Tuesday, June 2, 2009

ဥက္ကဌ


ပီနန်မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း


ပီနန်၊မလေးရှားနိုင်ငံ




အစ္စလာမိုအလိုင်းကွမ်း


၂၀၀၈ ခုနှစ် ၊ ဇူလိုင်လအတွင်း သမီးကြီးနေကာလာရင်း အလ်ဟာဇဲရ် အစ္စလာမ် သိပ္ပံကျောင်း အုပ်ကြီးအလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း(ငြိမ်းချမ်းလုလင်)နှင့် ဇနီး အလ်ဟာဂျာဟ် ဆရာမကြီး ဒေါ်ခင်စန်းလွင် (B.Sc RL ဗဟိုတရားရုံးရှေ့နေတို့နှင့် အတူ အလ်ဟာဇဲရ် အစ္စလာမ် သိပ္ပံကျောင်းမှဒါဝါ ဌာနမှူးပီနန်ရောက် ဆရာ ဦးသက်နိုင်ဝင်း(BE) မှကြိုဆိုပြီး၊ အသင်းဧ။် ဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့်အတူ ပီနန်အသင်းခန်းမသို့ ရောက်ရှိခဲ့ပါသည်။ ရောက်ရှိချိန်မှာ အေရှာဆွလာတ်ချိန် ဖြစ်၍ အသင်းသူ၊အသင်းသား၅၀ကျော်နှင့်အတူ သေသပ် ကျယ်ဝန်းလှသော အသင်းခန်းမမှာ အေရှာဆွလာတ်စုပေါင်းဝတ်ပြုခဲ့ရပါသည်။ အမျိုးသမီး ၁၀ဦးကျော်လည်းတက်ရောက်သည်ကိုတွေ့ရပါသည်။ စုပေါင်းဆွလာတ်ဝတ်ပြုပြီး၊ ညစာဒန်ပေါက်ဖြင့်ဧည့်ခံခဲ့ ပါသည်။


နှစ်ပတ်လည် ပီနန်မြန်မာမူစလင်မ် လူငယ်များကူညီမှု အသင်းအစည်းအဝေး အစီစဉ်များမှာ အသင်းဥက္ကဌမှ သဘာပတိလုပ်၍ အသင်းအတွင်းရေးမှူးမှ အခန်းအနားမှူးဆောင်ရွက်ကြပြီး၊ ကေရက်ဖြင့် အခန်းအနားဖွင့်လှစ်၊ အသင်းဥက္ကဌ သဘာပတိမှ အဖွင့်အမှာစကားပြောကြား၊ အတွင်းရေးမှူးမှ အသင်းနှစ် ပတ်လည် အစီရင်ခံစာ တင်သွင်းဖတ်ကြား၊ အခမ်းအနားတက်ရောက်လာသူ ဧည့်သည်တော်များကို ဆရာ ဦးသက်နိုင်ဝင်း မှ မိတ်ဆက်ပေးပြီး၊ ဧည့်သည်တော်ဆရာမကြီး ဒေါ်ခင်စန်းလွင်မှ မိတ်ဆက်စကားပြောကြား ၊ ဆရာမကြီးမှယခုလို ပီနန်ရောက်မြန်မာမူဆလင် လူငယ်လူရွယ်များမှမိမိအသိဖြင့် မွန်မြတ်လှသောနာရေးကူ ညီရန်၊ အမျိုးသားများသာမက အမျိုးသမီးအိမ်ရှင်မများပါ ပါဝင်လာတာတွေ့ရ၍ ၀မ်းမြောက်ပါကြောင်း၊ နှစ်ပတ် လည် အတွင်း ကူညီနိုင်သမျှ အကူအညီများပေးခဲ့ကြသည့်အတွက် ပီနန်မြို့တွင်း အားထားစရာ၊ အားကျစရာ အသင်းတစ်ခုဖြစ်ပါကြောင်း၊ အမျိုးသမီးညီအမများ တက်ကြွစွာပါဝင်ကြသည်ကို တွေ့ရ၍ ၀မ်းမြောက်ဂုဏ်ယူမိ ပါကြောင်းနှင့် ယခုကဲ့သို့ဖိတ်ကြားတက်ရောက်ခွင့်၊ စကားပြောခွင့်ရ၍ အလ္လာအရှင်အား ပထမဆုံးကျေးဇူးတင် လျက် အသင်းသူ၊အသင်းသားများ အားလည်း များစွာကျေးဇူးတင်ကြောင်းမှာကြားခဲ့ပါသည်။


