Friday, June 5, 2009

မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၏ ဖြစ်ပေါ်လာသောနောက်ခံသမိုင်းအကျဉ်းချုပ်

အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ-

وكُوْنُوْا مَعَ الصَّادِقِيْنَ

ထို့ပြင် အသင်တို့သည် သစ္စာဝါဒီတို့နှင့် အတူနေထိုင်ကြလေကုန်။ (ကုရ်အာန် ၉း ၁၁၉)

ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ်များသည် အခြေအနေအကြောင်းကြောင်းကြောင့် မလေးရှားနိုင်ငံ တွင် လာရောက်ကာ အလုပ်လုပ်ကိုင်လျှက်ရှိကြ ချေသည်။ ထိုပုဂ္ဂိုလ်တို့သည် မြန်မာနိုင်ငံမှ ကွဲပြားခြားနားသောမျိုးနွယ်စု အသွယ်သွယ်မှ မွေးဖွားဆင်းသက်လာကြသောသူများ ဖြစ်ကြချေသည်။ သို့သော် ကျွန်ုပ်တို့တွင် တူညီမှုတစ်ခုရှိချေသည်။ ထိုတူညီမှုကား (لاإله إلا الله محمد رسول الله) အလ္လာဟ်အရှင်မြတ်မှအပ အခြားခ၀ပ်ကိုးကွယ်ခြင်း ခံယူထိုက်တော်မူသော အရှင်မရှိ၊ နဗီတမန်တော်မြတ်မုဟမ္မဒ်(صلي الله عليه وسلم)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်ဆိုသော သန့်ရှင်းစင်ကြယ်လှသည့် ကလိမာဟ် စကားတော်အပေါ်တွင် ကြည်ဖြူ သန့်ရှင်းစင်ကြယ်သော သဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ထိုကလိမဟ်တော်ကို နှုတ်မှ ထုတ်ဖော် ရွတ်ဆို၍ နှလုံးသားမှ နှစ်နှစ်ကာကာသက်ဝင် ယုံကြည်ကြလျှက် ထို ကလိမာဟ်တော်မှ ညွှန်ပြသောကျင့်စဉ်၊ ကျင့်ရပ်များကို လိုက်နာ ကျင့်သုံး ဘ၀တည်ဆောက်ကြသည့် ပုဂ္ဂိုလ်တိုင်းကို မွတ်စလင်မ်ဟု ခေါ်ဆိုကြသည်။ ထိုမွတ်စလင်မ်များသည် တစ်ဦးနှင့်တစ်ဦးညီနောင်များ၊ ညီမများ ဖြစ်ကြချေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ် မိန့်တော်မူ ထားသည်မှာ-

إنما المؤمنون إخوة

“မုအ်မင်န်သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း) ညီအစ်ကိုများသာ ဖြစ်ကြကုန်၏။” (ကုရ်အာန် ၄၉း ၁၀)

ဖော်ပြပါအာယသ်တော်အရ မွတ်စလင်မ်များသည် ညီနောင်များ၊ ညီမများ သာဖြစ်ကြပေသည်။ တမန်တော်မြတ်(صلي الله عليه وسلم)က -

“မွတ်စလင်မ်များသည် မွတ်စလင်မ်၏ညီနောင်ဖြစ်သည်။ အချင်းချင်း မကျူး ကျော် မစော်ကားရ၊ ဒုက္ခမပေးရ။”ဟူ၍လည်းကောင်း၊

“လူတစ်ယောက်သည် မိမိ၏ညီနောင်အား ကူညီရိုင်းပင်းနေသမျှ ကာလ ပတ်လုံး အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကူညီရိုင်းပင်းတော်မူမည်သာ ဖြစ်သည်။” ဟူ၍လည်းကောင်း၊

“မွတ်စလင်မ်တစ်ဦးသည် မိမိ၏ညီနောင်အတွက် နောက်ကွယ်ရာတွင် ဆုပန်ကြားပါက ကောင်းကင်တမန်က (အာမီးန်) ဤအတိုင်းဖြစ်ပါစေ၊ အသင်သည်လည်း မိမိ ထိုဆုပန်ကြားသည်နှင့်အမျှ ရသည်ဖြစ်ပါစေဟု ဆိုလေသည်။” ဟူ၍လည်းကောင်း၊

“မွတ်စလင်မ်တို့သည် တစ်ဦးနှင့် တစ်ဦး ဆက်ဆံရာတွင် အချင်းချင်း မေတ္တာ၊ ကရုဏာထားကြပါ။ အဘယ်ကြောင့်ဆိုသော် မွတ်စလင်မ်များ အာလုံးသည် ခန္ဓာကိုယ် တစ်ခုတည်းကဲ့သို့ ဖြစ်ကြသည်။ ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတစ်ခု နာကျင်လျှင် ခန္ဓာတစ်ခုလုံး နာကျင်သည်သာ ဖြစ်သည်” ဟူ၍ လည်းကောင်း၊

“မွတ်စလင်မ်များသည် အုတ်နံရံနှင့် တူသည်။ အုတ်နံရံရှိ အချို့အစိတ် အပိုင်းများသည် အချို့အစိတ်အပိုင်းများကို ခိုင်မာတောင့်တင်းစေလျှက် ရှိသည်”ဟူ၍ လည်းကောင်း အမျိုးမျိုးပုံဆောင်ကာ လေးနက်စွာ မိန့်ကြား တော်မူခဲ့လေသည်။

