Tuesday, June 2, 2009

အတ်စ္စလာမုအလိုင်းကွန်(မ်)


ပီနန်မြန်မာမူစလင် လူငယ်များကူညီမှုအသင်းမှ ဖိတ်ကြား၍ ၂၀၀၈ ဇူလိုင် အတွင်း ယင်းအသင်းတွင် ကျွန်မအမျိုးသား ဆရာဦးမြင့်သိန်း(ငြိမ်းချမ်းလုလင်) နှင့်အတူ အစ္စလာမ့်တရားဟောပြောခွင့် ရရှိခဲ့သည်ကို ယနေ့တိုင်မမေ့နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆို၍ နွေးထွေးစွာ ဆက်ဆံမှုများကို အမှတ်ရနေပါသည်။


တရားပွဲ မစမှီ မဂ်ရိဗ်ဆွလာသ်ကို အမျိုးသား၊အမျိုးသမီးများအစ္စလာမ့်တရားတော်


နဲ့အညီ ဂျမာအသ်ဖြင့် ၀တ် ပြုခွင့်ရရှိခဲ့သည်ကို အလ္လဟ်ထံ အထပ်ထပ်အခါခါ ရှကုရ်ပြုမိပါသည်။ အဖွဲ့ဝင်အားလုံး အမျိုးသား၊ အမျိုးသမီးတိုင်းတက်တက်ကြွကြွဆောင်ရွက်နေကြပုံကိုလည်းမြင်ယောင်မိ၍ မှတ်တမ်း တင်မိပါသည်။


ယင်းအသင်းမှ အစ္စလာမ်ဘာသာဝင်များသာမက မြန်မာနိုင်ငံမှ ရွှေဗမာအားလုံးကို တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ပုံများကို ပြောပြကြရာ၊ ကျွန်မအနေဖြင့် လွန်စွာမှ အားရ၀မ်းသာဖြစ်မိပြီး ဂုဏ်ပြုလေးစားခဲ့ပါသည်။


အစ္စလာမ်သာသနာသည် လူသားအားလုံးကို တမိတဖ တည်းမှ မွေးဖွားလာသော ကမ္ဘာမိသားစုကြီးဧ။် အကျိုးကို မည်သည့်နိုင်ငံ မည်သည့်နေရာေ၇ာက်ေ၇ာက် အကောင်းဆုံးသယ်ပိုးနေကြ သည်ကို တွေ့ရှိရ၍ အနာဂတ်တွင် ဒီထက်ပို၍ စွမ်းစွမ်းတမံ တိုးတက်အောင်ဆောင်ရွက်နိုင်ပါစေ၊ နောက်တစ်ကြိမ်လည်း ပြန်လည်ဆုံတွေ့နိုင်ပါစေဘို့ အလ္လဟ်ထံ ဆုတောင်းမိပါသည်။


ထွန်းတောက်အောင်မြင်ရေး၊ ကြိုးစားပေး


ဒေါ်ခင်စန်းလွင်


(မေငြိမ်းချမ်း)



No comments:

Post a Comment

Note: Only a member of this blog may post a comment.