Saturday, March 9, 2013

သီရိလင်္ကာမွတ်စ်လင်မ်များ ခြိမ်းခြောက်ခံနေရမှုကို ကုလသမဂ္ဂထံ အသိပေးအကြောင်းကြား

မတ်လ ၈ ရက်၊ ၂၀၁၃
 
 
ဗုဒ္ဓဘာသာဝင်အမျိုးသားရေးဝါဒီတို့၏တိုက်ခိုက်မှုအရှိန်အဟုန်မြင့်လာခြင်းအား စိုးရိမ်လာ သည့်အပေါ် သီရိလင်္ကာမှ မွတ်စ်လင်မ်များသည် ကမ္ဘာ့ကုလသမဂ္ဂသို့ အကြောင်းကြား စာပို့လိုက်သည်။ ၄င်း၌ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့မှ ဦးဆောင်နေသော မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုများအကြောင်း၊ အစိုးရဖက်မှ မွတ်စ်လင်မ်တို့အား အကာအ ကွယ်ပေးမှု မရှိကြောင်း ဖော်ပြထားသည်။
 
“ တမီလ်ကျားအဖွဲ့ရှုံးနိမ့်သွားပြီးနောက် သီရိလင်္ကာမွတ်စ်လင်မ်များ အနေနဲ့ နိုင်ငံ အပြောင်းအလဲကာလမှာ အမျိုးသားညီညွတ်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဖော်ဆောင် လျက်ရှိ ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကို ထိန်းကွပ်ဖို့ပျက်ကွက်နေတာဟာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ဖျက်ဆီးရာရောက်ပါတယ်။ ဒီလို လက်လွှတ်ထားတဲ့ သီရိလင်္ကာ အစိုးရကို ကျွန်တော်တို့ နားလည်ရခက်နေပါတယ် ” ဟု မွတ်စ်လင်မ်-တမီလ် အမျိုးသား မိတ်သဟာယအဖွဲ့မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးပို့သော စာ၌လည်းကောင်း၊ ကိုလံဘို ဂေဇက်သတင်းစာ၌လည်းကောင်း ရေးသားထားသည်။
 
မွတ်စ်လင်မ်နိုင်ငံရေးခေါင်းဆောင် အာဇတ် ဆော်လီ ဦးဆောင်သော “ မွတ်စ်လင်မ်-တမီလ် အမျိုးသားမိတ်သဟာယအဖွဲ့ ” က ဗုဒ္ဓဘာသာအင်အားစု – Bodu Bala Sena ဟူသောအုပ်စု၏ ပြဿနာရှာမှု မြင့်မားလာခြင်းကို စိုးရိမ်ပူပန်လျက်ရှိသည်။ ထို Bodu Bala Sena အုပ်စုသည် မွတ်စ်လင်မ် တို့အား စွပ်စွဲဆန့်ကျင်တိုက်ခိုက်မှုများပြုလုပ်နေပြီး၊ သီရိလင်္ကာအစိုးရကိုအာခံလျက် ဟလာလ်အသားများအား ပိတ်ပင်ရန် တိုက်ပွဲဝင်နေကြသည်။
 
ဗုဒ္ဓဘာသာဝင်အုပ်စုအနေနှင့် ယင်းအဖွဲ့အသီးသီးတို့မှာ မိမိတို့အား ပုံမှားရိုက်ထားခြင်းသာဖြစ်ကြောင်း၊ မွတ်စ်လင်မ်တို့အားတိုက်ခိုက်ရာတွင် မည်သည့်အခန်းကဏ္ဍမှာမှ မပါဝင်ကြောင်း ငြင်းဆိုထားသည်။ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့၏ မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်ချက်များကြောင့် သီရိလင်္ကာနိုင်ငံသည် ပြင်းထန်သောအကျိုးဆက်ဖြစ်လာရန် အခြေအနေ တင်းမာလျက်ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လက ဒါဇင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်သံဃာများမှ လူ ၂၀၀ ခန့်ကို ဦးဆောင်စုရုံး၍ Dehiwala ရှိ ကိုလံဘိုဆင်ခြေဖုံးမှ အစ္စလာမ့် ၀တ်ကျောင်းငယ်လေးတစ်ခုအား ၀ိုင်းရံကာ၊ ဗလီဝင်းအတွင်းသို့ ကျောက်ခဲများ၊ အသားပုပ်များဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ယင်းသူတို့မှ မွတ်စ်လင်မ် တို့၏၀တ်ပြုရာဌာနများကို ပိတ်ပင်ရန်ကိုလည်း ဟစ်အော်ကြွေးကြော်ခဲ့ကြသည်။
 