ထိုကဲ့သို့သော ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်၏စွန္နာဟ်ကို လက်တွေ့အကောင်အထည် ဖော်ချင်သော ကျွန်ုပ်တို့ညီနောင်၊ ညီမတစ်စု သည် အလ်ဟာဂ်ျအိက်ဗါးလ်၏နေအိမ်တွင် စုပေါင်းညီညာစွာဖြင့် တွေ့ဆုံ ကြ၍ ကျွန်ုပ်တို့၏ ချစ်လှစွာသောမြန်မာမွတ်စလင်မ်ညီနောင်များအားလုံး အား ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြ ပေသည်။ အလ်ဟမ်းဒုလိလ္လာဟ် အလ္လာဟ်အရှင်မြတ်၏ အသနားတော်နှင့် ကော်မတီတစ်ခုဖွဲ့စည်းခဲ့လေသည်။ ယင်းဗဟိုကော်မတီတွင် ပါဝင်ခဲ့ကြ သည့် ပုဂ္ဂိုလ်များမှာ


နာယက- အီဗရာဟင်မ်

ဥက္ကဌ- ရှိုင်ခ်မုဟမ္မဒ်အာရိဖ်

အတွင်းရေးမှုး- မုဟမ္မဒ်အလီဘိုင်

ဘဏ္ဍာရေးမှုးနှင့် စာရင်းစစ် - အလ်ဟာဂ်ျအိက်ဗါးလ်

တွဲဖက်ဘဏ္ဍာရေးမှုး - မုဟမ္မဒ်ယာစီးန်

စည်းရုံးရေးမှုး ။ ။ အဗ္ဗဒွလ်ကရီးမ်

ပြန်ကြားရေးမှုး ။ ။ အွဆ်မားန်

စည်းကမ်းထိန်းသိမ်းရေးမှုး ။ ။ ဂျအ်ဖရ်

အမျိုးသမီးရေးရာတာဝန်ခံ (၁) ။ ။ ဖာတိမာဟ်

အမျိုးသမီးရေးရာတာဝန်ခံ (၂) ။ ။ ရရှီးဒါဟ်

အဖွဲ့ဝင်များ ။ ။ (၁) မုဟမ္မဒ်စွဒ္ဒီးက် (၂) မုဟမ္မဒ်ရဖီးက် (၃) ဗရှီးရ်

အလ္လာဟ်အရှင်မြတ်၏အသနားတော်ဖြင့် ကျွန်ုပ်တို့သည် အခန်းတစ်ခန်း ငှားရမ်းကာ အသင်း၏ဌာနချုပ်အဖြစ် ဖွင့်လှစ်ခဲ့ပေသည်။ ယင်းအသင်း၏ ဌာနချုပ်ရုံးခန်းတည်နေရာကား အမှတ် (၃၆၄)၊ ဂလူးဂိုး၊ ပုလောပီနန်မြို့၊ မလေးရှားနိုင်ငံ ဖြစ်ပေသည်။

ကျွန်ုပ်တို့အားလုံးသည် စုပေါင်းညီညာ ချစ်ခင်စွာဖြင့် ဘာသာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍဟူသမျှတို့တွင် မိမိတို့ တတ်စွမ်းနိုင်သမျှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပေသည်။ ဆောင်ရွက် နေကြပေသည်။ အင်ရှာအလ္လာဟ် ဆောင်ရွက်ပေလိမ့်အုံးမည်။

ကျွန်ုပ်တို့၏ လက်ရှိဗဟိုကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။


မြန်မာမွတ်စလင်မ်လူငယ်များကူညီမှုအသင်း၏

ဗဟိုကော်မတီ

နာယက ။ ။ မုဟမ္မဒ်အီဗရာဟီးမ် (Forth Year, Math)

ဥက္ကဌ ။ ။ ရှိုင်ခ်မုဟမ္မဒ်အာရိဖ်

ဒုဥက္ကဌ ။ ။ ဟာဖိဇ်မုဟမ္မဒ်အလီ

အတွင်းရေးမှုး ။ ။ အလ်ဟာဂ်ျမုဟမ္မဒ်အိက်ဗါးလ်

ဘဏ္ဍာရေးမှုး ။ ။ ဟာဖိဇ်မုဟမ္မဒ်အလီ

တွဲဖက်ဘဏ္ဍာမှုးရေးမှုး ။ ။ အလ်ဟာဂ်ျမုဟမ္မဒ်အိက်ဗါးလ်

စာရင်းစစ် ။ ။ မုဟမ္မဒ်အီဗရာဟီးမ် (Forth Year, Math)

ပြန်ကြားရေးမှုး ။ ။ မုဟမ္မဒ်အွဆ်မာန်း (B . E (Civil), UITM, Malaysia)

စည်းရုံးရေးမှုး ။ ။ ဂျအ်ဖရ်

စာကြည့်တိုက်တာဝန်ခံ ။ ။ အဗ္ဗဒွရ်ရရှီးဒ်

အမျိုးရေးရာတာဝန်ခံများ။ ။ (၁) ဖာတိမာဟ်(First Year) (၂) ရရှီဒဟ် (Third Year) (၃) ဒေါက်တာရဟီမာဟ် ( M.B.B.S)

ဆပ်ကော်မတီဝင်များ ။ ။ (၁) မုဟမ္မဒ်ဟာစံ

(၂) ဗရှီးရ်အဟ်မဒ် (၃) မုဟမ္မဒ် ဂျမားလ်အဟ်မဒ် (၄) မုဟမ္မဒ်ဖီရိုးဇ်

(၅) အဟ်မဒ် (၆) မုဟမ္မဒ်စွဒီးက် (၇) မုဟမ္မဒ်ဟနီးဖ်(B. Sc (Geo;))

(၈) မုဟမ္မဒ်ရှဖီးအ် (B. Sc (Geo;))

No comments:

Post a Comment

Note: Only a member of this blog may post a comment.