Friday, June 5, 2009

အသင်း၏ရည်ရွယ်ချက်များ

၁။ ကျွန်ုပ်တို့သည် အဟ်လေ့စွန္နာဟ်ဝလ်ဂျမာအဟ်ဝင်များ ဖြစ်ကြပေသည်။

၂။ ကျွန်ုပ်တို့၏ လမ်းစဉ်ကား ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နာဟ်၏ လမ်းစဉ်ပင် ဖြစ်သည်။

၃။ ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နာဟ်နှင့် ဆန့်ကျင်သော မည်သည့် ကိစ္စရပ်မျိုးကိုမဆို ရှောင်ကြဉ် သည်။ (ဥပမာ- ဆရာသခင် ၀ါဒ)

၎။ ကျွန်ုပ်တို့သည် အွမ္မသ်ထု ပြိုကွဲစေမည့် အကြောင်းအရင်းဟူသမျှကို ရှောင်ကြဉ်သကဲ့သို့ အွမ္မသ်ထု ပြိုကွဲအောင်ပြုလုပ်မည့် မည်သည့်ပုဂ္ဂိုလ်ကို မဆို ဆန့်ကျင် ရှောင်ကြဉ်ကြပေသည်။

၅။ ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နာဟ်ကို အခြေခံ၍ ဘက်စုံ၊ ကဏ္ဍစုံတွင် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သောမွတ်စလင်မ်လူ့ဘောင်တစ်ခုအား အားလုံး စုပေါင်း၍ အင်ရှာအလ္လာဟ် ထူထောင်သွားပေမည်။

၆။ ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နာဟ်ကို အခြေခံ၍ ခေတ်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်သော ဒါအ်ဝဟ်လုပ်ငန်းအား လုပ်ဆောင်ပေမည်။

၇။ ကျွန်ုပ်တို့သည် ဂိုဏ်းဂဏ၊ လူမျိုး၊ အသားအရောင်၊ ဇာတ်၊ လိင် မခွဲခြား ဘဲ မွတ်စလင်မ်တို့၏ စည်းလုံးညီညွတ်စွာနေထိုင်နိုင်ရေး၊ အွမ္မသ်သေ့ ၀ါဟိဒါဟ်ဆိုသည့် တစ်ခုတည်းသောအွမ္မသ်လူ့ဘောင်အား တည်ထောင်၍ မွတ်စလင်မ်တို့၏ အခွင့်အရေးများ အပြည့်အ၀ရရှိ၍ နှစ်ဘ၀၊ နှစ်ဌာနတွင် အောင်မြင်သော သူများဖြစ်အောင် ကူညီဖေးမသွားပေမည်။

၈။ မလေးရှားရောက် မြန်မာမွတ်စလင်မ်များ၏ လူ့အခွင့်အရေးအပြည့်အ၀ ရရှိအောင် မိမိတို့ တတ်စွမ်းနိုင်သမျှ စွမ်းစွမ်းတမံ စွမ်းဆောင်သွားပေမည်။

၉။ မြန်မာမွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများ၊ အထူးသဖြင့် မြန်မာမွတ်စလင်မ်အမျိုးသမီးများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများကို ကူညီကာကွယ်စောင့်ရှောက်သွားပေမည်။

၁၀။ ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နာဟ်ပေါ်တွင် အခြေခံ၍ အနာဂတ်သားမြေးများ မွတ်စလင်မ်ပီသရေးကို ဆောင်ရွက်မည်။

၁၁။ ကျွန်ုပ်တို့သည် အနာဂတ်သားမြေးများအား ပညာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးစသည့်ဖြင့် ကဏ္ဍစုံတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်သော၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်သော၊ ကျမ်းမြတ် ကုရ်အာန်နှင့် စွန္နာဟ်နှင့် လိုက်လျော်ညီထွေဖြစ်သော လူတော်၊ လူကောင်း၊ လူမွန်၊ လူမြတ်များဖြစ်အောင် ကူညီဆောင်ရွက်သွားပေမည်။

၁၂။ ကျွန်ုပ်တို့သည် မလေးရှားရောက် မြန်မာမွတ်စလင်မ်များ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး --- စသည့် အရေးကိစ္စများတွင် မိမိတို့ တတ်စွမ်းနိုင်သည့်ဘက်မှ အစွမ်းကုန် ကူညီဆောင်ရွက်သွားပေမည်။

၁၃။ ကျွန်ုပ်တို့သည် မြန်မာပြည်ရှိ မြန်မာမွတ်စလင်မ်များအတွင်းဖြစ်ပေါ် လျှက်ရှိသည့် ဒုက္ခဟူသမျှကို မိမိတို့ တတ်စွမ်းနိုင်သမျှကူညီဆောင်ရွက် သွားမည်။

၁၄။ ကျွန်ုပ်တို့၏ အသင်းခေါင်းစဉ်တွင် သုံးနှုန်းထားသည့် မြန်မာမွတ်စ လင်မ်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ မိမိကိုယ်ကို မိမိ မြန်မာဟုခံယူထား သည့် အစ္စလာမ်ကို မိမိတို့၏ (ဒီးန်)ဘ၀တည်ဆောက်မှုလမ်းစဉ်အဖြစ်လည်း ကောင်း၊ သာသနာအဖြစ်လည်းကောင်း လက်ခံယုံကြည်ထားသည့် အမျိုး သား၊ အမျိုးသမီးတိုင်းနှင့် သက်ဆိုင်ပေသည်။

၁၅။ ကျွန်ုပ်တို့သည် ကိစ္စရပ်ဟူသမျှတို့တွင် အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှု ကို ရှေ့ရှု၍ ဖြူစင်သန့်ရှင်းသည့် သဒ္ဓါတရား(အိခ်လားဆွ်)ဖြင့် ဆောင်ရွက် သွားပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုသည်သာ အကြီးကျယ်ဆုံးဖြစ်တော်မူပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.