ဧပြီလဆန်းပိုင်းကလည်း ဗုဒ္ဓဘာသာဝင်သံဃာအုပ်စုတစ်စုမှ သမ္ဗူလ Dambulla ရွာ၌ မွတ်စ်လင်မ်တို့ ၀တ်ပြုခြင်း မပြုနိုင်အောင် နှောင့်ယှက် ဟန့်တားခဲ့သည်။ ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့သော ယင်းဗလီဝတ်ကျောင်းမှာ တရားမ၀င်ပါဟု အကြမ်းဖက်သမားများက အကြောင်းပြခဲ့ကြသည်။
ရက်သတ္တပတ်အနည်းငယ်လွန်မြောက်ပြီးသော် သံဃာများသည် Kurunegala မြို့အနီးတစ်ဝိုက်ရှိမွတ်စ်လင်မ်များထံသို့ အစ္စလာမ်၏၀တ်ပြုခြင်းများ ရပ်တန့်လိုက်ကြရန် ခြိမ်းချောက်စာများ ပေးပို့ထုတ်ပြန်ခဲ့သည်။
 
လူနည်းစုမွတ်စ်လင်မ်တို့၏အခွင့်အရေးကို ကာကွယ်ဖော်ဆောင်ပေးစေရေးအတွက် သီရိလင်္ကာအစိုးရအား တွန်းအားပေးပါရန် ကုလသမဂ္ဂအကြီး အကဲထံပို့စာတွင် အောက်ပါအတိုင်း တင်ပြထားသည်။
 
“ သီရိလင်္ကာနိုင်ငံတွင်း လူ့အဖွဲ့အစည်းအသီးသီး၏ ဘာသာရေးယုံကြည်မှုများ၊ ဘာသာရေးလွတ်လပ်မှုနှင့်ကျင့်သုံးမှုဆိုင်ရာအခွင့်အရေးများအပေါ် အာမခံချက်ရှိလာအောင် – ယင်းအခွင့်အရေးအား အကာအကွယ်ပေးပြီး တန်ဖိုးထားလာအောင် လူကြီးမင်းမှ လိုအပ်သည့်အရေးယူမှု များ ဆောင် ရွက်ပေးရန်၊ ၄င်းပြင် ဤသို့လုပ်ရပ်များ ထပ်မံမပေါ်ပေါက်ရေးအတွက် သီရိလင်္ကာ အစိုးရအဖွဲ့ကိုလည်း ထိထိရောက်ရောက်သ တိပေးခြင်းပြုလုပ်ပါ ရန် ကျွန်ုပ်တို့မှ တိုက်တွန်းပန်ကြားပါသည် ” ။
 
The Friday Forum အမည်ရှိ အခြား မွတ်စ်လင်မ်အဖွဲ့အစည်းကလည်း လူမျိုးရေးဖက်ဆစ်ဝါဒီတို့၏အရှိန်အဟုန်မြှင့်တိုက်ခိုက်မှုများအား တားမြစ်ဆောင်ရွက်ဖို့လိုကြောင်း အစိုးရအား တောင်းဆိုထားသည်ဟု ကုလသမဂ္ဂထံ အကြောင်းကြားပေးပို့စာ၌ ပါရှိသည်။
 
“ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား ကိုယ်စားပြုသည်ဟု ကြွေးကြော်လျက် အစွန်းရောက်အုပ်စုအချို့မှ ထိုးဖောက်ပြုလုပ်နေကြသည့် မွတ်စ်လင်မ်မုန်း တီးဆန့်ကျင်ရေးလှုပ်ရှာမှုတို့ကို ထိရောက်သော တုန့်ပြန်မှုများ ချက်ခြင်းဆောင်ရွက်ပေးရန် The Friday Forum မှ သက်ဆိုင်ရာအာဏာပိုင်များ အား တောင်းဆိုလိုက်ပါသည် ” ဟု သမ္မတ မဟင်းဒါး ရာဂျာပက်ဆာ ထံ လိပ်မူ၍ စာတင်ထားကြောင်း The Friday Forum မှ ပြောကြားသည်။ Lanka Business Online မှလည်း အောက်ပါကဲ့သို့ ထောက်ပြခဲ့သည်။
 
“ ဗလီဝတ်ကျောင်းတော်များကို ထင်ထင်ရှားရှားတိုက်ခိုက်တာတွေ တိုင်းပြည်မှာ တစ်ကျော့ပြန် တွေ့နေရတယ်။ သာသနာ့ရေးရာယုံကြည် ချက်တွေကို ညစ်ညစ်ညမ်းညမ်း ဆဲရေးတိုင်းထွာ ပုတ်ခတ်စော်ကားနေတဲ့ အချက်အလက်အကြောင်းအရာတွေကိုသုံးပြီး လူထုမီဒီယာ၊ ပိုစတာ၊ ၀က်ဘ်ဆိုဒ်တွေပေါ် လှုံ့ဆော်ဖြန့်ချိနေကြတယ်။ မွတ်စ်လင်မ်တွေရဲ့စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ခြင်း အပါအ၀င် မွတ်စ်လင်မ်လူထုရဲ့ စုရုံးမှု နဲ့ပိုင်ဆိုင်မှုတွေအပေါ်တိုက်ခိုက်နေတာ အထင်အရှားပါဘဲ ” ။
 
