Wednesday, May 1, 2013

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ အစ္စလာမ် ဘာသာဝင်များအား ၉၆၉ ဂိုဏ်းဝင်များက အကြမ်းဖက် တိုက်ခိုက်မှု

 
လုံခြုံရေးများ စတင်ရောက်ရှိလာသဖြင့် ဥက္ကံ မွတ်စလင်များအား အကြမ်းဖက်မှု ရပ်တန့်စပြုပာုဆို။ အကြမ်းဖက်နေစဉ် အတွင်း ဗုဒ္ဓဘာသာ ဆရာတော်များကသာ မေတ္တာရပ်ခံကာ အကြမ်းဖက်များကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့။
 
သတင်း – ပိာန်းအောင် (ဥက္ကံ။ ဧပြီ ၃၀)
 
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ အစ္စလာမ် ဘာသာဝင်များအား ၉၆၉ ဂိုဏ်းဝင်များနှင့် အကြမ်းဖက်သမားများ ကအကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်ပြုလုပ်ခဲ့ကြပြီး အဆိုပါ အဖျက်လုပ်ငန်း ကျုးလွန်သူများကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခြင်း မရှိဘဲ ရွေည၀ါ ဆရာတော် နှင့် အခြားဆရာတော် အချို့ကသာလျှင် ကားဖြင့် မြို့အနှံ့လည့်လည် မေတ္တာရပ်ခံ တားဆီးပေးနေကြောင်း သိရသည်။
 
“ရဲစခန်းက ရဲတွေက သူတို့ စခန်းလုံခြုံရေး အတွက်ပဲ စောင့်နေကြတယ်။ တခြားနေရာတွေကို ဘာမှ အကာ အကွယ်မပေးဘူး။ နာမည်ကြီး ဘုန်းကြီး တစ်ပါးကတော့ မြို့အနှံ့ကားနဲ့လှည့်ပြီးတော့ မလုပ်ကြဖို့ တားနေတယ်။ တိုင်းပြည် နာမည်ပျက်တယ် မလုပ်ကြပါနဲ့ လုပ်ချင်ရင် ငါ့ပဲ ဓါးနဲ့ခုတ်လိုက်ကြပါလို့ ဆိုတဲ့ သဘောမျိုးကို ကျွန်တော့ မျက်စိရှေ့မှာအော်သွားတာပါ။ အဲဒီ့ ဆရာတော်က ရွေည၀ါ ဆရာတော်လို့ ပြောနေကြတယ်” ပာု ဥက္ကံမြို့ရှိ အစ္စလာမ် ဘာသာဝင်တစ်ဦးက မြန်မာ မွတ်စလင်မ် မီဒီယာသို့ပြောသည်။
အကြမ်းဖက် သမားများသည် ရန်ကုန်-ပြည်လမ်း ပေါ်ရှိ လမ်းချိုးဗလီ၊ ဈေးဗလီ နှင့် အစ္စလာမ် ဘာသာဝင်များပိုင် နေအိမ်အချို့ ကို ဖျက်ဆီးလိုက် ပြီဖြစ်ကြောင်းလည်း အထက်ပါဒေသခံက ပြောသည်။
 
အထက်ပါ အတိုင်း အကြမ်းဖက်မှုဖြစ်ပွား စေရန်အတွက် လှုံဆော်မှုတစ်ရပ်မှာ ယနေ့နံနက်ပိုင်းတွင် ဈေးအနီးတွင် အသက် ၃၅ နှစ်ဝန်းကျင် အရွယ် အစ္စလာမ် ဘာသာဝင် အမျိုးသမီးတစ်ဦးကြောင့် ကိုရင်ငယ်တစ်ပါး သပိတ်ကွဲသွားသည်ပာူသော အကြောင်းတစ်ရပ်ကို ပုံကြီးချဲ့ကာလူ အများ စတင်စုရုံးရာမှ တဆင့် ယခုကဲ့သို့ အုံကြွှမှုဖြစ်ကာ အစ္စလာမ်ဘာသာဝင်များအား တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်းလည်း ဒေသခံ အချို့ကပြောသည်။
 
ဗလီဝတ်ကျောင်းတော် ၂ လုံးကို ဒေသခံ အချို့က တံခါးများရိုက်ချိုးကာ အတွင်းပစ္စည်းများကို ၀င်ရောက် ယူငင်ကာ လမ်းမပေါ်တွင် ရိုက်ချိုးဖျက်ဆီးမှု ကျုးလွန်ခဲ့ကြောင်းလည်း သိရသည်။
ယခု သတင်းရေးသားနေချိန် ညနေ ၄း၀၀ နာရီအထိ အောင်ရတနာ ရပ်ကွက်နေ ပာာဂျီ ဦးမောင်ရွှေ ပိုင်နေအိမ်နှင့် ဘုရင့်နောင်ရပ်ကွက်နေ ကိုစိန်ဗေဒါ ပိုင်နေအိမ်တို့ကို ၉၆၉ ဂိုဏ်းဝင်များက ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အထက်ပါ အိမ်များအပြင် အခြား အစ္စလာမ် ဘာသာဝင်အချို့ ၏ နေအိမ်များ ဖျက်ဆီးခံရကြောင်းလည်း သိရသည်။
 
“လမ်းချိုးဗလီကို ၂ ကြိမ် ၀င်ဖျက်တယ်။ နေ့လည် ၁ နာရီကျော်မှာ တစ်ကြိမ် နေ့လည် ၂ နာရီခွဲဝန်းကျင်မှာ တစ်ကြိမ် လာဖျက်တယ်။ ဗလီ ၂ လုံးက သိပ်လည်း မဝေးတော့ ပိာုဘက်ကူးလိုက် ဒီဘက်ကူးလိုက်နဲ့ ဖျက်ကြတာပါ။ လမ်းချိုးဗလီ အထဲက ဂျနာဇာစင်တွေ ပစ္စည်းတွေကို လမ်းပေါ်ဆွဲထုတ်ပြီး ဖျက်ဆီးတယ်။ ဂဲတွေနဲ့ပေါက်တယ်။ အမိုးတွေ တိုင်တွေကို ဖျက်တယ်” ပာုဒေသခံ အစ္စလာမ် ဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ပြောသည်။
 
ဥက္ကံ မွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်မှု အရှိန်မြင့်နေချိန်တွင် လုံခြုံရေး များက အကာ အကွယ်ပေးခြင်း လုံးဝ မရှိဘဲ ယနေ့ ညနေ ၄း၀၀ ၀န်းကျင် အရောက်မှသာ လမ်းချိုးဗလီ ရှေ့သို့ ရဲနှင့် စစ်သား အချို့နေရာယူကာ စောင့်ရှောက်နေကြောင်း သိရသည်။
 
ယခုကဲ့သို့ လုံခြုံရေး အချို့နေရာယူတပ်စွဲလိုက်ခြင်းကြောင့် အခြေအနေ အရှိန်မြင့်တက်နေရာမှ ဖျက်ဆီးမှုများ ရပ်တန့် စပြုနေကြောင်း အထက်ပါ ဒေသခံကပင် မြန်မာမွတ်စလင်မ် မီဒီယာသို့ ညနေ ၄း၀၀ နာရီ အချိန်တွင်ပြောသည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.