ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ မြန်မာနိုင်ငံဌာနီကိုယ်စားလှယ် Ashok Nigam မှ
မိတ္ထီလာမြို့၌ဖြစ်ပွားနေသော မငြိမ်သက်မှုများအပေါ် ထုတ်ပြန်ချက်
ရန်ကုန်။ မတ်လ ၂၁
ကျွန်ုပ်သည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်းဖြစ်ပေါ်နေသော အကြမ်းဖက်လုပ်ရပ်များ၊ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးနေမှုများအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာဌာနီကိုယ်စားလှယ်အနေနှင့် အထူးစိုးရိမ်ပူပန်လျက်ရှိပါသည်။ ယင်းသို့သော ဖြစ်ရပ်များအား တားဆီးကာကွယ်ရန် ထိပ်တန်းဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါသည်။
ဘာသာရေးနှင့်နိုင်ငံရေးခေါင်းဆောင်များ၊ အာဏာပိုင်များအနေဖြင့် ဤအခြေအနေကို ငြိမ်ဝပ်ပိပြားအောင် အပူတပြင်း အားထုတ်သွားရန် အရေးကြီးပါသည်။ မိတ္ထီလာ၌ မတည်ငြိမ်မှုအတွင်းရှိနေသော သက်ဆိုင်ရာလူ့အဖွဲ့အစည်းများသည် အပြန်အလှန်နားလည်မှုဖြင့် သည်းခံထိန်းချုပ်သွားကြပါဟု အုပ်စုအသီးအသီးထံသို့ ကျွန်ုပ်မှ တိုက်တွန်းလိုက်ပါသည်။

M-Media သတင်း
No comments:
Post a Comment
Note: Only a member of this blog may post a comment.