Saturday, June 9, 2012

မြန်မာမွတ်ဆလင်ညီနောင်များခင်ဗျား
            
                   ယနေ့ (၈.၆.၁၂) သောကြာနေ့တွင် မလေးရှားရှိ အဝေးရောက် မြန်မာမွတ်ဆလင်များမှ မြန်မာနိုင်ငံရှိ ဗလီ ၀တ်ကျောင်းတော်များကို အကြမ်းဖက်ဖျက်ဆီးခြင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မြန်မာမွတ်ဆလင် (၁၀)ဦးအား အကြမ်းဖက် ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်း တို့အားဆန့်ကျင်ကန့်ကွက်သော အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ သံရုံးတည်ရှိရာသို့ သွားရောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ပါသည်။  
                    မလေးရှားရောက်မြန်မာမွတ်ဆလင်များအနေနှင့် မြန်မာနိုင်ငံအစိုးရမှ အသိအမှတ်ပြုထားသည့် အစ္စလာမ်အဖွဲ့အစည်း (၅) ခု၏ ဆန္ဒမပြရန်မေတ္တာရပ်ခံချက်ကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ အဆိုပါကြေငြာချက် မထွက်ပေါ်မီကပင် မလေး၇ှားအစိုးရထံတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် ကြိုတင်ခွင့်ပြုချက် ရယူခဲ့ခြင်းဖြစ်ပါသည်။
                    အဓိက သွားရောက်ဆန္ဒထုတ်ဖော်ရခြင်းမှာ
(၁) တရားဥပဒေစိုးမိုးရေး
(၂) မတရားပြုကျင့်ခံရသော မသီတာထွေး၏ အမှုအား တရားမျှတစွာစီရင်ကာ တရားခံများ အရေးယူပေးစေရန်
(၃) တောင်ကုတ်မြို့တွင်  အကြမ်းဖက်ခံခဲ့ရ၍ ရက်ရက်စက်စက် အသတ်ခံခဲ့ရသော မြန်မာမွတ်ဆလင်(၁၀) ဦးအတွက် တရာမျှတစွာ အရေးယူဆောင်ရွက်ပေးစေရန်
(၄) နိုင်ငံပိုင်သတင်းမီဒီယာတို့၏ "ကုလား" ဆိုသည့် လူမျိုးရေးနှိမ်ချ စော်ကားသော အသုံးအနှုံးသုံးစွဲခြင်းကို တားမြစ်ပေးစေရန်
တို့အတွက် သွားရောက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။




No comments:

Post a Comment

Note: Only a member of this blog may post a comment.