘအရွယ်ဖြစ်လာတဲ့အတွက် အခါကြီးရက်ကြီးတွေမှာသူဆီကိုသွားပြီး ကန်တော့နိင်ပါတယ်။
ဒါပေမဲ့ဒီကန်တော့မှုပူဇော်ခံမှုတွေကို နိင်ငံရေးမျက်နှာစာမှာတော့မဖြစ်စေချင်ပါ။
မကျင့်သုံးစေချင်ပါ။
ဒီယဉ်ကျေးမှုကို
လူမှုရေးမှာပဲထားစေချင်ပါတယ်။ နိင်ငံရေးမှာ ဒီအလေ့ကို သွပ်သွင်းလာရင်တော့
မကောင်းတဲ့ အဓိပါယ်မျိုးစုံထွက်လာနိင်တဲ့အတွက်ဒေါ်စုအနေနဲ့  လူတွေကို
တားမြစ်သင့်တယ်။ လူထုက ခေါင်းဆောင်ဆိုသူတွေကိုဦးကျိုးသွားသလိုဖြစ်သွားနိင်တယ်။
ဒီလိုဦးကျိုးသွားခြင်းဟာ လူအရည်အသွေးကိုကျဆင်းစေပြီး ဒီမိုကရေစီယဉ်ကျေးမှုကို
နှောင့်နှေးစေတယ်။
အာဏာရှင်စနစ်ကို
ပြန်လည်ဦးတည်သွားစေနိင်လို့ ဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့ဒီဖြစ်ရပ်တွေကို
မသိကြိုးကျွံမပြုသင့်ပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.