Tuesday, April 2, 2013

OIC မှ မြန်မာနိုင်ငံ၏ အကြမ်းဖက်ကိစ္စှကို လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီသို့အရေးဆို တင်သွင်းမည်

 မတ်လ ၃၁ ၊ ၂၀၁၃ ခုနှစ်၊
 
Ekmeleddin Ihsanoglu2
အိုအိုင်စီအကြီးအကဲ Prof. Ekmeleddin Ihsanoglu
အစ္စလာမ့်ရေးရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့-OIC ( The Organization of Islamic Cooperation ) ၏ အဖွဲ့ဝင်နိုင်ငံဝန်ကြီးများသည် ဧပြီလ ၁၄ ရက်တွင် ဆော်ဒီအာရေဗျ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံမှ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုကိစ္စကို ဆွေးနွေးကြမည် ဟု အိုအိုင်စီအကြီးအကဲမှ ကြေငြာလိုက်သည်။
 
မတင်မကျဖြစ်နေဆဲပြဿနာများကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများဖြင့် ထိရောက်စွာပြုလုပ်သွားရန် အသင့်ဖြစ်နေပြီဟု ပရော်ဖက်ဆာ Prof. Ekmeleddin Ihsanoglu မှ ပြောကြားသည်။ Prof. Ekmeleddin Ihsanoglu သည် အစွန်းရောက် ဘာသာရေးသမားများနှင့် နှင့် အမုန်းပွားဆောင်ရွက်နေမှုတို့ကိုသာမက မျိုးဖြုတ်ရှင်းလင်းမှုကိုလည်း အဆုံးသတ်လိုက်ပါရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။ လွန်ခဲ့သည့် ၁၀ ရက်ကျော်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အကြမ်းဖက်မှု၌ သေဆုံးသူ ၄၃ ဦး၊ အိုးအိမ်အဆောက်အဦ ၁၃၀၀ အထက် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု မြန်မာနိုင်ငံပိုင်မီဒီယာမှ ယမန်နေ့တွင် တင်ပြခဲ့သည်။
 
“ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ မွတ်စ်လင်မ်များအပေါ် ဘာသာရေးအရ နှိပ်ကွပ်ညှင်းပန်းမှု အဆုံးသတ်ရေးအတွက် အဖြေတစ်ရပ်ရှာနိုင်အောင် OIC အနေနဲ့ လုံခြုံရေးကောင်စီ နဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းဖို့ရှိပါတယ်။ OIC ဖက်က မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ဖို့ကြိုးစားတာ အရာမရောက်ခဲ့ပါဘူး။ မြန်မာပြည်ကို OIC အထွေထွေအတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံ ၀န်ကြီးများစွာပါဝင်သော အထူးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ အီဂျစ်က အဆိုပြုထားပေမယ့်လည်း ဒီအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
 
လွန်ခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်က မွတ်စ်လင်မ်တွေ အတွက် ကယ်ဆယ်ထောက်ပံ့ရေးရုံး တစ်ခု မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ဖို့ OIC က ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ဒီကြိုးပမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ” ဟု OIC အရာရှိတစ်ဦးမှ Arab News သို့ ပြောကြားလိုက်သည်။
 
“ အကြမ်းဖက်မှုဟာ မြန်မာနိုင်ငံက မွတ်စ်လင်မ်အားလုံးဆီကို ပစ်မှတ်ထားပြီး ကျယ်ပြန့်သွားတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်း အကြမ်းဖက်ဖျက်ဆီးမှုကြီးက ဘာသာရေး နှိပ်ကွပ်ညှင်းဆဲမှုဖြစ်ကြောင်း အတည်ပြုလိုက်တာပါဘဲ ” ဟုလည်း ဖြည့်စွက်ပြောဆိုသွားသည်။
 
ကမ္ဘာ့ကုလသမဂ္ဂမှအထူးကိုယ်စားလှယ်ဖြစ်သူ သောမတ်စ် အိုဂျေး ကင်တားနား ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အစီရင်ခံစာမှ မှတ်ချက်များကို သောကြာနေ့တွင် မြန်မာနိုင်ငံက အပြင်းအထန် ပယ်ချခဲ့သည်။ အကြမ်းဖက်လုပ်ရပ်အချို့၌ အစိုးရပိုင်းမှ ပါဝင်ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီဟု ကင်တားနားမှ တင်ပြလိုက်ခြင်းဖြစ်သည်။
 
အစွန်းရောက် ဗုဒ္ဓဘာသာဝင်သူတို့သည် မြန်မာပြည်အလယ်ပိုင်းတစ်ခွင်၌ မတ်လ ၂၀ ရက်ကတည်းက တောက်လျှောက် ကျူးကျော်ဖျက်ဆီးခဲ့ကြရာ အချို့ဒေသများတွင် အစိုးရမှ အရေးပေါ်ဥပဒေနှင့် ကာဖျူးအမိန့်ထုတ်ပြန်ရသည် အထိ ဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ် အနောက်ပိုင်း၌ လွန်ခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့အကြားရှိ ပြဿနာကြောင့် အနည်းဆုံး လူ ၁၈၀ ဦး သေကြေခဲ့ရပြီး ရွှေ့ပြောင်းခံဦးရေမှာ တစ်သိန်းတစ်သောင်း မက ရှိခဲ့ရလေသည်။
 
 
M-Media

No comments:

Post a Comment

Note: Only a member of this blog may post a comment.