လွန်ခဲ့သည့် ကြာသပတေးနေ့ (ဧပြီလ ၂၅ ရက်) နေ့လည်ပိုင်းမှာ အင်္ဂလန်နိုင်ငံ အော့စ်ဖို့ဒ်မြို့
ကာဖက်စ်တာဝါရှေ့မှာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို ဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက်
သတ်ဖြတ်နေခြင်းအတွက် ငြိမ်းချမ်းစွာ ဆုတောင်း ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆုတောင်းဆန္ဒ ဖော်ထုတ်ပွဲကို အော့စ်ဖို့ဒ်မြို့မှာရှိတဲ့ အစ္စလာမ့် ပြန်ကြားရေးစင်တာက
ဦးဆောင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမစ် စင်တာရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာဟိုဂျက်ရမ်ဇီက “ကျနော်တို့ အနေနဲ့ ဒီလိုအကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်ရလဲ ဆိုတာကို သိချင်ပါတယ်”လို့ ပြောပါတယ်။
“ကျွန်တော်တို့ ယုံကြည်တာက ဗုဒ္ဓဘာသာဝင်တွေဟာ ငြိမ်းချမ်းတဲ့ သူတွေဖြစ်တယ်။ အဲဒါကြောင့် အခုလို သတ်ဖြတ်နေတာတွေ ဖြစ်နေတဲ့အတွက် အလွန့် အလွန် ၀မ်းနည်းစရာ
ကောင်းတယ်”
“သူတို့တွေဟာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း နေလာတယ်။ ဗုဒ္ဓဘာသာဝင်အစွန်းရောက် အချို့က အပြစ်မဲ့တဲ့ သူတွေကို သတ်တာလို့ မြင်တယ်။ အဲဒါကလည်း ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်” လို့ ဒေါက်တာရမ်ဇီက ဆက်ပြောပါတယ်။ အဆိုပါ ဆုတောင်း ဆန္ဒဖော်ထုတ်ပွဲကို လူပေါင်း ၇၀ ကနေ ၁၀၀ ကြား တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့လက မိတ္တီလာမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရမီဒီယာများမှာ ဖော်ပြခဲ့ပါတယ်။

ကိုးကား » Oxford Mail
No comments:
Post a Comment
Note: Only a member of this blog may post a comment.