အလ်ဟာဂ်ျမုဖ်သီ ဦးမြင့်သိန်းမှလည်း ဘာသာလူမျိုးအသားအရောင်မခွဲ၊ ရွှေဗမာများ သာမက မြန်မာပြည်အရပ်ရပ်မှ ပီနန်သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသူအားလုံးဧ။် ကိစ္စ များကို တစ်နှစ်တာအတွင်း ကူညီခဲ့ကြသည်များကို အသင်းဧ။် ဥက္ကဌကြီး သဘာပတိမှ ယခုအသင်းနှစ်ပတ်လည် အခမ်းအနားမှာ မိန့်ကြားချက်များအရ သိခွင့်ရ၍ ရွှေမြန်မာတစ်ဦးအနေနဲ့ရော ၊ မြန်မာမူဆလင် တစ်ဦး အနေနဲ့ပါ များစွာဂုဏ်ယူမိပါကြောင်း၊ ယခုလို နယ်မြေရေမြေခြား အကူအညီလိုအပ်သူများကို ဤပီနန်ရောက် မြန်မာမူဆလင်ညီအကို မောင်နှမများမှ မိမိအသိဖြင့် အစ္စလာမ်ဧ။် ပြဌာန်းချက်များကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ချက်များကိုတွေ့ရ၍ ၀မ်းသာ ပီတိဖြစ်ရပါကြောင်း၊ နောင်နှစ်များမှာလည်း ဤကဲ့သို့ လက်တွဲညီ ရှေ့လျှောက် ဆောင်ရွက်နိုင်ကြစေရန်ဆုတောင်းပါကြောင်း၊ အမြဲဂုဏ်ယူစွာ ပီနန်ရောက် မြန်မာမူဆလင်များဧ။် ကူညီမှုအသင်း ဂုဏ်သတင်းကိုအမြဲအမှတ်ရနေမှာ ဖြစ်ပါကြောင်းနှင့် တက်ရောက်သူအသင်းသူ၊ အသင်းသားများဧ။် ဖြေကြားရင်းဤစကားကို နိဂုံးချုပ်ပါတယ်။


နောက်ဆုံးအနေနှင့် ကျွန်တော်မှ မြန်မာနိုင်ငံ မန္တလေးမြို့တွင် ၅၇ နှစ်တာ သက်တမ်းရှိနေ သော နိဗ္ဗာန်ဆော် မြန်မာမူဆလင်များ နာရေးအသင်း အဝေးရောက်ဂုဏ်ထူးဆောင် နာယက အနေဖြင့် မိတ်ဆက်ပြီး၊ ယခုပီနန်တွင် လိုအပ်နေသော အကူအညီကို ယခု ဖွဲ့စည်းထားသော မြန်မာပြည်မှ မြန်မာမူဆလင် ကူညီမှုအသင်းပေးခဲ့ကြသည့် တစ်နှစ်တာလုပ်ငန်းစဉ်များကို ကြားသိရ၍ ဂုဏ်ယူပါကြောင်း နောင်နှစ်များမှာလည်း ယခုကဲ့သို့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရန် အသျှင်ထံ ဒိုအာပြုရင်း အချိန်အားဖြင့်လည်း ၂နာရီ နီးပြီ ဖြစ်လို့ ဒီလောက်နဲ့ဘဲ မိတ်ဆက်ပြီး နိဂုံးချုပ်ပါရစေလို့ ပြောကြားရင်းရပ်နားပါတယ်။


ဦးမြင့်ဆွေ


အဝေးရောက်ဂုဏ်ထူးဆောင် နာယကကြီး


နိဗ္ဗာန်ဆော်မြန်မာမူဆလင်လူငယ်များ


မန္တလေးမြို့။

No comments:

Post a Comment

Note: Only a member of this blog may post a comment.