မြန်မာသတင်းများတွင် လှူဒါန်းမှုများ၊ ကူညီမှုများကို ဝေေ၀ဆာဆာရေးသားဖော်ပြနေကြသေ
လိုအပ်သည့် စားနပ်ရိက္ခာများလည်း မရရှိကြောင်း မိတ္ထီလာ ဘောလုံးကွင်း အတွင်းရောက်နေသည့် မိသားစုဝင် တဦးက ပြောပြသည်။
“မွတ်စလင်တွေအတွက် အစားအသောက် အလုံအလောက် မပေးဘူး။ မာမား ခေါက်ဆွဲခြောက် တယောက်တစ် ထုပ်စီ ခုနနေတစ်ထုပ် ခုနနေတစ်ထုပ် လာလာဝေတယ်။ ခုဆိုရင် သောက်ရေသန့်  တစ်ဗူးကို နှစ်ယောက် သုံး ယောက် သောက်ခိုင်းတယ်”
နေထိုင်ရေးနဲ့  ပတ်သက်ပြီး တခြားမိသားစုဝင် တစ်ဦးက “ဆေးလည်းမပေးဘူး၊ အပြင် ထွက်ဝယ်မယ်ဆို တော့လည်း ပေးမထွက်ဘူး၊ အဲ့ဒီ ဒုက္ခသည်စခန်းဆိုတာ ထိန်းသိမ်းရေး စခန်းလိုဖြစ်နေတယ်” ဟုဆိုသည်။
လူ ကိုးထောင်ကျော်ရှိသည့် အဆိုပါ ဒုက္ခသည်စခန်းတွင် အိမ်သာ ၄ လုံးသာရှိကြောင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးများလည်းရှိရာ ကျန်းမာရေးဆိုင်ရာ သန့် ရှင်းရေးကိစ္စများအတွက် စိုးရိမ်ရကြောင်း သိရသည်။
“ဗုဒ္ဓဘာသာတွေကိုတော့ စတိတ်ကျောင်းမှာထားတယ်ဗျာ၊ သူတို့ အတွက် အမိုးအကာ အပြည့်အ၀ရှိတယ်။ ကျ နော်တို့ မွတ်စလင်တွေအတွက်တော့ ဟင်းလင်းပြင်ကြီးမှာထားတယ်၊
M-Media သတင်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.