Saturday, June 30, 2012

အီဂျစ်နိုင်ငံ မြန်မာသံရုံးရှေ့ အီဂျစ်နိုင်ငံသားများက ဆန္ဒပြ



အီဂျစ်နိုင်ငံ မြန်မာသံရုံးရှေ့ တွင် မြန်မာပြည်ရှိ မွတ်စလင်မ်များ အစုလိုက်အပြုံလိုက် အသတ်ခံရမူအပေါ်
အီဂျစ်နိုင်ငံသားများက ဆန္ဒပြ
                       ဇွန်လ ၂၆ ရက်နေ့ တွင် အ်ီဂျစ် နိုင်ငံြ့မန်မာသံရုံး ရှေ့တွင် အီဂျစ်နိုင်ငံသား ၂၀၀ ကျော်က မြန်မာနိုင်ငံ အတွင်း အုပ်စုကွဲ အကြမ်းဖက် တိုက်ခိုက်ခဲ့မူများကြောင့် မွတ်စလင်မ် အမြောက်အမြား အသတ်ခံရမူအပေါ် ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက မွတ်စလင်မ်များကို သတ်ဖြတ်သူများသည် အကြမ်းဖက်သမားများ ဖြစ်ကြောင်း “မွတ်စလင်မ်များကို သတ်ဖြတ်နေမူများရပ်’’ “ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမူများရပ်” “မြန်မာစစ်အုပ်စု ကျဆုံးပါစေ”အစရှိသည့် ကြွေးကြော်မူများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
                        အဆိုပါဆန္ဒပြပွဲ သို့ အီဂျစ် Asala ပါတီဝင် လွှတ်တော်အမတ်ဟောင်း ...
မမ်ဒို အစ်မာအီလ် ပါဝင်ခဲ့ကြောင်း၊ သူက ကျွန်တော့် အနေနဲ့ဘယ်နိုင်ငံရေးအုပ်စု တစ်ခုကိုမှ ကိုယ်စားပြု ဆန္ဒပြတာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို အစုလိုက် အပြုံလိုက်သတ်နေလို့ ၊ ၀တ်ပြုမှုတွေကို ပိတ်ပင်တားဆီးနေလို့ ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
                       မြန်မာသံရုံးရှေ့မှာ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဝေးလ်အာလမ် က “ကျွန်တော်တို့ တာဟိရ်း ရင်ပြင်ကနေ ဒီကိုရောက်လာရတာက ကျွန်တော်တို့ မွတ်စလင်မ်တွေကို အစုလိုက်အပြုံလိုက်သတ်နေတာနဲ့ ပတ်သက်ပြီး ဒီအတိုင်းနုတ်ပိတ်ထိုင်ကြည့်နေမှာ မဟုတ်ဖူးဆိုတဲ့ အကြောင်း မြန်မာအစိုးရသိအောင် ပြောချင်လို့ လာခဲ့တာပဲ” လို့ပြောခဲ့ပါတယ်။ ဆက်ပြီး အာလမ်က ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေက မြန်မာအစိုးရကို အရေးယူ ဆောင်ရွက်ပေးမူတွေ မလုပ်မချင်း ဆန္ဒဆက်ပြသွားမယ်လို့လဲ ကတိပြုပြောကြားသွားပါတယ်။
                     တောင်အာရှ အဆက်အနွယ် ရိုဟင်ဂျာ တွေဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ဒီကနေ့မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး လူမျိုးရေးခွဲခြားမူတွေကို ခံစားနေရတာဖြစ်ပြီး သူတို့တစ်တွေဟာ အိမ်နီးချင်းနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ဘယ်သူကမှလက်ခံခြင်းမရှိဖြစ်နေကြောင်း Egypt Independent သတင်းစာ တွင်ဖေါ်ပြထားရှိပါသည်။
 http://myanmarmuslim.net/news.php?extend.720 မှ ကူးယူဖော်ပြပါသည်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.