ပိာန်းအောင် မတ်လ ၂၉ ရက်
လက်ပံတန်းတောင် အကြမ်းဖက်နှိမ်နှင်းမှု ၄ လပြည့် အထိမ်းအမှတ် အဖြစ် ဆန္ဒထုတ်ဖေါ် ပွဲတွင် အကြမ်းဖက်မှုမှန်သမျှကို ရှုံ့ချကြောင်းနှင့် လက်ပံတန်းတောင် ကိစ္စပြေလည်မှု မရမချင်း လစဉ် ၂၉ ရက်နေ့တိုင်း ယခုကဲ့သို့ ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ကြောင်း ဆန္ဒဖေါ်ထုတ်သူများကပြောသည်။
ကျွန်တော် မိတ္ထီလာကို ရောက်ခဲ့တယ်။ ရဲတပ်ဖွဲ့ရှိတယ်။ သို့ပေမဲ့ ဘာမှ လုပ်ပိုင်ခွင့် ပေးမထားဘူး။ပစ်ခွင့် ဖမ်းဆီးခွင့် စတဲ့ ဘာမှပေးမထားဘူး။ အရုပ်တစ်ရုပ်လိုပဲ ဒီအတိုင်းချထားတယ်။အုပ်ချုပ်ရေးအပိုင်းမှာ အဲသလောက် အသိ ချို့ယွင်းချက် တွေရှိနေပြီ ဆိုရင်တော့ တော်တော် အန္တရာယ်များပါတယ် ပာု ကိုအောင်သူ (အလုပ်သမားရေးရာတာဝန်ခံ၊၈၈ မျိုးဆက်)က အထက်ပါဆန္ဒထုတ်ဖေါ်ပွဲတွင်ပြောသည်။
အာဏာပိုင်က ပြည်သူကို သတ်သည်ဖြစ်စေ၊ ပြည်သူအချင်းချင်း သတ်သည်ဖြစ်စေ အကြမ်းဖက်မှုဆိုလျှင်လုံးဝ လက်မခံနိင်ကြောင်း အထက်ပါ ဆန္ဒဖေါ်ထုတ်မှုတွင် ပါဝင်သည့် ကိုဝေမှုးသွင်က မီဒီယာများ၏ မေးမြန်းချက် တစ်ရပ်တွင် ပြောသည်။
မြန်မာနိင်ငံတွင် လတ်တလောကာလက ဖြစ်ပွားခဲ့ သည့် မိတ္ထီလာတွင် အစ္စလာမ်ဘာသာဝင်များအား မြို့လုံးကျွတ် သတ်ဖြတ် အကြမ်းဖက်မှု အပါ အ၀င် အခြားဒေသ အချို့တွင်လည်း အစ္စလာမ် ဘာသာဝင်များ အား မင်းမဲ့စရိုက်ပုံစံဖြင့် သတ်ဖြတ်ခြင်း အိုးအိမ် နှင့် ပိုင်ဆိုင်မှုများကို အကြမ်းဖက် ဖျက်ဆီးမှုများကို ၉၆၉ ဂိုဏ်းဝင်များက ပြုလုပ်ခဲ့ကြသည်။
မြန်မာနိင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် အစ္စလာမ်ဘာသာဝင်များအပေါ်
အကြမ်းဖက်သတ်ဖြတ်မှုများ နှင့်ပတ်သက်ပြီး နိင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကလည်း အင်အားသုံး ဖြေရှင်းမှုကို မနှစ်သက်သော်လည်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာပါက လုံးဝလက်သင့်ခံမည် မပာုတ်ကြောင်းပြောသည်။ ဒီနေရာမှာ အဓိကတာဝန်ရှိနေတဲ့ မြန်မာနိင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့ အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြား လိုပါတယ်ပာု နိင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အထက်ပါ မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သွားသည်။
www.myanmarmuslim.net သတင်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.