ယင်းသို့တိုက်ခိုက်နေသော ဗုဒ္ဓအစွန်းရောက်အမျိုးသားရေးဝါဒီများကြောင့် နှစ် ၃၀ ကြာစစ်ပွဲ ဖြစ်ပွားခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင်မှ အဆုံးသတ်နိုင်ခဲ့သည်။
Kristallnacht style ဟူသော အစီအစဉ်က လူမျိုးရေးအဓိကရုဏ်းဖြစ်လာအောင် ၁၉၈၃ ခုနှစ်တွင် တွန်းအားပေးလိုက်ခြင်းဖြစ်သည်။
 
“ လူ့အဖွဲ့အစည်းတစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်ရာကနေ မျိုးတုံးသတ်ဖြတ်မှုအန္တရာယ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပြီ။ ၁၉၈၃ လူမျိုးရေး အကြမ်းဖက်မှုအိပ်မက်ဆိုးက လူ့တန်ဖိုးနဲ့ လုံခြုံရေးကို အချည်းနှီးဖြစ်စေယုံသာမက ၊ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးမှုနဲ့အာဃာတတရားကို သာ ဖြစ်ထွန်းသွားစေခဲ့တယ်ဆိုတာ ကျွန်တော်တို့ကို သတိပေးခဲ့ပြီးပါပြီ။ အမုန်းပွားရေးလှုံ့ဆော် လှုပ်ရှားမှုတွေဟာ ဦးတည်ခံအသိုင်းအ၀ိုင်းကို စိုးထိတ်မှုတွေ၊ မလုံခြုံမှုတွေ မလွဲမသွေ ဖြစ်ပေါ်လာစေပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု မြင့်တက်သွားစေတယ်။ ဒီလိုအနေအထားက လူ့အဖွဲ့အစည်း တစ်ရပ်ထဲကိုသာ အန္တရာယ်ဖြစ်ဒုက္ခရောက်သွားစေတာ မဟုတ်ပါဘူး – လူ့အသိုက်အမြုံတစ်ရပ်လုံးအတွင်းထဲ အပြန်အလှန်သံသယစိတ် နဲ့ အပြစ်ရှာဖျက်ဆီးလိုစိတ် သွတ်သွင်းပစ်လိုက်တာပါဘဲ ” ဟူ၍ The Friday Forum မှ ဝေဖန်ရေးသားလိုက်သည်။
 
မူးရ်စ် ဟု အမည်တွင်သော သီရိလင်္ကာမွတ်စ်လင်မ်များသည် သီရိလင်္ကာနိုင်ငံ၏ တတိယမြောက် လူဦးရေအများဆုံး အုပ်စုဖြစ်သည်။ ဆင်ဟာလီ တို့မှာ ၇၀ % လူဦးရေပမာဏဖြင့် အများဆုံး ဖြစ်ပြီး၊ တမီလ်များ ၁၂.၅ % ဖြင့် ဒုတိယနေရာ၌ ရှိနေသည်။လူ့အုပ်စုဆိုင်ရာ ပဋိပက္ခဖြစ်လာလေတိုင်း အစိုးရအစဉ်အဆက်တို့သည် လူများစုဗုဒ္ဓဘာသာဝင်တို့၏ ဖိအားပေးခြင်းကို ခံနေကြရသည်ဟု သုတေသီ များက ဆိုသည်။
 
ကာလရှည်ပြည်တွင်းစစ်ကာလအတွင်း၌လည်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းမှာ နှစ်ဖက်စစ်အုပ်စု၏ဖမ်းဆီးခြင်းကို မကြာခဏ ခံခဲ့ကြရသဖြင့် ၊ အစွန်း မရောက် မျှတသူများအဖြစ် လူကြိုက်များထင်ရှားခဲ့ကြသည်။မွတ်စ်လင်မ်တို့သည် တောင်ပိုင်း၊ ဂါလီ ရှိ ကျွန်းစု မှသည် တမီလ်များကြီးစိုးသော မြောက်ပိုင်းရှိ ဂျဖ်နာကျွန်းဆွယ်အထိ အနှံ့အပြား နေထိုင် လျက်ရှိ သည်။
 
M-Media   သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.